တရားဟောချက်များ

ဘာသာရပ် ၃ - ရေနှင့်ဝိညာဉ်တော်သတင်းကောင်း

[3-2] ယေရှု၏ဗတ္တိဇံနှင့် အပြစ်အတွက်ပေးဆပ်ခြင်း (ရှင်မဿဲ ၃း၁၃-၁၇)

(ရှင်မဿဲ ၃း၁၃-၁၇)
“ထိုအခါ ယေရှုသည် ဗတ္တိဇံကိုခံအပ်သောငှါ ဂါလိလဲပြည်မှ ယော ဟန်ထံသို့ကြွတော်မူ၏။ ယောဟန်ကလည်း အကျွန်ုပ်သည် ကိုယ်တော်ထံ ၌ဗတ္တိဇံကို ခံရမည်အကြောင်းရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ် ထံသို့ºကëလာတော်မူသလောဟုယေရှုကို ဆီးတားလေ၏။ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍၊ ယခု အချက် ချင်းပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏။ ယေရှုသည် ဗတ္တိဇံကို ခံတော်မူပြီးလျှင်၊ ရေမှပေါ်ထစဉ်တွင် ကောင်းကင် ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်း သက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကိုမြင်ရ၍ ဤသူကား ငါ နှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်ကအသံတော် ဖြစ်လေ၏။”
 
 
အပြစ်ကြောင့် ဝေဒနာခံစားနေသောသူရှိသလော
 
ကျွန်ုပ်တို့သည် အပြစ်၏
ကျွန်ခံရပြီးပြီလော
မှန်ပေ၏၊ ခံခဲ့ပြီးပါပြီ

ကျွန်ုပ်တို့၏ဘုရားသခင်သည် လူသားအားလုံးအတွက် အပြစ်၏ နှောင်ကြိုးကိုဖြတ်တော်မူ၏။ အပြစ်တရားအုပ်စိုးမှုအောက်၌ နေသောသူ အားလုံးသည် အပြစ်၏ကျွန်များဖြစ်ကြသည်။ သို့သော် ကျွန်ုပ်တို့၏ ဘုရားသခင်သည်မိမိရွေးနှုတ်တော်မူခြင်းဖြင့်ထိုနှောင်ကြိုးကိုလုံးလုံး လျား လျားဖြတ်တော်မူခဲ့သည်။ ကျွန်ုပ်တို့၏အပြစ်အလုံးစုံကိုလည်းပယ်ဖျက် တော်မူ၏။ ဤပြစ်ကြောင့် ဝေဒနာ ခံစားနေသောသူရှိသေးသလား။ 
ကျွန်ုပ်တို့သည် အပြစ်ကိုဆန့်ကျင်တိုက်ခိုက်သောစစ်ပွဲကြီး ပြီးဆုံး သွားပြီ ဖြစ်ကြောင်း သိရှိရန်လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် အပြစ်နွံထဲ၌ မည်သို့သောအချိန်မဆို ဝေဒနာခံစားတော့မည်မဟုတ်ပါ။ ယေရှုခရစ် တော်သည် မိမိ၏နှစ်ခြင်းနှင့်အသွေးတော်အားဖြင့် ကျွန်ုပ်တို့ကို ရွေးနှုတ်ခဲ့ သောကြောင့် ကျွန်ုပ်တို့သည် အပြစ်မရှိသူများဖြစ်ကြ၏။ ဘုရားသခင်၏ သားတော်သည်ကျွန်ုပ်တို့၏အပြစ်အလုံးစုံကိုလျှော်ပေးခဲ့သည်။ ခရစ်တော် အားဖြင့် ကျွန်ုပ်တို့ကိုထာဝရလွတ်ငြိမ်း ချမ်းသာခွင့်ပေးသောဘုရားသခင် သည် ကျွန်ုပ်တို့၏အပြစ်အားလုံးအတွက် အဖိုးအခကိုပေးတော်မူ၏။ 
လူတို့သည် အပြစ်ကြောင့် မည်ကဲ့သို့ခံစားရသည်ကို သင် သိပါ သလား။ အာဒံနှင့်ဧဝခေတ်ကပင် ထိုအရာသည် စတင်ခဲ့လေသည်။ လူတို့ သည် အာဒံမှ အမွေဆက်ခံသောအပြစ်ကြောင့် ဝေဒနာခံခဲ့ရသည်။ 
သို့သော်လည်း ကျွန်ုပ်တို့၏ဘုရားသခင်သည် ကမ္ဘာဦးကျမ်း (၃း၁၅)တွင် ပဋိညာဉ်ကို ရေးသားပြုစုခဲ့သည်။ ထိုပဋိညာဉ်အရ ကိုယ် တော်သည် အပြစ်သားအားလုံးကို ကယ်တင်မည့်အကြောင်းတည်း။ ကိုယ် တော်သည် အပြစ်သားအားလုံးကို ရေနှင့်ဝိညာဉ်တော်၌ ယေရှုခရစ် ပူဇော် ခြင်းဖြင့် သူတို့၏အပြစ်မှရွေးနှုတ်ခြင်း ခံရမည်အကြောင်း မိန့်တော်မူ၏။ အချိန်တန်သောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့၏ကယ်တင်ရှင်ယေရှု အား ကျွန်ုပ်တို့နှင့်အတူ အသက်ရှင်ဖို့ရန် စေလွှတ်တော်မူ၏။ 
ထို့ပြင် ခရစ်တော်မတိုင်မီ ဗတ္တိဇံဆရာယောဟန်အား သူ၏ဂတိ တော်အတိုင်း စေလွှတ်ခဲ့သည်။ 
(မာကု ၁း၁-၈)“ဘုရားသခင့်သားတော်ယေရှုခရစ်၏ဧဝံဂေလိတ ရား၏အစကိုဆိုပေအံ့ - အနာဂတ္တိကျမ်း၌လာသည်ကား ကြည့်လော။ သင်သွားရာလမ်း ကိုပြင်ရသောငါ၏ တမန်ကို သင့်ရှေ့၌ ငါစေလွှတ်ပြီ။ တော၌ဟစ်ကြော်သောသူ၏အသံမှာ ထာဝရဘုရား ကြွတော် မူရာလမ်းကို ပြင်ကြလော။လမ်းခရီးကိုဖြောင့်စေကြလောဟုလသည်နှင့်အညီယောဟန် သည် တော၌ဗတ္တိဇံကိုပေးလျက် အပြစ်လွှတ်ခြင်းအလို့ငှာ နောင်တနှင့်စပ် ဆိုင်သောဗတ္တိဇံတရားကို ဟောလျက်ပေါ်ထွန်း၏။ ယေရုစလင်မြို့သားမှ စ၍ ယုဒပြည်သူပြည်သားအပေါင်းတို့သည် ယောဟန်ထံသို့ထွက်သွား၍ မိမိတို့အပြစ်ကိုဖေါ်ပြလျက်ယော်ဒန်မြစ်၌ ဗတ္တိဇံကိုခံကြ၏။ ယောဟန် သည် ကုလားအုပ်မွှေးဖြင့်ရက်လုပ်သောအဝတ်ကို ဝတ်လျက် ခါး၌သားရေ ခါးပတ်ကိုစည်းကာ၊ ကျိုင်းကောင်နှင့်တော၌ဖြစ်သောပျားရည်ကို စား လျက်နေ၏။ ဟောချက်စကားဟူမူကား ငါ့ထက်တတ်စွမ်းသောသူသည် ငါ့နောက်ကြွလာ၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ ငုံ့၍ဖြေခြင်းငှာ ငါမ ထိုက်တန်ပါ။ ငါသည် သင်တို့အားရေ၌ဗတ္တိဇံကိုပေး၏။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌သင်တို့ကို ဗတ္တိဇံပေးမည်ဟု ဟောသတည်း။” 
 
 
သတင်းကောင်း၏သက်သေနှင့် ရှေ့ပြေးဗတ္တိဇံယောဟန်
 
ဗတ္တိဇံဆရာယောဟန်သည်
အဘယ်သူနည်း
နောက်ဆုံးသောယဇ်ပုရောဟိတ်ကြီးနှင့်
လူသားအားလုံးကို ကိုယ်စားပြုသူ
 
ဗတ္တိဇံဆိုသည်မှာဂရိဘာသာစကားအားဖြင့်“baptizo” ဖြစ်ပြီး မူလအဓိပ္ပါယ်မှာရေထဲသို့နှစ်ခြင်းဖြစ်သည်။ထိုစကားလုံးသည်“ဆေးကြော ခြင်း၊ မြှုပ်နှံခြင်း၊ ရေထဲနှစ်ခြင်း (ဝါ) လက်ဆင့်ကမ်းခြင်းစသည်ဖြင့် အဓိပ္ပါယ်သက်ရောက်ပါသည်။ ယေရှုခရစ်သည် ရေနှစ်ခြင်းခံယူ ခြင်းအား ဖြင့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပြည့်စုံစေခဲ့သည်။ ဂရိဘာသာစ ကားဖြင့် ဖြောင့်မတ်ခြင်းသည် “dikaiosone” ဖြစ်ပြီး ၄င်းသည် တရားမျှ တခြင်း၊ အသင့်လျှော်ဆုံး၊ အသင့်တော်ဆုံး (ဝါ) အကောင်းဆုံသောအ ဆင့်ဟူ၍ အဓိပ္ပါယ်ရပါသည်။ 
ယေရှုသည် ကယ်တင်ရှင်ဖြစ်ရန်နှင့် အသင့်တော်ဆုံးဖြစ်ရန် ဗတ္တိဇံကိုခံခဲ့သည်။ ထို့ကြောင့် ယေရှု၏ရေနှစ်ခြင်းခံခြင်းနှင့် လက်ဝါးကား တိုင်တော်မှအသွေးတော်ကို ယုံကြည်သောသူတို့သည် ရွေးနှုတ်ခြင်းဆု ကျေးဇူးကို ဘုရားသခင်ထံမှရရှိကြသည်။ 
ဓမ္မသစ်ကျမ်း၌ ဗတ္တိဇံဆရာယောဟန်သည် ဓမ္မဟောင်းကျမ်း၏ နောက် ဆုံးသောယဇ် ပုရောဟိတ်မင်းကြီးဖြစ်သည်။ မဿဲ ၁၁း၁၀-၁၁ ကို ကြည့်ကြပါစို့။ နှုတ်ကပတ်တော်မှဖေါ်ပြသည်မှာ ဗတ္တိဇံဆရာယောဟန် သည် လူသားအားလုံးကို ကိုယ်စားပြုသူဖြစ်ပြီး ဓမ္မသစ်၌ယဇ်ပု ရောဟိတ် မင်းကြီးဖြစ်သည်။ ဓမ္မဟောင်းထဲ၌ ယဇ်ပုရောဟိတ်အမှုဆောင်သကဲ့သို့ သူသည် တလောကလုံးအပြစ်ဟူသမျှကို ယေရှုထံသို့တင်ခဲ့သည်။ 
ယေရှုကိုယ်တော်ကိုယ်တိုင်ယောဟန်ကို သက်သေခံခဲ့သည်။ ယေ ရှုသည်(မဿဲ ၁၁း၁၃-၁၄)ထဲ၌ဤသို့မိန့်မှာထားသည်။ ယောဟန်မရောက် မီတိုင်အောင်ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းရှိသမျှတို့သည် ဆုံးမသြဝါဒပေး ကြသည်။ သင်တို့သည် ငါ့စကားကို နာခံနိုင်လျှင် ဤသူကား လာလတ္တံ့ သောဧလိယဖြစ်သတည်း။ ထို့ကြောင့် ယေရှုကို ရေနှစ်ခြင်းပေးခဲ့သော ဗတ္တိဇံဆရာယောဟန်သည် ယဇ်ပုရောဟိတ်မင်းကြီးအာရုန်မှ ဆင်းသက် ပေါက်ဖွားလာသူဖြစ်ပြီး နောက်ဆုံးသော ယဇ်ပုရောဟိတ်မင်းကြီးလည်း ဖြစ်သည်။ နှုတ်ကပတ်တော်က ယောဟန်သည် ဓမ္မဟောင်းမှအာရုန်၏အ မျိုးအနွယ်မှ ဆင်းသက်လာသောသူဖြစ်ကြောင်း ဖေါ်ပြသည်။ (၅ရာ ၂၄း၁၀၊ လုကာ ၁း၅)
ထိုသို့ဖြစ်လျှင် အဘယ်ကြောင့် ယောဟန်သည် တော၌နေုပြီး ကုလားအုပ်အမွှေးနှင့် ရက်သောအဝတ်ကို ဝတ်သနည်း။ ထိုအရာသည် ယဇ်ပုရောဟိတ်မင်းကြီး၏အမှုကိုဆောင်ရွက်ရန်ပုံဆောင်ခဲ့ခြင်းဖြစ်သည်။ ဗတ္တိဇံဆရာယောဟန်သည် လူသားအားလုံးကို ကိုယ်စားပြုသကဲ့သို့ လူတို့ နှင့်အတူမနေဘဲ “အချင်းမြွေဆိုးအမျိုးတို့၊ နောင်တရကြလော့” ဟုဟစ် အော်ပြီး လူတို့အားခရစ်တော်ထံပါးသို့ရောက်စေခြင်းအလို့ငှာ နောင်တနှင့် ဆိုင်သောရေနှစ်ခြင်းကို ပေးခဲ့သည်။ ဗတ္တိဇံဆရာယောဟန်သည် ယေရှု ခေါင်းပေါ်လက်တင်ခြင်းဖြင့် လောကအပြစ်အားလုံးကို ယေရှုထံတင်ခဲ့ သည်။ အကြောင်းမှာ ကျွန်ုပ်တို့ကယ်တင်ခြင်းရရန်ဖြစ်သည်။ 
 
 
ရေနှစ်ခြင်းနှစ်မျိုး
 
အဘယ်ကြောင့် ဗတ္တိဇံဆရာယောဟန် သည်လူများအား ဗတ္တိဇံကို ပေးခဲ့သနည်း
လူတို့သည် မိမိတို့အပြစ်မှနောင်တရရန်နှင့်ကယ်တင် ခြင်းအတွက် ယေရှု၏ဗတ္တိဇံခံခြင်းကို
ယုံကြည်ရန်ဖြစ်သည်

ဗတ္တိဇံဆရာယောဟန်သည် လူတို့ကို ဗတ္တိဇံပေးပြီးမှ ယေရှုကို လည်း ဗတ္တိဇံပေးခဲ့သည်။ ပထမအနေဖြင့် နောင်တရခြင်းဗတ္တိဇံဖြစ်ပြီး ထို အရာသည် အပြစ်သားများအားဘုရားသခင်ထံသို့ ပြန်လှည့်စေရန်ဖြစ် သည်။ ယောဟန်မှတဆင့်ဘုရားသခင်၏စကားတော်ကို ကြားနာသူအ ပေါင်းတို့သည် သူတို့၏ရုပ်တုများကိုစွန့်ပစ်၍ ဘုရားသခင်ထံတော်ပါးသို့ ပြန်လှည့်လာကြသည်။ 
ဒုတိယအနေဖြင့်ဗတ္တိဇံသည် ယေရှု၏ဗတ္တိဇံဖြစ်ပြီး ထိုဗတ္တိဇံသည် လောကအပြစ် အားလုံးကို ခရစ်တော်ထံသို့ လက်ဆင့်ကမ်းခဲ့သည်။ ဗတ္တိဇံ ဆရာယောဟန်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပြည့်စုံစေဖို့အ လို့ငှာ ယေရှုကို ဗတ္တိဇံပေးခဲ့သည်။ တနည်းဆိုရလျှင် လူသားအားလုံး မိမိတို့အပြစ်မှကယ်တင်ခြင်းခံရရန်ဗတ္တိဇံဆရာယောဟန်သည် ယေရှုအား ဗတ္တိဇံပေး ခြင်းဖြစ်သည်။ (မဿဲ ၃း၁၅)
အဘယ်ကြောင့် ယောဟန်သည် ယေရှုကိုဗတ္တိဇံပေးခဲ့သနည်း။ လောကအပြစ်အားလုံးကို ဆောင်ယူရန်ဖြစ်သည်။ ယေရှုကို ယုံကြည် သောသူတို့သည် ကယ်တင်ခြင်းရရှိဖို့အလို့ငှာ ဘုရားသခင်သည် ယောဟန် အား အပြစ်အားလုံးကို ယေရှုထံသို့လက်ဆင့်ကမ်းရန် ခွင့်ပြုခဲ့သည်။ 
ဗတ္တိဇံဆရာယောဟန်သည် လောကအပြစ်အားလုံးကို ယေရှုပေါ် ဗတ္တိဇံကမ်းမည့်သူ၊ အပြစ်လွှတ်ခြင်းသတင်းကောင်းကို ယုံကြည်ခြင်းအား ဖြင့် လူတို့သည် သူတို့အပြစ်မှနောင်တရရန်နှင့် ဆေးကြောခြင်းခံရန် သက် သေခံမည့်အစေခံဖြစ်ပါသည်။ ထို့ကြောင့်ယောဟန်သည် တော၌တ ယောက်တည်းနေခြင်းဖြစ်သည်။ ဗတ္တိဇံဆရာယောဟန်ခေတ်တွင် ဣသ ရေလလူမျိုးတို့သည် ဘာသာတရား၌ စိတ်ဓါတ်နှင့်အကျင့်ပျက်ပြားပြီး ဆွေးမြေ့ပုပ်သိုးလျက်ရှိသည်။ 
ထို့ကြောင့် ဓမ္မဟောင်းတွင် ဘုရားသခင်က ဤသို့မိန့်မှာထား သည်။ မာလခိ ၄း၅-၆ကို ကြည့်ပါ။ ထာဝရဘုရား၏ကြောက်မက်ဘွယ် ကောင်းသော နေ့ရက်ကြီးမရောက်လာမီ ပရောဖက်ဧလိယကို သင်တို့ရှိရာ သို့ ငါစေလွှတ်မည်။ ငါသည်လာ၍ သင်တို့၏ပြည်ကို ကျိန်ခြင်း ဘေးနှင့် ဒဏ်မခတ်မည်အကြောင်း၊ ထိုပရောဖက်သည် သားနှင့်အဘတို့ကို၄င်း၊ အဘနှင့်သားတို့ကို၄င်း၊ သင့်မြတ်စေမည်ဟုမိန့်တော်မူသည်။ 
ဘုရားသခင်၏အမြင်တွင် ဣသရေလလူမျိုးတို့သည် နတ်ကို ကိုးကွယ်သောကြောင့် ဆွေးမြေ့ပုပ်သိုးကြသည်။ ဘုရားသင်ရှေ့မှောက်၌ တစုံတယောက်မျှမရှိ။ အထူးသဖြင့် ဗိမာန်တော်၌ ဘာသာရေးခေါင်း ဆောင်များ၊ဥပမာ-ယဇ်ပုရောဟိတ်၊ကျမ်းတတ်ပုဂ္ဂိုလ်တို့သည် ဘာသာရေး ၌အထူးဆွေးမြေ့ပုပ်သိုးလျက်ရှိကြသည်။ ဣသရေလလူမျိုးနှင့်ယဇ်ပုရော ဟိတ်များသည် ဘုရားသခင်၏ပညတ်တော် နှင့်ကိုက်ညီသောပူဇော်ခြင်းမ ပြုခဲ့ကြပေ။ 
ယဇ်ပုရောဟိတ်များသည် သူတို့အား ဘုရားသခင်ပေးသောအပြစ် ဖြေလွှတ်ခြင်း ဖြစ်သောလက်တင်ခြင်းနှင့် အသွေးတော်ပူဇော်ခြင်းတို့ကို ပျက်ပြားစေခဲ့သည်။မာလခိခေတ်တွင် ယဇ်ပုရောဟိတ်တို့သည် ဝိနည်းနှင့် ကိုက်ညီသောယဇ်ပူဇော်ခြင်း၊ လက်တင်ခြင်းနှင့်တိရိစ္ဆာန် သွေးပူဇော်ခြင်း တို့ကို စွန့်လွှတ်ခဲ့ကြသည်။ 
ထို့ကြောင့် ဗတ္တိဇံဆရာယောဟန်သည် သူတို့နှင့်အတူမနေခြင်း ဖြစ်သည်။ သူသည် တောသို့ထွက်ပြီးအော်ဟစ်ခဲ့လေသည်။ သူသည် မည်ကဲ့သို့ အော်ဟစ်ခဲ့သနည်း။ 
ပရောဖက်ဟေရှယစကားလုံးကို ကိုးကားပြီး မာကုကျမ်းထဲ၌ ဤသို့ရေးထားပါသည်။ (၁း၂-၃) အနာဂတ္တိကျမ်း၌လာသည်ကား၊ ကြည့်ရှု လော။ သင်သွားရာလမ်းကို ပြင်ရသောငါ၏တမန်ကို သင့်ရှေ့၌ ငါစေ လွှတ်၏။တော၌ဟစ်ကြော်သောသူ၏အသံမှာထာဝရဘုရားကြွတော်မူရာ လမ်းကို ပြင်ကြလော့။ 
တော၏အော်ဟစ်သံသည် “လူတို့အား နောင်တရ၍ ဗတ္တိဇံခံကြ လော့” ဟူ၍ဖြစ်သည်။ကျမ်းစာက နောင်တနှင့်ဆိုင်သောဗတ္တိဇံအကြောင်း ကို မည်ကဲ့သို့ ဖေါ်ပြထားသနည်း။ အပြစ်အားလုံးဆောင်ယူပြီး လူတို့ကို ကယ်တင်သောဗတ္တိဇံကို လူတို့အားဟောကြားခြင်းဖြင့် ခရစ်တော်ထံသို့ ပြန်လှည့်ရန် ဗတ္တိဇံဆရာယောဟန် အော်ဟစ်ခဲ့လေသည်။ နောင်တနှင့် ဆိုင်သောဗတ္တိဇံသည်သူတို့အား ကယ်တင်ခြင်းရရန် အရိပ်အယောင်သာ ဖြစ်သည်။ 
နောင်တရ၍ ဗတ္တိဇံခံလော့။ ထိုနည်းတူ ကျွန်တော်တို့၏ကယ် တင်ရှင် ယေရှုသည်လည်း ကျွန်တော်တို့၏အပြစ်အားလုံးကို ယူဆောင်ရန် အလို့ငှာ ဗတ္တိဇံခံခဲ့သည်။ ခရစ်တော်သည် လောကအပြစ်အားလုံးဆောင် ယူပြီး လူတို့သည် ကယ်တင်ခြင်းရရန်အလို့ငှာ လက်ဝါး ကပ်တိုင်၌ တရားစီရင်ခြင်းသည် လူတို့ကို ခရစ်တော်ထံသို့ ပြန်လှည့်မည့်အကြောင်း ဖြစ်သည်ဟူ၍ ယောဟန်သည် အော်ဟစ်လေသည်။ 
“ငါသည် သင်တို့ကို ရေ၌ဗတ္တိဇံကိုပေး၏။ သို့သော် ထိုသူသည် သင်တို့အား သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဗတ္တိဇံကို ပေးလိမ့်မည်။” သန့် ရှင်းသောဝိညာဉ်တော်ဖြင့် ဗတ္တိဇံခံခြင်းဆိုသည်မှာ သင်၏အပြစ်အား လုံးဆေးကြောခြင်းဖြစ်သည်။ ယော်ဒန်မြစ်၌ ယေရှုဗတ္တိဇံ ခံတော်မူခြင်း ၏အဓိပ္ပါယ်မှာ ဘုရားသခင်၏သားတော်သည် ကျွန်ုပ်တို့ကို ကယ်တင်ဖို့ ရန်နှင့် အပြစ်အားလုံးဆောင်ယူသွားပြီဆိုသည့်အဓိပ္ပါယ်ဖြစ်သည်။ 
ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိတို့အပြစ်မှလှည့်၍ ကိုယ်တော်ကို ယုံကြည်ရမည်။ သူသည် လောက၏အပြစ်ကို သယ်ဆောင်သွားသော ဘုရားသခင်၏သိုးသူငယ်ဖြစ်သည်။ ဤအရာသည် ဗတ္တိဇံယောဟန်သက် သေခံသော ရွေးနှုတ်ခြင်းသတင်းကောင်းဖြစ်သည်။ 
 
