တရားဟောချက်များ

ဘာသာရပ် ၃ - ရေနှင့်ဝိညာဉ်တော်သတင်းကောင်း

[3-1] ထာဝရရွေးနှုတ်ကယ်တင်ခြင်း (ယောဟန် ၈း၁-၁၂)

(ယောဟန် ၈း၁-၁၂) 
“ယေရှုသည်လည်း သံလွင်တောင်သို့ကြွတော်မ၏။ နံနက်စော စောဗိမာန်တော်သို့ကြွတော်မူ၍ လူအပေါင်းတို့သည် အထံတော်သို့လာကြ သည်။ ထိုအခါထိုင်တော်မူ၍ ဆုံးမသြဝါဒပေးစဉ်တွင် မှားယွင်းခြင်းအ မှုကိုပြုလျှက်နေသောမိန်းမတယောက်ကိုတွေ့လျှင်ကျမ်းပြုဆရာတို့နှင့်ဖာ ရိရှဲတို့သည်ခေါ်ခဲ့၍ အလယ်၌ထားပြီးလျှင် “အရှင်ဘုရား၊ ဤမိန်းမ သည် မှားယွင်းခြင်းအမှုကိုပြုစဉ်တွင်ပင်တွေ့ပါသည်။ ထိုသို့သောမိန်းမကို ကျောက်ခဲနှင့်ပစ်ရမည်ဟုမောရှေသည် ကျွန်တော်တို့ ပညတ်တရားစီရင် ထုံးဖွဲ့ပါသည်။ သို့ရာတွင် ကိုယ်တော်သည် အဘယ်သို့ မိန့်တော်မူမည် နည်း”ဟုလျှောက်ကြ၏။ ထို့သို့လျှောက်သော် ကိုယ်တော်၌ အပြစ်တင် ခွင့်ရှိစေခြင်းငှာ စုံစမ်းနှောက်ယှက်သောအားဖြင့် လျှောက်ကြ၏။ ယေရှု သည် အောက်သို့ငုံ့လျှက် လက်ညိုးတော်နှင့်မြေ၌ရေးသား၍ နေတော်မူ လေ၏။ ထိုသူတို့သည် အထပ်ထပ်မေးလျှောက်ကြသောအခါ ကိုယ်ကိုလှန် တော်မူ၍ သင်တို့တွင် အပြစ်ကင်းသောသူသည် ရှေးဦးစွာကျောက်ခဲ နှင့်ပြစ်စေဟု မိန့်တော်မူပြီးမှတဖန် အောက်သို့ငုံ၍မြေ၌ ရေးသားတော်မူ ပြန်၏။ ထိုသူတို့သည်ကြားရလျှင် မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဖေါ်ပြသဖြင့် အသက်ကြီးသော သူမှစ၍ အငယ်ဆုံးသောသူတိုင်အောင် တယောက်နောက်တယောက် ထွက်သွားကြ၏။ ယေရှုသည် တယောက် တည်း ကျန်ရစ်တော်မူ၍ မိန်းမသည် အလယ်၌ ရပ်နေ၏။ ထိုအခါ ယေရှု သည် ကိုယ်ကိုလှန်တော်မူ၍“အချင်းမိန်းမ၊ သင့်ကို အပြစ်တင်သောသူ တို့သည် အဘယ်မှာရှိကြသနည်း။ သင်၏အမှုကို အဘယ်သူမျှ မစီရင်သ လောဟု မေးတော်မူ၏။ ထိုမိန်းမကလည်း အဘယ်သူမျှမစီရင်သခင်ဟု လျှောက်လေ၏။ ငါသည်လည်း သင့်၏အမှုကိုမစီရင်၊ သွားလော့၊ နောက် တဖန် ဒုစရိုက်ကိုမပြုနှင့်ဟု မိန့်တော်မူ၏။” 
 
 
ယေရှုသည် အဘယ်မျှလောက်သော
အပြစ်ကို ချေဖျက်သနည်း
ဤလောကရှိ အပြစ်အားလုံးစုံ

ယေရှုသည်ကျွန်ုပ်တို့ကို ထာဝရကယ်တင်ခြင်းပေးလေခဲ့သည်။ ကျွန်တော်၊ ကျွန်မတို့၏ကယ်တင်ရှင်ဖြစ်သည်ဟု လက်ခံယုံကြည်သူမှအပ အဘယ်သူမျှ ကယ်တင်ခြင်းမရနိုင်ပါ။ ယေရှုသာလျှင် ကျွန်တော်တို့အား လုံးကိုရွေးနှုတ်ကယတင်ခဲ့ပါသည်။ အကယ်၍သူ၊ သူမတွင် ပြင်းထန်သော ဝေဒနာကို ခံစားနေရသည့်အပြစ်ရှိခဲ့လျှင် ယေရှုသည် ကျွန်တော်၊ ကျွန်မ တို့ကိုဗတ္တိဇံနှင့်ကားတိုင်အားဖြင့်အပြစ်အလုံးစုံမှ မည်သို့ကယ်တင်ခဲ့သည် ကို မသိနားမလည် ခြင်းကြောင့်ဖြစ်သည်။ 
ကျွန်တော်တို့အနေဖြင့်ကယ်တင်ခြင်း၏လျှို့ဝှက်ချက်ကို သဘော ပေါက် နားလည်ရမည်။ ယုံကြည်ရမည်။ ယေရှုသည် သူ၏ဗတ္တိဇံမင်္ဂလာ နှင့်အတူ ကျွန်တော်တို့၏အပြစ်အလုံးစုံကို လွှဲပြောင်းယူသွားကာ ကျွန်ုပ် တို့၏အပြစ်များအတွက်ကားတိုင်တော်တွင် အသေခံခြင်းအားဖြင့် တရားစီ ရင်ခြင်းခံရန်အတွက် ဖွားမြင်ခဲ့လေသည်။ 
ရေနှင့်ဝိညာဉ်တော်၏ ကယ်တင်ခြင်းကို လက်ခံယုံကြည်ရမည်ဆို လျှင် အပြစ်အလုံးစုံမှ ထာဝရရွေးနှုတ်ကယ်တင်ခြင်းရလိမ့်မည်။ ဘုရားသ ခင်၏ကြီးမားလှသောမေတ္တာတော်ကို ယုံကြည်လျှင် ယခုပင် ဖြောင့်မတ် ခြင်းသို့ရောက်လိမ့်မည်။ ယောဒန်မြစ်နှင့် လက်ဝါကားတိုင်တော်တွင် သင် တို့အား ကယ်တင်ဖို့အလို့ငှာ လုပ်ဆောင်ခဲ့သမျှကို ယုံကြည်ရမည်။ 
ကျွန်ုပ်တို့ဖုံးကွယ်ထားသောအပြစ်အလုံးစုံကိုလည်း ယေရှုသည် အကုန်အစင် သိထားပြီးဖြစ်သည်။ တချို့သောသူများသည် အပြစ်နှင့်ပတ် သက်၍ လွဲမှားသောအယူအဆများရှိကြသည်။ ကြီးလေးသော အချို့အ ပြစ်များသည် အပြစ်ဖြေ၍မရဟု ယူဆကြသည်။ ယေရှုသည် အပြစ်အလုံး စုံကို တခုမကျန်ဖြေလွှတ်ပေးသည်။ 
ယေရှုချန်ထားခဲ့သောအပြစ်တစုံတရာဟူ၍ ဤလောကတွင်မရှိ။ အကြောင်းမှာ ကိုယ်တော်သည် ဤလောက၏အပြစ်အလုံးစုံကို ချေဖျက် ထားပါသည်။ အမှန်မှာ အပြစ်သားဟူ၍မရှိတော့ပေ။ မိတ်ဆွေ၏အပြစ်အ လုံးစုံကိုသာမကအနာဂတ်တွင် ကျူးလွန်မည့်အပြစ်များကိုပါ ဖြေလွှတ်ခဲ့ သည်ဟူသောသတင်းကောင်းကို လက်ခံကြည်ပါသလား။ ထိုသို့သာ ယုံကြည်ပါ။ကယ်တင်ခြင်းရလိမ့်မည်။ အရာခပ်သိမ်းအတွက် ဘုရားသခင် ၏ဂုဏ်တော်ကို ချီးမွမ်းပါ။ 
 
 
မှားယွင်းသောအမှုကို ပြုနေသော မိန်းကလေးအား တွေ့မိခြင်း 
 
မည်မျှလောက်သောသူတို့သည် ဤလောကတွင်အပြစ်များကျူးလွန်ကြပါသနည်း
လူသားအားလုံး

ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး (၈) တွင် မှားယွင်းခြင်း အမှုကိုပြုလျှက်နေသော မိန်းမတယောက်အကြာင်းနှင့် သူမအား ယေရှုက မည်ကဲ့သို့ ကယ်တင်ခဲ့သည်ကိုတွေ့ရသည်။ ထိုဖြစ်ရပ်တွင် သူမ၊ရရှိခံ စားသောကျေးဇူးတော်အကြောင်းကို ဝေငှလိုပါသည်။ လူသားအားလုံး သည် အသက်တာတလျှောက်တွင် အခိုက်အတန့်အားဖြင့် အပြစ်များကို ကျူးလွန်ကြသည်မှာ ပြောစရာပင်မလိုပေ။ 
အကယ်၍ ထိုသို့သာမမြင်ခဲ့သော် မကြာခဏ ကျွန်တော်တို့ကျူး လွန်မိသောအပြစ်များကို အပြစ်ဟူ၍ မမြင်သောကြောင့်သာလျှင် ဖြစ်နိုင် သည်။ အကြောင်းမှာ ကျွန်တော်တို့၏အသက်တာအတွက် မှားယွင်းခြင်း မြောက်မြားစွာ နှင့်အတူ အသက်ရှင်လှုပ်ရှားနေသောသူများ ဖြစ်သည်။ 
ရှင်ယောဟန် အခန်းကြီး(၈)တွင် ဖေါ်ပြသော အမျိုးသမီးအ ကြောင်း သေချာလေ့လာသည့်အခါ ကျွန်တော်တို့အထဲ၌ တယောက်တ လေမျှအပြစ်ကို မကျူးလွန်သောသူ၊ မှားယွင်းခြင်းအမှုကို မပြုသောသူမရှိ သည်ကို အလေးအနက်ထားစဉ်းစားမိသည်။ မှားယွင်းခြင်းအမှုကို မပြုမိ သောသူ တစုံတယောက်မျှမရှိပါ။ မှားယွင်းခြင်းပြုစဉ်တွင် တွေ့မိသောအ မျိုးသမီးနှင့်အလားတူပင် ဖြစ်ကြပါသည်။ ကျွန်တော်တို့အားလုံးသည် ထိုအမှုမျိုးကိုကျူးလွန်ခဲ့သော်လည်း မကျူးလွန်ဟန်ဆောင်၍ မိမိအပြစ်ကို ဖုံးကွယ်တတ်ကြသည်။ 
မှားသည်ဟု ယူဆပါသလား။ ကျွန်တော်မမှားနိုင်ပါဘူး။ သေချာ ဆန်းစစ်ကြည့်ပါ။ လူတိုင်းသည် ကြားရမြင်ရသမျှတွင် ထိုအပြစ်များကို ပြုမိခဲ့ကြသည်။ လမ်းပေါ်တွင် လျှောက်နေသောအမျိုးသမီးကို ကြည့်နေ စဉ်မှာပင်ထိုအမျိုးသမီးပေါ်အတွေးစိတ်ကူးဖြင့်၄င်း၊ ကိုယ်ထိလက်ရောက် လုပ်ဆောင်ဖြင့်၄င်း၊ အချန်မရွေး ပြစ်မှားနိုင်သည်။ 
မိမိ၏လုပ်ဆောင်ချက်များကို မဝန်ခံချင်ကြပေ။ လူအမြောက်အ မြားသည် သေသည့်တိုင် မိမိအသက်တာတလျှောက် ပြုခဲ့သောမှားယွင်း ခြင်းအမှုများကိုမဝန်ခံချင်ကြပေ။ ကျွန်တော်တို့တွင် မှားယွင်းခြင်းအမှုများ ကိုပြုမိစဉ်တွေ့မိသူများမဟုတ်သော်လည်း မှားယွင်းခြင်းအမှုကိုပြုမိစဉ် အဖမ်းခံရသောသူ ဘယ်သောအခါ မျှမဖြစ်ခဲ့ဘူးပေ။ သို့သော် လူသား အားလုံးသည် အတွင်းစိတ်သဘောအားဖြင့် ထိုအပြစ်မျိုးကို ကျူးလွန်ကြ ပါသည်။ ထိုသို့မှားယွင်းခြင်းအမှုသည် ကျွန်ုပ်တို့အသက်တာ၏အစိတ် အ ပိုင်းတခုပင်မဟုတ်လော။ 
ဤအယူအဆကြောင့် စိတ်အနှောက်အယှက်ဖြစ်နေသလား။ ဤ အယူအဆမှာ အမှန်တရားပင်ဖြစ်သည်။ ဤအကြောင်းနှင့်ပတ်သက်၍ ကျွန်တော်တို့အတွက် အတားအဆီးတခုဖြစ်နေသဖြင့် ကြောင်းကျိုးဆီ လျှော်အောင် ဆင်ခြင်သုံးသပ်ရန်လိုပါသည်။ အမှန်မှာ လူတို့သည် ခေတ် ကာလတလျှောက် သူ့မယားအပေါ်ကျူးလွန်မှုများ တချိန်လုံးလုပ်နေရ သော်လည်း သူတို့၏လုပ်ဆောင်ချက်များကို ဝန်ခံခြင်းမရှိပေ။ 
လူအများသည် ကိုယ်ခန္ဓာအားဖြင့် ပြစ်မှုကျူးလွန်ရုံမက ဝိညာဉ် ရေးရာတွင်လည်း မှားယွင်းခြင်းများကျူးလွန်ခဲ့ကြသည်။ ဘုရားသခင်ဖန် ဆင်းထားသော ကျွန်တော်တို့သည် ဤလောက၌အသက်ရှင်ရာတွင် ဝိ ညာဉ်ရေးရာတွင်မှားယွင်းခြင်းအမှုများ ကျူးလွန်ခဲ့ကြသည်ကို နားမ လည်သဘောမပေါက်ဘဲ အသက်တာတွင် အသက်ရှင်နေကြသည်။ ဘုရား သခင်သည်သာလျှင် လူသားအားလုံး၏ တဦးတည်းသောခင်ပွန်းသည် ဖြစ်သောကြောင့် ဝိညာဉ်ရေးဆိုင်ရာမှားယွင်းခြင်းအမှုကို ကျူးလွန်ခြင်း သည် အခြားသောဘုရားကို ကိုးကွယ်ခြင်းနှင့် အတူတူပင်ဖြစ်ပါသည်။ 
မှားယွင်းခြင်းအမှုများကို ပြုနေစဉ်တွေ့ခဲ့သောအမျိုးသမီးသည် ကျွန်ုပ်တို့ကဲ့သို့သော လူသားတဦးဖြစ်သည်။ နောက်ဆုံးရွေးနှုတ်ကယ်တင် ခြင်းခံရသော ကျွန်တော်တို့နည်းတူ သူမသည်လည်း ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရပါသည်။ သို့သော် ဟန်ဆောင်သော ဖါရိရှဲတို့သည် သူတို့၏ရှေ့တွင်သူမကို မတ်တတ်ရပ်ခိုင်းလျက် တရားသူကြီးများကဲ့သို့ သူမကိုလက်ညှိုးထိုးကြကာ ကျောက်ခဲဖြင့် ပစ်သတ်ရန် ကြိုးစားကြသည်။ သူတို့ကိုယ်တိုင် မှားယွင်းခြင်းအမှုကိုမပြုဘူးသော၊ သန့်ရှင်းသောသူများ ကဲ့သို့ သူမကို ပြစ်တင်ကြိမ်းမောင်းကာ တရားစီရင်ကြသည်။ 
မိမိသည် အပြစ်၏အစုအပုံတခုဖြစ်ကြောင်း သဘောပေါက်နား လည်သော ခရစ်ယာန်များသည် ဘုရားသခင်၏ရှေ့မှောက်၌ သူတပါးကို တရားစီရင်ခြင်းမပြုကြပေ။ ယင်းကဲ့သို့ တရား စီရင်ခြင်းမပြုကြရုံသာမက သူတို့၏အသက်တာတလျှောက်လုံး မှားယွင်းခြင်းအမှုကို ပြုသောသူများ ဖြစ်ကြောင်း နားလည်သောကြောင့်အားလုံးကို ရွေးနှုတ်ကယ်တင်ရာဖြစ် သော ဘုရားသခင်၏ကျေးဇူးတော်ကို ရရှိကြပါသည်။ ထို့ကြောင့် မိမိသည် အသက်တာတလျှောက် မှားယွင်းခြင်းအမှုကိုပြုသော အပြစ်သားဖြစ် ကြောင်း ဝန်ခံသောသူများသာလျှင် ဘုရားသခင်၏ရှေ့မှောက်တွင် ရွေး နှုတ်ကယ်တင်ဖို့ရန် အရည်အချင်းပြည့်သူများဖြစ်သည်။ 
 
