Sermões

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-8] (ယေဟန် ၇း၃၇-၃၈) သန့်ရှင်းသောဝိညာဉ်တော်၏ အသက်စမ်းရေသည် မည်သူအားဖြင့် စီးဆင်းသနည်း။

(ယေဟန် ၇း၃၇-၃၈)
"ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုသည်ရပ်၍ကြွေးကြော် တော်မူသည်ကား၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍သောက်လော့။ ငါ့ကိုယုံ ကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။"
 
 
မည်သူတွေကသန့်ရှင်းသော ဝိညာဉ်တော်၏သက်စမ်းရေကို သောက်နိုင်ကြသနည်း။
သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်ကား တိုင်တော်ပေါ်တွင် သူသွန်းလောင်း အသွေးတော်ယုံကြည်သောသူများဖြစ်သည်။
 
သတင်းကောင်းကိုယုံကြည်သောသူများ၏နှလုံးသားများမှ သန့်ရှင်းသော ဝိညာဉ် တော်၏သက်စမ်းရေစီးဆင်းလျက်ရှိသည်။ ယောဟန် ၇:၃၈ တွင် "ငါ့ကို ယုံကြည် သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေထွက်ရာစမ်းရေတွင်း ဖြစ်လိမ့်မည်" ဟုဖော်ပြထားပါသည်။ ကျွန်ုပ်တို့ထံဘုရားသခင်ပေးခဲ့သောသတင်း ကောင်းကိုယုံကြည်သောသူများအတွက် စစ်မှန်သောကယ်တင်ခြင်းနှင့်အပြစ် ဆေး ကြောခြင်းရှိသည်ဟု ဤကျမ်းပိုဒ်က ဖော်ပြထားပါသည်။
 
 
မည်သည့်အချီန်တွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရှိသနည်း။
 
ယောဟန်အားဖြင့်သခင်ယေရှုဗတ္တိဇံခံယူခြင်းအားဖြင့် သခင်ယေရှုခရစ် တော်သည် လောကအပြစ်များအားလုံးကိုယူဆောင်သွားခဲ့သည်ဟူသောသတင်း ကောင်းကို လူတစ်ဦးသည်ကြား၍ယုံကြည်သောအခါ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိနိုင်သည်။ ထိုနောက် သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ သက်စမ်းရေကို သောက်နိုင်ပါသည်။ သတင်းကောင်းကိုယုံကြည်သောသူများ သည် သန့်ရှင်းသောဝိညာဉ်တော်ပိုင်ဆိုင်ပြီး၊ ဝိညာဉ်တော်သက်စမ်းရေလတ် လတ်ဆပ်အပ်စီးဆင်းခြင်းကိုတွေ့ကြုံခံစားနိုင်ပါသည်။ သူတို့သည် ဘုရားသခင် ၏စကားတော်ကို ဟောပြောသောအခါတွင်ဖြစ်စေ၊ ကြားနာသောအခါတွင်ဖြစ်စေ သူတို့၏ခြောက်သွေ့ သောနှလုံးသားများ ပြန်လည်စိုစွတ်နိုင်သည်။
သခင်ယေရှုသည် အပြစ်သားအားလုံးကိုအပြစ်များမှကယ်တင်ရန် အတွက် ဤလောကသို့ကြွဆင်းလာသည်ဟူသော ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ယုံကြည်သောသူများ၏နှလုံးသားများမှ သန့်ရှင်းသောဝိညာဉ်တော် သက်စမ်းရေစီးဆင်းလာသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သမ္မာတရား ဖြစ်ပြီး၊ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှင့်ခွဲခြား၍မရပေ။ သူသည် ဘုရား သခင်၏နှုတ်ကပတ်တော် ကိုယုံကြည်သောသူများအပေါ် ဆင်းသက်သည်။
သန့်ရှင်းသောဝိညာဉ်တော်၏အသက်စမ်းရေကို သောက်လိုသောသူများ သည် သခင်ယေရှုဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်းခဲ့ သောအသွေးတော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် အပြစ်လွတ်ခြင်းရရှိရ မည်ဖြစ်သည်။ ဤသန့်ရှင်းသောဝိညာဉ်တော်သက်စမ်းရေသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုယုံကြည်သောသူများ၏နှလုံးသားများ၌ တည်လျက်ရှိသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်သောသူများသည် သန့်ရှင်းသောဝိ ညာဉ်တော်သက်စမ်းရေကို ပိုင်ဆိုင်ကြပြီး၊ သူတို့နှလုံးသားများမှစမ်းရေပမာယင်း ကို စီးဆင်းလျက်ရှိသည်။ ယခုချိန်၌ပင် သခင်ယေရှုခရစ်တော်၏ဗတ္တိဇံခံ ယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင်သွန်းလောင်းခဲ့သောအသွေးတော်အားဖြင့် အပြစ်လွတ်ခြင်းရရှိ သောသူများ၏နှလုံးသားများမှ သန့်ရှင်းသောဝိညာဉ်တော် သက်စမ်းရေသည် စမ်း ချောင်းပမာစီးဆင်းလျက်ရှိသည်။
သို့ရာတွင် ဤသတင်းကောင်းကိုမယုံကြည်သောသူများ၏နှလုံးသားများ မှသန့်ရှင်းသောဝိညာဉ်တော်သက်စမ်းရေသည် တစ်စက်မျှ စီးဆင်းလာလိမ့်မည်မ ဟုတ်ပေ။ ရေနှင့်ဝိညာဉ်တော်သတင်းကို ကျွန်တော်မသိ၊ ယုံကြည်မှုမရှိသည့်အ ချိန်တွင် ကျွန်တော့်နှလုံးသားထဲတွင် သန့်ရှင်းသောဝိညာဉ်တော်သက်စမ်းရေ တစ်စက်မျှစီးဆင်းခြင်းမရှိပေ။ ထိုအချိန်တွင် သခင်ယေရှုခရစ်တော်ကို ကျွန်တော် စိတ်နှလုံးအြွကင်းမဲ့ယုံကြည်ခဲ့သော်လည်း ကျွန်တော့်နှလုံးသားထဲတွင် သန့်ရှင်း သောဝိ ညာဉ်တော်မရှိသောကြောင့်သန့်ရှင်းသောဝိညာဉ်တော်သက်စမ်းရေ၏အ ရေးပါမှုတောင် ကျွန်တော်မသိခဲ့ပေ။ သို့သော်ငြားလည်း ယခုတွင် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ကျွန်တော့်နှလုံးသားထဲတွင် ပိုင်ဆိုင်ခဲ့သောကြောင့် ကျွန်တော့် နှလုံးသားမှသန့်ရှင်းသောဝိညာဉ်တော်သက်စမ်းရေသည် စီးဆင်းနေ သည်။
ယခုတွင် သန့်ရှင်းသောဝိညာဉ်တော်သက်စမ်းရေသည် ကျွန်ုပ်နှလုံး သားမှ စီးဆင်းလာပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုကြားသိကာယုံကြည် သောသူများ၏နှလုံးသားများမှလည်းစီးဆင်းလျက်ရှိသည်။ သခင်ယေရှုက "ရေ ငတ်သောသူ အပေါင်းတို့၊ ငါ့ထံသို့လာပြီးသောက်ကြပါ"ဟုမိန့်ဆိုခဲ့သည်။ ရေနှင့် ဝိညာဉ်တော်ကိုယုံကြည်သောဒုတိယမွေးဖွါးခြင်းခံသောခရစ်ယာန်များအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်သက်စမ်းရေသည် အခြားသောသူများအပေါ်သို့စီး ဆင်းလျက်ရှိသည်။ ဤအချိန်တွင် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည် ခြင်းအားဖြင့် ကျွန်ုပ်နှလုံးသားမှ ဤအသက်စမ်းရေသည် စီးထွက်လာပြီး၊ ၄င်းမှအခြားသူများသည် လည်းသောက်ကြသည်။ ဘုရားသခင်သည် သန့်ရှင်း သော ဝိညာဉ်တော်အသက်စမ်း ရေကို ကျွန်ုပ်နှလုံးသားမှ စမ်းရေပမာစီး ထွက်စေ ပါသည်။ဤအကြောင်းအရာသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိ သောသူများနှင့်ရင်းနှီးကျွမ်းဝင်ခြင်း ရှိသည်။
ဗျာဒိတ်ကျမ်းထဲတွင် ဖော်ပြထားသည်အတိုင်း အသက်စမ်းရေကိုရရှိ သောသူများကသာ ၄င်းကိုသိရှိနိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း နှင့်အသက်စမ်းရေသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုသိရှိယုံကြည် သောသူများအတွက်သာ နက်နဲစွာသိရနိုင်သောအချက်ဖြစ်သည်။ ထိုကြောင့် သန့်ရှင်းသောဝိညာဉ်တော်သည် မည်သူ့ထံကိန်းဝပ်သည်ကို မိတ်ဆွေသိသင့် သည်။ သခင်ယေရှု၏သတင်းကောင်းကိုယုံကြည်သောသူများအပေါ်၌သာလျှင် သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်သည်ကို မိတ်ဆွေသိရှိသင့်ပေသည်။
 
