Sermoni

ဘာသာရပ် ၄ - နေ့စဉ်အပြစ်များဖြေရှင်းခြင်း

[4-1] စုံလင်သော ရွေးနှုတ်ကယ်တင်ခြင်း သတင်းကောင်း (ယော ၁၃း၁-၁၇)

(ယော ၁၃း၁-၁၇)
“ပသခါပွဲမခံမှီ၌ ယေရှုသည် ဤလောကမှ ခမည်းတော်ထ့သို့ ပြောင်းရသောအချိန်ရောက်သည်ကို သိတော်မူသည်ဖြစ်၍ ဤလောက၌ ရှိသော မိမိလူတို့ကိုချစ်တော်မူသောကြောင့် အဆုံးတိုင်းအောင် ချစ်တော် မူ၏။ကိုယ်တော်ကို အပ်နှံမည့်အကြောင်း မာရ်နတ်သည် ရှိမုန်း၏သား ယုဒရှကာရုတ်၏စိတ်နှလုံး၌ အကြံပေးသွင်းနှင့်သတည်း။ ထိုအခါ ညစာကို စားကြစဉ်ခမည်းတော်သည်အလုံးစုံကို သူ၏လက်သို့ အပ်ပေးတော်မူသည် ကို၄င်း၊သူသည်ဘုရားသခင့်ထံတော်မှထွက်လာသည်ကို၄င်း၊ ဘုရားသင့်ထံ တော်သို့ကြွသွားမည်ကို၄င်း၊ ယေရှုသိတော်မူသည်နှင့် စာပွဲမှထ၍ ဝတ်လုံး တော်ကို ချွတ်ပြီးလျှင်ပဝါကိုယူ၍ ခါးကို စည်းတော်မူ၏။ ထို့နောက် ရေ ကိုအင်တုံ၌လောင်း၍တပည့်တော်တို့၏ခြေကို ဆေးပြီးမှ ခါး၌စည်းသောပ ဝါနှင့်သုတ်တော်မူ၏။ ပေတရုကလည်း ကိုယ်တော်သည် အကျွန်ုပ်တို့၏ ခြေကို အလျှင်းဆေးတော်မမူရဟု လျှောက်၏။ ယေရှုကလည်း သင့်ကို ငါမဆေးရလျှင် သင်သည် ငါနှင့်မဆက်ဆံရဟုမိန့်တော်မူ၏။ ရှိမုန်ပေတ ရုကလည်း အကျွန်ုပ်၏ခြေကိုသာ မဆေးပါနှင့်။ လက်ကို၄င်း၊ ဦးခေါင်း ကို၄င်း၊ဆေးတော်မူပါဟု လျှောက်ပြန်၏။ ယေရှုကလည်း ရေချိုးပြီးသော သူ မည်သည်ကား၊ ခြေဆေးခြင်းမှတပါး ဆေးရသောအကြောင်းမရှိ၊ တစ်ကိုယ်လုံးစင်ကြယ်၏။ သင်တို့သည် စင်ကြယ်သော်လည်း အချို့မ စင်ကြယ်ဟုမိန့်တော်မူ၏။ကိုယ်တော်ကို အပ်နှံမည့်သူကို သိတော်မူသော ကြောင့် သင်တို့တွင် တချို့မစင်ကြယ်ဟု မိန့်တော်မူသတည်း။”
ပသခါပွဲမတိုင်မှီ မည်သည့်အတွက်ကြောင့် ယေရှုက ပေတရုခြေ ကို ဆေးတော်မူသနည်း။ ထိုသို့ယေရှုက ပေတရု၏ခြေကို မဆေးပေးမှီသင် သည်ဤအရာကိုယခုနားမလည်၊ နောက်မှသိလိမ့်မည်ဟု မိန့်တော်မူသည်။ ရှိမုန်ခေါ်ပေတရုသည် တပည့်တော်များထဲတွင် အယုံ ကြည်လွယ်ဆုံးသော သူတယောက်ဖြစ်၍ ခရစ်တော်ယေရှုကို ခမည်းတော်၏သားတော်စစ်မှန် သည်ဟု အတိအလင်းသက်သေခံခဲ့သူဖြစ်ပါသည်။ ယေရှုသည် ပေတရု၏ ခြေကို ဆေးပေးခြင်းသည် အချည်းနှီးမဟုတ်ဘဲ အဓိပါယ်ရှိမည်ဟု ယုံ ကြည်မှုရှိ၏။ ထိုပြင် ပေတရုကယေရှုသည် ခရစ်တော်ဖြစ်ကြောင်းဝန်ခံ ခြင်းမှာ ယေရှုခရစ်သည်သူ၏ အပြစ်အလုံးစုံကို ဖြေလွှတ်ပေးသော သူဖြစ် သည်ဟု ဝန်ခံခြင်းကြောင့်ဖြစ်သည်။
 
 
အဘယ်ကြောင့် ယေရှုခရစ်တော်သည် ကားတိုင်ပေါ်အသေမခံမှီ တကည့်တော်များ ၏ခြေကိုဆေးကြောပေးခဲ့သနည်း
တပည့်တော်များအား ပြသည်စုံသောကယ်တင်ခြင်းကို
နားလည်းစေလိုသောကြောင့်

ယေရှုသည် ပေတရု၏ခြေကို အဘယ်ကြောင့် ဆေးကြောတော်မူ သနည်း။ ပေတရုက မကြာခင် သူ့ကိုသုံးကြိမ်ငြင်း၍ နောင်အနာဂတ်တွင် အပြစ်များစွာကျူးလွန်မည်ကို ယေရူက သိမြင်ခဲ့သောကြောင့်ဖြစ်သည်။
ယေရှုသည် ကောင်းကင်ဘုံသို့ တတ်သွားပြီးနောက် ပေတရု၏ စိတ်ထဲတွင် အပြစ်များရှိနေခဲ့လျှင် သူသည်ယေရှုနှင့်အတူ တစ်လုံးတစ်ဝ တည်းဖြစ်နိုင်မည်မဟုတ်ပါ။ သို့သော် ယေရှုသည် တပည့်တော်များ၏ အားနည်းချက်များကို သိရှိနားလည်၍ သူနှင့်ပည့်တော်များကြားတွင် ထိုအ ပြစ်မဝင်ရောက်စေချင်ပါ။ ထိုကြောင့် တပည့်တော်များ၏အပြစ်များအား ဆေးကြောပေးခဲ့ခြင်းဖြစ်သည်။ ဤသည်ကား ခြေဆေးပေးရခြင်း၏ အ ကြောင်းတရပ်ဖြစ်ပါသည်။ တပည့်တော်များသည် နှုတ်ကပတ်တော်ဖြစ် သောဗတ္တိဇံအားဖြင့် တသက်တာလုံးပြည့်စုံသော ခွင့်လွတ်ခြင်းကို ရရှိ ကြောင်း နားလည်စေရန် လုပ်ပေးခဲ့ခြင်းဖြစ်သည်။
ယော ၁၃ တွင် ပြည့်စုံသောကယ်တင်ခြင်းအကြောင်းကို တပည့် တော်များအပေါ် ပြည့်စုံစေကြောင်းကို ဖေါ်ပြထား၏။ တပြည့်တော်များ၏ ခြေကို ဆေးကြောစဉ်မှာပင် ယေရှုကဗတ္တိဇံအကြောင်းကို သင်ပြပြောဆို ကာ ထိုသို့အားဖြင့် လူတိုင်းမိမိတို့အပြစ်များကို ဆေးကြောခဲ့နိုင်ကြောင်း ပြေဆိုခဲ့သည်။
နောင်တချိန်တွင် မကောင်းသောလောကီအရာများ၏ လှည့်စား ခြင်းကိုမခံကြနှင့်။ ငါသည် ယော်ဒန်မြစ်၌ ဗတ္တိဇံခံခြင်းနှင့်အတူ သင်တို့၏ အပြစ်အားလုံးကို ယူဆောင်လျှက်လက်ဝါးကားတိုင်၌ တရားစီရင်ခြင်းခံရ သည်။ထို့နောက်ငါသည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီး သင်တို့ အားလုံးကိုဒုတိယမွှေးဖွားခြင်းခံရမည့်တရားကို ပြည့်စုံစေမည်။ နောင်တွင် မှားယွင်းမည့်အပြစ်များကိုပါ ဆေးကြောခဲ့ပြီး အပြစ်လွန်ခြင်း၏မူလအစ ပြစ်သောသမ္မာတရားကို သိမြင်ရန်အတွက် သင်တို့၏ခြေကို ဆေးပေးခဲ့၏။ ဤအရာသည်လျှို့ဝှက်သောကယ်တင်ခြင်းတရားဖြစ်၍သင်တိုသည် ထိုအ ရာကိုယုံကြည်ကြမည်အကြောင်းလည်း ဖြစ်သည်။
ယေရှုအနေဖြင့် တပည့်တော်များ၏ ခြေကို ဆေးရခြင်းအကြောင်း မှ “နောက်မှသိကြလိမ့်မည်”ဟု မိန့်တော်မူခြင်းကို ကျွန်တော်တို့သိနား လည်လာကြလိမ့်မည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဤနှုတ်ကပတ်တရား တော်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းသို့ ရောက်နိုင်လိမ့်မည်။
 
 
ရှင်ယောဟန် ၁၃း၁၂ ယေရှုက ပြောသည်မှာ
 
အမှုအရာဆိုသည်မှာအဘယ်နည်း
မသိနားမလည်း၍ နေ့တိုင်းပြုလုပ်
လေ့ရှိသောအပြစ်များဖြစ်သည်

ယေရှုသည်ကားတိုင်ပေါ်၌ အသေမခံမှီပဿခါပွဲခင်းကာ တကည့် တော်၏ခြေကိုကိုယ်တော်တိုင်လက်တော်ဖြင့်ဆေးခြင်းအားဖြင့် အပြစ် လွှတ်ခြင်းတရားကို တပည့်တော်တို့အား နားလည်စေခဲ့သည်။
သူသည် ဘုရားသခင်ထ့တော်မှ ဆင်းသက်လာသည်ကိုလည်း ကောင်း၊ ဘုရားသခင်ထံတော်သို့ ကြွသွားမည်ကိုလည်းကောင်း၊ ယေရှု သည် သိတော်မူသောကြောင့် စားပွဲမှထ၍ သတ်ရုံတော်ကို ချွတ်ပြီးလျှင်၊ ပဝါကိုယူ၍ ခါး၌စည်းတော်မူ၏။ ထိုနောက် ရေကိုအင်တုံ၌လောင်း၍ တ ပည့်တော်တို့၏ခြေကို ဆေးပြီးမှခါး၌စည်းသောပဝါနှင့်သုတ်တော်မူ၏။ ရှိ မုန်ပေတရုဆီသို့ ရောက်တော်မူသောအခါ ထိုတပည့်တော်က သခင်ကိုယ် တော်သည် အကျွန်ုပ်ခြေကို ဆေးတော်မူမည်လောဟု မေးလျှောက်၏။ ယေရှုကလည်း သင်သည် ငါပြုသောအမူကို ယခုနားမလည်းသေး၊ နောက် မှသိလိမ့်မည်ဟု မိန့်တော်မူ၏။ (ယော ၁၃း၃-၇)
သူသည် တပည့်တော်များကို ဗတ္တိဇံအကြောင်းနှင့် ဗတ္တိဇံခံခြင်း အားဖြင့် အဖြစ်ဖြေလွှတ်ခြင်းအကြောင်းကို သင်ပေးခဲ့သည်။ 
ထိုအချိန်တွင် သစ္စာအရှိဆုံးဖြစ်သော ပေတရုက ယေရှု၏ခြေ ဆေးခြင်းကိုနားမလည်ပါ။ပေတရုသည်ထိုအကြောင်းကို နားလည်သောအ ခါ ယုံကြည်ခြင်းအရာ၌လည်း ပြောင်းလဲသွားလေသည်။
ခရစ်တော်သည် ပေတရုအား နောင်တချိန်သူ့ထံသို့ မရောက်မည် ကို စိုးရိမ်၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဇာတိ၌ လှုပ်ရှားနေသေး သောကြောင့်ဖြစ်သည်။ ယေရှုက သူတို့၏ခြေဆေးပေးခြင်းသည် စာတန် က သူတို့၏ယုံကြည်ခြင်းကို မလှည့်စားနိုင်အောင်ဖြစ်သည်။ ပေတရုသည် သူ၏ခြေဆေးပေးခြင်းကို ပြန်၍နားလည်သဘောပေါက်လာသည်။ လူအ ပေါင်းတို့သည် အပြစ်မှလွတ်ရမည့်အကြောင်းယေရှုသည် ရေ၌ဗတ္တိဇံခံယူ ခဲ့ခြင်းဖြစ်သည်။ 
ထိုကြောင့် ယေရှုသည် ရေနှင့် ဝိညာဉ်တော်သတင်ကောင်း၏ယုံ ကြည်သူများအား သူတို့ အပြစ်မှထာဝရလွတ်မြောက်နိုင်ရန် ဤနည်းလမ်း ကို ပြင်ဆင်ပေးခြင်းဖြစ်သည်။
ယော၁၃တွင် တပည့်တော်များ၏ ခြေဆေးချန်တွင် ယေရှုမိန့်မှာ ခဲ့သောစကားလုံးကို မှတ်တမ်းတင်ထား၏။ ထိုနက်နဲသောစကားလုံးများ သည် အလွန်အရေးပါသောကြောင့် ကယ်တင်ခြင်းရသောသူများကသာ နားလည်နိုင်စွမ်းရှိပါသည်။ 
ယေရှုသည် ပဿခါပွဲမတိုင်မှီတပည့်တော်များ၏ ခြေကို ဆေးပေး ခြင်းသည် သူတို့အပြစ်များအား တသက်လုံးစင်ကြယ်စေကြောင်းကို ပြန် လည်သတိနားလည်စေရန်ဖြစ်သည်။ ဗယရှုကလည်း သင်သည် ငါပြုသော အမူကို ယခုနားမလည်းနိုင်သော်လည်း နောက်မှနားလည် လိမ့်မည်ဟု မိန့်တော်မူ၏။အမှန်စင်စစ်ဤစကားသည် ပေတရုကို ကယ်တင်တော်မူ ကြောင်း ဖေါ်ပြခြင်းဖြစ်သည်။
ကျွန်ုပ်တို့ ယုံကြည်လက်ခံရန် လိုအပ်ချက်မှာ ယေရှု၏ဗတ္တိဇံ သည် ကျွန်ုပ်တို့အပြစ်များအားလုံးစင်ကြယ်စေသည်ကို ဝန်ခံရန်ဖြစ်သည်။ ယေရှုသည် ယောဒန်မြစ်၌ဗတ္တိဇံခံစဉ် သူ့အပေါ်လက်တင်ခြင်းသည် အပြစ် အားလုံးဖြေလွှတ်ကြောင်းကို ဖေါ်ပြခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် နှုတ်က ပတ်တော်ဟူသမျှကို ယုံကြည်လက်ခံသင့်သည်။ သူ၏ဗတ္တိဇံခံယူခြင်း အားဖြင့် လောကအပြစ်ဟူသမျှကို အောင်နိုင်သည်။ ဒဏ်ရာဒဏ်ချက်အား ဖြင့် ဒုစရိုက်ဖြေလွှတ်ခဲ့၏။ ယေရှုသည် အပြစ်အားလုံးကို ဖယ်ရှားရှင်းလင်း ရန် ဗတ္တိဇံကို ခံယူခဲ့ခြင်းဖြစ်သည်။
 
 
ခရစ်တော်၏ ဗတ္တိဇံခံခြင်းနှင့်အသွေးတော်အားဖြင့် အသက်တာရှိအပြစ်များခွင့်လွတ်ခြင်း
 
ဖြောင့်မတ်ခြင်းတရားကို ဆန့်ကျင် သောနတ်ဆိုး ထောင်ချောက်ဆိုသည်မှာ အဘယ်နည်း
နတ်ဆိုးသည် ဖြောင့်မတ်သောသူတို့အား အပြစ်ထဲတွင်
အသစ်တဖန် ကျင်လည်ရန် အစဉ်ကြိုးစား၏

ခရစ်တော်သည် အသေခံ၊ ရှင်ပြန်ထမြောက်၍ ကောင်းကင်ဘုံသို့ ကြွရောက်ပြီး နောက်တွင် ယုံကြည်ခြင်းလွဲမှားသော စည်းစိမ်ကြွယ်ဝသူ များပေါ်လာပြီး တပည့်တော်များအား လှည့်စားမည့်အကြောင်း ကြိုတင် သိရှိခဲ့သည်။ ထိုအရာကို ပေတရု၏သက်သေခံချက်အားဖြင့် ကျွန်တော်တို့ သိနိုင်သည်။ ပေတရုက“သင်သည် ခရစ်တော်ဖြစ်၏။ ဤသက်ရှင် တော်မူသော ဘုရားသခင်၏သားတော်ဖြစ်သည်”ဟုဆိုသဖြင့် ပေတရု သည် ယုံကြည်လှက်ရှိကြောင်းကိုလည်း ကျွန်ုပ်တို့သိရှိနိုင်၏။ သို့သော် ယေရှုက ပေတရုကို အပြစ်လွတ်ခြင်းနှင့်ပတ်သက်၍ ထပ်ရှင်းပြခြင်း၏၊ ထိုသတင်းမှာ ယေရှုဗတ္တိဇံခံခြင်းဖြစ်ပါသည်။ ဤသူအားဖြင့် လောက၏ အပြစ်အားလုံးကို ဖြေလွှတ်လေ့ရှိသည်၊ ဤအရာကို ယေရှုက ပေတရုအား တဖန်ပြန်၍ သင်ပြသိစေခြင်းသည်။ ထိုနည်းတူစွာ သူ့တပြည့်တော်များနှင့် ယနေ့ယုံကြည်သူအားလုံးကို သိစေခြင်းဖြစ်၏။ ယေရှုကလည်း သင်သည် ငါပြုသောအမူကို ယခုနားမလည်းသော်လည်း နောက်မှသိလိမ့်မည်ဟု မိန့် တော်မူ၏။
စာတန်သည် တမန်တော်များအား “သင်တို့သည် အပြစ်မျာကျုး လွန်သော်လည်း အဘယ်ကြောင့် အပြစ်မရှိဟု ပြောဆိုကြသနည်း။ သင်တို့ သည် ကယ်တင်ခြင်းမခံ၊အဖြစ်သားများသာဖြစ်သည်” ဟုသွေဆောင်လေ့ ရှိသည်။ ထိုသို့စာတန်၏သွေးဆောင်သောစကားလုံးများကို ချေဖျက်ရန် ယေရှုမိန့်ဆိုခဲ့သညိမှာ “ငါ၏ဗတ္တိဇံအားဖြင့် သင်တို့အဖြစ်အားလုံးဖြေ လွှတ်ခဲ့ပြီး။ လွန်ခဲ့သောအချိန်၌သော်လည်းကောင်း၊ ယခုမျက်မှောက်၌ သော်လည်းကောင်း၊ နောင်လာမည့်အနာဂတ်အထိ လုံလောက်သည်” ဟု ဖြစ်သည်။ 
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ယော်ဒန်မြစ်၌ ဗတ္တိဇံခံယူခြင်း သည် သင်တို့ဘဝလျှောက်လုံးအပြစ်များကို ဖြေလွှတ်ရန်နှင့် လွှတ်မြောက် စေရန်ဖြစ်သည်ဟုယေရှုမိန့်တော်မူ၏။ သို့မှသာကျွန်ုပ်တို့သည် ယေရှုသည် ဗတ္တိဇံခံခြင်းအကြောင်း၊အသေသတ်ခံရခြင်းအကြောင်း သဘောပေါက် မည်ဖြစ်သည်။ယေရှုခရစ်သည် တပည့်တော်များ၏ ခြေကိုဆေးကြော်ခြင်း အားဖြင့် သူတို့အသက်တာတလျှောက်ရှိ အပြစ်များသည် ဗတ္တိဇံခံယူ ခြင်းတွင်ဆေးကြောခံရ၍ လက်ဝါးကပ်တိုင်တွင် အပြစ်စီရင်ခဲ့ပြီးဖြစ် ကြောင်း သူတို့အား သိစေခြင်းဖြစ်သည်။
သို့ဖြစ်ရကျွန်ုပ်တို့သည်ယေရှု၏အသွေးတော်နှင့် နှစ်ခြင်းခံယူခြင်း အားဖြင့် အပြစ်လွှတ်ခြင်းအခွင့်ကို ရရှိကြပါသည်။ ယေရှုသည် ကျွန်ုပ်တို့ အတွက် အသေသတ်ခြင်းနှင့်ဗတ္တိဇံကို ခံယူခဲ့ပါသည်။ ထိုအပြစ်လွှတ်ခြင်း တရားကို ယုံကြည်သောသူအပေါင်တို့သည်အပြစ်မှ လွှတ်မြောက်ခြင်းခံရ မည်ဖြစ်ပါသည်။
ထိုသို့ဆိုသော် ကယ်တင်ခြင်းရောက်ပြီးသောသူသည် ဘယ်အရာ ကို လုပ်သင့်သနည်း။ ထိုသူသည် သူ့အပြစ်ကို ဝန်ခံ၍ နေ့တိုင်းခရစ်တော် ကို ယုံကြည်ကာ အပြစ်ခွင့်လွှတ်ခြင်းတရားကို နေ့တိုင်း ဝန်ခံသင့်ပါသည်။ ထိုသူသည် အခြားသူတယောက်၏ စိတ်နှလုံးထဲမှာကယ်တင် ခြင်းတရား ကို သွင်းပေးနိုင်ရမည်။ ယေရှုသည် အပြစ်ဟူသမျှကို ဗတ္တိဇံနှင့်သူအသွေး တော်အားဖြင့် အဝေးသို့ ယူဆောင်သကဲ့သို့ဖြစ်ရမည်။ 
အပြစ်ပြန်ကျုးလွန်လျှင် သင်သည် အပြစ်သားပြန်ဖြစ်လာမည် လော။ မဖြစ်ပါ။ ယေရှုသည် ကျွန်ုပ်တို့၏အပြစ်ဟူသမျှကို ဆေးကြောပြီ ဖြစ်ကြောင်းမသိကြသလော။ အဘယ်ကြောင့် ကျွန်ုပ်တို့သည် အပြစ်သား ပြန်ဖြစ်နိုင်မည်နည်း။ ခရစ်တော်၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်သွန်းသောအ သွေးတော်သည် ကျွန်ုပ်တို့အပြစ်အားလုံးအတွက် ဖြစ်ပါသည်။ အကြင်သူ သည်စစ်မှန်သောကယ်တင်တရား၊ အပြစ်မှဖြေလွှတ်ခြင်းတရားကို ယုံ ကြည်လက်ခံလျှင် ထိုသူသည် ကယ်တင်ခြင်းရပြီး သန့်ရှင်သောသူ ဖြစ်လာပါသည်။
 
 
ဖြောင့်မတ်သောသူသည် အပြစ်သားပြန်မဖြစ်နိုင်
 
ဖြောင့်မတ်သောသူသည် အဘယ်ကြောင့်
အပြစ်သားပြန်၍ မဖြစ်နိုင်သနည်
ဖြောင့်မတ်သောသူသည် အဘယ်ကြောင့်
အပြစ်သားပြန်၍ မဖြစ်နိုင်သနည်း
 
အကယ်၍ သင်သည် ရေနှင့်ဝိညာဉ်တော်ခွင့်လွတ်ခြင်းတရားကို ယုံ ကြည်လျက် ကျွန်ုပ် တို့သည် နေ့စဉ်အပြစ်လွန်ကျုးသောကြောင့် အပြစ်သားဖြစ်သေးသည်ဟုခံယူပါက သင်သည် ယော်ဒန်မြစ်သို့ တဖန် သွားရန်လိုနေမည်ဖြစ်၏။ ဤကယ်၍ သင်သည် ရွေးနှုတ်ခြင်းခံယူပြီး နောက် အပြစ်သားပြန်ဖြစ်လာလျှင် ယေရှုသည် ပြန်၍ဗတ္တိဇံခံယူရန် လို နေလိမ့်မည်။ သင်သည် ရွေးနှုတ်ခြင်းတရား ယေရှု၏ဗတ္တိဇံကယ်တင်ခြင်း တရား၌ စိတ်ချမှုရှိရမည်။ သင်သည် စိုးရိမ်ခြင်းမရှိဘဲ ခိုင်မြဲသောယုံကြည် ခြင်းဖြင့်ယေရှုသည် အကျွန်ုပ်၏ကယ်တင်ပိုင်ရှင်ဖြစ်သည်ဟု ယုံကြည်ရ မည် ဖြစ်သည်။ 
သင်သည် ယေရှုအား ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်သည် ဟုဆို ရာတွင် အပြစ်ဒုစရိုက်အားလုံးကို လွှတ်ပေးတော်မူသောသူ၏ဗတ္တိဇံကို ယုံကြည်ခြင်းပင်ဖြစ်သည်။ သင်သည် ယေရှု၏ဗတ္တိဇံခံခြင်း၊ ကားတိုင်ပေါ် အသေးခံခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းတို့ကို အမှန်တကယ် လက် ခံယုံကြည်လျှင်မည်သို့သောအပြစ်များကို ပြုမိသော်လည်းအဘယ်နည်းနှင့် မျှ အပြစ်သားပြန်၍ဖြစ်မလာနိုင်တော့ပါ။ သင်၏ယုံကြည်ခြင်းဖြင့် သင့်အ ပြစ်အားလုံးခွင့်လွှတ်ပြီး ဖြစ်သည်။ 
ယေရှုသည် ကျွန်တော်တို့အနာဂတ်တွင် ကျုးလွန်မည့်အပြစ်များ ကိုလည်း ဆေးကြောသည်။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် အဓိက ဖြစ်သော်သူ၏ဗတ္တိဇံကို လေးနက်စွာဖေါ်ပြရန် သူ့တပည့်တော်တို့၏‌ခြေ ကို ဆေးခြင်းဖြင့် အပြစ်လွှတ်ခြင်းကို ပုံဆောင်ခဲ့သည်။ ခရစ်တော်သည် ဗတ္တိဇံယူပြီး ကားတိုင်၌အသေးခံကာ သေခြင်းမှ ရှင်ပြန်ထမြောက်၍ ကောင်းကင်သို့ ကြွတော်မူ၏။ အကြောင်းမှာ လောကလူသားတိုင်း၏ အပြစ်ကို ဖြေလွှတ်ရန် အဖဘုရား၏အစီအစဉ်ကို ပြည့်စုံစေခြင်းပင်ဖြစ် သည်။ထိုအရာ၏လက်တွေ့အဖြေမှာတပည့်တော်တို့သည် အဖြစ်သားများ ကိုယ်စားယေရှု၏ဗတ္တိဇံ၊ကားတိုင်နှင့် ရှင်ပြန်ထမြောက်ခြင်းတို့ကို သူတို့အ သက်တာတလျှောက်လုံး မှန်ကန်စွာ ဝေငှသက်သေခံခဲ့ခြင်းပင်ဖြစ်သည်။
 
 
ပေတရု၏ ဇာတိအားနည်းမှု
 
အဘယ်ကြောင့် ပေတရုက
ယေရှုကို ငြင်းပယ်သနည်း
ပေတရုသည် ယုံကြည်မှုအားနည်း
သောကြောင့်ဖြစ်သည်

