တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-9] (ဧဖက်သြဝါဒစာ ၂း၁၄-၂၂) ကျွန်ုပ်တို့ကိုသန့်ရှင်းစေခဲ့သောသခင်ယေရှု၏ဗတ္တိဇံသတင်းကောင်း

(ဧဖက်သြဝါဒစာ ၂း၁၄-၂၂)
"အဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည်ငါတို့၏ရန်ငြိမ်းခြင်းအ ကြောင်းဖြစ်တော်မူ၏။ ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော ပညတ်တရား တည်း ဟူသောရန်ငြိုးဖွဲ့ခြင်း၏အကြောင်းကိုကိုယ်ခန္ဓာတော်တွင်ပယ်ရှင်းတော်မူသဖြင့် ပိုင်းခြားလျက်ရှိသောစပ်ကြားအုတ်တံတိုင်းနံရံကိုဖြိုဖျက်၍။ လူမျိုးနှစ်စုတို့ကို တစ်စုတည်းဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ငြိမ်းစေပြီး လျှင်ကိုယ် တော်၌ထိုလူနှစ်စုတို့ကို လူသစ်တဦးတကိုယ်တည်းဖြစ်စေခြင်းငှါ ပြင်ဆင်၍၊တ လုံးတဝတည်းဖြစ်ပြီးသောထိုလူနှစ်စုတို့ကိုလက်ဝါးကပ်တိုင်တော် အားဖြင့်ရန်ကို သတ်ဖြတ်လျက်၊ ဘုရားသခင်နှင့်မိတ်သာဟာရဖွဲ့စေမည်အကြောင်းတည်း။ ထို ခရစ်တော်သည်လည်းကြွလာ၍ဝေးလျက်ရှိသောသင်တို့အား၄င်း၊ နီးလျက်ရှိသော ငါတို့အား၄င်း၊ ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကိုဟောတော် မူ၏။ထိုသို့ခရစ်တော်အားဖြင့် ငါတို့နှစ်ဦးသည် စိတ်ဝိညာဉ်တလုံးတဝတည်း ဖြစ်၍။ ခမည်းတော်ထံသို့တိုးဝင်ရမည့်အခွင့်ကိုရကြပြီ။ ထို့ကြောင့်၊ သင်တို့ သည်တကျွန်းတနိုင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့အမျိုး သားချင်းဖြစ်ကြ၏။ ဘုရားသခင်၏အိမ် တော်သားလည်းဖြစ်ကြ၏။ အဘယ် သို့နည်းဟူမူကား၊ တမန်တော်တို့မှစ၍၊ ပရောဘက်များတည်းဟူသောတိုက်မြစ် အပေါ်၌ သင်တို့သည်ထပ်ဆင့်၍တည် ဆောက်လျက်ရှိကြ၏။ ထိုတိုက်တောင့် အမြစ်ကျောက်ကား၊ ယေရှုခရစ်တော် ဖြစ်သတည်း။ ထိုကျောက်နှင့်တတိုက်လုံး သည်စေ့စပ်၍ကြီးပွါးသဖြင့်၊ သခင် ဘုရားအဖို့အလိုငှါသန့်ရှင်းသောဗိမာန်တော် ဖြစ်၏။ ထိုဗိမာန်တော်၌လည်း၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့်ကျိန်းဝပ် တော်မူခြင်းအလိုငှါသင်တို့ သည်ငါတို့နှင့်အတူတည်ဆောက်လျက်ရှိကြ၏။"
 
 
ဆင်းရဲနွမ်းပါးမှုကြောင့်မွေးစားခြင်းခံသောကလေး
 
မည်သည့်အရာလူတစ်ယောက်ကိုဘု ရားသခင်နှင့် ဝေးကွာစေခဲ့သနည်:
သူ၏အပြစ်ကဝေးကွာစေခဲ့သည်။
 
ကိုးရီးယားစစ်ပွဲပြီးနောက် ရာစုထက်ဝက်အချိန်ကုန်လွန်သွားခဲ့ပြီးဖြစ် သည်။ သို့သော်ထိုစစ်ပွဲသည်ကိုးရီးယားလူမျိုးများကြားတွင် ကြီးမားသော ဒဏ်ရာများချန်ထားခဲ့ပါသည်။ ကိုးရီးစစ်ပွဲ၏ဆိုးကျိုးတစ်ခုမှာ မြောက်များစွာ သောကိုးရီးယား ကလေးငယ်များသည် တခြားနိုင်ငံများသို့မွေးစားခြင်းခံခဲ့ကြ သည်။ ထိုအချိန်တွင် ယူနိုက်တက်နယ်ရှင်း စစ်တပ်များကိုးရီးယားနိုင်ငံသို့ရောက် လာခဲ့ကြပြီး ကူညီထောက်ပံ့မှုများစွာပေးခဲ့ကြသော်လည်း စစ်သားများပြန်သွားခဲ့ ကြသောအခါ များစွာသောကလေးသူငယ်များသည်ဖခင်မရှိသောသူများအဖြစ် ကျန်ရစ်ခဲ့ကြသည်။
မိန်းမနှင့်ကလေးများစွာ ရရှိခဲ့ကြသောများစွာသောယူအင်(UN)စစ်သား များသည် သူတို့နေအိမ်သို့ပြန်သွားခဲ့ကြသောအခါ သူတို့မိသားစုကို နောက်တွင် ချန်ထားခဲ့ကြသည်။ ဤများစွာသောကလေးငယ်များကို သူတို့မိခင်များက မိဘမဲ့ ကလေးထိန်းကျောင်းသို့တဖန်စွန့်ပစ်ခဲ့ကြပြီး၊ ၄င်းမှဝေးလှံသောတခြားနိုင်ငံများ သို့မွေးစားရန်ပို့ခဲ့ကြသည်။ ဤကလေးငယ်များက သူတို့ကို ကောင်းမွန်စွာပြုစု စောင့်ထိန်းရန်မွေးစားမိဘများတွေ့ရှိကြခြင်းသည် ကံကောင်းခြင်းတစ်ပါးဖြစ်ပါ သည်။
