တရားဟောချက်များ

ဘာသာရပ် ၁- အပြစ်တရား

[1-2] လူသားများသည် မွေးစကပင် အပြစ်ပါလျက်ရှိသည် (ရှင်မာကု ၇း၂၀-၂၃)

(ရှင်မာကု ၇း၂၀-၂၃) 
“လူအတွင်းမှ ထွက်သောအရာမူကား လူကိုညစ်ညူးစေသောအ ရာဖြစ်၍ လူအတွင်းနှလုံးထဲမှမကောင်းသောကြံစည်ခြင်း၊ သူ‹မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊သူ့အသက်ကိုသတ်ခြင်း၊သူ့ ဥစ္စာ ကိုခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညည်းညူး ခြင်း၊ သူ့အသရေဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊ ဤ ဆိုးညစ်သောအရာများတို့သည် အတွင်းမှထွက်လာ၍ လူကို ညည်းညူးစေ သောအရာ ဖြစ်သည်ဟု မိန့်တော်မူ၏။”
 
 
လူအများသည်ရှုပ်ထွေးပွေလီနေသော သူတို့ကိုယ်ပိုင်အမြင်မှားမှုအောက်၌ အသက်ရှင်နေ ကြသည်
 
အဘယ်သူသည် ကယ်တင်ခြင်းခံရဖွယ်
အကောင်းဆုံးဖြစ်သနည်း။
မိမိကိုယ်ကိုမိမိအဆုံးစွန်သောအပြစ်သားဟု
ခံယူသောသူ။

ပထမဦးဆုံး မေးခွန်းတခုမေးချင်ပါသည်။ ကိုယ့်ကိုယ်ကို မည်သို့ ထင်ပါသနည်း။ ကောင်းသောသူလား (ဝါ) ဆိုးသောသူလား၊ မည်သို့ထင်ပါ သနည်း။ လူသားများသည် အမြင်အောက်တွင် အသက်ရှင်နေကြသည်။ 
မိတ်ဆွေသည် မိမိထင်သလောက်မဆိုးခဲ့သလို ကောင်းချင်မှ ကောင်းမည်။ သို့ဖြစ်လျှင် မည်ကဲ့သို့သောသူသည် ပို၍ကောင်းမွန်သော ယုံကြည်ခြင်းအသက်တာကို ချုပ်ကိုင်နိုင်စွမ်းရှိ မည်ဟု မြင်ပါသနည်း။ 
မိမိကိုယ်ကို လူကောင်းအဖြစ်မြင်သောသူ၊သူမနှင့် မိမိကိုယ်ကို ဆိုးသောသူအဖြစ် မြင်သောသူ၊သူမတို့နှစ်ဦးတွင် မည်သူသည် ယုံကြည်သူ ၏အသက်တာကို ချုပ်ကိုင်နိုင်သူဖြစ်မည်နည်း။ ဒုတိယမြောက်လူသာလျှင် ဖြစ်ရမည်။ 
နောက်မေးခွန်းတခု ထပ်မေးပါရစေ။ မြောက်မြားစွာသော အပြစ်ကိုကျူးလွန်သူနှင့်အနည်းအကျဉ်းသာကျူးလွန်သူနှစ်ဦးတွင် မည်သူ သည် ကယ်တင်ခြင်းရနိုင်ဖွယ်ရှိသနည်း။ ကျွန်ုပ်သည် မရေတွက်နိုင် လောက်သောအပြစ်ကို ကျူးလွန်ပါသည်ဟု ဝန်ခံသောသူသည် ကယ်တင် ခြင်းရနိုင်ဖွယ်ပိုကောင်းသည်။ အကြောင်းမှာသူသည် အပြစ်ထဲ၌နစ်မွန်း သောသူဖြစ်ကြောင်း ဝန်ခံခြင်းကြောင့်ဖြစ်သည်။ ထိုသို့သောသူများသည် ယေရှုပြင်ဆင်ပေးသောကယ်တင်ခြင်း နှုတ်ကပတ်တော်ကိုပို၍ လက်ခံယုံ ကြည်သောသူများဖြစ်သည်။ 
အကယ်၍ မိမိကိုယ်ကိုမိမိ သေချာဆန်းစစ်ပါက အပြစ်များစုပုံရာ၊ အပြစ်ပုံကြီးသာဖြစ်သည်။ သက်ရှိလူသားများသည် အဘယ်နည်း။ လူ သည် “ယုတ်မာမှုမျိုးစေ့ဖြစ်သည်။ ဟေရှာယ ၅၉ တွင် လူ၏နှလုံး သားထဲ၌ ဆိုးညစ်သောမတရားမှုမျိုးစုံရှိသည်ဟု ဆိုထားသည်။ ထို့ကြောင့် လူတို့သည် အပြစ်များစုပုံရာဖြစ်သည်မှာ ရှင်းနေပါသည်။ သို့သော်လည်း လူသားများသည် အပြစ်များစုပုံရာဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုသည်ကို လူအများက လက်မခံချင်ကြပေ။ သို့သော် လူတစ်ယောက်သည် ယုတ်မာ သူများ၏မျိုးစေ့ဖြစ်သည်ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုခြင်းသည် မှန်ကန်သော အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်ပါသည်။ အကယ်၍ ရိုးသားဖြောင့်မတ်စွာ ကိုယ့် ကိုယ်ကို ဆန်းစစ်ပါကကျွန်တော်တို့သည် ယုတ်မာသောစိတ်ထားရှိသူများ ဖြစ်ကြသည်မှာ သိသာထင်ရှားပါသည်။ ရိုးသားဖြောင့်မတ်သောသူ များသည် ဤကဲ့သို့ တူညီသော ကောက်ချက်ကိုသာချလိမ့်မည်။ 
သို့သော် လူအများက သူတို့သည် အမှန်တကယ် အပြစ်များစုပုံရာ အဖြစ်ဝန်ခံကြဟန်မတူပေ။မိမိကိုယ်ကိုမိမိအပြစ်သားဖြစ်ကြောင်း ထည့် သွင်း မစဉ်းစားဘဲ သက်သောင့်သက်သာဖြင့် အမြောက်အမြား အသက် ရှင်နေကြသည်ကို တွေ့ရသည်။ ကျွန်တော်တို့သည် “ယုတ်မာသူများ” ဖြစ်၍ အဖြစ်နှင့်ဆိုင်သောယှဉ်ကျေးမှုဖန်တီးသူများမဟုတ်လျှင် အပြစ် လုပ်ဖို့ရန်ရှက်ကြောက်လိမ့်မည်။သို့သော်လည်း ကျွန်တော်တို့သည် အပြစ် တစုံတခု ကျူးလွန်သည့်အခါများသောအားဖြင့် ရှက်ရမှန်းမသိကြပေ။ 
သို့သော်လည်း သူတို့၏ကောင်းမကောင်း ဝေဖန်တတ်သည့်အသိ စိတ်တွင် အပြစ်ကျူးလွန်မှန်းသိကြပါသည်။လူတိုင်းကိုအသိစိတ်က ရှက်စ ရာကောင်းသည်ဟု သတိပေးလျက်ရှိသည်။ အာဒံနှင့်ဧဝသည် အပြစ်လွန် ကျူးပြီးနောက်ပိုင်း သစ်ပင်များကြားဝင်ပုန်းနေခဲ့ကြသည်။ ထိုနည်းတူ ယနေ့မြောက်မြားစွာသော အပြစ်သားများသည် တန်ဖိုးမရှိသော မိမိတို့၏ ဓလေ့ ထုံးတမ်း၏နောက်ကွယ်တွင် ပုန်းအောင်းနေကြသည်။ သူတို့သည် ဘုရားသခင်၏တရား စီရင်ခြင်းမှရှောင်ရှားနိုင်ဖို့ရန် အပြစ်သားကောင်များ ၏ကြားတွင် ပုန်းရှောင်လျက်နေကြသည်။
လူတို့သည် သူတို့၏မှားသောအမြင်းအားဖြင့် လမ်းလွဲနေကြ သည်။ တခြားသောသူများထက်သာ၍ ကောင်းသောသူဖြစ်သည်ဟု မိမိ ကိုယ်မိမိထင်ကြသည်။ ထိုသို့သောအရာမျိုးကို လူတဦးက “ဘယ်လုပ်နိုင် မည်နည်း။ လူတယောက်သည် ထိုအရာကို ဘယ်လုပ်နိုင်မလဲ။ဘယ်သား သမီးကမှမိဘအပေါ်ထိုကဲ့သို့ လုပ်နိုင်မှာမဟုတ်ဘူး” စသည်ဖြင့် ဒေါသတ ကြီးအော်ဟစ်တတ်ကြသည်။ သူတို့ကိုယ်တိုင် ထိုအရာများကို လုပ်နိုင် မည်မဟုတ်ကြောင်း၊ မိမိကိုယ်မိမိယုံကြည်စိတ်ချမှုမရှိသောကြောင့် ထိုသို့ ဒေါပုန်ထလျက် အော်ဟစ်တတ်ကြခြင်း ဖြစ်သည်။ 
ချစ်မိတ်ဆွေများ၊ မိ်မိကိုယ်မိမိနားလည်ရန် အလွန်ခက်ပါသည်။ မိမိကိုယ်မိမိနားလည်ဖို့ရန်အတွက်ပထမဦးစွာအပြစ်လွှတ်ခြင်းကိုယုံကြည် လက်ခံရလိမ့်မည်။ လူ့သဘော သဘာဝကို အမှန်အကန်နားလည်နိုင်သော အသိဉာဏ်ရရှိရန် အချိန်တော်ကြာယူဖို့ လိုအပ်သဖြင့် သေသည့်တိုင် အောင် မရလိုက်သောလူ အတော်များများရှိကြသည်။ 
 