 
ဘုရားသခင်၏ကျေးဇူးတော်ကို မည်သူခံစားရမည်နည်း
 
ဘုရားသခင်၏ကျေးဇူးတော်ကို
မည်သူခံစားရမည်နည်း
မထိုက်မတန်သောသူ

သူ့မယားကို ပြစ်မှားခြင်းအမှုမပြုဘဲသန့်ရှင်းစွာ အသက်ရှင် သော သူ တစ်စုံတစ်ယောက်သည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားရပါသ လား။ သို့မဟုတ် မိမိသည် မထိုက်တန်သောသူဖြစ်သည်ဟု ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားပါသလား။ ကျေးဇူးတော်ကို ခံစားသောသူသည် ဘုရားသခင်၏ရွေးနှုတ်ကယ်တင်ခြင်းကျေးဇူးတော်ကို အလျှံပါယ်ခံ စားသူ ဖြစ်သည်။ အားနည်းသောသူ၊ ကူညီမစရန်လိုအပ်သောသူ၊ သနားခြင်းခံ ရမည့်သူသည် ကယ်တင်ခြင်းကိုရမည်။ ထိုသူတို့သည် ကျေးဇူးတော်၌ တလုံးတဝတည်းဖြစ်သောသူများ ဖြစ်သည်။ 
ကျွန်တော်၊ ကျွန်မတွင် အပြစ်မရှိပါဟု ထင်မြင်ယူဆသောသူများ သည် ရွေးနှုတ်ကယ်တင်ခြင်းမရနိုင်ပါ။ ရွေးနှုတ်ကယ်တင်စရာအကြောင်း မရှိဘဲ ဘုရားသခင်၏ရွေးနှုတ်ကယ်တင်ခြင်းကျေးဇူးတော်ကို မည်သို့ရရှိ နိုင်မည်နည်း။ 
ကျမ်းပြုဆရားများနှင့်ဖာရိရှဲတို့သည် မှားယွင်းသောအမှုကိုပြုစဉ် ဖမ်းမိသောအမျိုးသမီးကိုယေရှု၏ရှေ့တော်မှောက်သို့ ခေါ်ခဲ့၍ အလယ်၌ ထားပြီးမှ ဆရာ၊ ဤ မိန်းမသည် မှားယွင်းခြင်းအမှုကို ပြုစဉ်တွင်ပင် တွေ့မိပါသည်။ကိုယ်တော်သည်အဘယ်သို့ မိန့်တော်မူမည်နည်းဟု မေးကြ သည်။ သူတို့သည် အဘယ်ကြောင့် အမျိုးသမီးကို ရှေ့တော် သို့ခေါ်ခဲ့ကာ စုံစမ်းနှောက်ယှက်ကြသနည်း။ 
သူတို့ကိုယ်တိုင် မှားယွင်းသောအမှုမြောက်မြားစွာ ကျူးလွန်သော သူများဖြစ်ကြ သော်လည်း ယေရှုပေါ်အပြစ်ပုံချရန် ကြိုးစားသည့်အနေဖြင့် ထိုအမျိုးသမီးကို တရားစီရင်စေပြီးမှ သတ်ဖြတ်ရန်ကြိုးစားခြင်းဖြစ်သည်။ 
ယေရှုကလည်း ထိုသူ၏ရည်ရွယ်ချက်ကို၄င်း၊ အမျိုးသမီး၏အကြောင်းစုံ ကို၄င်း၊ သိထားပြီးဖြစ်သည်။ ထို့ကြောင့်“သင်တို့တွင် အပြစ်ကင်းသောသူ သည် ရှေးဦးစွာ ကျောက်ခဲဖြင့်ပစ်စေ” ဟုမိန့်တော်မူ၏။ ထိုအခါ ကျမ်းပြု ဆရာများနှင့် ဖါရိရှဲတို့စ၍ထိုနေရာတွင်ရှိသောသူ၊ အငယ်ဆုံးမှအကြီးဆုံး သူတိုင်အောင် တယောက်ပြီးတယောက်ထွက်သွားကြကာ ယေရှုနှင့်အမျိုး သမီးသာကျန်ရစ်ကြသည်။ 
တညီတညွတ်တည်း ထွက်သွားသောသူများသည် ဘာသာရေး ခေါင်းဆောင်များဖြစ် ကြသောကျမ်းပြုဆရာများနှင့် ဖါရိရှဲများဖြစ်သည်။ သူတို့သည် မိမိကိုယ်မိမိအပြစ်သားမဟုတ်သည့်အတိုင်း မှားယွင်းသောအ ပြစ်ကိုပြုစဉ် တွေ့မိသောအမျိုးသမီးကို တရားစီရင်သောသူများဖြစ်သည်။ 
ယေရှုသည် ဤလောကကြီးကိုချစ်တော်မူကြောင်း အထင်အရှား ပြသခဲ့ သည်။ သူသည် လူအပေါင်းတို့အား အစားမစာကိုကျွေးခဲ့သည်။ သေသော သူကို ပြန်၍အသက်ရှင်စေသည်။ မုဆိုးမ၏သားကို အသက်ပြန်သွင်းခဲ့ သည်။ ဗေသနိရွာသားလာဇရုကိုပြန်၍အသက်ဝင်စေသည်။ နူနာရောဂါစွဲ ကပ်သူကို အနာရောဂါပျောက်ကင်းစေသည်။ ဆင်ရဲသားများအတွက် အံ့ ဘွယ်နိမိတ်လက္ခဏာများကို ပြုလုပ်ပေးသည်။ အပြစ်သားများ၏ အပြစ် အလုံးစုံကို ယူဆောင်ကာ ကယ်တင်ခြင်းကို ပေးခဲ့သည်။ 
ယေရှုသည် ကျွန်တော်တို့ကို ချစ်တော်မူသည်။ သူသည် အရာ ရာကိုတတ်နိုင်သော ဘုန်းတန်ခိုးတော်နှင့် ပြည့်စုံတော်မူသောသူဖြစ် သော်လည်း ဖါရိရှဲနှင့်ကျမ်းပြုဆရာတို့ကမူ သူတို့၏ရန်သူအဖြစ် မြင်ကြ သည်။ ယင်းသည် မှားယွင်းခြင်းပြုနေစဉ် တွေ့မိသောအမျိုးသမီးကို သူ့ထံ သို့ခေါ်လာရခြင်း၏ အကြောင်းရင်းဖြစ်ပါသည်။
သူတို့က “သခင်၊ ထိုသို့သောမိန်းမကို ကျောက်ခဲဖြင့်ပစ်ရမည်ဟု မောရှေသည် အကျွန်ုပ်တို့အား ပညတ်တရား၌ စီရင်ထုံးဖွဲပါပြီ။ သို့ရာတွင် ကိုယ်တော်သည် အဘယ်သို့ မိန့်တော်မူမည်နည်း”ဟု လျှောက်ကြ၏။ သူမကိုကျောက်ခဲဖြင့်ပစ်ပါဟုမိန့်တော်မူလိမ့်မည်ဟုထင်ကြသည်။အဘယ် ကြောင့်နည်း။ အကယ်၍ ဘုရားသခင်၏ပညတ်တော်စီရင်ထုံးဖွဲသည့်အ တိုင်း တရားစီရင်ရမည်ဆိုလျှင် မှားယွင်းခြင်းအမှုကို ပြုသောသူတိုင်း ခြွင်း ချက်မရှိကျောက်ခဲဖြင့် ပစ်ခြင်းခံကြရမည်။ 
လူသားအားလုံးသည်ကျောက်ခဲဖြင့်အသေပစ်ရန်နှင့် ငရဲပြည်သွား ရန်ကံဇာတာပါသူများဖြစ်သည်။ အပြစ်၏အဖိုးအခသည် သေခြင်းဖြစ် သည်။ သို့သော်လည်းယေရှုကသူမကိုခဲဖြင့်ပစ်ရန် မိန့်တော်မမူဘဲ “သင်တို့ တွင်အပြစ်ကင်းသောသူသည်ရှေးဦးစွာ ကျောက်ခဲဖြင့်ပစ်စေ” ဟုမိန့်တော် မူသည်။ 
 
ဘုရားသခင်သည်အဘယ်ကြောင့် ကျွန်တော်တို့အား ၆၁၃ ပိုဒ်
ပါသောပညတ်တရားကို ခဲ့ပါသနည်း
ကျွန်တော်တို့သည် အပြစ်သားဖြစ်ကြောင်း
နားလည်၍ ဝန်ခံဖို့ရန်ဖြစ်သည်
 
ပညတ်တရားသည်ဘုရားသခင်ကိုဒေါသဖြစ်စေသည်။ သန့်ရှင်း သောဘုရားဖြစ်သကဲ့သို့ပညတ်တရားသည်လည်း သန့်ရှင်းသောဘုရား ဖြစ်သည်။ ဤသန့်ရှင်းသော ပညတ်တရားကို ကျွန်တော်တို့အား ပေးရ ခြင်း၏အကြောင်းရင်းမှာ ကျွန်တော်တို့သည် မပြစ်သော အပြစ်သားများ ဖြစ်ကြောင်းကို ဝန်ခံရန်ဖြစ်သည်။ ထိုပညတ်တရားမှ ဘုရားသခင်၏ ရွေး နှုတ်ကယ်တင်ခြင်းကျေးဇူးတော်အား တောင့်တစေဖို့ရန် ကျွန်တော်တို့ကို သွန်သင်ထားသည်။အကယ်၍ထိုကျေးဇူးတော်ကိုနားမလည်ဘဲ ပညတ်တ ရား၌ ရေးသားထားသည်ကို ဆင်ခြင်မည်ဆိုလျှင် ကျွန်တော်တို့သည် မှားယွင်းခြင်းအမှုကိုပြုမိစဉ်ဖမ်းမိသော အမျိုးသမီးကဲ့သို့ ကျောက်ခဲဖြင့် အ သေပစ်သတ်ခြင်းခံရလိမ့်မည်။ 
ပညတ်တရား၏အမှန်တရားကို မသိနားမလည်သော ကျမ်းပြုဆ ရာများနှင့်ဖါရိရှဲတို့သည်အမျိုးသမီးကိုကျောက်ခဲဖြင့်ပစ်ရမည်ဟု တွေးထင် ထားသည့်အတိုင်း ကျွန်တော်တို့လည်း ထိုသဘောမျိုးရှိကောင်းရှိနိုင် သည်။ သို့သော် သူမနှင့်ထူးမခြားနား အပြစ်ရှိသောအဘယ်သူသည် တွယ် တာရာမဲ့ဖြစ်နေသောသူမကို ကျောက်ခဲဖြင့်ပစ်ဝံ့မည်နည်း။ သူမသည် မှား ယွင်းခြင်းအမှုကို ပြုမိစဉ်တွေ့မိသော်လည်း သူမကို ကျောက်ခဲဖြင့်ပစ်နိုင် မည့်သူ ဤ လောကတွင် ရှိမည်မဟုတ်ပေ။ 
အကယ်၍ ထိုအမျိုးသမီးကို၄င်း၊ ကျွန်တော်တို့တစ်ဦးစီကို၄င်း၊ ပညတ်တရားအတိုင်းသာ တရားစီရင်မည်ဆိုလျှင် ထိုအမျိုးသမီးအပါ အဝင် ကျွန်ုပ်တို့ပါကြောက်မက်ဘွယ်ကောင်းသော တရားစီရင်ခြင်းကို ခံရ လိမ့်မည်။ သို့သော် ယေရှုက အပြစ်သားများဖြစ်ကြသော ကျွန်တော်တို့ကို အပြစ်မှသော်၄င်း၊ တရားစီရင်ခြင်းမှသော်လည်းကောင်း၊ ကယ်တင်ခဲ့ပါ သည်။ အကယ်၍သာ ဘုရားသခင်၏ ပညတ်တရားအတိုင်း တိတိကျကျ အသက်ရှင်ရမည်ဆိုလျှင် ကျွန်တော်တို့အထဲ၌ အပြစ်နှင့်အတူ အဘယ်သူ သည် အသက်ရှင်နိုင်မည်နည်း။ အယောက်တိုင်း ငရဲနှင့်သာရင်ဆိုင်ရ လိမ့်မည်။ 
သို့သော် ကျမ်းပြုဆရာများနှင့် ဖါရိရှဲတို့သိနားလည်သော ပညတ် တရားတော်သည်စာအုပ်ကြီးအတိုင်းသာဖြစ်သည်။ အကယ်၍ ပညတ်တ ရားအတိုင်းသာအမှန်အကန်လိုက်လျှောက်ရမည်ဆိုလျှင်သူတပါးကို အ ပြစ်စီရင်သည့်နည်းတူ ထိုပညတ်တရားတော်က သူတို့ကို သေစေလိမ့် မည်။ အမှန်မှာ ပညတ်တရားသည် လူတို့အားမိမိအပြစ်များကို သိမှတ် ဝန်ခံစေဖို့ပေးထားသော်လည်း သူတို့၏နားလည်မှုလွဲမှားခြင်းကြောင့်၄င်း၊ အသုံးချမှုလွဲမှားခြင်း ကြောင့်၄င်း၊ ဆုံးရှုံးရခြင်းဖြစ်သည်။ 
ယနေ့ခေတ်သစ်ဖါရိရှဲများသည်လည်း ကျမ်းစာထဲက ဖါရိရှဲများ နည်းတူ ပညတ်တရားစာအုပ်ကြီးအတိုင်းသာ နားလည်သဘောပေါက်ကြ သည်။ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့်သမ္မာတရားတည်းဟူသော ကျေး ဇူးတော်ကို သဘောပေါက်နားလည်ရမည်။ ကယ်တင်ခြင်းရရှိဖို့ ရွေးနှုတ် ကယ်တင်ခြင်းသတင်းကောင်းကို ဟောပြောရလိမ့်မည်။ 
ဖါရိရှဲတို့က “ထိုသို့သောသူကို ခဲနှင့်ပစ်ရမည်ဟု အကျွန်ုပ်တို့အား ပညတ်တရား၌ စီရင်ထုံးဖွဲပါပြီ။ သို့ရာတွင် ကိုယ်တော်သည် အဘယ် သို့မိန့်တော်မူမည်နည်း”ဟုလျှောက်ကြကာယုံကြည်စိတ်ချစွာဖြင့်ကျောက် ခဲများကိုကိုင်ထားကြသည်။ ဤနေရာတွင် ယေရှုက တစုံတရာပြောဖို့ရန် အကြောင်းရှိမည်မဟုတ်ဟု အသေအချာတွက်ထားကြသည်။ ယေရှုကို သူတို့ထောင်ချောက်တွင် မိဖို့ရန်သာ စောင့်နေကြသည်။ 
အကယ်၍ ယေရှုအနေဖြင့် ပညတ်တရားအတိုင်းစီရင်ဆုံးဖြတ် လျှင်လည်းဘဲ သူတို့သည် ကျောက်ခဲဖြင့်ပစ်လိမ့်မည်။ သူတို့၏ရည်ရွယ် ချက်မှာယေရှုအပါအဝင်အမျိုးသမီးကိုခဲဖြင့်ပစ်သတ်ရန်ဖြစ်သည်။အကယ် ၍ ယေရှုက အမျိုးသမီးကိုခဲဖြင့် မပစ်နှင့်ဟုဆိုလျှင် ဘုရားသခင်၏ပညတ် တရားအား မလေးမခန့်ပြုသည်ဟု စွပ်စွဲကာ ဘုရားတရားကို ပြစ်မှားပြော ဆိုမှုအတွက်ခဲဖြင့် ပစ်သတ်ကြလိမ့်မည်။ အမှန်ပင်ကြောက်မက်ဖွယ် ကောင်းသော လျှို့ဝှက်ကြံစည်မှု ဖြစ်သည်။ 
သို့သော်ယေရှုသည်အောက်သို့ငုံ့လျက် လက်ညိုးဖြင့်မြေကြီး၌ ရေးသား၍နေတော်မူ၏။ ထိုသူတို့က “ကိုယ်တော်သည် အဘယ်သို့မိန့် တော်မူမည်နည်း၊ မြေပေါ်တွင်ဘာကိုရေးနေပါသနည်း။ အခုပင် ကျွန်တော် တို့ မေးနေသည်ကိုဖြေပါ။ အဘယ်သို့မိန့်တော်မူမည်နည်း ဟုထပ်ခါတ လဲလဲ မေးလျှောက်ကြ၏။ယေရှုကိုလက်ညိုးငေါက်ငေါက်ထိုးကာ အနှောင့် အယှက်ပေးကြ၏။ထိုအခါ ယေရှုသည် မတ်တတ်ရပ်လျက် “သင်တို့တွင် အပြစ်ကင်း သောသူသည် ရှေးဦးစွာ ကျောက်ခဲဖြင့်ပစ်စေ” ဟုမိန့်တော်မူလေသည်။ ထိုသို့မိန့်တော်မူပြီးနောက် အောက်သို့ငုံ့လျက် လက်ညိုးတော်ဖြင့် မြေ၌ ရေးသားတော်မူပြန်သည်။ ထိုစကားကိုကြားသောသူတို့သည် အသိဉာဏ် တွင်မိမိ၏အပြစ်ကိုဖေါ်ပြသဖြင့်အသက်ကြီးသောသူမှစ၍အငယ်ဆုံးသော သူတိုင်အောင် တယောက်ပြီးတယောက်ထွက်သွားကြကုန်၏။ ယေရှုသည် တယောက်တည်းကျန်ရစ်တော်မူ၍မိန်းမသည်သူ၏ရှေ့မှောက်တွင် ရပ်နေ သည်။ 
 
 
သင်တို့တွင် အပြစ်ကင်းသောသူသည် ရှေးဦးစွာ ကျောက်ခဲဖြင့် သူမအား ပစ်စေ
 
မည်သည့်နေရာတွင်
အပြစ်များရေးမှတ်ပါသနည်း
ကျွန်တော်တို့၏နှလုံးသားများနှင့်အကျင့်တ ရားစာစောင်များတွင်ရေးမှတ်ထားပါသည်