ဤမွေးစားကလေးများအသက်ကြီးလာသောအခါ သူတို့သည် သူတို့မိဘ များ၊ အိမ်နီးချင်းများနှင့်လုံးဝမတူခဲ့ကြသည်သူ သူတို့ကသိရှိခဲ့ကြသည်။ သူတို့ သည် ဝေလှံသောကိုးရီးနိုင်ငံမှမွေးစားခြင်းခံသောသူများဖြစ်ကြသည်ကို သိရှိခဲ့ကြ သည်။"ကျွန်ုပ်မိဘများက ကျွန်ုပ်ကိုအဘယ့်ကြောင့်စွန့်ပစ်ခဲ့သလဲ။ ကျွန်ုပ်ကိုမချစ် လို့ဤနိုင်ငံသို့ပို့လိုက်တာလား။" ဤကလေးငယ်များ၏ ငယ်ရွယ်သောစိတ်အား ဖြင့် ဖြစ်ပျက်ခဲ့သောအကြောင်းအရာများကို သူတို့ကနားမလည်နိုင်ကြပေ။
သူတို့၏မိဘများကိုသိလိုသောစိတ်နှင့်မုန်းတီးစိတ်များသည် တဖွားဖွား ကြီးထွားလာသည်နှင့်အမျှ မိဘများနှင့်ဆုံတွေ့ရန်တောင့်တခဲ့ကြသည်။ "ကျွန်ုပ် မိဘတွေ ဘာနှင့်တူကြမလဲမသိဘူး။ သူတို့ကကျွန်ုပ်ကိုမည်သို့စွန့်ပစ်နိုင်ကြသလဲ။ သူတို့က ကျွန်ုပ်ကိုမုန်းသောကြောင့်စွန့်ပစ်ခဲ့ကြသလား။မဟုတ်နိုင်ပါ။ ဤအ ကြောင်းနှင့်ပတ်သက်ပြီးအကြောင်းတခုခုတော့ရှိရမည်။ "သူတို့သည်နားလည်မှု လွှဲခြင်းဖြင့် တခါတရံမုန်းတီးသည့်စိတ်ခံစားလာနိုင်ပါသည်။ အခြားသောအချိန် များတွင် ထိုအကြောင်း ကိုမတွေးပဲနေရန် ရည်ရွယ်တတ်ပါလိမ့်မည်။ သူတို့သည် ဖြစ်ပျက်ခဲ့သောအရာများ ကောင်းမွန်စွာမသိရှိမီ သူတို့သည် ကလေးအရွယ်မှ လူကြီးအရွယ်သို့ရောက်ရှိခဲ့ကြပါသည်။ သူတို့သည် အိမ်ထောင်ပြုခဲ့ကြသည်။ သူတို့သားသမီးများရရှိလာခဲ့ကြပြီး သူတို့ကိုယ်တိုင်အိမ်ထောင်စုများတည် ထောင်ခဲ့ကြသည်။
ရုပ်မြင်သံကြားအစီအစဉ်မှဤကလေးများအကြောင်းအသံလွှင့်ခြင်းကို ကျွန်တော်စိတ်ဝင်စားမိခဲ့ပါသည်။ ဤအစီအစဉ်တွင် မွေးစားခြင်းခံခဲ့သော ယခု ဂျာမနီနိုင်ငံတွင်နေထိုင်သော အမျိုးသမီးတစ်ဦးအား ရုပ်မြင်သံကြားအစီအစဉ်မှူး က အင်တာဗျူးလုပ်ခဲ့ပါသည်။ ထိုအချိန်တွင် ဤအမျိုးသမီးသည် အသက်နှစ် ဆယ်သာရှိပြီး ကျမ်းစာအကြောင်းလေ့လာခဲ့ပါသည်။ အစပိုင်းထိုအမျိုးသမီးသည် မွေးစားသမီးဖြစ်ခြင်းကို မည်သူမည်ဝါကမျှ မသိစေလိုသောကြောင့် သူမက အတတ်နိုင်ဆုံးသတင်းပေးပို့သူကိုရှောင်လွှဲခဲ့ပါသည်။ သတင်းပို့သူက အင်တာ ဗျူး လုပ်ခြင်းအားဖြင့်အခြားတိုင်းနိုင်ငံသို့ကလေးမွေးစားရန်ပေးပို့ခြင်းရပ်တန့်နိုင် မည်ဟု သူမအားဆွဲဆောင်ခဲ့သည်။ ထိုအမျိုးသမီးသည် သဘောတူခဲ့သည်။
သတင်းပေးပို့သူမေးသည့်မေးခွန်းတစ်ခုမှာ "မင်းရဲ့မိဘအရင်းတွေကိုပြန် တွေ့ခဲ့မယ်ဆိုရင်ဘာပြောမလဲ။ ဘယ်အရာသည် မင်းအလိုချင်ဆုံးဖြစ်သလဲ" ဖြစ်သည်။ ထိုအမျိုးသမီးက "ကျွန်မကိုမွေးစားကလေးအဖြစ် ရောင်းချခဲ့ခြင်းကို ကျွန်မနားမလည်နိုင်ပါ။ သူတို့က ကျွန်မကိုမုန်းတီးသလားဟု ကျွန်မမေးချင် တယ်" ဟုပြန်ဖြေခဲ့သည်။ သူမကိုမွေးခဲ့သောမိခင်အရင်းက ရုပ်မြင်သံကြားတွင် ထိုအမျိုး သမီး၏အင်တာဗျူးခြင်းကိုမြင်တွေ့ခဲ့သည်။ သူမက အသင့်လွှင့်ဌာနကို ဆက်သွယ်ခဲ့သည်။ သူမသည် သူမ၏သမီးကိုမြင်တွေ့လိုကြောင်း ပြောခဲ့သည်။ ဤသို့အားဖြင့် သူမတို့နှစ်ဦးစလုံးတို့သည် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
မိခင်ကြီးသည် စောစောစီးစီး လေဆိပ်သို့သွားပြီး သူမသမီးရောက်လာ သည့်အချိန်ကိုစောင့်ခဲ့သည်။ လူငယ်အမျိုးသမီးတစ်ဦးသည် ထွက်ပေါက်မှထွက် လာသောအခါသူမမိခင်ကြီးသည် ထိုနေရာတွင်မတ်သတ်ရပ်လျက်ငိုကြွေးခဲ့သည်။
