တရားဟောချက်များ

ဘာသာရပ် ၁- အပြစ်တရား

[1-1] ရွေးနှုတ်ကယ်တင်ဖို့ရန် ပထမဦးစွာ အပြစ်အကြောင်းကို သဘောပေါက်နားလည်ရမည် (ရှင်မာကု ၇း၈-၉)

(ရှင်မာကု ၇း၈-၉)
“အကြောင်းမူကား သင်တို့သည် ဘုရားသခင်၏ခွက်ဖလားဆေးခြင်းတည်း ဟူသော နည်းဥပဒေကိုခံယူလျက် ထိုသို့သောအခြားများကို ကျင့်လေ့ရှိ သည်။ သင်တို့သည် အဆက်ဆက်ခံရသော နည်းဥပဒေကို ကျင့်ရသော အခွင့်ရှိစေခြင်းငှာ ဘုရားသခင်.ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြ သည်တကား၊”
 
(ရှင်မာကု ၇း၂၀-၂၃)
“လူအတွင်းမှထွက်သောအရာမူကား လူကို ညစ်ညမ်းစေသောအ ရာဖြစ်၏။ လူ့အတွင်းနှလုံးသားထဲက မကောင်းသောကံစည်ခြင်း၊ သူ့မ ယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် ပြစ်မှားခြင်း၊ သူ့အသက်ကိုသတ်ခြင်း၊ သူ့ဉစ္စာကို ခိုးခြင်း၊ လောဘကျူးလွန်ခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူဏ္ဍအသေရေကိုဖျက်ခြင်း၊ ထောင်လွှားစော် ကားခြင်း၊ လျပ်ပေါ်ခြင်း၊ စ်သောအရာများတို့သည်အတွင်းမှထွက် လာသောလူ ကို ညစ်ညူးစေသည် ဟု မိန့်တော်မူ၏။”
 
 
ပထမဦးဆုံး အပြစ်၏အဓိပ္ပာယ်ကိုဖွင့်ဆိုချင်ပါသည်။ ဘုရားသခင် ဖွင့်ဆိုပေးသောပြစ်၏အဓိပ္ပာယ်နှင့်လူတို့ဖွင့်ဆိုသောအဓိပ္ပာယ်ဟူ၍ နှစ်မျိုး ရှိသည်။“အပြစ်”ဟူသောစကားလုံးသည် မူရင်းဂရိဘာသာစကားဖြစ်သည့် harmatia မှလာသည်၊ အနက်အားဖြင့် “အရည်အချင်းတိုင်းတာမမှီခြင်း၊ အမှတ်အသားကိုမမှီခြင်း” ဟု အဓိပ္ပာယ်ရသည်။တနည်းအားဖြင့် တစုံတခု အမှားကိုလုပ်မိခြင်းပင်ဖြစ်သည်။ ဘုရားသခင်ပေးသော အမိန့်တော်မနာခံ ခြင်းလည်းဖြစ်သည်။လူသားရှုထောင့်မှအပြစ်အကြောင်းကို စတင်လေ့ လာကြပါစို့။
 
အပြစ်ဆိုသည်မှာ အဘယ်နည်း
ဘုရားသခင်.အမိန့်တော်ကို
နာခံမှုမရှိခြင်းဖြစ်သည်

ကျွန်တော်တို့သည်ကောင်းမကောင်းခွဲခြားတတ်သည့် အသိစိတ် အားဖြင့် အပြစ်ကို သိရှိလက်ခံတတ်ကြသည်။ သို့သော်လည်း လူသား တို့၏သတ်မှတ်ချက်များသည်အတိတ်ကအတွေ့အကြုံအရသော်၄င်း၊ စိတ် ကူးစိတ်သန်းအရသော်၄င်း၊ ကောင်းမကောင်းခွဲခြားတတ်သည့် အသိစိတ် အရသော်၄င်း၊ အမျိုးမျိုးကွဲပြားလျက်ရှိသည်။
ထို့ကြောင့် အပြစ၏အဓိပ္ပာယ်ဖွင့်ဆိုချက်များသည်လည်း တ ယောက်တမျိုးစီကွဲပြား လျက်ရှိသည်။ လူတဦး၏ကိုယ်ပိုင်သတ်မှတ်ချက် အပေါ်အခြေခံ၍အပြစ်၏အဓိပ္ပာယ်ကို ဆင်ခြင်သုံးသပ်၍မရပါ။ဤသို့ဖြင့် ဘုရားသခင်သည် လုံးဝပြည့်စုံသောအပြစ်.သတ်မှတ်ချက်ကဲ့သို့ ပညတ် တရား(၆၁၃)ပိုဒ်ကိုပေးထားခြင်းဖြစ်သည်။လူသားတို့၏အပြစ်ကို အောက် ပါအတိုင်း သရုပ်ဖော်ထားပါသည်။
 
ဘုရားသခင်၏တရားပညတ်
လူ.ကောင်းမကောင်းခွဲခြားသောအသိစိတ်
အကျင့်တရား။ လူမှုရေးအပေါ်အခြေခှုံ
စံနှုန်းသတ်မှတ်ချက်

ကျွန်ုပ်တို့၏ကိုယ်ပိုင်အသိစိတ်အားဖြင့် လူမှုရေးနှင့်စပ်ဆိုင်သော စံနှုန်းသတ်မှတ်ချက်များအပေါ် အခြေခံ၍အတည်မပြုသင့်ပေ။
ကျွန်ုပ်တို့ မသိစိတ်အားဖြင့် သတ်မှတ်ထားသောအပြစ်များသည် ဘုရားသခင်ဖွင့်ဆိုထားသောအပြစ်၏အနက်အဓိပ္ပာယ်နှင့် လိုက်လျောညီ ထွေမှုမရှိပါ။ ထိုကြောင့်ကျွန်တော်တို့ကောင်းမကောင်းခွဲခြားတတ်သည့် အသိစိတ်ဘက်သို့ မတိမ်းညွတ်ဘဲဘုရားသခင်၏ပညတ်တော်အားဖြင့်အ ပြစ် သတ်မှတ်ချက်အပေါ်ပို၍အခြေခံသင့်ပါသည်။
အပြစ်၏အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ပတ်သက်၍ ကျွန်တော် တို့အတွေးအခေါ်သည်ကွဲပြားလေ့ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ တချို့ သောသူများအတွက် ကိုယ်ကျင့်တရားကိုအခြေခံ၍တလွဲတချော်ယုံကြည် ကြနေစဉ် အခြားသူများအတွက် ထိမှိုလဲစရာအဖြစ် သုံးသပ်ပါသည်။
ဥပမာ- ကိုရီးယားလူမျိုးတို့သည် သူတို့၏မိဘ၏သင်္ချိုင်းဂူများကို အလေးအနက်ထားကာ သေသည့်တိုင်အောင် တာဝန်ယူထိန်းသိမ်းစောင့် ရှောက်ရန်မိမိ၏တာဝန်ရှိသည်ဟု ခံယူကြပါသည်။ Papua New Guinea မှာနေထိုင်ပြီး ရှေးကျသောလူမျိုးထဲမှ လူမျိုးတစုသည် သေဆုံးသွားသော မိဘများ၏ခန္ဓာကိုယ်ကို ကျန်ရစ်သူမိသားစုများအနေဖြင့် အတူတကွ စား သောက်ပွဲအဖြစ် ပြင်ဆင်လျက် တည်ခင်းကျွေမွေးခြင်းဖြင့် မိဘများကို ဂုဏ်ပြုသည်။(ချက်ပြီးစားသလား။ မချက်ဘဲစားသလားတော့ ကျွန်တော် လည်း သေချာမသိပါ။) ဤသို့ပြုလုပ်ခြင်းသည် မိဘများ၏ခန္ဓာကိုယ်ကို ပိုးကောင်များမစားရလေအောင် ကြိုတင်ကာကွယ် လိုဟန်ရှိပါသည်။ ထိုဓလေ့ထုံးစံများသည် အပြစ်နှင့်ပတ်သက်၍ အယူအဆအမျိုးမျိုး ကွဲပြား လျက်ရှိသည်ကို ကျယ်ကျယ်ပြန့်ပြန့်သရုပ်ထားပါသည်။
အဖွဲ့အစည်းတခု၏မြင့်မြတ်သောလုပ်ဆောင်ချက်များပင်လျှင် အ ခြားအဖွဲ့အစည်းအတွက် ရိုင်းစိုင်းသောလုပ်ဆောင်ချက်အဖြစ် ထင်မြင်ယူ ဆတတ်ပါသည်။ သို့သော်လည်း ဘုရားသခင်၏မိန့်မှာချက်များကို မနာ ခံခြင်းသည် အပြစ်ဖြစ်သည်ဟု ဆိုထားပါသည်။ အကြောင်းမူကား သင်တို့ သည် ဘုရားသခင်၏ပညတ်ကိုပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူသော လူတို့မှဆက်ခံသောနည်းဥပဒေကိုခံယူလျက် ထိုသို့သောအခြားဓလေ့အ ကျင့်တို့ကိုကျင့်လေ့ရှိကြသည်။ သင်တို့သည် အဆက်ဆက်ခံသောနည်းဥပ ဒေသကို ကျင့်ရသောအခွင့်ရှိစေခြင်းငှာ ဘုရားသခင်၏ပညတ်တော်ကို လျောက်ပတ်စွာပယ်ကြသည်တကား။ (ရှင်မာကု ၇း၈-၉) ဘုရားသခင် သည် နှလုံးသားကိုသာ ကြည့်တတ်သောဘုရားဖြစ်သဖြင့် ကျွန်တော် တို့၏ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာကို အလေးမထားပေ။
 
