တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-12] (တိတုသြဝါဒစာ ၃:၁-၈) သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်ဝသော အသက်တာဖြင့်အသက်ရှင်ခြင်း

(တိတုသြဝါဒစာ ၃:၁-၈)
"လူတို့သည်အထွဋ်အမြတ်အာဏာစက်၏ အုပ်စိုးခြင်းကိုဝန်ခံစေခြင်း ငှါ၄င်း၊ မင်း၏အုပ်စားခြင်းကိုနားထောင်စေခြင်းငှါ၄င်း၊ ကောင်းသောအမှုအ မျိုးမျိုးတို့ကိုပြု၍ အသင့်ဖြစ်စေခြင်းငှါ၄င်း၊ အဘယ်သူကိုမျှမကဲ့ရဲ့၊ ရန်တွေ့ ခြင်း ကိုမပြု၊ဖြည်းညှင်းသောသဘောရှိ၍၊ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့ သိမ်မွေ့ စွာပြုစေခြင်းငှါ၄င်းသတိပေးလော့။ အကြောင်းမူကား၊ အထက်ကငါ တို့သည် ပညာမဲ့သောသူ၊ နားမထောင်သောသူ၊ မှားယွင်းသောသူ၊ အထူးထူး အပြားပြား သောတပ်မက်ခြင်း၊ ကာမဂုဏ်တပ်မက်ခြင်းအမှုတို့ကို ဆောင်ရွက်သောသူ၊ မနာလိုခြင်း၊ငြူစူခြင်း၌ကျင်လည်သောသူ၊ စက်ဆုပ်ရွံရှာဖွေသော သူ၊ အချင်းချင်း မုန်းသောသူဖြစ်ကြ၏။ ငါတို့ကိုကယ်တင်တော်မူသောအရှင် ဘုရားသခင်၏စေတ နာတော်နှင့်လူတို့ကို ချစ်တော်မူသောမေတ္တာတော်သည် ပေါ်ထွန်းသောအခါ ငါတို့ကျင်လည်သောဖြောင့်မတ်ခြင်းအကျင့်အားဖြင့်မဟုတ်ဘဲ၊ မိမိသနားခြင်း ဂရုဏာတော်နှင့် အညီဒုတိယမွေးခြင်းနှင့်ဆိုင်သော ဆေးကြောခြင်းအားဖြင့်၄င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏အသစ်ပြုပြင်ခြင်းအားဖြင့်၄င်း၊ ငါတို့ကိုကယ် တင်တော်မူ၏။ ငါတို့ကိုကယ်တင်တော်မူသော အရှင်ယေရှုခရစ်အားဖြင့် ငါတို့အ ပေါ်သို့ ထိုဝိညာဉ်တော်ကြွိုကယ်ဝစွာသွန်း လောင်းတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်ဖြောင့်မတ်ရာသို့ရောက်၍ ထာဝရအသက်ကိုမြော်လင့်သည်နှင့် အညီ အမွေခံဖြစ်ကြမည်အကြောင်းတည်း။
ဤစကားသည်သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သောသူတို့ သည်ကောင်းသောအကျင့်တို့ကိုအမြဲကျင့်အံ့သောငှါ သတိပြုရမည်အကြောင်း သင်သည်ဤအရာများကိုကြိုးစား၍ ဟောပြောစေခြင်းငှါ ငါအလိုရှိ၏။ ထိုအ ကျင့်တို့သည် ကောင်းသည်သာမက၊ လူတို့၏အကျိုးကိုပြုစုတတ်သောအ ကျင့်ဖြစ်ကြ၏။"
 
 
ကျွန်ုပ်တို့သည်သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောဘဝဖြင့် မည်သို့ရှင်သန်နိုင်ကြ မည်နည်း။
ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်ကိုသိရှိပြီး ထိုအလိုတော်နှင့်အညီသတင်းကောင်းကိုဟောပြောသင့်သည်။
 
သခင်ယေရှုကို ယုံကြည်ပြီး သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိ သောသူများသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောဘဝဖြင့် အသက်ရှင် ရမည်ဖြစ်သည်။ ခရစ်ယာန်များအတွက် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝ သော အသက်တာသည် ဘုရားသခင်တောင်းဆိုသောအရာဖြစ်သည်။ ကျွန်ုပ်တို့ သည်ဘုရားသခင်၏အမိန့်တော်အတိုင်းလိုက်လျှောက်ရမည်။ ထိုနောက် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသေ အသက်တာဖြင့်မည်သို့ အသက်ရှင်နိုင်ကြမည်နည်း။ ဤအကြောင်းအရာနှင့်ပတ်သက်ပြီး၊ ရှင်ပေါလုမိန့် တော်မူသောအရာများ ကိုကျွန်ုပ်တို့အာရုံစိုက်ရမည်ဖြစ်သည်။
 
 
သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာဖြင့်အသက်ရှင်ရန်အဘယ်အရာများလိုအပ်သနည်း။
 
တိတု ၃:၁ တွင် ရှင်ပေါလုက "လူတို့သည်အထွဋ်အမြတ်အာဏာစက်၏ အုပ်စိုးခြင်းကိုဝန်ခံခြင်းငှါ၄င်း၊မင်း၏စကားကိုနားထောင်စေခြင်းငှါ၄င်း၊ ကောင်း သောအမှုအရအမျိုးမျိုးတို့ကိုပြု၌အသင့်ဖြစ်စေခြင်းငှါ"ဟုမိန့်ဆိုထားသည်။ ပထမ နေဖြင့်၊ အစိုးရအာဏာရှင်များ၏အုပ်စိုးခြင်းကိုဝန်ခံရန်၊ နားထောင်ခြင်းနှင့် ကောင်သောအမှုအရာများပြုလုပ်ရန်အသင့်ပြင်ဆင်ခြင်းရှိရန်အတွက် ရှင်ပေါလု က ကျွန်ုပ်တို့အားတိုက်တွန်းထားပါသည်။ ကျွန်ုပ်တို့သည် လောကဥပဒေ များကိုနာခံခြင်းမရှိလျှင်သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာ မပိုင်ဆိုင်နိုင်ကြောင်းကို ဆိုလိုသည်။ သို့သော် အစိုးရအာဏာရှင်များနှင့် လောကီ ဥပဒေများသည် သမ္မာတရားနှင့်ဆန့်ကျင်လျှင် ကျွန်ုပ်တို့သည် ၄င်းကိုကို မနာခံသင့်ပေ။ ဥပဒေများသည် ကျွန်ုပ်တို့ယုံကြည်ခြင်းကို မတိုက်ခိုက်လျှင် ကျွန်ုပ်တို့သည် သတင်းကောင်းကို ငြိမ်သက်စွာဟောပြောနိုင်ရန်အတွက် ၄င်းတို့ ကိုနာခံရမည်ဖြစ်သည်။
ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသောသူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် လောကနှင့်ဆိုင်သောဥပဒေကိုချိုးဖောက်ခဲ့လျှင် သန့်ရှင်း သောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာဖြင့်မည်သို့အသက်ရှင်နိုင် ကြမည်နည်း။ ထိုကြောင့် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝ သောအသက်တာဖြင့်အသက်ရှင်နိုင်ရန်အတွက်လောကီဥပဒေများကိုလိုက်နာရ မည်ဖြစ်သည်။သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသောသူများသည် လူမှု ကျင့်ဝတ်များကိုလိုက်နာရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် လောကီဥပဒေများကို စောင့်ထိန်းမှသာလျှင် ဘုရား သခင်နှင့်အတူလျှောက်လှမ်းနိုင်ကြမည်ဖြစ်သည်။
ကျွန်ုပ်တို့ထဲမှ တစ်ဦးဦးသည် ဘုရားကျောင်းသို့သွားသောအခါ ပြစ်မှုတစ် ခုကျူးလွန်မိသည် ဆိုကြပါစို့။ ထိုသူသည် ရောင့်ရဲတင်းတိမ်စွာဘုရားသခင်ကိုကိုး ကွယ်နိုင်မည်လား။ ထိုသူသည် ဥပဒေအပြင်ဘက်တွင်အသက်ရှင်လျှင် ဘုရား သခင်၏သွန်သင်ချက်အတိုင်း လောကတွင်အသက်ရှင်နိုင်မည်လား။ ကျွန်ုပ်တို့ သည် ဝိညာဉ်တော်နှင့်လျှောက်လှမ်းရာတွင် လူမှုကျင့်ဝတ်များကိုမချိုးဖောက်သင့် ပေ။ ဥပဒေချိုးဖောက်ခြင်းအားဖြင့် ကောင်းသောအရာတစ်စုံတစ်ခုမျှမဖြစ်လာ နိုင်ပေ။ ကျွန်ုပ်တို့သည် ဥပဒေကို နာခံခြင်းရှိမှသာလျှင် ငြိမ်သက်ခြင်းရရှိနိုင်ကြ မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် သတင်းကောင်းဝေမျှသောအခါ မှန်ကန်သော အသက်တာမျိုးအားဖြင့် အသက်ရှင်ရန် ကြိုးပမ်းသင့်သည်။ သန့်ရှင်းသောဝိညာဉ် တော်နှင့်ပြည့်ဝသောအသက်တာဖြင့် အသက်ရှင်ရန် ပတ်ဝန်းကျင်၏ဥပဒေများ ကိုလိုက်နာခြင်းအားဖြင့် အသက်ရှင်ခြင်းသည် သန့်ရှင်းသောသူများအတွက် ဉာဏ်ပညာတစ်ခုဖြစ်သည်။
 