ပေတရုသည် ကေဖဆိုသူ ယဇ်ပရောဟိတ်၏ ကျွန်မတယောက် နှင့်တွေ့ဆုံ၏။ ထိုသူက သင်သည် ယေရှု၏ နောက်လိုက်ဖြစ်သည်မဟုတ် လောဟုမေးရာ ပေတရုကအကျွန်ုပ်သည် ထိုသူကိုမသိဟု နှစ်ကြိမ်တိုင် တိုင်ငြင်းဆိုခဲ့သည်ဟုကျမ်းစာတွင်ဖေါ်ပြထားပါသည်။နောက်ဆုံး သုံးကြိမ် မြောက်တွင် ပေတရုသည် ကျိမ်ဆို၍ ပြောဆိုခဲ့သည်။
မဿဲ ၂၆း၆၉-၇၅ ပေတရုသည် အိမ်အပြန်၌ ထိုင်နေစဉ် အစေခံ မိန်းမတယောက်သည်သူ့ထံသို့လာ၍သင်သည်လည်း ဂါလိလဲလူ ယေရှုနှင့် ပေါင်းဖေါ်သောသူဖြစ်သည်ဟု ပြောသောအခါ ပေတရုက သင်ပြောသော သူကို ငါမသိဟု လူအပေါင်းတို့ရှေ့၌ ငြင်းဆိုလေ၏။ ထို့နောက် ပေတ ရုသည် အိမ်ရှေ့သို့ထွက်ပြီးမှ အခြးသောမိန်းမသည် သူ့ကိုမြင်၍ ထိုအရပ်၌ ရှိသောသူတို့အား ဤသူသည် နာဇရက်မြို့သားယေရှုနှင့် ပေါင်းဖေါ်သော သူဖြစ် သည်ဟုဆိုကာ ပေတရုက ထိုသူကို ငါမသိဟုကျိမ်ဆိုလျှက် တဖန် ငြင်းဆိုပြန်လေ၏၊ ထို့နောက် မကြာမီထိုသူတို့အပေါင်းအပါဖြစ်၏၊ သင့်စ ကားသည် သင့်အကြောင်းကို ထင်ရှားစေ၏ဟု ဆိုကြရာပေတရုက ထိုသူ ကို ငါမသိဟုအဓိဌာန်ပြု၍ ကျိန်ဆို၏။၊ ထိုခဏ၌ ကြက်တွန်လေ၏။ ယေရှု က ကြက်မတွန်မှီ သင်သည် သုံးကြိမ်တိုင်အောင်ငါ့ကို ငြင်းပယ်လိမ့်မည် ဟုမိန့်တော်မူစကားပေတရုသည်သတိရသဖြင့်အပြင်သို့ထွက်၍ ကြေကွဲ စွာ ငိုလေ၏၊ 
ပေတရုသည် ယေရှုကို အမှန်တကယ်ယုံကြည်၍ နောက်တော်သို့ သစ္စာရှိစွာဖြင့် လိုက်သောသူဖြစ်၏။ ယေရှုသည် သူ့ကယ်တင်ရှင်ဘုရား ဖြစ်ပြီးယဇ်ပုရောဟိတ်ဖြစ်ကြောင်းကို နားလည်းယုံကြည်ခဲ့သည်။ သို့သော် ယေရှုကို မြို့ဝန်မင်းကြီးပိလတ်ထံသို့ အပ်ကြပြီး ကြောက်မတ်ဖွယ်ကောင်း သောစီရင်ခြင်းခံသည့် အချိန်တွင်သူသည် ယေရှုကို ငြင်းပယ်လေ၏၊ ထိုကဲ့ သို့ ပေတရုသည် ယေရှုကို သူငြင်းပယ်လိမ့်မည်ကိုမသိခဲ့ပါ။ 
သင်တို့၏အနားဂတ်အဖြစ်အတွက်လည်း ငါဆေးကြောပေးတော် မူ၏။ ငါသည် သင်တို့ကို အပြစ်မှကယ်တင်ရန် လက်ဝါးကပ်တိုင်၌ ရိုက် နှိပ်ခြင်းကိုခံခဲ့ရ၏။အဘယ်ကြောင့်ဆိုသော်ငါသည်ဗတ္တိဇံကိုခံယူ၍ သင်တို့ ၏အပြစ်ဟူသမျှကို ခွင့်လွှတ်တော်မူသောကြောင့်ဖြစ်၏၊ ငါသည် သင်တို့ ၏သခင်ဖြစ်သည်သာမက ကယ်တင်ရှင်လည်းဖြစ်၏၊ ငါ့ဗတ္တိဇံနှင့် အသွေး တော်တို့ဖြင့် သင်တို့ကိုခွင့်လွှတ်ကာ သင်တို့အတွက် ကယ်တင်ရှင်နှင့် သိုး ထိန်းဖြစ်၏။ 
သူတို့စိတ်နှလုံးတွင် ယုံကြည်ခြင်းခိုင်မြဲရန်ယေရှုသည် တပည့် တော်တို့၏ခြေကို ပဿခါပွဲမတိုင်မှီ ဆေးပေးခဲ့၏၊ ဤအရာသည် စစ်မှန် သောဧဝံဂေလိတရားပင်ဖြစ်သည်။
အကြောင်းမူကား ကျွန်ုပ်တို့ခန္ဓာကိုယ်သည် ကယ်တင်ခြင်းသို့ ရောက်ပြီးဖြစ်သော်လည်း အားနည်းသဖြင့် အပြစ်ထပ်လုပ်နိုင်သေးသော ကြောင့်ဖြစ်၏၊ ကျွန်ုပ်တို့သည်အပြစ်ဒုစရိုက်ကို ထပ်မလုပ်သင့်ပါ၊ သို့သော် ကျွန်ုပ်တို့သည် ပေတရုကဲ့သို့ပင် အရေးကြုံဒုက္ခရောက်လာချန်တွင် မထင် မှတ်ဘဲ အပြစ်ဒုစရိုက်ကို ပြုမိတတ်ကြ၏၊ ကျွန်ုပ်တို့သည် အသွေးအသား အားဖြင့် အသက်ရှင်သောကြောင့် တခါတရံအဖြစ်ဒုစရိုက်သည် ကျွန်ုပ်တို့ ကိုပျက်စီးရာသို့ လမ်းပြပို့ဆောင်သော်လည်း ယေရှုသည် အသွေးတော် အားဖြင့် အပြစ်ဖြေလွှတ်လျှက်ရှိသည်။
ကျွန်ုပ်တို့သည် ယေရှုအား ကယ်တင်ရှင်မဟုတ်ဟု မငြင်း ဆိုသင့်ပါ။ သို့သော်လည်း အသွေးအသားအားဖြင့် အသက်ရှင်သေးသည် ဖြစ်၍ အပြစ်ဒုစရိုက်ပြုခြင်းနှင့်ထာဝရဘုရားကို ဆန့်ကျင်တတ်သောဇာ တိစိတ်ရှိသေး၏၊အကြောင်းမှာကျွန်ုပ်တို့သည်မွေးရာပါအပြစ်သားများ ဖြစ် သောကြောင့်ဖြစ်ပါသည်။ 
ယေရှုသည် ကျွန်ုပ်တို့အား အသွေးအသားမှလာသော အပြစ်သား များဖြစ်ကြောင်းကိုသိမြင်သဖြင့် သူ၏ဗတ္တိဇံနှင့် အသွေးတော်သွန်းလောင်း ခြင်းအားဖြင့် ကျွန်ုပ်တို့ကို ကယ်တင်တော်မူ၏။ သူသည် ကယ်တင်ခြင်း နှင့်ရှင်ပြန်ထမြောက်တော်မူခြင်းအကြောင်းယုံ ကြည်သော သူအပေါင်းတို့ ၏အပြစ်များအား ဖယ်ရှားပေးလေ၏။
သို့ဖြစ်၍ဧဝံဂေလိတရားနှင့်ကတ်သက်သော သတင်းကောင်း ကျမ်းလေးကျမ်းစလုံးတွင် ယောဟန်အားဖြင့် ယေရှုဗတ္တိဇံခံကြောင်း စုံ လင်စွာ ရေးသားထားပါသည်။ ယေရှုလူ့ဇာတိခံယူရခြင်း၏ ရည်ရွယ် ချက်မှာကယ်တင်ခြင်းသတင်းကောင်းနှင့် ဒုတိယမွှေးဖွားခြင်းခံပြီးကြောင်း ဧဝံဂေလိတရားကို ပြည့်စုံစေရန်ဖြစ်ပါသည်။
 
လူ့ဇာတိဖြင့် မည်မျှကြာအောင်
အပြစ်ပြုမိကြသနည်း၊
ကျွန်ုပ်တို့ခန္ခာကိုယ်အသက်ရှင်
သမျှကာလပတ်လုံး

ပေတရုသည် ယေရှုကို ကြက်မတွန်းမီ တစ်ကြမ်မကနှစ်ကြမ်၊ သုံးကြမ်တိုင်တိုင် ငြင်းဆိုရာတွင် သူ၏စိတ်ထဲတွင် မည်မျှထိနာကျင်ခြင်းခံ စားရမည်နည်း၊ မည်မျှအရှက်ကွဲခဲ့မည်နည်း၊ သူသည် ယေရှုအား မည် သည့်အခါမှ မစွန့်ပြစ်ပါဟု သစ္စာဆိုခဲ့သူလည်းဖြစ်သေး၏၊ သူသည် ယုံ ကြည်ခြင်းနှင့်အားနည်းသောကြောင့်ငြင်းပေးခြင်းဖြစ်၏၊သို့သော်လည်း သူ့ အားနည်းမူကြောင့် ယေရှုအား တစ်ကြမ်မကသုံးကြမ်တိုင်တိုင် ငြင်းပယ် ကြောင်းကိုပြန်လည်သတိရလာချိန်တွင် မည်မျှနာကျင်စွာ ခံစားရမည် နည်း။ ယေရှုသည် သူ့ကို ပြန်လှည့်ကြည့်ချိန်တွင် သူမည်မျှ ယူကြုံးမရ ဖြစ်မည်နည်း။
သို့သော် ယေရှုသည် ဤအရာအားလုံးကို ကြိုသိခဲ့ပြီးဖြစ်၏၊ ထို ကြောင့် ယေရှုကမိန့်တော်မူသည်မှာ သင်တို့သည် ပြန်၍အပြစ်ထပ်လုပ် ကြဦးမည်ဟုဆို၏၊ထိုကြောင့် သင်တို့သည် အပြစ်သားအပြစ်မှ ပါ့ထံသို့ပြန် လာနိုင်ရန် ပါဗတ္တိဇံခံယူခြင်းနှင့် တရားစီရင်ခြင်းကို သင်တို့ အားလုံး၏အ ပြစ်ကြောင့်ခံခဲ့သည်ဖြစ်၍ဤနည်းဖြင့်ငါသည်သင်တို့၏ပြည့်စုံသော ကယ် တင်ရှင်ဖြစ်လာ၏၊ ငါသည် သင်တို့၏သိုးထိန်းနှင့် ဘုရားလည်းဖြစ်တော်မူ ၏။ သင်တို့ အပြစ်ကိုဖြေလွှတ်လျက်ရှိသော ဧဝံဂေလိတရားကို ယုံကြည် လော။ သို့ဖြစ်လျှင် သင်တို့သည် အပြစ်ဒုစရိုက်ကိုပြုလိုသော်လည်း ငါ၏ ချစ်ခြင်းမေတ္တာကို သင်တို့အပေါ်၌ ငါထားမည်။ ငါသည် သင်တို့အပြစ်အား လုံးကို ဆေးကြောခဲ့ပြီး၊ သင်တို့၏အပြစ်များကို ခွင့်လွှတ်သော ဤဧဝံ ဂေလိတရားသည် ထာဝရအတွက်ဖြစ်၏၊ ငါ၏ချစ်ခြင်းမေတ္တာသည်လည်း ထာဝရအတွက်ဖြစ်၏၊ 
ယေရှုကပေတရုနှင့်တပည့်တော်တို့အားမိန့်တော်မူသည်မှာ “သင် တို့ခြေကို ငါမဆေးရလျှင်သင်တို့သည် ငါနှင့်မဆက်ဆံရဟု” မိန့်တော်မူ၏။ ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွှေးဖွားခြင်းသည် အလွန်းအရေးကြီး ကြောင်းကို ဖေါ်ပြထားခြင်းဖြစ်သည်ဟု ယေရှုမိန့်တော်မူသည်ကို သင် ယုံ ကြည်သလော။ ပေတရုကလည်း အကျွန်ုပ်တို့၏ခြေကိုသာ မဆေးပါနှင့်။ လက်နှင့်ဦးခေါင်းကိုလည်း ဆေးတော်မူပါဟုလျှောက်ပြန်၏။ ယေရှုက လည်း ရေချိုးပြီးသောသူမည်သည်ကား ခြေဆေးခြင်းမှတပါး ဆေးရသော အကြောင်းမရှိ၊ တကိုယ်လုံးစင် ကြယ်၏” ဟု မိန့်တော်မူ၏။
ချစ်မိတ်ဆွေသင်သည် အပြစ်ဒုစရိုက်များကို ဆက်လက်မပြုလုပ် ဘဲ နေနိုင်မည်လော။ ပြုလုပ်မည်ဖြစ်သည်။ သို့ရာတွင် နေ့စဉ်ပြုလုပ်မှား ယွင်သော အပြစ်များအတွက် ယေရှုသည် တပည့်တော်တို့အား မိန့်ဆို သည်မှာ သင်တို့ပြူသမျှအမူအားလုံးတို့ကို ငါ၏ဗတ္တိဇံနှင့်အသွေး တော် အားဖြင့် ဖြေလွှတ်ခဲ့ပြီးဟု ကားတိုင်ပေါ်၌ အသေမခံမီ မိန့်တော်မူ၏၊
ဘယ်ကြောင့်ဆိုဆသာ် ကျွန်တော်တို့သည် ဇာတိအားဖြင့် အ သက်ရှင်သောကြောင့် ကျွန်ုပ်တို့၏အားနည်းချက်မားသည် အပြစ်ဒုစရိုက် ဖြစ်တတ်၏၊ ယေရှုသည် တလောကလုံး၏အပြစ်များကို သူ၏ဗတ္တိဇံအား ဖြင့်ဖြေလွှတ်ခဲ့ပြီးဖြစ်သည်။သူသည်ကျွန်ုတို့၏ခေါင်းကိုသာဆေးကြောပေး သည်မဟုတ်။ ခန္ဓာကိုယ်နှင့်ခြေကိုပါ ဆေးကြောပြီး အနာဂတ်တွငိ မှား ယွင်း မည့် အပြစ်အားလုံးကိုလည်း ဆေးကြောခဲ့သည်။
ဤအရာများကို ယေရှု၏ဗတ္တိဇံနှင့် ဒုတိယမွှေးဖွားခြင်းဟုခေါ် သည်။ သခင်ယေရှုဗတ္တိဇံခံယူပြီးသည့်နောက် ယောဟန်က “ဤလောက ၏အပြစ်ကို ဆောင်သွားသောဘုရားသခင်၏သိုးသူငယ်ကို ကြည့်ကြ လော”ဟု ကြွေးကြော်၏၊ (ယော ၁း၂၉) လောက၏အပြစ်များကို ယေရှု သည်ဗတ္တိဇံခံယူစဉ်တွင် ယူဆောင်ပြီးဖြစ်ကြောင်း သိနားလည်ရန်ဖြစ် သည်။ ဤလောကတွင် အသက်ရှင်သောသူမှန်သမျှသည် အပြစ်နှင့် မကင်းနိုင်ပါ။ ထိုကြောင့် ဤအရာများကို ယုံကြည်လက်ခံရမည်ဖြစ်သည်။ 
ကျွန်ုပ်တို့အမြဲသတိရသင့်သည်မှာ ယေရှုသည် ကျွန်ုပ်တို့၏ ဇာတိ အားနည်းချက်များ၊လောက၏ဒုစရိုက် အပြစ်အားလုံးကို ခွင့်လွှတ်ခြင်း တရားနှင့် ဖြေလွှတ်၍သူ၏အသွေးတော်နှင့်ပေးဆပ်ခြင်းဖြစ်သည်။ ထို ကြောင့် ကျွန်ုပ်တို့သည် စိတ်နှလုံးအကြွင်းမဲ့ဖြင့် ချီးမွမ်းသင့်ပါသည်။ ယေ ရှုသည်ကျွန်ုပ်၏ကယ်တင်ပိုင်ရှင်နှင့်သခင်ဖြစ်တော်မူသည်ဟု ယုံကြည် ခြင်းဖြင့် ဝန်ခံကြပါစို့။ ဘုန်းတော်ထင်ရှားပါစေသော်။
ဤလောကတွင် အသက်ရှင်သော သူမှန်သမျှသည် အပြစ်ဒုစရိုက် ကျုးလွန်သူများ ဖြစ်ကြသည်။ လူတို့သည် ဇာတိအားဖြင့် အပြစ်များ ကျုးလွန်ကြပြီး ကိုယ့်အပြစ်ကြောင့် သေခြင်းသို့ရောက်ရာကြ၏၊ 
 
 
စိတ်နှလုံးထဲရှိ မကောင်းသော အကြံအစည်များ 
 
မည်သည့်အရာက လူကို
ညစ်ညမ်းစေပါသနည်း
မကောင်းသောအကြံအစည်

(မသဲ ၁၅း၁၉-၂၀) “မကောင်းသောကြံစည်ခြင်း၊ လူ့အသက်ကို သတ်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ သူ့ဥစ္စာ ကိုခိုးယူခြင်း၊ မမှန်သောသက်သေခံခြင်း၊ သူ့အသရေကိုဖြတ်ခြင်း၊ အရာတို့ သည်နှလုံးထဲကထွက်လာ၍လူကိုညစ်ညူးစေသောအရာဖြစ်ကြ၏၊လက်မ ဆေးဘဲလျှက် အစာကိုစားခြင်းမူကား လူကိုညစ်ညူးစေသည်မဟုတ်ဟု ယေရှုက မိန့်တော်မူ၏” ထိုသို့ အမျိုးမျိုးသောအရာတို့ကို စိတ်နှလုံးထဲ၌ ရှိသည်ဖြစ်၍ ထိုအရာများက ညစ်ညူးစေသောကြောင့် မသန့်ရှင်သော သူဖြစ်လာသည်။ 
 
 
ဇာတိအကျင့် 
 
လူတိုင်းစိတ်ထဲမှာ မည်သည့်အရာရှိသနည်း
အပြစ်ဆယ့်နှစ်မျိုး မာကု ၇း၂၁-၂၃

လူ့စိတ်နှလုံးထဲ၌ အပြစ်ဆယ့်နှစ်မျိုးရှိကြောင်း ကျွန်ုပ်တို့ သိသင့် သည်။ ဤအပြစ်အားလုံးသည် ကျွန်ုပ်တို့စိတ်ထဲ၌ရှိကြောင်း ကျမ်းစာက ဖော်ပြထားပါသည်။ရေနှင့်ဝိညာဉ်တော်အားဖြင့်မွေးဖွားခြင်းမခံမှီ ကျွန်ုပ်တို့ ၏အပြစ်သည် နှလုံးသား၌ရှိကြောင်းဟု ဝန်ခံရပေမည်။တနည်းအားဖြင့် ဘုရားသခင်ရှေ့မှောက်တွင်ကျွန်ုပ်တို့သည်အပြစ်သားဖြစ်ကြောင်းကို ဝန်ခံ ရပေမည်။သို့သော်လည်းအပြင်တွင် ဖော်ထုတ်လုပ်ဆောင်ခြင်းမပြုသင့် ပေ။ ဤအရာများသည် ကျွန်ုပ်တို့စိတ်နှလုံး၌မရှိ။ ကံတရားအားဖြင့်ဖြစ် သည်ဟူ၍ ကိုယ့်ကိုယ်ကို လွတ်မြောက်ရာလွတ်မြောက်ကြောင်း လမ်းရှာ တတ်ကြ၏။ 
ယေရှုသည် လူ့ဘဝနှင့်ပတ်သက်၍ လူသည် မိမိစိတ်နှလုံးထဲမှ ထွက်လာသော အရာအားဖြင့် မိမိကိုယ်မိမိညစ်ပတ်စေပြီး မကောင်းသော အကြံစည်များကြံစည်ကြ၏ဟုယေရှုကမိန့်ဆိုခဲ့ပါသည်။သင်တို့သည် ထိုအ ရာကို အဘယ်သို့ ထင်သနည်း။ သင်သည်ဖြောင့်မတ်သောသူ (သို့) ဆိုး ဝါးသောသူဖြစ်သလော။ မိတ်ဆွေလူတိုင်းသည် မကောင်းသော အကြံအ စည်များရှိကြသည်ကို သိသလော။ လူတိုင်း၏အကြံစည်မှန်သမျှသည် မ ကောင်းသောအရာများဖြစ် သည်။ 
လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းရှိ အောလ်း၌ ဆာမ်ပုန်းဟုခေါ် သောအဆောက်အဦးသည်ရုတ်တရက်ပြိုကျခဲ့ရာ သားသမိများနှင့်ဆွေ မျိုး များသေဆုံးသောသူတို့သည်နာကျင်စွာခံစားခဲ့ကြရ၏၊ သို့သော်လူအချို့ သည်ထိုအဆောက်အဦးပြိုကျခြင်းကိုသဘောကျ ပျော်ရွှင်နေခဲ့ကြသည်။
အချို့က လူ ၂၀ဝ သေဆုံးသည်ဟုဆိုကြ၏။ အချို့က ၃၀ဝ ကျော် သေဆုံးသည်ဟုဆိုကြ၏။ အကယ်၍ အသက်ဆုံးရှုံးသူများအယောက် တစ်ထောင်ရှိခဲ့လျှင်ပင် စိတ်ဝင်စားဖွယ်ဖြစ်သေး၏စသဖြင့် လူ့စိတ်ထဲတွင် မကောင်းသောကြံစည်မှုများရှိတတ်၏။ ထိုသို့ဖြစ်တတ်သည်ကို ကျွန်ုပ်တို့ လက်ခံသင့်သည်မဟုတ်လော။အချို့အတွက် မည်မျှရင်နာစရာကောင်း သော သေဆုံးခြင်းနှင့် ဝမ်းနည်းကြေကွဲခြင်းဖြစ်မည်နည်း။
သို့ရာတွင် အချို့သောလေ့လာသူများသည် သနားခြင်းကင်းမဲ့ကြ ၏။ အကယ်၍ အသက်ဆုံးရှုံးသောသူ ပို၍များပြားပါက ထိုသူတို့သည် ပို၍ စိတ်ဝင်စားကြလိမ့်မည်။ ထိုကဲ့သို လူစုပြီး သေဆုံးကြမည်ဆိုပါက ထိုအ လောင်းများကို ပျက်စီးသောအိမ်အောက်၌ သိမ်းသွင်းထားမည်လော။ သို့ ဖြစ်လျှင် တချို့အတွက်ပို၍ စိတ်ဝင်စားဖွယ်ကောင်းလိမ့်မည် ထင်ပါသည်။ ဤနည်းဖြင့်လူသည် မကောင်းသောသူများဖြစ်ကြောင်းကို ကျွန်တော်တို့ နားလည်နိုင်ပါသည်။ 
ထိုသူတို့သည် သူတို့မကောင်းသော ကြံစည်မှုများကို ပြောပြမည် မဟုတ်ပါ။ ဟန်ဆောင်၍ ပြောကြလိမ့်မည်။ သို့သော်လည်းသူတို့၏စိတ်နှ လုံးထဲတွင် ဒီထက်များပြားသောလူတို့၏အသက်ကို ဆုံးရှုံးစေခြင်းကြသေး ၏။ ထိုသူတို့သည် အံ့သြဖွယ်ကောင်းသော ဖြစ်ရပ်တို့ကို မြင်ချင်ကြ၍ လူ ပေါင်းများစွာ အသက်ဆုံးရှုံးခြင်းကို စိတ်ဝင်သားကြ၏။ လူ့စိတ်နှလုံး သည် ဤသို့ဖြင့် ကောက်ကျစ်လျက်ရှိသည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ မရောက်မှီ ထိုကဲ့သို့သော အကြံမျိုးကို ကြံစည်ကြသူများဖြစ်သည်။
 
 
လူ့အသက်ကို သတ်ရန် ကြံစည်ခြင်း
 
အဘယ်ကြောင့် ကျွန်ုပ်တို့
အပြစ်လုပ်ကြသနည်း
စိတ်နှလုံးထဲ၌ရှိသောအကြံအစည်များကြောင့်

လူတိုင်းစိတ်ထဲ၌ လူ့အသက်ကို သတ်ကြသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ သို့သော် လူအပေါင်းတို့သည် မမှန်ဟုဆန့်ကျင်ကြလိမ့်မည်။ ဤသို့ဆိုလျှင်သင်သည် ထိုသို့ သောအကြံအစည်၊ စိတ်ထဲမှာမရှိပါဟုဆိုရ မည်လား။ လူတို့သည် သူတို့စိတ်ထဲ၌ ဤကဲ့သို့သောအကြံရှိခဲ့ဘူးသည်ဟု ဝန်ခံကြမည်မဟုတ်ပါ။ အချို့သောသူတို့သည် လူ့အသက်ကို သတ်သော သူသည် အခြားသောမျိုးရိုးမှ ဖွားမြင်လာသည်ဟု ထင်တတ်ကြ၏။ 
သတင်းစာတွင် ကျွန်တော်တို့ ထပ်တလဲလဲ တွေ့လေ့ရှိကြသည်။ တချို့ဆိုလျှင် နေအိမ်၊တိုက်တာတို့ကို မိုင်းဖြင့်ဖေါက်ခွဲပြီး သူတပါး၏အ သက်ကို ဆုံးရှံးစေတတ်ကြ၏။ ထိုကဲ့သို့သောသူများသည် ထူးခြားသော အကြမ်းဖက်လူသတ်သမားဟုခေါ်ကြသည်။ သူတို့သည် အကြမ်းဖက်လူ သတ်သမားဖြစ်ကြစောကြောင့်ကျွန်ုပ်တို့သည် ထိုသူတို့ကိုကြိုက်နှစ် သက် ခြင်းမရှိပါ။ သူတို့သည် ခံပြင်းသောစိတ်နှင့်စိတ်လှုပ်ရှားကာ ဟစ်အော် တတ်ကြ၏။ ထိုသို့ သောအမျိုးထဲမှ ဆင်းသက်လာသောသူတို့သည် ဤ လောကမှ ဖယ်ရှားခြင်းကိုခံပြီး သေးခြင်း သို့ရောက်ကြလိမ့်မည်။
သို့ဖြစ်၍ ထာဝရဘုရားသည် လူတိုင်းသည် စိတ်ထဲ၌ လူ့အ သက်ကို သက်လျက်ရှိ သည်ဟု မိန့်တော်မူ၏။ ကျွန်ုပ်တို့၏အကြံအစည်ကို သိမြင်နိုင်သော ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့အနေဖြင့် ကြိုက်နှစ်သက်ခြင်းမရှိစော်လည်း လက်ခံရန်သာရှိသည်။ ကျွန်ုပ်တို့သည် လူ့အသက်ကိုသန်သောပြစ်မှုနှင့် မကင်းနိုင်ပါဟု ဝန်ခံသင့်ပါသည်။ လူ သားအားလုံး၏စိတ်ထဲတွင် လူ့အသက်ကိုသတ်ခြင်းဖြင့် မကောင်းသောအ ကြံများသာ ရှိသည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
နှုတ်ကပတ်တော်ကို ယုံကြည်လက်ခံကြဖို့လိုအပ်ပါသည်။ လူမျိုး ရိုးမှ ဆင်းသက်လာသောလူသားသည် ဆိုးဝါးသောသူဖြစ်လာ၍ ကိုယ့်ကို ကိုယ် ကာကွယ်သောအရာပစ္စည်းအားဖြင့် လူ့အသက်ကိုသတ်တတ်ကြ ၏။ ကျွန်ုပ်တို့စိတ်နှလုံးသည် လူသတ်မှုကို တရားခံပင်ဖြစ်သည်။ ဒေါ်သ ထွက်၍သော်လည်းကောင်း၊ ကြောက်ရွံ့၍သော်လည်းကောင်း၊ လူ့အသက် ကို သတ်လေ့ရှိတတ်ကြ၏။ ဤသို့ဆိုရာတွင် လူတိုင်းလူ့အသက်ကို လက် တွေ့သတ်ကြသည်ဟု မဆိုလိုပါ။ ဤသို့သောအကြံအစည်သည် လူ့စိတ် ထဲတွင်ရှိသည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။ 
လူသည်မကောင်းသောအမျိုးမှမွေးဖွားလာသောကြောင့်မကောင်း သော အလုပ်လုပ်ခြင်းနှင့် မကင်းကွာနိုင်ပါ။ အချို့သည် လက်တွေ့ဖြင့် လူ့အသက်ကို သတ်ကြ၏။ ထိုသူတို့သည် လူ့အသက်ကို သတ်သောမိဘမှ မွေးဖွားလာသူလည်းမဟုတ်ပါ။ အားလုံးသော သူတို့သည် လုပ်နိုင်သော စွမ်းရည်ရှိသောကြောင့်သာလျှင်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ တွင် လူ့အသက်ကိုသတ်ခြင်းနှင့် မကောင်းသောအကြံအစည်များဖြစ် ကြောင်းကျမ်းစာက ဖေါ်ပြထားပါသည်။ ဤအရာသည် မှန်ကန်သော ကြောင့် ကျွန်ုပ်တို့လက်မခံခြင်း ဖြစ်သည်။ 
ထိုကြောင့် စစ်မှန်သောလမ်းကို လျှောက်လှမ်းနိုင်ရန် ဤ နှုတ်ကပတ်တော်ကိုလက်ခံယုံကြည်သင့်ပါသည်။ကျွန်ုပ်တို့သည် မကောင်း သောအကြံအစည်များ စိတ်ထဲ၌ရှိသောကြောင့် အပြစ်ဒုစရိုက်ကို ပြုလုပ် လျက်ရှိကြ၏။ 
 
 
သူ့မယားကို ပြစ်မှားခြင်း
 
လူတိုင်းသည် သူ့မယားကို ပြစ်မှားလေ့ရှိကြသည်။ ဤအရာကို သင်လက်ခံနိုင်သလော(သို့)ဝန်ခံနိုင်သလော။အမှန်ပင်လူသားတိုင်း၏စိတ် ထဲ၌ရှိသောဗီဇဖြစ်သည်။ထိုကြောင့် အချို့တို့သည် ပြည့်တန်ဆာဖြစ်လာ ကြသည်။ 
ဤနည်းသည် ငွေရရှိရေအတွက် အလွယ်ဆုံးနည်းဖြစ်၍ အချိန် တိုင်းလုပ်စားနိုင်သည်။ အချို့စီပွားရေးသမားများအတွက်မူကား ဝင်ငွေ ခက်ခဲမှုရှိလိမ့်မည်။ သို့သော် ဤမသမာမှုသည် လွန်စွာထိခိုက်နစ်နာစေ ခြင်းမရှိ။ ဤကြောင်းမူကာ လူ့စိတ်သည် ကျင့်ဝတ်ပျက်ပြားသော ကြောင့် ဖြစ်သည်။
 
 
အပြစ်၏အသီးအပွင့်ကား အပြစ်ပင်ဖြစ်၏
 
လူ့ဘဝကို မည်သည့်အရာနှင့်
နှိုင်းယှဉ်မည်နည်း
အပြစ်သီးကို သီးသောအပြစ်ဖြစ်နှင့်

ပန်းသီးပင်သည် ပန်းသီးကိုသီး၏၊ သစ်တော်သီးပင်သည် သစ် တော်သီးကိုသီး၏။ ဇီးပင်သည် ဇီးသီးကိုသီးသကဲ့သို့ လူသည်လည်း အပြစ် ဆယ့်နှစ်မျိုးမှ ဆင်းသက်မွေးဖွားလာသောကြောင့် အပြစ်သီးကိုသာ သီး တတ်ကြ၏။ 
လူ၏စိတ်ထဲမှ ထွက်လာသောအရာကြောင့် မိမိကိုမိမိညစ်နွမ်းစေ သည်ဟု ယေရှုကမိန့်တော်မူ၏။ ယေရှုမိန့်တော်မူသည်မှာ မှန်ပါ၏။ ကျွန်ုပ် တို့သည်ထိုကဲ့သို့သောအပြစ်သား၏အကိုင်းအခက်များဖြစ်၍ အပြစ်ပြုလုပ် တတ်သောသူများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် အမှန်တရားကို ဘုရားသ ခင်ရှေ့မှောက်တွင် ဝန်ခံကာ အကျွန်ုပ်သည် မကောင်းသောအရာကို ပြု လုပ် ပါသည်ဟု ဘုရားသခင်ထံဝန်ခံသင့်ပါသည်။ 
ယေရှုသည် ခမည်းတော်၏အလိုတော်ကိုနာခံ၍ လိုက်နာသကဲ့သို့ ကျွန်ုပ်တို့သည်လည်း နှုတ်ကပတ်တော်ကို လက်ခံလိုက်နာသင့်ပါသည်။ ဤနည်းသာလျှင်ကျွန်ုပ်သည် ရေနှင့်ဝိညာဉ်တော်အားဖြင့် ကယ်တင်ခြင်း သို့ ရောက်နိုင်မည်ဖြစ်ပြီး ဤအရာသည် ဘုရားသခင်ပေးသော ဆုကျေးဇူး ပင်ဖြစ်သည်။
ကျွန်ုပ်တို့နိုင်ငံသည် ကောင်းကြီးခံစားသောနိုင်ငံဖြစ်၍ ရာသီးဥ တုလေးမျိုးရှိ၏။ ထို့ကြောင့်အပင်များလည်းများပြာကာ ရာသီးအလိုက်အ သီးများသီး၏။ထိုနည်းတူကျွန်ုပ်တို့၏ စိတ်နှလုံးသားကို အပြစ်ဆယ်နှစ်မျိုး က ဦးဆောင်လျက် အပြစ်ပြုလုပ်ရန် အမြဲသွေးဆောင်လေ့ရှိ၏။ လူ့အ သက်ကို သတ်သောအမူသည် စိတ်ကိုချုပ်ကိုင်ကာသူ့မယားကို ပြစ်မှား လို သောစိတ်က ကျွန်ုပ်တို့ကို သွေးဆောင်တတ်၏။
နောက်တနေ့တွင်လည်း ဆိုးသောအကြံအစည်က သူ့သားမယား ကို ပြစ်မှားခြင်း၊ ခိုးယူခြင်း၊ မမှန်သောသက်သေကိုခံခြင်း စသည်တို့ကို လူ့စိတ်တွင်ဖြစ်ပေါ်လာစေပါသည်။ ထိုသို့ဖြင့် ကျွန်ုပ်တို့သည် နှစ်စဉ်၊ လ စဉ်၊ နေ့စဉ်နာရီတိုင်းအပြစ်ပြုလုပ်လေ့ရှိ၏။အပြစ်တခုမျှမပြုလုပ်ဘဲ တနေ့ ကုန်သွားသည်ဟုမရှိပါ။ အပြစ်မလုပ်တော့ပါဟု သစ္စာဆိုသော်လည်း မထိန်းနိုင်ဘဲပြန်၍ ပြုလုပ်တတ်ကြသည်။ အကြောင်းမူကား အပြစ်မှဖွား မြင်လာသော သူဖြစ်သော ကြောင့် ဖြစ်ပါသည်။
ပန်းသီးကိုမသီးခြင်းတော့ဘူးဟု ငြင်းဆိုသောပန်းသီးပင်ကို သင် တွေ့ဘူးပါသလော။ဤကဲ့သို့ဖြင့်ပန်းသီးပင်သည်အသီးမသီးဘဲနေသည်ဟု ငြင်းသော်လည်းပန်းသီးကိုမသီးဘဲနေနိုင်မည်လော။ နွေဦးကာလတွင် ပန်း သီးပင်တို့သည် ကြီးထွား၍ အသီးများကို သီးပြီးမီုးဥတုတွင် စားသောက်ရ မည်မဟုတ်ပါလား။
၄င်းသည် သဘာဝအပြောင်းအလဲဖြစ်သကဲ့သို့ လူ့ဘဝသည်လည်း ထိုကဲ့သို့ပြင် ပြောင်းလဲသွားနိုင်ပါသည်။ ထိုနည်းတူ အပြစ်သားသည် အ ပြစ်ကိုသာ သီးပွင့်လိမ့်မည်။
 