 
ကိုယ့်ကိုယ်ကို နားလည်ပါ
 
ကိုယ့်ကိုယ်ကို နားမလည်သောသူ များသည်မည်သို့အသက်ရှင်ကြသနည်း
သူတော်ကောင်းယောင်ဆောင်လျက်၊ကိုယ့်အ
ပြစ်ကိုဖုံးကွယ်ရန်ကြိုးစား၍အသက်ရှင်ကြသည်

တခါတရံ ကိုယ့်ကိုယ်ကို နားမလည်တတ်သောသူများနှင့် ကြုံရ တတ်ပါသည်။ ထို့ကြောင့် ဆိုကရေးတီးက “ကိုယ့်ကိုယ်ကို နားလည်ပါ” ဟုဆိုခဲ့သည်။ သို့သော်လည်းလူ့အသက်ကို သတ်ခြင်း၊ခိုးခြင်း၊တပ်မက် ခြင်း၊ကောက်ကျစ်စဉ်းလဲ ခြင်း၊လိမ်လည်လှည့်ဖြားခြင်း၊ ယုတ်မာခြင်း၊ မလိုတမာဖြစ်ခြင်းစသည်ဖြင့် မကောင်းမှုမှန်သမျှ မိမိစိတ်နှလုံးထဲတွင် ရှိကြောင်း သဘောမပေါက်၊နားမလည်ကြပေ။ 
ချိုသာသောစကားကို နှုတ်မှပြောတတ်သော်လည်းသူ၊သူမ၏ နှုတ်တွင် မြွေဆိပ်ကဲ့သို့သော အဆိပ်မျိုးပါတတ်သည်ကို နားမလည် ကြပေ။အကြောင်းမှာသူ့တွင်မွေးကတည်းကပင် ရှောင်မလွှဲနိုင်သောအပြစ် သားအဖြစ် မွေးဖွားလာသည်ကို နားမလည်သောကြောင့် ဖြစ်သည်။ 
ဤလောကတွင် သူတို့၏စစ်မှန်သော သဘောသဘာဝကို နားမ လည်သောသူ အမြောက်အမြားရှိသည်။သူတို့သည် မိမိကိုယ်မိမိ လိမ်လည် လှည့်ဖြားကာ သူတို့ကိုယ်ပိုင် မာယာပရိယာယ်ထဲ၌ လုံးလုံးလျားလျား ချည်နှောင်းခြင်းခံရလျက်၊ အသက်တာကို အဆုံးသတ်စေခဲ့သည်။ သူတို့ ကိုယ်ပိုင်မာယာပရိယာယ်ကြောင့် မိမိကိုယ်မိမိ ငရဲထဲခြေစုံပစ်ဝင်ကြ သည်ကို နားမလည်ကြချေ။ 
 
 
လူတို့သည် အသက်တာတလျှောက်လုံး ဆက်လက်၍ အပြစ်ကို ကျူးလွန်နေကြသည် 
 
အဘယ်ကြောင့် သူတို့သည်
ငရဲသို့သွားကြသနည်း
ကိုယ့်ကိုယ်ကို နားမလည်ကြ
သောကြောင့်ဖြစ်သည်