 
ကျွန်ုပ်တို့သည် မိမိနှလုံးသား၌နှိမ့်ချခြင်းရှိရမည်
 
ရှင်ပေါလုက "အဘယ်သူကိုမျှမကဲ့မရဲ့၊ ရန်တွေ့ခြင်းကိုမပြု၊ ဖြည်းညှင်း သောသဘောရှိ၍ ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာပြုစေခြင်းငှါ၄င်း သတိပေးလော့"ဟု ပြောခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝနိုင်ရန်အ တွက် ကျွန်ုပ်တို့သည် ဆိုးသွမ်းသောစကားများမပြောရပေ။ ငြိမ်သက်ခြင်းဖြစ်စေ သောအရာများပြုပြီး၊ နူးညံ့သိမ်မွေ့ခြင်းရှိကာ လူတိုင်းအပေါ်နှိမ့်ချခြင်းကိုထင်ရှား စေရမည်ဖြစ်သည်။
ဒုတိယမွေးဖွါးခြင်းခံသောသူများ၏နှလုံးသားတွင် နှိမ့်ချခြင်း၊ မိမိကိုယ်ကို ထိန်းချုပ်ခြင်းနှင့်နူးညံ့သိမ်မွေ့ခြင်းရှိသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အထဲတွင် ကိန်းဝပ်တော်မူသောကြောင့် ဤသို့အသက်ရှင်နိုင်ခြင်း ဖြစ် သည်။ ကျွန်ုပ်တို့သည် တစ်ယောက်နှင့်တစ်ယောက် အငြင်းပွါးတိုက်ခိုက်ခြင်း အားဖြင့် သတင်းကောင်းကို မပျက်ပြားစေသင့်ကြောင်း ကျွန်ုပ်တို့အား ရှင်ပေါလု ကမိန့်ဆိုထားပါသည်။ သို့သော် လူမှုကျင့်ဝတ်များက သတင်းကောင်းဆန့်ကျင် နေလျှင် ကျွန်ုပ်တို့တိုက်ခိုက်ရကြမည်ဖြစ်သည်။ လူမှုကျင့်ဝတ်ကသတင်းကောင်း ကိုမတိုက်ခိုက်လျှင် ကျွန်ုပ်တို့သည် ငြိမ်းချမ်းစွာအသက်ရှင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် အခြားသူများအား "သူသည် ခြင်္သေ့တစ်ယောက်ကဲ့သို့ရိုင်းစိုင်း သောသူဖြစ်သော်လည်း ခိုငယ်ကဲ့သို့ငြိမ်းချမ်းမှုရှိသည်။ သူယုံကြည်သောခရစ် ယာန်ဘာသာသည် သူ့ကို ယဉ်ကျေးစေပြီး၊ လူကြီးလူကောင်းတစ်ဦးဖြစ်စေသည်" ဟုပြောလောက် အောင်ကျွန်ုပ်တို့ကြိုးပမ်းရကြမည်ဖြစ်သည်။
ဇာတိအသွေးအသားတပ်မက်ခြင်း၌ နူးညံ့သိမ်မွေ့ခြင်း၊ နှိမ့်ချခြင်းမရှိပေ။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းနှင့် ဘုရားသခင်သည် ကျွန်ုပ်တို့ အားကျွန်ုပ်တို့အပြစ်များမှကယ်တင်ခြင်းအားဖြင့် ကျွန်ုပ်တို့သည်အခြားသူများ အပေါ် နူးညံ့သိမ်မွေ့ခြင်းရှိသည်။ ကျွန်ုပ်အပေါ်ထိတ်လန့်မှုပြုလုပ်သောသူတစုံတ ယောက်ကိုခွင့်လွတ်ခြင်းသည် စစ်မှန်သော "ခွင့်လွတ်ခြင်း"ဖြစ်ပြီး ထိုသူကို စိတ်နှလုံးသား ထဲမှနှိမ့်ချစွာဆက်ဆံခြင်းသည်လည်း စစ်မှန်သော "နှိမ့်ချခြင်း" ဖြစ်သည်။ ကျွန်တော်သည် လူတစ်ဦးကိုမုန်းလျက်နှင့် သူ့ကိုသနားသည်ဟု ဟန် ဆောင်ခြင်းသည် ကျွန်ုပ်အတွက် နှိမ့်ချခြင်းမဟုတ်ပေ။ နှိမ့်ချခြင်းနှင့်ခွင့်လွတ်ခြင်း တရားကို စိတ်နှလုံးသားထဲတွင်အပြည့်အဝရှိခြင်းသည် ဒုတိမွေးခြင်းခံသောသူ များ၏အတွင်းနှလုံးသားဆိုင်ရာကိုယ်ကျင့်တရားဖြစ်သည်။
လူတွေကကျွန်ုပ်တို့အပေါ်အမှားများပြုသည့်အချိန်တွင် ကျွန်ုပ်တို့သည် နူးညံ့သိမ်မွေ့ခြင်းရှိရမည်ဖြစ်သည်။ သူတို့သည် သတင်းကောင်းအတွက် အနှောင့် အယှက်မပြုမချင်း ကျွန်ုပ်တို့သည် ထိုသူများအပေါ်နူးညံ့သိမ်မွေ့ခြင်းရှိရမည်ဖြစ် သည်။ သို့သော်သူတို့သည် သတင်းကောင်းကိုတားဆီးနှောင့်ယှက်လျှင် နူးညံ့သိမ် မွေ့ခြင်းကို သမ္မာတရားဖြင့်အစားထိုးရမည်ဖြစ်သည်။ နူးညံ့သိမ်မွေ့ခြင်းကို ဘုရား သခင်၏သမ္မာတရား၌သာတွေ့ရှိသည်။ ထိုကြောင့် ဘုရားသခင်၏နှုတ် ကပတ်တော်ကို ဆန့်ကျင်သောသူများ၊ ပြောင်းပြန်လှန်သောသူများနှင့် သတ်ဖြတ်သောသူများ သည် နူးညံ့သိမ်မွေ့ခြင်းနှင့်မထိုက်တန်ပေ။
ဘုရားသခင်သည် သူ့ကိုဆန့်ကျင်သောသူများကိုခွင့်မလွွှတ်ပေ။ သို့သော်သူတို့သည် အဖိုးအခပေးအပ်စေသည်။ ဘုရားသခင် အဗြဟံအား "သင့်ကို ကောင်းချီးပေးသောသူကို ငါကောင်းချီးပေမည်။ သင့်ကိုကျိန်ဆဲသောသူကိုငါကျိန် ဆဲမည်"(ကမ္ဘာ ၁၂:၃)ဟုမိန့်တော်မူခဲ့သည်။ သမ္မာတရားသတင်းကောင်းကို ဆန့် ကျင်သောသူများအတွက် ကယ်တင်ခြင်းရရှိရန်နည်းလမ်းမရှိပေ။ သူတို့အသက် တာ သာမက သူတို့၏တတိယမျိုးဆက်တိုင်အောင်ပျက်ဆီးဆုံးရှုံးရမည့် ဘေး ဒဏ်ကြီးကို သူတို့က ရှောင်လွှဲနိုင်ကြမည်မဟုတ်ပေ။
ကျွန်ုပ်တို့သည် အဘယ်ကြောင့် ခွင့်လွှတ်ခြင်းရှိကာနှိမ့်ချရကြမည်နည်း။ တိတု ၃:၃ တွင် "အထက်ကငါတို့သည် ပညာမဲ့သောသူ၊ နားမထောင်သောသူ၊ မှားယွင်းသောသူ၊ အထူးထူးအပြားပြားသောတပ်မက်ခြင်း၊ ကာမဂုဏ်ခံစားခြင်း အမှုတို့ကို ဆောင်ရွက်သောသူ၊ မနာလိုခြင်း၊ ငြူစူခြင်း၌ကျင်လည်သောသူ၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောသူ၊ အချင်းချင်းမုန်းတီးသောသူဖြစ်ကြ၏"ဟု ဖော်ပြထားပါသည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းမရရှိမီ ဤသို့သောသူများနှင့် တူကြသည်။ ကျွန်ုပ်တို့သည် တခါက သူတို့နှင့်တူခဲ့ကြသောကြောင့် သူတို့ကို သည်းခံကာ ခွင့်လွှတ်ကြမည်ဖြစ်သည်။
တိတု ၃:၄-၈ တွင် "ငါတို့ကိုကယ်တင်တော်မူသောအရှင်ဘုရားသခင်၏ စေတနာတော်နှင့်လူတို့ကို ချစ်တော်မူသောမေတ္တာတော်သည် ပေါ်ထွန်းသော အခါ၊ ငါတို့ကျင့်သောဖြောင့်မတ်ခြင်း အကျင့်အားဖြင့်မဟုတ်ဘဲ၊ မိမိသနားခြင်း ဂရုဏာ တော်နှင့်အညီ၊ ဒုတိယမွေးခြင်းနှင့်ဆိုင်သောဆေးကြောခြင်းအားဖြင့်၄င်း၊ သန့်ရှင်း သောဝိညာဉ်တော်နှင့်ပြုပြင်ခြင်းအားဖြင့်၄င်း၊ ငါတို့ကိုကယ်တင်တော်မူ ၏။ ငါတို့ကို ကယ်တင်သော အရှင်ယေရှုခရစ်တော်အားဖြင့် ငါတို့အပေါ်သို့ထိုဝိ ညာဉ်တော်ကို ကြွယ်ဝစွာ သွန်းလောင်းတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်ဖြောင့်မတ်ရာသို့ရောက်၍ ထာဝရအသက် ကိုမျှော်လင့်သည်နှင့်အညီ အမွေခံဖြစ်ကြမည်အကြောင်းတည်း" ဟု ဖော်ပြထား ပါသည်။
သမ္မာကျမ်းစာအရ ကျွန်ုပ်တို့ကောင်းမှုကုသိုလ်ကြောင့်ဘုရားသခင်သည် ကျွန်ုပ်တို့အားအပြစ်များမှ ကယ်တင်တော်မူသည်မဟုတ်။ ဘုရားသခင်သည် ကျွန်ုပ်တို့အားချစ်ခဲ့၍အလွန်သနားခဲ့သောကြောင့် ဒုတိမွေးဖွါးခြင်းကောင်းချီး မင်္ဂလာကို ကျွန်ုပ်တို့အပေါ်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ တနည်းအားဖြင့်၊ သခင်ယေ ရှုသည် ဤလောကသြွို့ကဆင်းလာခဲ့ပြီး ဗတ္တိဇံခံယူကာ ကားတိုင်ပေါ်တွင်အသေ ခံလျက် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့ကိုကျွန်ုပ်တို့အပြစ်များမှကယ် တင်ခဲ့ခြင်းဖြစ်သည်။ သခင်ယေရှုသည်ရှင်ပြန်ထမြောက်ခဲ့ပြီး ယခုဘုရားသခင်၏ လက်ယာတော်ဘက်တွင်ထိုင်နေသည်။ သေသောသူများမှထမြောက်ခြင်းအား ဖြင့် လောကတွင်မ ပြည့်စုံသေးသောအရာများကို ပြည့်စုံစေခဲ့သည်။
ကျွန်ုပ်တို့၏ကယ်တင်ရှင်သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်က ကျွန်ုပ်တို့အား သန့်ရှင်းသောဝိညာဉ်တော်နှင့်ကောင်းချီးပေးခဲ့သည်။ လောက အပြစ်များအားလုံးယူဆောင်သွားရန်အတွက် သခင်ယေရှုခရစ်တော်သည် ယောဟန်အား ဖြင့်ဗတ္တိဇံခံယူခဲ့ပြီး၊ ကျွန်ုပ်တို့၏အပြစ်များအားလုံးခွင့်လွှတ်ခြင်းရ ရှိရန်အတွက် သူသည် လက်ဝါးကပ်တိုင်ပေါ်တွင်အသေခံခဲ့သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရ ရှိခဲ့ကြပြီး၊ ဖြောင့်မတ်သောသူများဖြစ်လာခဲ့ကြသည်။
သမ္မာကျမ်းစာတွင် "ထာဝရအသက်တာ၏မျှော်လင့်ခြင်းနှင့်အညီ ကျွန်ုပ် တို့သည် အမွေခံများဖြစ်လာခဲ့ကြသည်" ဟုဖော်ပြထားပါသည်။ ဤနှုတ်ကပတ် တော်၏အဓိပ္ပါယ်မှာ ဘုရားသခင်၏အမွေခံများဖြစ်ကြသော ကျွန်ုပ်တို့သည် ဘုရားသခင်၏ကြွယ်ဝချမ်းသာမှုနှင့်သူ၏ဘုန်တော်များအားလုံး အမွေခံသောသူ များဖြစ်ကြသည်။ ဤသို့သော ကောင်းကြီးနှင့်ပြည့်ဝသောအသက်တာအားဖြင့်အ သက်ရှင်နိုင်ရန်အတွက် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝ သောအသက်တာအားဖြင့်အသက်ရှင်ရမည်ဖြစ်သည်။ မိတ်ဆွေသည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ပြီး၊ အပြစ်များအားလုံးလွတ်ငြိမ်းချမ်း သာခွင့်ရရှိကာသတင်းကောင်းသောအခြားသူများထံသို့ ဟောပြောရမည်ဖြစ် သည်။
ထိုကြောင့် ကျွန်ုပ်တို့အပြစ်များအားလုံးခွင့်လွှတ်ခြင်းရရှိခဲ့ကြသည့်နည်း တူ၊ ကျွန်ုပ်တို့သည် သူတပါးအကျိုးအတွက် လုပ်ဆောင်ရကြပြီး၊ လောကဥပဒေ များကို လိုက်နာကာ ဘုရားသခင်ကိုရှာဖွေသောသူများအပေါ် သတင်းကောင်းကို ဟောပြောရမည်ဖြစ်သည်။ ကျွန်ုပ်တို့အားအမှားပြုသောသူများကို ကျွန်ုပ်တို့ခွင့် လွှတ်ကာ ထိုသူတို့ကို ကောင်းမြတ်ခြင်းနှင့်နှိမ့်ချခြင်းအားဖြင့် ဆက်ဆံရမည်ဖြစ် သည်။ သို့ပြုမှ သာသူတို့သည်ကယ်တင်ခြင်းသတင်းကောင်းဟောပြောခြင်းကို ကြားဝင်စွတ်ဖက်နိုင် ကြမည်မဟုတ်ပေ။ "ထိုအကျင့်တို့သည် ကောင်းသည်သာမ က လူတို့၏အကျိုးကို ပြုစုတတ်သောအကျင့်ဖြစ်ကြ၏။" မိတ်ဆွေသည် သန့်ရှင်း သောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာကို တောင့်တလျှင် ကျွန်ုပ်တို့အား ပေါလုပြောခဲ့သောအရာများကို သတိထား၇မည်ဖြစ်သည်။ ဤအရာသည် ကောင်းသောသဘောမရှိသော်လည်း အလွန်အရေးပါသောစကားလုံးများ ဖြစ်ကြသည်။
ကျွန်ုပ်တို့သည်ဤလောကတွင်အသက်ရှင်ကြသောကြောင့် ကျွန်ုပ်တို့ သည် ဤလောက၏ စည်းမျဉ်းစည်းကမ်းများချိုးဖောက်ခြင်းအားဖြင့်အ ခြားသူ များနှင့် တိုက်ခိုက်နေလျှင် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့် ဝနိုင်ကြမည် မဟုတ်ပေ။ ထိုကြောင့် ဥပဒေက ဘုရားသခင်၏နှုတ်ကပတ်တော်ကို မဆန့်ကျင်လျှင် ကျွန်ုပ်တို့သည် ဥပဒေကိုလိုက်နာရမည် ဖြစ်သည်။ ကျွန်ုပ်တို့ သည် ဤလောကဥပဒေများကိုလိုက်နာရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းရှိလျှင်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက် တာဖြင့်အသက်ရှင်လိုလျှင် ဥပဒေလိုက်နာခြင်းသည် ပို၍ကောင်းမွန်သောရွေး ချယ်မှုပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကောင်းသောအရာများပြုလိုလျှင် အိမ်နီး ချင်းများနှင့် လောကဥပဒေ များကိုလိုက်နာရမည်ဖြစ်သည်။
 
