Sermons

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-10] (ဂလာတိ ၅:၁၆-၂၆၊ ၆:၆-၁၈) ဝိညာဉ်တော်၌လျှေက်လှမ်းခြင်း

(ဂလာတိ ၅:၁၆-၂၆၊ ၆:၆-၁၈)
"ငါ့ပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်းကျင့်ကြလော့။ ထိုသို့ ကျင့်လျှင် ဇာတိပကတိ၏အလိုသို့မလိုက်ဘဲနေကြလိမ့်မည်။ အကြောင်းမူကား၊ ဇာတိပကတိနှင့်ဝိညာဉ်ပကတိတပါးနှင့်တပါးဆန့်ကျင်သောအလိုရှိကြ၏။ တပါး နှင့်တပါးဆန့်ကျင်ဘက်ဖြစ်၍၊ သင်တို့သည်ကျင့်ချင်သောအကျင့်တို့ကိုမ ကျင့်နိုင် ကြ။ သို့သော်လည်းဝိညာဉ်ပကတိအလိုသို့လိုက်လျှင် ပညတ်တရား နှင့်လွတ်ကြ ၏။ ဇာတပကတိအကျင့်တို့သည်ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ သူ့မယားကို ပြစ်မှားခြင်း၊ မတရားသောမေထုံ၌မှီဝဲခြင်း၊ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန် ကျူးခြင်း၊ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကိုပြုစား ခြင်း၊ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ ခြင်း၊ဂုဏ်ပြိုင်ခြင်း၊အမျက်ထွက်ခြင်း၊ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲ ခြင်း၊သူ့အကျိုးကိုငြိုစူခြင်း၊ လူအသက်ကို သတ်ခြင်း၊ယစ်မျိုးကိုသောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ထိုသို့သောအကျင့်ပေတည်း။ ထိုသို့သောအကျင့်ကိုကျင့်သော သူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကိုအမွေမခံရကြဟု အထက်ကငါပြောနှင့်ခဲ့ ပြီးသည်အတိုင်းယခုပင်လည်း ငါပြေနှင့်၏။ ဝိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ငြိမ် သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်း မြတ်ခြင်း၊သစ္စာစောင့်ခြင်း၊နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ထိုသို့သောအကျင့်ကိုအဘယ်တရားမျှမမြစ်တား။ ခရစ်တော်နှင့် စပ်ဆိုင်သော သူတို့သည်ဇာတိပကတိကို၄င်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများကို၄င်း၊ လက်ဝါးကပ်တိုင်မှာရိုက်ထားကြပြီ။ သို့ဖြစ်၍ငါတို့သည် ဝိညာဉ်ပကတိကြောင့် အသက်ရှင်လျှင်ဝိညာဉ်ပကတိအတိုင်းကျင့်ကြကုန်အံ့။ အချည်းနှီးသော ကျော်စောကိတ္တိကိုတပ်မက်ခြင်း၊အချင်းချင်းချုပ်ချယ်နှောင့်ယှက်ခြင်း၊ အချင်း ချင်းငြူစူ ခြင်းတို့ကိုရှောင်၍နေကြကုန်အံ့။"
"နှုတ်ကပတ်တော်တရားကိုသင်သောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကိုဝေမျှစေ။ အလွဲမယူကြနှင့်။ ဘုရားသခင် သည်မ ထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ။ လူသည်မျိုးစေံကြဲသည့်အတိုင်းအသီးအ နှံကိုရိတ်ရ လိမ့်မည်။ မိမိဇာတိပကတိ၌မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့်ပုပ် ပျက်ခြင်းသို့အသီးအနှံကိုရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌မျိုးစေ့ကြဲသောသူ သည်ဝိညာဉ်ပကတိအားဖြင့်ထာဝရအသက်ရှင်ခြင်း၊ အသီးအနှံကို ရိတ်ရ လိမ့်မည်။ ငါတို့သည်အားမလျော့၊စိတ်မပျက်ဘဲကောင်းသောအကျင့် ကိုကျင့်ကြ ကုန်အံ့။ ထိုသို့တည်ကြည်၍ကျင့်လျှင်အချိန်တန်သောကာလ၌ အသီး အနှံကိုရိတ် ရကြလိမ့်မည်။ ထိုကြောင့် ငါတို့သည် အဆင်သင့်သည်အတိုင်းယုံကြည်ခြင်း ၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက်၊ ခပ်သိမ်းသော သူတို့အား ကျေးဇူးပြုကြကုန်အံ့။ အဘယ်မျှလောက်ကြီးသော စာကိုကိုယ်လက်နှင့်သင်တို့ အားငါရေးလိုက်သည်ကိုသင်တို့မြင်ကြ၏။ မိမိတို့အသွေးအဆင်း တင့်တယ်စေ ချင်သောသူရှိသမျှတို့သည် ခရစ်တော်၏လက်ဝါးကပ်တိုင်ကြောင့် ခံရသောညှဉ်း ဆဲခြင်းနှင့် မိမိတို့ကင်းလွှတ်လို၍၊ သင်တို့ကိုအရေဖျားလှီးခြင်းကိုခံစေခြင်းငှါ အနိုင်အထက်သွေးဆောင်တတ် ကြ၏။ အရေးဖျားလှီးခြင်းကိုခံ သောသူတို့သည် ပညတ်တရားကိုကိုယ်တိုင် မကျင့်သည်ဖြစ်၍၊ သင်တို့၏အသွေးအဆင်းကိုအမှီပြု လျက်ဝါကြွားလို၍ သင်တို့ကို အရေးဖျားလှီးခြင်းကိုခံစေခြင်းငှါအလိုရှိကြ၏။ ငါဖြစ်လျှင်၊ သင်တို့သခင်ယေရှုခရစ်၏လက်ဝါးကပ်တိုင် တော်မှတပါးအဘယ်အ ရာ၌မျှဝါကြွားခြင်း မရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောက သည်ငါ့အဘို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏။ အကြောင်းမူကား ယေရှုခရစ်တော် ထံ၌အရေဖျားလှီးခြင်းအကျိုးမရှိ။ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ သတ္တဝါ သစ်ဖြစ်ခြင်းသာအကျိုးရှိ၏။ ဤနည်းဥပဒေသအတိုင်း ကျင့်သောသူရှိသမျှတို့အ ပေါ်၌၄င်း၊ ဘုရားသခင်၏ဣသရေလလူမျိုးအပေါ်၌၄င်း၊ငြိမ်သက်ခြင်းနှင့်သနား တော်မူခြင်းသက်ရောက်ပါစေသော။ ယခုမှစ၍အဘယ်သူမျှငါ့ကိုမနှောင့် ယှက် စေနှင့်။ ငါ့ကိုယ်၌သခင်ယေရှု၏ဒဏ်ချက်ရာကို ငါဆောင်၏။ ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်၏ကျေးဇူးတော်သည် သင် တို့၏စိတ်နှလုံး၌ရှိစေသတည်း။ အာမင်။}}
 
 
သန့်ရှင်းသောဝိညာဉ်တော်၌လျှောက်လှမ်းရန် ကျွန်ုပ်တို့ဘာလုပ်သင့်သနည်း။
ကျွန်ုပ်တို့သည် သတင်းကောင်းကိုဝေငှပြီး လိုက်လျှောက်သင့်ပေသည်။
 
တမန်တော်ရှင်ပေါလုက ဂလာတိမြို့တွင်ရှိသောမြို့သူမြို့သားများထံ သူ ရေးသားထားသောစာစောင်တွင် သန့်ရှင်သောဝိညာဉ်တော်အကြောင်းကိုရေး သားခဲ့သည်။ ဂလာတိ ၅း၁၃-၁၄ တွင် သူက "ညီအစ်ကိုတို့၊သင်တို့သည် လွတ်ခြင်းအခွင့်ကိုရသောသူဖြစ်၏။ သို့သော်လည်းဇာတိပကတိအား အခွင့်ကို ပေး၍၊ ထိုလွှတ်ခြင်းကိုမသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုခြင်းကိုဆောင်ရွက်ကြ လော့။ အကြောင်းမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူ သောပညတ်တပါးကိုကျင့်လျှင် ပညတ်တရားကိုအြွကင်းမဲ့ကျင့်ရာရောက်၏။ သို့မ ဟုတ် အချင်းချင်းကိုက်စားလျှင် အချင်းချင်းဖျက်ဆီးမည်ဟု စိုးရိမ်၍သတိရှိကြ လော့" ဟုမိန့်တော်မူခဲ့သည်။
အတိုချုံးအားဖြင့်၊ ဤအကြောင်းအရာသည် ကျွန်ုပ်တို့သည် ရေနှင့် ဝိညာဉ်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် အပြစ်မှလွတ်ငြိမ်းခြင်းနှင့်ကယ် တင်ခြင်းရ ရှိခဲ့ကြသောကြောင့် ဤလွတ်လပ်မှုကိုအလွှဲသုံးစားပြုကာ ဇာတိပက တိကိုအခွင့်မပေးသင့်ကြောင်းဖော်ပြလိုခြင်းဖြစ်သည်။ သို့သော် ချစ်ခြင်းမေတ္တာ အားဖြင့် ကျွန်ုပ်တို့သည် တစ်ယောက်နှင့်တစ်ယောက်စေခံကြကာ သတင်း ကောင်းကိုလိုက်နာရမည်ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့အားအပြစ်များမှ ကယ်တင်ခဲ့ပြီးဖြစ်သောကြောင့် သတင်းကောင်းဝေငှခြင်းသည် ကျွန်ုပ်တို့အတွက် သင့်တော်သောအရာဖြစ်ပါသည်။ ရှင်ပေါလုက "သို့မဟုတ်အချင်းချင်းကိုက်စား လျှင် အချင်းချင်ဖျက်ဆီးမည် ဟုစိုးရိမ်၍သတိရှိကြလော့"(ဂလာတိ ၅:၁၅)ဟု မိန့်တော်မူခဲ့သည်။
 
 
သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝခြင်းအားဖြင့်ဝိညာဉ်တော်၌ လျှောက်လှမ်းရမည်ဖြစ်ပါသည်။
 
