တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-5] (၁ယော ၁:၁-၁၀) မိတ်ဆွေသည်သန့်ရှင်းသောဝိညာဉ်တော်နှင့်မိတ်သာဟာရဖွဲ့လိုပါသလား။

(၁ယော ၁:၁-၁၀)
"ရှေ့ဦးစွာကပင်ဖြစ်၍၊ငါတို့သည်ကိုယ်တိုင်ကြားလျက်၊ ကိုယ်မျက်စိနှင့် မြင်လျက်၊ စေ့စေ့ကြည့်ရှု၍လက်နှင့် စမ်းသပ်ခဲ့ပြီးသောအရာတည်းဟူသောအ သက်ရှင်သောနှုတ်ကပတ်တော်နှင့် ဆိုင်သောအရာကိုသင်တို့အားပြသကြ၏။ ထိုအသက်သည်ထင်ရှားခဲ့ပြီ။ ငါတို့လည်မြင်ရကြပြီ။ ခမည်းတော်နှင့် အတူရှိ ဘူး၍၊ ငါတို့အားထင်ရှားခဲ့ပြီးသောထိုထာဝရအသက်ကို ငါတို့သည် သင်တို့အား သက်သေခံ၍ပြသကြ၏။ ငါတို့သည်ခမည်းတော်နှင့်၄င်း၊သားတော် ယေရှုခရစ်နှင့် ၄င်း၊ မိဿဟာယဖွဲ့ရသည်ဖြစ်၍၊ သင်တို့သည်ငါတို့နှင့်မိဿ ဟာယဖွဲ့စေခြင်းငှါ။ ငါအတို့ကြားမြင်ရသောအရာကို သင်တို့အားပြသကြ၏။ သင်တို့၏ဝမ်းမြောက်စ ရာအကြောင်းစုံလင်ခြင်းငှါလည်း၊ ဤအရာများကို ငါတို့သည်ရေးလိုက်ကြ၏။ ထိုနှုတ်ကပတော်၌ငါတို့သည်ကြားရ၍၊ သင်တို့အား ပြသသောတရားစကားဟူမူ ကား၊ ဘုရားသခင်သည်အလင်းဖြစ်တော်မူ၏။ ဘုရားသခင်၌မှောင်မိုက်အလျင်း မရှိ။ငါတို့သည်ဘုရားသခင်၌မိဿဟာရဖွဲ့သည်ဟုဆိုလျက်ပင်၊ မှောင်မိုက်၌ကျင် လည်လျှင်၊ သစ္စာတရားကိုမကျင့်၊ မုသာကိုသုံးသောသူဖြစ်ကြ၏။ ဘုရားသခင် သည်အလင်း၌ရှိတော်မူသကဲ့သို့၊ ငါတို့သည်အလင်း၌ကျင်လည်လျှင်။ အချင်းချင်း မိဿဟာရဖွဲ့ခြင်းရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော်ယေရှုခရစ်၏အသွေး တော်သည်၊ ငါတို့အပြစ် ရှိသမျှကိုဆေးကြောတော်မူ၏။ ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ် ကိုကိုယ်လှည့်ဖြားကြ၏။ ငါတို့၌သစ္စာတရားမရှိ။ ကိုယ်အပြစ်တို့ကိုဘော်ပြ တောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ဒုစရိုက်ရှိသ မျှနှင့်ကင်းစင်စေခြင်း ငှါဘုရားသခင်သည်သစ္စာတရားနှင့်၄င်း၊ ဖြောင့်မတ်ခြင်း တရားနှင့်၄င်း၊ပြည့်စုံတော်မူ၏။ဒုစရိုက်ကိုမပြုပြီဟုငါတို့သည်ဆိုလျှင်၊ ဘုရားသ ခင်ကိုမုသာအပြစ် တင်ကြ၏။နှုတ်ကပတ်တော်လည်ငါတို့၌မရှိ။"
 
 
သန့်ရှင်းသောဝိညာဉ်တော် နှင့်မိတ်ဿဟာရဖွဲ့ခြင်းရရှရန် မရှိမဖြစ်လိုအပ်သောအရာ သည်အဘယ်နည်း။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကျွန်ုပ်တို့သိရှိယုံကြည်ပြီး၊ ယုံကြည် ခြင်းအားဖြင့်ကျွန်ုပ်တို့အပြစ်အားလုံးကို မိမိကိုယ်ကိုဆေးကြောသင့်ပေသည်။
 
မိတ်ဆွေသည်သန့်ရှင်းသောဝိညာဉ်တော်နှင့်မတ်သဟာရဖွဲ့လိုလျှင် မိတ် သဟာရမဖွဲ့နိုင်ရန်တားဆီးပိတ်ပင်သော ဘုရားသခင်ရှေ့မှောက်တွင်သေးငယ် သည့်အပြစ်ကိုပင် မိတ်ဆွေသိရှိရပေမည်။ "ဘုရားသခင်၏ရှေ့မှောက်တွင် အပြစ် အနည်း ငယ်မျှမရှိသောလူတစုံတယောက်မျှရှိမလား"ဟုမိတ်ဆွေ ယူဆနိုင်ပါ သည်။ သို့သော် မိတ်ဆွေသည် ဘုရားသခင်နှင့်မှန်ကန်စွာမိတ်သဟာရဖွဲ့လိုလျှင် မိတ်ဆွေ၏နှလုံးသားထဲတွင် မှောင်မိုက်ခြင်းလုံးဝမရှိသင့်ပေ။ ထိုကြောင့် ဘုရား သခင်နှင့် မိတ်သဟာရဖွဲ့နိုင်ရန်အတွက် ရွေးနှုတ်ခြင်းသတင်းကောင်းကိုသိရှိပြီး၊ အပြစ်အားလုံးမိမိကိုယ်ကိုဆေးကြောခြင်းကို မိတ်ဆွေယုံကြည်ရမည်ဖြစ်ကြောင်း သိရှိရန် လိုအပ်သည်။
သန့်ရှင်းသောဝိညာဉ်တော်နှင့်မိတ်သဟာရဖွဲ့ခြင်းအမှန်ရှိလိုပါကရေနှင့် ဝိညာဉ်တော်သတင်းကိုမိတ်ဆွေသိရှိယုံကြည်ပြီး၊ ယုံကြည်ခြင်းအားဖြင့်မိတ်ဆွေ ၏အပြစ်များဆေးကြောခြင်းကို ရှေ့ဦးစွာသိရှိသင့်ပေသည်။ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကိုမသိဘဲ၊ ၄င်းကိုမိတ်ဆွေ၏နှလုံးသားထဲတွင်မသွင်းထား ခဲ့လျှင် ဘုရားသခင်နှင့်မိတ်သဟာရဖွဲ့ခြင်းရရှိရန်ယူဆခြင်းမရှိသင့်ပေ။ ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းအားဖြင့် မိတ်ဆွေ၏နှလုံးသားများမှအပြစ်များကို အဝေးသို့ထုတ်ပယ်သောအခါ သန့်ရှင်းသောဝိညာဉ်တော်နှင့်အတူမိတ်သဟာရဖွဲ့ နိုင်မည်ဖြစ်သည်။
သခင်ယေရှု၏ရေနှင့်ဝိညာဉ်တော်သမ္မာတရားအားဖြင့် အပြစ်များအား လုံးကိုလူတစ်ဦး၏နှလုံးသားများထဲမှထုတ်ပယ်နိုင်မည်ဖြစ်သည်။ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို မိတ်ဆွေယုံကြည်မှသာလျှင် ဘုရားသခင်က မိတ် ဆွေအား သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကောင်းချီးပေးမည်ဖြစ်သည်။ မိတ်ဆွေသည် ဘုရားသခင်၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်မိတ်သဟာရဖွဲ့ရန် အမှန်ဆန္ဒရှိသလား။ ဆန္ဒရှိလျှင် အပြစ်များမိမိကိုယ်ကိုဆေးကြောသန့်စင်ရန် အတွက် မိတ်ဆွေ၏အပြစ်များကိုသိရှိပြီး၊ ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ယုံကြည်ရမည်ဖြစ်သည်။ ၄င်းနောက် ဘုရားသခင်နှင့်စစ်မှန်သောမိတ်သဟာရ ဖွဲ့ခြင်းကိုမိတ်ဆွေရရှိနိုင်မည်ဖြစ်သည်။
မိတ်ဆွေသည် ဘုရားသခင်နှင့်မိတ်သဟာရဖွဲ့လိုလျှင် ယောဒန်မြစ်တွင် ယောဟန်အားဖြင့် သခင်ယေရှုခံယူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်တော်ပေါ်တွင်သူ သွန်းလောင်းသောအသွေးတော်ကိုယုံကြည်ရမည်ဖြစ်သည်။ လူတွေက သန့်ရှင်း သောဝိညာဉ်တော်နှင့်အမှန်မိတ်သဟာရဖွဲ့လိုလျှင် သန့်ရှင်းသောဝိညာဉ်သည် မည် ကဲ့သို့သောပုဂ္ဂိုလ်ဖြစ်သည်ကို သိရှိသင့်သည်။ သန့်ရှင်းသောဝိညာဉ်တော် သည် သန့်ရှင်းသောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ထိုကြောင့် သတင်းကောင်းကို ယုံကြည်သော သူများထဲ၌သာသန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်နိုင်သည်။
ယောဟန်အားဖြင့်သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်သူအသွေးတော်ကို ယုံကြည်ခြင်းအားဖြင့်အပြစ်များဆေးကြောခြင်းခံပြီး၊ ယခုသန့်ရှင်းသောဝိညာဉ် တော်နှင့်မိတ်သဟာရဖွဲ့သောလူတစ်ဦး၏ဝန်ခံပြောဆိုချက်ကို ကျွန်ုပ်တို့ကြည့်ကြ ပါစို့။
"ဤလောကမှာ မတူညီးသောလူတန်းစားများစွာရှိတယ်။ လူတိုင်းက သူတို့၏ခံယူချက်များနှင့်ကိုယ့်နည်းကိုယ့်ဟန်တို့ဖြင့်အသက်ရှင်နေကြတယ်။  ထို သူများထဲမှ ကျွန်တော်လည်းတစ်ယောက်အပါအဝင်ဖြစ်တယ်။ ကျွန်တော်သည် သာမန်လူတစ်ဦးဖြစ်ခဲ့တယ်။ ငယ်ရွယ်သောအချိန်မှစပြီး၊ မိခင်၏နောက်သို့လိုက် ကာဘုရားကျောင်းတက်ခဲ့တယ်။ ဘုရားသခင်ကိုအလိုအလျောက်ယုံကြည်ခဲ့ တယ်။ ကျွန်တော်ဖခင်ကြီးသည် ဘုရားမရှိဟုယုံကြည်သူတစ်ဦးဖြစ်ခဲ့တယ်။ သူက ကျွန်ုပ်ယုံကြည်ခြင်းကို မကြခဏပြစ်တင်ဝေဖန်ခဲ့တယ်။ သို့သော် ကျန် သောမိသားစုဝင်များသည်ဘုရားကျောင်းသို့တက်ခဲ့ကြပါတယ်။ ဘုရားကျောင်းသို့ တက်ရောက်ခြင်းသည် ကျွန်ုပ်ဘဝ၏ကြီးမားသောတစိတ်တဒေသတွင်ပါဝင်ခဲ့ တယ်။