ယဇ်ပုရောဟိတ်မင်းကြီး၏ တာဝန်ဝတ္တရားသည် အပြစ်အတွက်ပေးဆပ်ခြင်း
 
ကယ်တင်ခြင်းလမ်းကြောင်းကို
မည်သူပြင်ဆင်သနည်း
ဗတ္တိဇံဆရာယောဟန်

(ဟေရှာယ ၄၀း၂) စစ်မှုကိုထမ်းရသောအချိန်စေံပြီး သင်၏အပြစ် လည်းဖြေရှင်းပြီဟု ယေရှုမြို့အား နှစ်သိမ့်သောစကားကိုဆို၍ ကြွေးကြော် လော့။ အကြောင်းမူကားထာဝရဘုရား၏လက်တော်၌ မိမိ၏အပြစ်အ တွက် နှစ်ဆခံရမည်ဟူ၍ ဟေရှာယဟောကြားခဲ့သည်။ 
ခရစ်တော်သည် မိမိ၏ဗတ္တိဇံအားဖြင့် မွေးရာပါအပြစ်၊ ယခုအပြစ်၊ နောင်လာလတ္တံ့ သောအပြစ်တို့ကိုပါ ခြွင်းချက်မရှိဆေးကြောတော်မူ သည်။ သူသည် ကျွန်ုပ်တို့အားလုံးကို ကယ်တင်တော်မူသည်။ ကျွန်ုပ်တို့ အားလုံးသည်လည်း သူ၏ရွေးနှုတ်ခြင်းအကြောင်းကို သိရှိရန် လိုအပ်ပါ သည်။ 
ကျွန်ုပ်တို့သည် အပြစ်အားလုံးမှကယ်တင်ခြင်းရရှိရန် ယေရှုအား ဗတ္တိဇံဆရာ ယောဟန်သည် လောကအပြစ်အားလုံး သူ့အပေါ်ဗတ္တိဇံခံခြင်း အားဖြင့် တင်၍လက်ဆင့်ကမ်း ခြင်းသတင်းကောင်းကို ယုံကြည်ရမည်။ 
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည့်နည်းတူ ကျွန်ုပ်တို့၏ စိတ်ထဲ၌ အပြစ်ရှိသော်လည်း ယုံကြည်ခြင်းအားဖြင့် ကောင်းကင်နိုင် ငံတော်သို့ဝင်ရမည်ဆိုသည့်အချက်မှာ အမှန် ပင်ဖြစ်ပါသည်။ 
ကျွန်ုပ်တို့သည် အပြစ်မှရွေးနှုတ်ခြင်းခံဖို့အလို့ငှာ ဗတ္တိဇံဆရာ ယောဟန်သည် လောကအပြစ်အားလုံး ခရစ်တော်အပေါ်လက်ဆင့်ကမ်းခဲ့ သော ဗတ္တိဇံနှင့်ကားတိုင်တော်ကို ယုံကြည်ဖို့ဖြစ်သည်။ ဤအရာသည် ဗတ္တိဇံဆရာယောဟန်မှလောကအပြစ်အားလုံး ယေရှုပေါ် ဗတ္တိဇံပေးခြင်း ဖြင့် တင်ခြင်းဖြစ်သည်။ 
ဘုရားသခင်သည် ကျွန်ုပ်တို့ကိုကယ်တင်ရန် ပထမဆုံးယော ဟန်ကိုစေလွှတ်ခဲ့သည်။ ဘုရားသခင်၏စေတမန် ဗတ္တိဇံဆရာယောဟန် သည် လောကအပြစ်အားလုံးကို ယေရှုအပေါ် ဗတ္တိဇံပေးခြင်းဖြင့် ပေးကမ်း မည့်သူဖြစ်သည်။ ဤအရာသည် ဗတ္တိဇံဆရာယောဟန်အနေဖြင့် အပြစ် အားလုံးယေရှုအပေါ် ကမ်းပေးသည့်နေရာဖြစ်သည်။ 
ဘုရားသခင်သည် မိမိ၏တမန်တော်ဗတ္တိဇံဆရာယောဟန်စေ လွှတ်သည် ဟုမိန့်တော်မူ၏။ “ငါ၏တမန်ကို သင့်ရှေ့၌ငါစေလွှတ်၏။” သင့်ရှေ့၌ဟုဆိုရာတွင် ယေရှုမတိုင်မီကာလကို ဆိုလိုခြင်းဖြစ်သည်။ အ ဘယ်ကြောင့် ဘုရားသခင်သည် ယေရှုရှေ့၌ယောဟန်ကို စေလွှတ်ခဲ့ သည်။ အကြောင်းမှာဗတ္တိဇံအားဖြင့် လောက၏အပြစ်အားလုံးကို ဘုရားသ ခင်၏သားတော် ယေရှုအားလက်ဆင့်ကမ်းပေးရန်ဖြစ်သည်။ “ထာဝရဘု ရားကြွတော်မူရာလမ်းကို ပြင်ကြလော့။” ၄င်းသည် ဤကျမ်းပိုဒ်၏အဓိက အချက်ဖြစ်သည်။ 
ကျွန်ုပ်တို့သည် ရွေးနှုတ်ခြင်းရရှိ၍ ကောင်းကင်ဘုံဝင်စားနိုင်ဖို့အ လို့ငှာ အဘယ်သူသည် လမ်းကို ပြင်ဆင်သနည်း။ ထိုသူသည် ဗတ္တိဇံဆ ရာယောဟန်ဖြစ်သည်။ “သင်”ဟူသော စကားလုံး၏ဆိုလိုရင်းမှာ ယေရှု ဖြစ်ပြီး “ငါ”ဟူသော စကားလုံးမူကား ဘုရားသခင်ဖြစ်သည်။ “သင်သွား ရာလမ်းကိုပြင်ရသောငါ၏တမန်ကို သင့်ရှေ့၌ စေလွှတ်ပြီ” ဟူသောဘုရား သခင် စကားတော်၏အဓိပ္ပါယ်သည် အဘယ်သို့နည်း။ 
ကျွန်ုပ်တို့ ကောင်းကင်နိုင်ငံသို့ဝင်စားနိုင်ရန် မည်သူက လမ်းကို ပြင်ဆင်ပေးသနည်း။ ကျွန်ုပ်တို့အပြစ်အားလုံး ယေရှုဆေးကြောခဲ့ကြောင်း ယုံကြည်ဖို့ရန်ဗတ္တိဇံဆရာယောဟန်သည် ကျွန်ုပ်တို့အပြစ်အားလုံး ဗတ္တိဇံခံ ပေးခြင်းဖြင့် ယေရှုပေါ်တင်ပေးခဲ့သည်။ သမ္မာတရားကို ယုံကြည်လျက် ရွေးနှုတ်ခြင်းခံရန် လမ်းဖွင့်ပေးသောသူသည် ယေရှုနှင့်ယောဟန်တို့ဖြစ် ကြသည်။ 
ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် မည်သည့်အရာပေါ်တွင် မူတည် နေသနည်း။ ထိုအရာသည် စစ်မှန်သောဘုရားသခင်၏သားတော် ယေရှု၏ ဖြောင့်မတ်သောလုပ်ဆောင်မှုနှင့် အပြစ်အလုံးစုံကို ခရစ်တော်ပို့ဆောင် ပေးသော ဘုရားသခင်၏တမန်တော်ယောဟန်၏ လုပ်ဆောင် ချက်များကို ယုံကြည်မှုအပေါ်၌မူတည်သည်။ ကျွန်ုပ်တို့အားလုံးသည် အပြစ်မှခွင့် လွှတ်ခြင်းသတင်းကောင်းကိုသိရှိရန်လိုအပ်သည်။ဘုရားသခင်သည် မိမိ၏ သားတော်ယေရှုကို ဗတ္တိဇံပေးရန် လူသားအားလုံးကိုယ်စား ယောဟန်ကို စေလွှတ်ခဲ့သည်။ ထိုသို့ဖြင့် သူသည် ကျွန်ုပ်တို့အတွက် ရွေးနှုတ်ခြင်းအ မှုကို ပြီးပြည့်စုံစေခဲ့သည်။ 
ဘုရားသခင်သည် ဗတ္တိဇံဆရာယောဟန်ကို စေလွှတ်စေခြင်းမှာ သားတော်ကို ဗတ္တိဇံပေးရန်နှင့် ယေရှုကို ယုံကြည်သူများအတွက် ကယ် တင်ခြင်းလမ်းကြောင်းပြင်ဆင်ရန်ဖြစ် သည်။ ဤအရာသည် ယေရှုက ယောဟန်အား ဗတ္တိဇံပေးခြင်း၏အကြောင်းရင်းဖြစ်သည်။ ယေရှုသည် ယောဟန်အားဖြင့် ဗတ္တိဇံခံခြင်းသည် လူသားအားလုံး၏အပြစ်ကို သူ့ပေါ် ကမ်းပေးရန်ဖြစ်ပြီး လူတို့သည် ယေရှုကိုယုံကြည်၍ ကောင်းကင်ဘုံဝင် စားရန် ဘုရားသခင်၏ အလိုတော် ပြည့်စုံစေခြင်းဖြစ်သည်။ 
ခရစ်တော်သည် လူသားတို့၏အနာဂတ်မှအပြစ်ကိုပါ သူ၏ဗတ္တိဇံ အား ဖြင့်ဆောင်ယူသွားခဲ့သည်။ ကျွန်ုပ်တို့အားလုံး ကောင်းကင်ဘုံဝင်စား နိုင်ရန် ဗတ္တိဇံဆရာယောဟန်နှင့် ယေရှုသည် လမ်းခရီးကို ပြင်ဆင်ပေးခဲ့ သည်။ 
ယောဟန်သည် လူသားကိုယ်စားပြုသည့်နည်းတူ ကျွန်ုပ်တို့သည် ရွေးနှုတ်ခြင်းကို ယုံကြည်၍ ကောင်းကင်ဘုံဝင်စားနိုင်ရန် ယေရှုအား ဗတ္တိဇံကိုပေးသည်။ သူသည် ယေရှုကို ဗတ္တိဇံပေးခြင်းဖြင့် အပြစ်အလုံးစုံ ယေရှုပေါ်ကမ်းပေးသည်။ ဤအရာသည် လူသားအားလုံးအတွက် ရွေးနှုတ် ခြင်းသတင်းကောင်းဖြစ်သည်။ 
 
 
အဘယ်ကြောင့် ဗတ္တိဇံဆရာယောဟန်မွေးဖွားခဲ့သနည်း
 
ကျွန်ုပ်တို့သည် မည်သူ့အားဖြင့်
ယေရှုကို ယုံကြည်နိုင်မည်နည်း
ဗတ္တိဇံဆရာယောဟန်

မာလခိ ၃း၁ ၌ ဤသို့ရေးသားထားပါသည်။ “ကြည့်ကြလော့။ ငါသွားရာလမ်းကို ပြင်ရသောငါ၏တမန်ကို ငါစေလွှတ်မည်။ သင်တို့ရှာ သောသခင်၊သင်တို့ တောင့်တသောပဋိညာဉ်တမန်တော်သည် မိမိဗိမာန် တော် သို့ချက်ခြင်းလာလိမ့်မည်။ ကြည်ရှုလော၊ ထိုသခင်လာလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။ သင်သည် ကျမ်း စာကို ရိုသေစွာဖတ်ရှုရမည်။ အဘယ့်ကြောင့် ဘုရားသခင်သည် မိမိတ မန်အား ယေရှုမတိုင်မီ စေလွှတ်တော်မူသနည်း။ အဘယ့်ကြောင့် ဗတ္တိဇံဆ ရာယောဟန်သည် ယေရှုထက် (၆) လစော၍ မွေးဖွားခဲ့သနည်း။ 
ကျမ်းစာတွင် မည်သည့်အရာဖြစ်သည်ကို ကျွန်ုပ်တို့သိရှိရန် လိုအပ်သည်။ ယဇ်ပုရော ဟိတ်မင်းကြီးဖြစ်သောအာရုန်၏ တာဝန်ဝတ္တရား များကို ဓမ္မဟောင်းထဲ၌ ဖေါ်ပြထားပါသည်။ အာရုန်သည် မောရှေ၏အစ် ကိုဖြစ်သည်။ ဘုရားသခင်သည် သူနှင့်သူ၏သားတို့အား ယစ်ပုရော ဟိတ် များအဖြစ်ဘိသိက်ပေးခဲ့သည်။ တခြားသောလေဝိအမျိုးတို့သည် သူတို့ အောက်၌ရှိပြီး သန့်ရှင်းသောတဲတော်ထဲ၌ အာရုန်၏သားတို့က ယဇ်ပူဇော် စဉ်လင်ဗန်းယူလာပြီးမုန့်အတွက်ဂျူံမှုန့်များရောခြင်းအမှုတို့ကိုဆောင်ရွက် ကြသည်။ 
အာရုန်၏သားတို့သည် သူတို့နှင့်အတူ ညီတူညီမျှဆောင်ရွက်မည့် တာဝန်ခွဲဝေဖို့ရန် ဘိသိက်ပေးခြင်းခံခဲ့ကြသည်။ သတ္တမလ၊ဒသမနေ့တွင် သူတို့အတွက် အပြစ်ဖြေရာနေ့ဖြစ်သည်။ ထိုနေ့တွင် ယဇ်ပုရောဟိတ်မင်း ကြီးတစ်ယောက်တည်းကသာမိမိလူတို့၏အပြစ်အတွက်အပြစ် ဖြေရာယဇ် ကောင်ကို ပူဇော်ခွင့်ရှိသည်။ 
လုကာ ၁း၅ တွင် ဗတ္တိဇံဆရာယောဟန်၏မျိုးရိုးအဆက်အနွယ် အကြောင်းဖော်ပြထားသည်။ကျွန်ုပ်တို့သည် ယေရှုအကြောင်းကို နားလည် သဘောပေါက်ရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် ယေရှုကြောင်းသိရှိရန် ကြိုးစားကြသော်လည်း သူ့ရှေ့၌ကြွလာသောဗတ္တိဇံဆရာယောဟန်ကိုမူ လျစ်လျူရှုကြသည်။ သင်နားလည်သဘောပေါက်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားရှင်းပြပါမည်။ 
(မာကု ၁း၁-၂) ဘုရားသခင်၏သားတော်ယေရှုခရစ်၏ ဧဝံဂေလိ တရား၏အစကိုဆိုပေအံ့။ အနာဂတ္တ္ကိကျမ်းစာ၌လာသည်ကား ကြည့်လော့။ သင်သွားရာလမ်းကိုပြင်ရသော ငါ၏တမန်ကို သင့်ရှေ့၌ငါစေလွှတ်၏။ တော၌ဟစ်ကြော်သောသူ၏အသံမှာ ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့။ ကောင်းကင်နိုင်ငံတော်၏သတင်းကောင်းသည် ဗတ္တိဇံဆရာ ယောဟန်အားဖြင့် စတင်လျက်ရှိသည်။ 
ကျွန်ုပ်တို့သည်ဗတ္တိဇံဆရာယောဟန်အကြောင်းကို လေ့လာမှသာ ယေရှု၏ရွေးနှုတ်ခြင်းသတင်းကောင်းကို နားလည်သဘောပေါက်ပြီး သူ့ကို ယုံကြည်နိုင်လိမ့်မည်။ ထိုအရာသည် လူမျိုးအားလုံး၏အခြေအနေကို နား လည်ဖို့အလို့ငှာ ကျွန်ုပ်တို့အတွက် စေလွှတ်သော သံတမန်ကို နားထောင် ခြင်းနှင့်တူသည်။ ကျွန်ုပ်တို့သည် ဗတ္တိဇံဆရာယောဟန်အကြောင်းကို သိရှိ နားလည်သောအခါ ဘုရားသခင်၏ရွေးနှုတ်ခြင်းကို ကောင်းမွန်စွာ နား လည်သဘောပေါက် နိုင်သည်။ 
မည်သို့ပင်ဖြစ်စေ၊ ယနေ့ခရစ်ယာန်အများစုသည် ယောဟန်အ ရေးကြီးကြောင်းကို မမြင်နိုင်သောကြောင့် သနားစရာကောင်းလှပါသည်။ ယောဟန်သည်ငြီးငွေ့၍လုပ်စရာမရှိသောကြောင့် ဘုရားသခင်၏စေလွှတ် ခြင်းကိုခံခြင်းမဟုတ်။ဓမ္မသစ်၌ သတင်းကောင်းလေးအုပ်တို့သည် ယေရှု၏ ရွေးနှုတ်ခြင်းအကြောင်းမပြောမှီ ဗတ္တိဇံဆရာယောဟန်အကြောင်းကို ရှေး ဦးစွာ ဖော်ပြလျက်ရှိကြသည်။ 
သို့သော် ယနေ့ဧဝံဂေလိတရားတို့သည် သူ့ကို လုံးလုံးလျားလျား လျစ်လျူရှုပြီး ယေရှုကိုယုံကြည်ခြင်းသည် ကယ်တင်ခြင်းအတွက်လုံ လောက်ပြီဟု ပြောကြသည်။ သူတို့သည် လူတို့အား တစ်သက်လုံးအပြစ် သားဖြစ်စေပြီး ငရဲမီးထဲ၌ အသက်နိဂုံးချုပ်စေတတ်ကြသည်။ ခရစ်ယာန် တို့သည် ယေရှုကိုသာယုံကြည်ပြီး ဗတ္တိဇံဆရာယောဟန်အကြောင်းကို နားမလည်လျှင် ပျက်စီးသော (ဝါ) မျှော်လင့်ချက်မရှိသောခရစ်ယာန်ဖြစ် လိမ့်မည်။ သင်သည် သမ္မာတရားကိုမသိဘဲ မည်ကဲ့သို့ အပြစ်မှရွေးနှုတ် ခြင်းခံရမည်နည်း။ ၄င်းသည် မဖြစ်နိုင်သောအရာဖြစ်သည်။ 
ရွေးနှုတ်ခြင်းသတင်းကောင်းသည် ရိုးသား၍ လွယ်ကူသောအရာ မဟုတ်ပေ။ မြောက်မြားစွာသောလူတို့က ရွေးနှုတ်ခြင်းသည် လက်ဝါးတိုင် ပေါ် ယုံကြည်ခြင်းအပေါ်၌ မူတည်သည်ဟု ယူဆကြသည်။ အကြောင်းမှာ ယေရှုသည် ကျွန်ုပ်တို့အတွက် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံတော်မူ သောကြောင့်ဖြစ်သည်။ သင်၏ယုံကြည်ခြင်းသည် မည်ကဲ့သို့ပင် ကြီးမား စေကာမူ သင်သည် သူ၏ကားတိုင်၌အသေခံတော်မူခြင်းကိုသာ ယုံကြည် ပြီး အပြစ်လက်ဆင့်ကမ်း ခြင်းအဖြစ်မှန်ကို နားမလည်လျှင် ထိုသို့ယုံကြည် ခြင်းက သင့်အား ပြည့်စုံသောရွေးနှုတ်ခြင်းသို့ ရောက်စေမည်မဟုတ်ပေ။ 
ဘုရားသခင်သည် ဗတ္တိဇံဆရာယောဟန်ကိုစေလွှတ်ရခြင်းမှာ အပြစ်ဖြေလွှတ်ခြင်း ပြည့်စုံစေရန်နှင့် ယေရှုသည် အပြစ်အားလုံးဆောင်ယူ သွားခြင်းကို လူတို့အားနားလည်စေလိုသောကြောင့်ဖြစ်သည်။ ကျွန်တော် တို့သည် သမ္မာတရားအားလုံးကို သိရှိပြီးမှသာ ယေရှုသည် ကျွန်တော်တို့ ၏အပြစ်အားလုံးကို မိမိပေါ်တင်သော ဘုရားသခင်၏သားတော်ဖြစ် ကြောင်း သိရှိနိုင်လိမ့်မည်။ 
ဗတ္တိဇံဆရာယောဟန်သည် ကျွန်ုပ်တို့အား ရွေးနှုတ်ခြင်း၏သမ္မာ တရားကို ဖွင့်ပြခဲ့သည်။ ယေရှုသည် စစ်မှန်သောအလင်းတော်နှင့် ဘုရား သခင်၏သားတော်ဖြစ်ကြောင်းကို သက်သေခံဖို့ သူရောက်လာကြောင်း ဟောပြောခဲ့သည်။ ဗတ္တိဇံဆရာယောဟန်က အတိအလင်း ဖော်ပြသည်မှာ မိမိသည် ထိုအလင်းမဟုတ်ဘဲ အလင်းတော်၏သက်သာဖြစ်ကြောင်း ဖော်ပြထားပါသည်။ ယေရှုကို ဗတ္တိဇံပေးခြင်းအားဖြင့် ရွေးနှုတ်ခြင်းသ တင်းကောင်းပြင်ဆင်သူဖြစ်ကြောင်း၊ သူသည် ရှင်ယောဟန် ၁ တွင် ဖော်ပြ ထားသည်။ 
ကျွန်ုပ်တို့သည် ရွေးနှုတ်ခြင်းနှင့်ပတ်သက်၍ ယောဟန်၏သက် သေခံချက်ကိုမသိလျှင် ယေရှုကို မည်သို့ယုံကြည်နိိုင်မည်နည်း။ ကျွန်ုပ် တို့သည် ယေရှုကိုမမြင်ဖူးပါ။ မတူညီသော ယဉ်ကျေးမှုနှင့် မျိုးရိုးများမှ ရောက်လာသောကျွန်ုပ်တို့သည်မည်ကဲ့သောယေဟောဝါအား ကျွန်ုပ်တို့၏ ဘုရားသခင်အဖြစ် ယုံကြည်နိုင်မည်နည်း။ 
ထိုကဲ့သို့ မတူညီသောဘာသာကို ကိုးကွယ်ကြသော ကျွန်ုပ်တို့ သည်ယေရှုခရစ်တော်ကိုသိနိုင်မည်လော။ယေရှုသည်အပြစ်အားလုံး သူ့အ ပေါ်တင်ခြင်းအားဖြင့် ကျွန်ုပ်တို့ကိုကယ်တင်သော ဘုရားသခင်၏သား တော်ဖြစ်ကြောင်း မည်သို့ဖြင့် သိရှိနိုင်မည်နည်း။ 
ကျွန်ုပ်တို့သည် ယေရှုအား ကယ်တင်ရှင်ဖြစ်ကြောင်း သိရှိနိုင်ရန် ဓမ္မဟောင်းကျမ်း၌ ရွေးနှုတ်ခြင်း၏စကားလုံးကို လေ့လာရန် လိုအပ်ပါ သည်။ ကျွန်ုပ်တို့သည်စစ်မှန်သောယုံကြည်ခြင်းရရှိဖို့ရန် စစ်မှန်သောဗဟု သုတရှိဖို့လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် စစ်မှန်သောဗဟုသုတ မရှိဘဲ မည်သည့်အရာကိုမျှလုပ်ဆောင်နိုင်ခြင်းမရှိပါ။ ယေရှုကို ယုံကြည်ပြီး ကယ် တင်ခြင်းရရှိဖို့ရန် ဗတ္တိဇံဆရာယောဟန် သက်သေခံခဲ့သော ရွေးနှုတ်ခြင်း ၏သတင်းကောင်းကို နားလည်ရန်လိုအပ်ပါသည်။ ခရစ်တော်၌ပြည့်စုံ သော ယုံကြည်ခြင်းရရှိရန် စစ်မှန်သောရွေးနှုတ်ခြင်း အကြောင်းကိုသိရှိဖို့ လိုအပ်သည်။ 
ယေရှုမိန့်တော်မူသည်မှာ “သင်တို့သည် သမ္မာတရားကိုသိကြလိမ့် မည်။ ထိုသမ္မာသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်။” ကျွန်ုပ်တို့သည် ယေရှု၌ စစ်မှန်သော ရွေးနှုတ်ခြင်း ကို သိရှိရန်လိုအပ်ပါသည်။ 
 
 
ကျမ်းစာရှင်းလင်းချက်များ
 
သတင်းကောင်းလေးအုပ်သည်
မည်သည်အရာမှ စတင်ခဲ့သနည်း
ဗတ္တိဇံဆရာယောဟန်၏ ဖြစ်ရပ်ပေါ်လာခြင်းမှ

ရွေးနှုတ်ခြင်းနှင့်ပတ်သက်၍ ကျမ်းစာ၏ရှင်းလင်းချက်များကို ကြည့်ကြပါစို့။ ဗတ္တိဇံဆရာယောဟန်နှင့်ပတ်သက်၍ သတင်းကောင်းလေး အုပ်မှ မည်ကဲ့သို့ ဖော်ပြထားသနည်း။ သူသည် မည်သူနည်း။ သူသည် မည်သို့ဖြင့် နောက်ဆုံးယဇ် ပုရောဟိတ်မင်းကြီးဖြစ်ခဲ့ပြီး လူသား အားလုံး ကိုကိုယ်စားပြုခဲ့သနည်း။မည်ကဲ့သို့တလောကလုံး၏အပြစ်ကို ယေရှုထံသို့ တင်ဆောင်ပြီး ယေရှုက ကျွန်ုပ်တို့၏အပြစ်များသယ်ဆောင်သွားသည်ကို ကြည့်ကြပါစို့။ 
သတင်းကောင်းလေးအုပ်သည် ဗတ္တိဇံဆရာယောဟန်နှင့်စတင် သည်ကို ကြည့်ကြပါစို့။ ယောဟန် ၁း၆ တွင် သတင်းကောင်းလေးအုပ်ထဲမှ အရေးကြီးဆုံးသော အဖြစ်အပျက်တစ်ခုကို ဖော်ပြထားပါသည်။ ၄င်းသည် တလောကလုံး၏အပြစ်များကို ယေရှုထံသို့ကမ်းပေးရန်တာဝန်ကို မည်သူ့ တာဝန်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ယောဟန်အမည်ရှိသောသူ တစ် ယောက်ကို ဘုရားသခင်က စေလွှတ်တော်မူ၏။ ထိုသူကို လူအပေါင်း တို့သည်အမှီပြု၍ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည် သက် သေခံဖြစ်၍ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှာလာ၏။ (ရှင်ယောဟန် ၁း၆-၇)
“လူအပေါင်းတို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အ ကြောင်း” ဤစာပိုဒ်က ဖော်ပြပါသည်။ ယေရှုသည် အလင်းဖြစ်တော်မူ၏။ ထို့နောက် သူသည် အလင်းတော် အကြောင်းကို သက်သေခံပြီးသူမှတဆင့် လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း ဆိုလိုခြင်း ဖြစ်သည်။ ရှင်မဿဲ အခန်း (၃) ကို လေ့လာကြပါစို့။ 
ရှင်မဿဲ ၃း၁၃-၁၇ ။ ထိုအခါ ယေရှုသည် ဗတ္တိဇံကိုခံအံ့သောငှါ ဂါလိလဲပြည်မှ ယော်ဒန်မြစ်နားယောဟန်ထံသို့ကြွတော်မူ၏။ ယောဟန် ကလည်း အကျွန်ုပ်သည် ကိုယ်တော်ထံ၌ဗတ္တိဇံကို ခံရမည်အကြောင်းရှိပါ သည်ဖြစ်၍ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွတော်မူသလောဟု ယေရှု ကို တားဆီးလေ၏။ ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန် အစင် ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟုပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည်သဘောတူ လေ၏။ ယေရှုသည် ဗတ္တိဇံကို ခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင် ကောင်းကင်ဖွင့်လှစ်သဖြင့် ဘုရားသခင်း၏ဝိညာဉ် တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော့်ပေါ်၌နားတော်မူသည် ကိုမြင်ရ၍ ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်ကအသံတော်ဖြစ်လေ၏။ 
 