ဤလူနှစ်ဦးတို့သည် မျက်နှာချင်းဆိုင်ပြီးတစ်ကြိမ်တခါမှမမြင်ဘူးခဲ့ကြ ပေ။ မိခင်ကြီးက သူမ၏သမီးသည် ကြီးလာပြီဖြစ်သော်လည်း သူမ၏သမီး ရုပ်မြင်သံကြားမှအင်တာဗျူးပြုလုပ်သည့်အချိန်၌ပထမဦးဆုံးမြင်တွေ့ခဲ့သည်။ သူ တို့နှစ်ဦးစလုံးအသုံးပြုသောစကားသည်ကွဲပြားခဲ့ကြသော်လည်း သူတို့နှလုံးသား ဖြင့်စကား ပြောခဲ့ကြသည်ပြီး၊ သူတို့၏စိတ်လှုပ်ရှားမှုအကြည့်ဖြင့်အချင်းချင်းဖ လှယ်ခဲ့ကြသည်။ မိခင်ကြီးသည် သူမပြုလုပ်ခဲ့မိသောအပြစ်များဝန်ချတောင်းပန် နေသည့်အချိန်တွင် သူတို့နှစ်ယောက်တို့သည် အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက်ထိတွေ့နိုင်ခဲ့ကြသည်။ သူမလုပ်နိုင်အရာအားလုံးသည် ငိုကြွေး ခြင်းနှင့် သူမသည်အလွန်အ မင်းဝမ်းနည်းသောကြောင့် ထပ်ခါသလဲလဲငိုကြွေး ခဲ့ရသည်။
မိခင်သည် သူမ၏သမီးအားအိမ်သို့ခေါ်ပြီး အတူတကွစားသုံးခဲ့ကြသည်။ သမီးသည် ဂျာမနီဘာသာစကားအသုံးပြုခဲ့ပြီး၊ မိခင်သည် ကိုးရီးယားဘာသာစ ကားအသုံးပြုခဲ့သောကြောင့် နှုတ်ထွက်စကားအားဖြင့်ဆက်သွယ်၍မရပေ။ သို့ သော် သူတို့သည် တစ်ယောက်က အမေ၊ တစ်ယောက်ကသမီးဖြစ်ကြသော ကြောင့် အချင်းချင်းနားလည်မှုရှိခဲ့ကြသည်။ သူတို့မှာ စကားသံမပါသောဆက် သွယ်ခြင်းများစွာရှိခဲ့ကြပြီး၊ ကိုယ်အမူအရာတို့ဖြင့်ဖော်ပြကြကာ တစ်ယောက် မျက်နှာတစ်ယောက် ထိလျက် မျက်လုံးများနှင့်နှလုံးသားများအားဖြင့်စကားပြော ခဲ့ကြသည်။
သူမဂျာမနီနိုင်ငံသို့ပြန်လှည့်လာသောအခါ သမီးက သူမမွေးသောမိခင်က သူမကိုချစ်ကြောင်းသိရှိခဲ့သည်။ သူမ မထွက်ခွါမီ ယခင်ကသူမအားအင်တာဗျူးပြု ခဲ့သောသတင်းပေးပို့သူက သူမအားနောက်ထပ်စကားပြောခဲ့သည်။ "ကျွန်မမိခင် သည် ကျွန်မအားအဘယ်ကြောင့်မွေးစားခံခဲ့သည်ကို ကျွန်မမေးရန်မလိုတော့ပါ။ ကျွန်မမိခင်သည်ယခုအချိန်ထိဆင်းရဲနွမ်းပါးနေသည်။ ဤနိုင်ငံ၌ချမ်းသာသောသူ များသည် အလွန်ချမ်းသာခဲ့ကြသည်။ သူတို့သည် နိုင်ငံခြားမှတင်သွင်းလာသော ကားများကိုစီးနိုင်ကြသည်။ သို့သော် ကျွန်မမိခင်သည် ယခုအထိဆင်းရဲစွာ အသက်ရှင်နေဆဲဖြစ်သည်။" သူမထပ်ပြောခဲ့သည်မှာ "ကျွန်မမိခင်ထံ ထိုမေးခွန်း ကိုမမေး၊ သူမထံမှအဖြေမကြားခဲ့သော်လည်း ဆင်းရဲနွမ်းပါးခြင်းမှလွတ်မြောက် ရန် သူမက ကျွန်မအားအဝေးသို့ပို့လိုက်ကြောင့် ကျွန်မနားလည်ခဲ့ပါသည်။ ထိုကြောင့် ကျွန်မမှထိုမေးခွန်းမေးမြန်းစရာမလိုအပ်တော့ပေ။ သံသယစိတ်များ အားလုံးနှင့်မုန်းတီးမှုများ အားလုံးယခုပျောက်ကွယ်သွားခဲ့ရသည်။"
 
 
လူတို့သည် သူတို့နှလုံးသား၌ရှိသောအပြစ်များကြောင့် ဘုရားသခင်နှင့် မိတ်ပျက်ခြင်းခံခဲ့ရကြသည်
 
ကျွန်ုပ်တို့သည် အဘယ်ကြောင့်ဘု၇ားသခင်နှင့်အဆက်အသွယ်ပျက်ခဲ့ရ သနည်း။ ကျွန်ုပ်တို့သည်အဘယ်ကြောင့် သူ့ထံသို့မချဉ်းကပ်နိုင်ခဲ့ကြသနည်း။ မွေး စားခြင်းခံခဲ့သောအမျိုးသမီးသည် ဆင်းရဲနွမ်းပါးခြင်းမှလွတ်မြောက်ရန် သူမ၏မိ ခင်ကအဝေးသို့ပို့ဆောင်ခဲ့ကြောင်း သူမသိရှိခဲ့ပါသည်။ ဘုရားသခင်လည်းထိုနည်း တူဖြစ်သလား။ ဘုရားသခင်က ကျွန်ုပ်တို့အားသူ၏ပုံသဏ္ဍာန်တော်နှင့်အညီဖန် ဆင်းခဲ့ပါသည်။ အဘယ်အရာသည် သူနှင့်ကွဲကွာစေခဲ့သနည်း။ အဖြေမှာ စာ တန်သည် လူတွေကိုအပြစ်ပြုရန် စုံစမ်းသွေးဆောင်းခဲ့ပြီး၊ ထိုအပြစ်တရားက ကျွန်ုပ်တို့အား ဘုရားနှင့်ကွဲကွာစေခဲ့သည်။
အစ၌ဘုရားသခင်သည် လူတွေကို သူ၏ပုံသဏ္ဍာန်တော်နှင့်အညီဖန် ဆင်းထားခဲ့ပြီး သူဖန်ဆင်းထားသောအရာများအားလုံးသူချစ်ခဲ့သည်။ ဘုရားသ ခင်၏ချစ်ခြင်းမေတ္တာခံစားရန် လူတွေကိုဖန်ဆင်းထားခဲ့ခြင်းဖြစ်ပြီး၊ အခြားသော ဖန်ဆင်းခြင်းများထက်ပို၍မြင့်မြတ်ရန်ဖန်ဆင်းထားခြင်းလည်းဖြစ်ပါသည်။ သို့ သော်စာတန်ခေါ် ကောင်းကင်မှကျဆင်းသောကောင်းကင်တမန်သည် လူတွေကို ဘုရားသခင်နှင့်မိတ်ပျက်အောင်ပြုလုပ်ခဲ့သည်။ စာတန်သည်လူသားများအား ဘုရားသခင်၏နှုတ်ကပတ်တော်မယုံကြည်ရန် သွေးဆောင်ခဲ့သည်။ ထို့ပြင် အ ကောင်းနှင့်အဆိုးသိကျွမ်းရာအ ပင်၏အသီးကိုစားသုံးစေခဲ့ပါသည်။
