တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-1] (တမန်တော်ဝတ္ထု ၁:၄-၈) သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ကတိစ ကားတော်၌ အမှုပြုသည်

တမန်တော်ဝတ္ထု ၁:၄-၈
"ထိုတမန်တော်တို့ကိုစုဝေးစေတော်မူပြီးလျှင်၊ယေရုရှလင်မြို့မှမထွက်မသွားဘဲခမည်းတော်၏ဂတိကိုငံ့နေမည်အကြောင်း မှာတော်မူ၍၊ ထိုဂတိ တော်ကို ငါဟောပြောသဖြင့်သင်တို့သည်ကြားသိရကြပြီ။ ဂတိတော်အချက် ဟူမူကား၊ ယောဟန်သည်ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့သည်အကြာမမြင့်မှီ သန့်ရှင်း သောဝိညာဉ်တော်၌ဗတ္တိဇံကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏။ ထိုတမန်တော်တို့ သည်လည်းစုဝေး၍၊သခင်ဘုရား၊ယခုအခါကိုယ်တော်သည်ဣသရေလအမျိုးသားတို့အားနိုင်ငံကိုပြန်ပေးတော်မူမည်လောဟု မေးလျှောက်ကြ လျှင်၊သခင်ဘုရားက၊ ခမည်းတော်၏တန်ခိုးတော်အားဖြင့်စီရင်တော်မူသောအချိန်ကာလာကိုသိရသောအခွင့်သည်သင်တို့၌မရှိ။ ထိုသို့မရှိသော်လည်းသင်တို့ အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော်ဆင်းသက်သောအခါ၊သင်တို့သည် တန်ခိုးကိုခံရ၍၊ယေရုရှလင်မြို့ မှစသော ယုဒပြည်၊ရှမာရိပြည်၊မြေကြီးစွန်းတိုင် အောင်းငါ၏သက်သေဖြစ်ကြလိမ့် မည်ဟု မိန့်တော်မူ၏။
 
 
သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ခြင်းသည်ဘုရားသခင်မှဆုကျေးဇူး ဖြစ်သလား။(သို့) လူတစ်ဦး၏ကြိုးပမ်းအား ထုတ်မှုအားဖြင့်ရရှိသော ဆုကျေးဇူးဖြစ်သလား။
၄င်းသည်အပြစ်လွှတ်ခြင်းအခွင့်ရရှိသောသူများ အပေါ်ဘုရားသခင်ပေးထားသောဆုကျေးဇူးတစ်ခုဖြစ်သည်။ ၄င်းထဲတွင် ဘုရားသခင်၏ဂတိတော်ပြည့်စုံခြင်း
 
တချိန်က ကျွန်တော်ဆုတောင်းနေသည့်အချိန်တွင် သန့်ရှင်းသောဝိညာဉ် တော်နှင့်တူသည့်မီးလျှံကဲ့သို့သောတောက်ပသောအရာများကို ကျွန်တော်မြင် တွေ့ခဲ့ဘူးသည်။သို့သော်ထိုမီးလျှံများသည်ကြည်ရှည်မရှိပေ။ စုပုံထားသောအပြစ် ထဲတွင်ခဏအတွင်းပျောက်ကွယ်သွားခဲ့သည်။ထိုကြောင့်ယခုတွင် ကျွန်ုပ်တို့ထဲ တွင်အပြစ်တ ရားကြောင့်ခဏအတွင်းပျောက်ကွယ်သွားနိုင်သော ဝိညာဉ်တော်မ ဟုတ်၊ စစ်မှန်သောသတင်းကောင်းအားဖြင့်အစဉ်အမြဲကျိန်းဝပ်တော်မူသော သန့် ရှင်းသောဝိညာဉ်တော်သမ္မာတရားကိုကျွန်တော်မိတ်ဆွေအားပြသလိုပါသည်။ ယ ခုကျွန်တော်မိတ်ဆွေကို မိတ်ဆက်ရမည့်သန့်ရှင်းသောဝိညာဉ်တော်အကြောင်း သည် ဆုတောင်းခြင်းအားဖြင့်ရရှိနိုင်သောအရာမဟုတ်ပေ။ သို့သော်ရေနှင့်ဝိညာဉ် တော်သတင်းကို ယုံကြည်ခြင်းအား ဖြင့်သာလျှင်ရရှိနိုင်သောအရာဖြစ်သည်။
