တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-6] (ဟေရှာယ ၉:၆-၇) မိတ်ဆွေ၏နှလုံးသားထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းအခွင့်ပေးထား သ

(ဟေရှာယ ၉:၆-၇)
"အကြောင်းမူကား၊ ငါတို့အဖို့သူငယ်ကိုဖွါးမြင်၏။ ငါတို့အားသားကို သနားတော်မူ၏။ ထိုသူသည်အုပ်ခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်ကား အံ့သြဖွယ်၊တိုင်ပင်ဘက်၊တန်ခိုးကြီးသောဘုရားသခင်၊ထာဝရအဘ၊ငြိမ် သက်ခြင်း အရှင်ဟုခေါ်ဝေးသမုတ်ခြင်းကို ခံတော်မူလိမ့်မည်။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်မှာ ထိုင်၍၊ နိုင်ငံတော်ကိုနောက်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်းဖြောင့်မတ် စွာစီရင်၍အမြဲတည်စေတော်မူမည်အကြောင်း၊အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည်နစ္စအမြဲရှိလိမ့်မည်။ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည်အလိုတော်အားကြီး၍၊ထိုအမှုကိုပြီးစီးတော် မူလိမ့်မည်။"
 
 
ယုံကြည်သူများ၌သန့်ရှင်းသောဝိ ညာဉ်တော်ကိန်းဝပ်စေသောအရာမှာ အဘယ်အရာဖြစ်သနည်း။
ရေနှင့်ဝိညာဉ်တော် သတင်းကောင်းဖြစ်ပါသည်။
 
သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်အတွက် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ကျွန်ုပ်တို့ယုံကြည်ရန်လိုအပ်သည်။ကျွန်ုပ်တို့သခင်ကို အံ့သြဖွယ်၊ တိုင် ပင်ဘက်၊တန်းခိုးကြီးသောဘုရားသခင်ဟု နာမည်မှည့်ခဲ့ပါသည်။ ကျွန်ုပ်တို့သခင် သည် ကောင်းကင်နိုင်ငံတော်သို့ပို့ဆောင်ပေးသောလမ်းအဖြစ်မိမိကိုယ်ကိုရည် ညွှန်းခဲ့သည်။ သခင်ယေရှုခရစ်တော်က လူတိုင်းအပေါ် သတင်းကောင်းဆုကျေး ဇူးကို ပေးအပ်ခဲ့သည်။
သို့သော်ဤလောကတွင် အမှောင်နိုင်ငံတွင် နေထိုင်သောသူများစွာ ရှိသေးသည်။ သူတို့သည် ဤအမှောင်နယ်မြေမှလွတ်မြောက်ရန် ကြိုးစားခဲ့ကြ သော်လည်း သူတို့သည် သတင်းကောင်းကိုမသိခဲ့သောကြောင့် သူတို့၏အပြစ်များ မှလွတ်မြောက်ခြင်းမရနိုင်ပေ။ ထိုသို့လွတ်မြောက်မည့်အစား သူတို့သည် မှား ယွင်းသော အယူဝါဒထဲတွင် သူတို့၏ယုံကြည်ခြင်းများခြောက်သွေ့သွားစေခဲ့ သည်။ အခြားတစ်ဘက်တွင် သမ္မာတရားကိုရှာဖွေသောသူများသည် သတင်း ကောင်းကိုတွေ့ရှိကာ ဘုရားသခင်၏ကောင်းချီးမင်္ဂလာများအားဖြင့် သူတို့၏ ကျန်ရှိသေးသောအသက်တာဘဝတလျှောက်အသက်ရှင်ကြပါလိမ့်မည်။ သူတို့ကို သတင်းကောင်းရှာဖွေတွေ့ရှိရန် နှင့်သူတို့အပြစ်များဆေးကြောစေရန် ကျွန်တော့် ကိုခွင့်ပြုခြင်းသည် ဘုရားသခင်၏အထူးကောင်းချီးမင်္ဂလာဖြစ်သည်ဟု ကျွန် တော်ယုံကြည်ခဲ့သည်။
ထိုကြောင့် အပြစ်မှလွတ်မြောက်ခြင်းသည် ဘုရားသခင်၏ကောင်းချီး မင်္ဂလာမဟုတ်ခဲ့လျှင် အပြစ်မှလွတ်မြောက်ခြင်းမရနိုင်ပေ။ ကျွန်ုပ်တို့သည် ဘုရား သခင်ကိုတွေ့ခဲ့ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ရရှိခဲ့လျှင် ကျွန်ုပ်တို့သည်ကောင်း ချီးမင်္ဂလာခံစားသောသူများဖြစ်ကြသည်။ ဝမ်းနည်းစရာတစ်ခုမှာ မြောက်များစွာ သော လူများက ဘုရားသခင်၏ကောင်းချီးမင်္ဂလာသည် ဤသတင်းကောင်းကိုယုံ ကြည်ခြင်းမှလာသည်ဟု သတိမမူခြင်းပင်ဖြစ်သည်။
ဘုရားသခင်၏တပါးတည်းသောသားတော်သခင်ယေရှုခရစ်တော် အား ဖြင့် ကျွန်ုပ်တို့ထံပေးအပ်ခဲ့သောသတင်းကောင်းကိုယုံကြည်ခြင်းမှ ဘုရားသခင် ၏ကောင်းချီးမင်္ဂလာတက်ရောက်သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အားလော ကအပြစ်များကယ်တင်ခဲ့သူဖြစ်ပြီး၊ သူ၏ကျေးဇူးဂရုဏာတော်အားဖြင့် ကျွန်ုပ်တို့ အားကောင်းချီးမင်္ဂလာပေးအပ်ခဲ့သူလည်းဖြစ်သည်။ ကျွန်ုပ်တို့အပြစ်များမှကယ် တင်ရန်နှင့် ကျွန်ုပ်တို့နှလုံးသားများထဲ၌ရှိသောအပြစ်ကျူးလွန်မှုများပယ်ဖျက် ပေးရန် မည်သူကမျှမစွမ်းဆောင်နိုင်ပါ။ မိမိအပြစ်တရားနှင့်ထာဝရပြစ်ဒဏ်ခံစား ရာငရဲထဲမှ မိမိကိုယ်ကို ကယ်တင်နိုင်သောသူရှိသလား။
ဘုရားသခင်က "လူထင်သည့်အတိုင်းမှန်သောလက္ခဏာရှိသော်လည်း အဆုံး၌သေခြငး်သို့ပို့ဆောင်သောလမ်းတမျိုးမရှိ၏" (သုတ္တံ ၁၆း၂၅) ဟုဖော်ပြ ထားပါသည်။ လူတွေက သူတို့ကိုယ်ပိုင်ဘာသာတရားများကိုထူထောင်ပြီး၊ ပျက်စီးခြင်းနှင့်သေခြင်းသို့မိမိကိုယ်ကိုမောင်းနှင်နေကြသည်။ မြောက်များစွာ သော ဘာသာတ ရားများက သူတို့သည် ဖြောင့်မတ်ခြင်းတရားကိုအလေးထားပြီး လူတွေကို သူတို့၏ အပြစ်များမှကယ်တင်နိုင်သောကိုယ်ပိုင်နည်းလမ်းကိုပြသကြ သော်လည်း ကျွန်ုပ်တို့အပြစ်တရားများမှကယ်တင်နိုင်သောအရာသည် ကျွန်ုပ်တို့ ထံသခင်ယေရှုပေးအပ်ခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းပင်ဖြစ်သည်။ သူတို့၏ အပြစ်မှအပြစ်သားများကို ကယ်တင်နိုင်သောကယ်တင်ရှင်မှာ သခင်ယေရှုတစ်ပါး တည်းသာလျှင်ဖြစ်သည်။
ယေဟန် ၁၄:၆ တွင် "ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏"ဟု ကျွန်ုပ်တို့သခင်ယေရှုက မိန့်တော်မူခဲ့သည်။ သူက သေ ခြင်းလမ်း၌သွားနေသောသူများအတွက် သူ၏အသွေးအသားကိုပေးအပ်ခဲ့သည်။ သူသည်လည်းစစ်မှန်သောလမ်းခရီးဖြစ်ကြောင်း မိမိကိုယ်ကိုရည်ညွှန်းပြော ဆိုခဲ့သည်။ လူတစ်ဦးသည် သခင်ယေရှု၏ သတင်းကောင်းကိုမယုံကြည်လျှင် ကောင်းကင်နိုင်ငံတော်သို့မဝင်စားနိုင်ဟု ဘုရားသခင်က မိန့်တော်မူခဲ့သည်။
ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကိုယုံကြည်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့အပြစ်များလွတ်ငြိမ်းခွင့်ရရှိပြီး၊ ကောင်းကင်နိုင်ငံတော်သို့ဝင်စားနိုင်ရန် အတွက် သခင်ယေရှုသည် ကျွန်ုပ်တို့ကယ်တင်ရှင်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည် ရမည်ဖြစ်သည်။
တချိန်က ရှေးဟောင်းဣသရေလ၌"ယခုတွင် ယုဒရှင်ဘုရင်သြဇိသားဖြစ် သော၊ ယောသံ၏သားအာခတ်လက်ထက်၌။ ရှုရိရှင်ဘုရင်ရေဇိန်မင်းနှင့်ဣသ ရေလရှင်ဘုရင်ရေမလိမင်း၏သားပေကာမင်းတို့သည်၊ ယေရုရှလင်မြို့ကိုတိုက် ခြင်းငှါချီလာကြ၏။ သို့သော်လည်း၊အကြံ မမြောက်နိုင်ကြ"(ဟေရှာယ ရး၁)။
ဣသရေလလူမျိုးများသည်မူလအစတွင် လူမျိုးတစ်ခုတည်းဖြစ် ပါသည်။ သို့သော်လည်း၊ တောင်ပိုင်းနှင့်မြောက်ပိုင်းနိုင်ငံများအဖြစ် ဣသရေလလူ များသည်ခွဲခြားခဲ့ပါသည်။ ဘုရားသခင်၏ဗိမာန်တော်သည် ရှောလမုန်မင်းကြီး၏ သား ရောဗောင်အုပ်စိုးသောနိုင်ငံ ယုဒပြည်တောင်ပိုင်း ယေရုရှလင်မြို့၌ ရှိသည်။ နောက်ပိုင်းတွင် ရှေလမုန်မင်းကြီး၏အစေခံကျွန် ယေယောဗောင်ကမြောက်ပိုင်း တွင် နိုင်ငံတစ်ခုထူထောင်သောကြောင့် ဣသရေလနိုင်ငံကွဲပြားခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ဘုရားသခင်၌သူတို့ယုံကြည်ခြင်းသည် ယိုယွင်းပျက်စီးခဲ့သည်။ ယုံကြည်ခြင်း ပျက်စီးမှုသည် ယနေ့တယူသန်ဘာသာရေးများများ၏အခြေခံအုတ် မြစ်ဖြစ်လာခဲ့သည်။ ထိုကြောင့် ယေယောဗောင်သည်မှားယွင်းသောအယူဝါဒစ တင်ထူထောင်သူဖြစ်ခဲ့သည်။ သူသည် သူ၏ရာဇပလ္လင်ကိုတည်မြဲစေလိုသော ကြောင့် ဘုရားသခင်၏ပညတ်တော်ကိုပြုပြင်ခဲ့သည်။ ထိုကြောင့် သူ့ကိုမှားယွင်း သောအယူဝါဒများ၏ဖခင်ကြီးဖြစ်လာခဲ့ခြင်းဖြစ်သည်။ သူသည် ဣသရေလ လူမျိုးများ မြောက်ပိုင်းနိုင်ငံရှိ ဘုရားသခင်၏လူများအတွက် ခြားနားသောဘာ သာရေးဖန်တီးခဲ့ပြီး တောင်ပိုင်းနိုင်ငံတွင်နေထိုင်သောယုဒလူမျိုးများ သိမ်းပိုက် ကျူးကျော်ရန်ကြိုးစားခဲ့သည်။ နှစ်ပေါင်း ၂၀ဝ ခန့်ကြာခဲ့သော်လည်း နှစ်နိုင်ငံ အကြားပဋိပက္ခဖြစ်ခြင်းသည် ပြောင်းလဲမှုမရှိခဲ့ပေ။
ထိုကြောင့် ဘုရားသခင်က ဟေရှာယအားဖြင့်]]ရှုရိပြည်၊ ဧဖရိမ်ပြည်၊ ရေမလိပြည်သားတို့က၊ ငါတို့သည်ယုဒပြည်သို့သွား၍ နှောင့်ယှက်ကြကုန်အံ့။ တိုက်ယူ၍ပြည်အလယ်မှာ တဗာလ၏သားကိုမင်းအရာ၌ခန့်ထားကြကုန်အံ့ဟု သင့်တဘက်၌မကောင်းသောအကြံကိုကြံကြသော်လည်း။ ဘုရားရှင်ထာဝရဘုရား က၊ ထိုအကြံမတည်ရ။ ထိုသို့မဖြစ်ရ။ ရှုရိပြည်၏ခေါင်းကား၊ဒမသက်မြို့။ ဒမသက် မြို့၏ခေါင်းကား ရေဇိန်မင်းဖြစ်ရ၏။ ဧဖရိမ်ပြည်၏ခေါင်းကား၊ ရှမာရိမြို့။ ရှမာရိ မြို့၏ခေါင်းကား၊ ရေမလိသားဖြစ်ရ၏။ သို့သော်လည်း ခြောက်ဆယ်ငါးနှစ်အ တွင်းတွင် ဧဖရိမ်ပြည်ကိုပြည်မဖြစ်စေခြင်းငှါ၊ ချိုးဖဲ့လိမ့်မည်။ သင်တို့သည်မယုံ လျှင်၊ မတည်ရကြ"ဟုမိန့်တော်မူခဲ့သည်။ (ဟေရှာယ ၇:၅-၉)
ထိုအချိန်တွင် ဘုရားသခင်က ဟေရှာယအားဖြင့်အာဟပ်မင်းအပေါ်ပ ရောဖက်ပြုခဲ့သော်လည်း ရှင်ဘုရင်သည် ဘုရားသခင်ကိုယုံကြည်ခြင်းမရှိခဲ့ပေ။ အာဟပ်မင်းသည် ရှုရိစစ်သားများကိုအောင်မြင်နိုင်မည်လားဟုသာ စိတ်စိုးရိမ် ခြင်းရှိခဲ့သည်။ သို့သော် ရှိရိလူများနှင့် ဣသရေလတို့သည် တစ်ဦးနှင့်တစ်ဦး မဟာ မိတ်ဖွဲ့ကြကာ၏ပုန်ကန်ထြွကမှုနှင့်သိတင်းကို အာဟပ်မင်းကြားသိသောအခါ သူသည်ကြောက်ရွံ့မှုဖြင့် တုန်လှုပ်ချောက်ခြားခဲ့ပါသည်။ သို့သော် ဘုရားသခင်၏ အစေခံကျွန် ဟေရှာယလာခဲ့ပြီး သူထံ "နှစ်ပေါင်းခြောက်ဆယ်မတိုင်မီ မြောက် ပိုင်းနိုင်ငံသည်ပြိုကွဲသွားလိမ့်မည်။ ထိုနောက် မကောင်းသောထိုရှင်ဘုရင်နှစ်ပါး တို့ကြံစည်မှုများသည် အမှန်တည်မည်မဟုတ်"ဟု ပြောခဲ့သည်။
ဘုရားသခင်၏အစေခံကျွန်က အာဟပ်မင်းထံ ဘုရားသခင်ထံမှ နိမိတ် လက္ခဏာတောင်းရန် တိုက်တွန်းခဲ့သည်။ "ထိုအခါဟေရှာယက၊ အိုဒါဝိဒ်အမျိုး သားတို့၊ နားထောင်ကြလော့။ သင်တို့သည် လူကို ငြီးငွေ့စေသည်သာမက၊ ငါကိုး ကွယ်သောဘုရားသခင်ကိုငြီးငွေ့စေကြမည်လော။ ထိုကြောင့်၊ ထာဝရဘုရား သည်ကိုယ်တော်တိုင်နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှု လော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သားယောင်္ကျားကို ဖွါးမြင်လတံ့။ ထိုသားကိုဧမာနွေလအမည်ဖြင့်မှည့်ရလတံ့။" (ဟေရှာယ ၇:၁၃-၁၄) ၄င်းသည် ဘုရားသခင်၏ပရောဖက်ပြုခြင်းဖြစ်သည်။ သူက သူ၏လူများကိုသူတို့၏အပြစ်မှ ကယ်တင်တော်မူလိမ့်မည်ဖြစ်သည်။
 