 
နှိုင်းယှဉ်ချက်အပေါ် ကိုယ်ပိုင်ဆုံးဖြတ်ချက်သည် ဘုရားသခင်ရှေ့မှောက်တွင် အပြစ်ဖြစ်သည်
 
အကြီးဆုံးသောအပြစ်သည် အဘယ်နည်း
ဘုရားသခင်၏နှုတ်ကပတ်တော်ကို လျစ်လျှူရှုခြင်းသည်
အကြီးမားဆုံးသောအပြစ်ဖြစ်သည်

ဘုရားသခင်ရှေ့မှောက်တွင် အလိုတော်အတိုင်း အသက်မရှင်ခြင်း သည် အပြစ်ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မယုံကြည်ခြင်း နှင့်အတူတူပင်ဖြစ်သည်။ ဘုရားသခင်၏ပညတ်တော်များကို ပစ်ပယ်၍ သူတို့၏ဓလေ့ထုံးတမ်းများကို ပို၍အလေးထားသောဖါရိရှဲများကဲ့သို့ အ သက်တာတွင်အသက်ရှင်ခြင်းသည် အပြစ်ရှိသည်ဟု ဘုရားသခင်မိန့်တော် မူသည်။ ယေရှုကလည်းဖါရိရှဲတို့ကို သူတော်ကောင်းယောင်ဆောင်သော သူများအဖြစ် သတ်မှတ်သည်။
“မည်သည့်ဘုရားကို သင်ယုံကြည်ပါသနည်း။ အမှန်တကယ် ကြည်ညိုပြီး ချီးမြှောက်ပါသလား။ ငါ၏နာမတော်ကို ကြွားဝါပြီး အမှန်ပင် လေးစားပါသလား။”လူတို့သည်အပြင်ပန်းသွင်ပြင်လက္ခဏာကိုသာ ကြည့် တတ်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်ကို လျစ်လျူရှုကြသည်။ အကြီး လေးဆုံးသောအပြစ်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို လျစ်လျူရှု ခြင်းပင် ဖြစ်သည်။
ကျွန်တော်တို့၏အားနည်းချက်မှာ သန္ဓေတည်ခဲ့သော တရားမဲ့အ ပြုအမူများသည် တရားမမျှတမှုသာဖြစ်စေပါသည်။ ကျွန်တော်တို့၏မ ပြည့်စုံခြင်းကြောင့် ပြုမိခဲ့သောအမှားများသည် အပြစ်များ၏ဇစ်မြစ်မ ဟုတ်ပေ၊ အက်ကြောင်းအနာဆာများသာဖြစ်သည်။ ဘုရားသခင်သည် မ တရားမှုနှင့်အပြစ်ကို ကွဲပြားခြားနားစေသည်။ အပြစ်မလုပ်ခဲ့သော်ငြား လည်း သူ၏နှုတ်ကပတ်တော်ကို လျစ်လျူရှုသောများသည် အပြစ်သား များဖြစ်ကြသည်။ ထိုသူတို့သည် ဘုရားသခင်၏ရှေ့မှောက်တွင် အပြစ် သားစစ်စစ်များဖြစ်ကြသည်။ထို့ကြောင့်ယေရှုကဖါရိရှဲများကို ဆူပူကြိမ်း မောင်းခဲ့သည်။
ကမ္ဘာဦးကျမ်းမှ တရားဟောရာကျမ်းအထိ ကျွန်တော်တို့အတွက် ဆောင်ရန်နှင့် ရှောင်ရန်ပညတ်တော်များပေးထားပါသည်။ ထိုပညတ် တော်များသည် ဘုရားသခင်၏နှုတ်ကပတ်တော်ပင်ဖြစ်သည်။ ရာနှုန်းပြည့် မစောင့်ထိန်းနိုင်သော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်အဖြစ်သိ မှတ်ရမည်။ အစအဦးကတည်းကပင် တည်ရှိပြီးဖြစ်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် ကျွန်တော်တို့ လက်ခံရလိမ့်မည်။
“အစဦး၌နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရား သခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ် တော်မူ၏။” နောက်တဖန် “အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ် လာ၏။” သူသည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း၏။
နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကို ခံယူ၍ ငါတို့တွင် တည်နေတော်မူမည်ဖြစ်၍ သူသည် နှုတ်ကပတ်တော်ဖြစ်သည်။ (ယော ၁း၁၊ ၁၄) ဘုရားသခင်ကိုယ်တော်တိုင် မည်သို့ဖွင့်ပြပါသနည်း။ သူသည် နှုတ်ကပတ်တော်နှင့်ဝိညာဉ်ဘုရားဖြစ်သောကြောင့် ပညတ်တော်အားဖြင့် ကိုယ်တိုင်ဖွင့်ပြခဲ့သည်။ ထို့ကြောင့် ကျမ်းစာတော်ကို မည်သို့ခေါ်ရပါသ နည်း။ “ဘုရားသခင်၏နှုတ်ကပတ်တော်” ဟူ၍ခေါ်ရမည်။
ထို့ကြောင့် “ဘုရားသခင်၏ပညတ်တော်များကိုပယ်၍ လူတို့မှ ဆက်ခံသောနည်းပညာကို ကျင့်လေ့ရှိကြ၏” ဟုဆိုခဲ့သည်။ သူ၏ပညတ် တရားသည် (၆၁၃) ပိုဒ်ရှိသည်။ မိဘကိုရိုသေပါ၊ စသည်ဖြင့် ဆောင်ရန်နှင့် ရှောင်ရန်ဟူ၍နည်းဥပဒေများကို ပေးထားလေသည်။ ဝတ်ပြုရာကျမ်းတွင် အမျိုးသားနှင့်အမျိုးသမီးများ မည်သို့လုပ်ဆောင်ရမည်ကို၄င်း၊ အိမ်မွေး တိရိစြွာန်တကောင် မြောင်းထဲကျသောအခါ မည်သို့လုပ်ဆောင်ရမည် နည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်ထဲမှာ မှားယွင်းသောစကားတခွန်း တောင်ရှိပါသလား။
ဖာရိရှဲတို့သသည် ဘုရားသခင်၏ပညတ်တော်များကို ဘေးဖယ် ကာ လူတို့မှဆက်ခံသောဓလေ့များအောက်တွင် ထားလေသည်။ ဘုရားသ ခင်၏နှုတ်ကပတ်တော်ထက်သက်ကြီး ရွယ်အိုများထံမှ လက်ဆင့်ကမ်း ယူဆောင်သောစကားများကို ပို၍အလေးထားကြသည်။
ယေရှုဤလောက၌ သက်တော်ထင်ရှားစဉ်က သက်သေခံသည့် အပြင်များသောအားဖြင့် ဘုရားသခင်၏နှုတက်ပတ်တော်အား လျစ်လျူရှု ကြခြင်းသည် သူ့ကို နာကျင်မှုဖြစ်စေသည်။ ပညတ်တရား (၆၁၃) ချက်ကို ကျွန်တော်တို့အား ပေးရခြင်းသည် မိမိအပြစ်များကို ဝန်ခံရန်နှင့်သူသည် သမ္မာတရားတည်းဟူသော သန့်ရှင့်မြင့်မြတ်တော်မူသော ကျွန်တော်တို့၏ ဘုရားသခင်ဖြစ်ကြောင်း ဖွင့်ပြခြင်းဖြစ်ပါသည်။
ဘုရားသခင်သည် ကျွန်တော်တို့ကို ချစ်တော်မူသောကြောင့် ဤ လောကသို့စေလွှတ်တော်မူသော ယေရှုအားယုံကြည်လျက် ထိုယုံကြည် ခြင်းအားဖြင့် အသက်ရှင်ရမည်။ သူ၏နှုတ်ကပတ်တော်ကို ဘေးဖယ်၍ မယုံကြည်သောသူသည် အပြစ်သားများဖြစ်ကြသည်။
သူ၏နှုတ်ကပတ်တော်ကိုမစောင့်ထိန်းနိုင်သောသူများသည်လည်း အပြစ်သားများဖြစ်ကြသော်လည်း သူ၏နှုတ်ကပတ်တော်အား ဘေးဖယ် သောသူများသည် ပို၍အပြစ်ကြီးသည်။ ထိုသို့ရင်ဆိုင်ကြရလိမ့်မည်။ နှုတ်ကပတ်တော်ကို မယုံကြည်ခြင်းသည် ဘုရားသခင်၏ရှေ့တော်မှောက် တွင် အကြီးဆုံးသောအပြစ်ဖြစ်သည်။
 