 ဤစာအုပ်အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ခြင်း ရရှိရန် ကျွန်တော်မိတ်ဆွေကိုလမ်းပြလိုပါသည်။ မိတ်ဆွေအား ကျွန်တော်ဝေငှနေသော သတင်းကောင်းကိုသန့်ရှင်းသောဝိညာဉ်တော်မှုတ်သွင်းခြင်းဖြစ်ကြောင်း မိတ်ဆွေ သိရှိပါလိမ့်မည်။ဤအချိန်တွင်ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ် ခြင်းရရှိရန် ဘုရားသခင်၏တစ်ခုတည်းသောအလိုတော်ဖြစ်သည်။ မိတ်ဆွေသည် ဤစာအုပ်အားဖြင့်သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ခြင်းအကြောင်းကို သင် ယူပြီး ရရှိနိုင်ပါသည်။ ဤစာအုပ်သည်မိတ်ဆွေအတွက်မလုံလောက်သေးလျှင် ယခင်က ကျွန်တော်ထုတ်ဝေခဲ့သောစာအုပ်နှစ်အုပ်ကိုဖတ်ရှုရန်ကျွန်တော်မိတ် ဆွေအားအကြံပြုလိုပါသည်။ဤစာအုပ်များအားဖြင့် ဘုရားသခင်ရှေ့မှောက်တွင် မိတ်ဆွေသည် ပြည့်စုံ သောယုံကြည်ခြင်းကိုရရှိပါလိမ့်မည်။
 
ရေနှင့်ဝိညာဉ်တော်သတင်းယုံကြည်ခြင်းအားဖြင့်အပြစ်လွှတ်ငြိမ်းချမ်းသာခြင်းရရှိသောသူများဖြစ်ကြသော ဒုတိယမွေးဖွါးခြင်းကိုခံသောသူများ၏ နှလုံးသားထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်ကိန်:ဝပ်လျက်ရှိသည်။ သူသည်ယုံကြည် သူများအထဲတွင်တစ်ကြိမ်ဝင်ပြီးသည်နှင့် သူ့အထဲတွင်ထာဝရကိန်းဝပ်လျက်ရှိပြီး သတင်းကောင်းကိုယုံကြည်နေသရွေ့ဘယ်သောအခါမှ ထိုသူအထဲမှထွက်သွားတော့မည် မဟုတ်ပေ။ သူက ယုံကြည်သူများကိုအသိပညာထွန်းကား စေသည်။  ဘုရားသခင်၏အလိုတော်နှင့်အညီသမ္မာကျမ်းစာကိုသိရှိရန်လမ်းပြပေးသည်။ ဤ လော ကတွင်ရှိသောစုံစမ်းနှောင့်ယှက်ခြင်းများနှင့် အခက်အခဲများအောင်မြင် ကျော်လွှားရန် သူတို့ကို သန့်ရှင်းသောဝိညာဉ်တော်ကခွန်အားပေးသည်။ ဝိညာဉ်တော်အသီးကို ဝေဝေဆာဆာ သီးစေသည်။ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းအားဖြင့်ဘုရားသခင်၏ ဗိမာန်တော်အဖြစ် ယုံကြည်သူများ ၏ခန္ဓာကိုယ် ကို ဘုရားသခင်ကချီးမြှောက်သည် (တမန် ၂:၃၈-၃၉၊ ယောဟန် ၁၄:၁၆၊ ၁၆:၈-၁၀၊ ၁ကော ၃:၁၆၊ ၆:၁၉၊ ဂလာ ၅:၂၂-၂၃)။
 
ပင်တေဂုတ္တေနေ့တွင် သခင်ယေရှု၏တပည့်တော်များအပေါ်သို့သန့်ရှင်း သောဝိညာဉ်တော်ဆင်းသက်သည့်နည်းတူခရစ်ယာန်များစွာတို့သည်သန့်ရှင်းသောဝိညာဉ်တော်ကိုရရှိရန်ကြိုးပမ်းနေကြသည်။အချို့သောသူများသည်ဤနည်းစနစ်ကိုအသုံးပြုခြင်းအားဖြင့်ငွေကြေးများစွာရရှိခဲ့သည်။ လူတွေကြိုးပမ်းအားထုတ် ခြင်းအားဖြင့်သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်သည်ဟု သူတို့က ဟန်ဆောင်ပြော ဆိုတတ်ကြသည်။ သူတို့ကရူပါရုံမြင်တွေ့ခြင်း၊အံ့သြဖွယ်နိမိတ်လက္ခဏာပြုခြင်း၊ သခင်ယေရှု၏အသံ တော်ကြားခြင်း၊အခြားဘာသာစကားပြောဆိုခြင်း၊ အနာ ရောဂါငြိမ်းစေခြင်းနှင့်နတ်ဆိုးများကိုနင်ထုတ်ခြင်းများပြုလုပ်လိုကြသည်။ သို့ သော်သူတို့၏နှလုံးသားများထဲတွင် အပြစ်ရှိကြကာသူတို့သည်ဝိညာဉ်ဆိုးများ လွှမ်းမိုးမှုအောက်တွင်ရှိကြသည်(ဧဖက် ၂:၁-၂)။ယခုချိန်၌ပင် လူများစွာတို့သည် နတ်ဆိုးများ၏တန်ခိုးအောက်တွင်ရှိနေသည်ကို မသိမမှတ်ဘဲ လျက်အသက် ရှင်ကြသည်။ ၄င်းသည် စာတန်မာရ်နတ်က လူတွေကို လိမ်ညာမှုသက်သက်ဖြစ် သောဖြစ်ရပ်ဆန်းများနှင့် အံ့သြဖွယ်နိမိတ်လက္ခဏာများ ပြဿသည့်နည်းစနစ် မျိုးစုံတို့ကိုအသုံးပြုကာ လူတွေကိုဖြားယောင်းသွေးဆောင်ခြင်း ဖြစ်သည်။
သခင်ယေရှုကတပည့်တော်များအား"ယေရုရှလင်မြို့မှမ ထွက်မသွားဘဲ ခမည်းတော်၏ဂတိကိုငံ့နေမည်အကြောင်း"(တမန်၁း၄)မှာတော်မူခဲ့သည်။ တ မန်တော်ဝတ္ထုထဲတွင် ဖော်ပြထားသောသန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်းသည်" အတွေ့အကြုံ"၊"ဝတ်ပြုကိုးကွယ်ခြင်း"၊(သို့)"နောင်တရခြင်းအတွက် ဆုတောင်း ခြင်းများ"အားဖြင့်မဟုတ်ပေ။ သို့သော် သူတို့အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော် ပေးအပ်ခြင်းအတွက် "ဘုရားသခင်၏ဂတိတော်စောင့်မျှော်ခြင်း"အားဖြင့်သာ ဖြစ် သည်။ ဤကျမ်းပိုဒ်ထဲတွင် ကျွန်ုပ်တို့သင်ယူရမည့်အရာသည်လူတွေ၏အရူးအမူး ဆု တောင်းခြင်းအားဖြင့်သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ခြင်းမဖြစ်ပေါ်နိုင်ပေ။ လူသားများအပေါ်ခမည်းတော်ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ပေးအပ် ထားသောရေ နှင့်သန့်ရှင်းသောဝိညာဉ်တော်သတင်းကောင်းကို လုံးဝယုံကြည် နိုင်ခြင်းသည် ဘုရားသခင်၏ကျေးဇူးတော်ပင်ဖြစ်သည်။ ကျွန်ုပ်တို့အပေါ်သခင် ယေရှုခရစ်တော်ပေးအပ်ထားသောသတင်းကိုယုံကြည် ခြင်းအားဖြင့်စစ်မှန်သော သန့်ရှင်းသောဝိညာဉ် တော်ကျိန်းဝပ်ခြင်းဖြစ်ပေါ်သည်။ ကျွန်ုပ်တို့သည် သန့်ရှင်း သော ဝိညာဉ်တော်ကျိန်းဝပ်ခြင်းရရှိခံစားနိုင်ရန်အတွက်ဘုရားသခင်က ကျွန်ုပ်တို့ အားရေနှင့်ဝိညာဉ်တော်၏ သမ္မာတရားကိုပေးခဲ့ပါသည်။ (၁ ယောဟန် ၂း၂-၅)။
"သန့်ရှင်းသောဝိညာဉ်တော်ဂတိတော်"စကားစုကို ဓမ္မသစ်ကျမ်းနေရာ အများအပြားတွင်တွေ့ရှိနိုင်သည်။ရှင်ပေတရုက ပင်တေဂုတ္တေနေ့သန့်ရှင်းသော ဝိညာဉ်တော်ဗတ္တိဇံခံသောအချိန်တွင် သူဟောပြောသောဒေသနာထဲတွင် (တမန် ၂း၃၈-၃၉)"သတင်းကောင်းကိုယုံကြည်ခြင်းအကျိုးရလဒ်ကြောင့် အပြစ်လွှတ် ခြင်းရရှိသော သူများအပေါ်သန့်ရှင်းသောဝိညာဉ်တော်ပေးအပ်ခြင်းသည်ဘုရား