 
မည်သူသည်ဘုရားသခင်၏ရန်သူများဖြစ်ကြသနည်း။
 
လူသားများ၏ရန်သူမှာအပြစ်ဖြစ်ပြီး၊ အပြစ်တရားသည် စာတန်ထံမှလာ ခဲ့သည်။ ကျွန်ုပ်တို့အပြစ်များမှကယ်တင်ရှင်သည်မည်သူဖြစ်သနည်း။ ဘုရားသခင် ၏သားတော်သခင်ယေရှုခရစ်တော်ပင်ဖြစ်သည်။ သူသားများသည် အခြေခံ အားဖြင့် ကိုယ်ကာယတွင်အားနည်းနေကြသည်။ ထိုကြောင့်သူတို့မှလုပ်ဆောင် နိုင်သောအရာဘာမျှမရှိသော်လည်းအပြစ်လွန်ကျူးတတ်ကြသည်။ သူတို့သည် စာတန်၏တန်ခိုးတော်အောက်တွင်နေကြသည်။ မြောက်များစွာသောလူတို့သည် အနာဂါတ်ကိုကြို တင်ပြောကြားနိုင်သောသူများထံသွားခဲ့ကြကာ ဤမှားယွင်း သောပရောဖက်မျာညွန် ကြားသည့်အတိုင်းတစ်ချက်မလွဲအသက်ရှင်ရန်ကြိုးပမ်း ခဲ့ကြသည်။ ဤအကြောင်းက သူတို့သည်စာတန်၏ထိန်းချုပ်မှုအောက်တွင်အ သက်ရှင်ကြသည်ကို သက်သေပြ သသည်။
ဘုရားသခင်က ဟေရှာယထံ ကယ်တင်ခြင်းသက်သေပေးခဲ့သည်။ အပျို ကညာသည်သားယောင်္ကျားကိုဖွါးမြင်ပြီး သူ့ကို ဧမာနွေလအမည်ဖြင့်မှည့်ရ မည်ဟုပြောခဲ့သည်။ သခင်ယေရှုသည်  အပြစ်ရှိသောလူသားတစ်ဦးအဖြစ်စေ လွှတ်ခြင်းနှင့် စာတန်၏ဖိနှိပ်ချုပ်ခြယ်ခြင်းမှအပြစ်သားများကိုကယ်တင်ရန် သူ့ကိုခန့်ထားခြင်းသည် ဘုရားသခင်၏အကြံအစည်တော်ဖြစ်သည်။ ပရောဖက် ပြုခြင်းနှင့်လိုက်လျော ညီထွေစွာ သခင်ယေရှုသည် အပျိုကညာမာရိအားဖြင့် လူသားတစ်ဦးအဖြစ် ဤလောကသို့ကြွဆင်းလာခဲ့သည်။
သခင်ယေရှုသည် ကျွန်ုပ်တို့ဆီမလာခဲ့လျှင် ကျွန်ုပ်တို့သည် စာတန်၏အုပ် စိုးခြင်းအောက်တွင်အသက်ရှင်ကြမည်ဖြစ်သည်။ ထိုသော် သခင်ယေရှုသည် ဤလောကသို့ကြွဆင်းလာခဲ့ပြီး၊ ယောဟန်အားဖြင့်ဗတ္တိဇံခံယူခဲ့ကာ အပြစ်သား များသည် သူတို့၏အပြစ်များမှ ကယ်တင်ခြင်းသတင်းကောင်းကိုကျွန်ုပ်တို့အား ပေးရန်အတွက် ကားတိုင်တော်ပေါ်တွင် အသေခံခဲ့သည်။ထိုကြောင့် မြောက်များ စွာသော လူတို့သည် သတင်းကောင်းကိုယုံကြည်ခဲ့ကြပြီး၊ သူတို့၏အပြစ်များ လွတ်ခြင်းအခွင့်ရရှိခဲ့ကြကာ ဘုရားသခင်၏သားသမီးများဖြစ်လာခဲ့ကြခြင်းဖြစ် သည်။
ယနေ့၌ပင်လျှင် မြောက်များစွာသော သီအော်လျော်ဂျီသမားများက သခင်ယေရှုခရစ်တော်သည် ဘုရားဖြစ်သလား (သို့)လူသားဖြစ်သလားဟု ငြင်းခုံကြသည်။ သီအော်လော်ဂျီသားအချို့တို့က "သခင်ယေရှုသည်ဘုရားဖြစ် သည်"ဟု ပြောကြသည်။ သို့သော်အချို့သီအော်လော်ဂျီအသစ်သမားများကမူ သခင်ယေရှုသည် ယောသပ်၏တရားမဝင်ရသောသားဖြစ်သည်ဟု ငြင်းခုံခဲ့ကြ သည်။ အတပ်အမှန်ပြောရလျှင် မည်မျှဝမ်းနည်းစရာကောင်းသောအတွေးအခေါ် ဖြစ်သနည်း။
အချို့အသစ်သောသီအော်လော်ဂျီသမားများက သခင်ယေရှုသည် ရေပေါ် တွင်လျှောက်နိုင်သည်ဟု ယုံကြည်ခြင်းမရှိကြပေ။ သူတို့က "သခင်ယေရှုသည် ရေပြင်ထက်နိမ့်သောတောင်ပုပေါ်တွင်လမ်းလျှောက်ခြင်းကို သူ၏တပည့်တော် များက အဝေးမှလှမ်းမြင်သောအခါ သူသည် ရေပေါ်တွင် လမ်းလျှောက်ခဲ့သည်ဟု တွေးခြင်းဖြစ်သည်"ဟု ပြောကြသည်။ ယခုမျက်မှောက်ကာလ နယူးသီအော် လော်ဂျီကျောင်းမှဘာသာရေးနှင့်ဆိုင်သောဒေါက်တာဘွဲ့ရရှိသူများသည် သီအော် လော်ဂျီ တတ်မြောက်သောပုဂ္ဂိုလ်များအားလုံးမဖြစ်ကြပေ။ သူတို့အများစုက သမ္မာကျမ်းစာ အကြောင်းကို သူတို့နားလည်သိရှိသည့်အရာများကိုသာယုံကြည် ရန်ရွေးချယ်ကြသည်။
အခြားသောသာဓကတစ်ခုကိုဖော်ပြရလျှင် သခင်ယေရှုသည် ငါးနှစ် ကောင်နှင့်မုန့်ငါးလုံးတို့ဖြင့် လူ ၅၀ဝ၀ ကိုကျွေးမွေးခဲ့သည်ဟု သမ္မာကျမ်းစာထဲ တွင်ဖော်ပြထားပါသည်။ သို့သော်သူတို့သည် ဤနိမိတ်လက္ခဏာအပေါ်သံသယ စိတ်ရှိ နေဆဲဖြစ်သည်။ သူတို့သည်အောက်တွင်ဖော်ပြထားသည့်အတိုင်းဖြေရှင်း ခဲ့ကြသည်။ "လူတွေက သခင်ယေရှုနောက်တော်သို့လိုက်ခဲ့ကြပြီး သေသည်အထိ စာလောင်မွတ်သိပ်ခဲ့ကြသည်။ ထိုကြောင့် သခင်ယေရှုကတပည့်တော်များထံ ကြွင်းကျန် သောအစားအစာများကောက်သိမ်းရန်မိန့်တော်မူခဲ့သည်။ ထိုနောက် ကလေးတစ်ဦးက သူ၏အစားအစာကို ကိုယ်နည်းကိုယ်ဟန်ဖြင့်ပေးခဲ့သည်။ အခြားသောလူကြီးများကလည်း တို့ထိခြင်းခံခဲ့ကြကာ သူတို့၏အစားအစာများ ကိုထုတ်ခဲ့ကြသည်။ ထိုကြောင့်သူတို့သည် အစားအစာများစုဆောင်းခဲ့ကြပြီး စားသုံးခဲ့ကြသောအခါ ဆယ်နှစ်တောင်းကျန်ခဲ့သည်။" ဤကဲ့သို့သောကျမ်းတတ် ပုဂ္ဂိုလ်များသည် ဘုရှားသခင်၏နှုတ်ကပတ်တော်ကို သူတို့ကန့်သတ်သိရှိနား လည်မှုဖြင့် ကိုက်ညီရန် ရိုးရိုးလေးဖြင့်ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။
ဘုရားသခင်၏သမ္မာတရားယုံကြည်ခြင်းသည် ဘုရားသခင်ပေးထား သောသတင်းကောင်းကိုရိုးရိုးလေးဖြင့်ယုံကြည်ခြင်းသာဖြစ်သည်။ ယုံကြည်ခြင်း သည် ဖြစ်နိုင်ချေရှိသောအရာများသာယုံကြည်ခြင်းမျိုးမဟုတ်ဘဲ မဖြစ်နိုင်သောအ ရာများကို ယုံကြည်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့နားလည်သိရှိသည်ဖြစ်စေ၊ နား မလည်သည်ဖြစ်စေ ဘုရားသခင်၏နှုတ်ကပတ်တော်ထဲတွင်ရေးသားထားသော အရာများလက်ခံကာ ဘုရားသခင်ကိုသာကိုးစားခြင်းပင်ဖြစ်သည်။
သခင်ယေရှုသည်လူသားတစ်ဦးအဖြစ် ကျွန်ုပ်တို့ကြွလာခြင်း အကြောင်း မှာ ကျွန်ုပ်တို့အပြစ်များအားလုံးမှ ကျွန်ုပ်တို့ကိုကယ်တင်ရန်အတွက် သူသည်စေ လွတ်ခြင်းခံခဲ့ခြင်းကိုဆိုလိုသည်။ ဘုရားသခင်ဖြစ်သော သခင်ယေရှုသည် ကျွန်ုပ် တို့ကိုကယ်တင်ရန် ဤလောကသြွို့ကလာခြင်းဖြစ်သည်။ သူသည် အပျိုကညာမှ လူသားတစ်ဦးအဖြစ်မွေးဖွါးခြင်းခံရမည်ဟုဟေရှာယကပရောဖက်ပြုထားခဲ့သည်။
ကမ္ဘာဦးကျမ်း ၃:၁၅ တွင် ဘုရားသခင်က မြွေကြီးထံဤသို့ပြောခဲ့သည်။ "သင်နှင့်မိန်းမကို၄င်း၊သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ်ကို၄င်း၊ ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည်သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်သူ၏ခြေဖ နောင့်ကိုကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။" ဤကျမ်းပိုဒ်၏အဓိပ္ပါယ်သည် သခင် ယေရှုသည် လူသားတစ်ဦးအဖြစ်မွေးဖွါးလာပြီး သူတို့၏အပြစ်များမှလူသားများ ကို ကယ်တင်ရန်ကျွန်ုပ်တို့၏ကယ်တင်ရှငဖြစ်လာခြင်းသည် ဘုရားသခင်၏ အကြံအ စည်တော်ဖြစ်သည်ကိုဆိုလိုသည်။
သမ္မာကျမ်းစာထဲတွင် "အိုသေမင်း၊ သင်၏လက်နက်အဘယ်မှာရှိ သနည်း။ အိုမရဏာနိုင်ငံသင်၏အောင်မြင်ခြင်းသည်အဘယ်မှာရှိသနည်း။ သေ မင်း၏လက် နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း။ ဒုစရိုက်အပြစ်၏တန်ခိုးကား၊ ပညတ်တရားပေတည်း" (၁ကော ၁၅း၅၅-၅၆) ဟုဖော်ပြထားပါသည်။ သေခြင်း ၏လက်နက်သည် အပြစ်ဒုစရိုက်ဖြစ်သည်။ လူတစ်ဦးသည် အပြစ်ပြုသောအခါ သေခြငး်တရားက သူ့ကိုကျွန်ခံစေသည်။ သို့သော် ကျွန်ုပ်တို့သခင်က " မိန်းမအ မျိုးအနွယ်က သင်၏ ခေါင်းကိုကြိတ်လိမ့်မည်" ဟု ကတိပြုခဲ့သည်။ အဓိပ္ပါယ်မှာ စာတန်ယူဆောင်လာခဲ့ သောသေခြင်းတရားကို သခင်ယေရှုသည်ဖျက်စီးလိမ့်မည် ကိုဆိုလိုသည်။
သခင်ယေရှုသည်ဤလောကသို့ကြွကဆင်းလာခဲ့ပြီး၊ လူသားအားလုံး၏ အ ပြစ်များကိုယူဆောင်ရန် ဗတ္တိဇံခံယူလျက်ကားတိုင်တင်သတ်ခြင်းခံခဲ့သည်။ သူတို့အတွက်တရားစီရင်ခြငး်ကိုလည်းခံခဲ့သည်။ သတင်းကောင်းကိုယုံကြည် သောသူများအားလုံးကို သူတို့အပြစ်များမှ ယေရှုကကယ်တင်ခဲ့သည်။အဒံနှင့်ဧဝ တို့သည် အပြစ်ပြုခဲ့ကြသောအခါ စာတန်၏တန်ခိုးမှလူသားများကိုကယ်တင်ရန် ဘုရားသခင်က ကတိတော်ပေးခဲ့သည်။ မော်ဒန်ခေတ်ကာလကြီးတွင် သတင်း ကောင်းကိုမယုံကြည် သောသူများသည် ဘုရားသခင်၏ရန်သူများဖြစ်ကြသည်။
 