 
ပညတ်တရားတော်ပေးရခြင်း၏အကြောင်းရင်း
 
ဘုရားသခင်သည် အဘယ့်ကြောင့်
ပညတ်တရားကို ပေးထားခဲ့သနည်း
အပြစ်များကို ဝန်ခံရန်နှင့်ပြစ်ဒဏ်ခတ်ရန်
ပေးခြင်းဖြစ်သည်

ဘုရားသခင်သည် ကျွန်တော်တို့အား ပညတ်တရားတော်ပေးရ ခြင်း၏အကြောင်းရင်းမှာ အဘယ်နည်း။ အပြစ်များကိုဝန်ခံလျက် အထံ တော်သို့ပြန်လာရန် ရည်ရွယ်၍ ပေးထားခြင်းဖြစ်ပါသည်။ ပညတ်တရား ၆၁၃ချက်ကို ကျွန်တော်တို့အား ပေးထားမှသာလျှင် အပြစ်များကိုဝန် ခံလျက်ယေရှုအားဖြင့် ရွေးနှုတ်ကယ်တင်၍ရလိမ့်မည်။ ထို့ကြောင့် ပညတ် တရားကိုပေးရခြင်းဖြစ်သည်။
ရောမ ၃း၂၀ တွင် ပညတ်တော်တရားများသည် အပြစ်ထင်ရှားရန် အတွက်ဖြစ်သည်ဟု ဆိုထားသည်။ ထို့ကြောင့် ပညတ်တော်တရားကို ဘုရားသခင်က ပေးရခြင်း၏အကြောင်းရင်းမှာ ကျွန်တော်တို့ကို ပညတ်တ ရားအတိုင်း အတင်းအဓမ္မအသက်ရှင်စေဖို့ရန် ရည်ရွယ်၍ဟောထားခြင်းမ ဟုတ်ကြောင်း နားလည်ရန်လိုပါသည်။
ပညတ်တရားမှ မည်ကဲ့သို့သောအသိတရားမျိုးရစေပါသနည်း။ ပညတ်တရားအားလုံးကို အပြည့်အဝစောင့်ထိန်းဖို့ရန် ကျွန်တော်တို့သည် အလွန်အားနည်းလျက်ရှိကြောင်းနှင့် ဘုရားသခင်၏ရှေ့မှောက်တွင် အပြစ် သားများဖြစ်ကြောင်း ဝန်ခံတတ်သောအသိတရား ရရှိစေပါသည်။ ပ ညတ်တရားတော် ၆၁၃ ချက်ကို မည်သို့အကောင်အထည်ဖော်ရမည်နည်း။ ပညတ်တရားအတိုင်း အသက်ရှင်ဖို့ရန် ကျွန်တော်တို့တွင် ချွတ်ယွင်း ချက်များ၊ အားနည်းချက်များရှိကြောင်း၊ မိမိကိုယ်ကို မိမိဝန်ခံရမည်။ ဘု ရားသခင်ဖန်ဆင်းထားသော ကျွန်တော်တို့သည် စွမ်းအားမဲ့ သောသက်ရှိ လူသားများဖြစ်သည်နည်းတူသူ၏ရှေ့မှောက်၌အပြစ်သားများဖြစ်ကြောင်း ဝန်ခံရမည်။ သူ၏ပညတ်တရားအရဆိုလျှင် ကျွန်တော်တို့အားလုံး ငရဲတွင် အဆုံးသတ် ကြလိမ့်မည်။
ဘုရားသခင်၏ပညတ်တရားနှင့်အညီ အသက်ရှင်ဖို့ရန် မိမိသည် အပြစ်ရှိသောသူ၊ အစွမ်းအစမရှိသောသူဖြစ်ကြောင်း သိမှတ်ဝန်ခံလာသည် နှင့် မည်သို့ဆက်လက်လုပ်ဆောင်ရ မည်နည်။ ပြည့်စုံသောသူဖြစ်လာ အောင် ကြိုးစားရမည်လော။ မဟုတ်ပါ။ ယေရှုကို ယုံကြည်၍ မိမိကိုယ်မိမိ အပြစ်သားဖြစ်ကြောင်းဝန်ခံလျက် ရေနှင့်ဝိညာဉ်တော်၏ကယ်တင်ခြင်း အားဖြင့် ရွေးနှုတ်ခဲ့ပြီဖြစ်ကြောင်း ကျေးဇူးတော်ချီးမွမ်းရမည်။
ပညတ်တရားတော်ပေးရခြင်း၏အကြောင်းရင်းမှာကျွန်တော်ကျွန် မတို့၏အပြစ်များကို ဝန်ခံစေဖို့ရန်နှင့် ထိုအပြစ်များကို ထိုးနှက်စေဖို့ ရန်ဖြစ်သည်။ ယခု အချိန်မှစ၍ အပါယ်ငရဲမှ ကယ်တင်ဖို့ရန်အတွက် ယေရှုတပါး အဘယ်ကဲ့သို့သော သက်ရှိလူသားမျှ တတ်နိုင်သောသူမရှိ ကြောင်း ဝန်ခံရလိမ့်မည်။ ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည် လျှင် ရွေးနှုတ်ကယ်တင် ခြင်းခံရမည်။ ကျွန်တော်ကျွန်မတို့၏ကယ်တင် ရှင်ဖြစ်သော ယေရှုထံတော်သို့ ပို့ဆောင်ပေးရန် ပညတ်တရားကို ပေးခြင်း ဖြစ်သည်။
ကျွန်တော်တို့အား အဘယ်မျှလောက် အကုသိုလ်များသောသူ ဖြစ်ကြောင်း ဝန်ခံတတ်သောဖြစ်ဖို့ရန်နှင့် ထိုကဲ့သို့သောအပြစ်မှကယ်တင် ဖို့ရန် ဘုရားသခင်သည် ပညတ်တရားကို ဖန်တီးပေးခြင်းဖြစ်သည်။ သူ၏ ဗတ္တိဇံအားဖြင့် ကျွန်တော်အပြစ်အလုံးစုံကို သယ်ဆောင်သွားကာ ကယ် တင်ဖို့ရန်အတွက် ပညတ်တရားကို ပေးပြီးနောက် တပါးတည်းသောသား တော်ယေရှုကို စေလွှတ်တော်မူသည်။ သားတော်ယေရှုကို ယုံကြည်ခြင်း ဖြင့် ကယ်တင်ခြင်းရနိုင်သည်။
ကျွန်တော်တို့သည် အပြစ်မှလွတ်မြောက်ရန်အတွက် မျော်လင့် ချက်ကင်းမဲ့သော အပြစ်သားများဖြစ်သဖြင့် ယေရှုကို ယုံကြည်မှသာလျှင် သူ၏သားသမီးများ ဖြစ်ရသောအခွင့်ရလာကာ ဘုရားသခင်ထံတော်ပါးသို့ ဘုန်းတော်ဝင်စားမည့်သူများဖြစ်ပါသည်။
အရာခပ်သိမ်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ဖန် ဆင်းထားခြင်းဖြစ်၍ ကျွန်တော်တို့သည်လည်း အရာရာကို နှုတ်ကပတ် တော်အားဖြင့် တွေးတောရမည်။ စဉ်းစားရမည်။ ဆုံးဖြတ်ရမည်။ ဤအ ရာသည် မှန်ကန်၍ စစ်မှန်သောသက်ဝင်ယုံကြည်ခြင်း ဖြစ်သည်။
 
