တရားဟောချက်များ

ဘာသာရပ် ၂ - ပညတ်တရား

[2-1] ပညတ်တော်တရားအတိုင်း လိုက်လျှောက်လျှင် ကယ်တင်ခြင်းရနိုင်ပါသလား (ရှင်လုကာ ၁၀း၂၅-၃၀)

(ရှင်လုကာ ၁၀း၂၅-၃၀)
“ကျမ်းတတ်တစ်ယောက်သည်ထ၍ အရှင်ဘုရား၊ ထာဝရအသက် ကို အမွေခံရအံ့သောငှါ၊ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု ကိုယ်တော်ကို စုံစမ်းနှောက်ယှက်ခြင်းငှါ မေးလျောက်သော်၊ ကိုယ်တော်က ပညတ်တ္တိကျမ်း၌အဘယ်သို့လာသနည်း။သင်သည် အဘယ်သို့ဖတ်သ နည်းဟု မေးတော်မူလျှင်၊ ထိုသူက သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့၊ ကိုယ်နှင့်စပ်ဆိုင် သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ပြန်လျောက်လေ၏။ ကိုယ်တော် ကလည်း သင်၏စကားသည် မှန်ပေ၏။ ထိုသို့ ပြုလျှင် အသက်ကိုရမယ်ဟု မိန်‹တော်မူ၏။ ထိုသူကလည်း အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင် သော ဖြစ်ပါသနည်းဟုမိအပြစ်မရှိဟန်ပြုလိုသောစိတ်နှင့်‌ယေရှုကို လျှောက်ပြန် သော်၊ ယေရှုက လူတယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွား ရာတွင် ဓားပြနှင့်တွေ့ကြုံလေ၏။ ဓားပြတို့သည် ထိုသူ၏ အဝတ်ကိုချွတ် နာကျင်စွာရိုက်နှက်ပြီးမှသေလုမတတ်ရှိသောအခါပစ်ထား၍သွားကြ၏”
 
 
လူတို့၏အကြီးဆုံးသောအပြစ်သည် အဘယ်နည်း
လောကီရေးရာ၌ မွေ့လျော်ခြင်း

ရှင်လုကာ ၁၀း၂၈ တွင် “ထိုသို့ပြုလျှင်အသက်ကိုရမည်” ဟု မိန့် တော်မူ၏။ လူတို့သည် မှားယွင်းပြီးရှုတ်ထွေးပွေလီသောအမှုထဲ၌ အသက် ရှင်လျက်ရှိကြသည်။ တနည်းအားဖြင့် သူတို့သည်လည်း မလုံခြုံသောအ သက်တာတွင် အသက်ရှင်ကြသည်ကို သတိထားမိကြဟန်မတူပါ။ အသိ ဉာဏ်ရှိဟူသော်လည်း လွယ်လင့်တကူ လိမ်လည်လှည့်ဖြားခြင်းခံရသည့် အပြင်သူတို့၏မှားယွင်းသောအမြင်ကို သတိမမူဘဲ ဖြစ်မြဲအတိုင်းဖြစ် ကြသည်။ 
ကျွန်တော်တို့သည် ကိုယ့်ကိုယ်ကို သိနားလည်ခြင်းမရှိဘဲ မွေးဖွား လာခဲ့သော်လည်းကိုယ့်ကိုယ်ကို နားလည်သကဲ့သို့ အသက်ရှင်လျက် ရှိကြသည်။ လူတို့သည် ကိုယ့်ကိုယ်ကိုယ်မသိ နားမလည်သောကြောင့် ကျမ်းစာတော်ကကျွန်တော်တို့သည် အပြစ်သားများဖြစ်သောကြောင့်ထပ် ခါတလဲလဲပြောထားပါသည်။ 
လူတို့သည် သူတို့ကိုယ်တိုင်ပြုခဲ့သောအပြစ်၏အခြေအနေကို ပြောတတ်ကြသည်။ လူသည် ကောင်းသောအမှုကို မစွမ်းဆောင်နိုင် ကြောင်း သိကြဟန်ရှိသော်လည်း သူတို့ကိုသူတို့ အကျင့်စာရိတ္တကောင်း သောသူကဲ့သို့ အမွှန်းတင်တတ်ကြသည်။ သူတို့သည် နှုတ်အားဖြင့် ကျွန် တော်ကျွန်မတို့သည် အပြစ်သားပါဟု ပြောတတ်ကြသော်လည်း သူတို့ပြုခဲ့ သည့်ကောင်းသောအမှုကို ကြွားဝါတတ်ကြသည်။ 
သူတို့သည် ကိုယ်ကျင့်တရားကောင်းသောသူများလည်းမဟုတ်၊ ကိုယ်ကျင့်တရားကောင်းအောင် စွမ်းဆောင်နိုင်သော အစွမ်းသတ္တိလည်းမ ရှိကြပေ။ ထို့ကြောင့် သူတို့သည် သူတပါးကို လိမ်လည်လှည့်ဖြားသကဲ့သို့ တခါတရံ သူတို့ကို သူတို့ပင်လျှင် လိမ်လည်လှည့်ဖြားတတ်ကြသည်။ “ငါတို့ဟာ လုံးလုံးလျားလျား ဆိုးယုတ်သောသူတွေမဟုတ်ပါဘူး။ ငါတို့မှာ ကောင်းကွက်လေးတွေတချို့တလေရှိမှာပါ”ဟုမိမိကိုယ်မိမိလှည့်ဖြားတတ် ကြသည်။ 
သူတို့သည် သူတပါးကိုကြည့်ပြီး သူ့ကို “ဟိုလိုမလုပ်စေချင်ဘူး၊ သူမလုပ်ခဲ့ရင် ပိုကောင်းမည်။ သူဟာ ဒီလိုပြောဖို့မကောင်းပါဘူး။ အဲဒီလို စကားမျိုးပြောရ မည့်အစားသတင်းကောင်းတွေကို ဟောပြောလိုက်ရင် ပိုကောင်းဦးမည်။ သူက ငါ့ထက်အရင် ကယ်တင်ခြင်းရတယ်။ ရွေးနှုတ် ကယ်တင်ခြင်းရပြီးသားတယောက်လို လုပ်ဆောင်သွားမည်ထင်နေတာ။ ငါဆိုရင် ကယ်တင်ခြင်းရတာတောင် မကြာသေးဘူး။ ဒါပေမဲ့ သူ့ထက်အ များကြီသာတယ်”ဟုမိမိကိုယ်မိမိအမွှန်းတင်၍ပြောတတ်ကြသည်။ 
သူတို့သည် အချိန်မရွေး သူတို့ကို ဒဏ်ရာရစေနိုင်သည့်ဓားကို စိတ်နှလုံးထဲ၌ သွေးကြသည်။ “ခဏစောင့်ပါ။ ငါဟာ မင်းနှင့်မတူတာကို သိလာမည်။ ခုတော့မင်းက ငါ့ထက် ရှေ့တလှမ်းသာနေတယ်လို့ထင် တယ်။ စောင့်နေပါ။ ကျမ်းစာက နောက်ကျသောသူ ဦးစွာနေရာရမည် ဆိုထားတယ်မဟုတ်လား။ငါ့ကိုရည်ညွန်းတယ်ဆိုတာငါသိတယ်။စောင့်နေ ပါ။ မင်းကို ငါပြမည်”စသည်ဖြင့် လူတို့သည် မိမိကိုယ်မိမိ လှည့်ဖြား လေ့ရှိကြသည်။ 
ထိုသို့ သူ့ကိုကဲ့ရဲ့သည့်နည်းတူ ပြန်လည်တုန့်ပြန်ပြောဆိုခဲ့သော် လည်း အကယ်၍သာ အခြားသူ၏နေရာတွင် သူသာရှိနေမည်ဆိုလျှင် သူ့ကိုတရားစီရင်သည်ကို တွေ့ရပါသည်။ သူသည်တရားဟောဖို့ရန် ပလ္လင် ပေါ်ရပ်သည့်အခါဝတ်စားဆင်ယင်မှုကသူ၏အသိတရားကို လွှမ်းမိုးလာ သောကြောင့် မလုံမလဲဖြစ်ကာ အထစ်ထစ်အငေါငေါဖြစ်နေသည်ကို ရုတ်တရက်သိလာလိမ့်မည်။အကယ်၍သာလူတို့တွင် ကောင်းသောအကျင့် သီလနှင့်ပြည့်စုံဖို့ရန် အစွမ်း အစရှိပါသလားဟုမေးခဲ့လျှင် နှုတ်အားဖြင့် မရှိပါဟုဖြေကြားသော်လည်း သူတို့၏စိတ်ထဲတွင်မူ အစွမ်းအစရှိသည်ဟု အထင်အမြင်မှားအောက်တွင်ရပ်တည်နေဆဲဖြစ်သဖြင့်မိမိကိုယ်မိမိ အစွမ်း အစရှိသည်ဟုထင်ကြသည်။ သို့ဖြစ်ပါ၍ သူတို့သည် သေသည့် တိုင်အောင် အကျင့်သီလနှင့်ပြည့်စုံသောသူဖြစ်ဖို့ရန် ခက်ခက်ခဲခဲ ကြိုးစားကြလိမ့်မည်။ 
သို့သော် သခင်မပါဘဲလျက် ကျွန်တော်တို့သည် ကောင်းသောအကျင့်ကို ကျင့်နိုင်ပါသလား။ ကျွန်တော်တို့သည် အမှန်စင်စစ် ကောင်းသောအကျင့် သီလအားဖြင့်အသက်ရှင်နိုင်ပါသလား။ ကောင်းသောအကျင့်ကို ကျင့်နိုင်ဖို့ ရန် လူတို့၌အစွမ်းအစမရှိပါ။ ဘယ်အချိန်အခါ၌မဆို သူတို့ကိုယ်ပိုင်အစွမ်း အစအားဖြင့် ကြိုးစားမည်ဆိုလျှင် အပြစ်ကိုသာ ကျူးလွန်ကြလိမ့်မည်။ တ ချို့သောသူများသည် ယေရှုကို ဘေးဖယ်ထားကာ ကိုယ်ပိုင်အစွမ်းအစ အားဖြင့် အကျင့်သီလကို တည်ဆောက်ရန် ကြိုးစားကြသည်။ သို့သော် ဘာမှဖြစ်မလာသည့်အပြင် ကျွန်တော်တို့၏အထဲ၌ မကောင်းမှုများသာရှိ သဖြင့် မကောင်းသောအကျင့်သာလျှင် ကျင့်ကြပါသည်။ ကယ်တင်ခြင်းရ ရှိပြီးသူများပင်လျှင်အပြစ်ကိုသာ လုပ်ဆောင်နိုင်ပါသည်။ ယင်းသည် ကျွန် တော်တို့ကိုယ်တိုင်၏ ဖြစ်ရပ်မှန်တခုဖြစ်ပါသည်။ 
 
ကောင်းသောအမှုနှင့်မကောင်းသော အမှုတွင် မည်သည်အရာကိုကျွန်တော်တို့သည်အ စဉ်သဖြင့် လုပ်ဆောင်လေ့ရှိသနည်း
မကောင်းမှု