 
ကားတိုင်ပေါ်တွင်သွန်းလောင်းသောအသွေးတော်ကိုသာကျွန်တော် ယုံကြည်ခဲ့ဘူးသည်။
 
ကားတိုင်တော်ပေါ်တွင် သခင်ယေရှုသွန်းလောင်းခဲ့သောအသွေးတော် ကို ကျွန်တော်ယုံကြည်ခဲ့သည်မှာ ဆယ်နှစ်ကြာခဲ့သော်လည်း ကျွန်ုပ်နှလုံးသားထဲ တွင် အပြစ်ရှိသေးခဲ့သည်။ ထိုအချိန်တွင် သခင်ယေရှု၏အသွေးတော်အားဖြင့်အ ပြစ်လွတ်ခြင်းရရှိခဲ့သည်ဟု ကျွန်တော်ယုံကြည်ခြင်းရှိခဲ့သည်။ သို့သော်ဤသို့သော ယုံကြည်ခြင်းမျိုးဖြင့် ကျွန်တော်အပြစ်လွတ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းမရနိုင်ပေ။ ကျွန်တော်နားလည်မှုလွဲခဲ့ပြီး၊ ကျွန်ုပ်ဘဝတွင် ဗလာ နတ္တိဖြစ်ခဲ့ရသည်။ ကျွန်တော်သခင်ယေရှုကိုယုံကြည်ကြောင်း သက်သေပြနိုင် သောလက္ခဏာတစ်ခုမှာ ဘုရားကျောင်းတက်ခြင်းပင်ဖြစ်သည်။
ထိုအကြောင်းကြောင့် ကျွန်တော့်ယုံကြည်ခြင်းပြန်လည်ဆန်းစစ်ရန်စ တင်ခဲ့ပါသည်။"ကျွန်တော်သန့်ရှင်းသောဝိညာဉ်တော်ကိုရရှိခဲ့သလား။"သခင်ယေ ရှုကို ကျွန်တော်ပထမယုံကြည်သောအခါ သခင်ယေရှုကိုချစ်သောနှလုံးသားရရှိိ ပြီး၊ အခြားသောဘာသာစကားပြောခြင်းဆုကျေးဇူးကိုလည်းရရှိခဲ့သည်။ သို့သော် ကျွန်ုပ် အပေါ်မှာအဘယ်အရာဖြစ်ပျက်ခဲ့သနည်း။ ဤစိတ်တကြွ်ကမှုအတွေ့အ ကြုံသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းလက္ခဏာမဟုတ်ကြောင်းနှင့် ကျွန်တော်ကိုယ်နှိုက်က သန့်ရှင်းသောဝိညာဉ်တော်မရသေးကြောင်း ကျွန်တော် နားလည်ခဲ့သည်။ ကျွန်တော်သခင်ယေရှုကိုယုံကြည်ခဲ့သော်လည်း ကျွန်ုပ်နှလုံး သားတွင် သန့် ရှင်းသောဝိညာဉ်တော်နှင့်သန့်ရှင်းသောဝိညာဉ်တော်အသက်စမ်း ရေလုံးဝ မရှိခဲ့ပေ။
ကျွန်ုပ်ယုံကြည်ခြင်းသည် Calvinism (ကာလ်ဗီးနီးယဲမ်း) ယုံကြည်ခြင်း ကိုအခြေပြုထားသောကြောင့် ကျွန်ုပ်နှလုံးသားပူသည်ဖြစ်စေ၊ အေးသည်ဖြစ်စေ အရေးမကြီးလှပေ။
(၁)       သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်အထဲတွင် ကိန်းဝပ်သလား။ မကိန်းဝပ်ပေ။ သူသည် ကျွန်ုပ်၌ရှိသည်ကို ကျွန်တော်သေချာစွာမသိ ခဲ့ပေ။
(၂)        ကျွန်ုပ်၌အပြစ်ရှိသလား။ ရှိသည်။ ကျွန်တော်သခင်ယေရှုကားတိုင်တော် ပေါ်မှာသွန်းလောင်းသောအသွေးတော်ကို ယုံကြည်ခဲ့သော်လည်း ကျွန်ုပ် ၌အပြစ်ရှိသေးသည်။ ကျွန်တော်သခင်ယေရှုကို ယုံကြည်ခဲ့ပြီး၊ အပြစ်တ ရားနှင့်ဆိုင်သောဆုတောင်းခြင်းဖြင့်နေ့တိုင်းဆုတောင်းသော်လည်း ကျွန်ုပ်နှလုံးသားထဲတွင်အပြစ်ရှိသေးသည်။ ကျွန်တော် မည်မျှပင်ကြိုး စားခဲ့သော်လည်း ကျွန်ုပ်နှလုံးသားထဲတွင်ရှိသော အပြစ်သည် လုံးဝ ဆေးကြောသန့်စင်ခြင်းမရှိသေးခဲ့ပေ။
သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းကို ကျွန်တော် မည်ကဲ့သို့ရရှိနိုင် မည်နည်း။ "ကျွန်ုပ်နှလုံးသားထဲတွင်ရှိသောအပြစ်တရားကို ကျွန်တော်မည်ကဲ့သို့ ဆေးကြောနိုင်မည်နည်း။"သခင်ယေရှုကို ယုံကြည်ခဲ့ပြီးနောက် ကျွန်ုပ်စိတ်ထဲတွင် ဤပြဿနာများအဖွါးဖွါးပေါ်လာခဲ့သည်။ သခင်ယေရှုကိုယုံကြည်ခဲ့ပြီးနောက် ကျွန် တော်အခြားသောဘာသာစကားပြောခဲ့ပြီး၊သခင်ယေရှုအသွေးတော်အားဖြင့် ကျွန်ုပ်အပြစ်များဆေးကြောပေးခဲ့သည်ဟု ကျွန်တော်ယုံကြည်ခဲ့သည်။
 
၄ ဂျွန်းကာလ်ဗင်းအားဖြင့်ဖွဲ့စည်းထားသောခရစ်ယာန်အဖွဲ့အစည်းဖြစ်သည်။ ကြိုတင်ခွဲခန့်မှတ် သားခြင်းနှင့် ကယ်တင်ခြင်းကိုအထူးပြုထားသည်။ အာရ်မီးနီးယမ်းယုံကြည်မှုကိုတုံ့ပြန်ရန်အတွက် ကာလ်ဗီးနီးယဲမ်း ခံယူချက်ငါးခုရှိသည်။
ကယ်ဗီးနီးယဲမ်းသွန်သင်ချက်များမှာ- ၁)လုံးဝဥဿုံပျက်စီးခြင်း- လူသားများသည် သူတို့ခန္ဓာ၊ စိတ်၊ ဝိညာဉ်သုံးပါးစလုံးကို အပြစ်တရားကထိပါးနေခဲ့သည်။ ၂)မထိုက်တန်ဘဲမျက်နှာသာရခြင်း- လူသား များအပေါ်ဘုရားသခင်မျက်နှာသာပေးခြင်းသည် သူကိုယ်တိုင်ဆုံးဖြတ်ချက်ဖြစ်ပြီး၊ လူသားများနှင့် သက်ဆိုင်မှုမရှိပေ။ လူသားများသည် ဘုရားသခင်၏မျက်နှာသာပေးခြင်းမခံထိုက်ပေ။ ၃) အကန့် အသတ်ရှိသောရွေးနှုတ်ကယ်တင်ခြင်း- ခရစ်တော်အသေခံခြင်းသည် လူသားအားလုံးအတွက် မဟုတ်ဘဲ၊ ကယ်တင်ခြင်းရရှိရန်ရွေးနှုတ်ခြင်းခံရသောသူများအတွက်သာဖြစ်သည်။ ၄) ခုခံ၍မရ သောကျေးဇူးတော်- ကယ်တင်ခြင်းရရှိရန် လူတစ်ချို့ကိုဘုရားသခင်ခေါ်ခြင်းသည်ငြင်းဆို၍မရပေ။ ၅)သန့်ရှင်းသူများထိန်း သိမ်းစောင့်ရှောက်ခြင်း- ကယ်တင်ခြင်းမဆုံးရှုံးနိုင်ခြငး်ကိုဆိုလိုသည်။ သို့သော်အထူးသဖြင့် အကန့်အသတ်ရှိသောရွေးနှုတ်ကယ်တင်ခြင်းနှင့်ပတ်သက်ပြိး၊ မိတ်ဆွေသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို သေချဂနစွာပိုင်းခြားသိရှိရမည်ဖြစ်သည်။
 
သို့သော်အချိန်ကြာလာသည်နှင့်မျှ ကျွန်ုပ်နှလုံးသားထဲတွင် အပြစ်တရား စုပုံလာခဲ့သည်။ ကျွန်ုပ်၌အပြစ်တရားပြည့်ဝလျက်ရှိသည်။ သခင်ယေရှု၏အသွေး တော်ကို ကျွန်တော်ကိုးစားပြီး၊ နောင်တရခြင်းနှင့်ပတ်သက်သောဆုတောင်းခြင်း များ(သို့)အစာရှောင်ခြင်းများအားဖြင့် ကျွန်တော့်နှလုံးသား၌ရှိသော အပြစ်များမ ဆေးကြောနိုင်ပေ။ ကျွန်တော်ပြုလုပ်သောအပြစ်တရားများကြောင့် စိတ်ပူပန်မှုအ ချိန်ကြာမြှင့်စွာခံစားခဲ့ရသည်။ ကျွန်တော်စိတ်ပူပန်လေလေ ခရစ်တော်အကြောင်း ကိုအခြားသူများထံဝေငှလေလေဖြစ်ခဲ့ရသည်။ ကျွန်တော်ဘုရားကျောင်းသို့ပို၍ မှန်မှန်တက်ခဲ့သည်။ သခင်ယေရှုအစေခံရန် မိမိကိုယ်ကိုဆက်ကပ်ခဲ့သည်။ သူ၏ အသွေးတော်ကို မှီခိုခဲ့သည်။
သို့သော် အချိန်ကြာညောင်းလာသည်နှင့်အမျှ ကျွန်ုပ်နှလုံးသားတွင်ရှိ သောအပြစ်တရားများကစစ်မှန်သောယုံကြည်ခြင်းရရှိရန်ပိတ်ပင်တားဆီးခဲ့သည်။ ယခင် ထက်သခင်ယေရှုကိုယုံကြည်ရန်ပိုခက်လာပါသည်။ သခင်ယေရှု၏အသွေး တော်ကို ကိုးစားရန်ကျွန်တော်ကြီုးပမ်းခဲ့ပြီး၊ အတတ်နိုင်ဆုံးအကောင်းဆုံး ဖြစ်လာရန်နှင့် ဘုရားသခင်ထံသို့ပို၍ဆက်ကပ်ရန် ကျွန်တော်ကြိုးပမ်းခဲ့သည်။ သို့ သော်လည်း ကျွန်ုပ်စိတ်ထဲတွင် ဟာတာတာခံစားချက်များပို၍ ကြီးမားလာပါ သည်။ ဤကဲ့သို့သောယုံကြည်ခြင်းများက ဟာတာတာစိတ်ခံစားမှုဖြစ်စေပြီး၊ ဘာမျှမလုပ်မကိုင်ချင် သည့်စိတ်များဖြစ်စေလျက်၊ အပြင်ပန်းသဏ္ဍာန်သာဂရုစိုက် သောဟန်ဆောင်သောခရစ်ယာန်ဖြစ်စေခဲ့သည်။ "လူတိုင်းအတွက်သခင်ယေရှုကို ယုံကြည်ခြင်းသည် ဤသို့ဖြစ်လိမ့်မည်၊ ငါတစ်ယောက်တည်းမဟုတ်ပေ}ဟု မိမိ ကိုယ်ကိုတွေးမိခဲ့သည်။ ကျွန်ုပ်ယုံကြည်ခြင်းက ကျွန်ုပ်ကိုမှားယွင်းသောလမ်း သို့ညွှန်ပြခြင်းကိုငြင်းပယ်ရန် ကျွန်တော်ကြိုးပမ်းခဲ့သည်။ သို့သော်လည်း သခင် ယေရှု၏အသွေးတော်နှင့်ပြစ်တရားနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများက ကျွန်ုပ်အပြစ်များကိုမဆေးကြောနိုင်ပေ။
 