 
သခင်ယေရှုသည်အဘယ်ကြောင့် ဤလောကသို့ဖွါးမြင်ခြင်းခံခဲ့သနည်း။
 
ကျွန်ုပ်တို့အပြစ်များမှ ကျွန်ုပ်တို့ကိုကယ်တင်ရန် ဘုရားသခင်သည် ပ ညတ်တော်နှင့်သတင်းကောင်းကို ကျွန်ုပ်တို့အားပေးခဲ့သည်။ ဘုရားသခင်၏ပ ညတ်တော်အားဖြင့် ဘုရားသခင်၏ရှေ့တော်မှောက်တွင် လူသားအားလုံးအပြစ် သားများဖြစ်လာခဲ့ကြသည်။ ထိုနည်းတူ၊ လူတွေက မိမိအပြစ်များကို သိရှိနိုင် ရန်အတွက် ပညတ်တရားကိုပေးခဲ့ခြင်းဖြစ်သည်။ လူတွေက အပြစ်တရားနှင့် ပညတ်တရားအောက်တွင် ကျွန်ခံခဲ့ကြသောအခါ ဖြောင့်မတ်သောပညတ်တရား ၏တောင်းဆိုမှုများပြည့်စုံစေရန်အတွက် သခင်ယေရှုသည် ဤလောကသို့ကြွ လာခြင်းဖြစ် သည်။
သခင်ယေရှုသည် ပညတ်တော်အောက်တွင် မွေးဖွါးခြင်းခံခဲ့သည်။ သူသည်ပညတ်တော်ခေတ်ကာလတွင် ဖွါးမြင်ခြင်းခံခဲ့သည်။ လူတွေကပညတ် တော်လိုအပ်ခြင်းအကြောင်းမှာ သူတို့သည် ခွင့်လွတ်ခြင်းရရှိရန်အတွက် သူတို့၏ အပြစ်များကိုသိရှိရန်လိုအပ်သောကြောင့်ဖြစ်သည်။ လူတွေက သူတို့အဝတ်အစား များသည် ညစ်ပတ်သည်ဟုသိကြသောအခါ၌သာလျှင် ထိုအညစ်အကြေးများကို ဆေးကြောကြသည်။ ထိုနည်းတူ၊ လူတွေကသူတို့အပြစ်များသိရှိရန် ဘုရားသခင် ၏ပညတ်တော်ကိုသိရှိရမည်ဖြစ်သည်။ ပညတ်တော်မရှိခဲ့လျှင် အပြစ်တရား အမြင်မရှိ၊ သခင်ယေရှုသည်လည်းဤလောကသို့ကြွလာရန်မလိုအပ်ပေ။
ဘုရားသခင်၏ပညတ်တော်ကို မိတ်ဆွေသိသောအခါ သူ့ကို မြင်တွေ့ရန် အခွင့်အလမ်းရှိခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ပညတ်တော်သိခဲ့ကြလျှင် ကျွန်ုပ်တို့  အပြစ်အကြောင်းကို လေ့လာနိုင်ကြမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ အပြစ် ကိုသိရှိမှသာလျှင် သခင်ယေရှုယူဆောင်လာသောသတင်းကောင်းကိုယုံ ကြည်နိုင်ကြ မည်ဖြစ်သည်။ ဘုရားသခင်သည် ပညတ်တော်ကိုမပေးခဲ့လျှင် ကျွန်ုပ်တို့သည် အပြစ်သားဖြစ်စရာအကြောင်းမရှိဘဲ တရားစီရင်ခြင်းလည်းရှိလိမ့် မည်မဟုတ်ပေ။ ထိုကြောင့်ဘုရားသခင်သည် ပညတ်တော်ပေးခဲ့ပြီးအ ပြစ်သား အားလုံးသည် သူတို့ အပြစ်များမှလွတ်မြောက်ရန် သတင်းကောင်းကို ကျွန်ုပ်တို့ထံပေးခဲ့ခြင်းဖြစ်သည်။
ဖန်ဆင်းရှင်နှင့်ဖန်ဆင်းခြင်း ခံသောသူများအကြားပညတ်တော်တည်ရှိ ခြင်းသည် ကယ်တင်ခြင်းနှင့်စပ်ဆိုင်သောဘုရားသခင်၏ပညတ်တော်ဖြစ်သည်။ ဤအရာသည် ချစ်ခြင်းမေတ္တာ၏ပညတ်ပင်ဖြစ်သည်။ ဘုရားသခင်သည် လူ ယောင်္ကျားထံ"ထိုအပင်၏အသီးကိုကား၊မစားရ။ စားသောနေ့တွင်ဧကန်အမှန် သေရမည်ဟု လူကိုပညတ်ထားတော်မူ၏" (ကမ္ဘာ ၂:၁၇) ဟုမိန့်တော်မူခဲ့သည်။ ဤအရာသည် ကျွန်ုပ်တို့အပေါ်ဘုရားသခင်ပေးထားသောပညတ်တော်ဖြစ်သည်။ ထိုပညတ်တရားသည် ကျွန်ုပ်တို့အပြစ်များမှ ကျွန်ုပ်တို့အားလုံးကိုဘုရားသခင် ကယ်တင်ပေးခဲ့သော ချစ်ခြင်းမေတ္တာ၏အခြေခံအုတ်မြစ်ဖြစ်လာသည်။ ကယ်တင် ခြင်းပညတ်တရားမှာ ကျွန်ုပ်တို့အပြစ်များခွင့်လွတ်ခြင်းအတွက် ၄င်းမှာ အခြေခံ ရှိသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ဖန်ဆင်းရှင်ဖြစ်ကြောင်းနှင့် ခပ်သိမ်းသောအ ရာတို့သည် သူ၏အလိုတော်အတိုင်းဖြစ်လာခြင်းဖြစ်ကြောင်း ဘုရားသခင်က ကျွန်ုပ်တို့အားပြောသည်။ ဤဆိုလိုချက်မှာ ဘုရားသခင်သည် အမှန်တည်ရှိသော ဘုရားနှင့် သတင်းကောင်းအားဖြင့် ပြည့်စုံခဲ့ပြီးသောကယ်တင်ခြင်းပညတ်တော် ကို လူတွေကယုံကြည်သင့် ကြောင်းဖော်ပြလိုခြင်းဖြစ်သည်။
အမှန်တည်ရှိသောဘုရားသည် အကြွင်းမဲ့ကောင်းမြတ်သည်။ ဘုရား သခင်၏မေတ္တာတော်က သူ၏တပါးတည်းသောသားတော်အားပူဇော်သည့်အထိ သူ့ကိုလှုံ့ဆော်ခဲ့သည်။ သူ၏သားတော်သည် အပြစ်သားများအားလုံး၏ကယ်တင် ရှင်ဖြစ်လာခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုဖန်ဆင်းခဲ့ပြီး၊ ကျွန်ုပ်တို့အပြစ် များမှ ကယ်တင်ရန် ကျွန်ုပ်တို့ကို သတင်းကောင်းမပေးခဲ့လျှင် ကျွန်ုပ်တို့သည် ဘုရားသခင်ကို စောဒကတက်နိုင်ကြမည်ဖြစ်သည်။ သို့သော်ဘုရားသခင်က ကျွန်ုပ်တို့ပျက် စီးခြင်းထဲက ကယ်တင်လိုသောကြောင့် ကယ်တင်ခြင်းပညတ် တော်ကိုထူထောင်ခဲ့ခြင်း ဖြစ်သည်။ ပညတ်တော်အားဖြင့် ကျွန်ုပ်တို့သည် ပညတ်တော်ကိုတိုက်ရိုက် ကြည့်ခြင်းအားဖြင့် မိမိအပြစ်များကိုနားလည်နိုင်ကြ ပြီး၊ သခင်ယေရှု၏သတင်း ကောင်းကိုစတင်ယုံကြည်နိုင်ကြခြင်းဖြစ်သည်။ ကျွန်ုပ် တို့သည် ဘုရားသခင်၏စကားတော်ကိုချိုးဖောက်ခဲ့ကြသောအခါ ပညတ်တော် ရှေ့တွင် ကျွန်ုပ်တို့သည်အပြစ် သားများဖြစ်ကြသည်ကိုထင်ရှားလျက်ရှိပြီး၊ ထိုပြင် အပြစ်သားများသည် ဘုရားသခင်ရှေ့မှောက်တွင် အပြစ်လွတ်ခြင်းနှင့်ဆိုင်သော သူ၏ ဂရုဏာတော်ခံစားရန် ဒူးထောက်ဆုတောင်းကြမည်ဖြစ်သည်။
သခင်ယေရှုသည်မိန်းမအားဖြင့်မွေးဖွါးလာခဲ့ပြီး၊ လူသားများအ ပြစ်မှ ကယ်တင်ရန် ဤလောကသို့ကြွလာခဲ့သည်။ ကျွန်ုပ်တို့အတွက်ဘုရားသခင် ၏အကြံအစည်တော်များပြည့်စုံစေရန်အတွက် သခင်ယေရှုသည် ဤလောကသို့ လူသားတစ်ဦး အဖြစ်ကြွဆင်းလာခဲ့သည်။ ကျွန်ုပ်တို့သည် သူ၏သတင်းကောင်း ကိုယုံကြည်ခဲ့ကြသည်။ ထိုကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ချီးမွမ်းပါသည်။
အချို့သောသူများက "ကျွုန်ုပ်သည်အပြစ်တရားသို့လွယ်လင့်တကူကျ ဆင်းရန်နှင့် ထိုအမှားအတွက်ဒုက္ခများစွာခံစားရန် ဘုရားသခင်သည်အဘယ် ကြောင့် ကျွန်ုပ်ကိုပျက်စီးလွယ်သောသူအဖြစ်ဖန်ဆင်းခဲ့သနည်း"ဟု စောဒက တက်တတ်ကြသည်။ သို့သော်ဘုရားသခင်က ကျွန်ုပ်တို့အားဆင်းရဲဒုက္ခခံစားရန် အလိုမရှိပေ။ ကျွန်ုပ်တို့သည် သခင်ယေရှု၏သတင်းကောင်းကို သံသယရှိခဲ့ကြ သောကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အားဆင်းရဲဒုက္ခခံစားရန်ခွင့်ပြုခြင်းဖြစ် သည်။ ဘုရားသခင်က ကျွန်ုပ်တို့အား ဆင်းရဲဒုက္ခနှင့်သတင်းကောင်းကိုနှစ်ခုစလုံး ကိုပေးခဲ့သည်။ သို့မှသာ ကျွန်ုပ်တို့သည် သူ၏သားသမီးများအဖြစ် သူကဲ့သို့တန်ခိုး ရှိကြမည်ဖြစ်သည်။ ဤအရာများသည် ဘုရားသခင်၏အကြံအစည်ဖြစ်သည်။
သို့ရာတွင် စာတန်က "မဟုတ်ဘူး၊ ဘုရားသခင်သည်အာဏာရှင်ဆန်သူ ဖြစ်သည်။ သခင်ကြိုက်နှစ်သက်သည့်အတိုင်းဆက်လက်အသက်ရှင်လိုက်ပါ။ မိမိ ကိုယ်ကိုအားကိုးပါ။ သင့်ကိုယ်တိုင်ကြိုးပမ်းခြင်းအားဖြင့် သင်ကံကြမ္မာကို သင်တည်ဆောက်ပါ"ဟု ပြောသည်။ စာတန်သည် ဘုရားသခင်အပေါ်လူတွေ ၏ယုံကြည်မှုကိုဖျက်ဆီးရန်ကြိုးပမ်းခဲ့သည်။ သို့သော် ဘုရားသခင်မှဝေးဝေးနေ ရန်ကြိုး ပမ်းသောသူများသည် ကယ်တင်ခြင်းအတွက်ဘုရားသခင်အကြံအစည် တော်များကို ပိတ်ဆို့သောသူများဖြစ်ကြသည်။ သခင်ယေရှုသည် ဤလော ကသို့ကြွဆင်းလာခဲ့ပြီး စာတန်တန်ခိုးအောက်တွင်ရှိသောသူများ၏အပြစ်များကို သိစေရန် သတို့ကိုခေါ်ဖိတ်ခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ဝေးဝေးမနေ ထိုင်သင့်ပေ။
 
 
လူသည် ငရဲသို့ဦးတည်သော အပြစ်သားအဖြစ်မွေးဖွါးခဲ့သည်။
 
မပြောင်းလဲသောသမ္မာတရားကို ဤလောကတွင်မရှိပေ။ သို့သော် သခင် ယေရှု၏သတင်းကောင်းသည် မပြောင်းလဲတတ်သောသမ္မာတရားဖြစ်သည်။ ထို ကြောင့် လူတွေက ထိုသမ္မာတရားကိုမှီခိုနိုင်ကြပြီး၊ ဏာတန်၏တန်ခိုးမှလွတ် မြောက်နိုင်ကြမည်ဖြစ်သည်။ လူသားများက အပြစ်တရားကို အာဒံနှင့်ဧဝထံမှအ မွေဆက်ခံလာခဲ့ကြပြီး၊ ခရစ်တော်၏ကြားဝင်စွတ်ဖက်ခြင်းမရှိလျှင် ငရဲမီးအိုင်ထဲ သို့ပျက်စီးသွားမည့်သူများဖြစ်ကြသည်။ သို့သော် သူ၏ပူဇော်ခြင်းအပေါ်ကျွန်ုပ် တို့ကျေးဇူးတင်လျက်ရှိသည်။ လူသားများသည် ဘုရားသခင်၏သားသမီးများဖြစ် လာသောတန်ခိုးအားဖြင့်ကောင်းချီးခံစားကြသည်။ "သို့သော်လည်း ဒုက္ခဆင်းရဲ ခြင်းကိုခံရ သောပြည်သည် နောက်မှမှောင်မိုက်နှင့်ကင်းလွတ်လိမ့်မည်" (ဟေရှာ ယ ၉:၁)။ ဘုရားသခင်က သူ၏သားတော်ကိုဤလောကသို့စေလွှတ်ခဲ့ပြီး၊ သတင်း ကောင်းကို ယုံကြည်သောသူများကို ချီးမြှောက်ခဲ့သည်။
"မှောင်မိုက်ထဲမှာသွားလာသောသူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍ သေမင်းနိုင်ငံအရိပ်တွင်ရှိနေသော သူတို့၌အလင်းပေါ်ထွန်းလျက်ရှိသည်" (ဟေရှာယ ၉:၂)။ ယနေ့တွင် မိတ်ဆွေနှင့်ကျွန်ုပ်တို့အပေါ်မှာ ဤစကားသည် မှန် ကန်လျက်ရှိသည်။ သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဤလောကတွင်မရနိုင်သော ထာဝရအသက်အားဖြင့်ကောင်းချီးခံစားခဲ့ကြသည်။ သခင်ယေရှုခရစ်တော်သည် လူသားများကို လောကအပြစ်များမှကယ်တင်ခဲ့ပြီး၊ သတင်းကောင်းယုံကြည်သောသူများအပေါ် ထာဝရအသက်နှင့်ကောင်းကင်နိုင်ငံ တော်ကိုပေးခဲ့သည်။
 