သခင်၏ဂတိတော်ဖြစ်သည်"ဟု ဟောပြောခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော် ကျိန်းဝပ်ခြင်းသည် အပြစ်လွှတ်ငြိမ်းချမ်းသာခွင့်ရရှိသောသူများအပေါ် ဘုရားသ ခင်ပေးထားသောဆုကျေးဇူးတစ်ခုဖြစ်ပြီး၊၄င်းသည် ဘုရားသခင်၏ဂတိတော် ပြည့်စုံခြင်းအကြောင်းဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲတွင်ဖော်ပြထားသောသန့်ရှင်း သောဝိညာဉ်တော်သည် ဘုရားသခင် နှင့်လူတွေကြားအပေးအယူလုပ်ခြင်းအား ဖြင့်ရရှိသောအရာမဟုတ်ပေ။ သို့သော် ၄င်းသည် ဘုရားသခင်ထံမှလာသော ဂတိတော်နှင့်ပတ်သက်သည့်ဆုကျေးဇူးတစ်ခုဖြစ်သည်။ ထိုကြောင့်တမန်တော် ဝတ္ထုထဲတွင်ဖော်ပြထားသည့်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ခြင်း သည်  ဆုတောင်းခြင်းအားဖြင့် ရရှိနိုင် သောအရာမဟုတ်ပေ (တမန် ၈:၁၉-၂၀)။
ကျွန်ုပ်တို့အပေါ်သခင်ယေရှုပေးထားသောရေနှင့် ဝိညာဉ်တော်၏သတင်း ကိုယုံကြည်သောသူများအပေါ်သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်ခဲ့ပါသည်။ တပည့်တော်များသည် သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ခြင်းရရှိနိုင်ရန်အတွက် သခင်ယေရှုကသန့်ရှင်းသောဝိညာဉ်တော်စေလွှတ်မည်ဟု ဂတိပေးထားခဲ့သည်။ "ဂတိတော်အချက်ဟူမူကား၊ယောဟန်သည်ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့သည် မကြာမမြင့်မှီသန့်ရှင်းသောဝိညာဉ်တော်၌ဗတ္တိဇံကိုခံရကြလိမ့်မည်ဟု မိန့်တော်မူ  ၏။"   (တမန် ၁:၅)
သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ခြင်းကို လက်ခံရရှိခဲ့ကြသောသမ္မာ ကျမ်းစာထဲ၌ရှိသောယုံကြည်မှုများကိုကြည့်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ် တော်ကျိန်းဝပ်ခြင်းသည် သူတို့၏ကြိုးပမ်းအားထုတ်ခြင်းအားဖြင့်မဟုတ်၊ဘုရား သခင်၏အလိုတော်အားဖြင့်ဖြစ်သည်ကိုကျွန်ုပ်တို့သိရှိနိုင်ပါသည်။ တမန်တော် ဝတ္ထုထဲတွင် တပည့်တော်များအပေါ်သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ခြင်းဖြစ် ပေါ်လာခဲ့ခြင်းသည် လူတွေ၏ကြိုးပမ်းအားထုတ်မှု (သို့) ဝိညာဉ်ရေးရာအောင်မြင် မှုများကြောင့် မဟုတ်ပေ။
တမန်တော်ဝတ္ထုထဲတွင်ဖော်ပြထားသည့်အတိုင်း သူ၏တပည့်တော်များ အပေါ်သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်လာခြင်းသည် မကြာမီအစစ်အမှန် ဖြစ်ပေါ်ခဲ့သည်။၄င်းသည် သခင်ယေရှုပြောခဲ့သော" ယခုမှစနေ့ရက်များစွာမကြာ မှီ" စကားအတိုင်းဖြစ်ပေါ်လာခဲ့သည်။ ကနဦးအသင်းတော်ခေတ်ကာလတွင် ဤအရာသည် ပထမဦးဆုံးသောကောင်းချီးမင်္ဂလာဖြစ်သည်။သမ္မာကျမ်းစာကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်၏ဂတိတော်သည်အစာရှောင်ခြင်း၊ ဆုတောင်း ခြင်း(သို့)မိမိကိုယ်ကို ဆက်ကပ်ခြင်းအားဖြင့် မပြည့်စုံဘဲသခင်ယေရှုကို ယုံ ကြည်ခြင်းအားဖြင့်သာ ပြည့်စုံခဲ့သည်။
 
 