ဂလာတိ ၅၁း၆ တွင် တမန်တော်ရှင်ပေါလုက "ငါ့ပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်းကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့မ လိုက်ဘဲနေကြလိမ့်မည်" ဟုဖော်ပြထားသည်။ အပိုဒ်ငယ် ၂၂-၂၆ တွင် "ဝိညာဉ်ပ ကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊သစ္စာစောင့်ခြင်း၊နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်းပေတည်း။ ထိုသို့သောအကျင့်ကိုအဘယ်တရားမျှမမြစ်တား။ ခရစ် တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကို၄င်း၊ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများကို၄င်း၊ လက်ဝါးကပ် တိုင်မှာရိုက်ထားကြပြီ။ သို့ဖြစ်၍ ငါတို့သည် ဝိညာဉ်ပကတိကြောင့်အသက်ရှင်လျှင်ဝိညာဉ်ပကတိ အတိုင်းကျင့်ကြကုန်အံ့။ အ ချည်းနှီးသောကျော်စောကိတ္တိကိုတပ်မက်ခြင်း၊ အချင်းချင်းချုပ်ချယ်နှောင့်ယှက် ခြင်း၊အချင်းချင်းငြူစူခြင်းတို့ကို ရှောင်၍နေကြကုန်အံ့" ဟုဖော်ပြထားပါသည်။ သည်မှာရှင်ပေါလုက ကျွန်ုပ်တို့သည်ဝိညာဉ်တော်၌ လျှောက်လှမ်းလျှင် ဝိညာဉ် တော်အသီးကိုသီးကြလိမ့်မည်ဟုဖော်ပြထားပါသည်။ သန့်ရှင်းသောဝိညာဉ် တော်သည် ကျွန်ုပ်တို့အားဝိညာဉ်တော်၌လျှောက်လှမ်းရန် တောင်းဆိုထား ပါသည်။ သို့သော်ကျွန်ုပ်တို့သည် ဇာတိပကတိအားဖြင့်အသက်ရှင် တတ်ကြသည်။
ကျွန်ုပ်တို့လူသားများသည် ဝိညာဉ်တော်အသီးမသီးနိုင်သောဇာတိပက တိအားဖြင့်မွေးဖွါးခြင်းခံသောသူများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ဝိညာဉ်ပက တိအတိုင်းအသက်ရှင်ရန်ကြိုးပမ်းကြသော်လည်း ကျွန်ုပ်သာဘဝသည်မပြောင်း လဲနိုင်ပေ။ထိုကြောင့် သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသောဝိ ညာဉ်တော် ကိန်းဝပ်ခြင်းရရှိသောသူများကသာ ဝိညာဉ်တော်၌လျှောက်လှမ်းနိုင် ကြပြီး ဝိညာဉ် အသီးသီးနိုင်ကြခြင်းဖြစ်ပါသည်။
သမ္မာကျမ်းစာတွင် ဝိညာဉ်တော်၌လျှေက်လှမ်းခြင်းကို ကျွန်ုပ်တို့အား ပြောသောအခအါ အခြားသောသူများသည် သူတို့အပြစ်များမှလွတ်ငြိမ်းချမ်းသာ ခွင့်ရရှိနိုင်ရန် ထိုသူတို့အပေါ်သတင်းကောင်းပြောပြခြင်းကိုဆိုလိုသည်။ ကျွန်ုပ်တို့ သည် ဤသတင်းကောင်းအတွက် အသက်ရှင်လျှင် ဝိညာဉ်တော်အသီးကိုသီး နိုင်ကြမည်ဖြစ်သည်။ တနည်းအားဖြင့်၊ လူ၏သဘာဝပြောင်းလဲခြင်းမလိုအပ်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် သတင်းကောင်းနှင့်အတူလျှောက်လှမ်းလျှင် ဝိညာဉ် အသီးများဖြစ်ကြသော ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း စသည်တို့ကိုသီးနိုင်ကြမည်ဖြစ်သည်။ ဝိညာဉ်အသီးက အခြားသူများထာဝရ အသက်ရရှိစေရန်အတွက်အပြစ်မှလွတ်မြောက်ခြင်းအခွင့် ပေးခြင်း၌ကျွန်ုပ်တို့ကို ကူ ညီသည်။
 
 
ဇာတိကတိနှင့်ဝိညာဉ်ပကတိတို့ပြိုင်ဆိုင်မှု
 
ရှင်ပေါလုက "ဇာတိပကတိနှင့်ဝိညာဉ်ပကတိသည် တပါးနှင့်တပါး ဆန့် ကျင်သောအလိုရှိကြ၏။ တပါးနှင့်တပါးဆန့်ကျင်ဘက်ဖြစ်၍ သင်တို့သည် ဆန့်ကျင်သောအကျင့်ကိုမကျင့်နိုင်ကြ" (ဂလာတိ ၅:၁၇)။ ထိုကြောင့် ရွေးနှုတ် ကယ်တင်ခြင်းခံခဲ့သော ကျွန်ုပ်တို့သည် ဇာတိပကတိနှင့်ဝိညာဉ်ပကတိတို့တချိန် တည်းတွင်ပိုင်ဆိုင်နေကြသည့်နည်းတူ၊ ဤအရာနှစ်ခုတို့သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်လျက်ရှိသည်။ နောက်ဆုံးရလဒ်မှာ ကျွန်ုပ်တို့နှလုံးသားထဲတွင် တစ်ခုမျှ ပြီးပြည့်စုံခြင်းမရှိ နိုင်ပေ။
ကျွန်ုပ်တို့အတွင်းနှလုံးသားမှ သန့်ရှင်းသောဝိညာဉ်တော်သည် သတင်း ကောင်းဝေငှချင်သောစိတ်နှင့်ဘုရားသခင်ကို အစေခံလိုသောစိတ်ပေးသည်။ ၄င်းက ဝိညာဉ်တော်လုပ်ဆောင်ချက်များနှင့်စေ့စပ်ရန် ကျွန်ုပ်တို့ကို စိတ်အား ထက်သန်စေသည်။ ဘုရားသခင်၏သတင်းကောင်းကိုဝေမျှခြင်းအားဖြင့် အခြား သောသူများ သူ တို့အပြစ်မှကယ်တင်ရန် ၄င်းက ကျွန်ုပ်တို့ကိုကူညီပေးသည်။
သို့သော်   အခြားတဘက်တွင် ကျွန်ုပ်တို့သည် ဝိညာဉ်တော်၌မလျှောက် လှမ်းနိုင်ရန်အတွက် ကျွန်ုပ်တို့လိုအင်ဆန္ဒများကဇာတိအသွေးအသားကို နှိုးဆွ တတ်ကြသည်။ ဝိညာဉ်ပကတိနှင့်ဇာတိပကတိတို့သည် တစ်ခုနှင့်တစ်ခုနှင့်အမြဲ တမ်းတိုက်ခိုက်နေသည်။ လူတစ်ဦးသည် ဇာတိအသွေးအသားအားဖြင့်လောင် ကျွမ်းခြင်းခံသောအခါ သူသည် ဇာတိသဘောအတွက်သည် မိမိအချိန်ကို ဖြုန်းတီးမည်ဖြစ်ပါသည်။ ဇာတိအသွေးအသားဆန္ဒသည် ဝိညာဉ်တော်ကိုဆန့် ကျင်ခဲ့ပါသည်။ ထိုအရာနှစ်ခုတို့သည် တစ်ခုနှင့်တစ်ခုဆန့်ကျင်ဘက်ဖြစ်သော ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဆန္ဒအတိုင်းမပြုနိုင်ကြခြင်းဖြစ်သည်။
ထိုနောက်ဝိညာဉ်တော်အားဖြင့်လျှောက်လှမ်းခြင်း၌ အဘယ်အရာများ ပါဝင်သနည်း။ ဘုရားသခင်ကိုဝမ်းမြောက်စေသောအရာများသည် အဘယ်အရာ များဖြစ်ကြသနည်း။ သတင်းကောင်းဝေငှခြင်းနှင့်လိုက်လျှောက်ခြင်းသည် ဝိညာဉ် တော်အားဖြင့်လျှောက်လှမ်းသောအသက်တာဖြစ်သည်ဟု ဘုရားသခင်ကမိန့်ဆို ထားပါသည်။ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသောသူများအပေါ် ဝိညာဉ်တော်၌လျှောက်လှမ်းခြင်းနှလုံးသားကို ဘုရားသခင်ကပေးသည်။ သို့မှသာ သူတို့သည် ဝိညာဉ်တော်အသက်တာအားဖြင့်အသက်ရှင်နိုင်ကြမည် ဖြစ်သည်။ ဝိညာဉ်တော်၌လျှောက်လှမ်းခြင်းအားဖြင့်ဝိညာဉ်တော်အသီးသီးရန် ကျွန်ုပ်တို့ အားဘုရားသခင်ပညတ်ထားခြင်းသည် သတင်းကောင်းကိုဝေငှခြင်းအားဖြင့် အခြားသူများကို သူတို့အပြစ်များမှ ကယ်တင်ရန် အကြံပြုခြင်းနှင့် အမိန့်ပေးခြင်း ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော် ၌လျှောက်လှမ်းခြင်းသည် ဘုရားသခင်ဝမ်း မြောက်ခြင်းဖြစ်စေသည်အသက်တာဖြင့် အသက်ရှင်ခြင်းကိုဆိုလိုသည်။