ထိုကြောင့်လူသားများသည် သူတို့အပြစ်ကြောင့် ဘုရားသခင်ထံမှကွဲကွာ ခဲ့ရခြင်းဖြစ်သည်။ လူတွေက ဘုရားသခင်ကို နာခံခြင်းမရှိခဲ့ပေ။ လူတွေက ဘုရား သခင်ခွင့်ပြုသော ထာဝရအသက်ပင်၏အသီးကိုမစားခဲ့ကြမည့်အစား အကောင်း နှင့်အဆိုးကိုခွဲခြင်းသိမြင်နိုင်သောတားမြစ်သောအသီးကိုစကားခဲ့ကြသည်။ ဆိုး ကျိုးအနေဖြင့်သူတို့သည် ဘုရားသခင်ထံမှကင်းကွာခဲ့ရကြသည်။
ဘုရားသခင်၏အချစ်ကိုခံရသောလူသားများသည် ဘုရားသခင်ကိုနာ ခံခြင်းမရှိတော့ဘဲ သူ့ထံမှမောက်မာစွာဖြင့်ဝေးကွဲခဲ့ကြသည်။ လူသားများ၏နှလုံး သားထဲတွင်ကိန်းဝပ်သောအပြစ်တရားကြောင့် လူသားများသည် ဘုရားသခင်နှင့် မိတ်ပျက်ခဲ့ရခြင်းဖြစ်သည်။ ထိုနောက် လူသားများသည် အချိန်ကြာမြင့်စွာဘုရား သခင်နှင့်ဝေးကွာခဲ့ကြပြီး၊ "ဘုရားသခင်သည် ကျွန်ုပ်တို့ကိုဖန်ဆင်းခဲ့ပြီးနောက်အ ဘယ်ကြောင့် စွန့်ပစ်ခဲ့သနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် ကျွန်ုပ်တို့အား အပြစ်ပြုစေခဲ့သနည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့အားအားနည်းစေပြီးနောက် အဘယ်ကြောင့်ငရဲထဲသို့ပစ်ချခဲ့ရသနည်း။ သူသည် အစအဦး၌ကျွန်ုပ်တို့ကိုမဖန် ဆင်းလျှင်ပိုကောင်းသည်"ဟု စောဒကတက်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် ဒုတိယ မွေးခြင်း မခံမီမေးခွန်းများစွာ မေးမြန်းခြင်း၊ စိတ်ပြင်းပြခြင်း၊ သံသယဖြစ်ခြင်းနှင့် မုန်းတီးခြင်းတို့ဖြင့်အသက်ရှင်ခဲ့ကြသည်။
ရုပ်မြင်သံကြားအစီအစဉ်တွင် မွေးစားအမျိုးသမီးကိုကျွန်တော်မြင်တွေ့ခဲ့ သောအခါ လူနှင့်ဘုရားသခင်တို့၏ဆက်နွယ်မှုသည်လည်း ထိုအမျိုးသမီးနှင့်မိခင် တို့၏ဆက်နွယ်မှုနှင့်တူညီကြောင်း ကျွန်တော်နားလည်သိရှိခဲ့သည်။ မည်သည့်အ ခြေအနေမျိုးမဆို ခက်ခဲခြင်း၊ နားလည်မှုလွှဲခြင်း၊ ကျိန်ခြင်းနှင့် အပြစ်တရားတို့က ကျွန်ုပ်တို့အားဘုရားသခင်နှင့်ကွဲကွာစေခဲ့သည်။ ဘုရားသခင်နှင့်ကျွန်ုပ်တို့ဆက် နွယ် မှုသည်ချစ်ခြင်းမေတ္တာပေါ်တွင်အခြေခံထားသည်ကိုကျွန်တော်နားလည်နိုင်ခဲ့ သော်လည်း တစ်ယောက်နှင့်တစ်ယောက်ကြားနားလည်မှုလွှဲသွားခြင်းသည် လည်းဖြစ်ပေါ်လာနိုင်သည်။
မိခင်သည် သူမ၏သမီးကိုမုန်းတီးသောကြောင့်ဝေးလံသောနေရာသို့မပို့ခဲ့ သည့်နည်းတူ လူသားနှင့်ဘုရားသခင်တို့ကွဲကွာခြင်းသည်လည်းမုန်းတီးစိတ် ကြောင့်မဟုတ်ဘဲ အပြစ်တရားကြောင့်သာဖြစ်ပါသည်။ ဘုရားသခင်က လူတွေ ကိုမုန်းစရာ အကြောင်းမရှိပေ။ လူတွေကလည်းဘုရားသခင်ကိုမုန်းတီးစရာအ ကြောင်းမရှိပေ။ ကျွန်ုပ်တို့အချင်းချင်းချစ်ကြသည်။ လူသားများသည် ဘုရားသခင် နှင့်ကွဲကွာခဲ့ရခြင်း အကြောင်းမှာ လူသားများသည် စာတန်၏လိမ်ညာမှုကိုခံစား ခဲ့ပြီးနောက်အပြစ်သား ဘဝသို့ရောက်ရှိလာခဲ့သောကြောင့်ဖြစ်သည်။
 
 
ဘုရားသခင်သည်ကျွန်ုပ်တို့အား သခင်ယေရှုအားဖြင့်ပွေ့ပိုက်ခဲ့သည်
 