ရှင်မာကု ၇း၂၁-၂၃ ကြည့်ကြပါစို့။ “လူအတွင်းနှလုံးထဲက မကောင်းသောကြံစည်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်ပြစ် မှားခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ သူဥစ္စာကို ခိုးယူခြင်း၊ လောဘလွန် ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသ ရေကိုဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊ ဤဆိုးညစ် သောအရာတို့သည် အတွင်းမှထွက်လာ၍ လူကို ညစ်ညူးစေကြသည်” ဟု ဖော်ပြထားပါသည်။ လူတို့သည် အမိဝမ်းထဲသန္ဓေတည်သည့်အချိန်မျစ၍ စိတ်နှလုံးတွင် မကောင်းသောအကြံအစည်များဖြင့် ပြည့်လျက်ရှိသည်။ 
ညစ်ညမ်းသောအရည်ဖြင့် ပြည့်လျှံနေသော ဖန်ခွက်အလား လူ တစ်ယောက်၏ နှလုံးထဲတွင် အပြစ်များဖြင့် ပြည့်လျှံနေသည်ဆိုပါဆို့။ အကယ်၍ ထိုသူသည် ခွက်ကို သယ်ဆောင်ကာလှုပ်ခဲ့လျှင် မည်သို့ဖြစ် မည်နည်း။ အပြစ်တည်းဟူသောညစ်ညမ်းသည့်အရည်သည် နေရာ အနှံ့ ဖိတ်ကျလိမ့်မည်။ ထိုနည်းတူလူတစ်ယောက်သည် အသက်ရှင်လှုပ်ရှား လေတိုင်း နေရာ တကာတွင် အပြစ်များ ထပ်တလဲလဲ ကျူးလွန်လိမ့်မည်။ 
ကျွန်တော်တို့သည် အပြစ်၏စုပုံရာဖြစ်သောကြောင့် ထိုသို့အ သက်ရှင်ခြင်းဖြစ်သည်။ သွားလေရာရာတွင် အပြစ်များကျူးလွန်ကြသည်။ အပြစ်၏စုပုံရာဖြစ်သောကြောင့် အသက်တာတလျှောက်လုံး အပြစ်များ ကျူးလွန်ကြခြင်းဖြစ်သည်။ 
ပြဿနာစဖြစ်သည်မှာ ကျွန်တော်တို့သည် အပြစ်၏စုပုံရာဖြစ်ကြ သည်ကို ဝန်မခံကြခြင်းဖြစ်သည်။ တနည်းအားဖြင့် အပြစ်၏မျိုးစေ့များ ဖြစ်ကြောင်း ဝန်မခံချင်ကြပေ။ ကျွန်တော်တို့သည် အပြစ်၏စုပုံရာဖြစ်ကြ သည့်အပြင်မွေးကတည်းကပင် အတွင်းနှလုံးထဲ၌ အပြစ်များရှိထားပြီးဖြစ် သည်။ 
အပြစ်ပုံကြီးသည် လူတို့တွင် အလျှံပယ်အဆင်သင့်ရှိပြီးဖြစ်သည်။ သို့သော်လည်း လူတို့သည်အပြစ်နှင့်ဆိုင်သောဗီဇရှိသည်ကို လက်မခံကြ ချေ။ သူတို့သည် ဆိုးသောသူများမဟုတ်၊ အခြားသောများမှ အပြစ်သွေး ဆောင်ခြင်းသာလျှင် အပြစ်ကျူးလွန်ရသည်ဟု ယုံကြည် ကြသည်။ 
လူတို့သည် အပြစ်ကျူးလွန်သည့်တိုင် အပြစ်များကို ဖယ်ရှား ပစ်ဖို့ရန်အတွက် မိမိကိုယ်ကို ပြန်လည်ဆေးကြောသန့်စင်စေဖို့သာ လိုအပ် သည်ဟု ထင်မြင်ယူဆကြသည်။ အပြစ်ကျူးလွန်မိသည့်အခါတိုင်း သူတို့ အမှားဟုဆိုကာ ကိုယ့်အပြစ်ကို ပြည်ဖုံးကားချ၍ ပြောတတ်ကြသည်။ ချက်ချင်းပင် မိမိအပြစ်ကို မိမိဘာသာ သန့်စင်စေခြင်းသည် ဆက်လက်၍ အပြစ်ကျူးလွန်စေဖို့ရန် လမ်းဖွင့်ပေးသည့် အဓိပ္ပါယ်မသက်ရောက်ပေ ဘူးလား။ သို့ဖြစ်လျှင် ကျွန်တော်တို့သည် ထပ်ခါထပ်ခါအပြစ်များကို ဆက် လက်၍ ပြည်ဖုံးကားချ၍ လုပ်နေကြရလိမ့်မည်။ 
ဖန်ခွက်သည် အပြစ်များဖြင့်ပြည့်လျှံသည့်အခါ ဖိတ်စင်နေလိမ့် မည်။ အပြင်ဖက် သန့်စင်ဆေးကြောလျှင်လည်း အကျိုးရှိမည်မဟဟုတ်။ အပြစ်ဖြင့်ပြည့်လျှံနေသောဖန်ခွက်နည်းတူ အပြင်ပန်းကို ကောင်းသော အကျင့်တရားအားဖြင့် ဆေးကြောသန့်စေခြင်းသည် အချည်းနှီးသာလျှင် ဖြစ်သည်။ 
အတွင်းနှလုံးထဲ၌မြောက်မြားစွာသောအပြစ်များနှင့်အတူ မွေးဖွား ခဲ့သော ကျွန်တော်တို့သည် ဘယ်သောအခါမျှ အပြစ်နှင့်ကင်းစင်နိုင် မည်မဟုတ်ပါ။ ကျွန်တော်တို့အသက်တာ တလျှောက် အပြစ်မည်မျှဖိတ် စင်ကျသည်မှာအရေးမထားဘဲအသက်တာတလျှောက်ဆက်လက်၍အပြစ် ကျူးလွန်နေကြလိမ့်မည်။ 
တစုံတယောက်သောသူက သူ၊သူမသည် အမှန်တကယ် အပြစ်၏ စုပုံရာဖြစ်သည်ကို နားမလည်သည့်အခါတွင် သူ၊သူမ၏အပြစ်နှင့်စပ်ဆိုင် သော ပင်ကိုယ်သဘာဝကို ဆက်လက်၍ ဖုံးကွယ်လေ့ရှိသည်။ အပြစ်သည် လူသားအားလုံး၏နှလုံးသားထဲတွင်ရှိသည်ဖြစ်၍ အပြင်ပန်းကို ဆေးကြော ခြင်းအားဖြင့် ပျောက်ပျက်မသွားပါ။ အပြစ်အနည်းငယ်ဖိတ်စင်ကျလာ သည့်အခါ အဝတ်ဖြင့်သုတ်လိုက်သည်။ နောက်တခါကျလာသည့်အခါ ကြမ်းတိုက်သည့် အဝတ်စုတ်ဖြင့်၄င်း၊ မျက်နှာသုတ်ပုဝါ၊ ကြမ်းခင်းကော် ဇောစသည်ဖြင့် သုတ်တတ်ကြသည်။ ဤသို့ဖြင့် ရေပွဖြစ်နေသည့်အပြစ် များကို ထပ်ခါထပ်ခါ သုတ်လိုက်ခြင်းဖြင့် သန့်စင်နိုင်သည်ဟု လွယ်လွယ် လက်ခံယုံကြည်ကြသည်။ သို့သော်လည်း အပြစ်သည် ဖိတ်မြဲဖိတ်လျက်ရှိ သည်။ 
မည်မျှလောက် အချိန်ကြာကြာ ဤအတိုင်းဆက်လျှောက်နိုင်မည် နည်း။ သေသည့်တိုင် ဤအတိုင်းဆက်ရှောက်ရလိမ့်မည်။ လူတို့သည် သေသည့်တိုင် အပြစ်နှင့်အတူ ဆက်လက်လျှောက်လှန်းရသည်။ ရွေးနှုတ် ကယ်တင်ခြင်းရရှိဖို့ရန် ယေရှုကိုလက်ခံယုံကြည်ရခြင်း၏ အကြောင်းရင်း ကားဤအချက်ကြောင့်ဖြစ်သည်။ရွေးနှုတ်ကယ်တင်ခြင်းရရှိဖို့ရန် ပထမဦး ဆုံး ကိုယ့်ကိုယ်ကို နားလည်ဖို့ရန် လိုအပ်သည်။ 
 