 
ယေရှု၏ဗတ္တဇံနှင့်ကားတိုင်တော်သည် ကျွန်ုပ်တို့အား အပြစ်မှရွေးနုတ်ရန်ဖြစ်သည်
 
ကိုယ်စားခံခြင်းဆိုသည်မှာ အဘယ်နည်း
အပြစ်၏အခကို ယေရှုက သူ၏ဗတ္တိဇံနှင့်ကားတိုင်တော်မှ
အသွေးတော်အားဖြင့် ပေးလျှော်ခြင်းကို ဆိုလိုသည်

အမြဲကျုးလွန်းနေသောအပြစ်သားများ၏ အပြစ်ကိုလွှတ်၍ ဘုရား သခင်နှင့်ပျော်ရွှင်စွာ နေနိုင်မည့်ကျမ်းချက်ကို ဖတ်ကြပါစို့။ ဤအရာသည် သူတပါး၏အပြစ်အတွက် ကိုယ်စား ခံခြင်းဖြစ်ပါသည်။ 
ဝတ်ပြုရာကျမ်း၄း၂၇-၃၁“ဆင်းရဲသားတစုံတစ်ယောက်သည်တ ရားကိုမသိ ထာဝရဘုရား၏ပညတ်တော်ကို လွန်ကျုး၍ မပြုအပ်သောအမူ ကိုပြုမိသဖြင့် အပြစ်ရောက်လျှင် မိမိပြစ်မှားမိသောအပြစ်ကိုသိသောအခါ ထိုအပြစ်အတွက် ပူဇော်သက္ကာ (သို့) အပြစ်မပါသော ဆိတ်သူငယ်ကို ဆောင်ခဲ့ရမည်။ အပြစ်ဖြေရာ ယဇ်ပြုသော ဆိတ်ကောင်ပေါ်မှ မိမိ လက် ကိုတင်၍ မီးရှို့ရန်ယဇ်ကောင်ကို သတ်ရာအရပ်၌ ထိုဆိတ်ကိုသတ်ရမည်။ ယဇ်ပုရောဟိတ်သည်အသွေးကို လက်ညိုးနှင့်ယူ၍ မီးရှီုးရာယဇ်လ္လင်ဦးချို တို့၌ ထည့်ပြီးမှကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်းရမည်။ မိသာဟယယဇ်ကောင်ဆီဥကို ယူသကဲ့သို့ ဆီဥရှိသမျှကိုယူ၍ ထာဝရ ဘုရားအား မွှေးကြိုင်စေဖို့ရာ ယဇ်ပလ္လင်ပေါ်မှာ မီးရှီုးရမည်။ ထိုသို့ယဇ်ပု ရောဟိတ်သည် ထိုသူအဖို့ အပြစ်ဖြေခြင်းကိုပြုလျှင်သူ၏ ဤပြစ်လွှတ် လိမ့်မည်။”
ဓမ္မဟောင်းခေတ်အပြစ်လွှတ်ရာတွင် မိမိတို့လက်ကို ယဇ်ပူဇော် ရာယဇ်ကောင်း၏ကောင်းပေါ် တင်ထားခြင်းဖြင့် သူတို့၏အပြစ်ကိုယဇ် ကောင်းပေါ်သို့လွှဲသောသဘောဖြစ်ပြီးထိုယဇ်ကောင်ကို သတ်လေ့ရှိကြ၏။
ဤအကြောင်းကို ဝတ် ၁း၂-၄ တွင် ဖေါ်ပြခဲ့၏။ “သင်တို့တွင် တစုံတယောက်သော သူသည် ထာဝရဘုရားအား ပူဇော်သက္ကာပြုလိုလျှင် ယဉ်သောတိရစ္ဆာန်တည်းဟူသောနွား၊ သိုး၊ဆိတ်ကိုယူဆောင်ပြီး ဆက်သရ မည်။ နွားကိုမီးရှီုးရာယဇ်ပြုလိုလျှင် အပြစ်မပါသောအထီးကို ယူဆောင်ခဲ့ ၍ ထာဝရဘုရားစိတ်တော်နှင့်တွေ့ခြင်းငှာပရိတ်သတ်စည်းဝေးရာ တဲ တော်တခါး အနားမှာဆက်ရသည်။ ပူဇော်သောနွား၏ခေါင်းပေါ်မှာ မိမိ လက်တင်ရသဖြင့်သူ၏အပြစ်ကို ဖြေမည်အကြောင်း လက်ခံတော်မူမည်၊”
ထာဝရဘုရားသည် ကသရေလူမျိုးတို့အားသူတို့အပြစ်မှ ဖြေလွှတ် ခြင်းငှာ အပြစ်ပူဇော်သောယဇ်ကို ဆက်သပူဇော်ဖို့ရန် သူတို့လက်ကို တိရစ္ဆာန်ခေါင်းပေါ်တင်၍ အပြစ်ကိုလွှဲစေခြင်းငှာ မိန့်တော်မူ၏။ သန့်ရှင်း သောတဲတော်၏လေးထောင့်စလုံးတွင် တရားဟောစင်ထက် အနည်းငယ် ကြီးသော ဦးချိုတတ်ထားသော ယဇ်ပလ္လင်ရှိ၏။ ဣသရေလလူတို့ အပြစ် အတွက် ပူဇော်သောယဇ်ကို ထိုပလ္လင်တွင် မီးရှီုးလေ့ရှိ၏။
“လူတို့သည် မိမိတို့အပြစ်မှ ဖြေလွှတ်ရန် တဲတော်တံခါးရှိပလ္လင် နှင့် ထာဝရဘုရားရှေ့၌ယဇ်ပူဇော်ရန်” ထာဝရဘုရားက ဝတ်ပြုရာကျမ်း တွင် ဖေါ်ပြခဲ့သည်။ လက်ကိုတိရစ္ဆာန်ခေါင်းပေါ်တင်ခြင်းအားဖြင့် သူတို့ ၏အပြစ်ကို ထိုတိရစ္ဆာန်ခေါင်းပေါ်သို့ လွှဲပြောင်းပြီး၊ လည်ပင်းဖြတ်ကာ သွေးကိုတဲတော်ရှေ့ မီးရှီုးရန်ယဇ်ပလ္လင်၏ ဦးချိုတို့ကို လိမ်းပေးရမည်။
ထို့နောက် ယဇ်ကောင်း၏အသားတို့ကို ဆေးကြော၍ အပိုင်းအ ပိုင်းဖြစ်ပြီးလျှင် မီးရှီုးရန်ယဇ်ပလ္လင်ပေါ်သို့ ပြာဖြစ်သည်အထိ မီးရှီု့ပူဇော် ရမည်။ ထိုသို့မွှေးကြိုင်သောရနံ့ဖြင့် ထာဝရဘုရားအားပူဇော်ခြင်းဖြင့် သူတို့အပြစ်မှ လွှတ်လေ့ရှိ၏။ ဤနည်းသည် သူတို့၏နေ့စဉ်အပြစ်ကို ဖြေ လွှတ်ခြင်းဖြစ်သည်။ 
ထို့နောက် နှစ်စဉ်ပူဇော်သော ယဇ်မျိုးလည်းရှိ၏။ ဤနည်းသည် နှစ်စဉ်ပူဇော်ခြင်းနှင့်မတူပေ။ ၄င်းနည်းမှာ ယဇ်ပုရောဟိတ်သည် ပရိသတ် ကိုယ်စားမိမိလက်ကို တိရစ္ဆာန်ခေါင်းပေါ်တင်၍ ယဇ်ကောင်း၏အသွေးကို တဲတော်၏အတွင်းသန့်ရှင်းရာ နေရာ၌ရှိသော သေတ္တာအပေါ်သို့ ခုနှစ်ကြိမ် ဖြန်းရမည်။ ထိုသို့ အသက်ရှင်သောဆိတ်သူငယ်၏ခေါင်းပေါ်သို့ ပရိသတ် ရှေ့တွင်လက်တင်ခြင်းအမှုအားဣသရေလူလူမျိုးတို့သည်ခုနှစ်လပိုင်းဆယ် ရက်မြောက်သောနေ့တွင် နှစ်စဉ်ပြုလုပ်လေ့ရှိသည်။ (ဝတ် ၁၆း၅-၂၇)
 
ဓမ္မဟောင်းကျမ်း၌ အပြစ်ဖြေရာ
ယဇ်ကောင်သည် မည်သူ့ကို ပုံဆောင်သနည်း
ယေရှုခရစ်တော်

ဓမ္မသစ်၌ ယဇ်ပူဇော်သောနည်းဥပဒေသည် မည်သို့ပြောင်းလဲလာ ပုံနှင့် မည်သည့်နည်းအားဖြင့် ဤဥပဒေသကို ထာဝရဘုရားက အတည် ပြုသည်ကို လေ့လာကြပါစို့။
အဘယ်ကြောင့်ယေရှုသည်ကားတိုင်ပေါ်၌အသေခံသနည်း။ယေရှု သည် ဤလောက၌ နေ့စဉ် မည်သည့်အပြစ်ကျုးလွန်၍ ဘုရားသခင်သည် သူ့အား ကားတိုင်ပေါ်၌ဒဏ်ခတ်တော်မူသနည်း။ အဘယ်သူသည် ယေရှု အားကားတိုင်ပေါ်၌အသေခံရန် တိုက်တွန်းခဲ့သနည်း။ ကျွန်ုပ်တို့အားလုံး သည် လောကအပြစ်ထဲ၌နစ်မြှုပ်နေသောကြောင့် ကျွန်ုပ်တို့ကို ကယ်တင် ရန် ဤလောကသို့ဆင်သက်လာသူဖြစ်သည်။ 
သူသည် ယောဟန်အားဖြင့် ယောဒန်မြစ်၌ ဗတ္တိဇံခံယူ၍ ကျွန်ုပ်တို့၏ကိုယ်စား အပြစ်ဟူသမျှကို ကားတိုင်ပေါ်သို့ သယ်ဆောင်သွား ၏။ သူ၏ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်တော်၌ အသွေးတော်သွန်းလောင်း ခြင်းသည်ဓမ္မဟောင်း၌ ယဇ်ပူဇော်သောအခါ လက်ကိုယဇ်ကောင်ပေါ်တွင် တင်၍ ယဇ်ကောင်၏အသွေးဖြန်းခြင်းဖြင့် ယဇ်ပူဇော်သကဲ့သို့ ဖြစ်သည်။ 
ဤအရာသည် ဓမ္မဟောင်းတွင်ယဇ်ပူဇော်သည့်ပုံဖြစ်သည်။ အပြစ် ရှိသူက အပြစ်ဖြေရာယဇ်ကောင်၏ခေါင်းပေါ်တွင် လက်တင်၍ အကျွန်ုပ် တို့သည်အပြစ်ရှိပါ၏သခင်၊ကျွန်ုပ်သည်လူ့အသက်ကို သတ်မိပြီး သူ့မယား ကို ပြစ်မှားမိပါသည်ဟုဝန်ခံပြောဆိုသဖြင့် သူတို့အပြစ်သည် အပြစ်ပူဇော် သောယဇ်ကောင်အပေါ်သို့ ကျရောက်လေ၏။
ထို့နောက် ယဇ်ကောင်ကို သတ်၍ ထာဝရဘုရားအား ပူဇော်၏။ ထိုနည်းတူ ယေရှုသည် ကျွန်ုပ်တို့အပြစ်အားလုံးကို ဖြေလွှတ်ရန်အသေ ခံခဲ့သည်။ ယေရှုသည် ဗတ္တိဇံကိုခံယူပြီး အသွေးတော်သွန်းလောင်းခြင်း သည် ကျွန်ုပ်တို့၏အပြစ်များကို ဖြေလွှတ်ဖို့ဖြစ်သည်။ 
ယေရှုသည် ကျွန်ုပ်တို့အတွက် အသေခံသည်။ လူတို့အတွက်ပူ ဇော်သောယဇ်သည်အပြစ်မပါသောယဇ်ကောင်များဖြစ်ပြီးထိုတိရစ္ဆန်သည် အပြစ်ဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို နားမလည်းဘဲ လူသားအား လုံး၏အပြစ်များကို သယ်ဆောင်ခဲ့ကြသည်။ 
ထိုအပြစ်မရှိသော ယဇ်ကောင်ကဲ့သို့ အပြစ်လုံးဝမရှိသော ယေရှု သည် ကျွန်ုပ်၏အပြစ်ကိုသယ်ဆောင်ခဲ့၏။ သူသည်သန့်ရှင်းသော ထာဝရ ဘုရား၏သားတော်၊ဖြောင့်မတ်သောသူဖြစ်၏။ သူသည် အသက်သုံးဆယ် တွင် ယော်ဒန်မြစ်၌ဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်ဟူသမျှကို သယ်ဆောင်ခဲ့ပါသည်။ 
ကျွန်ုပ်တို့၏အပြစ်အားလုံးကိုသယ်ဆောင်လျက်ကားတိုင်၌အသေ ခံခဲ့သည်။ အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်တို့၏အပြစ်များကို ယူဆောင် သောကြောင့်ဖြစ်သည်။လူ့လောက၏အပြစ်ကိုဆေးကြောခြင်းသည် ကယ် တင်ခြင်းအတွက်သူ၏လုပ်ငန်းဖြစ်သည်။
 
 
အပြစ်မှရွေးနှုတ်ကယ်တင်သောဧဝံဂေလိတရား
 
ယေရှုသည် ယော်ဒန်မြစ်တွင် ယောဟန်ထံအဘယ်ကြောင့် ဗတ္တိဇံခံယူသနည်း
ဖြောင့်မတ်ခြင်းကိုပြည့်စုံစေရန်

ထိုအခါ ယေရှုသည်ဗတ္တိဇံကိုခံအံ့သောငှာ ဂါလိလဲပြည်မှ ယော်ဒန် မြစ်နားဗတ္တိဇံ ဆရာယောဟန်ထံသို့ ကြွတော်မူ၏။ သူက အကျွန်ုပ်သည် ကိုယ်တော်ထံ၌ဗတ္တိဇံကိုခံရမည်။ အဘယ်ကြောင့် ကိုယ်တော်သည် အကျွန်ုပ်ထံသို့ကြွလာသနည်းဟု ယေရှုအား လျှောက်လေ၏။ ယေရှုက လည်း အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့် သင့်သည်ဖြစ်၍ ယခု အခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏။ (မ ၃း၁၃-၁၅)
ယေရှုသည် အသက်(၃၀)၌ ဗတ္တိဇံခံယူကြောင်းကို ကျွန်ုပ်တို့နား လည်ဖို့လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော်သူသည် လူအပေါင်းတို့၏အ ပြစ်အတွက် အသေခံခြင်းနှင့် ခမည်းတော်၏ဖြောင့်မတ်ခြင်းကို ပြည့်စုံစေ ရန်ဖြစ်သည်။ လူအပေါင်းတို့၏အပြစ်ကို ဖြေလွှတ်ရန်အပြစ်မရှိသော ယေရှုခရစ်သည် ယောဟန်ထံဗတ္တိဇံကို ခံယူလေသည်။
ဤသို့ဖြင့် ယေရှုသည် လောက၏အပြစ်ကိုဖြေလွှတ်ရန် မိမိကိုယ် ကိုအပ်နှံတော်မူ၏၊ ကျွန်ုပ်တို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရန်အ တွက် မှန်ကန်သောတရားကို သိ၍ယုံကြည်ရမည်။ ယေရှု၏ဧဝံဂေလိတ ရားကို ယုံကြည်မှသာလျှင် ကယ်တင်ခြင်းကို ရနိုင်သည်။ 
ယေရှု၏ဗတ္တိဇံသည် ဘယ်အရာကိုဆိုလိုသနည်း။ ဓမ္မဟောင်း တွင်းလူတို့သည်မိမိတို့လက်ကိုတိရစ္ဆာန်ခေါင်းပေါ်တင်ခြင်းနှင့်အတူတူပြင် ဖြစ်သည်။ဓမ္မဟောင်းကျမ်းတွင် လူတို့သည် တိရစြွာန်ခေါင်းပေါ်သို့လက် တင်ပြီး မိမိတို့အပြစ်ကို အဖြစ်ဖြေရာယဇ်ပေါ်သို့ လွှဲပြောင်းလဲရှိ၏။ ထိုနည်းတူ ဓမ္မသစ်ကျမ်းတွင် ယေရှုသည် လောကအပြစ်အားလုံးကို ယူ ဆောင်သွားရန် မိမိကိုယ်ကို ယဇ်ကောင်အပြစ်အပ်နှံကာ ယောဟန်ထံမှ ဗတ္တိဇံကိုခံယူခဲ့၏။
ယောဟန်သည် အမြင့်မြတ်ဆုံးသော လူသားတစ်ဦးဖြစ်၍ ဘုရား သခင်ခန့်ထားသောသူဖြစ်သည်။ လူသားအားလုံးတို့၏ကိုယ်စားပြုသော ယဇ်ပုရောဟိတ်ကဲ့သို့ဖြစ်၍ သူသည် ယေရှုပေါ်လက်တင်၍ လောက ၏အပြစ်ဒုစရိုက်အားလုံးကို လွှဲအပ်ပေးခဲ့သည်။ ဗတ္တိဇံ၏အဓိပ္ပါယ်ကား တနေရာသို့ကူးပြောင်းခြင်း (သို့) မြုပ်နှံခြင်း(သို့) ဆေးကြောခြင်းဖြစ်သည်။ 
ယေရှုသည် ဤလောကသို့ကြွလာပြီး ယောဟန်ထံမှ ဗတ္တိဇံယူသည်ကို သင်နားလည်ပါသလား။ ဗတ္တိဇံ၏အဓိပ္ပါယ်ကို နားလည်၍ ယေရှုသည် ကယ်တင်ခြင်းဟုလက်ခံပါသလား။ ယေရှုခရစ်၏နှစ်ခြင်းခံယူခြင်းသည် ကျွန်ုပ်တို့၏အပြစ်အားလုံးကို သယ်ဆောင်သွားခြင်းဖြစ်၍ လူ့ဇာတိအား ဖြင့်ဆက်လက်ကျုးလွန်မည်ဖြစ်သောအပြစ်အလုံးစုံကိုလည်း ဆေးကြော ပေးခြင်းပင်ဖြစ်သည်။ ခရစ်တော်အား ယောဟန်ဗတ္တိဇံပေးခြင်းသည် ရွေး နှုတ်ကယ်တင်ခြင်းဧဝံဂေလိတရားအကြောင်းကိုစုံလင်စေရန်ဖြစ်သည်။
မ ၃း၁၃-၁၇ “ထို့နောက်” ဟုရေးထားသည်မှာ ယေရှုဗတ္တိဇံခံသည့် အချိန်ကို ရည်ညွှန်းပြီးလောကအပြစ်ဟူသမျှကို သူ့အပေါ်သို့ကျရောက် သည်အချိန်ဟု ဆိုလိုသည်။
ထို့နောက် ယေရှုသည် ဤလောက၏အပြစ်အားလုံးကို ယူဆောင် ၍ ကားတိုင်ပေါ်တွင် အသေခံပြီး သုံးရက်မြောက်သောနေ့၌ ရှင်ပြန်ထ မြောက်တော်မူ၏။လောကရှိအပြစ်အားလုံးဆေးကြောရန်အတွက်သူသည် ဗတ္တိဇံခံပြီး၊ကားတိုင်ပေါ်တွင် အသေခံခဲ့လျှက်သေခြင်းမှ ရှင်ပြန်ထမြောက် တော်မူသည်။ ဘုရားသခင်၏အပြစ်လွှတ်ခြင်းခံလိုသော သူများအတွက် ကယ်တင်ခြင်းပင်ဖြစ်သည်။
အဘယ်ကြောင့်ခရစ်တော်သည်ဗတ္တိဇံခံယူခဲ့သနည်း။ ဆူးရစ်သဖူ ကိုဆောင်းလျက်အဘယ်ကြောင့် ပိလတ်မင်းရှေ့၌ အပြစ်ရှိသောတရားခံ အဖြစ်စီရင်ခြင်းခံခဲ့သနည်း၊ အဘယ်ကြောင့် ခရစ်တော်သည် ကားတိုင်ပေါ် တွင် အသေခံ၍အသွေးတော်ကို သွန်းလောင်းခဲ့သနည်း။ ဤအရာများ၏ အကြောင်းရင်းမှာ ခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်ရှိသမျှတို့ကို သူ၏ ဗတ္တိဇံခံခြင်းအားဖြင့် သယ်ဆောင်ခြင်းကြောင်ဖြစ်သည်။ ကျွန်ုပ်တို့အပြစ် ကြောင့် သူသည် ကားတိုင် ပေါ်တွင် အသေခံရခြင်းဖြစ်သည်။ 
ကျွန်ုပ်သည် ဘုရားသခင်၏ကယ်တင်ခြင်းတရားကို ယုံကြည် လက်ခံပြီး နာမတော်အား ချီးမွမ်းရမည်ဖြစ်၍ ခရစ်တော်၏ဗတ္တိဇံ၊ သူ၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်း မရှိလျှင် ကျွန်တော်တို့အ တွက် ကယ်တင်ခြင်းမရှိနိုင်ပါ။
ယေရှုသည် ယောဟန်အားဖြင့် ဗတ္တိဇံခံယူ၍ လောက၏အပြစ်ဟူ သမျှကို သယ်ဆောင်သွားခဲ့၏။ ဤသို့ဖြင့် ဧဝံဂေလိကယ်တင်ခြင်းတ ရားကို ယုံကြည်လက်ခံသော ကျွန်ုပ်တို့၏အပြစ်ကို သယ်ဆောင်သွားခဲ့ သည်။ သူသည် ဗီဇအပြစ်ကိုသာ ယူဆောင်ခဲ့သည်ဟူ၍ ယုံကြည်လက်ခံ သောသူများလည်းရှိ၏။ ဤကဲ့သို့သောခံယူခြင်းသည် မှားသောယုံ ကြည်ခြင်း ဖြစ်၏။
ခရစ်တော်သည် လောကအပြစ်ဟူသမျှနှင့် ကျွန်ုပ်တို့အပြစ်ဟူသ မျှကို ဗတ္တိဇံခံယူသည့်အခါ ယူဆောင်သွားသည်ဟု ကျမ်းစာတွင် သေချာ စွာ ရှငိးလင်းဖေါ်ပြထားသည်။ ကျွန်ုပ်တို့၏ အပြစ်ဟူသမျှနှင့် ဗီဇအ ပြစ်တို့ကိုပါ ဆေးကြောလျက်ရှိသည်။ မ ၃း၁၅ တွင် ယေရှုကလည်း အလုံး စုံသောတရားကို အကုန်အစင်ကျင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ အလုံးစုံသောတရားတို့ကို အကုန်အစင်ဆိုသည်မှာ ချွတ်ယွင်း ချက်မရှိဘဲ အပြစ်အားလုံးကျွန်ုပ်တို့ထံမှ ယူဆောင်သွားလျက် ရှိပြီးဟုဆိုလို၏၊
ဤသို့ဆိုလျှင် ခရစ်တော်သည် ကျွန်ုပ်တို့ဘဝတလျှောက်လုံးအ တွက်အပြစ်ကို ဆေးကြောပြီးပြီလော။ ဆေးကြောပြီးပါပြီ။ ဤအရာကို ထောက်ရှုရန်အတွက် ပထမဆုံးဝတ်ပြုရာကျမ်းကို ကြည့်ကြပါစို့။ ဤအ ခန်းတွင် ယဇ်ပုရောဟိတ်အကြောင်းနှင့် တနေ့တာအပြစ်အတွက် အပြစ် ဖြေရာယဇ်ပူဇော်ခြင်းအကြောင်းတို့ကို ဖေါ်ပြထားပါသည်။
 
 
ဣသရေလူမျိုးအပေါင်းတို့၏ တစ်နှစ်တာအပြစ်အတွက် အပြစ်ဖြေရာယဇ်ပူဇော်ခြင်း
 
ဣသရေလလူမျိုးတို့သည် အပြစ်ဖြေရာ ယဇ်တစ်ကြိမ်တည်းပူဇော်ခြင်းဖြင့် လောကရှိ အပြစ်အားလုံးသန့်ရှင်းရာသို့ရောက်မည်ဟု ယုံကြည်ကြသလော
မယုံကြည်ပါ

အာရုန်သည် မိမိအပြစ်ဖြေရာယဇ်ကောင်ကို ပူဇော်ပြီး မိမိအ တွက်နှင့် အိမ်သူအိမ်သားများအတွက် အပြစ်ဖြေခြင်းကိုပြုလုပ်ရသည်။ ဆိတ်နှစ်ကောင်ကိုလည်းယူ၍ပရိသတ်စည်းဝေးရာ တဲတော်တခါးနား ထာ ဝရဘုရားရှေ့တော်၌ ဆက်ကပ်သည်။ အာရုန်သည် ဆိတ်နှစ်ကောင်ကို ထာဝရဘုရားအတွက် စာရေးတံနှစ်တံချ၍ ထာဝရဘုရားအဘို့စာရေး တံကျသောဆိတ်ကို ဆောင်ခဲ့၍အဖြစ်ဖြေရာယဇ်ကို ပူဇော်ရသည်။ စာရေး တံကျသောဆိတ်ကို အသက်ရှင်လျက် ထာဝရဘုရားရှေ့တော်၌ ဆက်ကပ် ၍ သူ့အပေါ်မှာအပြစ်ဖြေခြင်းကိုပြုပြီးလျှင် တောသို့လွတ် လပ်ရာအဖို့ လွှတ်ရမည် (ဝတ် ၁၆း၆-၁၀)။ အာရုန်သည် ကသရေလလူမျိုးတို့၏ နှစ်စဉ် အပြစ်အတွက်ယဇ်ပူဇော်ရန် ဆိတ်နှစ်ကောင်ကို ပရိသတ်စုဝေးသော တခါးနားသို့ယူဆောင်လာပြီး ထာဝရဘုရားအဖို့ စာရေးတံနှစ်ခုချ၏၊ လွတ် လပ်လဟာအတွက် စာရေးတံသည် အဖြစ်ဖြေန်အတွက် လိုအပ်သောအ ရာဖြစ်၏။
အာရုန်သည် ဆိပ်နှစ်ကောင်ကို ထာဝရဘုရားအတွက် စာရေးတံ နှစ်တံချ၍ထာဝရဘုရားအဘို့စာရေးတံကျသောဆိတ်ကိုဆောင်ခဲ့၍ အဖြစ် ဖြေရာယဇ်ကို ပူဇော်ရသည်။ 
အပြစ်ကျုးလွန်သူသည် မိမိလက်ကို တိရစြွာန်ခေါင်းပေါ်တင်၍ မိမိအပြစ်များလွှဲအပ်ပူဇော်ခြင်းသည် နေ့စဉ်အပြစ်လွှတ်ရန်အတွက် အပြစ် ဖြေသောယဇ်ပူဇော်ခြင်းဖြစ်၏။ သို့သော်ဣသရေလလူမျိုးတို့အတွက်နှစ် စဉ်ပြုလုပ်လေ့ရှိသော ပူဇော်ခြင်းမူကား ယဇ်ပုရောဟိတ်သည် ပရိတ်သတ် ကိုယ်စား နှစ်စဉ်ခုနှစ်လပိုင်း ပထမဆယ်ရက်နေ့၌ ပူဇော်ခြင်းကို ပြုလုပ် လေ့ရှိ၏၊ 
ဝတ်ပြုရာကျမ်း ၁၆း၂၉-၃၁ကို ကြည့်လျှင် “သင်တို့သည် အစဉ် ဆောင်ရမည့်ပညတ်တော်ဟူမူကားအမျိုးသားချင်းဖြစ်စေ၊သူတို့တွင်တည်း နေသောတပါးအမျိုးသားဖြစ်စေ၊ သတ္တမလဆယ်ရက်နေ့၌ အလုပ်ကိုအ လျင်မလုပ်ခြိုးခြံစွာ ကျင့်လျက်နေရမည်။ အကြောင်းမူကား သင်တို့သည် ထာဝရဘုရားရှေ့တော်၌ အပြစ်ရှိသမျှတို့နှင့်ကင်းစင်မည့်အကြောင်း ထို နေ့ရက်၌ ယဇ်ပုရောဟိတ်သည် သင်တို့ကိုစင်ကြယ်စေခြင်းငှာ အပြစ်ဖြေ ခြင်းကို ပြုရမည်။
ဓမ္မဟောင်းကျမ်းတွင် ဣသရေလလူမျိုးတို့သည် မိမိတို့နှစ်စဉ်အ ပြစ်ဖြေရန်အတွက် ယဇ်ကောင်ကို ယူဆောင်လာပြီး ထိုယဇ်ကောင်၏ ခေါင်းပေါ်၌ မိမိတို့၏လက်ကိုတင်ကာ အကျွန်ုပ်သည် ဤအပြစ်၊ထို အပြစ်တွေပြစ်တွေပြစ်မှားမိပါသည်။ ထို့ကြောင့် အကျွန်ုပ်၏အပြစ်ကို ခွင့် လွှတ်တော်မူပါဟုဝန်ခံကြပြီး ယဇ်ကောင်ကိုသတ်၍ အသွေးကို ယဇ်ပုရော ဟိတ်အား ပေးကာန်ုပ်၏အပြစ်ကို ခွင့်လွတ်လျက်ရှိသည်ဟု ယုံကြည် စွာဖြင့် ပြန်သွားကြ၏။ ဤသို့ဖြင့် ယဇ်ကောင်သည် အပြစ်ရှိသူကိုကိုယ် စားပြု၍ အသေသတ်ခံရလေ့ရှိ၏၊ ဓမ္မဟောင်းတွင် ဘုရားသခင် သတ်မှတ် ထားသောယဇ်ပူဇော်၍ ရသောတိရစ္ဆာန်မှာ ဆိတ်၊ နွား၊ နွားထီးနှင့်သန့် ရှင်း သောအကောင်ဟူ၍ ဖြစ်ပါသည်။ 
အပြစ်ပြုလုပ်သူသည် မိမိအပြစ်ကြောင့် သေရမည့်အစား ထာဝရ ဘုရားက သူတို့ကိုယ်စား တိရစြွာန်အားဖြင့် ပူဇော်ကြရန် ခွင့်ပြုလေ့ရှိ၏။ 
ဤနည်းဖြင့် ဓမ္မဟောင်းကျမ်းတွင် သူတို့အပြစ်ကို ဖြေလေ့ရှိကြ သည်။ သူတို့ကျုးလွန်သော အပြစ်တို့သည် တိရစြွာန်ခေါင်းပေါ်လက်တင် ခြင်းနှင့် ထိုတိရစ္ဆာန်၏အသွေးကို ယဇ်ပုရောဟိတ်အားဖြင့် မိမိတို့လျော် ကြေးအဖြစ်ပေးဆပ်ခြင်းဖြင့် သူတို့အပြစ်ကို ခွင့်လွှတ်လေ့ရှိ၏။ 
သို့သော်လည်း သူတို့၏နေ့စဉ်အပြစ်ဖြေလွှတ်ရန်မဖြစ်နိုင်ပါ။ ထို့ ကြောင့်ဘုရားသခင်သည် ယဇ်ပုရောဟိတ်အား ဣသရေလလူမျိုးနွယ်စု ကိုယ်စားအဖြစ် သတ္တမလ၊ပထမဆယ်ရက်နေ့မှာ အပြစ်ဖြေခြင်းကို ပြု လုပ်စေတော်မူ၏။ 
ထိုသို့ဖြစ်လျှင် အပြစ်ဖြေသောနေ့၌ ယဇ်ပုရောဟိတ်၏ တာဝန် သည် အဘယ်နည်း။ အာရုန်သည် ဦးစွာမိမိလက်ကို တိရစြွာန်ခေါင်းပေါ် တင်လျက် အဖဘုရား၊ ဣသရေလအမျိုးတို့သည် လူ့အသက်ကို သတ်ခြင်း၊ သူ့မယားကိုသတ်မှားခြင်း၊ သူ့သားသမီးကိုပြစ်မှားခြင်း၊ ခိုးခြင်း၊ မမှန်သော သက်သေကိုခံခြင်း၊ သူ့သားသမီးကိုပြစ်မှားခြင်းဖြင့် အပြစ်ကျုးလွန်ကြပါ ၏ဟုဝန်ခံပြီး ယဇ်ကောင်၏လည်းပင်ကိုဖြတ်၍ အသွေးတဲတော်၏ အသန့် ရှင်းဆုံးနေရာမှသေတ္တာပေါ်သို့ ခုနှစ်ကြိမ်ဖြန်းလေ့ရှိ၏။ ခုနှစ်ကြိမ်ဆို သည်မှာ ပြည့်စုံသောနံပါတ်ကို ဆိုလိုခြင်းဖြစ်သည်။ 
ယဇ်ပုရောဟိတ်အာရုန်၏တာဝန်သည် ဣသရေလလူမျိုးအားလုံး ၏အပြစ်ကိုတိရစ္ဆာန်အပေါ် ကျရောက်စေရန်နှင့် ယဇ်ကောင်ကိုကိုယ်စား ပြု၍ ပူဇော်ရန်ဖြစ်သည်။ 
အဘယ်ကြောင့်ဆိုသော် ဘာဝရဘုရားသည် ယဇ်ကောင်ကို လူတို့ ကိုယ်စားပြု၍ သူတို့အပြစ်မှလွတ်မြောက်စေရန် အခွင့်ပေးတော်မူသော ကြောင့်ဖြစ်၏။ ထာဝရဘုရားသည် ကရုဏာကြွယ်ဝသောဘုရားဖြစ်၍ လူ တို့သည်မိမိတို့အသက်ကိုဆက်ကပ်ရန်အလိုရှိသောကြောင့်ဖြစ်သည်။ယဇ်ပုရောဟိတ်သည် အသွေးကို သန့်ရှင်းရာဌာနရှိ သေတ္တာ၏ အရှေ့ဖက်တွင် ခုနှစ်ကြိမ်ဖြန်း၍လူတို့သည် လွန်ခဲ့သောတနှစ်ပတ်လုံး၏ အပြစ်မှအပြစ် ဖြေသောနေ့ သတ္တမလပထမဆယ်ရက်နေ့တွင် လွတ်မြောက်ကြရန် လုပ် ပေးလေ့ရှိ၏။
 