 
လူတစ်ဦး၏စိတ်နှလုံးထဲ၌ မည်သည့်အရာရှိသနည်း
 
ဘုရားသခင်ရှေ့မှောက်တွင်
ဘယ်အမှုကိုပြုရမည်နည်း
အပြစ်ကိုဝန်ခံပြီး ကယ်တင်ဖို့ရန်
တောင်းလျှောက်ရမည်။

သက်ဝင်ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ စတင်သောကြောင့် နှုတ်ကပတ်တော်အားဖြင့် ယုံကြည်ရမည်။ ထိုသို့ မပြုလျှင် မှားယွင်း၍ မှန်ကန်သောသက်ဝင် ယုံကြည်မှုမဟုတ်ပေ။
ဖါရိရှဲနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များသည် ယေရှုတပည့်တော်များ လက်မဆေးဘဲ မုန့်စားကြသည်ကို မြင်သောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်ရှုထောင့်အားဖြင့် ကြည့်မည်ဆိုလျှင် အပြစ်တင်စရာ မရှိပါ။နှုတ်ကပတ်တော်တွင် လူသည် အပြင်မှလာသောအရာသည် ဝမ်းထဲ ရောက်ကာ ခန္ဓာကိုယ်ထဲမှ ပြန်ထွက်သဖြင့် ခန္ဓာကိုယ်အတွက်သာ အကျိုး ပြုပြီး စိတ်ကို ထိခိုက်ခြင်းမရှိဟု ဆိုထားပါသည်။
ရှင်မာကု ၇း၂၀-၂၃ တွင် “လူ‹စိတ်အတွင်းမှ ထွက်သောအရာ မူကား၊လူကို ညစ်ညူးစေသောအရာဖြစ်၏၊ လူ့အတွင်းနှလုံးထဲက မ ကောင်းသောကြံစည်ခြင်း၊ သူ့မယား ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်း ခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ လောဘကျူးလွန်ခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသရေကို ဖျက် ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း” ဤဆိုးညစ်သောအရာများ တို့သည် အတွင်းမှထွက်လာ၍ လူကို ညစ်ညမ်းစေကြသည်ဟု မိန့်တော် မူသည်။ ယေရှုက “လူသည် မွေးစကပင် အပြစ်ပါလျက်ရှိသောကြောင့် အပြစ်သားများဖြစ်ကြသည်။
ဘာကို ဆိုလိုပါသနည်း။ ကျွန်တော်တို့အားလုံးသည် အာဒံ၏သား စဉ်မြေးဆက်များ ဖြစ်သောကြောင့် အပြစ်သားများအဖြစ် မွေးသောသူ များဖြစ်သည်။ ကျွန်တော်တို့သည် သူ၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်း မရှိသောကြောင့် သမ္မာတရားကို အလေးမထားနိုင်ပါ။ လူတစ်ဦး၏စိတ်နှ လုံးထဲတွင် မည်သည့်အရာရှိသနည်း။
အထက်ဖော်ပြထားသောအပိုဒ်တွင်“လူ့စိတ်အတွင်းမှထွက်သော အရာမူကား၊ လူကို ညစ်ညူးစေသောအရာဖြစ်၏၊ လူ့အတွင်းနှလုံးထဲက မကောင်းသောကြံစည်ခြင်း၊ သူ့မယား ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှား ယွင်းခြင်၊ လူ့အသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ လောဘ ကျူးလွန် ခြင်း၊မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသရေကို ဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း” ဟုဖော်ပြထားသည်။ လူ့အတွင်းနှလုံးထဲမှထွက် သောအရာသည် ထိုကဲ့သို့သော ကောက်ကျစ် စဉ်းလဲမှုများသာ ထွက်လာတတ်သည်။
ဆာလံကျမ်းတွင်လည်း “လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏ မိုးကောင်းကင်ကိုလည်းကောင်း၊ ပြင်ဆင်တော်မူသောလ နှင့်ကြယ်များကို၄င်း၊ အကျွန်ုပ်ဆင်ခြင်သော်၄င်း၊ လူသည် အဘယ်သို့ သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှုကြွလာတော်မူရသနည်း” (ဆာလံ ၈း၂-၄) ဟု မှတ်ချက်ချထားပါသည်။
အဘယ်ကြောင့် ဘုရားသခင်ကိုယ်တော်တိုင် အကြည့်အရှုလာ သနည်း။ သူသည် အပြစ်သားများဖြစ်သော ကျွန်တော်တို့ကို ဂရုဏာသက် ၍၄င်း၊ချစ်တော်မူသောကြောင့်၄င်း၊ ကြွလာတော်မူခြင်းဖြစ်သည်။ သူသည် ကျွန်တော်တို့၏အပြစ်များကို ခြေဖျက်၍ သူ၏သားသမီး များဖြစ်စေသည်။ ဒါဝိတ်ဘုရင်ကလည်း ဘုရားသခင်သည် အပြစ်သားများ၏ ကယ်တင် ရှင်ဖြစ်လာမည်ဟု ယုံကြည်လက်ခံသောအခါ ဓမ္မဟောင်းထဲတွင် “အိုသ ခင်၊ ကျွန်တော်တို့၏သခင်၊ ကိုယ်တော်၏နာမတော်သည် ကောင်းကင်နှင့် မြေကြီးပေါ်တွင် မည်မျှလောက်ကြီးမြတ်ပါသနည်း”ဟု ဂုဏ်တော်ချီးမွမ်း ပါသည်။
ဆာလံဆရာနည်းတူ ရှင်ပေါလုကလည်း ဓမ္မသစ်၌ထပ်လောင်း၍ ချီးမွမ်းခဲ့ပါသည်။ ထိုကဲ့သို့ ဘုရားသခင်ဖန်ဆင်းထားသော ကျွန်တော် တို့သည် သူ၏သားသမီးများဖြစ်လာရခြင်းမှာ အံ့သြဘွယ်ကောင်းသောအ ရာဖြစ်သည်။ သူ၏ဂရုဏာတော်ကြောင့် ဤသို့လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။ ဘုရားသခင်၏ ပညတ်တရားတော်နှင့်အညီ လုံးဝလိုက်လျောဖို့ရန် ကြိုးစားခြင်းသည် ဘု ရားသခင်းအား အတင်းစိမ်ခေါ်ခြင်းဖြစ်ကြောင်း ကျွန်တော်တို့ ဝန်ခံရမည်။
ကျွန်တော်တို့ အသိဉာဏ်ကင်းမဲ့မှုမှထွက်လာသည့် အပေါ်စီးမှပြုမူတတ် သည့် လုပ်ဆောင်မှုလည်းဖြစ်သည်။ မိမိတဦးတယောက်အတွက် ပညတ် တရားစောင့်ထိန်းဖို့ရန် ကြိုးစားအားထုတ်နေစဉ် သူ၏ချစ်ခြင်းမေတ္တာ အပြင်ဖက်သို့ ရောက်သွားခြင်းသည် ဖြောင့်မတ်မှန်ကန်သော လုပ်ဆောင် မှုမဖြစ်နိုင်ပါ။ ကျွန်တော်တို့သည် ပညတ်တရားတော်အောက်၌ နေရလျှင် မိမိကိုယ်မိမိအပြစ်သား အဖြစ်ဝန်ခံလျက် ယေရှုခရစ်တော်၏အသွေးတော် နှင့် ရေအားဖြင့် ရွေးနှုတ်ကယ်တင်ခြင်းကို အကောင်အထည်ဖော်ခြင်း သည် ဘုရားသခင်၏အလိုတော် ဖြစ်သည်။