ဗတ္တိဇံဆရာယောဟန်သည် လူသားအားလုံး၏ကိုယ်စား
ဖြစ်သည်ဟု ကျမ်းစာက ဖော်ပြသောကြောင့်
ကျွန်ုပ်တို့သည်အဘယ်ကြောင့်ယောဟန်၏
မျိုးရိုးအဆက်အနွယ်သိဖို့ရန်လိုအပ်ပါသနည်း

ယဇ်ပုရောဟိတ်မင်းကြီးဖြစ်သည်ဟုကျမ်းစာက ဖော်ပြထားသော ကြောင့် တလောကလုံး၏အပြစ်များဖြေလွှတ်ဖို့ရန် ဗတ္တိဇံဆရာယောဟန် က ယေရှုအားဗတ္တိဇံပေးခဲ့သည်။ ဗတ္တိဇံ ဆရာယောဟန်ထံမှ ယေရှုဗတ္တ ဇံခံခြင်းသည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် အရေးကြီးသောအဖြစ် အပျက်ဖြစ်သည်။သို့သော် ဤစစ်မှန်သောဖြစ်ရပ်ကို တိကျစွာ နားလည်ပြီး ယုံကြည်နိုင်ရန် ဗတ္တိဇံဆရာယောဟန်အကြောင်းကို လေ့လာဖို့လိုအပ်ပါ သည်။ 
ရှင်လုကာ ၁း၁-၁၄ ရှေးဦးစွာမှစ၍ ကိုယ်တော်မြင်သောသက် သေဖြစ်လျက်နှုတ်ကပတ်တော်မှုကိုဆောင်ရွက်သောသူတို့သည် ငါတို့တွင် ထင်ရှားစွာ ဖြစ်လေပြီးဖြစ်သောအတ္တုပ္ပတ္တိများကို ငါတို့အား ကြားပြော သည့်အစဉ်အတိိုင်း မှတ်သားသောစာကို စီရင်ရေးသားသောသူအများ ကြီးရှိသည်ဖြစ်၍ စေ့စေ့ရှာဖွေ လိုက်စစ်ပြီးလျှင် ကိုယ်တော်သင်ပြီးသော အကြောင်းအရာတို့သည် ဧကန်အမှန်ဖြစ်ကြောင်းကို ကိုယ်တော်အားသိ စေခြင်းငှါ အစဉ်အတိုင်းရေးထား၍ ကြားလိုက်မည့်အကြံရှိပါ၏။ အလွန် မြတ်သောသော်ဖိလု၊ ယုဒပြည်ကို အစိုးရသောဟေရုဒ် မင်းကြီးလက် ထက်၊အဘိယအသင်းဝင်ဖြစ်၍ ဇာခရိအမည်ရှိသော ယဇ်ပုရော ဟိတ်တ ပါးရှိသည်။ သူ၏ဇနီးသည်သည် အာရုန်၏အမျိုးအနွယ်ဖြစ်သည်။ သူမ၏ အမည်ကား ဧလိရှဗက်ပေတည်း။ ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား ၏ ပညတ်တရားတော်အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ်တင်ခြင်းနှင့် လွတ်သဖြင့် ဘုရားသခင်ရှေ့မှောက်တော်၌ ဖြောင့်မတ်ခြင်းပါရမီရှိကြ၏။ ဧလိရှဗက်သည်မြုံသောကြောင့် သူတို့ဇနီးမောင်နှံတွင် သားသမီးမရှိကြ ပေ။ သူတို့သည်အသက်ကြီးကြပြီဖြစ်၏။ ဇာခရိသည် မိမိနှင့်တကွ အလှည့်သင့်၍ဘုရားသခင်ရှေ့တော်၌ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် သည်တွင် ယဇ်ပုရောဟိတ်ထုံးစံအတိုင်း စာရေးတံချသဖြင့် သူသည် ထာဝ ရဘုရား၏ဗိမာန်တော်အတွင်းသို့ဝင်၍ နံ့သာပေါင်းကို မီးရှို့ရ၏။ ထိုသို့ မီးရှို့သည့်အချိန်တွင် လူအပေါင်းတို့သည်အပြင်၌ဆုတောင်းလျက်နေကြ ၏။ ထိုအခါထာဝရဘုရား၏ကောင်းကင်တမန်သည် ထင်ရှား၍ မီးရှို့သော ယဇ်လ္လင်၏လက်ယာဘက်၌ ရပ်နေသည်ကို ဇာခရိသည် မြင်သော်၊ စိတ်နှလုံးမငြိမ်မဝပ်၊ထိတ်လန့်ခြင်းသို့ရောက်၏။ ကောင်းကင်တမန်က လည်း “ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်၊ သင်ပြုသောပဌာနာကို နာခံတော်မူ ပြီး သင်၏ဇနီးဧလိဇဗက်သည် သားယောကျာ်းကို ဖွားမြင်လိမ့်မည်။ ထို သားကိုယောဟန်အမည်မှည့်ရမည်။ သင်သည် ဝမ်းသာရွှင်လန်းခြင်းရှိလိမ့် မည်။” ထိုသားကိုဖွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်း မြောက်ခြင်းသို့ရောက်ကြမည်။ 
ဤနေရာတွင် ရှင်လုကာသည် ကျွန်ုပ်တို့အား ယောဟန်၏မျိုးရိုး အဆက်အနွယ်ကိုအသေးစိတ်ဖော်ပြပေးပါသည်။ရှေးဦးစွာယေရှု၏နောက် လိုက်ဖြစ်သောလုကာက ဗတ္တိဇံဆရာ ယောဟန်၏မျိုးရိုးအဆက်အနွယ်ကို ရှင်းပြထားသည်။ ယောဟန်သည် အခြားယဉ်ကျေးမှုမှလာပြီး ဘုရားသခင် အကြောင်းမသိသော သော်ဖိလုခေါ်လူတစ်ဦးအား သတင်းကောင်းဝေငှခဲ့ ပါသည်။ 
ထို့ကြောင့် အပြစ်သားများ၏ ကယ်တင်ရှင်ယေရှုအကြောင်းကို ထိုသူအား သင်ပေးဖို့ရန် ဗတ္တိဇံဆရာယောဟန်၏ မျိုးရိုးအဆက်အနွယ်ကို သေချာစွာ ရှင်းပြဖို့လိုအပ်၏ဟု လုကာထင်ခဲ့သည်။ ထိုကဲ့သို့ ကျွန်ုပ်တို့ သည်လည်း တစ်ပါးတည်းသောအမျိုး၊ ကွဲပြားသောမျိုးနွယ်စုဖြစ်သဖြင့် ယေရှု၏ကယ်တင်ခြင်းအကြောင်း တစ်ဆင့်ပြီးတစ်ဆင့် ရှင်းပြခြင်းမရှိခဲ့ လျှင် ကျွန်ုပ်တို့ နားလည်နိုင်မည်မဟုတ်ပေ။ အသေးစိတ် လေ့လာကြပါစို့။ 
ရှင်လုကာ ၁း၅-၉။ သူ၏ဇနီးသည်သည် အာရုန်၏အမျိုးအနွယ်ဖြစ်သည်။ သူမ၏အမည်ကား ဧလိရှဗက်ပေတည်း။ ထိုသူနှစ်ယောက်တို့သည် ထာဝ ရဘုရား၏ပညတ်တရားတော်အမျိုးမျိုးတို့ကိုကျင့်ဆောင်၍အပြစ်တင်ခြင်း နှင့်လွတ်သဖြင့်ဘုရားသခင်ရှေ့မှောက်တော်၌ ဖြောင့်မတ်ခြင်းပါရမီရှိကြ ၏။ ဧလိရှဗက်သည်မြုံသောကြောင့် သူတို့ဇနီးမောင်နှံတွင် သားသမီး မရှိကြပေ။ သူတို့သည် အသက်ကြီးကြပြီဖြစ်၏။ ဇာခရိသည် မိမိနှင့်တကွ အလှည့် သင့်၍ဘုရားသခင်ရှေ့တော်၌ ယဇ်ပုရောဟိ်တ်အမှုကို ဆောင် ရွက်သည်တွင် ယဇ်ပုရောဟိတ် ထုံးစံအတိုင်း စာရေးတံချသဖြင့် သူသည် ထာဝရဘုရား၏ဗိမာန်တော် အတွင်းသို့ဝင်၍ နံ့သာ ပေါင်းကို မီးရှို့ရ၏။
ယဇ်ပုရောဟိတ်၏ထုံးစံအတိုင်း ဇာခရိသည် ဘုရားသခင်၏အမှု တော် ဆောင်နေချိန်တွင် ဤကဲ့သို့ အဖြစ်အပျက်တစ်ခုပေါ်လာ၏။ ဇာခရိ သည် အာရုန်အမျိုးအနွယ်ဖြစ်ကြောင်း လုကာကရှင်းလင်းစွာ သက်သေခံ ခဲ့သည်။ ဇာခရိသည် မည်သည့်အသင်းတော်၌ ပါဝင်သနည်း။ ဤအရာ သည် အရေးကြီးသောကဏ္ဍဖြစ်သည်။ 
သူသည် ဤကဲ့သို့ရှင်းပြခဲ့သည်။ “ဇာခရိသည် မိမိအသင်းနှင့်တ ကွ အလှည့်သင့်၍ ဘုရားသခင်ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို ဆောင် ရွက်သည်” လုကာသည် ဇာခရိ အကြောင်းကို သေချာစွာ သိသောကြောင့် ဧလိရှဗက်နှင့် ဇာခရိတို့နှစ်ဦး၏အမည်ကို ဖော်ပြခြင်းအားဖြင့် သူသည် ရွေးနှုတ်ခြင်းသတင်းကောင်းကို ရှင်းပြခဲ့ပါသည်။ 
ဗတ္တိဇံဆရာယောဟန်သည် ဧလိရှဗက်အားဖြင့် ဇာခရိနှင့်အာရုန် အား၏ သားသမီးများအနက် တစ်ယောက်အပါအဝင်ဖြစ်ပြီး ဧလိရှဗက် အားဖြင့်မွေးဖွားခဲ့ပါသည်။ယခုယောဟန်၏ဖခင်ဖြစ်သော ဇာခရိ၏သား စဉ်မြေးဆက်ကို လေ့လာကြပါစို့။ 
 
 
ဗတ္တိဇံဆရာယောဟန်၏သားစဉ်မြေးဆက် 
 
ဗတ္တိဇံဆရာယောဟန်သည် မည်သူ၏
မျိုးရိုးမှ ဆင်းသက်လာသနည်း
ယဇ်ပုရောဟိတ်မင်းကြီး အာရုန်၏
မျိုးရိုးမှ ဆင်းသက်လာသည်

ဗတ္တိဇံဆရာယောဟန်၏ မျိုးရိုးအဆက်အနွယ်ကို နားလည်ဖို့ရန် ဓမ္မဟောင်းမှ ရာဇဝင်ချုပ်ပထမစာစောင် ၂၄း၁-၁၉ ကို ဖတ်ရှုလေ့လာရန် လိုအပ်ပါသည်။ 
အာရုန်၏အမျိုးအသီးအခြားသင်းဖွဲ့ရာမှာ အာရုန်၏သားကားနာ ဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။ နာဒပ်နှင့်အဘိဟုသည် သားသမီး မရှိ။ အဘလက်ထက်တွင် သေဆုံးသွားသောကြောင့် ဧလာဇာနှင့်ဣသမာ သည် ယဇ်ပုရောဟိတ်အမှုကိုဆောင်ရ၏။ ဒါဝိဒ်သည် ဧလာဇာအမျိုးဇာ ဒုတ်နှင့် ဣသမာအမျိုး အဟိမလက်ကို အသီးသီးဆောင်သင့်သည့်အတိုင်း ခန့်ထားလေ၏။ ဣသမာအမျိုးအကြီးအကဲထက် ဧလာဇာအမျိုးအကြီးအ ကဲကသာ၍များသောကြောင့် ဧလာဇာအဆွေအမျိုးအလိုက် အကြီးအကဲ တကျိပ်ခြောက်ယေက်၊ ဣသမာအဆွေအမျိုးအလိုက် အကြီးအကဲရှစ် ယောက်တို့ကို အသီးသီးခန့်လေသည်။ စာရေးတံပြုလျက် အသီးအခြား ခွဲခန့်၍ သန့်ရှင်းရာဌာနအုပ်၊ ဘုရားသခင်၏အမှုတော်အုပ်တို့ကို ဧလာဇာ အမျိုးနှင့် ဣသမာအမျိုးထဲမှရွေးယူရ၏။ လေဝိအမျိုးနာသနေလသားစာ ရေးတော် ရှေမာယသည် ရှင်ဘုရင်၊မှူးမတ်၊ယဇ်ပုရောဟိတ်ဇာဒုတ်၊ အဗျာ သာသား အဟိမလက်၊ ယဇ်ပုရောဟိတ် လေဝိသားအဆွေအမျိုး၊ သူကြီး များရှေ့မှာ နာမည်များကိုမှတ်ရ၏။ စာရေးတံပြု၍ ဧလာဇာအမျိုးနှင့် ဣသမာအမျိုးထဲမှ တလှည့်စီရွေးကောက်ခန့်ထားသော သူဟူမူကား - ပဌ မသူ ယောယာရိပ်၊ ဒုတိယသူယေဒါယ၊ တတိယသူဟာရိမ်၊ စတုတ္တသူစော ရိမ်၊ပဉ္စမသူ မာလခိယ၊ သတ္တမသူ ဟက္ကုတ်၊ အဌမသူအဘိယ၊နဝမသူ ယေ ရွာ၊ဒသမသူရှေကနိ၊ဧကဒသမသူဧလျာရှိပ်၊ဒွါဒသမသူယာကိမ်၊တကျိပ် သုံးယောက်မြောက်သောသူဟုပ္ပ၊တကျိပ်လေးယောက်မြောက်သောသူယေ ရှေဗက်၊တကျိပ်ငါးယောက်မြောက်သောသူဗိလဂ၊ တကျိပ်ခုနှစ်ယောက် မြောက်သောသူက္ကမ္မေရ၊ တကျိပ်လေးယောက်မြောက်သောသူဟေဇိရ၊ တ ကျိပ်ရှစ်ယောက်မြောက်သောသူအပ်ဇဇ်၊ တကျိပ်ကိုးယောက်မြောက်သော သူပေသဟိ၊ နှစ်ကျိပ်မြောက်သောသူယေဇကျေလ၊ နှစ်ကျိပ် တစ်ယောက် မြောက်သောသူယာခိန်၊ နှစ်ကျိပ်နှစ်ယောက်မြောက်သောသူဂါမုလ၊ နှစ် ကျိပ်သုံးယောက်မြောက်သောသူဒေလာယ၊ နှစ်ကျိပ်လေးယောက်မြောက် သောသူမာဇိတည်း။ ထိုသို့သူတို့အဘအာရုန်အား ဣသရေလအမျိုး၏ဘု ရားသခင်၊ ထာဝရဘုရား မှာထားတော်မူ၍ အဘအာရုန်စီရင်သည့်အတိုင်း သူတို့သည် ထာဝရဘုရား၏အိမ်တော်ကို ဝင်မြဲဝင်၍ အမှုတော်ကိုဆောင် ရွက်စေခြင်းငှာ ခန့်ခွဲခြင်း ရှိသတည်း။ 
အပိုဒ်ငယ် ၁၀ ကို ပြန်ကြည့်ကြပါစို့။ သတ္တမသူဟက္ကုတ်၊ အဌမ သူအဘိယ၊ ရှင်ဘုရင်ဒါဝိဒ်ခေတ်၌ ယဇ်ပုရောဟိတ်များစွာရှိသကဲ့သို့ သူတို့ သည် အမှုတော်ဆောင်များအတွက် စည်းမျဉ်းတီထွင်ရန် လိုအပ်ပါသည်။ ထိုကဲ့သို့ ဒါဝိဒ်သည်အာရုန်၏သားများအားတာဝန် မြောက်မြားစွာပေးခဲ့ပြီး သူတို့သည်ယင်းကဲ့သို့ စနစ်တကျလုပ်ဆောင်ကြသည်။ (သင်တို့ အားလုံး သိပြီးသည့်နည်းတူအာရုန်သည် မောရှေ၏အစ်ကိုဖြစ်ပြီး ဘုရားသခင် သည် သူ့အားသန့်ရှင်းသောတဲတော်၌ ယဇ်ပုရောဟိတ်မင်းကြီး၏အမှုကို ဆောင်ခြင်းငှါ ဣသရေလလူတို့ရှေ့၌ ဘိသိက်ပေးတော်မူ၏။ မောရှေ လည်း အာရုန်၏ကိုယ်စားလှယ်အဖြစ် ဘိသိက်ပေးတော်မူ၏။)
လေဝိလူမျိုးတို့သည် ယဇ်ပုရောဟိတ်ဖြစ်သောအာရုန်နှင့် သူ၏ သားတို့ လက်အောက်၌ အမှုဆောင်ကြပြီး ဘုရားသခင်၏ရှေ့တော် မှောက်၌ ယဇ်ပူဇော်ခြင်းအမှုကို အာရုန်၏သားတို့က ဆောင်ရွက်ခဲ့ကြ သည်။ ဒါဝိဒ်သည် စာရေးခွဲခြင်းမပြုလုပ်မီ အာရုန်အမျိုးအနွယ်ဖြစ်သော ယဇ်ပုရောဟိတ်တို့က စာရေးတံကိုခွဲပြီး ထိုကဲ့သို့ သူတို့ခွဲတိုင်း ရှုပ်ထွေးမှု များစွာ ပေါ်လျက်ရှိ၏။ 
ထို့ကြောင့် ဒါဝိဒ်သည် အသင်းတခုစီဆောင်ရွက်ရန် နည်းစနစ်ကို ဖန်တီးပေးသည်။ အာရုန်၏မြေးမှစ၍ အသင်းပေါင်း (၂၄) သင်းရှိပြီး အဌမ သူသည် အဘိယဖြစ်သည်။ အဘိယ အသင်းမှ ယဇ်ပုရောဟိတ်ဇာခရိဟု ဆိုထားသည်။ထို့ကြောင့် အဘိယအသင်းမှဇာခရိသည် ယဇ်ပုရောဟိတ် ဖြစ်ပြီးထိုသူနှစ်ဦးတို့သည် ယဇ်ပုရောဟိတ်မင်းကြီးအာရုန်၏ အမျိုးအနွယ် များ ဖြစ်သည်။ 
ဇာခရိသည် အဘိယအသင်းမှယဇ်ပုရောဟိတ်ဖြစ်ပြီး သူသည် ဗတ္တိဇံဆရာ ယောဟန်၏ဖခင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျမ်းစာကိုကြည့် ခြင်းအားဖြင့် သူတို့သည် မိသားစုထဲ၌ အချင်းချင်းထိမ်းမြားလက်ထပ်ကြ ကြောင်း သိရှိရပါသည်။ 
ထို့ကြောင့် ယာကုပ်ကလည်း သူ့မိခင်ဘက်မှသူ့ဦးလေး၏သမီးကို လက်ထပ်ခဲ့သည်။ ဤအချက်သည်အရေးပါသော မျိုးရိုးအဆက်အနွယ် ရှင်းပြချက်ဖြစ်သည်။၄င်းက “အဘိယအသင်းတော်မှ ဇာခရိခေါ်ယဇ်ပုရော ဟိတ်” ဟုဆိုထားပါသည်။ 
ထို့ကြောင့် သူသည် အာရုန်မှဆင်းသက်လာသူဖြစ်ကြောင်း ခိုင်မာ သောသက်သေအထောက်အထားရှိပါသည်။ ထိုပုဂ္ဂိုလ်သည် အဘယ်သူ နည်းဟုမေးလျှင်ဗတ္တိဇံဆရာယောဟန်၏ဖခင်ဇာခရိပေတည်း။ ဤအချက် သည်ယေရှု၏ရွေးနှုတ်ခြင်းအကြောင်းကိုရှင်းပြရာ၌၄င်း၊ ဗတ္တိဇံဆရာယော ဟန်၏လုပ်ငန်းနှင့်လောကတစ်ခုလုံး၏အပြစ်ကို ယေရှုထံပို့ဆောင်ရာ၌ ၄င်း၊ အရေးသောအချက်ဖြစ်သည်။ 
 
 
အာရုန်၏သားတို့သာလျှင် ယဇ်ပုရောဟိတ်အမှုကို ဆောင်ရမည်
 
ဓမ္မဟောင်းခေတ်၌ မည်သူက
ယဇ်ပုရောဟိတ် မင်းကြီး၏အမှုကို
ဆောက်ရွက်ရမည်နည်း
အာရုန်နှင့် ခန့်အပ်ထားသောသူ၏
အမျိုးအနွယ်များ