ယေရှု၏ချစ်ခြင်းမေတ္တာကို မည်သူက
နှစ်နှစ်ကာကာလက်ခံနိုင်သနည်း
စွာ ကျူးလွန်ခဲ့သည်ဟု
အပြစ်ကိုဝန်ခံသော အပြစ်သားများပင်ဖြစ်သည်

ညစ်ညမ်းသောအရည်ဖြင့် ပြည့်လျှံနေသောခွက်နှစ်ခုနှင့် နှိုင်းယှဉ် နိုင်လောက်သောလူနှစ်ယောက်ရှိသည်ဆိုပါစို့။နှစ်ခွက်စလုံးတွင် အပြစ်ဖြင့် ပြည့်နေသည်။ တယောက်သောသူက “ကျွန်တော်သည် ဤမျှပင် အပြစ် များနေပါလား” ဟုဆိုကာ သူ့ကို ကူညီနိုင်မည့်သူကို လိုက်ရှာသည်။ 
သို့သော်နောက်တယောက်မှာ“သူ့ကိုယ်သူ၊အမှန်တကယ် ဆိုးမိုက် သူမဟုတ်ပါဘူး”ဟု ထင်ခဲ့သည်။ သူ၏အတွင်းစိတ်နှလုံး၌ရှိသော အပြစ်ပုံကြီးကို မမြင်နိုင်ဘဲသူသည် အပြစ်နှင့်ဆိုင်သောမှောက်မှားမှုမရှိဟု သူ့ကိုယ်သူထင်နေခဲ့သည်။ သူ့အသက်တာတလျှောက် ကျူးလွန်ခဲ့သော အပြစ်များကို ဖုံးကွယ်ခဲ့သည်။ တဖက်ကို သုတ်လိုက်သော်လည်း တဖက် သို့ ကူးသွားသည်။ 
အတွင်းနှလုံးသားထဲတွင် အပြစ်အနည်းငယ်သာရှိသည့်အနေဖြင့် အပြင်သို့ဖိတ်ကျနေသောအပြစ်ကိုရှောင်ရှားဖို့ရန်သတိထားပြီးအသက်ရှင် သောသူမြောက်မြားစွာရှိသည်။ သို့သော် အပြစ်သည် သူတို့၏အတွင်းနှ လုံးသား၌ရှိမြဲရှိနေပါသဖြင့် ကောင်းသောအမှုကို မည်သို့လုပ်ဆောင်နိုင်ပါ မည်နည်း။ သတိထားအနေအထားဖြင့် အသက်ရှင်ခြင်းသည် ကောင်းကင် နိုင်ငံတော်နှင့်ပိုနီးရာသို့ မပို့ဆောင်နိုင်ပါ။ ကောင်းကင်နိုင်ငံအစား ငရဲပြည် ကို ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ 
ချစ်သောမိတ်ဆွေတို့၊ သတိနှင့်အသက်ရှင်ခြင်းသည် ငရဲကိုသာ ပို့ ဆောင်ပေးပါသည်။ သင်ခန်းစာယူသင့်သောအချက် ဖြစ်သည်။ လူတို့သည် အပြစ်မလုပ်မိအောင် သတိထားအသက်ရှင်လာသည့်အခါ အပြင်သို့အပြစ် များ ဖိတ်စင်မှုပို၍ နည်းသော်လည်း အပြစ်သားများ ဖြစ်မြဲဖြစ်ကြသည်။ 
လူသားတို့၏နှလုံးသားထဲတွင် မည်သည့်အရာရှိသနည်း။ အပြစ် လား။ အကျင့်ပျက်ခြင်းလား။ အားလုံးမှန်ပါသည်။ မကောင်းသောအကြံအ စည်ရှိပါသည်။ ခိုးဝှက်ခြင်း၊ ထောင်လွှား ခြင်းစသည့် အပြစ်များရှိသည်။
ကိုယ်တိုင်ဘာမျှမတတ်နိုင်သော်လည်း ကျွန်တော်တို့သည် အပြစ် စုပုံရာဖြစ်သည်ကို ဝန်ခံရမည်။ အထူးသဖြင့် မည်သူကမျှပြောမပြဘဲ မိမိကိုယ်ကို အားနည်းသောသူ၊ အပြစ်ရှိသော သူဖြစ်ကြောင်း၊ ကိုယ့်ကိုယ် ကို နားလည်သောအခါ မိမိသည် အပြစ်၏စုပုံရာဖြစ်ကြောင်း ဝန်ခံရသည်။ 