 
မြော်လင့်ချက်ကင်းမဲ့သောသူများအပေါ် သူက သတင်းကောင်းအလင်းကို သွန်းလောင်းခဲ့သည်။
 
မြေခွေးများကဲ့သို့လူသားများသည် ဤလောကတွင် ခေတ္တခဏတည် အသက်ရှင်ကြသော်လည်း သူတို့သည် မကြာမီပျောက်ကွယ်သွားကြသည်။ သူတို့ ဘဝသည် ပျက်စီးလွယ်သော အပင်များ၊ မြက်ပင်များနှင့်တူပါသည်။ မြက်ပင်များ သည်လအနည်းငယ်အတွင်းဘုရားသခင်၏ထောက်ပံ့ပေးမှုအားဖြင့်အသက်ရှင်တည်ရှိကြပြီးတစ်နှစ်အတွင်းကုန်ဆုံးပျောက်ကွယ်သွားတတ်ကြသည်။ ဤမြက်ပင် ကဲ့သို့ ကျွန်ုပ်တို့ဘဝများသည်လည်း အဓိပ္ပါယ်မဲ့ အချည်းနှီးသက်သက်ဖြစ်သည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့စိတ်ပျက်ဖွယ်သောဝိညာဉ်အပေါ်သတင်း ကောင်းနှင့် သူ၏ဖြောင့်မတ်ခြငး်တရားကိုပေးခဲ့ပြီး၊ သူ၏သားသမီးများဖြစ်စေခဲ့ ပါသည်။ အလွန်အံ့သြဖွယ်ကောင်းသောကျေးဇူးတော်ဖြစ်သည်မဟုတ်လော။ ကျွန်ုပ်တို့အဓိပ္ပါယ်မရှိ သောအသက်တာသည် ထာဝရအသက်ဖြစ်စေသော ကြောင့် ဘုရားသခင်၏မေတ္တာတော်အတွက် ဘုရားသခင်ကိုချီးမွမ်းပါသည်။ ကျွန်ုပ်တို့သည်ဘုရားသခင်၏သားသမီးများဖြစ်လာရသောအခွင့်အားဖြင့် ကောင်း ချီးခံစားသောသူများဖြစ်ကြသည်။
သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ကျေးဇူးတော် နှင့် အတူကောင်းချီးခံစားခဲ့သောသူ၏ဝန်ခံချက်ကို ကျွန်ုပ်တို့ကြည့်ကြပါစို့။
"ကျွန်တော်ဘုရားသခင်ကိုမသိသောအိမ်ထောင်မိသားစုမှမွေးဖွားလာခဲ့ တယ်။ထိုကြောင့် ကျွန်တော့်မိခင်ကြီးသည် ရေတစ်ခွက်သူမ၏ရှေ့တွင်တင် ထားပြီးမနက်တိုင်းတွင် ကျွန်ုပ်တို့မိသားစုကောင်းစားရေးအတွက် ကောင်းကင် နှင့်မြေကြီး၏ဘုရားများထံ ဆုတောင်းခြင်းကိုကောင်းလှသည်ဟု ယူဆခြင်းနှင့်အ တူကျွန် တော်ကြီးပြင်းလာခဲ့တယ်။ ကျွန်တော်ကြီးပြင်းလာသည်နှင့်အမျှ ကျွန်ုပ်တန်ဖိုး(သို့) ကျွန်ုပ်တည်ရှိခြင်းအကြောင်းများကို ကျွန်တော်မသိခဲ့ပေ။ ထိုအကြောင်းကြောင့် ကျွန်တော်သေသည်ဖြစ်စေ၊ရှင်သည်ဖြစ်စေ ကိစ္စမရှိဘူးဟု ယုံကြည်ခြင်းဖြစ်ပေါ်စေခဲ့တယ်။ ကျွန်တော်သည် ကျွန်ုပ်တန်ဖိုးကိုမသိခဲ့သော ကြောင့် အထီးကျန်ဘဝဖြင့် အသက်ရှင်ခဲ့ရတယ်။
ဘဝမျိုးက ကျွန်ုပ်ကိုငြီးငွေ့စေသောကြောင့် ကျွန်တော်မြန်မြန်ဆန်ဆန် အိမ်ထောင်ပြုခဲ့တယ်။ ကျွန်ုပ်အိမ်ထောင်ပြုခြင်းဘဝသည် အလွန်ကောင်းခဲ့တယ်။ ကျွန်တော့်မှာအခြားလိုချင်စရာတစ်ခုမှမရှိတော့ပေ။ ထိုကြောင့် ကျွန်တော်သည် အေးချမ်းသောဘဝဖြင့်အသက်ရှင်ခဲ့ရတယ်။ ထိုနောက် ကျွန်တော်ကလေးတစ်ဦး ရရှိလာခဲ့သောအခါ ထိုအချိန်မှစပြီး ကျွန်ုပ်၌ချစ်ခြင်းမေတ္တာရှိသည်ကို ကျွန်တော် သိရှိခဲ့တယ်။ တစ်ကိုယ်ကောင်းဆန်သောဆန္ဒများစတင်ပျောက်ဆုံးခဲ့သည်။ သို့ သော် ကျွန်ုပ်အရင်းနှီးဆုံးသောသူငယ်ချင်းများသေဆုံးသွားမှာကိုလည်းစိုးရိမ်မိ ခဲ့တယ်။
ထိုကြောင့် ကျွန်တော်ဘုရားသခင်ကိုစတင်ရှာဖွေခဲ့တယ်။ ကျွန်တော် သည် ပျက်စီးလွယ်ပြီးဘာမှမတတ်နိုင်သောကြောင့် ကျွန်တော့်ချစ်သူများစောင့် ထိန်းပေးရန်အမှန်တည်ရှိသောသူတစ်ဦးလိုအပ်ခဲ့တယ်။ ထိုကြောင့် ကျွန်တော် ဘုရားကျောင်းစတက်ခဲ့ပါတယ်။ သို့သော်ကျွန်တော့်ယုံကြည်ခြင်းသည် ရေခွက် ရှေ့တွင်ဆုတောင်း နေသောမိခင်ကြီး၏ယုံကြည်ခြငး်နှင့်အနည်းငယ်ကွာခြားမှုရှိ ခဲ့တယ်။ ကျွန်ုပ်၏ဆုတောင်းချက်မှာ ကြောက်ရွံ့ခြင်းနှင့်မြော်လင့်ခြင်းများပေါ် တွင်သာအခြေခံခဲ့တယ်။
တစ်ခါက ဒေသန္တရအသင်းတော်တစ်ပါးရှိဝတ်ပြုအစည်းအဝေးငယ်တစ် ခု၌တက်ရောက်ခဲ့ပါတယ်။ ကျွန်တော်ဆုတောင်းနေစဉ် ကျွန်ုပ်မျက်စိမှမျက်ရည် များတ ပေါက်ပေါက်စကျခဲ့တယ်။ ကျွန်တော်စိတ်အနှောက်အယှက်ဖြစ်ကာအငို တိတ်ရန် ကြိုးစားခဲ့တယ်။ သို့သော် မျက်ရည်များအရပ်စတမ်းစီးကျလာခဲ့တယ်။ ကျွန်တော့် ပတ်ဝန်းကျင်တွင်ရှိသောသူများက ကျွန်တော်ခေါင်းပေါ်တွင်လက်တင် ခဲ့ကြကာ သန့်ရှင်းသောဝိညာဉ်တော်ရရှိခြငး်အတွက် ချီးကျူးခဲ့ကြတယ်။ သို့သော် ကျွန်တော် စိတ်ရှုပ်ထွေးတွေဝေခဲ့ပါတယ်။ ကျွန်တော်ဘုရားသခင်၏ စကားတော်နှင့်ရင်းနှီးမှုမရှိခဲ့ပေ။ သူ့အပေါ်၌ကျွန်တော့်ယုံကြည်ခြင်းသည် မရေ ရာမသေချာသောကြောင့် ဤအတွေ့အကြုံသည် သန့်ရှင်းသောဝိညာဉ်တော်၏ လှုပ်ရှားမှုဖြစ်သည်ဟု ကျွန်တော့် မှာယုံကြည်စိတ်ချမှုမရှိခဲ့ပေ။
ကျွန်တော်တက်ခဲ့သောဘုရားကျောင်းသည် ပင်တေဂုတ္တေ-ခရစ်မား တစ်(ဒ်)လှုပ်ရှားမှုနှင့်ဒွန်တွဲခဲ့ပြီး မြောက်များစွာသောလူတို့သည် ကျွန်တော် နည်းတူ တွေ့ကြုံခဲ့ကာ လူတိုင်းအားလုံးနီးပါး အခြားသောဘာသာစကားပြော ခဲ့ကြတယ်။တနေ့သောအခါ သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်ဝသည်ဟုလူတွေ ပြောခဲ့သောသင်းအုပ်ဆရာတစ်ပါးဦးဆောင်သော နိုးကြားရေးအစည်းအဝေးတစ် ခုသို့ တက်ရောက်ရန် ကျွန်တော်ဖိတ်ကြားခြင်းခံခဲ့တယ်။ ဘုရားကျောင်းတွင် သင်းအုပ်ဆရာသည်လူများစွာစုရုံးစေခဲ့ပြီး ဘုရားသခင်သည် အကြောတက်ရော ဂါစွဲသောလူတစ်ဦးကို ကျန်းမာစေမည်ဟု သူပြောခဲ့တယ်။ ၄င်းသည် ကျွန်တော် လုပ်ဆောင်နိုင်သောတန်ခိုးဖြစ်သည်ဟုလည်း သူပြောခဲ့တယ်။ သို့သော်အကြော တက်ရောဂါသည် ဆေးရုံတွင် အလွယ်တကူကုသနိုင်သောရောဂါဖြစ်တယ်။ သို့ကြောင့် သူသည် သန့်ရှင်းသောဝိညာဉ်တော်မည်ကဲ့သို့ရရှိသည်ကို ကျွန်တော်ပို ပြီးစိတ်ဝင်စားခဲ့တယ်။ သို့ သော်သင်းအုပ်ဆရာသည်အနာရောဂါငြိမ်းခြင်းလုပ် ငန်းအောင်မြင်သွားခဲ့ပြီးနောက် ဆယ်တန်းကျောင်းသား/သူ တစ်ဦးသည် တက္က သိုလ်ဝင်ခွင့်စာမေးပွဲအောင်မြင်မယ်၊ ကျဆုံးမည်ကိုလည်း ကြိုတင်ဟောကိန်း ထုတ်နိုင်သည်ဟု သူဝါးြွကားခဲ့တယ်။ သူ၏တန်ခိုးများသည်ဘုရားသခင်၏တန် ခိုးများဖြစ်သည်ဟု မြောက်များစွာသောလူ တို့ကချီးမွမ်းခဲ့ကြတယ်။
သို့သော်ကျွန်တော်သူ့ကိုနားမလည်နိုင်ခဲ့ပေ။ ၄င်းပြင်သင်းအုပ်ဆရာပိုင် ဆိုင်သောတန်ခိုးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်လုံးဝပတ်သက်မှုရှိကြောင်း ကို ကျွန်တော်မပြောနိုင်ပေ။ အကြောတက်သောသူများကိုကျန်းမာစေခြင်းနှင့် လူတစ် ဦး၏စာမေးပွဲအောင်မြင်ခြင်းကျဆုံးခြင်းကိုကြိုတင်ဟောပြောနိုင်ခြင်း သည် အရေးကြီးသည်ဟု ကျွန်တော်မထင်ခဲ့ပေ။ ထိုကြောင့် သူပြုလုပ်သော အံ့သြဖွယ်နိမိတ် လက္ခဏာများသည်သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင် ချက်များဖြစ်ကြသည်ဟု ကျွန်တော်မပြောနိုင်ခဲ့ပေ။
ကျွန်ုပ်စိတ်ထဲတွင် ရှိသောဘုရားသခင်၏တန်ခိုးတော်နှင့်မေတ္တာတော် သည် ကျွန်တော်မြင်တွေ့ခဲ့သောအရာများနှင့်မတူခဲ့ပေ။ ထိုအကြောင်းကြောင့် ကျွန်တော် ထိုဘုရားကျောင်းသို့တက်ရောက်ခြင်းကိုရပ်တန့်ခဲ့ပြီး သင်းအုပ်ဆရာ ၏တန်ခိုးကိုယုံကြည်သောသူများကိုလည်း ကျွန်တော်ရှောင်ကြဉ်ခဲ့ပါတယ်။ ၄င်း နောက် ပို၍ငြိမ်သက်သောဘုရားကျောင်းသို့ကျွန်တော်တက်ရောက်ခဲ့ပါတယ်။ ထိုအသင်းတော်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုပို၍ကြားရသည်ဟုယုံ ကြည်ခဲ့သောကြောင့် တက်ရောက်ခဲ့ရခြင်းဖြစ်တယ်။ ကျွန်တော်ပညတ်တော်များ ကိုသင်ကြားခဲ့တယ်။ ပညတ်တော်အားဖြင့်ကျွန်တော်သည်မဖြောင့်မတ်သောသူ ဖြစ်သည်ဟုသိရှိခဲ့တယ်။ ဘုရားသခင်သည် ကျွန်တော့်ကြောက်ရွံ့သောသူ ဖြစ်ခဲ့ပါတယ်။ သူ၏မျက်မှောက် တော်ကိုကျွန်တော်မကြည့်ရဲခဲ့ပေ။ သူ၏ဝိညာဉ် ကလည်းကျွန်ုပ်ကိုလျစ်လျူရှုခဲ့တယ် လို့ကျွန်တော်ခံစားမိခဲ့တယ်။
ဟေရှာယ ၅၉း၁-၂တွင် "ကြည့်ရှုလော့။ ထာဝရဘုရားသည် မကယ်မ တင်နိုင်အောင်လက်တော်တိုသည်မဟုတ်။ အကြားနိုင်အောင် နားတော်ထိုင်း သည်မဟုတ်။ သင်တို့ဒုစရိုက်သည် သင်တို့ကိုဘုရားသခင်နှင့် ကွာစေပြီး ကြားတော်မမူစေခြင်းငှါ သင်တို့အပြစ်သည်မျက်နှာတော်ကိုလွှဲစေပြီ"ဟုဖော်ပြ ထားပါတယ်။ ဤကျမ်းပိုဒ်သည် ကျွန်တော့်အခြေအနေနှင့်ညီညွတ်ခဲ့တယ်။ ကျွန်တော်ပြုသောအ ရာများအားလုံး(သို့)တွေးတောသောအရာများအားလုံးတို့ သည်အပြစ်ဖြစ်သောကြောင့် ဘုရားသခင်၏သားဖြစ်လာရန်နှင့်သန့်ရှင်းသော ဝိညာဉ်တော်ရရှိရန်လုံးဝမဖြစ်နိုင်ပေ။
ကျွန်တော်ဘုရားသခင်ကိုကြောက်ရွံ့ခဲ့သောကြောင့် အပြစ်နောင်တရ ခြင်းနှင့်ပတ်သက်သောဆုတောင်းခြင်းဖြင့် မရပ်စတမ်းဆုတောင်းခဲ့တယ်။ မည်သူ ကမှ ထိုသို့လုပ်ဆောင်ရန်မတိုက်တွန်းခဲ့သော်လည်း ဘုရားသခင်၏မျက်မှောက် တော်တွင် ဂုဏ်အသရေရှိစွာဖြင့် ကျွန်တော်ရပ်တည်လိုသောကြောင့် ထိုသို့ဆု တောင်းခြင်းဖြစ်တယ်။ ကျွန်တော်အပြစ်ဒုစရိုက်များစွာပြုခဲ့သောကြောင့် အပြစ် နောင်တရခြင်းနှင့် ဆိုင်သောဆုတောင်းခြငး်ကိုများစွာပြုခဲ့တယ်။ သို့သော် ဤဆုတောင်းခြင်းများက ကျွန်ုပ်အပြစ်များကို မဆေးကြောနိုင်ခဲ့ပေ။ ကျွန်တော် လုပ်ဆောင်သမျှတို့သည် ဘုရားသခင်ရှေ့တွင် ကျွန်တော်အတွေးအခေါ်များပြသ ခဲ့ခြင်းသာဖြစ်ပြီး ဖြူစင်စွာဝန်ခံရလျှင် ကျွန်ုပ်ထဲတွင် အပြစ်ရှိသေးခဲ့တယ်။ ထိုအချိန်မှစ၍ ကျွန်တော်ဘုရား သခင်ကို စောဒကတက်ခဲ့ပါတယ်။ ဘုရားသခင် ၏မျက်မှောက်တော်တွင် ကျွန်တော် ပြည့်စုံသူတစ်ဦးဖြစ်ချင်ခဲ့တယ်။ သို့သော် ကျွန်တော်မပြည့်စုံနိုင်ခဲ့ပေ။ ထိုကြောင့် မကျေမနပ်ဖြစ်ခြင်းနှင့်အပြစ်များသည် စုပုံလာခဲ့တယ်။