ချီးမွမ်းသီချင်းစာအုပ်ရှိ“ယေရှုနာမတော်ကိုချီးမွမ်းလော့” ဟူသော သီချင်းတွင် “ယေရှုမပါလျှင် ကျွန်တော်တို့သည် ခလုတ်သာတိုက်မည်။ ရွက်မပါဘဲပင်လယ်သမုဒ္ဒရာကို ဖြတ်သန်းသောသင်္ဘောကဲ့သို့ ကျွန်တော် တို့၏လုပ်ဆောင်ချက်များသည် တန်ဖိုးမရှိဖြစ်သည်ဟူ၍ ရေးစပ်ပါသည်။ ကျွန်တော်တို့သည် ဆိုးသွမ်းသောသက်ရှိသတ္တဝါများဖြစ်သောကြောင့် ယေရှုမပါလျှင်အပြစ်သာလျှင် လုပ်နိုင်ပါသည်။ ဖြောင့်မတ်သောအကျင့်ကို ကယ်တင်ခြင်းရရှိမှသာလျှင် ကျင့်နိုင်သောအစွမ်းအစရှိသည်။ 
ရှင်ပေါလုက “ငါသည် ကျင့်ချင်သောအကျင့်ကို မကျင့်၊ မကျင့်ချင် သောအကျင့်ဆိုးကို သာကျင့်၏” ဟုဖေါ်ပြထားသည်။ ရောမ ၇း၁၉ အရ လူတယောက်သည် သူနှင့်အတူ ယေရှုပါလျှင် အရေးမကြီးပေ။ သို့သော် သူ၊သူမနှင့်အတူ ယေရှုမပါရှိသည့်အခါများတွင် သူ၊သူမသည် ဘုရားသခင် ရှေ့တွင် ကောင်းသောအကျင့်ကိုကျင့်ဖို့ရန် ကြိုးစားလာပါတော့သည်။ သို့သော်လည်း ထိုသူသည် ကြိုးစားလေလေ မကောင်းသောအကျင့်ကို ကျင့်လေလေဖြစ်သည်။ 
ဒါဝိဒ်မင်းကြီးပ်လျှင် ထိုကဲ့သို့သောဖြစ်ရပ်ကို ရင်ဆိုင်ခဲ့ဖူးပါသည်။ သူ၏တိုင်းပြည်ငြိမ်းချမ်း၍ သာယာဝပြောလာသောအခါ တညတွင် နန်း တော်ခေါင်မိုးပေါ်ဝယ် စင်္ကြသွားစဉ် ကာမဂုဏ်ပျော်ရွှင်ခြင်းသို့ လဲကျစေဖို့ ရန် စုံစမ်းခြင်းရှုခင်းကို မြင်တွေ့ခဲ့လေသည်။ သူသည် ဘုရားသခင်ကို မေ့လျော့နေစဉ် သူသည် ဘာနှင့်တူပါသနည်း။ ဒုစရိုက်ကောင်ဖြစ်သွား ပါသည်။ ဗာသရှေဘကို ပြစ်မှားသည့်အပြင် သူမ၏ခင်ပွန်းဥရိယကိုလည်း သတ်ခဲ့သည်။ သို့သော် သူ့ကိုယ်သူ ဒုစရိုက်ကောင်အဖြစ်မမြင်ပေ။ မိမိ အပြစ်ကို ဝန်ခံမည့်အစား ဆင်ခြေပေးလိုက်သေးသည်။ 
တနေ့တွင် ထာဝရဘုရားသည် ပရောဖက်နာသန်ကို ဒါဝိဒ်မင်း ကြီးထံသို့စေလွှတ်တော်မူသဖြင့်နာသန်သည်ဝင်၍“မြို့တမြို့တွင်သူဌေးတ ဦးသည်အလွန်များပြားသောသိုးနွားများဖြင့် ကြွယ်ဝပြည့်စုံလျက်ရှိသည်။ ဆင်းရဲသားတဦးမူကား သိုးမတကောင်တည်းမှတပါး အခြားမည်သည့် ဥစ္စာမှမရှိပေ။ထိုသိုးမလေးသည်ပိုင်ရှင်နှင့်၄င်း၊ပိုင်ရှင်၏သမီးနှင့်၄င်း၊ အတူ နေအတူစားတတ်သည်။ ပိုင်ရှင်၏ရင်ခွင်၌အိပ်၍ ပိုင်ရှင်၏သားသမီးအ လားဖြစ်သွားသည်။ သူဌေးအိမ်သို့ ဧည့်သည်တယောက်ရောက်လာ၍ သူဌေးသည် ဧည့်သည်ကိုလုပ်ကျွေးဖို့ရန်အတွက် မိမိပိုင်သိုးနွားများကို နှမြောသောကြောင့်မယူ၊ ဆင်းရဲသား၏တကောင်တည်းသော သိုးကို ယူ၍ ဧည့်သည်ကို ကျွေးဖို့ချက်ပါသည်” ဟုလျှောက်လေသည်။ (၂ဓမ္မ ၁၂း၁-၄)
ထိုအခါ ဒါဝိတ်မင်းကြီးက “ထိုသူတွင် ဥစ္စာမြောက်မြားစွာရှိလျက် နှင့်ထိုဆင်းရဲသား၏တကောင်တည်းသောသိုးကို သူ့ဧည့်သည်အားတည် ခင်းရန်ယူသည့်အတွက်ထိုသူသည်သေသင့်သည်ဟု ဒေါသတကြီးမိန့်တော် မူသည်။ ထိုအခါ နာသန်က “ထိုသူသည်ကား ကိုယ် တော်ပင်ဖြစ်ပါသည်” ဟုပြောပြလေသည်။ အကယ်၍ကျွန်တော်တို့သည် ယေရှုနောက် တော်သို့ လိုက်၍သူနှင့်အတူ အသက်မရှင်လျှင် ဒုတိယအကြိမ်မွေးဖွားခြင်းခံရပြီးသူ များပင်လျှင် ထိုကဲ့သို့သောအမှုကို ပြုနိုင်သည်။ 
ယုံကြည်စိတ်ချရသောသူဖြစ်ဖြစ်၊ သစ္စာရှိသောသူဖြစ်ဖြစ်၊ လူအား လုံးသည် ထိုနည်းတူပင်ဖြစ်သည်။ သို့ဖြစ်၍ ကျွန်တော်တို့အတွင်းနှလုံးထဲ ၌ရှိသော အပြစ်ဒုစရိုက်များကို ပဓာဏမထားဘဲ ယေရှုသည် ကျွန်တော် တို့ကို ကယ်တင်တော်မူသောကြောင့် ကျေးဇူးတော်ချီးမွမ်းပါသည်။ “ကား တိုင်တော်၏အရိပ် အောက်၌ခိုနားလိုပါ၏။” ကျွန်တော်တို့၏စိတ်နှလုံး သည် ခရစ်တော်၏ကယ်တင်ခြင်းအရိပ်အောက်တွင် ခိုနားခွင့်ရရှိပါသည်။ သို့သော် ကိုယ့်ကိုယ်ကိုသာ ကြည့်ပြီး အရိပ်ကိုကျော့ခိုင်းခဲ့လျှင် ဘယ်သော အခါမှ ခိုနားနိုင်မည်မဟုတ်ပါ။ 
 
ဘုရားသခင်သည် ကျွန်တော်တို့အား ပညတ်တရားတော်ကိုမပေးမီ 
ဖြောင့်မတ်ခြင်းသို့ရောက် စေနိုင်သောယုံကြည်ခြင်းကို ပေးသည် 
ပညတ်တရားနှင့်ယုံကြည်ခြင်းတွင် ဘယ်အရာသည်အရင်လာမည်နည်း
ယုံကြည်ခြင်း

တမန်တော်ရှင်ပေါလုက “ဘုရားသခင်သည် အစကတည်းက ဖြောင့်မတ်ရာသို့ ရောက်စေမည့် ယုံကြည်ခြင်းကို ကျွန်တော်အား၏” ဟုဆိုခဲ့သည်။ ထိုယုံကြည်ခြင်းကို ဘုရားသခင်သည် အာဒံနှင့်ဧဝကို၄င်း၊ ကာဣနနှင့် အာဗေလကို၄င်း၊ရှေသနှင့် ဧနောက်၊ နောဧ၊ အာဗြဟံ၊ ဣဇက် တို့ကို၄င်း၊ နောက်ဆုံးတွင် ယာကုပ်နှင့်သူ၏သား ၁၂ ယောက်တို့ကို၄င်း၊ ပေးခဲသည်။ပညတ်တရားမရှိဘဲလျက် နှုတ်ကပတ်တော်ကို ယုံကြည်ခြင်း ဖြင့် ဘုရားသခင်၏ရှေ့တွင် ဖြောင့်မတ်သူများဖြစ်လာသည်။ ဘုရားသခင် ၏နှုတ်ကပတ်တော်ကိုယုံကြည်ခြင်းဖြင့် ကောင်းချီးများခံစားရသည်။ 
အချိန်ကြာလာသည်နှင့် ယောသပ်ကြောင့် ယာကုပ်၏သားစဉ် မြေးဆက်သည် နှစ်ပေါင်း ၄၀ဝတိုင်အောင် အီဂျစ်ပြည်၌ ကျွန်ခံခဲ့ကြ သည်။ နောက်တဖန်ဘုရားသခင်သည်မောရှေအားဖြင့်သူတို့ကို ခါနန်ပြည် သို့ ခေါ်ဆောင်သွားခဲ့သည်။ သို့သော်လည်း အနှစ်၄၀ဝ ကျွန်ခံနေရသည့် အချိန်တွင် သူတို့သည် ဖြောင့်မတ်ရာသို့ ရောက်စေနိုင်သော ယုံကြည်ခြင်း ကို မေ့လျော့ကြသည်။ 
သို့ဖြစ်၍ ဘုရားသခင်သည် သူ၏အံ့ဘွယ်နိမိတ်လက္ခဏာဖြင့် ပင် လယ်နီကိုဖြတ်သန်းပြီးသူတို့အားကန္တာရမှခေါ်ဆောင်သွားခဲ့သည်။ ထိုသို့ အပြစ်တည်းဟူသော ကန္တာရထဲရောက်သောအခါ သိနတောင်ပေါ်တွင် သူတို့အား ပညတ်တော်တရားကို ပေးလေသည်။ ပညတ်တော် ၁၀ ပါးပါ ဝင်သောပညတ်တော်တရားကိုပေးလေသည်။ထိုပညတ်တော်တွင် အသေး စိတ်အားဖြင့် ၆၁၃ ပိုဒ်ပါရှိသည်။ ဘုရားသခင်က “ငါသည် သင်တို့၏ ဘုရားသခင်၊ ထာဝရဘုရားဖြစ်တော်မူသောအာဗြဟံ၏ဘုရား၊ ဣဇက်၏ ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏။ သီနာတောင်ပေါ်သို့ သွားလော့၊ သင့်ကို ပညတ်တရားပေးမည်”ဟု မောရှေအား မိန့်တော်မူ၏။ ထို့နောက် ဘုရား သခင်သည် အစ္စရေးအမျိုးတို့အား ပညတ်တရားကို ပေးလေသည်။ 
ဘုရားသခင်သည် သူတို့အား ပညတ်တရားပေးမှသာလျှင် သူတို့ ၏ဒုစရိုက်အပြစ်ကို ထင်ရှားစေနိုင်လိမ့်မည်။ (ရောမ ၃း၂၀) ဤသို့ပြုခြင်း ဖြင့် ဘုရားသခင်သည် သူကြိုက်နှစ်သက်သောအရာ၊ မနှစ်သက်သောအ ရာများကို အသိပေးဖို့ရန်သူသည် ဖြောင့်တ်သောဘုရား၊ သန့်ရှင်းမြင့်မြတ် သောဘုရားဖြစ်ကြောင်းကို ဖွင့်ပြရန်ဖြစ်သည်။ 
အဲဂုတ္တုပြည်တွင် နှစ်ပေါင်း ၄၀ဝ တိုင်အောင် ကျွန်ခံခဲ့သော ဣသ ရေလလူမျိုး အားလုံးအား ပင်လယ်နီကို ဖြတ်ကူးစေသည်။ သူတို့သည် အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားနှင့်ထိတွေ့မှုမရှိပေ။ ဘုရားသခင်ကို မသိကြချေ။
နှစ်ပေါင်း ၄၀ဝ ကျွန်ဘဝဖြင့်နေကြစဉ် ဖြောင့်မတ်တော်မူသောဘု ရားကို မေ့လျော့ကြသည်။ ထိုအချိန်တွင် ခေါင်းဆောင်တဦးတယောက်မျှမ ရှိပါ။ ယာကုပ်နှင့်ယောသပ်သည် သူတို့၏ခေါင်းဆောင်များဖြစ်သော်လည်း ရှေးမဆွကပင်သေဆုံးကြပြီဖြစ်သည်။ ယောသပ်သည် သူ့သားများဖြစ်ကြ သော မနာရှေ၊ဧဖရိမ်တို့ကို ယုံကြည်ခြင်းလက်ဆင့်ကမ်းဖို့ရန် ပျက်ကွက်ခဲ့ ဟန်ရှိသည်။ 
ထို့ကြောင့်ဘုရားသခင်၏ဖြောင့်မတ်မှုကိုမေ့လျော့နေပြီဖြစ်သော ကြောင့် အသစ်တဖန်ရှာဖွေရန်နှင့် ထိတွေ့မှုရှိရန်လိုအပ်သည်။ သူတို့၏ ယုံကြည်ခြင်း မေ့မေ့လျော့လျော့ရှိသည့်နောက်ပိုင်း ဘုရားသခင်သည် ပထမဦးစွာသူတို့ကိုဖြောင့်မတ်ရာသို့ရောက်စေသောသက်ဝင်ယုံကြည်ခြင်း ကို သူတို့အားပေးပြီးနောက် ပညတ်တရားကို ပေးလေသည်။ သူ့ထံသို့ ပြန်လာကြစေလိုပါသဖြင့် ပညတ်တရားကို ပေးလေသည်။ 
ဣသရေလရေးလူမျိုးများကို ကယ်တင်ဖို့ရန်နှင့် သူ့လူမျိုးအဖြစ် ရွေးဖို့ရန်အတွက် အရေဖြားလှီးခြင်းမင်္ဂလာခံယူကြရန် မိန့်မှာခဲ့သည်။ 
သူတို့အား ခေါ်ယူခြင်း၏အဓိကရည်ရွယ်ချက်မှာ ပညတ်တရားကို ဆောက်တည်ခြင်းအားဖြင့် သူတို့အတူပါရှိကြောင်း သိစေရန်နှင့် သူ၏ ရှေ့မှောက်တွင် သူတို့သည် အပြစ်သားများဖြစ်ကြောင်းကို သိနားလည် စေဖို့ရန်ဖြစ်သည်။ သူပေးခဲ့သောယဇ်ပူဇော်ခြင်းစနစ်အားဖြင့် သူ့ထံ ပြန် လာကာ သူ၏လူမျိုးအဖြစ်ရွေးနှုတ်ကယ်တင်ဖို့ရန် ဘုရားသခင်အလိုတော် ရှိသည်။ ထို့ နောက် မိမိလူမျိုးအဖြစ် ရွေးနှုတ်တော်မူလေသည်။ 
ဣသရေလလူမျိုးများသည် ကြွလာမည့်မေရှိယကို ယုံကြည်၍ ယဇ်ပူဇော်ခြင်းပညတ်တရားအားဖြင့် ရွေးနှုတ်ကယ်တင်ခြင်းခံခဲ့ကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှယဇ်ပူဇော်ခြင်းစနစ်သည်လည်း တ ဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ကြသည်။ 
ရှင်ပေါလုက ၁၀း၂၅ တွင် ယေရှုကို စုံစမ်းနှောက်ယှက်သော ကျမ်းတတ်တယောက်အကြောင်းပါရှိသည်။ ကျမ်းတတ်ပုဂ္ဂိုလ်သည် ဖါရိရှဲ လူမျိုးဖြစ်သည်။ ဖါရိရှဲတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း အသက်ရှင်ဖို့ရန်ကြိုးစားလျက်ပြောင်းလဲမှုကိုမလိုလားသောအစွန်းရောက် ဝါဒီများဖြစ်သည်။ ပထမဆုံးတိုင်းပြည်ကို ကာကွယ်ရန် ကြိုးစားကြကာ ပညတ် တရားအတိုင်းအသက်ရှင်ဖို့ ကြိုးစားကြသည်။ ရောမအင်ပါယာမှ အစ္စရေးတို့ လွတ်လပ်ရေးရရှိရန်၊ သူတို့၏ရုံပါရုံကို အအောင်မြင်အကောင် အထည်ဖေါ်ဖို့ရန် ဆန္ဒပြင်းထန်ကာဂမူးရှူးထိုး လုပ်တတ်သော တယူသန် ဝါဒီသမားများဖြစ်ကြသည်။ 
 