ယေရှုကသင်တို့တွင်အပြစ်ကင်းသောသူသည် ရှေးဦးစွာ ကျောက် ခဲဖြင့် သူမအားပစ်လောဟုဆိုကာ တဖန်အောက်သို့ငုံ့၍ မြေကြီး၌ရေး သားတော်မူပြန်သည်။ အသက်ကြီးသူများမှစ၍ ထွက်ခွါသွားကြသည်။ အပြစ်ပို၍ကျူးလွန်ကြသော အသက်ကြီးသောသူဖါရိရှဲများသည် ဦးစွာ ထွက်ခွါသွားကြပါလိမ့်မည်။ နောက်မှ ငယ်ရွယ်သောသူများလိုက်မည်ဖြစ် သည်။ ယေရှုသည် ကျွန်တော်တို့၏အလယ်၌၄င်း၊ ကျွန်တော်တို့သည် အ မျိုးသမီး၏ပတ်ပတ်လည်တွင်၄င်း၊ အသီးသီးရပ်နေကြသည်ဆိုပါစို့။ အ ကယ်၍သာ ယေရှုက သင်တို့တွင် အပြစ်ကင်းသော သူသည် ရှေးဦးစွာ ကျောက်ခဲဖြင့်ပစ်စေဟု မိန့်တော်မူခဲ့လျှင် မိတ်ဆွေ ဘာလုပ်မည်နည်း။ 
ယေရှုသည် မြေပေါ်၌မည်သည့်အရာများ ရေးမှတ်သနည်း။ ကျွန် တော်တို့၏ဖန်ဆင်းရှင် ဘုရားသခင်သည် ကျွန်တော်တို့၏အပြစ်များကို နှစ်နေရာတွင် ရေးမှတ်ထားပါသည်။ 
ပထမဦးစွာ ကျွန်တော်တို့၏အပြစ်များကို ကျွန်တော်တို့၏နှလုံး သားပေါ်တွင် ရေးမှတ်ထားပါသည်။ ယုဒအမျိုး၏အပြစ်သည် သံကညစ် စိန်ချွန်ဖြင့်သူတို့၏နှလုံးသားပေါ်၌၄င်း၊ ယဇ်ပလ္လင်ဦးချို၌၄င်း၊ အက္ခရာတင် ၍ မှတ်သားလျက်ရှိသည်။ (ယေရမိ ၁၇း၁)
ကျွန်တော်တို့ကို ကိုယ်စားပြုသောယုဒလူမျိုးအားဖြင့် ဘုရားသ ခင်သည် ကျွန်တော်တို့ကို မိန့်တော်မူခဲ့ပါသည်။ လူသားများ၏အပြစ်များ ကို သံကညစ်အားဖြင့်၄င်း၊ စိန်ချွန်အားဖြင့်၄င်း၊ ထွင်းထုထားသည်။ ကျွန် တော်တို့၏နှလုံးသားပေါ်တွင် ရေးမှတ်ထားပါသည်။ ယေရှုသည် အောက် သို့ငုံ့လျက် မြေပေါ်၌လူသားအားလုံး၏အပြစ်များကို ရေးမှတ်ခဲ့ပါသည်။ 
ကျွန်တော်တို့သည် အပြစ်ကျူးလွန်ကြောင်း သိသောကြောင့် ထို အပြစ်များကို ကျွန်တော်တို့၏နှလုံးသား၌ ထုထွင်းရေးမှတ်ထားသည်။ ကျွန်တော်တို့သည် ပညတ်တရားမတိုင်မီကပင် ပျက်စီးလွယ်သောသူများ ဖြစ်သောကြောင့် ကျွန်တော်တို့၏ကိုယ်ကျင့်တရား၊ ကျူးလွန်ခဲ့သည့်အ ပြစ်တရားများကို ဦးစွာရေးမှတ်ထားလေသည်။ ထိုကဲ့သို့သောအပြစ်များ ကို ကျွန်တော်တို့၏နှလုံးသားထဲတွင် ရေးမှတ်ခြင်းဖြင့် ပညတ်တရားကို သတိရတိုင်း မိမိတို့သည် အပြစ်သားများဖြစ်ကြောင်း နားလည်နိုင်သည်။ ကျွန်တော်တို့၏နှလုံးသားနှင့်အသိတရားတွင် အပြစ်များကို ရေးမှတ်သည့် အချိန်မှစ၍ ဘုရားသခင်၏ရှေ့မှောက်တွင် ကျွန်တော်တို့သည် အပြစ်သား များဖြစ်ကြောင်း နားလည်လိမ့်မည်။ 
ယေရှုသည် ငုံ့၍ဒုတိယအကြိမ်ရေးမှတ်ခဲ့ပြန်သည်။ သမ္မာကျမ်း စာတွင် ဘုရားသခင်၏ရှေ့မှောက်၌ အကျင့်တရားစာစောင်တွင် ကျွန်ုပ် တို့၏အပြစ်အလုံးစုံကို ရေးမှတ်ထားသည်ဟု ရေးသားထားပါသည်။ (ဗျာဒိတ် ၂၀း၁၂)ထို အကျင့်တရားစာစောင်ထဲတွင် အပြစ်သားတိုင်း၏ နာမည်နှင့် သူ၊သူမ၏အပြစ်များကို ရေးမှတ်ထားလေသည်။ လူတို့၏နှလုံး သားပေါ်တွင်လည်း ရေးမှတ်ထားသည်။ ကျွန်တော်တို့၏အပြစ်များကို အ သက်စာစောင်နှင့် ကျွန်တော်တို့၏နှလုံးသားတွင် ရေးမှတ်ထားသည်။ 
ငယ်ရွယ်သူဖြစ်စေ၊ အသက်ကြီးသူဖြစ်စေ၊ လူတိုင်း၏နှလုံးသား ပေါ်တွင် အပြစ်များကို ရေးမှတ်ထားပါသည်။ ထို့ကြောင့် အမျိုးသမီးကို တရားစွဲရန်ကြိုးစား သောသူများသည် ယေရှု၏ရှေ့မှောက်တွင် ပြောစရာ မရှိဖြစ်ခဲ့ကြသည်။ အမျိုးသမီးကို ခဲဖြင့်ပစ်သတ်ရန် ကြိုးစားသောသူများ သည် ယေရှု၏စကားတော်ကြောင့် ဘာမှမတတ်နိုင်ကြချေ။ 
 
နှစ်နေရာတွင် ရေးမှတ်ခဲ့သော
ကျွန်တော်တို့၏အပြစ်များကို မည်သည့်
အချိန်တွင် ပယ်ဖျက်မည်နည်း
ရေနှင့်အသွေးတော်၏ရွေးနှုတ်ကယ်တင်ခြင်းကိုကျွန် တော်တို့၏စိတ်နှလုံးထဲ၌ လက်ခံယုံကြည် သည့်အခါတွင်ပယ်ဖျက်လိမ့်မည်

သို့သော်လည်းသင်သည်သူ၏ကယ်တင်ခြင်းရရှိသည့်အခါ အကျင့် တရားစာစောင်တွင် ရေးမှတ်ထားသောသင်၏ အပြစ်အလုံးစုံကို ပယ် ဖျက်ပြီး အသက်စာစောင်တွင် သင်၏နာမည်ကို ရေးသွင်ပါလိမ့်မည်။ အ သက်စာစောင်တွင်နာမည်ပါသောသူများသည် ကောင်းကင် နိုင်ငံတော် သို့သွားရလိမ့်မည်။ ဖြောင့်မတ်ခြင်းနှင့်နိုင်ငံတော်အတွက် ဤလောကတွင် သူတို့၏ကောင်းမှုလုပ်ဆောင်ခဲ့သမျှကို ထိုအသက်စာစောင်တွင် ရေးမှတ် ထားပါသည်။ သူတို့သည် ကောင်းကင်နိုင်ငံတော်ကို ဝင်စားမည့်သူများ ဖြစ်ကြသည်။ အပြစ်မှကယ်တင်ခြင်းရရှိသော သူများသည် ထာဝရနေရာ တွင် ဝင်စားရလိမ့်မည်။ 
လူတိုင်း၏အပြစ်အလုံးစုံကို နှစ်နေရာတွင် ရေးမှတ်ထားသဖြင့် မည်သူမျှ ဘုရားသခင်ကို လှည့်ဖြား၍မရကြောင်း သတိရစေလိုပါသည်။ မည်သူတစုံတယောက်မျှ စိတ်နှလုံးထဲတွင် အပြစ်မလုပ်သူ (ဝါ) သူ့မယား ကိုမပြစ်မှားသောသူဟူ၍မရှိပါ။လူသားအားလုံးသည် မပြည့်စုံသော အပြစ် သားများဖြစ်ကြသည်။ 
စိတ်နှလုံးထဲတွင် ယေရှု၏ရွေးနှုတ်ကယ်တင်ခြင်းကို လက်မခံ သောသူများလည်းကယ်တင်ခြင်းမရနိုင်ပါ။သူတို့၏အပြစ်အတွက်ပြင်းထန် သောနာကျင်မှု ဝေဒနာကို ခံစားရလိမ့်မည်။ သူတို့တွင် ယုံကြည်စိတ်ချမှု မရှိပါ။ သူတို့၏အပြစ်များကြောင့် ဘုရားသခင်ကို၄င်း၊ သူတပါးကို၄င်း၊ ကြောက်ရွံ့မှုရှိကြ၏။ သို့သော် သူတို့၏စိတ်နှလုံးထဲတွင် ရေနှင့်ဝိညာဉ် တော် ကယ်တင်ခြင်းသတင်းကောင်းကို လက်ခံသည့်တခဏတာအတွင်း သူတို့၏နှလုံးသားနှင့် အကျင့်တရားစာစောင်တွင် ရေးမှတ်ထားသောအ ပြစ်အလုံးစုံသည် သန့်စင်စေခြင်းခံရလိမ့်မည်။ သူတို့ ၏အပြစ်အလုံးစုံမှ ကယ်တင်ခြင်းခံရပြီ။ 
အသက်စာစောင်သည်ကောင်းကင်နိုင်ငံတော်တွင်ရှိသည်။ ရေနှင့် ဝိညာဉ်တော်ကယ်တင်ခြင်းကို ယုံကြည်သောသူတို့၏နာမည်များသည် ထို စာစောင်တွင် ရေးမှတ်ထားသဖြင့် သူတို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်စားကြရလိမ့်မည်။ သူတို့သည် ဤလောက၌အပြစ် မလုပ်ခဲ့သော ကြောင့်ကောင်းကင်နိုင်ငံတော်သို့ဝင်စားခြင်းမဟုတ်ဘဲ ရေနှင့်ဝိညာဉ် တော်၏ကယ်တင်ခြင်းသတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့်သာ သူတို့ ၏အပြစ်အလုံးစုံမှ ကယ်တင် ခြင်းခံရခြင်းဖြစ်သည်။ (ရော ၃း၂၇)
ခရစ်မိတ်ဆွေများ၊ ကျမ်းပြုဆရာများနှင့်ဖါရိရှဲတို့သည်မှားယွင်း ခြင်းအမှုကိုပြုစဉ်တွင် တွေ့မိသောအမျိုးသမီးကဲ့သို့ အပြစ်သားများဖြစ်ကြ သည်။ 
အမှန်အားဖြင့် သူတို့သည် မိမိကိုယ်မိမိလှည့်စား၍၄င်း၊ သူတို့ သည် အမြစ်ရှိသောသူများမဟုတ်ကြောင်း သူတပါးအားလှည့်စား၍၄င်း၊ ပို၍ အပြစ်ကျူးလွန်သောသူများဖြစ်ကောင်းဖြစ်နိုင်သည်။ ဘာသာရေး ခေါင်းဆောင်များသည် တရားခွင့်ပြုချက်ရှိသော သူခိုးများဖြစ် ကြသည်။ ဝိညာဉ်များကို ခိုးယူသောသူခိုး၊ တနည်းအားဖြင့် အသက်သူခိုးများဖြစ် ကြသည်။သူတို့ကိုယ်တိုင် ကယ်တင်ခြင်းမခံရသေးသော်လည်း သူတပါးယုံ ကြည်နိုင်လောက်အောင် ပြောရဲ ဆိုရဲကြသည်။ 
ပညတ်တရားအရအပြစ်မရှိသူဟူ၍တစုံတယောက်မျှမရှိ။သို့သော် လူတယောက်သည်အပြစ်တစုံတရာမကျူးလွန်ဘဲသူ၊သူမတွင် အပြစ်ကင်း စင်ခြင်းကြောင့်မဟုတ်ဘဲ ရွေးနှုတ်ကယ်တင်ခြင်းခံရသောကြောင့် ဖြောင့် မတ်ခြင်းသို့ရောက်နိုင်သည်။ ထိုကဲ့သို့သောသူကို အသက်စာစောင်တွင် ရေးမှတ်ထားပါသည်။ လူတယောက်၏နာမည်သည် အသက်စာစောင်တွင် ပါမပါဆိုသည့်အချက်မှာ အရေးကြီးသောအချက်ဖြစ်ပါသည်။ လူတို့သည် အသက်တာတွင် အပြစ်မကျူးလွန်ဘဲအသက်ရှင်နိုင်သည့်အချိန်မှစ၍အ သက်စာစောင်တွင်ရေးမှတ်ရန်အတွက်အစဉ်သဖြင့်ရွေးနှုတ်ကယ်တင်ခြင်း ခံရလိမ့်မည်။ 
သင့်အား ကောင်းကင်နိုင်ငံတွင် လက်ခံရန် သင့်မသင့်ဆိုသည့်အ ကြောင်းအရာသည် စစ်မှန်သောသတင်းကောင်းကို ယုံကြည်လက်ခံခြင်းရှိ မရှိဆိုသည့် အချက်ပေါ်တွင်မူတည်သည်။ နောက်တဖန် ဘုရားသခင်၏ ကျေးဇူးတော်ခံစားဖို့ရန်သင့်မသင့်သည်လည်းယေရှု၏ကယ်တင် ခြင်းအား ယုံကြည်လက်ခံမှုအပေါ်မူတည်သည်။ မှားယွင်းခြင်းအမှုကို ကျူးလွန် နေစဉ် ဖမ်းမိသောအမျိုးသမီးတွင် မည်သို့ဖြစ်ခဲ့သနည်း။ သူမသေရ တော့မည်ကို သိရှိခဲ့သဖြင့် ဒူးထောက်၍ မျက်စိမှိတ်ကာ မိမိကိုယ်မိမိ ငြင်း ပယ်ခဲ့သည်။ သူမသည် နောင်တရလျက် ငိုခြင်းလည်းဖြစ် ကောင်းဖြစ်နိုင် ပါသည်။ လူတို့သည် သေခြင်းနှင့်ရင်ဆိုင်ရသောအခါ ကိုယ်တိုင်ဖြောင့်မတ် ရိုးသားလာတတ်ကြသည်။ 
အိုဘုရားသခင်၊ ကျွန်မသည် သေဖို့ထိုက်တန်သောသူဖြစ်ပါသည်။ ကျေးဇူးပြု၍ ကိုယ်တော်၏လက်တော်၌ ကျွန်မ၏ဝိညာဉ်ကို လက်ခံ တော်မူပါ။ သနားကြင်နာခြင်းထားတော်မူပါ။ ယေရှု၊ ကျွန်မပေါ် ကြင်နာ သနားတော်မူပါ။ သူမသည် ရွေးနှုတ်ကယ်တင်ခြင်းဂရုဏာ တော်အတွက် ယေရှုထံအသနားခံခဲ့သည်။ ဘုရားသခင်၊ အကယ်၍ ကျွန်မကိုတရား စီရင်မည်ဆိုလျှင် တရားစီရင်ခြင်းခံရပါလိမ့်မည်။ အကယ်၍ ကျွန်မတွင် အပြစ်မရှိပါဟုမိန့်တော်မူလျှင်လည်း ကျွန်မ၏အပြစ်များသည် ကင်းစင်ပြီး ဖြစ်ပါသည်။ ကိုယ်တော်၏ရှေ့မှောက်တွင် အစစ်ဆေးခံရန် ရောက်နေ ပါပြီဟု ဆိုကောင်းဆိုနိုင်ပါသည်။ သူမသည် အရာရာကို ယေရှုထံအပ်နှံ ထား ကြောင်း အပြစ်ကို ဝန်ခံဖွယ်ရှိသည်။ 
ယေရှု၏ရှေ့တော်မှောက်သို့ ခေါ်ဆောင်လာခဲ့သော အမျိုးသမီး သည် “ကျွန်မ မှားပါတယ်။ ကျွန်မပြုခဲ့သောမှားယွင်းမှုမှ လွှတ်တော်မူပါ” ဟူ၍မလျှောက်ပါ။ သူမက “ကျေးဇူးပြု၍ ကျွန်မ၏အပြစ်များမှ ကယ်တင် တော်မူပါ၊အကယ်၍ကျွန်မ၏အပြစ်များမှ ကိုယ်တော်ရွေးနှုတ် မည်ဆိုလျှင် ကျွန်မသည်ကယ်တင်ခြင်းခံရလိမ့်မည်။ အကယ်၍ ထိုသို့မပြုဘူးဆိုခဲ့လျှင် ကျွန်မသည် ငရဲကိုသာသွားရလိမ့်မည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ သည် ကျွန်မတွင် လိုအပ်နေပါ၏။ သူ၏သနားကြင်နာခြင်းသည် ကျွန်မ တွင် အလွန်ပင်ဆာငတ်လျက်ရှိသည်ဟု ရွတ်ဆိုနိုင်ပါသည်။ သူမသည် မျက်စိကိုမှိတ်ကာ သူမ၏အပြစ်များကိုဝန်ခံ၍ ဖြောင့်ချက်ပေးလေသည်။
ထိုအခါ ယေရှုက“သင့်ကို အပြစ်တင်သောသူတို့သည် အဘယ်မှာရှိကြ သနည်း။ သင်၏အမှုကို အဘယ်သူမျှမစီရင်သလော”ဟု သူမကို မေးလေ သည်။ သူမကလည်း အဘယ် သူမျှမစီရင်ပါသခင်ဟု လျှောက်လေသည်။ 
ယေရှုက “ငါသည်လည်း သင်၏အမှုကိုမစီရင်ပါ” ဟုမိန့်တော်မူ လေသည်။ ယေရှုသည် သူမ၏အပြစ်ကို ယောဒန်မြစ်တွင် သူ၏ဗတ္တိဇံ အားဖြင့် ယူဆောင်သွားပြီး ယခုပင် သူမသည် ကယ်တင်ခြင်းခံရပြီဖြစ် သောကြောင့် ယေရှုကိုယ်တိုင် တရားစီရင်ခြင်းမပြုတော့ပေ။ ယခု တွင်မူ တရားစီရင်မည့်သူသည် အမျိုးသမီးမဟုတ်တော့ဘဲ အမျိုးသမီး၏အပြစ် များအတွက် ယေရှုသာလျှင် တရားစီရင်ခြင်းခံရလိမ့်မည်။ 
 