ဓမ္မဟောင်းတွင် ပူဇော်ရာယဇ်ကောင်
သိုးသူငယ်ကား အဘယ်သူနည်း
အပြစ်မရှိသောယေရှု

ယဇ်ပုရောဟိတ်သည် ဣသရေလလူမျိုးများအတွက် အပြစ်ဖြေ သောနေ့၌ ဆိတ်နှစ်ကောင်ကိုယူဆောင်ရမည်။ တစ်ကောင်သည် လွတ် လပ်လဟာအတွက်ဖြစ်၍အဓိပ္ပါယ်မှာသတ်ဖြတ်ရန်ဟူ၍ဖြစ်သည်။ထိုနည်း တူဓမ္မသစ်ကျမ်းအတွက်လွတ်လပ်လဟာ အဓိပါယ်မှာ ယေရှုခရစ်တော် ဖြစ်ပါသည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့ သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင် သည် မိမိ၌တပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။” (ယော ၃း၁၆)
ဘုရားသခင်သည် မိမိ၏တပါးတည်းသောသားတော်ကို သိုးသူ ငယ်ယဇ်သူငယ်အဖြစ်ပေး၍ လူတိုင်းအတွက် အသေခံစေတော်မူ၏။ သူ သည်ယောဟန်အားဖြင့်ဗတ္တဇံကိုခံယူကာလောက၏ ကယ်တင်ရှင်ဖြစ်လာ သည်။ ယေရှု၏အနက်မှာ ကယ်တင်ရှင်ဖြစ်၍ ခရစ်တော်၏ဤနက်ကား ဘိသိတ်ခံယူသော ဘုရင်ဖြစ်သည်။ ထိုကြောင့် ယေရှုခရစ်ဆိုသည်မှာ ကျွန်ုပ်တို့ကို ကယ်တင်ရန် ကြွလာသောဘုရား သခင်သားတော်ဟုဆိုလို ပါသည်။ 
ထို့ကြောင့်ဓမ္မဟောင်းကျမ်းတွင် လူတို့၏နှစ်စဉ်အပြစ်အတွက် အ ပြစ်ဖြေသောနေ့၌လျော်ကြေးပေးလျက်ရှိသကဲ့သို့ ခရစ်တော်သည် လွန်ခဲ့ သောနှစ်နှစ်ထောင်တွင်ဤလောကသို့ကြွလာကာ ဗတ္တိဇံကိုခံပြီး ကားတိုင် ၌အသွေးတော်သွန်းလောင်းခြင်းဖြင့် ကျွန်ုပ်တို့အားလုံး၏အပြစ်ကို ဖြေ လွှတ်ခဲ့သည်။ 
ဤအကြောင်းနှင့်ပတ်သက်၍ဝတ်ပြုရာကျမ်းကိုဖတ်လျှင်“အာရုန် သည် အသက်ရှင်သော ဆိတ်ခေါင်းပေါ်တွင် လက်နှစ်ဖက်ကိုတင်လျက် ဣသရေလအမျိုးသားတို့၏ပြစ်မှားသော အပြစ်အမျိုးမျိုးကိုဖေါ်ပြ၍ ဆိတ် ခေါင်ပေါ်တွင် လက်တင်ထာပြီးလျှင် သင့်တော်သူ၏လက်ဖြင့် (သူတို့အ ပြစ်ရှိသမျှကို လူမနေသောအရပ်သို့ဆောင်သွားသော) ထိုဆိတ်ကို တော သို့ လွှတ်လိုက်လေ၏။” (ဝတ် ၁၆း၂၁-၂၂)
ပရိတ်သတ်အားလုံးတို့၏ အပြစ်သည် တရိစ္ဆာန်ခေါင်းပေါ်သို့ တင် လျက်ရှိသည်ဟု ဖေါ်ပြထား၏။ ဝတ်(၁)၌လည်း ထိုသို့ဖေါ်ပြထားပါသည်။ သူတို့ကျုးလွတ်သမျှသောအပြစ်ဟု ဆိုရာတွင် စိတ်အားဖြင့်ပြစ်မှားသော အပြစ်၊ ဇာတိအသွေးအသားအားဖြင့် ပြစ်မှားသောအပြစ်အားလုံးကို ဆိုလို သည်။သူတို့ကျုးလွန်သမျှသောသောအပြစ်တို့သည်တိရစ္ဆာန် ခေါင်းပေါ်သို့ လက်တင်ခြင်းအားဖြင့် ထိုတိရစြွာန်အပေါ် ကျရောက်လေ၏။
 
 
ပညတ်တော်အားဖြင့် ကျွန်တော်တို့အလုံးစုံကို သိကျွမ်းရမည်
 
ပညတ်တော်ကို ဘုရားသခင်ပေး ရခြင်း၏အကြောင်းရင်းကား အဘယ်နည်း
အပြစ်ဒုစရိုက်၏သဘောကို နားလည်နိုင်ရန်

ဘုရားသခင်ပေးခဲ့သောပညတ်တော် ၆၁၃ မျိုးရှိသည်။ ကျွန်ုပ် တို့သည် ထိုပညတ်များကို ဆင်ခြင်းသောအခါ ဘုရားသခင်က မလုပ်ရ ဟုတားမြစ်သောအရာကိုလုပ်လေ့ရှိ၍ လုပ်ရမည်ဟု မိန့်တော်မူသော အရာကို မလုပ်ပဲနေလေ့ရှိကြသည်ကို သိနိုင်ပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် အပြစ်ရှိသူများဖြစ်ကြ၏။ ဘုရားသ ခင်သည် ကျွန်ုပ်တို့အပြစ်ရှိကြောင်းကို သိမြင်ရန်အတွက် ပညတ်တော်ပေး ထားခဲ့သည်။ (ရော ၃း၂၀) ထိုကျမ်းကို ဆိုလိုရင်မှာ ပညတ်တော်သည် ကျွန်ုပ်တို့အပြစ်သားများဖြစ်ကြောင်းကို သိမြင်စေရန်ပေးထား ခြင်းဖြစ် သည်။ ကျွန်ုပ်တို့ကျင့်နိုင်ကြမည်ဟု သဘောထား၍ပေးခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့အပြစ်ရှိသည်ကို သိမြင်နားလည်နိုင်ရန် ပေးထားခြင်းသာဖြစ် သည်။
ပညတ်တရားတော်တို့ကို ကျွန်ုပ်တို့အားထိန်းသိမ်းစေရန် ပေးခြင်း လည်းမဟုတ်ပါ။ ခွေးသည် လူကဲ့သို့နေနိုင်သည်ဟူ၍ မပြောနိုင်ပါ။ ထို နည်းတူ ကျွန်ုပ်တို့သည် ဘုရားသခင်၏ပညတ်တော်အားဖြင့် အသက်မ ရှင်နိုင်သကဲ့သို့ရှိနေသဖြင့် ကျွန်ုပ်တို့အပြစ်ရှိကြောင်းကို ပညတ်တော်ထဲမှ နားလည်စေရန်သာဖြစ်သည်။ 
ကျွန်ုပ်တို့သည် အပြစ်နှင့်ပြည့်စုံကြသောကြောင့် ဘုရားသခင် သည် ထိုပညတ်တော်ကို ပေးခဲ့၏။ သို့သော်လည်း နားမလည်သည့်အပြင် မမှတ်မိနိုင်ပေ။ သင်သည် လူ့အသက်ကိုသတ်သောသူ၊ သူ့သားမယားကို ပြစ်မှားသောသူ၊ မကောင်းသောဒုစရိုက်ကို ပြုလုပ်သောသူဖြစ်၏။ ဘုရား သခင်က လူ့အသက်ကိုမသတ်နှင့်ဟု မိန့်ဆိုသော်လည်း ကျွန်ုပ်တို့သည် လူ့အသက်ကို စိတ်အားဖြင့်သော်လည်းကောင်း၊ လက်တွေ့အားဖြင့်သော် လည်းကောင်း သတ်လေ့ရှိ၏။
လူ့အသက်ကို မသတ်ရဟု ပညတ်တော်ရှိသည်ကို သိသဖြင့် အို ကျွန်ုပ်တို့သည် လူ့အသက်ကို သတ်မိပါသည်ဟုဆိုကြ၏။ မလုပ်သင့် သောအရာကိုပြုမိသောကြောင့် အပြစ်သားဖြစ်၏။ ဒုစရိုက်ကို ပြုမိသော ကြောင့် အပြစ်သားဖြစ်သည်ဟုဆိုတတ်ကြ၏၊
ထို့ကြောင့် ဣသရေလလူမျိုးဆို့ကို အပြစ်မှကယ်တင်ရန် ဘုရား သခင်သည် အာရုန်အား အပြစ်ဖြေရာယဇ်ပူဇော်ခြင်းကို ခွင့်ပြု၍ တနှစ်တ ခါပရိသတ်အတွက် အပြစ်ဖြေရာယဇ်ကို ပူဇော်လေ့ရှိသည်။ ထိုသို့အပြစ် ဖြေသောနေ့တွင်အပြစ်ဖြေရန်ယဇ်နှစ်ကောင်ကိုထာဝရဘုရားထံသို့ ပူဇော် လေ့ရှိ၏။ 
တကောင်၏ခေါင်းပေါ်တွင် လက်တင်ပြီး လူတို့အားလုံး၏ နှစ်စဉ် အဖြစ်ကို ယူဆောင်သွားပြီဟုဆိုကာ တောသို့လွှတ်ပြီး ကျန်တကောင်ကို ဘုရားသခင်ရှေ့၌ ပူဇော်လေ့ရှိသည်။ ထိုသို့တိရစြွာန်ကို တောသို့မလွှတ်မှီ ယဇ်ပုရောဟိတ်သည် မိမိလက်ကို တိရစ္ဆာန်ပေါ်တင်၍ ဣသရေလလူ မျိုးတို့အဖြစ်ကို ဝန်ခံလေ့ရှိရာအဖဘုရား၏လူတို့သည် သူတပါးအသက်ကို သတ်ပြီး၊ သူ့သားမယားကို ပြစ်မှားလျက် ခိုးယူကြပါသည်။ ရုပ်တုကိုလည်း ကိုးကွယ်ကြပါသည် ဟူ၍ဝန်ခံရမည်။ 
ပါလတ်စတိုင်းပြည်သည် သဲကန္တာရနှင့်လွင်ပြင်သာဖြစ်သည်။ စာ ရေးတံကျသောဆိတ်သည် အဆုံးမဲ့သောလွင်ပြင်သို့ လွှတ်လေ့ရှိရာ ထိုလွင် ပြင်၌သေလေ၏။ ထိုသို့လွတ်ကြစဉ် ဣသရေလလူတို့သည် မိမိတို့အ ပြစ်ကို ယူဆောင်သောယဇ်ဟူ၍ မြင်ကွင်းမှပျောက်သည်အထိကြ၏။ ထို ဆိတ်သည်တော၌သေ၍လူတို့သည် မိမိတို့နှစ်စဉ်အပြစ်မှ ဖြေလွှတ်လျက် ရှိ သည်ဟူသော ငြိမ်သက်ခြင်းကို သူတို့စိတ်ထဲမှာ ခံစာကြ၏။ ယဇ်ကောင် ဆိတ်သည်လည်း လူများ၏တစ်နှစ်တာအပြစ်အတွက်တော၌သေလေ၏။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်ကိုလည်း မိမိ၏သိုးသူငယ် ယေရှုခရစ်အားဖြင့် ဖြေတော်မူ၏။ ဤပြစ်ရှိသမျှတို့သည်သူ၏ဗတ္တိဇံနှင့် အသွေးတော်အားဖြင့် ပြည့်စုံစွာ ဆေးကြောခြင်းခံရပါသည်။
ယေရှုသည် ဘုရားဖြစ်၍ ကျွန်ုပ်တို့၏ကယ်တင်ရှင်လည်းဖြစ် သည်။ သူသည် ဘုရားသခင်၏သားဖြစ်ပြီး ကျွန်ုပ်တို့ကို ကယ်တင်ဖို့ရန် လောကသို့ကြွလာခဲ့သည်။ သူသည် ကျွန်ုပ်တို့အားသူ၏ ပုံသဏ္ဍာန်နှင့် အညီ ဖန်ဆင်းပြီး အပြစ်မှကယ်တင်ရန် လောကသို့ကြွဆင်းလာခဲ့သည်။ 
ကျွန်ုပ်တို့၏ တနေ့တာအပြစ်အတွက်သာမက နောင်အနာဂတ်၏ အပြစ်၊ စိတ်နှစ်လုံး၌ ပြစ်မှားသောအပြစ်နှင့် ကျွန်ုပ်တို့ခန္ဓာကိုယ်အားဖြင့် ပြုသောအပြစ်အားလုံးတို့သည် ခရစ်တော် အပေါ်သို့တင်ထားလျက်ရှိ၏၊ သူသည်ဘုရားသခင်၏စင်ကြယ်ခြင်းကို ပြည့်စုံစေရန်၊ လောက အပြစ်အား လုံးကို ဖြေလွှတ်ရန်ယောဟန်အားဖြင့် ဗတ္တိဇံကို ခံယူတော်မူ၏။
ယေရှုခရစ်သည်ကားတိုင်ပေါ်၌မသေမှီသုံးနှစ်အလိုတွင်အမူတော် စတင်ဆောင်ရွက်ရန် ယောဟန်အားဖြင့် ယော်ဒန်မြစ်တွင် ဗတ္တိဇံခံယူကာ လောကအပြစ်အလုံးစုံကို ယူဆောင်သွားခဲ့သည်။ ကျွန်ုပ်တို့၏အပြစ်ဖြေ လွှတ်ခြင်းသည် သူဗတ္တိဇံအားဖြင့် လူသားများကယ်တင်ခြင်းသို့ ရောက်နိုင် ရန် စတင်ခဲ့ပါသည်။
ယော်ဒန်မြစ်တွင် ယောဟန်သည် ယေရှုခေါင်းပေါ်သို့လက်တင်ပြီး ရေထဲနှစ်ကာဗတ္တိဇံကို ပေးခဲ့ပါသည်။ ဤနည်းသည် ဓမ္မဟောင်းကျမ်းတွင် လူများက မိမိလက်ကို တိရစ္ဆာန် ခေါင်းပေါ်တင်၍ မိမိတို့အပြစ်ကို ဆောင် စေခြင်းဖြစ်သည်။ ရေထဲသို့နှစ်ခြင်းဆိုသည်မှာ မြုပ်နှံခြင်းဟုအဓိပ္ပါယ်ရှိ၍ ပြန်ပေါ်လာခြင်းသည် ရှင်ပြန်ထမြောက်ခြင်းဟု အဓိပ္ပါယ်ရ၏။
ထိုသို့ ယောဟန်ဗတ္တိဇံပေးခြင်းဖြင့် ခရစ်တော်သည် အပြစ်ဆောင် ယူခြင်း၊ကားတိုင်ပေါ် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်း ဟူသောအမှုတော်သုံးမျိုးကိုဆောင်ရွက်ခဲ့ပါသည်။ ယေရှုသည် အပြစ် အား လုံးကယ်တင်သည်ဟူသောဝန်ခံခြင်းနှင့်ယုံကြည်ခြင်းအားဖြင့်သာ ကျွန်ုပ် တို့သည် ကယ်တင်ခြင်းရနိုင်သည်။
ဘုရားသခင်သည် ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ကို ကယ်တင်ရန် ဆုံးဖြတ်တော်မူပြီး ဓမ္မဟောင်းခေတ်မှပေးခဲ့သော ပညတ်တော်ကိုပြီး မြောက်အောင် ဆောင်ရွက်တော်မူ၏၊ ခရစ်တော်သည် ကျွန်ုပ်တော်တို့ အပြစ်နှင့်အတူ ကားတိုင်ပေါ်၌ အသေခံခဲ့သည်။
 
ယေရှုသည် အပြစ်ကို ယူဆောင်ပြီးဖြစ်သဖြင့်
ကျွန်ုပ်တို့၌ မည်သည့်အပြစ်ကျန်ရှိနေဦးမည်နည်း
ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်ကို
ယုံကြည်ရန်သာဖြစ်သည်

(ယော ၁း၁၉) နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယော ဟန်သည်မြင်လျှင် ဤလောက၏အုပြစ်ကို ယူဆောင်သွားသော ဘုရားသ ခင်၏သိုးသူငယ်ကို ကြည့်ကြလော့။ လောက၏အပြစ်ကို ယူဆောင်သွား သော ဘုရားသခင်၏ သိုးသူငယ်ဟုယောဟန် ဆိုခဲ့သည်။ ခရစ်တော်သည် ယော်ဒန်မြစ်၌ ဗတ္တိဇံခံပြီးပြစ်ဟူသမျှကို သူ့အပေါ်သို့ တင်ထားခဲ့သည်။ ဤအရာကိုယုံကြည်သောသူသည်အပြစ်ခွင့်လွှတ်ခြင်းရရှိလျက် ကောင်းချီး မင်္ဂလာခံစားရမည်။ ကျွန်ုပ်တို့သည်နှုတ်ကပတ်တော်၌ ယုံကြည်ခြင်း ရှိရမည်။ မိမိတို့အတွေးအမြင်နှင့်ခေါင်းမာခြင်းတို့ကိုစွန့်ပယ်၍ ခရစ်တော် သည် လောကအပြစ်ကို ဆောင်ယူသွားသည်ဟု ရေးသားထားရှိသော နှုတ် ကပတ်တော်ကို ယုံကြည်ရမည်။ ခရစ်တော်သည်လောကအပြစ်ကို ယူ ဆောင်သွား သည်ဟု ရိုးသားစွာ ယုံကြည်ရမည်။ 
ယေရှုသည် လောကအပြစ်အလုံးစုံ ယူဆောင်သွားသည်ဆိုသော အဓိပ္ပါယ်နှင့်သူသည်ကျွန်ုပ်တို့အတွက်ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတ ရားကို ပြည့်စုံစေသည်ဆိုသော အဓိပ္ပာယ်တို့သည်တူညီသော အဓိပ္ပါယ် များပင်ပြစ်သည်။ 
ထိုနည်းတူ လက်တင်ခြင်းနှင့် ဗတ္တိဇံတို့သည်လည်း အဓိပ္ပါယ်ခြင်း တူပါသည်။ ထို့ပြင်အရာအားလုံးနှင့်အလုံးစုံတို့သည်လည်း အဓိပ္ပါယ်ခြင်း တူကြသည်။ ဓမ္မဟောင်း၏လက်တင်ခြင်းအစား ဓမ္မသစ်၏ဗတ္တိဇံကို အ စားထိုးအသုံးပြုခြင်းဖြစ်ပါသည်။ 
ကျွန်ုပ်တို့သည်စစ်မှန်သောသတင်းကောင်းကိုယုံကြည်လျှင် ကယ် တင်ခြင်းခံရလိမ့်မည်။ စုံလင်သော ရွေးနှုတ်တင်ခြင်းသတင်းကောင်းအ ကြောင်းမှာ ယေရှုသည် ကျွန်ုပ်တို့အပြစ်ကိုဖြေရန် ဗတ္တိဇံနှင့် ကားတိုင်ပေါ် တွင် တရားစီရင်ခြင်းကိုခံခဲ့ပြီဟူ၍ဖြစ်သည်။ 
ခရစ်တော်သည် လောကအပြစ်ကို ဆောင်ယူသွားသည်ဟုဆို ရာတွင်လောကအပြစ်သည်အဘယ်နည်း။ ယော ၁း၂၉ အဓိပ္ပါယ်မှာ ကျွန်ုပ် တို့၏မွေးရာပါ အပြစ်အားလုံးနှင့် မကောင်းသောအကြံအစည်ကို ကြံစည် ခြင်း၊ ခိုးယူခြင်း၊ သူများသားမယားကို ပြစ်မှားခြင်း၊ တပ်မက်ခြင်း၊ မဖြောင့် မတ်ခြင်း၊ မာန်မာနနှင့်စိတ်နှလုံးမမှန်သောအရာတို့ဖြစ်သည်။ ဤသို့ ဆိုရာ တွင် ကျုးလွန်သောအပြစ်ဟူသမျှနှင့် ဇာတိစိတ်အားဖြင့် ပြစ်မှားသော အရာ အားလုံးကို ဆိုလိုသည်။ 
အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေး တော်မူသောဆုကျေးဇူးတော်ကာငါတို့သခင်ယေရှုအားဖြင့် ထာဝရအသက် ပေတည်း။ (ရော ၆း၂၃) အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ။ (ဟေဗြဲ ၉း၂၂) အပြစ်ဟူအမျှသည် လျော်ကြေးပေးရမည်ဟု ဤကျမ်း ပိုဒ်ကပြောထားပါသည်။ ထိုသို့ယေရှုခရစ်သည် လူသားတို့ကိုကယ်တင်ရန် မိမိအသက်ကို ကျွန်ုပ်တို့အပြစ်ကြောင့် တခါတည်းဖြင့် ထာဝရအတွက် ပေးလှူခဲ့ပါသည်။ 
ထို့ကြောင့် ကျွန်ုပ်တို့သည် ဗတ္တိဇံနှင့်အသွေးတော်၏ စစ်မှန်သော ဧဝံဂေလိတရားနှင့် သူ၏ဘုရားဖြစ်ခြင်းကို ယုံကြည်ရန်သာဖြစ်သည်။
 