ယေရှုသည် မည်သူတို့ကို
ဖြည့်ဆည်းပေးရန် အလိုရှိပါသနည်း
သိုးထိန်းမရှိသော အပြစ်သားများ

ယနေ့ပင်လျှင် ထိုကဲ့သို့သောဘာသာရေးကိုင်းရှိုင်းသူများမြောက် မြား စွာရှိကြသည်။ အဖိနှိပ်ခံလူတန်းစားများကို ကယ်တင်ပါဟူသော ကြွေးကြော်သံများနှင့်အတူ လူမှုရေးလှုပ်ရှားမှုများတွင် ဦးဆောင်လာကြ သည်။ သူတို့ကအဖိနှိပ်ခံလူများနှင့်ဆင်းရဲသားများကို ကယ်တင်ရန် ယေရှု ကြွလာခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့ဖြစ်၍ ကျမ်းစာကျောင်း များတက်ပြီးနောက်နိုင်ငံရေးတွင်ပါဝင်ကာ လူမှုအဖွဲ့အစည်းနယ်ပယ်အ သီးသီးတွင် အပယ်ခံလူတန်းစားများကို ကယ်တင်ဖို့ရန် ကြိုးစားအားထုတ် ကြသည်။ 
သူတို့သည် သန့်ရှင်းပြီး သနားကြင်နာတတ်သောပညတ်တရား အားဖြင့် အားလုံးအသက်ရှင်ကြရန် ပညတ်တရား၊ နှုတ်ကပတ်တော်နှင့် အညီပြုမူနေထိုင်ရန် အလေးအနက်ထား တိုက်တွန်းတတ်သောသူများဖြစ် သည်။ ဘုရား၏ဆုံးမဟောကြားတော်မူသောပညတ်တရားကို သိရှိလက်ခံ ခြင်းမရှိဘဲလျက် အခြားတဖက်တွင်မူ ပညတ်တရား၏စာသားအတိုင်း အ သက်ရှင်ရန် ကြိုးစားအားထုတ်ကြသည်။ 
ထို့ကြောင့် ခရစ်တော်မတိုင်မီ အနှစ် ၄၀ဝ အတွင်း အစ္စရေးလူမျိုး ထဲတွင် ဘုရား သခင်၏အစေခံများ၊ ပရောဖက်များမရှိဟု ဆိုနိုင်ပါသည်။ ဤအချက်ကြောင့် သိုးထိန်းမရှိသော သိုးများကဲ့သို့ ဖြစ်ကြသည်။ 
သူတို့တွင်ပညတ်တရားအတိုင်းသစ္စာရှိသောခေါင်းဆောင်ကောင်း မရှိချေ။ ထိုကာလတွင်ဘုရားသခင်သည် အယောင်ဆောင်ဘာသာရေး ခေါင်းဆောင်များအားဖြင့် ဖွင့်ပြခြင်းမရှိချေ။ တိုင်းပြည်သည်လည်း ရောမ အင်ပါယာလက်အောက်ခံကို လိုနီနိုင်ငံဖြစ်လာသည်။ ထို့ကြောင့် ယေရှုက သဲကန္တာရလွင်တီးခေါင်ပြင်ထိတိုင် နောက်တော်သို့လိုက်သောဣသရေလ လူမျိုးတို့အားဆာလောင်မွတ်သိပ်ခြင်းမရှိစေရဟု မိန့်တော်မူသည်။ ထိုကာ လတွင် ဆင်းရဲဒုက္ခခံနေရသူမြောက်မြားစွာရှိသဖြင့် သိုးထိန်းမရှိသောသိုး များအပေါ် သနားကြင်နာမှုရှိပါသည်။
ကျမ်းတတ်ပုဂ္ဂိုလ်များနှင့်ထိုကဲ့သို့သောအနေအထားတွင်ရှိသူများ သည် အနှစ်သာရအားဖြင့် အထူးအခွင့်အရေးရရှိသူများဖြစ်သည်။ ဖါရိရှဲ တို့သည်ဂျူးဘာသာဝင် ဆွေစဉ်မျိုးဆက်များဖြစ်သဖြင့် အလွန်ဘဝင်မြင့် ကြသည်။ 
ရှင်လုကာ ၁၀း၂၅ တွင် ကျမ်းတတ်ပုဂ္ဂိုလ်က ထာဝရအသက်ကို အမွေခံအံ့သောငှာ၊ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရမည်နည်းဟု ကိုယ် တော်ကို မေးလျှောက်သော်ကိုယ်တော်က ပညတ္တိကျမ်း၌ အဘယ်သို့လာ သနည်း။ သင်သည် အဘယ်သို့ဖတ်သနည်းဟု မေးတော်မူ လျှင် ထိုသူက သင်၏ဘုရားသခင်၊ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊အစွမ်းသတ္တိရှိ သမျှနှင့်ဉာဏ်ရှိသမျှချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟု ပြန်လျှောက်လေ၏။ 
ကိုယ်တော်ကလည်း သင်၏စကားသည် မှန်ပေ၏။ ထိုသို့ပြုလျှင် အသက်ကိုရမည် ဟုမိန့်တော်မူသည်။ 
ကောင်းသောအကျင့်ကို မကျင့်နိုင်သောအပြစ်၏ အတုံးအခဲကြီး ဖြစ်သည်ကို သဘောမပေါက်ဘဲလျက် ယေရှုကိုစိန်ခေါ်လိုက်သည်။ ထို့ ကြောင့် ယေရှုက ပညတ္တိကျမ်း၌ အဘယ်သို့လာသနည်း။ သင်သည် အ ဘယ်သို့ ဖတ်ရသနည်းဟု ပြန်၍ သူ့ကို မေးခွန်းထုတ်ခဲ့သည်။ 
 
ပညတ်တရားကိုအဘယ်သို့ဖတ်ရသနည်း
ကျွန်တော်တို့သည် ပညတ်တရားအတိုင်း မည်သည့် အခါမျှမလိုက်လျှောက်နိုင်သော
အပြစ်သားများဖြစ်သည်