 
သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာအားဖြင့် မိတ်ဆွေအသက်ရှင်လိုပါသလား။
 
ဧဖက် ၅:၈-၁၁ တွင် "အထက်ကာလ၌ သင်တို့သည် မှောင်မိုက်အတိ ဖြစ်ကြ၏။ ယခုမူကား၊ ဘုရားသခင်၌အလင်းဖြစ်ကြ၏။ သို့ဖြစ်၍အလင်းတော် ၏ အကျိုးဟူမူကား၊ အလုံးစုံသောကောင်းမွန်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်း ဖြစ်သတည်း။ ဘုရားသခင်နှစ်သက်တော်မူသောအရာသည် အဘယ်အရာဖြစ် သည်ကိုသင်ကြလော့။ အမျိုးမဲ့သောမှောင်မိုက်အမှုတို့နှင့်မဆက်ဆံသည်သာမက ထိုအမှုတို့၏အပြစ်ကိုပြကြလော့" ဟုဖော်ပြထားပါသည်။ဤကျမ်းပိုဒ်က အလင်း ၏သားသမီးများအဖြစ်အသက်ရှင်ရန်နှင့်ဝိညာဉ်တော်အသီးများသီးရန် ကျွန်ုပ်တို့ အားတိုက် တွန်းထားပါသည်။
ဧဖက် ၅:၁၂-၁၃တွင် "အကြောင်းမူကား၊ သူတို့သည် ဆိတ်ကွယ်ရာ၌ပြု သောအမှုအရာတို့ကိုစကားပြောကမျှ၌ ညစ်ညူးခြင်းပါသေး၏။ အပြစ်ထင်ရှား သောအရာရှိသမျှတို့သည် အလင်းဖြင့်ထင်ရှားကြ၏"ဟု ဖော်ပြထားပါသည်။ ထင်ရှားသောအရာရှိသမျှတို့သည် အလင်းအားဖြင့်ထင်ရှားကြသည်ဟု ဤနေရာ တွင် ရှင်ပေါ်လုက မိန့်တော်မူထားသည်။ ဖြောင့်မတ်သောလူတစ်ယောက်သည် ဖြောင့်မတ် စွာအသက်မရှင်လျှင် ဘုရားသခင် (သို့) သူကိုယ်တိုင်က သူ၏ အပြစ်ကိုထင်ရှားစေမည်ဖြစ်သည်။ လူတစ်ဦးသည် မှောင်မိုက်အရာများကို လုပ်ဆောင်သည်ဟုသိရှိ သောအခါနှင့် အလင်းတရားက သူကိုအပြစ်ရှိသည်ဟု ဖော်ပြသောအခါ အဘယ်အရာဖြစ်ပျက်သနည်း။ သူသည် မိမိအမှားများကို ဝန်ခံခဲ့ပြီးနောက် သူသည် ဘုရားသခင်ကိုပြန်တွေ့သောအခါ သူ၏နှလုံးသားသည် ပေါ့ပါးသွားသည်။ "အပြစ်ထင်ရှားသောအရာရှိသမျှတို့သည် အလင်းအားဖြင့် ထင်ရှားကြ၏။ ထင်ရှားသောအရာရှိသမျှသည်လည်း အလင်းဖြစ်၏။" အလင်း အားဖြင့်အပြစ်ထင်ရှားစေခြင်းသည် ကောင်းသောအရာဖြစ်သည်။ ထိုသို့ထင်ရှား သောအခါ ကျွန်ုပ်တို့သည်မိမိအပြစ်များ ကိုဝန်ခံကာ ဘုရားသခင်ထံတော်သို့ပြန် လှည့်နိုင်ကြမည်ဖြစ်သည်။
ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာ အားဖြင့်အသက်ရှင်လိုလျှင် ကျွန်ုပ်တို့၏နှလုံးသား၌ နူးညံ့သိမ်မွေ့ခြင်းရှိကြ မည်ဖြစ်သည်။ လူတစ်ဦးသည် သူ၏နှလုံးသားထဲတွင် အပြစ်မရှိသော်လည်း သူသည် နူးညံ့သိမ်မွေ့ခြင်းမရှိသင့်ပေ ကိုမဆိုလိုပေ။ ကျွန်ုပ်တို့သည် မိမိနှလုံး သား၌ ကောင်းမြတ်ခြင်းနှင့်နူးညံ့ခြင်းအားဖြင့်အသက်ရှင်ရမည်ဖြစ်သည်။ ကျွန်ုပ် တို့သည် ဉာဏ်ပညာဖြင့် ဟောပြောပြီး၊ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို မကြားသေးသောသူ များအတွက်ဆုတောင်းရမည်ဖြစ်သည်။ သို့ပြုမှသာလျှင် သူတို့သည် သတင်းကောင်းကိုနားလည်သိရှိပြီး သူတို့၏အပြစ်များလွတ်ငြိမ်းခြင်း ရရှိမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် အခြားသူများကိုဒုက္ခမပေးသင့်ပေ။ ကျွန်ုပ်တို့ သည် သတင်း ကောင်းအတွက်သာ စားသောက်ပြီးအိပ်ကြကာ အသက်ရှင်လျက် အခြားသောသူ များအတွက်လည်းအစေခံရကြမည်ဖြစ်သည်။
ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာ အားဖြင့်အသက်ရှင်လိုလျှင် အချိန်ကာလ၏အရေးပါမှုကို စဉ်းစားပြီး၊ ပညာရှိ သောသူကဲ့သို့ သတင်းကောင်းအတွက်အသက်ရှင်ရကြမည်ဖြစ်သည်။ ကျွန်ုပ်တို့ သည် လောကကိုချစ်ကြလျှင် မှောင်မိုက်၏ဖိနှိပ်ချုပ်ခြယ်မှုအောက်တွင်ရှိနေကြ ပြီး၊ ဘုရားသခင်၏အမှုတော်လုပ်ဆောင်ခြင်းကို မထီမဲ့မြင်ပြုကြမည်ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို စေ့စေ့ကြည့်ပြီး သူ၏အလိုတော်ကိုသာ လုပ်ဆောင် ရကြမည်ဖြစ်သည်။ ကျွန်ုပ်တို့အားဘုရားသခင်ပေးထားခဲ့သောကယ် တင်ခြင်းတရား တော်ကိုယုံကြည်စဉ်တွင် ကျွန်ုပ်တို့သည် အချိန်ကာလကိုလည်း အစဉ်ဂရုစိုက်ရမည်ဖြစ်သည်။ လောကသည် အမှောင်ထုကြီးမဖြစ်မီ ဝိညာဉ် တော်ပညာပိုင်ဆိုင်သောသူများသည် သတင်းကောင်းကို ကမ္ဘာနေရာအနှံ့သို့ဟော ပြောရမည်ဖြစ်သည်။
 