ငယ်ရွယ်နုပျိုသောအချိန်တွင် ကျွန်တော်တို့ နားလည်ချင်မှနားလည်မည်။ ဤသို့ဆိုလျှင် “အသက်ကြီးမှသိသာထင်ရှားပြီး သိနားလည်ရမှာလား။ အထက်တန်းကောလိပ် စသည်ဖြင့် ပညာသင်ယူနေသည့်အသက်အရွယ် မှာလည်း ကျွန်တော်တို့၏အတွင်းနှလုံးသားထဲတွင် အားလုံးအပြစ်ရှိ ကြောင်း နားလည်ရမည်။ မဟုတ်ပေဘူးလား။ ကျွန်တော်တို့၏ ဗီဇအပြစ် ကို ဖုံးကွယ်၍မရကြောင်း ရိုးသားစွာဝန်ခံရမည်။ အပြစ်များ ဖိတ်မြဲ ဖိတ်နေလိမ့်မည်။ ငါမလုပ်တော့ပါဘူး”ဟု နောင်တရလျက် ပြောတတ်ကြ သည်။ သို့သော်လည်း အမှန်တကယ်ပြောင်းလဲ၍ မဖြစ်နိုင်ကြောင်း တွေ့ရ သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ လူတိုင်းသည် မွေးစကပင် အပြစ်ပါလျက်မွေးဖွားခဲ့ခြင်းကြောင့်ဖြစ်သည်။ 
သတိထားအသက်ရှင်ရုံမျှဖြင့် ကျွန်တော်တို့သည် သန့်ရှင်းသူဖြစ် မလာနိုင်ပါ။ ရွေးနှုတ်ကယ်တင်ခြင်းရရှိဖို့ရန်အတွက် ကျွန်တော်တို့သည် အပြစ်၏စုပုံအဖြစ်မွေးဖွားရခြင်း ဖြစ်ကြောင်းကို သိနားလည်ဖို့ရန်လို အပ် သည်။ ယေရှုခရစ်ပြင်ဆင်ပေးခဲ့သော ရွေးနှုတ်ကယ်တင် ခြင်းအားဖြင့်သာ ကယ်တင်ခြင်းရရှိနိုင်ကြောင်းကိုဝမ်းမြောက်ဝမ်းသာလက်ခံယုံကြည်သော အပြစ်သားများသာလျှင် ကယ်တင်ခြင်းရရှိလိမ့်မည်။ 
“ကျွန်တော်တို့သည် မှောက်မှောက်မှားမှား သိပ်မရှိပါဘူး”ဟု ထင်သောသူများသည် ကျွန်တော်တို့၏အပြစ်အလုံးစုံကို ယေရှုက သယ် ဆောင်သွားသည့်အကြောင်းကို မယုံကြည်သောကြောင့် ငရဲကိုသွားဖို့ ကံဇာတာပါသောသူများဖြစ်သည်။ လူတိုင်းသည် အပြစ်ပုံနှင့်အတူ မွေးဖွား သူများဖြစ်သောကြောင့် ထိုအပြစ်ပုံကြီးသည် အယောက်စီတိုင်း၏နှလုံး သား ထဲတွင် တည်လျက်ရှိုသည်ကို သဘောပေါက်နားလည်ရမည်။ 
အကယ်၍တယောက်ယောက်ကငါသည် အပြစ်အနည်းအကျဉ်း သာ ကျူးလွန်ခဲ့သည့်အတွက် ကယ်တင်ခြင်းရရှိနိုင်ပါသည်ဟု တွေးထင်ခဲ့ လျှင်ထိုသူသည်ကယ်တင်ခြင်းခံရမည်လော။ ဘယ်သောအခါမှ ဖြစ်လာ မည် မဟုတ်ပေ။ 
ထိုသူသည် အပြစ်၏စုပုံရာဖြစ်သည်ကို သိနားလည်သောကြောင့် ကယ်တင်ခြင်းရရှိနိုင်ပါသည်။ ယေရှုသည် ယောဒန်မြစ်၌ ဗတ္တိဇံခံခြင်း အားဖြင့် အပြစ်အလုံးစုံ သယ်ဆောင်သွားသည်၄င်း၊ သူသည် လက်ဝါး ကားတိုင်တွင်အသေခံရခြင်းသည်ကျွန်တော်တို့၏အပြစ်အတွက် အဖိုးအခ ပေးဆပ်ခြင်းဖြစ်ကြောင်းသူ၊သူမသည် အမှန်တကယ် ယုံကြည်သောသူ ဖြစ်သည်။ 
ကျွန်တော်တို့သည် ကယ်တင်ခြင်းခံရသည်ဖြစ်စေ၊ မခံရ သည်ဖြစ်စေ၊ မိမိ၏ရှုတ်ထွေးနေသော အယူအဆတခုတည်းတွင် ရပ်တည် လျက် အသက်ရှင်နေကြရသည်။ အပြစ်၏စုပုံရာဖြစ်ကြသည်။ ကျွန်တော် တို့၏အပြစ်အားလုံးကို ယေရှုသယ်ဆောင်သွားခဲ့ပြီဖြစ်ကြောင်း ယုံကြည် မှသာလျှင် ကယ်တင်ခြင်းရနိုင်သည်။ 
 
 
အပြစ်မရှိသောသူ၊ ဘုရားသခင်၏ရွေးနှုတ်ကယ်တင်ခြင်းမပြု
 
ဘုရားသခင်အား လှည့်ဖြားသောသူသည်
အဘယ်သူနည်း
နေ့စဉ်ကျူးလွန်ခဲ့သောအပြစ်များနှင့်အပြစ်
လွှတ်ဖို့ရန်အတွက် တောင်းလျှောက်သောသူ

