ခရစ်ယာန်အများစုသည် ချီဆောင်ခြင်းကာလပြီးမှ ဘေးဒါဏ်ကြီးကာလရှိမည်ဟု ယုံကြည်ထားကြပါသည်။ သူတို့သည် မှားယွင်းသော သွန်သင်ချက်ဖြစ်သည့် ဘေးဒါဏ်ကြီး ကာလ (၇) နှစ်မတိုင်မီ သူတို့သည် ချီဆောင်ခြင်းခံမည်ဟု မျှော်လင့်၍ သူတို့သည် ပျင်းရိဘွယ် ရာ ဘာသာရေးတွင် နှစ်မြှုပ်ကာ ကျေနပ်ကြပါသည်။
သန့်ရှင်းသူများချီဆောင်ခြင်းသည် တံပိုးခုနှစ်ချက်မှုတ်ပြီး ဘေးဒါဏ်ခွက်ဖလား (၆) လုံးမြောက် မသွန်းလောင်းမီ အန္တီခရစ်ပေါ်လာလျက် ဖြစ်ပျက်နေသော ကမBာအလယ်တွင် သန့်ရှင်းသူများသည် မာတုရအဖြစ် သေပြီးမှ ချီဆောင်ကာ တံပိုး (၇) လုံးမြောက်ကို မှုတ်လိမ့် မည်။ ထိုအခါ ယေရှုသည် ကောင်းကင်နိုင်ငံမှ ဆင်းသက်လျက် ဒုတိယမွေးဖွားခြင်းခံယူသူများ ရှင်ပြန်ထမြောက်လိမ့်မည်။ (၁ သက် ၄း၁၆-၁၇)
ဖြောင့်မတ်သောသူ၊ ရေနှင့်ဝိညာ ဉ်တော် ဧဝံဂေလိတရားကို ယုံကြည်သောသူ၊ ဒုတိယမွေးဖွားခြင်းခံသူများသည် ချီဆောင်ခြင်းအထဲတွင် ပါဝင်၍ နှစ် ၁ဝဝဝ ကာလအရ ကောင်းကင်နိုင်ငံတော်ကို အမွေခံရမည်ဖြစ်ပြီး ပထမမြောက်ခြင်းသည် မပါဝင်နိုင်သူများအပေါ် သို့ အမျက်တော်ဖလားနှစ်လုံးသွန်းလောင်း၍ ဘုရားသခင်သည် သူတို့အား ထာဝရ ငရဲမီး ထဲသို့ ချပစ်လိမ့်မည်။