သခင်ယေရှု၏တပည့်တော်များအပေါ်သန့်ရှင်းသောဝိညာဉ်တော်ရုတ်တရက် ဆင်းသက်လာခြင်း
 
"ပင်တေဂုတ္တေပွဲနေ့ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည်တညီတ ညွတ်တည်းစည်းဝေး၍ နေကြ၏။"(တမန်၂:၁) သခင်ယေရှု၏နောက်လိုက်တ ပည့်တော်များသည်သူတို့အပေါ် သန့်ရှင်းသောဝိညာဉ်တော်စေလွှတ်မည့်ဂတိ တော်ပြည့်စုံခြင်းအတွက်တစ်နေရာတွင်စုဝေး၍စောင်းမျှော်ခဲ့ကြသည်။ နောက် ဆုံးတွင်သူတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်ခဲ့သည်။
 "ထိုအခါလေပြင်းမုန်တိုင်းကဲ့သို့သောအသံသည် တခဏခြင်းတွင်ကောင်း ကင်မှလာ၍၊ ထိုသူတို့နေထိုင်သောအိမ်ကိုဖြည့်လေ၏။ ထိုခဏခြင်းတွင်ကွဲပြား သောလျှာတို့သည်မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးအသီးတို့အပေါ်၌တည် နေကြ၏။ ထိုသူအပေါင်းတို့သည်လည်းသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကိုပေးတော်မူသည်အတိုင်း အမျိုးမျိုး သောဘာသာစကားအားဖြင့်ဟောပြောကြ၏။" (တမန် ၂:၂-၄)
သန့်ရှင်းသောဝိညာဉ်တော်သည်"ကောင်းကင်မှရုတ်တရက်"ဆင်းသက်လာခဲ့သည်။ဤနေရာတွင်"ရုတ်တရက်"စကားလုံးသည် လူသားများဆန္ဒအားဖြင့် ဖြစ် လာသည်ကိုမဆိုလိုပေ။၄င်းအပြင်၊"ကောင်းကင်ပေါ်မှ" စကားစုသည်သန့် ရှင်းသောဝိညာဉ်တော်အားမည်သည့်နေရာမှလာသည်ကို၄င်း၊ လူတွေ၏ဆန္ဒနှင့် ကြိုးပမ်းအား ထုတ်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ခြင်းရ ရှိသည်ဟူသောခံယူချက်ကို မှားယွင်းခြင်းရှိကြောင်းကို၄င်း ဖော်ပြပေးလိုခြင်း ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ် တော်ကိုဆုတောင်းခြင်းများအားဖြင့် ရရှိသည် ဟုပြောခြင်းကလိမ်ညာမှုသက်သက်ဖြစ်သည်ကို "ကောင်းကင်မှ"စကားစုက ထင် ရှားစေသည်။
အခြားစကားလုံးများအားဖြင့်ဖော်ပြရလျှင် ၊ကောင်းကင်မှသန့်ရှင်းသော ဝိညာဉ်တော်ရုတ်တရက်ဆင်းသက်လာသည်ဟုပြောကြားခြင်းသည် သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်းက အခြားသောဘာသာစကားပြောဆိုခြင်း (သို့) မိမိကိုယ်ကိုယဇ်ကောင်အဖြစ် ပူဇော်ခြင်းများဖြစ်သော လောကအရာများအားဖြင့် မဖြစ်ထွန်းသည်ကိုဆိုလိုခြင်းဖြစ်သည်။ သခင်ယေရှုတပည့်တော်များက လူမျိုး တကာများထံ သတင်းကောင်းဟောပြောသောအခါအခြားသောဘာသာစကားကို ပထမဦးဆုံးပြော ကြားခဲ့သောသူများဖြစ်ကြသည်။ ဤကဲ့သို့ဖြစ်ရခြင်းအကြောင်း သည် သန့်ရှင်းသော ဝိညာဉ်တော်အကူအညီဖြင့်သူတို့သည် ဂျူးဘာသာစကားပြောကြားသော တိုင်းတပါးများထံ ဧဝံဂေလိတရားကို သူတို့၏ ဘာသာစကားအားဖြင့် ဝေငှသက်သေခံခဲ့သည်။ တပည့်တော်အများစုတို့သည် ဂါလိလဲမြို့သားများဖြစ်ကြသောကြောင့် နေရာဒေသအသီးသီးမှလာကြသော လူတွေကသူတို့ပြောသောအခြားသောဘာသာစကားများသည် သူတို့၏ဘာသာ စကားကဲ့ သို့ကြားသောကြောင့် အလွန်အံ့သြတွေဝေနေကြသည်။
"ထိုခဏခြင်းတွင်ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူ အသီးအသီးတို့အပေါ်၌တည်နေကြ၏။ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်း သောဝိညာဉ်တော်နှင့်ပြည့်ဝ၍ဝိညာဉ်တော်သည်ဟောပြောသောအခွင့်ကို ပေး တော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့်ဟောပြောကြ၏"(တ မန်၂း၃-၄)။ ဤနေရာတွင်ကျွန်ုပ်တို့အထူးသဖြင့်အာရုံးပြုရမည့် စာပိုဒ်မှာသန့် ရှင်းသောဝိညာဉ်တော်သည် "သူတို့အပေါ်တွင်ဆင်းသက်သည်"ဟူသောစကားစု ဖြစ်သည်။သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်ခြင်းကိုစောင့်မျှော်ရန်နေရာတစ်ခုတွင်စုရုံးလျက်ရှိသောတပည့်တော်များသည်ရေနှင့်ဝိညာဉ်တော်၏ဒုတိယအကြိမ်မွေးဖွါးခြင်းသတင်းကိုယုံကြည်ခဲ့ ကြသည်။
ဤကျမ်းပိုဒ်ထဲတွင်ဖော်ပြထားသောအကြောင်းအရာကိုခရစ်ယာန်များစွာတို့ကလွှဲမှားစွာယုံကြည်ကြ၍၊ သူတို့သည် ဆုတောင်းနေကြသည့်အချိန်တွင် သန့်ရှင်း သောဝိညာဉ်တော်သည် လေဗွေကဲ့သို့အသံပြုကာ ဆင်းသက်လာခြင်း ဖြစ်သည်ဟုယုံကြည်ကြသည်။ သို့သော်ဤယုံကြည်ခြင်းသည်မထီမဲ့မြင်ပြုခြင်း နှင့် စိတ်ရှုပ်ထွေးခြင်းမှလာသောသန့်ရှင်းသောဝိညာဉ်တော်အကြောင်း လွှဲမှား စွာယုံကြည်ခြင်းပင်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည်လူတွေအပေါ်ဆင်း သက်လာသောအခါယင်းကဲ့သို့အသံဗလာပြုသလား။ သူသည် အသံလုံးဝမပြုပါ။
လူတွေကသူတို့နားဖြင့်ကြားရသောအသံများသည်လူတွေဝိညာဉ်ကိုဖျက်ဆီးရန်ကြိုးပမ်းနေသောစာတန်၏အသံပင်ဖြစ်သည်။စာတန်သည် သန့်ရှင်းသော ဝိညာဉ် တော်အဖြစ်ဟန်ဆောင်ခြင်းအားဖြင့်လူတွေ၏စိတ်ကို ရှုပ်ထွေးစေရန်ထင် ယောင်ထင်မှားဖြစ်ရန် ပရိယာယ်ကိုအသုံးပြုခြင်း၊ အသံတုပြုလုပ်၍လူတွေကို သွေးဆောင်ခြင်း နှင့်မှားယွင်းသောနိမိတ်လက္ခဏာများပြုလုပ်ရန်ကြိုးပမ်းသော အခါ ဤကဲ့သို့သောအသံများကိုအသုံးပြုသည်။လူတွေက သန့်ရှင်းသောဝိညာဉ် တော်ဆင်းသက်လာခြင်း သက်သေအထောက်အထားသည်ဤအရာများဖြစ် သည်ဟု လွှဲမှားစွာခံယူတတ်ကြသည်။ လူတွေကသန့်ရှင်းသောဝိညာဉ်တော်ဆင်း သက်လာသောအခါ ကြီးသောလေပြင်းမုန်တိုင်းအသံ"ဝုန်းဝုန်း..."