ဘုရားသခင်သည် အပြစ်အနည်းငယ်ရှိသောသူကိုပင် ရွေးနှုတ် ခြင်းမပြုပါ။ “ဘုရားသခင်၊ ကျွန်တော့တွင် အပြစ်အနည်းအကျဉ်းသာရှိ သည်ဟု ဆိုတတ်သောသူကို ဘုရားသခင်သည် မျက်မှောက်မပြု။ ကျွန် တော်၊ကျွန်မသည်အပြစ်၏စုပုံရာဖြစ်သည်။ ငရဲသို့ လျှောက်လျက်နေပါ သည်။ ကျေးဇူးပြု၍ကယ်တော်မူပါ” ဟု တောင်းလျှောက်တတ်သောသူကို ဘုရားသခင်သည် သနားတတ်သည်။ ဘုရားသခင်ကယ်မှသာလျှင် ကယ် တင်ခြင်းရလိမ့်မည်။ ထပ်ခါထပ်ခါအပြစ်ကျူးလွန်လျက်နေပါ၏။ မိမိကြိုး စားမှုဖြင့် မရနိုင်ပါ။ ကိုယ်တော်ဘုရား ကယ်မှသာ ကယ်တင်ခြင်းရ လိမ့်မည်။ “ကျေးဇူးပြု၍ ကယ်တော်မူပါ”ဟူ၍ အပြစ်သားများသည် ဆု တောင်းရမည်။ 
ဘုရားသခင်သည် သူ့အပေါ်လုံးလုံးလျားလျား မှီခိုသောသူကို ကယ်တင်လေ့ရှိသည်။ ကျွန်တော်ကိုယ်တိုင် နောင်တနှင့်ဆုတောင်းလျက် ဆက်ကပ်အပ်နှံ၍ ဆုတောင်းခဲ့ဘူးပါသည်။ သို့သော် နောင်တရလျက်ဆု တောင်းခြင်းသည်ကျွန်တော်၏အပြစ်မှလွတ်မြောက်ခြင်းမရပါ။ ထို့ကြောင့် ဘုရားသခင်ရှေ့တွင် ဒူးထောက်လျက် “ဘုရားသခင်၊ အကျွန်ုပ်ကို သနား ပြီး အပြစ်အလုံးစုံမှကယ်တင်တော်မူပါ”ဟု ဆိုတောင်းခဲ့ပါသည်။ ထိုနည်း တူ တောင်းလျှောက်သောသူကို ဘုရားသခင်သည် ကယ်တင်လိမ့်မည်။ သူတို့သည် ဘုရားသခင်၏ရွေးနှုတ်ကယ်တင်ခြင်းနှင့် ဗတ္တိဇံယောဟန်ထံမှ ခံယူသော ယေရှု၏ဗတ္တိဇံကို လက်ခံယုံကြည်သောသူဖြစ်လာလိမ့်မည်။ သို့မှသာ ကယ်တင်ခြင်းရရှိလိမ့်မည်။ 
မိမိကိုယ်မိမိ ယုတ်မာသူ၏အသိုက်အမြုံ၊ အပြစ်စုပုံရာအဖြစ် နား လည်သဘော ပေါက်သောသူကိုသာလျှင်ဘုရားသခင် ကယ်နှုတ်လိမ့်မည်။ “သေးငယ်သောအပြစ်ကိုသာကျူးလွန်သဖြင့် ကျေးဇူးပြု၍ ထိုအပြစ်ကို လွှတ်တော်မူပါ”ဟု တောင်းလျှောက်သောသူများသည် အပြစ်သားများ ဖြစ်သဖြင့်ဘုရားသခင်သည် မကယ်တင်ဘဲထားလျက်ရှိသည်။ကိုယ့်ကိုယ် ကို အပြစ်စုပုံရာအဖြစ် ဝန်ခံသောသူများသာလျှင် ဘုရားသခင် ကယ်တင် လေ့ရှိသည်။ 
ဟေရှာယ-၅၉း၁-၂ တွင် “ကြည့်လော့။ ထာဝရဘုရားသည် မကယ်တင်နိုင်အောင်လက်တော်သည် တိုသည်မဟုတ်။ မကြားနိုင် လောက်အောင်နားတော်ထိုင်းသည် မဟုတ်။ သင်တို့ဒုစရိုက်သည် သင်တို့ ကို ဘုရားသခင်နှင့်ကွာစေပြီး ကြားတော်မူစေခြင်းငှာ မျက်နှာတော် ကိုလွှဲစေပြီ” ဟု ဖေါ်ပြထားသည်။ 
ကျွန်တော်တို့သည် အပြစ်စုပုံရာအဖြစ် မွေးဖွားလာသူများဖြစ် သဖြင့် ဘုရားသခင်သည် ကျွန်တော်တို့အား ကြင်နာစွာဖြင့် ကြည့်ရှုစောင့် ရှောက်လေ့မရှိ။ သူ၏လက်တော်သည် တို၍မဟုတ်ပါ။ ကျွန်တော်တို့၏ အပြစ်လွှတ်ဖို့ရန် တောင်းလျှောက်ကြခြင်းကို မကြားနိုင်အောင် နားတော် သည် ထိုင်၍လည်းမဟုတ်ပါ။