သင်သည် အဘယ်သို့ဖတ်ရသနည်း။ ဤစာပိုဒ်အားဖြင့် ယေရှုက မိတ်ဆွေနှင့် ကျွန်တော်အပါအဝင် ဤပညတ်တရားကို မည်သို့နားလည်သ ဘောပေါက်သည်ကို မေးခြင်းဖြစ်ပါသည်။ 
ယနေ့မျက်မှောက်ခေတ်တွင် မြောက်မြားစွာသောလူများ လုပ် ဆောင်နေသည့်အတိုင်း ဤကျမ်းတတ်ပုဂ္ဂိုလ်ကလည်း ပညတ်တရားကို စောင့်ထိန်းဖို့ရန်ဘုရားသခင်သည် သူ့ကိုပေးခြင်းဖြစ်သည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် သူက“သင်၏ ဘုရားသခင်၊ ထာဝရဘုရားကို စိတ်နှလုံးအကြွင်း မဲ့၊အစွမ်းသတ္တိရှိသမျှနှင့်ဉာဏ်ရှိသမျှချစ်လော့၊ကိုယ်နှင့်စပ်ဆိုင် သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဟု လျှောက်ခဲ့သည်။ 
ပညတ်တရားတွင် အမှားမပါပါ။ ပြည့်စုံသောပညတ်တရားကို ပေးပါသည်။ သူက “ဘုရားသခင်၊ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ညာဏ်ရှိသမျှချစ်ရန်နှင့်ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ဖို့ရန် ဟောကြားခဲ့သည်။ 
ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊အစွမ်းသတ္တိရှိသမျှဖြင့် ချစ်ရ ခြင်းသည်မှန်ပါသော်လည်း ကျွန်တော်တို့ဘယ်သောအခါမျှ လိုက်လျှောက် ၍မရသည့် မွန်မြတ်သည့်ပညတ်တော်ဖြစ်ပါသည်။ 
သင်သည် အဘယ်သို့ဖတ်ရသနည်း။ ဤမေးခွန်း၏ဆိုလိုရင်းမှာ ဤပညတ်တရားသည် မှန်ပါသည်။ သို့သော် အဘယ်ကဲ့သို့ နားလည် သဘောပေါက်ခဲ့သည်ကို မေးလာခြင်းဖြစ်ပါသည်။ ကျမ်းတတ်ပုဂ္ဂိုလ်မှာ ဤပညတ်တရားအတိုင်း လိုက်လျှောက်ရန် သူ့အတွက် ဘုရားသခင်က ချပေးခြင်းဖြစ်သည်ဟုထင်ခဲ့သည်။ ကျွန်တော်၏မကောင်းမှုဒုစရိုက်များ ကို ခင်းကျင်းပြသပေးခြင်းဖြင့် မိမိအားနည်းချက်ချို့ယွင်းချက်များကို သ ဘောပေါက်နားလည်စေရန် ပညတ်တရားများကို ကျွန်တော်တို့အား ပေး ခြင်းဖြစ်သည်။ သင်သည် အပြစ်ကိုလုပ်ခဲ့သည်။ သူ့အသက်ကို မသတ်ရဟု ငါ ပညတ်သော်လည်းသူ့အသက်ကို သတ်၏။ အဘယ်ကြောင့် ငါ့စကား ကို နားမထောင်သနည်းဟူ၍ သတိပေးခြင်းဖြစ်သည်။ 
ပညတ်တရားတော်သည် လူတို့စိတ်နှလုံးထဲတွင်ရှိသောအပြစ် များကို ခင်းကျင်းပြသပေးထားသည်။ လျှောက်ခဲ့သည့်လမ်းတွင် မှည့်ဝင်း နေသောဖရဲသီးရှိသည်ဟု ဆိုပါစို့။ ဘုရားသခင်သည် “ဤဖရဲသီးကို မခူးနဲ နော်၊ ခူးမိရင်အရှက်ကွဲမည်၊ အဲဒီခြံရဲ့ပိုင်ရှင်ဟာဘယ်သူ ဘယ်ဝါဖြစ်တယ်၊ ဘယ်တော့မှမခူးရ”စသည်ဖြင့် ကျွန်တော့ကို ပညတ်တရားအားဖြင့် သတိ ပေးထားပါသည်။ 
“ဘယ်တော့မှမခူးရ” ဟူသောပညတ်တရားကို ကြားရသည့်တခ ဏမှာပင် ခူးချင်စိတ် တဖွားဖွားပေါ်လာသည်။ သံပတ်တခုကို ဖိထားလျှင် ပြန်ကန်တတ်လေသည်။ လူတို့၏အပြစ် သည် ထိုနည်းတူပင်ဖြစ်သည်။ 
ဘယ်သောအခါမျှ မကောင်းမှုကိုမလုပ်ရန် ဘုရားသခင်က ပညတ်ထားပါ သည်။ ဘုရားသခင်သည်သန့်ရှင်းမြင့်မြတ်ပြီး အစွမ်းသတ္တိနှင့်ပြည့်စုံသော သူဖြစ် သောကြောင့် ပြောနိုင်သည်။ တနည်းအားဖြင့် ကျွန်တော်တို့သည် အပြစ်မလုပ်ဘဲဘယ်တော့မှမနေနိုင်ကြပေ။ ဘယ်သောအခါမှ အကျင့်သီ လလုံးဝကောင်းသောသူမဖြစ်နိုင်ပါ။ကျွန်တော်တို့၏စိတ်နှလုံးထဲတွင်ဘယ် သောအခါမှ ကုသိုလ်မရှိပါ။ ပညတ်တရားသည် စကားလုံးနှင့်အတူ စည်း ကမ်းသတ်မှတ်ချက်ထားပေးသည်။ အဘယ်ကြောင့်နည်း။ လူတို့၏စိတ်နှ လုံးထဲတွင် သူ့မယားကို ပြစ်မှားလိုစိတ်ရှိခြင်းကြောင့် သူ့မယားကို ပြစ်မှား ရခြင်းဖြစ်သည်။ 
ကျွန်တော်သည် ကျမ်းစာကို ဖတ်သောအခါပထမဦးဆုံးနှုတ်က ပတ်တော်စာသား များကို ခွဲခြမ်းစိတ်ဖြာ၍ လေ့လာခဲ့သည်။ ယေရှုသည် ကျွန်တော့်အတွက် လက်ဝါးကားတိုင်တော်၌အသတ်ခံရသည်ကို ဖတ်ရ သည့်အခါမျက်ရည်များစီးကျလာပါသည်။ ထိုသို့အပြစ် ဒုစရိုက်များသော သူသည် ကျွန်တော်၊ကျွန်မတို့ကြောင့် ကားတိုင်ပေါ်တင်လျက် အသတ်ခံ သည်ကို စဉ်းစာလေတိုင်း ကျွန်တော်၏စိတ်နှလုံးသည် နာကျင်လျက် သူ့ကို အလွန်တရာယုံကြည်လာခဲ့ပါသည်။ ထို့နောက် “ယုံကြည်နေတော့မှ နှုတ်ကပတ်တော်အတိုင်း လိုက်နာယုံကြည်မည်” ဟု ဆုံးဖြတ်လိုက်သည်။ 
ထွက်မြောက်ရာကျမ်း၂၀ကို ဖတ်လိုက်သည့်အခါ “ငါမှတပါးမခြားသော ဘုရားကိုမကိုးကွယ်ရ” ဟုဆိုထားသည်။ ဤပညတ်တော်အရ နောင်တ တရားနှင့်အတူ ဆုတောင်းခဲ့ပါသည်။ ကျွန်တော်သည် အခြားသောဘုရား ကို ကိုးကွယ်ခြင်းမရှိ။ သူ၏နာမတော်ကို မုသာနှင့် ဆိုင်၍ မြွက်ဆိုခြင်းမရှိ။ သို့မဟုတ် အခြားသောဘုရားများရှေ့တွင် ဦးချခြင်းရှိမရှိ သတိပြန်ခေါ်ရန် ကျွန်တော်၏မှတ်ဉာဏ်ကို ပြန်လည်ဆန်းစစ်ခဲ့ပါသည်။ ဘိုးဘွားတို့ရိုသေ လေးစားသော ပွဲသဘင်များတွင် အခြားဘုရားများကို ကြိမ်ဖန်များစွာ ဦးချ ခဲ့ဘူးကြောင်းသိနားလည်ရပါသည်။ ကျွန်တော်သည် အခြားသောဘုရား များကို ကိုးကွယ်ခြင်းအပြစ်များကို ကျူးလွန်ခဲ့ပါသည်။ 
ထို့ကြောင့် နောင်တကြီးစွာဖြင့် ကျွန်တော်သည် “ဘုရားသခင်၊ ရုပ်တုများကိုကိုးကွယ်ခဲ့ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းအတွက် တရားစီ ရင်ခြင်းခံရမည်။ကျေးဇူးပြု၍ကျွန်ုပ်၏အပြစ်များကိုလွှတ်တော်မူပါ၊နောက် ထပ်ဘယ်တော့မှ ထိုကဲ့သို့အပြစ်မလုပ်တော့ပါဘူး” ဟုဆုတောင်းပါသည်။ အပြစ်တခုလျော့သွားသည်ဟုထင်မှတ်သည်။ 
နောက်တဖန် သူ၏နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုခြင်းမရှိ ပြန်လည်ဆန်းစစ် ပြန်သည်။ ဘုရားသခင်ကို ယုံကြည်ခါစတွင် ကျွန်တော် ဆေးလိပ်သောက်ခဲ့သည်ကို သတိရလာသည်။ ထိုစဉ်တွင် သူငယ်ချင်းတ ယောက်က“ဆေးလိပ်သောက်တာဘုရားသခင်ကို အရှက်မရစေဘူးလား။ ခရစ်ယာန်တယောက်အနေနဲ့ဘာဖြစ်လို့ ဆေးလိပ်သောက်ရသလဲ” ဟုအ ပြစ်တင်ခဲ့သည်။ 
ထိုအဖြစ်အပြတ်သည် နာမတော်ကိုအချည်းနှီးခေါ်ခဲ့ခြင်းနှင့် ထူးမ ခြားနားဖြစ်နေပါသလား။ ထို့ကြောင့် နောက်တခါ ဘုရားသခင်၏နာမ တော်ကို အချည်းနှီးခေါ်မိပါ၏။ ကျေးဇူးပြု၍အပြစ်ကို လွှတ်တော်မူပါ။ ကျွန်တော်ဆေးလိပ်ဖြတ်ပါမည်ဟု ဆုတောင်းရပြန်ပါသည်။ ဤသို့ဖြင့် ဆေးလိပ်ဖြတ်ရန်ကြိုးစားပါသော်လည်းတစ်နှစ်တိတိ ဖြတ်လိုက်သောက် လိုက်ဖြစ်ခဲ့ရပါသည်။ဆေးလိပ်ဖြတ်မရလုလုနီးနီးဖြစ်ခဲ့ရပါသည်။ သို့သော် နောက်ဆုံးတွင် လုံးဝဆေးလိပ်ဖြတ်လိုက်ရပါသည်။ နောက်ထပ်အပြစ်တ ခုရှင်းသွားပြီဟု ခံစားခဲ့ပါသည်။ 
နောက်တခုမှာ ဥပုဒ်နေ့ကို သန့်ရှင်းစေရမည်ဟူ၍ ဖြစ်သည်။ ဆိုလိုသည်မှာ တနင်္ဂနွေနေ့တွင်အလုပ်လုပ်ခြင်း၊ ဝင်ငွေရှာဖွေခြင်းမပြု ရန်ဖြစ်သည်။ ထို့ကြောင့် အားလုံးကို ရပ်လိုက်သည်။ 
နောက်တစ်ချက်မှာ“မိမိကိုရိုသေသလော့” ဟူသောပညတ်ချက်ရှိ သေးသည်။ ကျွန်တော်နှင့်ဝေးလျှင်ရိုသေနိုင်ပါသော်လည်း အနီးအနားတွင် ရှိသည့်အခါ စိတ်ထိခိုက်စရာ အကြောင်းရင်းလေးများရှိခဲ့ပါသည်။ “အို ဘုရားသခင်၊ ကိုယ်တော်၏ရှေ့မှောက်တွင် အပြစ်လုပ်ခဲ့ပါ၏၊ ကျေးဇူးပြု ၍ အပြစ်လွှတ်တော်မူပါ” ဟု နောင်တရလျက် ဆုတောင်းခဲ့သည်။ 
သို့သော် များမကြာမီ ကျွန်တော်၏မိဘနှစ်ပါးစလုံးဆုံးသွားကြ သဖြင့် နောက်တခါရိုသေခြင်းမပြုနိုင်တော့ချေ။ မည်သို့လုပ်မည်နည်း။ “ဘုရားသခင်၊ တန်ဖိုးမရှိသည့်ဤအပြစ်သားကို ကျေးဇူးပြု၍ အပြစ်လွှတ် တော်မူပါ။ ကျွန်ုပ်အတွက်ကားတိုင်ပေါ်တွင် အသေခံခဲ့ပါ၏၊ ကိုယ်တော်ကို ကျေးဇူးတင်ပါ၏”ဟု ဆုတောင်းခဲ့ပါသည်။ 
ဤနည်းအားဖြင့် ကျွန်တော်၏အပြစ်များကို တခုပြီးတခု ချေဖျက် ခဲ့ပြီဟု ထင်ခဲ့ပါသည်။ သို့သော် လူ့အသက်မသတ်ရ၊ သူ့မယားကို မပြစ်မှားရ၊ သူ့ဥစ္စာကို တပ်မက်ခြင်းမပြုရစသည်ဖြင့် အခြားသောပညတ် တရားလည်း ရှိပါသေးသည်။ ပညတ်တရားတခုပင်လျှင် သေသည့်တိုင် စောင့်ထိန်းနိုင်မည်မဟုတ်ကြောင်း သိရှိနားလည်လာရပါသည်။ ညတိုင်း ညလုံးပေါက် ဆုတောင်းခဲ့ပါသည်။ သို့သော် မိတ်ဆွေ၊ နောင်တရခြင်းဖြင့် ဆုတောင်းခြင်းသည် အမှန်စင်စစ် ပျော်ရွှင်ခြင်းမပေးနိုင်ကြောင်း သဘော ပေါက်နားလည်ပါ။ ထိုအကြောင်းကို ဆက်လက် ဆွေးနွေးကြပါစို့။
ယေရှုကားတိုင်တွင် ခံရသည့်အကြောင်းရင်း စဉ်းစားသည့်အခါ တိုင်း အဘယ်မျှလောက်နာကျည်မှုခံစားရမည်ကို စာနာထောက်ထားလာ ရပါသည်။ သူ၏နှုတ်ကပတ်တရားတော်နှင့်အညီ အသက်မရှင်နိုင်သော ကျွန်တော်တို့အတွက် သေခဲ့ရသည်။ သူသည် ကျွန်တော့်ကို အဘယ်မျှ လောက်ချစ်ကြောင်းနှင့် စစ်မှန်သောပျော်ရွှင်မှုကိုပေးခဲ့သည့်အတွက် တ ညလုံး ကျေးဇူးတော်ကို ချီးမွမ်းခဲ့ပါသည်။ 
ကျွန်တော်သည် ဘုရားကျောင်းတက်ရသည့်ပထမနှစ်များတွင် များသောအားဖြင့် သက်သက်သာသာရှိခဲ့သော်လည်း နောက်နှစ်များတွင် ခါတိုင်းလို မကြခဏမျက်ရည်ကျရန်ပို၍ ခက်ခဲလာသောကြောင့် နောင်တ ရလျက်ဆုတောင်း ရန် ပို၍ခက်ခဲလာသည်ဟု ထင်ရပါသည်။ 
မျက်ရည်မကျနိုင်သည့်တိုင် မကြာခဏ တောင်ပေါ်ကိုသွားပြီး သုံး ရက် တိုင်အစာရှောင်ပြီး ဆုတောင်းခဲ့ပါသည်။ ထိုခဏချင်းတွင် မျက်ရည် များပြန်ကျလာသည်။ ဤသို့စိုစွတ်နေသောမျက်ရည်စများနှင့် အပေါင်းအ သင်းဆီပြန်လာကာ ဘုရားကျောင်းတွင် အော်၍ငိုခဲ့ရပါသည်။ 
အသင်းသူအသင်းသားများသည် ကျွန်တော့ကို ပတ်လည်ဝိုင်း ကြကာ “တောင်ပေါ်တက်ပြီး ဆုတောင်းခဲ့လို့မင်းက ပိုပြီးသန့်ရှင်းသော သူဖြစ်လာတယ်”ဟုပြောကြသည်။ သို့သော် ဖြစ်မြဲအတိုင်း ကျွန်တော်၏ မျက်ရည်များခမ်းခြောက်ပြန်သည်။ တတိယနှစ်တွင် တကယ့်အခက်အခဲ ဖြစ်လာသည့်သူငယ်ချင်းများနှင့် ခရစ်ယာန်ဓမ္မမိတ်ဆွေများအပေါ် လွဲမှား သောအမြင်ကြောင့် နောက်တဖန်ငိုကြွေးခဲ့ရပြန်သည်။ စတုတ္ထနှစ်ကုန်ဆုံး သွားသည့်အခါကျွန်တော်၏မျက်ရည်များခမ်းခြောက်ပြန်သည်။ ကျွန်တော် ၏မျက်စိထဲတွင် မျက်ရည်ကျိတ်များရှိသောကြောင့် ယခင်ကကဲ့သို့ အလုပ် မလုပ်နိုင်တော့ပေ။ 
ပဉ္စမနှစ်ကုန်ဆုံးသည့်အထိ ဘယ်လောက်ပင် ကြိုးစားကြိုးစား၊ မျက်ရည်မကျနိုင်တော့ချေ။ ထိုအချိန်မှစ၍ စတင်ထိုးဆင်းစပြုလာသည်။ ဤသို့ နှစ်ကြာလာသောအခါ ကိုယ့်ကိုယ်ကို ရွံမုန်းလာသည်။ ထို့နောက် ဘုရားသခင်သည်ကျွန်တော့အားသမ္မာကျမ်းစာဖက်ပြန်လှည့်စေခဲ့ပါသည်။ 
 