အဘယ့်ကြောင့် ယဇ်ပုရောဟိတ်အမှုကို အာရုန်၏သားတို့က ဆောင် ရွက်ရန် ကျမ်းစာက ဖော်ပြသနည်း။ အတူတကွ ကြည့်ကြပါစို့။ 
တောလည်ရာကျမ်း ၂၀း၂၂-၂၉။ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့သည် ကာဒေရှအရပ်မှပြောင်း၍ ဟောရတောင်သို့ရောက် ကြ၏။ ဧဒုံပြည်စွန်နားဟောရတောင်ပေါ်၌ ထာဝရဘုရားသခင်သည် မော ရှေနှင့်အာရုန်တို့ကို ခေါ်၍ သင်တို့သည် မေရိဘစမ်းရေနားမှာ ငါ့စကားကို ဆန့်ကျင်သောကြောင့် ဣသရေအမျိုးတို့အား ငါပေးသောပြည်သို့ အာရုန် သည် မဝင်ရ။မိမိလူမျိုးစည်း ဝေရာသို့သွားရမည်။ သို့ဖြစ်၍ အာရုန်၏သား ဧလာဇာကိုခေါ်၍ ဟောရတောင် ပေါ်သို့ဆောင်သွားပြီးလျှင် အာရုန်၏အ ဝတ်ကိုချွတ်၍ သူ၏ဧလာဇာကိုဝတ်စေပြီးမှ အာရုန်သည် ထိုအရပ်၌သေ၍ မိမိလူမျိုးစည်းဝေးရာသို့သွားရမည်ဟု မိန့်တော်မူသည့်အတိုင်း မောရှေပြု ၍ သူတို့သည် ပရိသတ်အပေါင်းတို့ရှေ့မှာ ဟောရတောင်ပေါ်သို့တက် ကြ၏။ မောရှေသည် အာရုန်၏အဝတ်ကိုချွတ်၍ သားဧလာဇာကို ဝတ်စေ ပြီးလျှင် အာရုန်သည်တောင်ထိပ် ပေါ်၌သေလေ၏။ မောရှေနှင့်ဧလာဇာတို့ သည် တောင်ပေါ်မှဆင်းလာကြ၏။ အာရုန်သည် အနိစ္စရောက်ကြောင်းကို ပရိသတ်ပေါင်းတို့သည် သိမြင်သောအခါ ဣသရေလလူမျိုးရှိသမျှတို့သည် အာရုန်အတွက်ရက်ပေါင်း၃၀ပတ်လုံးငိုကြွေးမြည်တမ်းကြခြင်းပြုကြ၏။ 
ထွက်မြောက်ရာကျမ်းထဲ၌ ယဇ်ပုရောဟိတ်မင်းကြီး အာရုန် ၏သားတို့သည် နှစ်ပေါင်း ၃၀ ပြည့်သောအခါ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ပြီးခန့်အပ်ထားသောသားက ယဇ်ပု ရောဟိတ်မင်းကြီး၏အမှု ကို မိမိဖခင်ဆောင်ရွက်သကဲ့သို့ ဆောင်ရွက်ရမည်ဟုဖော်ပြထားပါသည်။ 
ထွက်မြောက်ရာကျမ်း ၂၈း၁-၅။ သင်၏အစ်ကိုအာရုန်သည် ငါ့ရှေ့ မှာ ပရောဟိတ်အမှုကို ဆောက်ရွက်ရမည်အကြောင်း၊ သူနှင့်သူ၏သား တည်းဟူသော နာဒ်၊အဘိဟုဧလိဇာ၊ ဣသမာတို့ကို ဣသရေလအမျိုးသား တို့ထဲက ရွေးချယ်၍ သင့်အောက်၌ခန့်ထားလော့။ သင်၏ အစ်ကိုအာရုန်၌ ဘုန်းအသရေထင်ရှားစေခြင်းငှာ သန့်ရှင်းသောအဝတ်ကို လုပ်၍ပေးရ မည်။ အာရုန်သည် ငါ့ရှေ့မှာ ယဇ်ပုရောဟိ်တ်အမှုကို ဆောက်ရွက်ရ သောအခွင့်ရှိ၍သူ့ကိုသန့်ရှင်းစေခြင်းငှာငါပေးသော ဉာဏ်ရသောပညာရှိ အပေါင်းတို့သည် ထိုအဝတ်ကိုလုပ်ရမည်ဖြစ်ကြောင်း မှာထားရမည်။ လုပ်ရသောအမှုကားရင်ဖုံး၊သင်တိုင်း၊ ဝတ်လုံချယ်လှယ်သောအင်္ကျီ၊ ဗေါင်း၊ ခါးပတ်တည်းဟူသောသင်၏အစ်ကိုအာရုန်နှင့် သူ၏သားတို့သည် ငါ့ရှေ့ မှာ ပရောဟိတ်အမှုကို ဆောင်ရွက်ရမည်အကြောင်း၊ သန့်ရှင်းသောအဝတ် ကိုလုပ်ခြင်းငှာ ရွှေနှင့်ပြာသောအထည်၊ မောင်းသောအထည်၊ နီသော အထည်ပိတ်ချောအထည်တို့ကို ယူရမည်။ 
ဘုရားသခင်သည် မောရှေ၏အစ်ကိုဖြစ်သော အာရုန်အား ယဇ်ပု ရော ဟိတ်မင်းကြီးအမှုကို ဆောင်ရွက်ရန်ခန့်အပ်ထားပါသည်။ ယဇ်ပုရော ဟိတ်မင်းကြီးဖြစ်ခြင်းအမှုသည် တခြားလူများအတွက် ဖွင့်ပြထားသောအ ရာမဟုတ်ပေ။ ဘုရားသခင်သည် မောရှေအား အာရုန်ကို မိမိအတွက် အဝတ်အစားပြင်ဆင်ပြီး သန့်ရှင်းစေလျက် ယဇ်ပုရောဟိတ်မင်းကြီးအရာ ၌ ခန့်အပ်ထားရန်အမိန့်ပေးတော်မူ၏။ ဘုရားသခင်၏စကားတော်များကို ကျွန်ုပ်တို့ မမေ့သင့်ပေ။ 
ထွက်မြောက်ရာကျမ်း ၂၉း၁-၉ ထဲ၌လည်း သူတို့သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရမည်အကြောင်း၊ အဘယ်သို့သန့်ရှင်း စေရမည်ဟူမူကား အပြစ်အနာအဆာမရှိသောနွားငယ်အထီးနှင့် သိုးနှစ် ကောင်တို့ကို၄င်း၊ တဆေးမပါသောဂျုံမှုန့်၊ တဆေး မပါဘဲဆီနှင့်လုပ်သော ဂျူံမှုန့်ပြား၊ တဆေးမပါဘဲဆီလူးသောဂျူံမှုန့်ကြွပ်တို့ကို၄င်း၊ ယူလာရမည်။ ထိုမုန့်များကို တောင်းတစ်လုံးထဲ၌ ထည့်ပြီးလျှင် နွားတစ်ကောင်၊ သိုးနှစ် ကောင်နှင့်တကွ ဆောင်ခဲ့ရမည်။ အာရုန်နှင့်သူ၏ သားတို့ကို ပရိသတ် စည်းဝေးရာတံခါးနားသို့ ခေါ်ခဲ့၍ရေချိုးရမည်။ အဝတ်တန်ဆာများကိုယူ၍ အင်္ကျီ၊ ဝတ်လုံ၊ သင်တိုင်း၊ ရင်ဖုံးတို့ကို အာရုန်ကိုဝတ်စေ၍ ထူးခြားသော သင်တိုင်းရင်စည်းနှင့်စည်းရမည်။ သူ၏ခေါင်းပေါ်မှာ ဗေါင်းကိုတင်၍ ဗေါင်း၌ သန့်ရှင်းသောသင်းကျစ်ကို တပ်ရမည်။ ထိုအခါ လိမ်းစရာဆီကို ယူ၍ သူ၏ခေါင်းပေါ်၌လောင်းပြီး သူ့ကိုလိမ်းပေးရမည်။ သူ၏သားတို့ကို လည်း ခေါ်၍ အင်္ကျီဝတ်စေရမည်။ 
အာရုန်နှင့်သူ့သားတို့အား လည်းစီးပဝါနှင့်ပတ်လျက် သူတို့ဦးထုပ် ဆောင်းစေပြီး သူတို့အတွက်ယဇ်ပုရောဟိတ်အမှုသည် တသက်လုံးဆောင် ရွက်ရမည့်အမှုဖြစ်၏။ ထို့ကြောင့် ယဇ်ပုရောဟိတ်အမှုသည် ယေရှုလော ကသို့ကြွလာပြီးနောက်ပိုင်း၌လည်းထိရောက်မှုရှိသေးကြောင်း တွေ့ရပါ သည်။ 
ဇာခရိသည် ယဇ်ပုရောဟိတ်မင်းကြီးအာရုန်၏အမျိုးအနွယ်မှ ဆင်းသက်လာသူဖြစ်ကြောင်း လုကာက လေးနက်စွာ ရှင်းပြထားပါသည်။ ထိုသို့ဇာခရိသည် ဗိမ္မာန်တော်၌ ဘုရားသခင်၏ ယဇ်ပုရောဟိတ်မင်းကြီး အမှုကို ဘုရားသခင်ရှေ့တော်မှောက်၌ ဆောင်ရွက်နေချိန်တွင် ကောင်း ကင်တမန်က ဇာခရိအားသင်၏ဇနီးဧလိရှဗက်သည် သားယောကျာ်းကို ဖွားမြင်လိမ့် မည်ဟု မိန့်တော်မူ၏။ 
ထိုအချက်ကို ဇာခရိသည် မယုံနိုင်ဘဲ “အကျွန်ုပ်မယားသည် အ သက်အရွယ်ကြီးရင့်ပါပြီ၊ အဘယ်သို့သားယောကျာ်းကို ဖွားမြင်နိုင် မည်နည်း”ဟုဆို၏။ ဤသို့ဖြင့် ဘုရားသခင်၏ ကောင်းကင်တမန်စကား ကိုမယုံကြည်သောကြောင့် ဘုရားသခင်က သူ့အား စကားထစ်စေခဲ့သည်။ အကြောင်းမူကား မိမိစကားတော်သည် မှန်ကန်ကြောင်း ထင်ရှားစေလို သောကြောင့် ဖြစ်သည်။ 
သူ၏ဇနီးဧလိရှဗက်သည် ပဋိသန္ဓေစွဲပြီးများမကြာမီ အပျိုကညာ ဖြစ် သောမာရိ သည်လည်း ပဋိသနြွေစွဲလာ၏။ ထိုဖြစ်ရပ်နှစ်ခုသည် ကျွန်ုပ်တို့ကယ်တင်ခြင်းအတွက် ဘုရား သခင်ပြင်ဆင်သောအရာဖြစ် တော်မူ၏။ ရွံရှာမုန်းတီးဖွယ်ကောင်းသောလူသားများကို ကယ်တင် ဖို့အ လို့ငှာ ဘုရားသခင်သည် မိမိအစေခံဖြစ်သောယောဟန်နှင့် သူ၏တစ်ပါး တည်းသော သားတော်အား ဤလောကသို့ စေလွှတ်ခဲ့သည်။ 
ထို့ကြောင့် ဘုရားသခင်သည် လောကအပြစ်အားလုံး သူ့အပေါ် ကမ်းပေးရန်နှင့် သူ့ကို ယုံကြည်သောသူအားလုံးသည် ကယ်တင်ခြင်းရရန် မိမိသားတော်အား ဗတ္တိဇံခံစေခဲ့သည်။ 
 
 
ဘုရားသခင်၏အထူးကြည့်ရှုစောင်မခြင်း 
 
ဘုရားသခင်သည် သူ၏ရွေးနှုတ်ခြင်းအတွက်
ယေရှုရှေ့၌ မည်သူကို ပြင်ဆင်စေခဲ့သနည်း
ဗတ္တိဇံဆရာယောဟန်

ယေရှုခရစ်တော်သည် အပျိုကညာမာရိအားဖြင့် မွေးဖွားသော လူသားတို့၏ကယ်တင်ရှင်ဖြစ်တော်မူ၏။ မာရိသည် ယုဒအမျိုးမှယောသပ် နှင့်လက်ထပ်ရန်စေ့စပ်ထားသော သူဖြစ်သည်။ ဗတ္တိဇံဆရာယောဟန် သည် ယဇ်ပုရောဟိတ်မင်းကြီးအာရုန်၏ အမျိုးအနွယ်မှမွေးဖွားသကဲ့သို့ ယေရှုသည်လည်း ဘုရားသခင်၏ပဋိညာဉ်ပြည့်စုံစေဖို့ရန် ယုဒအမျိူးအ နွယ် မှဖွါးမြင်ခဲ့သည်။ 
ဘုရားသခင်သည် ထိုသူနှစ်ဦးအားဤလောက၌မွေးဖွားရန်ပြင် ဆင်ထားပြီး ထိုပြင်ဆင်ချက်၌ ယောဟန်သည် ယေရှုမတိုင်မီဖွားမြင် ရန်ဖြစ်သည်။ ယောဟန်သည် လောကအပြစ်အားလုံးကို ယေရှုပေါ်လက် ဆင့်ကမ်းရန်နှင့်ယေရှုကိုဗတ္တိဇံပေးရန်မွေးဖွားခဲ့ခြင်းဖြစ်သည်။ ဓမ္မဟောင်း နှင့်ဓမ္မသစ်ခေတ်၌ ဘုရားသခင်၏ပဋိညာဉ်ကို ပြည့်စုံစေဖို့အလို့ငှာ အပြစ် ဖြေရာယဇ်ကို ယဇ်ပုရောဟိတ်မင်း ကြီးအမျိုးအနွယ်မှပူဇော်ခြင်းဖြင့် လူ အပေါင်းတို့သည်ကယ်တင်ခြင်းရရှိသကဲ့သို့ ယေရှု၏ရွေးနှုတ်ခြင်းသတင်း ကောင်းကို ထိန်းသိမ်းရန်လိုအပ်ပါသည်။ 
ထွက်မြောက်ရာကျမ်း၌ ဘုရားသခင်သည် ဣသရေလလူမျိုး များအား ဘုရားသခင်၏ပညတ်တော်များ၊ တဲတော်၏ယဇ်ပူဇော်နည်း၊ ယဇ်ပုရောဟိတ်တို့၏အဝတ်အစားများ၊ ယဇ်ပုရောဟိတ်အမှုသည် ယဇ်ပု ရောဟိတ်အမျိုးအနွယ်ကသာ ဆက်ခံနိုင်ကြောင်းတို့ကို ပေးတော်မူ၏။ ဘုရားသခင်သည် အာရုန်နှင့်သူ့အမျိုးအနွယ်တို့အား ယဇ်ပုရောဟိတ်အမှု တို့ကို အဆက်မပြတ်ဆောင်ရွက်ရန် ခန့်အပ်ထားသည်။ 
ထို့ကြောင့် အာရုန်၏အမျိုးအနွယ်အားလုံးသည် ယဇ်ပူဇော်နိုင် ခွင့်ရှိပြီး ယဇ်ပုရောဟိတ်မင်းကြီးတို့သည်လည်း အာရုန်၏အမျိုးမှဖွားမြင် လာကြ၏။ ဤကဲ့သို့ဖြစ်ရခြင်းအကြောင်း ကို သင်သိပါသလား။ 
ဘုရားသခင်သည်များစွာသောအာရုန်၏အမျိုးအနွယ်မှ ယဇ်ပု ရောဟိတ်ဇာခရိနှင့် သူ့ဇနီးဧလိရှဗက်ကို ရွေးချယ်ခဲ့သည်။ သင့်ရှေ့၌ ငါ၏ တမန်စေလွှတ်ပြီ။ ဘုရားသခင်သည် ဇာခရိအား ဧလိရှဗက်သည် သား ယောကျာ်းကိုဖွါးမြင်လိမ့်မည်ဟုဆိုသောအခါ မယုံသောကြောင့် သားယော ကျ်ားဖွားမြင်ပြီး အမည်မှည့်သည့်အထိစကားမပြောနိုင်ဘဲ ဆွံအသောသူ ဖြစ်ခဲ့သည်။ 
သားယောကျာ်းကို မွေးလာပြီး အမည်ကင်ပွန်းတပ်ရန် အချိန်တန် သောအခါ ကလေးအား ဣသရေလထုံးစံအတိုင်း ဖခင်အမည် (သို့) ဆွေ မျိုးအမည်အလိုက်အမည်မှည့်ရန် ဖြစ်သည်။ 
လုကာ ၁း၅၇-၆၆။ ဧလိရှဗက်သည် မိဖွးအံ့သောနေ့လစေ့သော အခါ သားယောကျာ်းကိုဖွါးမြင်၏။ ထာဝရဘုရားသည် ထူးမြတ်သော သနားကျင်နာခြင်းကျေးဇူးတော်ကိုဧလိဇဗက်အားပြုတော်မူသည်ကို အိမ် နီးနားချင်းဆွေမျိုးတို့သည် ကြားလတ်သော် သူနှင့်အတူ ဝမ်းမြောက်ဝမ်း သာရှိကြ၏။ ရှစ်ရက်မြောက်သောနေ့၌ သူငယ်အား အရေဖြားလှီးခြင်းကို ပေးအပ်သောငှာလာကြ၍ အဘ၏အမည်ဖြစ်သောဇာခရိအမည်ဖြင့် မှည့် သောအခါ မိခင်ဖြစ်သူက ထိုသို့မမှည့်ရ၊ ယောဟန်မှည့်ရမည်ဟုဆိုသော အခါ သူတို့က ယောဟန်သဟူသောနာမည်သည် သူတို့၏ဆွေမျိူးအသိုင်း အဝိုင်းတွင်မရှိသောကြောင့် ကလေးအဖေဖြစ်သူကို သူ အဘယ်သို့မှည့်စေ လိုကြောင်း အမှတ်အသားဖြင့်မေးကြ၏။အဘသည် သင်ပုန်းကို တောင်း၍ သူ၏အမည်ကား ယောဟန်ဖြစ်သည်ဟုရေးလေသော် ထိုသူအပေါင်းတို့ သည် အံ့သြခြင်းရှိကြ၏။ ထိုခဏချင်းတွင် ဇာခရိသည် နှုတ်ဖွင့်ခြင်း၊ လျှာ လွှတ်ခြင်းရှိသည်ဖြစ်၍စကားအားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ချီး မွမ်းလေ၏။ အိမ်နီးချင်းရှိသမျှတို့သည် ကြောက်ရွံ့ခြင်းရှိကြ၍ ထိုအမှုအ ရာသည် ယုဒပြည်တောင်ကြားအရပ်တို့၌ နေရာအနှံ့ပြန့်နှန့်သွားသည်။ ကြားသော သူအပေါင်းတို့သည် နှလုံးထဲမှမှတ်သား၍ ဤသူငယ်သည် အ ဘယ်သို့သောသူဖြစ်လိမ့်မည်နည်းဟုဆိုကြ၏။ ထာဝရဘုရားသခင်၏ လက်တော်သည်လည်း သူငယ်နှင့်အတူ ရှိတော်မူ၏။ 
ဇာခရိသည် သားယောကျာ်းမွေးဖွားသည့်အချိန်ထိ စကားမပြော နိုင်ဘဲ ဆွံ့အသောသူဖြစ်သည်။ သူငယ်၏နာမည်ကင်ပွန်းတပ်ရန် အချိန် တန်သောအခါဆွေမျိုးများက ဇာခရိအားကင်ပွန်းတပ်ရန် အကြံပေးကြ၏။ သို့သော် ကလေး၏မိခင်ဖြစ်သူက ယောဟန်ဟုခေါ်ရမည်ဟူ၍ ငြင်းဆို၏။ ဆွေမျိုးတို့ကလည်း ကျွန်ုပ်တို့မိသားစုထဲ၌ ထိုကဲ့သို့သောနာမည်မရှိပါ။ သူ ငယ်သည် ဖခင်နာမည်ဖြင့် လိုက်၍ မည့်ရမည်ဟုဆို၏။ 
ထိုသို့အမိပြောနေစဉ် မည်ကဲ့သို့မှည့်စေလိုသည်ကို ဇာခရိအား အမှတ်အသားအားဖြင့် မေးကြ၏။ သူသည်လည်း သင်ပုန်းကိုတောင်း၍ ကလေး၏နာမည်ကားယောဟန်ဟု ရေးလာသောအခါ ထိုသူအပေါင်းတို့ သည် အံ့သြကြ၏။ 
သို့သော် ထိုခဏချင်းတွင် ဇာခရိသည် နှုတ်ပွင့်ခြင်း၊ လျှာလွတ် ခြင်းရှိသည်ဖြစ်၍ စကားအားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း လျက်သူသည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်ပြီး ပရောဖက်ပြုလေ၏။ 
ဤသို့ဖြင့် ဗတ္တိဇံဆရာယောဟန်သည် ဇာခရိအိမ်၌မွေးဖွား ကြောင်း ရှင်လုကာက ဖော်ပြထားသည်။ “အဘိယအသင်းတော်မှ ဇာခရိ အမည်ရှိသောယဇ်ပုရောဟိတ်ဟုဆိုထားပါသည်။” ဘုရားသခင်၏အထူး အကြံအစည်၌ လူသားအားလုံးကိုယ်စားပြုသော ဗတ္တိဇံဆရာ ယောဟန် သည် အာရုန်၏မျိုးနွယ်ဖြစ်သော ဇာခရိမှ မွေးဖွားလာပါသည်။ 
ယေရှုနှင့်ဗတ္တိဇံဆရာယောဟန်မှတဆင့်ဘုရားသခင်သည် လူ သားတို့၏ကယ်တင်ခြင်းကို ပြည့်စုံစေခဲ့သည်။ ဗတ္တိဇံဆရာယောဟန်နှင့် ယေရှုခရစ်တို့ ယူဆောင်လာသော ရွေးနှုတ်ခြင်း၏အမှုကို ကျွန်ုပ်တို့သည် ယုံကြည်အားဖြင့် အပြစ်မှ ကယ်တင်ခြင်းရရှိကြသည်။ 
 
 
ယေရှုဗတ္တိဇံခံတော်မူခြင်း
 
အဘယ်ကြောင့် ယောဟန်သည်
ယေရှုအား ဗတ္တဇံပေးခဲ့သနည်း
လောကအပြစ်အားလုံးကိုယူဆောင်ဖို့ရန်

ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ပြီး ကျွန်ုပ်တို့၏အပြစ် အားလုံးကို ယူဆောင်သူဖြစ်ကြောင်း ဗတ္တိဇံဆရာယောဟန်သည် သက် သေခံခဲ့သည်။ သူသည် ဘုရားသခင်၏ကယ်တင်ခြင်းအကြောင်း သက်သေ ခံဖို့ရန် စေလွှတ်ခြင်းခံခဲ့သောဘုရားသခင်၏အစေခံဖြစ်သည်။ ထိုသို့ဆို သော်ဘုရားသခင်သည် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်ကြောင်းကို ကိုယ် တော်တိုင် ကျွန်ုပ်တို့အားဖွင့်မပြောဟု ဆိုလိုခြင်းမဟုတ်ပေ။ ဘုရားသခင် သည် အသင်းတော်၌ သူ၏အစေခံများအားဖြင့်သော်၄င်း၊ ကယ်တင်ခြင်းရ ရှိပြီးသော လူတို့၏နှုတ်အားဖြင့်၄င်း၊ ထင်ရှားတော်မူသည်။ 
ဘုရားသခင်က ဤသို့မိန့်တော်မူ၏။ (ဟေရှာယ ၄၀း၂၊ ၈) စစ်မှု ကို ထမ်းရသောအချိန်စေံပြီ။ သင်၏အပြစ်လည်း ဖြေရှင်းပြီဟု ယေရုဆ လင်မြို့အား နှစ်သိမ့်သောစကားကို ပြော၍ ကြွေးကြော်ကြလော။ အ ကြောင်းမူကား၊ ထာဝရဘုရား၏လက်တော်၌ မိမိအပြစ်အတွက် နှစ်ဆ ခံရပြီ။မြက်ပင်သည်ညှိုးနွမ်းခြောက်သွေ့တတ်၏။ အပွင့်လည်း ကြွေတတ် ၏။ ထာဝရဘုရား၏နှုတ်ကပတ်တရားမူကား ကာလအစဉ်အမြဲတည်၏ဟု ဆိုသတည်း။
“သင်သည် အပြစ်သားမဟုတ်တော့ပါ” ဟု ယေရှုခရစ်မမွေးမီ နှစ်ပေါင်းခုနှစ်ရာကပင် ဘုရားသခင်သည် ဂတိတော်ထားတော်မူ၏။ ငါ သည် သင်တို့၏အပြစ်ဟူသမျှကို ဖြေလွှတ်ပြီး ထိုစစ်ပွဲသည် ဆုံးခန်း ရောက်ခဲ့ပြီ။ ဤသို့ဖြင့် ရွေးနှုတ်ခြင်းသတင်းကောင်းအသံသည် ကျွန်ုပ်တို့ ထံအော်ဟစ်နေလျက်ရှိ၏။၄င်းသည်ပြင်ဆင်ထားသော သတင်းကောင်းဟု ခေါ် သောအရာဖြစ်ပါသည်။ 
ကျွန်ုပ်တို့သည် ဗတ္တိဇံဆရာယောဟန်၏ လုပ်ဆောင်ချက်ကို နားလည်ပြီးလောကအပြစ်ဟူသမျှကိုဗတ္တိဇံဆရာယောဟန်အားဖြင့် ယေရှု ထံရောက်ပြီဟုနားလည်သောအချိန်၌ကျွန်ုပ်တို့အားလုံးသည် အပြစ်မှ လွတ်မြောက်ခြင်းခံရလိမ့်မည်။ 
သတင်းကောင်းလေးအုပ်နှင့် ဓမ္မဟောင်း၏နောက်ဆုံးသောပရော ဖက်မာလခိတို့က ဗတ္တိဇံဆရာယောဟန်သည် ဘုရားသခင်၏အစေခံအ ဖြစ် ပြင်ဆင်သောသူဖြစ်ကြောင်း သက်သေခံ၏။ ဓမ္မသစ်သည် ဗတ္တိဇံဆ ရာယောဟန်မွေးဖွားခြင်းနှင့်သူမှတဆင့်အပြစ်အားလုံးလက်ဆင့်ကမ်းခြင်း တို့သည် ဓမ္မသစ်မှစတင်ခဲ့သည်။ 
အဘယ်ကြောင့် သူ့ကို ဗတ္တိဇံဆရာယောဟန်ဟု ခေါ်ပါသနည်း။ ဤကြောင်းမှာယေရှုကို ဗတ္တိဇံပေးသောကြောင့်ဖြစ်သည်။ ဗတ္တိဇံ၏အ ဓိပ္ပါယ်သည် အဘယ်နည်း။ ဗတ္တိဇံ၏အဓိပ္ပါယ်မှာ လက်ဆင့်ကမ်းပေးခြင်း၊ မြှုပ်နှံခြင်း၊ဆေးကြောခြင်းဖြစ်ပြီးဓမ္မဟောင်းရှိ လက်တင် ခြင်းနှင့်ဆက်စပ် မှုရှိသည်။ 
ဓမ္မဟောင်းခေတ်၌ လူတစ်ဦးတစ်ယောက်သည် အပြစ်ကျူးလွန် သောအခါ အပြစ်အနာအဆာကင်းသော ယဇ်ကောင်၏ခေါင်းပေါ်လက် တင်ခြင်းဖြင့် ထိုသူ၏အပြစ်များကို လက်ဆင့်ကမ်းပြီး အပြစ်နှင့်အတူ ထို ယဇ်ကောင်သည်အသေခံ၏။ လက်တင်ခြင်းဆိုသည်မှာ လက်ဆင့်ကမ်း ခြင်းဖြစ်သည်။ ထို့ကြောင့် လက်တင်ခြင်းနှင့်ဗတ္တိဇံခံခြင်းတို့သည် စကား လုံး အားဖြင့် ကွဲပြားသော်လည်း အဓိပ္ပါယ်ချင်းတူကြသည်။ 
ယေရှုခံယူခဲ့သည့်ဗတ္တိဇံ၏အဓိပ္ပါယ်သည် အဘယ်နည်း။ သူ၏ ဗတ္တိဇံသည်ကျွန်ုပ်တို့ ရွေးနှုတ်ခြင်းရရှိရန် တခုတည်းသောနည်းလမ်းဖြစ် သည်။ ခေါင်းပေါ်လက်တင်ခြင်းဖြင့် အပြစ်ဖြေနိုင်ရန် ဘုရားသခင်သည် ပညတ်တရားကို ပေးရခြင်းဖြစ်သည်။ ဓမ္မဟောင်းခေတ်တွင် ပြစ်မှုကျူး လွန်သူသည်မိမိလက်ကို ယဇ်ကောင်၏ခေါင်းပေါ်တင်ခြင်းဖြင့် သူ့အပြစ် သည် ထိုယဇ်ကောင်ပေါ်သို့ ကူးပြောင်းစေခဲ့သည်။ ထို့နောက် ထိုယဇ် ကောင်၏လည်ပင်းကိုဖြတ်၍ ယဇ်ပုရောဟိတ်သည် ထိုယဇ်ကောင်၏ သွေးအား တဲတော်၏ဦးချို၌ဖြန်းရသည်။ ဤအရာသည် နေ့စဉ်အပြစ် အတွက် အပြစ်ဖြေခြင်းဖြစ်သည်။ 
ထို့နောက် သူတို့သည် နေ့စဉ်ကျူးလွန်အပြစ်ကို မည်သို့ဖြေကြ သနည်း။
ဤအကြောင့်နှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်အာရုန်သည် ဣသ ရေလလူမျိုးတို့အတွက် ယဇ်ပူဇော်ခြင်းကို ပြုလုပ်ခဲ့သည်။ ဗတ္တိဇံဆရာ ယောဟန်သည်လည်း အာရုန်၏အမျိုး အနွယ်မှဆင်းသက်လာပြီး ယဇ်ပု ရောဟိတ်မင်းကြီးဖြစ်ခြင်းသည် သင့်လျော်သောအရာဖြစ်သည်။ ဘုရား သခင်သည် ရွေးနှုတ်ခြင်းဂတိတော်အတိုင်း နောက်ဆုံးသောယဇ်ပုရော ဟိတ်မင်း ကြီးဖြစ်ရန် ခန့်ထားခြင်းခံရသူလည်းဖြစ်သည်။ 
ဓမ္မဟောင်းကာလသည် ယေရှုမွေးဖွားလာသည့်အခါ ကုန်ဆုံး သောကြောင့် ဗတ္တိဇံဆရာယောဟန်သည် လူသားအားလုံးကိုယ်စားပြုသူ ဖြစ်သည်သာမက နောက်ဆုံသောယဇ်ပု ရောဟိတ်မင်းကြီးလည်းဖြစ် သည်။ ဓမ္မဟောင်း၌အာရုန်သည် မိမိလူတို့အပြစ်ဖြေလွှတ်ပေးသကဲ့သို့ ဓမ္မ သစ်ကာလတွင် ယောဟန်မှတပါး ယေရှုထံတော်ပါးသို့ တလောကလုံး၏ အပြစ်ကို ပို့ဆောင်ပေးနိုင်သူမရှိပေ။ ဓမ္မဟောင်းကာလ၌ နောက်ဆုံးသော ယဇ်ပုရောဟိတ်ကဲ့သို့၄င်း၊ လူသားအားလုံးကိုယ်စားပြုအဖြစ်၄င်း၊ ဗတ္တိဇံ ဆရာယောဟန်သည် လောက၏အပြစ်ဟူသမျှကို ယေရှုထံဗတ္တိဇံပေးခြင်း ဖြင့် လက်ဆင့်ကမ်းခဲ့သည်။ 
ယောဟန်သည် တလောကလုံး၏အပြစ်ကို ယေရှုပေါ်ကမ်း ပေးပြီးဖြစ်သောကြောင့်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည် ခြင်းဖြင့်ကယ်တင်ခြင်းခံရနိုင်သည်။ ယေရှုသည် ဘုရားသခင်ပြင်ဆင်သော ရွေးနှုတ်ခြင်းကို ပြည့်စုံစေရန်နှင့် အပြစ်သားများအားကယ်တင်ဖို့ရန် သိုးသူငယ်အဖြစ် လောကသို့ကြွလာခဲ့သည်။ ဗတ္တိဇံဆရာယောဟန်သည် နောက်ဆုံးသော ပရောဟိတ်နှင့် အပြစ်အားလုံးသူ့ထံသို့ တင်ဆောင်သော နောက်ဆုံးယဇ်ပုရောဟိတ်မင်းကြီးဖြစ်ကြောင်း ယေရှုသည် သက်သေခံ တော်မူ၏။ 
အဘယ်ကြောင့် ထိုအမှုကို ယေရှုကိုယ်တိုင် မဆောက်ရွက်ခဲ့ သနည်း။ အဘယ်ကြောင့် ယေရှုသည် ဗတ္တိဇံဆရာယောဟန်ကို လိုအပ်ပါ သနည်း။ ဗတ္တိဇံဆရာယောဟန်သည် ယေရှုအရင် (၆) လစောပြီး မွေးဖွား လာခြင်းသည် ဓမ္မဟောင်းမှ ပညတ်တော်များ၊ ဂတိတော်များကို ပြည့်စုံ စေရန်ဖြစ်သည်။ 
ယေရှုသည်အပျိုကညာမာရိမှဖွားမြင်လာပြီး ထိုနည်းတူ ဗတ္တိဇံဆ ရာယောဟန်သည်လည်း အသက်ကြီးပြီးမြုံသောအမျိုးသမီး ဧလိရှဗက်မှ ဖွားမြင်လာသည်။ 
ဤအရာတို့သည် ဘုရားသခင်၏အကြံအစည်နှင့် အပြစ်သားအား လုံးကယ်တင်ခြင်း ရရှိရန် ကိုယ်တိုင်ပြင်ဆင်ထားသောအရာပင်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အဆုံးမရှိ သောတိုက်ပွဲနှင့်အပြစ်ကြောင့် ခံစားနေသောဝေဒနာမျိုးစုံမှ ကယ်တင်ရန်ယောဟန်နှင့် သားတော်ယေ ရှုကို စေလွှတ်ခြင်းဖြစ်သည်။ ဗတ္တိဇံဆရာယောဟန်သည် လူသားအားလုံး ကိုယ်စားပြုအဖြစ်သော်၄င်း၊ နောက်ဆုံးယဇ်ပုရောဟိတ်မင်းကြီးအဖြစ် သော်၄င်း၊ စေလွှတ်ခြင်း ကို ခံသောသူဖြစ်သည်။ 
 