ကျွန်ုပ်တို့သည် ဝိညာဉ်တော်၌လျှောက်လှမ်းနိုင်ရန်အတွက် ရှေ့ဦးစွာ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိရန် လိုအပ်သည်။ ကျွန်ုပ်တို့၌သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်စေလိုပါက ကျွန်ုပ်တို့အား ဘုရားသခင်ပေးခဲ့သော သတင်းကောင်းကို ရှေ့ဦးစွာ ကျွန်ုပ်တို့ယုံကြည်ကြရမည်ဖြစ်သည်။ ကျွန်ုပ်တို့အ တွင်းနှလုံးသားတွင် သတင်းကောင်းကိုယုံကြည်ခြင်းမရှိလျှင် သန့်ရှင်းသောဝိ ညာဉ်တော်ကိန်းဝပ်ခြင်း၊ အပြစ်မှကယ်တင်ခြင်းရရှိနိုင်မည်မဟုတ်ပေ။ ၄င်း၏ အဓိပ္ပါယ်မှာ ဝိညာဉ်တော်၌ကျွန်ုပ်တို့လျှောက်လှမ်းနိုင်ကြမည်မဟုတ်ပေ။
သတင်းကောင်းဝေငှလိုခြင်း၊ ဘုရားသခင်ကိုအစေခံလိုခြင်းနှင့် ဘုရားသ ခင်ဘုန်းတော်ထင်ရှားစေလိုခြင်းစသောလိုအပ်ဆန္ဒများကို ကျွန်ုပ်တို့အားသန့်ရှင်း သောဝိညာဉ်တော်ကပေးခဲ့သည်။ ဤဆန္ဒသည် ဘုရားသခင်အတွက်ဆက်ကပ် သောနှလုံးသားနှင့် ကမ္ဘာတစ်ဝှမ်းလုံးသို့သတင်းကောင်းဟောပြောခြင်းမှလာ သည်။ ၄င်းသည် သတင်းကောင်းကို အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေဟော ပြောလိုသောနှလုံးသားမှလည်းလာသည်။ သတင်းကောင်း ယုံကြည်သောသူများ နှင့် အပြစ်လွတ်ခြင်းရရှိခဲ့ပြီးနောက် သန့်ရှင်းသောဝိညာဉ်တော်ရရှိသောသူများ သည် ဝိညာဉ်တော်၌လျှောက်လှမ်းနိုင်ကြပြီး၊ သတင်းကောင်းဝေငှရန် မိမိကိုယ် ကိုဆက်ကပ်နိုင်ကြသည်။ ဤအမှုအရာသည် အထက်မှလာသောသူတို့၏ဝိညာဉ် အမွေဥစ္စာ ဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသောသူများသည် သူတို့အထဲ တွင်သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်သောကြောင့် သတို့သည်ဇာတိအသွေးအ သားအားဖြင့်အသက်ရှင်ခဲ့ကြသော်လည်း သူတို့သည် သန့်ရှင်းသောဝိညာဉ်တော် ကို နာခံခြင်းရှိနိုင်ကြပြီး၊ ဝိညာဉ်တော်၌လျှောက်လှမ်းနိုင်ကြသည်။ ရှင်ပေါလုက "သန့်ရှင်းသောဝိညာဉ်တော်ပကတိကိုကျင့်ဆောင်ကြလော့" ဟုပြောခဲ့သည်။ ၄င်း ၏အနက်အဓိပ္ပါယ်မှာ အခြားသောသူများသည်အပြစ်မှလွတ်ခြင်းအခွင့်ရရှိရန် ကျွန်ုပ်တို့အပေါ်ဘုရားသခင်ပေးခဲ့သောရေနှင့် သန့်ရှင်းသောဝိညာဉ်တော်သတင်း ကောင်းကို ကျွန်ုပ်တို့ဟောပြောရမည်ဖြစ်သည်။
တခါတရံ ကျွန်ုပ်တို့သည် ဝိညာဉ်ပကတိအတိုင်းကျင့်နေစဉ်တွင် ဇာတိ အသွေးအသားအားဖြင့်လျှောက်လှမ်းတတ်ကြပါသည်။ ဇာတိအသွေးအသားနှင့် ဝိညာဉ်ဆန္ဒသည် ကျွန်ုပ်တို့ဘဝတွင် တစ်ခုနှင့်တစ်ခုတိုက်ခိုက်ပြိုင်ဆိုင်လျှက်ရှိ သည်။ သို့သော် ကျွန်ုပ်တို့တိကျစွာသိရှိအသိအမှတ်ပြုရမည်အရာတစ်ခုမှာ သန့် ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသောသူများသည် ဝိညာဉ်တော်အားဖြင့် လျှောက်လှမ်းသောအသက်တာဖြင့်အသက်ရှင်သင့်ခြင်းဖြစ်သည်။ ဤနည်းလမ်း တစ်ခုတည်းအားဖြင့်သာလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ကောင်းချီးမင်္ဂ လာဖြင့်နှင့်ပြည့်ဝသောအသက်တာများအားဖြင့်အသက်ရှင်နိုင်ကြပါလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသူများသည် ဝိညာဉ်အသီးသီးရန်ငြင်း ဆိုခဲ့ပါက သူတို့ သည်ဇာတိအသီးသီးခြင်းအားဖြင့်ပျက်စီးသွားကြမည်ဖြစ်ပါ သည်။ သူတို့သီးသောအသီးသည် ပျက်ဆီးလွယ်သောအသီးနှင့်စိတ်ပျက်ဖွယ် ကောင်းသောအသီးပင်ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဝိညာဉ်တော်၌ လျှောက်လှမ်းခြင်းအားဖြင့်အ သက်ရှင်ရခြင်းအကြောင်းဖြစ်သည်။
ကျွန်ုပ်တို့သည် "ဝိညာဉ်တော်၌လျှောက်လှမ်းခြင်း"အကြောင်းသိရှိခဲ့ကြ သည်။ သို့သော် ကျွန်ုပ်တို့အချို့တို့သည် "ကျွန်ုပ်အထဲတွင် သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းမခံစားသောအခါ ကျွန်ုပ်အဘယ်သို့လုပ်ဆောင်ပါမည်နည်း"ဟု တွေးတတ်ကြသည်။ အချို့သောသူများက ဘုရားသခင်သည် ကျွန်ုပ်တို့ထံကိုယ် ယောင်ထင်ရှားပြီး တိုက်ရိုက်စကားပြောမှသာလျှင် ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းကို အသိအမှတ်ပြုနိုင်မည်ဟု ထင်တတ်ကြသည်။ သို့ သော်ဤသို့တွေးတောကြံဆခြင်းသည် နားလည်မှုလွှဲချော်သွားခြင်းသာဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအတွက်အသက်ရှင်ခြင်းဆန္ဒကို သန့်ရှင်းသော ဝိ ညာဉ်တော်ကကျွန်ုပ်တို့အားပေးခဲ့သည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အထဲတွင်ကိန်းဝပ်ကြောင်း သေချာစွာရှိသောအချိန်များစွာရှိခဲ့ရသော်လည်း ကျွန်ုပ်တို့သည် ဇာတိကပတိအ တိုင်းလျှောက်လှမ်းခဲ့ကြသောကြောင့်သန့်ရှင်းသောဝိညာဉ်တော်ရှိသည်ကို ကျွန်ုပ် တို့မခံစားနိုင်ကြပေ။ အချို့သောသူများက သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်အထဲတွင် အိပ်ပျော်နေသည်ဟု တောင်ထင်နိုင်ပေသည်။ ထိုသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ရရှိသောသူများဖြစ်ကြသော်လည်း ဇာတိပကတိအား ဖြင့် အသက်ရှင်သောသူများဖြစ်ကြသည်။
ဤလူများသည် သူတို့၏ဇာတိပကတိနယ်ပယ်တွင်နှစ်သိမ့်အားရခဲ့ကြ ပြီးဇာတိကပတိအတိုင်းကျင့်ဆောင်တတ်ကြသည်။ သို့သော် ဇာတိကပတိအသွေး အသား တောင့်တမှုကြောင့် သူတို့သည် နောက်ဆုံးတွင် ပျက်ဆီးခြင်းခံ ခဲ့ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသောသူများပင်လျှင် ဇာတိအသွေးအ သားအတိုင်းအသက်ရှင်ခြင်းကို သဘာဝဖြစ်သည်ဟုထင်သော ကြောင့် သူတို့သည် ဇာတိအသွေးအသားတပ်မက်ခြင်းအတိုင်းအသက်ရှင်တတ် ကြသည်။ သို့သော် ဇာတိကပတိအတိုင်းအသက်ရှင်ရန်ဆက်ကပ်သောသူများ သည် ဇာတိပကတိ၏ ကျေးကျွန်များဖြစ်ကြပေသည်။
ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်လမ်းပြသည့်အတိုင်းအသက် ရှင်ရန် ဘုရားသခင်ကမိန့်တော်မူခဲ့သည်။ ဤစကား၏ဆိုလိုချက်မှာ သတင်း ကောင်း ကိုအစေခံခြင်းဖြစ်သည်။ ၄င်း၏အနက်အဓိပ္ပါယ်သည်လည်း ကျွန်ုပ်တို့ သည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းအပေါ်လုံးဝဥဿုံဆက်ကပ်ခြင်းရရှိမည် ဖြစ်ပါသည်။ သတင်းကောင်း၌ပျော်မွေ့ခြင်းနှင့်အသက်ရှင်ခြင်းဟူသည် သန့်ရှင်း သောဝိညာဉ်တော် လမ်းပြသည့်အတိုင်းအသက်ရှင်ခြင်းကိုဆိုလိုသည်။ ကျွန်ုပ်တို့ သည် သန့်ရှင်းသောဝိညာဉ်တော်၌လျှောက်လှမ်းခြင်းအဓိပ္ပါယ်ကို လေ့လာသင် ယူခြင်းအားဖြင့်ထိုသို့အ သက်ရှင်သင့်ပေသည်။ မိတ်ဆွေသည် ဝိညာဉ်တော်၌ လျှောက်လှမ်းနေသလား။
 