"သင်တို့သည် အထက်ကဝေးလျက်ရှိသော်လည်း၊ ယခုမှာယေရှုခရစ်၌ ဖြစ်၍အသွေးတော်အားဖြင့်အနီးသို့ရောက်ကြပြီ။ အဘယ်သို့နည်းဟူမူကား၊ ထိုသ ခင်သည်ငါတို့နှင့်ငါတို့၏ရန်ငြိမ်းခြင်းအကြောင်းဖြစ်တော်မူ၏။ ဝိညာဉ်နည်းအထုံး အဖွဲ့နှင့်စပ်ဆိုင်သောပညတ်တရားတည်းဟူသောရန်ငြိုးဖွဲ့ခြင်း၏အကြောင်းကိုကိုယ်ခန္ဓာတော်တွင်ပယ်ရှင်းတော်မူသဖြင့်၊ ပိုင်းခြားလျက်ရှိသောအုတ်တံတိုင်းနံ ရံကိုဖြိုဖျက်၍လူမျိုးနှစ်စုတို့ကိုတစုတည်းဖြစ်စေတော်မူ၏" (ဧဖက် ၂:၁၃-၁၅)။ ပညတ် တော်များဖျက်ဆီးရန်အတွက် သခင်ယေရှုသည် ယောဟန်အားဖြင့်ဗတ္တိဇံ ခံယူခဲ့ပြီး လောကအပြစ်များအားလုံးသူယူဆောင်သွားခဲ့သည်။ထိုနောက်သူသည် လူသားများအားလုံးအပြစ်များမှကယ်တင်ရန် ကားတိုင်တော်ပေါ်တွင် အသွေး တော်သွန်း လောင်းခဲ့ပြီး၊ ဘုရားသခင်၏ပွေ့ပိုက်ခြင်းကိုပြန်လည်ခံစားစေခဲ့ပါ သည်။ ယခုဘုရားသခင်သည် သူအားဖြင့်သန့်ရှင်းစင်ကြယ်ခြင်းရရှိခဲ့ပြီးသောသူ များကို ပွေ့ပိုက်ခဲ့ပါ သည်။
ရေမရှိသောကမ္ဘာတစ်ခုကို မိတ်ဆွေစိတ်ကူးယဉ်ခဲ့ဘူးသလား။ သိပ် မကြာသောအချိန်တွင် အင်းချွန်မြို့၌ ကျမ်းစာအစည်းအဝေးတစ်ခုသို့ကျွန်တော် တက်ရောက်ခဲ့သည်။ ထိုမြို့သည် ကိုးရီးယားနိုင်ငံ၏မြို့တော်တစ်ခုလည်းဖြစ် သည်။ ထိုအချိန်တွင် ရက်အနည်းငယ်အတွင်း ရေပိုက်မကောင်းခဲ့ပေ။ "လူတွေက ရေမရှိ ဘဲအသက်မရှင်နိုင်ခဲ့ကြသည်"ကို ကျွန်တော်သိရှိခဲ့သည်။
ဘုရားသခင်သည် ဤလောကကို ရေမရှိဘဲတစ်လခန့်ထားခဲ့လျှင် အနံအ သက်ဆိုးဝါးခြင်း၊ လေထူညစ်ညူးခြင်းနှင့်ရေဆာမှုကြောင့် မြို့ထဲတွင်နေထိုင် သောသူများအားလုံးအသက်ရှင်နိုင်မည်မဟုတ်ကြပေ။ ကျွန်ုပ်တို့အားဘုရားသခင် ပေးထားခဲ့သောရေး၏အရေးပါမှုကို ကျွန်ုပ်တို့နားလည်သင့်ပေသည်။ ရေသည် လူ သားများအတွက် မရှိမဖြစ်လိုအပ်သောအရာတစ်ခုဖြစ်သည့်နည်းတူ၊ ယောဒန်မြစ် တွင်ယောဟန်ထံမှသခင်ယေရှုရရှိခဲ့သောဗတ္တိဇံသည် လူတွေကရေမရှိလျှင်အ သက် မရှင်နိုင်သကဲ့သို့ ခွဲခြား၍မရနိုင်ပေ။
သခင်ယေရှုသည် ဤလောကသို့ကြွဆင်းခြင်းမရှိ၊ ယောဟန်အားဖြင့် ဗတ္တိဇံခံယူခြင်းလည်းမရှိလျှင် သခင်ယေရှုကိုယုံကြည်သောသူများသည် အပြစ် လွှတ်ခြင်းကိုမည်ကဲ့သို့ရရှိနိုင်ကြမည်နည်း။ ရေမရှိလျှင်လူသားများအသက်မရှင် နိုင်သကဲ့သို့ ယောဟန်သည် သခင်ယေရှုကိုဗတ္တိဇံမပေးခဲ့လျှင် ဤလောကတွင်ရှိ သော လူသားအားလုံးသည် သူတို့အပြစ်ကြောင်းသေဆုံးကြပါလိမ့်မည်။
 သို့သော်ငြားလည်း သခင်ယေရှုသည် ဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ်တို့ အပြစ်များအားလုံးယူဆောင်သွားခဲ့ပြီးဖြစ်သောကြောင့် ယခု ကျွန်ုပ်တို့နှလုံးသား များသည် သန့်ရှင်းခဲ့ပြီးဟုသိရှိခြင်းဖြင့် ကျွန်ုပ်တို့မှာ ရောင့်ရဲမှုအပြည့်ရှိခဲ့ကြပြီး၊ ကယ်တင်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကောင်းချီးမင်္ဂလာခံစားကြသည်။ သခင် ယောရှု၏ ဗတ္တိဇံခံယူခြင်းသည် ကျွန်ုပ်တို့ယုံကြည်ခြင်းအတွက် အလွန်အရေးကြီး သည်။
သခင်ယေရှု၏တပည့်တော်တစ်ပါးဖြစ်သောပေတရုက "ထိုသို့ဆိုသော် ဥပမာအတိုင်းယခုတွင်ဗတ္တိဇံသည် ယေရှုခရစ်ထမြောက်တော်မူသောအားဖြင့် ငါတို့ကိုကယ်တင်တော်မူ၏"(၁ပေ ၃:၂၁) ဟုဖော်ပြထားပါသည်။ သခင်ယေရှု သည် ကျွန်ုပ်တို့အပြစ်များမှကျွန်ုပ်တို့ကိုကယ်တင်ရန်အတွက် သူသည်ယောဟန် အားဖြင့် ဗတ္တိဇံခံယူခဲ့ပြီး၊ အသွေးသွန်းလောင်းခဲ့သည်ဟု ပေတရုဖော်ပြချက်တွင် တွေ့ရှိနိုင် ပါသည်။ လောကအပြစ်များကိုယူဆောင်သွားခဲ့သောသခင်ယေရှု၏ ဗတ္တိဇံခံယူခြင်းသည် စစ်မှန်သောသတင်းကောင်းဖြစ်ပါသည်။