 
မိန်းမမွေးသောသူတို့တွင် အကြီးမားဆုံးသောလူသား
 
လောက၌ အကြီးမားဆုံးသော
ပုဂ္ဂိုလ်သည် အဘယ်သူနည်း
ဗတ္တိဇံဆရာယောဟန်ဖြစ်သည်

မဿဲ ၁၁း၇-၁၄ ကိုကြည့်ကြပါစို့။ ထိုသူတို့သွားကြသည့်နောက် ယေရှုသည် ယောဟန်ကိုအကြောင်းပြု၍ ပရိသတ်တို့အား၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှာ တောသို့ထွက်သွားကြသနည်း။ လေလှုပ်သောကျူပင်ကို ကြည့်ခြင်းငှာသွားကြသလော။ သို့မဟုတ် နူးညံ့ သောအဝတ်ကို ဝတ်ဆင်သောသူတို့သည်မင်းအိမ်၌နေတတ်ကြ၏။ ပရော ဖက်ကိုကြည့်ခြင်းငှာ သွားသလော။ မှန်ပေ၏။ ပရောဖက်ထက်ကြီးမြတ် သောသူလည်းဖြစ်သည်ဟု ငါဆို၏။ ကျမ်းစာ၌လာသည်ကား ကြည့်ရှု လော။ သင်သွားလမ်းကို ပြင်ရသောငါ၏တမန်တော်ကို သင့်ရှေ့၌ ငါစေ လွှတ်၏ဟုဆိုရာ၌ ထိုသူကို ဆိုလိုသတည်း။ ငါအမှန်ဆိုသည်ကား မိန်းမ မွေးသောသူတို့တွင်ဗတ္တိဇံဆရာယောဟန်ထက်ကြီးမြတ်သူတစ် ယောက်မျှ မပေါ်သေးပေ။ သို့သော်လည်း ကောင်းကင်နိုင်ငံတွင် အငယ်ဆုံးသောသူ သည် ထိုသူထက်သာ၍ကြီးမြတ်၏။ ဗတ္တိဇံဆရာယောဟန်လက်ထက် မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံ တော်ကို အနိုင်အထက်ပြုကြ၏။ အနိုင်အထက်ပြုသောသူတို့သည်လည်း လုယူဝင်စားကြ၏။ ယောဟန်မ ရောက်လာမီတိုင်အောင် ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းရှိသမျှတို့သည် ဆုံးမသြဝါဒ ပေးကြ၏။ သင်တို့သည် ငါ့စကားကို နာခံနိုင်လျှင် ဤသူကား လာလတ္တံ့သောဧလိယဖြစ်သတည်း။ အချင်းမြွေဆိုးအမျိုးတို့ နောင်တရ ကြလောဟူ၍အော်ဟစ်သောဗတ္တိဇံဆရာယောဟန်ကို မြင်ခြင်းငှာ လူတို့ သည် တောထဲသို့သွားကြပြီး ဤသို့ယေရှုမိန့်တော်မူ၏။ သင်တို့သည် အဘယ်သို့သောအရာကိုကြည့်ခြင်းငှာတောသို့ထွက်သွားကြသနည်း။ နူး ညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ခြင်းငှာသွားသလော။ နူးညံ့ သောအဝတ်ကို ဝတ်ဆင်သောသူတို့သည် မင်းအိမ်၌နေတတ်ကြ၏ဟု ယေရှုမိန့်တော်မူ၏။
ယောဟန်၏ကြီးမြတ်မှုကို ယေရှုကိုယ်တော်တိုင်သက်သေခံတော် မူ၏။ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှာ ထွက်သွား ကြသနည်း။ ကုလားအုပ်မွှေးဖြင့် ရက်လုပ်သောအဝတ်ကိုဝတ်လျက် ဟစ်အော်သောလူရှိုင်းကိုလော။ သူသည် ကုလားအုပ်မွှေးကို ဝတ်ဆင်လိမ့် မည်။ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှာ ထွက်သွား ကြသနည်း။ 
နူးညံ့သောအဝတ်ကိုဝတ်ဆင်သောသူတို့သည် မင်းအိမ်၌နေတတ် ၏။ သို့သော်သူသည် ဘုရင်မင်းထက်ကြီးမြတ်သည်ဟု ယေရှုသက်သေခံ တော်မူ၏။ “နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူတို့သည် မင်းအိမ်၌နေ တတ်ကြ၏။ သို့သော် သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှု ခြင်းငှာ ထွက်သွားကြသနည်း။ ပရောဖက်ကို ကြည့်ခြင်းငှာသွားကြ သလော။ မှန်ပေ၏။ ပရောဖက်သည် ကြီးမြတ်သူဖြစ်သည်ဟု ငါဆို၏။ 
ရှေးခေတ်ပရောဖက်တို့သည် ရှင်ဘုရင်များထက်ကြီးမြတ်သည် ဟု ယူဆကြ၏။ ဗတ္တိဇံဆရာယောဟန်သည် ရှင်ဘုရင်နှင့်ပရောဖက်ထက် ကြီးမြတ်တော်မူ၏။ ဓမ္မဟောင်းခေတ်ပရောဖက်အားလုံးထက် ကြီးမြတ် တော်မူ၏။ ပထမဦးဆုံး သောပရောဖက်မင်းကြီးအာရုန်ထက် လူသားများ ကို ကိုယ်စားပြုသောနောက်ဆုံး ပရောဟိတ်မင်းကြီးယောဟန်သည် ကြီး မားတော်မူ၏။ ယောဟန်သည် ထိုကဲ့သို့ သောသူဖြစ်ကြောင်း ယေရှုကိုယ် တိုင်သက်သေခံတော်မူ၏။ 
လူသားများကို ကိုယ်စားပြုသောသူများသည် မည်သူနည်း။ လော က၌ ယေရှုမှအပအကြီးမားဆုံးသောသူသည် အဘယ်သူနည်း။ ဗတ္တိဇံဆ ရာယောဟန်ဖြစ်ပါသည်။ ပရောဖက်ထက်ကြီးမြတ်သောသူလည်း ဖြစ် သည်ဟုငါဆို၏။ ကျမ်းစာ၌လာသည်ကား ကြည့်ရှုလော၊ သင်သွားရာလမ်း ကို ပြင်ရသောငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။ 
အပြစ်၏တန်ဖိုးကို ချိုးဖဲ့ဖျက်ဆီးပြီးဖြစ်ကြောင်းကို ဗတ္တိဇံဆရာ ယောဟန်သည် သက်သေခံခဲ့သည်။ လောကအပြစ်ကို ဆောင်သွားသော ဘုရားသခင်၏သိုးသူငယ်ကို ကြည့်လော။ ယေရှုသည် လောက၏အပြစ် အားလုံး ဆောင်သွားသောသူဖြစ်ကြောင်း ဗတ္တိဇံဆရာယောဟန်က သက် သေခံခဲ့သည်။ 
မဿဲ ၁၁း၁၁ ငါ အမှန်ဆိုသည်ကား မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာ ယောဟန်ထက် ကြီးမြတ်သောသူတစ်ယောက်မျှမပေါ်ထွန်း ပေ။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက်သာ၍ကြီးမြတ်၏။မိန်းမမွေးသောသူတို့တွင်တစ်စုံတစ်ယောက် သည် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သူရှိသလော။ 
မိန်းမမွေးခြင်းဆိုသည်မှာအဘယ်နည်း။လူသားအားလုံးကို ရည် ညွန်းပြီး ဆိုလိုခြင်းဖြစ်ပါသည်။ အာဒံနှင့်ဧဝမှလွဲ၍ မိန်းမမှမမွေးသောသူ တစ်စုံတစ်ယောက် မျှမရှိပါ။ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယော ဟန်ထက် ကြီးမြတ်သောသူ တစ်ယောက်မျှမပေါ်ထွန်းပေ။ ထို့ကြောင့် သူသည် နောက်ဆုံးသောယဇ်ပုရောဟိ်တ်နှင့် လူသားအားလုံးကိုယ်စား ပြုသောသူဖြစ်သည်။ ဗတ္တိဇံဆရာယောဟန်သည် နောက်ဆုံးသော ယဇ်ပု ရောဟိ်တ်နှင့်လူသား အားလုံးကိုယ်စားပြုသောသူဖြစ်သည်။ 
ဓမ္မဟောင်းခေတ်တွင် အာရုန်နှင့်သူ့သားတို့သည် အဆက်မပြတ် ဆောင်ရွက်ရန် ဘိသိက်ပေးခြင်းခံခဲ့ကြသည်။ အာရုန်နှင့်သူ့သားတို့အား ဖြင့် အပြစ်အားလုံးကို ဆေးကြောပေးရန်ဖြစ်သည်။ ထိုအရာသည် ဘုရား သခင်ပြင်ဆင်သောအရာဖြစ်သည်။ တချို့သောလေဝိအမျိုးတို့သည် သူတို့ ၏ယဇ်ပုရောဟိတ်နေရာ၌ ဝင်ရောက်စွပ်ဖက်လျှင် မုချသေရမည်ဖြစ် သည်။ 
တချို့လေဝိအမျိုးလုပ်နိုင်သောအရာသည် တိရစ္ဆာန်တို့အရေခွံခွါ ခြင်း၊ အဆီများ၊ ဖယ်ထုတ်ခြင်း၊ ယဇ်ပုလ္လင်ပေါ်မီးရှို့ရာယဇ်အတွက် ထင်း မီးကိုစုဆောင်းခြင်း၊ တိရစ္ဆာန်ကလီစာများကို သန့်ရှင်းစေခြင်းတို့ဖြစ် သည်။ ထို့အပြင် မိမိတို့စိတ်ရှိသည့်အတိုင်း ယဇ်ပုရောဟိတ်အမှုကို ဆောင် ရွက်လျှင် သူတို့သည်သေရမည်။ ဤအရာသည် ဘုရားသခင်၏ ပညတ် တော် ဖြစ်ပါသည်။ ထိုပညတ်တော်ကို ချိုးဖေါက်၍မရပါ။ 
ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူ ဤလောက၌ မပေါ်ထွန်းသေးပေ။ သူသည် ဖန်ဆင်းသောအရာအားလုံးတွင် အကြီးဆုံး သောသူဖြစ်သည်။ ဗတ္တိဇံဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကိုအနိုင်အထက်ပြုကြ၏။ အနိုင် အထက်ပြုသော သူသည်လည်း လုယူဝင်စားကြသည်။ 
ဗတ္တိဇံဆရာယောဟန်သည် ယေရှုဗတ္တိဇံပေးရာတွင် လူသားတို့၏ ရွေးနှုတ်ခြင်းသည် ပြည့်စုံပြီး ယေရှုကို ယုံကြည်သောသူအပေါင်းတို့သည် ကောင်းကင်နိုင်ငံတော်ကို ဝင်စားရမည်။ ထို့ပြင်သူတို့သည် ယုံကြည်ခြင်း အားဖြင့် ဖြောင့်မတ်သောသူဖြစ်သည်။ 
ယောဟန်၏ဖခင်သည် မိမိ၏သားအား မည်သို့သက်သေခံခဲ့သည် ကို ကြည့်ကြပါစို့။ 
 
 
ဗတ္တိဇံဆရာယောဟန်၏ဖခင် ဇာခရိ၏သက်သေခံချက် 
 
ဇာခရိသည် မိမိ၏သားနှင့်ပတ်သက်၍
မည်ကဲ့သို့ ပရောဖက်ပြုခဲ့သနည်း
ယောဟန်သည် ဘုရားသခင်၏လူတို့အား ကယ်တင်ခြင်းနှင့်
ပတ်သက်၍ ပဋိညာဉ်ကို ပေးခြင်းအားဖြင့် ဘုရားသခင်၏
လမ်းခရီးတော်ကို ပြင်ဆင်သောသူဖြစ်လိမ့်မည်

ရှင်လုကာ ၁း၆၇-၈၀ကိုဖတ်ကြစို့။သူ၏အဘဇာခရိသည် သန့်ရှင်း သောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဣသရေလအမျိုး၏ဘုရားသခင် ထာဝ ဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား ကမ္ဘာ ဦးမှစ၍ ငါတို့သည် ရန်သူဘေးနှင့်ကင်းလွတ်၍ ဘုရားသခင်ရှေ့တော်၌ တသက်လုံးသန့်ရှင်းဖြောင့်မတ် ခြင်းပါရမီအားဖြင့် ဘုရားဝတ်ကို ရဲရင့်စွာ ပြုရသောအခွင့်ကိုပေးမည်ဟု ငါတို့အဖအာဗြဟံအား ကျိန်ခြင်းဂတိတော် တည်းဟူသော သန့်ရှင်းသောပဋိညာဉ်တရားကို အောက်မေ့တော်မူ၍၄င်း၊ ငါတို့ဘိုးဘေးများနှင့် ဝန်ခံတော်မူသောသနားခြင်း ကျေးဇူးကိုပြုတော်မူ၍ ၄င်း၊ မိမိလူမျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်းကျေးဇူးကို ပြုတော်မူ၍ ငါတို့ကို ရန်သူလက်မှ၄င်း၊ မုန်းသောသူရှိသမျှတို့လက်မှ၄င်း၊ ကယ်လွှတ်မည့်အကြောင်း ကယ်လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိအမျိုးထဲ၌ ငါတို့အား ပေါ်ထွန်းစေတော်မူပြီး အချင်းသူငယ်၊ သင်သည်လည်း အမြင့် ဆုံးသောဘုရား၏ ပရောဖက်ဟုခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။ အကြောင်း မူကားဘုရားသခင်၏သနားတော်မူခြင်းကျေးဇူးတော်အားဖြင့် အပြစ်ဖြေ၍ ကယ်တင်ခြင်းသို့ရောက်နိုင်ကြောင်းကို ဘုရားသခင်၏လူမျိုးအား ဖော်ပြ သဖြင့် ထာဝရဘုရား၏လမ်းခရီးတော်ကို ပြင်ဆင်ခြင်းငှာ သင်သည် ရှေ့ တော်၌သွားရလိမ့်မည်။ထိုသနားတော်မူခြင်းကျေးဇူးတော်အားဖြင့်ကောင်း ကင်မှနေ၍ အာရုန်သည်ငါတို့အပေါ်သို့ တက်၍ မှောင်မိုက်နှင့်သေမင်း၏ အရိပ်ထဲတွင်ရှိနေသောသူတို့၌အလင်းပေါ်ထွန်း၍ ငါတို့အား ငြိမ်သက်ခြင်း လမ်းကိုပြလျက်ရှိသည်ဟု ပရောဖက်ဉာဏ်ဖြင့် ဟောလေ၏။ ထိုသူငယ် သည်ကား ကြီးပွား၍ ဉာဏ်သတ္တိနှင့်ပြည့်စုံ၏။ ဣသရေလလူမျိုးတို့အား မထင်မရှားမီတိုင်အောင် တောအရပ်၌နေလေ၏။ 
ဇာခရိသည် အရာနှစ်ပါးအတွက် ပရောဖက်ပြုလေ၏။ သူသည် လူသားအားလုံး၏ ဘုရင်ကြွလာမည်အကြောင်း၊ အခန်းငယ် ၆၈ မှ ၇၃ ထိ သူသည် ဝမ်းမြောက်စွာ ပရောဖက်ပြုသောအရာမှာ ဘုရားသခင်သည် အာဗြဟံအား သင့်အမျိုးအနွယ်သည် သူတို့၏ရန်သူများ လက်မှကယ်တင် ခြင်းရရှိရန် ယေရှုသည် အပျိုကညာမာရိမှ ဖွားမြင်မည်ဟု ဟောခဲ့သော ဂတိတော်ကို မမေ့ကြောင်း ပရောဖက်ပြုလေ၏။ 
အခန်းငယ် ၇၄ ငါတို့ကို ရန်သူလက်မှ၄င်း၊ မုန်းသောသူရှိသမျှတို့ လက်မှ၄င်း၊ ကယ်လွှတ်မည့်အကြောင်း၊ ဤအရာသည် အာဗြဟံနှင့် ဣသ ရေလလူမျိုးများထံ ဘုရားသခင်၏ ဂတိတော်ကို အသိပေးသောအရာဖြစ် သည်။ ထို့ပြင် ငါတို့သည် ရဲရင့်စွာ ဘုရားဝတ်ကို ပြုမည့်အကြောင်း အခွင့် ပေးပါဟု ပရောဖက်ပြုလေ၏။ 
အခန်းငယ် ၇၆ မိမိ၏သားအား ပရောဖက်ပြုလေ၏။ အပြစ်ဖြေ၍ ကယ်တင်ခြင်းသို့ရောက်နိုင်ကြောင်းကိုဘုရားသခင်၏လူမျိုးအား ဖော်ပြ သဖြင့် ထာဝရဘုရား၏လမ်းခရီး တော်ကို ပြင်ဆင်ခြင်းငှာ သင်သည် ရှေ့ တော်၌ သွားရလိမ့်မည်။ 
မိမိလူတို့ကို အပြစ်ဖြေလွှတ်ခြင်းတရားအားဖြင့် ကယ်တင်ခြင်းအ ကြောင်းကို သိစေရန်ဟုဆိုရာဝယ် မည်သူ့ထံမှတဆင့် ကယ်တင်ခြင်းအ ကြောင်းကိုသိရန်ဟုဆိုထားသနည်း။ ထိုသူသည် ဗတ္တိဇံဆရာယောဟန် ဖြစ်ပါသည်။ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို၄င်း၊ သူသည်လောကအပြစ်အားလုံးကိုယူဆောင်သူဖြစ်ကြောင်းကို၄င်း၊ ကျွန်ုပ် တို့ အား သိစေ သောသူသည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည်။ 
မာကု၁း၁-၅ ဘုရားသခင်၏သားတော်ယေရှု၏ ဧဝံဂေလိတရား ၏အစကို ဆိုပေအံ့။ အနာဂတ္တိကျမ်းစာ၌လာသည်ကား ကြည့်ရှုလော။ သင်သွားရာလမ်းကိုပြင်ရသောငါ၏တမန်ကိုသင့်ရှေ့၌ငါစေလွှတ်၏။တော ၌ဟစ်ကြော်သောသူ၏အသံမှာ ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင် ကြလော။ လမ်းခရီးတော်ကိုဖြောင့်စေကြလောဟုလာသည်နှင့်အညီ ယော ဟန်သည်တော၌ဗတ္တိဇံကို အပြစ်လွှတ်ခြင်းအဘို့အလို့ငှာ နောင်တနှင့်စပ် ဆိုင်သော ဗတ္တိဇံတရားကို ဟောလျက်ပေါ်ထွန်း၏။ ယေရှုရှလင်မြို့သား များမှစ၍ ယုဒပြည်သူပြည်သားအပေါင်းတို့သည် ယောဟန်ထံသို့ထွက် သွား၍ မိမိတို့အပြစ်များကို ဖော်ပြလျက် ယောဒန်မြစ်၌ ဗတ္တိဇံခံကြ၏။ 
ဣသရေလလူမျိုးတို့သည် ဗတ္တိဇံဆရာယောဟန်၏ ဟောပြော ချက်ကို ကြားသောအခါ တပါးအမျိုးသားတို့၏ရုပ်တိုကိုးကွယ်ခြင်းမှ ပြန်လှည့်ကြပြီး ဗတ္တိဇံဆရာယောဟန်အားဖြင့် ဗတ္တိဇံခံကြသည်။ သို့သော် ဗတ္တိဇံဆရာယောဟန်က“ငါသည်သင်တို့အားဗတ္တိဇံပေးခြင်းမှာ သင်တို့ သည် ဘုရားသခင်ထံလှည့်မည့်အကြောင်းဖြစ်သည်”ဟု သက်သေခံခဲ့ သည်။ “သို့သော် ဘုရားသခင်၏သားတော် ကြွလာသောအခါ ငါ့အားဖြင့် ဗတ္တိဇံကိုခံခြင်းအားဖြင့် သင်တို့၏အပြစ်ဟူသမျှသည် သူ့ပေါ်သို့ကျရောက် နိုင်လိမ့်မည်။ သင်တို့သည် ငါ့အားဖြင့် ဗတ္တိဇံကိုခံကြသကဲ့သို့ သူ၏ဗတ္တိဇံ ကို ယုံကြည်လျှင် ဓမ္မခေတ်တွင် လက်တင်ခြင်းအားဖြင့် အပြစ်များသည် လက်ဆင့်ကမ်းခြင်းခံခဲ့သကဲ့သို့ သင်တို့၏အပြစ်ရှိသမျှသည်လည်းဖြေ လွှတ်ခြင်းခံရလိမ့်မည်။” ဤအရာသည် ဗတ္တိဇံဆရာယောဟန်၏ သက် သေခံချက်ဖြစ်သည်။ 
ယောဒန်မြစ်၌ ယေရှုဗတ္တိဇံခံခြင်းသည် သေခြင်းမြစ်၌ဗတ္တိဇံခံခြင်း ကို ဆိုလိုခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် အသုဘ၌ ဤသို့သောသီချင်းကို ဆိုတတ်ကြပါသည်။ “♪In the sweet by and by, we shall meet on that beautiful shore. We shall meet on that beautiful shore♪” ကျွန်ုပ်တို့သည် သေဆုံးသောအခါ ယော်ဒန်မြစ်ကို ဖြတ်ကျော်ရလိမ့်မည်။ ယော်ဒန်မြစ် သည် သေခြင်းမြစ်ဖြစ်သည်။ ယေရှုသည် အပြစ်အားလုံးကို သယ်ဆောင် ခြင်းငှာသေခြင်းမြစ်၌ ဗတ္တိဇံခံတော်မူ၏။ အကြောင်းမူကား အပြစ်၏အဖိုး အခကား သေခြင်းတည်း။ 
 