ထိုနှုတ်ကပတ်တော်သည် ရှင်မာကု ၇း၂၀-၂၃ တွင် လူ့စိတ် အတွင်းမှ ထွက်သောအရာမူကား၊ လူကို ညစ်ညူးစေသောအရာဖြစ်၏၊ လူ့အတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ သူ့မယားပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်၊လူ့အသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ လော ဘကျူးလွန်ခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသရေကို ဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊ ဤဆိုး ညစ်သောအရာများတို့သည် အတွင်းမှထွက်လာ၍ လူကို ညစ်ညမ်းစေ ကြသည်ဟု ဖော်ပြထားပါသည်။
ယေရှုက လူတဦး၏စိတ်နှလုံးသားထဲမှ ထွက်လာသောအပြစ်များ သည် လူကို ညစ်ညမ်းစေသည်ဟု မိန့်တော်မူ၏။ ကျွန်တော်တို့ကို ညစ်ညမ်းစေသော အပြစ်တည်းဟူသော လူအတွင်းမှထွက်လာသောအရာ သည် သန့်ရှင်းစင်ကျယ်စွာ ဖန်ဆင်းထားသောအရာခပ်သိမ်းတို့ကို ညစ် ညမ်းစေပါသည်။ ကျွန်တော်တို့သည် အာဒံမျိုးဆက်မှပေါက်ဖွားလာသူများ ဖြစ်ကြသည်။ သို့ဖြစ်လျှင် ကျွန်တော်တို့သည် မည်သည့်အရာနှင့်အတူ မွေးဖွားလာရသနည်း။ အပြစ်(၁၂)မျိုးနှင့်အတူ မွေးဖွားလာသူများ ဖြစ်ကြသည်။ ထိုအချက်ကို သင် လက်ခံပါသလား။
ကျွန်တော်တို့သည် အပြစ်မကျူးလွန်ဘဲ နေနိုင်ပါမည်လား။ အပြစ်နှင့်အတူမွေးဖွား လာသူများဖြစ်ကြသောကြောင့် အပြစ်များဆက်၍ ကျူးလွန်မည်မှာ အမှန်ပင်ဖြစ်သည်။ ပညတ်တရားကို သိနားလည်ရုံမျှဖြင့် အပြစ်ကျူးလွန်ခြင်းကို ချက်ချင်းရပ်တန့်စေနိုင်မည်လား။ ပညတ်တော် အားဖြင့် အသက်ရှင်နိုင်ပါသလား။ မရပါ။
ပညတ်တော်အားဖြင့် အသက်ရှင်ရန် ကြိုးစားလေလေပို၍ ခက် ခဲလေ လေဖြစ်သည်။ ကျွန်တော်တို့ ဖြတ်သန်းရသောရပ်တည်ချက်ကို လက်မြောက်အရှုံးပေးကာ ကျွန်တော်တို့၏ ကန့်သတ်မှုသည် မှားယွင်း ကြောင်း နားလည်သဘောပေါက်ရမည်။ ထို့နောက် နှိမ့်ချခြင်းနှင့်အတူ ကျွန်တော်တို့ကို ကယ်တင်သည့် ယေရှု၏အသွေးတော်နှင့်ဗတ္တိဇံကို လက် ခံနိုင်ရမည်။
ပညတ်တရား ၆၁၃ သည် အားလုံးကောင်းပါသည်။ တရားမျှတ သောတရားတော်လည်း ဖြစ်သည်။ သို့သော်လည်း လူသားများသည် အမိ ဝမ်းထဲမှ ပဋိသန္ဓေယူစဉ်ကပင် အပြစ်သားများဖြစ်သည်။ ဘုရားသခင်၏ ပညတ်တရားများသည် တိကျမှန်ကန်ကြောင်း နားလည်ထားသော်လည်း ကျွန်တော်တို့သည်အပြစ်နှင့်အတူ မွေးဖွားလာသူများဖြစ်ကြသောကြောင့် ကျွန်တော်တို့ဘာသာ ဘယ်သောအခါမှ ဖြောင့်မတ်ခြင်းသို့ရောက်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် အသွေးတော်နှင့်ဝိညာဉ်တော်သတင်းကောင်းတွင် ပါဝင်သောဘုရားသခင်၏ကျေးဇူးဂရုဏာတော်နှင့် ယေရှု၏ရွေးနှုတ်ကယ် တင်ခြင်းသည် ကျွန်တော်တို့အတွက်လိုအပ်ပါသည်။ ကျွန်တော်တို့၏ကန့် သတ်ချက်အတိုင်းအတာတွင်သာ ရပ်တည်နေလျှင် ကျွန်တော်တို့ဘာသာ ဖြောင့်မတ်ခြင်းသို့မရောက်ဘဲအပြစ်ကြောင့် အပါယ်ငရဲသို့ သွားရလိမ့် မည်။ ကိုယ့်ဘာသာမတတ်နိုင်သော်လည်း ယေရှုခရစ်တော်၏ရွေးနှုတ် ကယ်တင်ခြင်းကို မှီခိုအားထားနိုင်ပါသည်။
ကျွန်တော်တို့သည် ကယ်တင်ခြင်းရနိုင်ရန် ဘုရားသခင်ရှေ့ မှောက်တွင် ကျွန်တော် ကျွန်မတို့သည် ကိုယ့်ဘာသာကောင်းသောသူ (ဝါ) ဖြောင့်မတ်သောသူမဟုတ်ကြောင်း ဝန်ခံသိမှတ်ရမည်။ ထို့ကြောင့် မွေး ကတည်းက ငရဲပြည်သွားရမည့် ကံဇာတာပါလာပြီဖြစ်ကြောင်းကို ဘုရား သခင်ရှေ့မှောက်တွင် ဘုရားသခင်၏ဂရုဏာတော်ခံစားဖို့အလို့ငှာ “ဘုရား သခင်၊ ကျွန်တော်ကျွန်မတို့အပေါ် အကြင်နာတရားထားပြီး ကျူးလွန်ခဲ့ သောအပြစ်များမှ ကယ်နှုတ် တော်မူပါ”ဟု ဆုတောင်းနိုင်ပါသည်။ ထိုအခါ ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် သေသေချာချာ ဖြည့်ဆည်း ပေးပါလိမ့်မည်။
ဒါဝိဒ်ဘုရင်၏ဆုတောင်းချက်များကို ကြည့်ကြပါစို့။ “မိန့်တော်မူ ချက်သည် ဖြောင့်ပါ၏။ တရားစီရင်ချက်သည် အပြစ်လွတ်၏။” (ဆာလံ ၅၁း၄)
ဒါဝိဒ်ဘုရင်သည် ငရဲကျလောက်သည့်ပြစ်မှုကို ကျူးလွန်သော ကြောင့် ကြီးလေးသောအပြစ်ရှိသူတဦးအဖြစ် မိမိကိုယ်မိမိ သိနားလည် ခဲ့သော်လည်း ဘုရားသခင်ရှေ့မှောက်တွင် “သခင်၊ မည်သည့်အခါမဆို ကျွန်ုပ်ကို အပြစ်သားဟုခေါ်လျှင် ကျွန်ုပ်သည် အပြစ်သားဖြစ်ပါ၏။ ဖြောင့်မတ်သောသူဟုခေါ်လျှင် ကျွန်ုပ်သည် ဖြောင့်မတ်သောသူဖြစ်ပါ၏။ အကယ်၍ ကျွန်ုပ်ကိုကယ်နှုတ်မည်ဆိုလျှင် ကယ်တင်ခြင်းရသောသူဖြစ် လာမည်။ အကယ်၍ ငရဲပြည်ကို ပို့ဆောင်မည်ဆိုလျှင် ကျွန်ုပ်သည် အဆုံးသတ်မည်ဖြစ်ပါသည်”ဟူ၍ ဘုရားသခင်ရှေ့မှောက်တွင် မိမိအပြစ် ကို ဝန်ခံခဲ့ပါသည်။
ဤသည်မှာ ကယ်တင်ခြင်းရရှိရန် လမ်းတည်းဟူသော မှန်ကန် သည့်ယုံကြည်ခြင်း ဖြစ်ပါသည်။ တနည်းအားဖြင့် ယေရှု၏ရွေးနှုတ်ကယ် တင်ခြင်းကို မည်သို့မည်ပုံ မျော်လင့်နိုင်သည်ဟူသော တည်ဆောက်စရာ အချက်ဖြစ်သည်။
 