 
ပညတ်တရားသည် အပြစ်ကို ထင်ရှားစေဘို့ရန်ဖြစ်သည်
 
ပညတ်တရားအကြောင်းကို
မည်သို့နားလည်ရနည်း။
ကျွန်တော်တို့သည် ဘယ်အခါမျှ ထိုတရားကို
စောင့်ထိန်းလိုက်နာနိုင်မည်မဟုတ်ပါ

ရောမ ၃း၂၀ ကို ဖတ်ရသည်အခါ “ပညတ်တရားသည် အပြစ်ကို ထင်ရှားစေဘို့ရန်ဖြစ်သည်”ဟု ဆိုထားပါသည်။ အစပထမတွင် ဤအ ပိုဒ်သည် တမန်တော်ရှင်ပေါလုကတဦးတယောက်အတွက် သိီးသန့်သွန် သင်ဆုံးမသောစကားဖြစ်သည်ဟုသုံးသပ်ကာဤနှုတ်ကပတ်တော်ကို ကြိုး စား၍ယုံကြည်ရန် ပို၍နှစ်သက်သည်။ သို့သော် ကျွန်တော်၏မျက်ရည် များ ခမ်းခြောက်ပြီးနောက်ပိုင်း ဘာသာရေးယုံကြည်ခြင်းအသက်တာကိုရှေ့ ဆက် လှမ်း၍ မရနိုင် အောင်ဖြစ်နေသည်။ 
ထို့ကြောင့် အပြစ်များကို ထပ်ခါတလဲလဲလုပ်ခဲ့သည်ဖြစ်၍ စိတ်ထဲ တွင် ဤပညတ်တရားအတိုင်း လိုက်လျှောက်အသက်ရှင်ရန် လုံးဝမဖြစ် နိုင်ပါ။ စိတ်ထဲတွင်အမြဲအပြစ်ရှိ၍နေသည်ကို တွေ့ရှိရပါသည်။ ခံနိုင်ရည်မ ရှိပါ။ သို့သော် ဤပညတ်တော်ကိုနာခံရမည့်၊ လိုက်နာရမည့်ပညတ်တော် ဖြစ်သည်ဟူ၍စိတ်ထဲတွင်စွဲလမ်းထားသဖြင့်ပညတ်တရားတော်ကိုပစ်ပယ် မသွားနိုင်ပါ။ နောက်ဆုံးတွင်သမ္မာကျမ်းစာတွင်ပါရှိသည့် ကျမ်းတတ် ပုဂ္ဂိုလ်တဦးကဲ့သို့ ဖြစ်လာသည်။ ယုံကြည်ခြင်းအသက်တာအားဖြင့် ဆက် လက်အသက်ရှင်နိုင်ရန် ကျွန်တော်အတွက် အလွန်ပင် ခက်ခဲ့လာသည်။ 
ပညတ်တရားကို ဖတ်လေတိုင်း ကျွန်ုပ်အပြစ်သည်များလေလေ ဖြစ်သည်။ ပညတ်တော်ဆယ်ပါးတွင် တပါးပါးကို စိတ်ထဲမှကျူးလွန်နေသ ရွေ့အပြစ်ဖြစ်သည်ကို စတင်သဘောပေါက်နားလည်လာသည်။ စိတ်ထဲ တွင်ပြစ်မှားခြင်းသည်လည်းအပြစ်လွန်ကျူးခြင်းပင်ဖြစ်ပါသည်။ထို့ကြောင့် ကျွန်တော်သည် မရည်ရွယ်ဘဲပညတ်တရားကိုမှီခိုသော ယုံကြည်သူ တ ယောက်ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါသည်။ 
ပညတ်တရားကို စောင့်ထိန်းနိုင်သောအခါ ကျွန်တော်ပျော်သည်။ သို့သော် ပညတ်တရားကို မစောင့်ထိန်းနိုင်သောအခါ စိတ်ဆင်းရဲကာ နေ မထိထိုင်မသာဖြစ်သည့်အပြင်ဝမ်းနည်းကြေကွဲခဲ့ရပါသည်။ နောက်ဆုံး တွင် အားလုံးနှင့်ကင်းကွာလာပါသည်။ စစ်မှန်သောပညတ်တရားသည် လွန်ဆန်၍မရပါ။ ပညတ်တရား၏နောက်ထပ် အဓိပ္ပါယ်တမျိုးဖြစ်ပါသည်။ ထိုပညတ်တရားက မိတ်ဆွေသည်အပြစ်၏အစိုင်အခဲကြီးဖြစ်သည်ကို ထင် ရှားစေပါသည်။ ငွေကိုတပ်မက်ခြင်း၊ ကာမဆန္ဒနှိုးဆွပေးခြင်း၊ ထိုအလှအပ များတွင် စက္ခုအာရုံခံစားမှုစသည့်မိတ်ဆွေ၏စိတ်ထဲတွင် အပြစ်၏အစိုင် အခဲကြီးများရှိသည်။ ဘုရားသခင်ထက် သင့်၌ရှိသောအရာကိုပို၍ မြတ်နိုး တတ်သည်။လောကီစည်းစိမ်ဥစ္စာ၏နောက်ကို လိုက်ပါသွားတတ်ကြပါ သည်။ ပညတ်တရားတော်များသည် စောင့်ထိန်းဖို့ရန် ပေးခြင်းမဟုတ်ဘဲ မိတ်ဆွေ၏စိတ်နှလုံးထဲ၌မကောင်းမှုများဖြင့်ပြည့်လျှံနေသောအပြစ်သားတယောက်ဖြစ်ကြောင်း မိမိကိုယ်မိမိသိနားလည်စေဖို့ရန် ပေးခြင်းဖြစ်ပါ သည်။ 
အကယ်၍ တဦးတယောက်ကသာ သမ္မာတရားကို ပြောပြခဲ့မည် ဆိုလျှင် အနှစ် ၁၀ တိုင်အောင် ဆုံးရှုံးရလိမ့်မည်မဟုတ်ပေ။ ဤသို့အားဖြင့် သဘောမပေါက်မချင်း၁၀နှစ်တိုင်တိုင် ပညတ်တရားအောက်တွင် အသက် ရှင်ခဲ့ရပါသည်။ 
စတုတ္ထမြောက်ပညတ်တော်သည် “ဥပုဒ်နေ့ကို သန့်ရှင်းစေခြင်းငှာ ထိုနေ့ရက်ကို အောက်မေ့လော့”ဟူ၍ဖြစ်ပါသည်။ ထိုနေ့တွင် အလုပ်မလုပ် ဖို့ရန် ဆိုလိုခြင်းဖြစ်သည်။ သူတို့ က တနင်္ဂနွေနေ့တွင် ခရီးဝေးသွားခဲ့လျှင် တခုခုစီး၍မသွားရ၊ ခြေလျင်ခရီးဆိုလျှင် ကောင်းပါသည်ဟု သွန်သင်ခဲ့ကြ ပါသည်။ ထို့ကြောင့် တရားဒေသနာဟောမည့်နေရာကို သွားရသည့်အခါ လမ်းလျှောက်သွားလျှင် ဂုဏ်သိက္ခာရှိသည်ဟု ထင်မြင်ယူဆရပါသည်။ ဟောပြောသည့်အတိုင်း ကျင့်ရမည်ဟု ခံစားရပါသည်။ ဤသို့သော လွဲမှား သည့်အမြင်အား လက်လျှော့ဖို့ရန် အလွန်ခက်ပါသည်။ 
“သင်သည် မည်သို့ဖတ်သနည်း” ဟု မှတ်တမ်းတင်ထားသောဤ မေးခွန်း၏အနှစ်သာရကို နားလည်ခဲ့သဖြင့် ၁၀ နှစ်တိုင် ဝေဒနာခံစားခဲ့ရပါ သည်။ ကျမ်းတတ်ပုဂ္ဂိုလ်သည် လုံးဝအဓိပ္ပါယ်လွဲသွားပါသည်။ ပညတ် တော်ကိုနာခံ၍ ထိုပညတ်တရားတော်အတိုင်း အသက်ရှင်နေလျက် ဘုရား သခင်ရှေ့တွင် မျက်နှာရလိမ့်ဟု ယုံကြည်သည်။ 
သို့သော် ယေရှုက “သင် မည်သို့ဖတ်သနည်း” ဟု မေးသောအခါ သူက ပညတ်တရားနှင့်ညီညွတ်သည်ဟု သူ၏စိတ်မှယုံကြည်ခြင်းအရ ဖြေကြားလေသည်။ ထိုအခါ ယေရှုက “သင်၏စကားသည် မှန်ပေ၏၊ ပညတ်တရားတွင် ပါရှိသည့်အတိုင်းဖြစ်ပါသည်။ ကြိုးစား၍ စောင့်ထိန်းပါ၊ စောင့်ထိန်းလျှင် သင်သည် အသက်ကိုရမည်ဖြစ်သော်လည်း မစောင့်ထိန်း ဘူးဆိုခဲ့လျှင် သေရလိမ့်မည်။ အပြစ်၏အဖိုးအခသည် သေခြင်းဖြစ် သည်ဟု မိန့်တော်မူသည်။ (အသက်ရှင်ခြင်း၏ဆန့်ကျင်သည် သေခြင်းမ ဟုတ်ပါလော။)
သို့တိုင်အောင် ကျမ်းတတ်ပုဂ္ဂိုလ်သည် နားမလည်သေးပေ။ မိတ် ဆွေနှင့် ကျွန်တော်အပါအဝင် လူတိုင်းသည် ကျမ်းတတ်ပုဂ္ဂိုလ်နှင့်အတူ တူပင်ဖြစ်သည်။၁၀နှစ်တိုင်အောင် ဓမ္မပညာ (သီသြလော်ဂျီ)ကို ကျွန်တော် သင်ကြားခဲ့ရသည်။ အစာရှောင်ဆုတောင်းခြင်းသည် အခြားသောဘာသာ စကားဖြင့် စကားပြောခြင်းစသည်ဖြင့် အရာရာကို ကြိုးစားခဲ့သည်။ စာအုပ် အမျိုးမျိုးဖတ်ခဲ့သည်။ အမျိုးမျိုးလုပ်ဆောင်ခဲ့သည်။ ၁၀ တိုင်တိုင် ကျမ်းစာ ဖတ်၍ တစုံတရာ အထမြောက်ရန် မျော်လင့်ချက်ထားခဲ့သည်။ သို့သော် ဝိညာဉ်ရေးတွင် ကျွန်တော်သည် မျက်ကန်းတယောက်သာဖြစ်ပါသည်။ 
ဤအချက်သည် လူတယောက်မျက်စိပွင့်လာနိုင်ဖို့ရန် သူ၊သူမ၏ မျက်စိကို ပွင့်စေနိုင်မည့် တစုံတယောက်သောသူနှင့်ဆုံတွေ့ဖို့လိုသည်ကို မီးမောင်းထိုးပြခြင်းဖြစ်သည်။ ထိုတယောက်သောသူသည် ယေရှုပင်ဖြစ် သည်။ သို့မှသာလျှင်ကျွန်တော်တို့သည် မည်သည့်အခါမျှပညတ်တရား တိုင်းလိုက်မလျှောက်နိုင်ကြောင်း သိနားလည်မည်ဖြစ်သည်။ ပညတ်တ ရားကို စောင့်ထိန်းဖို့ရန် မည်မျှကြိုးစားရသည်မှာ အရေးမကြီးသော်လည်း အရဲစွန့်ပြီးကြိုးစားနေစဉ်တွင် ကျွန်တော်တို့ သေဆုံးမည်ဆိုလျှင် ပြဿနာ ဖြစ်ပါသည်။ သို့သော် ယေရှုသည် ရေနှင့်ဝိညာဉ်တော်အားဖြင့် ကျွန်တော့် ကိုကယ်တင်ရန် ကြွလာတော်မူပြီ။ ဟာလေလုယ။ ရေနှင့်သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်တော်တို့ကို ကယ်တင်နိုင်ပါသည်။ ယင်းသည် ဘုရားသခင်၏ဆုကျေးဇူးဖြစ်ပါသည်။ ထိုသို့ဖြစ်သောကြောင့် ဘုရားသ ခင်၏ ဂုဏ်တော်ကို ချီးမွမ်းရမည်။ 
ကျွန်တော်သည် ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်လာ သည်။ သို့သော် အချို့သောသူများသည် ဓမ္မပညာသင်ခြင်းဖြင့် အချည်းနှီး သောအသက်တာကို ကုန်လွန်စေခဲ့သည်။ သေသည့်တိုင် အမှန်တရားကို နားမလည်ခဲ့ပေ။ တချို့က ၁၀ စုနှစ် (ဝါ) ယ္ခုခေတ်မှ နောင်တခေတ်တိုင် အောင် သူတို့သည် အသစ်သောမွေးဖွားခြင်းရမည်မဟုတ်ဟု ဆိုကြသည်။ 
ပညတ်တရားအတိုင်း မည်သည့်အခါမျှ လိုက်မလျှောက်နိုင်ကြောင်း သိ နားလာသောအခါ သက်ရှိအပြစ်သားအဖြစ်မှ လွတ်မြောက်လာခဲ့သည်။ ၄င်းနောက်ယေရှုရှေ့တော်မှောက်တွင် မတ်တတ်ရပ်လျက် ရေနှင့်သန့်ရှင်း သောဝိညာဉ်တော်သတင်းကောင်းကို နာယူသည်။ ယေရှုနှင့်ဆုံတွေ့သော အခါ တရားစီရင်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းမှလွတ်မြောက်သွားသည်။ ကျွန်တော်တို့သည် အဆိုးဆုံးသောအပြစ်သားများဖြစ်သော်လည်း ရေနှင့် အသွေးတော်အားဖြင့် ကယ်တင်ခဲ့ခြင်းကြောင့် ဖြောင့်မတ်သောသူများဖြစ် လာသည်။ 
ယေရှုကိုယ်တော်တိုင် ကျွန်တော်တို့သည် သူ၏အလိုတော်အ တိုင်း မည်သည့်အခါမျှ အသက်ရှင်နိုင်မည်မဟုတ်ကြောင်း မိန့်တော်မူလေ သည်။ ထိုနည်းတူ ကျမ်းတတ်ပုဂ္ဂိုလ်ကို မိန့်တော်မူသော်လည်း နားမ လည်နိုင်ခဲ့ပေ။ ထို့ကြောင့် သူနားလည်နိုင်ရန် ယေရှုက ပုံပြင်တခု ပြောပြ လေသည်။ 
 