 
မနက်ဖြန်၏အပြစ်များမှဖြေလွှတ်ခြင်း 
 
အပြစ်အတွက် ယဇ်ပူဇော်ရန်
လိုအပ်ပါသေးသလား
မလိုအပ်တော့ပါ

နေ့စဉ်ပြုလုပ်သောအပြစ်နှင့် ကျွန်ုပ်တို့ အသက်ရှိစဉ်ကာလပတ် လုံး ပြုလုပ်မည့်အပြစ်တို့သည် လောကအပြစ်ထဲ၌ ပါဝင်လျှက်ရှိပါသည်။ လူသည်မွေးသည့်အချိန်မှစ၍အနိစ္စရောက်သည့်တိုင်အောင် ပြုသောအပြစ် တို့သည်လောကအပြစ်ဖြစ်၏။ ထိုအပြစ်သည် ခရစ်တော်၏ ဗတ္တိဇံအား ဖြင့်သူ့အပေါ်တင်ဆောင်သွားခဲ့သည်။ထို့ကြောင့်ကျွန်ုပ်တို့တသက် တာလုံး ပြုလုပ် မည့်အပြစ်များလည်း ယူဆောင်သွားလျက်ရှိပါပြီ။
စစ်မှန်သောဧဝံဂေလိတရားတော် နှုတ်ကပတ်တော်နှင့် သမ္မာ တရားကိုနာခံလိုက်လျှောက်ခြင်းဖြင့်သာ ကယ်တင်ခြင်းရနိုင်သည်။ ကျွန်ုပ် တို့အပြစ်မှကယ်တင်ရန်အတွက်မိမိအတွေးအခေါ်အားလုံးတို့ကို ဖယ်ရှာ သင့်သည်။ မပြုသေးသော အပြစ်တို့သည် အဘယ်နည်းဖြင့် ယူဆောင်ခဲ့သ နည်းဟု မေးရန်ရှိတတ်၏။ ထိုသို့ဆိုလျှင် ခရစ်တော်သည် ကျွန်ုပ်တို့ ပြစ်မှားသည့်အချိန်တိုင်းအသွေးတော်ကို ပြန်လည်သွန်းလောင်းရန်ဤ လောကသို့ ပြန်၍ထကြွတော်မူမည်လော။
ကယ်တင်ပြီးသောကလေးသည်ဧဝံဂေလိတရား၌ပင် အပြစ်ဖြေ လွှတ်ရန်အတွက် တရားရှိသေး၏။ အသွေးတော်မသွန်းလောင်းဘဲအပြစ် လွှတ်ခြင်းမရှိ။ (ဟေဗြဲ ၉း၂၂) တစုံတယောက်သောသူသည် မိမိအပြစ်ကို လွှတ်စေလိုလျှင် မိမိလက်ကို တိရစ္ဆာန်ပေါ်တင်၍ ထိုယဇ်ကောင်းသည် သူ့အပြစ်အတွက်အသေခံလေ့ရှိ၏။
ထိုနည်းတူ သားတော်သည် လူသားအားလုံး၏အပြစ်ကို ကယ် တင်ရန် ဤလောကသို့ ကြွလာပြီး သူသည် အပြစ်များကို ယူဆောင်ရန် ဗတ္တိဇံကိုခံယူ၍ အပြစ်တရား၏အခကို ပေးဆပ်ရန် လက်ဝါးကားတိုင်မှာ အသွေးတော်သွန်းလောင်းလျက်“အမှုပြီးပြီ”ဟုဆိုခဲ့သည်။သူသည် သုံးရက် မြောက်နေ့၌ ထမြောက်ကာအဖဘုရား၏လက်ယာတော်တွင် ထိုင်ပြီး ကျွန်ုပ်တို့၏ ထာဝရကယ်တင်ရှင်ဖြစ်လာသည်။ 
ကျွန်ုပ်တို့သည်အပြစ်မှလွတ်မြောက်ရန်အတွက်မိမိ၌ရှိသောအကြံ အစည်တို့ကို စွန့်ပယ်လျက် နေ့စဉ်အသက်တာတွင် အပြစ်လွှတ်ပြီးဖြစ် ကြောင်း ယုံကြည်ရမည်။ လူတို့၏ဒုစရိုက်အပြစ်များကြောင့် ပေးဆပ်ရ မည့်ယဇ်ပူဇော်ခြင်းသည်တခါတည်းဖြင့် ထာဝရအတွက် ခရစ်တော်ပေး ခဲ့၏။ သူသည်ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ကယ်တင်ခြင်း သည် ပြည့်စုံလျက်ရှိသည်။
“ထိုသူသည် ကျွန်ုပ်တို့လွန်ကျုးသောအပြစ်များကြောင့် ရက် စက်စွာ ရိုက်နှက်ခြင်းဖြင့် ကျွန်ုပ်တို့၏ဝေဒနာများကို ခံစားလေ၏။ ဒဏ် ခတ်တော်မူခြင်းကိုလည်းကောင်း၊ဘုရားသခင်၏နှိပ်စက်ခြင်း၊ နှိမ့်ချခြင်းကို လည်းကောင်း၊ ခံရသောသူဖြစ်သည်ဟု ကျွန်ုပ်တို့သည် ထင်မှတ်ကြပြီး ထာဝရဘုရားသည် ခပ်သိမ်းသောအပြစ်များကို သူ့အပေါ်တွင် တင် တော်မူ၏။” ဟေ ၅၃ ထဲတွင် ကျွန်ုပ်တို့၏ လွန်ကျုးသမျှသောအပြစ်နှင့် လူသားအားလုံး၏ အပြစ်ဟူသမျှသည် ခရစ်တော်ပေါ်သို့ကျ ရောက်သည် ဟုဖေါ်ပြထားသည်။ 
ထိုအကြောင်းနှင့် ပတ်သက်၍ ဓမ္မသစ်ကျမ်း (ဧ ၁း၄) တွင် “ဤ ကမBာမတည်မှီ ကျွန်ုပ်တို့သည် ခရစ်တော်၌ရွေးနှုတ်တော်မူပြီး”ဟု ဆိုသောကြောင့် ကျွန်ုပ်တို့သည် ကမ္ဘာ မတည်မှီကပင် ရွေးနှုတ်ခြင်းခံရ လျက်ရှိ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်အားဖြင့် အပြစ်မရှိ သောသူကဲ့သို့ ရွေးနှုတ်တော်မူသဖြင့် ယခုအခါတွင် ဘုရားသခင်၏နှုတ်က ပတ်တော်၊ အသွေးတော်နှင့်ဝိညာဉ်တော်တို့ကို ယုံကြည်လိုက်နာရမည်။
ဘုရားသခင်၏ သိုးသူငယ်ခရစ်တော်သည် ဤလောက၏အားလုံး သောအပြစ်တို့ကိုယူဆောင်သွား၍ လူအပေါင်းတို့အတွက် အပြစ်ဖြေလွှတ် ခဲ့သည်ဟု ထာဝရဘုရားမိန့်တော်မူ၏ ဤအကြောင်းကို ဟေဗြဲ၊ ၁၀ တွင် ဖေါ်ပြထားသည်။ တနည်းကား ပညတ်တော်တရားသည် နောက်ဖြစ် လတ္တံ့သော မင်္ဂလာအကျိုးတို့၏သေချာသော ပုံသဏ္ဍန်ကိုမပြ၊ အရိပ်ကို သာပြသည်ဖြစ်၍ နှစ်စဉ်မပြတ်ပူဇော်သောယဇ်အားဖြင့် အထံတော်ပါးသို့ ချဉ်းကပ်သောသူတို့ကို စုံလင်ခြင်းအပြစ်၌မတည်စေနိုင်ပါ။ (ဟေဗြဲ ၁၀း၁)
ဤကျမ်းပိုဒ်တွင် ဖေါ်ပြထားသည့်အတိုင်း ဆက်လက်၍ နှစ်စဉ် နှစ်တိုင်း ချဉ်းကပ်ပူဇော်ခြင်းသည် ကျွန်ုပ်တို့ကို မစုံလင်စေနိုင်ပါ။ ပညတ် တော်သည် ကောင်းသောအရာဖြစ်လာရန် အရိပ်သာဖြစ်၍ ကြွရောက်လာ သော ကယ်တင်ရှင်ယေရှုခရစ်သည် ဗတ္တိဇံခံယူခြင်းနှင့် အသေခံခြင်းအား ဖြင့် ထာဝရအသက်ရဖို့ရန် ကျွန်ုပ်တို့၏အပြစ်အတွက် ပေးဆပ်ခဲ့သည်။ 
(ဟေဗြဲ ၁၀) ကိုကြည့်လျှင်တဖန်ခရစ်တော်က အကျွန်ုပ်သည် ကိုယ်တော်၏အလိုတော်ကို အောင်အံ့သောငှာသွားပါဟုဆိုပြီး ဒုတိယဝတ် ကိုတည်စေခြင်းငှာ ပထမဝတ်ကိုပယ်၏။ ထိုအလိုတော်နှင့်အညီ ယေရှု ခရစ်တော်သည် ကိုယ်တော်ကို တခါတည်းပူဇော်ခြင်းအားဖြင့် အကျွန်ုပ် သည် စင်ကြယ်ခြင်းသို့ရောက်ကြ၏။ ယဇ်ပူဇော်ဟိတ်တို့သည် နေ့တိုင်း ဝတ်ပြုလျက်အပြစ် မဖြေနိုင်သောယဇ်ကို အထပ်ထပ်အဖန်ဖန်ပူဇော် လျက်နေရ၏။ ထိုသခင်မူကားအပြစ်ကိုဖြေခြင်းငှာ ယဇ်တကောင်းတည်း ကို ပူဇော်ပြီးသည့်အချိန်မှစ၍ လက်ယာတော်ဖက်တွင် အစဉ်အမြဲထိုင်၍ မိမိရန်သူတို့ကို မိမိခြေတင်ရာမချထားမှီတိုင်အောင် မျှော်လင့်လျက် နေ ၏။ အကြောင်းမူကား စင်ကြယ်သောသူတို့သည် ထာဝရဘုရား၏စုံလင် ခြင်းအကျိုးကို ရစေခြင်းငှာ တခါတည်းပူဇော်ခြင်းကို ပြုတော်မူ၏။ ထိုတို့ နှင့်အညီ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အား သက်သေပေး တော်မူသည်မှာ နောင်ကာလတွင် သင်တို့ကို ငါပေးသောပညတ် တရားဟူ မူကား ထာဝရဘုရားသည် ငါ့ပညတ်တော်တို့ကို သူတို့၏စိတ်နှလုံးထဲ၌ သွင်းပေမည်။ သူတို့စိတ်ဝိညာဉ်၏အပေါ်မှာ ငါရေးထားမည်ဟု အထက်က မိန့်တော်မူပြီးမှ တဖန်သူတို့ဖြစ်မှားခြင်း၊ လွန်ကျုးခြင်းအမျိုးမျိုးတို့ကို ငါမ အောက်မေ့ဘဲနေဟုလာသတည်း။ ထိုအပြစ်ကို လွှတ်ပြီးလျှင် နောက်တ ဖန် အပြစ်ဖြေသောပူဇော်သက္ကာကို ပြုစရာအကြောင်းမရှိပါ။(ဟေဗြဲ ၁၀း၉-၁၈)
ခရစ်တော်သည် သူ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်မှအသွေးတော်အား ဖြင့် လောကအပြစ်အားလုံးကို ကယ်တင်ပြီဟု ယုံကြည်သင့်သည်။
 
 
ကျွန်ုပ်တို့၏စိတ်နှလုံးသားကို စိုးမိုးထားသောကယ်တင်ခြင်း၏ ရေနှင့်ဝိညာဉ်တော်၌ မွေးဖွားခြင်း
 
ကျွန်ုပ်တို့သည် အပြစ်ထပ်မလုပ်သောကြောင့်
ဖြောင့်မတ်သောသူဖြစ်ပါသလား
မဟုတ်ပါ။ ကျွန်တော်တို့သည် ဖြောင့်မတ်ရာသို့ရောက်နိုင် ခြင်းမှာ ယေရှုသည် လောကအပြစ်အားလုံးယူဆောင်သွား သည်ဟု ယုံကြည်သည့်နေရာမှဖြစ်လာသည်။

ယေရှုသည် လောကအပြစ်အားလုံးယူဆောင်သွားသည်ဟု ယုံ ကြည်မှသာလျှင် ကျွန်တော်တို့သည် ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည် ဟုဖြစ်မည်ကိုသင်ယုံကြည်ပါသလား။ နှုတ်ကပတ်တော်မှ ခရစ်တော်သည် ကျွန်ုပ်တို့ကိုကယ်တင်ရန်မိမိကိုယ်တိုင်ဗတ္တိဇံခံယူ၍ကားတိုင်ပေါ်၌အသွေး တော်သွန်းလောင်းသည်ကို သင်ယုံကြည်ပါသလား။ ကျွန်ုပ်တို့သည် ကယ် တင်ခြင်းတရာအားဖြင့်လောကအပြစ်အားလုံးကိုဆေးကြောပြီဟု ယုံကြည် လက်ခံသည့် ချိန်မှစ၍ ဖြောင့်မတ်သောသူများဖြစ်ကြသည်။
ကျွန်ုပ်တို့သည်ပညာတ်တော်ကိုလိုက်နာခြင်းအားဖြင့် ပြည့်စုံခြင်း သို့မရောက်နိုင်ပါ။ သို့သော်ဘုရားသခင်၏လုပ်ဆောင်မှုကို ယုံကြည်ခြင်း အားဖြင့်သာဖြစ်သည်။ ခရစ်တော်သည် ယောဒန်မြစ်တွင် ဗတ္တိဇံခံခြင်းနှင့် ကားတိုင်ပေါ်ဝယ်အပြစ်ဒဏ်စီရင်ခြင်းခံရသောအားဖြင့် ကျွန်ုပ်တို့အပြစ် ကိုဖယ်ရှားပေးလေသည်။ ဤတရားတော်ကို စိတ်နှလုံးအကြွင်းမဲ့ယုံကြည် မှသာ ကျွန်ုပ်တို့သည်အပြစ်မှလွတ်မြောက်၍ ဖြောင့်မတ်သောသူဖြစ်နိုင် သည်။ ဤအကြောင်းကို သင်ယုံကြည်နိုင်ပါသလား။
ခရစ်တော်၏ဗတ္တိဇံနှင့်သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းသည် လူ့ ဘဝ၏အပြစ်ဟူသမျှကိုခွင့်လွှတ်ရန်နှင့်ကယ်တင်ရန်ဖြစ်သည်။ ဘုရားသ ခင်၏အဂါပေချစ်ခြင်းမေတ္တာဖြစ်သော ရေနှင့်အသွေးတော်အားဖြင့် ကျွန်ုပ် တို့ကို ဖြောင့်မတ်ရာသို့ပို့ဆောင်တော်မူခြင်းခံရပါသည်။ 
ကျွန်ုပ်တို့အပြစ်ဆေးကြောရန် ဘုရားသခင်သည်သူ၏ တပါး တည်းသောသားတော် ယေရှုကို ဤလောကသို့ စေလွှတ်တော်မူ၏။ ဘုရား သခင်သည် ယေရှု၏ဗတ္တိဇံအားအားဖြင့် လောကအပြစ်ဟူသမျှ ဆောင်ယူ ရန်နှင့် ရေားစီရင်ရန် အခွင့်ရှိသောကြောင့် စေလွှတ်ခြင်းဖြစ်သည်။ ရေနှင့် အသွေးတော်ကို ယုံကြည်သူတိုင်သည် ဘုရားသခင်၏ဖြောင့်မတ်သော သား၊ သမီးများဖြစ်သည်။
ဟေဗြဲ ၁၀း၁၆၊ ငါသည် ပညတ်တော်ကို သူတို့စိတ်နှလုံးထဲပေး သွင်းမည်။ သူတို့စိတ်ဝိညာဉ် အပေါ်ရေးထားမည်ဟု အထက်ကမိန့်တော် မူပြီ။ကျွန်ုပ်တို့သည် ဘုရားရှေ့မှောက်တွင် ဖြောင့်မတ်သောသူလော။ အ ပြစ်သားလော။အကယ်၍ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်ကို လက်ခံလျှင် ဖြောင့်မတ်သောသူဖြစ်လာမည်။ ခရစ်တော်သည် ကျွန်ုပ်တို့အပြစ်ကို ဆောင်ယူ၍ကားတိုင်တွင်စီရင်ခြင်းဖြင့် သူသည် ကျွန်ုပ်တို့၏ ကယ်တင်ရှင် ဖြစ်လာသည်။ ကျွန်ုပ်တို့သည် နေ့စဉ်အပြစ်ပြုလုပ်လျက်ပင် ဖြောင့်မတ်ရာ သို့မည်ကဲ့သို့ရောက်နိုင်မည်နည်းဟုထင်ကောင်းထင်ကြလိမ့်မည်။ ကျွန်ုပ် တို့သည် မွှေးကစပင် အပြစ်သားများဖြစ်ကြသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြရ၏။
ကျွန်တော်ဟောသည့်အတိုင်း ကယ်တင်ခြင်းမရမီ ကျွန်ုပ်တို့စိတ်နှ လုံးထဲ၌အပြစ်ရှိ၏။ ထိုသို့ဧဝံဂေလိတရားကို စိတ်နှလုံးထဲ၌သွင်းပြီးမှသာ ကျွန်ုပ်တို့သည်အပြစ်မှကယ်တင်ခြင်းခံရမည်။ဧဝံဂေလိတရားကို မသိသေး သောအချိန်တွင်အပြစ်သားဖြစ်၏။ ကျွန်ုပ်တို့သည် ခရစ်တော်၏ကယ် တင်ခြင်းကို ယုံကြည်လက်ခံရာမှ ဘုရားသခင်၏ဖြောင့်မတ်သော သားသ မီးဖြစ်လာသည်။ ထိုကြောင့် တမန်တော်ရှင်ပေါ်လုဟောထားသည့်အတိုင်း ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ရာသို့ရောက်လာကြ၏။ နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့ကို ဖြောင့်မတ်ရာသို့ရောက်နိုင်သည်။
ရှင်ပေါလုအဗြဟံနှင့်ရှေးဘိုးဘေးတို့၏ယုံကြည်ခြင်းသည် သူတို့ ၏လုပ်ဆောင်ချက် ကြောင့်မဟုတ်ဘဲ ဘုရားရှင်၏နှုတ်ကပတ်တော်ကို ယုံကြည်လက်ခံခြင်းကြောင့်သာလျှင် ဖြစ်ပါသည်။
ဟေဗြဲ ၁၀း၁၈ ထိုအပြစ်တို့ကို ခွင့်လွှတ်ပြီးလျှင် နောက်တဖန် အပြစ်ဖြေသောပူဇော်သက္ကာကို ပြုစရာမရှိပါ။ ဤကျမ်းပိုဒ်၌ ရေးသားသ ကဲ့သို့ဘုရားသခင်သည် ကျွန်ုပ်တို့ကို အပြစ်မှကယ်တင်ရန် အလိုရှိကြောင်း သင် ယုံကြည်ပါသလား။
ယေရှုခရစ်၌ရှိသော စိတ်သဘောထားကို သင်တို့၌လည်း ရှိစေကြ လော့။ ထိုသခင်သည် ဘုရားသခင်၏သဏ္ဍာန်တော်၌ ပြည့်စုံတော်မူသည် ဖြစ်၍ ဘုရားသခင်နှင့်ပြိုင်သောအမူကို လုယူခြင်းအမူဟူ၍ မထင်မမှတ် လျက်ပင် မိမိအသရေကိုစွန့်၍အစေခံကျွန်၏သဏ္ဍာန်ကို ယူဆောင်လျက် လူကဲ့သို့ဘွားမြင်ခြင်းကို ခံတော်မူ၏။ ထိုသို့လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေးခံခြင်းသာမဟုတ်။ လက်ဝါးကားတိုင်၌ အသေခံသည့် တိုင်အောင်အစေခံ၍ ကိုယ့်ကိုယ်ကိုနှိမ့်ချတော်မူ၏။ ထို့ကြောင့် ဘုရား သခင်သည် ကိုယ်တော်ကို အလွန်ချီးမြောက်၍ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို ပေးတော်မူ၏။ အကြောင်းမူကား၊ ကောင်းကင် သတ္တဝါမြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသောသတ္တဝါတည်းဟူသော ခပ်သိမ်းသောသတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမကိုဒူးထောက်၍ ယေရှုခရစ် သည် သခင်ဖြစ်တော်မူ၏ဟုနှုတ်နှင့်ဝန်ခံသဖြင့် ခမည်းတော်ဘုရား၏ ဘုန်းအသေတော်ကို ထင်ရှားစေမည့်အကြောင်းတည်း။ (ဖိ ၂း၅-၁၁) 
ယေရှုခရစ်သည် မိမိနာမတော်ကောင်းစားခြင်းအတွက် ယုံကြည် ခြင်းကို ပေးထားခြင်းဟုတ်ပါ။ (ဟေ ၁း၃) သူသည်မိမိကိုယ်ကို အစေခံကဲ့ သို့လည်းကောင်း၊ အစေခံကျွန်သဏ္ဍာန်ကိုဆောင်၍ ဤလောက၌ လူ့ဇာ တိကိုခံယူခဲ့သည်။ သူသည်မိမိကိုယ်ကိုနှိမ့်ချ၍သေသည့်တိုင်အောင် ကျွန်ုပ် တို့ကိုကယ်တင်ရန် လိုက်နာဆောင်ရွက်သောသူဖြစ်သည်။
ထို့ကြောင့် ယေရှုသည် ကျွန်ုပ်တို့၏ဘုရားသခင်၊ ကယ်တင်ရှင် ဘုရားဖြစ်သဖြင့် ချီးမွမ်းသင့်သည်။ အဘယ်ကြောင့်ဆိုသော် ယေရှုခရစ် သည် ခမည်းတော်၏အလိုတော်ကို အဆုံးတိုင်အောင် လိုက်နာသော ကြောင့်ဖြစ်သည်။ အကယ်၍ သူသည် ထိုသို့မပြုခဲ့လျှင် ကျွန်ုပ်တို့သည် ချီး မွမ်းထောပနာပြုနိုင်မည်မဟုတ်ပါ။ သို့သော် သားတော်သည် ဆောင်ရွက် သောကြောင့် ဤလောကရှိ ဖန်ဆင်းထားသောအရာများနှင့် လူအပေါင်း တို့သည် ကိုယ်တော်ကို ချီးမွမ်းကြသည့်နည်းတူ ထာဝရချီးမွမ်းခြင်းကို လည်း ခံတော်မူ၏။
ခရစ်တော်သည် လောကအပြစ်ကို ယူဆောင်သော ဘုရားသခင် ၏သိုးသူငယ်ဖြစ်ပြီး သူသည် ဗတ္တိဇံကိုခံယူခြင်းဖြင့် ကျွန်ုပ်တို့အပြစ်များကို ဖယ်ရှားခဲ့၏။ ဤလောက၏အပြစ်ကို ယူဆောင်သွားသောအချိန်ကမ္ဘာ ပေါ်တွင် အသက်ရှင်နေကြသော လောကသားများ၏အပြစ်များကိုယူ ဆောင်သွားခဲ့ပြီးသည့်အနှစ် ၂၀ဝ၀ ခန့်ရှိပြီဖြစ်သော်လည်း ထိုအရာထဲတွင် ကျွန်ုပ်တို့အပြစ်လည်း ပါဝင်ပါသည်။
 
အပြစ်ထပ်လုပ်လျှင် အပြစ်သား ထပ်ဖြစ်မည်လော
မဖြစ်ပါ။ ယေရှုသည် အတိတ်၊ ပစ္စုပ္ပန်၊
အနာဂတ်အပြစ်အားလုံး ယူဆောင်သွာခဲ့ပြီ

ကျွန်ုပ်တို့အားလုံးသည် မွေးကတည်းကပင် အပြစ်ပါသည့်အား လျှော်စွာ ထိုအ့ပစ်နှင့်မကငါကွာနိုင်ဘဲ အသက်ရှင်သည် မဟုတ်လော။ မှန်ပါသည်။ကျွန်ုပ်တို့အားလုံးသည် အပြစ် သားများဖြစ်သည်။
ယေရှုသည် ကျွန်ုပ်တို့သေဆုံးသည့်အထိ တစ်သက်လုံးအပြစ်ပြု မည်ကိုရှိသောကြောင့် ကြိုတင်၍ကျွန်ုပ်တို့အပြစ်အားလုံးကို ဆောင်ယူခဲ့ သည်။ဤအရာကို ယခုတွေ့ပါသလား။ အကယ်၍ ကျွန်ုပ်တို့သည် အသက် (၇၀)နှစ်ထိ အသက်ရှင်မည်ဆိုလျှင် ကွန်ုပ်တို့အပြစ်သည် အမှိုက်ကား ပေါင်း (၁၀ဝ)ဖြင့် သယ်ဆောင်နိုင်သည်ထက်ပို၍ များလိမ့်မည်။ သို့သော် ယေရှုခရစ်သည် အားလုံးသောအပြစ်အတွက် ဗတ္တိဇခံပြီး အပြစ်စေကြော ရန်အတွက် ကားတိုင်ပေါ်၌ အသွေးတော်သွန်းလောင်းခဲ့သည်။ 
အကယ်၍ ခရစ်တော်သည် ဗီဇအပြစ်ကိုသာယူဆောင်သွားခဲ့လျှင် ကျွန်ုပ်တို့သည်အပြစ်ထဲ၌ကျင်လည်၍ငရဲသို့သွားကြလိမ့်မည်။ ယေရှုသည် ကျွန်ုပ်တို့အပြစ်အားလုံးအတွက် အပြစ်၏အခကို ပေးဆပ်ကြောင်းယုံ ကြည်ရမည်။
ဤလောကတွင် ကျွန်ုပ်တို့သည် အဘယ်မျှလောက်အပြစ်ကို ပြုမိခဲ့ကြသနည်း။ ကျွန်ုပ်တို့ပြုသမျှသောအပြစ်အားလုံးသည် လောကအ ပြစ်ထဲပါဝင်ပါသည်။
ယေရှုသည် ဗတ္တိဇံခံယူရန်ကြွလာသောအခါ ယောဟန်၏စကား သည် ဤအချက်ကို ဆိုလိုခြင်းဖြစ်သည်။ ယေရှုကိုယ်တိုင်က ငါသည် သင် တို့အပြစ်ကိုယူဆောင်သည်ဟုမိန့်တော်မူ၏။ ဘုရားသခင်သည် သူ၏အစေ ခံဗတ္တိဇံဆရာယောဟန်ကို ခရစ်တော်မတိုင်မီစေလွှတ်သဖြင့် သူ့ထံမှ ခရစ်တော်သည်ဗတ္တိဇံကိုခံယူခဲ့တော်မူ၏။ ယောဟန်က ဗတ္တိဇံပေးခြင်း သည် လူ့ဇာတိကို ပုံဆောင်၍ ရေထဲသို့ခေါင်းငုပ်ခြင်းက ခရစ်တော်သည် လူအပေါင်းတို့၏အပြစ် ယူဆောင်ခြင်း ကိုဆိုလိုသည်။
အသက် ၂၀ မှ ၃၀၊ ၃၀ မှ ၄၀ စသဖြင့် ကျွန်ုပ်သားသမီးတို့ ၏အပြစ်များလည်းခရစ်တော်သည်သူ၏ဗတ္တိဇံအားဖြင့် လောကအပြစ် အားလုံးအဖြစ် ယူဆောင်သွားပြီးဖြစ်သည်။ 
အဘယ်သူသည် လောကတွင်အပြစ်ရှိသည်ဟူ၍ ပြောဆိုနိုင်သ နည်း။ ခရစ်တော်သည် လောကအပြစ်ဆောင်ယူသွားကြောင်း ကျွန်ုပ်တို့ သည် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လက်ခံပြီး ခရစ်တော်သည် သူ၏ဗတ္တိဇံ နှင့်မွန်မြတ်သောအသွေးတော်စွန့်ခြင်းအားဖြင့် အပြစ်ဖြေခြင်းကို ပြုလုပ်ခဲ့ ကြောင်း သံသယမရှိဘဲယုံကြည်လက်ခံသည့်ချိန်မှစ၍ ကယ်တင်တော်မူ ခြင်းသို့ ရောက်နိုင်သည်။
လူအပေါင်းတို့သည် မသေချာသောအသက်တာကို မိမိတို့စိတ်ကူး ထင်မြင်ချက်များဖြင့် ရစ်ကတ်ကာမိမိတို့ဘဝသည် စုံလင်သည်ဟု ပြောဆို တတ်ကြ၏။ သို့သောခက်ခဲစွာနှင့် အသက်ရှင်သောသူများလည်းရှိပါ၏။ ကျွန်ုပ်အပါအဝင် လူအပေါင်းတို့သည် ထိုကဲ့သို့မသေချာ မရေရာသောဘ ဝတွင် ရှိကြသည်ဖြစ်၍ သင်သည် အဘယ်ကြောင့် ခရစ်တော်၏ဗတ္တိဇံနှင့် ခရစ်တော်ကို လက်မခံနိုင်သနည်း။
 
 
အပြစ်သား၏ စုံလင်သော ကယ်တင်ခြင်းတရား 
 
ယေရှုက ပေတရုခြေကို အဘယ်ကြောင့်
ဆေးကြောခဲ့သနည်း
ပေတရုအား အနာဂါတ်အပြစ်အားလုံးကိုသူ၏နှစ်ခြင်း မင်္ဂလာအားဖြင့် ဆေးကြောပြီးဖြစ်ကြောင်းကိုပို၍နားလည်
စေလိုသောကြောင့်

ရှင်ယောဟန် ၁၉ ကို ဖက်လျှင်၊ ကိုယ်တော်သည် မိမိလက်ဝါးကပ် တိုင်ကိုထမ်းလျက် ဦးခေါင်းခွံဟူသောအရပ်ကို ကြွသွားတော်မူ၏။ ထိုအ ရပ်၌ဟေဗြဲစကားဖြင့် “ဂေါလဂေါသ”အမည်ရှိ၏။ ထိုအရပ်၌ သူ့ကိုအခြား သောသူနှစ်ယောက်နှင့်အတူ လက်ဝါးကပ်တိုင်တွင် ရိုက်ထားပြီး ထိုသူနှစ် ယောက်အလယ်၌ယေရှုသည် နေရာကျသတည်း။ ပိလတ်မင်းသည်လည်း ကဗည်းလိပ်စာကိုရေး၍လက်ဝါးကပ်တိုင်တော်၏အထက်၌ကပ်၍ လိပ်စာ ချက်ဟူမူကား ယုဒရှင်ဘုရင်နာဇရက်မြို့သားယေရှုဟု ရေးထားသတည်း။ ယေရှုသည်လက်ဝါးကားတိုင်တွင် ရိုက်ထားသောအရပ်သည် မြို့နှင့်နီး သည်ဖြစ်၍ ထိုလိပ်စာကို ဟေဗြဲဘာသာ၊ ရောမဘာသာအားဖြင့် ရေးထား သောကြောင့် ယုဒလူများတို့ဖတ်ကြ၏။ (ယော ၁၉း၁၇-၂၀)
ချစ်မိတ်ဆွေယေရှုခရစ်သည် လောကအပြစ်ကို သယ်ဆောင်ကာ ပိလတ်မင်းကြီးရှေ့တရားပလ္လင်၌ တရားစီရင်ခြင်းခံပြီး လက်ဝါးကားတိုင် တွင် ရိုက်ခြင်းခံခဲ့ပါသည်။
(ယော-အခန်းငယ် ၂၈)ကို ဆက်လက်လေ့လာလျှင် ကျမ်းစာပြည့် စုံစေခြင်းငှာ အမှုရှိသမျှကုန်ဆုံးသည်ကို သိတော်မူလျှင် ရေငတ်သည်ဟု တောင်းတော်မူ၏။ ထိုအရပ်၌ပုံးရည်ဖြင့်ပြည့်သော အိုးတလုံးရှိသည်ဖြစ်၍ ထိုသူတို့သည် ရေမှိုတထွေးကို ပုံးရည်နှင့်ပြည့်စေပြီးလျှင်ဟု သစ်ပင်အ ကိုင်းဖျား၌ တပ်၍ခံတွင်းတော်သို့ ကပ်ထားကြ၏။ ယေရှုသည် အမှုပြီးပြီ ဟု မိန့်တော်မှုလျက်ဦးခေါင်းတော်ကို ငိုက်စိုက်ညွတ်၍ အသက်တော်စွန့် တော်မူ၏။ (ယော ၁၉း၂၈-၂၉) 
အမှုပြီးပြီဟုပြောဆိုကာကားတိုင်ပေါ်၌ သက်တော်စွန့်ခဲ့ပြီးနောက် သုံးရက်မြောက်သောနေ့တွင် သေခြင်းမှရှင်ပြန်ထမြောက်ပြီးကောင်းကင် သို့ တက်သွားတော်မူ၏။ 
ခရစ်တော်၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်အသေခံခြင်းအားသည် ခွဲခြား မရလောက်အောင် ဆပ်စပ်လျက်ရှိသည်။ ယေရှုသည် ကျွန်ုပ်တို့အပြစ်ကို ခွင့်လွှတ်ခဲ့သဖြင့် ဂုဏ်တော်ကို ချီးမွမ်းပါ၏။
ဇာတိသည် ဇာတိအလိုကိုလိုက်၍ အပြစ်ကျုးလွန်ပြီး ထိုဇာတိအ ပြစ်မှကယ်တင်ရန် ယေရှုခရစ်သည် ကျွန်ုပ်တို့အတွက် ဗတ္တိဇံခံလျက်အ သက်တော်ကို စွန့်ခဲ့ပါသည်။ ဤနည်းဖြင့် သူသည် ကျွန်ုပ်တို့ကို ဇာတိအ ပြစ်မှကယ်တင်ခဲ့၏။ အပြစ်လွှတ်ခြင်းသည်ခရစ်တော်၌ပြည့်စုံပြီဟု ယုံ ကြည်သောသူသည် မည်သည့်အချိန်မဆို ကောင်းကင်ဘုံဝင်စားနိုင်သည်။
ခရစ်တော်သည်ဗက်လင်မြို့၌မွေးဖွားပြီးယော်ဒန်မြစ်၌ ဗတ္တိဇံခံ သည်ကိုလည်းကောင်း၊ လက်ဝါးကားတိုင်၌ အသေခံ၍ ရှင်ပြန်ထမြောက် သည်ကိုလည်းကောင်း၊ ယုံကြည်သောသူတို့သည် မည်သည့်အချိန်မဆို ကောင်း ကင်ဘုံသို့ဝင်စားနိုင်သည်။ ထို့ကြောင့် ဘုရားရှင်၏ နာမတော်ကို ထာဝရချီးမွမ်းထောပနပြုကြပါစို့။
ရှင်ယောဟန်၏နောက်ဆုံးခန်းနှင့် ရေးထားသကဲ့သို့ ခရစ်တော် သည် သေခြင်းမှရှင်ပြန်ထမြောက်ပြီးနောက် ဂါလိလဲပြည်မှပေတရုထံသွား လျက် “ရှိမုန်၊ ဤသူတို့သည် ငါ့ကို ချစ်ကြသည်ထက်သာ၍ ချစ်သလော” ဟုမေးလေ၏။ ပေတရုကလည်း “ဟုတ်ပါ၏သခင်-သခင်သိထာသည့်အ တိုင်းကျွန်ုပ်ချစ်ပါ၏”ဟုပြန်ဆိုလေ၏။ သို့ဖြစ်လျှင် ငါ့သိုးကို ကြည့်ရှုလော့ ဟု ခရစ်တော်ကပြန်ပြောလေ၏။ 
ပေတရုသည်ခရစ်တော်၏ဗတ္တိဇံဧဝံဂေလိတရားနှင့်အသွေးတော် ၏ အပြစ်လွှတ်ခြင်းကို သတိရကာ ခရစ်တော်သည် အဘယ်ကြောင့် သူ၏ ခြေဆေးပေးသည်ကို နားလည်သဘောပေါက်သည့်နောက် သူ၏ယုံကြည် ခြင်းသည် ပို၍ခိုင်မာလာသည်။
ယော ၂၁း၁၅ တွင် “ယေရှုက ယောန၏သားရှိမုန်၊ ဤသူတို့သည် ငါ့ကိုချစ်သည် ထက်သင်သည်သာ၍ ချစ်သလောဟု ရှိမုန်ပေတရုအား မေးတော်မူလျှင် ဟုတ်ပါ၏၊ သခင်၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်၏။ ငါ့သိုးသူငယ်တို့ကို ကျွေးမွေး လော့ဟုမိန့်တော်မူ၏။” ယေရှုသည် သိုးသူငယ်တို့အား ပေတရုထံသို့အပ်ရ သည်မှာ ပေတရုသည် တမန်တော်တစ်ယောက်ဖြစ်၍လည်းကောင်း၊ စုံလင်စွာကယ်တင်တော်မူခြင်းခံရသောကြောင့်သော်လည်းကောင်း၊ ပေတ ရုသည် ဖြောင့်မတ်၍ပြည့်စုံသော ဘုရား၏အစေခံ ဖြစ်သည်ကိုလည်း ကောင်းသိတော်မူသောကြောင့်ဖြစ်သည်။
ပေတရုသည် နေ့စဉ်ပြုသောအပြစ်ကြောင့် အပြစ်သားဖြစ်ခဲ့လျှင် ခရစ်တော်က အပြစ်ကယ်လွှတ်ခြင်းတရားကို ဟောမည်မဟုတ်ပါ။ အ ဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ရွေးချယ်သော တမန်တော်တို့သည်ပင် အပြစ်ပြုခြင်းကို ဇာတိအားဖြင့် မထိန်းချုပ်နိုင်ကြသောကြောင့် ဖြစ်သည်။ သို့သော် ခရစ်တော်သည် သူတို့အပြစ်များကို ပျောက်ကွယ်စေသော ဧဝံဂေ လိတရားကို ဟောပြောရန် မိန့်တော်မူ၏၊ အကြောင်းမူကား သူတို့သည် ခရစ်တော်၏ဗတ္တိဇံနှင့်ကားတိုင်မှအသွေးတော်သည် အပြစ်အတွက်အဖိုး အဖပေးခြင်း ဧဝံဂေလိတရားဖြစ်ကြောင်း ဟောပြောရန် အလိုရှိသည်။
 