ဤဘာသာတရားအားဖြင့်ရှုပ်ထွေးမှုကြားတွင် ကျွန်တော့်ဖခင်သည် ထိ ခိုက်ဒဏ်ရာရခဲ့တယ်။ သူမသေမီ ဆေးရုံကုတင်ပေါ်တွင် ရက်ပေါင်း ၄၀ အတွင်း ခွဲစိတ်ခန်းတွင်ဝေဒနာခံစားခဲ့ရတယ်။ သို့သော် ကျွန်တော့်ဖခင်အတွက် ကျွန်တော် ဆုမတောင်းနိုင်ခဲ့ပေ။ ကျွန်တော်အပြစ်သားဖြစ်သောကြောင့် ကျွန်တော့်ဖခင်အ တွက်ဆုတောင်းပေးခဲ့လျှင် သူ၏ဝေဒနာသည် ပို၍ဆိုးရွားလာမည်ကို ကျွန် တော်ယူဆခဲ့တယ်။ ကျွန်ုပ်ယုံကြည်ခြင်းအတွက် ကျွန်တော်စိတ်ပျက်လက် ပျက်ဖြစ်ခဲ့ရတယ်။ ကျွန်တော်ဘုရားသခင်နောက်သို့လိုက်ရန်ဆန္ဒရှိခဲ့သော်လည်း မလိုက်နိုင်ခဲ့ပေ။ ထိုကြောင့်ကျွန်တော်ဆက်လက်စောဒကတက်ခဲ့ပြီး ဘုရားသခင် ထံမှအဝေးသို့လွှဲရှောင်ခဲ့ပါတယ်။ ကျွန်ုပ်ဘာသာတရားဘဝသည် ထိုကဲ့သို့ နိဂုံး ချုပ်သွားခဲ့တယ်။ ကျွန်တော်ဘုရားသခင်ကိုယုံကြည်လျှင် သန့်ရှင်းသောဝိညာဉ် တော်သည် ကျွန်ုပ်ထဲတွင်ကိန်းဝပ်ပြီး၊ ငြိမ်သက်ခြင်းတွေ့ရှိလိမ့်မည်ဟု ထင်ခဲ့ တယ်။ သို့သော် ထိုကဲ့သို့ မဟုတ်ခဲ့ပေ။ ၄င်းနောက် ကျွန်ုပ်ဘဝသည် အဓိပ္ပါယ် ပို၍ကင်းမဲ့လျက်ရှိပြီး၊ ကြောက်ရွံ့ခြင်းနှင့်ပျော်ရွှင်ခြင်းမရှိသောဘဝဖြင့်အသက် ရှင်ခဲ့ပါတယ်။
သို့သော်ဘုရားသခင်က ကျွန်တော့်ကိုမစွန့်ပစ်ခဲ့ပေ။ ဘုရားသခင်၏ စကားတော်များအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်အမှန်ရရှိခဲ့သော ယုံကြည်သူ တစ်ဦး နှင့်တွေ့ဆုံခွင့်ဘုရားသခင်ကပေးခဲ့တယ်။ ဤပုဂ္ဂိုလ်ထံမှ သခင်ယေရှု သည်ယောဟန်၏ဗတ္တိဇံပေးခြင်းနှင့် ကားတိုင်တော်ပေါ်တွင် လူသားများအတွက် တရားစီရင်ခြင်းခံခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များယူဆောင်သွားခဲ့ကြောင့် ကျွန်တော်သင်ယူ သိရှိခဲ့ပါတယ်။ ထိုကြောင့် ကျွန်တော့်အပြစ်အပါအဝင် ဤ လောကတစ်ခုလုံး၏အပြစ်များကို ခွင့်လွတ်ခြင်းအခွင့်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဤအကြောင်းကို ကျွန်တော် ကြားသိနားလည်သောအခါ ကျွန်ုပ်အပြစ်များအား လုံးသည် စင်ကြယ်ခြင်းရရှိခဲ့ပြီးဖြစ်ကြောင်း ကျွန်တော်သိရှိခဲ့ပါတယ်။ ကျွန်ုပ် အပြစ်များခွင့်လွတ်ခြင်းရရှိကြောင့် ဘုရားသခင်ကဖွင့်ပြခဲ့တယ်။ သန့်ရှင်းသောဝိ ညာဉ်တော်ကောင်းချီးကိုလည်းပေးခဲ့တယ်။ ငြိမ်သက်သောဘဝကိုလည်း ကျွန် တော့်ကိုပေးခဲ့တယ်။ ဘုရားသခင်က ကျွန်တော့်ကိုလမ်းပြခဲ့တယ်။ အကောင်းနှင့် အဆိုးကိုခွဲခြားနိုင်သောပညာကိုလည်း ပေးခဲ့တယ်။ ဤလောက၌ရှိသော စုံစမ်းနှောင့်ယှက်ခြင်းများကိုလည်းအောင်မြင်နိုင် သောတန်ခိုးကို ကျွန်တော့်အ ပေါ်ပေးထားခဲ့တယ်။ သူက ကျွန်ုပ်ဆုတောင်းသံများ ကိုနားညောင်းခဲ့ပြီး ဖြောင့် မတ်သောဘဝနှင့် တန်ဖိုးရှိသောဘဝဖြင့်အသက်ရှင်ရန် ကူညီပေးခဲ့တယ်။ ကျွန်တော့်အားသန့်ရှင်းသောဝိညာဉ်တော်ပေးအပ်ခဲ့ခြင်းအတွက် ကျွန်တော် ဘုရားသခင်ကို အမှန်ကျေးဇူးတင်ပါတယ်။"
ကျွန်ုပ်တို့အယောက်စီတိုင်းသည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ကောင်းချီးခံစားသောသူများနှင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်စွမ်းဆောင် နိုင်ခဲ့သောသူများဖြစ်ကြသည်။ ဘုရားသခင်က သူ၏သတင်းကောင်းကိုကျွန်ုပ်တို့ အပေါ်ပေးခဲ့သောကြောင့် ဘုရားသခင်အားကျွန်တော်ကျေးဇူးတင်သည်။ ဘုရား သခင်သည် ဖြောင့်မတ်သောသူများအပေါ်ပျော်ရွှင်ခြင်းဖြင့် ကောင်းချီးပေးခဲ့သည်။ ဖြောင့်မတ်သောသူများ၏နှလုံးသားများသည် ပျော်ရွှင်ခြင်းရှိသည်။ ဘုရားသ ခင်သည် ကျွန်ုပ်တို့အပေါ် ထာဝရပျော်ရွှင်ခြင်းပေးခဲ့သည်။ ဘုရားသခင်၏ကယ် တင်ခြင်း၊ ချစ်ခြင်းနှင့်ကျေးဇူးတော်များသည် အလွန်မွန်မြတ်သည်ကို ကျွန်ုပ်တို့ သိရှိကြသည်။ ဤအရာများအတွက် ကျွန်ုပ်တို့ဘုရားသခင်ကိုကျေးဇူးတင်ပါ၏။ ကောင်းကင်နိုင်ငံတော်နှင့်စပ်ဆိုင်သောသတင်းကောင်းအားဖြင့် ဘုရားသခင် သည်ကျွန်ုပ်တို့အား ပျော်ရွှင်ခြင်းပေးခဲ့သည်။ ဤအရာများသည် ငွေကြေးဓနအား ဖြင့်ဝယ်ယူ၍မရပါ။ ကျွန်ုပ်တို့သည်ဖြောင့်မတ်သောသူများနှင့်ဝမ်းမြောက်ဝမ်းသာ သောသူများဖြစ်လာနိုင်ရန် ဘုရားသခင်က သတင်းကောင်းနှင့်အတူ သန့်ရှင်း သောဝိညာဉ်တော်ကို ကျွန်ုပ်တို့အားပေးအပ်ခဲ့သည်။ သတင်းကောင်းက ကျွန်ုပ်တို့ ဘဝကို ကောင်းချီးခံစားစေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အားသတင်း ကောင်းပေးခဲ့ပြီး၊ ဖြောင့်မတ်သောသူများသည် ကောင်းချီးခံစားသောဘဝဖြင့်အ သက်ရှင်ခြင်းကို သူမြင်တွေ့သောအခါ သူသည် ဝမ်းမြောက်ခြင်းရှိသည်။
ရှင်လုကာခရစ်ဝင်ကျမ်းထဲတွင် မှတ်တမ်းတင်ထားသည့်အတိုင်း မာရိက "ဘုရားသခင်တတ်နိုင်တော်မမူသောအရာမရှိ။...အကျွန်ုပ်သည်ထာဝရဘုရား၏ ကျွန်မဖြစ်ပါ၏။ ကိုယ်တော်၏စကားအတိုင်းကျွန်ုပ်၌ဖြစ်ပါစေ" (လုကာ ၁:၃၇-၃၉) ဟုပြောခဲ့သည်။ မာရိသည် ကောင်းကင်တမန်ပြောဆိုခဲ့သော ဘုရားသခင်၏ ကောင်းမြတ်သောစကားတော်ကို ယုံကြည်ခဲ့သည်နှင့်တပြိုင်နက် သခင်ယေရှု သည် သူမ၌ပဋိသန္ဓေတည်လေသည်။ ထိုနည်းတူ၊ ဖြောင့်မတ်သောသူများသည် ယုံကြည်ခြင်းအားဖြင့် သူတို့၏နှလုံးသားများတွင် သတင်းကောင်းသန္ဓေတည်လေ သည်။
မိဒျန်လက်ထက်၌ပြုတော်မူသကဲ့သို့၊ ကိုယ်တော်သည် သူတို့ထမ်းရ သောထမ်းပိုး၊ ကျော၌ခံရသောတုတ်ကို၄င်း၊ ညှဉ်းဆဲသောသူ၏လှံတံကို၄င်း၊ ချိုး တော်မူပြီ" (ဟေရှာယ ၉း၄)။ စာတန်သည် ကျွန်ုပ်တို့ဘဝတွင် ပရိဒေဝ၊ ဖျားနာခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းများဖြစ်စေခဲ့သော်လည်း ကျွန်ုပ်တို့သည် စာတန် ကို အောင်နိုင်ရန် ခွန်အားချည့်နည်းခဲ့ကြသည်။ သို့သော် ဘုရားသခင်က ကျွန်ုတို့ ကို ချစ်ပြီးစာတန်ကိုတိုက်ခိုက်ခဲ့ကာ အောင်မြင်ခဲ့ပြီးဖြစ်သည်။
အကြောင်းမူကား၊ ငါတို့အဖို့သူငယ်ကို ဘွားမြင်၏။ ငါတို့အားသားကို သနားတော်မူ၏။ ထိုသူသည်အုပ်စိုးခြငး်အားဏာစက်ရှိလိမ့်မည်။ နာမတော် ကား၊ အံ့သြဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်။ ဒါဝိဒ်မင်း၏ရာဇ ပလ္လင်ပေါ်မှာထိုင်၍၊ နိုင်ငံတော်ကိုနောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍၊ အမြဲတည်စေတော်မူမည်အကြောင်း အာဏာတော်တိုး တက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူ လိမ့်မည်" (ဟေရှာယ ၉:၆-၇)။
သခင်ယေရှုယူဆောင်လာခဲ့သော သတင်းကောင်းအားဖြင့် သူ၏သား သမီးများအဖြစ် ဘုရားသခင်က ကျွန်ုပ်တို့အား ဂုဏ်ပြုလိမ့်မည်ဟု ကတိတော် ပေးခဲ့သည်။ သူ၏ကတိတော်မြတ်အတိုင်း သူသည် စာတန်ကိုအောင်မြင်ခဲ့ပြီး၊ ကျွန်ုပ်တို့ ကိုစာတန်၏တန်ခိုးမှရွေးနှုတ်ခဲ့ပါသည်။
သခင်ဘုရားသည် လောကသြွို့ကဆင်းလာခဲ့ပြီး၊ သူ၏တန်ခိုးတော်က အပြစ်မှောင်မိုက်တန်ခိုးများအားလုံးကို ယူဆောင်သွားရန် ကတိပြုခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သခင်ဘုရားကို အလွန်အံ့သြဘွယ်ကောင်း သည်ဟုခေါ်ရခြင်း ဖြစ်သည်။ သူက ကျွန်ပ်တို့အတွက်အလွန်အံ့သြဖွယ်ကောင်း သောအရာများစွာပြုခဲ့ပြီးဖြစ်သည်။ဘုရားသခင်သည် လူသားတစ်ဦးအဖြစ်ဤ လော သို့ကြွဆင်းရန်ဆုံးဖြတ်ချက်သည် အလွန်လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။ "ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည်နီ သောအဆင်းရှိသော်လည်း၊ မိုးပွင့်ကဲ့သို့ ဖြူလိမ့်မည်။ ကတ္တိပါနီနှင့်အမျှ နီသော် လည်း သိုးမွှေးကဲ့သို့ဖြစ်ရပါလိမ့်မည်" (ဟေရှာယ ၁း၁၈)။
ကျွန်ုပ်တို့အပြစ်များမှ ကျွန်ုပ်တို့ကိုကယ်တင်ရန်နှင့် ထာဝရခွင့်လွတ်ခြင်း အခွင့်ပေးရန် ဘုရားသခင်က ကျွန်ုပ်တို့အားကတိပေးခဲ့သည်။ သခင်ယေရှုကို အလွန် အံ့သြဖွယ်ကောင်းသောပုဂ္ဂိုအဖြစ်ရည်ညွှန်းထားပါသည်။ ထိုနည်းတူ၊ သူသည် ကျွန်ုပ်တို့အတွက် အလွန်အံ့သြဖွယ်ကောင်းသော နိမိတ်လက္ခဏာများပြု ခဲ့သည်။ "သူ၏နာမတော်သည် တိုင်ပင်ဘက်၊တန်ခိုးကြီးသောဘုရားဖြစ်သည်။" ဘုရားသခင်သည် ကျွန်ုပ်တို့တိုင်ပင်ဖော်တိုင်ပင်ဘက်ဖြစ်ဖြစ်သည့်နည်းတူ၊ သတင်းကောင်း အားဖြင့် ကျွန်ုပ်တို့ကယ်တင်ခြငး်စီမံခဲ့ပြီး၊ ကျွန်ုပ်တို့အပြစ်များမှ ထာဝရကယ်တင်ရန် သူ၏အကြံအစဉ်များအကောင်အထည်ဖော်စေခဲ့သည်။
ဘုရားသခင်၏မိုက်မဲမှုသည် လူတွေထက်သာသည်။ ကျွန်ုပ်တို့အပြစ်များ အားလုံးမှကျွန်ုပ်တို့ကိုကယ်တင်ရန်အတွက် သခင်ယေရှုသည် ယောဟန်အား ဖြင့် ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်ပေါ်တွင်သေခံခြင်းသည် ဘုရားသခင်၏ညာဏ်ပညာ ပင်ဖြစ်သည်။ သူတို့သည်ကျွန်ုပ်တို့အတွက်အသေခံခြင်းသည် လျှို့ဝှက်ဆန်းကျယ် သောလုပ်ဆောင်မှုတစ်ခုဖြစ်သည်။ သို့သော် ကျွန်ုပ်တို့အပြစ်များအားလုံးမှ ကျွန်ုပ် တို့ကိုကယ်တင်ပေးသောအရာသည် ချစ်ခြင်းမေတ္တာ၏ပညတ်ပင်ဖြစ်သည်။ ချစ်ခြင်းမေတ္တာ၏ပညတ်သည် ရေနှင့်ဝိညာဉ်အားဖြင့် သန့်ရှင်းသောဝိညာဉ်တော် ရရှိရန်ကျွန်ုပ်တို့ကိုလမ်းပြပို့ဆောင်ပေးသော သမ္မာတရား၏သတင်းကောင်းဖြစ် သည်။
ဟေရှာယ ၅၃:၁၀ တွင် ဘုရားသခင်က "ထာဝရဘုရားသည် သူ့ကိုနှိပ် စက်ခြင်းငှါ၊အလိုတော်ရှိရာနာစေတော်မူ၏"ဟုမိန့်တော်မူခဲ့သည်။ သခင်ယေရှု သည် ဘုရားသခင်၏အလိုတော်အတိုင်းလုပ်ဆောင်ရန် အပြစ်အတွက် သူ၏ဝိ ညာဉ်ကို ပူဇော်ခဲ့ပါသည်။ ဘုရားသခင်က သူ၏သားတော် သခင်ယေရှုခရစ်တော် အပေါ် လောကသားများ၏အပြစ်များကိုလွှဲပြောင်းပေးခဲ့ပြီး၊ သူတို့အတွက် တရားစီရငခြခံရန် ကားတိုင်တင်သတ်ခြင်းဝေဒနာကိုခံစားစေခဲ့သည်။ လူသား များသည် တကြိမ်တည်းဖြင့် ထာဝရလုံလောက်သောအပြစ်လွတ်ခြင်းအခွင့်ရရှိရန် ကယ်တင်ပေးခဲ့သောအရာသည် သတင်းကောင်းပင် ဖြစ်လေသည်။ ခရစ်တော် သည် ကျွန်ုပ်တို့အတွက်၄င်း၊ အပြစ်၏အခအတွက်၄င်း၊ ကယ်တင်ခြင်းနှင့် အတူကောင်း ချီးခံစားရန်အတွက်၄င်း သူ၏ဘဝပေးအပ်ခဲ့သည်။
 