 
ဘုရားသခင်၏အလိုတော်ကိုသိရှိခြင်း
 
ကျွန်ုပ်တို့သည် ဘုရားသခင်ဝမ်းမြောက်စေသောအရာများသိရှိရန် ကြိုးစား ရမည်ဖြစ်သည်။ ဘုရားသခင်၏လူများနှင့်သူ၏နှုတ်ကပတ်တော်အား ဖြင့် ဘုရားသခင်လုပ်ဆောင်စေလိုသောအရာများသင်ယူရမည် ဖြစ်သည်။ ဘုရား သခင်ကိုဝမ်း မြောက်ခြင်းဖြစ်စေသာအရာများ ကျွန်ုပ်တို့သိရှိသင့်ပြီး၊ ကျွန်ုပ်တို့အ တွက်သူ၏အလို တော်များသိရှိသင့်ပေသည်။
အပြစ်များခွင့်လွှတ်ခြင်းရရှိသောသူများသည် ဒုတိယမွေးဖွါးခြင်းခံခဲ့သော သူများဖြစ်ကြပြီး၊ ဒုတိယမွေးဖွါးခြင်းခံသောသူများသည်လည်း သန့်ရှင်းသော ဝိညာဉ် တော်ကိန်းဝပ်ခြင်းရရှိသောသူများဖြစ်ကြသည်။ သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းရရှိသောသူများသည် ဘုရားသခင်၏စစ်မှန်သန့်ရှင်းသော လူများနှင့်သားသမီးများဖြစ်ကြသည်။ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာအားဖြင့် အသက်ရှင်သင့်ပေသည်။ ဤအရာသည် သန့်ရှင်းသောသူများလုပ် ဆောင်ရမည့်တာဝန်ဝတ္တရားဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အစွမ်းအစများနှင့် ပင့်ကူအရည်အချင်းများအလကားမကုန်ဆုံးစေဘဲ သူတပါး၏အကျိုးအတွက်အ သက်ရှင်သင့်ပေသည်။အချိန်ကို အလကားကုန်ဆုံး စေခြင်းအားဖြင့် ဘုရားသခင်၏ အမှုတော်မြတ်ကို ကျွန်ုပ်တို့တားဆီးပိတ်ပင်ခြင်း မရှိသင့်ပေ။
ကျွန်ုပ်တို့သည် သန့်ရှင်းစင်ကြယ်ခြင်းရရှိပြီး၊ ဘုရားသခင်၏မေတ္တာ တော်အားဖြင့် အသစ်ပြုပြင်သောသတ္တဝါဖြစ်ပါက ကျွန်ုပ်တို့သည် ဘုရားသခင် ၏အမှု တော်ကိုဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် လူကောင်းဖြစ်လာရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ သားသမီးများဖြစ်လာပါက ကျွန်ုပ်တို့သည် ကောင်းမြတ်သောသူများဖြစ်နိုင် ရန်အခွင့်အရေးရှိသည်။
ဘုရားသခင်သားသမီးများ၏ခန္ဓာကိုယ်သည်ပြည့်စုံခြင်းမရှိသော်လည်း ဘုရားသခင်ကို ဝမ်းမြောက်စေသောအရာဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင် ၏ အလိုတော်ကိုလုပ်ဆောင်နိုင်ကြပြီး ကောင်းသောအရာများ ပြုလုပ်နိုင်ပါသည်။ သို့သော်ဒုတိယမွေးဖွါးခြင်းခံသောသူများပင်လျှင် သူတို့အသက်သာအသက်ရှင် လျှင် သူတို့သည် အခြားသောသူများအပေါ်အဆိုးများကိုလည်းပြုနိုင်ပါသည်။ "လွန်ကျူး စေတတ်သောစပျစ်ရည်နှင့်ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက်ရှိကြလော့" (ဧဖက် ၅:၁၈)။ ဤကျမ်းပိုဒ်၏အဓိပ္ပါယ်မှာ ကျွန်ုပ်တို့သည် ဇာတိအသွေး အသားတပ်မက်ခြင်းဖြင့်ယစ်မူးခြင်းမရှိရန်ဖြစ် သည်။ သို့သော် ကျွန်ုပ်တို့သည် ကောင်းမြတ်သောလုပ်ငန်းများကိုလုပ်ဆောင်ရ မည်ဖြစ်သည်။
ဧဖက် ၅:၁၉-၂၁ တွင် ရှင်ပေါလုက "ဆာလံသီချင်းမှစသောဓမ္မသီချင်း အမျိုးမျိုးတို့ကို အချင်းချင်းပြောဆိုဖတ်ရွတ်၍ နူးညွတ်သောစိတ်နှလုံးနှင့် ဘုရား သခင်ရှေ့တော်၌ကျူးဧသီချင်းဆိုကြလော့။ ခပ်သိမ်းသောအရာတို့၌ ကျေးဇူး တော်ကြီးလှပါ၏ဟု ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကိုထောက်၍ ခမည်း တော်ဘုရား သခင်ရှေ့၊ ကာလအစဉ်မပြတ်ဝန်ခံကြလော့။ ခရစ်တော်ကို ခန့်ညား သောအားဖြင့် အချင်းချင်းတစ်ယောက်အောက်တစ်ယောက်ကိုယ်ကို နှိမ့်ချလျက် နေကြလော့"ဟု ဖော်ပြထားပါသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ် တော်ဖြင့် ပြည့်ဝသော အသက်တာအားဖြင့် အသက်ရှင်လိုပါက ကယ်တင်ခြင်း သတင်းကောင်းနှင့် ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြုပြီးခဲ့သောအရာများ ကိုယုံ ကြည်ပြီးဟောပြော ရမည်ဖြစ်သည်။
ကျွန်ုပ်တို့သည် ဆုတောင်းသောအခါခါတိုင်းတွင် ဘုရားသခင်ကကျွန်ုပ် တို့ကိုကောင်းချီးပေးခဲ့သည်။ ကျွန်ုပ်တို့သည် တစ်သံတည်းဖြင့် ဘုရားသခင်ကို ချီးမွမ်း နိုင်ရန်အတွက် ဤကောင်းကြီးမင်္ဂလာအားလုံးကို ဆာလံသီချင်း၊ ဓမ္မသီ ချင်းနှင့်ဝိ ညာဉ်တော်သီချင်းများတွင် ဘုရားသခင်ကမှတ်တမ်းတင်ရေး မှတ်ခဲ့ သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုချီးကျူးပြီး ကျေးဇူးတင်ကာ နာမတော်ကို ချီးမွမ်းရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းမရှိသေးသောသူများနှင့်အ ခြားသူများအတွက် ဆုတောင်းသောအခါ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝ သောအသက်တာအားဖြင့်အသက်ရှင်နိုင်ကြလိမ့်မည်။ ကျွန်ုပ်တို့သည် မိမိအတွင်း နှလုံးသားမှ ဘုရားသခင်ကိုကျေးဇူးတင်ကာ ကျွန်ုပ်တို့အား ကယ်တင်ခဲ့သော သခင်ယေရှုခရစ် တော်ကိုလေးစားကြည်ညိုကြရမည်ဖြစ်သည်။ ဤအတွေးများ ကျွန်ုပ်တို့နှလုံးသား တွင်ရှိခြင်းနှင့်အတူ၊ ကျွန်ုပ်တို့အမှားများဝန်ချတောင်းပန်ခြင်း နှင့် ကျွန်ုပ်တို့အပြစ် များဆေးကြောပေးခြင်းအတွက်ဂုဏ်ပြုချီးမွမ်းခြင်းများပြုနိုင် ကြပြီး ဘုရားသခင်ကို နာခံခြင်းရှိနိုင်မည် ဖြစ်သည်။ ဤသို့အသက်ရှင်ခြင်းသည် သန့်ရှင်းသောဝိညာဉ် တော်နှင့်ပြည့်ဝသောအသက်တာအားဖြင့်အသက်ရှင်ခြင်း ဖြစ်သည်။
 
 
ကျွန်ုပ်တို့သည် ကျန်သေးသောဘဝတလျှောက်သတင်းကောင်း ဟောပြောခြင်း တာဝန်ကိုထမ်းဆောင်ရမည်
 
ကျွန်ုပ်တို့သည် ကောင်းမွန်သောလုပ်ငန်းများရေးစွဲပြီး သတင်းကောင်း၏ တန်ခိုးကိုပို၍ကြီးမားစွာပေါ်ထွန်းနိုင်ရန်အတွက် ၄င်းတို့ကိုကျင့်သုံးရမည်ဖြစ် သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အသင်းတော်နှင့်ဆက်သွယ်သည့်နည်းတူ၊ ကျွန်ုပ်တို့သည် အတူတကွဆုတောင်းပြီး လူတိုင်း၏ဝိညာဉ်များကယ်တင်နိုင်ရန် ဘုရားသခင်ကို ခေါ်ကြမည်ဖြစ်သည်။ လောကတွင်လူများစွာတို့သည် ဘုရားသ ခင်ကိုရှာဖွေခဲ့ကြသော်လည်း သတင်းကောင်းကိုမသိခဲ့ကြသောကြောင့် ဒုတိယ မွေးဖွါးခြင်းမခံ သေးသောလူများစွာရှိသည်။ ကျွန်ုပ်တို့သည် "ဘုရားသခင်၊ ထိုသူတို့ကိုလည်း ကယ်တင်တော်မူပါ"ဟု ပြောခြင်းအားဖြင့် ဤလူများအတွက် ဆုတောင်းရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်ကျိုးအတွက်သာ ရှာဖွေခြင်း အတ္တကိုမမွေးထားဘဲ ပျောက်ဆုံးသောဝိညာဉ်များကယ်တင်ရန် သတင်းကောင်း အတွက် ကျွန်ုပ်တို့၏ ပစ္စည်းဥစ္စာများကိုပေးလှူရမည်ဖြစ်သည်။ အခြားသူများ၏ ဝိညာဉ်များနှင့် ဘုရားသခင်၏နိုင်ငံတော်ကျယ်ပြန့်ဖို့ရန်အတွက် အသက်ရှင်ခြင်း သည် ကောင်းမွန်သောလုပ် ငန်းလုပ်ဆောင်ခြင်းပင်ဖြစ်သည်။
ဤကဲ့သို့သောလုပ်ငန်းလုပ်ဆောင်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော် နှင့်ပြည့်ဝသောအသက်တာအားဖြင့်အသက်ရှင်သောဘဝပင်ဖြစ်သည်။ သန့်ရှင်း သောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာအားဖြင့်အသက်ရှင်ခြင်းသည် အခြား သောဘာသာစကားပြောခြင်းနှင့် အံ့သြဖွယ်နိမိတ်လက္ခဏာများပြု လုပ်ခြင်းထက် ဘုရားသခင်ကိုဝမ်းမြောက်ခြင်းဖြစ်စေသောအရာများသိရှိခြင်း သာဖြစ်သည်။ ၄င်း၏ အဓိပ္ပါယ်မှာ ကျွန်ုပ်တို့အပေါ် ဘုရားသခင်ပေးထားခဲ့သော ကယ်တင်ခြင်းကိုယုံကြည်ခြင်း၊ ဘုရားသခင်၏နာမတော်ကို တေးသီချင်းများအား ဖြင့်ချီးမွမ်းခြင်းနှင့်ဘုန်းတော် ထင်ရှားစေခြင်းဖြစ်သည်။ ကျွန်ုပ်တို့နှလုံးသားဖြင့် ဘုရားသခင်ကိုချီးမွမ်းထောမနာပြုခြင်း၊ ဖြောင့်မတ်သောသူအဖြစ်ကျွန်ုပ်တို့ ကိုယ်ခန္ဓာကို ဘုရားသခင်စေတော်ခံရန် အသုံးပြုခြင်းတို့သည် ဘုရားသခင်၏အ လိုတော်ဖြစ်သည်။ ဘုရားသခင်၏အမိန့် တော်အတိုင်းအသက်ရှင်ခြင်းဆိုသည်မှာ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသော အသက်တာအားဖြင့်အသက်ရှင် ခြင်းဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာအားဖြင့် အသက် ရှင်နိုင်ရန်အတွက် ကျွန်ုပ်တို့သည် တစ်ယောက်နှင့်တစ်ယောက်နာခံခြင်းရှိရ မည်ဖြစ်သည်။ လူတစ်ယောက်က ကျွန်ုပ်တို့အား အကြံတစ်ခုပေးခဲ့လျှင် သူပြောသောအရာကို ကျွန်ုပ်တို့နားထောင်ရမည်ဖြစ်သည်။ ထိုနည်းတူ၊ ကျွန် တော်သည် ထိုသူကို အကြံတစ်ခုပေးခဲ့လျှင် သူသည် ကျွန်ုပ်ကိုသဘောမတူလျှင် လည်း ကျွန်တော်ပြော သောစကားကိုနားထောင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် တစ်ယောက်နှင့်တစ် ယောက် နာခံခြင်းနှင့်ဘုရားသခင်၏အမှုတော်ကိုလုပ် ဆောင်ခြင်းအားဖြင့် သန့်ရှင်း သောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာအား ဖြင့်အသက်ရှင်နိုင်ပါသည်။
 
 
သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာအားဖြင့်အသက်ရှင်ခြင်း သည် သခင်ယေရှုခရစ်တော်အားဘုန်းတော်ထင်ရှားစေခြင်းဖြစ်သည်။
 
သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာအားဖြင့်အသက် ရှင်ခြင်းဟူသည်မှာ သခင်ယေရှုခရစ်တော်၏ပညတ်တော်များကို စောင့်ထိန်းခြင်း ပင်ဖြစ်သည်။ ဧဖက် ၆:၁၀-၁၃ကိုဖတ်ခြင်းအားဖြင့် ၄င်း၏အနက်အဓိပ္ပါယ်ကိုရှာ ဖွေကြည့်ရှုကြပါစို့။ "ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့သခင်ဘုရား အားဖြင့်၄င်း၊ တန်ခိုးတော်အရှိန်အားဖြင့်၄င်း၊ ခိုင်ခံ့ခြင်းရှိကြလော့။ မာရ်နတ်၏ပရိ ယာယ်တို့ကိုဆီးတားနိုင်မည်အကြောင်း၊ ဘုရားသခင်ပြင်ဆင်တော်မူသောလက် နက်စုံကိုဝတ်ဆောင်ကြလော့။ အကြောင်းမူကား၊ ငါတို့သည် အသွေးအသား ရှိသော ရန်သူတို့နှင့်ပြိုင်ဆိုင်တိုက်လှန်ကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၄င်း၊ အာဏာစက်တို့နှင့်၄င်း၊ လောကီမှောက်မိုက်၌ အစိုးတရပြုလုပ်သောမင်းတို့နှင့် ၄င်း၊ မိုဃ်းကောင်းကင်၌ ကျင်လည်သောနတ်ဆိုးတို့နှင့်၄င်း၊ ဆိုင်ပြိုင်တိုက် လှန်ကြ၏။ ထိုကြောင့်၊ ခဲယဉ်းဆိုးယုတ်သောနေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကိုပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင်ပြင်ဆင်တော်မူ သောလက်နက်စုံကိုယူဆောင်ကြလော့။"
သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာဖြင့်အသက်ရှင် ခြင်းသည် အဘယ်အရာကိုဆိုလိုသနည်း။ ဘုရားသခင်၌ခွန်အားရှိခြင်းနှင့် သူ၏ တန်ခိုးတော်ကိုယုံကြည်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့၏လိုအပ်ဆန္ဒတခုတည်းကို အားကိုးခြင်းဖြင့်အသက်ရှင်ခြင်းမျိုးမဟုတ်ဘဲ ကျွန်ုပ်တို့အထဲတွင် ကိန်းဝပ်သော သန့်ရှင်း သော ဝိညာဉ်တော်၏တန်ခိုးတော်အားဖြင့်အသက်ရှင်ခြင်းမျိုးကိုဆိုလို သည်။ ထို့ပြင် ဆုတောင်းသောအသက်တာအားဖြင့် အသက်ရှင်ခြင်းကိုလည်းဆို လိုသည်။ ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ပေးထားသောအ စွမ်းအစများနှင့်ကောင်း ချီးမင်္ဂလာအမျိုးမျိုးကိုရရှိခြင်းအားဖြင့် အောင်မြင်သော ဘဝဖြင့် အသက်ရှင်နိုင်ပါသည်။ ဤကဲ့သို့သောဘဝအားဖြင့် အသက်ရှင်ခြင်းသည် ဘုရားသခင်၏လက်နက်စုံတို့ကို ဝတ်ဆင်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ခွန်အားချည့်နည်းသောသူများဖြစ်ကြသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်စွဲကိုင်ခြင်းမရှိလျှင် ဘုရားသခင်နှင့်အတူလျှောက်လှမ်းခြင်း၊ သူ့ကို အစေခံခြင်းနှင့်နာခံခြင်းအတွက် ကျွန်ုပ်တို့သည် ကြိုးပမ်းခဲ့ကြသော်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာအားဖြင့် အသက်ရှင်နိုင် ကြမည် မဟုတ်ပေ။
ဘုရားသခင်၏နှုတ်ကပတ်တော်ကိုယုံကြည်ခြင်းသည် ကျွန်ုပ်တို့ဝိညာဉ် တန်ခိုးတိုးတက်စေရန်မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ ကျွန်ုပ်တို့သည်ယုံ ကြည်ခြင်းရှိလျှင် "ဘုရားသခင်၏နှုတ်ကပတ်တော်ထဲတွင်ဖော်ပြထားသည့်အ တိုင်းကျွန်တော်သေချာစွာသိရှိခဲ့သည်"ဟု ပြောခြင်းအားဖြင့် ဘုရားသခင်၏လက် နက်စုံကိုယူတင်ဝတ်ဆောင်ရကြမည်ဖြစ်သည်။ ဤအရာသည် ကျွန်ုပ်တို့အား သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာအားဖြင့်အသက်ရှင်ရန် ကူညီပေးသောအရာဖြစ်သည်။
သင်တို့တွင် ဤကဲ့သို့သော ဘဝဖြင့်အသက်ရှင်ရန်ပြသနာရှိသူရှိသလား။ ရှိလျှင် သမ္မာကျမ်းစာထဲတွင်ရှိသောနှုတ်ကပတ်တော်စကားကိုသတိရပြီး၊ ဘုရား သခင်၏လက်နက်စုံကို ယူတင်ဝတ်ဆောင်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ လက်နက်စုံကိုဝတ်ဆင်ရမည်ဟု ဘုရာသခင်ကမိန့်တော်မူခဲ့သည်။ မိတ်ဆွေ၏အ တွင်းနှလုံးသားထဲတွင် ထိုစကားလုံးများထားရှိခြင်းအားဖြင့် ဘုရားသခင်၏လက် နက်စုံဝတ်ဆင်ခြင်းအဓိပ္ပါယ်ကို မိတ်ဆွေသိရှိပါလိမ့်မည်။ မိတ်ဆွေသည် ဘယ်လိုပတ်ဝန်းကျင်တွင်နေနေပါစေ၊ လူတွေက အကြောင်းအမျိုးမျိုးပြော နေပါစေ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဆုပ်ကိုင်ထားရမည် ဖြစ်သည်။ ဤနည်းလမ်း အားဖြင့် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာအားဖြင့်အသက်ရှင်နိုင်ကြမည်ဖြစ်သည်။
ဤယုံကြည်မှုကို ကျွန်ုပ်တို့သည် မည်သည့်နေရာတွင် ရရှိနိုင်မည်နည်း။ ဗျာဒိတ် ၃:၂၂ တွင် "ဝိညာဉ်တော်သည်အသင်းတော်တို့အားအဘယ်သို့မိန့်တော် မူသည်ကိုနားရှိသောသူမည်သည်ကားကြားပါစေဟုမိန့်တော်မူ၏" ဟုဖော်ပြထား ပါသည်။ အသင်းတော်အား ဝိညာဉ်တော်ပြောသောအရာများကို ကျွန်ုပ်တို့နား ထောင်၇မည်ဖြစ်သည်။ တနည်းအားဖြင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်ကိုမကြားနိုင်ကြပေ။ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအ သက် တာအားဖြင့်လည်းအသက်မရှင်နိုင်ကြပေ။ သို့သော် ဘုရားသခင်၏ အစေခံများကသာ သူ့အသံကိုကြားနိုင်ပြီးဝိညာဉ်တော်နှင့်ပြည့်ဝသောအသက် တာဖြင့်အသက် ရှင်နိုင်ကြသည်။ မည်သူအားဖြင့်သန့်ရှင်းသောဝိညာဉ်တော်သည် စကားပြောသနည်း။ ဘုရားသခင်သည် အသင်းတော်တွင်ရှိသောသူ၏အစေခံ ကျွန်များ အားဖြင့်လောကတွင်ရှိသောလူများအားလုံးနှင့်သန့်ရှင်းသူများကိုစကား ပြောသည်။
ဤသို့ပြောရပေမည်။ ဘုရားသခင်၏ အသင်းတော်သွန်သင်မှုများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များပေါ်တွင် သေသေချာချာအခြေပြုထားသည် ဟု မိတ်ဆွေယုံကြည်သင့်သည်။ အသင်းတော်၏သွန်သင်မှုများကို မိတ်ဆွေ၏ စိတ်ထဲတွင်ဤယုံကြည်ချက်ဖြင့်မိတ်ဆွေ လက်ခံရမည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် တရားဟောဆရာတစ်ပါး၏စိတ်ထဲတွင် မကိန်းဝပ်လျှင် ထိုသူသည် မိမိအတွေးအခါ်များကိုသာ ဟောပြောမည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသော တရားဟောဆရာသည် သန့်ရှင်းသောဝိညာဉ် တော်၏ထိန်းချုပ်မှု အောက်တွင်ဘုရားသခင်၏နှုတ်ကပတ်တော်များကိုဟော ပြောရမည်ဖြစ်သည်။ သို့သော်ထိုသူသည် ထိုသို့မပြုဘဲ သမ္မာကျမ်းစာကို အခြေခံကျစွာမဟောပြောလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသူအထဲတွင် ကိန်းဝပ်နေသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်သည်သူ့ကို တားစီးမည်ဖြစ် သည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားဖြစ်သည်။ ဘုရားသခင်သည် သူ၏အစေခံကျွန်များနှလုံးသားထဲတွင် ကိန်းဝပ်သောကြောင့် ဘုရားသခင်ကျွန်၏ အမိန့်အာဏာသည် အလွန်တရာကြီးမားသည်။ ဓမ္မာသစ်ကျမ်းထဲတွင် သခင်ယေ ရှုခရစ်တော်က ပေတရုအား "ကောင်းကင်နိုင်ငံ၏သော့တို့ကို သင့်အားငါပေး မည်" (မဿဲ ၁၆:၁၉)ဟု မိန့်တော်မူခဲ့သည်။ ကောင်းကင်နိုင်ငံတော်၏သော့များ သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းပင် ဖြစ်သည်။ တနည်းအားဖြင့်၊ ဤသတင်းကောင်းသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်စေသောသော့ချက် ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ဝေငှဟောပြောရန် အခွင့်အာဏာကို ဘုရားသခင်ကပေတရုပေါ်သာမက ဘုရားသခင်၏အစေခံကျွန်များနှင့်သန့် ရှင်းသောသူများအားလုံးသည် ဒုတိယမွေးဖွါးခြင်းခံကာ သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းရ ရှိနေသရွေ့ သူတို့အပေါ်တွင်ပေးခဲ့သည်။
သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသေအသက်တာအားဖြင့်အသက်ရှင်နိုင်ရန်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်၏လက်နက်ဝတ်စုံကိုဝတ်ဆင်ရပေ မည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းမရှိလျှင် အသင်းတော်နှင့်ဘုရားသခင်၏အ စေခံကျွန်များ၏အမိန့်အာဏာကို ယုံကြည်ခြင်းအားဖြင့်နေ့တွင် ကျွန်ုပ်တို့နှလုံး သားထဲတွင် အသင်းတော်၏သွန်သင်မှုများကို စွဲစွဲမြဲမြဲမှတ်သားရမည်ဖြစ်သည်။ ယနေ့မိတ်ဆွေ ကြားခဲ့သောတရားဟောချက်သည် မိတ်ဆွေအတွက်အသုံးမ ဝင်ဘဲ မိတ်ဆွေ၏အသက်တာနှင့်တိုက်ရိုက်ဟပ်စပ်မှုမရှိသော်လည်း မည်သို့ပင် ဖြစ်စေကာမူ မိတ်ဆွေသည် တရားဟောချက်ကိုနားထောင်ပြီး မိတ်ဆွေ၏နှလုံး သားထဲတွင် ထိန်းသိမ်းထားရမည် ဖြစ်သည်။ မိတ်ဆွေ၏နေ့စဉ်အသက် တာအတွက် လိုအပ်နေသော စကားလုံးများကို သမ္မာကျမ်းစာထဲတွင် ရှာဖွေပါ။ ၄င်းတို့သည် အရအမိဆုပ်ကိုင်ထားပါ။ ဤနည်းလမ်းအားဖြင့်မိတ်ဆွေသည် ယုံကြည်ခြင်းနှင့်ပြည့်ဝသောသူဖြစ် လာနိုင်ပါသည်။ သို့ပြုလျှင် မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝ သောအသက်တာ၊ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းသောအသက်တာနှင့် ဤလောကတွင်အထွဋ်အမြတ်များနှင့်စစ် ဆင်နွှဲရာတွင် အောင်မြင်သောအသက်တာ အားဖြင့်အသက်ရှင်နိုင်ပေမည်။
မိတ်ဆွေသည် ဤလောကအစိုးရသောသူများ၏စကားကိုနားထောင်ရန် တိုက်တွန်းခြင်းခံခဲ့သော်လည်း ယခုတွင် လောက၏အစိုးရသောမှောင်မိုက်တန်ခိုး များကိုတိုက်လှန်ရန် ကျွန်တော်တဖန်တိုက်တွန်းထားသောကြောင့် မိတ်ဆွေ သည် စိတ်ရှုပ်ထွေးနိုင်ပါသည်။ ရောမခေတ်တွင် ရောမအင်ပါယာသည် သူ့ကိုယ်သူ ဘုရားဟုခေါ်ပြီး သူ့ကိုဘုရားတစ်ပါးအဖြစ်ကိုးကွယ်ရန် လူတိုင်းအား ဥပဒေက တောင်းဆိုထားပါသည်။ သို့သော်၄င်းသည် ဘုရားသခင်၏နှုတ်က ပတ်တော်နှင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့် ခရစ်ယာန်များမပြုလုပ်သင့်သော အရာဖြစ်သည်။ ထိုကြောင့် ထိုအချိန်တွင်ရှိသောခရစ်ယာန်များသည် ရောမအင် ပါယာအား ဘုရားသခင်တစ်ပါးအဖြစ်ကိုးကွယ်ရန် ဥပဒေကတောင်းဆိုခဲ့သော ကြောင့် သူတို့မှာ ရောမအင်ပါယာအားတိုက်ခိုက်ခြင်းကလွှဲပြီးအခြားသောရွေး ချယ်စရာတစ်ခုမျှမရှိပေ။
နတ်ဆိုးများနှင့်တိုက်ခိုက်ရန်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ် ကပတ်တော်ကို ယုံကြည်ပြီး ဆုပ်ကိုင်ထားရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရား သခင်၏နှုတ်ကပတ်တော်အတိုင်းအသက်ရှင်လျှင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုခံစားကာ နတ်ဆိုးများကို ရိုက်နက်နိုင်ကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရှိခဲ့သော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော် မစွဲကိုင်လျှင် စာတန်နှင့်တိုက်ခိုက်သောအခါ စစ်ရှုံးသွားမည်ဖြစ်သည်။ ဘုရားသ ခင်က ကျွန်ုပ်တို့အား "သမ္မာသတိရှိလျှက်မအပ်ဘဲစောင့်နေကြလော့။ သင်တို့ရန် သူတည်းဟူသော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရ မည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏" (၁ပေ ၅:၈)။ ဘုရားသခင်၏နှုတ်က ပတ်တော်ကို မယုံကြည်သောသူတို့သည် စာတန်၏တိုက်ခိုက်မှုကို အောင်မြင်နိုင် မည်မဟုတ်ပေ။
သခင်ယေရှုသည်လည်း နှုတ်ကပတ်တော်မပါလျှင် စာတန်ကိုလုံးဝမ တိုက်ခိုက်ခဲ့ပေ။ "လူသည်မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။ ဘုရားသ ခင်မိန့်တော်မူသမျှအားဖြင့်အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောခဲ့ သည်"(မဿဲ ၄:၄)။ သခင်ယေရှုသည် နှုတ်ကပတ်တော်အားဖြင့် စာတန်ကိုအဝေး သို့နှင်ထုတ်သွားခဲ့သည်။ ကျွန်ုပ်တို့သည် အဘယ်သို့နှင်ထုတ်နိုင်ကြမည်နည်း။ ကျွန်ုပ်တို့သည် သခင်ယေရှုနှင့်နှိုင်းယှဉ်လျှင် ဉာဏ်ပညာတင်းတိမ်ပြီး သူနှင့်လုံး ဝနှိုင်းတု၍မရပေ။ ထိုကြောင့် ကျွန်ုပ်တိုပသည် ဘုရားသခင်၏နှုတ်ကပတ် တော်ကို ယုံကြည်ကာ ပို၍သန်မာစွာဆုပ်ကိုင်ထားသင့်ပေသည်။
ကျွန်ုပ်တို့သည် "နှုတ်ကပတ်တော်သည် မှန်ကန်လိမ့်မည်ဟု ကျွန်တော် ထင်သော်လည်း နှုတ်ကပတ်တော်ကိုအပြည့်အဝမယုံကြည်နိုင်ပါ"ဟု မပြောသင့် ပေ။ "နှုတ်ကပတ်တော်သည် သမ္မာကျမ်းစာတွင် ရေးသားထားသည့်အတိုင်း အကုန်အစင် မှန်ကန်သည်ဟု ကျွန်ုပ်ယုံကြည်သည်"ဟု ကျွန်ုပ်တို့ဆုပ်ကိုင်ထားရ မည်ဖြစ်သည်။ ၄င်းသည် သင့်လျှော်သောယုံကြည်ခြင်းဖြစ်ပြီး ဘုရားသခင်၏ လက်နက်ဝတ်စုံကို ကျွန်ုပ်တို့အားဝတ်ဆင်စေသောအရာလည်းဖြစ်သည်။ "ဘုရားသခင် ပြောခဲ့သည့်အတိုင်း တိတိကျကျအကုန်နားလည်"သည်ဟုပြော သောသူများသည် ကောင်းချီးခံစားကြသည်။ လူတစ်ဦးသည် ဘုရားသခင်၏နှုတ် ကပတ်တော်ကိုစွဲကိုင်ပြီး ၄င်းကိုမှီခိုသောအခါ သူယုံကြည်ခြင်းရှိသည့်အတိုင်း အရာများသည်အကောင်းသို့ပြန်လှည့်သွားမည်ဖြစ်သည်။ စာတန်သည် ကျွန်ုပ်တို့ သည် စုံစမ်းရန်လာခဲ့သော်လည်း ကျွန်ုပ်တို့သည် "ဘုရားသခင်၏နှုတ်ကပတ် တော်ကို ကျွန်တော်ယုံကြည်တယ်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် မှန်ကန်သောအဖြေဖြစ်သည်ကို ကျွန်တော်ယုံကြည်တယ်"ဟု ပြောလျှင် စာတန် သည်အဝေးသို့ထွက်သွားမည်ဖြစ်သည်။ ဤနည်းလမ်းသည် စာတန်နှင့်စစ်ဆင်နွှဲ ရာတွင်အောင်မြင်မှုဖြစ်သောသော နည်းလမ်းဖြစ်သည်။
 