 
အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏။
 
အပြစ်ပြန်လုပ်မိသောကြောင့်
အပြစ်သားပြန်ဖြစ်နိုင်မည်လော
ပြန်မဖြစ်နိုင်တော့ပါ။ ယေရှုသည်
ကျွန်ုပ်အပြစ်အလုံးစုံကို ယောဒန်မြစ်၌
ဆောင်ယူခဲ့ပြီးဖြစ်သည်

ခရစ်တော်ယေရှုက ပေတရုအား မိန့်တော်မူသောစကားကို သုံး သပ်ကြည့်လျှင် “ယောနသားရှိမုန်၊ ဤသူတို့သည် ငါ့ကိုချစ်သည်ထက် သင်သည် သာ၍ချစ်သလော”ဟု ယေရှုက မေးသောအခါ ရှိမုန်က “ဟုတ် ပါ၏သခင်၊ ကျွန်တော်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏။” ဤကဲ့သို့ဝန် ခံသောစကားသည်မှန်ကန်သောစကားဖြစ်၍အပြစ်ကယ်လွှတ်ခြင်း တရား မှ ထွက်လာသောစကားဖြစ်၏။
ယေရှုက ပေတရုနှင့်အခြားသော တမန်တော်တို့အား သူတို့၏ခြေ ဆေးခြင်းဖြင့် အပြစ်လွှတ်ခြင်းတရားကို မသင်ပေးလျှင် သူတို့သည် ထိုကဲ့ သို့ ဝန်ခံနိုင်မည်မဟုတ်ပါ။
ယေရှုသည် ပေတရုထံသွားကာ သင်သည် ဤသူတို့ထက်သာ၍ ငါ့ကိုချစ်သလောဟုမေးရာတွင် ပေတရုက ထိုသို့မဟုတ်ဘဲ ကျွန်တော် သည် မပြည့်စုံသောအပြစ်သားဖြစ်သည်ဟုဝန်ခံပြီး ကွန်တော်သည် အပြစ် သားဖြစ်၍ ဤသူတို့ထက်သာ၍မချစ်နိုင်၊အကျွန်ုပ်ကို စွန့်တော်မူပါဟုဆို၍ အခြားသို့ပြေးရမည်။ 
ပေတရုသည် အပြစ်လွှတ်ခြင်းတရားကို ခိုင်မြဲစွာ ယုံကြည်သော အစေခံဖြစ်သည်။ ခရစ်တော်၏ကယ်တင်ခြင်းသည် အပြစ်လွှတ်ခြင်းတ ရားတော်မှဖြစ်၍ ထိုကဲ့သို့ ပေတရုသည်လည်း သူ၏နေ့စဉ်အပြစ်များထဲမှ ကယ်လွှတ်ပြီးဖြစ်သည်၊ ပေတရုသည် လောကအပြစ်အားလုံးကို ခွင့်လွှတ် သော ဧဝံဂေလိတရားအားဖြင့်သာ ကယ်တင်ခြင်းရနိုင်ကြောင်းယုံကြည် သောအစေခံဖြစ်သည်။
ပေတရုအဖြေကို စဉ်းစားကြပါစို့၊ သူသည် လူသားအားလုံးကယ် လွှတ်သော ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ကယ်လွှတ်ခြင်းမင်္ဂ လာခံသားသူဖြစ်သည်။
ထို့ကြောင့် ပေတရုက သခင်ကိုယ်တော်သည် အကျွန်ုပ်ချစ် သည်ကို သိပါ၏ဟုပြောဆိုနိုင်ခြင်းဖြစ်သည်။ ဤစကားမှ ယေရုသည် လောကအပြစ်အလုံးစုံယူဆောင်သွားပြီးဟူသော အပြစ်လွှတ်ခြင်း သတင်း ကောင်းကို ယုံကြည်ခြင်းမှလာသောစကားဖြစ်သည်။ ဤအထဲတွင် ခန္ဓာ ကိုယ်အားနည်းမှုကြောင့် အနာဂတ်တွင် ကျုးလွန်မည့်အပြစ်များလည်း ပါ ဝင်သည်။
သင်သည်လည်း ပေတရုကဲ့သို့ ဖြစ်သည်မဟုတ်လော။ လောကအ ပြစ်ကို သယ်ဆောင်သွားသောသခင်ယေရှုကို ယုံကြည်စိတ်ချစွာဖြင့် ချစ်နိုင်မည်လော။ သူ့ကို ယုံကြည်ခြင်းဖြင့် ချစ်ခြင်းမှတပါး အခြားသော နည်းလမ်းမရှိပါ။ 
အကယ်၍ ယေရှုသည် လွန်ခဲ့သောအပြစ်နှင့် မျက်မှောက်အပြစ် သာခွင့်လွတ်ပြီး နောင်အနာဂတ်အတွက် ချန်ထားလျှင် ကျွန်ုပ်တို့သည် ယခုကဲ့သို့ ချီးမွမ်းနိုင်မည်မဟုတ်ပါ။ ထို့အပြင် ကျွန်ုပ်တို့သည် ငါရဲသို့သာ သွားကြလိမ့်မည်။ ထို့ကြောင့် အပြစ်လွှတ်ခြင်းတရားတော်အားဖြင့် ကယ် တင်တော်မူခြင်းသို့ရောက်သည်ကို အမှန်အကန် ဝန်ခံသင့်သည်။
လောကီအသွေးအသားသည် အလွယ်တကူ အပြစ်ပြုနိုင်သော ကြောင့်ကျွန်ုပ်တို့သည်အချိန်တိုင်းအပြစ်ဒုစရိုက်ကိုပြုလေ့ရှိကြ၏။အကယ် ၍အပြစ်လွှတ်ခြင်းတရား၊ ခရစ်တော်၏ဗတ္တိဇံနှင့် အသွေးတော်တို့ကို မယုံ ကြည်ခဲ့လျှင် အဘယ်သူမျှမိမိဘဝတလျှောက်လုံးကယ်တင်ခြင်းသို့ ရောက် နိုင်မည်မဟုတ်ပါ။
ထို့အပြင်ဝန်ချတောင်းပန်းခြင်း၊အချိန်တိုင်းနောင်တရခြင်းဖြင့် အ ပြစ်များထဲမှ လွတ်မြောက်မည်ဆိုလျှင်တခါတရံပျင်းရိ၍ အချိန်တိုင်းဖြောင့် မတ်စွာ အသက်ရှင်နေနိုင်မည် မဟုတ်ပဲ စိတ်ထဲတွင်ပြစ်မှားလိမ့်မည်။
အကယ်၍ ဤအရာသည် မှန်လျှန် ကျွန်ုပ်တို့သည် အပြစ်သားများ ဖြစ်ပြီး သူ၏ချစ်ခြင်းမေတ္တာကိုလည်း နားလည်နိုင်မည်မဟုတ်ပါ။ ထို့အ ပြင် သူ၏ကယ်တင်ခြင်းတရားကို သက်ဆုံးထိတိုင် ယုံကြည်နိုင်မည်မ ဟုတ်ပါ။
ယေရှုသည် ကျွန်ုပ်တို့အား အပြစ်လွှတ်ခြင်း သတင်းကောင်းကို ပေးကာ ထိုသတင်းကောင်းယုံကြည်သူများကို ကယ်တင်ခဲ့သည်။ သူသည် လောကအပြစ်အာလုံး ဆေးကြောခြင်းဖြင့် ပြည့်ဝစုံလင်သော ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်လာသည်။
ထို့ကြောင့် ယုံကြည်သူတို့သည် အရာခပ်သိမ်းကို တတ်စွမ်းနိုင်သ ဖြင့် သူ၏ဗတ္တိဇံတရားနှင့် အသွေးတော်အားဖြင့် အပြစ်ဖြေလွှတ်ကြောင်း ကို လက်ခံယုံကြည်၍ခရစ်တော်၏ချစ်ခြင်းမေတ္တာကိုသာ ချီးမွမ်းကြရ မည်။သခင်ယေရှုပေးသောအပြစ်လွှတ်ခြင်းတရားကိုယုံကြည် သောသူ တိုင်းသည် ခရစ်တော်၏ ထာဝရချစ်ကာ ကယ်တင်ခြင်းမေတ္တာဘောင်ထဲ၌ ရှိသောသူများဖြစ်သည်။
ချစ်မိတ်ဆွေ၊အကယ်၍ ယေရှုသည် အပြစ်အစက်ကလေးတစ် စက်ကို ချန်ထာခဲ့ မည်ဆိုလျှင် သင်ယုံကြည်နိုင်မည်မဟုတ်သည်သာမက အပြစ်လွှတ်ခြင်းတရား၏ သက်သေလည်း ဖြစ်လာနိုင်မည်မဟုတ်ပါ။ ထို့ ပြင် အဖဘုရား၏အစေခံလည်းဖြစ်ဘာနိုင်မည်မဟုတ်ပါ။
သို့သော် အပြစ်လွှတ်ခြင်းတရားကိုယုံကြည်လျှင် သင်သည် လော ကအပြစ်ဟူသမျှထဲမှလွတ်မြောက်လိမ့်မည်။ သင်သည် ကျမ်းစာ၌စစ်မှန် သောပြစ်လွှတ်ခြင်းတရားရေးထားကြောင်းကို နားလည်းသောအချိန်မှစ၍ လောကအပြစ်မှ လွတ်နိုင်ရန်အခွင့်ရှိသည်။
 
 
ငါ့ကိုသာ၍ ချစ်သလော
 
မည်သည့်အရာများက ယေရှုကို သာ၍ချစ်စေသနည်း
ဗတ္တိဇံခံယူခြင်းအားခြင့် ကျွန်တော်တို့၏အပြစ်
များဆေးကြောပေးခဲ့သောသူ၏ ဂရုဏာတော်

ဘုရားသခင်သည် အပြစ်လွတ်ခြင်းတရားကို ယုံကြည်သောသူ တို့ထံသို့ မိမိသိုးသငယ်ကို အပ်နှံလေသည်။ ယေရှုက ပေတရုအား ဤသူ တို့ထက်သာ၍ ငါ့ကို ချစ်သလောဟုသုံး ကြိမ်မေးရာ ပေတရုကလည်း ဟုတ်ပါ၏သခင်၊ ကိုယ်တော်သိတော်မူသည်နှင့်အညီ အကျွန်ုပ် ချစ်ပါသည် ဟု သုံးကြိမ်တိုင်တိုင်ဖြေခဲ့၏။ ပေတရု၏အဖြေကို စဉ်းစားကြပါစို့၊ ဤအ ရာသည်ပေတရု၏စိတ်ထဲမှထွက်လာသော အရာမဟုတ်ဘဲလောက အပြစ် ကို ဖြေလွှတ်သော ဧဝံဂေလိတရားကို ယုံကြည်ခြင်းအားဖြင့်သာ ထွက်လာ ခြင်းဖြစ်သည်။
ကျွန်ုပ်တို့တစုံတစ်ယောက်ကိုချစ်သောအခါထိုအချစ်သည်စိတ်ထဲ မှထွက်လာသော အချစ်ဖြစ်လျှင် ကျွန်ုပ်တို့အားနည်းသောအချိန်တွင် ထိုအ ရာသည်ယိမ်းယိုင်လေ့ရှိတတ်၏။ သို့သော်အချစ်သည် ဘုရားသခင်၌မှီခို ပါက ထိုအချစ်သည်ထာဝရတည်မြဲလိမ့်မည်။ ထိုကဲ့သို အဖဘုရား၏လုံ လောက်သောချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့ကိုအပြစ်အားလုံးမှလွတ် မြောက်စေပြီး ယေရှု၏ဗတ္တိဇံနှင့် ဝိညာဉ်တော်၌တည်သောချစ်ခြင်းဖြစ် သည်။
လောကီအပြစ်လွှတ်ခြင်းတရားမှ ယုံကြည်ခြင်းသည် အဖဘုရား ၏အကြံအစည်နှင့်ချစ်ခြင်းမေတ္တာ၏အစဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့ သည် စိတ်ဖြင့်သာချစ်လျှင် ထိုအချစ်သည် မနက်ဖြန်ပျောက်ကွယ်၍ ဒုစ ရိုက်အပြစ်များဖြင့် ပျောက်ဆုံးလိမ့်မည်။ ယေရှုခရစ်သည် အပြစ်အားလုံး၊ ဗီဇအပြစ်၊ လွန်ခဲ့သောအပြစ်၊ မနက်ဖြန်အပြစ်တို့ကိုပါ ဆေးကြောခဲ့သည်။ သူ၏ ပြည့်စုံ သောကယ်တင်ခြင်းကြောင့် ဤလောက၌ မည်သည့်အပြစ်မှ ကျန်ရစ်တော့ပါ။
အကယ်၍ ကျွန်ုပ်တို့၏ချစ်ခြင်းနှင့်ယုံကြည်ခြင်းသည် မိမိတို့စိတ် ဆန္ဒ၌သာမှီခိုလျှင် ယုံကြည်ခြင်းနှင့်ဆုံးလိမ့်မည်။ သို့သော် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည်ခရစ်တော်ပေးသောအပြစ်လွတ်ခြင်းတရား၌ တည်ရှိ သောကြောင့် သန့်ရှင်းသောအဖဘုရား၏သားပြစ်ကြပြီ။ အကြောင်းမူကား ကျွန်ုတို့သည် ကယ်တင်ခြင်းဖြင့်ဝိညာဉ်တော်၌ အပြစ်မရှိဟု ယုံကြည်ကြ သောကြောင့်ဖြစ်သည်။
ကယ်တင်ခြင်းသည် မိမိကိုယ်ကို ယုံကြည်စိတ်ချခြင်းမှလာခြင်းမ ဟုတ်ပါ။ အဖဘုရား၏ချစ်ခြင်းမှလာခြင်းဖြစ်၍ သူ၏ပညာတ်တော်သည် မှန်ကန်ပြီးမပြည့်စုံသော ကျွန်ုတို့အား ဖြောင့်မတ်ရာသို့ရောက်စေသည်။ နောက်ဆုံးတွင်ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်စား၍ ထာဝရ ဘုရားအား အဆုံးမရှိ ချီးမွမ်းကြလိမ့်မည်။ ဤအရာကို ယုံကြည်ပါသလား။
၁ ယော ၄း၁၀ တွင် သင်တို့သည် ငါ့ကိုချစ်သည်မဟုတ်။ ငါသည် သင်တို့ ကိုချစ်သည်ဟုခရစ်တော်မိန့်တော်မူ၏။ဤချစ်ခြင်းတွင် သင်တို့သည် ငါ့ကို ချစ်သည်မဟုတ်၊ ငါသည် သင်တို့ကိုချစ်သည် ဟုဆို၏။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သူ၏ဗတ္တိဇံနှင့် အသွေးတော်အားဖြင့် ဖြစ်သောအပြစ် လွှတ်ခြင်းကို ယုံကြည်သင့်သည် မဟုတ်ပါသလား။ 
ထာဝရဘုရားသည်အပြစ်လွှတ်ခြင်းတရားဖြင့်ကျွန်ုပ်တို့ကိုမကယ် တင်ခဲ့လျှင် ကျွန်ုပ်တို့သည် စိတ်အားထက်သန်စွာဖြင့် မည်မျှပင်ယုံကြည် စေကာမူ ကယ်တင်ခြင်းရမည်မဟုတ်ပါ။ သို့သော် ယေရှုသည် စိတ်ဖြင့် ပြစ်မှားသောအပြစ်နှင့်လက်တွေ့ပြစ်မှားသောအပြစ်တို့ကိုသူ၏ဗတ္တိဇံအား ဖြင့် ဆေးကြောခဲ့ပြီးဖြစ်သည်။
ယုံကြည်လက်ခံရုံဖြင့် ဖြောင့်မတ်ရာရောက်ရာခြင်းသည် ရေနှင့် ဝိညာဉ်တော်လွှတ်ခြင်းတရားကို ယုံကြည်ခြင်းဖြင့်ဖြစ်လာသည်။ လောကီ အပြစ်မှ လွတ်ခြင်းတရားသည် ခရစ်တော်၏ဗတ္တိဇံနှင် အသွေးတော်၌သာ ရှိသည်။ အပြစ်လွတ်ခြင်းတရားသည် မှန်ကန်ပြီး စစ်မှန်သော ကယ်တင် ခြင်း၏အရင်းလည်းဖြစ်ကာဘုရားရှင်နိုင်ငံတော်သို့ဝင်စားမယ့်“သော့ချက်” လည်းဖြစ်သည်။
 
 
ဇာတိယုံကြည်ခြင်းကို စွန့်ပစ်ရမည်
 
စစ်မှန်သောယုံကြည်ခြင်းသည် မည်သည့်
အရပ်မှလာမည်နည်း
ကျွန်ုပ်တို့အပြစ်အလုံးစုံကို ဆေးကြောပေးသော
ဘုရားသခင်၏ချစ်ခြင်းမှ

တစုံတယောက်စိတ်ထဲမှ ထွက်လာသောအရာသည် စစ်မှန်သော ယုံကြည်ခြင်းနှင့် ချစ်ခြင်းမဟုတ်။ ဤလောကတွင် လူများစွာတို့သည် ပထမဆုံးခရစ်တော်ကို မိမိတို့ဆန္ဒဖြင့်ယုံကြည်ကြပြီး၊ နောက်ဆုံး၌မိမိစိတ် နှလုံးပြစ်မှားမူကြောင်း စွန့်လွတ်လေ့ရှိတတ်ကြသည်။
သို့သော်ယေရှုခရစ်သည် လောကအပြစ်အရေးမပါသောအပြစ် သာမဟုတ် ကြီးမားသည့် အပြစ်အားလုံးတို့ကိုပါ ဆောင်ယူကြောင်းကျွန်ုပ် တို့သိသင့်ပါသည်။
(ယော ၁၃) တမန်တော်များအား သူ၏ကယ်တင်ခြင်းအရေးကြီး သည်ကို သွန်သင်ရန် ယေရှုသည် လက်ဝါးကားတိုင်တွင်အသေမခံမှီ တမန် တော်တို့ကို အတူတကွ စုဝေးစေခဲ့သည်။ ညသာမစားခင် သူတို့ခြေကိုဆေး ကြော်ပေးခြင်းသည် သူ၏ကယ်တင်ခြင်းကို ဖေါ်ပြထားခြင်းဖြစ်သည်။ ခရစ်တော်က တပည့်တော်တို့ခြေဆေးခြင်းဖြင့် သင်ပေးသော အပြစ်လွှတ် ခြင်း တရားကို ကျွန်ုပ်တို့ နားလည်းယုံကြည်သင့်သည်။
သို့သော် ယေရှုကပေတရု၏ခြေကို ဆေးကြောသည့်အခါ အစပိုင်း တွင် “အကျွန်ုပ်တို့ခြေကိုမဆေးရ” ဟုအခိုင်အမာငြင်ဆိုးခဲ့သည်။ ဤရာ သည်မိမိစိတ်၌မွေးဖွားလာသောယုံကြည်ခြင်းကိုဖေါ်ပြ၏။“သင်သည် ငါပြု သည်ကို ယခုနားမလည် နောက်မှနားလည်လိမ့်မည်” ဟုယေရှုခရစ်မိန့် တော်မူ၏။
ကယ်တင်ခြင်းတရားနှင့် နှုတ်ကပတ်တော်ကို ရေနှင့်ဝိညာဉ်တော် အားဖြင့်ကျွန်ုပ်တို့နားလည်နိုင်သည်။ ရေ၌ကယ်တင်ခြင်းတရားနှင့် ဝိညာဉ် တော်၊အပြစ်သားများကို ဖြောင့်မတ်စေသောအပြစ်လွတ်ခြင်းတရားတို့ သည် သမ္မာတရားပင်ဖြစ်သည်။
ပေတရုနှင့်တပည့်တော်တို့သည် ယေရှုနှင့်မတွေ့ဆုံမှီ ငါးမျှာရန် ထွက်သွားကြ၏။ ထိုအချိန်တွင် ယေရှုသည် ပေါ်လာ၍ပေတရုကိုခေါ်၏။ ခရစ်တော်သည် သူ၏တပည့်တော်များတော်များ ထံ၌ပေါ်လာ၍ နံနက် စာစားသောက်နေချိန်တွင် ပေတရု “ငါပြုလုပ်သည်ကို ယခု နားမလည်၊ နောက်မှနားလည်လိမ့်မည်”ဟု တပည့်တော်တို့ခြေဆေးကြောစဉ်ပြော သောယေရှုနှုတ်ကပတ်တော်၏ အဓိပ္ပါယ်ကို သဘောပေါက်လာလေသည်။
“သခင်ယေရှုသည် ပေတရု၏အပြစ်အားလုံး ဆေးကြောရာတွင် အားနည်းမှုကြောင့် ပြုမိသောအပြစ်များနှင့် နောင်တွင် ပြုလုပ်မည့်အပြစ် တို့ကိုပါ ဆေးကြောခဲ့သည်။” ထို့ကြောင့် ပေတရုသည် မိမိစိတ်ဆန္ဒ၏ ယုံကြည်မှုကိုစွန့်ပြစ်ပြီးခရစ်တော်၏ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် အပြစ် လွှတ်ခြင်းတရားကို ယုံကြည်လာသည်။
ထမင်းစားပြီးသော်၊ယေရှုကပေတရုအား ဤသူတို့ထက်သင်သည် သာ၍ငါ့ကို ချစ်သလောဟု မေးလေ၏။ ယခုမူကား ပေတရုသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာဖြင့်ဟုတ်ပါ၏။ သခင်၊ အကျွန်ုပ်တို့ချစ်သည် ကိုကိုယ်တော်သိ၏ဟုခိုင်မာစွာ ဝန်ခံခဲ့သည်။ ပေတရုသည် ခရစ်တော်မိန့် ဆိုသော သင်သည် နောက်မှသိလိမ့်မည်ဟု ဆိုလိုသောစကားကို သတိရ သောကြောင့် ဤသို့ပြောဆိုခြင်းဖြစ်၏။ သူသည်စစ်မှန်သော ယုံကြည်ခြင်း သည် ခရစ်တော်၏ဗတ္တိဇံနှင့်အသွေးတော်၊ အပြစ်လွှတ်ခြင်းတရား၌ဖြစ် သည်ဟု ဝန်ခံခဲ့သည်။
 
 
သူသည် ဘုရားသခင်၏စစ်မှန်သော အစေခံဖြစ်လာသည်
 
ထို့နောက်ပေတရုနှင့်အခြားသောတမန်တော်တို့သည် အသက် တာတလျှောက်လုံး ဧဝံဂေလိတရားကို ဟောပြောခဲ့၏။ ခရစ်ယာန်များကို နှိပ်စက်သော တမန်တော်ရှင်ပေါလုကလည်း ရောမအင်ပါယာတွင် ဧဝံဂေ လိတရားဖြစ်သောရေနှင့်ဝိညာဉ်တော်သတင်ကောင်ကိုဟောပြောခဲ့သည်။
 
မည်သည့်နည်းအားဖြင့် စစ်မှန်သော
အစေခံဖြစ်လာနိုင်မည်နည်း
အပြစ်ဖြေလွတ်ခြင်းကိုယုံကြည်ခြင်းအားဖြင့်

ခရစ်တော်၏တမန်တော် (၁၂) ပါးထဲမှ ယုဒရှကာရုတ်သည် ယေရှုကို ငွေဒင်္ဂါး ၃၀ ဖြင့် ရောင်းစားပြီးနောက် မိမိကိုမိမိ ဆွဲကြိုးချ၍ သေ လေ၏။ ထိုသူအစားတမန်တော်ပေါလု ဝင်လာသည်။ တမန်တော်တို့သည် သူတို့ထဲမှမာသိကိုရွေးချယ်သော်လည်း ဘုရားသခင်သည် ပေါလုကို တမန် တော်ရွေးချယ်ကာကျန်သောတမန်တော်တို့နှင့်အတူ အပြစ်လွတ်ခြင်းတ ရားကို ဟောကြားစေခဲ့သည်။
တမန်တော်အများစုသည်မတုရအဖြစ်အသတ်ခံရသော်လည်း သူ တို့သည် ယုံကြည်ခြင်းကို မစွန့်လွှတ်ဘဲ ဧဝံဂေလိတရားကိုဆက်၍ ဟော ကြားခဲ့ကြသည်။ 
သူတို့ဟောသောတရားမှား ခရစ်တော်သည် သင်၏အပြစ်အားလုံး ကို သူ၏ဗတ္တိဇံနှင့်အသွေးတော်ဖြင့် ဆေးကြောပေးသည်။ သင်သည် ခရစ် တော်၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်အသွေးတော်ကိုယုံကြည်လျှင် ကယ်တင် ခြင်းရရှိလိမ့်မည်ဟူ၍ဖြစ်သည်။
လူများစွာတို့သည် ဧဝံဂေလိတရားကို ကြားနား၍ ယုံကြည်ကြ သဖြင့် ကယ်တင်ခြင်းကို ယုံကြည်ကြသည်။ ဤအရာသည် ခရစ်တော်၏ ဗတ္တိဇံ၊ အသွေးတော်၌ဝိညာဉ်တော်နှင့်ယုံကြည်ခြင်း၏ တန်ခိုးတော်ပင်ဖြစ် သည်။ 
တမန်တော်တို့သည် ရေနှင့်ဝိညာဉ်တော်အားဖြင့် ကယ်တင်ခြင်း တရားအရ ခရစ်တော်သည် ကယ်တင်ရှင်ဖြစ်သည်ဟု ဟေုပြောကြ၏။ ဤကြောင်းမူကားသူတို့သည်ရေနှင့်ဝိညာဉ်တော်တရားကိုလက်ခံကြသည် ဖြစ်၍ ခရစ်တော်၏အသွေးတော်နှင့် ဗတ္တိဇံခံခြင်းဖြင့် ကယ်တင်ခြင်းကို ကျွန်ုပ်တို့ယခုကြားနိုင်ခွင့်ရှိသောကြောင့် ကယ်တင်ခြင်းသို့ ရောက်နိုင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ပြည့်ဝသောချစ်ခြင်းမေတ္တာနှင့် ယေရှုခရစ်၏ တ မန်တော်များဖြစ်လာကြသည်။ 
ခရစ်တော်သည် လူသားအားလုံးကို အလွန်ချစ်တော်မူသော ကြောင့် ရေနှင့်ဝိညာဉ်တော်အားဖြင့် အပြစ်မှလွှတ်ခြင်းတရားကို ဟော ပြောခြင်းဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်သောတမန်တော်များ ဖြစ်လာ သည်ကို သင်ယုံကြည်ပါသလား။ စစ်မှန်သောသတင်ကောင်းကို သင်ကြား နိုင်ရန် ခရစ်တော်သည် တမန်တော်တို့၏ခြေကို ဆေးပေးခြင်းဖြစ်သည်။ 
ခရစ်တော်သည် တမန်တော်တို့၏ခြေကိုဆေးခဲ့သည်မှာ လောက အပြစ်အလုံးစုံနှင့် ကျွန်ုပ်တို့ ဘဝတလျှောက်ပြုမိသောအပြစ်ဟူသမျှတို့ အားသူ၏ဗတ္တိဇံခံယူချိန်နှင့်ကားတိုင်ပေါ် အသေးခံခြင်းအားဖြင့် အဆုံးသန် ပြီးဖြစ်ကြောင်းဆိုလိုသည်။ ယေရှု၏ချစ်ခြင်းနှင့်အပြစ်ဖြေ လွှတ်ခြင်း ကြောင့် ကျွန်တော်တို့သည် ယခု ဝမ်းမြောက်လျက်ရှိကြပါသည်။ 
ခရစ်တော်သည် တမန်တော်တို့၏ ခြေကိုဆေးကြောခြင်းအားဖြင့် ကျွန်ုပ်တို့အားအရာနှစ်ခုကိုသင်ကြားပေးလေ၏။ပထမအချက်မှာ ယေရှုက လည်း သင်သည် ငါပြုစောအမူကို ယခုနားမလည်၊ နောက်မှသိလိမ့်မည်ဟု မိန့်တော်မူသကဲ့သို့ ကျွန်ုပ်တို့၏အပြစ်အလုံးစုံသည် အပြစ်လွှတ်ခြင်းတ ရား၊ခရစ်တော်၏ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ဆေးကြောခြင်းဖြစ်သည်။ 
ဒုတိယအချက်မှာ ယေရှုခရစ်သည် အပြစ်သားများအားကယ် တင်ပြီး ဖြောင်မတ်သောသူဖြစ်စေဖို့ရန် မိမိကိုယ်ကိုနှိမ့်ချပြီး ကားတိုင်၌ အသေခံခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အခြားသူတို့အား အပြစ်လွှတ် ခြင်းတရားကို ဟောပြောခြင်းဖြင့်သူတို့ကို ယုံကြည်ခြင်း သို့ရောက်သည်အ ထိ ဝေငှရန် တာဝန်ရှိသည်။
ပသခါပွဲတွင် ယေရှုက တမန်တော်များခြေဆေးခြင်း၏ အနက်အ ဓိပ္ပါယ်ကို ယနေ့အသင်းတော်အတွင်း၌ တသည်ရှိနေကြောင်းတွေ့ရှိ နိုင်ပါသည်။
တပည့်သည် ဆရာထက်မသာနိုင်ပါ။ ထို့ကြောင့် ဧဝံဂေလိတရား ကို ဟောပြောရာတွင် ကျွန်ုပ်တို့သည်ခရစ်တော်၏အစေကို ခံခြင်းသာဖြစ် သည်။ ကယ်တင်ခြင်းရသူများသည်နောက်မှ လာသောသူတို့ကိုကြိုဆိုသင့် ၏။ ခရစ်တော်သည် သူ၏တမန်တော်တို့ခြေဆေးပေး ခြင်းအကြောင်းကို ကျွန်ုပ်တို့သင်ပြရမည်။ ထို့ပြင်ပေတရု၏ခြေကိုဆေးခြင်းဖြင့် သူသည် ပြည့် စုံသော ကယ်တင်ရှင်ဖြစ်ကြောင်းနှင့်နောင်တွင် လှည့်ဖျားခြင်းမခံရစေ၍ သင်ပေးရမည်။ 
ရေနှင့်ဝိညာဉ်တော်အပြစ်လွှတ်ခြင်းတရားကို ယုံကြည်ခြင်းဖြင့် သင်သည် ကယ်တင်ခြင်းသို့ရောက်နိုင်သည်။ ယေရှုခရစ်သည် သူ၏ဗတ္တိဇံ၊ လက်ဝါးကားတိုင်ပေါ်အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းအား ဖြင့် ကျွန်ုပ်တို့အပြစ်ဆေးကြော်ခဲ့ကြောင်း ယုံကြည်သောသူတို့သည် လော ကအပြစ်မှ ကယ်တင်ခြင်းသို့ရောက်ကြ၏။
 