 
ဘုရားသခင်၏ယဇ်ပူဇော်ခြင်းစနစ်
 
ယောဟန်အားဖြင့်သခင်ယေရှုဗတ္တိဇံခံယူခြင်းက အပြစ်မည်မျှယူဆောင်သွားခဲ့သနည်း။
ဆုံးထိတိုင်ဖြစ် သောအ တိတ်၊ပစ္စုပ္ပန်နှင့်အနာဂတ်အပြစ်များအားလုံးဖြစ်ပါသည်။
 
တစ်ကြိမ်လျှင်တစ်ရက်အပြစ်များခွင့်လွတ်ခြင်းအတွက် အကျုံး ဝင်သောယဇ်ပူဇော်ခြင်းကို သမ္မာကျမ်းစာထဲတွင်ဖော်ပြထားပါသည်။ အပြစ်သား တစ်ဦးသည် အနာအဆာကင်းမဲ့သောသိုးတစ်ကောက်ကိုယူလာပြီး သူ၏အပြစ် များထိုသိုးအပေါ်သို့လွှဲပြောင်းပေးရန်အတွက် တိရစ္ဆာ၏ဦးခေါင်းပေါ်တွင် လက် တင်ရမည်ဖြစ်သည်။ ထိုနောက်သူသည်ယဇ်ကောင်ကိုသတ်ပြီး ၄င်း၏အသွေးကို ယဇ်ပရောဟိတ်ထံပေးအပ်ရမည်ဖြစ်သည်။ ယဇ်ပရောဟိတ်သည် တိရိစ္ဆာန်၏ အသွေးအချို့ကိုယူ ပြီးမီးရှို့ရာယဇ်ပလ္လင်၏ဦးချိုများပေါ်တွင်တင်ထားကာ ကျန် သေးသောအသွေးများကို ယဇ်ပလ္လင်အောက်ခြေတွင် ဖြန်းထားရမည်ဖြစ်သည်။
ဤနည်းလမ်းအားဖြင့် သူသည် တစ်ရက်ပြုမိသောအပြစ်များခွင့်လွတ် ခြင်းရရှိနိုင်ခဲ့သည်။ လက်တင်ခြင်းသည် အပြစ်သားတစ်ဦးက သူ၏အပြစ်များကို ယဇ်ကောင်ပေါ်တွင်လွှဲပြောင်းပေးသောနည်းလမ်းဖြစ်သည်။ ယဇ်ပူဇော်ခြင်းစနစ် နှင့်ညီညွတ်သောယဇ်ပူဇော်ခြင်းပြုသောသူများသည် သူတို့အပြစ်များလွတ်ခြင်း အခွင့်ရရှိနိုင်ခဲ့သည်။ ယဇ်ပူဇော်ခြင်းစနစ်သည် သခင်ယေရှုက အပြစ်အားလုံးမ ယူဆောင်မီအချိန်က ကျွန်ုပ်တို့အပြစ်များအတွက် အပြစ်ဖြေလွတ်ခြင်းရရှိစေ သောနည်းစနစ်ဖြစ် သည်။
ဘုရားသခင်က ဣသရေလလူမျိုးများအတွက် အပြစ်ဖြေရာနေ့ကိုသတ် မှတ်ပေးခဲ့သည်။ သို့မှသာသူတို့သည် တစ်နှစ်လုံးအတွက်ကျူးလွန်ခဲ့မိသောအပြစ် များအတွက် အပြစ်ပူဇော်ရာယဇ်ကိုပြုနိုင်ကြမည်ဖြစ်သည်။ ယဇ်ပူဇော်ခြင်းကို ခုနစ်လပိုင်းဆယ်ရက်နေ့တွင် ပြုလုပ်ရမည်ဖြစ်သည်။ ဣသရေလလူမျိုးအား လုံး၏အပြစ်များကို ယဇ်ကောင်အပေါ်လွှဲပြောင်းပေးရန်အတွက် ယဇ်ပရောဟိတ် ကြီးအာရုန်ကို ဘုရားသခင်ကခန့်ထားခဲ့သည်။ ယဇ်ပူဇော်ခြင်းအစီအစဉ်ကို ဘုရားသခင်၏အစီအစဉ်နှင့်အညီလုပ်ဆောင်ရမည်ဖြစ်သည်။ အပြစ်များခွင့်လွတ် ခြင်းသည် ဘုရားသခင်၏ပညာတော်နှင့် လူသားအပေါ်သူထားရှိသော ချစ်ခြင်း မေတ္တာအားဖြင့်ရရှိခဲ့သည်။
"မီးရှို့ရာယဇ်ပလ္လင်၏ဦးချို"သည် "တရားစီရင်ခြင်းစာအုပ်များ" (ဗျာဒိတ် ၂၀:၁၂)အဖြစ်ရပ်တည်ပါသည်။ ထိုစာအုပ်ထဲတွင် လူသားအားလုံး၏အပြစ်များကို မှတ်တမ်းတင်ထားပါသည်။ ယဇ်ပရောဟိတ်သည် မီးရှို့ရာယဇ်ပလ္လင်၏ဦးချိုပေါ် တွင် အပြစ်၏အသွေးထားရှိခြင်းသည် တရားစီရင်ခြင်းစာအုပ်ထဲတွင် မှတ်တမ်း တင်ထားသောသူတို့နာမည်များနှင့် လွန်ကျူးမိသောအပြစ်များကိုဖျက်သိမ်းရန် အတွက် ဖြစ်ပါသည်။ အသွေးသည် ခန္ဓာကိုယ်အားလုံး၏အသက်ဖြစ်ပါသည်။ ယဇ်ပူဇော်ခြင်းက ဣသရေလလူမျိုးများအားလုံး၏အပြစ်များကိုယူဆောင်သွား ခဲ့ပြီး၊ အပြစ်၏အခပေးဆပ်ရန် ယဇ်ကောင်ကိုသတ်ခဲ့သည်။ ယဇ်ကောင်ကို သတ်ခြင်းအားဖြင့်  ဘုရားသခင်က သူတို့၏အပြစ်များကို ခွင့်လွတ်ခဲ့ပါသည်။ ဤ အမှုအရာသည် ဘုရားသခင်၏ပညာတော်နှင့် ကျွန်ုပ်တို့အပေါ်ထားရှိသောချစ် ခြင်းမေတ္တာဖြစ်သည်။
ဘုရားသခင်၏အကြံအစဉ်တော်များပြည့်စုံရန်အဖို့အလို့ငှါ သခင်ယေရှု သည် အပြစ်အတွက်ယဇ်ပူဇော်ခြင်းခံရန် ဤလောကသြွို့ကလာခဲ့ခြင်းဖြစ်သည်။ သခင်ယေရှုသည် သူ၏ယဇ်ပူဇော်ခြင်းအားဖြင့် လောကလူသားများ၏အပြစ်များ ကို ယူဆောင်သွားခဲ့ပြီးဖြစ်သည်။ ဤကတိတော်၏စကားလုံးများကိုကြည့်လျှင် "ဘုရား သခင်ကသူ့ကိုနှိပ်စက်ခြင်းငှါအလိုတော်ရှိသည်။ နာကျင်ခြင်းဝေဒနာခံ စားစေခြင်းငှါအလိုတော်ရှိသည်" (သို့) "သူသည် လူသားများအားလုံး၏အပြစ်များ ကိုယူဆောင်သွားခဲ့သည်"ကို ကျွန်ုပ်တို့တွေ့ရှိသည်။
“အကြောင်းမူကား၊ ငါတို့အဖို့သူငယ်ကိုဘွားမြင်၏။ ငါတို့အားသားကို သနားတော်မူ၏။ ထိုသူသည်အုပ်စိုးခြငး်အားဏာစက်ရှိလိမ့်မည်။ နာမတော် ကား၊ အံ့သြဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်။ ဒါဝိဒ်မင်း၏ရာဇ ပလ္လင်ပေါ်မှာ ထိုင်၍၊ နိုင်ငံတော်ကိုနောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍၊ အမြဲတည်စေတော်မူမည်အကြောင်း အာဏာတော်တိုး တက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကိုပြီးစီးစေတော်မူ လိမ့်မည်" (ဟေရှာယ ၉:၆-၇)။
လျှို့ဝှက်ဆန်းကျယ်ပြီးအံ့သြဖွယ်ကောင်းသောကတိတော်သည် သခင် ယေရှုသည် ဘုရားသခင်၏အလိုတော်ကိုသယ်ဆောင်သွားခဲ့ပြီး၊ လောကလူသား များ၏အပြစ်များကိုယူဆောင်သွားခြင်းအားဖြင့် ယုံကြည်သူများအားလုံးကိုငြိမ် သက်ခြင်းပေးအပ်ခြင်းဖြစ်သည်။ ဘုရားသခင်၏ဂတိတော်သည် ချစ်ခြင်းမေတ္တာ နှင့်ပြည့်စုံသောဂတိတော်ဖြစ်သည်။ ထိုဂတိတော်အားဖြင့် လူသားအားလုံးအပေါ် ငြိမ်သက်ခြင်းယူဆောင်ရန် ဘုရားသခင်က ကြံစည်ခဲ့သည်။ ဤအမှုအရာသည် ကျွန်ုပ်တို့ အားဘုရားသခင်ပေးသောဂတိတော်ဖြစ်ပြီး၊ ဤအမှုအရာသည် သူပြု လုပ်ခဲ့သောအရာဖြစ်သည်။
မဿဲ ၁:၁၈ တွင် "ယေရှုခရစ်သည်ဘွားမြင်ခြင်းကိုခံတော်မူသောအ ကြောင်းအရာဟူမူကား၊ မယ်တော်မာရိသည်ယောသပ်နှင့်ထိမ်းမြားဆောင်နှင်း၍ မရှက်တင်မီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ပဋိသန္ဓေစွဲနေ၏" ဟုဖော်ပြ ထားပါသည်။"ယေရှု"အနက်အဓိပ္ပါယ်သည် ကယ်တင်ရှင်၊ သူ၏လူများကိုအပြစ်မှ ကယ်ချွတ်မည့်သူဖြစ်သည်။ "ခရစ်တော်"အနက်အဓိပ္ပါယ်သည် ရှင်ဘုရင်၊ ဘိ သိက်ခြင်းခံသောရှင်ဘုရင်ဖြစ်သည်။ သခင်ယေရှုမှာ အပြစ်လုံးဝမရှိပေ။ သူသည် သူ၏လူများကို သူတို့အပြစ်များမှကယ်တင်ရန်အတွက် အပျိုကညာမှဘွားမြင် ခြင်းခံခဲ့သော ကျွန်ုပ်တို့ရှင်ဘုရင်နှင့်ကယ်တင်ရှင်ဖြစ်သည်။
"သားယောင်္ကျားကိုဘွားမြင်လိမ့်မည်။ ထိုသားသည်မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည့်သူဖြစ်သောကြောင့် ယေရှုဟူသောအမည်ဖြင့်မှည့်ရမည်ဟုကောင်း ကင်တမန်ဆို၏။ထိုအကြောင်းမအရာဟူမူကား၊ ထာဝရဘုရားသည်ပရောဖက် အား ဖြင့်ထားတော်မူသောဗျာဒိတ်တော်ပြည့်စုံမည်အကြောင်းတည်း" (မဿဲ ၁:၂၁-၂၂)။
သခင်ယေရှုသည် သူ၏ဗတ္တိဇံခံတော်မူခြင်းအားဖြင့် လောကလူသားများ ၏   အပြစ်များအားလုံးကို ယူဆောင်သွားခဲ့သည်။
မဿဲ ၃း၁၃-၁၆ တွင် "ထိုအခါယေရှုသည် ဗတ္တိဇံကိုခံအံ့သောငှါ ဂါလိလဲပြည်မှယောဒန်မြစ်နားယောဟန်ထံသို့ကြွတော်မူ၏။ ယောဟန်ကလည်း၊ အကျွန်ုပ်သည်ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည်အကြောင်းရှိပါသည်ဖြစ်၍၊ ကိုယ် တော်သည်အကျွန်ုပ်ထံသို့ ြွကလာတော်မူသလောဟု ယေရှုကို ဆီးတားလေ၏။ ယေရှုကလည်း၊ အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သုံးသည်ဖြစ်၍၊ ယခု အခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါယောဟန်သည် ဝန်ခံလေ၏။ ယေရှု သည်ဗတ္တိဇံခံတော်မူပြီးလျှင်၊ ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်၍၊ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကို မြင်ရသည်" ဟုရေးသားထားပါသည်။
ဤကျမ်းပိုဒ်တွင် ဗတ္တိဇံဆရာယောဟန်ပေါ်လာသည်။ သခင်ယေရှုသည် အဘယ်ကြောင့်ယောဟန်အားဖြင့်ဗတ္တိဇံခံခဲ့ရသနည်း။ ဘုရားသခင်၏အကြံအစဉ် တော်အတိုင်း သခင်ယေရှုသည် လောကတွင်ရှိသောအပြစ်အားလုံးယူဆောင်သွား ရန်နှင့် အဝေးသို့သယ်ဆောင်သွားရန်အတွက် သူသည် ဗတ္တိဇံခံရမည်ဖြစ်သည်။
"ထိုသူသည်အုပ်စိုးခြငး်အာဏာရှိလိမ့်မည်" (ဟေရှာယ ၉:၆)။ ဤစ ကားစုတွင် "အုပ်စိုးခြင်း"ဆိုသည်မှာ သခင်ယေရှုသည် ကောင်းကင်နိုင်ငံတော်၏ သခင်အဖြစ်၄င်း၊ လောက၏ရှင်ဘုရင်အဖြစ်၄င်း သြဇာအာဏာနှင့်တန်ခိုးရှိသော ပုဂ္ဂိုလ်ဖြစ်သည်ကိုဆိုလိုသည်။ သခင်ယေရှုခရစ်တော်အပေါ်၌သာပေးထားသော အခွင့် အာဏာဖြစ်သည်။ လူသားအားလုံး၏အပြစ်များကိုယူဆောင်ရန်အတွက် သခင်ယေရှုသည် အံ့သြဖွယ်ကောင်းသောနိမိတ်လက္ခဏာများစွာပြုခဲ့သည်။ သခင်ယေရှုပြု ခဲ့သောဤအံသြဖွယ်နိ မိတ်လက္ခဏာသည်ယောဟန်အားဖြင့်ဗတ္တိ ဇံခံယူခြင်းပင်ဖြစ်သည်။ "အလုံးစုံသောတရားတို့ကို ကျွန်ုပ်တို့အတွက်အကုန်အ စင်ကျင့်သင့်သည်" ဟုသခင်ယေရှုပြောခြင်းသည် လောကလူသားများ၏အပြစ် များအားလုံးသူယူဆောင်သွားခြင်းသည် တရားသောအမှုနှင့် သင့်တော်သော အမှုဖြစ်သည်ကိုဆိုလိုသည်။
ရောမ ၁:၁၇ တွင် "ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်ဟု ကျမ်းစာလာသည်နှင့်အညီ၊ ယုံကြည်ခြင်း၌တည်သောဘု ရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ယုံကြည်ခြင်းအဖို့အလို့ငှါ၊ ဧဝံဂေလိတ ရားအားဖြင့်ထင်ရှားလျက်ရှိ၏" ဟုဖော်ပြထားပါသည်။ ဘုရားသခင်၏ဖြောင့် မတ်ခြင်းတရားသည် ဧဝံဂေလိတရားအားဖြင့်ထင်ရှားလျက်ရှိသည်။ စစ်မှန်သော ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရား ကိုအမှန်ထင် ရှားစေသလား။ ထင်ရှားစေပါသည်။ သခင်ယေရှုခရစ်တော်သည် သူ၏ဗတ္တိဇံခံယူ ခြင်းနှင့်ကားတိုင်ပေါ်တွင်အသေခံခြင်းအားဖြင့် လောကီသားများ ၏အပြစ်အားလုံးကို ယူဆောင်သွားခဲ့ခြင်းသည် စစ်မှန်သောသတင်းကောင်းဖြစ် သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတ ရားကိုထင်ရှားစေသော သတင်းကောင်းဖြစ်သည်။ လောကသားများ၏အပြစ်များ အားလုံးကိုသခင်ယေရှုက မည်ကဲ့သို့ယူဆောင်သွားခဲ့သနည်း။ ယောဒန်မြစ်တွင် ယောဟန်၏ဗတ္တိဇံကိုခံယူခြင်းအားဖြင့် သခင်ယေရှုသည် လောကီသားများ၏ အပြစ်အားလုံးကို ယူဆောင်သွားခဲ့ သည်။
"အလုံးစုံသောဖြောင့်မတ်ခြင်းတရား"သည် ဂရိဘာသာစကား အားဖြင့် “πᾶσαν δικαιοσύνην (pasan dikaiosune)” ဖြစ်ပါသည်။ ဤစကားစု၏ဆိုလို ချက်မှာ သခင်ယေရှုသည် လူသားအားလုံး၏အပြစ်များကိုဖြောင့်မတ်ခြင်းတရား နှင့်အလွန် အံ့သြဖွယ်ကောင်းသောနည်းလမ်းအားဖြင့်ယူဆောင်သွားခဲ့ခြင်းဖြစ် သည်။ ၄င်း၏အဓိပ္ပါယ်မှာ လောကလူသားများ၏အပြစ်များအားလုံးကို သခင် ယေရှုဆေးကြောခြင်းသည် လုံးဝဥဿုံတရားသောအမှုဖြစ်ခြင်းဖြစ်သည်။ လော ကလူသားများ၏အပြစ် များကိုပယ်ဖျက်ရန်အတွက် သခင်ယေရှုသည် ယောဟန် အားဖြင့်ဗတ္တိဇံခံယူရမည် ဖြစ်သည်။
လူသားများအပေါ်ငြိမ်သက်ခြင်းယူဆောင်နိုင်ရန်အတွက် သခင်ယေရှု သည် ဗတ္တိဇံခံယူရန် မရှိမဖြစ်လိုအပ်သည်ကို ဘုရားသခင်ကသိရှိခဲ့သည်။ သခင် ယေရှုသည် ယောဟန်အားဖြင့်ဗတ္တိဇံမခံယူဘဲကားတိုင်ပေါ်တွင်အသွေးတော်မ သွန်းလောင်းခဲ့လျှင် သူသည် ကျွန်ုပ်တို့ကယ်တင်ရှင်မဖြစ်လာနိုင်ပေ။ လောက လူသားများ၏အပြစ်များယူဆောင်သွားခြင်းအတွက် သခင်ယေရှုသည် အပြစ်တ ရားနှင့်ဆိုင် သောယဇ်ပူဇော်ခြင်းအမှုပြုခဲ့သည်။
ဟေရှာယ ၅၃:၆ တွင် ဘုရားသခင်က "ငါတို့ရှိသမျှတို့သည်သိုး ကဲ့သို့ လမ်းလွှဲလျက်၊ ကိုယ့်လမ်းသို့အသီးသီးလိုက်သွားခဲ့ကြသည်ဖြစ်၍၊ ထာဝရဘုရား သည်ငါတို့၏ အပြစ်များကိုသူ့အပေါ်၌ တင်တော်မူ၏"ဟု မိန့်တော်မူခဲ့သည်။ ဘုရားသခင်၏အလိုတော်ကိုလုပ်ဆောင်၇န်အတွက် သခင်ယေရှုသည် လောက လူသားများ၏အပြစ်များအားလုံးကို လက်ခံရမည်ဖြစ်သည်။ ဤအကြောင်း ကြောင့် သခင်ယေရှုသည် အပြစ်ပူဇော်ရာယဇ်ကောင်းအဖြစ် ခန္ဓာကိုယ်ရှိသောလူ သားတစ်ဦး အဖြစ်ကြွဆင်းလာပြီး ယောဟန်အားဖြင့်ဗတ္တိဇံခံယူခြင်းဖြစ်ပါသည်။
သခင်ယေရှုသည်ဘုရားသခင်၏စီမံကိန်းများပြည့်စုံစေရန်နှင့် သူ၏နှိုင်း တုမရသောချစ်ခြင်းမေတ္တပြသရန်အတွက် လောကလူသားများ၏အပြစ်များအား လုံးကို လက်ခံကာ သူတို့အတွက်တရားစီရင်ခြင်းခံယူရမည်ဖြစ်သည်။ သခင်ယေ ရှုသည် ဗတ္တိဇံခံယူပြီး ရေပေါ်မှထလာသောအခါ ဘုရားသခင်က "ဤသူကား၊ ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်း" (မဿဲ၃:၁၇) ဟုမိန့်တော်မူခဲ့သည်။
 