ကဲ့သို့အသံပြု လိမ့်မည်ဟုထင်တတ်ကြသည်။ ၄င်းတို့သည် နတ်ဆိုးဝိညာဉ်ဆိုးများ၏စုံစမ်း သွေးဆောင်ခြင်းပင်ဖြစ်သည်။ တမန်တော ဝတ္ထုထဲတွင်ဖော်ပြထားသော သန့်ရှင်း သောဝိညာဉ်တော်ဆင်းသက်လာခြင်းကို သတင်းကောင်းကိုယုံကြည်ခြင်း အား ဖြင့်သာ ဖြစ်သည်။
 
 
ရှင်ပေတရု၏ယုံကြည်ခြင်း(၁ပေ ၃:၂၁)သည် သန့်ရှင်းသောဝိညာဉ်တော် ရရှိရန် အတွက်  လုံလောက်သောယုံကြည်ခြင်း ဖြစ်သည်။
 
တမန်တော်ဝတ္ထုအခန်းကြီး၂ထဲတွင်ဖော်ပြထားသောပထမပင်တေဂုတ္တေနေ့ဖြစ်ရပ်ကိုကြည့်ခြင်းအားဖြင့် သမ္မာတရားဖြစ်သောရေနှင့် ဝိညာဉ်တော်သ တင်းကောင်းကိုသူတို့ယုံကြည်ခဲ့ကြသောကြောင့် သူတို့အပေါ်သန့်ရှင်းသောဝိ ညာဉ်တော်ဆင်းသက်ခဲ့သည့်အကြောင်းကို အလေးအနက်ထားရန်ဘုရားသခင် အလိုတော်ရှိသည်။သို့သော်လူများစွာတို့က"ပင်တေဂုတ္တေ"နေ့သည် အချို့သော သဘာဝတရားထက်လွန်ကဲသည့်နိမိတ်လက္ခဏာများနှင့်ညည်းတွားခြင်းပြုသော အသံဗလံများအားဖြင့်သန့်ရှင်းသောဝိညာဉ်တော်သည်ကောင်းကင်မှဆင်းသက်လာသည်ဟု ယုံကြည်ကြသည်။
ဤသို့သောအခြေနေမျိုးများကြောင့် ယနေ့တွင်နိုးထမှုအစည်းအဝေးများ ကျင်းပခြင်းဖြစ်သည်။သူတို့သည်သွေးရူးသွေးတန်းဆုတောင်းခြင်းများ၊ အစာ ရှောင်ခြင်း(သို့)လက်တင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိကြလိမ့်မည် ဟု ယုံကြည်ခြင်းဖြစ်သည်။နတ်ဆိုးစွဲခြင်း၊သတိမေ့မူးလဲခြင်း၊ ရက်အနည်းငယ်အ တွင်း စိတ်ပျော်ရွှင်စွာနေထိုင်ခြင်း (သို့) ထိန်းချုပ်မရတုန်ရီပြုသောအသံ စသော အခြင်းအရာများသည် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်မဟုတ်ပေ။
သန့်ရှင်းသောဝိညာဉ်တော်သည်စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသောသူဖြစ်သည်။ သူသည်လူတွေ၏အခြေအနေကိုလျစ်လျူရှုလိမ့်မည်မဟုတ်ပေ။ သန့်ရှင်း သောဝိညာဉ်တော်သည်ဘုရားလူဖြစ်ကာ၊သူ့မှာစဉ်းစားနိုင်သောဉာဏ်၊ စိတ်လှုပ် ရှားမှုနှင့်လိုအင်ဆန္ဒရှိသောကြောင့် လူသားများအပေါ်အနိုင်အထက် ပြုကာမတ ရားမလုပ်တတ်ပေ။ လူတွေကရေနှင့်ဝိညာဉ်တော်သတင်းကောင်းစကားများကို ယုံကြည်သောအခါမှသာ သူသည် လူတွေပေါ်တွင်ဆင်းသက်လာခြင်း ဖြစ်သည် (တမန် ၂:၃၈)။