ယခု ထွက်မြောက်ရာကျမ်း ၃၀:၁၇-၂၁ထဲတွင်ဖော်ပြထားသောကြေးဝါ အင်တုံအကြောင်းကို ကျွန်ုပ်တို့ကြည့်ကြပါစို့။ "တဖန်ထာဝရဘုရားသည် မောရှေ အားမိန့်တော်မူသည်ကား၊ အာရုန်နှင့်သူ၏သားတို့လက်ခြေဆေးစရာဘို့ကြေးဝါ ခြေထောက်ပါသောကြေးဝါအင်တုံကိုလုပ်၍၊ ပရိသတ်စည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင်စပ်ကြား၌၊ထာရမည်။ သူတို့သည်ပရိတ်သတ်စည်းဝေးရာတဲတော်သို့ ဝင်သော်၄င်း၊ အမှုတော်ကိုထမ်း၍ထာဝရဘုရားအားမီးရှို့သောယဇ်ကိုပူဇော်ခြင်း ငှါ၄င်း၊ ယဇ်ပလ္လင်အနားသို့ချဉ်းကပ်သော်၄င်း၊ သေဘေးနှင့်ကင်းလွတ်မည်အ ကြောင်း၊ မိမိတို့လက်ခြေကိုဆေးရမည်။ ထိုသို့သူတို့နှင့် သတို့အမျိုးအနွယ်အစဉ် အဆက်တို့သည် စောင့်ရသောပညတ်တော်ဖြစ်သတည်းဟုမိန့်တော်မူ၏။"
တဲတော်တွင် ပရိတ်သတ်များတွေ့ဆုံးသောနေရာနှင့်ပလ္လင်အကြားမှ ကြေးဝါအင်တုံရှိသည်။ ၄င်းအင်တုံထဲတွင် ခြေလက်ဆေးကြောရန် ရေရှိသည်။ ဤ အင်တုံသည် တဲတော်၌မရှိလျှင် ယဇ်ပရောဟိတ်ပြုသောယဇ်ပူဇော်ခြင်းသည် အလွန်ညစ်ညမ်းပါလိမ့်မည်။
နေ့တိုင်းလူတွေအတွက် ယဇ်ပူဇော်ခြင်းပြုပေးခဲ့ပြီး၊ အပြစ်ပူဇော်ခြင်းခံ သောယဇ်ကောင်ပေါ်တွင်လက်တင်ကာ ၄င်းယဇ်ကောင်းများသတ်သောယဇ်ပ ရောဟိတ်များမှ အသွေးစွန်းပေခြင်းနှင့်ညစ်ပတ်မှုများဖြင့် မည်မျှစွန်းထင်နေမည် နည်း။ တဲတော်တွင်ရေဇလုံမရှိလျှင်ယဇ်ပရောဟိတ်သည် အလွတ်ညစ်ပတ်ခြင်းခံ ရမည် ဖြစ်သည်။
ထိုကြောင့်ဘုရားသခင်သည် သူ့အနားသို့သန့်ရှင်းစွာချဉ်းကပ်နိုင်ရန်အ တွက်ရေဇလုံပြင်ဆင်ပေးထားခြင်းဖြစ်သည်။ အပြစ်သားများသည် ယဇ်ပူဇော် ခြင်းခံ သောယဇ်ကောင်အပေါ်လက်တင်ခြင်းအားဖြင့် သူတို့အပြစ်များလွှဲပြောင်း ပေးခဲ့ပြီး၊ ယဇ်ပရောဟိတ်များသည် ဘုရားသခင်ထံသို့သူတို့ကိုယ်စားယဇ်ပူဇော် ခြင်းအမှုပြုပေးခဲ့သည်။ ယဇ်ပရောဟိတ်များသည်သန့်ရှင်းရာဌာနတော်သို့ဝင် ရောက်နိုင်ရန်အတွက် ဘုရားသခင်က ကြေးဝါဖြင့်ပြုလုပ်သောဇလုံကိုပြင်ဆင် ပေးခဲ့သည်။ သို့မှသာသူတို့သည် ရေနှင့်ဆေးကြောနိုင်ကြမည်ဖြစ်သည်။ ဆေး ကြောခြင်းမပြုလျှင် သူတို့သည်အသေခံကြသည်။ ယဇ်ပရောဟိတ်တစ်ပါးသည် တိရိစ္ဆာန်၏အသွေးများစွန်းပေနေပါက သန့်ရှင်းရာဌါနတော်သို့မဝင်နိုင်ပေ။ ထို ကြောင့် ယဇ်ပရောဟိတ်များသည် လူတွေအတွက်ယဇ်ပူဇော်ခြင်းအမှုပြုခဲ့ပြီး နောက် ဘုရားသခင်ထံချဉ်းကပ်နိုင်ရန်အတွက် ညစ်ညမ်းသောအရာများကို ရေဇ လုံထဲရှိရေဖြင့်သန့်ရှင်းစွာဆေးကြော ခြင်းဖြစ်သည်။
 
 
သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းကလောကသားအားလုံး၏အပြစ်များကိုးကြောခဲ့သည်
 
ယောဒန်မြစ်၌ယောဟန်အားဖြင့်သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းအားဖြင့် လောကလူသားအားလုံး၏အပြစ်များကို သူ့အပေါ်သို့လွှဲပြောင်းခဲ့ပြီးဖြစ်ပါသည်။ သူရေထဲတွင်နှစ်ခြင်းသည် သူ၏အသေခံခြင်းကိုပုံဆောင်ထားပြီး၊ ရေမှပြန်ထခြင်း သည် သူ၏သေခြင်းမှရှင်ပြန်ထမြောက်ခြင်းကိုကိုယ်စားပြုခဲ့သည်။ တနည်း အားဖြင့်၊ ယောဟန်အားဖြင့်သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းက လောကသားများ အားလုံး၏အ ပြစ်များကိုယူဆောင်သွားရန်အတွက်ဖြစ်ပြီး၊ အပြစ်၏အခကိုသူပေး ဆပ်ခဲ့ကာ ကားတိုင်တော်ပေါ်တွင်သူအသေခံခဲ့သည်။ သူ၏အသေခံခြင်းသည် ကျွန်ုပ်တို့အပြစ်အတွက်အဖိုးအခပေးဆပ်ရန်ဖြစ်ပြီး၊ သူ၏ရှင်ပြန်ထမြောက်ခြင်း သည် ကျွန်ုပ်တို့အား ထာဝရအသက်ပေးဆပ်ရန်အတွက်ဖြစ်ပါသည်။
သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းအားဖြင့် သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ် များယူဆောင်သွားခဲ့သည်ဟု ကျွန်ုပ်တို့ယုံကြည်ခြင်းမရှိလျှင် ကျွန်ုပ်တို့နှလုံးသား သည်အပြစ်တရားနှင့်ပြည့်ဝခြင်းဖြစ်သည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် အဘယ် သို့ဘုရားသခင်ထံချဉ်းကပ်နိုင်ကြမည်နည်း။ အပြစ်လွတ်ခြင်းသတင်းကောင်း သည်ဂိုဏ်းဂနအဖွဲ့အစည်း၏ခံယူချက်မဟုတ်ပေ။ သို့သော် ဘုရားသခင်၏သမ္မာ တရား ဖြစ်သည်။