 
ကျွန်ုပ်တို့အဖို့သူငယ်တော်ဘွားမြင်ခြင်းခံခဲ့သည်။
 
"အကြောင်းမူကား၊ ငါတို့အဘို့သူငယ်တော်ကို ဘွားမြင်လိမ့်မည်။ နာမ တော်ကား၊ အံ့သြဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအ ဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်" (ဟေရှာယ ၉း၆)။ သခင်ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်သည်။ သခင်ယေရှုသည် စင်္ကြဝဠာတစ်ခုလုံးကိုဖန်ဆင်းတော်မူသောဘုရားဖြစ်သည်။ သူသည် တန်ခိုးကြီး သောဘုရားသခင်၏သားတော်ဖြစ်သည်သာမက ဖန်ဆင်းရှင်နှင့် ငြိမ်သက်ခြင်းဘု ရင်လည်းဖြစ်ပါသည်။ သခင်ယေရှုသည် လူသားများအပေါ်ပျော်ရွှင်ခြင်းကိုပေး အပ်သောဘုရားဖြစ်သည်။
သခင်ယေရှုသည် သမ္မာတရား၏ဘုရားဖြစ်သည်။ သူသည် ကျွန်ုပ်တို့အ ပြစ်များအလုံးကိုယူဆောင်သွားခဲ့ပြီး၊ ကျွန်ုပ်တို့ကိုကယ်တင်ခဲ့ကာ ကျွန်ုပ်တို့ ကိုငြိမ်သက်ခြင်းပေးခဲ့သည်။ ဤလောကမှာအပြစ်တရားရှိသေးသလား။ မရှိ တော့ပါ။ အပြစ်တရားမရှိတော့ပါ။ အပြစ်မရှိတော့ချေဟု ကျွန်ုပ်တို့သည် ရဲရဲဝံ့ဝံ့ ပြောနိုင်ခြင်းအကြောင်းမှာ သခင်ယေရှုသည် သူ၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင် တော်ပေါ်တွင် အသွေးတော်သွန်းလောင်းခဲ့ခြင်းအားဖြင့် လောကသားများ၏အ ပြစ်များအားလုံးကို သူယူဆောင်သွားခဲ့သည်ဟု ပြောသောသတင်းကောင်းကို ကျွန်ုပ်တို့ယုံကြည်ခဲ့ကြသောကြောင့်ဖြစ်သည်။ သခင်ယေရှုက ကျွန်ုပ်တို့ကို မ လိမ်ခဲ့ပေ။ သခင်ယေရှုသည် သူ၏ဗတ္တိဇံခံယူခြင်းနှင့်အသွေးတော်အားဖြင့်  အပြစ် ၏အခကိုပေးဆပ်ခဲ့ပြီးဖြစ်သည်။ ဤအကြောင်းကိုယုံကြည်သောသူများအပေါ် သူ၏သားသမီးများဖြစ်၇သော အခွင့်ကိုပေးခဲ့ပြီး ကျွန်ုပ်တို့အားလုံးအပေါ်ငြိမ် သက်ခြင်းပေးခဲ့သည်။ သူသည် ကျွန်ုပ်တို့အားယုံကြည်ခြင်းအားဖြင့် သူ၏ သန့်ရှင်းစင်ကြယ်စေသောသားသမီးများ အဖြစ်ထာဝရအသက်ရှင်စေခဲ့သည်။
 