လူတို့၏ယုံကြည်ခြင်းကို
မည်သည့်အရာက လဲကျစေခဲ့သနည်း
အပြစ်

လူတယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွားရာတွင် ဓါးပြနှင့်တွေ့လေသည်။ ဓါးပြတို့သည် ထိုသူ၏အဝတ်ကို ချွတ်၍ နာကျင် စွာရိုက်နှိက်ပြီးမှသေလုမတတ်ရှိသောအခါ ပစ်ထား၍ သွားကြလေသည်။ (ရှင်လုကာ ၁၀း၃၀) ယေရှုက ဤကျမ်းတတ်ပုဂ္ဂိုလ်အား ဤသင်ခန်းစာ ယူစရာပုံပြင်ကို ပြောပြသည်မှာဓါးပြများက သေလုမတတ်ရိုက်နှိက်သော သူကဲ့သို့ အသက်တာတလျှောက်ခံစားရမည့်သူသည် အမှန်စင်စစ် သူကိုယ် တိုင် ဖြစ်ကြောင်းကို သိနားလည်စေလိုသောကြောင့် ဖြစ်သည်။ 
လူတယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွားခဲ့ သည်။ ယေရိခေါမြို့သည် လောကီနှင့်ဆိုင်သော ဤလောက၏သင်္ကေတ ဖြစ်၍ ယေရှုစလင်မြို့သည် ဘာသာရေးနှင့်ဆိုင်သော ဝိညာဉ်လောကယုံ ကြည်ခြင်း၏မြို့၊ ပညတ်တရားကိုဝါကြွားသောများ မှီတင်းနေထိုင် ရာမြို့ ၏သင်္ကေတဖြစ်သည်။ ဤပုံပြင်မှအကယ်၍ခရစ်တော်ကို ဘုရားတရား ကြည်ညိုလေးစားသောနည်းလမ်းဖြင့်ယုံကြည်လျှင်ကျွန်တော်သည်ပျက်စီးရာသို့ရောက်မည်အကြောင်း သွန်သင်ခဲ့ပါသည်။ 
လူတယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွားရာတွင် ဓါးပြနှင့်တွေ့လေသည်။ဓါးပြတို့သည်ထိုသူ၏အဝတ်ကို ချွတ်၍ နာကျင်စွာ ရိုက်နှိက်ပြီးမှသေလုမတတ်ရှိသောအခါပစ်ထား၍သွားကြလေသည်။ယေရုရှလင်မြို့သည် လူဦးရေထူထပ်သောမြို့ကြီး၊ ယဇ်ပုရောဟိတ်များ၊လော ကီသားများနှင့် အခြားသောဘာသာရေးပညာရှင်များနေကြသည်။ ပညတ် တရားတော်ကို နှိုက်နှိုက်ချွတ်ချွတ်သိရှိနားလည်သောသူ အမြောက်အမြား ရှိသည်။ ထိုသူများတွင် ပညတ်တော်အတိုင်း အသက်ရှင်ရန် ကြိုးစားသော သူများလည်းရှိသည်။ သို့သော်နောက်ဆုံးတွင် ယေရိခေါမြို့သို့သွားကြ သည်။ သို့သော် သူတို့သည် ဤလောက(ယေရိခေါမြို့)ကို ဆိုက်ရောက် ကြပြီး ဓါးပြများကိုမူ ရှောင်၍မရပါ။ 
ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွားသောလူသည်လည်း လမ်း ခရီးတွင်ဓါးပြများနှင့်တွေ့ကာအဝတ်အစားများချွတ်ခြင်းခံခဲ့သည်။“အဝတ် များကိုချွတ်ခြင်းဆိုသည်မှာ သူ၏ဖြောင့်မတ်ခြင်းကို ဆုံးရှုံးသည့်အဓိပ္ပါယ် ဆောင်ပါသည်။ ကျွန်တော်တို့အတွက် ပညတ်တရားတော်အတိုင်း အ သက်ရှင်ရန်သော်၄င်း၊ ပညတ်တရားတော်နှင့်အညီ ထိုက်ထိုက်တန်တန် အသက်ရှင်ဖို့ရန်၄င်း၊မဖြစ်နိုင်ပါ။ တမန်တော်ရှင်ပေါလုက ရောမသြဝါဒစာ ၇း၁၉-၂၀တွင် “ငါသည်ကျင့်ချင်သောအကျင့် ကောင်းကိုမကျင့်၊ မကျင့်ချင် သောအကျင့်ဆိုးကို ကျင့်၏။ ထိုသို့ ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်လျှင် ငါကိုယ်တိုင်မဟုတ်၊ ငါ့အထဲ၌ရှိသောအပြစ်ကကျင့်၏”ဟုဆို ထားသည်။ 
ကျွန်တော်သည် ကောင်းသောအကျင့်ကိုကျင့်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်ချင်ပါသည်။ သို့သော် လူတယေက် ၏စိတ်နှလုံးထဲတွင် မကောင်းကြံစည်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမ လွတ်နှင့်ပြစ်မှားခြင်း၊ သူ့အသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူခြင်း၊ ငြူစူခြင်း၊ သူ့အ သရေကိုဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်းစသည့် ဆိုး ညစ်သောအရာများသာရှိသည်။ (ရှင် ၇း၂၁-၂၃)
ကျွန်တော်တို့၏စိတ်နှလုံးထဲတွင် ထိုအရာများရှိနေသဖြင့် မကြာ ခဏအတွင်းမှထွက်လာတတ်သည်။ ဤလုပ်ချင်သောအမှုကိုလုပ်ခဲ့၍ လုပ် ချင်သောအမှုကိုမလုပ်နိုင်ခဲ့ပါသည်။ ထိုမကောင်းသောအကြံအစည်များ သာလျှင် စိတ်နှလုံးထဲတွင် ထပ်၍လုပ်နေရပါသည်။ ထို့ကြောင့် စာတန် မာရ်နတ်သည် အပြစ်လုပ်ဖို့ရန်ကျွန်တော်တို့ကိုအနည်းငယ် လှုံ့ဆော်ပေး ရုံသာရှိသည်။ 
 