 
မည်သည့်ယုံကြည်ခြင်းမျိုးအားဖြင့် ကျွန်ုပ်အပြစ်များဆေးကြောနိုင်သနည်း။
 
သခင်ယေရှုသည် ယောဒန်မြစ်၌ဗတ္တိဇံခံသောအချိန်တွင် ကျွန်ုပ်အပြစ် များအားလုံး သူ့အပေါ်သို့လွှဲပြောင်းပေးသောယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်အပြစ် များဆေးကြောနိုင်ပါသည်။ ဤအကြောင်းအရာများကို မဿဲ ၃:၁၃ထဲတွင် ပြည့်စုံစွာဖော်ပြထားပါသည်။ ထိုနောက် သခင်ယေရှု၏အသွေးတော်အားဖြင့် အဘယ်ကြောင့် ကျွန်ုပ်အပြစ်များမဆေးကြောခဲ့သနည်း။ သခင်ယေရှုအပေါ်ယော ဟန်ပြုသော ဗတ္တိဇံ၏အဓိပ္ပါယ်ပါဝင်သောသတင်းကောင်းကို ကျွန်တော်မသိ၊ မ ယုံကြည်သောကြောင့် ဖြစ်သည်။
သခင်ယေရှုဗတ္တိဇံခံယူခြင်းအားဖြင့် လောကလူသားအားလုံး၏အပြစ် များဆေးကြောသန့်စင်စေခဲ့သည်ကိုဆိုလိုသလား။ ဆိုလိုပါသည်။ "ရေနှင့်ဝိညာဉ် တော်မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့မဝင်ရဟု ငါအမှန် အကန်ဆို၏" (ယောဟန် ၃:၃-၅) ဟုပြောခြင်းအားဖြင့် သမ္မာကျမ်းစာထဲတွင် သက်သေထူထားပါသည်။ သခင်ယေရှုသည် ဤလောကသို့ကြွဆင်းလာပြီး၊ ယောဟန်၏ဗတ္တိဇံခံယူခြင်းအားဖြင့် လူသားအားလုံး၏အပြစ်များကို လက်ခံခဲ့ သည်။
ဤအကြောင်းကို ကျွန်တော်သံသယဝင်ခဲ့သောကြောင့် ရှင်းရှင်းလင်း လင်းသိရန်အတွက် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းစာကိုနှိုင်းယှဉ်ခဲ့သည်။ နောက်ဆုံးတွင် ကျွန်တော်အမှန်တရားကိုတွေ့ရှိခဲ့သည်။ သခင်ယေရှုဗတ္တိဇံခံ သောအချိန်တွင် လောကလူသားအားလုံး၏အပြစ်ကို သူ့အပေါ်သို့လွှဲပြောင်းပေး ခဲ့သည်။ ထိုအချိန်တွင် လူသားအားလုံးအပြစ်များကိုသခင်ယေရှုအပေါ်သို့လွှဲ့ ပြောင်းခဲ့ပြီးဖြစ်သည်။ ဤနှုတ်ကပတ်တော်ကိုယုံကြည်ခြင်းအားဖြင့် ကျွန်တော် သန့်ရှင်းစင်ကြယ်ခြင်းရရှိခဲ့သည်။ ဤအကြောင်းအရာသည် နှုတ်ကပတ်တော် ထဲတွင်ဖော်ပြထားသောစကားဖြစ်ပြီး၊ ဤလောကတွင် အမြင့်မြတ်ဆုံးသော သတင်းကောင်းဖြစ်သည်ဟု ကျွန်တော်နားလည်သိရှိခဲ့သည်။
ထို့ပြင် သခင်ယေရှု၏အသွေးတော်အားဖြင့်သာလျှင် ကျွန်ုပ်အပြစ်များမှ လွတ်မြောက်ခြင်းမရရှိနိုင်သည်ကို ကျွန်တော်သိရှိခဲ့သည်။ အကြောင်းမှာ ယော ဒန်မြစ်တွင် သခင်ယေရှုဗတ္တိဇံခံခြင်းသမ္မာတရားကိုကျွန်တော်မသိခဲ့သောအခါ သူ့အပေါ်သို့ ကျွန်ုပ်အပြစ်များလွှဲပြောင်းပေးခြင်းမပြုသောကြောင့် ဖြစ်သည်။ နောက်ဆုံးတွင် ကျွန်တော်သမ္မာတရားကိုတွေ့ရှိခဲ့သည်။ သခင်ယေရှုသည် ကျွန်ုပ် အတွက် ဤလောကသို့ကြွဆင်းလာခဲ့ပြီး၊ သူဗတ္တိဇံခံယူခြင်းအားဖြင့် လောက သားများအား လုံးအပြစ်များကိုယူဆောင်သွားခဲ့ကာ၊ လောကအပြစ်များ အားလုံးမှကျွန်ုပ်တို့ကို ကယ်တင်ရန်ကားတိုင်ပေါ်တွင်အသေခံခဲ့သည်ကို ကျွန် တော်သိရှိခဲ့သည်။ သခင်ယေရှုဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်တော်ပေါ်တွင် သူသွန်း လောင်းသောအသွေးတော်သည်လောကလူသားများ၏အပြစ်များအားလုံး ယူ ဆောင်သွားရန်ဖြစ်သည်ဟူသော သမ္မာတရားကို ကျွန်တော်သိရှိယုံကြည်ခဲ့သည်။ ယခုကျွန်တော်ဖြောင့်မတ်သော သူတစ်ဦးဖြစ်ခဲ့သောကြောင့် ကျွန်ုပ်တို့အပေါ်သ ခင်ယေရှုပေးခဲ့သောသတင်းကောင်းကို ကျေးဇူးတင်ပါ၏။ အကြောင်းမှာ ကျွန် တော်အပြစ်လွတ်ခြင်းအခွင့်ရရှိခဲ့သောကြောင့် ဖြစ်သည်။
အသင်းတော်ခံယူချက်များက ကျွန်ုပ်အပြစ်များချေဖျက်ခြင်းမပေးနိုင်ခဲ့ ပေ။ သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်းသေ အသွေးတော်ကသာ အပြစ်များဖြေလွတ်နိုင်ပါသည်။ ဤသမ္မာတရားသည် သ တင်းကောင်း၌သာရှိသည်။ သခင်ယေရှု၏အသွေးတော်ကိုသာယုံကြည်ခြင်း ကြောင့်မဟုတ်၊ သခင်ယေရှုဗတ္တိဇံခံယူခြင်းနှင့် ကယ်တင်ခြင်းရရှိရန်အတွက် ကားတိုင်ပေါ် တွင်သူသွန်းလောင်းသောအသွေးတော်အားဖြင့် ကျွန်တော်အပြစ် တရားမှလွတ်ငြိမ်း ချမ်းသာခွင့်ရရှိခဲ့ပြီး၊ ဖြောင့်မတ်သူဖြစ်လာခဲ့သည်။
ကျေးဇူးတင်စရာအခြားတစ်ခုမှာ ကျွန်တော်သတင်းကောင်းကိုယုံကြည် ခဲ့ပြီးနောက် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်အပေါ်တက်ခဲ့ ခြင်းဖြစ်သည်။ ယခုတွင် ယောဟန်အားဖြင့်သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် ကား တိုင်ပေါ်တွင်အသွေးတော်သွန်းလောင်းခြင်းများနှင့်အတူ သန့်ရှင်းသောဝိညာဉ် တော်သည် ကျွန်ုပ်အထဲတွင် ကိန်းဝပ်လျက်ရှိသည်။
ကျွန်ုပ်ကို ဤစစ်မှန်သောသတင်းကောင်းပေးကာ သခင်ယေရှု၏တမန် တော်များယုံကြည်ခြင်းနှင့်တူသောယုံကြည်ခြင်းတရားများကိုဝေငှရန်အခွင့်ပေးခဲ့ သောဘုရားသခင်ကို ကျွန်တော်ကျေးဇူးတင်ပါ၏။ ကျွန်တော်သည် သတင်း ကောင်းကိုသာယုံကြည်ရန်ဖြစ်သော်လည်း ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကိုဆုကျေးဇူးအဖြစ်ပေးခဲ့သည်။ ယခုတွင် ဤသတင်းကောင်းကို ကမ္ဘာနေရာအနှံ့အပြားရှိလူသားများအားလုံးထံ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ကောင်းမွန် စွာဝေငှနိုင်သည်။ သခင်ယေရှု၏အသွေးတော်ကိုသာယုံကြည်ခြင်းက အပြစ်အား လုံးလွတ်ခြင်းမပေးနိုင်ဟုကျွန်တော်သူတို့ထံသေသေချာချာဟောပြောနိုင်ပါသည်။
သို့သော် ခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်တော်ပေါ်တွင်သူသွန်း လောင်းခဲ့သောအသွေးတော်သတင်းကောင်းကို သူတို့သည်ယုံကြည်လျှင် သူတို့၏ အပြစ်များအားလုံးဧကန်အမှန်ခွင့်လွတ်ခြင်းသေချာပေါက်ရရှိမည်ကို ကျွန်တော် ပြောကြားနိုင်ပါသသည်။ ဤသတင်းကောင်းကို ကျွန်တော်ဝေငှသောအခါ ဘုရား သခင်၏ရှေ့တော်မှောက်တွင် ရှက်ကြောက်ခြင်းတစ်ခုမျှမရှိခဲ့ပေ။ ယခုတွင် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းအားဖြင့်ဒုတိယမွေးဖွါးခြင်းကို ကမ္ဘာပေါ်တွင်ရှိသော လူသားအားလုံးထံသို့ကျွန်တော် ဂုဏ်ယူစွာဝေငှနိုင်ပါသည်။ ဘုရားသခင်အပေါ် ကျွန်တော်ကျေးဇူးတင်ပါသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကိုကျွန်ုပ်အားပေးအပ် ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏သက်စမ်းရေကိုသောက်စေခြင်းအ တွက် ကျွန်တော်ဘုရားသခင်ကိုကျေးဇူးတင်လျက်ရှိသည်။
 
 
လက်တွေ့စမ်းသပ်ခြင်းက စစ်မှန်သောသတင်းကောင်းသည် ရေနှင့်ဝိညာဉ်တော် ဖြစ်သည်ဟု ပြသသည်။
 