 
ငါသည်လည်း သင်၏အမှုကို မစီရင်ပါဟုမိန့်တော်မူ၏
 
ယေရှုသည် သူမကို
တရားစီရင်ပါသလား
မစီရင်ပါ

ဤအမျိုးသမီးသည် ယေရှု၌ကယ်တင်ခြင်းနှင့်အတူ ကောင်းချီး ပေး*ခြင်းခံခဲ့ရပါသည်။ သူမသည် အပြစ်အလုံးစုံမှ ရွေးနှုတ်ကယ်တင်ခြင်း ရရှိသည်။ ကျွန်တော်တို့၏သခင်ယေရှုက ကျွန်တော်သည် အပြစ်အလုံးစုံမှ ရွေးနှုတ်တော်မူသဖြင့် ဖြောင့်မတ်သောသူဖြစ်ကြောင်း မိန့်တော်မူသည်။ 
ကျမ်းစာတော်၌လည်း အလားတူဖေါ်ပြထားပါသည်။ ယော်ဒန် မြစ်၌ ခံယူခဲ့သောသူ၏ဗတ္တိဇံနှင့်အတူ ကျွန်တော်တို့၏အပြစ်အလုံးစုံအ တွက် ပေးဆပ်ရန် လက်ဝါးကားတိုင်ပေါ်တွင် အသေခံခဲ့သည်။ သူ၏ဗတ္တိ ဇံဖြင့်ရွေးနှုတ်ကယ်တင်ခြင်းနှင့်ကားတိုင်တော်၌တရား စီရင်ခြင်းအမှုအား ဖြင့် ယုံကြည်သောသူအားလုံး ရွေးနှုတ်ကယ်တင်ခဲ့ကြောင်း အတိအလင်း ဖေါ်ပြထားပါသည်။ ကျွန်တော်တို့အားလုံး ယေရှု၏နှုတ်ထွက်စကားတော် ဖြစ်သောနှုတ်ကပတ်တော်ကို စွဲကိုင်ထားရန်လိုအပ်ပါသည်။ သို့မှသာလျှင် အားလုံးရွေးနှုတ်ကယ်တင်ခြင်းကောင်းချီး ခံစားရလိမ့်မည်။ 
ဘုရားသခင်၊ ကိုယ်တော်၏ရှေ့မှောက်၌ မထိုက်တန်သောသူ ဖြစ်သည်။ ကျွန်တော်မျိုးစိတ်ထဲ၌ ကောင်းသောအရာတစုံတခုမှမရှိပါ။ ကိုယ်တော်အား ပြသရန် ကျွန်တော်၏ အပြစ်မှအပအခြားမရှိပါ။ သို့သော် ယေရှုသည် ကျွန်တော်၏ကယ်တင်ရှင်၊ အရှင်သခင်ဖြစ်ကြောင်း ယုံကြည် ပါ၏။ သူသည် ကျွန်တော်၏အပြစ်များကို ယော်ဒန်မြစ်သို့ ဆောင်ယူသွား ပြီး ကားတိုင်ပေါ်တွင် ထိုအပြစ်များအတွက် ပေးဆပ်ခဲ့သည်။ သူ၏ဗတ္တိဇံ၊ အသွေးတော်နှင့်အတူ ကျွန်တော်၏အပြစ်အားလုံးကို သယ်ဆောင်သွားပါ သည်။ သခင်၊ ကိုယ်တော်ကို ယုံကြည်ပါ၏။ 
ယင်းမှာ သင်သည် မည်ကဲ့သို့ကယ်တင်ခြင်းခံရမည့်အကြောင်း ဖြစ်ပါသည်။ အကျွန်တော်တို့ကို တရားမစီရင်ပါ။ ဘုရားသခင်၏သားသမီး များဖြစ်ရသောအခွင့်ကို အမှန်အကန်ပေးထားပါသည်။ ရေနှင့်ဝိညာဉ် တော်၏ရွေးနှုတ်ကယ်တင်ခြင်းကို ယုံကြည်သောသူများသည် သူတို့၏ အပြစ်အလုံးစုံကို သယ်ဆောင်သွားပါသည်။ 
ချစ်သောဓမ္မမိတ်ဆွေများ၊ အမျိုးသမီးသည် ရွေးနှုတ်ခြင်းခံရပြီ။ မှားယွင်းသောအမှုကို ပြုနေစ၍တွေ့မိသောထိုအမျိုးသမီးသည် သခင်ယေ ရှု၏ရွေးနှုတ်ကယ် တင်ခြင်းကောင်းချီးကိုပေးခဲ့သည်။ အလားတူ ကျွန် တော်တို့သည်လည်းကောင်း ချီးခံစားနိုင်ပါသည်။ မိမိအပြစ်များကို နား လည်၍ သူ၊သူမကို သနားကြင်နာဖို့ရန် ဘုရားသခင်ထံတောင်းလျှောက်ပြီး သူ၊ သူမသည် ရေနှင့်ယေရှု၏သန့်ရှင်းသော ဝိညာဉ်တော်၌ရွေးနှုတ်ခြင်းကို ယုံကြည်သောသူသည် ဘုရားသခင်ထံမှရွေးနှုတ် ကယ်တင်ခြင်းကောင်း ချီးကို ရရှိလိမ့်မည်။ ဘုရားသခင်၏ရှေ့မှောက်တွင် မိမိအပြစ် ကိုဝန် ခံသောသူတို့သည် ကယ်တင်ခြင်းရရှိနိုင်သော်လည်း မိမိသည် အပြစ်ရှိ သောသူဖြစ်ကြောင်း သဘောမပေါက်သောသူများသည် ရွေးနှုတ်ကယ် တင်ခြင်းနှင့်အတူ ကောင်းချီး ခံစားနိုင်မည်မဟုတ်ပေ။ 
ယေရှုသည် ဤလောက၏အပြစ်များကို ဆောင်သွားပါသည်။ (ယောဟန် ၁း၂၉)ဤလောကရှိအပြစ်သားတိုင်းသည် အကယ်၍ ယေရှု ကိုယုံကြည်မည်ဆိုလျှင် ကယ်တင်ခြင်းကို ရရှိနိုင်ပါသည်။ ယေရှုက အမျိုး သမီးကို “ငါသည်လည်း သင်၏အမှုကိုမစီရင်”ဟု မိန့်တော်မူသည်။ အ ကြောင်းမှာသူမ၏အပြစ်အလုံးစုံကို ယေရှုဗတ္တိဇံအားဖြင့် အသစ်တဖန်မွေး ဖွားခဲ့ သောကြောင့် သူမအား အပြစ်မစီရင် ဟုမိန့်တော်မူရခြင်းဖြစ်သည်။ ကျွန်တော်တို့၏ အပြစ်အလုံးစုံကို ကိုယ်တိုင်ဆောင်သွားကာ ကျွန်တော် တို့၏ကိုယ်စား ထိုအပြစ်များအတွက် တရား စီရင်ခြင်းခံရခြင်းဖြစ်သည်။ 
 
 
ကျွန်တော်တို့သည် ယေရှု၏ရှေ့တော်မှောက်၌ ကယ်တင်ခြင်းခံရသောအခွင့် ရှိပါသည်
 
ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့်
တရားစီရင်ခြင်းတွင် မည်သည့်အရာ သည်ပို၍ကြီးမြတ်ပါသနည်း
ဘုရားသခင်၏ချစ်ခြင်းမေတ္တာ

သူတို့၏လက်တွင် ကျောက်ခဲများကိုင်ဆောင်ထားကာ ဖါရိရှဲများ နည်းတူ ယနေ့ဘာသာရေးခေါင်းဆောင်များသည်လည်း ပညတ်တရား၏ အက္ခရာစာလုံးကို အဓိပ္ပါယ်ဖွင့်ဆိုကြသည်။ ပညတ်တရားက သူ့မယားကို မပစ်မှားရဟုဆိုသည့်အတိုင်း တစုံတယောက်သည် အလားတူအပြစ်များ ကျူးလွန်ပါက ကျောက်ခဲဖြင့် အသေပစ်သတ်ရမည်ဟု ယုံကြည်ထားကြ သည်။ သူတို့တွင် မှားယွင်းသောအမှုမပြုဘူးသူများကဲ့သို့ ဟန်ဆောင်နေ စဉ်မှာပင် တဏှာများဖြင့် အမျိုးသမီးကို ခိုးကြည့်ကြသည်။ ထိုသူများသည် ရွေးနှုတ်ခြင်း (ဝါ) ကယ်တင်ခြင်းကို ရနိုင်မည်မဟုတ်ပေ။ ဇါရိရှဲနှင့် ကျမ်း ပြုဆရားများသည် ဤလောကရှိအကျင့်တရားသမားများ ဖြစ်ကြသည်။ သူတို့သည် ယေရှုခေါ်သောသူများတွင် မပါကြပေ။ ထိုသူတို့သည် “ငါသည် သင်တို့ကိုတရားမစီရင်” ဟုခရစ်တော်မိန့်တော်မူသည်ကို မည်သည့်အခါမျှ ကြားကြရမည် မဟုတ်ပေ။ 
မှားယွင်းသောအမှုကိုပြုနေစဉ် တွေ့မိသောအမျိုးသမီးသည် ပျော် စရာ အတိဖြစ်သောစကားများကိုသာ ကြားရပါသည်။ ယေရှု၏ရှေ့ မှောက်တွင် ရိုးသားဖြောင့်မတ်သောသူဖြစ်လျှင် သူမကဲ့သို့ ကောင်းချီးခံ စားရလိမ့်မည်။ ဘုရားသခင်၊ ကျွန်တော်၏အစွမ်းအစဖြင့် မတတ်နိုင်ပါ။ အသက်တာတလျှောက်လုံးမှားယွင်းသောအမှုများကိုသာလုပ်ခဲ့ပါ၏။ ထို သို့ အပြစ်များကိုသာလုပ်ခဲ့သည်ကို နားမလည်သောကြောင့် မကြာခဏ လုပ်နေရပါသည်။နေ့စဉ်နှင့်အမျှ ထိုကဲ့သို့သောအပြစ်များကို အကြိမ်ပေါင်း များစွာ ကျူးလွန်ခဲ့ပါသည်ဟု မိမိအပြစ်ကို ဝန်ခံပါ။ 
ထိုပညတ်တရားကို ယုံကြည်လာသောအခါ ကျွန်တော်တို့သည် အမှန်စင်စစ်သေရမည့်အပြစ်သားများဖြစ်ကြောင်းသိလျက်ဘုရားသခင်နှင့် ရင်ဆိုင်တွေ့ဆုံသောအခါ “ဘုရားသခင်၊ ကျွန်တော်သည် မည်သို့သော သူဖြစ်ကြောင်းနားလည်စေပါ။ကျေးဇူးပြု၍ ကယ်တင်တော်မူပါ” ဟုကျိုးနွံ စွာဖြင့် လျှောက်ရမည်။ ထိုအခါ ဘုရားသခင်သည် ရွေးနှုတ်ကယ်တင် ခြင်းနှင့်အတူ ကျွန်တော်တို့ကို ကောင်းချီးပေးလိမ့်မည်။ 
ယေရှုခရစ်၏ချစ်ခြင်းမေတ္တာတော်ဖြစ်သော ရေနှင့်ဝိညာဉ်တော် ၏သတင်းကောင်းသည် ဘုရားသခင်၏တရားစီရင်ခြင်းကို ကျော်လွှား အောင်မြင်စေပါသည်။ “ငါသည်လည်း သင်၏အမှုကိုမစီရင်၊ သူသည် ကျွန် တော်တို့ကို တရားစီရင်မည်မဟုတ်။ သင်သည် ရွေးနှုတ်ကယ်တင်ခြင်း ခံရပြီ”ဟုမိန့်တော်မူ၏။ကျွန်တော်တို့ သခင်ယေရှုခရစ်တော်သည် ဂရုဏာ တော်ဘုရားဖြစ်သည်။ ကျွန်တော်တို့အား ဤလောက၏အပြစ်အလုံးစုံမှ ကယ်နှုတ်တော်မူ၏။ 
ကျွန်တော်တို့၏ဘုရားသည် တရားစီရင်သောဘုရား၊ ချစ်ခြင်း မေတ္တာသည် သူ၏တရားစီရင်ခြင်းထက်သာ၍ ကြီးမြတ်ပါသည်။ 
 
 
သူ၏ချစ်ခြင်းမေတ္တာသည် သူ၏တရားစီရင်ခြင်းထက်သာ၍ ကြီးမြတ်ပါသည် 
 
အဘယ်ကြောင့် ကျွန်တော်တို့
အားလုံးကို ရွေးနှုတ်တော်မူသနည်း
သူ၏ချစ်ခြင်းမေတ္တာသည် သူ၏တရားစီရင်ခြင်း
ထက်သာ၍ ကြီးမြတ်သောကြောင့်ဖြစ်သည်

အကယ်၍ဘုရားသခင်သည်သူ၏ဖြောင့်မတ်မှုအပြီးသတ်ရန်သူ၏ တရားစီရင်ခြင်းကို အတင်းအကြပ်လုပ်ဆောင်မည်ဆိုလျှင် အပြစ်သား အားလုံးကို တရားစီရင်ပြီး ငရဲသို့ ပို့ရလိမ့်မည်။ သို့သော် ကျွန်တော်တို့ကို ကယ်တင်မည့်သူ၏ချစ်ခြင်းမေတ္တာတော်ကြောင့် တပါးတည်းသောသား တော်ယေရှုကိုဤလောကသို့စေလွှတ်ခဲ့သည်။ ယေရှုကိုယ်တိုင် ကျွန်တော် တို့၏အပြစ်အားလုံးအတွက် တရားစီရင်ခြင်းကို ခံခဲ့ရပါပြီ။ သို့ဖြစ်၍ ယေရှုကိုမိမိ၏ကယ်တင်ရှင်အဖြစ်ယုံကြည်သောသူတိုင်း ဘုရားသခင်၏ သားသမီးဖြစ်လာလျက်ဖြောင့်မတ်ခြင်းသို့ရောက်ရှိကြ၏။ သူ၏မျှတသော တရားစီရင်ခြင်းထက်သူ၏ချစ်ခြင်းမေတ္တာသည်သာ၍ ကြီးမြတ်သည်ဖြစ် ၍ ကျွန်တော်တို့အားလုံးကို ရွေးနှုတ်ကယ်တင်ခဲ့ပါသည်။ 
ဘုရားသခင်သည်ကျွန်တော်တို့ကို တရားမစီရင်ဘဲ သူ၏တရားမျှ တမှုတခုတည်းအတွက် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းရမည်။ တချိန်ကယေရှုသည် ကျမ်းပြုဆရာများ၊ ဖာရိရှဲတို့နှင့်သူတို့၏တပည့် များကို ယဇ်ပူဇော်ခြင်းအကျင့်ထက်သနားခြင်းဂရုဏာအကျင့်ကို ငါနှစ် သက်၏ဟူသောကျမ်းစကားကို နားလည်ခြင်းငှာ သင်တို့သွား၍သင်ကြ လော။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှာ ငါလာသည်မ ဟုတ်။ ဆိုးသောသူတို့ကိုခေါ်ခြင်းငှာ ငါလာသည်ဟု မိန့်တော်မူ၏။ (မဿဲ ၉း၁၃) တချို့သောသူများသည် ယနေ့တိုင် နေ့တိုင်း ဆိတ်၊ သိုးများသတ် လျက် ဘုရားရှေ့တွင်ယဇ်ပူဇော်ကာ နေ့စဉ်ပြုခဲ့သောအပြစ်များကို လွှတ် တော်မူပါ”ဟူ၍ ဆုတောင်းနေကြသည်။ ဘုရားသခင်သည် ယဇ်ပူဇော်ခြင်း ထက်ရေနှင့်ဝိညာဉ်တော်၏ကယ်တင်ခြင်းအပေါ်ကျွန်တော်တို့၏ယုံ ကြည် မှုကိုသာ၍နှစ်သက်၏။သူသည်ကျွန်တော်တို့ကိုရွေးနှုတ်ကယ်တင်ရန်အလို ရှိသည်။ သူ၏ချစ်ခြင်းမေတ္တာအားပေးရန်နှင့် ကျွန်တော်တို့၏သက်ဝင်ယုံ ကြည်ခြင်းကိုလက်ခံရန်လည်းအလိုတော်ရှိပါသည်။နားလည်နိုင်ပါသလားယေရှုသည်ကျွန်တော်တို့အားပြည့်စုံသောကယ်တင်ခြင်းကိုပေးသည်။ 
ယေရှုသည် အပြစ်ကို မုန်းသော်လည်း ဘုရားသခင်၏ပုံဏ္ဍာန် နှင့်အညီ ဖန်ဆင်းထားသောလူများအပေါ် ပြင်းပြသောချစ်ခြင်းမေတ္တာ ထားရှိသည်။ ဖန်ဆင်းခြင်းအထက်၌ထားကာ သူ၏သားသမီးများဖြစ်စေဖို့ ရန် ဆုံးဖြတ်ထားသည့်အပြင် သူ၏ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ကျွန် တော်တို့၏အပြစ်အလုံးစုံကို ဆေးကြောပေးခဲ့သည်။ ထို့ကြောင့် ဘုရား သခင်သည် ကျွန်တော်တို့ကို နောက်ဆုံး၌ ရွေးနှုတ်ကယ်တင်ရန်၄င်း၊ ယေရှုကို တန်ဆာဆင်ရန်အတွက်၄င်း၊ သူ၏သားသမီးများဖြစ်စေ ဖို့ရန်အ တွက်၄င်း၊ ဖန်ဆင်းထားပါသည်။ ယင်းသည် သူဖန်ဆင်းထားသော ကျွန် တော်တို့အပေါ်ထားရှိသော၊ဘုရားသခင်၌ရှိသောချစ်ခြင်းမေတ္တာဖြစ်သည်။ 
အကယ်၍ဘုရားသခင်သာ သူ၏တိကျလှသောပညတ်တရား အရ ကျွန်တော်တို့ကို တရားစီရင်မည်ဆိုလျှင် အပြစ်သားများဖြစ်သောကျွန် တော်တို့အားလုံးသေဖို့သာဖြစ်သည်။သို့သော်သူ၏ဗတ္တိဇံနှင့်ကားတိုင်တော် တွင် သားတော်အား တရားဓမ္မဟောင်းအားဖြင့် အတည်ပြုကြပါစို့။ 
 