 
ခပ်သိမ်းလူသားများ၏ စိတ်နှလုံးထဲ၌ရှိသောအပြစ်များ
 
ပညတ်တရားတော်အားဖြင့်
အသက်ရှင်နိုင်ပါလား
မရှင်နိုင်ပါ။

ရှင်မာကုအခန်းကြီး (၇)တွင် “လူ့ပြင်ပမှလာ၍ လူ့အတွင်းသို့ဝင် လျက်လူကို ညစ်ညမ်းစေနိုင်သောအရာ တစုံတခုမှမရှိ။ လူ့အတွင်းမှထွက် သောအရာသည်လူကိုညစ်ညမ်းစေသောအရာဖြစ်၏”ဟု ဖော်ပြထားသည်။ 
ယေရှုသည် လူအတွင်းနှလုံးထဲ၌မကောင်းသောကြံစည်ခြင်း၊ သူ့ မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်ပြစ်မှားခြင်း၊ သူ့အသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ငြူစူခြင်း၊သူ့အသရေကိုဖျက်ခြင်း၊ထောင်လွှား စော်ကားခြင်း၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲသူများသာလျှင်ရှိကြောင်း ကျွန်တော်တို့ကို ပြောပြ ခြင်း ဖြစ်သည်။
ကျွန်တော်တို့အားလုံးသည် အတွင်းနှလုံးအားဖြင့် လူ့အသက်ကို သတ်ကြသည်။ သူ့အသက်ကို မသတ်သောသူ တယောက်မျှမရှိ။ မိသခင် ဖြစ်သူများသည် မိမိသားသမီးများကို “ဒီလိုမလုပ်နဲ့လို့ ပြောတယ်မဟုတ် လား။ ထပ်ခါထပ်ခါ ပြောရက်သားနဲ့။ နောက်တခါ ဒီလို လုပ်ရင် မင်းကို ငါ သတ်မည်”စသည်ဖြင့် ကြိမ်းမောင်းတတ်ကြသည်။ ဤအပြုအမူသည် သူ့ အသက်ကို သတ်ခြင်းပင်ဖြစ်သည်။ မဆင်မခြင်ပြောဆိုသောစကားဖြင့် အတွင်းနှလုံးထဲ၌ မိတ်ဆွေတို့၏ကလေးများကို သတ်မိနိုင်ပါသည်။ 
ကျွန်တော်တို့၏ကလေးများသည် စိတ်မထင်လျှင်မထင်သလို ထွက်ပြေးတတ်ကြသောကြောင့် ကလေးများနှင့်ဆက်ဆံရာတွင် သတိအ မြဲထားရပါသည်။ အကယ်၍ကျွန်တော်တို့၏ဒေါသကို သူတို့ပေါ်အကုန်အ စင်လွှတ်ချလိုက်လျှင် သူတို့ကို သတ်နိုင်ပါသည်။ တခါတရံ ကျွန်တော်တို့ ကိုယ်တိုင် ခြောက်လှန့်တတ်ပါသည်။ ထိုအခါ အိုဘုရားသခင်၊ ကျွန်တော်၊ ကျွန်မ ဘာကြောင့် ဒီလိုလုပ်မိပါလိမ့်ဟု ကျွန်တော်တို့၏ကလေးများကို ရိုက်နှိက်ပြီးနောက်အတွင်း ဒါဏ်ရာကိုကြည့်ပါ။ ကျွန်တော်တို့၏လုပ်ရပ် မှာ မိုက်မဲခြင်းသာဖြစ်သည်ကို နားလည်ပါလိမ့်မည်။ ထိုကဲ့သို့ ပြုမူပြော ဆိုခြင်းသည် ကျွန်တော်တို့၏နှလုံးထဲ၌ သူ့အသက်ကို သတ်ခြင်းတည်းဟူ သော ဆိုးညစ်သောအရာရှိသောကြောင့် ဖြစ်သည်။ 
ထို့ကြောင့် “မကျင့်ချင်သောအကျင့်ကို ငါကျင့်၏” ဟူသောစကား သည် ဆိုးညစ်သောသူများဖြစ်သောကြောင့် မကောင်းသောအမှုပြုသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့်စာတန်အတွက် ကျွန်တော်တို့ကို စုံစမ်း နှောင့်ယှက်ရန် အင်မတန် လွယ်ကူနေခြင်းဖြစ်သည်။ 
ရွေးနှုတ်ကယ်တင်ခြင်းမခံရသေးသော လူတစ်ယောက်သည် နံရံ ဘက်သို့ မျက်နှာမူလျက် တဲထဲတွင် ၁၀ နှစ်တိတိထိုင်ကာ ကိုးရီးယား ဘုန်းကြီးဆုန်ချောလ်တရားကျင့်သကဲ့သို့တရားကျင့်သည်ဆိုပါစို့။ နံရံဘက် သို့ မျက်နှာမူလျက်ထိုင်နေစဉ်တွင်မူ လုံးဝကျေနပ်စရာ ကောင်းပါသည်။ သို့သော် တဦးတယောက်က အစားအစာများလာပို့ကာ သူ၏ဖခင်ကို သွား တွေ့ရန်ဖြစ်သည်။ 
တစုံတယောက်သောသူနှင့် ဆက်သွယ်မှုရှိရမည်။ သူနှင့်အဆက် အသွယ်ရှိသူသည် အမျိုးသားဖြစ်နေပါကပြဿနာမရှိသော်လည်း ထိုသူ သည် လှပသောအမျိုးသမီးတဦးဖြစ်နေသည်ဆိုပါစို့။ အကယ်၍ သူ့မှာ အခွင့်အရေးရသည်အချိန်တွင်သူမ၏မျက်နှာကိုကြည့်ခဲ့လျှင်တချိန်လုံးထိုင် ၍ တရားအားထုတ်သမျှအချည်းနှီးဖြစ်ပါလိမ့်မည်။ သူက ကိုယ်ထိလက် ရောက် မပြစ်မှားပါဘူး။ စိတ်ထဲမှာ သာရှိတာပါ။ ငါ ချေဖျက်လို့ရပါပြီ။ မောင်းထုတ်လိုက်ပြီ။ စိတ်ထဲမှာ မရှိတော့ဘူး” ဟု ပြောလိမ့်မည်။ 
သို့သော် သူမမျက်နှာကို မြင်တွေ့ကတည်းက သူ၏ကြံ့ကြံ့ခံနိုင် ရည်သည် ပျောက်ကွယ်သွားခဲ့ရပါပြီ။ အမျိုးသမီးထွက်သွားမှသာ သူ့အ တွင်းနှလုံးကို ကြည့်သောအခါ ၅ နှစ်လုံးလုံးကျင့်ခဲ့ရသမျှ သဲထဲရေသွန် သလို အချည်းနှီးဖြစ်သွားသည်။ 
လူတယောက်၏ဖြောင့်မတ်ခြင်းကိုစာတန်သိမ်းယူဖို့ရန်မှာ အခက် အခဲမရှိ၊ လွယ်လင့်တကူ သိမ်းယူနိုင်ပါသည်။ စာတန်လုပ်ဆောင်ရန်မှာ သူ၊ သူမကို အနည်းငယ်တွန်းပို့ရုံလောက် ဖြစ်ပါသည်။ လူတယောက်သည် ကယ်တင်ခြင်းမရရှိဘဲ အပြစ်မလုပ်မိရန် ကြိုးစားအားထုတ်သည့်အခါ ထို အပြစ်ကို ရင်ဆိုင်တိုက်ထုတ်မည့်အစားသူ၊သူမသည် အပြစ်ထဲကိုသာ ဆိုက်ရောက်သွားတတ်သည်။ ထိုသူသည် တနင်္ဂနွေနေ့တိုင်း ဆယ်ဖို့တဖို့ ကို၄င်း၊ ရက်ပေါင်း ၄၀ အစာရှောင်ခြင်းကို၄င်း၊ အာရုန်ဦးဆုတောင်းခြင်း ရက် ၁၀ဝ ကို၄င်း၊ သစ္စာရှိစွာဖြင့် လုပ်နိုင်၍ပေးလျူနိုင်သည်။ သို့သော် စာ တန်သည် သူ၊သူမအား ကောင်းသောအကျင့်သီလဖြစ်ဟန်ရှိသော်လည်း ဖြောင့်မတ်ရာသို့ပို့ဆောင်မပေးနိုင်သော အသက်တာအားဖြင့် စုံစမ်း၍ လမ်းလွဲစေပါသည်။ 
ကုမ္ပဏီမှာ မင်းကို ငါရာထူးကြီးနေရာမှာ ခန့်ထားချင်ပါတယ်၊ ဒါ ပေမဲ့မင်းက ခရစ်ယာန်ဖြစ်နေတော့ တနင်္ဂနွေနေ့အလုပ်ဆင်းနိုင်မလားမ သိဘူး။ တကယ်ရာထူးကြီးနော်။ တလမှာသုံးပတ်အလုပ်ဆင်း၊ တပတ်ဘု ရားကျောင်းတက်နိုင်တယ်၊ ဒါဆိုရင် မင်းက ဝင်ငွေများများရလိမ့်မည်။ ဂုဏ်သက္ခာလည်းရှိလာမည်။ ဘယ်လိုလဲ။ လုပ်မလား။ ဤကဲ့သို့သော အခြေ အနေမျိုးတွင် လူ ၁၀ဝ အနက် ရာနှုန်းပြည့်လူများပါသွားနိုင်သည်။ 
အကယ်၍ ထိုအလုပ်မျိုးဝင်မလုပ်လျှင်လည်း စာတန်သည် မိန်းမဝါသနာ ပါသူကို ပရိယာယ်တမျိုးဖြင့် ထောင်ချောက်ဆင်တတ်ပါသည်။ စာတန် သည် အမျိုးသမီးတဦးကို သူ၏ရှေ့သို့ပို့ပေးလိုက်သည်။ တိုတောင်းသော အချိန်တွင် ဘုရားကို အမေ့လျော့ကာ အချစ်နွံထဲ ကျရောက်စေပါသည်။ ဤနည်းသည် စာတန်က လူတယောက်၏ဖြောင့်မတ်သည့်စိတ်ကို ထောင် ချောက်ထဲကျရောက်စေသောနည်း ဖြစ်သည်။ 
အကယ်၍ ပညတ်တရားအားဖြင့် အသက်ရှင်ရန် ကြိုးစားမည်ဆို လျှင် နောက်ဆုံးကျွန်တော်တို့တွေ့ကြုံမည့်အရာသည် အပြစ်၏အနာအ ဆာ၊ နာကျင်မှု၊ ဝိညာဉ်ရေးရာချို့တဲ့အားနည်းခြင်းများဖြစ်သည်။ ဖြောင့် မတ်ခြင်းအလုံးစုံကို ဆုံးရှုံးသွားလိမ့်မည်။ “လူတယောက်သည် ယေရုရှ လင်မြို့မှယေရိခေါမြို့သို့သွားရာတွင်ဓါးပြနှင့်တွေ့လေသည်။ ဓါးပြတို့သည် ထိုသူ၏အဝတ်ကိုချွတ်၍နာကျင်စွာ ရိုက်နှိက်ပြီးမှ သေလုမတတ်ရှိသော အခါပစ်ထား၍ သွားကြ၏။” 
ဘုရားသခင်၏အလိုတော်အတိုင်း ယေရုရှလင်မြို့တွင် မှီတင်းနေ ထိုင်ရန် ကြိုးစားနေသော်လည်း ကျွန်တော်တို့၏အားနည်းချက်ကြောင့် တချိန်ပြီးတချိန် အနှောင့်အယှက်ဖြစ်လာကာနောက်ဆုံးတွင် ပျက်စီးခြင်း သို့ရောက်မည်ကို ဆိုလိုခြင်းဖြစ်သည်။ 
မိတ်ဆွေသည်ဘုရားသခင်၏ရှေ့မှောက်တွင်“သခင်ဘုရား၊ အပြစ် ကျူးလွန်မိပါ၏၊ အပြစ်ကို လွှတ်တော်မူပါ။ နောက်တခါ မလုပ်တော့ပါ။ အ ပြစ်လွှတ်ဖို့ရန် နောက်ဆုံးတောင်းလျှောက်ခြင်းဖြစ်ကြောင်း ဂတိပေးပါ၏။ ယခုတကြိမ်သာလျှင် တောင်းပန်ခြင်းဖြစ်ပါစေ”ဟု ဆုတောင်းမြဲ တောင်း နိုင်ပါသည်။ 
သို့သော် မည်သည့်အခါမျှနောက်ဆုံးဆိုသည်မှာမရှိနိုင်ပါ။ လူသား တိုင်းသည် အပြစ်မလုပ်ဘဲ ဤလောက၌ အသက်မရှင်နိုင်ပါ။ သူတို့သည် တကြိမ်ပြီးတကြိမ်အပြစ်ကို ရှောင်လွှဲရန်ကြိုးစားနေသော်လည်း နောက်တ ဖန် အပြစ်မလုပ်မိရန်မှာ ဖြစ်နိုင်ဘွယ်မရှိပေ။ အပြစ်ကို ရှောင်၍မရသဖြင့် အပြစ်ကိုသာ ထပ်ခါထပ်ခါကျူးလွန်နေရပါသည်။ သခင်ဘုရား၊ ကျေးဇူးပြု ၍အပြစ်ကို လွှတ်တော်မူပါ။ ဤအတိုင်းသာ ဆက်လျှောက်နေမည်ဆိုလျှင် သူတို့သည် အသင်းတော်မှ၄င်း၊ သူတို့၏ဘာသာရေးကိုင်းရှိုင်းမှုအသက် တာမှသော်၄င်း၊ လွင့်ထွက်ပါလိမ့်မည်။ သူတို့၏အပြစ်များကြောင့် ဘုရား သခင်ထံတော်ပါးမှဝေးရာသို့လွင့်ထွက်ကာငရဲပြည်တွင် လုံးဝအဆုံးသတ် ကြလိမ့်မည်။ 
ယေရိခေါမြို့သို့ ခရီးထွက်ခြင်းသည် လက်ရှိဤကမ္ဘာလောကထဲ ဆိုက်ရောက်ခြင်းကို ဆိုလိုသည်။ လက်ရှိကမ္ဘာလောကနှင့် ပို၍နီးလေလေ၊ ယေရုစလင်နှင့် ပို၍ဝေးလေလေဖြစ်သည်။ အစပထမတွင် ယေရုစလင်နှင့် ပို၍နီးသည်။ သို့သော် အပြစ်၏သံသရာထဲတွင် လည်နေသဖြင့် ကိုယ့်ကိုယ် ကိုဤလောက၏သင်္ကေတဖြစ်သောယေရိခေါမြို့၏မြို့လယ်ခေါင်တွင် ကြံ့ ကြံ့ခံရပ်နေသည်ကို တွေ့ရပါသည်။ 
 