မိတ်ဆွေသည် အပြစ်လွှတ်ခြင်းနှင့်သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ် ခြင်းရရှိခဲ့သလား။ သတင်းကောင်းသည်မှန်ကန်ကြောင်း မိတ်ဆွေအဘယ်ကြောင့် ပြောနိုင်ပါသနည်း။ တခါတုန်းက သခင်ယေရှုပေးအပ်သောသတင်းကောင်းကို ယုံကြည် ခြင်းရှိသလားဟု လူအချို့ကို ကျွန်တော်စစ်ဆေးခဲ့သည်။ လူတစ်ဦးထံ ကားတိုင်ပေါ်တွင် သခင်ယေရှုခရစ်တော်သွန်းလောင်းခဲ့သောအသွေးတော်သ တင်းစကားကို ဝေငှခဲ့သည်။ သခင်ယေရှုခရစ်တော်မှာအပြစ်တစုံတခုမျှမရှိဟု ကျွန်တော်သူ့ကို ပြောခဲ့သည်။ အခြားသူတစ်ဦးထံ ယောဟန်အားဖြင့်သခင်ယေရှု ဗတ္တိဇံခံယူခြင်းနှင့် သူ၏အသွေးတော်သတင်းကောင်းအကြောင်းကို ကျွန်တော် ဟောပြောခဲ့သည်။ သခင်ယေရှု၏အသွေးတော်ကိုယုံကြည်ခြင်းအားဖြင့် အပြစ် ဖြေလွတ်ခြင်းအခွင့်ရရှိ သည်ဟုယုံကြည်သောသူတစ်ဦးက သူ၏အပြစ်များဖြေ လွတ်ရန်လိုအပ်သေးသည်ဟု ပြောခဲ့သည်။ တစ်ဘက်တွင် သခင်ယေရှု၏ဗတ္တိဇံ ခံယူခြင်းနှင့်အသွေးတော်သ တင်းကောင်းကိုယုံကြည်သောသူသည် လုံးဝဥဿုံ အပြစ်လွတ်ခြင်းရရှိသည်ဟု ပြောခဲ့သည်။
သခင်ယေရှုသည် သူ၏အပြစ်များအားလုံးယူဆောင်သွားခဲ့ပြီး၊ ထိုအပြစ် များအတွက်တရားစီရင်ခြင်းခံခဲ့သည်ဟူသောသမ္မာတရားကို သူယုံကြည်ခဲ့သော ကြောင့် သူ့မှာအပြစ်တရားလုံးဝမရှိတော့ပေဟု သူပြောခဲ့သည်။ သူသည် ယော ဟန်အားဖြင့်သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းက လူသားအားလုံး၏အပြစ်များယူ ဆောင်သွားသည်ဟု ပြောသောသတင်းကောင်းကိုယုံကြည်သောကြောင့် ဘုရား သခင်ထံ မှသန့်ရှင်းသောဝိညာဉ်တော်ရရှိခဲ့သည်။
ဤလူပုဂ္ဂိုလ်သည် သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့်သူ၏နှလုံး သားထဲတွင်သန့်ရှင်းသောဝိညာဉ်တော်ရရှိခဲ့သောကြောင့် သူ၏နှလုံးသားထဲတွင် အပြစ် တစ်ခုမျှမရှိတော့ပေဟု ပြောနိုင်ခြင်းဖြစ်သည်။ သူ၏နှလုံးသားထဲတွင် အပြစ်မရှိတော့ကြောင်းကိုပြောကြားနိုင်ရန်သန့်ရှင်းသောဝိညာဉ်တော်က သူ၏ နှလုံးသားထဲတွင် စဉ်းစားတတ်သောဉာဏ်ပေးခဲ့သည်။ သခင်ယေရှု၏ဗတ္တိဇံခံ ယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်းခဲ့သောအသွေးတော်ကိုယုံ ကြည်သောသူများအပေါ် ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ် ခြင်းပေးခဲ့သည်။ မည်သူ့အပေါ်သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်သနည်း။ ခင်ယေရှု၏ဗတ္တိဇံခံယူခြင်း နှင့်ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်းသော အသွေးတော်သတင်းကောင်းကို ယုံကြည်သောသူများအပေါ် သန့်ရှင်းသော ဝိညာဉ်တော်ကို ဆုကျေးဇူးအဖြစ်ပေးခဲ့သည်။
အလွန်ထူးဆန်းသောပင်တေဂုတ္တေနေ့တွင် ဖြစ်ပျက်သောအရာများ ကြောင့်မြောက်များစွာသောလူတို့ သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်းသမ္မာတ ရားကို လွှဲမှားစွာသိရှိခဲ့ကြပြီး၊ သတင်းကောင်းကို ဘေးချိတ်ထားခဲ့ကြသည်။ လူတွေက သူတို့သည် အလွန်အမင်းဆုတောင်းပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ရှာ ဖွေလျှင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင်ကြလိမ့်မည်ဟု ယုံကြည် ကြသည်။ အချိန်ကြာမြင့်စွာ သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်အသွေး တော်သ တင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ရရှိသည်ဟူ သောသမ္မာတရားကို လောကတွင်ရှိသောခရစ်ယာန်များက အနည်းငယ်မျှမ ထိတွေ့ခဲ့ကြပေ။ သို့သော်ယခုတွင် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံ ကြည် ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းရရှိသောဘုရားသ ခင်၏အစေခံကျွန်များစွာတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏အကူအညီအား ဖြင့်သတင်းကောင်းဝေငှခဲ့ကြပြီးဖြစ်သည်။ အကျိုးတက်ရောက်မှုသည် ဤသ တင်းကောင်းကို ယုံကြည်သောလောကတစ်ဝှမ်းလုံး၌ရှိနေကြသောလူများက သိရှိခဲ့ကြပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင် ခဲ့ကြသည်။
သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းဖြစ်စေသောဤသတင်းကောင်းကို လူတွေကယုံကြည်လက်ခံရန် ဘုရားသခင်အလိုတော်ရှိသည်။ သမ္မာကျမ်းစာ ထဲတွင် "နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုသွန်း လောင်းမည်။"(တမန် ၂:၁၇)။ သတင်းကောင်းသိရှိခြင်းမရှိဘဲသန့်ရှင်းသော ဝိညာဉ်တော်ရရှိရန်ကြိုးပမ်းခြင်းသည မှားယွင်းခြင်းဖြစ်သည်ဟု လူတွေကသိရှိ သင့်ပေသည်။ ယောဟန်အားဖြင့်သခင်ယေရှုဗတ္တိဇံခံယူခြင်း နှင့်ကားတိုင်တော် ပေါ်တွင်သူသွန်းလောင်းသောအသွေးတော်ကိုယုံကြည်ခြင်းကလွဲ၍ သန့်ရှင်းသော ဝိညာဉ်တော်ကိန်း ဝပ်ခြင်းရရှိရန်အခြားနည်းလမ်းတစ်ခုမျှမရှိပေ။
လူတစ်ဦးသည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်လိုပါက ရေနှင့်ဝိ ညာဉ် အားဖြင့်ဒုတိယမွေးခြင်းခံရမည်ကို၄င်း၊ ဒုတိယမွေးခြင်းခံသောသူများသာ လျှင် သန့်ရှင်းသောဝိညာဉ်တော်ဝိညာဉ်တော်ပိုင်ဆိုင်နိုင်သည်ကို၄င်း ဘုရားသခင် ကမိန့်တော်မူသည့်အတိုင်းကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းလူတိုင်းကလိုအပ်သည်ကို သံသယရှိစ ရာမလိုပေ။ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း (ဝါ) ရေနှင့်ဝိညာဉ်တော် သတင်းကောင်းယုံကြည်ခြင်းမရှိဘဲကောင်းကင်နိုင်ငံသို့ ဝင်ရောက်ခြင်းနှင့်ပတ် သက်ပြီးမိတ်ဆွေမည်ကဲ့သို့ တွေးတောသနည်း။ သတင်းကောင်းယုံကြည်ခြင်းက လွှဲပြီးကောင်းကင်နိုင်ငံတော်သို့ သွားရောက်သောနည်းလမ်းမရှိတော့ပေ။ သခင် ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်သူ၏အသွေးတော်သတင်းကောင်းကို ယုံကြည်ခြင်း အားဖြင့် မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့သည် တစ်စုံတစ်ခုကိုဝယ်သောအခါ ငွေကြေးပေးသကဲ့သို့ သတင်းကောင်းကို ကျွန်ုပ် တို့ယုံကြည်သောအခါ သန့်ရှင်းသောဝိညာဉ် တော်ရရှိခြင်းဖြစ်သည်။
မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းအမှန်တကယ်ရရှိ လိုပါက ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ရှေ့ဦးစွာ သိရှိယုံကြည်ရမည်ဟု ကျွန်တော်ပြောပါရစေ။ သို့ပြုမှ မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်လက် တွေ့ကျ ကျရရှိနိုင်မည်ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည် ခြင်းအားဖြင့်သာလျှင် မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိ နိုင်မည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းနှင့်အတူ ဘုရားသခင် သည် မိတ်ဆွေနှင့်အတူရှိလိုသည်။
ကျွန်တော်သတင်းကောင်းကိုယုံကြည်ခဲ့သည်။ အချိန်ကာလကြာညောင်း လာသည်နှင့်အမျှ၊ ဘုရားသခင်ပေးခဲ့သော သတင်းကောင်းသည် ဤလောကတွင် အလှပဆုံး၊ အမြင့်မြတ်ဆုံးဖြစ်သည်ကို ကျွန်တော်ပိုပြိးသိလာခဲ့သည်။ ကျွန်တော် ဘုရားသခင်ကို ကျေးဇူးတင်၍မဆုံးပါ။ မိတ်ဆွေသည် ထိုနည်းတူခံစားခဲ့သလား။ သန့်ရှင်းသောဝိညာဉ်တော်ရရှိသောသူများသည် ဘုရားသခင်ထံမှကောင်းကြီးများ စွာ ခံစားသည်ကို ကျွန်ုပ်တို့သိရှိခဲ့ကြသည်။
သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိနည်းသတင်းကို ကျွန်တော်မိတ်ဆွေထံဝေငှနေသည်။ ဤကောင်း ချီးခံစား စေသောရေနှင့်ဝိညာဉ်တော်အားဖြင့်ဒုတိယမွေးခြင်းသတင်းကောင်းကို လက်ခံခြင်းအားဖြင့် လူတွေကမိမိကိုယ်ကိုသန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ် ခြင်းရရှိရန်အရည် အချင်းပြည့်မီသောသူများဖြစ်ကြသည်။
ယောဟန် ၇:၃၈ တွင် "ငါ့ကိုယုံကြည်သော သူသည်ကျမ်းစာလာသည်အ တိုင်း၊အသက်စမ်းရေတွင်းဖြစ်လိမ့်မည်" ဟုဖော်ပြထားပါသည်။ ဤကျမ်းချက်အ ဓိပ္ပါယ်သည် သခင်ယေရှုပေးခဲ့သောသတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် အပြစ် လွတ်ခြင်းခံရသောသူများသည်သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ရရှိခြင်းပင်ဖြစ်သည်။ ထိုသူတို့နှလုံးသားများမှ သန့်ရှင်းသောဝိညာဉ်တော်၏ အသက်စမ်းရေသည်စမ်းချောင်းအလားစီးဆင်းမည်ဖြစ်သည်။ ဤသတင်းကောင်း ကိုယုံကြည်သောသူများသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆိုင်သောစမ်းရေကို သူတို့အထဲမှ စီးဆင်း လာမည်ဖြစ်သည်။
ရေနှင့်ဝိညာဉ်တော်သတင်းအားဖြင့်ဒုတိယမွေးဖွါးခြင်းမခံမီ သခင်ယေ ရှု၌ ဆက်ကပ်သောယုံကြသူဖြစ်ဦးဖြစ်ခဲ့သော်လည်း ကျွန်ုပ်နှလုံးသားမှသန့်ရှင်း သောဝိညာဉ်တော်အသက်စမ်းရေစီးဆင်းခြင်းမရှိခဲ့ပေ။ သို့သော် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကိုကျွန်တော်ယုံကြည်ခဲ့ပြီးနောက် သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် အတိုင်း ကျွန်ုပ်နှလုံးသားမှသန့်ရှင်းသောဝိညာဉ်တော်အသက် စမ်းရေစီးထွက်လျက်နေသည်။ ဤအချိန်၌ပင် သန့်ရှင်းသောဝိညာဉ်တော်၏ အသက်စမ်းရေသည် ဘုရား သခင်ပေးခဲ့သောရေနှင့်ဝိညာဉ်တော်သတင်းကောင်း နှင့်အတူစီးဆင်းလျက်ရှိသည်။ နှစ်စဉ်နှစ်တိုင်း ကျွန်ုပ်နှလုံးသားမှ သန့်ရှင်းသော ဝိညာဉ်တော်အသက်စမ်းရေသည် ပြည့်လျှံစွာစီးဆင်းလျက်ရှိသည်။ သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိခဲ့ပြီးနောက် ဧဝံဂေလိလုပ်ငန်းလုပ်ဆောင်ခြင်း၊ သတင်းကောင်းဝေငှခြင်းအလုပ်ကို လုပ်ဆောင်ရန်အစပြုခဲ့သည်။
 
 
သတင်းကောင်းယုံကြည်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိခဲ့ပြီး နောက် ယုံကြည်ခြင်းနှင့်ပတ်သက်သောကျွန်တော့်ဝန်ခံချက်
 