ပရောဖက်ယောလကြိုတင်ဟောကြားထားသည့်အတိုင်း တပည့်တော် များအပေါ်သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်လာခဲ့သည်ဟု ရှင်ပေတရုက သက်သေခံခဲ့သည်။ အပြစ်လွှတ်ခြင်းအခွင့်ရရှိသော သူများအပေါ်သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်ခြင်းသည်ဘုရားသခင်၏ဂတိတော်ပြည့်စုံခြင်း ဖြစ်သည်။ အခြားသောစကားလုံးအားဖြင့်ဖော်ပြရလျှင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ် ခြင်းကိုသခင်ယေရှုသည် ယောဟန်အားဖြင့်နှစ်ခြင်းမင်္ဂလာခံယူပြီး၊ လူသားများ အားသူတို့၏အပြစ်မှ ကယ်တင်ရန်ကားတိုင်ပေါ်တွင်အသေခံခဲ့သည်ဟု ယုံကြည် သောသူများအပေါ်ပေးထားသော သမ္မာတရားဖြစ်သည်။ကျွန်ုပ်တို့သည်သခင် ယေရှုသည် အဘယ်ကြောင့်နှစ်ခြင်းခံခဲ့သည်ကို၄င်း၊ ကျွန်ုပ်တို့သည်အဘယ် ကြောင့်၄င်းယုံကြည်ရမည်ကို၄င်းသိရှိရန်လိုသည်ဟု ရှင်ပေတရု၏ဒေသနာနှင့် ယောလ၏ပရောဖက်ပြုခြင်းများအားဖြင့်သိရှိသည်။
ရှင်ပေတရုဟောပြောခဲ့သောသတင်းကောင်းကို မိတ်ဆွေယုံကြည်သ လား(၁ပေ၃:၂၁)။(သို့)သတင်းကောင်းနှင့်ဆန့်ကျင်ဘက်ဖြစ်သောအသုံးမရ၊ အစွဲ အလမ်းကြီးသောယုံကြည်ခြင်းများမိတ်ဆွေမွေးထားသေးသလား။ ဘုရားသခင်၏ အကြံအစည်တော်ကို လျစ်လျူရှုလျက်ကိုယ်ပိုင်ကြိုးစားခြင်းအားဖြင့် သန့်ရှင်း သောဝိညာဉ်တော်ရရှိရန်ကြိုးပမ်းသလား။ လူတစ်စုံတစ်ယောက်သည် ဘုရား သခင်ကို ယုံကြည် သည်ဖြစ်စေ၊သူတို့၏အပြစ်များအဝေးသို့ဖယ်ထုတ်ရန်အတွက် နောင်တရခြင်းနှင့် ဆိုင်သောဆုတောင်းခြင်းများပြုသည်ဖြစ်စေ ရေနှင့်ဝိညာဉ် တော်၏သတင်းကိုယုံကြည်ခြင်းမရှိလျှင် သန့်ရှင်းသေသာဝိညာဉ်တော်ကိန်းဝပ် ခြင်းရရှိရန်နည်းလမ်းမရှိပေ။
ရေနှင့်ဝိညာဉ်တော်သတင်းသိရှိခြင်းမရှိဘဲလျက် သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းရရှိရန်မိတ်ဆွေစောင့်မျှော်သေးသလား။မိတ်ဆွေ၏နှလုံးသား များထဲတွင်သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်စေသောသခင်ယေရှုနှစ်ခြင်းခံယူ ခြင်းနှင့်ကားတိုင်တော်ပေါ်တွင်သူသွန်းလောင်းသောအသွေးတော်တို့၏ စစ်မှန် သောအဓိပ္ပါယ်ကိုမိတ် ဆွေသိရှိသလား။ရေနှင့်ဝိညာဉ်တော်ကိုယုံကြည်မှသာလျှင် သန်ု့ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရှိနိုင်သည်ဟု မိတ်ဆွေယုံကြည်သင့်ပါ သည်။ စစ်မှန်သောသန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်းသည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကိုယုံကြည်သောသူများအပေါ်၌သာ သက်ရောက်လျက် ရှိသည်။ ကျွန်ုပ်တို့အပေါ်သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်နိုင်ရန်အတွက် ရေနှင့်ဝိညာဉ်တော်သူ၏သတင်းကောင်းကို ကျွန်ုပ်တို့အားလက်ကမ်းပေးအပ် သောဘုရားသခင်ကိုကျွန်ုပ်တို့ကျေးဇူးတင်လျက်ရှိသည်။