 
ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုစွဲကိုင်ထားရမည်
 
"ထိုကြောင့် ခဲယဉ်းဆိုးယုတ်သောနေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့် ကိစ္စအလုံးစုံတို့ကို ပြီးစီးရပ်နိုင်မည်အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့။ သစ္စာတည်းဟူသောခါးပန်းကိုစည်းလျက် ဖြောင့်မတ်ခြင်း၊ပါရမီတည်းဟူသော ရင်အုပ်တန်ဆာကိုဝတ်ဆင်လျက်၊ ငြိမ်သက် ခြင်းနှင့်ယှဉ်သောဧဝံဂေလိတရားကိုပြင်ဆင်သောအဖြစ်တည်းဟူသောခြေစွပ်ကို စွပ် လျက်ခံရပ်ကြလော့။ မာရ်နတ်ပစ်ခတ်သောမီးစက်လက်နက်ကို ကာသတ် နိုင်သော ယုံကြည်ခြင်းတည်ဟူသောလွှားကိုလည်းခပ်သိမ်းသောလက်နက်တို့ အပေါ်မှာ ထပ်ဆင့်၍ယူဆောင်ကြလော့။ ကယ်တင်ခြင်းတည်းဟူသော သံခ မောက်လုံးကို၄င်း၊ ဘုရားသခင်၏နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ဓား ကို၄င်း ယူကြလော့။" (ဧဖက် ၆း၁၃-၁၇)
"သစ္စာတည်းဟူသောခါးပန်းကိုစည်းလျက်ခံ၇ပ်ကြလော့" စကားစုသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို လူတစ်ဦး၏ခါးတွင် ခါးပတ်အဖြစ်စည်း ထားခြင်းနှင့်ခိုင်းနှိုင်းထားပါသည်။ ၄င်း၏အဓိပ္ပါယ်မှာ ကျွန်ုပ်တို့စိတ်နှလုံးများကို ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ပတ်စည်းထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့ သည် ဘုရားသခင်နှင့်စိတ်တစ်လုံးတစ်ဝဖြစ်နိုင်ရန်အတွက် သမ္မာတရား၏စကား များကိုလိုက်နာရန် ဘုရားသခင်ကကျွန်ုပ်တို့အားပြောခဲ့သည်။ သို့သော်ဤခါး ပတ်သည် ကျွန်ုပ်တို့၏ခန္ဓာကိုယ်ကိုခိုင်မာစွာစည်းထားသည့်နည်းတူ၊ ကျွန်ုပ်တို့ သည် မိမိကိုယ်ကိုဘုရားသ ခင်၏နှုတ်ကပတ်တော်အားဖြင့်ခိုင်မာစွာပတ်စည်း ထားရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်စိတ်တလုံးတဝဖြစ် သောအခါ ကျွန်ုပ်တို့သည် "အရာခပ်သိမ်းသည် အကောင်းသို့ပြောင်းလဲသွား ခဲ့တယ်။ အရာခပ်သိမ်းတို့သည် ဘုရားသခင်ပြောခဲ့သည့်အတိုင်း ကျွန်တော် သေချာစွာနားလည်ခဲ့တယ်"ဟု အလိုအလျောက်ယုံ ကြည်ခြင်းဖြင့် မြွက် ဆိုကြမည်ဖြစ်သည်။
နောက်တစ်ချက်အနေဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းပါရမီတည်းဟူ သောရင်အုပ်တန်ဆာကိုဝတ်ဆင်ထားရမည်။ ဘုရားသခင်က ကျွန်ုပ်တို့အားကယ် တင်ခဲ့သည်ဟု သိစေသော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းရင်အုပ်တန်ဆာကို ကျွန်ုပ်တို့ဝတ်ဆင်ထားရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းရင် အုပ်တန်ဆာကိုဝတ်ဆင်ခဲ့ပြီးသောအခါ သမ္မာတရားခါးပတ်ဖြင့် ကျွန်ုပ်တို့ခါးကို ခိုင်မာစွာ စည်းထားရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျောက်မျက်ရတနာတို့ဖြင့် စီချယ်ထားသောရင်အုပ်တန်ဆာကိုဝတ်ဆင်ထားရမည်ဖြစ်သည်။ ဘုရားသခင် သည် ကျွန်ုပ်တို့ ၏အပြစ်များအားလုံးကိုခွင့်လွှတ်ခဲ့သည်ဟူသော ယုံကြည်ခြင်းကို ကျွန်ုပ်တို့ဝတ်ဆင် ထားရမည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့စိတ်နှလုံးအ ကြွင်းမဲ့ယုံကြည်ထားရမည်ဖြစ်သည်။ ငြိမ်သက်ခြင်းကို ပေးသော ကယ်တင်ခြင်းသတင်းကောင်းကို ကျွန်ုပ်တို့ဟောပြောရမည်။       
အထက်တွင်ဖော်ပြထားသောအရာများဝတ်ဆင်ခဲ့ပြီးသောအခါ ငြိမ်သက် ခြင်းနှင့်ယှဉ်သောဧဝံဂေလိတရားဟောပြောရန်ပြင်ဆင်သောအဖြစ်တည်းဟူ သောခြေစွပ်ကိုစွပ်လျက် လူသားအားလုံးအပေါ်ဘုရားသခင်ပေးထားခဲ့သော ဘုရားသခင်၏ငြိမ်သက်ခြင်းကယ်တင်ခြင်းသတင်းကောင်းကို ကျွန်ုပ်တို့ဟော ပြောရမည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အပြစ်များအားလုံးမှလွတ်မြောက်ခြင်းရရှိခဲ့ သည်ဟုယုံကြည်လျှင် ကျွန်ုပ်တို့နှုတ်အားဖြင့် ဝန်ခံရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ အပြစ်တရားနှင့် ဆိုးသွမ်းမှုများပေါ်လာသည့်အခါတိုင်းတွင် ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များအားလုံးမှ ကယ်တင်ခဲ့သည်ဟူသော သမ္မာတရားကိုသတိရ ခြင်းအားဖြင့် ၄င်းတို့ကို ရှင်းလင်းရမည်ဖြစ်သည်။ ဘုရားသခင်သည် သခင်ယေရှု ၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင် တော်ပေါ်တွင်သွန်းလောင်းသောအသွေးတော် အားဖြင့် ကျွန်ုပ်တို့အပြစ်များမှကယ်တင်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်ဂုဏ် တော်ကိုချီးမွမ်းခြင်းအားဖြင့် ဘုန်းတော်နှင့် ပြည့်ဝသောအသက်တာအားဖြင့် ကျွန်ုပ်တို့အသက်ရှင်ရမည်။ အပြစ်တရားမှကယ်တင်ခြင်းမရသေးသော လူသား အားလုံးအပေါ် ငြိမ်သက်ခြင်းပေးနိုင်သော ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ကျွန်ုပ်တို့ဟောပြောရမည်။
ထိုပြင်ကျွန်ုပ်တို့သည် ယုံကြည်ခြင်းတည်းဟူသောဒိုင်းလွှားကိုဝတ်ဆင် လျက် နတ်ဆိုးများကိုတိုက်ခိုက်ရကြမည်ဖြစ်သည်။ စာတန်ကိုတိုက်ခိုက်သော အခါ ကျွန်ုပ်တို့သည် လက်တစ်ဘက်တွင် ယုံကြည်ခြင်းလွှားကိုကိုင်ပြီး အခြား တစ်ဘက်တွင် နှုတ်ကပတ်တော်သမ္မာတရားကိုကိုင်လျက် စာတန်ကိုမောင်းထုတ် ရမည်ဖြစ်သည်။
ထိုနောက် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းတည်းဟူသောသံခမောက်လုံး ကိုဆောင်းထားရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် "ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းအားဖြင့် ကျွန်ုပ်အပြစ်များအားလုံးမှ ကျွန်တော်လွှတ်မြောက်ခဲ့တယ်။ ဤနည်းလမ်းအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်ကိုခွင့်လွှတ်ခဲ့တယ်"ဟု ပြောခြင်းအားဖြင့် ကယ် တင်ခြင်းနှင့်စပ်ဆိုင်သောစကားများကိုလက်ခံရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့ဦးနှောက်ခြင့် သမ္မာတရားကို အသိအမှတ်ပြုရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှုတ်ကပတ်တော်ကို စွဲကိုက်လျက်၊ ကယ်တင်ခြင်း သံခမောက်ကိုစောင်းကာ မာရ်နာတ်ကိုတိုက်ခိုက်နိုင်ရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော်၏ထားကို ကျွန်ုပ်တို့လက်နက်အဖြစ်အသုံးပြုရမည်ဖြစ်သည်။
စာတန်သည် ကျွန်ုပ်တို့ကိုတိုက်ခိုက်သောအခါ ကျွန်ုပ်တို့သည် ထားကို ထုတ်လျက်သူ့ကို ခုတ်ပစ်ရမည်ဖြစ်သည်။ "ဘုရားသခင်က ဤသို့ပြောခဲ့တယ်။ ထိုအတိုင်း ကျွန်တော်ယုံကြည်ခဲ့တယ်။" ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်က ပတ်တော်ကိုယုံကြည်ခြင်းအားဖြင့် စာတနကိုအဝေးသို့နှင်ထုတ်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုယုံကြည်ပြီး ဝိညာဉ်တော် ထားကိုစွဲကိုင်လျှင် စာတန်သည် "အမေလေး၊ ကြောက်စရာကြီးပါလား" ဟု တုန် ရီတုန်ရြွီမက်ဆိုခြင်းအားဖြင့် ထွက်ပြေးတိမ်းရှောင်သွားမည်ဖြစ်သည်။ ကျွန်ုပ်တို့ သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုယုံကြည်လျှင် စာတန်၏တိုက်ခိုက်မှုမှန် သမျှအနိုင်ယူရမည်ဖြစ်သည်။