ထိုအချိန်သည်ကျွန်ုပ်အသက်နှစ်ဆယ်အစောပိုင်း ဆောင်းဦးကာလအ ချိန်ဖြစ်ပါသည်။ ထိုဆောင်းဦးကာလက အထူးသဖြင့် သေခြင်းတရားကိုလွန်ဆန် ၍မရကြောင်းစဉ်းစားစေခဲ့သည်။ ထိုနှစ်တွင် ကျွန်ုပ်နှလုံးသားတွင်အပြစ်ရှိသော ကြောင့် ကျွန်ုပ်ဘဝတွင် ရှုပ်ထွေးမှု၊ ဟာတာတာဖြစ်မှုနှင့်မှောင်မိုက်များအားဖြင့် မှတ်သား သောနှစ်ဖြစ်ပါသည်။ ကျွန်တော်မှားယွင်းသောလမ်းညွှန်ချက်အတိုင်း လိုက်လာခဲ့ပြီး၊ ပြန်လာရာလမ်းမသိခဲ့ပေ။ ကျွန်ုပ်ကိုယ်ခန္ဓာသည် အချိန်ကြာမြှင့် စွာဖျာနာခြင်းခံစားခဲ့ပြီး၊ ကျွန်ုပ်နှလုံးသားထဲမှာ ဘာမျှမရှိခြင်းသည် ပို၍ကြီး ထွားလာပါသည်။
ကျွန်ုပ်အပြစ်ကြောင့် ကျွန်တော်စိတ်အားငယ်မှုကိုလုံးလုံးလျားလျားခံစား ခဲ့ပြီး၊ ထိုသို့ဖြစ်ရခြင်းအကြောင်းကိုတောင်စဉ်းစား၍မရနိုင်ခဲ့ပေ။ ကျွန်တော်သေ သည် နှင့်တပြိုင်နက် ဘုရားသခင်၏တရားစီရင်မှုကလွှဲပြီးအခြားရွေးချယ်စရာ တစ်ခုမျှမရှိတော့ပေ။ ထိုကြောင့် ကျွန်တော်အပြစ်လွှတ်ခြင်းနှင့်ဆိုင်သောဆု တောင်းခြင်းအားဖြင့်ဆုတောင်းခဲ့သည်။ "ကိုယ်တော်ဘုရား၊ ကျွန်တော်မသေမှီ ကိုယ်တော်၌ယုံကြည်ခြင်းအားဖြင့် အပြစ်လွတ်ခြင်းအခွင့်ရယူလိုပါသည်။ ကျွန်ုပ် ကိုယ်ခန္ဓာတွင်ရှိ သောနာမကျန်းမှုများကို ဖယ်ရှားပေးတော်မူပါ။" ကျွန်တော်မ ရပ်မနားဆုတောင်းခဲ့ သည်။
ထိုနောက် စိတ်ပျက်ဖွယ်ကောင်းသောကျွန်ုပ်အတွင်းနှလုံးသားထဲ၌ မျှော် လင့်ခြင်းအသစ်စတင်ခဲ့သည်။ ကျွန်ုပ်နှလုံးသားသည်ဘုရားသခင်ကိုတောင့်တ သောနှလုံးသားဖြင့်ပြည့်ဝခဲ့ပြီး၊မီးတလုံးပမာပူလျက်ရှိခဲ့သည်။ ၄င်းသည် စိတ်ပျက် ဝမ်းနည်းဖွယ်ကောင်းသောအရာမဟုတ်ပေ။ ၄င်းသည် ကျွန်ုပ်နှလုံးသား၌မီးပမာ လောင် ကျွမ်းနေသောအသစ်သောမျှော်လင့်ခြင်းဖြစ်သည်။ ထိုနေ့မှစပြီး အသစ် သောဘာသာရေးဘဝအပြစ်ပြုလာခဲ့ပြီး၊ သခင်ယေရှုသည် ကျွန်ုပ်အပြစ်များ မှကယ်တင်ရန် ကားတိုင်တော်ပေါ်တွင်အသေခံခဲ့သည်ဟု ယုံကြည်ခြင်းရှိခဲ့သည်။
များမကြာမီ ကျွန်တော်အခြားသောဘာသာစကားပြောခဲ့သည်။ နောက် ပိုင်းတွင် သခင်ယေရှုကားတိုင်တော်ပေါ်တွင် သွန်းလောင်းခဲ့သောအသွေးတော်အ ကြောင်းကိုစဉ်းစားသောအခါ မျက်ရည်ကျခဲ့သည်။ ကျွန်ုပ်အတွက်သခင်ယေ ရှုသည် ကားတိုင်တော်ပေါ်တွင်အသွေးတော်သွန်းလောင်းခဲ့သောကြောင့် ကျွန်ုပ် တော်ကျေးဇူးတင်လျက်ရှိသည်။
ထိုအပြစ်အပျက်ကြောင့် ကျွန်ုပ်ဘဝဟောင်းကို ကျွန်တော်စွန့်ပစ်ခဲ့ပြီး၊ ဥပုဒ်နေ့ကိုသန့်ရှင်းရန်စောင့်ထိန်းခြင်းအားဖြင့် အသစ်သောလုပ်ငန်းအစပြုခဲ့ သည်။ ထိုအချိန်တွင် ကျွန်ုပ်နှလုံးသားသည် ခရစ်တော်ကိုချစ်ခြင်းမေတ္တာနှင့်ပြည့် ဝလျက်ရှိသည်။ ကျွန်ုပ်အပြစ်တရားများမှ ကျွန်တော့်ကိုကယ်တင်ရန် သခင်ယေ ရှုကားတိုင်တော်အပေါ်တွင်သွန်းလောင်းသောအသွေးတော်ကို စဉ်းစားသည်အခါ ခါတိုင်းတွင် ကျွန်တော်ကျေးဇူးတင်၍အဆုံးနိုင်ခဲ့ပေ။ ကျွန်ုပ်ဘာသာတရားကိုင်း ရှိုင်းမှုဘဝသည် ကြီးထွားလာခဲ့သည်။ သို့သော် ၄င်းသည် ကားတိုင်တော်ပေါ်တွင် သွန်းလောင်းခဲ့ သောသခင်ယေရှု၏အသွေးတော်ပေါ်၌သာအခြေပြုထားပါသည်။
သို့သော် အချိန်ကြာညောင်းလာသောအခါ ကျွန်တော့်အပြစ်နှင့်အားနည်း ချက်များကြောင့် ကျွန်ုပ်ဘာသာရေးအသက်တာသည် ပျက်စီးရတော့မည့်အခြေ အနေသို့ရောက်ရှိလာခဲ့သည်။ သခင်ယေရှု၏ကားတိုင်တော်ပေါ်တွင်သွန်းလောင်း ခဲ့သောအသွေးတော်ကိုသာကျွန်တော်ယုံကြည်ခဲ့သောကြောင့် ကျွန်တော့်အပြစ် များ အားလုံးဆေးကြောခြင်းအခွင့်မရခဲ့ပေ။ အပြစ်နောင်တရခြင်းနှင့်စပ်ဆိုင် သောဆုတောင်းခြင်းအားဖြင့် ကျွန်တော့်အပြစ်များဆေးကြောရန် ကျွန်တော်ကြိုး စားခဲ့သည်။ သို့သော်လည်း ဘုရားသခင်၏ခွင့်လွတ်ခြင်းရရှိမြော်လင့်ချက်ကြီးစွာ ဖြင့်ကျွန်တော့် ဆုတောင်းခြင်းများသည် ကျွန်ုပ်အပြစ်များအားလုံးဆေးကြောပေး နိုင်ခြင်းမရှိခဲ့ပေ။ ထိုသို့ဖြစ်ခဲ့ရသည့်အကြောင်းမှာ ကျွန်တော်ဘုရားသခင်၏ပ ညတ်တော်ကိုမစောင့်သောကြောင့်ဖြစ်ပါသည်။ ကျွန်ုပ်အပြစ်များသည် ပို၍စုပုံ လာခဲ့သည်။
အပြစ်နောင်တရခြင်းနှင့်စပ်ဆိုင်သောဆုဆောင်းခြင်းအားဖြင့် ကျွန်ုပ် အပြစ်များဆေးကြောသန့်စင်ခြင်းမရှိနိုင်သော်လည်း ကျွန်တော်ဤဆုတောင်း ခြင်းများဖြင့် ဆုတောငး်ရန်ဆက်လက်ကြိုးပမ်းခဲ့သည်။ ကျွန်တော်အပြစ်ပြုမိ သည့်အခါတိုင်း အပြစ်နောင်တရခြင်းနှင့်စပ်ဆိုင်သောဆုတောင်းချက်များနှင့် ကားတိုင်တော်ပေါ်တွင် သွန်းလောင်းသောသခင်ယေရှု၏အသွေးတော်ကိုစဉ်းစား ခြင်းအားဖြင့် အပြစ်များဆေးကြောနိုင်မည်ဟုယုံကြည်ခဲ့သည်။ ကျွန်ုပ်ဘာသာရေး အသက်တာလျှောက်လှမ်းလေလေ ကျွန်ုပ်အားနည်းချက်ကြောင့် ကျွန်ုပ်အပြစ် များစုပုံလေလေဖြစ်ပါသည်။ ဤအပြစ်တရားများကြောင့် ကျွန်တော်ခံစားသော ဒုက္ခများပို၍ကြီးထွားလာပါသည်။
ကျွန်တော် ဖါရိရှဲခရစ်ယာန်တစ်ဦးဖြစ်ခဲ့ပါသည်။ ကျွန်ုပ်အပြစ်တရား၏ ဖိဆီးမှုကိုမထီမဲ့မြင်ပြုကာ အသင်းတော်လူကြီးတစ်ဦးနှင့်ဧဝံဂေလိဆရာတစ်ဦး အဖြစ် ခန့်အပ်ခြင်းခံခဲ့ပါသည်။ ကျွန်တော်အပြစ်တရားနာကျည်းမှုကိုခံစားသည် အခါတိုင်းသတင်းကောင်းဝေငှရန်ထွက်သွားခဲ့သည်။ ၄င်းသည် ကျွန်တော့်အပြစ် များဆေးကြောရန် နည်းလမ်းဖြစ်သည်ဟု ကျွန်တော်စဉ်းစားမိခဲ့သည်။ သို့ရာတွင် ခံယူချက်နှင့်မိမိကိုယ်ကို ပေးဆပ်ခြင်းကိုအခြေပြုသောယုံကြည်ခြင်းမျိုးအားဖြင့် ကျွန်ုပ်အပြစ်များမဆေးကြောနိုင်ပေ။
စာတန်၏ဖမ်းဆီးချုပ်နှောင်မှုကိုလည်း ကျွန်တော်ခံစားခဲ့ပါသည်။ ကျွန်ုပ် အပြစ်တရားကြောင့် တရားစီရင်ခြင်းခံရမည်ကို၄င်း၊ ကျွန်တော်ပြုမိသောအပြစ် ကြောင့် သေရမည်ကို၄င်းကျွန်တော်ခံစားမိခဲ့ပါသည်။ "သင်အပြစ်ပြုခဲ့သည်မ ဟုတ်လား။" စာတန်သည် ကျွန်ုပ်အပြစ်အားဖြင့် ကျွန်တော့်ကိုတရားစီရင်ပြီးနာ ကျင်မှုဖြစ်စေခဲ့ပါသည်။
ကျွန်ုပ်ယုံကြည်ခြင်းသည် ပြိုလုမသတ်ဖြစ်နေသောအခြေအနေသို့ရောက် ရှိသွားခဲ့သည်။ သခင်ယေရှု၏အသွေးတော်ကိုသာယုံကြည်ခြင်းနှင့် နောင်တတ ရားနှင့်ပတ်သက်သောဆုတောင်းခြင်းများအားဖြင့် အပြစ်များမဆေးကြောနိုင် ပေ။ကျွန်ုပ်ထိုအရာများလုပ်ဆောင်ခဲ့သော်လည်း ဝမ်းနည်းပူဆွေးမှုကိုခံစားခဲ့ရ သည်။
ကျမ်းစာသင်ကျောင်းတစ်ခုတွင် ကာလ်ဗီးနီးယဲမ်းယုံကြည်ခြင်းကိုလေ့ လာခြင်းအားဖြင့် ယောဟန်အားဖြင့်သခင်ယေရှုနှစ်ခြင်းခံယူခြင်းအကြောင်းကို စိတ်ဝင်စားမိခဲ့သည်။ သခင်ယေရှုသည် ယေဒန်မြစ်တွင် ဗတ္တိဇံခံရသည့် အကြောင်းကို ဆရာများထံမေးမြန်းခဲ့ပါသည်။ သို့သော်သူတို့ဖြေကြားချက်သည် ဖြစ်လေ့ဖြစ်ထရှိသောပုံသေကားပုံစံဖြစ်သည်။ သခင်ယေရှုသည် ယာဉ်ကျေး သိမ်မွေ့သောကြောင့်၄င်း၊ ဘုရားသခင်၏သားဖြစ်ခြင်းကို ကြွေးကြော်လိုသော ကြောင့်၄င်း ဗတ္တိဇံခံခဲ့သည် ဟုဖြေကြားခဲ့ကြသည်။ သို့ရာတွင် ဤဖြေကြား ချက်များသည် ကျွန်တော်စိတ်ဆန္ဒ ပြင်းပြသောမီးကိုငြိမ်းအောင်မသတ်နိုင်ခဲ့ပေ။
 