သို့သော်လည်း၊ ကျွန်တော်ဆယ်ကျော်သက်အရွယ်ရောက်လာသောအခါ သေလုဆဲဆဲလဲနေသောကျွန်တော့်ဖခင်ကြီးကိုကြည့်ပြီး၊ အသက်ရှင်ခြင်းနှင့်သေ ခြင်း၊ ကောင်းကင်နိုင်ငံနှင့်ငရဲအကြောင်းနှင့်ပတ်သက်ပြီးအတွေးအခေါ်များကို ကျွန်တော့်စိတ်ထဲတွင်ရောက်ရှိလာခဲ့တယ်။ ကျွန်တော်သည်ဘုရားသခင်ကိုယုံ ကြည်လျှင် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်နိုင်ပြီး၊ ဘုရားသခင်၏သားဖြစ်နိုင် လိမ့်မည်ဟု လူအများစုကပြောခဲ့ကြတယ်။ သို့သော် ထိုယုံကြည်ခြင်းမျိုးကို ကျွန်တော်လုံးဝမယုံကြည်ခဲ့ပေ။ ကျွန်တော်သည် ဘုရားသခင်၏သားဖြစ်လိမ့် မည်ဟု သေချာစွာမသိခဲ့ပေ။ ကျွန်တော်သည် ဤလောကတွင် ကောင်းသောအရာ များပြုလုပ်လျှင် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်လိမ့်မည်ကိုသင်ယူသိရှိခဲ့ သောကြောင့် ဆင်းရဲသောသူများအပေါ်ကောင်းမှုကုသိုလ်များပြုရန် ကျွန်တော် ကြိုးစားခဲ့တယ်။
သို့သော် ကျွန်ုပ်အတွင်းနှလုံးသားထဲတွင် အပြစ်ရှိကြောင်း ကျွန်တော် သိရှိခဲ့တယ်။ အခြားသူများအတွက် ကျွန်တော်သည်ကောင်းသောသူကဲ့သို့ဖြစ် နိုင်သော်လည်း ကျွန်တော်လူကောင်းမဟုတ်ခဲ့ပေ။ အပြစ်ရှိသည်ဟု ခံစားခဲ့ရ တယ်။ ထိုအချိန်တွင် ကျွန်တော်ဘုရားကျောင်းသို့သွားပြီး "ကိုယ်တော်၏စစ်မှန် သောသားတစ်ဦးဖြစ်စေတော်မူပါ။ သမ္မာတရားကိုလည်းသိရှိစေတော်မူပါ" ဟု ကျွန်တော်ဆုတောင်း လေ့ရှိတယ်။ ဆုတောင်းနေစဉ် ကျွန်ုပ်နှလုံးသားထဲတွင် အသစ်သောတိုက်တွန်းမှု တစ်ခုဖြစ်ပေါ်လာခဲ့တယ်။ နှုတ်ကပတ်တရားတော် သွန်သင်ခြင်းကိုကျွန်တော်နားထောင်သည့်အခါတိုင်း၊ နှုတ်ကပတ်တော်စကား များကို ကျွန်တော်နားလည်သိရှိခြင်းမရှိနိုင်ခဲ့ပေ။ ကျွန်ုပ်၏ဘဝ၊ သေခြင်းစသော အရာများအားဖြင့် ကျွန်တော်စိတ်ပူပန် ခဲ့ရတယ်။
"ကျွန်တော်ဒုတိယမွေးဖွါးခြင်းခံယူလိုတယ်။ ကျွန်တော်ဒုတိယမွေးဖွါး ခြင်းခံယူခဲ့လျှင် ဤကဲ့သို့အသက်ရှင်လိမ့်မည်မဟုတ်ဘူး}ဟု ကျွန်တော်တွေးတော ခဲ့တယ်။ သို့သော်ဤအတွေးများကိုလျစ်လျူရှုပြီး၊ ဘုရားကျောင်းသို့ပုံမှန်တက် ရောက်ရန် ပျက်ကွက်ခဲ့ပြီး၊ ကျွန်ုပ်၏ဆယ်ကျော်သက်အရွယ်များကုန်လွန်သွား ခဲ့တယ်။ ကျွန်တော်အလုပ်ရှာဖွေရန်ကြိုးပမ်းခဲ့သော်လည်း ကျွန်တော့်အထင်ထက် ပိုခက်လာခဲ့တယ်။ ကျွန်တော်ပို၍စိတ်ဖိဆီးမှုကိုခံစားခဲ့တယ်။ ကျွန်တော်ကြိုးစား ခဲ့သော်လည်း ပြုံးပြုံးရွှင်ရွှင်မနေနိုင်ခဲ့ပေ။ ကျွန်ုပ်၏ဟာတာတာဖြစ်နေသောနှလုံး သားကိုကြည့်ပြီး၊ စိတ်ပျက်နုံခြာမှုကို ကျွန်တော်ခံစားခဲ့တယ်။ ထိုအချိန်တွင် ကျွန်ုပ်အစ်ကိုထံမှ သ တင်းကောင်းတစ်ခုကိုကြားခဲ့ရတယ်။
"ထိုကြောင့်ထာဝရဘုရားထံတော်မှချမ်းဧသောအချိန်ကာလရောက်လာ၍၊ သင်တို့အဘို့အလိုငှါခန့်ထားတော်မူနှင့်သောယေရှုခရစ်ကိုစေလွှတ်တော်မူမည် အကြောင်း၊ သင်တို့အပြစ်များကိုပြေစေခြင်းငှါနောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့"(တမန် ၃:၁၉-၂၀)။ ဤကျမ်းပိုဒ်သည် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းဖြစ်ပါတယ်။ယခင်ဘုရားကျောင်းတက်သောအချိန်တွင်ကျွန်တော်သင်ယူခဲ့သောအရာများသည် ကျွန်ုပ်တို့အပြစ်များအတွက် သခင်ယေရှုသည်ကား တိုင်တော်ပေါ်တွင်အသေခံခဲ့ခြင်းအကြောင်းဖြစ်တယ်။ သို့သော်လည်း ဤသတင်း ကောင်းက ကျွန်ုပ်တို့အပြစ်များလွတ်ငြိမ်းခြင်းအခွင့်ရရှိရန်ယောဟန်အားဖြင့် သ ခင်ယေရှုသည်ဗတ္တိဇံကိုခံယူခဲ့ကြောင်းနှင့် ကားတိုင်တော်ပေါ်တွင် ကျွန်ုပ်တို့အ ပြစ်အတွက်သူသည် ပြစ်ဒဏ်ခံခဲ့ကြောင်း ပြောပြတယ်။
ကျွန်ုပ်ဘဝတလျှောက်တွင် ဘုရားကျောင်းသို့တက်ရောက်ခဲ့ပြီး၊ ဘုရား သခင်၏သားအဖြစ်ကျွန်တော်ဟန်ဆောင်ခဲ့သော်လည်း လွှဲချော်သွားခဲ့တယ်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုနားလည်သိရှိရန် ကျွန်တော်ကြိုးပမ်းခဲ့သော် လည်း လွှဲချော်သွားခဲ့တယ်။ သို့သော် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကျွန်တော်ကြားသိခဲ့ပြီးနောက် ၄င်းကိုယုံကြည်သောအခါ ကျွန်ုပ်တွင်ရှိသောအ ပြစ်နှင့်ကျွန်ုပ်တို့ကို ညှဉ်းပန်းနှိပ်သောအရာရှိသမျှတို့သည် ပျောက်ကွယ်သွားခဲ့ပြီး၊ ကျွန်ုပ်နှလုံးသားတွင် ငြိမ်သက်မှုရရှိခဲ့တယ်။
ကျွန်တော်သည် ဘုရားသခင်ကို စိတ်အားထက်သန်စွာယုံကြည်ပြီး၊ ဘု ရားကျောင်းသို့ မှန်မှန်တက်ခဲ့လျှင် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်နိုင်မည်ဟု ကျွန်တော်ထင်ခဲ့တယ်။ သို့သော်ဘုရားသခင်သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ကျွန်တော့်ဆီစေလွှတ်ခဲ့ပြီး၊ ကျွန်ုပ်အပြစ်များလွတ်ငြိမ်းခြင်းအခွင့်ရရှိခဲ့ တယ်။ ဘုရားသခင်က ကျွန်ုပ်အားသန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးကိုပေး အပ်ခဲ့တယ်။ ဘုရားသခင်၏ရွေးနှုတ်ကယ်တင်ခြငး်ကိုကျွန်တော်မရရှိမှီ သန့်ရှင်း သောဝိ ညာဉ်တော်အကြောင်းနှင့် အခြားသောဘာသာစကားပြောဆိုခြင်းအယူအ ဆများကို ကျွန်တော်မသိခဲ့ပေ။ ကျွန်တော် ဘုရားကျောင်းသို့တက်ရောက်ခဲ့ပြီး၊ ရိုးသားစွာအသက်ရှင်ကာ အသင်းတော်အတွက်အစေခံခဲ့လျှင် ဘုရားသခင်က ကျွန်ုပ်ကိုကောင်းချီးချပေးမည်ဟု ကျွန်တော်ယုံကြည်ခဲ့တယ်။ သို့သော် ရေနှင့်ဝိ ညာဉ်တော်သတင်းအားဖြင့်အပြစ်များကိုဖြေလွတ်ခြင်းအခွင့်ရရှိသောအခါ သန့် ရှင်းသောဝိညာဉ်တော်ကို ကျွန်တော်ရရှိခဲ့တယ်။
လွန်ခဲ့သောကျွန်ုပ်ဘဝတွင် ဘုရားသခင်ကိုကျွန်တော်ယုံကြည်သော် လည်း ကျွန်တော့်မှာအပြစ်ရှိသေးခဲ့တယ်။ ကျွန်တော်မပူမအေးသောဘဝဖြင့်အ သက်ရှင်ခဲ့ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်း၏အရေးပါမှုကိုမသိခဲ့ပေ။ သို့ သော် သမ္မာကျမ်းစာအရ သတင်းကောင်းကိုဝေငှပေးခဲ့သော ဘုရားသခင်၏အစေ ခံကျွန်အားဖြင့် ကျွန်ုပ်အထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ကြောင်း ကျွန်တော်ယုံကြည်သိရှိခဲ့ရတယ်။
ရွေးနှုတ်ကယ်တင်ခြင်းရရှိပြီးနောက် ပထမတွင် ကျွန်တော့်အထဲတွင် သန့် ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရှိသည်မရှိသည်ကို ကျွန်တော်နားမလည် ခဲ့ပေ။ သို့သော် နှုတ်ကပတ်တော်ကို ကျွန်တော်ဆက်လက်လေ့လာခဲ့ပြီးနောက် ကျွန်ုပ်နှလုံးသားထဲတွင် အသစ်သောယုံကြည်ခြင်း ပွင့်လန်းလျက် သန့်ရှင်းသော ဝိညာဉ် တော်ကိန်းဝပ်ခြင်းရရှိခဲ့တယ်။ ယခုတွင် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ် အထဲတွင် ကိန်းဝပ်လျက်ရှိသည်ကို ကျွန်တော်သေသေချာချာသိရှိခဲ့တယ်။ ကျွန်ုပ်အပြစ်များလွတ်ငြိမ်းခြင်းရရှိသောအခါ အပြစ်လွတ်ငြိမ်းခြင်းအခွင့်ရရှိသော သူများသည် ဘုရားသခင်၏သားဖြစ်ရသောအခွင့်ရရှိကာ သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်သည်ကို ကျွန်တော်သိရှိခဲ့တယ်။