 
အာရုံသည် ယဇ်ကောင်ဆိတ်ခေါင်းပေါ်၌ သူ၏လက်နှစ်ဖက်ကိုတင်သည်
 
သူ၏ကိုယ်စားဖြစ်သော အသက်ရှင်သည့် ဆိတ်ခေါင်းပေါ်သို့ ဣသရေလလူမျိုးများ၏ အပြစ်များကိုမည်သူက လွှဲပြောင်းပေးသနည်း
ယဇ်ပုရောဟိတ်မင်း

ဓမ္မဟောင်းကျမ်းတွင် လက်တင်းခြင်းဖြင့်၄င်း၊ ဓမ္မသစ်ကျမ်းတွင် ဗတ္တိဇံခံ ယူခြင်းအားဖြင့်၄င်း၊ ဤလောက၏အပြစ်ကို ဖြေလွှတ်သည်။ ဓမ္မ ဟောင်းတွင်နှစ်စဉ်အစ္စရေးလူမျိုးတို့၏အပြစ်များကို အပြစ်အနာဆာကင်း သော အရှင်လတ်လတ်ဆိတ်ခေါင်းပေါ်ဝယ် ယဇ်ပုရောဟိတ် မင်း၏လက် နှစ်ဖက်တင်ခြင်းအားဖြင့် အပြစ်ဖြေကြလေ့ရှိသည်။ 
“အာရုန်သည် အသက်ရှင်သောဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဖက် ကိုတင်လျက် ဣသရေလအမျိုးသားတို့၏ဒုစရိုက်မှအစ ပြစ်မှားသောအ ပြစ်အမျိုးမျိုးရှိသမျှတို့ကို ဖေါ်ပြ၍ဆိတ်ခေါင်းပေါ်မှာတင်ပြီးလျှင် တောသို့ စေလွှတ်ရမည်။” (ဝတ်ပြု ၁၆း၂၁)
ဤသို့ဖြင့် ဓမ္မဟောင်းခေတ်အခါတွင် လူတို့သည် အပြစ်များကို ဖြေကြလေသည်။ နေ့စဉ်နှင့်အမျှကျူးလွန်သောအပြစ်များမှ ရွေးနှုတ်ဖို့ရန် အတွက်အပြစ်အနာအဆာကင်းသောသိုး (ဝါ) ဆိတ်တကောင်ကို တဲတော် သို့ဆောင်ခဲ့ကာယဇ်ပလ္လင်တော်တွင် ယဇ်ပူဇော်ရမည်။ ယဇ်ကောင်း၏ ခေါင်းပေါ်တွင် လက်နှစ်ဖက်တင်ခြင်းအားဖြင့် ယဇ်ပူဇော်ရာယဇ်ကောင် ပေါ်သို့ သူတို့အပြစ်များကို လွှဲပြောင်းပေးလိုက်သည်။ ထို့နောက် ယဇ် ကောင်ကိုသတ်ကာအသွေးကို ယဇ်ပရောဟိတ်က ယဇ်ပလ္လင်တော်ပေါ် တွင် ဖြန်းလေ၏။ 
ယဇ်ပလ္လင်လေးထောင့်တွင် ဦးချိုများရှိသည်။ ထိုချိုများကို ဗျာ ဒိတ်ကျမ်း၂၀း၁၂တွင်ဖေါ်ပြထားသောအကျင့်တရားစာစောင်၏ သင်္ကေတ ဖြစ်ပါသည်။ ကျန်ရှိနေသေးသောယဇ်ကောင်၏သွေးများကို မြေကြီး၌ဖြန်း ထားလေသည်။ လူသည် မြေမှုန်အားဖြင့် ဖန်ဆင်းထားသောကြောင့် မြေကြီးသည် လူ၏စိတ်နှလုံးကို ကိုယ်စားပြုသသည်။ ဤနည်းအားဖြင့် နေ့စဉ် ကျူးလွန်သော အပြစ်များကို ဖြေလွှတ်ကြသည်။ 
သို့သော်လည်း အပြစ်ဖြေရာယဇ်ပူဇော်ခြင်းအမှုကို နေ့တိုင်းမလုပ် နိုင်သောကြောင့် သူတို့၏အပြစ်များဖြေလွှတ်ဖို့ရန်အတွက် တနှစ်တခါ ကျင်းပသည်ကို ဘုရားသခင်က သဘောတူလက်ခံလိုက်သည်။ သူတို့၏ အပြစ်ဖြေရာနေ့ကို ခုနှစ်လပိုင်း ၁၀ ရက်နေ့တွင် ကျင်းပလေ့ရှိသည်။ ထိုနေ့တွင် အစ္စရေးလူမျိုးတို့ကို ကိုယ်စားပြုသောယဇ်ပရောဖက်မင်းသည် ဆိတ်နှစ်ကောင်ကို ဆောင်ယူကာ ထိုယဇ်ကောင်တို့၏ခေါင်းပေါ်မှာလက် တင်လျက် သူတို့၏အပြစ်များကို ယဇ်ကောင်များထံ လွှဲပြောင်းပေးလိုက် သည်။ ထို့နောက် ဣသရေလတို့အတွက် ဘုရားသခင်၏ရှေ့မှောက်တွင် အပြစ်ဖြေလွှတ်ဖို့ရန်အတွက် ယဇ်ပူဇော်ကြသည်။ 
အာရုန်သည် အသက်ရှင်သောဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဖက်ကို တင်လျက် ဣသရေလအမျိုးတို့၏ဒုစရိုက်မှစ၍ ပြစ်မှားသောအပြစ်အမျိုး မျိုးတို့ကို ဖေါ်ပြ၍ ဆိတ်ခေါင်းပေါ်တွင် တင်ထားသည်။ 
ဘုရားသခင်သည် အစ္စရေးလူမျိုးအားလုးံကို ကိုယ်စားပြုသော ပရော ဟိတ်မင်းကြီးအဖြစ် အာရုန်အား ခန့်ထားသည်။ အားလုံးကို ကိုယ် စားပြုသော ယဇ်ပရောဟိတ်သည် လူတိုင်း၏ကိုယ်စား တနှစ်တာလုံးကျူး လွန်ခဲ့သောအပြစ်များကို ဖြေလွှတ်ဖို့ရန်အတွက် ယဇ်ကောင်များဖြစ်ကြ သောအသက်ရှင်သောဆိတ်၏ခေါင်းပေါ်မှာ လက်နှစ်ဖက်ကိုတင်လိုက် သည်။ 
ထို့နောက် ဘုရားသခင်၏ရှေ့မှောက်တွင် “အို ဘုရားသခင်၊ ကိုယ် တော်၏သားသမီးများဖြစ်ကြသော ဣသရေလလူမျိုးတို့သည် အပြစ်များ လျက်ရှိကြ၏။ ရုပ်တုများကို ရှိခိုးကိုးကွယ်ပါ၏။ ကိုယ်တော်၏ပညတ် တရားအားလုံးကိုလည်း ချိုးဖေါက်လျက်ရှိပါ၏။ နာမတော်အား မုသာ နှင့်ဆိုင်၍မြွက်ဆိုကြပါ၏။ အခြားသောရုပ်တိုများကိုလည်း ထုလုပ်ကြ ပါ၏။ ကိုယ်တော်ရှင်ထက် ထိုရုပ်တုတို့ကို ပို၍ချစ်ခင် လေးစားကြပါ၏။ လူ့အသက်ကို သတ်ပါ၏။ သူ့မယားကိုလည်း ပြစ်မှားပါ၏။ သူ့ပစ္စည်းကို လည်း ခိုးကြ၏။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာကို တပ်မက်လိုချင်စိတ် ရှိကြ၏” ဟုဣသရေလလူတို့၏အပြစ်အလုံးစုံကို လျှောက်ထားလေသည်။ 
သူသည် အပြစ်အလုံးစုံကို တခုချင်း ရေတွက်ခဲ့ပါသည်။ “ဘုရားသခင်၊ ဣသရေလလူမျိုးများဖြစ်စေ၊ ကျွန်တော်မျိုးဖြစ်စေ၏ ကိုယ်တော်၏ပ ညတ်တရားကို မစောင့်ထိန်းဘဲ နေကြပါ၏။ ထိုအပြစ်အလုံးစုံမှ ရွေး နှုတ်ကယ်တင်ဖို့ရန် ဆိတ်၏ခေါင်းပေါ်တွင် လက်ကိုတင်လျက် ထိုအပြစ် အလုံးစုံကိုလွှဲပြောင်းထားပါ၏”ဟုလျှောက်ထားလေသည်။ ယဇ်ပရော ဟိတ် သည် လူအားလုံးအတွက် ယဇ်ပူဇော်ရာ ယဇ်ကောင်၏ခေါင်းပေါ်မှာ လက်တင်ခြင်းဖြင့် အပြစ်အလုံးစုံကို ထိုယဇ်ကောင်၏ ခေါင်းပေါ်သို့လွှဲ ပြောင်းပေးလိုက်သည်။ လက်တင်ပေးခြင်း (ဝါ) ခေါင်းပေါ်တွင် လက် တင်ခြင်းသည် “ကမ်းပေးခြင်း” ဟူ၍ အဓိပ္ပါယ်ရသည်။ (ဝတ်ပြု ၁း၁-၄၊ ၁၆း၂၀-၂၁)
 
ဓမ္မဟောင်းခေတ်တွင် မည်သည့်နည်းဖြင့်
ဤပြစ်လွှတ်ခြင်းကို ထမြောက်စေပါသနည်း
အပြစ်လွှတ်ရန် ယဇ်ပူဇော်သောယဇ်ကောင်၏ခေါင်း ပေါ်တွင် လက်တင်ခြင်းအားဖြင့်ထမြောက်စေပါသည်

ဘုရားသခင်သည် ယဇ်ပူဇော်ခြင်းနည်းစနစ်ကို အစ္စရေးလူမျိုးတို့ အားပေးခဲ့သောကြောင့် သူတို့၏အပြစ်များကို ကမ်းပေးခြင်း (ဝါ) လွှဲ ပြောင်းပေးခြင်းအားဖြင့် ရွေးနှုတ်ခြင်းခံရသည်။ တစုံတယောက်သည် အ ပြစ်အနာအဆာကင်းသောယဇ်ကောင်အားဖြင့် အပြစ်ဖြေရာ ယဇ်ပူဇော်ပြီး ထိုသူအစား အပြစ်ဖြေရာယဇ်ကောင်သည် သေရမည်ဟု အတိအလင်း ပြောထားပါသည်။ အပြစ်သားများ တဦးချင်းရွေးနှုတ်ကယ်တင်ခြင်းသည် လည်း ထိုနည်းတူဖြစ်သည်။ 
သို့သော်လည်းအပြစ်ဖြေသည့်နေ့တွင်အပြစ်ဖြေရာယဇ်ကောင်ကို သတ်၍ အသွေးကို သန့်ရှင်းရာဌာနတော်သို့ဆောင်ခဲ့ပြီးလျှင် သေတ္တာပေါ် ၌ ခုနှစ်ကြိမ်တိုင်အောင်ဖြန်းရသည်။ ယင်းသို့အားဖြင့် အစ္စရေးအမျိုးတို့၏ အပြစ်ရှိသမျှ တနှစ်တခါ အပြစ်ဖြေခြင်းကို ခုနှစ်လပိုင်း (၁၀) ရက်နေ့တွင် ပြုကြသည်။ 
ယဇ်ပုရောဟိတ်သည် ယဇ်ပူဇော်ခြင်းကိုပြုရန်အတွက် တဦး တည်းသန့်ရှင်းရာဌာနတော်သို့ ဝင်သွားသော်လည်း လူတို့သည် အပြင်တွင် စုဝေးကြပြီး ယဇ်ပုဟိတ်ထံမှ ရွှေခေါင်းလောင်းသံကို နားစွင့်ကြသည်။ သေတ္တဖုံးပေါ်တွင်အသွေးကို ခုနှစ်ကြိမ်ဖြန်းသည့်နည်းတူ ရွှေခေါင်း လောင်းကိုလည်း ခုနှစ်ကြိမ်ထိုးရမည်။ ယင်းနောက်တွင် လူတို့သည် သူတို့ ၏အပြစ်အလုံးစုံကို ဖြေလွှတ်ပေးခြင်းခံရသောကြောင့် ဝမ်းမြောက်လျက် ရှိကြသည်။ ထိုခေါင်းလောင်းသံသည် ဝမ်းမြောက် ဘွယ်သတင်းကောင်း အဓိပ္ပါယ်ဆောင်ပါသည်။ 
ယေရှုသည်ရွေးကောက်သောသူတချို့ကိုသာချစ်၍ ရွေးနှုတ်ကယ် တင်ခဲ့ခြင်းမဟုတ်ပါ။ သူသည် ဗတ္တိဇံမင်္ဂလာကိုခံယူသည်နှင့်တပြိုင်နက် ဤလောက၏အပြစ်အလုံးစုံကို သယ်ဆောင်သွားခဲ့သည်။ သူသည် တချိန် တည်းတွင်အားလုံးကို ကယ်တင်ရန်အလိုရှိသည်။ ကျွန်တော်တို့၏အပြစ် များမှ နေ့စဉ်နေ့တိုင်း ကယ်တင်ရန်မလိုတောံဘဲ တကြိမ်တည်းဖြင့်အပြီး ရွေးနှုတ်ကယ်တင်လိုက်သည်။ 
ဓမ္မဟောင်းခေတ်တွင်လက်တင်ခြင်းနှင့်အပြစ်ဖြေလွှတ်ရာအသွေး တော်အားဖြင့် အပြစ်ဖြေလွှတ်သည်။ အာရုန်သည် ပရိသတ်၏ရှေ့ မှောက်တွင် ဆိတ်ခေါင်းပေါ်တွင် လက်နှစ်ဘက်ကိုတင်၍ တစ်နှစ်တာ အတွင်း ထိုသူများ၏ကျူးလွန်ခဲ့သောအပြစ်အလုံးစုံကို တင်ပြလေသည်။ အစ္စရေးအမျိုးတို့၏ရှေ့မှောက်၌ အပြစ်များကို ထိုဆိတ်ပေါ်သို့လွှဲပြောင်း ပေးခဲ့သည်။ 
ယင်းနောက် ထိုဆိတ်ကို “တော်လျော်သောလူတယောက်” အား တောသို့ စေလွှတ်ခိုင်းသည်။ အစ္စရေးအမျိုးတို့၏အပြစ်အလုံးစုံကို ဆောင် သွားသော ထိုဆိတ်အား ခြောက်သွေ့ခေါင်းပါးသောသဲကန္တရနေပူရှိန် အောက်တွင်လှည့်လည်သွားလာကာနောက်ဆုံး၌ သေသွားသည်။ ထိုဆိတ် သည် အစ္စရေးအမျိုးတို့၏ အပြစ်အတွက်သေဆုံးခဲ့ရသည်။ 
ယင်းသည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၊ ရွေးနှုတ်ကယ်တင် ခြင်း၏အနှစ်သာရပင် ဖြစ်သည်။ ထိုခေတ်ထိုအခါက ဤနည်းအားဖြင့် တနှစ်တာကျူးလွန်သမျှ အပြစ်များကို ဖြေခဲ့ကြသည်။ သို့သော် ကျွန် တော်တို့မှာမူ ဓမ္မသစ်ခေတ်ကာလတွင် အသက်ရှင်နေကြသည်မှာ နှစ် ပေါင်း ၂၀ဝ၀ ရှိခဲ့ပါပြီး။ ယေရှုသည် ဓမ္မဟောင်းခေတ်ကာလတွင် ထားရှိ သောဂတိတော်မြတ်ကို ပြီးပြည့်စုံစေရန်ကြွလာခဲ့သည်။ ကျွန်တော်တို့၌ရှိ သမျှသောအပြစ်အလုံးစုံမှလည်း ရွေးနှုတ်ကယ်တင်ခဲ့ပါသည်။ 
 