 
နေ့စဉ်အပြစ်ကို ဆေးကြောပေးသော ဧဝံဂေလိတရားကို ယုံကြည်ခြင်း
 
အပြစ်လွတ်ခြင်းတရား၊ ရေနှင့်ဝိညာဉ်တော်ကို ယုံကြည်ခြင်းအား ဖြင့် ကျွန်ုပ်တို့သည် စာတန်၏လိမ်လည်လှည့်စားမှုကို အောင်နိုင်သည်။ စာတန်သည် လူကို လွယ်ကူစွာ လှည့်စားလေ့ရှိသည်။ ဇာတိသည် လော ကအပြစ်နှင့် မကင်ကွာသည်ကို သိလျက်နှင့် မည်သည့်နည်းဖြင့် အပြစ် မရှိသောသူဖြစ်နိုင်ကြမည်နည်း။ အမှန်စင်စစ်လူအပေါင်းတို့သည် အပြစ် သားများဖြစ် ကြ၏။ 
ဤအဖြေကို သိနိုင်ရန်ခရစ်တော်သည် သူ၏ဗတ္တိဇံအားဖြင့် အပြစ် ဟူသမျှ ယူဆောင်သွားသည်ကိုလျက်နှင့် မည်သို့ဖြင့် ယုံကြည်သူတို့သည် အပြစ်ရှိဦးမည်နည်း။ ယေရှုသည် အပြစ်၏အဖိုးအခကို ပေးဆပ်ခဲ့သည် ဖြစ်၍ အပြစ်၏အခကို ကျွန်ုပ်တို့ ပေးဆပ်ရန်လိုပါသေးသလား။ အကယ်၍ ရေနှင့်အသွေးတော်ကို မယုံကြည်ခဲ့လျှင် စာတန်၏စကားသည် စဉ်းစား စရာဖြစ်လာလိမ့်မည်။ သို့သော် ကျွန်ုပ်တို့၌ ဧဝံဂေလိတရားရှိပြီးသမ္မာတ ရား၌ မယိမ်းယိုင်သော ယုံကြည်ခြင်းရှိလျှင် စဉ်းစားရန်မလိုပါ။ 
ထို့ကြောင့် ကျွန်ုပ်တို့သည် ရေနှင့်အသွေးတော်အားဖြင့် ကယ်တင် လျက်ရှိပြီး ဧဝံဂေလိတရား၌ယုံကြည်ခြင်းရှိသည်။ စစ်မှန်သောယုံကြည် ခြင်းသည် ခရစ်တော်၏ဗတ္တိဇံအသွေးတော်နှင့် ရှင်ပြန်ထမြောက်ခြင်း၌ သာရှိသည်။
သန့်ရှင်းသောတဲတော်ပုံစံကို လေ့လာကြပါစို့။ ထိုတဲတော်သည် နှစ်ပိုင်းခွဲ၍ အပြင်ဖက်အခန်းသည် သန့်ရှင်းရာဌာနဟုခေါ်ကာ အတွင်ဖက် အပိုင်း၏ ပဠိညာဉ်သေတ္တာထားသည့်အခန်းကို အသန့်ရှင်းဆုံးအပိုင်းဟု ခေါ်သည်။
သန့်ရှင်းသောထဲတော်အပြင်ဖက်၌ တိုင်အလုံးပေါင်း (၆၀) ရှိ၍ သန့်ရှင်းသောအခန်း(၄၈)ခန်းရှိပါသည်။ နှုတ်ကပတ်တော်ကို နားလည်းရန် အတွက် စိတ်နှလုံးအားဖြင့် သန့်ရှင်းသောထဲတော်ပုံကိုသိသင့်သည်။
 
 
တဲတော်၏တံခါးသည် မည်သည့်အရာဖြင့် ပြုလုပ်ထားသနည်း
 
တဲတော်၏တံခါးသည် မည်သည့်အရာဖြင့်
ပြုလုပ်ထားသနည်း
အပြာရောင်၊ ခရမ်းရောင်၊ ကြက်သွေး
ရောင်နှင့်အဖြုရောင်ချည်ထည်တို့ဖြင့်

တဲတော်၏ တံခါးအကြောင်ကို (ထွက် ၂၇း၁၆) ၌ ဖေါ်ပြထား၏။ “ခြံဝင်းတခါး၌ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည် ပိတ်စချောဖြင့်စည်းပြီး ချယ်လှယ်သောကုလားကာ၊ အတောင်နှစ်ဆယ်နှင့် အတူ တိုင်လေးတိုင်ခြေစွပ်လေးခုရှိရမည်။” တဲတော်တံခါးအတွက် အသုံး ပြုသည့်အရာများမှာအပြာ၊ခရမ်းနှင့်ကြက်သွေးရောင်ချည်မျှင်နှင့်ပိတ်ချော ထည်စသည်တို့ဖြစ်သည်။ ထိုအရာသည်ရှုပ်ထွေးစွာတောက်ပသောအ ရောင်နှင့် ယက်လုပ်ထားသည့် ထည်ဖြစ်သည်။
ဘုရားသခင်သည် မောရှေအားအပြားရောင်၊ ခရမ်းရောင်၊ ကြက် သွေးရောင်ချည်မျှင်ပိတ်ချောထည်စသည်တို့ဖြင့် တောက်ပစွာယက်ရန် အ မိန့်ပေးတော်သည်မှာဝင်ပေါက်ကို လွယ်ကူစွာမြင်နှိင်ရန်ဖြစ်သည်။ ထိုအ ရောင်အမျိုးမျိုးဖြင့်ယက်လုပ်ထားသောအထည်ကိုတိုင်လေးတိုင်၌ ချိတ်ဆွဲ ထား၏။
ဤအရာတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းအတွက် အစီအ စဉ်ကို ဖော်ပြပြီး သူသည် ခရစ်တော်၏ဗတ္တိဇံ၊ အသွေးတော်နှင့် ဘုရားဖြစ် ခြင်းတို့ကိုသားတော်အားဖြင့် ယုံကြည်လက်ခံသောသူတိုင်း ကယ်တင် တော်မူခြင်းခံရန်ဖြစ်သည်။ 
ထို့နောက် သန့်ရှင်းသောတဲတော်အတွက် အသုံးပြုသောအရာ သည် အဓိပ္ပါယ်အသီးသီးရှိကြပြီး ဘုရားသခင်၏အစီအစဉ်နှင့် နှုတ်ကပတ် တော်ကို ညွှန်ပြကာလူသားတို့သည် ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းရ လိမ့်မည်ဟု အဓိပါယ်ရ၏၊
သန့်ရှင်းသောတဲတော်တခါးအတွက် ပစ္စည်းဘယ်နှစ်မျိုးအသုံးပြု သနည်း။ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်နှင့်ပိတ် ချော်တို့ဖြစ်သည်။ဤလေးမျိုးတို့သည် ကယ်တင်ခြင်းတရားနှင့် ယုံကြည်မှု တွင် ထူးခြားစွာအထောက်အကူပြုသည်။ အကယ်၍ ဤအရာသည် အရေး မပါလျှင် ကျမ်းစာထဲ၌ အသေးစိတ်မှတ်တမ်းတင်မည်မဟုတ်ပါ။
သန့်ရှင်းသော တဲတော်တခါးအတွက် အသုံးပြုထားသောအရာတို့ သည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းကို ညွှန်ပြပါသည်။ ထို့ကြောင့် ဘုရားသ ခင်သည် မောရှေအား ဤအရာတို့ကို အမိန့်တော်အတိုင်း ပြုလုပ်စေခြင်း ဖြစ်သည်။
 
 
ဧဝံဂေလိတရားတွင် အပြာရောင်၊ ခရမ်းရောင်နှင့်နီသော အရောင်တို့သည် မည်သည့်အရာကို ဆိုလိုသနည်း
 
တဲတော်အတွက် အသုံးပြုသောအရာများ သည် မည်သည့်အရာကို ပုံဆောင်သနည်း
အသွေးတော်နှင့်ဗတ္တိဇံအားဖြင့် ယေရှု၏
ကယ်တင်ခြင်းဘုရား

သန့်ရှင်းသောတဲတော်၌ အစိမ်းရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် ပိန်ချောထည်တို့ကို အသန့်ရှင်းသောအခန်းနှင့် သန့်ရှင်းဆုံးအခန်းတို့ကြား တွင် ဆွဲထားသောမျက်နှာဖုံးအတွက် လည်းအသုံးပြု၏။ ထိုအရာတို့ကို ထဲတော်အတွင်း၌ထမ်းဆောင်သောယဇ်ပုရောဟိတ်အဝတ် အစားအတွက် လည်း အသုံးပြု၏။
အပြာရောင်ချည်မျှင်သည် ခရစ်တော်၏ဗတ္တိဇံကို ညွှန်ပြသည်။ (၁ ပေ ၃း၂၁)တွင် ဗတ္တိဇံသည် ကိုယ်ကာယ၏အညစ်အကြေးဆေးကြော ခြင်းကိုမဆိုလို။ ကိုယ့်ကိုယ်ကို အပြစ်သားဖြစ်ကြောင်းသောစိတ်နှင့် ဘု ရားသခင်ရှေ့၌ ဝန်ခံခြင်းကိုဆိုလိုသည်။ လောကအပြစ်ကို ယူဆောင်သော ခရစ်တော်၏ဗတ္တိဇံသည် စစ်မှန်သောကယ်တင်ခြင်းဖြစ်ကြောင်း ပေတရု က ဤကျမ်းပိုဒ်အားဖြင့်ထောက်၍ ပြောဆိုထားလျက်ရှိသည်။ ကျွန်ုပ်တို့၏ အပြစ်အလုံးစုံနှင့် လောကအပြစ်ဟူသမျှသည် ခရစ်တော်၏ဗတ္တိဇံထဲ၌ပါ ဝင်သည်။ ထို့ကြောင့် ဗတ္တိဇံသည်ကယ်တင်ခြင်းအတွက် အလိုအပ်ဆုံး သောအပိုင်း (သို့) အရာဖြစ်သည်။
အနီရောင်ချည်မျှင်သည် ယေရှု၏အသွေးတော်ကိုဖေါ်ညွှန်းပြီး ခရမ်းရောင်ချည်မျှင်သည် တန်ခိုးတော်ကိုပုံဆောင်ကာ ယေရှု၏ဘုရားဖြစ် စဉ်ကိုလည်းဖေါ်ပြသည်။ချည်ထည်သည်ခရစ်တော်နှင့်သူ၏ကယ်တင်ခြင်း တရားကိုယုံကြည်ရန်လိုအပ်သောအရာဖြစ်ကြောင်းကိုဖော်ညွှန်းသည်။
ယဇ်ပုရောဟိတ်တို့ ဝတ်ထားသည့် တောက်ပသည့်အထည်ကို သင်တိုင်းဟုခေါ်၍ သင်တိုင်းသည် အပြာရောင်ဖြစ်၏။ ယဇ်ပုရောဟိတ် ဝတ်ဆင်ထားသောခေါင်းပေါင်းပေါ်ရှိစာတမ်းသည် ဘုရားသခင်ထံ၌သန့် ရှင်းစေခြင်းဖြစ်ပြီး၊ ရင်ဘတ်၌ ထိုးထားသောအရာကို အပြာ ရောင်ကြိုးဖြင့် ချီထားသည်။
 
 
အပြာရောင်ချည်မျှင်သည် အမှန်တရာကို ပုံဆောင်သည်
 
အပြာရောင်အထည်သည်
မည်သည့်အရာကို ပုံဆောင်သနည်း
ယေရှု၏ဗတ္တိဇံ

အပြာရောင်အထည်၏ အဓိပ္ပါယ်ကို လေ့လာသောအခါ ကျမ်းစာ တွင်အပြာရောင်ကိုမည်သည့်အရာကိုဆိုလိုသနည်း။ ကျွန်ုပ်တို့သည် အပြာ ရောင်အထည်ကို အပြာရောင်မှလည်းကောင်း ခရမ်းရောင်နှင့်အနီရောင်အ ထည်တို့မှလည်းကောင်း နားလည်နိုင်ပါသည်။
အပြာရောင်အထည်သည် ရေကို ပုံဆောင်ပါသည်။ ထိုအရာသည် ယေရှု၏ဗတ္တိဇံပင် ဖြစ်ပါသည်။ (မ ၃း၁၅)
အကယ်၍ ခရစ်တော်သည် သူ၏ဗတ္တိဇ့အားဖြင့် လောကအပြစ်ကို မယူဆောင်သွားလျှင်ကျွန်ုပ်တို့သည်ဘုရားသခင်၏ရှေ့မှောက်တွင်သန့်ရှင်း ရာသို့ရောက်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ယေရှုသည် လောကကို ဆောင် ယူရန် ဤလောကသို့ကြွဆင်းလာပြီး ယော်ဒန်မြစ်၌ယောဟန်အားဖြင့် ဗတ္တိဇံကို ခံခဲ့သည်။
တဲတော်၏တံခါးတွင်အပြာရောင်အထည်ထားခြင်း၏အဓိပ္ပါယ်မှာ ခရစ်တော်၏ဗတ္တိဇံမပါလျှင်သန့်ရှင်းခြင်းသို့ မရောက်နိုင်မည်အကြောင်းကို ဖော်ပြထားပါသည်။ 
ကြက်သွေးရောင်သည် ခရစ်တော်၏အသွေးတော်နှင့်သေးခြင်းကို ပုံဆောင်ပြီး ခရမ်းရောင်မူကား ဝိညာဉ်တော်ဖြစ်၍ ယေရှုခရစ်သည် တပါး တည်းသောတန်ခိုးရှင်သခင် တကာတို့၏သခင်ဘုရားတကာတို့၏ ဘုရား ဖြစ်ကြောင်းကို ဖော်ပြခဲ့သည်။ (၁ တိ ၆း၁၅)
ကြက်သွေးရောင်ချည်ထည်သည် အပြစ်တရား၏အခကို ပေးဆပ် သော (ကားတိုင် ပေါ်မှသွန်းလောင်းသော) ခရစ်တော်၏အသွေးတော်ကို ဆိုလိုသည်။ ခရစ်တော်သည် လူ့ဇာတိခံကိုယူပြီး ဤလောကသို့ ကြွလာ သည်မှာ အပြစ်လွှတ်ခြင်းအတွက် ကားတိုင်၌ပူဇော်ခြင်းမပြုမှီ အပြစ်အား လုံးကို သယ်ဆောင်ရန်ဖြစ်သည်။ ခရစ်တော်၏ဗတ္တိဇံသည် စစ်မှန်သော ဧဝံဂေလိတရားဖြစ်ပြီး အရောင်ရှိသောအထည်တို့ဖြင့် ပြုလုပ်ထားသည့် သန့်ရှင်းသော ထဲတော်ကို ပုံဖော်ပေးပါသည်။ 
တဲတော်၏တိုင်တို့သည် အကာရှသစ်သားဖြင့် ပြုလုပ်၍ ကြေးနီ ခြေစွပ်တို့အား ရွှေစင်ဖြင့် ဖုံးအုပ်လျက်ရှိသည်။
အပြစ်တရား၏အခသည် သေခြင်းဖြစ်သောကြောင့် အပြစ်သား အားလုံးသည် စီရင်ခြင်းခံရမည်။ ဘုရားသခင်သည် လူတရောက်ကို ထာဝ ရအသက်ရရှိရန် ကောင်းချီးမပေးမီထိုသူသည် မိမိအပြစ်ကြောင့် တရားစီ ရင်ခြင်းခံရမည်။
ဓမ္မဟောင်းကျမ်းရှိသန့်ရှင်းသောတဲတော်၌ အပြာရောင်သည် အ ပြစ်များဖြေလွှတ်ယူဆောင်သွားပြီဖြစ်ကြောင်ကိုဓမ္မသစ်ကျမ်း၌ခရစ်တော် ၏ဗတ္တိဇံအားဖြင့်ပြန်၍ဖေါ်ပြထားသည်။သူသည်ကျွန်ုပ်တို့အပြစ်ကိုအသွေး တော်သွန်းလောင်းခြင်းဖြင့်ကယ်တင်ကာအပြစ်လွှတ်ခြင်းကြောင့် သူသည် ဘုရင်တကာတို့၏ဘုရင်နှင့်သန့်ရှင်းသောဘုရားသခင်ဖြစ်တော်မူ၏။ 
ချစ်မိတ်ဆွေယေရှု၏ဗတ္တိဇံသည် ကယ်တင်ခြင်းဖြစ်၍ ထိုသူသည် ကျွန်ုပ်တို့၏ကယ်တင်ရှင်သခင်ဖြစ်တော်မူ၏။သူသည်ဤလောကသို့လူ့ဇာ တိခံပြီးလောကအပြစ်ကို ယူဆောင်ရန် ဗတ္တိဇံခံယူခြင်းကျွန်ုပ်တို့ကို တရား စီရင်ခြင်းမှလွတ်မြောက်စေရန် လူသားတို့၏ကိုယ်စား လက်ဝါးကားတိုင် ပေါ်၌အသွေးတော်သွန်းလောင်းခြင်းဖြင့် ကျွန်ုပ်တို့၏ကယ်တင်ရှင် ဖြစ်လာ သည်။
သန့်ရှင်းသောတဲတော်၌ ပိတ်ချောထည်ကို အသုံးပြုခြင်းသည် လောကအပြစ်မှ ချွင်းချက်မရှိ ကျွန်ုပ်တို့ကို ကယ်တင်ခဲ့သည်ကို ဖေါ် ပြထားခြင်းဖြစ်သည်။ 
တဲတော်တခါး၌ ချိတ်ဆွဲထားသောအဝတ်အထည်တွင် အပြာ၊ခ ရမ်းနှင့်ကြက်သွေးရောင်၊နီမောင်းသောအရောင်၊ပိတ်ချောထည်စသည့်ဖြင့် ချယ်ထားခြင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်းတရားမှန်ကန်ကြောင်း ကို ရှင်းလင်စွာ ဖေါ်ပြပေးစေရန်ဖြစ်သည်။ ထိုအရာတို့သည် ကျွန်ုပ်တို့ကို အပြစ်မှလွှတ်ပြီး ကယ်တင်ခြင်းသို့ရောင်ရန် အဓိကလိုအပ်သောအရာများ ဖြစ်သည်။ 
သန့်ရှင်းသောတဲတော်တခါး၌အသုံးပြုခဲ့သောအရာများသည်ယေရှုခရစ်အနေဖြင့် အစီအစဉ်မရှိဘဲ အပြစ်သားများကို မကယ်တင်ကြောင်း ဖေါ်ပြထားသည်။ သူသည် ဘုရားသခင်၏အစီအစဉ်ကို လိုက်နာ၍ ဗတ္တိဇံ ကိုခံယူပြီး လက်ဝါးကားတိုင်၌ အသေခံခြင်း၊သေခြင်းမှရှင်ပြန် ထမြောက် တော်မူခြင်းနှင့်အပြစ်အတွက်ကယ်တင်ခြင်းကို ပြည့်စုံစေရန် ဆောင်ရွက်ခဲ့ ပါသည်။ အပြာ၊ခရမ်း၊ နီမောင်းသော အထည်စသည့်ဧဝံဂေလိတရား၏ အ သုံးအဆောင်ဖြင့် ချယ်သထားသော ကယ်တင်ခြင်းတရားကို ယုံကြည် သောသူသည် ကယ်တင်ခြင်းကိုရလိမ့်မည်။
 
 
ဓမ္မဟောင်းကျမ်းမှ ကြေးနီခွက်သည် ယေရှုခံရမည့်ဗတ္တိဇံ၏ပုံဆောင်ချက်ဖြစ်သည်
 
အဘယ်ကြောင့် ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းသောအခန်းသို့မဝင်ခင် ခြေ၊ လက်များဆေးကြေရမည်နည်း
ယေရှု၏ဗတ္တိဇံဘုရားသခင်ရှေ့မှောက် ၌ အပြစ်ကင်ရှင်စွာ
မတ်တပ်ရပ်ဖို့လိုအပ်သောကြောင့်

ခွက်သည် ကြေးနီဖြင့် ပြုလုပ်၏။ ထိုကြေးနီသည် တရားစီရင် ခြင်းကို ဖေါ်ညွှန်၍ခရစ်တော်သည် ကျွန်ုပ်တို့အတွက် အပြစ်စီရင်ခြင်းခံ ရခဲ့ပါသည်။ ဇလုံရှိရေသည် သတင်းကောင်းကို ဖေါ်ညွှန်း၍ ထိုအရာသည် အပြစ်အားလုံးဆေးကြောပြီဖြစ်ကြောင်းကို ဖေါ်ပြ၏။
ထိုအရာသည်ကျွန်ုပ်တို့၏နေ့စဉ်အပြစ်မည်ကဲ့သို့ ဆေးကြောသည် ကိုလည်း ဖေါ်ပြ၏၊ ဤအရာ၌ လူတို့၏နေ့စဉ်အပြစ်သည် ခရစ်တော်၏ ဗတ္တိဇံအားဖြင့် ဆေးကြောနိုင်သည်ကို ညွှန်းဆိုထားခြင်းဖြစ်သည်။
မီးရှို့ရာယဇ်ပလ္လင်သည်တရားစီရင်ခြင်းကိုဖေါ်ပြသည်။ ထို့နောက် အပြာရောင်အထည်သည် ခရစ်တော်၏ဗတ္တိဇံအားဖြင့် အပြစ်ဖြေလွှတ် သော ဧဝံဂေလိတရားကို ဆိုလိုသည်။ (မ ၃း၁၅၊ ၁ယော ၅း၅-၁၀) ဤ အရာသည်သူတပါးအပြစ်ကို လွတ်မြောက်စေသော ကယ်တင်ခြင်းတရား ၏သက်သေပင်ဖြစ်သည်။ 
(၁ ယော၅) လောကကို အောင်ခြင်းအကြောင်းမူကား ငါတို့၏ ယုံကြည်ခြင်းပေးတည်း။ မြေကြီးပေါ်၌လည်း ဝိညာဉ်တော်တပါး၊ ရေတ ပါး၊ အသွေးတော်တပါးဟူ၍သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီ တညွတ်တည်းဖြစ်တော်မူ၏။ ဤအရာများမှသားတော်သည် ရေတပါး၊ သွေးတပါး၊ ဝိညာဉ်တော်တပါးဖြစ်ကြောင်းကို ဖေါ်ပြထားသည်။ 
ဘုရားသခင်သည် သန့်ရှင်းသောတဲတော်အတွင်းသို့ ယုံကြည်ခြင်း ဖြင့် ကျွန်ုပ်တို့ကိုဝင်ခွင့်ပေးတော်မူ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ယုံကြည် ခြင်းဖြင့် အသက်ရှင်၍ ဘုရားသခင်၏နှုတ်ကပတ်တော်ကို လိုက်နာလျှင် ဖြောင့်မတ်သောအသက်ရှင်ခြင်းသို့ ရောက်နိုင်လိမ့်မည်။ ဘုရားသခင်၏ သားဖြစ်ခြင်းဆိုသည်မှာ အပြစ်လွှတ်ခြင်းတရား၌ ယုံကြည်ခြင်းဖြင့် ကယ် တင်ခြင်း ခံ၍ သန့်ရှင်းသောတဲတော်တွင် သက်ရှင်ရန်ဖြစ်သည်။
လူများစွာတို့သည် သန့်ရှင်းသောတဲတော်တခါး၌ အသုံးပြုလေ့ ရှိသောအပြာရောင်၊ခရမ်းရောင်နှင့်ကြက်သွေးရောင်အထည်တို့၏အဓိပ္ပါယ် ဆိုလိုရင်းကို မစဉ်းစားဘဲ ယုံကြည်မှုရှိခြင်းသည် လုံလောက်သည်ဟုဆိုကြ ၏။ အကယ်၍ တစုံတယောက်သည် ဤအရာကိုမသိဘဲခရစ်တော်ကို ယုံကြည်လျှင်ထိုသူ၏ယုံကြည်ခြင်းသည် အချည်းအနှီးဖြစ်လိမ့်မည်။ အ ဘယ်ကြောင့်ဆိုသော် သူ့စိတ်ထဲ၌ အပြစ်ရှိနေသေးသောကြောင့်ဖြစ်သည်။ အကြောင်းမှာ သူသည် စစ်မှန်သောအပြစ်လွှတ်ခြင်း ရေတပါး၊ အသွေး တပါးနှင့်ဝိညာဉ်တော်တစ်ပါးအားဖြင့် ဒုတိယမွေးဖွားခြင်းကို မခံသူသော ကြောင့်ဖြစ်သည်။
အကယ်၍ တယောက်သောသူက မသိသောအရာကို ပရိတ်သတ် များ၏ ရှေ့၌မေးခဲ့လျှင် ထိုသူကပရိတ်သတ်များကို အားနာသဖြင့် ဟုတ် ကဲ့၊အကျွန်ုပ်သူ့ကို ယုံကြည်ပါသည်ဟု ဆိုကောင်းဆိုလိမ့်မည်။ အကျွန်ုပ် တို့သူ့ကို မတွေးဖူးပေမဲ့ယုံကြည်သည်ဟုဆိုနိုင်သည်။ သို့ဖြစ်လျှင် ပရိတ် သတ်များသည် ထိုအဖြေ၌ ကျေနပ်ကြမည်ဟု သင်ထင်ပါသလား။ အချို့ က ယုံကြည်ကောင်းယုံကြည်နိုင်လိမ့်မည်။ သို့သော် ဘုရားသခင်က ကျွန်ုပ် တို့အား ယုံကြည်စေလို သောအရာသည် ထိုသို့မဟုတ်ပါ။ 
ဘုရားသခင်သည်ကျွန်ုပ်တို့အားအပြစ်လွှတ်ခြင်းတရား၊ခရစ်တော်၊ဗတ္တိဇံဖြင့် ကယ်တင်ခြင်းတရား(အပြာရောင်)ခရမ်းရောင် (ဘုရင်ဖြစ်ခြင်း) နှင့် အနီရောင်(သွေး)တို့၌ ယုံကြည်ခြင်းရှိရန်အလိုရှိ၏။
ခရစ်တော်ကို ယုံကြည်သော သူသည်မည်သည့်အရာကို နားလည် သင့်သနည်း။ သူသည် ရေ(ယေရှုဗတ္တိဇံ) အသွေးတော်(သေခြင်း)နှင့်ဝိ ညာဉ်တော်(ဘုရားဖြစ်ခြင်း)အားဖြင့်ကျွန်ုပ်တို့၏ကယ်တင်ခြင်းအကြောင်း ကို နားလည်ရမည်။ 
မှန်ကန်စွာ နားလည်လျှင် စစ်မှန်သောယုံကြည်ခြင်းကိုခံစားလျှက် ပြည့်စုံသော ယုံကြည်ခြင်းကို ပိုင်ဆိုင်ရမည်။ ဤသမ္မာတရာကိုမသိဘဲ ယုံကြည်ခြင်းသည် စစ်မှန်သောယုံကြည်ခြင်းမဟုတ်ပါ။ စစ်မှန်သောယုံ ကြည်ခြင်းသည် အပြစ်လွှတ်ခြင်းတရားနှင့်ယေရှုသည် စစ်မှင်သောကယ် တင်ရှင်ဖြစ်ကြောင်း ခရစ်တော်၏ကယ်တင်ခြင်းကို နားလည်ခြင်းမှဖြစ် လာသည်။
ထိုသို့ဆိုလျှင် မထီမဲ့မြင်ပြုသောယုံကြည်ခြင်းဖြင့်ခရစ်တော်ကို ယုံ ကြည်လျှင် သူသည် ကယ်တင်ရှင်ဖြစ်နိုင်မည်လား။
 
 
မထီမဲ့မြင်ပြုသော ယုံကြည်ခြင်း 
 
ယုံကြည်ခြင်းအတွက် မည်သည့်အရာသည်
အလိုအပ်ဆုံးဖြစ်သနည်း
ယေရှုဗတ္တိဇံကို မှန်ကန်စွာ သိကျွမ်းခြင်း