 
ကျွန်တော်တို့၏အပြစ်များကို တိတိကျကျ သိရမည်
 
ကျွန်တော်တို‹သည် အာဒံ၏မျိုးဆက်မှ ဆင်းသက်လာသည်ဖြစ်၍ ကျွန်တော်တို့၏စိတ်နှလုံးထဲတွင် တပ်မက်မှုရှိ၏။ သို့သော်လည်း ဘုရား သခင်သည် ကျွန်တော်တို့အား မည်သို့မိန့်တော်မူသနည်း။ သူ့မယားအား မပြစ်မှားရန် မိန့်မှာထားသော်လည်း ကျွန်တော်တို့စိတ်နှလုံး၌ သူ့မယားကို ပြစ်မှားနေသည်။ ကျွန်တော်တို့၏စိတ်နှလုံးထဲတွင် တရားမဲ့လူသတ် ချင် စိတ်ရှိသော်လည်း ဘုရားသခင်သည် မည်သို့မိန့်တော်မူသနည်း။ သူ့အ သက်ကိုမသတ်ရဟု မိန့်မှာထားသည်။ မိဘများကို မလေးမစားပြုတတ် သောကြောင့် ဘုရားသခင်က မိဘများကို ရိုသေဖို့ရန် သွန်သင်ထားသည်။ သူ၏နှုတ်ကပတ်တော်သည် ကောင်းသည်၊ မှန်ကန်သည်ကို သိနားလည် ခဲ့သော်လည်း ကျွန်တော်တို့အားလုံး၏စိတ်နှလုံးထဲတွင်အပြစ်စွဲလျက်ရှိ သည်။
မှန်သလား။ မှားသလား။ လုံးဝမှန်ပါသည်။ ထို့ကြောင့် ဘုရားရှေ့ မှောက်တွင် ကျွန်တော်တို့ ဘာလုပ်ရမည်နည်း။ ဘုရားရှေ့မှောက်တွင် ကျွန်တော်တို့သည် အပြစ်နွံထဲ၌ နစ်မွမ်းလျက် မျော်လင့်ချက်ကင်းမဲ့နေ သောအပြစ်သားများဖြစ်ကြောင်း ဝန်ခံရမည်။ ယမန်နေ့တွင် အပြစ်မလုပ် သောကြောင့် ယမန်အတွက်သာ ဖြောင့်မတ်သောသူ ဖြစ်သည်ဟူသောအ တွေးသည် မှန်ကန်သောအတွေးမဟုတ်ပေ။ ယမန်နေ့ ကျူးလွန်ခဲ့သော အပြစ်များကြောင့် ယနေ့တွင်ကျွန်တော်တို့သည် အပြစ်သားများဖြစ်ကြ သည်။ ကျွန်တော်တို့သည် မွေးကတည်းကပင် အပြစ်ပါလျက်ရှိ၏။ မည်သည့်အရာရာပဲလုပ်လုပ်၊ အပြစ်သားများ ဖြစ်ကြသည်။ ဤအချက် သည် ယေရှု၏ဗတ္တိဇံကိုယုံကြည်ခြင်းအားဖြင့်သာလျှင် ရွေးနှုတ်ကယ်တင် ခြင်းရရှိရန် လိုအပ်သည့်အကြောင်းရင်းဖြစ်သည်။
သူ့မယားကို ပြစ်မှားခြင်း၊ သူ့အသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်းစသည်ဖြင့် ကျွန်တော်တို့ပြုခဲ့သောအမှု များကြောင့် အပြစ်သားဖြစ်ရခြင်းမဟုတ်ဘဲ မွေးကတည်းကပင် အပြစ် ပါလျက် မွေးဖွားခြင်းဖြစ်သည်။ ကျွန်တော်တို့သည် အပြစ် ၁၂ မျိုးနှင့်အတူ မွေးဖွားလာသူများဖြစ်သည့်အပြင် ဘုရားသခင်၏အမြင်တွင် အပြစ်ပါ လျက်မွေးဖွားလာသူများဖြစ်၍ ကျွန်တော်တို့၏အားထုတ်မှုဖြင့် ဘယ်သော အခါမျှ ပြည့်စုံခြင်းသို့မရောက်နိုင်ပါ။ ပြည့်စုံသူကဲ့သို့ ဟန်ဆောင်နေရုံမျှ သာဖြစ်လိမ့်မည်။
ကျွန်တော်တို့သည် ကောက်ကျစ်စဉ်းလဲသောစိတ်နှင့်အတူ မွေး ဖွားလာသူများဖြစ်သဖြင့် အပြစ်များကို အမှန်တကယ် မကျူးလွန်တိုင် အောင် မည်သို့မည် ပုံဖြောင့်မတ်နိုင်မည်နည်း။ ကိုယ့်ဘာသာကိုယ် ဘုရားသခင်၏ရှေ့မှောက်တွင် ဘယ်သောအခါတွင်မျှ ဖြောင့်မတ်ခြင်းသို့ မရောက်နိုင်ပါ။ ဖြောင့်မတ်ခြင်းသို့ ရောက်နိုင်သည်ဟု အခိုင်အမာပြောဆို လျှင်လည်း သူတော်ကောင်းယောင်ဆောင်ခြင်းသာဖြစ်သည်။ ယေရှုက လည်း ဖါရိရှဲနှင့်ကျမ်းတတ်ပုဂ္ဂိုလ်တို့ကို “သူတော် ကောင်းယောင်ဆောင် သူများ” ဟုသမုတ်လေသည်။ လူသားများသည် အပြစ်ပါလျက်မွေးဖွါး သောသူများဖြစ်သဖြင့် အသက်တာတလျှောက်လုံး ဘုရားသခင်၏ ရှေ့ မှောက်တွင် အပြစ်ကျူးလွန်လျက်ရှိသည်။
တစုံတယောက်က ကျွန်ုပ်သည် အခြားတစုံတယောက်သော သူနှင့်ခိုက်ရန်ဖြစ်ခြင်း၊ မတရားသဖြင့် အပ်တချောင်းပင်လျှင် တစုံတ ယောက်ထံမှ ရယူစေခြင်းဖြစ်စေ၊ အသက်တာ တလျှောက်လုံး လုံးဝမပြုခဲ့ ဘူးကြောင်း အခိုင်အမာပြောဆိုလျှင် လူသားတိုင်းသည် အပြစ်ပါလျက် မွေးဖွါးသောသူများဖြစ်သဖြင့် လိမ်ညာခြင်းသာဖြစ်သည်။ ထိုသူသည် လူလိမ်၊သူတော်ကောင်းယောင်ဆောင်သူဖြစ်သည်။ ဤအချက်သည်သူ၊သူ မ အပေါ် ဘုရားသခင်၏အမြင် ဖြစ်သည်။
လူတိုင်းသည် မွေးကတည်းကပင် အပြစ်ပါလျက်ရှိသည်။ အပြစ် ကျူးလွန်ခြင်းမရှိသည့်တိုင် ငရဲပြည်သွားဖို့ရန် မွေးကတည်းကပင် ကြိုတင် လျာထားပြီးဖြစ်သည်။ပညတ်တရားကိုအကောင်းဆုံးစောင့်ထိန်းသည့်တိုင် ငရဲပြည်သွားရန် ဦးတည်ဆဲဖြစ်သည်။
ထို့ကြောင့် ကံကြမ္မာနှင့်အတူ ကျွန်တော်တို့ ဘာလုပ်ရမည်နည်း။ ကျွန်တော်တို့၏အပြစ်များမှ ကယ်တင်ဖို့ရန် ဘုရားသခင်ကို ယုံကြည် လျက် ဂရုဏာတော်ကို တောင်းလျှောက်ကြရပါလိမ့်မည်။ အကယ်၍ သူ ကသာကျွန်တော်တို့ကို မကယ်တင်ခဲ့လျှင် ယင်းကံကြမ္မာအရငရဲကို သွားရ လိမ့်မည်။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို လက်ခံရုံမျှ လက်ခံသောသူ များပင်လျှင် အမှန်စင်စစ် အပြစ်သားများဖြစ်သည်။ ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ရာသို့ရောက်နိုင်သည်ကိုလည်း သူတို့သိနားလည်သည်။ ထို့ ကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းမရှိဘဲ ဘေးချိတ် ကာ လျစ်လျူရှုခြင်းသည် အကြီးဆုံးသောအပြစ်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံယုံကြည်သောသူများသည် အပြစ်သားဖြစ်ခဲ့ ဘူးသော်လည်း ဖြောင့်မတ်သောသူ ဖြစ်သည်။ သူတို့သည် ကျေးဇူးတော်၌ နှုတ်ကပတ်တော်အားဖြင့် ဒုတိယမွေးဖွားခြင်းခံရသူ များဖြစ်သည်သာမက ကောင်းချီးအများဆုံးခံစားရသူဖြစ်သည်။
 