 
ယောဟန်အားဖြင့်သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းသမ္မာတရားသည်သတင်းကောင်းကို အသိအမှတ်ပြုစေခဲ့သည်။
 
ကျွန်တော်ကျမ်းစာကျောင်းတက်ခဲ့ပြီးနောက် ကျွန်ုပ်အပြစ်များဆေး ကြောခြင်းမရှိသေးခဲ့ပေ။ ထိုကြောင့်အပြစ်တရား၏ဖိဆီးမှုကိုယခင်ထက်ပို၍ ခံစားလာခဲ့သည်။ ထိုနောက်တနေ့သောအခါ သခင်ယေရှုသည် အဘယ့်ကြောင့် ဗတ္တိဇံခံခဲ့ရ သည်ကို၄င်း၊ ဤလုပ်ဆောင်ချက်အားဖြင့်ဖြောင့်မတ်ခြင်းတရားအား လုံးအဘယ်ကြောင့်ပြီးပြည့်စုံခဲ့သည်ဟုပြောခဲ့ရသည်ကို၄င်း ကျွန်တော်သိရှိလာ ခဲ့သည်။ သတင်းကောင်းသည် သခင်ယေရှုသည် ယောဒန်မြစ်၌ဗတ္တိဇံပေးခြင်းခံ သောအခါ ကျွန်ုပ်အပြစ်များအားလုံးသူ့အပေါ်သို့လွှဲပြောင်းပေးသွားခြင်း ပင်ဖြစ် သည်။ ဘုရားသခင်သည် ဤသမ္မာတရားကို သူ၏နှုတ်ကပတ်တော်အားဖြင့်သိရှိ ခွင့်ပေးခဲ့သည်။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို အကြိမ်ကြိမ်ဖတ်ရှုခဲ့ပြီးနောက်သ တင်းကောင်းမှတ်တမ်းတင်ထားခြင်းတွင် သခင်ယေရှုသည် ယောဟန်မှဗတ္တိဇံခံ ယူစဉ်တွင် ကျွန်ုပ်အပြစ်များအားလုံးသူ့အပေါ်သို့လွှဲပြောင်းပြီးခဲ့ကြောင်းကို၄င်း၊ ကားတိုင်ပေါ်တွင်အပြစ်အတွက်တရားစီရင်ခြင်းခံကြောင်းကို၄င်း ကျွန်တော် နောက်ဆုံးတွင် နားလည်သိရှိခဲ့သည်။
ဤအဖြစ်အပျက်သည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းကို ကျွန်ုပ်အပေါ်မှအမှန်တကယ်ရောက်ရှိနေပြီးဖြစ်ကြောင်း ကျွန်တော်သိရှိခဲ့သော အချိန်ဖြစ်သည်။ ဤသတင်းကောင်းကို ကျွန်တော်သိရှိယုံကြည်ခဲ့ပြီးနောက် ကျွန်ုပ်နှလုံးသား၌ရှိသောအပြစ်များအားလုံးခွင့်လွှတ်ခြင်းရရှိခဲ့သည်။ ကျွန်တော့် ကိုစိတ်ပျက်စေပြီး ဝမ်းနည်းမှုပေးသောအပြစ်တရားကို သတင်းကောင်း၏တန်ခိုး အားဖြင့်ဆေးကြောသန့်စင်ခဲ့ပြီးဖြစ်သည်။ ကျွန်တော့်မရပ်စတမ်းမိမိကိုယ်ကို ပေးဆပ်ခြင်းနှင့်နောင်တရခြင်းနှင့် စပ်ဆိုင်သောဆုတောင်းခြင်းများအားဖြင့်မ ဆေးကြောနိုင်သောထိုအပြစ်တရားများ အားလုံးတစ်ခါတည်းပျောက်ကွယ်သွား ခဲ့လေသည်။ ကျွန်တော်ဘုရားသခင်အား စိတ်နှလုံးဖြူစင်စွာကျေးဇူးတင်ပါသည်။
ကားတိုင်တော်ပေါ်တွင် သခင်ယေရှုသွန်းလောင်းသောအသွေးတော်အား ဖြင့်လောကသားများအားလုံး၏အပြစ်များကိုမဆေးကြောနိုင်ဟု ကျွန်တော်ပြော သောအခါ အမှန်တရားကိုပြောခြင်းဖြစ်သည်။ ယောဟန်အားဖြင့်သခင်ယေရှု ဗတ္တိဇံခံယူခြင်းသည် အပြစ်ဖြေလွတ်ခြင်းဖြစ်စေပါသည်။ ယခုတွင် သူတို့ အပြစ် များအား လုံးဆေးကြောခြင်းရရှိခဲ့ပြီးဟု သိရှိယုံကြည်သောသူအားလုံးက ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ကျေးဇူးတင်သင့်ပေသည်။ ယခု ရေနှင့်ဝိညာဉ် တော်သတင်းကိုကျွန်တော်ယုံကြည်ခဲ့ခြင်းကြောင့်၄င်း၊ကျွန်ုပ်နှလုံးသားမှ အပြစ် များယူဆောင်သွားခဲ့ပြီဟုသားတော်အားဖြင့်သက်သေထူသော ဘုရားသခင်၏ သက်သေခံချက်စကားတော်ကို၄င်း ကျွန်တော်ယုံကြည်ခဲ့သောကြောင့် ကျွန်ုပ်အ တွင်းနှလုံးသားတွင် သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ခြင်းရရှိခဲ့သည်။ ကျွန် တော်သတင်းကောင်းကို ယုံကြည်ခဲ့ပြီးဖြစ်သောကြောင့် ချိုးငှက်ကဲ့သို့သန့် ရှင်းသောဝိညာဉ်တော်ကို ကျွန် တော်ရရှိခဲ့သည်။
ကျွန်ုပ်နှလုံးသားထဲတွင် သန့်ရှင်းသောဝိညာဉ်တော်အလုပ်လုပ်သောအ ချိန်မှစပြီး၊ ဝိညာဉ်ပိုင်းဆိုင်ရာလုပ်ငန်းများလုပ်ဆောင်ရန်၊ တနည်းအားဖြင့် သတင်းကောင်းဝေငှရန် ကျွန်တော်စွမ်းဆောင်နိုင်ခဲ့သည်။ ယခု ကျွန်ုပ်နှလုံးသား ထဲတွင် အပြစ်တရားမရှိတော့ပေ။ ယောဟန်အားဖြင့်သခင်ယေရှုဗတ္တိဇံခံယူခြင်း နှင့်ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်းသောအသွေးတော်က ကျွန်ုပ်အပြစ် များမှလွတ်ငြိမ်းခွင့်ရရှိစေခဲ့ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းကိုလည်း ရရှိစေခဲ့သည်။ ဟာလေလုယ။ ဘုရားသခင်ဘုန်းကြီးပါစေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်အပေါ်ညင်သာစွာဆင်းသက်လာခဲ့ပြီး၊ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ယုံကြည်သောအချိန်မှစ၍ သူသည် ကျွန်ုပ်နှလုံးသား ထဲတွင် ကိန်းဝပ်လျက်ရှိသည်။ သူသည် ကျွန်ုပ်နှလုံးသားထဲတွင် တခါတရံချိုး ငှက်ကဲ့သို့အလုပ်လုပ်ပြီး၊ တခါတရံ လောင်ကျွမ်းသောမီးကဲ့သို့အလုပ်လုပ်လျက်ရှိ သည်။
ယခု မိတ်ဆွေသည်လည်း ရေနှင့်ဝိညာဉ်တော်သတင်းကိုယုံကြည်လက်ခံ လျှင် သန့်ရှင်းသေသာဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင်ပါသည်။ ကျွန်တော်နှင့်အ တူ သန့်ရှင်းသောဝိညာဉ်တော်ရရှိပြီး၊ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည် ခြင်းအားဖြင့်ဘုရားသခင်၏နာမတော်ကိုချီးမွမ်းလိုသလား။ လောက တခွင်လုံးသို့ သွားပြီး ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကျွန်တော်နှင့်အ တူဟောပြောလိုသလား။ ရေနှင့်ဝိညာဉ်တော်သတင်းသည် မိတ်ဆွေကိုစင်ကြယ် စေပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိစေခဲ့သည်။ ယုံကြည်ခြင်း တစ်ခုမှတစ်ခုသို့ သတင်းကောင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရား သည် ထင်ရှားလျက်ရှိသည်။ ထိုကြောင့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံ ကြည်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
 
 
ကျွန်ုပ်အတွက်သန့်ရှင်းသောဝိညာဉ်တော်ပြုခဲ့သောအံသြဖွယ်ကောင်း သောအရာများ
 
သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိခဲ့ပြီးနောက် သတင်းကောင်း အကြောင်းဝေငှနိုင်ရန်အတွက်အသင်းတော်သစ်တစ်ပါးသို့ ကျွန်တော်အလုပ် လုပ်ခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော့်အားသတင်းကောင်း တန် ခိုးရှိစွာ ဝေငှခွင့်ပေးခဲ့သည်။
အောက်တွင်ဖော်ပြထားသောအဖြစ်အပျက်တစ်ခုသည် ကျွန်တော် မမြော်လင့်ဘဲတွေ့ကြုံခဲ့သောအရာတစ်ခုဖြစ်သည်။ ကျွန်တော်နေထိုင်ခဲ့သောမြို့ တစ်ခုတွင် နိုင်ငံခြားသားများနှင့်အရောင်းအဝယ်ပြုလုပ်သောအပ်ချုပ်သမီးတစ်ဦး ရှိခဲ့သည်။ ထိုသူသည် သင်းထောက်လူကြီးတစ်ဦးဖြစ်သည်။ သူသည် တနေ့ ဟော်တယ်တစ်ခုရှေ့ မှာစီးပွါးရေးလုပ်ငန်းလုပ်ဆောင်ရန် လူတစ်ဦးနှင့်မိတ်သပ် ရပ်သောအခါ ထိုနေရာတွင် ကျွန်ုပ်တို့ပိုစတာကိုတွေ့ရှိခဲ့သည်။ သူသည် ကျွန်ုပ်တို့ခေါ်စာကိုကြည့်သောအခါ အလွန်စိတ်ဝင်စားခဲ့ပြီး ကျွန်တော့်ကို ဆက်သွယ်ခဲ့သည်။ သူသည်ကျွန်တော် နှင့်တွေ့ခဲ့ပြီး၊ အချိန်ကြာမြင့်စွာအပြစ်နွံထဲ ၌အသက်ရှင်ခဲ့ကြောင်း ကျွန်တော့်ထံပြောခဲ့သည်။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကိုငါးနာရီးအတွင်းဆွေးနွေးခဲ့ပြီးနောက် သူသည် နောက်ဆုံးတွင် အပြစ်လွတ်ခြင်းနှင့်ဆိုင်သောသမ္မာတရားကို နားလည်သိ ရှိခဲ့သည်။ ထိုအချိန်တွင် သူသည် ဒုတိယအကြိမ်မွေးဖွါးခြင်းခံခဲ့ရပြီး၊ သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ် ခြင်းကိုလည်းရရှိခဲ့သည်။
ဘုရားကျောင်းအဆောက်အဦးအတွက် ကျွန်တော်ရှာဖွေနေသည့်အချိန် တွင် အခြားသောပုံပြင်တစ်ခုဖြစ်ပေါ်ခဲ့သေးသည်။ လှပ၍အလွန်တန်ဖိုးကြီးသော အဆောက်အဦးကို ကျွန်တော်တွေ့ရှိခဲ့သည်။ ထိုအချိန်တွင်၄င်းကို ဘုရားကျောင်း အဆောက်အဦးအဖြစ်ငှါးရမ်းသုံးစွဲရန် ငွေကြေးလုံလောက်မှုမရှိခဲ့ပေ။ ထိုအ ဆောက်အဦးသည်ငှါးရမ်းသုံးစွဲရန် ငွေကြေးများစွာကုန်ကျလိမ့်မည်ကို ကျွန်တော် ခန့်မှန်းခဲ့သည်။ သို့သော်လည်းသန့်ရှင်းသောဝိညာဉ်တော်က "အားယူ၍ စိတ်ချ မှုရှိပါ"ဟုပြောခဲ့သည်။ အံ့သြစရာတစ်ခုမှာ ကျွန်တော်ဘုရားသခင်၏အမှုတော် လုပ်ဆောင်နိုင်ရန်အတွက်အဆောက်အဦးတစ်ခုရရှိခဲ့သည်။ သန့်ရှင်းသောဝိညာဉ် တော်၏အကူအညီအတွက် ကျွန်တော်ကျေးဇူးတင်ပါသည်။ ထိုအချိန်မှစ၍ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို သန့်ရှင်းသောဝိညာဉ်တော်ကဝေငှခွင့်ပေးခဲ့ သည်။ဤချိန်အထိတိုင် သန့်ရှင်းသောဝိ၏ညာဉ်တော်သည်ကျွန်တော့်နှလုံးသား ထဲတွင်ကိန်းဝပ်လျက် ကျွန်တော်နှင့်အတူပါရှိပြီး၊ လူသားအားလုံးအပေါ်သတင်း ကောင်းဝေငှရန်အားတက်စေခဲ့သည်။ ဤသတင်းကောင်းကိုကြားသိယုံကြည် သောသူများသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိကြောင်း ကျွန်တော် သိရှိမြင်တွေ့ခဲ့သည်။
ဤသတင်းကောင်းကိုဝေငှရန်စွမ်းဆောင်ပေးခဲ့သော သန့်ရှင်းသောဝိ ညာဉ်တော်ကို ကျွန်တော်ကျေးဇူးတင်ပါသည်။ ကျွန်ုပ်အတွက် သန့်ရှင်းသော ဝိညာဉ်တော်ပြုသောအမှုများအားလုံးရေးလျှင်ကျွန်ုပ်ဘဝတစ်ခုလုံး လုံလောက် မည်မဟုတ်ဟု ကျွန်တော်သိရှိခဲ့သည်။ ကျွန်ုပ်နှလုံးသားမှအသက်စမ်းရေကိုအခ မဲ့စီးဆင်းခြင်းဖြင့်အသက်ရှင်ရန် သန့်ရှင်းသောဝိညာဉ်တော်ကအသက်ရှင်စေခဲ့ သည်။ ကျွန်ုပ်ထဲ၌ကိန်းဝပ်သောသန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်တော်ကျေးဇူး တင်ပါသည်။
 