 
ကျွန်ုပ်တို့၏အပြစ်များကို ဖယ်ရှားပေးသောဗတ္တိဇံ
 
ဓမ္မသစ်၌ လက်ကိုပုံဆောင်သော အရာသည်
အဘယ်အရာနည်း
ယေရှု၏ဗတ္တိဇံ

မဿဲ ၃း၁၃-၁၇ ထိုအခါ ယေရှုသည် ဗတ္တိဇံကိုခံအံ့သောငှာ ဂါလိ လဲပြည်မှယော်ဒန်မြစ်၌ ယောဟန်ထံသို့ ကြွတော်မူ၏။ ယောဟန်က လည်း အကျွန်ုပ်သည် ကိုယ်တော်ထံ၌ဗတ္တိဇံ ကိုခံရမည်အကြောင်းရှိပါ သည်ဖြစ်၍ကိုယ်တော်သည်အကျွန်ုပ်ထံသို့ကြွတော်မူသလောဟု ယေရှုကို တားဆီးလေ၏။ ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သင့်သည် ဖြစ်၍ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏။ ယေရှုသည်ဗတ္တိဇံကို ခံတော်မူပြီးလျှင် ရေမှ ပေါ်ထစဉ်တွင် ကောင်းကင်ပွင့်သဖြင့် ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်ပေါ်၌နားတော်မူသည်ကို မြင်ရ၍ ဤသူကား ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။ 
ယေရှုသည် ယော်ဒန်မြစ်သို့သွားပြီး ယောဟန်အားဖြင့် ဗတ္တိဇံကိုခံ တော်မူ၏။ သူသည် ယောဟန်အား ဗတ္တိဇံပေးပါဟု အမိန့်ပေးလေ၏။ ယောဟန်ကလည်း အကျွန်ုပ်သည် ကိုယ်တော်ထံ၌ အကျွန်ုပ်သည် ကိုယ် တော်ထံ၌ ဗတ္တိဇံကိုခံရမည်အကြောင်းရှိပါသည်ဖြစ်၍ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ကြွတော်မူသလော။ ကောင်းကင်ဘုံယဇ်ပုရောဟိတ်ကြီးနှင့် မြေ ကြီးပေါ်ယဇ်ပုရောဟိတ်ကြီးတို့ဆုံကြ၏။ 
ဟေဗြဲသြဝါဒ၌ မေလခိဇေဒက်အစီအစဉ်အတိုင်း ယေရှုခရစ် တော်သည် ထာဝရအတွက် ယဇ်ပုရောဟိတ်မင်းကြီးဖြစ်သည်။ ထိုသို့ဆို ရာ၌ ယေရှုသည် မျိုးရိုးမရှိကြောင်း ဆိုလိုခြင်းဖြစ်သည်။ သူသည် အာရုန် (ဝါ) လောကလူသားတို့၏မျိုးရိုးမှ ဆင်းသက်လာခြင်းမဟုတ်ပါ။ သူသည် ဘုရားသခင်၏သားတော်၊ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ဖြစ်ပြီး သူ့မှာမျိုးရိုး မရှိပါ။ ယေရှုသည် မိမိလူတို့ကယ်တင်ခြင်းအလို့ငှာ ကောင်းကင်ဘုံ၏တန် ခိုးနှင့် အာနုဘော်တော်ကို စွန့်လွှတ်လျက် လောကသို့ကြွလာတော်မူ၏။ 
ယေရှုဤလောကသို့ကြွလာတော်မူခြင်း၏ရည်ရွယ်ချက်မှာ စာ တန်၏လှည့်ဖြားခြင်းဝေဒနာခံစားနေသော အပြစ်သားများအား ကယ်တင် ရန်ဖြစ်သည်။ယေရှုသည်ဗတ္တိဇံဆရာယောဟန်၏ဗတ္တိဇံပေးခြင်းဖြင့်အပြစ် အားလုံးကို ဆောင်ယူခဲ့သည်။ ယေရှုကလည်း အလုံးစုံ သောတရားတို့ကို ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟုပြန်ပြောတော်မူ၏။ ထိုအခါ ယော ဟန်သည် ဝန်ခံလေ၏။ 
“ယခု အခွင့်ပေးပါ” ယေရှုသည် နှစ်ခြင်းခံခြင်းငှာ ခေါင်းကိုငုံ့ လျက် လောကလူသားအားလုံးကိုယ်စားပြုသောသူအား အမိန့်ပေးတော်မူ ၏။ ဓမ္မဟောင်းခေတ် ယဇ်ပူဇော်ရာ၌ အပြစ်သား (ဝါ) ပုရောဟိတ်သည် ယဇ်ကောင်၏ခေါင်းပေါ်၌ အပြစ်များလက်ဆင့်ကမ်းခြင်းငှာ လက်တင်ကြ သည်။ တစုံတယောက်အပေါ်၌လက်တင်ခြင်းသည် လက်ဆင့်ကမ်းခြင်းကို ဆိုလိုသည်။ 
ဗတ္တိဇံဆရာယောဟန်သည် ယေရှုကို ဗတ္တိဇံပေးတော်မူ၏။ ဤအ ရာသည် ဓမ္မဟောင်းခေတ် လက်တင်ခြင်းနှင့်အတူတူပင်ဖြစ်သည်။ လက် ဆင့်ကမ်းခြင်း၊မြှုပ်နှံခြင်း၊ဆေးကြောခြင်း၊ယဇ်ပူရော်ခြင်းတို့သည်အဓိပ္ပါယ် ချင်းတူကြသည်။ ဓမ္မသည်ဖြစ်ရပ်မှန်၍ ဓမ္မဟောင်းသည် ဓမ္မသစ်၏ အရိပ်အယောင်ဖြစ်သည်။ 
ဓမ္မဟောင်း၌ အပြစ်သားသည် သိုးသူငယ်ပေါ်လက်တင်လျှင် ထိုသိုးသူငယ်ပေါ်သို့ သူ့အပြစ်အားလုံးကူးပြောင်းပြီး ထိုသိုးသူငယ်ကို သတ်ရမည်။ထိုသိုးသူငယ်သေသောအခါ သင်္ဂြိုဟ်ကြသည်။ ထိုကဲ့သို့အပြစ် ကြောင့် ထိုသိုးသူငယ်သည် သေရမည်။ အပြစ်အားလုံးသည် သိုးသူ ငယ်ပေါ်ပြောင်းရွှေ့လျှင် ယဇ်ပူရော်ခြင်းနည်းအရထိုသူသည် အပြစ်မရှိ သောသူဖြစ်မည်လော။ မှန်ပေ၏။ 
ဤလက်ကိုင်ပုဝါသည် အပြစ်ဖြစ်ပြီး လက်ကိုင်ဖုံးသည် သိုးသူ ငယ်ဆိုကြပါစို့။ ထိုသို့ကျွန်တော်သည် လက်ကိုင်ဖုံး (သိုးသူငယ်) ပေါ်လက် တင်လျှင် ထိုလက်ကိုင်ပုဝါ(အပြစ်)သည် သိုးသူငယ်ပေါ် ကူးပြောင်းလိမ့် မည်။ ဘုရားသခင်ကိုယ်တော်တိုင်သည် ထိုသို့ဖြစ်ခြင်းငှာကြံစည် တော်မူ ၏။ “သင်၏လက်ကိုတင်လော။” ဓမ္မဟောင်းခေတ်တွင် အပြစ်ဖြေလွှတ် အံ့သောငှာတစ်စုံတစ်ယောက်သည်ယဇ်ကောင်၏ခေါင်းပေါ်တွင် လက် တင်ရမည်။ ထို့နောက် ထိုသူသည် အပြစ်ကင်းစင်လိမ့်မည်။ ထိုနည်းတူ ယေရှု၏ဗတ္တိဇံခံခြင်းသည်လည်း ဆေးကြောခြင်း၊ အပြစ်အားလုံး မိမိခေါင်းပေါ်သက်ရောက်စေခြင်း ဖြစ်ပါသည်။ 
 
ဖြောင့်မတ်ခြင်းအားလုံးကို ပြည့်စုံ
စေခြင်းဆိုသည်မှာ အဘယ်နည်း
အပြစ်အားလုံး ယေရှုပေါ်ကမ်းပေးခြင်းအားဖြင့်
အပြစ်အားလုံးကို ဆေးကြောခြင်း

ထို့ကြောင့်ယေရှုသည် အပြစ်ဟူသမျှကိုယူဆောင်ခြင်းငှာ ဗတ္တိဇံခံ သည့်အားလျော်စွာ အမှန်စင်စစ် အပြစ်အားလုံးသည် သူ့ပေါ်ကျရောက် ပါသလော။ အပြစ်အားလုံးသည် ယေရှုပေါ်သို့ကျရောက်ပြီး ကယ်တင်ခြင်း ကိုရကြ၏။ ဤအရာသည် ဓမ္မဟောင်း၌ အပြစ်ဖြေလွှတ်ခြင်းအတွက် ယဇ်ပူဇော်ခြင်းနှင့်တူ၏။ ယေရှုသည် ဂါလိလဲမှယောဒန်သို့ ကြွရောက် လာပြီး ယောဟန်အားဤသို့ဆို၏။ ယောဟန်ကလည်း အလုံးစုံသော တရားတို့ကို အကုန်အစင်ကျင့် သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါ။ (မဿဲ ၃း၁၅)
ထို့နောက် ယောဟန်သည် ယေရှုအား ဗတ္တိဇံပေးတော်မူ၏။ ကိုယ် တော်သည် မိမိ၏ဗတ္တိဇံအားဖြင့် အလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သည်ဟု ယောဟန်အားဆို၏။ အလုံးစုံသောတရားဟုဆိုရာတွင် အသင့်တော်ဆုံးသောအရာဟူ၍ အဓိပ္ပါယ်ရသည်။ ဤသို့အားဖြင့်ဟု ဆိုရာ ၌ဗတ္တိဇံအားဖြင့် အလုံးစုံသောတရားတို့ကို ပြည့်စုံစေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဤအရာကို ကြည့်ခြင်းအားဖြင့် ယောဟန်သည် ယေရှုအား ဗတ္တိဇံကိုပေးခြင်း၊ ယေရှုသည် ယောဟန်အားဖြင့် ဗတ္တိဇံခံတော်မူခြင်း တို့သည် မှန်ကန်သောအရာဖြစ်ပြီး အပြစ်အားလုံးကို ကိုယ်တော်ထံပါးသို့ ကျရောက်စေရန်ဖြစ်သည်။ 
ဘုရားသခင်သည် မိမိ၏ရွေးနှုတ်ကယ်တင်ခြင်းအမှုကို ယေရှု၏ ဗတ္တိဇံလက်ဝါးကပ်တိုင် ပေါ်အသေခံခြင်းနှင့် ကျွန်ုပ်တို့ယုံကြည်ခြင်းတို့ကို အသိအမှတ်ပြုတော်မူ၏။ လူသားတို့သည် သူတို့၏အပြစ်နှင့် နတ်ဆိုး၏ နှိပ်စက်မှုကြောင့် အပြစ်ဝေဒနာများကို ခံစားကြ၏။ ထို့ကြောင့် လူတို့ သည် ကယ်တင်ခြင်းသို့ရောက်ပြီး ကောင်းကင်ဘုံဝင်စားရန် သူသည် လူ သားအားလုံးကို ကိုယ်စားပြုခဲ့သည်။ အာရုန်မှဆင်းသက်လာသော ဗတ္တိဇံ ဆရာယောဟန်သည် လူသားများအတွက် ယေရှုအား ဗတ္တိဇံပေးခဲ့သည်။ ယေရှုသည်ယောဟန်အားဖြင့်ဗတ္တိဇံရမည်ဟုဆိုသည်။ သို့မှသာ ကယ်တင် ခြင်းသည် ပြီးပြည့်စုံလိမ့်မည်။ နားလည်ပါသည်ဟု ယောဟန်သည် ဝန်ခံ လေ၏။ 
ထို့ကြောင့် ယောဟန်သည် ယေရှုအားဗတ္တိဇံပေးခဲ့သည်။ မိမိ၏ လက်ကို ယေရှုပေါ် တင်ခြင်းဖြင့် လောကအပြစ်အားလုံးကို သူ့အပေါ်တင် တော်မူ၏။ ဤသို့ဖြင့် ယေရှုသည် ကျွန်ုပ်တို့၏အပြစ်ကို ဆေးကြော ပေးသော ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်လာသည်။ ယခုကိုယ်တော်၏ ရွေး နှုတ်ကယ်တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကယ်တင် ခြင်းကို ရနိုင်သည်။ ဤအရာကို သင်ယုံကြည်ပါသလား။ 
ယေရှုသည် လူသားအားလုံးကို ကိုယ်စားပြုသော ဗတ္တိဇံဆ ရာယောဟန်၏လက်တင်ခြင်းဖြင့် ယော်ဒန်မြစ်၌ဗတ္တိဇံခံယူပြီး လောက အပြစ်ကို ဆောင်ယူသွားကြောင်း သုံးနှစ်ခွဲလုံးလုံး သတင်းကောင်းပြော ခြင်းဖြင့် သူ၏သာသနာလုပ်ငန်းကို စတင်ခဲ့ပါသည်။ 
သူသည် ပြစ်မှားနေစဉ် ဖမ်းမိသောသူအား “ငါသည်လည်း သင့်ကို အပြစ်မတင်ဘူး”ဟုဆို၏။ သူမအား တရားမစီရင်ခြင်းသည် သူမ၏အပြစ် ဟူသမျှကို ကိုယ်တော်ဆောင်ယူပြီး ကားတိုင်ပေါ်၌သူ့အတွက် အသေခံ ခဲ့ပြီးဖြစ်သောကြောင့်ဖြစ်သည်။ ကိုယ်တော်သည် ဂေသရှေမန်အရပ်၌ ဆု တောင်းနေစဉ် ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါ စေ။ သို့သော် အကျွန်ုပ်အလိုရှိသည့်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်၏ အလိုတော်အတိုင်း ဖြစ်ပါစေဟူ၍ သုံးကြိမ်တိုင်တိုင် ဆုတောင်းလေသည်။ 
 
 
ဤလောက၏အပြစ်ကို ဆောင်သွားသောဘုရားသခင်၏ သိုးသူငယ်ကို ကြည့်လော
 
ယေရှုသည် အဘယ်မျှလောက်သော
အပြစ်ကို ဆောင်သွားသနည်း
လောကအပြစ်အားလုံးကိုဆောင်သွား၏

ရှင်ယောဟန် ၁း၂၉ နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည် မြင်လျှင် ဤလောက၏အပြစ်များကို ဆောင်သွားသော ဘုရားသခင်၏သိုးသူငယ်ကို ကြည့်လော။ ဗတ္တိဇံဆရာယောဟန်သည် ယေရှုအား ဗတ္တိဇံပေးပြီးနောက် တစ်နေ့တွင် ယေရှုသည် ယောဟန်ထံသို့ ကြွလာတော်မူသည်ကိုမြင်၍ ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရား သခင်၏သိုးသူငယ်ကို ကြည့်လောဟု ယောဟန်သည်ဆို၏။ ဤအ ရာသည် သူ၏သက်သေခံ ခြင်းပင်ဖြစ်သည်။ 
ဘုရားသခင်၏သားတော်သည် ဤလောကသို့ကြွလာပြီး လောက အပြစ်အားလုံးကို သယ်ဆောင်တော်မူ၏။ ဗတ္တိဇံဆရာယောဟန်သည် တဖန်သက်သေခံလေ၏။ ရှင်ယောဟန် ၁း၃၅-၃၆ တဖန်ယောဟန်သည် နက်ဖြန်နေ့၌ တပည့်နှစ်ယောက်တို့အတူ ရပ်နေစဉ်ယေရှု ကြွတော်မူ သည်ကိုမြင်လျှင် ဘုရားသခင်၏သိုးသူငယ်ကို ကြည့်လော့ဟု ဆို၏။ 
ဘုရားသခင်၏သိုးသူငယ်ဟုဆိုရာတွင် ယေရှုသည် ဣသရေလလူ မျိုးတို့အတွက် အသေခံကြောင်း ဓမ္မဟောင်းကျမ်း၌ ဖော်ပြထားသော ယဇ် ပူဇော်ခြင်းကို ပုံဆောင်သူဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ ကျွန်ုပ်တို့အ တွက် ဘုရားသခင်၏သားတော်ဖန်ဆင်းရှင်သည် လောကကို ဖန်ဆင်းချိန် မှစ၍ ကျွန်ုပ်တို့၏မွေးရာပါအပြစ်၊ အဆိုးဆုံးသောအပြစ်တို့ကို ကယ်တင် ရန်ဤလောကသို့ ကြွလာတော်မူ၏။ ယေရှုသည် သူ့ဗတ္တိဇံနှင့်လက်ဝါး ကပ်တိုင်ပေါ် အသွေးတော်အားဖြင့် ကျွန်ုပ်တို့ကို ရွေးနှုတ်တော်မူ၏။ 
ယေရှုသည် ကျွန်ုပ်တို့၏အပြစ်ဟူသမျှကိုဆောင်ယူပြီး ယုံကြည် သူတို့အား ပြည့်စုံသောရွေးချယ်ခြင်းကို ပေးတော်မူ၏။ ဤအရာကို သင် နားလည်ပါသလား။ လောကအပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသူငယ်ဖြစ်တော်မူ၏။ 
ယေရှုသည် ဘီစီ ၃၀ တွင် ဤလောက၌ ဖွားမြင်ပြီး လွန်ခဲ့ သောနှစ်ပေါင်း ၂၀ဝ၀တွင် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ဆောင်သွားခဲ့၏။ အေဒီ၁နှစ်သည် ယေရှုမွေးဖွားသောနှစ်ဖြစ်သည်။ ယေရှုမတိုင်မီ ဘီစီဟု ခေါ်သည်။ ယေရှုဤလောကသို့ ကြွရောက်လာချိန်သည် နှစ်ပေါင်း ၂၀ဝ၀ ကျော်ရှိပြီ။ 
အေဒီ ၃၀ တွင် ဗတ္တိဇံဆရာယောဟန်သည် ယေရှုအား ဗတ္တိဇံ ကိုပေးပြီး “နက်ဖြန်နေ့တွင် လောက၏အပြစ်ကို ဆောင်သွားသော ဘုရား သခင်၏သိုးသူငယ်ကို ကြည့်လော့”ဟု ယောဟန်သည် လူတို့အား ပြောခဲ့ သည်။ သူသည် လူတို့အား သူတို့၏အပြစ်ကို ဆောင်သွား သောယေရှုအား ယုံကြည်ရန် ပြောခဲ့သည်။ ယေရှုသည် ကျွန်ုပ်တို့ကို အပြစ်အားလုံးမှ ကယ်တင်ခဲ့သော ဘုရားသခင်၏သိုးသူငယ်ဖြစ်ကြောင်း ယောဟန်သည် သက်သေခံခဲ့သည်။ 
ယေရှုသည် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ဆောင်သွားပြီး ကျွန်ုပ် တို့အဆက်မပြတ် တိုက်ခိုက်နေသော အပြစ်စစ်ပွဲကိုလည်း အဆုံးသတ် ပေးတော်မူ၏။ ဘုရားသခင်၏သားတော်သည် ကျွန်ုပ်တို့၏အပြစ်အား လုံးကို ဆောင်သွားပြီဖြစ်၍ ယခုကျွန်ုပ်တို့၌ အပြစ်မရှိတော့ပါ။ ကျွန်ုပ်တို့ ၏အပြစ်အားလုံးကို ဆောင်သွားပြီဟု ဗတ္တိဇံဆရာယောဟန်သက်သေခံ လေ၏။ ရှင် ယောဟန် ၁း၇။ ထိုသူကို လူအပေါင်းတို့သည် အမှီပြု၍ ယုံ ကြည်ခြင်းသို့ရောက်မည့်အကြောင်း၊ထိုသူသည် သက်သေခံဖြစ်၍ အလင်း တော်၏အကြောင်းကို သက်သေခံခြင်းငှာ လာ၏။ 
ကျွန်ုပ်တို့သည် ယောဟန်၏သက်သေခံချက်မပါဘဲ ယေရှုသည် ကျွန်ုပ်တို့အပြစ်အား လုံးဆောင်သွားသည်ကို မည်ကဲ့သို့သိနိုင်မည်နည်း။ ယေရှုသည် ကျွန်ုပ်တို့အတွက် အသေခံသည်ဟု ကျမ်းစာက အကြိမ်ပေါင်း များစွာ ဖော်ပြသော်လည်း ကျွန်ုပ်တို့အပြစ်အားလုံးကို ဆောင်သွားသည်ဟု ဗတ္တိဇံဆရာယောဟန်သည် အတိအလင်းသက်သေခံခဲ့သည်။ 
 
လောကအပြစ်သည်မည်မျှ ရှိမည်နည်း
လောကအစမှအဆုံးထိလူသားအားလုံး၏အပြစ်

လူတို့သည် ယေရှုသေပြီးနောက်ပိုင်းတွင် အဖြစ်အပျက်ကို သက် သေခံကြသည်။ သို့သော် ယောဟန်သည် ကိုယ်တော်အသက်ရှင်နေစဉ် သက်သေခံတော်မူ၏။ အမှန်စင်စစ်ယေရှု၏တပည့်တော်တို့ကလည်း ယေရှု၏ရွေးနှုတ်ခြင်းကိုသက်သေခံကြသည်။ ယေရှုသည် ကျွန်ုပ်တို့အပြစ် အားလုံးဆောင်သွားခြင်းဖြင့် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်သည်ဟု သက် သေခံကြသည်။ 
ယေရှုသည် လောကအပြစ်ဟူသမျှကို ဆောင်တော်မူ၏။ စာဖတ် သူများထဲတွင် အသက် (၁၀ဝ) ပြည့်သောသူ ရှိပါသလော။ ယေရှုသည် အသက်၃၀တွင်လောကအပြစ်ဟူသမျှကိုဆောင်သွားတော်မူ၏။ ဤဇယား ကို ကြည့်ပါစို့။ 
 