စိတ်အထင်အားဖြင့် ခရစ်တော်ကို ယုံကြည်ခြင်းသည် မထီမဲ့ မြင်ပြုသောယုံကြည်ခြင်းဖြစ်သည်။ သူသည် ဘုရားဖြစ်သကဲ့သို့ ဘုရား သခင်၏သားတော်လည်းဖြစ်သည်ဟူသော အချက်ကြောင့် ယုံကြည်သင့် သည်ဟုထင်လျှင်သင်သည် ခရစ်တော်ကို ပျက်ရယ်ပြုသော သူဖြစ်လိမ့် မည်။ သင်သည် ခရစ်တော်၏ဗတ္တိဇံနှင့် အသွေးတော်၊ အပြစ်မှလွတ်ခြင်း တရားကိုသာ ယုံကြည်ရမည်။
အပြစ်မှလွတ်ခြင်းတရားကိုမသိဘဲ ခရစ်တော်ကို ယုံကြည်သည် ဟုဆိုခြင်းသည် လုံးဝမယုံကြည်သည်ထက်ပို၍ ကြောက်စရာကောင်းပါ သည်။
တစုံတယောက်သောသူသည်မိမိစိတ်အထင်ဖြင့် ခရစ်တော်ကို ယုံ ကြည်ခြင်း(သို့)အကြောင်းမရှိဘဲခရစ်တော်၌ယုံကြည်မှုမရှိသောကြောင့် လှည့်လည်၍တရားဟောခြင်းကို ခရစ်တော်အလိုမရှိပါ။ သူတို့သည် အပြစ်ဖြေလွှတ်သောတရားကိုသိမြင်နားလည်ခြင်းဖြင့် ယုံကြည်ရန် ဘုရား သခင်အလိုရှိတော်မူ၏။
ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ရာတွင် အပြစ်လွတ်ခြင်း တရားသည် ခရစ်တော်၏ဗတ္တိဇံနှင့်အသွေးတော်ဖြစ်ကြောင်း နားလည်ရ မည်။ ခရစ်တော်ကို ယုံကြည်သည်ဟုဆိုရာတွင် နုတ်ကပတ်တော်အားဖြင့် အပြစ်ဖြေလွတ်သောတရားနှင့် ကျွန်ုပ်တို့အပြစ်များကိုမည်သို့ဆေး ကြော ပေးသည်ကို နားလည်သင့်သည်။
သန့်ရှင်းသောတဲတော်တခါး၌ အသုံးပြုသောအပြာရောင်၊ ခရမ်း ရောင်၊ ကြက်သွေးရောင်နှင့် ပိတ်ချောထည်တို့သည် မည်သည့်အရာဆိုလို သည်ကို နားလည်သင့်သည်။ သို့မှသာကျွန်ုပ်တို့သည်ထာဝရခိုင်မြဲသော ယုံ ကြည်ခြင်းရရှိနိုင်မည်။ 
 
 
ယေရှုခရစ်ကို ပုံဆောင်သော အပြာရောင်၊ ခရမ်းရောင်နှင့် နီမောင်းသောအထည်တို့၏ အဓိပ္ပါယ်ကို နားလည်၍ ယုံကြည်ခြင်းမရှိလျှင် ဒုတိယမွှေးဖွားခြင်းမခံနိုင်ပါ
 
ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းသော အခန်း သို့မဝင်ခင်ဘယ်အရာကို လုပ်လေ့ရှိသနည်း
ကြေးနီခွက်ထဲရှိရေဖြင့် ခြေ၊ လက်တို့ကို
ဆေးကြောလေ့ရှိသည်

သခင်ယေရှုသည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူ၏၊ ကျွန်ုပ်တို့ သည် ကိုယ်ကိုယ်ကို ကယ်တင်ရန်တတ်နိုင်သော်လည်း သူသည် ပြည့်စုံစွာ ကယ်တင်တော်မူသောကြောင့် ချီးမွမ်းသင့်သည့်အပြင် သန့်ရှင်းသောတဲ တော်အကြောင်းကို နားလည်သင့်ပါသည်။ သူသည်အပြစ် လွှတ်ခြင်းဧဝံ ဂေလိတရားတော်၏ အပြာရောင်၊ခရမ်းရောင်နှင့် နီမောင်းသောအထည်စ သည်တို့ကို ဟောပြော၍ ထိုအရာအားဖြင့် ကျွန်ုပ်တို့ကို ကယ်တင်သော ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။
အပြစ်ရှိသောသူသည် ကြောက်မက်ဖွယ်ကောင်သော ရားစီရင် ခြင်းမခံရဘဲ သန့်ရှင်းသောနေရာသို့ ဝင်ခွင့်မရှိသကဲ့သို့ မိမိအပြစ်ကို မစီရင်သောသူသည် သန့်ရှင်းရာဌာနသို့ မဝင်နိုင်ပါ။ ဤအရာသည် အပြစ် နိုင်သကဲ့သို့ သူသည်ဝင်နိုင်သော်လည်း ထိုသူသည် ထိုနေရာ၌သေရမည် အပြင် တရာစီရင်ခြင်းခံရလိမ့်မည်။ အပြစ်သာသည် သန့်ရှင်သောနေရာ သို့ဝင်၍ နည်းလမ်းမရှိ၊ အသက်ရှင်ရန်လည်း မျှော်လင့်ခြင်းမရှိပါ။ 
ကယ်တင်ရှင်သည် သန့်ရှင်းသောတဲတော်ထံခါးရှိ လျှို့ဝှက်သော အရာတည်းဟူသော အပြာရောင်၊ ခရမ်းရောင်နှင့် နီမောင်သောအထည်နှင့် ပိတ်ချောချည်တို့ဖြင့်ကျွန်ုပ်တို့ကိုကယ်တင်ခဲ့သည်။ဤအရာများဖြင့် ကယ် တင်ခြင်း၏လျှို့ဝှက်ချက်များကိုသင်ပေးခဲ့ပါသည်။ ဤနည်းဖြင့် ကယ်တင် ခြင်း ရနိုင်ကြမည်လား။ ထိုအပြာ၊အနီ၊ခရမ်းစသောအရာတို့၏ သင်ကြား ပေးသော အပြစ်လွှတ်ခြင်းတရာကို ယုံကြည်ရမည်။
အပြာရောင်သည် ဘုရားသခင်ကို မဆိုလိုဘဲ ခရစ်တော၏ဗတ္တိဇံ ကိုဆိုလိုသည်။ကျွန်ုပ်တို့၏ဤပြစ်အားလုံးကိုဆောင်ယူသော ခရစ်တော်၏ ဗတ္တိဇံကိုဆိုလိုသည်။ 
အပြာရောင်၏အဓိပ္ပါယ်ကိုမသိဘဲ တယောက်သောသူသည် မီးရှို့ ရန်ယဇ်ပလ္လင်ဘက်သို့ ဝင်ကောင်းဝင်နိုင်ပါသည်။ သို့သော် ဘာဝရဘုရား ရှိသော သန့်ရှင်းရာအရပ်သို့ ဝင်နိုင်ခွင့်မရှိပါ။
ထို့ကြောင့် သန့်ရှင်းသောတဲတော်၏ တံခါးသို့မဝင်မီ အပြာရောင် (ခရစ်တော်၏ဗတ္တိဇံ)၊နီမောင်းသောအထည် (ကားတိုင်မှအသွေးတော်) နှင့် ခရမ်းရောင် (ယေရှုသည် သခင်ဖြစ်တော်မူ၏)တို့ကို နားလည်ထားရမည်။
အချို့သည်တဲတော်၏အပြင်သို့ဝင်သောအခါသူတို့သည်အတွင်းခန်းရောက် သည်ဟု ထင်တတ်ကြ၏။ ထိုအရာတို့သည် ကယ်တင်ခြင်းမဟုတ်။ ကယ် တင်ခြင်းရရန်မတွက် အကွာအဝေးမည်မျှသွားရမည်နည်း။ အသန့်ရှင်းဆုံး နေရာအထိ ဝင်ရောက်ရမည်။ 
အသန့်ရှင်းဆုံးအခန်းသို့ ဝင်နိုင်ရန်အတွက် ကြေးနီရေဇလုံးကို ကျော်ဖြတ်ရမည်။ ထိုကြေးနီရေဇလုံသည် ခရစ်တော်၏ဗတ္တိဇံကို ဆိုလို၍ ကျွန်ုပ်တို့သည် မိမိတို့နေ့စဉ်အပြစ်များကို ခရစ်တော်၏ဗတ္တိဇ့နှင့်ဆေး ကြော၍ သန့်ရှင်းသောနေရာသို့ တိုးဝင်ရမည်။ 
ဓမ္မဟောင်းကျမ်းတွင် ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာသို့ မဝင်မီ ကိုယ့်ကိုယ်ကို ဆေးကြောခြင်းမှာ ဓမ္မသစ်ကျမ်းတွင် ခရစ်တော် သည် တမန်တော်တို့၏ခြေကို ဆေးကြောပြီး သူတို့၏အပြစ်များ ဖယ်ရှား ခြင်းကို ပုံဆောင်ထားသည်။
ပညတ်တော်ကပြောဆိုသည်မှာ “အပြစ်တရား၏အခကားသေ ခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား ယေရှု ခရစ်တော်အားဖြင့်ထာဝရအသက်ပေတည်း” (ရော၆း၂၃)။ ဘုရားသခင် သည် လူ့တို့အပြစ်ကို ချွင်းချက်မရှိဘဲ စီရင်လိမ့်မည်။ သို့သော် ထိုအပြစ် များကို ကျွန်ုပ်တို့ကိုစားသားတော်အပေါ်သို့ သက်ရောက်စေရန် စီရင်ခဲ့ ပြီးပြစ်သည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းသည် ဤအ ရာပြင်ဖြစ်၏။ စစ်မှန်သောကယ်တင်ခြင်းသည်ခရစ်တော်၏ဗတ္တိဇံအသွေး တော်နှင့်သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းဟူသော အပြစ်လွှတ်ခြင်း တရားကို ယုံကြည်ရာမှ ဖြစ်လာသည်။ 
 
 
ဒုတိယမွေးဖွားခြင်းအတွက် နှုတ်ကပတ်တော်ကို လေးစားသင့်သည်
 
ကျွန်ုပ်တို့ပြုလုပ်ရန် လိုအပ်သောတခုတည်း သောအရာမှာ မည်သည့်အရာဖြစ်သနည်း
ဧဝံဂေလိတရားနှင့် ဘုရားသခင်၏နှုတ်ကပတ်
တော်မှရေးသားချက်များကို ယုံကြည်ရန်

ကျွန်ုပ်တို့သည် တခြားသောသူကို အထင်မသေးဘူးပါ။ ကျွန်ုပ် သည် နားမလည်သောအကြောင်းတခုကို ပြောနေစဉ်ရိုးသားစွာ သင်ပေး ပါဟုပြောတတ်ပါသည်။ သို့သော်သန့်ရှင်းသော တဲတော်အကြောင်းကို မေးမြန်သောအခါဘယ်သူကမှ အဖြေမပေးနိုင်ကြပါ။
ထိုသို့ဆိုလျှင် မည်သည့်အရာကို လုပ်ရမည်နည်း။ ကျမ်းစာကိုသာ လေ့လာရမည်။ တဲတော်အေဿကာင်းနှင့်ပတ်သက်ပြီး ကျမ်းစာ၏ဘယ် အပိုင်းမှာရှိသနည်း။ ထွက်မြောက်ရာကျမ်းထဲတွင် အသေးစိတ်ရှင်းပြထား ပါသည်။ အကယ်၍ ဤကျမ်းစာကို သေချာစွာလေ့လာမည်ဆိုလျှင် ဘုရား သခင်နှုတ်ကပတ်တော်၌ ရေးသားထားသောအဓိပ္ပါယ်ကို ကောင်းစွာနား လည်လိမ့်မည်။ 
ချစ်မိတ်ဆွေ၊ သင်သည် ခရစ်တော်ကို တာဝန်အရ ယုံကြည်လျှင် ကယ်တင်ခြင်းသို့မရောက်နိုင်ပါ။ ဘုရားကျောင်းကို မှန်မှန်တတ်ယောက် ခြင်းဖြင့် ကယ်တင်ခြင်းသို့မရောက်နိုင်ပါ။ယေရှုက နိကောဒင်ထံပြော သည်ကို ကျွန်ုပ်တို့သုံးသပ်ရန် လိုအပ်ပါသည်။ “သင်သည် ဓမ္မဆရာဖြစ် လျက်ပင် ဤအမူအရာကိုနားမလည်သလော။” လူတယောက်သည် ဘုရား သခင်၏ကောင်းကင်နိုင်ငံတော်သို့ ဝင်ရန်အတွက် ရေနှင့်ဝိညာဉ်တော်ကို နားလည်ရမည်။ (ယော ၃း၅၊ ၁၀)
ခရစ်တော်ကို ယုံကြည်သောသူသည် အပြာရောင်အထည် (ခရစ် တော်ဗတ္တိဇံယူစဉ် လောကအပြစ်အားလုံး သယ်ဆောင်သွားသည်) နီမောင် သောအထည်(ယေရှုသည် ကယ်တင်ရှင်ဘုရားနှင့် သားတော်ဖြစ်ကြောင်း) တို့ကို ယုံကြည်ရမည်။ 
ယေရှုခရစ်သည် လောကအပြစ်သားအားလုံး၏ ကယ်တင်ရှင်ဖြစ် ကြောင်းကျွန်ုပ်တို့ယုံကြည်ရမည်။ ထိုသို့ယုံကြည်မှုမရှိလျှင် ကျွန်ုပ်တို့သည် ဒုတိယမွှေးဖွားခြင်းမခံနိုင်သည် သာမက ဘုရားသခင်၏သန့်ရှင်းသော နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည်မဟုတ်ပါ။ ဤအရာမပါလျှင် ဤလော ကတွင် အဘယ်သူကမှ သစ္စာရှိစွာ အသက်ရှင်နိုင်မည်မဟုတ်ပါ။
လူတယောက်သည် ခရစ်တော်၌ ယုံကြည်ခြင်းရှိရုံမျှဖြင့် ဒုတိယ မွှေးဖွားခြင်းခံရသည်မှာ လွယ်ကူသည်မဟုတ်လော။ သင်သည် အကျွန်ုပ် ကဲ့သို့ ကယ်တင်ခြင်းခံပြီးပြီလော။ အမှန်စင်စစ် ကျွန်ုပ်တို့အားလုံးသည် ကယ်တင်ခံရသူများဖြစ်ကြပါသည်။ မည်မျှပျော်စရာကောင်း မည်နည်း။ သို့သော် စစ်မှန်သောကယ်တင်ခြင်းမရဘဲ ခရစ်တော်ကို ယုံကြည်သောသူ များစွာ ရှိသေးကြောင်း တွေ့ရှိရပါသည်။ 
ကျွန်တော်တို့သည် သမ္မာတရားကိုသိ၍ ယုံကြည်ပြီး၊ ကျမ်းစာ တွင် ဖော်ပြထားသောပြစ်လွတ်ခြင်းတရားကိုလည်း သိရမည်။ ထို့အပြင် အပြာရောင်၊ခရမ်းရောင်နှင့်နီမောင်သောအထည်အားဖြင့် တဲတော်သို့ဝင် နိုင်၍ဘုရားသခင်နှင့်အတူ ဤလောကတွင် ယုံကြည်ခြင်းဖြင့် အသက်ရှင် နေနိုင်ကြောင်းကိုလည်း သိရှိရမည်။ ဘုရားသခင်၏နိုင်ငံတော်သို့ မရောက် မီ ယုံကြည်ခြင်းတဲတော်တွင် ပျော်ရွှင်စွာဖြင့်နေရမည်။ ခရစ်တော်ကို မည် ကဲ့သို ယုံကြည်ရမည်ကို သိရှိရန် လိုအပ်ပါသည်။
 
 
ဧဝံဂေလိတရားသည် သန့်ရှင်းခြင်းကို ပြသောချည်ထည်အားဖြင့် ဖော်ပြထားသည်
 
ယေရှု၏ကားတိုင်မှတပါးကယ်တင်ခြင်းအတွက် မရှိမပြစ်လိုအပ်သောအရာသည်အဘယ်နည်း
ယေရှုဗတ္တိဇံ

တခါတရံ လူသည် အမှားမရှိဘဲ မှန်ကန်စွာ နေထိုင်ကြသည်ဟု ထင်တတ်ကြသည်။ ကောင်းမှုပြုလုပ်ရန် ကြိုးစားသော်လည်း အသရေ ပျက်ခြင်းနှင့်အသုံးသတ်လေ့ရှိကြ၏။ လူ့ဘဝသည် မပြည်စုံသောကြောင့် အပြစ်မလုပ်ပဲမနေနိုင်ပါ။ သို့သော်လည်း ခရစ်တော်သည် ကျွန်ုပ်တို့အား အပြာရောင်၊ခရမ်းရောင်နှင့် နီမောင်းသောအထည်စသည့် အပြစ်လွတ် သောတရားတို့ဖြင့် ကယ်တင်တော်မူသောကြောင့် ကျွန်ုပ်တို့သည် သန့် ရှင်းခြင်းသို့ရောက်သည်ဖြစ်၍ ဘုရားသခင်၏သန့်ရှင်းရာဌာနသို့ ဝင်စားနိုင် သည်။
အကယ်၍ ဘုရားသခင်သည် အပြာရောင်၊ ခရမ်းရောင်နှင့် နီ မောင်းသောအထည်တို့ဖြင့်ကယ်တင်တော်မမူလျှင် သန့်ရှင်းရာဌာနသို့ ဝင် စားကြမည်မဟုတ်ပါ။ ဤအကြောင်းအရာသည် မည်သည့်အရာကို ဆိုလို သနည်း။ အကယ်၍ ဘုရားသခင်၏သန့်ရှင်းရာဌာနသို့ မိမိတို့ ပြည့်စုံသော အရည်အချင်းများဖြင့်သာ ဝင်မည်ဆိုလျှင် မည်သူမျှဝင်စားဖို့ရန် ထိုက်တ န်မည်မဟုတ်။ တစ်စုံတယောက်သည် ဧဝံဂေလိတရားကို မသိပဲခရစ်တော် ကို ယုံကြည်လက်ခံမည်ဆိုလျှင် ထိုသူသာလျှင် မိမိစိတ်ထဲ၌ ပို၍များသော အပြစ်တို့ကို ထပ်မံဖြည့်စွက်နေခြင်းပင်ဖြစ်သည်။ 
ယေရှုသည် အပြာရောင်၊ ခရမ်းရောင်နှင့် နီမောင်းသောအထည် တို့ဖြင့် ကျွန်ုပ်တို့အပြစ်အားလုံးကို ဖယ်ရှာခဲ့ပြီး ဤအရာကို သင် ယုံကြည် ပါသလား။ ယုံကြည်ပါသည်။ သင့်စိတ်နှလုံးအားဖြင့် သမ္မာတရားဖြစ်သော အပြစ်လွှတ်ခြင်းသတင်းကောင်းကို ယုံကြည်ပါသလား။ ယုံကြည်ပါသည်။
သင်သည့် ဧဝံဂေလိတရား၏ သက်သေခံရမှသာလျှင် သင်၏နဖူး ကို ဘုရားသခင်သည် သန့်ရှင်းတော်မူသည်ဟု ရေးထားသောရွှေပြားကို ကပ်မည်ဖြစ်၍ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်အမျိုး၊ သန့်ရှင်းသော လူမျိုးဖြစ်လာမည် (၁ပေ ၂း၉)။ သို့မှသာ သင်သည်ဘုရား၏ အစေခံတ ယောက်ဖြစ်သည့် ပရောဖက်ကဲ့သို့လုပ်ဆောင်မည်ဟု ပရိတ်သတ်များရှေ့ ၌ ပြောဆိုနိုင်မည်။ 
ပုရောဟိတ်၏ခေါင်းပေါ်တွင်ရွှေပြားတခုရှိ၍ထိုရွှေပြာသည်အပြား ရောင်ကြိုးခြင့်ချည်ထားလျက်ရှိ၏။ ဤဘယ်ကြောင့်အပြာဖြင့် ချည်ထား သနည်း။ ခရစ်တော်သည် ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့ကို ကယ်တင်တော်မူ သောကြောင့်ဖြစ်သည်။ သူသည်လောကအပြစ်တို့ကို သူ၏ဗတ္တိဇအားဖြင့် ဖယ်ရားကာကျွန်ုပ်တို့ကို အပြစ်မရှိသောသူအပြစ် ခေါ်ဆိုလျက်ရှိသည်၊ ဓမ္မဟောင်းတွင်လက်ကို တိရစ္ဆာန်ခေါင်းပေါ်တင်ခြင်းသည် ဓမ္မသစ်ကျမ်း၌ ဗတ္တိဇံခံခြင်းဖြစ်သည်။
ကျွန်ုပ်တို့သည် ယေရှုကို ယုံကြည်ပါသည်ဟု အတိအလင်း ပြော ဆိုသော်လည်း အပြာရောင်၊ ခရမ်းရောင်နှင့် နီမောင်းသောအထည်တို့၏ အဓိပ္ပါယ်ကို နားမလည်လျှင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် အချဉ်းနှီးသာ ဖြစ်လိမ့်မည်။ 
အဘယ်နည်းဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်သောသူဖြစ်လာနိုင် မည်နည်း။ ဤကြောင်းနှင့် ပတ်သက်ပြီး(မ ၃း၁၅)တွင် “အလုံးစုံသော တရားကို အကုန်အစင် ကျင့်သင့်သည်ဖြစ်၍ အခွင့်ပေးပါဟု ပြန်ပြောတော် မူ၏”ဟု ဖော်ပြထားသည်။ ယေရှုသည် ဗတ္တိဇ့ကိုခံပြီး ကျွန်ုပ်တို့ကို အပြစ် မှကယ်တင်ခဲ့သည်။သူသည် ဗတ္တိဇံကိုခံဟူကာ ကျွန်ုပ်တို့အပြစ်ကို ဆောင် ယူသောကြောင့် ကျွန်ုပ်တို့ ယုံကြည်သူများသည် ဖြောင့်မတ်ရာသို့ ရောက် နိုင်သည်။
အကယ်၍ခရစ်တော်သည်ဗတ္တိဇံမခံယူခဲ့လျှင်အပြစ်မရှိဟု မည်သူ ကဆိုနိုင်မည်နည်း။ ခရစ်တော်ကို မည်မျှပင်ယုံကြည်စေကာမူ ခရစ်တော် ၏လက်ဝါးကားတိုင်၌ အသေခံခြင်းကို တွေး၍ငိုကြွေးသည်ဖြစ်စေ၊ ဤ လောက၏မျက်ရည်ဖြင့်အပြစ်ကို ယူဆောင်နိုင်မည်မဟုတ်ပါ။ မည်သည့် ပင် ငိုကြွေးလျက်နောင်တရစေကာမူကျွန်ုပ်တို့၏အပြစ်သည် ကျွန်ုပ်တို့အ ထဲ၌သာ ကျန်ရစ်လိမ့်မည်။
ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်ရှိသမျှကို သူ၏ဗတ္တိဇံ၊အ သွေးတော်အားဖြင့် သယ်ဆောင်သည်ကိုလည်းကောင်း၊ ဘုရားသခင်သည် အပြစ်သားများ၏ အပြစ်ကိုယေရှုခရစ်တော်အပေါ်သို့ တင်ခွင့်ပေးသည်ကို လည်းကောင်း၊ နှုတ်ကပတ်တော်သည် ကျမ်းစာ၌ရေးသား လျက်ရှိသည် ကိုလည်းကောင်း၊ ကျွန်ုပ်တို့သည် အားနည်းကြသော်လည်း ယုံကြည်လျှင် ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည်။ 
သို့မှသာ ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ ရပ်နိုင်လိမ့်မည်။ ကျွန်ုပ်တို့သည်ဖြောင့်မတ်သောသူကဲ့သို့နေ၍ ဧဝံဂေလိတရားကို ဤလော ကတွင်ဟောပြောနိုင်လိမ့်မည်။ ကျွန်ုပ်တို့အားလုံး ကယ်တင်လျက်ရှိကြ သည်မှာ သူ၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်း ကြောင့်ဖြစ်သည်။
အပြစ်ဖြေလွှတ်သောဧဝံဂေလိတရားမှအပ သင်မည်မျှ ကြိုးစား အားထုတ်စေကာမှုကယ်တင်ခြင်းမရရှိနိုင်ပါ။ ဤအရာသည် ကိုးရီးယား၌ ကြော်ကြားသော “မဖိတ်ခေါ်သောအချစ်”ဟူသော သီချင်းကဲ့သို့ဖြစ်၏။ သူ့ကိုငါမြင်တိုင်းငါ၏ စိတ်နှလုံးသည် အကြောင်းမရှိဘဲ လျင်မြန်စွာ ခုန် လျက်ရှိ၏။သူမအနီးချည်းကပ်တိုင်း ရင်ခုန်ပါသည်။ ငါသည်မဖိတ်ခေါ် သော အချစ်တခုသို့ရောက်နေပါပြီ။ “ကျွန်ုပ်၏နှလုံးသားသည် ခုန်လျက် ရှိ၏။ သူမ၏နှလုံးသားမဟုတ်ပါ။ ငါ၏အချစ်သည်ပြန်လာ၍ မပေါ်ထွက် လာပါ။”ထိုနည်းတူ မြောက်များစွာသောခရစ်ယာန်သည် ဤသီချင်းကဲ့သို့ ပင် ဖြစ်နေကြပါသည်။ 
လူတို့က ကယ်တင်ခြင်းသည် နည်းမျိုးစုံဖြင့် တစ်ယောက်စီတိုင်း အပေါ်ရောက်လာသည်ဟု ယူဆထားလျက်ရှိကြပါသည်။ သူတို့သည် အ ဘယ်ကြောင့် ဤအရာသည်ဗတ္တိဇံတရားမှဖြစ်လာသနည်းဟု မေးလေ့ရှိ ကြ၏။ အကယ်၍ကယ်တင်ခြင်းသည်ခရစ်တော်၏ ဗတ္တိဇံတရားမှမလာ လျှင် ထိုကယ်တင်ခြင်းသည် ပြည့်စုံသောကယ်တင်ခြင်းမဟုတ်ပါ။ ဤအ ရာသည် ဘုရားသခင်ရှေ့မှောက်ဖြောင့်မတ်ရာသို့ရောက်နိုင်မည်မဟုတ်ပါ။ အကြောင်းမှာသူ၏ဗတ္တိဇံနှင့်အသွေးတော်သည် ကျွန်ုပ်တို့ကို အပြစ်မှလုံးဝ စင်ကြယ်စေသောကြောင့် ဖြစ်သည်။
 
 
အပြာရောင်ချည်ထည်၏ ကယ်တင်ခြင်းသည် အဘယ်နည်း
 
မည်သည့်အရာသည် ကျွန်ုပ်တို့ကို
ဖြောင့်မတ်စေမည်နည်း
အပြာ၊ ခရမ်းနှင့်နီမောင်းသောချည်တို့၏ဧဝံဂေလိတရား

အပြာရောင်၊ ခရမ်းရောင်နှင့်နီမောင်သောချည်တို့ခြင့် ကယ်တင် ခြင်းဆိုသည်မှာ လူသားတို့အတွက် ဘုရားသခင်၏လက်ဆောင်ဖြစ်သည်။ ဤလက်ဆောင်သည် ကျွန်ုပ်တို့အား သန့်ရှင်းသောတဲတော်သို့ ဝင်စေနိုင်၍ ငြိမ်သက်ခြင်းဖြင့် အသက်ရှင်စေသည့်အပြင် ကျွန်ုပ်တို့ကို ဖြောင့်မတ်စေ သည်။ ဤအရာသည် ကျွန်ုပ်တို့ကို ဖြောင့်မတ်စေ၍ အသင်တော်ထဲ၌ အ သက်ရှင်စေပြီး သန့်ရှင်းသော နှုတ်ကပတ်တော်ဖြင့် တိုက်တွန်းခြင်းတို့ကို ပြုစေနိုင်သည်။ 
ထာဝရဘုရာထံတော်သို့ ဆုတောင်ရန်သွားတိုင်း ဧဝံဂေလိတ ရားသည် သူ၏ချစ်ခြင်းမေတ္တာဖြင့် ကောင်းချီးမင်္ဂလာဖြစ်စေတော်မူ၏။ ထို့ ကြောင့်ကယ်တင်ခြင်းသည် ကျွန်ုပ်တို့အတွက် အလွန်အဖိုးတန်သောအရာ ဖြစ်သည်။ထို့နောက်ခရစ်တော်ကကျောက်ပေါ်တွင် အိမ်ဆောက်ကြဟု မိန့် တော်မူရန်မှာထိုကျောက်သည် ယေရှု၏နှစ်ခြင်းမင်္ဂလာခံယူခြင်းကျောက် ပြင်ဖြစ်သည်။သို့မှသာလျှင်လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ ထိုတရားအားဖြင့် ထာဝရအသက်ရရှိပြီး ဘုရားသခင်၏သားဖြစ်လာကြ လိမ့်မည်။
ထို့ကြောင့် ချစ်သောမိတ်ဆွေ၊အပြစ်လွှတ်ခြင်းတရားကို ယုံကြည် ခြင်းအားဖြင့် ကျွန်ုပ်တို့သည် သန့်ရှင်းသောထဲတော်အတွင်းသို့ ဝင်နိုင်ကြ လိမ့်မည်။ ကျွန်ုပ်တို့သည် အပြစ်ဆေးကြောခြင်း(နှစ်ခြင်းမင်္ဂလာ)ကားတိုင် တော်၌ စီရင်ခံရခြင်းကို ယုံကြည်ခြင်းဖြင့် ခရစ်တော်၏ကယ်တင်ခြင်းကို ရရှိနိုင်သည်။
ကယ်တင်ခြင်းသည် ခရစ်တော်၏ဗတ္တိဇံနှင့်အသွေးတော်တို့ဖြင့် ကျွန်ုပ်တို့အပြစ်ကိုဆောင်ယူသွားသောသတင်းကောင်းဖြစ်သည်။ ဤအရာ ကို သင်ယုံကြည်ပါသလား။ စစ်မှန်သောဧဝံဂေလိတရားသည် အပြစ်ဖြေ သောတရားဖြစ်၍ထိုအရာဖြင့်ကျွန်ုပ်တို့၏အပြစ်ကိုဆေးကြောပေးခဲ့သည်။
ကျွန်ုပ်တို့သည် အပြစ်ဖြေလွှတ်သော ဧဝံဂေလိတရားကို ယုံကြည် ခြင်းဖြင့် ကယ်တင်ခြင်းရရှိကြသည်။ ခရစ်တော်သည် အပြစ်ဖြေသောတ ရားကို ကျွန်ုပ်တို့အားပေးခဲ့သည်ဖြစ်၍ထိုတရားသည် နေ့စဉ်အပြစ်နောင် အနာဂတ်အပြစ်များကိုပင် ဆေးကြောပေးပြီဖြစ်သည်။ ဘုရား သခင်ဘုန်း ကြီးပါစေ-ဟာလေလုယာ။
ရေနှင့်ဝိညာဉ်တော်၏ ကယ်တင်ခြင်းတရားသည် ယေရှုမိန့်တော် မူသောတရားဖြစ်၍ ဤစာအုပ်တွင်ခရစ်တော်၏ဧဝံဂေလိတရား၊ ရေနှင့်ဝိ ညာဉ်တော်၏တရားတို့ကို ပြန်၍ပေါ်လွင်စေရန် ရေးထားခြင်းဖြစ်သည်။
အကြောင်းမူကား လူများစွာတို့သည် ပြည့်စုံသောသမ္မတရားကိုမ သိဘဲ ခရစ်တော်ကိုလောက၏ဘာသာရေးလေ့လာနည်းဖြင့် ရှာဖွေကြ သည်။ (ထိုသူတို့ကိုဘာသာရေးအတွေးအခေါ်လေ့လာသူများ ဟုခေါ်ကြ ၏)။ တနည်းအားဖြင့် အများနှင့်ဆန့်ကျင်၍ရှုပ်ထွေးသော သူများဟုခေါ် ကြသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် နောက်သို့ပြန်လှည့်၍ မှန်သောတ ရားကို ယုံကြည်ကြရမည်။ နောက်ကျခြင်းမရှိသေးပါ။