 
ကျွန်တော်တို့အားလုံးကို ကယ်တင်ရန် 
 
“ယေရှု”၏အဓိပ္ပါယ်သည် အဘယ်နည်း
သူ့လူများကို သူတို့၏အပြစ်များမှ
ရွေးနှုတ်ကယ်တင်မည့် ကယ်တင်ရှင်
 
ရှင်မဿဲ ၁း၂၀-၂၁ကို ဖတ်ကြည့်ကြပါစို့။ ထိုသို့ကြံစည်၍နေစဉ် အိပ်မက်မြင်မက်ရသည်မှာ ထာစဝရ၏ကောင်းကင်တမန်သည် ထင်ရှား၍ ဒါဝိတ်အမျိုးယောသပ်၊ သင်၏ဇနီးမာရိကို ထိန်းသိမ်းရမည့်အခွင့်ကို မစိုး ရိမ်နှင့်။ ဤပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။ သား ယောကျာ်းကို ဖွါးမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကိုသူတို့၏ အပြစ် မှကယ်ချွတ်မည့်သူဖြစ်သောကြောင့် “ယေရှု”ဟု အမည့်ဖြစ်ကြောင်း ကောင်း ကင်တမန် ကဆို၏။ 
ကောင်းကင်ဘုံတွင် ရှိတော်မူသော ကျွန်တော်တို့၏အဘသည် လည်း လောက၏အပြစ်အလုံးစုံမှ ဆေးကြောဖို့ရန်အတွက် ဤလောကသို့ သားတော်အား စေလွှတ်တော်မူသောအခါ အပျိုမာရိ၏ခန္ဓာကိုယ်ကို ငှား ရန်းထားလေသည်။ မာရိထံသို့ကောင်းကင်တမန်များကိုစေလွှတ်၍ မာရိ အား “သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောင်္ကျားကို ဖွါးမြင်လိမ့်မည်” ဟုပြောဆိုသည်။ မာရိမှဖွားမြင်သောသားသည် ကယ်တင်ရှင်ဖြစ်လာရ မည်ဟူ၍ အဓိပ္ပါယ်ရသည်။ “ယေရှုခရစ်တော်” ဆိုသည်မှာ မိမိလူတို့ ကယ်တင်မည့်သူ၊တနည်းအားဖြင့်ပြောလျှင်“ကယ်တင်ရှင်”ဟူ၍ အဓိပ္ပါယ် သက်ရောက်ပါသည်။ ရှင်မဿဲ ၃း၁၃-၁၇ ကိုဖတ်ကြပါစို့။ 
“ထိုအခါ ယေရှုသည် ဗတ္တိဇံကိုခံအံ့သောငှါ ဂါလိလဲပြည်မှ ယော် ဒန်မြစ်နားရှိယောဟန်ထံသို့ကြွတော်မူ၏။ ယောဟန်ကလည်း အကျွန်ုပ် သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကို ခံရမည့်အကြောင်းရှိပါသည်ဖြစ်၍ ကိုယ် တော်သည် အကျွန်ုပ်ထံသို့ကြွလာတော်မူသလောဟု ယေရှုကို ဆီးတား ထားလေသည်။ ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် သဘောတူလေ၏။ ယေရှုသည် ဗတ္တိဇံကို ခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင်ကောင်းကင်ပွင့်သဖြင့် ဘုရားသခင်၏ဝိညာဉ်တော် သည် ချိုးငှက်ကဲ့သို့ဆင်းသက်၍ ယေရှုပေါ်၌နားတော်မူသည်ကိုမြင်ရ၍ “ဤသူကားငါနှစ်သက်မြတ်နိုးရာ၊ငါ၏ချစ်သားပေတည်း”ဟု ကောင်းကင် က အသံတော် ဖြစ်လေသည်။”
ယေရှုသည် ကျွန်တော်တို့အားလုံးကို အပြစ်မှရွေးနှုတ်ကယ်တင် ရန် ယောဟန်ထံသို့သွားခဲ့သည်။ သူသည် ရေထဲဆင်းလျှောက်၍ ယော ဟန်၏ရှေ့တွင်သူ၏ခေါင်းကိုနှစ်ထားခဲ့ရသည်။ယေရှုက အလုံးစုံသောတ ရားတို့ကို အကုန်အစင်ကျင့်သည်ဖြစ်၍ “ယခုပင် ဗတ္တိဇံခံ ရသောအခွင့် ပေးပါ။ငါသည်ဤလောကအပြစ်များကို သယ်ဆောင်ဖို့ရန် ကြွလာခြင်းဖြစ် သည့်အတိုင်းဗတ္တိဇံအားဖြင့်သူတို့အပြစ်အလုံးစုံသယ်ဆောင်သွားရန် အလို တော်ရှိပါသည်။ ယခုပင်ဗတ္တိဇံခံရသောအခွင့်ပေးကို ပေးလျှင် ဗတ္တိဇံပေး ပါ” ဟုဆိုလေသည်။ 
ယင်းသည်အားလုံးပြီးပြည့်စုံသော ဖြောင့်မတ်ခြင်းသို့ရောက်စေဖို့ ရန်ဖြစ်သည်။ ယေရှုသည် ယောဒန်မြစ်ထဲတွင် ဗတ္တိဇံယောဟန်ထံမှ နှစ် ခြင်းမင်္ဂလာခံယူခဲ့သည်နှင့်တပြိုင်နက်ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ကျွန်တော်တို့ကိုအပြစ်များမှရွေးနှုတ်ကယ်တင်၍ ပြီးပြည့်စုံခြင်းသို့ ရောက် စေပါသည်။ 
 
 
ယေရှုဗတ္တိဇံနှင့်ဝိညာဉ်တော်၏ရွေးနှုတ်ကယ်တင်ခြင်းကို ယုံကြည်လျှင် ကယ်တင် ခြင်းရလိမ့်မည်။ 
ဖြောင့်မတ်ခြင်းအလုံးစုံကို
မည်သို့ ပြီးပြည့်စုံစေပါသနည်း
ယေရှုဗတ္တိဇံမင်္ဂလာအားဖြင့်
 
ခေါင်းပေါ်မှာ လက်တင်ခြင်းအားဖြင့်၄င်း၊ အပြစ်ဖြေရာယဇ်ပူဇော် ခြင်းအားဖြင့်၄င်း၊ ဤလောက၏အပြစ်အလုံးစုံကို ဆေးကြောပစ်မည့်အ ကြောင်း ဘုရားသခင်သည် ဣသရေလအမျိုးသားတို့ကို ဦးစွာပထမဂတိ တော်ပေးခဲ့သည်။ သို့သော် လူတိုင်းသည် ဆိတ်၏ခေါင်းပေါ်မှ လက်တင် ရန်မဖြစ်နိုင်သဖြင့် အာရုန်ကို ဘုရားသခင်က ယဇ်ပုရောဟိတ်အဖြစ် ခန့် ထားလေသည်။ ထို့ကြောင့် အာရုန်သည် အားလုံးအတွက် ယဇ်ပူဇော်ခြင်း အမှုကိုပြုနိုင်သည်။ ထို့ပြင်သူတို့၏နှစ်စဉ်ပြုမိသောအပြစ်များကို ဖြေလွှတ် သည့်တချိန်တည်းမှာပင် အပြစ်ဖြေလွှတ်ရာ ယဇ်ကောင်၏ခေါင်းပေါ်သို့ လွှဲပြောင်းပေးလိုက်သည်။ ယင်းသည် သူ၏အမြော်အမြင်ကြီးမှုနှင့် ရွေး နှုတ်ကယ်တင်ခြင်း၏တန်ခိုးတော်ဖြစ်သည်။ သူသည် အမြော်အမြင် ကြီး သောဘုရား၊ အံ့သြ ဘွယ်ကောင်းသောဘုရားဖြစ်သည်။ 
ဤလောကတခုလုံးကို ကယ်တင်ရန်သားတော်ယေရှုကို စေလွှတ် တော်မူသည်။ ထို့ကြောင့်အပြစ်ဖြေရာယဇ်ကောင်သည် အဆင်သင့်ဖြစ်နေ ပါသည်။ ယခုတွင်မူ လူသားအားလုံးကို ကိုယ်စားပြုသောယေရှု၏ခေါင်း ပေါ်မှာ လက်နှစ်ဖက်တင်မည့်သူတယောက်သာ လိုအပ်နေသည်။ ထိုသူ သည် ဗတ္တိဇံယောဟန်ဖြစ်ပါသည်။ ယေရှု၏ရှေ့တွင် လူသားအားလုံး၏ ကိုယ်စားလှယ်ကို ဘုရားသခင်ပို့ဆောင်ပေးခဲ့ကြောင်း ကျမ်းစာတော်၌ဖေါ် ပြထားသည်။ 
နှစ်ခြင်းဆရာယောဟန်သည် နောက်ဆုံးသောလူသားယဇ်ပုရော ဟိတ် ဖြစ်သည်။ ရှင်မဿဲ ၁၁း၁၁ တွင် “မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံ ယောဟန်ထက် ကြီးမြတ်သောသူတယောက်မျှမပေါ်ထွန်းသေး” ဟုဆို သည်။ သူသည်သာလျှင် လူသားများကို ကိုယ်စားပြုသော လူသားဖြစ် သည်။ လူသားအားလုံးကို ကိုယ်စားပြုသောသူအဖြစ် ဘုရားသခင်သည် ယောဟန်ကိုစေလွှတ်သဖြင့်ယေရှုကိုဗတ္တိဇံပေးနိုင်သည့်အပြင်ဤလောက ၏အပြစ်ရှိသမျှကို သူ့ထံ လွှဲပြောင်းပေးနိုင်သည်။ 
အကယ်၍ကမ္ဘာပေါ်ရှိလူပေါင်း (၆) ကုဋေတို့သည် သူတို့၏အပြစ် အလုံးစုံကို ယေရှုထံကမ်းပေးဖို့ရန် (ဝါ) လွှဲပြောင်းပေးရန်အတွက် သူတို့၏ လက်နှစ်ဖက်အား ယေရှုခေါင်းပေါ်တင်မည်ဆိုလျှင် သူ၏ခေါင်းသည် မည် သို့ဖြစ်မည်နည်း။ အကယ်၍ ကမ္ဘာပေါ်ရှိလူပေါင်း (၆) ကုဋေတို့၏လက်ကို ယေရှု၏ခေါင်းပေါ်တင်ကြမည်ဆိုလျှင် ကြည့်ကောင်းလိမ့်မည်မဟုတ်ပေ။ စိတ်အားထက်သန်သူတချို့တို့က တအားဖိလိုက်လျှင် ဆံပင်ပါကျွတ်ကုန် လိမ့်မည်။ ထိုသို့ဖြစ်မည်ကို သိထားသည့် အမြော်အမြင်ကြောင့် ဘုရားသ ခင်သည် ကျွန်တော်တို့ကိုကိုယ်စားပြုရန် ယောဟန်ကိုခန့်ထား၍ ဤလော က၏အပြစ်များကို ယေရှုလက်တော်သို့ တကြိမ်တည်း ဖြင့်အပြီးသတ် ကမ်းပေးလိုက်သည်။ 
ရှင်မဿဲ ၃း၁၃ တွင် “ထိုအခါ၊ ယေရှုသည် ဗတ္တိဇံကိုခံအံ့သောငှာ ဂါလိလဲပြည်မှ ယော်ဒန်မြစ်နား၊ယောဟန်ထံသို့ကြွတော်မူ၏။” ထိုအချိန် တွင် ယေရှုသည် အသက် ၃၀နှစ်ရှိသည်။ မွေးပြီး ၈ ရက်မြောက် သောနေ့တွင် အရေဖျားလှီးခြင်းမင်္ဂလာကို ခံယူသည့်အချိန်မှစ၍ အသက် ၃၀ ပြည့်သည့်အထိ မှတ်တမ်းမှတ်ရာ အနည်းအကျဉ်းသာလျှင်ရှိသည်။ 
အကြောင်းမှာ ဓမ္မဟောင်းကျမ်းအရ ကောင်းကင်ဘုံဆိုင်ရာပ ညတ်ခံယူသော ယဇ်ပုရောဟိတ်ဖြစ်လာဖို့ရန် နှစ်ပေါင်း ၃၀ တိုင်အောင် စောင့်ခဲ့ရခြင်းဖြစ်သည်။ တရားဟောကျမ်းတွင် ဘုရားသခင်က မောရှေကို ယဇ်ပုရောဟိတ်သည် ယဇ်ပုရောဟိတ်အဖြစ် သာသနာပြုဖို့ရန်အတွက် အနှစ် ၃၀ တိုင်စောင့်ရမည်ဟု မိန့်တော်မူခဲ့သည်။ ယေရှုသည် ကောင်း ကင်ဘုံဆိုင်ရာ ယဇ်ပုရောဟိတ်မင်းဖြစ်သည်။ မိတ်ဆွေ၊ ယုံကြည်ပါသ လား။ 
ဓမ္မသစ်ကျမ်းတွင်မူ “ထိုအခါ ယေရှုသည် ဗတ္တိဇံကိုခံအံ့သောငှာ ဂါလိလဲပြည်မှယော်ဒန်မြစ်နား၊ ယောဟန်ထံသို့ကြွတော်မူ၏။” ယောဟန် ကလည်း ကျွန်ုပ်သည် ကိုယ်တော်ထံ၌ဗတ္တိဇံကို ခံရမည့်အကြောင်းရှိပါ သည်ဖြစ်၍ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ကြွလာတော်မူသလောဟု ယေရှုကို ဆီးတားထားလေ၏ဟု ဆိုထားပါသည်။ (မဿဲ ၃း၁၃) လူသား များ၏ ကိုယ်စားလှယ်သည် အဘယ်သူနည်း။ ဗတ္တိဇံယောဟန်ဖြစ်သည်။ ကောင်းကင်သားတို့၏ ကိုယ်စားလှယ်သည် အဘယ်သူနည်း။ ယေရှုခရစ် တော်ဖြစ်ပါသည်။ ကိုယ်စားလှယ်နှစ်ဦးဆုံကြသည်။ မည်သူသည် ပို၍ ကြီးမြတ်တော်မူသနည်း။ ကောင်းကင်နိုင်ငံနှင့်ဆိုင်သောကိုယ်စား လှယ် သည် ပို၍ ကြီးမြတ်တော်မူသသည်။ 
ထို့ကြောင့် ဗတ္တိဇံယောဟန်သည် ထိုခေတ်ထိုကာလတွင် ဘာ သာရေး ခေါင်းဆောင်များအား နောင်တရစေဖို့ရန် ယေရှုရှေ့တော် မှောက်တွင် ကျိုးနွံစွာဖြင့် “အကျွန်ုပ်သည် ကိုယ်တော်ထံ၌ဗတ္တိဇံကို ခံရ မည့်အကြောင်းရှိပါသည်ဖြစ်၍ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာ တော်မူသလောဟု လျှောက်လေသည်။ 
ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သင့် သည်ဖြစ်၍ ယခု အခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ဤလောကသို့ ယေရှုကြွလာတော်မူခြင်းသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပြီးပြည့် စုံစေရန်ဖြစ်သဖြင့် ထိုအမှုကို ဗတ္တိဇံယောဟန်ထံတွင် နှစ်ခြင်းမင်္ဂလာ ခံယူခြင်းဖြင့် ပြီးပြည့်စုံစေသည်။ 
ယေရှုသည်ဗတ္တိဇံကိုခံတော်မူပြီးလျှင်ရေမှပေါ်ထချိန်တွင် ကောင်း ကင်ပွင့်ပြီး ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက် လာ၍ ကိုယ်တော်ပေါ်၌ နားတော်မူသည်ကို မြင်ရ၍ ဤသူကား ငါနှစ် သက်မြတ်နိုးရာ၊ ငါ၏ချစ်သောသားပေတည်းဟု ကောင်းကင်က အသံ တော်ဖြစ်လေ၏။ 
သူ၏ဗတ္တိဇံခံယူနေချိန်တွင် ထိုသို့ဖြစ်ပျက်ခဲ့ပါသည်။ ဗတ္တိဇံယော ဟန်ထံ မှဗတ္တိဇံခံယူပြီးသောအခါတွင် ကောင်းကင်တံခါးသည် ဖွင့်လှစ်ကာ ဤလောက၏အပြစ်များကို သယ်ဆောင် သွားခဲ့သည်။ 
“ဗတ္တိဇံဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်း ကင်နိုင်ငံတော်ကို အနိုင်အထက်ပြုကြသည်။ အနိုင်အထက်ပြုသောသူတို့ သည်လည်း လုယူဝင်စားကြရ၏။” (ရှင်မဿဲ ၁၁း၁၂)
ပရောဖက်အားလုံးနှင့် ဘုရားသခင်၏ပညတ်တရားတော်တို့သည် ဗတ္တိဇံယောဟန်အထိ ပရောဖက်ပြုကြသည်။ တ္တိဇံဆရာယောဟန်လက် ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြု ကြသည်။ အနိုင်အထက်ပြုသောသူတို့သည်လည်း လုယူဝင်စား ကြရ၏။ သူ၏ဗတ္တိဇံမင်္ဂလာကို ယုံကြည်သောသူတိုင်း ချွင်းချက်မရှိ ကောင်းကင် နိုင်ငံသို့ ဝင်စားနိုင်သည်။ 
 