ဘုရားသခင်၏မျက်စိတော်အောက်တွင်ပြည့်စုံသောသူဖြစ်လာရန် ကျွန်ုပ် ကြိုးပမ်းအားထုတ်မှု (သို့) ပြည့်စုံသောသူဖြစ်လာရန်အသက်ရှင်ခြင်းများက ကျွန်ုပ် အားသန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းမရရှိစေနိုင်ကြောင်းကို ကျွန် တော်သိရှိခဲ့တယ်။ သူတို့သည်အပြစ်သားများဖြစ်ကြကြောင်းနှင့် ထိုအပြစ်အ တွက်အဘယ် သို့လုပ်ဆောင်ရမည်ကိုမသိသောသူများအပေါ် ဘုရားသခင်ကြွ လာတယ်။ ဘုရားသခင်ကို စိတ်အားထက်သန်စွာရှာဖွေသောသူများနှင့်သူ့ကို လိုအပ်သောသူများကို ဘုရားသခင်ကစောင့်ကြိုလျက်ရှိတယ်။
ကောင်းမှုကုသိုလ်ပြုခြင်းနှင့် ဘုရားသခင်ကို မရပ်မနားယုံကြည်ခြင်းများ ကကျွန်ုပ်ကိုကောင်းကင်နိုင်ငံတော်သို့မပို့ဆောင်နိုင်ကြောင်း ဘုရားသခင်က ကျွန်ုပ်အားဖွင့်ပြပေးခဲ့တယ်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ကျွန်ုပ် ၏အပြစ်များမှ ကျွန်ုပ်ကိုကယ်တင်ရန် သခင်ယေရှုခရစ်တော်သည် ဤလောက သို့ကြွဆင်း လာခဲ့သည်ဟု ဘုရားသခင်က ကျွန်ုပ်အားဖွင့်ပြခဲ့တယ်။
ဘုရားသခင်သည် ကျွန်ုပ်အားသူ၏သားဖြစ်ရသောအခွင့်ကိုပေးခဲ့ခြင်းနှင့် သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်းအားဖြင့်ကောင်းချီးချပေးခဲ့သောကြောင့် ဘုရားသခင်ကိုကျွန်တော်ကျေးဇူးတင်လျက်ရှိတယ်။ ကျွန်ုပ်သည် ဘုရားသခင်၏ သားမဖြစ်ခဲ့လျှင် ကျွန်ုပ်နှလုံသားထဲတွင်အပြစ်ရှိသေးမည်ဖြစ်ပြီး၊ ငရဲထဲ၌ချုပ် နှောင်မှုခံယူခြင်း အားဖြင့်ထာဝရပြစ်ဒဏ်ခံရမည်ဖြစ်တယ်။"
ထိုနည်းတူ တခါက ကားတိုင်တော်ပေါ်တွင်သွန်းလောင်းသောအသွေး တော်ကိုသာ ကျွန်တော်ယုံကြည်ခဲ့ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ကိုရရှိလိုသော် လည်းမရခဲ့ပေ။ ထိုအချိန်တွင် ကျွန်တော်သခင်ယေရှုကိုယုံကြည်ခဲ့သော်လည်း ကျွန်ုပ်နှလုံးသားထဲတွင်အပြစ်ရှိခြင်းက သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်းကိုပိတ် ပင်ဆီးတားခဲ့တယ်။ အပြစ်သားတစ်ဦးသည် သူ၏နှလုံးသားထဲတွင် သန့်ရှင်း သောဝိညာဉ်တော်မဆင်းသက်ခဲ့ပေ။ သို့သော် များစွာသောအပြစ်သားများသည် သူတို့၏နှလုံးသားများထဲတွင် အပြစ်အပြည့်ရှိကြသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်ရရှိ ရန်ကြိုးပမ်းခဲ့ကြသည်။
မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်အမှန်ဆန္ဒရှိပြီး သူနှင့်အ တူမိတ်သဟာရဖွဲ့လိုပါက ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်ကာ ရွေးနှုတ်ခြင်းရရှိရန်လိုအပ်လျက်ရှိသည်။ မိတ်ဆွေသည် အပြစ်သားတစ်ဦးဖြစ် သေးသ လား။ ဖြစ်သေးလျှင်သန့်ရှင်းသောဝိညာဉ်တော်ရရှိပြီးသောသူများထံမှစစ် မှန်သောသတင်းကောင်းကိုကြားနာရမည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော် နှင့်မိတ်ဿဟာရဖွဲ့လိုသောသူများသည် ဆာငတ်သောနှလုံးသားရှိပြီး၊ ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကိုကိုးစားရမည်ဖြစ်သည်။
ဖြောင့်မတ်သောသူများကသာလျှင် ဘုရားကျောင်းတက်ရောက်ခြင်းအား ဖြင့်သန့်ရှင်းသောဝိညာဉ်တော်စကားများကိုကြားသိနိုင်မည်။ သူတို့သည် သတင်း ကောင်းကိုကြားနာခြင်းအားဖြင့် သစ္စာရှိစွာဖြင့်အသက်ရှင်နိုင်ကြမည်ဖြစ်သည်။ သို့သော်အပြစ်သားများသည် သတင်းကောင်းကြားနာခြင်းမရှိဘဲ ငရဲကိုဦး တည်ခြင်းအားဖြင့် ကျိန်ခြင်းအမင်္ဂလာခံသောဘဝဖြင့်အသက်ရှင်ကြသည်။
ထိုကြောင့် မိတ်ဆွေသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုသင်ယူရ မည်ဖြစ်သည်။ ဤသတင်းကောင်းကိုကြားနာရန် မိတ်ဆွေအဘယ်ကြောင့်လိုအပ် သနည်း။ မိတ်ဆွေသည်ဘာသာရေးနှင့်စပ်ဆိုင်သောပညတ်တော်မှလွတ်မြောက် ရန် နှင့်ဘုရားသခင်၏နှုတ်ကပတ်တော်သတင်းကောင်းအပေါ်ယုံကြည်ခြင်းတည် ဆောက်ရန် မရှိမဖြစ်လိုအပ်သည်။ သခင်ယေရှု၏တပည့်တော်များက ဤသတင်း ကောင်းကိုလိုက်နာခဲ့ကြသည်။ ယခုတွင် သန့်ရှင်းသောဝိညာဉ်တော်ရရှိသောသူ များသည် ဤသတင်းကောင်းကိုပိုင်ဆိုင်ကြသည်။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းသည် ကနဦးအသင်းတော်တွင်ရှိသောတမန်တော်များ လိုက်နာကျင့်သုံး ခဲ့ကြသောသတင်းကောင်းနှင့်ထပ်တူထပ်မျှဖြစ်သည်။ ခရစ်ယာန်အားလုံးက သန့်ရှင်းသောဝိညာဉ် တော်ကိုရရှိကြရမည်ဖြစ်သည်။ သို့မှသာလျှင် သူတို့သည် ဘုရားသခင်၏သားသမီးဖြစ်လာနိုင်ပါသည်။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုမယုံကြည်သေးသောသူများသည် သူတို့၏နှလုံးသားများထဲတွင်အပြစ်ရှိသေးကြသည်။ သူတို့သည်သန့်ရှင်းသော ဝိညာဉ်တော်နှင့်မိတ်သဟာရမဖွဲ့နိုင်ကြပေ။ သန့်ရှင်းသောဝိညာဉ်တော်နှင့်မိတ် ဿဟာရဖွဲ့နိုင်ရန်အတွက် ထိုသူတို့အပေါ်ဘုရားသခင်ပေးအပ်ခဲ့သောရေနှင့် ဝိညာဉ်တော်သ တင်းကိုပထမယုံကြည်ကြပြီးသန့်ရှင်းသောဝိညာဉ်တော်ရရှိရန် လိုအပ်လျက်ရှိသည်။
 
 
သမ္မာကျမ်းစာတွင် သန့်ရှင်းသောဝိညာဉ်တော်အကြောင်းကို ထပ်ခါတလဲလဲဖော်ပြထားသည်။
 
သခင်ယေရှုရှင်ပြန်ထမြောက်ခဲ့ပြီးနောက် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းအစပြုလာခဲ့သည်။ ယခုကာလသည် ကယ်တင်သောနေ့ရက်နှင့်ဘု ရားသခင်၏ကျေးဇူးတော်အတိုင်းမသိသွန်းလောင်းသောအချိန်ဖြစ်သည်။ သို့ သော် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကိုမရရှိလျှင်၄င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် မိတ်သဟာရဖွဲ့ခြင်းမရှိလျှင်၄င်း ကယ်တင်ခြင်းရရှိနိုင်မည် မဟုတ်ပေ။
မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်မိတ်သဟာရဖွဲ့ခြင်းရှိသ လား။ မိတ်ဆွေ၏အပြစ်များကြောင်းသန့်ရှင်းသောဝိညာဉ်တော်နှင့်မိတ်သဟာရ ဖွဲ့ရန် တားဆီးပိတ်ပင်ခြင်းခံခဲ့ရသလား။ ထိုသို့ခံရလျှင် ဘုရားသခင်က မိတ်ဆွေ အားပေးထားခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်း အကြောင်းကိုသင်ယူပြီး၊ ၄င်းကို ယုံကြည်လိုက်ပါ။ မိတ်ဆွေသည် ရေနှင့်ဝိညာဉ်တော်သတင်းကို ယုံကြည်လျှင် သန့်ရှင်းသောဝိညာဉ်တော်သည် မိတ်ဆွေနှလုံးသားထဲတွင် ကိန်းဝပ်ပြီး၊ သူသည် မိတ်ဆွေ၏ လုပ်ဆောင်ဖက်ဖြစ်လာမည်။ ရေနှင့်ဝိညာဉ် တော်ကိုယုံကြည်သောသူများ၏ နှလုံးသားထဲ၌သာလျှင် သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်လေ့ရှိသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ၏အလိုတော်ကို ဖြောင့်မတ်သောသူများ၏နှလုံးသားထဲ၌သာ မကြာခဏဖွင့်ပြောသည်။ သန့်ရှင်း သောဝိညာဉ်တော်အားဖြင့်ပေါလု၏သာသနာလုပ်ငန်းသည် သတင်းကောင်းဖြန့် ကြဲရန်အတွက်ဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်ရရှိခဲ့သောသူများကို မိတ်ဆွေမည်ကဲ့သို့သိရှိ နိုင်မည်နည်း။ သူတို့၏တိုင်းတာခြင်းစံအမှတ်သည် အဘယ်အရာဖြစ်သနည်း။ သူတို့ကိုသိရှိနိုင်သောစံအမှတ်သည် သူတို့ကရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ယုံကြည်ခြင်းရှိ/မရှိဖြစ်သည်။ လူတစ်ယောက်သည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကိုသိရှိယုံကြည်ခဲ့လျှင် ထိုသူသည် သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်း ရရှိသောသူဖြစ်သည်။
သတင်းကောင်းကို မယုံကြည်သောသူများအပေါ်သန့်ရှင်းသောဝိညာဉ် တော်မကိန်းဝပ်နိုင်ပေ။ ယောဟန်ထံမှ သခင်ယေရှုရရှိသောဗတ္တိဇံခံယူခြင်းနှင့် ကားတိုင် တော်အပေါ်သူသွန်းလောင်းသောအသွေးတော်မှ ရရှိသောအပြစ်လွတ် ခြင်းကိုယုံကြည်သောသူများအပေါ်၌သာလျှင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ် လျက်ရှိသည်။ မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်မိတ်သဟာရဖွဲ့လိုပါ သလား။
သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်နှင့် သူနှင့်မိတ်သဟာရဖွဲ့နိုင်ရန်အတွက် အဘယ်ကဲ့သို့သောသတင်းကောင်းကိုသိရှိရန်လိုအပ်သည်ကို မိတ်ဆွေသိရှိသ လား။ သတင်းကောင်းသည် ယောဟန်အားဖြင့်သခင်ယေရှုဗတ္တိဇံခံယူခြငး်နှင့် ကားတိုင် တော်အပေါ်သူသွန်းလောင်းသောအသွေးတော်ကိုယုံကြည်ခြင်း၌တွေ့ရှိ သည်။ မိတ်ဆွေသည် ရေနှင့်ဝိညာဉ်တော်သတင်းကိုမယုံကြည်ခဲ့လျှင် အပြစ် လွတ်ခြင်းမရနိုင်ပေ။ ထိုကြောင့်သန့်ရှင်းသောဝိညာဉ်တော်သည်လည်း မိတ်ဆွေ အထဲတွင် မကိန်းဝပ်နိုင်ပေ။ လူတွေက သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်ရန် အတွက်ရေနှင့်ဝိညာဉ်တော်သတင်းကိုယုံကြည်သင့်သည်ဟု သန့်ရှင်းသောဝိညာဉ် တော်ကတောင်းဆိုခဲ့သည်။
အပြစ်သားများ၏နှလုံးသားများထဲတွင် သန်ု့ရှင်းသောဝိညာဉ်တော်မကိန် ဝပ်နိုင်ပေ။ မိတ်ဆွေသည် သန့်ရှင်သောဝိညာဉ်တော်ရရှိလုပ်ပါက မိတ်ဆွေ၏ အပြစ် အားလုံးမှမိမိကိုယ်ကိုဆေးကြောပေးရန်အတွက် သတင်းကောင်းကိုရှေ့ဦး စွာယုံကြည်ရမည်ဖြစ်သည်။ မိတ်ဆွေသည် သန်ု့ရှင်းသောဝညာဉ်တော်နှင့်မိတ်သ ဟာရဖွဲ့လိုလျှင် သတင်းကောင်းဝေငှခြငး်၌ သစ္စာရှိရမည်ဖြစ်သည်။ သန့်ရှင်း သောဝိညာဉ် တော်လမ်းပြပို့ဆောင်ခြင်းကိုခံယူလိုလျှင် သတင်းကောင်းကိုမိတ် ဆွေချစ်မြတ်နိုးပြီး၊ မိတ်ဆွေသွားသောနေရာတစ်ခုစီတိုင်း၌ သတင်းကောင်းကို ဝေငှရမည်ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကိုဝေငှသောသူများ နှင့်အတူ သန့်ရှင်းသောဝိညာဉ်တော်ရှိသည်။
ဖြောင့်မတ်သောသူများနှင့် သတင်းကောင်းကိုယုံကြည်သောသူများအ ပေါ် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းပေးအပ်သည်။ သတင်းကောင်းကို ယုံကြည်သောသူများ၊ ဖြောင့်မတ်သောသူများသည် သန့်ရှင်းသောဝိညာဉ်တော် နှင့်မိတ်သဟာရဖွဲ့နိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်ထောက်ခံအားပေးသော သတင်းကောင်းသည် ယောဟန်အားဖြင့်သခင်ယေရှုဗတ္တိဇံခံယူခြင်းနှင့်သူ၏အ သွေးတော် အားဖြင့်ပြည့်စုံစေသာသတင်းကောင်းပင်ဖြစ်သည် (၁ယော ၅:၃-၇)။
ရှင်ပေတရုသည် သတင်းကောင်းကိုယုံကြည်ခဲ့ပြီး "ထိုသို့သောဥပမာအ တိုင်း၊ ယခုတွင်ဗတ္တိဇံသည်ယေရှုခရစ်ထမြောက်တော်မူသောအားဖြင့်၊ ငါတို့ကို ကယ်တင်တတ်၏။ ဗတ္တိဇံဟူဆိုသော်၊ ကာယ၏အညစ်အကြေးကိုမဆိုလို။ ကိုယ်ကို ကိုယ်သိသောစိတ်ကြည်လင်၍။ ဘုရားသခင့်ရှေ့၌ဝန်ခံခြင်းကိုဆိုလိုသ တည်း" (၁ပေ ၃:၂၁)ဟု သူက ဆိုသည်။ သမ္မာကျမ်းစာထဲတွင် "ရေ"သည် ဗတ္တိဇံဆရာယောဟန်မှ သခင်ယေရှုရရှိသော ဗတ္တိဇံကို အမြဲတမ်းဖော်ပြလိုခြင်း ဖြစ်သည်။
သန့်ရှင်သောသ၏ဝိညာဉ်တော်ကိုရရှိနိုင်သောသူများသည် သတင်း ကောင်းအားဖြင့် ရွေးနှုတ်ကယ်တင်ခြင်းရရှိခဲ့ပြီး၊ အပြစ်အားလုံးမှလွတ်မြောက် ခွင့်ရရှိခဲ့သည်။ သတင်းကောင်းကိုယုံကြည်သောသူများသည် သန့်ရှင်းသောဝိ ညာဉ်တော်လမ်းပြခြင်းအားဖြင့် ခမည်းတော်ဘုရားကို ဝိညာဉ်နှင့်သမ္မာတရား အားဖြင့်ကိုးကွယ်နိုင်ကြသည် (ယောဟန် ၄:၂၃)။ သန့်ရှင်းသောဝိညာဉ်တော် သည်ဖြောင့်မတ်သူများ အား သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်ဝသောအသက် တာအားဖြင့်အသက်ရှင်နိုင်ရန်ကူညီသည်။ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ် ခြင်းရရှိသောသူများသည် ဘု ရားသခင်ကိုထာဝရချီးမွမ်းခြင်းအားဖြင့်အသက်နိုင် ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်က အာမခံပေးသည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ထာဝစဉ်အသက် ရှင်နိုင်ကြပေမည်။
 
 
သန့်ရှင်းသောဝိညာဉ်တော်သည် မိမိကိုယ်ကိုလှည့်ဖြားသောသူများနှင့် မိတ်သဟာရဖွဲ့ခြင်းမရှိနိုင်ပေ။
 
၁ယောယ ၁:၈ တွင် သန့်ရှင်းသောဝိညာဉ်တော်သည် အပြစ်သားများကို ဖော်ပြထားပါသည်။ "ကိုယ်အပြစ်ရှိဟူ၍ ငါတို့သည်ဆိုလျှင် ကိုယ့်ကိုယ်ကိုလှည့် ဖြားကြ၏။ငါတို့၌သစ္စာတရားမရှိ။"မိမိကိုယ်ကိုလှည့်ဖြားသောသူများထဲတွင် သန့် ရှင်းသောဝိညာဉ်တော်မကိန်းဝပ်နိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်ကအပြစ်သား များအား"သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်သူ၏အသွေးတော်အားဖြင့်ပြည့်စုံစေခဲ့ သောသတင်းကောင်းကို သင်အဘယ်ကြောင့်မယုံကြည်ကြသနည်း"ဟု အပြစ် ဖော် ပြဆုံးမထားသည်။
သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်သူ၏အသွေးတော်သက်သေပြသခြင်းမရှိဘဲပထမတွင်သန့်ရှင်းသောဝိညာဉ်တော်ကိုရရှိရန်ကြိုးပမ်းခဲ့သော ဒုတိယမွေး ခြင်းခံသောခရစ်ယာန်တစ်ဦး၏ဝန်ခံချက်ကို ကျွန်ုပ်တို့ကြည့်ကြပါစို့။ ဤပုဂ္ဂိုလ် သည် ယခုတွင် ရေနှင့်အသွေးတော်သတင်းကိုယုံကြည်ခဲ့ပြီး၊ သန့်ရှင်းသောဝိ ညာဉ်တော်ကိန်းဝပ်ခြင်းကိုရရှိခဲ့သည်။ ဤနေရာတွင် မည်သူထံ၌ သန့်ရှင်းသော ဝိညာဉ်တော် ကိန်းဝပ်သည်ကို ကျွန်ုပ်တို့သိသင့်ပါသည်။
"ဤလောကတွင် ကျွန်တော်တည်ရှိခြင်းအကြောင်းကို ကျွန်တော်သိရှိခဲ့ သောအခါ ကျွန်ုပ်၏နှလုံးသားထဲတွင် ဘုရားသခင်စတင်အသက်ရှင်ခဲ့တယ်။ ကျွန် တော့်ကိုကျွန်တော်ကြည့်ပြီး၊ ရက်စက်ကြမ်းကြုတ်နေသောဤလောကကြီးထဲ တွင် ကျွန်တော်မွေးဖွါးလာခဲ့ပြီး ဘုရားသခင်အတွက်ကြိုးပမ်းခြင်းထဲတွင် အား နည်းချက်များစွာရှိသည်ကို ကျွန်တော်တွေ့ရှိခဲ့တယ်။ ကျွန်တော်ဘုရားသခင်ကိုမ ရှာဖွေခဲ့သော်လည်းဘုရားသခင်သည် စက္ခုအာရုံဖြင့်မမြင်နိုင်သောဘုရားအဖြစ် တည်ရှိခြင်းကို ကျွန်တော်အလိုအလျောက်လက်ခံခဲ့တယ်။ သူသည်တည်ရှိသော ဘုရားဖြစ်တယ်။ ကျွန်တော်မိမိကိုယ်ကို "ဘုရားတကယ်ဘဲရှိမလား"ဟု မေးခွန်း ထုတ်ခဲ့တယ်။ ဘုရားသခင်သည် အရားအားလုံး၏ဖန်းဆင်းရှင်ဖြစ်ကြောင်းကို ကျွန်တော်မားမားမတ်မတ် ယုံကြည်ခဲ့သောကြောင့် ၄င်းအတွေးအခေါ်မေးခွန်းက ကျွန်တော့်ကို ထိတ်လန့်စေ ခဲ့တယ်။