ကျွန်ုပ်တို့သည် ပြည့်စုံသောပညာမရှိဘဲကျွန်ုပ်တို့ယုံကြည်ခြင်း၌မရပ် တည် နိုင်ကြပေ။ တနည်းအားဖြင့်ယောဟန်အားဖြင့်သခင်ယေရှု၏ဗတ္တိဇံခံယူ ခြင်းကို ကျွန်ုပ်တို့မထိမဲ့မြင်ပြုလျှင် လောကကိုဘယ်တော့်မှအောင်နိုင်ကြမည်မ ဟုတ်ပေ။ အသက်ရှင်သောသတ္တဝါအားလုံးရှင်သန်နိုင်ရန်အတွက် ရေလိုအပ်သည့် နည်းတူ၊ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်ရန်နှင့်ကောင်းကင်နိုင်ငံ တော်သို့ဝင် ရောက်နိုင်ရန်အတွက်အပြစ်လွတ်ခြင်းအခွင့်နှင့်သခင်ယေရှု၏ဗတ္တိဇံခံ ယူခြင်းရေကို ကျွန်ုပ်တို့လိုအပ်လျက်ရှိသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ် များမှကျွန်ုပ်တို့ကို ကယ်တင်နိုင်ရန်အတွက် သူသည် ဗတ္တိဇံခံယူခြင်း၊ ကားတိုင် တော်ပေါ်တွင်အသေခံတော်မူခြင်းနှင့်ရှင်ပြန်ထမြောက်ရန်လိုအပ်သည်။ ကျွန်ုပ် တို့သည်သည် နှလုံးသားအကြွင်းမဲ့ယုံကြည်အပ်သောသတင်းကောင်းသည် ရေနှင့် ဝိညာဉ်တော်သတင်း ကောင်းဖြစ်သည်။
သခင်ယေရှုသည် ကားတိုင်ပေါ်တွင်အသေခံခဲ့သော်လည်း သူသည် ထိုသို့ သောပြစ်ဒဏ်မျိုးခံရန် အပြစ်မပြုခဲ့ပေ။ သူသည် ကျွန်ုပ်တို့အပြစ်များဆေးကြော ပေးရန် ဤလောကသြွို့ကဆင်းလာခဲ့ပြီး၊ အသက် ၃၀တွင်ဗတ္တိဇံခံယူခဲ့ကာ အသက် ၃၃ တွင် ကားတိုင်တော်ပေါ်တွင်အသေခံခြင်းအားဖြင့် ကျွန်ုပ်တို့ကယ် တင်ရှင်ဖြစ်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် မည်မျှပင်ဆိုးသွမ်းပြီးအပြစ်ပြုစေကာမူ ဘုရားသခင်က လူသားအားလုံးကိုသူ၏သားသမီးများဖြစ်လာရန်အလိုတော်ရှိ သည်။ ထိုကြောင့် သခင်ယေရှုသည် ဗတ္တိဇံခံယူခဲ့ခြင်းဖြစ်သည်။ ထိုနည်းတူ ဘုရားသခင်သည် ကျွန်ုပ်တို့အားအပြစ်လွတ်ခြင်းအခွင့်နှင့်သန့်ရှင်းသောဝိညာဉ် တော်ဆုကျေးဇူးကိုပေးအပ် ခဲ့ ပါသည်။
"ရေနှင့်ဝိညာဉ်တော်အားဖြင့်မမွေးသောသူမည်သည်ကား ဘုရားသခင်၏ နိုင်ငံတော်သို့မဝင်ရ"(ယောဟန် ၃း၃-၅)။ ကျွန်ုပ်တို့အပြစ်များအားလုံးဆေး ကြောရန်အတွက် သခင်ယေရှုသည်ဗတ္တိဇံခံခဲ့သည်ကို မိတ်ဆွေသိရှိယုံကြည်ရ မည်ဖြစ်သည်။ လူတစ်ဦးသည် ဒုတိယမွေးခြင်းခံသောခရစ်ယာန်တစ်ဦးဖြစ်ခဲ့ သော်လည်း သခင်ယေရှုဗတ္တိဇံခံယူခြင်းအားဖြင့်သခင်ယေရှုခရစ်တော်သည် အ ပြစ်များအားလုံး ယူဆောင်သွားခဲ့သည်ဟူသောသမ္မာတရားနှင့်ရင်းနှီးကျွမ်းဝင်မှုမ ရှိလျှင် သူ၏နှလုံးသားသည် မကြာခင်ဆွေးမြေ့ပျက်စီးသွားပါလိမ့်မည်။ အ ကြောင်းမှာ ကျွန်ုပ်တို့သည် ပျက်စီးလွယ်သောခန္ဓာကိုယ်ဖြင့်အသက်ရှင်ကြ သောကြောင့် ကျွန်ုပ်တို့သည် နေ့စဉ်နေ့တိုင်းအပြစ်နှင့်ညစ်ပေးရန်လွယ်ကူသော ကြောင့်ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၊ သခင်ယေရှု၏ ဗတ္တိဇံခံယူခြင်း၊ သူ၏အသွေးတော်၊ နှင့်သူ၏ရှင်ပြန်ထမြောက်ခြင်းကို တွေးတော စဉ်းစားခြင်းအားဖြင့်အသက်ရှင်ရကြမည်ဖြစ်ပါသည်။ ဤယုံကြည်ခြင်းက ကျွန်ုပ် တို့အားကောင်းကင်နိုင်ငံတော်သို့ဝင်သည့်နေ့ရက်တိုင်အောင် ခိုင်မာစွာဆုပ် ကိုင်စောင့်ထိန်းပါလိမ့်မည်။