 
ကိုယ်ကျင့်တရားအားဖြင့် ရွေးနှုတ်ကယ်တင်ခြင်းရရှိရန် ကြိုးစားသောသူများသည်လည်း အပြစ် သားဖြစ်လျက်ရှိသည်
 
ယေရှုကို ယုံကြည်နောက်ပိုင်း တွင်လည်းအပြစ်သားများဖြစ်နေသူများသည် အဘယ်နည်း
ကိုယ်ကျင့်တရားအားဖြင့် ရွေးနှုတ်ကယ်တင်ခြင်းရရှိရန်
ကြိုးစားသောသူများဖြစ်သည်
 
ဂလာတိ ၃း၁၀-၁၁ ကို ဖတ်ကြပါစို့။ “ပညတ်တရား၏အကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် ကျိန်ခြင်းနှင့်စပ်ဆိုင်ကြ၏။ အကြောင်းမူ ကား ပညတ္တိကျမ်း၌ပါသမျှသော ကျမ်းစာတို့ကို အမြဲမကျင့်သောသူသည် ကျိန်တော်မူခြင်းခံစေရလေသတည်း။ တဖန် ဖြောင့်မတ်သောသူသည် ယုံ ကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။”
“ပညတ်တရား၏အကျင့်ကို အမှီပြုသောသူရှိသမျှတို့သည်ကျိန် ခြင်းနှင့်စပ်ဆိုင်ကြသည်” ဟုဆိုထားပါသည်။ ယေရှုကိုယုံကြည်နေသော် လည်း ကိုယ်ကျင့်တရားအားဖြင့် သန့်ရှင်းခြင်းသို့ရောက်ဖို့ရန် ကြိုးစား သောသူတိုင်း ကျိန်ခြင်းနှင့်စပ်ဆိုင်သည်။ ထိုသို့ကိုယ်ကျင့် တရား အားဖြင့် သန့်ရှင်းခြင်းသို့ရောက်ဖို့ရန် ကြိုးစားသောသူများသည် မည်သည့် နေရာ တွင်ရှိမည်နည်း။ သူတို့သည် ဘုရား၏ကျိန်ခြင်းအရိပ်အောက်သို့ ရောက်ရှိ သူများဖြစ်သည်။
အဘယ်ကြောင့် ဘုရားသခင်သည် ပညတ်တရားကို ပေးသနည်း။ ဤပညတ်သည် ကျွန်ုပ်တို့၏အပြစ်များကို ထင်ရှားစေဖို့ရန် ပေးထားခြင်း ဖြစ်သည်။ နောက်တဖန် ကျွန်ုပ်တို့သည် ငရဲကိုသွားဖို့ရန် ကံဇာတာပါလာ သောအပြစ်သားများဖြစ်ကြောင်းကို သိနားလည်ဖို့ရန်လည်း ဘုရားအလို တော်ရှိသဖြင့် ဤပညတ်ကို ပေးထားခြင်းဖြစ်သည်။ (ရောမ ၃း၂၀)
 
 
အကြီးလေးဆုံးသောအပြစ်
 
မည်သည့်အရာသည်
အကြီးလေးဆုံးသောအပြစ်သနည်း
ပညတ်တော်အားဖြင့်
အသက်ရှင်ဖို့ရန်ကြိုးစားခြင်း

သူ၏ကောင်းချီးမင်္ဂလာကို ယုံကြည်ခြင်းအားဖြင့် ကျွန်တော်တို့ သည် ဘုရားသခင်၏ ကောင်းချီးခံစားရပါသည်။
သို့သော်လည်း ယနေ့ယုံကြည်သူများကြားမှာ ပညတ်တော်နှင့် အညီ အသက်ရှင်ဖို့ရန် ကြိုးစားသောခရစ်ယာန်မြောက်မြားစွာရှိသည်။ ဤ သို့ပညတ်တရားအားဖြင့် အသက်ရှင် ဖို့ရန်ကြိုးစားသောသူများသည် ချီး ကျူးထိုက်သော်လည်း မည်သို့ဖြစ်နိုင်မည်နည်း။
သူ၏ပညတ်တရားအတိုင်း အသက်ရှင်ရန်óကိးစားခြင်းသည် အ ဘယ်မျှလောက် မိုက်မဲ့ရာကျသည်ကို သိနားလည်ရမည်။ ပို၍ကြိုးစား လေလေ၊ ပို၍ခက်လေဖြစ်မည်မှာ သေချာပါသည်။ ယုံကြည်ခြင်းသည် ကြားနာခြင်းမှလာသည်ဖြစ်၍ကြားနာခြင်းသည် နှုတ်ကပတ်တော်မှဖြစ် သည်။ ကယ်တင်ခြင်းရဖို့ရန်အတွက်ကျွန်တော်တို့၏မောက်မာမှုကိုစွန့် လွှတ် ရန် လိုအပ်သည်။
 
 
ကယ်တင်ခြင်းရရှိဖို့ရန် ကျွန်ုပ်တို့၏ကိုယ်ပိုင်ကန့်သတ်ချက် (ဝါ) သတ်မှတ်ချက်များကို စွန့်လွှတ်ရမည်
 
ကယ်တင်ခြင်းရရှိရန် ဘာလုပ်ရမည်နည်း
ကျွန်တော်တို့၏ကိုယ်ပိုင်ကန့်သတ်မှုကို
စွန့်လွှတ်ရလိမ့်မည်