အဘယ်သူသည်
ကယ်တင်ခြင်းရနိုင်မည်နည်း
ဖြောင့်မတ်ခြင်းကို ကိုယ်တိုင်တည်ဆောက်ရန်
လက်မြှောက်အရှုံးပေးသောသူများ

လူတယောက်သည် ယေရိခေါမြို့သို့သွားရာလမ်းတွင် ဘယ်သူ့ ကိုတွေ့သနည်း။ ဓါးပြနှင့်တွေ့သည်။ အဘယ်အရာကိုပင် နားမလည်သော သူ၊ ပိုင်ရှင်မဲ့ခွေးတကောင်နှင့်တူသောသူ၊ ပညတ်တရားတော်အတိုင်း အသက်ရှင်သောသူဖြစ်ပါသည်။ သူ၊ သူမသည် အရက်သောက် လိုက်၊ စားလိုက်၊မည်သည့်နေရာတွင်မဆို ဝင်အိပ်လိုက်၊ မစင်စွန့်လိုက်ဖြင့်နေ သူဖြစ်သည်။ သူသည် နောက်နေ့တွင် ထ၍အရက်ပြန်သောက်သည်။ စွန့် ပစ်ထားသောသူ၏အန်ဖတ်ကို ခွေးလေခွေးလွင့် တကောင်ကဲ့သို့ပြန်စား သည်။ ထိုကဲ့သို့သောသူကို ခွေးနှင့်ခိုင်းနှိုင်းရခြင်းဖြစ်သည်။ သူ၊ သူမသည် အရက်မသောက်ရမှန်းသိနေသည်။ သိသည့်တိုင်အောင်သောက် နေဆဲဖြစ် သည်။ နောက်နေ့မနက် နောင်တရပြီး လုပ်နေကျလုပ်နည်းကို ထပ်ခါထပ် ခါလုပ်ခဲ့ရပါသည်။ 
ယင်းသည် ယေရိခေါမြို့သို့သွားရာလမ်းတွင် ဓါးပြနှင့်ဆုံတွေ့ သောသူနှင့်တူသည်။ သေလုနီးပါးဒဏ်ရာနှင့်သူ့ကိုပစ်ထားကြသည်။ အ ဓိပ္ပါယ်မှာ သူ၏အတွင်းစိတ်၌အပြစ်သာရှိသည်ကို ဆိုလိုခြင်းဖြစ်သည်။ ယင်းသည် လူသားများ၏ရပ်တည်ချက်ဖြစ်သည်။ 
သူတို့သည် ယေရှုကိုယုံကြည်သည်နှင့်တပြိုင်နက် ပညတ်တရား တော်အားဖြင့် အသက်ရှင်ရန်ကြိုးစားကာ ယေရုစလင်မြို့တွင် ဘာသာ ရေးကိုရိုသေကိုင်းရှိုင်းသူများအဖြစ်နေကြသည်။ သို့သော် သူတို့၏အတွင်း နှလုံးထဲ၌အပြစ်သာလျှင် ကျန်ရစ်လေ့ရှိသည်။ သူတို့၏ ဘာသာရေးရိုသေ ကိုင်းရှိုင်းမှု အသက်တာပြစရာရှိသည်မှာ သူတို့၏အပြစ်အနာဆာများသာ ဖြစ်သည်။ နောက်ဆုံးတွင် အတွင်းနှလုံးထဲရှိအပြစ်များနှင့်အတူ ငရဲသို့ပစ် ချခြင်းခံရလိမ့်မည်။ ငရဲသွားမည် မှန်းသိကြသည်။ သို့သော် မည်သို့လုပ် ဆောင်ရမည်ကို မသိကြချေ။ မိတ်ဆွေနှင့်ကျွန်တော်ပါ။ အလားတူ ဘာ သာရေးရိုသေကိုင်းရှိုင်းသောမြို့တော်တွင်နေရသည်မဟုတ်လော။ ဟုတ်ပါ သည်။ ကျွန်တော်တို့အားလုံး အတူတူဖြစ်ကြပါသည်။ 
ပညတ်တရားကိုလွဲမှားစွာ အနက်ဖွင့်သော ကျမ်းတတ်ပုဂ္ဂိုလ် သည် အသက်တာတလျှောက် ရုန်းကန်တိုက်ခိုက်ရပါလိမ့်မည်။ သို့သော် အပြီးသတ်တွင်မူဒဏ်ရာဖြင့်ငရဲတွင် နိဂုံးချုပ်ရလိမ့်မည်။ မိတ်ဆွေနှင့်ကျွန် တော်သည် ၄င်းတို့ အထဲတွင် အပါအဝင်ဖြစ်သည်။ 
ယေရှုတပါးသာလျှင် ကျွန်တော်တို့ကို ကယ်တင်နိုင်သည်။ ကျွန် တော်တို့ပတ်ဝန်းကျင်တွင် ဉာဏ်အလွန်ထက်မြက်သောသူများရှိသည်။ သူတို့သည်သိသမျှအကြောင်းအရာများကို အမြဲမပြတ် ကြွားဝါပြောဆို တတ်ကြသည်။သူတို့အားလုံးသည် ဘုရားသခင်၏ပညတ်တော်အတိုင်း အ သက်ရှင်ရန် ဟန်ဆောင်ကြိုးစားသူများဖြစ်သည်။ သူတို့ကိုယ်တိုင်သည် ရိုးသားဖြောင့်မတ်သူများမဟုတ်ပါ။ ဟုတ်မှန်ရာကို အရှိအတိုင်းထုတ်မပြ နိုင်ဘဲ သူတို့၏အပြင်ပန်းလက္ခဏာကိုသာ သစ္စာရှိသူများဟန်ဖြင့် စိတ် တိုင်းကျသပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ထားကြသည်။ 
သူတို့အထဲ၌ ပါဝင်သောသူများသည် ယေရိခေါမြို့သို့သွားရာလမ်း ခရီးတွင် ဓါးပြများကရိုက်နှက်ပြီး ပစ်ထားသောအပြစ်သားများဖြစ်ကြ သည်။ ကျွန်တော်တို့သည် ဘုရားသခင် ရှေ့မှောက်တွင် အဘယ်မျှလောက် ပျက်စီးလွယ်သောသူများဖြစ်ကြောင်းကို နားလည်ရန် လိုပါသည်။ 
ကျွန်တို့သည် ဘုရားသခင်၏ရှေ့မှောက်တွင် “ကိုယ်တော်မကယ် လျှင်အကျွန်ုပ်ငရဲကိုသွားရလိမ့်မည်။ကျွန်ုပ်ကိုကယ်တော်မူပါ။လေမုန်တိုင်း ထန်သည်ဖြစ်စေ၊ မိုးသီးကျသည် ဖြစ်စေ၊ သတင်းကောင်းဟောပြောဖို့ရန် အတွက်ဆိုခဲ့လျှင် ကိုယ်တော်အလိုရှိသည့် ဘယ်နေရာမဆို ကျွန်ုပ်သွား ပါမည်။ အကယ်၍ ကျွန်ုပ်ကိုတယောက်တည်းထားခဲ့မည်ဆိုလျှင် ငရဲကို သွားရလိမ့်မည်။ ကျွန်ုပ်ကိုကယ်တင်ဖို့ ရန်တောင်းလျှောက်ပါ၏” ဟူ၍ မိမိကိုယ်မိမိဝန်ခံရမည်။ 
မိမိသည် ငရဲသို့ဦးတည်နေသည်ကိုသိလျက် မိမိကိုယ်တိုင် ဖြောင့် မတ်ခြင်းသို့ရောက်ရန် ကြိုးစားခြင်းကို စွန့်လွှတ်ကာ ဘုရားသခင်ကိုသာ မှီခိုသောသူများသည် ကယ်တင်ခြင်းရရှိ လိမ့်မည်။ ကျွန်တော်တို့ကိုယ်တိုင် ကြိုးစားမှုဖြင့် မည်သည့်အခါမျှ မိမိကိုယ်ကို ကယ်တင်နိုင်မည် မဟုတ်ပါ။ 
ကျွန်တော်တို့အားလုံးသည် ဓါးပြများလက်ထဲရောက်သောသူနှင့်တူနေ သည်ကို နားလည်သဘောပေါက်ဖို့လိုသည်။