 
သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း မရသောသူများသည် ဝိညာဉ်တော်၌လျှောက်လှမ်းနိုင်မလား။
 
ဒုတိယမွေးခြင်း မခံသောသူများက ဝိညာဉ်တော်၌လျှောက်လှမ်းခြင်းအ ဓိပ္ပါယ်ကိုမသိခဲ့ကြပေ။ ထိုကြောင့် မြောက်များစွာသောလူတို့သည် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိုတောင့်တပြီးရရှိရန် ကြိုးပမ်းခဲ့ကြ သည်။ သူတို့က သန့်ရှင်းသောဝိညာဉ်ရရှိရန်ဆန္ဒရှိသောအပြုအမူများသည် သန့် ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်ဝခြင်းဖြစ်သည်ဟုထင်ကြသည်။
ဥပများအားဖြင့် ဝတ်ပြုအစည်းအဝေးခန်းမတစ်ခုတွင် ဝတ်ပြုကိုးကွယ် ရန် လူတွေစုရုံးနေကြသောအခါ အမှုတော်ဆောင်တစ်ဦးက ကျယ်လောင်စွာ ဆုတောင်းပြီး လူတိုင်းသည် ဘုရားသခင်၏နာမတော်ကိုခေါ်ကာငိုကြွေးခြင်းပြုခဲ့ ကြသည်။ အချို့သောသူများသည် သန့်ရှင်းသောဝိညာဉ်တော်ပြည့်ဝခြင်း ကဲ့သို့အခြားသော ဘာသာစကားကိုပြောခဲ့ကြသည်။ သို့သော် မည်သူမည်ဝါ၊ သူတို့ကိုယ်တိုင်က သူတို့ပြောသောအရာများ နားမလည်ခဲ့ကြပေ။ ထိုစဉ်တွင် အချို့သောသူများသည် မြေပေါ်တွင်လဲပြီး သူတို့ကိုယ်ခန္ဓာများသည်ပျော်ရွှင်ခြင်း ကဲ့သို့တုန်ရီတုန်ရီပြုကြသည်။ သူတို့သည် နတ်ဆိုးဝိညာဉ်ဆိုးများပိုင်ဆိုင်ခြင်း ဖြစ်သော်လည်း သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ရရှိခဲ့ကြသည်ဟု ထင်ခဲ့ကြသည်။ ထို့နောက် လူတို့သည် "သခင်၊ သခင်"ဟု ရုန်းရင်းခတ်ပြု ဟစြွေ်ကးခဲ့ကြသည်။သူတို့သည်ဘုရားသခင်၏နာမတော်ကို ဟစ်ခေါ်ခဲ့ကြပြီး၊ မျက်ရည်ကျလျက် လက်ခုတ်တီးခဲ့ကြသည်။ ဤအဖြစ်အပျက်ကို "သန့်ရှင်း သောဝိညာဉ်တော်နှင့် ပြည့်ဝခြင်း"ဟုပင်ခေါ်တတ် ကြသည်။
အမှုတော်ဆောင်သူသည် တရားစင်ကိုရိုက်ရင်းအခြားသောဘာသာစ ကားများပြောပြီး လူတွေက "သခင်၊ သခင်"ဟု ငယ်သံပါအောင်ဟစ်ကြွေး ခဲ့ကြသည်။ သူတို့သည် ဤကဲ့သို့သောလှုပ်ရှားမှုနှစ်သက်ခဲ့ကြပြီး၊ အချို့သော သူများက သူတို့၏အကြည်လင်သောဈာန်ဝင်နေခြင်းကြောင့် ဧဒင်ဥယျာဉ်တွင် အကောင်းနှင့်အဆိုးခွဲခြားနိုင်သောအပင် နှင့်သခင်ယေရှု၏မျက်နှာတော်ကို ကိုရူပါရုံတွင်မြင်တွေ့ ကြောင်းပြောကြသည်။ ထိုသို့သောမှားယွင်းမှုများကို သူတို့က သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်သောနည်းလမ်း၊ သန့်ရှင်းသောဝိညာဉ် တော်နှင့်ပြည့်ဝခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်နှင့်အတူလျှောက်လှမ်းခြင်းဟု လွှဲမှားစွာခံယူတတ်ကြသည်။ သူတို့၏မှားယွင်းစွာပြုလုပ်မှုများသည် ဘုရားသခင် ၏နှုတ်ကပတ်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော်အကြောင်းနှင့်ပတ်သက်ပြီး သူတို့၏လွှဲမှားစွာခံယူခြင်း ကြောင့်ဖြစ်သည်။"ဝိညာဉ်ပကတိအတိုင်းကျင့်ပါ။" ဤအရာသည် ဒုတိယမွေးခြင်းခံသော သူများအပေါ်ဘုရားသခင်မိန့်တော်မူသည့် စကားဖြစ်သည်။ ၄င်းသည် ဘုရားသခင်ကိုဝမ်းမြောက်ခြင်းဖြစ်စေသောအရာ များဖြစ်သည်။ ရှင်ပေါလုသည် အသွေးအသား လှုပ်ရှားမှုကို သန့်ရှင်းသော ဝိညာဉ်တော်အသီးနှင့်နှိုင်းယှဉ်ထားပါသည်။ သူက "ဝိညာဉ်ပကတိ၏အကျိုးမူ ကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း ပေတည်း။" (ဂလာတိ ၅:၂၂-၂၃)
"ဝိညာဉ်ပကတိအတိုင်းကျင့်ဆောင်ခြင်း"ဆိုသည်မှာ သတင်းကောင်းဝေ ငှခြင်းနှင့်အခြားသူများကို သူတို့အပြစ်များမှကယ်တင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ သည် ထိုသို့ပြုလျှင် ဝိညာတ်တော်အသီးသီးနိုင်ကြမည်ဖြစ်သည်။ ဝိညာဉ်တော်အ သီးများမှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူး ပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း များဖြစ်ကြပြီး၊ သတင်းကောင်းအားဖြင့်ကျွန်ုပ်တို့အသက်ရှင်သောအခါ ဤအသီး ကိုသီးနိုင်ကြမည်ဖြစ်ပါသည်။ လူတစ်ဦးသည် သတင်းကောင်းအတွက်အစေခံပြီး ဝေငှလျှင်၄င်း၊ သတင်းကောင်းဝေငှခြင်းအတွက် မိမိအသက်တာကိုပူဇော်လျှင် ၄င်း သူသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောဝိညာဉ်အသက်တာ အားဖြင့်အသက်ရှင်နိုင် မည်ဖြစ်သည်။
ဝိညာဉ်တော်အသီးတွင် ဖော်ပြထားသော "ကောင်းမြတ်ခြင်း"သည် ကောင်းမှု ကုသိုလ်ပြုခြင်းကိုဆိုလိုသည်။အကျင့်သီလဆောက်တည်ခြင်းဟုလည်း အဓိပ္ပါယ်ဆိုနိုင်ပါသည်။ သတင်းကောင်းအတွက်သီလစောင့်ခြင်းနှင့် အခြားသော သူများအတွက်ကောင်းသောတစုံတခုပြုလုပ်ခြင်းသည် ကောင်းမြတ်ခြင်းပင်ဖြစ် သည်။ ဘုရားသခင်၏မျက်စိတော်အောက်တွင် အကောင်းဆုံးသောကောင်းမြတ် ခြင်းသည် သူတပါးကိုအကျိုးပြုသောသတင်းကောင်းဝေငှခြင်းဖြစ်သည်။
"ကျေးဇူးပြုခြင်း"သည် အခြားသူများအပေါ်ဂရုဏာစိတ်ထားရှိခြင်းဖြစ် သည်။ စိတ်ရှည်လက်ရှည်နှင့်ကျေးဇူးပြုခြင်းအားဖြင့် သူတပါးအပေါ်သတင်း ကောင်းဝေငှသောသူများသည် ငြိမ်သက်ခြင်းရှိရမည်။ ဝိညာဉ်ပကတိကျင့်ဆောင် သောသူများက ဘုရားသခင်၏အမှုတော်ပြီးပြည့်စုံခြင်းကိုမြင်တွေ့သောအခါပျော် ရွှင်ကြပြီး၊ ဘုရားသခင်၏အမှုတော်ထမ်းဆောင်ခြင်း၌ပျော်ရွှင်ခြင်းရှိလျက် အခြား သူများကိုချစ်မြတ်နိုးကာ အရာအားလုံးအပေါ် သစ္စာစောင့်ကြမည်ဖြစ်သည်။ မည်သူမည်ဝါမှ သတို့လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်မအပ်ခဲ့သော်လည်း သန့် ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ရရှိသောသူများသည် ဘုရားသခင်၏အမှု တော်ဆောင်ရာတွင်ပြီးပြည့်စုံသည်အထိသစ္စာရှိကြသည်။ သူသည်နူးညံ့သိမ်မွေ့ ခြင်းရှိပြီး၊ ကာမဂုဏ်ချုပ်တည်းနိုုင်ကြပေမည်။ သူ့မှာဝိညာဉ်တော်အသီးရှိသည်။ သန့်ရှင်းသောဝိညာဉ်တော်သူ့အထဲတွင်ရှိသောသူများသည် ဝိညာဉ်ပကတိကျင့် ကြမည်ဖြစ်သည်။ သူသည် ထိုသို့ပြုမှသာလျှင် သန့်ရှင်းသောဝိညာဉ်တော်အသီး သီးနိုင်မည် ဖြစ်သည်။
မိတ်ဆွေသည်လည်း ဝိညာဉ်တော်၌လျှောက်လှမ်းလျှင် ဝိညာဉ်တော် အသီးသီးနိုင်မည်ဖြစ်သည်။ သို့သော် မိတ်ဆွေသည် ဝိညာဉ်တော်၌လျှောက်လှမ်း ခြင်းမရှိ လျှင် ဇာတိပကတိတပ်မက်ခြင်းနှင့်လျှောက်လှမ်းခြင်းအားဖြင့်နိဂုံးချုပ် မည်ဖြစ်သည်။ ဂလာတိ ၅:၁၉-၂၁ တွင် ဤသို့ဆိုသည်။ "ဇာတိပကတိအကျင့် တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ သူ့မယားကိုပြစ်မှားခြင်း၊ မတရား သောမေထုံ၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ ရုပ်တုကို ကိုးကွယ်ခြင်း၊ သူတပါး ကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုး ကိုငြူစူခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ ယဇ်မျိုးကိုသောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမ စ၍၊ ထိုသို့သောအကျင့်ပေတည်း။ ထိုသို့သောအကျင့်ကိုကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြဟု အထက်ကငါပြောနှင့်ခဲ့ပြီးသည့် အတိုင်းယခုလည်းငါပြောနှင့်၏။"
 
 
ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏
 
ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ဇာတိပကတိ၏ပထမအ ကျင့်သည်"သူ့မယားကိုပြစ်မှားခြင်း"ဖြစ်သည်။၄င်း၏အဓိပ္ပါယ်မှာ မတူညီသော လိင်နှင့်အသင့်လျော်စွာဆက်ဆံမှုပြုခြင်းဖြစ်သည်။ ဒုတိယအချက်မှာ"မတရား သောသောမေထုံ၌မှီဝဲခြင်း"ဖြစ်သည်။ တတိယအချက်မှာ "ညစ်ညူးစွာကျင့်ခြင်း" ဖြစ် သည်။ စတုတ္ထအချက်မှာ "ကိလေသာလွန်ကျူးခြင်း" ဖြစ်သည်။ ၄င်းသည် တပ်မက်ခြင်းကိုဆိုလိုသည်။ပဉ္စမအချက်မှာ "ရုပ်တုကိုကိုးကွယ်ခြင်း" ဖြစ်သည်။ ဘုရားသခင်ထက်ရုပ်တုကိုကိုးကွယ်ခြင်း၊ အစေခံခြင်းကိုဆိုလိုသည်။ ဆဌမအ ချက်မှာ "သူတပါးကိုပြုစားခြင်း" ဖြစ်သည်။သတ္တမအချက်မှာ"ရန်ငြိုးဖွဲ့ခြင်း" ဖြစ် သည်။ လူတစ်ဦးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်လျှောက်လှမ်းခြင်းမရှိဇာတိ အသွေးအသားဖြင့် အသက်ရှင်လျှင်သူ၏အပြစ်သဘောတရားအတိုင်း အခြားသူ များထံမုန်းတီးခြင်းကလွှဲပြီးအခြားပြသစရာတစ်ခုမျှမရှိပေ။ အဌမအချက်မှာ "ရန် တွေ့ခြင်း"ဖြစ်သည်။ကျွန်ုပ်တို့သူငယ်ချင်းများ (သို့)မိသားစုများနှင့်အစဉ်အငြင်း ပွါးစကားများခြင်းကိုဆိုလိုသည်။ အခြားသောအရာများမှာ "ဂုဏ်ပြိုင်ခြင်း၊ အမျက်ဒေါသထွက်ခြင်းနှင့် အတ္တဆန်ခြင်း" များဖြစ်ကြသည်။ အထက်၌ဖော်ပြ ထားသောအချက်များအားလုံးသည် ဇာတိအသွေးအသားနှင့်လျှောက်လှမ်းသော သူ များ၏အကျင့်စရိုက်များဖြစ်ပါသည်။
ဒသမမြောက်အချက်မှာ"အချင်းချင်းကွဲပြားခြင်း" ဖြစ်ပါသည်။လူတစ်ဦး သည် ဇာတိအသွေးအသားအားဖြင့်သာအသက်ရှင်လျှင် အသင်းတော်လုပ်ငန်း များ လုပ်ဆောင်ရန် သူ့အတွက်မဖြစ်နိုင်တော့ပေ။နောက်ဆုံးတွင် သူသည် အသင်း တော်မှထွက်သွားခြင်းအားဖြင့်အဆုံးသတ်ပေမည်။ ဆယ့်တစ်မြောက်အ ချက်မှာ "သင်းခွဲခြင်း" ဖြစ်သည်။ ဇာတိကပတိအားဖြင့်အသက်ရှင်သောသူသည် သူ၏လိုအင်ဆန္ဒပြည့်ဝမှသာလျှင် ကျေနပ်မည်ဖြစ်သည်။ သို့သော်ထိုဘဝသည် ဘုရားသခင်၏အလိုတော်နှင့်တခြားစီဖြစ်ပါသည်။ အမှန်အကန်ဖော်ပြ၇လျှင် သူသည် သတင်းကောင်းကို ကျောခိုင်းအသက်ရှင်ခြင်းဖြစ်သည်။ သင်းခွဲခြင်း ဆိုသည်မှာ သမ္မာတရားမှလမ်းလွှဲသွားခြင်းကိုဆိုလိုသည်။ဘုရားသခင်၏နှုတ်က ပတ်တော်ကိုယုံကြည်ခြင်းမရှိသောသူများနှင့် ဝိညာဉ်တော်၌မလျှောက်သောသူ များသည် ဘုရားသခင်၏အလိုတော်မှလမ်းလွှဲသွားခဲ့သောသူများဖြစ်ကြသည်။ "သူ့အကျိုးကိုငြူစူခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ ယဇ်မျိုးကိုသောက်ကျူးခြင်း၊ ပွဲလုပ်ခြင်း" စသည် တို့သည်လည်း ဇာတိကပတိအကျင့်များဖြစ်ကြသည်။ ဇာတိ ကပတိအားဖြင့်သာ အသက်ရှင်သောသူများသည် နောက်ဆုံးတွင် ဤအရာများ ကျင့်ကြမည်ဖြစ်သည်။ ထိုကြောင့်ဘုရားသခင်က "ဝိညာဉ်တော်၌လျှောက်လှမ်း ကြလော့" ဟုမိန့်တော်မူခြင်းဖြစ်သည်။ ကျွန်ုပ်တို့ဒုတိမွေးခြင်းခံခဲ့ပြီးသောသူများ သည်လည်း ဝိညာဉ်တော် ၌လျှောက်လှမ်းရမည်ဖြစ်သည်။
ဒုတိမွေးခြင်းမခံသောသူများသည် သူတို့၏နှလုံးသားများထဲတွင် ဇာတိပ က တိစိတ်ကလွှဲ၍အခြားသောအရာတစ်ခုမျှမရှိပေ။ ထိုကြောင့် သူတို့သည် "မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာကျူးလွန်ခြင်း နှင့် ရုပ်တုကိုကိုးကွယ်ခြင်း"စသည်တို့၌ ကျင်လည်နေကြခြင်းဖြစ်သည်။ ဒုတိယ မွေးခြင်းမခံသောမှားယွင်းသောအမှု တော်ဆောင်များသည် သူတို့နောက်လိုက် များ ထံမှငွေးကြေးအလှူငွေများစွာရရှိရန် "ဝဇ္ဇာအတတ်များ" ကျင့်သုံးကာ သူတို့ ကိုဆွဲဆောင်စေတတ်ကြသည်။ သူတို့က ဘုရားကျောင်းသို့အလှူငွေများစွာ ထည့်ဝင်နိုင်သောသူများကို ကြီးမားသောတာဝန်နှင့်ရာထူးအမြင့်ပေးတတ် ကြသည်။ ဇာတိပကတိအားဖြင့်အသက်ရှင်သောသူများသည် အခြားသူများကို "မုန်းတီး"တတ်ကြသည်။ သူတို့က အသင်းတော်ကိုများစွာသောအဖွဲ့အစည်း အဖြစ်သင်းခွဲ တတ်ကြပြီး၊ သူတို့ပိုင်သောအသင်းတော်ကိုဝြွါကားကာအခြားသော သူများကိုယုံကြည်ခြင်းမှားယွင်းသောသူများအဖြစ်စွပ်စွဲတတ်ကြသည်။ "ငြင်းခုံ ခြင်း၊ သူ့အကျိုးကိုငြူစူခြင်း၊ အချင်းချင်းကွဲပြားစေခြင်း၊ သင်းခွဲခြင်း" စသည် တို့သည် ဒုတိယမွေး ခြင်းမခံရသေးသောသူများ၏နှလုံးသားထဲတွင်ရှိသောအရာ များဖြစ်ပါသည်။ ကျွန်ုပ်တို့သန့်ရှင်းသူများသည်လည်း ဇာတိပကတိ၌ကျင်လည် လျှင် ထိုနည်းတူအ သက်ရှင်ကြမည်ဖြစ်သည်။
 