 
ရေနှင့်ဝိညာဉ်တော်သတင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် သူနှင့်အတူ လျှောက်လှမ်းသောအသင်းတော်ကို တည်ထောင်ခဲ့သည်။
 
တခါက သတင်းကောင်းဝေငှရန် တောနက်သို့ကျွန်တော်သွားခဲ့ဖူးသည်။ ထိုအချိန်တွင် ဘုရားသခင်သည် ကျွန်တော့်ကို သေးငယ်သောမြို့တစ်ခုသို့ဦး ဆောင်ခဲ့ပြီး၊ ထိုနေရာတွင် ဘုရားသခင်ကိုရှာဖွေသောလူတစ်စုကိုကျွန်တော် တွေ့ခဲ့သည်။ သူတို့ကို သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းဖြစ်စေသော သတင်းကောင်းကို ဘုရားသခင်က ဝေငှခွင့်ပေးခဲ့သည်။ သူတို့သည် သတင်း ကောင်းကို နားထောင်ယုံကြည်ခြင်းအားဖြင့်သန့်ရှင်းသောဝိညာဉ်တော်ရရှိခဲ့ကြ သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်တော့်လုပ်ဆောင်ဖက်ဖြစ်လာခဲ့ သည်။ ထိုအချိန်မှစ၍ ဤသတင်းကောင်းကို ကမ္ဘာနေရာအနှံ့အပြားသို့သူတို့နှင့် အတူဝေငှခဲ့သည်။
ထိုအချိန်တွင် သူတို့သည် သေးငယ်သောအဖွဲ့အစည်းတစ်ခုသာ ဖြစ်သည်။ မည်သည့်အသင်းအဖွဲ့ချုပ်နှင့်ပတ်သက်မှုမရှိခဲ့ကြပေ။ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်းအသက်ရှင်လိုခဲ့ကြသည်။ သို့သော်သူ တို့သည် အပြစ်တရား၌ကျေးကျွန်ဘဝသို့ရောက်ခဲ့ကြသောကြောင့် သူတို့အပြစ် များမှလွတ်ငြိမ်းရန် ဘုရားသခင်ထံငြွေိုကးပြီးဆုတောင်းလေ့ရှိခဲ့ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်တော့်အား ဤလူနည်းစုများထံသို့စေလွှတ် ခဲ့ပြီး၊ သတင်းကောင်းဝေငှရန် အခွင့်ပေးခဲ့သည်။ ကျွန်ုပ်တို့သည် တစ်ယောက် နှင့်တစ်ယောက်တွေ့ဆုံကြရန် သန့်ရှင်းသောဝိညာဉ်တော်ကပြင်ဆင်ပေးခဲ့သည် ကို ကျွန်တော်သိရှိခဲ့သည်။ ဝတ်ပြုရာကျမ်းထဲတွင်ဖော်ပြထားသော ယဇ်ပူ ဇော်ခြင်းဖြင့်အပြစ်ပြုပြီး ရေနှင့်ဝိညာဉ်တော် သတင်းကောင်းဝေငှရန် ဘုရား သခင်က ကျွန်ုပ်အားခွင့်ပေးခဲ့သည်။ သတင်းကောင်းစကားအားဖြင့် လူတွေက သန့်ရှင်းသောဝိညာဉ်တော်ရရှိခဲ့ကြသည်။
သတင်းကောင်း၌ ထိုယုံကြည်သူများနှင့်အတူ ဘုရားသခင်ကသန့်ရှင်း သောဝိညာဉ်တော်၏အသင်းတော်ကို တည်ထောင်ခဲ့သည်။ သတင်းကောင်းအား ဖြင့်သန့်ရှင်းသောဝိညာဉ်တော်က သူတို့ကို သခင်ယေရှု၏တပည့်တော်များဖြစ်စေ ခဲ့သည်။ ယခု ပို၍များပြားသောသိုးများသည် သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် နှင့် အသင်းတော်သို့ဝင်ရန် စတင်နေခဲ့ကြပြီးဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်သည် သာသနာပြုကျမ်းစာသင်ကျောင်းဖွင့် လှစ်စေခဲ့ပြီး တပည့်များစွာမွေးထုတ်စေခဲ့သည်။ လူတွေအပေါ်ဘုရားသခင်၏နှုတ် က ပတ်တော်ဝေငှရန် သန့်ရှင်းသောဝိညာဉ်တော်သည်ကျွန်တော့်ကိုကူညီခဲ့ပြီး၊ ယုံကြည်ခြင်းအားဖြင့်နာခံခြငး်ရှိရန် သူတို့ကိုလည်းကူညီခဲ့သည်။ သူတို့သည် ဘုရားသခင်၏ကျွန်များအဖြစ်စေခံခဲ့ကြသည်။ သူတို့သွားသောနေရာတိုင်းတွင် သတင်းကောင်းလုပ်ဆောင်ချက်များဖြစ်ပေါ်ရန် ဘုရားသခင်ကခွင့်ပြုခဲ့ပြီး၊ သူတို့ အားဖြင့် ဘုရားသခင်သည် သူ၏အသင်းတော်ကိုထူထောင်ခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အစေခံကျွန်များအား ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ဝေမျှရန် လမ်းပြဦးဆောင်နေသည်။ အပြစ်လွတ်ခြင်းခံရသောသူများဖြစ်သော ဖြောင့်မတ်သောသူများကို သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်နှင့်ပေါင်း စည်းစေခဲ့ပြီး၊ ဤလောကတွင် ဖြောင့်မတ်သောဘဝဖြင့်အသက်ရှင်ရန် ကောင်းချီး ခံစားစေ ခဲ့သည်။
စာတန်သည်လွန်ခဲ့သောအချိန်များစွာကတည်းကစပြီး လူတွေကလိမ် ညာခဲ့ပါသည်။ ယခုတွင်လည်းသူသည် လူတွေကိုလိမ်ညာနေပါသည်။ စာတန် သည် လူတွေအား အပြစ်နောက်တရခြင်းနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများ၊ အစာရှောင် ခြင်းနှင့်လက်တင်ခြင်းများအားဖြင့်သန့်ရှင်းသောဝိညာဉ်တော်ရရှိလိမ့် မည်ဟု ပြောသည်။ ဤပြောကြားချက်သည်မှားယွင်းနေပါသည်။ အပြစ်နောင် တရခြင်းနှင့်ဆိုင် သောဆုတောင်းခြင်းနှင့်လက်တင်ခြင်းအားဖြင့် လူတွေကသန့် ရှင်းသောဝိညာဉ်တော် မရရှိနိုင်ကြပေ။ ကျွန်ုပ်တို့အားဘုရားသခင်ပေးထားခဲ့သော ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကိုယုံကြည်ခြင်းအားဖြင့်အပြစ်များအားလုံး လွတ်ခြင်းရရှိသောအခါ သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်သည်။ ဤအရာသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်ခြင်း၏စစ်မှန်သောအနက်အဓိပ္ပါယ်ဖြစ်သည်။ လူတွေက သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင်ရန်အတွက် သန့်ရှင်း သောဝိညာဉ်တော်သည် သခင်ယေရှု၏တပည့်တော်များအား ရေနှင့်ဝိညာဉ်တော် သတင်းကောင်းဟောပြောရန် မရပ် စတမ်းလမ်းပြဦးဆောင်နေသည်။
 
 
သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အား ကမ္ဘာတစ်ဝှမ်းလုံး၌ စာပေသာသနာလုပ်ငန်းလုပ်ဆောင်စေခဲ့သည်။
 