လူတစ်ယောက်သည် ည်သို့မည်ပုံကယ်တင်ခြင်းရနိုင်မည်နည်း။ သူကိုယ်တိုင် မိမိသည် အပြစ်သားဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံသဘော ပေါက်မှသာလျှင် ရနိုင်ပါသည်။ သူ၏မှားယွင်းသောယုံကြည်ခြင်းနှင့် အားထုတ်မှုကို မစွန့်လွှတ်နိုင်ခြင်းကြောင့် ရွေးနှုတ်ကယ်တင်ခြင်းကို ယခု တိုင် မရနိုင်သေးသောသူ မြောက်မြားစွာရှိသည်။
ပညတ်တရားကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားသူများသည် ကျိန်ခြင်းနှင့် စပ်ဆိုင်သည်ဟု ဘုရားသခင်မိန့်တော်မူသည်။ ယေရှုကို လက်ခံယုံကြည် ပြီးနောက်ပိုင်းပညတ်အတိုင်း အသက်ရှင်ဖို့ရန် ကြိုးစားခြင်းသည် တဖြည်း ဖြည်း ဖြောင့်မတ်ရာသို့ရောက်နိုင်သည်ဟု ယုံကြည်သောသူများသည် ကျိန်ခြင်းကိုခံရပါလိမ့်မည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သော် လည်းကယ်တင်ခြင်းရဖို့ရန် ပညတ်တော်အတိုင်း လိုက်လျှောက်နေသူများ ဖြစ်သည်။
ချစ်သောမိတ်ဆွေ၊ ကျွန်ုပ်တို့၏အကျင့်တရားအားဖြင့် ဖြောင့်မတ် ခြင်းသို့ ရောက်နိုင်မည်လား။ ယေရှုခရစ်တော်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ဖြောင့်မတ်ခြင်း သို့ရောက်နိုင်သည့်အပြင် ထိုအရာအားဖြင့်သာလျှင် ရွေးနှုတ်ကယ်တင်ခြင်းရရှိနိုင်သည်။ ယေရှု ဗတ္တိ ဇံကို၄င်း၊အသွေးတော်ကို၄င်း၊ဘုရားသခင်ကိုဦးထိပ်ထားခြင်း၌၄င်း၊ ကျွန်ုပ် တို့၏ယုံကြည်ခြင်းကို တည်ဆောက်ခြင်းအားဖြင့်သာလျှင် ရွေးနှုတ် ကယ်တင်ခြင်းရရှိနိုင်မည်ဖြစ်သည်။
ဖြောင့်မတ်ခြင်းသို့ရောက်နိုင်ဖို့ရန် ပညတ်တရားအားဖြင့် လမ်း ခင်းပေးခြင်းဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်၏ ရွေးနှုတ်ကယ်တင်ခြင်းသည် သူတို့၏အကျင့်တရား၌မတည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံ ကြည်ခြင်း၌သာတည်သည်။ ယုံကြည်ခြင်းဖြင့်ကယ်တင်ခြင်းသည် ဘုရား သခင်၏အကြံအစည်နှင့် ပြည့်စုံလုံလောက်သော ကယ်တင်ခြင်းတရား ဖြစ်သည်။
ယေရှုကိုလက်ခံယုံကြည်ကြသော်လည်းအဘယ်ကြောင့် ရွေးနှုတ် ကယ်တင်ခြင်း မရကြသနည်း။ သူတို့သည် ရေနှင်ဝိညာဉ်တော်၏ ရွေးနှုတ် ကယ်တင်ခြင်း နှုတ်ကပတ်တော်တရားကို လက်မခံဖြင်းကြောင့်ဖြစ်သည်။ သို့သော် သူတို့ကဲ့သို့ မပြည့်စုံသောကျွန်တော်တို့မှာ ဘုရားသခင်၏နှုတ် ကပတ်တော်ကို သက်ဝင်ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ရွေးနှုတ် ကယ်တင်ခြင်းခံရသောသူများဖြစ်သည်။
လူနှစ်ယောက်သည် ဓါးသွေးကျောက်တစ်ခုပေါ်တွင် အလုပ်လုပ် ကြသော်လည်း အလုပ်လုပ်နေစဉ် တယောက်ကိုုထားခဲ့ကာ နောက်တ ယောက်ကို ဆောင်သွားပြီး ကျန်ရစ်သောသူသည် ရွေးနှုတ်ကယ်တင်ခြင်း မရသောသူဖြစ်သည်ကို ထင်ဟပ်စေပါသည်။ အဘယ်ကြောင့် တဦးကို ရွေးနှုတ်ကယ်တင်ပြီး တဦးကို ထားခဲ့ပါသနည်း။
အကြောင်းမှာ တယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် တရားကိုနာခံ၍ ယုံကြည်သောသူဖြစ်သည်။ ကျန်တယောက်သည် ပညတ် တရားကို စောင့်ထိန်းကာ ခက်ခက်ခဲခဲကျင့်သုံးသော်လည်း နောက်ဆုံးတွင် ငရဲထဲသို့ စွန့်ပစ်ခြင်းခံရသူဖြစ်သည်။ ထိုသူသည် ဘုရားသခင်ကို တရွေ့ ရွေ့တိုးဝင်ချည်းကပ်သော်လည်း ဘုရားသခင်က သူ့ကို ခါချလိုက်သည်။ ကြမ်းပိုးကဲ့သို့ ခြေထောက်အားကိုးပြီး တရွေ့ရွေ့တွားသွားနေသော သူဖြစ်သည်။ အကယ်၍ ပညတ်တရားကို စောင့်ထိန်းခြင်းဖြင့် ဘုရားသခင် ကို တိုးဝင်ချဉ်းကပ်သောသူသည် ငရဲထဲ စွန့်ပစ်ခြင်းခံရလိမ့်မည်။
ထို့ကြောင့် ရေနှင့်ဝိညာဉ်တော်၌ ကျွန်ုပ်တို့ ယုံကြည်ချက်တည် ဆောက်မှသာလျှင် ရွေးနှုတ်ကယ်တင်ခြင်းရရှိလိမ့်မည်။
ပညတ်တရား၏အကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် ကျိန် ခြင်းနှင့်စပ်ဆိုင်ကြ၏။ အကြောင်းမူကားပညတ္တိကျမ်း၌ ပါသမျှသော ကျမ်း စာတို့ကို ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်း၌တည်သော ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းတရားသည် ယုံကြည်ခြင်းအဖို့အလို့ငှာဧဝံ ဂေလိ တရားအားဖြင့် ထင်ရှားလျက်ရှိ၏။ (ဂလာတိ ၃း၁၀-၁၁၊ ရောမ ၁း၁၇)
ဘုရားသခင်ရှေ့တွင် နှုတ်ကပတ်တော်ကို မယုံကြည်ခြင်းသည် အပြစ်ဖြစ်သည်။ မိမိသတ်မှတ်ချက်အတိုင်းအတာအရ နှုတ်ကပတ် တော်ကို ဘေးဖယ်ထားခြင်းသည်လည်း အပြစ်ဖြစ်သည်။ ကျွန်ုပ်လူသား များသည် မွေးကတည်းကပင် အပြစ်ပါရှိလျက် မွေးဖွားသူများဖြစ်သဖြင့် ဆက်လက်၍ပညတ်တရားနှင့်အညီအသက်ရှင်နိုင်မည်မဟုတ်ပေ။သွာလေ ရာရာတွင် အပြစ်လုပ်မည်မှာ သေချာပါသည်။ ကျွန်ုပ်တို့သည် အသွေးအ သားအားဖြင့်တည်ဆောက်ထားသောသူများဖြစ်ကြောင်းနားလည်ရမည်။
သက်ရှိလူသားတစ်ဦးသည် ဆွေးနေသောဆွဲပုံးနှင့်တူသည်။ ထိုပုံး ဖြင့် တိရစ္ဆန်၏မစင်များကို သယ်ယူဖို့ ကြိုးစားလျှင် သွားရာလမ်းတ လျှောက်တွင်ဖိတ်ကျလိမ့်မည်။ထိုနည်းတူ ကျွန်တော်ကျွန်မတို့သည်လည်း သွားလေရာရာ၌ အပြစ်များကျူးလွန်ခဲ့သည်။ မှန်းဆတွေးကြည့်လို့ရပါ သလား။
သင်သည် သန့်ရှင်းသောသူဖြစ်သည်ဟု ဖျံကျလျက် လှည့်ဖြားဦး မည်လော။ ကိုယ့်ကိုယ်ကိုရှင်းလင်းစွာသိနားလည်တတ်လျှင်သန့်ရှင်းဖို့ရန် သင်၏ အကျိုးမရှိသောကြိုးစားအားထုတ်မှုကိုစွန့်လွှတ်ပြီးရေနှင့်ဝိညာဉ် တော်ကို ယုံကြည်ပါ။
ယခုတိုင် ဒုတိယမွေးဖွားခြင်းမခံရသေးသောသူများသည် သူတို့၏ ခေါင်းမာမှုကို စွန့်လွှတ်ဖို့ရန်နှင့် မိမိသည် ကြီးလေးသည့်အပြစ်ရှိသော သူဖြစ်ကြောင်း ဘုရားသခင်၏ ရှေ့မှောက်၌ ဝန်ခံဖို့လိုအပ်ပါသည်။ ထို အခါ နှုတ်ကပတ်တော်၏အရင်းအမြစ်ကို ဖော်ထုတ်နိုင်ပြီး ရေနှင့်ဝိညာဉ် တော်နှင့်အတူ ဘုရားသခင်သည် မည်သို့မည်ပုံ သူတို့ကို ကယ်တင်ခဲ့ ကြောင်း စတင်သိရှိလာပါလိမ့်မည်။