 
သန့်ရှင်းသောဝိညာဉ်တော်သည်ဒုတိယမွေးခြင်းခံပြီးသူများအား သန့်ရှင်းသောဝိညာဉ်တော်အသီးသီးစေသည်
 
ဒုတိယမွေးခြင်းခံခဲ့ပြီးသောသူများသည် သတင်းကောင်းဟောပြောရန် အသက်ရှင်သင့်ပေသည်။ ဘုရားသခင်နောက်တော်သို့သာလိုက်လျှောက်ရန် ကျွန်ုပ်တို့အတွက်အခက်အခဲရှိသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏အ သင်းတော် သို့ဆက်သွယ်ခြင်းအားဖြင်းသတင်းကောင်းလုပ်ငန်းလုပ်ဆောင်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည်အတူတကွဆုတောင်းပြီး၊ လူတစ်စုံတစ်ယောက်သည် ဝိညာဉ်တော် သတင်းကောင်းအားဖြင့်အသက်ရှင်လျှောက်လှမ်းနိုင်ရန် ကျွန်ုပ်တို့ ခွန်အားများပေး ဆပ်ရမည်ဖြစ်သည်။ ဝိညာဉ်ပကတိအားဖြင့်လျှောက်လှမ်းသော သူများသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ဟောပြောရန်အသက် ရှင်ကြသည်။ တနည်းအားဖြင့်၊ ဇာတိပကတိအားဖြင့်အသက်ရှင်းခြင်းဆိုသည်မှာ ကိုယ်ကျိုးအတွက်သာအ သက်ရှင်ခြင်းမျိုးဖြစ်ပြီး၊ ဝိညာဉ်ပကတိအားဖြင့်အသက် ရှင်ခြင်းဆိုသည်မှာ အခြား သူမျာဝိညာဉ်ကိုကယ်တင်ရန်အတွက်အသက်ရှင်ခြင်း မျိုးကိုဆိုလိုသည်။ ဒုတိယမွေးခြင်းခံရသောများစွာသောခရစ်ယာန်များသည် ဤ လှပသောအသက်တာမျိုးအားဖြင် အသက်ရှင်ကြသည်။ သူတို့သည် အခြားသော သူများကောင်းမှုအတွက်သာအသက် ရှင်ကြသည်။
ကမ္ဘာတစ်ဝှမ်းလုံးတွင် သတင်းကောင်းကိုမကြားဘူးသေးသော လူသန်း ပေါင်းများစွာရှိသည်။ အာဖရိကနှင့်အာရှတိုက်တွင်ရှိသောလူများကို ကျွန်ုပ်တို့ချစ် သည်။ ကျွန်းစုများအပါအဝင် ဥရောပတိုက်နှင့်အမေရိကတိုက်တွင်ရှိသောလူအား လုံးကိုလည်း ကျွန်ုပ်တို့ချစ်သည်။ ကျွန်ုပ်တို့သည် သူတို့အားရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကိုမိတ်ဆက်ပေးခြင်းအားဖြင့် ကျွန်ုပ်တို့ချစ်ခြင်းမေတ္တာကိုပြသ သည်။
ကျွန်ုပ်တို့သည် ဝိညာဉ်ပကတိအတိုင်းကျင့်ဆောင်ရမည်။ ထိုသို့သောအ ကျင့်ကိုအဘယ်တရားမျှမတားပေ။"ဝိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်း မြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊နူးညံ့သိမ်မွေ့ခြင်း၊ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း" (ဂလာတိ ၄:၂၂-၂၃)။ ဤအရာများဆန့်ကျင်သောဥပဒေရှိသလား။ မရှိပါ။ ဤဥပဒေသည် ကျွန်ုပ်တို့လိုက်နာရမည့် ဝိညာဉ်တော်၏ဥပဒေသများဖြစ်ပါသည်။ ဝိညာဉ်တော်၌ လျှောက်လှမ်းရန် ရှင်ပေါလုက ကျွန်ုပ်တို့အားပြောခဲ့သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်သားများအတွက် သူ၏အသက်ကိုစတေးခဲ့သည်နည်းတူ၊ ကျွန်ုပ် တို့သည်လည်း အခြားသောသူများထံ သတင်းကောင်းဝေငှရကြမည်ဖြစ်သည်။ အခြား သူများအား သူတို့၏အပြစ်များမှကယ်တင်ခြင်းသည် ဝိညာဉ်တော်၌ လျှောက်လှမ်းခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း ဝိညာဉ်တော်၌လျှောက်လှမ်း သင့်ပေသည်။
ဂလာတိ ၅:၂၄-၂၆ တွင် ရှင်ပေါလုက ]]ခရစ်တော်နှင့်မဆိုင်သောသူ တို့သည် ဇာတိပကတိကိ်ု၄င်း၊ ဇာတိပကတိစိတ်များနှင့်အလိုဆန္ဒများကို၄င်း၊ လက်ဝါးကပ်တိုင်မှာရိုက်ထားကြပြီ။ သို့ဖြစ်၍ငါတို့သည် ဝိညာဉ်ပကတိကြောင့် အသက်ရှင်လျှင်၊ ဝိညာဉ်ပကတိအတိုင်းကျင့်ကြကုန်အံ့။ အချည်းနှီးသောကျော် စောကိတ္တိကိုတပ်မက်ခြင်း၊ အချင်းချင်းချုပ်ချယ်နှောင့်ယှက်ခြင်း၊ အချင်းချင်း ငြူစူခြင်းတို့ကိုရှောင်၍နေကြကုန်အံ့" ဟုဖော်ပြထားပါသည်။ ကျွန်ုပ်တို့သည် ဝိညာဉ်ပကတိ အားဖြင့်အသက်ရှင်ကြလျှင် ပျောက်ဆုံးသောဝိညာဉ်များကိုကယ် တင်ရန်အသက်ရှင်ကြရမည်။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်အလုပ်ကိုလုပ်ဆောင်ရ မည်ဖြစ်ပြီး၊ ဝိညာဉ်တော်နှင့်အတူအသက်ရှင်ရကြမည်ဖြစ်သည်။ ကျွန်ုပ်တို့အပေါ် ဘုရားသခင်ပေးခဲ့သောသန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့နှလုံးသား များထဲတွင် သခင်ယေရှုခရစ်တော်အသက်ရှင်စေသည်။ သန့်ရှင်းသောဝိညာဉ် တော်သည် ချစ်ခြင်းမေတ္တာ၏အရှင်သခင်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ အားသူ၏မေတ္တာတော်သယ် ဆောင်သောယာဉ်များအဖြစ်အသုံးပြုသည်။
ရှင်ပေါလုက"ခရစ်တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကို၄င်း၊ ဇာတိပကတိစိတ်များနှင့်အလိုဆန္ဒများကို၄င်း၊ လက်ဝါးကပ်တိုင်မှာရိုက်ထား ကြပြီ"(ဂလာတိ၅:၂၄) ဟုဖော်ပြထားပါသည်။ ဒုတိယမွေးခြင်းခံသောသူများသည် သခင်ယေရှုခရစ်တော်နှင့်အတူအသေခံခဲ့ပြီဖြစ်ကြောင်း ရှင်ပေါလုကပြောခဲ့သည်။ စစ်မှန်သောဒုတိယမွေးခြင်းခံသောသူများသည် သခင်ယေရှုနှင့်အတူအသေခံ ခဲ့ပြီးဖြစ်သည်။ ၄င်းကိုကျွန်ုပ်တို့မသိခဲ့ကြသော်လည်း သခင်ယေရှုသည် ကျွန်ုပ်တို့ အပြစ်များအတွက် ပြစ်ကြွေးပေးဆပ်ရန် ကားတိုင်တော်ပေါ်တွင်အသေခံသော အခါ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်နှင့်အသေခံခဲ့ကြခြင်းဖြစ်သည်။ တနည်းအားဖြင့်၊ သခင်ယေရှုခရစ်တော်ကားတိုင်ပေါ်တွင်သေခံခြင်းသည် မိတ် ဆွေနှင့်ကျွန်တော်တို့သည်လည်းကားတိုင်ပေါ်တွင် သူနှင့်အတူအသေခံခဲ့ခြင်း ကိုဆိုလိုသည်။ ခရစ်တော်၏အသေခံခြင်းသည် ကျွန်ုပ်တို့အသေခံခြင်းဖြစ်ပြီး သူရှင်ပြန်ထမြောက်ခြင်းသည်လည်း ကျွန်ုပ်တို့၏ရှင်ပြန်ထမြောက်ခြင်းအတွက် အာမခံပေးသောပုံဆောင်ချက်ဖြစ်သည်။ မိတ်ဆွေနှင့်ကျွန်တော်တို့သည်လည်း ယုံကြည်ခြင်းအားဖြင့် သခင် ယေရှုခရစ်တော်၌အသက်ရှင်ပြီးသေကြခြင်းဖြစ် သည်။ ကျွန်ုပ်တို့မှာယုံကြည်ခြင်းရှိရမည်ဖြစ်သည်။ ကျွန်ုပ်တို့ယုံကြည်ခြင်းက ကျွန်ုပ်တို့အားဝိညာဉ်တော်၌လျှောက်လှမ်း စေသည်။
ကျွန်ုပ်တို့သည် ဝိညာဉ်တော်၌လျှောက်လှမ်းနိုင်သောတန်ခိုးကို ဘုရား သခင်ကပေးခဲ့ပြီးဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့အပြစ်အားလုံးခွင့်လွှတ်ခြင်းရရှိ သောသူများသည် ဝိညာဉ်ပကတိအားဖြင့်အသက်ရှင်သင့်ပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ရရှိသောသူများသည် သူတို့အပြစ်လွတ်ငြိမ်းချမ်းသာခွင့်ရရှိခြင်းအ တွက် ကျေးဇူးတင်ကာပျောက်ဆုံးသောဝိညာဉ်များကယ်တင်ခြင်းရရှိရန်အတွက် သတင်း ကောင်းဝေငှရန် မိမိကိုယကိုဆက်ကပ်ရမည် ဖြစ်သည်။ လူတစ်ဦးသည် အပြစ်လွှတ်ခြင်းရရှိကာ ဒုတိယမွေးဖွါးခြင်းရရှိသော်လည်း သူသည် ဘုရားသခင် ၏အသင်းတော်နှင့်ကင်းကွာပြီး ဇာတိပကတိတပ်မက်ခြင်းအပေါ်အသက်ရှင်ခြင်း အားဖြင့် ထိုသူသည် ဘုရားသခင်ကိုအစေမခံနိုင်ပေ။ သခင်ယေရှုခရစ်တော်နေ့ ရက်ထိတိုင်အောင် မိတ်ဆွေနှင့်ကျွန်တော်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းအားဖြင့်အသက်ရှင်သင့်ပေသည်။
 