"ကျွန်ုပ်ကိုယ်ခန္ဓာသည် ပြည့်စုံခြင်းမရှိသော်လည်း ကျွန်တော်သည် ရွေးနှုတ်ကယ်တင်ခြင်းရရှိခဲ့သော ဘုရားသခင်၏လူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်သည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်ခဲ့တယ်။ ဘုရားသခင်ပြောခဲ့ သည့်အ တိုင်း သူ၏နှုတ်ကပတ်တော်များကို ကျွန်တော်စွဲကိုင်ထားပါတယ်"ဟု ဝန်ခံခြင်း ဘာသာတရားကိုင်းရှိုင်းသော အသက်တာဖြင့် မိတ်ဆွေ အသက်ရှင် သင့်သည်။ ကျွန်ုပ်တို့သည် ဤသို့သော ယုံကြည်ခြင်းမျိုးရှိလျှင် စာတန်သည် ကျွန်ုပ်တို့ကို နှောက်ယှက်ရန်နှင့် ကျွန်ုပ်တို့သစ္စာရှိသောဘဝဖျက်စီးရန်လာသော အခါတိုင်းတွင် ကျွန်ုပ်တို့သည် သူ့ကို သမ္မာတရားနှင့်ဆိုင်သောထားအားဖြင့် အဝေးသို့နှင်ထုတ်နိုင် ကြမည်ဖြစ်သည်။ အကယ်၍ကျွန်ု်ပ်တို့သည် စာတန်ကို လောကီစကားလုံးများအားဖြင့်တန်ပြန်တိုက်ခိုက်လျှင် သူသည် ကျွန်ုပ်တို့ကို ခုခံနိုင်စွမ်းမရှိပေ။ ထိုကြောင့် ကျွန်ုပ်တို့သည် သူ့အား "ဘုရားသခင်က ဤသို့ ပြောခဲ့သည်"ဟုမြွက်ဆိုခြင်း အားဖြင့် စာတန်ကိုတိုက်ခိုက်ရမည်ဖြစ်သည်။ သို့ပြုလျှင် စာတန်သည် ဘုရားသခင်၏နှုတ်ကပတ်တော်အောက်တွင် အရှုံးပေး မည်ဖြစ်သည်။
ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာ အားဖြင့်အသက်ရှင်လိုပါက အသင်းတော်၊ ယုံကြည်သူအားလုံးနှင့် ဘုရား သခင် ၏လူများအားလုံးသည် သတင်းကောင်းဟောပြောခြင်းအတွက် မိမိကိုယ်ကိုဆက် ကပ်ကြရန် ဘုရားသခင်ထံဆုတောင်းရကြမည်ဖြစ်သည်။ "သတင်းကောင်း၏ လျှို့ဝှက်ဆန်းကျယ်မှုများကို ကျွန်ုပ်အားဟောပြောစေပါ" ဟု ဝန်ခံပြောဆိုခြင်း အားဖြင့် ကျွန်ုပ်တို့သည် သတင်းကောင်းကိုစေခံသောအသက်တာအားဖြင့် အသက်ရှင်နိုင်ကြမည်ဖြစ်သည်။ ဤသို့အသက်ရှင်ခြင်းသည် သန့်ရှင်းသောဝိ ညာဉ်တော်နှင့်ပြည့်ဝသောအသက်တာအားဖြင့်အသက်ရှင်ခြင်းဖြစ်သည်။ သန့် ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာအားဖြင့် အသက်ရှင်ခြင်းသည် ယုံကြည်သူအားလုံးအတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ ကျွန်ုပ်တို့သည် စစ်မှန်သောယုံကြည်သူများဖြစ်ကြလျှင် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝ သောအသက်တာအားဖြင့်အသက်ရှင်ရကြမည်ဖြစ်သည်။ အပြစ်လွတ်ခြင်းအခွင့်ရ ရှိခြင်းသည် လူတိုင်းအတွက်မရှိမ ဖြစ်လိုအပ်မှုဖြစ်သည့်နည်းတူ ထိုသို့သောအ သက်တာအားဖြင့် အသက်ရှင်ခြင်း သည်လည်း ယုံကြည်သူများအားလုံးအတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏အမိန့် တော်ပင်ဖြစ်သည်။
သူတို့၏အပြစ်များဖြေလွတ်ခြင်းရရှိခဲ့သောသူများဖြစ်ကြသော်လည်း သစ္စာ ရှိသောအသက်တာအားဖြင့်မည်သို့အသက်ရှင်ရမည်ကို မသိသောသူများ သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာအားဖြင့် အသက်ရှင် ရကြမည်ဖြစ်သည်။ ဤသို့အသက်ရှင်ခြင်းသည် ဘုရားသခင်နှစ်သက်သောအရာ ဖြစ်သည်။ ယုံကြည်သူများသည် ဘုရားသခင်၏အလိုတော်ဖြစ်သော သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာအားဖြင့် အသက်ရှင်ရကြ မည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာသည် ယုံကြည်သူ များအားကောင်းသောအ လုပ်ပြုလုပ်ခြင်းအားဖြင့် သတင်းကောင်းကိုဟောပြော ရန်မြှင့်တင်ပေးပါလိမ့်မည်။ သူတို့သည် သတင်းကောင်းဟောပြောခြင်း၊ ဘုရားသခင်ထံဆုတောင်းခြင်းနှင့်ဘု ရားသခင်၏နှုတ်ကပတ်တော်များကို ယုံ ကြည်စွဲကိုင်ခြင်းများနှစ်သက်ကြပါလိမ့်မည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်း တည်းဟူသောသံခမောက်လုံးကို၄င်း၊ ဖြောင့်မတ်ခြင်း တရားတည်းဟူသော ရပ်အုပ်တန်ဆာကို၄င်းဝတ်ဆင်လျက်"ကျွန်ုပ်တို့သည် အချိန်တိုင်းဖြောင့်မတ် သောသူဖြစ်သည်"ဟု ပြောခြင်းအားဖြင့်စာတန်ကို မောင်းထုတ်ရမည်ဖြစသည်။
ယုံကြည်သူများသည် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိသည့် နည်းတူ သူတို့သည် ဝိညာဉ်တော်၌လျှောက်လှမ်းနိုင်ကြကာ သန့်ရှင်းသော ဝိညာဉ်တော်တန်ခိုးများရရှိနိုင်ပါသည်။ ယုံကြည်ခြင်းရှိသောဆုတောင်းခြင်း အားဖြင့် ဘုရားသခင်၏ကောင်းချီးမင်္ဂလာနှင့် ခံစားခြင်းနှင့်အတူ သူတို့သည် ဘုရားသခင်၏အမှု တော်ကိုလုပ်ဆောင်နိုင်ကြသည်။ သူတို့သည် စာတန်ကိုနိုင်ပြီး ဘုရားသခင်၏ရှေ့ တော်မှောက်တွင် ရပ်သည်အထိတိုင်အောင် သူတို့သည် ဝိညာဉ်တော်၌လျှောက် လှမ်းကြပါလိမ့်မည်။ ဘုရားသခင်၏စစ်လက်နက်ဝတ် စုံကို ဝတ်ဆင်သောသူများသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောအ သက်တာအားဖြင့်အသက်ရှင်သော ဒုတိယမွေးဖွါးခြင်းခံခဲ့သည့် ခရစ်ယာန်များ ဖြစ်ကြသည်။
"အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသောရန်သူတို့နှင့် ပြိုင် ဆိုင်တိုက်လှန်ကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၄င်း၊ အာဏာစက်တို့နှင့်၄င်း၊ လောကီမှောင်မိုက်၌အစိုးတရပြုလုပ်သောမင်းတို့နှင့်၄င်း၊ မိုဃ်းကောင်းကင်၌ ကျင် လည်သောနတ်ဆိုးတို့နှင့်၄င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏" (ဧဖက် ၆:၁၂)။ ဒုတိယမွေးဖွါးခြင်းခံရသောသူများ၏ဆိုင်ပြိုင်တိုက်လှန်သောစစ်ပွဲသည် ဇာတိ အသွေးအသားတို့နှင့်တိုက်ခိုက်သောစစ်ပွဲမဟုတ်ပေ။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသော သူများ၏စစ်ပွဲသည် နတ်ဆိုးဝိညာဉ်ဆိုးများ၊ ကျွန်ုပ်တို့ သစ္စာရှိသောအသက်တာ ဖျက်ဆီးလိုသောသူများ၊ သတင်းကောင်းအ တွက် မစေမခံဘဲ ကျွန်ုပ်တို့ကိုနှောက်ယှက်သောသူများနှင့်တိုက်ခိုက်ခြင်းဖြစ် သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏သတင်းကောင်းအတွက် ဝိညာဉ်တိုက်ပွဲ ဆင်နွဲရန်အပြင်သို့ထွက်သွားသောအခါ ကျွန်ုပ်တို့သည် သံခမောက်လုံးနှင့် ဝိညာဉ်တော် ၏စစ်ဝတ်တန်ဆာများကိုဝတ်ဆင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤစစ်ပွဲတွင် ရိုးရိုးအင်္ကျီကိုသာဝတ်ဆင်လျှင် ဒဏ်ရာရရှိသွားမည်ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့ မှာ စစ်ဝတ်တန်ဆာများဝတ်ဆင်ရမည်ဖြစ်သည်။ ကျွန်ုပ် တို့များထား၊ ဒိုင်းနှင့် သံခမောက်များလိုအပ်သည်။စစ်ပွဲကြီးအောင်မြင်နိုင်ရန် အတွက် ကျွန်ုပ်တို့သည် စစ်ပွဲထဲမဝင်မီ ပြည့်စုံစွာပြင်ဆင်ထားရမည်ဖြစ်သည်။ ရင်အုပ်တန်ဆာကို ဝတ်ဆင်ပြီး၊ ပါးပတ်ကိုစည်းကာ ခြေထောက်နှစ်ဘက်စလုံး တွင် ခြေစွပ်များဝတ်ဆင်ရမည်ဖြစ်သည်။ သို့ပြုလျှင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ရန်သူများကို ထားနှင့်လွှား တစ်ခုခု ဖြင့် အနိုင်ယူနိုင်ကြမည်ဖြစ်သည်။ ဤသို့အသက်ရှင်ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်ဝသောအသက် တာအားဖြင့်အသက်ရှင်ခြင်းဖြစ်သည်။
 