ဘုရားသခင်က “သင်တို့၏ဒုစရိုက်သည် သင်တို့ကို ငါနှင့်ကွာစေ ပြီ၊ ကြားတော်မမူစေခြင်းငှာ သင်တို့အပြစ်သည် သင်တို့ထံမှငါ၏မျက် နှာတော်ကို လွှဲစေပြီ။ သို့ဖြစ်၍ ငါသည်ကြားတော်မမူ”ဟု ကျွန်တော်တို့ကို မိန့်တော်မူ၏။ ကျွန်တော်တို့၏စိတ်နှလုံးထဲတွင် အပြစ်မြောက်မြားစွာရှိ သည်ဖြစ်၍ကောင်းကင်နိုင်ငံတော်ကို မဝင်စားနိုင်သော်ငြားလည်း ကောင်း ကင် တံခါးဝသည် ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပေးထားသည်။
ကျွန်တော်တို့သည် အပြစ်ကျူးလွန်သည့်အခါတိုင်း အကယ်၍သာ အပြစ်လွှတ်ဖို့ရန် တောင်းလျှောက်ခဲ့မည်ဆိုလျှင် သားတော်သည်လည်း ထပ်ခါတလဲလဲ အသတ်ခံရန် လိုအပ်လိမ့်မည်။ ဘုရားသခင်က “သင်တို့ အပြစ်နှင့်အတူနေ့စဉ်ရှေ့တော်မှောက်သို့မလာရောက်ကြနှင့်။ သင်တို့အ ပြစ်အားလုံးမှ ကယ်နှုတ်ဖို့ရန် သားတော်ကို စေလွှတ်ခဲ့ပြီးပြီ။ သားတော် သည် သင်တို့၏အပြစ်များကို မည်ကဲ့သို့သယ်ဆောင်သွားသည်ကို သင်တို့ အားလုံး သဘောပေါက်ထားရမည်။ ထိုအရာသည် သမ္မာတရားဖြစ် သည်ကို ယုံကြည်လက်ခံပါ။ ကယ်တင်ခြင်းရရှိဖို့ရန် ရေနှင့်သန့်ရှင်းသော ဝိညာဉ်တော်၏သတင်းကောင်းကို လက်ခံယုံကြည်ကြပါ။ ထိုအရာသည် ဖန်ဆင်းထားသောအရာများအပေါ် အကြီးမားဆုံး ငါ၏ချစ်ခြင်းမေတ္တာဖြစ် ကြောင်း မိန့်မှာခဲ့ပါသည်။ 
ဘုရားသခင်မိန့်တော်မူသည်မှာ သားတော်ကိုယုံကြည်၍ သင်တို့ ၏အပြစ်လွှတ်ခြင်းကို ယုံကြည်လက်ခံပါ။ သင်တို့၏အပြစ်အားလုံးနှင့် ဒုစရိုက်များအတွက်ပေးဆပ်ရန် သင်တို့၏ဘုရားသခင်သည် သားတော်ကို စေလွှတ်တော်မူပြီ။ သားတော်ကို ယုံကြည်သောသူသည် ကယ်တင်ခြင်းကို ရလိမ့်မည်။ 
ကိုယ့်ကိုယ်ကို အပြစ်စုပုံရာအဖြစ် မသိနားမလည်သောသူများ သည် သေးငယ်သောမိမိအပြစ်အတွက် အပြစ်လွှတ်ဖို့ရန်တောင်းလျှောက် တတ်ကြသည်။ သူတို့၏ကြီးလေးသောအပြစ်များကိုမသိဘဲ ဘုရားသခင် ရှေ့မှောက်တွင် တိုးဝင်ချဉ်းကပ်ကြသည်။ “ဤသေးငယ် လှသောအပြစ်ကို လွှတ်တော်မူပါ။ နောက်ထပ်ဘယ်တော့မှမလုပ်တော့ပါဘုရား” ဟု ဆု တောင်းတတ်ကြသည်။ 
ထိုသို့ဆုတောင်းချက်များဖြင့် ဘုရားသခင်ကို လှည့်ဖြားဖို့ရန် ကြိုး စားကြသည်။ ကျွန်တော်တို့သည် သေသည့်တိုင် အပြစ်ကျူးလွန်မည့်သူ များဖြစ်ကြသော်လည်းနောက် ဘယ်သောအခါမျှ အပြစ်မလုပ်တော့ပါဟု ဆုတောင်းတတ်ကြသည်။ ကျွန်တော်တို့သည် သေသည့်တိုင်အပြစ်၏ပ ညတ်တရားကို လိုက်လျှောက်လျက် အပြစ်ကျူးလွန်မှုရန့်တန့် စေနိုင်မည် မဟုတ်သဖြင့် အသက်ထွက်မည့်နောက်ဆုံးသောအချိန်အထိတိုင် အပြစ် လွှတ်ဖို့ရန် တောင်းလျှောက်ရလိမ့်မည်။ 
နေ့စဉ်နေ့တိုင်း မရေတွက်နိုင်သောအပြစ်များ ကျူးလွန်သောသူ များဖြစ်သဖြင့်သေးငယ်သောအပြစ်ကို လွှတ်ခြင်းအားဖြင့် ကျွန်တော်တို့၏ ပြဿနာကို ဖြေရှင်းပေးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အပြစ်မှလွတ်နိုင်ဖို့ ရန် တခုတည်းသောနည်းလမ်းမှာကျွန်တော်တို့၏အပြစ်အလုံးစုံကို ယေရှု လက်တော်သို့ လွှဲပြောင်းပေးရမည့် နည်းလမ်းသားရှိသည်။ 
 