 
အချည်းနှီးကျော်စောကိတ္တိတပ်မက်ခြင်းမရှိဘဲ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသော အသက်တာအားဖြင့်အသက်ရှင်ခြင်း
 
ရှင်ပေါလုက "အချည်းနှီးသောကျော်စောကိတ္တိကိုတပ်မက်ခြင်း၊ အချင်း ချင်းချုပ်ခြယ်နှောက်ယှက်ခြင်း၊အချင်းချင်းငြူစူခြင်းတို့ကိုရှောင်၍ နေကြကုန်အံ့" ဟုပြောခဲ့သည်။ ဘဝင်မြင့်ခြင်းသည် အဘယ်အရာကိုဆိုလိုသနည်း။ ဇာတိပကတိ တပ်မက်ခြင်းအားဖြင့်လျှောက်လှမ်းခြင်းသည် ဘဝင်မြင့်ခြင်းဖြစ်သည်။ ဤလော ကတွင် သူတို့ဘဝမြင့်ခြင်းအားဖြင့် အသက်ရှင်သူမြောက်များစွာရှိသည်။ မြောက် များစွာသောလူတို့က ငွေစုဆောင်းပြီး၊ ကြီးမြတ်သောနေရာတွင်ရောက်ရှိရန် ပြိုင်ဆိုင်ကြကာ လောကလှပမှုများချစ်မြတ်နိုင်လျက် ထိုအရာများအတွက်သာအ သက်ရှင်တတ်ကြသည်။ ဤအရာများ၌သစ္စာမရှိကြပေ။ ၄င်းတို့သည် အချိန်ကြာ လာသည်နှင့်အမျှပျက်စီးပျောက်ကွယ်သွားကြသည်။ ဤအကြောင်းကြောင့် ဇာတိပကတိအားဖြင့်လျှောက်လှမ်းသောသူများသည် အချည်းနှီးကျော်စောကိတ္တိ တပ်မက်ခြင်း ဟုခေါ်ပါသည်။ လူတွေက ချမ်းသြွာကယ်ဝလျှင် သူတို့နှလုံးသား များ၌ စစ်မှန်သောငြိမ်သက်ခြင်းနှင့် ကျေနပ်ရောင့်ရဲခြင်းရှိကြသလား။ ဇာတိပက တိအသီးသည် အမှန်တကယ်ပျက်စီးပျောက်ကွယ်တတ်ပါသည်။ လောကအရာ များသည် အခြားသူများ၏ဝိညာဉ်အတွက်အကျုံးမဝင်ဘဲလူတစ်ဦးတစ်ယောက်အ တွက်သာဖြစ်သည်။ ထိုအရာသည် လူတစ်ယာက်အ တွက်သာကောင်းသည်။
သမ္မာကျမ်းစာတွင် "စွန့်ကျဲသော်လည်း ဥစ္စာတိုးပွားတတ်သောသူရှိ၏။ အထောက်မတန်စုသိမ်း၍ဆင်းရဲခြင်းသို့ရောက်တတ်သောသူလည်းရှိ၏"(သုတ္တံ ၁၁:၂၄)ဟုဖော်ပြထားပါသည်။ ဒုတိယမွေးဖွားခြင်းမခံသောသူများသည်ငွေများ စွာစုသိမ်းရန်ကြိုးစားတတ်ကြသည်။ အကြောင်းမှာ လောကအရာများသည် သူတို့အတွက်လိုသမျှပြည့်စုံခြင်းဖြစ်သည်။ သူတို့ထဲတွင် အခြားသူများအတွက် နေရာအခန်းမရှိပေ။ ထိုအကြောင်းကြောင့် သူတို့သည် သူတို့၏ကိစ္စဝိစ္စအ တွက်သာ လိုချင်ဂရုစိုက်တတ်ကြခြင်းဖြစ်သည်။ သို့သော် သမ္မာကျမ်းစာက လူတစ်ဦးသည် အမှန်တရားထက်စုသိမ်းသူရှိသော်လည်း ၄င်းက ဆင်းရဲခြင်း ကိုပြုစုတတ်သည်ဟု ဖော်ပြထားပါသည်။ လူတွေက ဇာတိပကတိတပ်မက်ခြင်း အားဖြင့်လျှောက်လှမ်းတတ်ကြသည်။ သို့သော် သူတို့သည် နောက်ဆုံးတွင် ဖောက်ထွင်းခိုးယူခြင်းခံရသဖြင့် သေခြင်းနှင့်နိဂုံးချုပ်တတ်သည်။ ဤအရာများ အားလုံးသည် ကျော်စောကိတ္တိ၏အ ကျိုးရလဒ်ပင်ဖြစ်သည်။
 