 
ငါသည်လည်း သင်၏အမှုကို မစီရင်
 
ယေရှုသည် အဘယ်ကြောင့် ကားတိုင် တော်တွင်တရားစီရင်ခြင်းခံရပါသနည်း
ကျွန်တော်တို့၏ အပြစ်အလုံးစုံကို
သယ်ဆောင်သွားသောကြောင့်ဖြစ်သည်

ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံကိုခံ၍ ဤလောက၏ အပြစ်အလုံးစုံကို သယ်ဆောင်သွားသည်။ နောက်တွင် မှားယွင်းသော အမှုကိုပြုနေစဉ် တွေ့မိသောအမျိုးသမီးကို သူက ငါသည်လည်း သင်၏အ မှုကိုမစီရင်ဟု မိန့်တော်မူသည်။ သူသည် ဤလောက၏အပြစ်များကို ယော်ဒန်မြစ်သို့ကိုယ်တိုင်ယူဆောင် သွားပြီးဖြစ်သဖြင့် တရားစီရင်ခြင်း ခံရသော သူသည် အမျိုးသမီးမဟုတ်ဘဲ သူကိုယ်တိုင် တရားစီရင်ခြင်းခံရ မည်ဖြစ်သောကြောင့် ထိုအမျိုး သမီးကို တရားမစီရင်ရခြင်းဖြစ်သည်။ 
ယေရှုက ဤလောက၏အပြစ်အလုံးစုံကို ချေဖျက်လိုက်ပြီးပါပြီ။ အပြစ်၏အဖိုးအခလည်း သေခြင်းဖြစ်သောကြောင့် ကားတိုင်ပေါ်တွင် သူခံ စားခဲ့သောနာကျင်မှုဝေဒနာကို ကြည့်ခြင်းအားဖြင့် အဘယ်မျှလောက် ကြောက်စရာကောင်းသည်ကို တွေ့နိုင်ပါသည်။ ထိုတရားစီရင်ခြင်းအား ဖယ်ရှားရန် ဘုရားသခင်ထံသို့ သုံးကြိမ်တိတိ တောင်းလျှောက်ခဲ့ပါသည်။ ယေရှုသည် အခြားသောသက်ရှိလူသားများကဲ့သို့ အသွေးအသားအားဖြင့် အသက်ရှင်သူဖြစ်သောကြောင့် သူသည်လည်း နာကျင်မှုကို ကြောက်ရွံ့ သည်မှာ သိသာမှုရှိသည်။ သူသည် တရားစီရင်ခြင်းအမှုကို ပြီးပြည့်စုံစေ ဖို့ရန် အသွေးတော်စီးကျခဲ့ရပါသည်။ 
ဓမ္မဟောင်းခေတ်တွင် အပြစ်ဖြေရာယဇ်ပူဇော်ရသကဲ့သို့ အပြစ် များအတွက် အသွေးတော်ကို ပေးဆပ်၍ ကားတော်ပေါ်တွင်ယဇ်ကောင် အဖြစ် အပူဇော်ခံခဲ့ရပါသည်။ ဤလောက အပြစ်များကို သယ်ဆောင်၍ ယခုတွင် ကျွန်တော်တို့အား ရွေးနှုတ်ကယ်တင်ရန်အတွက် သူ့အသက်ကို ဆပ်ခဲ့လေသည်။ ဘုရားသခင်ရှေ့မှောက်တွင် သူသည် တရားစီရင်ခြင်း ခံရမည်ကို ကြိုတင်သိရှိပြီးဖြစ်ပါသည်။ 
ယေရှု၏စိတ်နှလုံးထဲတွင် အပြစ်တစုံတရာမရှိသော်လည်း သူ၏ ဗတ္တိဇံ မင်္ဂလာအားဖြင့် အပြစ်အလုံးစုံကို လွှဲပြောင်းယူလိုက်ပြီဖြစ်၍ ထို အပြစ်အတွက် ဘုရားသခင်သည် သားတော်ကို ယခုပင်တရားစီရင်လိုက် ခြင်းဖြစ်သည်။ ထို့နောက် ပထမဦးဆုံးဘုရားသခင်၏ တရားမျှတသောဘု ရားဖြစ်ကြောင်း ပြီးပြည့်စုံစေခဲ့သည်။ နောက်တဖန် ကျွန်တော်တို့၏ ကယ်တင်ခြင်းအတွက် သူ၏ချစ်ခြင်းမေတ္တာကိုပေးအပ်ခဲ့သည်။ ထို့ကြောင့် ယေရှုသည် ကားတိုင်ပေါ်၌တရားစီရင်ခြင်းကို ခံရလေသည်။ 
“ငါသည် သင့်ကို ပြစ်ဒဏ်လည်းမပေး၊ တရားလည်းမစီရင်၊ သိ လျက် ကျူးလွန်သောအပြစ်၊ မသိ၍ကျူးလွန်ခဲ့သောအပြစ်၊ မှတ်မိသော အပြစ်၊ မမှတ်မိသောအပြစ်အားလုံးအတွက် ဘုရားသခင်၏တရားစီရင် ခြင်းကို ခံရလိမ့်မည်။ 
သို့သော်လည်း ဘုရားသခင်ကတရားစီရင်သောသူသည် ကျွန် တော်တို့မဟုတ်၊ သူ၏ဗတ္တဇံမင်္ဂလာအားဖြင့် သူကိုယ်တိုင် ကျွန်တော် တို့၏အပြစ်အလုံးစုံကို သယ်ဆောင်သွားသော ယေရှုကို ဘုရားသခင်သည် တရားစီရင်ခဲ့သည်။ဘုရားသခင်သည် သူ၏ဂရုဏာတော်၊ ချစ်ခြင်း မေတ္တာ တော်ကြောင့်အပြစ်သားများကိုတရားစီရင်ရန်အလိုတော်မရှိပေ။ကားတိုင် တော်တွင်ခံယူသော ဗတ္တဇံမင်္ဂလာနှင့် သွန်းလောင်းသောသူ၏အသွေး တော်သည် ကျွန်တော်တို့အတွက် ရွေးနှုတ်ကယ်တင်ခြင်းနှင့် ဆိုင်သော ချစ်ခြင်းမေတ္တာဖြစ်သည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ ဘုရားသခင်သည် မိမိ၏တပါးတည်းသောသားတော်ကို စွန့်တော်မူသည့် တိုင်အောင် လောကီ သားတို့ကို ချစ်တော်မူ၏။” (ယောဟန် ၃း၁၆) 
ယင်းသည် ကျွန်တော်တို့သိနိုင်လောက်သော သူ၏ချစ်ခြင်း မေတ္တာဖြစ်သည်။ ယေရှုသည် မှားယွင်းသောအမှုကိုပြုနေစဉ် တွေ့မိ သောအမျိုးသမီးကိုပင် တရားမစီရင်ဘဲနေ၏။ 
သူမသည် စိတ်နှလုံးအားဖြင့်သာ အပြစ်ကျူးလွန်သည်မဟုတ်၊ အ သွေးအသားအားဖြင့်လည်း မှားယွင်းခဲ့သည်။ သူမ၏အပြစ်ကို ငြင်းပယ်ဖို့ ရန်နည်းလမ်းမရှိ။ သို့သော်လည်း သူမ၏အပြစ်ကို ယေရှုခရစ်သယ်ဆောင် သွားခဲ့ပြီဖြစ်ကြောင်း ယုံကြည်သောကြောင့် ကယ်တင်ခြင်းခံရသည်။ အ ကယ်၍ကျွန်တော်တို့သည်လည်းယေရှု၏ရွေးနှုတ်ကယ်တင်ခြင်းကို ယုံ ကြည်ခဲ့လျှင် ကယ်တင်ခြင်းခံရလိမ့်မည်။ ယုံကြည်ခြင်းသာလျှင် ကျွန် တော်တို့အတွက် အကျိုးဖြစ်ထွန်း စေသည်။ 
 
အဘယ်သူတို့သည် ကောင်းချီး
အများဆုံး ခံစားရပါသနည်း
အပြစ်ကင်းသောသူများ

လူသားအားလုံးအပြစ်ရှိသည်။ မှားယွင်းသောအမှုများကို ပြုကြ သည်။ သို့သော် လူတိုင်းသည် မိမိအပြစ်ကိုမိမိမစီရင်ကြပေ။ အပြစ်အ လုံးစုံကို ကျူးလွန်ခဲ့ကြသော်လည်း ယေရှုခရစ်တော်၏ရွေးနှုတ်ကယ် တင်ခြင်းကို ယုံကြည်သောသူသည် သူတို့၏စိတ်နှလုံးတွင် အပြစ်ကင်း လျက်ရှိ၏။ယေရှု၏ကယ်တင်ခြင်းကိုယုံကြည်သောသူများသည် စိတ်အ ချမ်းသာဆုံးသောသူများဖြစ်သည်။ အပြစ်အလုံးစုံမှ ကယ်တင်ခြင်းခံရ သူများသည် ကောင်းချီးအများဆုံး ခံစားရသောသူများဖြစ်သည်။ တနည်း အားဖြင့် သူတို့သည် ယေရှု၌ ဖြောင့်မတ်သောသူများဖြစ်သည်။ 
ရွှင်လန်းဝမ်းမြောက်ခြင်းအကြောင်းကို ရောမ ၄း၇ တွင် ဘုရား သခင်က အပြစ်မှလွှတ်ခြင်း၊ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ရောက်သော သူတို့သည် မင်္ဂလာရှိကြ၏ဟု ဖေါ်ပြထားသည်။ ကျွန်တော်တို့သည် သေဆုံးသည့်တိုင်အောင် အပြစ်လုပ်မည့်သူများဖြစ်သည်။ ဘုရားသခင်၏ ပညတ်တရားတော်များကို နားလည်သဘောပေါက်သည့်နောက်ပိုင်းတွင် လည်း ဆက်လက်၍ အပြစ်လုပ်နေကြဆဲဖြစ်သည်။ ကျွန်တော်တို့သည် အင်မတန် အားနည်းသော သူများ ဖြစ်ကြသည်။ 
သို့သော် ဘုရားသခင်သည် တပါးတည်းသောသားတော်၏ ဗတ္တိဇံ မင်္ဂလာနှင့် အသွေးတော်အားဖြင့် ကျွန်တော်တို့ကို ကယ်တင်ခဲ့ပြီး ကျွန် တော်တို့သည် ယခင်ကဲ့သို့ အပြစ်သားများ မဟုတ်တော့ဘဲ သူ၏ရှေ့ မှောက်တွင် ဖြောင့်မတ်သောသူများဖြစ်ရပြီဟု မိန့်တော်မူသည်။ ဘုရားသ ခင်၏သားသမီးများဖြစ်ကြောင်း မိန့်တော်မူသည်။ 
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် ထာဝရရွေးနှုတ်ကယ် တင်ခြင်း သတင်းကောင်းပင်ဖြစ်သည်။ မိတ်ဆွေ၊ ယုံကြည်ပါသလား။ ယုံ ကြည်သောသူသည် ဖြောင့်မတ်သူဟုခေါ်ကာ သူ၏သားသမီးများအဖြစ် ရွေးနှုတ်ကယ်တင်တော်မူသည်။ ဤလောကတွင် စိတ်အချမ်းသာဆုံး သောသူသည်မည်သူနည်း။ စစ်မှန်သောသတင်းကောင်းကို ယုံကြည်ခြင်း ဖြင့် ကယ်တင်ခြင်းရရှိသောသူဖြစ်သည်။ ကယ်တင်ခြင်းခံရပြီလား။ 
မိတ်ဆွေ၊ အပြစ်ကို သယ်ဆောင်ရန် ယေရှုပျက်ကွက်ခဲ့ပါသလား။ မပျက်ကွက်ခဲ့ပါ။ သူ၏အပြစ်အလုံးစုံကို သူ၏ဗတ္တိဇံအားဖြင့် သယ်ဆောင် သွားခဲ့ပါသည်။ ယုံကြည်ပါ။ ယုံကြည်လျှင် ကယ်တင်ခြင်းရလိမ့်မည်။ ယောဟန် ၁း၂၉ ကို ဖတ်ကြစို့။
 