ဘုရားသခင်ကို ငြင်းပယ်သောသူများသည်ကျွန်တော်ထက်တန်ခိုးရှိဟန် တူသောလည်း မိုက်မဲသောသူများဖြစ်ကြတယ်။ သူတို့သည် ကိုယ်ပိုင်ဉာဏ်ဖြင့် လျှောက်လှမ်းနိုင်ပုံရှိခဲ့သော်လည်း တနည်းအားဖြင့် ကျွန်တော်သူတို့ကို ခွန်အား ချည့်နည်းမိုက်မဲသူများဖြစ်ဟုမြင်ခဲ့တယ်။ သို့သော်နောင်တမလွန်ဘဝအတွက် ကျွန် တော်မြော်လင့်ခြင်းရှိခဲ့သောကြောင့် ကျွန်တော်ဘုရားသခင်အားပို၍ကြည် ညိုလေးစားခဲ့တယ်။ ကောင်းကင်နိုင်ငံသည် ကျွန်တော်ကဲ့သို့သောအားနည်းသော သူများအတွက်ဖြစ်နိုင်ပါမလားဟု ကျွန်တော်တွေးတောခဲ့တယ်။ ထိုမေးခွန်း ကြောင့်ကောင်းကင်နိုင်ငံပါရဒိသုခဘုံကို ကျွန်တော်ပို၍ရိုးသားစွာဆန္ဒရှိစေ ခဲ့တယ်။
ကျွန်တော်မိဘများက ဘာသာတရားကိုင်းရှိုင်းသောသူများနှင့် ဘာသာ တရားကိုင်းရှိုင်းမှုမရှိဘဲလျက် ကျွန်တော့်မွေးချင်းညီအစ်များဘုရားကျောင်းသို့ တက်ရောက်ခြင်းကို အထင်သေးခဲ့ကြတယ်။ သူတို့သည် ကျွန်တော်ဘုရား ကျောင်းသို့ တက်ရောက်ခြင်းအလေ့ကိုမကြာမီရပ်တန့်သွားလိမ့်မည်ဟု ထင်ခဲ့ကြ သောကြောင့် အလယ်တန်းတက်သည့်အချိန်ထိတိုင်အောင် ဘုရားကျောင်းတက် ရောက်ခြင်းကို သူတို့ကမတားဆီးခဲ့ကြပေ။ ထိုကြောင့် ကျွန်တော် အသင်းတော် တစ်ပါးမှတစ်ပါးသို့ တက်ရောက်ခဲ့တယ်။ နောက်ဆုံးတွင် ကျွန်တော်ကောလိပ် တက်သည့်အထိ ကျွန်တော့်အိမ်နှင့်နီးသော အသင်းတော်ငယ်တစ်ပါးသို့တက် ရောက်ခဲ့တယ်။
ဤအသင်းတော်သို့ကျွန်တော်တက်ရောက်ခဲ့ခြင်းအကြောင်းမှာ ၄င်းက သတင်းကောင်းကိုအလေးအနက်ထားသောကြောင့်ဖြစ်ပါတယ်။ သင်းအုပ်ဆရာ သည် သမ္မာကျမ်းစာကို ပုံကန်မှုမရှိသော ဧဝံဂေလိတရားကိုစိတ်ဝင်စားသည့် နှိုးကြားရေးကိုဦးဆောင်းသူတစ်ဦးဖြစ်ခဲ့တယ်။ ကျွန်တော်လေ့လာခြင်းအားဖြင့် စိတ်ဖိဆီးမှုနှင့်ဆန့်ကျင်ဘက်ပြုခြင်းများကိုခံစားခဲ့ရသောအချိန်၌ပင် ဘာသာတ ရားအားဖြင့်ရိုးသားစွာအသက်ရှင်ရန် အတွေးအခေါ်ရှိခဲ့တယ်။
လူတွေက ကျွန်တော်တက်ခဲ့သောအသင်းသားများကို ဘာသာတရားလွှဲ မှားသောသူများဟုခေါ်ကြသောအခါ ကျွန်တော်အသင်းတော်သည်မှန်ကန်ပြီး၊ ကျွန်တော်ကောင်းကင်နိုင်ငံတော်သို့သွားရမည်ဟု ကျွန်တော်သေသေချာချာယုံ ကြည်ခဲ့တယ်။ ၄င်းသည် အမှန်မှာတော့ သတင်းကောင်းအပေါ်တွင် အခြေမပြု ထားခဲ့ပေ။အပြစ်သားများသည် ကောင်းကင်နိုင်ငံတော်သို့မဝင်ရကြဟု သူတို့က ပြောခဲ့ကြ တယ်။ သို့သော်အခြားသောအသင်းတော်တွင်ရှိသောအသင်းတော်များ ၏နှလုံးသားများထဲတွင် အပြစ်ရှိသည်ဟု သူတို့ပြောခဲ့ကြတယ်။ ကျွန်တော်တက် ခဲ့သော ဘုရား ကျောင်းရှိအသင်းသားများကိုလည်းကျွန်တော်မတက်မီလူတွေက အပြစ်သားများဟု ပြောကြမည်ကို ကျွန်တော်ယုံကြည်ခဲ့တယ်။ ဤအတင်းဖျင်း ပြောဆိုမှုများအတွက် ကျွန်တော်ထည့်တွက်စဉ်းစားခြင်းမရှိခဲ့ပေ။
သို့သော် ဧဝံဂေလိဆိုင်ရာနှိုးကြားရေးဦးဆောင်သူများသည် အတိတ် ကာလတွင် ကျွန်တော်တွေ့ကြုံခဲ့ဘူးသောအရာများနှင့်များစွာကွာခြားမှုရှိခဲ့ကြ တယ်။ ကျွန်ုပ်တို့သည် သခင်ယေရှုကို မှန်ကန်သောအပြုအမှုဖြင့်ယုံကြည်ခဲ့ကြ လျှင် အပြစ်မရှိတော့ပေဟု သူတို့က ပြောခဲ့ကြတယ်။ ကားတိုင်တော်ပေါ်တွင် သခင်ယေရှုသည်ဖြောင့်မတ်ခြင်းတရားကို ယူဆောင်ခဲ့ပြီးဖြစ်သောကြောင့် ကျွန်ုပ် တို့သည် အပြစ်သားများမဟုတ်တော့ဘဲ ဖြောင့်မတ်သောသူများဖြစ်ကြပါသည်ဟု ပြောခဲ့ကြတယ်။ အစပိုင်းတွင် ကျွန်တော် ဤအကြောင်းကို မယုံကြည်ခဲ့ပေ။ သို့သော် ကျွန်တော်ထိုအကြောင်းကိုစဉ်းစားခဲ့သောအခါ အဓိပ္ပါယ်ရှိပါတယ်။ ကျွန် တော်ငယ်ရွယ်သောအချိန်တွင် ကျွန်တော်ကောင်းကင်နိုင်ငံတော်သို့ဝင်စားလို ပါက ဘုရားသခင်သည်အပြစ်ကိုမုန်းသောကြောင့် ကျွန်တော်သည် အပြစ်မရှိလျှင် ဘုရားသခင်သည် ကျွန်တော့်အားကောင်းကင်နိုင်ငံတော်သို့ဝင်ခွင့်ပေးလိမ့်မည် ဟု ကျွန်တော် ထင်ခဲ့တယ်။
ဤအသင်းတော်သည် ကျွန်တော်တက်လေ့ရှိခဲ့သောအသင်းတော်နှင့်ယုံ ကြည်ခြင်းများကွဲပြားခဲ့သည့်အပြင် ဝတ်ပြုကိုးကွယ်မှုသည်လည်းကွဲပြားခဲ့တယ်။ သို့ သော် ကောင်းကင်နိုင်ငံတော်သည် ရွေးချယ်ခြင်းခံသောလူအနည်းငယ်သာဝင် ရောက်ရမည်နေရာဖြစ်သောကြောင့် ဤအသင်းတော်၌ရှိသောလူများသည် စစ်မှန်သောယုံကြည်မှုများပိုင်ဆိုင်ခြင်းဖြစ်ဟန်တူခဲ့တယ်။ အသင်းတော်က သခင် ယေရှု၏ အသားနှင့်အသွေးကို အလွန်အလေးအနက်ထားသောကြောင့်တနင်္ဂနွေ နေ့တိုင်းတွင် မုန့်တစ်ကိုက်စာနှင့်စပျစ်ရည်တစ်ငုံစာ အမြဲတမ်းသုံးဆောင်ခဲ့ကြ တယ်။ ဤအခမ်းအနားကိုသမ္မာကျမ်းစာစကားများပေါ်တွင် အခြေပြုထားသော ကြောင့် ကျွန်တော်လက်ခံခဲ့တယ်။ သို့သော် နောက်ပိုင်းတွင် လူတွေက ၄င်း၏ အနက်အဓိပ္ပါယ်ကို နားမလည်ဘဲဘာသာရေးဓလေ့ထုံးစံအဖြစ်သာသုံးဆောင်ခဲ့ ကြသည်ကို ကျွန်တော်တွေ့ ရှိခဲ့တယ်။
သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူများ၏နှလုံးသားများနှင့် ဖြောင့်မတ်သောသူများ၏နှလုံးသားများထဲတွင်ကိန်းဝပ်ခဲ့သည်ကို၄င်း၊သူတို့၏ဆု တောင်းချက်များအားလုံးကိုကြားနာခဲ့သည်ကို၄င်း ကျွန်တော်ယုံကြည်ခဲ့တယ်။ ထိုကြောင့် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်တော့်အထဲတွင် ကိန်းဝပ်ခဲ့ သည်ဟု ကျွန်တော်ယုံကြည်ခဲ့တယ်။ ဘုရားသခင်ကျွန်တော့်လုပ်ဆောင်ဘက်ဖြစ် သည်ကို၄င်း၊ သတင်းကောင်းကိုသံသယမရှိကျွန်တော်ယုံကြည်ခဲ့သည်ကို၄င်း ကျွန်တော် သေချာစွာသိရှိခဲ့တယ်။ ကျွန်ုပ်အခက်အခဲများနှင့်ရင်ဆိုင်တွေ့ကြုံ နေရသောအခါ ဘုရားသခင်သည် ကျွန်တော့်ဘေးနားတွင်ရှိနေသလို ကျွန်တော် သူ့ကိုစကားပြောခဲ့တယ်။ ကျွန်တော်လူတွေအပေါ်အဖွင့်ပြောရဲသောစကားများကို ဘုရားသခင်ထံဖွင့် ပြောသောအခါ သူက ကျွန်ုပ်အားနားထောင်လိမ့်မည်ဟု ကျွန်တော်ယုံကြည်ခဲ့တယ်။ ထိုကြောင့် ကျွန်တော်ဘုရားသခင်ကို ကိုးစားခဲ့ပြီး၊ သူ့အပေါ်တွင်မှီခိုအားထားခဲ့တယ်။
အခြားသော ဘာသာစကားပြောရန်အတွက် နိုးကြားရေးဝတ်ပြုအစည်း အဝေးသို့တက်ရောက်သောသူများကိုကျွန်တော်နားမလည်ခဲ့ပေ။ အစာရှောင်ဆု တောင်းခြင်းအစည်းအဝေးသို့တက်ရောက်သောသူများကိုလည်း ကျွန်တော်ပြက် ရယ်ပြုခဲ့တယ်။ ထိုသို့သောကြိုးပမ်းလုပ်ဆောင်မှုများကိုကြည့်ပြီး "သန့်ရှင်းသော ဝိညာဉ်တော်ရရှိရန်အတွက် အဓိပ္ပါယ်မရှိသောကြိုးပမ်းအားထုတ်မှုကို အဘယ် ကြောင့်သူတို့သည် စိတ်အားထက်သန်ကြသနည်း။ သူတို့သည်အပြစ်ကင်းမဲ့ပြီး၊ သူသည်မိတ် ဆွေနှင့်အစဉ်အမြဲရှိနေသောအခါမှသာလျှင် သူတို့အပေါ်သန့်ရှင်း သောဝိညာဉ်တော်ဆင်းသက်တယ်။ သူတို့သည်အပြစ်သားများဖြစ်ရကြမည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့၏ကြိုးပမ်းမှုများအားဖြင့်သူတို့အပေါ်တွင် အသက်ရောက်နိုင်ပေ"ဟု ကျွန်တော်တွေးခဲ့ပါတယ်။ ကျွန်တော်ထိုသူတို့ကို အလွန်သနားခဲ့တယ်။  သူတို့သည်အလွန်မိုက်မဲ့နေခဲ့ကြသည်ဟု ကျွန်တော်ယူဆ ခဲ့တယ်။ ထိုအရာများနှင့်အတူ သတင်းကောင်းအပေါ်ကျွန်တော့်ယုံကြည်ခြင်း သည် အကောင်းဆုံးဖြစ်ပြီး အခြားသောသူများ၏ယုံကြည်ခြင်းများအားလုံးသည် လိမ်ညာခြင်းသက်သက်ဖြစ်သည်ဟု ကျွန်တော်ထင်ခဲ့တယ်။