လူသား၏ပင်ကိုယ်သဘာဝသည်
အဘယ်နည်း
အပြစ်၏အစုအပုံတခု

ကျမ်းစာတော်က သက်ရှိလူသားများ၏အပြစ်ကို တခုချင်း ရေ တွက်လျက်ရှိသည်။ “သင်တို့လက်သည် အသွေးနှင့်၄င်း၊ လက်ချောင်းတို့ သည် ဒုစရိုက်နှင့်၄င်း၊ ညစ်ညမ်းကြသည်။ သင်တို့သည် နှုတ်ခမ်းနှင့်လျှာ အားဖြင့် မုသာစကား၊အဓမ္မစကားကို ပြောတတ်ကြသည်။ တရားကို အဘယ်သူမျှမရှာ၊သစ္စာကို အဘယ်သူမျှမစောင့်၊အနတ္တကိုကိုးစား၍ မုသား စကားကို ပြောတတ်ကြသည်။ မကောင်းသောအကြံကို ပဋိသန္ဓေယူ၍ အဓမ္မအမှုကို ပြုကြ၏။ သူတို့သည်မြွေဆိုး၏ဥတို့ကိုဝပ်၍ ပေါက်စေကြ၏။ ပင့်ကူအမြှးကိုလည်းရက်ကြ၏။ သူတို့၏ ဥများကို စားသောသူသည် သေတတ်၏။ ၄င်းဥကိုခွဲလျှင် မြွေဆိုးပေါက်တတ်သည်။ သူတို့ရက် သော အမွေးဖြင့် အဝတ်ကိုမလုပ်ရ။ကိုယ့်အကျင့်နှင့်ကိုယ်ကိုခြုံကြရ၏။ သူတို့ပြု သောအမှုသည် အဓမ္မအမှုဖြစ်သည်။ သူတို့လက်၌ ကြမ်းတမ်းသော အမှုရှိသည်။ သူတို့ခြေသည် အဓမ္မကို အမှုပြုခြင်းငှာ လျင်မြန်၏။ သူတို့ အကြံသည် အဓမ္မအကြံဖြစ်၍ သူတို့သွားရာလမ်း၌ ပျက်စီးခြင်းနှင့် ဒုက္ခ ဆင်းရဲခြင်းရှိ၏။ ချမ်းသာလမ်းကိုမသိကြ၊ သူတို့ခရီးသွားရာတွင် တရား မပါ။မိမိတို့သွားစရာအဖို့ ကောက်ကွေ့သောလမ်းကိုပြင်ကြပြီ။ လိုက်သော သူမည်သည်ကား ချမ်းသာကိုမသိရ” (ဟေရှာယ ၅၉း၃-၈)။ 
လူသားများ၏လက်ချောင်းများသည် ညစ်ညမ်းပြီး အသက်တာ တလျှောက် မကောင်းသောအမှုများကိုသာ လုပ်ဆောင်တတ်သည်။ လုပ် ဆောင်သမျှသည်မကောင်းသောအမှုများဖြစ်သည်။ ကျွန်တော်တို့၏နှုတ်၊ လျှာ၊ပါးစပ်သည် မုသာစကားကိုသာပြောတတ်သည်။ နှုတ်မှထွက်သော အရာသည်လည်းမုသာ စကားသာလျှင်ဖြစ်သည်။ 
မာရ်နတ်သည် မုသာစကားကိုပြောသောအခါ မိမိပကတိအတိုင်း ပြော၏။ (ယော ၈း၄၄) ဒုတိယမွေးဖွားခြင်း မခံရသေးသောသူများသည် “အမှန်တရားကို ငါ ပြောပြနေတာ၊ တကယ်ပြောတာပါ။ ငါ ပြောနေတာ၊ အမှန်တရားပဲ”စသည်ဖြင့်အကြိမ်ကြိမ်ပြောတတ်ကြသည်။ သို့သော်လည်း ပြောသောစကားတိုင်းသည် မုသာများသာလျှင်ဖြစ်သည်။ ထို့ကြောင့် မာရ်နတ်သည်မုသာစကားကို ပြောသောအခါ “မိမိပကတိအတိုင်းပြော၏” ဟုဆိုခြင်း ဖြစ်သည်။ 
သူတို့သည် သူတို့၏ယုံကြည်ခြင်းကို အချည်းနှီးသောစကားနှင့် မုသာစကားတွင် ထားရှိကြသည်။ မကောင်းမှုကိုသာကြံစည်ကာ မတရား သောအမှုကိုသာဖြစ်စေသည်။ မြွေဆိုး၏ဥတို့ကိုသာ ပေါက်စေလျက် ပင့်ကူမြှေးကိုရက်ကြ၏။ သူတို့၏ဥများကို စားသောသူသည် သေတတ်၏။ အခွံကိုခွဲလျှင်မြွေဆိုးပေါက်တတ်၏။ သင်တို့၏စိတ်နှလုံးထဲတွင် မြွေဆိုး၏ ဥများရှိသည်ဟု ဘုရားသခင်မိန့်တော်မူသည်။ မြွေဆိုး၏ဥတည်းဟူသော မကောင်းမှုသည် သင်တို့၏စိတ်နှလုံးထဲတွင်ရှိသည်။ ထို့ကြောင့် ကျွန် တော်တို့သည် ရေနှင့်အသွေးတော်၏ သတင်းကောင်းကို ယုံကြည်ခြင်း အားဖြင့်သာ ကယ်တင်ခြင်းရနိုင်သည်။ 
ဘုရားသခင်၏အကြောင်း စတင်ဟောပြောသည့်အခါများတွင် “ကျေးဇူးပြုပြီး ဘုရားသခင်၏အကြောင်းမပြောပါနှင့်။ တခုခုလုပ်ဆောင်ဖို့ ကြိုးစားတိုင်း ကျွန်ုပ်ဆီကနေ အပြစ်များ စီးကျလာတယ်၊လျှံထွက်လာ တယ်။နေရာတကာမှာ အပြစ်များဖိတ်မကျဘဲနဲ့ လျှောက်လှမ်းလို့ မရဘူး။ ကျွန်ုပ်သည် အပြစ်များဖြင့် ပြည့်လျှံတယ်။ ကျွန်ုပ်မတတ်နိုင်တော့ဘူး။ ကျွန်ုပ်မျော်လင့်ချက်ကင်းမဲ့နေတယ်။ဒါကြောင့် သန့်ရှင်းမြင့်မြတ်တဲ့ဘုရား သခင်အကြောင်းကို ပြောမပြပါနဲ့တော့”ဟု တောင်းပန်သူများလည်း ရှိသည်။ 
အမှန်စင်စစ်သူ၊သူမသည် အပြစ်၏အစုအပုံတခုဖြစ်ကြောင်းသေ ချာနားလည် သဘောပေါက်သော်လည်း ဘုရားသခင်သည် သူ၏ချစ်ခြင်း မေတ္တာသတင်းကောင်းအားဖြင့် သူ၊ သူမကို လုံးဝကယ်တင်ကြောင်း နားမ လည်ကြပေ။ မိမိသည် အပြစ်၏အစုအပုံတခုဖြစ်ကြောင်း သိရှိနားလည် သောသူများသာလျှင် ကယ်တင်ခြင်းကို ရရှိနိုင်ပါသည်။ 
အမှန်စင်စစ် လူတိုင်းသည် ထိုနည်းတူပင်ဖြစ်သည်။ လူတိုင်း သွားလေရာရာ၌ အပြစ်များဆက်လက် ဖိတ်စင်လျက်ရှိသည်။ လူတို့သည် အပြစ်၏အစုအပုံ တခုဖြစ်သောကြောင့် အပြစ်များလျှံထွက်လျက်နေ သည်။ ထိုကဲ့သို့သောရပ်တည်ချက်မှ လွတ်မြောက်နိုင်ဖို့ ကျွန်တော် ကျွန်မ တို့အတွက် ဘုရားသခင်၏တန်ခိုးတော်သာလျှင် တခုတည်းသောနည်း လမ်းဖြစ်သည်။ ထိုသို့အပြစ်များပြည့်လျှံလျက်နေသောသူများသည် စိတ် အနှောင့်အယှက်ဖြစ်သောအခါဖြစ်စေ၊ ပျော်ရွှင်သောအခါဖြစ်စေ၊ ဘယ်အ ချိန်အခါမဆို၊ သခင်ယေရှုခရစ်တော်အားဖြင့် သာလျှင် ကယ်တင်ခြင်းရ ရှိနိုင်သည်။ ကျွန်တော်ကျွန်မတို့ကို ကယ်တင်ဖို့ရန် ယေရှုကြွလာပြီ။ 
သူသည် သင်တို၏အပြစ်အလုံးစုံကို လုံးဝဖုန်းကွယ်ထားပေးပြီးဖြစ်သည်။ သင်သည် အပြစ်၏အစုအပုံဖြစ်သည်ကို ဝန်ခံပါ။ ကယ်တင်ခြင်း ရရှိပါလိမ့် မည်။