သခင်ယေရှုမှာ ဗတ္တိဇံခံယူခြင်းနှင့်ကျွန်ုပ်တို့အပြစ်များအတွက်အသေ ခံခြင်းကလွှဲ၍အခြားရွေးချယ်စရာတစ်ခုမျှမရှိပေ။ သခင်ယေရှုသည် ထိုသို့ပြု ခြင်းအားဖြင့် ကယ်တင်ခြင်းယူဆောင်လာခဲ့သည်ကို ကျွန်ုပ်တို့ယုံကြည်ရမည်ဖြစ် သည်။ ကျွန်ုပ်တို့သည် လောကအပြစ်များအားလုံးမှလွတ်မြောက်ခြင်းရရှိရန် အတွက် ဤသတင်းကောင်းကိုယုံကြည်ခြင်းကလွဲ၍အခြားသောလုပ်ဆောင်စရာ ဘာမှမရှိတော့ပေ။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကျွန်ုပ်တို့အပေါ်ပေးခဲ့သောဘုရား သခင်ကို ကျွန်ုပ်တို့ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့အပေါ်ဘုရားသခင်ပေးခဲ့သော အကြီးမားဆုံးသောဆုကျေးဇူးသည် သူ၏ဗတ္တိဇံခံယူခြင်းနှင့်အသေခံခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးမှ ကယ်တင်ရန် သူ၏တပါးတည်းသောသားတော် စေလွတ်ခဲ့ခြင်းဖြစ်သည်။
ကျွန်ုပ်တို့ဘုရားသခင်ထံတော်သို့မချဉ်းကပ်နိုင်ခြင်းနှင့် သူထံမှဝေးလံ သောနေရာသို့သွားကာအသက်ရှင်းခြင်းအကြောင်းသည် ကျွန်ုပ်တို့နှလုံးသား၌ အပြစ်ရှိသောကြောင့်ဖြစ်သည်။ သခင်ယေရှုသည် လောကအပြစ်များအားလုံးကို ယူဆောင်သွားရန်အတွက် ယောဟန်အားဖြင့်ဗတ္တိဇံခံယူခဲ့ပြီး၊ ဘုရားနှင့်လူတို့ ကြားမှတားဆီးထားသောအုတ်တံတိုင်းကြီးကို ဖြိုဖျက်ရန်အတွက် ကားတိုင် တော်ပေါ်တွင်သူအသေခံခဲ့ပါသည်။ ဘုရားသခင်နှင့်လူတို့စပ်ကြားမှာ သခင်ယေ ရှုဗတ္တိဇံခံယူခြင်းနှင့် သူ၏အသွေးတော်က ဆက်နွယ်မှုပြန်လည်ရရှိစေခဲ့သည်။ ဤဆုကျေးဇူးများအတွက် သခင်ယေရှုကိုကျွန်ုပ်တို့ကျေးဇူးတင်ကြပါ၏။ သားသ မီးများအပေါ်မိဘများ ထားရှိသောချစ်ခြင်းမေတ္တာသည် ကြီးမားပါသည်။ သို့သော် အပြစ်သားကျွန်ုပ်တို့အတွက် ကယ်တင်ရန်သခင်ယေရှုကိုစေလွှတ်ခဲ့သော ဘုရား သခင်၏မေတ္တာတော် သည် မိဘချစ်ခြင်းနှင့်နှိုင်းတု၍မရနိုင်ပေ။
သခင်ယေရှုဗတ္တိဇံခံယူခြင်းနှင့်အသွေးတော်နှစ်ခုစလုံးတို့သည်အရေးကြီး သည်။ ဤလောကတွင် ရေတစ်စက်မျှမရှိလျှင် အသက်ရှင်သောသတ္တဝါအားလုံး ရှင်သန်နိုင်ကြမလား။ သခင်ယေရှုဗတ္တိဇံခံယူခြင်းမရှိခဲ့လျှင် နှလုံးသားထဲတွင် အပြစ်ကင်းသောသူတစ်ယောက်မျှရှိလိမ့်မည်မဟုတ်ပေ။ သခင်ယေရှုသည် ဗတ္တိဇံ ခံယူခြင်းမရှိ၊ ကားတိုင်တော်ပေါ်တွင်သေခံခြင်းမရှိလျှင် မည်သူမည်ဝါကမှအပြစ် လွတ်ခြင်းအခွင့်ရရှိလိမ့်မည်မဟုတ်ပေ။ ကျေးဇူးတော်အားဖြင့်၊ သခင်ယေရှုသည် ဗတ္တိဇံကိုခံယူခဲ့ပြီး၊ ကျွန်ုပ်တို့အတွက်ပြည့်စုံသောယဇ်ပူဇော်ခြင်းအမှုပြုခဲ့ပြီး ဖြစ် သည်။ ကျွန်ုပ်တို့မှာအားနည်းချက်ရှိပြီး၊ ကျဆင်းနိုင်သောသူများဖြစ်ကြသော် လည်း သခင်ယေရှုဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်တော်ပေါ်တွင်သွန်းလောင်းသော အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ် တော်ရရှိနိုင်ကြသည်။
သခင်ယေရှုခရစ်တော်၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင်အ သေခံခြင်းကိုယုံကြည်သောသူများသည် ဘုရားသခင်ကိုချဉ်းကပ်နိုင်ကြပြီး၊ ဆု တောင်းနိုင်ကြကာ ဘုရားသခင်ကိုချီးမွမး်နိုင်ကြပါသည်။ ယခုတွင် ကျွန်ုပ်တို့ သည် ဘုရားသခင်၏သားသမီးများဖြစ်လာနိုင်ခဲ့ကြသောကြောင့် ကျွန်ုပ်တို့ဘုရား သခင်ဂုဏ်တော်ကိုချီးမွမး်နိုင်ကြပြီး၊ သူ့ကို ကိုးကွယ်နိုင်ကြခြင်း ဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ကျေးဇူးတော်နှင့်ကောင်းချီးမင်္ဂလာဖြစ်သည်။ သခင် ယေရှု၏ဗတ္တိဇံ ခံယူခြင်းနှင့်ကားတိုင်တော်ပေါ်တွင်သေခံခြင်းသတင်းကောင်း သည် အလွန်ကောင်းပေသည်။ ကျွန်ုပ်တို့သည် ဤသတင်းကောင်းကိုယုံကြည် ခြင်းအားဖြင့် ကယ်တင်ခြင်းနှင့်သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင် ကြသည်။