ယေရှုကြွရောက်ခြင်းမရှိမီ ပထမလူဖန်ဆင်းခြင်းမှာ နှစ်ပေါင်း ၄၀ဝ၀ ရှိပြီဟုဆိုကြပါစို့။ ယေရှုကြွလာပြီး နှစ်ပေါင်း ၂၀ဝ၀ ကျော်လောက် သာရှိသေး၏။ဗလာကသည် မည်မျှလေက်တည်မြဲမည်ကို ကျွန်ုပ်တို့မ သိနိုင်။ သို့သော် နောက်ဆုံးနေ့သည် ရောက်လာလိမ့်မည်။ ယေရှုသည် ဤသို့မိန့်တော်မူ၏။ (ဗျာဒိတ် ၂၂း၁၃) ငါသည် အာလဖဖြစ်၏။ သြမေဃ လည်းဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံး လည်းဖြစ်၏။ 
ထို့ကြောင့် နောက်ဆုံးသောနေ့ရက်ရှိလိမ့်မည်မှာ သေချာသည်။ ကျွန်ုပ်တို့သည် ယခု ၂၀ဝ၂ တွင်ရှိနေသည်။ ယေရှုသည် အေဒီ ၃၀ တွင် ကျွန်ုပ်တို့၏အပြစ်များကို ဆောင်သွားခဲ့သည်။ ထိုအမှုသည် ကိုယ်တော် ကားတိုင်ပေါ်မသေမီ ၃ နှစ်တွင်ဖြစ်သည်။ 
လောကအပြစ်ကို ဆောင်သွားသော ဘုရားသခင်၏သိုးသူငယ်ကို ကြည့်လော့။ ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်အပါအဝင် လောက၏အ ပြစ်အားလုံးကိုဆောင်သွားခဲ့ပြီ။ယေရှုမွေးဖွားချိန်မှနှစ်ပေါင်း၂၀ဝ၀လောက် ရှိပြီး အပြစ်များကိုဆောင်သွားချိန်မှ နှစ်ပေါင်း ၂၀ဝ၀ ကျော်လောက်တွင် ကျွန်ုပ်တို့သည် အသက်ရှင်နေကြသည်။ နေ့စဉ်နှင့်အမျှ ကျွန်ုပ်တို့သည် အပြစ်ကို ကျူးလွန်ကြသော်လည်း ဘုရားသခင်၏သိုးသူငယ်တော်သည် လောကအပြစ် အားလုံးကို ဆောင်ယူသွားခဲ့ပါပြီ။ 
မွေးသည့်အချိန်မှစ၍ ကျွန်ုပ်တို့သည် လောက၍အသက်ရှင်လျက် အပြစ်ကိုကျူးလွန်ကြသည်။ ကျွန်ုပ်တို့သည် မွေးဖွားလာသည်နှင့် အပြစ် ကျူးလွန်ကြသည်မဟုတ်လော။ ဟုတ်ပါ၏။ ဖြစ်စဉ်အားလုံးကို ပြန်ကြည့် ကြပါစို့။ ကျွန်ုပ်တို့မွေးပြီးအသက် ၁၀ နှစ်အထိအပြစ်ကျူးလွန် ကြသည်မ ဟုတ်လော။ ကျူးလွန်ကြပါသည်။ ထိုသို့ဆိုလျှင် ထိုအပြစ်တို့သည် ခရစ် တော်ယူဆောင်သလော။ ယူဆောင်သွားပါသည်။ ယေရှုသည် အပြစ်အား လုံးယူဆောင်ခြင်းဖြင့် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်လာသည်။ ထိုသို့မဖြစ် လျှင် သူသည် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ် နိုင်မည်လော။ ကျွန်ုပ်တို့၏အ ပြစ်အားလုံးသည် ယေရှုယူဆောင်သွားလေပြီ။ 
ကျွန်ုပ်တို့သည် အသက် ၁၀ မှ ၂၀ အထိ အပြစ်ကျူးလွန်ကြသည် မဟုတ်လော။ ကျွန်ုပ်တို့သည် စိတ်နှလုံးဖြင့် အပြစ်ကျူးလွန်သည်သာမက အပြုအမူအားဖြင့် အပြစ်ကို ကျူးလွန်ကြပါသည်။ 
ထိုအပြစ်အားလုံးသည် ယေရှုဆောင်ယူသွားပြီဟု ဘုရားသခင်မိန့် ဆို၏။ ကျွန်ုပ်တို့အား အပြစ်သားဖြစ်ကြောင်း ကိုယ်တော်သိတော်မူသော ကြောင့် ထိုအပြစ်အားလုံးကို ရှေးဦးစွာ ဆောင်သွားခြင်းဖြစ်သည်။ 
ကျွန်ုပ်တို့သည် လောက၌မည်မျှလောက်ကြာကြာ အသက်ရှင်ကြ မည်နည်း။ နှစ် ၇၀ ပတ်ဝန်းကျင်ဆိုကြပါစို့။ ထိုနှစ် ၇၀ အတွင်း ကျွန်ုပ် တို့ပြစ်မှားသောအပြစ်သည် မည်မျှလောက်လေးလံမည်နည်း။ ထိုအပြစ်ကို (၈) ကုန်တင်ကားထဲသို့ ထည့်မည်ဆိုလျှင် ကုန်တင်ကားပေါင်း (၁၀ဝ) လောက် လိုကောင်းလိုမည်။ 
ကျွန်ုပ်တို့အသက်ရှင်စဉ် မည်မျှလောက်အပြစ်ကျူးလွန်မည်ကို ပြန်တွေးကြည့်ပါ။ထိုအပြစ်တို့သည်လောက၏အပြစ်များလော(ဝါ)ကျွန်ုပ်တို့၏အပြစ်များလော။ ၄င်းသည် လောကအပြစ်၏တပိုင်းတစလောက်သာ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မွေးကတည်းကပင် ၁၀ နှစ် အထိ၊ ၁၀ နှစ်မှ ၂၀ ထိ၊ ၂၀ မှ ၃၀ ထိ၊ သေသည့်တိုင်အောင် အပြစ်ကျူးလွန်ကြသည်။ သို့သော် ထိုအပြစ်အားလုံးကို လောကအပြစ်နှင့်ပေါင်းထားပြီး ယေရှုသည် သူ၏ဗတ္တိဇံအားဖြင့် ဆောင်ယူခဲ့ပါသည်။ 
 
 
လူတို့၏ကယ်တင်ရှင် ယေရှုခရစ် 
 
ယေရှုသည် အပြစ်မည်မျှ
ယူဆောင်တော်မူသနည်း
ကျွန်ုပ်တို့၏ ဘိုးဘေးများမှစ၍သားစဉ်မြေးဆက် လောကဆုံးသည်အထိ အပြစ်အားလုံး

ယေရှုသည် လူ့ဇာတိအားဖြင့် ကြွလာခြင်းသည် ထိုအပြစ်များကို ဆောင်ယူသွားရန်ဖြစ်သည်ဟု ကျွန်ုပ်တို့အား မိန့်တော်မူ၏။ သို့သော် ယေရှုသည် မိမိကိုယ်မိမိ ဗတ္တိဇံမပေးနိုင်သောကြောင့် ဘုရားသခင်သည် လူသားအားလုံးကိုယ်စားပြုရန် ရွေးချယ်တော်မူသောမိမိ၏အစေခံ ဗတ္တိဇံ ဆရာယောဟန်အားရှေ့သို့စေလွှတ်တော်မူ၏။ ကျမ်းစာတွင် “နာမတော် မူကား၊ အံ့သြဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်” ဟုဖော် ပြထားသည်။ ကိုယ်တော်တိုင်သူ့ဉာဏ်ပညာ၊ သူ့အာဏာအားဖြင့် လူသား အားလုံးကိုယ်စားပြုသောသူကို ရှေ့သို့စေလွှတ်တော်မူပြီး ဘုရားသခင် ၏သားတော်ယေရှုကိုယ်တော်တိုင်သည်လောကအပြစ်အားလုံးကို ဆောင် သွားခြင်းငှာ လူ့ဇာတိအားဖြင့် ဤလောကသို့ ကြွလာတော်မူ၏။ ဤအရာ သည် ဘုရားသခင် ၏လေးနက်သော ကယ်တင်ခြင်းပင် မဟုတ်လော။ 
ဤအရာသည်လည်းအံ့သြဘွယ်ကောင်းသည်မဟုတ်လော။ယေရှု သည် ယောဟန်ထံဗတ္တိဇံခံယူခြင်းဖြင့် လောကတခွင် လူသားအားလုံး၏ အပြစ်ကို ဆေးကြောပြီး လက်ဝါးကပ်တိုင်ပေါ် အသေခံတော်မူခြင်းအား ဖြင့် လူသားအားလုံးကို အပြစ်မှရွေးနှုတ်တော်မူ၏။ ကျွန်ုပ်တို့ လူသား အားလုံးကို အပြစ်မှရွေးနှုတ်တော်မူ၏။ ထိုအရာကို စဉ်းစားကြည့်ပါ။ သင့်အပြစ်အားလုံး အသက် ၂၀ မှ ၃၀၊ ၃၀ မှ ၄၀၊ ၄၀ မှ ၆၀၊ ၇၀ မှ ၁၀ဝ နှင့် သင့်သမီး၏အပြစ်အားလုံးကို ကြည့်ကြပါစို့။ ထိုအပြစ်ဟူသမျှကို ကိုယ်တော်သည် ဖယ်ရှားခဲ့ပြီမဟုတ်လော။ သူသည် ခရစ်တော်ဖြစ်ပြီး လူသားအားလုံးကို ကယ်တင်တော်မူသော ကယ်တင်ရှင်ဖြစ်သည်။ 
ဗတ္တိဇံဆရာယောဟန်သည် ကျွန်ုပ်တို့အပြစ်အားလုံးကို ယေရှုပေါ် လက်ဆင့်ကမ်းပေးသောကြောင့် ယုံကြသည်သောသူအားလုံးသည် ရွေး နှုတ်ခြင်းခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ထိုသို့စီ စဉ်ခဲ့သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည်အပြစ် သားများမ ဟုတ်လော။ ကျွန်ုပ်တို့၏အပြစ်သားအားလုံးသည် ယေရှုပေါ်သို့ ကမ်းပေး ပြီမဟုတ်လော။ ကျွန်ုပ်တို့အားလုံးသည် အပြစ်သားများမဟုတ်တော့ပါ။ အကြောင်းမှာ ကျွန်ုပ်တို့အပြစ် အားလုံးသည် ခရစ်တော်ပေါ် အပြစ်ကို လက်ဆင့်ကမ်းပေးခြင်းခံရသောကြောင့်ဖြစ်သည်။ 
ယေရှုသည် လောကအပြစ်အားလုံး ယူဆောင်သွားပြီးနောက် မည်သူသည် လောက၌ အပြစ်ရှိသေးသည်ဟု ဆိုနိုင်မည်နည်း။ ကိုယ် တော်သည် ကျွန်ုပ်တို့အပြစ်ကျူးလွန်မည်ကို သိသောကြောင့် ကျွန်ုပ်တို့ ပြစ်မှားမည့် အနာဂတ်အပြစ်များကိုပါဆောင်သွားတော်မူ၏။ ကျွန်ုပ်တို့ သည် ထာဝရအသက်ရှင်မည်ဟု ဆိုကြပါစို့။ အချို့သည် အသက် ၅၀ မ ပြည့်သေး။ အချို့သည် ဘဝတစ်ဝက်ကို ကျော်သွားလိမ့်မည်။ 
မြောက်မြားစွာသောလူတို့သည် အသက်တာအစီအစဉ်မရှိဘဲ ဖြစ် သလိုအသက်ရှင် ကြသည်။ ဤနည်းအားဖြင့် ရှင်းပြပါရစေ။ ပုစဉ်းသည် မည်မျှကြာအသက်ရှင်နိုင်သနည်း။၁၂နာရီအတွင်းသာ အသက်ရှင်နိုင် သည်။
လူတစ်ယောက်က ငါ့ကို ရေဖြင့်ပက်သောကြောင့် အရမ်းပင်ပန်း သည်။ ငါ့ဘဝတွင် ထို ကဲ့သို့သော လူတစ်စုံတစ်ယောက်ကိုမျှ မတွေ့ဖူးဟု ပုစဉ်းကောင်ငယ်လေးပြောနေချိန်တွင် သူသည် ၁၂ နာရီသာ အသက် ရှင်သောကြောင့် ဘဝတစ်ဝက်သာကျန်တော့သည်။ 
ညနေ ၇ နာရီ (သို့) ၈ နာရီလောက်တွင် သူသေဆုံးသွားခဲ့သည်။ အချို့သောပုစဉ်းတို့သည် နာရီပေါင်း ၂၀ အသက်ရှင်နိုင်ပြီး တချို့သည် ၂၁ နာရီ၊ တချို့သည် ၂၄ နာရီကြာသည့်တိုင်၊ အိုမင်းသည်အထိ အသက် ရှင်ကြသည်။ ပုစဉ်းကောင်တို့သည် သူတို့ဘဝအတွေ့အကြုံကို သူတို့ပြော မည်ဆိုလျှင် နှစ်ပေါင်း ၇၀ (သို့) ၈၀ လောက်အသက်ရှင်သော ကျွန်ုပ်တို့ လူသားများအတွက် ရယ်စရာဖြစ်လိမ့်မည်။ ပုစဉ်းကောင်လေးတို့၏ အတွေ့အကြုံသည် ကျွန်ုပ်တို့အတွက် မပြောပလောက်သောအရာ ဖြစ်သည်။ 
ကျွန်ုပ်တို့နှင့် ဘုရားသခင်ဆက်စပ်နေသည့်နေရာတွင် ဤအရာ ကို ဥပမာအဖြစ်သုံးကြပါစို့။ ကိုယ်တော်သည် ထာဝရအသက်ရှင်တော် မူ၏။ ကိုယ်တော်သည် လောက၏အစနှင့် အဆုံးကို ဆုံးဖြတ်တော်မူ၏။ သူသည် ထာဝရအသက်ရှင်သောသူဖြစ်သကဲ့သို့ အဆုံးမရှိသော လောက၌ အသက်ရှင်ပြီးထိုအဆုံးမရှိသောလောက၏တဘက်တွင် ဘုရားသခင်ရှိ တော်မူ၏။ ထိုသို့ မိမိ၏အဆုံးမရှိသောကာလတွင် ကျွန်ုပ်တို့ကို ယူဆောင် တော်မူလိမ့်မည်။ 
တချိန်က လက်ဝါးကပ်တိုင်ပေါ်အသေခံခြင်းဖြင့် လောကအ ပြစ်အားလုံးဆောင်ယူရာတွင် အမှုပြီးပြီဟုဆို၏။ ၃ ရက်မြောက်သော နေ့တွင် ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံသို့ တက်တော်မူ၏။ ယခု သူသည် အဆုံးမရှိသောကာလ၌ ရှိတော်မူ၏။ ယခု သူသည် ကျွန်ုပ်တို့ အယောက်တိုင်းကို ငုံ့ကြည့်နေတော်မူ၏။ 
တစ်စုံတစ်ယောက်သောသူသည် ကိုယ်တော် ကျွန်ုပ်အပြစ်ကျူး လွန်မိပါပြီ။ ငါအသက် ၂၀ သာရှိသေးသော်လည်း အပြစ်ကျူးလွန်ပါသည်။ ၍ါအသက် ၃၀ ဘဲအသက်ရှင်သေးသော် လည်း အပြစ်ကျူးလွန်ပါသည်။ “မည်သို့ဖြင့် ငါသည် အပြစ်မကျူးလွန်ဘဲ နေနိုင်မည်နည်း” ဟု ဆိုသည်။ 
သို့သော် ကျွန်ုပ်တို့ဘုရားသခင်သည် မိမိအဆုံးမရှိသောကာလမှ ငါ့ကိုမထီမဲ့မြင်မပြု ပါနှင့်ဟုဆိုလိမ့်မည်။ငါသည် ယခုအချိန်ထိ ပြစ်မှား သောအပြစ်ကိုသာ ယူဆောင်သည်မဟုတ်ပါ။ သင်မမွေးမီ ဘိုးဘေးတို့၏ အပြစ်အားလုံးနှင့်သားစဉ်မြေးဆက်တို့၏အပြစ်များကိုပါ ယူဆောင်တော်မူ ၏။ကိုယ်တော်သည် ဤအရာအား အဆုံးမရှိသောကာလမှ မြွက်ဆိုတော်မူ ၏။ ဤအရာကို သင်ယုံကြည်ပါသလား။ သင်သည် အခမဲ့ပေးသောကယ် တင်ခြင်း ဆုကျေးဇူးကိုယုံကြည်ပြီး လက်ခံလျှင် ကောင်းကင်ဘုံဝင်စားရ လိမ့်မည်။
မိမိစိတ်ကူးနှင့်မိမိကိုယ်မိမိ မချည်နှောင်ပါနှင့်။ ဘုရားသခင်၏စ ကားတော်ကိုသာ ယုံကြည်ပါ။ “အလုံးစုံသောတရားတို့ကို ကျင့်သင့်သည် ဖြစ်၍” လောက၏အပြစ်ကို ဆောင်သွားသသောသိုးသူငယ်သည် အလုံးစုံ သောတရားကို ပြည့်စုံစေတော်မူ၏။ ယေရှုသည် လောက အပြစ်အား လုံးကို ဆောင်သွားတော်မူ၏။ အမှန်တကယ် ဆောင်သွားသည်မဟုတ် လော။ ဆောင်သွားပါသည်။ 
 
ယေရှုသည် ကားတိုင်ပေါ်အသက်မဆုံးမီ
မည်သို့မိန့်တော်မူသနည်း
အမှုပြီးပြီ

ဗတ္တိဇံအားဖြင့် လောကအပြစ်ကိုဆောင်သွားသော ယေရှုခရစ် တော်သည် ပိလတ်မင်း၏တရားရုံး၌ တရားစီရင်ခြင်းခံပြီး ကားတိုင်တွင် အသေခံတော်မူ၏။ 
ရှင်ယောဟန် ၁၉း၁၇-၂၀ ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင် ကို ထမ်းလျက်ဦးခေါင်းခွံအရပ်ဟူ၍ ခေါ်တွင်သောအရပ်သို့ ထွက်တော် မူ၏။ ထိုအရပ်ကား၊ ဟေဗြဲစကားအားဖြင့် ဂေါလာဂေါသအမည်ရှိ၏။ ထိုအရပ်၌ ကိုယ်တော်ကို အခြားသူနှစ်ယောက်နှင့်အတူ လက်ဝါး ကပ်တိုင် တွင်ရိုက်ထားကြ၏။ နှစ်ယောက်အလယ်မှာ ယေရှုသည် နေရာကျသ တည်း။ ပိလတ် မင်းသည်လည်း လိပ်စာကိုရေး၍ လက်ဝါးကပ်တိုင်တော်၌ တပ်လေ၏။ လိပ်စာဟူမူကား “ယုဒရှင်ဘုရင်၊ နာဇရက်မြို့သားယေရှု” ဟုရေးထားသတည်း။ယေရှုကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအ ရပ်သည် မြို့နှင့်နီးသည်ဖြစ်၍ ထိုလိပ်စာကိုဟေဗြဲဘာသာ၊ ဟေလသဘာ သာ၊ ရောမဘာသာအားဖြင့် ရေးထားသောကြောင့် ယုဒလူမျိုးတို့သည် ဖတ်တတ်ကြသည်။ 
လက်ဝါးကားတိုင်၌ အသေခံပြီးနောက် မည်ကဲ့သို့ဖြစ်လာသည်ကို ကြည့်ကြပါစို့။ နောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှာ အမှုရှိသမျှကုန်စင်ပြီး သည်ကိုယေရှုသိတော်မူလျှင် ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှာ အမှုရှိ သမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင် ရေငတ်သည်ဟုမိန့်တော်မူ၏။ ထိုအရပ်၌ ပုန်းရည်ဖြင့်ပြည့်သော အိုးတစ်လုံးရှိသည်ဖြစ်၍ ထိုသူတို့သည် ရေမှိုတထွေးကို ပုန်းရည်နှင့်ပြည့်စေပြီးလျှင် ဟုဿုပ်ပင်၏အကိုင်းဖျား၌ တပ်၍ ခံတွင်းတော်သို့ ကပ်ထားကြ၏။ ယေရှုသည် ပုန်းရည်ကိုခံပြီးမှ အမှုပြီးပြီဟု မိန့်တော်မူလျက် ခေါင်းတော်ကို ငိုက်ဆိုက်၍ အသက်တော် ကိုစွန့်တော်မူ၏။ (ယော ၁၉း၂၈-၃၀)
ယေရှုသည်ပုန်းရည်ကိုခံပြီးမှအမှုပြီးပြီဟု မိန့်တော်မူလျက်ခေါင်း တော်ကိုငိုက်ဆိုက်၍ အသက်တော်ကိုစွန့်တော်မူ၏။ ၃ ရက်မြောက်သော နေ့တွင် ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံသို့ တက်တော်မူ၏။ 
ဟေဗြဲ ၁၀း၁-၉ကို ကြည့်ကြပါစို့။ ယုံကြည်ခြင်းသည် မျှော်လင့် သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏။ ထိုပါရမီကြောင့် ရှေးလူဟောင်းတို့ သည် ချီးမွမ်းတော်မူခြင်းကိုခံကြ၏။ ယခု မြင်ရသောအရာတို့သည် အရင်ထင်ရှားသောအရာထဲကမဖြစ်ဘဲ လောဓါတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။ အာဗေလသည် ကာဣနပူဇော်သောယဇ်ထက်သာ၍ မြတ်သော ယဇ်ကို ယုံကြည်ခြင်းဖြင့် ဘုရားသခင်အားပူဇော်၏။ ထိုသို့သော ယဇ်ကို ပူဇော်၍ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အ ဘယ်သို့နည်းဟူမူကား သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံ တော်မူ၏။ သို့ဖြစ်၍ အာဗေလသည် သေလွန်သော်လည်း ယခုပင် တရား ဟောနေသေး၏။ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည်သူ့ကို ဘဝပြောင်းစေတော် မူသော ကြောင့် သူသည်နောက်တဖန် မပေါ်မရှိ။ သူသည် ဘဝမပြောင်းမှီ ဘုရား သခင်၏ စိတ်တော်နှင့် တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။ ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင်ထံတော်သို့ ချည်းကပ်သောသူသည် ဘုရား သခင်ရှိတော်မူသည်ကို၄င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေး တော်မူသည်ကို၄င်း၊ ယုံကြည်ရမည်။ နောဧသည် မမြင်သေးသော အမှုအ ရာတို့ကို ဖော်ပြသောဗျာဒိတ်တော်ကို ခံရပြီးမှ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့သောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှာ သင်္ဘောကိုတည်လေ၏။ ထိုုယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သောဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ ၏။အာဗြဟံသည် အမွေခံရလတံ့။သောပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင်ခေါ်တော်မူသောအခါ သူသည် အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက် ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွား လေ၏။ 
 
 
ထာဝရရွေးနှုတ်ခြင်း
 
ကျွန်ုပ်တို့သည် ယေရှုကိုယုံကြည်ပြီး နောက်ပိုင်းနေ့စဉ်ပြစ်မှားသောအပြစ်ကို မည်သို့ဖြေရှင်းမည်နည်း
ယေရှုသည် ဗတ္တိဇံအားဖြင့် အပြစ်အားလုံး

ပယ်ထုတ်တော်မူကြောင်းကို အတည်ပြုခြင်းအားဖြင့်ပညတ် တော် (သို့) ယဇ်ပူဇော်ရန် နည်းစနစ်သည် ကောင်းသောအရာဖြစ်လာမည့် အရာကိုပြသောအရိပ်အယောင်ဖြစ်သည်။ ယေရှုခရစ်တော်သည် ကြွ ရောက်လာပြီး ကျွန်ုပ်တို့အပြစ်အားလုံးကို ဆောင်သွားမည့်အကြောင်း ဓမ္မဟောင်း၌ပူဇော်သောသိုးနှင့်ဆိတ်တို့သည် ကျွန်ုပ်တို့ကို ဖော်ပြခဲ့သည်။ 
ဓမ္မဟောင်းတွင် ဒါဝိဒ်၊အာဗြဟံနှင့်တခြားသောသူတို့သည် ယဇ်ပူဇော်နည်း စနစ်မှာ သူတို့အတွက် အကျိုးသက်ရောက်သည်ကို သိကြ၏။ ထိုအရာက မေရှိယ၊ ခရစ်တော်(ဘိသိက်ခံရသောဘုရင်)သည် တနေ့နေ့တွင် သူတို့အ ပြစ်ကို ဆေးကြောမည့်အကြောင်း ဖော်ပြထားပါသည်။ သူတို့သည် ရွေး နှုတ်ခြင်းကို ယုံကြည်ပြီး သူတို့၏ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းကို ရကြ၏။ 
ပညတ်တော်သည် လာမည့်အရာ၏ အရိပ်အယောင်ဖြစ်သည်။ သူတို့၏နှစ်စဉ်အပြစ်နှင့် နေ့စဉ်အပြစ်မှယဇ်ပူဇော်ခြင်းသည်သူတို့ကိုမ ကယ် နိုင်ရာ။ ထို့ကြောင့် အပြစ်မရှိသောဘုရားသခင်၏သားတော်သည် ရွေးနှုတ်ခြင်းကို ပြီးပြည့်စုံစေရန် ဤလောကသို့ ကြွလာခဲ့သည်။ 
ယေရှုသည် ခမည်းတော်၏အလိုတော်ကို ပြည့်စုံစေရန် ကြွလာ ကြောင်း ကျမ်းစာကဖော်ပြသည်။ “ပညတ်တော်တရားအတိုင်း ပြုရသော ဝတ်ကို ရည်ဆောင်လျက် ခရစ်တော်ကမီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ်အ စရှိသောယဇ်များနှင့် ပူဇော်သက္ကာတို့ကို ကိုယ်တော်သည် အလိုတော်မရှိ၊ အားရနှစ်သက်တော်မမူဟု အထက်ကဆိုနှင့်၏။” ယေရှုသည် ကျွန်ုပ်တို့ ၏အပြစ်အားလုံးကို ဆောင်ယူသွားကြောင်း၊ ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့ သည် ရွေးနှုတ်ခြင်းကို ခံကြ၏။ 
ဟေဗြဲ ၁၀း၁၀ကိုဖတ်ကြပါစို့။ “ထိုအလိုတော်နှင့်အညီ ယေရှုခ ရစ်၏ကိုယ်တော်ကို တခါတည်း ပူဇော်သောအားဖြင့် ငါတို့သည် စင်ကြယ် ခြင်းသို့ရောက်ကြ၏။” ကျွန်ုပ်တို့သည် ယေရှုခရစ်၏ကိုယ်တော်ကို တခါ တည်း ပူဇော်သောအားဖြင့် ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြသည်။ 
ယေရသည် အပြစ်နွံထဲ၌ ဝေဒနာခံစားနေသော ကျွန်ုပ်တို့ကို ကယ်တင်ခဲ့ သည်။ ဤ အရာသည် ဘုရားသခင်၏အလိုတော်ဖြစ်သည်။ 
ကယ်တင်ရန်အလို့ငှာ ယေရှုခရစ်သည် တခါတည်း ပူဇော်သော အားဖြင့် ငါတို့သည် စင်ကြယ်ခြင်းသို့ရောက်ကြ၏။ ကျွန်ုပ်တို့စင်ကြယ်ရ ခြင်းမှာယေရှုခရစ်သည် ကျွန်ုပ်တို့အပြစ်အားလုံးကို ဆောင်ယူပြီး ကား တိုင်ပေါ်အသေခံခြင်းကြောင့်ဖြစ်သည်။ 
ဓမ္မဟောင်းခေတ်တွင် နေ့စဉ်အပြစ်ဖြေရန်အတွက် ယဇ်ကောင်ကို နေ့စဉ်သတ်ရန် လိုအပ်ပါသည်။ 
 