ကျွန်ုပ်မာန်မာနကြီးခြင်းနှလုံးသားသည် အထွတ်အထိပ်သို့ရောက်ရှိလာခဲ့ တယ်။ ဆယ်နှင့်ကာအတောအတွင်း ကိုယ်တိုင်ကြိုးပမ်းအားထုတ်သော ဘာသာ ရေးဘဝဖြင့် ကျွန်တော်အသက်ရှင်ခဲ့တယ်။ သို့သော်အချိန်ကြာလာသည်နှင့်အမျှ ကျွန်ုပ်စိတ်နှင့်နှလုံးသားထဲတွင် မေးခွန်းများစတင်ထွက်ပေါ်လာခဲ့တယ်။ "သခင် ယေရှု၏အသွေးတော်သတင်းကောင်းကြောင့် ကျွန်တော်သည်အပြစ်ကင်းမဲ့သော သူဖြစ်ပါတယ်။ သို့သော်အခြားသောယုံကြည်သူများသည် ကျွန်တော်ကဲ့သို့အပြစ် ကင်းမလား။ သူတို့သည်လည်း သတင်းကောင်းကို အမှန်တကယ်ယုံကြည်မည် လား"ဟု ကျွန်တော်စဉ်းစားခဲ့တယ်။ ဤမေးခွန်းများကျွန်တော်အဘယ်ကြောင့် မေးခဲ့သည်ကို ကျွန်တော်မသိခဲ့ပေ။ ကျွန်တော့်အတွေးထဲတွင် မေးခွန်းများရှိခဲ့ပြီး၊ ကျွန်တော်မည် သူ့ကိုမျှမမေးနိုင်ခဲ့ပေ။ ဤမေးခွန်းများသည် ကိုယ်ရေးကိုယ်တာ ယုံကြည်ခြင်းဖြစ်ခဲ့ပြီး၊ အခြားသူများပျက်စီးရန်ထိခိုက်ခြင်းမရှိနိုင်ပေ။ ထို့ပြင် အခြားသူများကိုမေးမြန်း ရန် အလွန်ရိုင်းစိုင်းသောမေးခွန်းများဖြစ်ကြပါတယ်။
သို့သော် ကျွန်တော်မိမိကိုယ်ကို ဤမေးခွန်းများကို စတင်မေးမြန်းခဲ့ တယ်။ ကျွန်တော်ကောလိပ်ကျောင်းတက်နေသည့်အချိန်တွင်ဘာသာတရားကျင့် သုံးမှု၏ကန့်တန့်ထားသောအရာများကို ကျွန်တော်စတင်လုပ်ဆောင်ခဲ့တယ်။ ကျွန်တော့်နှလုံးသားသည် မှောင်မိုက်ခဲ့သောကြောင့် ကျွန်တော့်ယုံကြည်မှုသည် လည်း လျော့နည်းလာခဲ့တယ်။ ကျွန်တော့်ယုံကြည်ခြင်းများကို မသေချာတော့ပေ။ "ကျွန်တော်သည် မိမိကိုယ်ကို ဖြောင့်မတ်သူဟုသတ်မှတ်နိုင်မလား။သခင်ယေရှု သည် ကျွန်တော်အပြစ်များကို အမှန်ဆေးကြောပေးခဲ့သလား။} ဤရှုပ်ထွေးမှု ကြားထဲတွင်ကားတိုင် တော်သတင်းကောင်းကို မိမိကိုယ်ကိုအတင်းအဓမ္မစဉ်းစား ရန်ကြိုးပမ်းခဲ့တယ်။ အယူအဆဟောင်းများကိုစွန့်ပယ်ပြီး ခံယူချက်အသစ် များစွဲကိုင်ရန်ကြိုးပမ်းခဲ့တယ်။ သို့သော် ကျွန်တော်သည် မိမိကိုယ်ကို ကြိုးပမ်း လေလေ ကျွန်တော်သည်ပျောက် ဆုံးလေလေဖြစ်သွားခဲ့ပြီး၊ ကျွန်တော်ဘုရား ကျောင်းဝတ်ပြုအစည်းအဝေးမတက် ရောက်ခဲ့တော့ပေ။ ကျွန်တော်၏အသင်း ကြိုးပမ်းလုပ်ဆောင်မှုများသည် မိမိကိုယ်ကို ခွင့်လွတ်ရန် အကြောင်းပြချက် အဖြစ်အသုံးပြုခဲ့တယ်။
ရှုပ်ထွေးမှုနှင့်ဝရုံးသုန်းကားဖြစ်ခြင်းများအားလုံးကြားထဲတွင် နောက်ဆုံး အနေဖြင့် ကျွန်တော်သမ္မာတရားကိုတွေ့ရှိခဲ့တယ်။ ရေနှင့်ဝိညာဉ်တော်သတင်း သတင်းကိုကျွန်တော်ကြားသိခဲ့ပြီး၊ ၄င်းသည် လျှပ်စစ်စီးနေသောအလင်းတန်း ကဲ့သို့ ကျွန်တော်ဆီရောက်ရှိလာခဲ့တယ်။ ၄င်း၏တွေ့ထိခြင်းအကျိုးတက်ရောက်မှု သည် အလွန်ကြီးမားခဲ့သောကြောင့် ငြွေိုကးခြင်းကို ကျွန်တော်ခံစားခဲ့ရတယ်။ သို့သော် သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် ကျွန်တော်ယုံကြည်ခဲ့သောယုံ ကြည်ခြင်းများသည် မှားယွင်းခဲ့သည်ဟု ဝန်ခံရမည်ဖြစ်ပါတယ်။
ကျွန်ုပ်အပြစ်များကိုသခင်ယေရှုအပေါ်လွှဲပြောင်းပေးခြင်းမရှိခဲ့ပေ။ ကျွန် တော့်အပြစ်များသခင်ယေရှုကယူဆောင်သွားခဲ့ပြီး၊ ကျွန်တော်သည်အပြစ်ကင်းမဲ့ သောသူတစ်ဦးဖြစ်သည်ဟု ကျွန်တော်  အစဉ်းစားမဆင်ခြင်ဘဲယုံကြည်ခဲ့တယ်။ သို့သော် ၄င်းသည် မှားယွင်းသောယုံကြည်ခြင်းပင်ဖြစ်ပါတယ်။ သခင်ယေရှုသည် ဗတ္တိဇံခံယူရန်အတွက် အဘယ်ကြောင့်ဤလောကသို့ကြွလာခဲ့သနည်း။ အ ကြောင်းမှာသူသည် သိုးသူငယ်ကဲ့သို့အနွံအနာခံသောသူဖြစ်သည်ဟု ပြသလို သောကြောင့်ဖြစ်ပါတယ်။ သူသည် လူသားတစ်ဦးအဖြစ်သင်သေပြသရန်ကြွ လာခဲ့သလား။ (သို့) မလွှဲမရှောင်နိုင်သောသူ၏သေခြင်းကိုပရောဖက်ပြုရန်အ တွက်လား။ ကျွန်တော်သိရှိခဲ့သောဗတ္တိဇံ၏အရေးပါမှုကို သိရှိခဲ့ဖူးလိမ့်မည်ဟု ကျွန်တော်စိတ်ကူးထဲမှာတောင် မရှိခဲ့ပေ။ သမ္မာတရားမှာ လူသားအားလုံးကိုယ် စားသခင်ယေရှုသည် ယောဟန်အားဖြင့်ဗတ္တိဇံခံယူခဲ့ပြီး၊ ထိုဗတ္တိဇံခံယူခြင်း အားဖြင့် ကျွန်ုပ်တို့အပြစ်အားလုံးကို သူ့ အပေါ်သို့လွှဲပြောင်းပေးခဲ့တယ်။
"သြော်၊ဤအကြောင်းကြောင့်သခင်ယေရှုသည်ကျွန်ုပ်တို့အပြစ်များကိုယူ ဆောင်ပေးသောဘုရားသခင်၏သိုးသူငယ်တော်ဖြစ်လာခြင်းဖြစ်တယ်။" ယခုတွင် အရာအားလုံးကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်တယ်။ "သခင်ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် ကျွန်ုပ်အပြစ်အတွက်ပြစ်ဒဏ်ခံခဲ့တယ်။ ထိုအကြောင်း ကြောင့်ကျွန်တော်နှလုံးထဲတွင် အပြစ်ကင်းမဲ့သူဖြစ်ခဲ့ရခြင်းဖြစ်တယ်။" ရေ(ယေရှု ဗတ္တိဇံခံယူခြင်း)၊ အသွေးတော် (ကားတိုင်)၊ နှင့်သန့်ရှင်းသောဝိညာဉ်တော် (ယေရှု သည်ဘုရားသခင်ဖြစ်သည်) သတင်းကောင်းကိုသိရှိခဲ့သည်အချိန်မစပြီး၊ ကျွန်ုပ်နှ လုံးသားထဲတွင်ခံစားခဲ့သောအပြစ်များ ကွယ်ပျောက်သွားခဲ့တယ်။
ယခုတွင် ကျွန်တော်သည်အပြစ်ကင်းမဲ့သောသူ၊ဖြောင့်မတ်သောသူနှင့် နောက်ဆုံးတွင် ကျွန်ုပ်နှလုံးသားထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခဲ့ တယ်။ ကားတိုင်တော်ကိုသာ ကျွန်တော့်ယုံကြည်ခြင်းသည် ကျွန်ုပ်နှလုံးသားထဲ တွင်ရှိသောအပြစ်များဆေးကြောစင်ကြယ်ရန် မလုံလောက်ခဲ့ပေ။ မိတ်ဆွေ၏ အပြစ်များသည် သခင်ယေရှုအပေါ်လွှဲပြောင်းပေးခဲ့ခြင်းကိုသေချာစွာမသိခဲ့လျှင် မိတ်ဆွေ၏အပြစ်များသည်ခွင့်လွတ်ခြင်းမရနိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော် သည်လည်း မိတ်ဆွေအထဲတွင်ကိန်းဝပ်နိုင်မည်မဟုတ်ပေ။ ကျွန်တော်ဘုရား သခင်ကိုကျေးဇူးတင်ပါတယ်။ သတင်းကောင်းအားဖြင့် ကျွန်တော်သန့်ရှင်းသော ဝိညာဉ်တော်ကိုရရှိနိုင်ခဲ့တယ်။
ကြိုးပမ်းအားထုတ်မှုမလိုအပ်ဘဲ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအား ဖြင့်ကျွန်တော်အပြစ်လွတ်ခြင်းအခွင့်ရရှိခဲ့ပြီး၊ ကျွန်ုပ်နှလုံးသားထဲတွင် သန့်ရှင်း သောဝိညာဉ်တော်ယခုမှစ၍ကာလအစဉ်အမြဲကိန်းဝပ်တယ်။ ယခုတွင် ကျွန်တော် သည် အပြစ်ကင်းမဲ့သောသူဖြစ်သည်ဟု မိမိကိုယ်ကို ဂုဏ်ယူစွာခေါ်နိုင်ခဲ့ပြီး၊ ကောင်းကင်နိုင်ငံတော်သည် ကျွန်ုပ်အတွက်ဖြစ်သည်ဟု ဝါကြွားပြောဆိုနိုင်ပါ တယ်။ အဖိုးအခမယူဘဲ ဤကောင်းချီးမင်္ဂလာများကို ဘုရားသခင်ကကျွန်ုပ်အား ပေးအပ်ခဲ့သောကြောင့် ကျွန်တော်ဘုရားသခင်ကို ကျေးဇူးတင်၍မဆုံးနိုင်ပေ။ ဟာလေလုယ။"