တမန်တော်ရှင်ပေါလုသည် သူ၏စာစောင်များတွင် သတင်းကောင်းချန် ထားခဲ့သည့်နည်းတူ၊ ကျွန်ုပ်နှလုံးသားတွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်ခြင်းသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို စာအုပ်စာပေများအားဖြင့် ဝေငှဖြန့်ချီခဲ့ပါသည်။ ထိုကြောင့်ယုံကြည်သူများသန့်ရှင်းသောဝိညာဉ်တော်ရရှိစေ နိုင်သောသတင်းကောင်းပါဝင်သည့်ခရစ်ယာန်စာအုပ်စာပေများကို ကျွန်ုပ်တို့ ထုတ်ဝေဖြန့်ချီထားခြင်းဖြစ်သည်။ ပထမတွင် ကျွန်ုပ်တို့သည် စာမျက်နှာ အနည်းငယ်သာပါဝင်သော လက်ကမ်းစာစောင်များထုတ်ဝေခဲ့သည်။ သို့သော် များမကြာမီ သတင်းကောင်းကို ကမ္ဘာ့နေရာအနှံ့အပြားသို့စာအုပ်များဖြင့်ဖြန့် ချီခဲ့ပါသည်။
စာအုပ်ဖတ်ရှုခြင်းနှင့်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် သူတို့ အပြစ်လွတ်ခြင်းရရှိခဲ့ပြီးနောက် ကျွန်ုပ်၌ကိန်းဝပ်သောသန့်ရှင်သောဝိညာဉ်တော် သည် အသင်းတော်သို့လူများစွာပို့ဆောင်ပေးခဲ့သည်။ ထိုပြင်၊ အခြားသောတိုင်း တပါးဘာသာစကားပေါင်းစုံဖြင့် သတင်းကောင်းကို သန့်ရှင်းသောဝိညာဉ်တော် ကဝေငှစေခဲ့သည်။ အမေရိကနိုင်ငံအပါအဝင် ကမ္ဘာနေရာအနှံ့တွင်ရှိသောနိုင်ငံ ပေါင်း ၁၅၀ တွင် သန့်ရှင်းသောဝိညာဉ်တော်က သတင်းကောင်းဝေငှခွင့်ပေး ခဲ့သည်။
ကမ္ဘာ့သာသနာလုပ်ငန်းအတွက် ဆုတောင်းပေးရန် သန့်ရှင်းသောဝိညာဉ် တော်က ယုံကြည်သူများကိုခွန်အားပေးခဲ့ပြီး၊ သတင်းကောင်းကို ဘာသာစကား အမျိုးမျိုးဖြင့်ဘာသာပြန်ဆိုစေခဲ့ကာ မတူညီသောလူမျိုးအမြားအပြားက ၄င်းကို ကြား သိယုံကြည်ရန်အတွက် စာပေသာသနာလုပ်ငန်းအားဖြင့် သတင်းကောင်း ကို သန့်ရှင်းသောဝိညာဉ်တော်က ဟောပြောစေခဲ့သည်။ သန့်ရှင်းသောဝိညာဉ် တော်သည် အခြားသောနိုင်ငံတွင်ရှိသောတပည့်တော်အသစ်များနှင့်အတူအမှု တော်ထမ်းဆောင်ရသောအခွင့်ပေးခဲ့ပြီး၊ ထိုနေရာတွင် သူတို့နှင့်အတူသတင်း ကောင်းဝေငှရသောအခွင့်ပေးခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်တော် ကျေးဇူးတင်ပါ သည်။
ရုရှားနိုင်ငံတွင်သတင်းကောင်းဟောပြောရန် သန့်ရှင်းသောဝိညာဉ်တော် က ကျွန်ုပ်အားစိတ်ဆန္ဒပြင်းပြမှုဖြင့်ပြည့်ဝစေခဲ့သည်။ သန့်ရှင်သောဝိညာဉ်တော် ကဆု တောင်းစေခဲ့ပြီး၊ သမ္မာတရားကိုရှာဖွေသောရုရှားဧဝံဂေလိဆရာများနှင့် တွေ့ဆုံစေခဲ့ကာ ထိုသူတို့ထံသတင်းကောင်းဟောပြောစေခဲ့သည်။ ထိုအချိန်သည် သတင်း ကောင်းကိုပထမဦးဆုံးကြားသိသောအချိန်ဖြစ်သည်။ သူတို့သည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကိုကြားသိယုံကြည်ခဲ့ပြီးနောက် ကျွန်ုပ်တို့ နည်းတူ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ရရှိခဲ့ကြသည်။
ဗမာ်စကိုတက္ကသိုလ် ပါမောက္ခတစ်ဦးသည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကိုကြားခဲ့ပြီးနောက် ကျွန်ုပ်ထံဤသို့ဝန်ခံခဲ့သည်။
"ကျွန်တော်ဘုရားသခင်ကို ယုံကြည်ခဲ့တာ (၆) နှစ်ရှိခဲ့ပြီ။ သို့သော် ကျွန်တော်ဘုရားသခင်ကို အမှန်မသိဘဲယုံကြည်ခဲ့တယ်။ သို့ဖြစ်သော်လည်း ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကိုကျွန်တော်ကြားခဲ့ပြီးနောက်ခိုင်မာသော ယုံကြည်ခြင်းရှိခဲ့ပြီး၊ ကျွန်ုပ်နှလုံးသား၌ ငြိမ်သက်သောနှစ်သိမ့်မှုရှိခဲ့တယ်။ ကျွန် တော်ဘုရားသခင်ကိုအထူးဘဲကျေးဇူးတင်ပါတယ်။ စစ်မှန်သောယုံကြည်ခြင်း မျိုးအားဖြင့် ဘာသာရေးအသက်တာလျှောက်လှမ်းနိုင်ခဲ့သည်ဟု ကျွန်တော်မိမိ ကိုယ်ကိုတွေးမိခဲ့တယ်။ န်တော့်ဘာသာတရားကိုင်းရှိုင်းသောအသက်တာသည် ကျွန်ုပ်တို့အပြစ်အတွက် အသေခံသောသခင်ယေရှု၏အသွေးတော်ကိုသာယုံ ကြည်ခြင်းသာဖြစ်တယ်။သို့သော် ဘုရားသခင်သည် ကျွန်ုပ်အပြစ်များအားလုံး ဆေးကြောခဲ့သည်ကို ကျွန်တော်သေချာ မသိခဲ့ပေ။
ထိုနောက်ကျွန်တော် ဒုတိယမွေးဖွါးခြင်းခံခဲ့သောသင်းအုပ်ဆရာတစ်ပါး နှင့် တွေ့ခဲ့တယ်။သူက ကျွန်ုပ်တို့အပေါ်ဘုရားသခင်ပေးထားခဲ့သောသတင်း ကောင်းကို ဝေငှခဲ့တယ်။ ၄င်းအားဖြင့် ကျွန်တော်အပြစ်သားဖြစ်သေးကြောင်းသိရှိ ခဲ့ရတယ်။ သတင်းကောင်းနှင့် ဖြောင့်မတ်ခြင်းအဓိပ္ပါယ်အကြောင်းကို ရှာဖွေတွေ့ ရှိရန် ကျွန်တော်ပို၍ကြိုးစားခဲ့တယ်။ သခင်ယေရှုဗတ္တိဇံခံသောအခါ သူ့အပေါ်မှာ ကျွန်ုပ်အပြစ် များအားလုံးလွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း ကျွန်တော်သိရှိနားလည် ခဲ့တယ်။ ၄င်းသည် သတင်းကောင်းဖြစ်တယ်။ သခင်ယေရှုဗတ္တိဇံခံယူသောအခါ ဗီဇအပြစ်များ၊ နေ့စဉ်ပြုမိသောအပြစ်များနှင့် နောက်အနာဂတ်တွင်ပြုမည့်အပြစ် အားလုံးများသူ့အ ပေါ်သို့လွှဲပြောင်းပြီးခဲ့ပြီဖြစ်ကြောင်းကျွန်တော်နားလည်သိရှိ ခဲ့တယ်။ ဤသတင်းကောင်းကို ကြားနာယုံကြည်ခြင်းအားဖြင့် ဒုတိယမွေးဖွါးခြင်း ခံခဲ့သောသူအဖြစ် ကြီး မားသောဝမ်းမြောက်ခြင်းကို ကျွန်တော်ခံစားခဲ့တယ်။}}
ဤပါမောက္ခအပါအဝင် ရုရှားလူမျိုးအမြားအပြားတို့သည် ရေနှင့်ဝိညာဉ် တော်သတင်းကို ကြားနာယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ရ ရှိခဲ့ကြသည်။ ယခုထိုနေရာတွင် သန့်ရှင်းသောဝိညာဉ်တော်၏အသင်းတော်တည် ထောင်ခဲ့ပြီးဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ခြင်းအားဖြင့် ပို၍ များပြားသောလူတို့က သတင်းကောင်းကိုယုံကြည်ခဲ့ကြသည်။ ဘုရားသခင်သည် ဤအမှုများအားလုံးကိုပြုခဲ့ပြီးဖြစ်သောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန် တော်အထူးကျေးဇူးတင်လိုပါသည်။
ကျွန်ုပ်အထဲတွင် သန့်ရှင်းသောဝိညာဉ်ကိန်းဝပ်ခြင်းက ရေနှင့်ဝိညာဉ် တော် သတင်းကောင်းကိုယုံကြည်သောသူများအားလုံးကဲ့သို့ ကျွန်တော့်ကို ဒုတိ ယမွေးဖွါးခြင်းခံသောခရစ်ယာန်တစ်ဦးဖြစ်စေခဲ့သည်။ ယခုသတင်းကောင်းကို ကျွန်တော် ကမ္ဘာနေရာအနှံ့အပြားသို့ဝေငှခဲ့ပါသည်။ သတင်းကောင်းနှင့်ပတ်သက် သော ကျွန်ုပ်တို့စာအုပ်များအင်္ဂလိပ်ဘာသာစကားသာမက၊ ကမ္ဘာပေါ်တွင်ရှိသော တခြားဘာသာစကားမျိုးစုံတို့ဖြင့် ဆက်လက်ဘာသာပြန်ဆိုစေခဲ့သည်။ ကမ္ဘာတစ် ဝှမ်းလုံး၌ ဤသတင်းကောင်းကို ကျွန်ုပ်တို့အားဟောပြောခွင့်ပေးခဲ့သည်။ ကျွန် တော်သန့်ရှင်းသောဝိညာဉ်တော်ကိုကျေးဇူးတင်ပါသည်။ မိတ်ဆွေသည်လည်း သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင်ပါသည်။ သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းရရှိရန် ဘုရားသခင်သည်မိတ်ဆွေအားအလိုတော်ရှိသည်။
သန့်ရှင်းသောဝိညာဉ်တော်၏နာမတော်ဖိတ်ခေါ်ခြင်းနှင့် ဘုရားသခင်ထံ တော်သို့ပြင်းထန်စွာဆုတောင်းခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် ကြိုးစားခဲ့ကြသည်။ သို့သော် သခင်ယေရှုပေးခဲ့သောရေနှင့်ဝိညာဉ်တော်သတင်း ကောင်းမပါ ဘဲသန့်ရှင်းသောဝိညာဉ်တော်ရရှိရန်ကြိုးစားခြင်းသည် မှားယွင်းမှု တစ်ခုဖြစ်သည်။ သခင်ယေရှု၏ရေနှင့်ဝိညာဉ်တော်သတင်းကောင်း မပါဘဲလူတစ် ဦးသည်သန့်ရှင်းသော ဝိညာဉ်တော်ရရှိနိုင်သည်ဟုပြောခြင်းသည်မှားယွင်းသော သွန်သင်မှုဖြစ်သည်။
သခင်ယေရှု၏တပည့်တော်များသည် သူတို့အပေါ်မှာသခင်ယေရှုပေးခဲ့ သောသတင်းကောင်းကိုယုံကြည်ခြင်းမရှိဘဲ သန့်ရှင်းသောဝိညာဉ်တော်ရရှိခဲ့ကြ သလား။ သူတို့သည် လုံးဝမရခဲ့ကြပေ။ ယခုနေ့ရက်တွင်လည်းရေနှင့်ဝိညာဉ် တော်သ တင်းကောင်းကိုယုံကြည်သောသူများအပေါ်၌သာသန့်ရှင်းသော ဝိညာဉ် တော်ကိန်းဝပ်သည်ကို၄င်း၊ သူတို့နှလုံးသားများမှသန့်ရှင်းသောဝိညာဉ်တော်၏အ သက်စမ်းရေစီးဆင်းသည်ကို၄င်း မိတ်ဆွေသိသင့်ပါသည်။ ယခုချိန်၌ပင်လျှင်သန့် ရှင်းသောဝိညာဉ် တော်၏အသက်စမ်းရေသည် သတင်းကောင်းနှင့်အတူ ကျွန်တော့်နှလုံးသားမှစီးဆင်းနေသည်။ ဟာလေလုယ။ ဘုရားသခင်ကိုအထူး ကျေးဇူးတင်ပါ၏။