 
ဤလောက၏အပြစ်များကိုယူဆောင်သွားသောဘုရားသခင်၏ သိုးသူငယ်တော် ကိုကြည့်လော့။
 
ယေဟန် ၁:၂၉ တွင် "နက်ဖြန်နေ့၌ယေရြွှုကလာတော်မူသည်ကို ယော ဟန်သည်မြင်လျှင် ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏ သိုးသူငယ်ကိုကြည့်လော့" ဟုဖော်ပြထားပါသည်။ သခင်ယေရှုသည် ဗတ္တိဇံခံ ယူခြင်းအားဖြင့် လောက၏အပြစ်များကိုယူဆောင်သွားခဲ့ပြီးနောက်တနေ့တွင် ဗတ္တိဇံဆရာယောဟန်ရှေ့တွင် တဖန်ထင်ရှားခဲ့သည်။ "ဤလောက၏အပြစ်ကိုယူ ဆောင်သွား သောဘုရားသခင်၏သိုးသူငယ်ကိုကြည့်လော့"ဟုပြောခြင်းအားဖြင့် ဗတ္တိဇံဆရာ ယောဟန်သည် သခင်ယေရှုအကြောင်းကို သက်သေခံခဲ့သည်။ သူက ယောဟန် ၁း၃၅-၃၆ တွင် တဖန်သက်သေခံခဲ့ပါသည်။ "တဖန်ယောဟန်သည် မနက်ဖြန်နေ့၌ တပည့်တော်နှစ်ယောက်တို့နှင့်အတူရပ်နေ၍၊ ယေရြွှုကလာတော် မူသည်ကိုမြင်လျှင် ဘုရားသခင်၏သိုးသူငယ်ကိုကြည့်ကြလော့။"
ဘုရားသခင်သည် ဓမ္မဟောင်းကျမ်းထဲတွင်ဂတိတော်ထားခဲ့သည့်အတိုင်း သခင်ယေရှုသည် ဘုရားသခင်၏သိုးသငယ်တော်အဖြစြွ်ကဆင်းလာခဲ့သော မေရှိ ယ ဖြစ်သည်။ မေရှိယသခင်ယေရှုခရစ်တော်သည် အံ့သြဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားအဖြစ်ဤလောကသို့ကြွဆင်းလာခဲ့ပြီး ကျွန်ုပ်တို့အပြစ်များ အားလုံးမှ ကျွန်ုပ်တို့ကို ကယ်တင်ရန် ဗတ္တိဇံခံယူခဲ့သည်။ သူငယ်သည် ကျွန်ုပ်တို့ အတွက်  ဘွားမြင်ခြင်းကိုခံခဲ့သည်။ သူသည် ယောဟန်အားဖြင့်ဗတ္တိဇံခံယူခြင်း အားဖြင့် လောကအပြစ်များအားလုံးကို လက်ခံခဲ့ပြီး၊ အပြစ်၏အခကိုပေးအပ် ခဲ့ကာ ကျွန်ုပ်တို့အား ငြိမ်သက်ခြင်းနှင့်ကျွန်ုပ်တို့အပြစ်များအားလုံးချေဖျက်ပေး ခဲ့သောငြိမ်သက်ခြငး်၏ အရှင်ဖြစ်သည်။ "ဤလောက၏အပြစ်များကိုယူဆောင် သွားသော ဘုရားသခင်၏သိုးသငယ်ကိုကြည့်ကြလော့။"
လူသားများသည် သူတို့၏အပြစ်တရားများအတွက် သေခြင်းတရားက လွွဲ၍ အခြားရွေးချယ်စရာတစ်ခုမှမရှိပေ။ လူသားများသည် အပြစ်သားများ ဖြစ်ကြသောကြောင့် မရေတွက်နိုင်သောအပြစ်လွန်ကျူးခြင်းဦးတည်နေကြပြီး၊ အမှန်မှာတော့ ငရဲထဲသို့တရားစီရင်ခြင်းခံရမည်ဖြစ်ပါသည်။ သူတို့သည် စိတ်ပျက် နုံခြာဖွယ်ကောင်း သောအသက်တာများအားဖြင့်အသက်ရှင်ကြသည်။ သူတို့၏ အားနည်းချက်များကြောင့် သူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို မည်သူကမှ မဝင်စားနိုင်ပေ။ အိပ်မက်တောင်မမက်ရဲခဲ့ကြပေ။ ကျွန်ုပ်တို့ဘုရား၊ သခင်ယေရှုခ ရစ်တော်သည် ယောဒန်မြစ်တွင် ယောဟန်အားဖြင့်ဗတ္တိဇံခံယူခြင်းအားဖြင့် သူတို့၏အပြစ်တရားများကို လက်ခံခဲ့ပြီး၊ သူတို့ပြုမှားသောအမှားများအတွက်တ ရားစီရင်ခြင်းခံရန် ကားတိုင်တင်သတ်ခြင်းခံခဲ့သည်။ သူအသေခံသောအခါ ခရစ် တော်က "အမှုပြီးပြီ" (ယောဟန် ၁၉:၃၀)ဟု ပြောခဲ့သည်။ ၄င်းသည်သခင်ယေ ရှုသည် လူသားများကို သူတို့အပြစ်များနှင့်သေခြင်းတရားမှကယ်တင်ခဲ့ကြောင်း နှင့်သတင်းကောင်းကိုယုံကြည်သောသူများကို လုံးလုံးလျားလျားရွေးနှုတ်ကယ် တင်ခဲ့ပြီဖြစ်ကြောင်း သူ၏ သက်သေခံငိုကြွေးခြင်းပင်ဖြစ်သည်။
"ဤလောက၏အပြစ်ကို ယူဆောင်သွားသောဘုရားသခင်၏သိုးသငယ် ကို ကြည့်ကြလော့။" လောက၏အပြစ်များအားလုံးမည်သည့်နေရာတွင်ရှိသည်ကို မိတ်ဆွေသိသလား။ ၄င်းတို့သည် သခင်ယေရှုခရစ်တော်၏ကိုယ်ခန္ဓာပေါ်တွင် ရှိသလား။ ဤလောကတွင် ကျွန်ုပ်တို့အားနှိမ့်ကျစေသောအပြစ်တရားများအား လုံးနှင့်ဥပဒေချိုးဖောက်ခြင်းအပြစ်များသည် အဘယ်အရပ်မှာရှိသနည်း။ ၄င်းတို့ ကို သခင်ယေရှုခရစ်တော်အပေါ်မှာ လွှဲပြောင်းခဲ့သလား။ ကျွန်ုပ်တို့အပြစ်များအား လုံးအဘယ်မှာရှိသနည်း။ ၄င်းတို့သည် လူ့ဇာတိအားဖြငြွ့်ကဆင်းလာသောပုဂ္ဂိုလ် ၏ပခုံးပေါ်တွင် ရှိသည်။ ၄င်းတို့သည်တန်ခိုးကြီးသောဘုရား၏အသွေးအသား ထဲ၌ရှိသည်။
 
 
မွေးစမှသင်္ချိုင်းအထိအပြစ်များအားလုံး
 
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဘဝတလျှောက်အပြစ်ကျူးလွန်ကြသည်။ ကျွန်ုပ်တို့သည် မွေးစကတည်းကစပြီ အသက် ၂၀ နှစ်အထိ အပြစ်ကျူးလွန်ကြ သည်။အနှစ် ၂၀ အတွင်း ကျူးလွန်သောအပြစ်များအားလုံးမည်သည့်နေရာအရပ် သို့ ရောက်သွားခဲ့သနည်း။ ထိုအပြစ်များကို သခင်ယေရှုခရစ်တော်၏ကိုယ်ခန္ဓာ ပေါ်သို့ လွှဲပြောင်းခဲ့ပြီးဖြစ်သည်။ အသက် ၂၀ မှ ၄၀ အကြား ကျူးလွန်ခဲ့သော အပြစ်များကိုလည်း သခင်ယေရှုထံသို့လွှဲပြောင်းသွားခဲ့ပြီဖြစ်သည်။ လူတစ်ဦး သည် မည်မျှပင် အသက်ရှင်ပါစေ သူမွေးသောအချိန်မှစ၍သေသည့်အထိတိုင် ကျူးလွန်ခဲ့ပြီးသောအပြစ်များအားလုံးကို သခင်ယေရှုခရစ်တော်ထံသို့ လွှဲပြောင်း သွားခဲ့ပြီးဖြစ်သည်။ ဤလောကတွင်ရှိသောအာဒံမှစ၍နောက်ဆုံးသောသူအထိ လူသားအားလုံးကျူးလွန် ခဲ့ကြသောအပြစ်များကို သခင်ယေရှုထံသို့လွှဲပြောင်းခဲ့ ပြီးဖြစ်သည်။ ကျွန်ုပ်တို့သား သမီးများနှင့်မြေးမြစ်များ၏အပြစ်များကိုတောင် သခင်ယေရှုထံသို့လွှဲပြောင်းသွားခဲ့ပြီး ဖြစ်သည်။ သခင်ယေရှုဗတ္တိဇံခံယူစဉ်တွင် အပြစ်အားလုံးကို သူ့အပေါ်သို့လွှဲပြောင်း သွားခဲ့ပြီးဖြစ်သည်။
ဤလောကတွင် အပြစ်များရှိသေးသလား။ မရှိတော့ပေ။ တစ်ခုမှမကျန် တော့ပေ။ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်ပေးခဲ့သော သတင်းကောင်းကိုယုံ ကြည်ခဲ့ကြသောကြောင့် လောကတွင်အပြစ်တစ်ခုမျှမကျန်တော့ပေ။ မိတ်ဆွေ၏ နှလုံးသားမှာအပြစ်ရှိသလား။ မရှိတော့ပေ။ အာမင်။ သခင်ယေရှုသည် ကျွန်ုပ်တို့ အပြစ်အားလုံးမှာ ကျွန်ုပ်တို့ကိုကယ်တင်ခဲ့ပြီဟူသောသတင်းကောင်းကို ကျွန်ုပ်တို့ ယုံကြည်ကြသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အတွက် ဤအံ့သြဖွယ်ကောင်း သောအမှုကိုပြုပေးသောကြောင့် တန်ခိုးကြီးသောယေရှုကို ကျွန်ုပ်တို့ချီးမွမ်းကြ ပါသည်။
သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ပျောက်ဆုံးသောဘဝများကို ကျွန်ုပ်တို့ထံပြည်လည်ပေးအပ်ခဲ့သည်။ ယခုတွင် ကျွန်ုပ်တို့သည် သတင်းကောင်း ကိုယုံ ကြည်ကြသောအကြောင့်  ကျွန်ုပ်တို့သည်ဘုရားသခင်နှင့်အတူအသက်ရှင် နိုင်ကြ ခြင်းဖြစ်သည်။ ဘုရားသခင်၏ရန်သူများ၊မှောင်မိုက်တောကလွဲ၍အခြား ရွေးချယ်စရာမရှိသောအပြစ်များပင်လျှင် သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် ယခုတွင် သူတို့၏အပြစ်များမှလွတ်မြောက်ခြင်းရရှိနိုင်သည်။
သခင်ယေရှုသည် ယောဟန်အား ဖြင့်ဗတ္တိဇံခံယူစဉ်တွင်၄င်း၊ ကားတိုင် တင်သတ်ခြင်းခံပြီး သေခြင်းမှရှင်ပြန်ထမြောက် သောအချိန်တွင်၄င်း သူသည် ကျွန်ုပ်တို့အပြစ်များအားလုံးဆေးကြောပေးဟု သတင်းကောင်းက ကျွန်ုပ်တို့အား သွန်သင်ထားသည်။ သခင်ယေရှု၏သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏သန့်ရှင်းစင်ကြယ်သော သားသမီးများဖြစ်လာခဲ့ သည်။ ကျွန်ုပ်တို့အပြစ်များအတွက် သခင်ယေရှုသည် မိမိခန္ဓာကိုယဇ်ပူဇော်ခြင်း အဖြစ် ပူဇော်ခဲ့ပါသည်။ သူသည် တန်ခိုးကြီးသောဘုရားသခင်၏သားတော်ဖြစ် ပြီး၊ ဤလောကတွင်သေးငယ်သောအပြစ်တစ်ခုမျှမပြုခဲ့ပေ။ သူသည် လောက အပြစ်များအားလုံးယူဆောင်သွားခဲ့ပြီး၊ သူ့ကိုယုံကြည်သောသူများကို ကယ်တင်ခဲ့ သည်။ ဟေရှာယ ၅၃:၅ တွင် "ထိုသူသည်ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကိုခံရလေ၏။ ငါတို့၏ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသောဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍၊ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည်အနာ ပျောက်လျက်ရှိကြ၏"ဟုဖော်ပြထားပါသည်။
သခင်ယေရှုသည် ဗီဇအပြစ်နှင့် ဒုစရိုက်အပြစ်များအပါအဝင် လောက အပြစ်များအားလုံးကိုယူဆောင်သွားခဲ့ပြီး၊ ကျူးလွန်ခြင်းအပြစ်တစ်ခုကိုမျှ အချန် ထားခဲ့ပေ။ သူသည် သူ၏သေခြင်းအားဖြင့်အပြစ်၏အခများကိုပေးဆပ် ပေးခဲ့ပြီး၊ ၄င်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးမှ ကျွန်ုပ်တို့ကိုကယ်တင်ခဲ့သည်။ ဤသတင်းကောင်းအားဖြင့် လောကအပြစ်များအားလုံးကို သခင်ယေရှုက ဆေး ကြောခဲ့သည်။ သခင်ယေရှုအားဖြင့် ကျွန်ုပ်တို့သည် အသစ်သောအသက်တာကို တွေ့ရှိခဲ့ပြီးဖြစ်သည်။ ဤသတင်းကောင်းကိုယုံကြည်သောသူများသည် ဝိညာဉ် သေခြင်း၌လုံးဝမရှိတော့ကြပေ။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ပေးဆပ်ကျေးအေးစေခဲ့ပြီးဖြစ်သောကြောင့် ယခုတွင် ကျွန်ုပ်တို့သည် အသစ် သောဘဝ နှင့်ထာဝရအသက်ကိုပိုင်ဆိုင်ကြသည်။ သခင်ယေရှု၏သတင်းကောင်း ကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်လာ ကြသည်။
သခင်ယေရှုသည်ဘုရားသခင်၏သားတော်ဖြစ်သည်ဟု မိတ်ဆွေယုံကြည် သလား။ သူသည် ကျွန်ုပ်တို့ကယ်တင်ရှင်ဖြစ်ကြောင်းယုံကြည်သလား။ ကျွန်တော် ယုံကြည်သည်။ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏အသက်ဖြစ်သည်။ သူအားဖြင့် ကျွန်ုပ်တို့သည်အသစ်သောအသက်တာကို တွေ့ရှိခဲ့ကြသည်။ ကျွန်ုပ် တို့အပြစ်များနှင့်ကျူးလွန်သောအပြစ်များကြောင့် ကျွန်ုပ်တို့သည် သေခြင်း သို့ရှေ့ရှုနေခဲ့ကြသည်။ သို့သော် သခင်ယေရှုသည် သူ၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် အသေခံတော်မူခြင်းအားဖြင့် အပြစ်၏အခကိုပေးဆပ်ခဲ့ ပါသည်။ သူက ကျွန်ုပ်တို့အား အပြစ်ကျေးကျွန်မှ၄င်း၊ သေခြင်းတရား၏တန်ခိုးမှ ၄င်း၊ စာတန်၏ချည်နှောင် ခြင်းမှ၄င်း ကယ်တင်ခဲ့သည်။
သခင်ဘုရားသည် ကျွန်ုပ်တို့အပြစ်များမှကယ်တင်ခဲ့သောဘုရားဖြစ်ပြီး၊ သခင်ယေရှုကိုယုံကြည်သောသူများအားလုံး၏ကယ်တင်ရှင်ဖြစ်လာခဲ့သည်။ ဟေဗြဲ ၁၀:၁၀-၁၂၊ ၁၄ နှင့် ၁၈ တို့ကို ကျွန်ုပ်တို့ကြည့်သောအခါ သခင်ဘုရားသည် ကျွန်ုပ်တို့ကို သန့်ရှင်းစင်ကြယ်စေခဲ့သည်ကို ကျွန်ုပ်တို့တွေ့ရှိနိုင်သည်။ ထိုကြောင့် အပြစ်လွတ်ခြင်းရရှိရန် လုပ်ဆောင်စရာဘာမှမလိုအပ်တော့ပေ။ သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရောက်ကြ သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အပြစ်များနှင့်ကျူးလွန်မှုများကြောင့် သေရမည့် သူများဖြစ်ကြသည်။ သို့သော် ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံခံ ယူခြင်းနှင့်အ သွေးတော်ကိုယုံကြည်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော်သို့ဝင် စားနိုင်ကြပြီး၊ ထာဝရပျော်ရွှင်သောအသက်တာပိုင်ဆိုင်နိုင်ကြခြင်းဖြစ်သည်။

"ကောင်းသောသိုးထိန်းသည် သိုးတို့အဖို့အလိုငှါ မိမိအသက်ကိုစွန့်တတ် ၏"(ယောဟန် ၁၀:၁၁)။ သခင်ယေရှုသည် သူ၏ဗတ္တိဇံခံယူခြင်း၊ ကားတိုင် တော်ပေါ်တွင်သူ၏အသေခံ ခြင်းနှင့်သူ၏ရှင်ပြန်ထမြောက်ခြင်းအားဖြင့် လောက အပြစ်များမှ ကျွန်ုပ်တို့ကိုကယ်တင်ရန်အတွက် ဤလောကသို့ကြွလာခဲ့သည်။ ဤသမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် သူတို့အပြစ်များ ဆေးကြောခြင်းခံ သောသူများသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြငး်ကို သူပေးထားသည်။ ကိုယ်တော်၊ ကိုယ်တော့်ကိုကျေးဇူးတင်ပါ၏။ ကိုယ်တော်၏သတင်းကောင်းသည် ယုံကြည်သူများအား သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ပေးအပ်သောသ တင်းကောင်းဖြစ်ပါ၏။ ဟာလေလုယ။ ဘုရားသခင်၏နာမတော်ကို ကျွန်တော် ချီးမွမ်းပါ၏။