Burmese 3

  • ㆍISBN : 8983142146
  • ㆍPáginas : 464

သင့်အတွက် သန့်ရှင်းသောဝိညာဉ်တော်မလွဲမသွေရရှိနည်း

Paul C. Jong

ယနေ့ခရစ်ယာန်ဘာသာတွင်အမျိုးဆုံးဆွေးနွေးခုံမင်သောအကြောင်းအရာများမှာ "အပြစ်မှကယ်တင်ခြင်း" နှင့် "သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း" ဖြစ်ပါသည်။ သို့သော် လူအနည်းငယ်ကသာလျှင် ဤအ ကြောင်းနှစ်ခုတို့၏အကြောင်းကို သိရှိကြသည်။ ခရစ်ယာန်ဘာသာတွင် ဤအကြောင်းနှစ်ရပ်တို့သည် အရေးကြီးဆုံးသောခံယူချက်များဖြစ်သည်ကို သူတို့က မသိကြပေ။ အခြေအနေဆိုးရွားနေခြင်းအကြောင်း မှာ အထက်တွင်ဖော်ပြထားသောအကြောင်းအရာနှစ်ခုကို သမ္မာကျမ်းစာဖော်ပြချက်အတိုင်း တိကျစွာ သွန် သင်ထားခြင်းမရှိသေးပေ။ သန့်ရှင်းသောဝိညာဉ်တော်အကြောင်း (ဝါ) သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝ သောအသက်တာများအကြောင်းကို ခရစ်ယာန်စာရေးဆရာများက ရေးခဲ့ကြသည်။ သို့သော် သူတို့က "ယုံကြည်သူတစ်ဦးသည် သန့်ရှင်းသောဝိ ညာဉ်တော်ကို မည်သို့အမှန်ရရှိနိုင်မည်နည်း"ဟူသော မေးခွန်းကို မရင်ဆိုင်ရဲကြပေ။ ဘာကြောင့် လဲ။သူတို့သည် ထိုအကြောင်းကို ဂဃနဏသိမြင်နိုင်စွမ်းမရှိကြသောကြောင့် ထိုအကြောင်းများကို မရေးသားခြင်းသည် အမှန်ပင် ဖြစ်သည်။ ပရောဖက် ဟောရှောက "ငါ့လူများသည် အသိဉာဏ် နည်းပါးနေကြသောကြောင့် ပျက်စီးကြသည်"ဟု ပြောခဲ့သည်။ ယခုခေတ်ကာလများတွင် မြောက် များစွာသောခရစ်ယာန်များသည် ဘာသာတရားတွင် ပျော်ရွှင်မှုရရှိကြသဖြင့် သန့်ရှင်းသောဝိညာဉ် တော်ရရှိကြသည်ဟု မြော်လင့်ကြသည်။ သူတို့သည် အရူးအမူးဆုတောင်းခြင်းနှင့် ဈာန်ဝင်ခြင်း အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိကြသည်ဟု ယုံကြည်ကြသည်။ သို့သော် သူတို့ပြောသော သန့်ရှင်းသောဝိ ညာဉ်တော်နှင့်ပြည့်ဝခြင်းသည် နတ်ကတော်အကနှင့် သိပ်ပြီး ကွာခြားမှုမရှိပေ။ ထိုသို့သော ငိုကြွေး မြည်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ပြည့်ဝသည်ဟု ခံယူခြင်းသည် စာတန်ထံမှ လာသည်။ စာရေးသူ Rev. Paul C. Jong က သမ္မာတရားအကြောင်းကို တင်ပြထားပါသည်။ သူက လွန်ခဲ့သော အချိန်များတွင် ဝိညာဉ်တော်နှင့်ပြည့်ဝသော စာရေးစရာများချန်လှပ်ထားခဲ့သော အရေးကြီးသောအ ကြောင်းအရာများကို တင်ပြထားသည်။ သူ "ဒုတိယအကြိမ်မွေးဖွားခြင်း" နှင့် "သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်း" အကြောင်းများကို ဖော်ပြပြီးနောက် ထိုအရာနှစ်ခု တို့၏ခံယူချက်သည် တစ်ခုနှစ်တစ်ခု ဆက်နွယ်မှုရှိကြောင်းတင်ပြထားသည်။ ထို့နောက် စာရေးဆရာက "ဝိညာဉ်များကောင်းမွန်စွာပိုင်းခြား ခြင်း"မှ "သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝခြင်းအသက်တာများ"ဖြစ်သော သန့်ရှင်းသောဝိညာဉ်တော် နှင့်ပတ်သက်သောအကြောင်းအရာများကို တိကျမှန်ကန်စွာ ဖော်ပြထားပါသည်။ ပို၍သိရှိလိုပါက ဤစာ အုပ်အား အင်တာနက်ဒဝိုက်ဆိုဒ်များတွင် တင်ပြထားသော ခေါင်းများကို စစ်ဆေးကြည့်ရှုရန် စာရေး ဆရာက အကြံပြုထားသည်။
Audiolivro
MY/03/Ch01_သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ကတိစကားတော်၌အမှုပြုသည်.mp3
Devido ao COVID-19 e à interrupção do Serviço de Correio Internacional,
suspendemos temporariamente o nosso 'Serviço de Impressão Gratuita de Livros'.
Diante dessa situação, não podemos enviar os livros para você neste momento.
Ore para que esta pandemia termine em breve e retorne o serviço postal.