 
ဝိညာဉ်တော်၏အလိုတော်အတိုင်းလိုက်လျှောက်ရန်မြတ်နိုးသောသူများ
 
ဝိညာဉ်တော်၌ရှီသောအသက်တာအားဖြင့်အသက်ရှင်ရန် ရှင်ပေါလု ဆန္ဒရှိခဲ့သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်းကောင်းမွန်စွာအသက် ရှင်ရန် ပေါလုကကျွန်ုပ်တို့အားသွန်သင်ခဲ့သည်။ ဂလာတိ ၆:၆-၁၀ တွင် သူက "နှုတ်ကပတ်တရားကိုသင်သောသူသည် သင်ပေးသောသူအားကောင်းသောအရာ ရှိသမျှတို့ကိုဝေမျှစေ။အလွှဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည်အတိုင်းအသီးအနှံကိုရိတ်ရမည်။ မိမိဇာတိပ ကတိ၌မျိုးစေ့ကြဲ သောသူသည် ဇာတိပကတိအားဖြင့်ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်းအသီးအနှံကိုရိတ်ရလိမ့်မည်။ ငါတို့သည်အားမလျော့၊စိတ် မပျက်ဘဲကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကိုရိတ်ရကြလိမ့်မည်။ ထိုကြောင့်ငါတို့သည် အဆင်သင့်သည်အတိုင်းယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေး ဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အားကျေးဇူးပြုကြကုန်အံ့" ဟုမိန့်တော်မူခဲ့သည်။
ဘုရားသခင်၏နှုတ်ကပတ်တော်သိရှိသောသူများသည်သူတို့၏ဆရာသ မားများနှင့်အတူကောင်းသောအရာအားလုံးဝေမျှရန် ပေါလုက အကြံပြုခဲ့သည်။ "ကောင်းသောအရာများ"ဟု သူပြောသောအခါ ဝိညာဉ်တော်၌လျှောက်လှမ်းသော အသက်တာနှင့်သတင်းကောင်းဟောပြောခြင်းဖြင့် ပျောက်ဆုံးသောဝိညာဉ်များ ကယ်တင်ခြင်းအားဖြင့် ဘုရားသခင်အားဝမ်းမြောက်စေခြင်းကိုဆိုလိုသည်။ ဒုတိ ယမွေး ဖွားခြင်းခံသောသူများသည်ဝိညာဉ်တော်အကြောင်းကို သွန်သင်ပြီးဝိညာဉ် တော်၌ လျှောက်လှမ်းသောသူများနှင့်စိတ်တလုံးတဝတည်းချစ်ခြင်းနှင့် တရားစီ ရင်ခြင်း၌ ပါဝင်သင့်ပေသည်။
"သင်ပေးသောသူများနှင့်အတူကောင်းသောအရာများအားလုံး မျှဝေစေ။" ကောင်းသောအရာများဆိုသည်မှာ အသင်းတော်အားဖြင့်အခြားသူများအားသူ တို့အပြစ်များမှကယ်တင်ခြင်းကိုဆိုလိုသည်။ အရာခပ်သိမ်းကို စိတ်တလုံးတဝ၊ တလုံးတဝဆုတောင်းခြင်းနှင့်တလုံးတဝဆက်ကပ်ခြင်းအားဖြင့်လုပ်ဆောင်ကြရန် ရှင်ပေါလုကျွန်ုပ်တို့အားပြောခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အမှုတော်ကို အတူ တကွထမ်းဆောင်ရမည်ဖြစ်သည်။
ရှင်ပေါလုက "အလွဲမယူကြနှင့်။ ဘု၇ားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။လူသည်မျိုးစေ့ကြဲသည်အတိုင်းအသီးအနှံကိုပြန်ရိတ်ရမည်"ဟု ပြောခဲ့ သည်။ ဤနေရာတွင် "မထီမဲ့မြင်ပြုခြင်း"ဆိုသည်မှာ "ကဲ့ရဲ့ခြင်းနှင့်လှောင်ပြောင် ခြင်း" ဖြစ်သည်။ "အလွဲမယူနှင့်။ ဘုရားသခင်မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ"ဆို သည်မှာ ဘုရားသခင်ကိုမထီမဲ့မြင်ပြုခြင်းနှင့်လှောင်ပြောင်ခြင်းမပြုခြင်းဖြစ်သည်။ ဥပမာအားဖြင့် လူတစ်ဦးသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပေါ့ပေါ့ပျက် ပျက်ယူကာ သူတို့ကြိုက်နှစ်သက်သည့်အတိုင်းအမှားယွင်းစွာအနက်ဖွင့်ဆိုခြင်း နှင့် သူတို့စိတ်ကြိုက်ယုံကြည်ခြင်းမပြုသင့််ပေ။ ရှင်ပေါလုက "လူသည် မျိုး စေ့ကြဲသည်အတိုင်းအသီးအနှံကိုပြန်ရိတ်ရမည်" ဟုပြောခဲ့သည်။ ဤကျမ်းစ ကား၏အဓိပ္ပါယ်မှာ ဇာတိပကတိမျိုးစေ့ကြဲသောသူသည် ပုပ်ပျက်ခြင်းကိုသာရိတ် ရလိမ့်မည်ဖြစ်သည်။ သို့သော် ဝိညာဉ်တော်မျိုးစေ့ကိုကြဲသောသူတို့သည် ထာဝ ရအသက်ကိုရိတ် ရလိမ့်မည်။
အကယ်၍ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် အသက်ရှင်လျှင် မည်သည့်အရာကိုရိတ်ရမည်နည်း။ ကျွန်ုပ်တို့သည် ထာဝရအ သက်နှင့် ကျွန်ုပ်တို့အပြစ်များမှကယ်တင်ခြင်းအသီးအနှံကိုရိတ်ရလိမ့်မည်။ အခြား သူများ၏ဝိညာဉ်များကို သူတို့အပြစ်များမှရွေးနှုတ်ကယ်တင်ခြင်းနှင့် ဘုရား သခင်၏ကောင်းချီးမင်္ဂလာများအားဖြင့်ထာဝရအသက်ပေးခြင်းအားဖြင့် ဝိညာဉ် တော် အသီးအနှံကို ကျွန်ုပ်တို့ရိတ်ရလိမ့်မည်။
သို့ရာတွင် သူတို့၏ဇာတိပကတိအတွက်အသက်ရှင်သောသူများသည် မည်သည့်အသီးအနှံကိုရိတ်ရကြမည်နည်း။ သူတို့သည် ပျက်စီးခြင်းအသီးအနှံကို ရိတ်ကာ နောက်ဆုံးတွင် သေခြင်းကလွဲပြီးအခြားရိတ်သိမ်းစရာတစ်မခုမျှမရှိပေ။ သူတို့သေဆုံးခဲ့ပြီးနောက် မည်သည့်အရာတစ်စုံတစ်ခုမျှ ကျန်ရစ်မည်မဟုတ်ပေ။ လူသားများသည် လက်ချည်းသက်သက်မွေးဖွားလာခဲ့ပြီး လက်ချည်းသက်သက် သေရကြသည်။
အခြားသူများကို သူတို့အပြစ်များမှကယ်တင်ခြင်းအလုပ်ကိုလုပ်ဆောင် သောသူများသည် ဝိညာဉ်တော်အသီးအနှံကို၇ိတ်ပြီး၊ ထာဝရအသက်ရရှိကြမည် ဖြစ်သည်။သို့သော် ဇာတိပကတိတပ်မက်ခြင်းအားဖြင့် အသက်ရှင်သောသူများမှာ ပျက်စီးခြင်းအသီးအနှံကိုသာရိတ်ရလိမ့်မည်။ ထိုနောက်သူတို့သည် ကျိန်ခြင်း အမင်္ဂလာများရိတ်ရပြီး၊ အခြားသောသူများအပေါ် ကျိန်ခြင်းအမင်္ဂလာကို လက် ဆင့်ကမ်းပါလိမ့်မည်။ ထိုကြောင့် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်ခြင်းအားလုံး ကိုသိသော ရှင်ပေါလုသည် ဇာတိပကတိအားဖြင့်အသက်မရှင်ကြရန် အကြံပြု ထားခြင်းဖြစ် သည်။
"ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြ ကုန်အံ့။ ထိုသို့တည်ကြည်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကိုရိတ်ရကြ လိမ့်မည်။"ရှင်ပေါလုသည် ဝိညာဉ်တော်အားဖြင့်လျှောက်လှမ်းသောဘုရားသခင် ၏အစေခံကျွန်တစ်ဦးဖြစ်သည်။ လူတွေက သူသည် ဝိညာဉ်တော်အားဖြင့် လျှောက်လှမ်းခြင်းကို သမ္မာကျမ်းစာထဲတွင်မြင်တွေ့သောအခါ အချို့သောသူများ က သန့်ရှင်းသောဝိညာဉ်တော်က သူ့အား "ပေါလု ဘယ်ဘက်သို့သွားပြီး လူတစုံတယောက်ကိုတွေ့ပါ" (သို့) "သင်သည် လူတွေိကိုရှောင်လွဲသင့်သည်" ဟုတိုက်ရိုက်စကားပြောသောကြောင့်ဖြစ်သည်ဟု ထင်နိုင်ပေသည်။ သို့သော် ဤသို့ယူဆခြင်းသည် မမှန်ကန်ပေ။
သူသည် အခြားသူများကိုကယ်တင်ခြင်းသတင်းကောင်းဟောပြောခြင်း နှင့်သူတို့ဝိညာဉ်များကိုကယ်တင်ရန်ကူခြင်းအားဖြင့် ဝိညာဉ်တော်၌အသက်ရှင်ခဲ့ သည်။ ရှင်ပေါလုသည် ဝိညာဉ်တော်အားဖြင့်လျှောက်လှမ်းသောသူများနှင့်ပါဝင် လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်ကိုအစေခံခဲ့သည်။ ခရစ်ယာန်များကြားတွင် ဝိညာဉ်တော်အားဖြင့်အသက်မရှင်သောသူများ၊သို့သော် ဇာတိအသွေးအသားအား ဖြင့်အသက်ရှင်သောသူများရှိပါသည်။ သူတို့က ရှင်ပေါလုကို လှိုက်လှိုက်လှဲလှဲကြို ဆိုခြင်းမပြု၊ သူ့ကိုဆန့်ကျင်ကာ သတ်ခဲ့ကြသည်။ ရှင်ပေါလုသည် ထိုသူတို့ကိုပြန် လည်တိုက် ခိုက်ခြင်းမပြုဘဲ သခင်ယေရှုခရစ်တော်၏တပည့်တော်တစ်ယောက် အဖြစ်သတ်ဖြတ် ခြင်းခံခဲ့ကြောင်းပြောခဲ့သည်။
မိတ်ဆွေသည် ဝိညာဉ်တော်အားဖြင့်အသက်ရှင်လျှောက်လှမ်းလိုလျှင် သ တင်းကောင်းအားဖြင့်အသက်ရှင်ရမည်ဖြစ်သည်။ အရေဖျားလှီးခြင်းခံသောသူများ က ပေါလုကို တရားစွဲခဲ့ကြသည်။ ဂလာတိ ၅:၁၁ တွင် "တဖန်တုံ၊ ညီအစ်ကိုတို့ ငါ သည်အရေဖျားလှီးခြင်းတရားကို ဟောပြောပေးသည်မှန်လျှင် အဘယ်ကြောင့် ညှဉ်းဆဲခြင်းကိုခံရသေးသနည်း။ ထိုသို့ဟောပြောလျှင် လက်ဝါးကားတိုင်တော်ကို ထိမိ၍ လဲစရာအကြောင်းပယ်ရှင်းလျက်ရှိ၏" ဟုဖော်ပြထားပါသည်။အရေဖျား လှီးခြင်းခံခဲ့ သောသူများသည် အရေဖျားလှီးခြင်းကိုထောက်ခံအားပေးသောသူ များဖြစ်ကြသည်။ သူတို့က "လူတစ်ဦးသည် သခင်ယေရှုကိုယုံကြည်လျှင်လည်း အရေဖျားလှီးခြင်းခံရမည်။ ထိုသူသည် ကိုယ်ခန္ဓနှင့်စပ်ဆိုင်သောအရေဖျားလှီး ခြင်းမခံလျှင် ဘုရားသခင်၏သားမဟုတ်"ဟုပြောကြသည်။ သူတို့သည် အဘယ်ကြောင့် ပေါလုကို တရားစွဲခဲ့ကြသနည်း။ ပေါလုသည် ရွေးနှုတ်ကယ် တင်ခြင်းနှင့် ထာဝရအသက်နှင့် ဆိုင်သောကောင်းချီးမင်္ဂလာသည် သခင်ယေရှု၏ ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်တော် ပေါ်တွင် သူသွန်းလောင်းသောအသွေးတော် အားဖြင့်ရရှိသည်ဟု ယုံကြည်ခဲ့သောကြောင့်ဖြစ်သည်။ ဤတရားသည် ပေါလု ဟောပြောသောတရားဖြစ်သည်။
လူတွေကိုဖြောင့်မတ်ခြင်းဖြစ်စေသောယုံကြည်ခြင်းသည် သမ္မာတရား သင်ယူခြင်းနှင့်ဟောပြောခြင်းအားဖြင့်ရရှိသည်။ ရေနှင့်ဝိညာဉ်တော်သမ္မာတရား သည်အလွန်အရေးကြီးသည်ဟု ရှင်ပေါလုက သတ်မှတ်ခဲ့သည်။ သမ္မာတရားကို သိရှိသောသူများသည်ဝိညာဉ်တော်၌ လျှောက်လှမ်းသောသူများဖြစ်ကြောင်း၊ သူ တို့သည် အရေဖျားလှီးခြင်းခံယူရန်မလိုအပ်ကြောင်း ရှင်ပေါလုကယုံကြည်ခဲ့ သည်။ ဤတရားသည် သူဟောပြောခဲ့သောတရားဖြစ်သည်။ သို့သော်အရေဖျား လှီးခြင်းခံသောသူများက အရေဖျားလှီးခြင်းသည် ကယ်တင်ခြင်းရရှိရန် လူတစ်ဦး ၏ယုံ ကြည်ခြင်းတွင်မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် ဘုရားသခင်ပေးထားခဲ့သော သတင်းကောင်းကလွဲပြီးအခြားသောသ တင်းကောင်းမရှိပေ။ ထိုကြောင့်ကျွန်ုပ်တို့သည် သတင်းကောင်းကိုထပ်ဖြည့်ခြင်း၊ နှုတ်ယူခြင်းမပြု သင့်ပေ။
