ဓမ္မပောာင်းတွင် ဘုရားသခင်က မောရှေကို တဲတော်ကို ဆောက်လုပ်ရန် အမိန့်ပေးသကဲ့သို့ ဓမ္မသစ်တွင်လည်း ဘုရားသခင်သည် ကျွနု်ပ်တို့ထဲ၌ ကျိန်းဝပ်ရန် ကျွနု်ပ်တို့တဦးချင်းစီ၏ နှလုံးသားကို အထွတ်အမြတ်နေရာ အဖြစ် တည်ဆောက်ရန် အလိုရှိပါသည်။ ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကိ ယုုံကြည်ခြင်း၏ ပစ္စည်းများဖြင့် ကျွနု်ပ်တို့၏ နှလုံးသားထဲမှာ ဤအထွတ်အမြတ်နေရာကို တည်ဆောက်နိုင်ပါသည်။ ရေနှင့်ဝိညာဉ်တော် သတင်းကောင်းဖြင့် ကျွနု်ပ်တို့သည် ကျွနု်ပ်တို့အားလုံး၏ အပြစ်များကို ဆေးကြောရမည်ဖြစ်ပြီး သန့်ရှင်းခံရပါမည်။ အထွတ်အမြတ်နေရာကို တည်ဆောက်ရန် ပြောကြားခြင်းအားဖြင့် ကျွနု်ပ်တို့၏ နှလုံးသားကို ဗလာဖြစ်စေပြီး ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ယုံကြည်ရန် ဘုရားသခင်က ကျွနု်ပ်တို့ကို ပြောနေပါသည်။ ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ကျွနု်ပ်တို့၏ နှလုံးသားများကို သန့်ရှင်းစေရမှာ ဖြစ်ပါသည်။
ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ကျွနု်ပ်တို့နှလုံးသား၏ အပြစ်များကို သန့်ရှင်းစေသောအခါ၊ ထို့နောက် ဘုရားသခင်သည် ထိုသူတို့အထဲ၌ လာရောက်၍ ကျိန်းဝပ်ပါသည်။ ဤစစ်မှန်သော သတင်းကောင်း၌ ယုံကြည်ခြင်းအားဖြင့် သင်၏နှလုံသားထဲမှာ သန့်ရှင်းသော ဗိမာန်တော်ကို သင်သည် တည်ဆောက်နိုင်ပါသည်။ ယခု မတိုင်ခင်အထိ သင်တို့ထဲမှ အချို့သည် သင်၏နှလုံးသားကို သန့်ရှင်းစေရန် နောင်တရခြင်း၏ ဆုတောင်းခြင်းဖြင့် ဗိမာန်တော်ကို တည်ဆောက်ရန် သင်ကိုယ်တိုင် ကြိုးစာနေခြင်း ဖြစ်ပါသည်။ သို့သော် ယခုအခါ ဤမှားယွင်းသော ယုံကြည်ခြင်းအား စွန့်လွှတ်ဖို့အချိန်ကြရောက်လာပါပြီး ရေနှင့်ဝိညာဉ်တော် သတင်းကောင်းအား ယုံကြည်ခြင်းအားဖြင့် သင်၏ စိတ်ဝိညာဉ်ကို အသစ်ပြုခြင်းအားဖြင့် ပြောင်းလဲခြင်းသို့ရောက်ရှိပါ။