သန့်ရှင်းသောဝိညာဉ်တော်ရရှိသောသူများက ဘုရားသခင်ရှေ့တော် မှောက်တွင်အပြစ်ကင်းမဲ့သောသူဖြစ်သည်ဟု ပြောနိုင်သည်။ မိတ်ဆွေသည်သခင် ယေရှုကို ယုံကြည်ခဲ့သောအချိန်မည်မျှပင်ကြာညောင်းနေပါစေ ကျွန်ုပ်တို့အပေါ် ဘုရားသခင်ပေးထားခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကိုယုံကြည်ခြင်း မရှိလျှင် မိတ်ဆွေ၏နှလုံးသားထဲ၌အပြစ်ရှိသည်မှာသေချာသည်။ လူတွေက ဘုရားသခင်နှင့်မိမိ ကိုယ်ကိုလှည့်ဖြားခြင်းကိုအလွန်နှစ်သက်ကြသည်။ ဤလူများ ကဘုရားသခင်ကို ဘယ်တော့မှတွေ့နိုင်ကြမည်မဟုတ်ပေ။ အပြစ်သားတစ်ဦး သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်မိတ်သဟာရဖွဲ့လိုလျှင် ပထမဦးဆုံး သူသည် မိမိကိုယ်ကိုလှည့်ဖြားခြင်းကိုရပ်တန့်ပြီး၊ သူမှာ အပြစ်ရှိကြောင်းကိုဝန်ခံရမည် ဖြစ်သည်။ သို့မှသာလျှင် သူသည်ရေနှင့်ဝိညာဉ်တော်သတင်းကိုယုံကြည်ရန် အရည်အချင်းပြည့်မီမည်ဖြစ်သည်။ သတင်းကောင်းကိုယုံကြည်သောသူများသည် သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်ထိုက်တန်သည်။
သန့်ရှင်းသောဝိညာဉ်တော်က အပြစ်သားများကိုမည်ကဲ့သို့ပြောသနည်း။ သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်အသွေးတော်အားဖြင့် အမှုပြည့်စုံခဲ့ပြီးသောသ တင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် သူတို့၏အပြစ်များကိုလွတ်ငြိမ်းခြင်းအခွင့် ရရှိနိုင်သည်ဟု အကြံပြုခဲ့သည်။ မိတ်ဆွေအပြစ်ပြုသောအချိန်တွင် အပြစ်သားမ ဟုတ်ဘူး ဟုပြောလျှင်သန့်ရှင်းသောဝိညာဉ်တော်ဘယ်တော့အခါမှရရှိနိုင်မည်မ ဟုတ်ပေ။ သတင်းကောင်းကိုမယုံကြည်သောသူများနှင့် အပြစ်မရှိဟုပြောသောသူ များသည် ဘုရားသခင်နှင့်မိမိကိုယ်ကိုလှည့်ဖြားသောသူများဖြစ်ကြသည်။ အပြစ် သားများသည် ရေနှင့်ဝိညာဉ်တော်သတင်းကို ယုံကြည်ရန်နှင့်သန့်ရှင်းသောဝိ ညာဉ်တော်ရရှိရမည်ဖြစ်သည်။သို့မှသာလျှင် သူတို့သည် ဘုရားသခင်၏အလွန် ထိတ်လန့်စရာကောင်း သောအပြစ်စီရင်ခြင်းမှလွတ်မြောက်ကြမည်ဖြစ်သည်။
 
 
ဖြောင့်မတ်သောသူများသည် သူတို့အပြစ်များဝန်ချတောင်းပန်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်နှင့်မိတ်သဟာရဖွဲ့နိုင်သည်
 
ရေနှင့်ဝိညာဉ်တော်သတင်းကိုယုံကြည်သောသူမျာသည် သန့်ရှင်းသောဝိ ညာဉ်တော်ရရှိခဲ့သည်ဟု ကျွန်တော်တရားဟောသည်။ ဘုရားသခင်မိန့်ဆိုခဲ့သော ဖြောင့်မတ်သူများကို ကျွန်ုပ်ကြည့်ကြပါစို့။ ၁ယော ၁:၉ ထဲတွင် "ကိုယ့်အပြစ်ကို ဖော်ပြတောင်းပန်လျှင် ငါတို့အပြစ်များကိုလွတ်၍ ဒုစရိုက်အပြစ်နှင့်ကင်း စင်စေခြင်းငှါ ဘုရားသခင်သည်သစ္စာတရားနှင့်၄င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၄င် းပြည့်စုံတော်မူ၏"ဟု ဖော်ပြထားပါသည်။ သခင်ယေရှုသည်ဗတ္တိဇံခံသော အချိန်နှင့် ကားတိုင် တင်သတ်ခြင်းအားဖြင့်ပြစြွေ်ကးများပေးဆပ်သောအချိန်တွင် ကျွန်ုပ်တို့အပြစ်များကို ယူဆောင်သွားခဲ့ကြောင်းကြွေးကြော်ခြင်းသတင်းကောင်း ကို သတိရသိရှိခြင်းအားဖြင့် ကျွန်ုပ်တို့၏ညစ်ညမ်းသောနှလုံးသားများမှအပြစ် များဆေးကြောသန့်စင်ပေးသည်ကို ဤကျမ်းပိုဒ်၏ဆိုလိုခြင်းဖြစ်သည်။ ဖြောင့် မတ်သောသူများသည် ဘုရားသခင်ထံသို့ သူတို့၏အပြစ်များကို ဝန်ချတောင်းပန် ရမည်ဖြစ်သည်။ သို့မှသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်နှင့်မိတ်သဟာရဖွဲ့ခြင်း ရရှိမည်ဖြစ်သည်။ ဖြောင့်မတ်သောသူများသည် သူတို့၏အပြစ်များကို ဝန်ချ တောင်းပန်သင့်ပြီး သတင်းကောင်းကိုဆက်လက်ယုံ ကြည်ရမည်ဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက သခင်ယေရှု၏ဗတ္တိဇံခံယူခြင်း နှင့်အသွေးတော်ကကျွန်ုပ်တို့အပြစ်များအားလုံးကို ဆေးကြောခဲ့ပြီးဖြစ်သည်။ ထိုကြောင့် ဖြောင့်မတ်သူများသည် ဤသတင်းကောင်းကိုယုံကြည်ပြီး၊ သူတို့၏ အပြစ်များမှ လွတ်မြောက်သင့်ပေသည်။ ရေနှင့်ဝိညာဉ်တော်သတင်းအားဖြင့် သူတို့၏အပြစ်အားလုံးကို ဘုရားသခင်ကလွတ်မြောက်စေခဲ့ပြီးဖြစ်သည်။ ဖြောင့် မတ်သူများသည်သူတို့၏အပြစ်များမှလွတ်မြောက်ရန်အတွက် သတင်းကောင်းကို ယုံကြည်ရမည်ဖြစ်သည်။ ဖြောင့်မတ်သူများသည် သူတို့၏အပြစ်များကညစ်ညမ်း စေသောအခါ သူတို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်း အားဖြင့် သူတို့၏နှလုံးသားများကိုသန့်ရှင်းစေနိုင်ပါသည်။
သခင်ယေရှုသည် သူ၏ဗတ္တိဇံခံယူခြင်းနှင့်အသွေးတော်အားဖြင့် ရှေ့မဆွ ကတည်းက ဖြောင့်မတ်သူများ၏အပြစ်များအားလုံးကိုဆေးကြောပေးခဲ့သည်။ ထို ကြောင့် ယုံကြည်သောသူများသည် သူတို့၏အပြစ်များအားလုံးမှစစ်မှန်သော လွတ်မြောက်ခြင်းရရှိခဲ့ပြီဖြစ်သည်။ သို့သော်ဖြောင့်မတ်သူများသည် ဘုရားသ ခင်၏ရှေ့တော်မှောက်၌ သူတို့၏အပြစ်များအားလုံးကို ဝန်ချတောင်းပန်သင့်ပါ သည်။ ထိုနောက် ဖြောင့်မတ်သူများသည် သူတို့၏အပြစ်များအားလုံးမှ လွတ် မြောက်ခြင်းရရှိရန် သတင်းကောင်းပေါင်းစုံဖြစ်သော သခင်ယေရှု၏ဗတ္တိဇံခံ ယူခြင်းနှင့်အသွေးတော်ကိုယုံကြည်ခြင်းသို့ပြန်လှည့်ရမည်ဖြစ်သည်။ ထိုကြောင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်လျှောက်လှမ်းသော အသစ်သောဘဝ ဖြင့်ထာဝစဉ် အသက်ရှင်နိုင်ကြမည်ဖြစ်သည်။ သူတို့၏အားနည်းချက်များကို မကြည့်ဘဲ ဘုရားသခင်ကိုစေ့စေ့ကြည့်သောသူများက ဘုရားသခင်နှင့်စစ်မှန် သောမိတ်သဟာဖွဲ့နိုင်မည်ဖြစ်ပြီး၊ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကျေးဇူး တော်ချီးမွမ်းနိုင်ကြမည်ဖြစ်သည်။
 
 
ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်စစ်မှန်သောမိတ်သဟာရခြင်းကို မည်ကဲ့သို့ရရှိနိုင်ကြမည်နည်း။
 
သန့်ရှင်းသောဝိညာဉ်တော်နှင့် မိတ်သဟာရဖွဲ့ခြင်းတောင့်တသူလူ မြောက်များစွာရှိသည်။ သူတို့သည် သခင်ယေရှုကိုယုံကြည်ခဲ့ကြသော်လည်း ဤ တောင့်တမှုရရှိရန် မည်ကဲ့သို့လုပ်ဆောင်ရကြမည်ကို မသိခဲ့ကြပေ။ လူသား အားလုံးသည် ရေနှင့်ဝိညာဉ်တော်သတင်းကိုယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ရရှိပြီးထိုအချိန်မှစ၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်မိတ်သဟာဖွဲ့ ခြင်းအစပြုနိုင်သည်။
ထိုနည်းတူ၊ ဖြောင့်မတ်သောသူများသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် မိတ်သဟာရဖွဲ့နိုင်ရန်တစ်ခုတည်းသောနည်းလမ်းမှာ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းဖြစ်သောသမ္မာတရာကိုသိရှိယုံကြည်ခြင်းပင်ဖြစ်သည်။ စစ်မှန်သော သတင်း ကောင်းမပါဘဲဖြောင့်မတ်သောသူများနှင့်သန့်ရှင်းသောဝိညာဉ်တော် မိတ်သဟာရဖွဲ့ခြင်းမရရှိနိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်နှင့်မိတ်သဟာဖွဲ့ခြင်း သည်အဘယ်အရာ ကိုဆိုလိုသနည်း။ သတင်းကောင်းသမ္မာတရားကိုယုံကြည် ခြင်းအားဖြင့်သာလျှင် သန့်ရှင်းသောဝိညာဉ်တော်နှင့်မိတ်သဟာရဖွဲ့နိုင်သည်။
 
 