ရှင်ပေါလုသည် ဝိညာဉ်ပကတိအားဖြင့်လျှောက်လှမ်းခဲ့သောအခါ သူ၏ အဆွေယုဒလူမျိုးများက ဥပေက္ခာပြုခဲ့ကြကာ သတ်ဖြတ်ခဲ့ကြသည်။ "မိမိတို့အ သွေးအဆင်းတင့်တယ်စေချင်သော သူရှိသမျှတို့သည် ခရစ်တော်၏လက်ဝါးကပ် တိုင်ကြောင့်ခံရသောညှဉ်းဆဲခြင်းနှင့် မိမိတို့ကင်းလွတ်လို၍၊ သင်တို့ကိုအရေဖျား လှီးခြင်းကိုခံစေခြင်းငှါ၊ အနိုင်အထက်သွေးဆောင်တတ်ကြ၏။ အရေဖျားလှီးခြင်း ကိုခံသောသူတို့သည် ပညတ်တရားကိုကိုယ်တိုင်မကျင့်သည်ဖြစ်၍၊ သင်တို့၏ အသွေး အဆင်းကိုအမှီပြုလျက်ဝြွါကားလို၍သင်တို့ကိုအရေဖျားလှီးခြင်းကိုခံစေ ခြင်းငှါ အလိုရှိကြ၏။ ငါဖြစ်လျှင် ငါတို့၏သခင်ယေရှုခရစ်၏ လက်ဝါးကပ် တိုင်တော်မှတပါး အဘယ်အရာ၌မျှဝြွါကားခြင်းမရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင် တော်မှာ ဤလောက သည်ငါ့အဖို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏။ အကြောင်းမူကား၊ ယေရှုခရစ်ထံ၌ အရေးဖျားလှီးခြင်းအကျိုးမရှိ။ မခံဘဲနေခြင်းလည်းအကျိုးမရှိ။ သတ္တဝါသစ်ဖြစ်ခြင်းကိုသာအကျိုးရှိ၏" (ဂလာတိ ၅:၁၂-၁၅)။ ရှင်ပေါလုက အရေဖျားလှီးခြင်းခံသောသူများအပေါ် "လူများစွာတို့သည် ကိုယ်ခန္ဓာအသွေးအ သားအားဖြင့် ကောင်းသောအရာများပြုရန် ဆန္ဒရှိကြသည်။ ဤသူများကအရေ ဖျားလှီးခြင်းခံရန်အတင်းအဓမ္မ တိုက်တွန်းပါလိမ့်မည်။သူတို့သည် ခရစ်တော်၏ ကားတိုင်တော်အတွက်ညှဉ်းပန်းနှိပ် စက်ခြင်းမှလွတ်မြောက်ရန်အတွက်သာရည် စူးခြင်းဖြစ်သည်"ဟုပြောခဲ့သည်။
ရှင်ပေါလုက အသွေးအသားတပ်မက်ခြင်းအားဖြင့်အသက်ရှင်သောသူ များကို ပြစ်တင်ခဲ့သည်။ သူတို့သည်လုပ်ဆောင်ခြင်း၌ အသွေးအသားတပ်မက် ခြင်းအားဖြင့်အသက်ရှင်ကြသည်။ လူများစွာတို့သည်လည်း သတို့နည်းတူအသက် ရှင်ခဲ့ကြသည်။ သို့သော်ပေါလုက သူတို့နှင့်ဆက်ဆံခြင်းကို အဆုံးသတ်ခဲ့သည်။ ရှင် ပေါလုက "သို့သော်လည်းသခင်ယေရှုခရစ်တော်၏လက်ဝါးကပ်တိုင်တော်မှ တပါးအဘယ်အရာမျှဝါကြွားခြင်းမရှိစေနှင့်"ဟုပြောခဲ့သည်။ သခင်ယေရှုခရစ် တော်သည် လောကသားများအပြစ်ကိုယူဆောင်သွားရန်ယောဟန်အားဖြင့်ဗတ္တိဇံ ကိုခံယူခဲ့ပြီး ဘုရားသခင်ခေါ်သမျှသောပေါလုနှင့်လူသားအားလုံးကို ကယ်တင်ရန် လက်ဝါးကပ်တိုင်ပေါ်တွင် သူအသေခံခဲ့သည်။ရှင်ပေါလုက "ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်း အကျိုးမရှိ၊ မခံဘဲနေခြင်းလည်းအကျိုးမရှိ၊ သတ္တဝါအပြစ်ဖြစ် ခြင်းသာအကျိုးရှိ၏" ဟုဖော်ပြထားပါသည်။ လောက၌သေသောပေါလုသည် သခင်ယေရှုခရစ်တော်အား ဖြင့်တဖန်အသက်ရှင်ခဲ့သည်။
အမှန်အကန်ဖော်ပြရလျှင် ကျွန်ုပ်တို့သည် ခရစ်တော်၌သေကြသည်။ သို့ သော် တခါတရံကျွန်ုပ်တို့သည် ဤသမ္မာတရားကိုမေ့လျော့ကြသည်။ ၄င်းကို ကျွန်ုပ်တို့ယုံကြည်ရကြမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤသမ္မာတရားကိုယုံကြည် ခြင်းမရှိလျှင် ကျွန်ုပ်တို့သည် ဇာတိပကတိတပ်မက်ခြင်းနှင့်ကျွန်ုပ်တို့မိသားစုများ ချည်နှောင်ခြင်းခံသောသူများဖြစ်ကြသည်။ ဤအရာအားဖြင့်ဘုရားသခင်နှင့်အတူ အသက်ရှင်ခြင်းမှ ကျွန်ုပ်တို့ကိုတားဆီးပိတ်ပင်သည်။ ကျွန်ုပ်တို့ဇာတိအသွေး အသားသည် အလွန်အားနည်းသောကြောင့် ဘုရားသခင်နောက်လိုက်ရန်အတွက် ကျွန်ုပ်တို့မိသားစုများကတောင်မကူညီနိုင်ပေ။ ဘုရားသခင်တစ်ပါးတည်းသာကူ ညီနိုင်သည်။ သို့သော်ယခုတွင် ကျွန်ုပ်တို့သည် ဤလောက၌သေနေကြသည်။ သေနေသောသူများက လောကီးရေးရာကစ္စများတွင် လောကီသားများကို မည်သို့ကူညီနိုင်မည်နည်း။ ဤလောက၌သေသောသူများသည် လောကအရာများ ကို မပိုင်ဆိုင်နိုင်ကြပေ။
သခင်ယေရှုသည် သေခြင်းမှရှင်ပြန်ထမြောက်ခဲ့သည်။ သူ၏ရှင်ပြန်ထ မြောက်ခြင်းက ကျွန်ုပ်တို့ကို ဝိညာဉ်အသက်တာသစ်ပိုင်ဆိုင်နိုင်ရန်ဒုတိယမွေးဖွါး ခွင့်ပြုခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် အသစ်သောလုပ်ငန်း၊ အသစ်သောမိ သားစုနှင့်အသစ်သောမြော်လင့်ချက်ပိုင်ဆိုင်နိုင်ကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဒုတိယမွေးဖွါးခြင်းခံသောသူများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံ တော်၏စစ် သူရဲများဖြစ်ကြသောကြောင့် ကျွန်ုပ်တို့မှာဘုရားသခင်၏နှုတ်ကပတ် တော်ဟောပြောရန်တာဝန်ရှိသည်။ ရှင်ပေါလုက သူသည် ကိုယ်ကာယဖြင့်မဟုတ်၊ ဝိညာဉ်ရေးရာ နည်းလမ်းအားဖြင့်အခြားသောသူများကယ်တင်ခြင်းရရှိရန် ကူညီး ပေးခြင်းအားဖြင့် လူတစ်ဦးဖြစ်လာခဲ့သည်ဟု ဝန်ခံခဲ့သည်။ သူသည် သခင်ယေရှုခ ရစ်တော်အားဖြင့် အသေခံခဲ့ပြီး၊ ဒုတိယမွေးခြင်းခံခဲ့ရသည်ဟု ပြောခဲ့သည်။ကျွန်ုပ် တို့ယုံကြည်ခြင်းသည်လည်းရှင်ပေါလုကဲ့သို့ ရဲရဲဝံ့ဝံ့ဝန်ခံရဲသောသူများဖြစ်ရန် ကျွန်ုပ်တို့ကြိုးပမ်းကြပါစို့။
ဂလာတိ ၆:၁၇-၁၈ တွင် ရှင်ပေါလုက "ယခုမှစ၍ အဘယ်သူမျှကို ငါ မနှောက်ယှက်ပါစေနှင့်။ ငါ့ကိုယ်၌သခင်ယေရှု၏ဒဏ်ချက်ရာများကို ငါဆောင်၏။ ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၏စိတ်နှလုံး၌ ရှိ စေသတည်း။ အမင်။ "ဟုမိန့်တော်မူခဲ့သည်။ ရှင်ပေါလုသည် သခင်ယေရှုခရစ် တော်၏အမှတ်အသားကိုသယ်ဆောင်ခဲ့သည်။ သူသည် ဝိညာဉ်တော်၌လျှောက် လှမ်းရာတွင် ဘုရားသခင်အတွက်ဆို သူ့အသက်တောင်နှမြောခြင်းမရှိခဲ့ပေ။ နောက်ပိုင်းတွင် သူသည်တဖြည်းဖြည်းမျက်စိကွယ်သွားခဲ့သောကြောင့် စာတောင် မရေးနိုင်ခဲ့ပေ။ ရှင်ပေါလုသည် ဘုရားသခင်၏နှုတ်ကပတ်တော်ပြောသည့်အ ချိန်တွင် သူ၏လုပ်ဆောင်ဘက်တိတုကဲ့သို့သောသူများက သူ၏သြဝါဒဆုံးမစာ များမှတ်တမ်းတင်ပေးခဲ့သည်။ ရှင်ပေါလုသည် ကိုယ်ခန္ဓာအားဖြင့်အင်အားချည့် နည်းခဲ့သော်လည်း သူသည် ဝိညာဉ်တော်နှင့်အသက်ရှင်ခဲ့သောကြောင့်အလွန် ပျော်မွေ့ခဲ့သည်။ သူက "ငါတို့၏အပြင်လူသည်ဖောက်ပြန်ပျက်စီးခြင်းသို့ရောက် သော်လည်းအတွင်းလူမူကား တစ်နေ့ထက်တစ်နေ့ပြုပြင်ခြင်းကိုခံရ၏"(၂ကော ၄:၁၆)။
ဝိညာဉ်တော်၌လျှောက်လှမ်းသောသူများကဲ့သို့အသက်ရှင်ရန် ရှင်ပေါ လုက အကြံပြုထားသည်။ သူက "ဝိညာဉ်တော်၌လျှောက်လှမ်းခြင်းသည် သတင်း ကောင်းအတွက်အသက်ရှင်ခြင်းဖြစ်သည်"ဟုပြောခဲ့သည်။ မိတ်ဆွေနှင့်ကျွန်တော် တို့သည် ဝိညာဉ်တော်နှင့်လျှောက်လှမ်းခြင်းအဓိပ္ပါယ်ကို စိတ်ထဲတွင်မြဲမြဲမှတ် ထားရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် အချည်းနှီးသောအရာများအတွက်အသက်မ ရှင်ကြဘဲ သတင်းကောင်းအတွက်လုပ်ဆောင်ကာအသက်ရှင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့ ကျန်သေးသောဘဝတွင်ယုံကြည်ခြင်းအားဖြင့် ဝိညာဉ်တော်၌လျှောက် လှမ်းကြပါစို့။
ယခု ရေနှင့်ဝိညာဉ်တော်သတင်းကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့နှလုံး သားတွင် စစ်မှန်သောဝိညာဉ်တော်ရှိသည်။ ကျွန်ုပ်တို့သည် သတင်းကောင်းအရ ဆုတောင်းလျှင် ဘုရားသခင်သည် ဝမ်းသာအားရစွာအဖြေပေးမည်ဖြစ်သည်။ ဝိညာဉ်တော်အသီးသီးခြင်းဆိုသည်မှာ ဝိညာဉ်တော်၌လျှောက်လှမ်းခြင်းနှင့် ဝိညာဉ်များကယ်တင်ခြင်းဖြစ်သည်။ မိတ်ဆွေသည် ရေနှင့်ဝိညာဉ်တော်အားဖြင့် လျှောက်လှမ်းပြီးသတင်းကောင်းအတွက်အသက်ရှင်သောအခါ ဝိညာဉ်တော်အ သီးများဖြစ် ကြသောချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း၊ စသည်တို့သီးနိုင်ကြမည်ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော် သတင်းကောင်းဝေငှသောအခါ ကျွန်ုပ်တို့သည် ဆင်းရဲခြင်း၊ သည်းခံခွင့်လွတ်ခြင်း၊ ကျေးဇူးပြုခြင်းနှင့်ပျောက် ဆုံးသောဝိညာဉ်များအပေါ်ကောင်းသောအရာလုပ် ဆောင်ခြင်းရှိရမည်ဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိစေသော ကောင်းသောအရာ များလုပ်ဆောင်ခြင်းနှင့် သတင်းကောင်းဝေငှခြင်းအားဖြင့် ပျောက်ဆုံးသောဝိ ညာဉ်များကယ်တင်ခြင်းသည် ဝိညာဉ်တော်အသီးအနှံများသီးခြင်းပင်ဖြစ်သည်။ ဤအရာများသည် ဝိညာဉ်တော်အသီးသီးစေသောအရာများနှင့် ဝိညာဉ်တော်၌အ သက်ရှင် ခြင်းဖြစ်စေသောအရာများဖြစ်ကြသည်။