 
ရှင်ပေတရု၏ ခြေဆေးပေးခြင်း၏ ဝိညာဉ်ပိုင်းဆိုင်ရာအဓိပ္ပာယ်
 
စစ်မှန်သော နောင်တရပြီး
နောက်ပိုင်းတွင် အပြစ်ရှိသလော
မရှိပါ

ရှင်ယောဟန်အခန်းကြီး ၁၃တွင် ယေရှုက ရှင်တရုကခြေဆေး ပေးသည့်အကြောင်းကို တွေ့ရပါသည်။ အဓိပ္ပါယ်အားဖြင့် ရှင်ပေတရုသည် အပြစ်နွံထဲတွင် ပြန်လည်ကျဆင်းမည့် အကြောင်းနှင့်သူသည် ရွေးနှုတ် ခြင်းခံပြီးသောသူဖြစ်ကြောင်းကို ဖော်ပြခဲ့သည်။ ပေတရုသည် အနာဂတ် တွင် အပြစ်ပြန်ကျူးလွန်မည့်အကြောင်း ယေရှုသိသောကြောင့် သူ၏ခြေ ကို ဆေးပေးရ ခြင်းဖြစ်သည်။ 
ပေတရုက ငြင်းပယ်ရန် ကြိုးစားသော်လည်း ယခု ငါလုပ်ခဲ့သမျှ ကို ယခုမသိသော်လည်း နောင်မှသိကြလိမ့်မည်ဟုဆို၏။ ဤကျမ်းပိုဒ်၏ အဓိပ္ပါယ်သည် ရှင်ပေတရုက ယေရှုကို ငြင်းပယ်မည့်အကြောင်းကို ဆိုလို ပါသည်။ ထို့ကြောင့် ယေရှုက ပေတရုအား သင်ကျူးလွန်ခဲ့ သောအပြစ် အားလုံးကို ဆေးကြောသည်သာမကစာတန်ကို မောင်းထုတ်နိုင်သည့်တန် ခိုးကိုလည်း ငါပေးပါ၏ဟုဆိုသည်။ 
သခင်ယေရှုက ပေတရုခြေဆေးပေးရာတွင် ကျွန်ုပ်တို့နေ့စဉ်အ ပြစ်အတွက် နောင်တရရမည်ဟု ဆိုလိုပါသလား။ အကယ်၍ ကျွန်ုပ်တို့ သည်ကယ်တင်ခြင်းခံရန်နေ့တိုင်းနောင်တရရန်လိုအပ်ခဲ့သည်ရှိသော် ယေ ရှု သည် ကျွန်ုပ်တို့အပြစ်အားလုံး တခါတည်းသယ်ဆောင်ခြင်းမရှိ ကြောင်း အဓိပ္ပါယ်သက်ရောက်လိမ့်မည်။ 
သခင်ယေရှုက ကျွန်ုပ်တို့၏အပြစ်အားလုံးကို တခါတည်းသန့်ရှင်း စေခဲ့ပါသည်။ အကယ်၍ နေ့စဉ်နောင်တရဖို့လိုအပ်လျှင် ဓမ္မဟောင်းခေတ် သို့ ပြန်လှည့်ရလိမ့်မည်။ ထိုအခါ မည်သူသည် ဖြောင့်မတ်လာမည်နည်း။ မည်သူသည် ရွေးနှုတ်ခြင်းခံရမည်နည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်လက်ခံလျက်ပင် အပြစ်ကင်းစင်ပါသလား။ 
မည်သူသည်နောင်တရခြင်းဖြင့်ကယ်တင်ခြင်းခံရသနည်း။ ကျွန်ုပ် တို့သည် အပြစ်မှ မည်သည့်နည်းဖြင့် ခွင့်လွှတ်ခြင်းခံရမည်နည်း။ ကျွန်ုပ်တို့ သည်ကယ်တင်ခြင်းအတွက်နေ့တိုင်းအသက်တာ ပြောင်းလဲနိုင်မလား။ လူ တို့သည်မနက်ပိုင်းမှာ ပြစ်မှားသောအပြစ်ကိုညပိုင်းတွင်မေ့ပြီးညပိုင်းတွင် ပြစ်မှားသောအပြစ်ကို မနက်ပိုင်းတွင် မေ့တတ်သည့်အကျင့်ရှိပါသည်။ ထို့ ကြောင့် ပြစ်မှားခဲ့သောအပြစ်အတွက် နေ့တိုင်းနောင်တရ၍မရပါ။
ယေရှုသည် ကျွန်ုပ်တို့အပြစ်အားလုံးသန့်ရှင်းစေရန် လက်ဝါးကား တိုင်းတွင် အသေခံခဲ့သည်။ ဤအရာကို သင် နားလည်ပါသလား။ သူသည် ကျွန်ုပ်တို့အားလုံးအတွက် တခါတည်း သာ ရွေးနှုတ်ခြင်းခံတော်မူ၏။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရန် နေ့တိုင်းနောင်တရဖို့ မလိုပေ။ 
သခင်ခရစ်တော်က ကျွန်ုပ်တို့အပြစ်အားလုံး သယ်ဆောင်သည်ဟု ယုံကြည်သူတိုင်း သည် ကယ်တင်ခြင်းဆုကျေးဇူးကို ရလိမ့်မည်။ 
ဟေဗြဲ ၁၀း၁၁-၁၈။ ယဇ်ပုရောဟိတ်မည်သည်ကား နေ့တိုင်းဝတ် ပြုလျက်အပြစ်ကို မပြေနိုင်သောယဇ်ကို အထပ်ထပ်အဖန်ဖန် ပူဇော်လျက် ရပ်နေရ၏။ ထိုသခင်မူကားအပြစ်ကို ဖြေခြင်းငှာ ယဇ်တခုတည်းကို ပူ ဇော်ခြင်းမှစ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ အစဉ်အမြဲထိုင်၍၊ မိမိရန်သူတို့ကို မိမိခြေတင်ရာမချမထားမီတိုင်အောင် မျှော်လင့်လျက် နေတော်မူ၏။ အကြောင်းမူကားစင်ကြယ်စေသောသူတို့သည် ထာဝရစုံ လင်ခြင်းအကျိုးကို ရစေခြင်းငှာ တခါတည်းပူဇော်ခြင်းအားဖြင့် ပြုတော်မူ ၏။ ထိုသို့နှင့်အညီ သန့်ရှင်းသောဝိညာဉ်တော်သည် ငါတို့ အားသက်သေ ပေးတော်မူသည်မှာ နောင်ကာလအခါ သူတို့၌ ငါပေးသောပဋိညာဉ်တရား ဟူမူကား ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကို သူတို့နှလုံးထဲမှာ သွင်း ပေးမည်။ သူတို့စိတ်ဝိညာဉ်၏အပေါ်မှာ ရေးထားမည်ဟု အထက်ကမိန့် တော်မူပြီးမှ တဖန်တုံ သူတို့ပြစ်မှားခြင်း၊ ကျူးလွန်ခြင်းအမျိုးမျိုးကို ငါမ အောက်မေ့ဘဲနေမည်ဟု လာသတည်း။ ထိုအပြစ်တို့ကို လွှတ်ပြီးလျှင် နောက်တဖန်အပြစ်ဖြေသောပူဇော်သကာကို ပြုစရာအကြောင်းမရှိ။ အ ခန်းငယ် ၁၈ တဖန်တုံသူတို့ ပြစ်မှားခြင်း၊ ကျူးလွန်ခြင်းအမျိုးမျိုးကို ငါမ အောက်မေ့ဘဲ နေမည်ဟုလာသတည်း။ 
ထိုအပြစ်တို့ကို လွှတ်ပြီလျှင် နောက်တဖန် အပြစ်ဖြေသောပူဇော် သက္ကာကို ပြုစရာအကြောင်းမရှိဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသ နည်း။ အပြစ်အားလုံး ချွတ်ယွင်းချက်မရှိ ဆေးကြောခြင်းကို ဆိုလိုပါသည်။ ဤအရာကို သင် ယုံကြည်ပါသလား။ 
ဗတ္တိဇံဆရာယောဟန်သည် ယေရှုခေါင်းပေါ်တွင် လက်မတင်ခဲ့ လျှင်(ဝါ)ယေရှုသည် ဗတ္တိဇံမခံခဲ့လျှင် ရွေးနှုတ်ကယ်တင်ခြင်းရှိနိုင်မည် လော။ ယေရှုကဗတ္တိဇံဆရာယောဟန်အား လူသားအားလုံးကိုယ်စား ပြုသူ အဖြစ်မရွေးခဲ့လျှင် ကျွန်ုပ်တို့အပြစ်များအားလုံးသည် ဆေးကြော ခြင်းခံ နိုင်မည်လော။ မခံနိုင်ပါ။ 
ဘုရားသခင်၏ပညတ်တော်သည် ဖြောင့်မတ်ဖြူစင်၏။ ယေရှု သည် ကျွန်ုပ်တို့အပြစ်အားလုံးဆောင်ယူကြောင်းနှင့် ကယ်တင်ရှင်ဖြစ် ကြောင်း စကားအားဖြင့်သာမပြောပါ။ လက်တွေ့အားဖြင့် ကျွန်ုပ်တို့အ ပြစ်ကို သယ်ဆောင်သွားခဲ့ပါသည်။ အဘယ်ကြောင့် ယေရှုသည် လူ့ ဇာတိ ကိုခံယူပြီး ဤလောကသို့ကြွလာခဲ့သနည်း။ ဗတ္တိဇံခံခြင်းအားဖြင့် လောက အပြစ်ကို သယ်ဆောင်ရန်ဖြစ်သည်။ ယေရှုသည် လူ့ဇာတိကို မခံယူဘဲ ယဇ်ပူဇော်ခြင်းကိုလည်း မပြုလျှင်ကျွန်ုပ်တို့စိတ်ထဲရှိ အပြစ်နှင့်အသွေး အားဖြင့် ကျူးလွန်သောအပြစ်များသည် ဆေးကြောခြင်းခံ မည်မဟုတ်ပေ။ 
သခင်ယေရှုသည် ဗတ္တိဇံမခံလျှင် ကျွန်ုပ်တို့အပြစ်သည် ကျန်နေလိမ့်မည်။ အကယ်၍ ယေရှုသည် ကျွန်ုပ်တို့အပြစ်ကို မသယ်ဆောင်ခဲ့လျှင် သူ၏အ သေခံခြင်းသည် အဓိပ္ပါယ်မရှိသောသေခြင်းဖြစ်လိမ့်မည်။ အမှန်စင်စစ် ထိုအရာအားလုံးသည် အကျိုးမရှိရာရောက်လိမ့်မည်။ 
သခင်ယေရှုသည် အသက် ၃၀ တွင် ဗတ္တိဇံဆရာယောဟန် အားဖြင့် ဗတ္တိဇံခံပြီး သူ၏သာသနာလုပ်ငန်းကို စတင်ခဲ့သည်။ သူသည် သာသနာလုပ်ငန်းကို အသက် ၃၀ တွင် စတင်ပြီး အသက် ၃၃ နှစ်တွင် လက်ဝါးကပ်တိုင်၌ အသေခံခဲ့သည်။ ဤဖြစ်ပျက်ခဲ့သောအရာသည် လူတိုင်းအတွက် ကယ်တင်ခြင်းနှင့်ဖြောင့်မတ်ခြင်းရရန် ဖြစ်သည်။ ယေရှု သည် လူတို့ကယ်တင် ခြင်းရရန် ဗတ္တိဇံခံခြင်းဖြစ်သည်။ 
ယေရှုသည်ဗတ္တိဇံဆရာယောဟန်၏ဗတ္တိဇံပေးခြင်းအားဖြင့်ကျွန်ုပ် တို့အပြစ်အားလုံးကို သယ်ဆောင်သွားခဲ့သည်။ ဘုရားသခင်သည် သား တော်ယေရှုကို မနှမြောဘဲလောကလူသားများအတွက် ဤလောကသို့စေ လွှတ်ခဲ့သည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသောဘုရား ဖြစ်သည်။ 
သခင်ယေရှုသည်လက်ဝါးကပ်တိုင်ပေါ်အသေခံနေချိန်တွင်၃ နာရီ လုံးလုံး မှောင်မိုက်ခဲ့ကြောင်း သိရပါသည်။ ယေရှုသည် လက်ဝါးကပ် တိုင်ပေါ်တွင် ဧလိ၊ ဧလိ၊လာမာရှာဗခသာနိဟူ၍ ဟစ်အော်ခဲ့၏။ အဖ၊ အဖ အဘယ်ကြောင့် သားတော်ကို စွန့်လွှတ်တော်မူသနည်းဟု အဓိပ္ပါယ်ရ၏။ သခင်ယေရှုသည်ကျွန်ုပ်တို့အပြစ်အားလုံးကို သယ်ဆောင်ပြီး လက်ဝါးကား တိုင်တော်၌ အသေခံခဲ့သည်။ သူ၏ဗတ္တိဇံမပါဘဲ ဘက်ဝါးကားတိုင်ပေါ် အ သေခံခြင်းသည် အဓိပ္ပါယ် မရှိသော အသေခံခြင်းဖြစ်လိမ့်မည်။ 
 
သင်သည် အပြစ်ရှိသောသူလော
ဖြောင့်မတ်သောသူလော
အပြစ်ကင်း၍ ဖြောင့်မတ်သောသူဖြစ်သည်

ယေရှုသည် သူ၏ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်အားလုံးကို သယ် ဆောင်ခြင်းမရှိဘဲ ကားတိုင်ပေါ်အသေခံလျှင် ထိုအသေခံခြင်းသည် ပြည့်စုံ သောရွေးနှုတ်ခြင်းအတွက် အကျိုးရှိလိမ့်မည်မဟုတ်ပါ။ ယေရှုသည် ကျွန်ုပ်တို့ကိုရွေးနှုတ်ဖို့ရန်ဗတ္တိဇံဆရာယောဟန်ထံမှဗတ္တိဇံကိုခံပြီးလက်ဝါး ကားတိုင်ပေါ်တွင် တရားစီရင်ခြင်းကို ခံခဲ့ပါသည်။ ယေရှုခရစ်၏ဗတ္တိဇံကို ယုံကြည်လက်ခံသောသူသည်ကယ်တင်ခြင်းရရှိလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ဗတ္တိဇံဆရာယောဟန်သည် လူသားအားလုံး၏အပြစ်ကိုသာ ဖြေ လွှတ်ဖို့ရန် ဗတ္တိဇံပေးသည်မဟုတ်၊ ထာဝရအသက်ကိုပါ ရရန်ဖြစ်သည်။ 
ထို့ကြောင့် ဗတ္တိဇံဆရာယောဟန်မှစ၍ ကောင်းကင်နိုင်ငံတော် တွင် အနိုင်အထက်လုကြသည်။ အကြောင်းမှာ သူသည် ယေရှုပေါ်လော ကအပြစ်အားလုံး ကမ်းပေးသောကြောင့် ဖြစ်သည်။ ယခု ကျွန်ုပ်တို့သည် ထာဝရဘုရားကို အဖဟူ၍ခေါ်နိုင်သည်သာမက ကောင်းကင် နိုင်ငံတော် ကို အတားအဆီးမရှိ ဝင်စားနိုင်သည်။ 
ဟေဗြဲ ၁၀း၁၈။ ဣဇက်၌သာ သင်၏အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ်တော်မှစ၍ ဂတိတော်များကို ခံရသောသူသည် မိမိ၌တပါးတည်း သောသားကို ပူဇော်၏။ ယခုသင်သည် အပြစ်သားဖြစ်ပါသလား။ သင်၌ အပြစ်ကြွေးဆပ်ရန် ရှိသေးပါသလား။ 
ဥပမာ-အရက်ကြွေးတင်သောသူတယောက်ရှိ၏။တနေ့တွင် သူ၏ သားသည် သူ့အကြွေးမျးကို ဆပ်ပေးခဲ့သည်။ ထိုအခါ သူသည် သူ့သား အားဖြင့် အကြွေးမရှိသောဘဲ စိတ်ပူနေ စရာမလိုတော့ပေ။ 
ဤ်အရာသည် ကျွန်ုပ်တို့အတွက် ယေရှုလုပ်ဆောင်ခဲ့သောအ ရာနှင့်တူပါသည်။ သူသည် ကျွန်တော်တို့အပြစ်အားလုံးကို ဆောင်ယူခဲ့ ပါသည်။ ကျွန်ုပ်တို့အပြစ်ကိုသာမဟုတ်ဘဲ လောကအပြစ်အားလုံးကို ဆောင်ယူခဲ့ပါသည်။ ယေရှုသည်ဗတ္တိဇံခံယူခြင်းအားဖြင့် အပြစ်အားလုံးကို ဆောင်ယူခဲ့ပါသည်။ ယခု သင်၌ အပြစ်ရှိသေးသလော။ မရှိတော့ပါ။ 
အကယ်၍ ရွေးနှုတ်ခြင်းသတင်းကောင်းကို ကျွန်ုပ်တို့သိခဲ့လျှင် ယေရှုကိုယုံကြည်ရန် လွယ်ကူလှပါသည်။ သို့သော် တချို့က ဤအရာ သည် အသစ်ဖြစ်သည်ဟု ယူဆပြီး စိုးရိမ်ကြ၏။ 
သို့သော် ဤသတင်းကောင်းသည် အသစ်သောသတင်းကောင်းမ ဟုတ်ပေ။ လူသားတို့မမွေးကပင်ရှိခဲ့ပြီး အမှန်စင်စစ် ဤသတင်းကောင်း ကို ကျွန်ုပ်တို့မကြားဖူးပါ။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကျမ်း စာထဲ၌ ထည့်သွင်းခြင်းခံရပြီးကျမ်းစာဖတ်သူများအတွက် အကျိုးအတွက် အကျိုးရှိ၏။ဤသတင်းကောင်းသည် ကျွန်ုပ်တို့မမွေးကပင် ကျမ်းစာထဲ၌ရှိ ခဲ့ပြီးသားဖြစ်သည်။ ကမ္ဘာလောက ဖန်ဆင်းချိန်ကတည်းကပင် ဤသတင်း ကောင်းသည် ရှိခဲ့ပါပြီ။ 
 
 
ထာဝရရွေးနှုတ်ခြင်းသတင်းကောင်း
 
ကျွန်ုပ်တို့သည် ဘုရားသခင်၏ရှေ့မှောက်တွင်
မည်သည့်အရာကို ပြုလုပ်ရမည်နည်း
ထာဝရရွေးနှုတ်ခြင်းအကြောင်းကို ယုံကြည်ရန်

ယေရှုသည် ကျွန်ုပ်တို့မမွေးမီ ကျွန်ုပ်တို့အပြစ်အားလုံးကို သယ် ဆောင်ခဲ့ပြီးပါပြီ။ ယခုသင်၏အပြစ်ရှိသေးသလော။ မရှိတော့ပါ။ သင်နက် ဖြန်ကျူးလွန်မည့်အပြစ်အတွက် မည်သို့ ခံစားပါသနည်း။ 
အပြစ်အားလုံးတွင် ပါဝင်ခဲ့ပြီးဖြစ်ပါသည်။ ယခု ကျွန်ုပ်တို့ကျူး လွန်သောအပြစ်အားလုံးသည် လောကအပြစ်ထဲတွင် ပါဝင်မည်မဟုတ်ပါ လော။ ထိုအပြစ်အားလုံးအားယေရှု သယ်ဆောင်သွားခဲ့သည်မဟုတ်လော။ သယ်ဆောင်သွားပါသည်။ 
ဤလောကအပြစ်အားလုံးသည် ယေရှုခရစ်တော်မှ သယ်ဆောင် သွားခဲ့ပါသည်။ လာမည့်အနာဂတ်တွင် ကျူးလွန်ဦးမည့်အပြစ်အားလုံး ကိုပါ တခုမကျန်သယ်ဆောင်သွားခဲ့ပါသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ အပြစ်အားလုံးဆောင်ယူပြီး ပေးဆပ်ကြောင်းသတင်းကောင်း မှဖော်ပြခဲ့ပါ သည်။ 
ဘုရားသခင်၏သားတော်ယေရှုခရစ်၏ ဧဝံဂေလိတရား၏အစကို ဆိုပေအံ့။ (မာ ၁း၁) ဤလောကတွင် ကောင်းကင်နိုင်ငံတော်သ တင်းကောင်းသည် အမြင့်မြတ်ဆုံးသောသတင်းကောင်းဖြစ်သည်။ သခင် ယေရှုသည်“သင်တို့အပြစ်အားလုံးငါသယ်ဆောင်သွားပြီ။ငါသည် သင်တို့ ၏ကယ်တင်ရှင်ဖြစ်တော်မူ၏။ ငါ့ကို ယုံကြည်ပါသလား။” ဤလောကတွင် လူသန်းပေါင်း မြောက်မြားစွာ ရှိသော်လည်း ယေရှုခရစ်သည် ကယ်တင် ရှင်ဖြစ်ကြောင်းကို ယုံကြည်လက်ခံသောသူသည် နည်းပါးလှသည်။ သင် ပြောသည့်အတိုင်းယုံကြည်ပါသည်။ အာဗြဟံကဲ့သို့ ဖြောင့်မတ်သောသူ သည် သူတို့၏ယုံကြည်မှုကို ဝန်ခံရမည်။ 
တချို့သောသူတို့ကလည်း ဤအရာသည် အသစ်စက်စက်ဖြစ်ပြီး လုံးဝမယုံကြည်ပါဟုပြောဆိုခဲ့ပါသည်။ ထို့နောက်သင်တို့အပြစ်ကိုငါ သယ် ဆောင်သလားဟုမေးခဲ့ပါသည်။ မွေးရာပါအပြစ်ကိုသာ သယ်ဆောင်သွား ပြီး နေ့စဉ်ကျူးလွန်သောအပြစ်ကိုမူ မသယ်ဆောင်ပါဟု ပြောဆိုခဲ့သည်။ 
သင်ပြောခဲ့သလို ယုံကြည်မည်ဆိုလျှင် ကောင်းပေ၏။ သင်သည် ငရဲပြည်သို့သွားရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါဘာမှ ပြောဖို့မရှိပါ။ ကျွန်ုပ်တို့သည် ယေရှုဘုရား၏ ကယ်တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းကိုရ၏။ မယုံကြည်သောသူသည် ငရဲပြည်ကို သွားကြလိမ့် မည်။ 
ကယ်တင်ခြင်းသတင်းကောင်းသည် ဗတ္တိဇံဆရာယောဟန်သ က်သေခံခြင်းမှစတင်ခဲ့သည်။ဗတ္တိဇံဆရာယောဟန်ထံ ယေရှုသည် ဗတ္တိဇံခံ ယူရာတွင် ကျွန်ုပ်တို့အပြစ်သည် ကင်းရှင်းပြီး ထိုအရာကိုယုံကြည်ခြင်း အားဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းဆုကျေးဇူးကို ရရှိသည်။ 
တမန်တော်ရှင်ပေါလုသည် ယေရှုဗတ္တိဇံအကြောင်းကို ထပ်ခါ တလဲလဲ ရေးသားဖော်ပြခဲ့ပါသည်။ (၈၊ ၃း၂၇) ခရစ်တော်တွင် ဗတ္တိဇံခံ သောသူရှိသမျှသည် ခရစ်တော်ကို ယူတင်ဝတ်ဆင်သောသူဖြစ်သည်။ ကျွန်ုပ်တို့သည် ယေရှုဗတ္တိဇံကို ယုံကြည်ခြင်းအားဖြင့် ယေရှုနှင့် ဆက်စပ် မှုရှိ၏။ ယေရှုသည် ဗတ္တိဇံယောဟန်ထံ ဗတ္တိဇံခံယူခြင်းဖြင့် အပြစ်အားလုံး ကို သယ်ဆောင်ပြီး ဆေးကြောခဲ့ပါသည်။ 
ရှင်ပေတရုသြဝါဒပထမစာစောင် ၃း၂၁တွင် ထိုသို့သော ဥပမာ အတိုင်း ယခုတွင်ဗတ္တိဇံသည် ယေရှုခရစ်တော်ထမြောက်တော်မူသော အားဖြင့် ငါတို့ကိုကယ်တင်၏။ ဗတ္တိဇံဟုဆိုသော ကိုယ်ကာယ၏အညစ် အကြေးဆေးကြောခြင်းကို မဆိုလိုပေ။ ကိုယ့်ကိုယ်ကိုသိသော စိတ်ကြည် လင်၍ ဘုရားသခင်ရှေ့၌ဝန်ခံခြင်းကို ဆိုလိုသည်။ ဗတ္တိဇံဆရာယော ဟန်၏ သက်သေခံချက်၊ သခင်ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်လက်ခံ သောသူသာလျှင် ကယ်တင်ခြင်းဆုကျေး ဇူးကို ရရှိလိမ့်မည်။
ကယ်တင်ခြင်းကို ပုံဆောင်သောယေရှုဗတ္တိဇံကို သင်သည် စိတ်နှ လုံးအကြွင်းမဲ့ ယုံကြည်လက်ခံလျှင် ကယ်တင်ခြင်းဆုကျေးဇူးကို ရရှိခံစား လိမ့်မည်။