 
အပြစ်အလုံးစုံကို ဆေးကြောခဲ့ပြီ
 
ယေရှုသည် မည်မျှသောအပြစ်ကို
ဆောင်သွားသနည်း
လောကအပြစ်အားလုံး

နက်ဖြန်နံနက် ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင် လျှင် လောက၏အပြစ်ကို ဆောင်သွားသောဘုရားသခင်၏ သိုးသူငယ်ကို ကြည့်လော့။ (ယော ၁း၂၉)
ဤလောက၏အပြစ်ကို ဆောင်သွားသောဘုရားသခင်၏ သိုးသူ ငယ်ကို ကြည့်လော့။ 
ဗတ္တိဇံယောဟန်သည် ဤလောက၏အပြစ်အလုံးစုံကို ယောဒန် မြစ်၌ ယေရှုပေါ်သို့ လွှဲပြောင်းပေးလိုက်သည်။ နောက်တနေ့တွင် ယေရှု သည် ဤလောက၏အပြစ်အလုံးစုံကို ဆောင်သွားကာ ဘုရားသခင်၏သိုး သူငယ်ဖြစ်ကြောင်း သက်သေခံခဲ့ပါသည်။ ဤလောက၏ အပြစ်အားလုံး ကို ပခုံးဖြင့်ထမ်းသွားခဲ့သည်။ 
ဤလောက၏အပြစ်အလုံးစုံသည် ဤလောကတွင် ဖန်ဆင်းခြင်း အစမှ အဆုံးတိုင်အောင် လူသားတို့ကျူးလွန်ခဲ့သောအပြစ်များကို ရည် ညွန်းပြောဆိုခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ဝ၀ ခန့်တွင် ယေရှု သည် ဤလောက၏အပြစ်အလုံးစုံကို ဆောင်ယူကာ ကျွန်တော်တို့အား ကယ်တင်ခဲ့သည်။ ဘုရားသခင်၏သိုးသူငယ်ဖြစ်သောကြောင့် အပြစ်အလုံး စုံကို ဆောင်ယူသွားကာ ကျွန်တော်တို့အတွက် တရားစီရင်ခြင်းခံရသည်။ 
ကျွန်တော်တို့လူသားများကျူးလွန်ခဲ့သမျှကို ယေရှုထံသို့ကမ်းပေးလိုက် သည်။ ဤလောက၏အပြစ်အလုံးစုံကို ဆောင်သွားသောဘုရားသခင်၏ သိုးသူငယ်ဖြစ်သည်။ 
ယေရှုသည် ဤလောကရှိအပြစ်သားအားလုံးကို ကယ်တင်သော သူအဖြစ် ဤလောကသို့နှိမ့်ချလျက်ကြွလာသည်။ ကျွန်တော်တို့၏အား နည်းချက်ကြောင့်၄င်း၊ ကောက်ကျစ်မှုကြောင့်၄င်း၊ အသိဉာဏ်ကင်းမဲ့မှု ကြောင့်၄င်း၊ မိုက်မဲ့မှုကြောင့်၄င်း၊ မပြည့်စုံခြင်းကြောင့်၄င်း၊ ကျွန်တော်တို့ ၏ဘိုးဘေးဖြစ်သောအာဒံထံမှအမွေခံခဲ့သောအပြစ်များကြောင့်၄င်း၊ အပြစ် များကိုကျူးလွန်လျက်ရှိသည်။ထိုအပြစ်အလုံးစုံကိုဆေးကြောကာယော်ဒန် မြစ်တွင် သူ၏ဗတ္တိဇံအားဖြင့် ခေါင်းပေါ်သို့လွှဲတင်ပေးလိုက်သည်။ သူ၏အ သွေးအသားအားဖြင့် ကားတိုင်ပေါ်တွင် အသေခံခြင်းနှင့်အတူ အဆုံးသတ် ခဲ့သည်။သူ့ကိုသင်္ဂြိုဟ်ခဲ့ကြသော်လည်းသုံးရက်မြောက်သောနေ့တွင်ဘုရား သခင်က သူ့ကို ပြန်လည်ရှင်ပြန်ထမြောက်စေခဲ့သည်။     
သူသည် ကယ်တင်ရှင်အဖြစ်၄င်း၊ အောင်နိုင်သူအဖြစ်၄င်း၊ တရား သူကြီးအဖြစ်၄င်း၊ယခုအခါမှာဘုရားသခင်၏လကျာ်တော်တွင် ထိုင်တော်မူ သည်။ ကျွန်တော်တို့အား ထပ်ခါထပ်ခါ ကယ်တင်ဖို့မလိုတော့ပါ။ ကျွန် တော်တို့အားလုံးသိ ထားရမည့်အချက်မှာ သူ့ကိုယုံကြည်ရန်ဖြစ်သည်။ ယုံကြည်လျှင် ကယ်တင်ခြင်းရလိမ့်မည်။ ထာဝရအသက်သည် ယုံကြည် သောသူများအား စောင့်ကြိုလျက်နေသကဲ့သို့ မယုံကြည်သောသူမူကား ပျက်စီးခြင်းက စောင့်နေသည်။ ဤလမ်းနှစ်သွယ်မှအပ ရွေးချယ်စရာ တခြားလမ်းမရှိပါ။ 
ယေရှုသည် သင့်ကိုအပြီးအစီးကယ်တင်ခဲ့သောကြောင့် သင်သည် ဤလောကတွင် အပျော်ဆုံးသောသူဖြစ်နိုင်သည်။ သင်၏အားနည်းမှု ကြောင့် အနာဂတ်တွင် အပြစ်များကျူးလွန်မည်မှာ ဧကန်မလွဲပေ။ သို့ သော် ထိုအပြစ်များကိုလည်း ဆောင်သွားခဲ့ပြီးဖြစ်သည်။ 
သင်၏စိတ်နှလုံးထဲတွင် အပြစ်တစုံတရာကျန်ခဲ့ပါသလား။ မကျန် ပါ။ ယေရှုက အကုန်အစင် ဆောင်သွားပါသလား။ မှန်ပါသည်။ အား လုံးဆောင်ယူသွားပါသည်။ 
လူသားအားလုံးသည်လည်း ထိုနည်းတူပင် သူ၊သူမ၏အိမ်နီးနား ချင်းထက် မည်သူမျှပို၍ သန့်ရှင်းသောသူမရှိ။ သို့သော် လူအမြောက် အမြားများသည်ဟန်ဆောင်ခဲ့ကြသည်။အမှန်စင်စစ်သူတို့သည် အပြစ်သား များဖြစ်သော်လည်း အပြစ်သားဖြစ်ကြောင်း ဝန်မခံချင်ကြပေ။ ဤလော ကကြီးသည်အပြစ်များ ပြုစုပြုထောင်ရာမိုးလုံလေလုံအားကစားခန်းမကြီး ဖြစ်သည်။ 
အမျိုးသမီးသည် အပြင်ထွက်သောအခါ နှုတ်ခမ်းနီဆိုးကြသည်။ မျက်နှာကို ပေါင်ဒါလူးကြသည်။ အဝတ်အစားသစ်များ ဝတ်ဆင်ကာ ဒေါင့် မြင့်ဘိနပ်များစီးကြသည်။ အမျိုးသားများကလည်း ဆံသဆိုင်များသွားပြီး ဆံပင်များဖီးလိမ်းကြသည်။ သန့်ပြန့်သောအဝတ်အစားများနှင့် ဆင်တူ လည် စီးများကို ဝတ်၊ ဘိနပ်များကို ပြောင်လက်နေအောင်တိုက်ကြသည်။ 
သို့သော် သူတို့တွင် အပြင်ပန်းအားဖြင့် မင်းသားများနှင့်တူကြ သော်လည်း အတွင်းသဘောသည် အလွန်ပင် ညစ်ပတ်ကြသည်။ 
ငွေသည် လူကို ပျော်ရွှင်စေနိုင်ပါသလား။ ကျန်းမာခြင်းသည် လူကို ပျော်ရွှင်စေနိုင်ပါသလား။ ထိုအရာများသည် လူကိုပျော်ရွှင်မှုမပေး နိုင်ပါ။ ထာဝရကယ်တင်ခြင်း၊ အပြစ်အလုံးစုံကို လွှတ်ခြင်းသာလျှင် လူကို စစ်မှန်သောပျော်ရွှင်မှုကိုပေးနိုင်သည်။ လူတယောက်သည် အပြင်ပန်း အားဖြင့် အဘယ်မျှပျော်ရွှင်ခဲ့သည်မှာ အဓိကမဟုတ်ပါ။ သူ၊သူမအနေဖြင့် စိတ်နှလုံးထဲတွင် အပြစ်လုပ်နေပါက အတွင်းကြိတ်၍ စိတ်မချမ့်မြေ့သူများ ဖြစ်တတ်သည်။ ယင်းကဲ့သို့သောသူများသည် ကြောက်မက်ဘွယ်ကောင်း သော တရားစီရင်ခြင်းတွင် အသက်ရှင်နေကြသည်။ 
ကယ်တင်ခြင်းရရှိသောသူသည် စုတ်စုတ်ပြတ်ပြတ် အဝတ်အစား နှင့်ပင်ခြင်္သေ့ကဲ့သို့ ရဲရင့်ကြသည်။ သူ၊သူမ၏နှလုံးသားထဲတွင် အပြစ်ကင်း စင်သည်။ “ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ကျွန်တော်၊ကျွန်မကဲ့သို့ သောအပြစ်သားကိုပင် ကယ်တင်ခဲ့ပါ၏။ ကျွန်တော်၊ ကျွန်မ၏ အပြစ် သားများကိုဆေးကြောပစ်ခဲ့ပါ၏။ ကျွန်တော်သည် ကိုယ်တော်၏ချစ်ခြင်း မေတ္တာနှင့် မထိုက်မတန်သောသူဖြစ်ကြောင်းသိပါ၏။ ကျွန်တော်၊ကျွန်မ အား ကယ်တင်တော်မူသောကြောင့် ဂုဏ်တော်ကိုချီးမွမ်းပါ၏။ ကျွန်တော် သည်အပြစ်အလုံးစုံမှထာဝရကယ်တင်ခြင်းရပါ၏။ ဘုရားသခင်ကို ချီးမွမ်း ကျူးထောမနာပြုပါ၏။ 
ကယ်တင်ခြင်းခံရသောသူသည် အမှန်စင်စစ် ဝမ်းမြောက်ပျော်ရွှင် သောသူဖြစ်သည်။ ရွေးနှုတ်ကယ်တင်ခြင်းကျေးဇူးတော်နှင့်အတူ ကောင်း ကြီးခံစားသောသူသည် အမှန်စင်စစ် ဝမ်းမြောက်ပျော်ရွှင်သောသူ ဖြစ်သည်။
အကြောင်းမူကား ဤလောက၏အပြစ်ကို သယ်ဆောင်သွားသော ဘုရား သခင်၏သိုးသူငယ်သည် ကျွန်တော်တို့၏အပြစ်အလုံးစုံကို သယ် ဆောင်သွားသဖြင့် ကျွန်တော်တို့သည် အပြစ်ကင်းစင်သောသူဖြစ်ကြ သည်။ ကျွန်တော်တို့အတွက် ကယ်တင်ခြင်းအမှုကို ကားတိုင်ပေါ်တွင် ပြီး ဆုံးစေခဲ့ပါသည်။ ကျွန်တော်တို့အားလုံး၏အပြစ်အလုံးစုံသည် လောက၏ အပြစ်ထဲတွင် ပါဝင်ပြီးဖြစ်ပါသဖြင့် ကျွန်တော်တို့အားလုံး ကယ်တင်ခြင်း ခံရပြီးဖြစ်သည်။ 
 
 
ဘုရားသခင်၏အလိုတော်နှင့်အညီ 
 
စိတ်နှလုံးထဲတွင် ယေရှုခရစ်တော် တည်ရှိ သည့်အခါ ကျွန်တော်တို့၏စိတ်နှလုံးထဲတွင်
အပြစ်လုပ်နိုင်ပါသလား
မလုပ်နိုင်ပါ

ချစ်သောမိတ်ဆွေ၊ မှားယွင်းသောအမှုကိုပြုနေစဉ် တွေ့မိသောအ မျိုးသမီးသည် ယေရှု၏နှုတ်ထွက်စကား (ဝါ) တရားစကားကို ယုံကြည်၍ ကယ်တင်ခြင်းခံရခြင်းဖြစ်သည်။ သူမသည် ယေရှု၏ထာဝရကယ်တင်ခြင်း နှင့်အတူ ကောင်းချီးမင်္ဂလာ ကိုခံစားသောကြောင့်၊ သူမ၏အကြောင်းကို ကျမ်းစာတော်၌ မှတ်တမ်းတင်ခဲ့လေသည်။ သို့သော်လည်း အယောင် ဆောင်ကျမ်းပြုဆရာများနှင့် ဖါရိရှဲတို့သည် ယေရှုထံတော်ပါးမှရှောင်ထွက် ကြသည်။
အကယ်၍ယေရှုကိုယုံကြည်လျှင်သင့်ကို ကောင်းကင်နိုင်ငံတော်မှ စောင့်မျှော်နေသည့်နည်းတူ အကယ်၍ ယေရှုကို မေ့လျော့နေခဲ့မည်ဆို လျှင် ငရဲပြည်ကိုသွားရလိမ့်မည်။ အကယ်၍ သူ၏ဖြောင့်မတ်ခြင်းတရား ကို ယုံကြည်လျှင် ကောင်းကင်နိုင်ငံတော်နှင့်အလားတူ ဖြစ်၏။ အကယ်၍ သူ၏အကျင့်တရားကိုမယုံကြည်လျှင် ငရဲနှင့်အလားတူဖြစ်သည်။ ရွေးနှုတ် ကယ်တင်ခြင်းသည်တဦးတယောက်ချင်း ကြိုးစားခြင်းမဟုတ်ဘဲ ယေရှု၏ ကယ်တင်ခြင်းအားဖြင့် သာလျှင် ရရှိနိုင်သည်။
ဟေဗြဲအခန်းကြီး (၁၀)ကို ဖတ်ကြစို့။ “ပညတ်တရားသည် နောက်ဖြစ်လတံ့သော မင်္ဂလာအကျိုးတို့၏ သေချာသောပုံသဏ္ဍာန်ကိုမပြ၊ အရိပ်ကိုသာပြသည်ဖြစ်၍ နှစ်စဉ်မပြတ်ပူဇော်သောယဇ်အားဖြင့် အထံ တော် သို့ချဉ်းကပ်သောသူတို့ကို စုံလင်ခြင်း၊ အပြစ်၌မတည်စေနိုင်ရန် ဝတ်ပြုသောသူတို့သည်တခါတည်းဖြင့်စင်ကြယ်ခြင်းသို့ရောက်ပြီးမှနောက် တဖန် သံဝေဂရစရာအကြောင်းမရှိဖြစ်သောကြောင့်ထိုယဇ်ကိုတခါ တည်း သာပူဇော်၍ အပြစ်များကိုနှစ်တိုင်း အောက်မေ့ခြင်းရှိ၏။ အကြောင်းမူ ကား နွား၊ဆိတ်တို့၏အသွေးသည် အပြစ်ကိုမပယ်နိုင်ရာ။ ထို့ကြောင့် ခရစ် တော်သည် ဤလောကသို့ကြွလာသောအခါ အိုဘုရားသခင်၊ ကိုယ်တော် သည် ယဇ်နှင့်ပူဇော်သကာကို အလိုတော်မရှိဖြစ်၍ အကျွန်ုပ်အဖို့ ခန္ဓာ ကိုယ်ကို ပြင်ဆင်တော်မူပြီ။ မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်ကို အားရနှစ် သက်တော်မမူသောအခါ ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြု၍ရေး ထားသည်နှင့်အညီအကျွန်ုပ်သည်ကိုယ်တော်၏အလိုတော်ကို ဆောင်သော ငှာ သွားပါမည်ဟုကျွန်ုပ်ဝန်ခံပါသည်ဟုလျှောက်ဆို၏။ ပညတ်တရားအ တိုင်း ပြုသောဝတ်ကို ရည်ဆောင်လျက်ခရစ်တော်က မီးရှို့ရာယဇ်၊ အပြစ် ဖြေရာယဇ်အစရှိသော ယဇ်များနှင့်ပူဇော်သကာတို့ကို ကိုယ်တော်သည် အလိုတော်မရှိ၊ အားရနှစ်သက်တော်မမူဟု အထက်ကဆိုနှင့်ပြီးမှ တဖန်တုံ အို ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟုဆိုသည်တွင် ဒုတိယဝတ်ကိုတည်စေခြင်းငှာ ပထမဝတ်ကို ပယ်၏။ ထိုအလိုတော်နှင့်အညီ ယေရှုခရစ်၏ကိုယ်တော်ကို တခါတည်းပူ ဇော်သောအားဖြင့် ငါတို့သည် စင်ကြယ်ခြင်းသို့ရောက်ကြ၏။” (ဟေဗြဲ ၁၀း၁-၁၀)
ယေရှုသည် ဘုရားသခင်၏အလိုတော်နှင့်အညီ ကျွန်တော်၏အ ပြစ်များကို တခါတည်းဖြင့် သယ်ဆောင်သွားရန် အသက်ကိုပေးဆပ်ကာ တရားစီရင်ခြင်းခံ၍ ပြန်လည်ရှင်ပြန် ထမြောက်ခဲ့သည်။
ထို့ကြောင့် ကျွန်တော်တို့သည် စင်ကြယ်ခြင်းသို့ရောက်ရသည်။ “ငါတို့သည် စင်ကြယ်ခြင်းသို့ရောက်ရ၏”ဟူ၍ လက်ရှိတွင် ပြီးပြည့်စုံ ခြင်းသို့ရောက်ကြောင်း ရေးသားခဲ့ပါ သည်။ (ဟေဗြဲ ၁၀း၁၀) နောက်ထပ် မလိုအပ်တော့ပါ။ သင်သည် စင်ကြယ်ခြင်းသို့ရောက်ပြီး သောသူဖြစ်သည်။
ယဇ်ပုရောဟိတ်တို့မည်သည်ကားနေ့တိုင်းဝတ်ပြုလျက် အပြစ်ကိုမဖြေနိုင် သောယဇ်ကို အထပ်ထပ်အဖန်ဖန် ပူဇော်လျက်ရပ်နေရ၏။ ထိုသခင်ကား အပြစ်ကိုဖြေခြင်းငှာ ယဇ်တခုတည်းကို ပူဇော်ပြီးမှစ၍ ဘုရားသခင်၏ လကျာ်တော်၌အစဉ်အမြဲထိုင်၍ မိမိ၏ရန်သူတို့ကို မိမိခြေတင်ရာမချထား မှီတိုင်အောင် မျော်လင့်လျက်နေတော်မူ၏။ အကြောင်းမူကား စင်ကြယ်သူ တို့သည် ထာဝရစုံလင်ခြင်းအကျိုးကိုရစေခြင်းငှာ တခါတည်း ပူဇော်ခြင်း အားဖြင့် ပြုတော်မူ၏။ (ဟေဗြဲ ၁၀း၁၁-၁၄)
မိတ်ဆွေသည် အစဉ်သဖြင့် စင်ကြယ်သောသူဖြစ်သည်။ အကယ် ၍နောက်နေ့တွင်အပြစ်ကျူးလွန်ခဲ့လျှင်အပြစ်သားပြန်ဖြစ်သည်။ ထိုအပြစ် ကိုလည်းသယ်ဆောင်သွားပြီမဟုတ်လော။သယ်ဆောင်သွားပြီးပါပြီ။ အနာ ဂတ်အပြစ်များကိုလည်း သယ်ဆောင်သွားပြီးဖြစ်သည်။
ထိုသို့နှင့်အညီ သန့်ရှင်းသောဝိညာဉ်တော်သည် ငါတို့အား သက် သေပေးတော်မူသည်မှာ နောင်ကာလအခါ သူတို့၌ငါပေးသောပဋိညာဉ်တ ရားဟူမူကား ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကို သူတို့နှလုံးထဲမှာပေး သွင်းမည်။ သူတို့စိတ်ဝိညာဉ်ပေါ်မှာ ရေးထားမည်ဟု အထက်က တဖန်တုံ သူတို့အပြစ်မှားခြင်း၊ လွန်ကျူးခြင်းအမျိုမျိုးအောက်မမေ့ဘဲနေမည်ဟု လာ သတည်း။ ထိုအပြစ်တို့ကို လွှတ်ပြီးလျှင် နောက်တဖန် အပြစ်ဖြေသော ပူဇော်သကာကို ပြုစရာအကြောင်းမရှိ။ (ဟေဗြဲ ၁၀း၁၅-၁၈)
“ထိုအပြစ်ကို လွှတ်ပြီးလျှင်” စာပိုဒ်သည် ဤလောက၏အပြစ်အ လုံးစုံအတွက်အပြစ်ဒဏ်ခံရခြင်းကို ဆိုလိုသည်။ ယေရှုသည် ကျွန်တော်တို့ အားလုံး၏ ကယ်တင်ရှင်ဖြစ်ပါသည်။ ယေရှုကိုယုံကြည်ခြင်းက ကျွန်တော် တို့ကိုကယ်တင်ခဲ့သည်။ယင်းသည်ယေရှု၌ ယုံကြည်ခြင်းတည်ဆောက် ခြင်း၏ရွေးနှုတ်ကယ်တင်ခြင်းဖြစ်သည်သာမက ဘုရားသခင်ထံတော်မှ အ ကြီးမားဆုံးသောဆုကျေးဇူးဖြစ်သည်။ အပြစ်အလုံးစုံမှ ရွေးနှုတ်ကယ်တင် ခြင်းခံရသောမိတ်ဆွေနှင့်ကျွန်တော်တို့သည်အားလုံးထဲတွင် ကောင်းချီးအ များဆုံး ခံစားသောသူများဖြစ်ကြသည်။