လူသားများသည်သူတို့၏ဘဝတလျှောက်အပြစ်ပြုသည်ဟု ဘုရားသခင်က မိန့်ဆိုထားပါသည်။
 
၁ယော ၁: ၁၀ တွင် "ဒုစရိုက်မပြုပြီဟုငါတို့သည်ဆိုလျှင်၊ ဘုရားသခင် ကို မုသာအပြစ်တင်ကြ၏။နှုတ်ကပတ်တော်သည်ငါတို့၌မရှိ"ဟုဖော်ပြထားပါသည်။ ဘုရားသခင်၏ရှေ့တော်မှောက်တွင် အပြစ်မပြုဘူးသောသူတစ်ယောက်မျှမရှိပေ။ သမ္မာကျမ်းစာက"အပြစ်မပါဘဲ ကောင်းသောအကျင့်ကိုကျင့်သောသူတော် ကောင်းတစ်စုံတစ်ယောက်မျှမြေကြီးပေါ်မှာမရှိ" (ဒေသနာ ၇:၂၀)ဟုဖော်ပြထား ပါသည်။ ဘုရားသခင်၏ရှေ့မှောက်လူသားအားလုံးသည်အပြစ်ပြုကြသည်။ မည်သူမည်ဝါကမှ  အပြစ်မပြုဘူးဟု မဆိုနိုင်ပေ။ ထိုသို့ဆိုလျှင် သူသည်လူလိမ် လူညာဖြစ်သည်။ လူတွေကက သူတို့သေဆုံးသည်အချိန်အထိ သူတို့၏ဘဝတ လျှောက်တွင်အပြစ်ပြုခဲ့ကြသည်။ ထိုကြောင့် သူတို့အပြစ်များအားလုံးကိုယူ ဆောင်ရန် သခင်ယေရှုသည် ယောဟန်အားဖြင့် ဗတ္တိဇံခံယူခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည်အပြစ်မပြုခဲ့လျှင် ဘုရားသခင်သည် ကျွန်ုပ်တို့၏ကယ်တင်ရှင် အဖြစ်ယုံကြည်ရန်မလိုအပ်ပေ။
ဘုရားသခင်က အပြစ်မပြုခဲ့ဟု မိမိကိုယ်ကိုယူဆသောသူများအပေါ် "ငါစကားသည် သင်တို့အထဲ၌မရှိ"ဟုမိန့်ဆိုသည်။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကိုမယုံကြည်သောသူသည် ပျက်စီးခြင်းခံထိုက်သောသူဖြစ်သည်။ ဖြောင့် မတ်သောသူ (သို့) အပြစ်သားတစ်ဦးသည် ဘုရားသခင်၏ရှေ့မှောက်တွင် အပြစ် မပြုဟုဆိုလျှင် ထိုသူသည် သတင်းကောင်းကိုယုံကြည်ရန်မထိုက်တန်ပေ။
ဘုရားသခင်သည်လူတိုင်းအပေါ်မှာ သတင်းကောင်းဆုကျေးဇူးကိုပေး အပ်ခဲ့သည်။ သတင်းကောင်းအားဖြင့် အပြစ်လွတ်ခြင်းအခွင့်ရရှိရန် ကျွန်ုပ်တို့ သည် မိမိ အပြစ်များအားလုံးကိုဝန်ချတောင်းပန်ပြီး၊ နောင်တရကြမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်လွတ်ခြင်းအခွင့်ရရှိရန်အတွက် ကျွန်ုပ်တို့အပေါ်ဘုရားသခင် ချပေးခဲ့ သောသတင်းကောင်ဆီသို့ပြန်လာကြပြီး၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် မိတ်သဟာရဖွဲ့နိုင်ရန်အတွက် သတင်းကောင်းကိုယုံကြည်ရကြမည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့်စစ်မှန်သောမိတ်သဟာဖွဲ့ခြင်းရရှိခြင်းသည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်း၌ရှိပြီး ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်သောသူများက သာလျှင် ဘုရားသခင်နှင့်မိတ်သဟာရဖွဲ့နိုင်ကြသည်။
အာဒံနှင့်ဧဝတို့ထံမှအမွေဆက်ခံလာသောအပြစ်ကြောင့် လူသားများ သည် ဘုရားသခင်နှင့်ဝေးကွာခဲ့ကြသည်။ သို့သော်ယခုတွင် အပြစ်မျိုးစေ့ဆက်ခံ နေကြ သောကျွန်ုပ်တို့သည် ဘုရားသခင်နှင့်တဖန်မိတ်သဟာဖွဲ့ခြင်းရရှိရန် မျှော် လင့်စောင့် စားနေကြသည်။ ကျွန်ုပ်တို့သည်ဘုရားသခင်နှင့်မိတ်သဟာရဖွဲ့နိုင်ရန် အတွက်သခင် ယေရှု၏သတင်းကောင်းဖြစ်သောရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကိုယုံကြည်ခြင်းသို့ပြန်လှည့်ကာ ဘုရားသခင်နှင့်ဝေးကွာစေခဲ့သော်အ ပြစ်များခွင့်လွတ်ခြင်းအခွင့်ရရှိ ကြရမည်ဖြစ်သည်။
သတင်းကောင်းကိုယုံကြည်သောသူများသည် သူတို့၏အပြစ်များအား လုံးမှ လွတ်မြောက်ခြင်းအခွင့်ရရှိကြပြီး၊ ဘုရားသခင်ကသူတို့အားသန့်ရှင်းသော ဝိညာဉ်တော်ဖြင့်ပြည့်ဝစေမည်ဖြစ်သည်။ ထိုကြောင့် သူတို့၏အပြစ်ကြောင့်ဘုရား သခင်နှင့် ဝေးကွာသောသူများသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းထံသို့ပြန် လှည့်ကာ ယုံကြည်ကြရမည်ဖြစ်သည်။ သို့မှသာလျှင် သူတို့သည်ဘုရားသခင်နှင့် မိတ်သဟာရ ဖွဲ့နိုင်ကြမည်ဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းသည် သတင်းကောင်းကိုယုံ ကြည်ခြင်းအားဖြင့်ဖြစ်လာသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကိုယုံကြည်ခြင်း အားဖြင့်သာလျှင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင်သည်ကို ကျွန်ုပ် တို့သိရှိရမည်ဖြစ်သည်။ သတင်းကောင်းကိုယုံကြည်ခြင်းက ဘုရားသခင်ထံတော် သို့ရောက်ရှိ နိုင်ရန်အတွက်လမ်းသစ်ဖန်တီးပေးထားသည်။ ဗီဇအပြစ်နှင့်နေစဉ် နှင့်ပြုမိသောအအပြစ်ကြောင့်ဘုရားသခင်နှင့်ကျွန်ုပ်တို့အားဝေးကွာစေသော တံ တိုင်းကြီးကို ဘုရားသခင်က ဖြိုဖျက်ခဲ့ပြီးဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ကျွန်ုပ်တို့ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်က ကျွန်ုပ်တို့အား သူနှင့်မိတ်သဟာရဖွဲ့ခွင့်ပေးခဲ့သည်။
ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်တဖန်မိတ်သဟာရဖွဲ့ခြင်း ကိုပြန်လည်ထူထောင်ရမည်ဖြစ်သည်။စစ်မှန်သောသန့်ရှင်းသောဝိညာဉ်တော်နှင့်မိတ်သဟာရဖွဲ့ခြင်းကိုရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုသိရှိပြီး နာခံယုံကြည် ခြင်းအားဖြင့်သာ ရရှိနိုင်သည်။ ကျွန်ုပ်တို့၏အပြစ်များခွင့်လွတ်ခြင်းကိုသတင်း ကောင်းမှလာသည်ဟုကျွန်ုပ်တို့ယုံကြည်လာကြသောအခါ သန့်ရှင်းသောဝိညာဉ် တော်နှင့်မိတ်သဟာဖွဲ့ခြင်းဖြစ်ပေါ်နိုင်သည်။ သူတို့၏အပြစ်များလွတ်ငြိမ်းချမ်း သာခွင့်မရသောသူ များသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်မိတ်သဟာရဖွဲ့ခြင်း မရှိနိုင်ပေ။ တနည်းအားဖြင့်၊ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်ခြင်း မရှိဘဲသန့်ရှင်းသောဝိညာဉ်တော်နှင့်မိတ်သဟာရဖွဲ့ခြင်းကို မည်သူကမှမရရှိနိုင် ကြပေ။
သန့်ရှင်းသောဝိညာဉ်တော်နှင့်မိတ်သဟာရဖွဲ့နိုင်ရန် မိတ်ဆွေမှာအခက် အခဲရှိခဲ့ပါကမိတ်ဆွေသည် ရေနှင့်ဝိညာဉ်တော်ကိုယုံကြည်ခြင်းမရှိကြောင်းနှင့် မိတ်ဆွေ၏အပြစ်များလွတ်ငြိမ်းခြင်းမရှိကြောင်း မိတ်ဆွေဝန်ခံရမည်ဖြစ်သည်။ မိတ်ဆွေသည်သန့်ရှင်းသောဝိညာဉ်တော်နှင့်မိတ်သဟာရဖွဲ့လိုသလား။ သန့်ရှင်း သောဝိညာဉ်တော်နှင့်မိတ်သဟာရဖွဲ့လိုပါက သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်သူ ၏အသွေးတော် အားဖြင့်ပြည့်စုံသွားစေခဲ့သောသတင်းကောင်းကို ယုံကြည် လိုက်ပါ။ သို့မှသာလျှင် မိတ်ဆွေ၏အပြစ်များအားလုံးမှလွှတ်မြောက်ခြင်းအခွင့် ရရှိပြီး မိတ်ဆွေ၏နှလုံးသားထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိ ခြင်းဆုလဒ်အပြစ်ခံယူပါလိမ့်မည်။ ဤသတင်းကောင်းက သန့်ရှင်းသောဝိညာဉ် တော်နှင့်မိတ်သဟာရဖွဲ့ခြင်းအမှန်ပေးနိုင်မည် ဖြစ်သည် ။