 
ကျွန်ုပ်တို့သည် သတင်းကောင်းကို စောင့်ထိန်းရပေမည်
 
ရှင်ပေါလုက ကျွန်ုပ်တို့အား "သင်၌အပ်ထားသောအရာမြတ်ကို ငါတို့၌ ကျိန်းဝပ်တော်မူသော သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်စောင့်ရှောက်လော့" (၂ တိ ၁:၁၄) ဟုတိုက်တွန်းထားပါသည်။ ကောင်းသောစရံသည် အဘယ်အရာကို ဆို လိုသနည်း။ ၄င်းသည် ကျွန်ုပ်တို့အပြစ်များမှကယ်တင်ပေးခဲ့သောရေနှင့်ဝိညာဉ် တော်သတင်းကောင်းပင်ဖြစ်သည်။ တိတု ၃:၅ တွင် "ဒုတိယမွေးခြင်းနှင့်ဆိုင်သော ဆေးကြောခြင်းအားဖြင့်၄င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏အသစ်ပြုပြင်ခြင်းအား ဖြင့်၄င်း၊ ငါတို့ကိုကယ်တင်တော်မူ၏}} ဟုဖော်ပြထားပါသည်။ သခင်ယေရှုသည် ဤ လောကတွင် ကျွန်ုပ်တို့ပြုခဲ့မိသောအပြစ်များအားလုံးကိုဆေးကြေးခဲ့ပြီး ကားတိုင်တော်ပေါ်တွင်အသေခံခဲ့ကာ ရှင်ပြန်ထမြောက်ခဲ့သည်။ ဤသတင်း ကောင်းကို ကျွန်ုပ်တို့စောင့်ထိန်းရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်း တည်းဟူသော သံခမောက်၊ ဖြောင့်မတ်ခြင်းတရားတည်းဟူသော ရင်အုပ်တန်ဆာ ကိုဝတ်ဆင်ပြီး သမ္မာတရားခါးပန်းကိုဆည်းထားသင့်သည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကိုယုံကြည်ရကြမည်ဖြစ်သည်။
ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဤနည်းလမ်းအတိုင်းအသက်ရှင်ပြီးနောက် စာတန်နှင့်ယှဉ်ပြိုင်တိုက်လှန်ခြင်းကို ကျွန်ုပ်တို့အနိုင်ယူကြမည်ဖြစ်သည်။ သို့မှသာလျှင် ကျွန်ုပ်တို့သည် အောင်မြင်ခြင်းရရှိပြီး ၄င်းကိုအခြားသူများနှင့်မျှဝေ ခံစားကြမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အမွေဖြစ်သောကောင်းကင်နိုင်ငံ တော်သို့ ဝင်ရောက်သည့်နေ့အထိတိုင်အောင် စာတန်နှင့်ဝိညာဉ်ရေးရာတိုက်ပွဲ များစွာဆင်နွဲရကြမည်ဖြစ်ပြီး၊စာတန်လက်ထဲတွင်ရောက်သောသူများကို ပြန်ရုပ် သိမ်းရမည်ဖြစ်သည်။ ကျွန်ုပ်တို့ကိုဆန့်ကျင်သောသူများအပေါ် ကျွန်ုပ်တို့အောင် မြင်မှုများစွာရရှိလေလေ နောက်စစပွဲကိုလည်းလွယ်ကူစွာအောင်မြင်လေလေဖြစ် သွားပါလိမ့်မည်။ ဘုရားသခင်၏နိုင်ငံတော် အောင်မြင်ကာတည်တံခိုင်ပြီးတိုးပွါး ခြင်းအတွက် ကျွန်ုပ်တို့အားလုံးဆုတောင်းရကြမည်ဖြစ်သည်။ သို့ပြုလျှင် ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာရရှိကြမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အပြစ်များလွတ်ခြင်းအားဖြင့် မဆုံးမသတ် သေးဘဲ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာအားဖြင့် အသက် ရှင်ရကြမည် ဖြစ်သည်။ သတင်းကောင်းနှင့်ကျွန်ုပ်တို့ကောင်းမှုပြုလုပ်ခြင်း အတွက် ကျွန်ုပ်တို့သည် ဘု၇ားသခင်၏နှုတ်ကပတ်တော်ကိုယုံကြည်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ဦးဆောင်စေပြီး၊ ဘုရားသ ခင်၏နှုတ်ကပတ်တော်စောင့် ထိန်းခြင်းနှင့်ယုံကြည်ခြင်းအားဖြင့်အသက်ရှင်မှ သာလျှင် စာတန်နှင့်တိုက်ခိုက်သောအခါ ရှုံးနှိမ့်စရာမလိုအပ်ဘဲ အောင်ပွဲရရှိ သွားမည်ဖြစ်သည်။
မိတ်ဆွေ ကျွန်တော်ပြောကြားသောအရာများနားလည်သလား။ နား လည်မှသာလျှင် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအ သက်တာအားဖြင့် အသက်ရှင်နိုင်ကြမည်ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို မိတ်ဆွေစေခံပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်ပေါ်တွင်မှီခိုကာ လိုက်လျှောက်မည်ဟု ကျွန်တော်မျှော်လင့်မိသည်။ စာတတ်လက်ထဲမှ ဝိညာဉ်များ စွာကယ်တင်ခြင်းအလုပ်ကိုလုပ်ဆောင်ကြပါစို့လား။ သခင်ယေရှုတဖန်ကြွလာ သည့်ထိတိုင်အောင် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအ သက်တာအားဖြင့်အသက်ရှင်ရကြမည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝခြင်းရရှိခြင်းသည် ကျွန်ုပ်တို့အပေါ်ဘုရားသခင်ပေးထားခဲ့သောဒုတိယ ပညတ်တော်ဖြစ်သည်။ ဘုရားသခင်ကိုကျေးဇူးတင်လိုက်ပါ။ ကျွန်ုပ်တို့နှလုံးသား ထဲတွင် အပြစ်များဖြေလွတ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်း ရရှိနိုင်ပါသည်။ ၄င်းသည်သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းအတွက်မဟုတ်လျှင် သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်ဝသော အသက်တာကို ကျွန်တော်မစတင်နိုင်သေးပေ။ သန့်ရှင်း သောဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာအားဖြင့်အသက်ရှင်ခွင့်ပေးသောဘုရားသခင်ကို ကျွန် တော်ကျေးဇူးတင်ပါသည်။
မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင်လိမ့်မည် ဟု ယုံကြည်ပါသလား။ ကျွန်ုပ်တို့အပြစ်များမှလွတ်ငြိမ်းခြင်းရရှိသောကျွန်ုပ် တို့အားလုံးသည်သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိခဲ့ကြသည်။ သို့သော် အပြစ်ဖြေလွတ် ခြင်းမရရှိသေးသောသူများသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်ခြင်းမရရှိနိုင်ပေ။ ရေနှင့်ဝိညာဉ်တော်သတင်းကိုမသိသောသူများနှင့် မယုံ ကြည်သောသူများ သည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းမရရှိနိုင်ကြပေ။ ဤလောကတွင်ရှိ သမျှသောလူအပေါင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်ခြင်းမရှိခဲ့ကြလျှင် သူတို့သည် ငရဲမီးအိုင်ထဲသို့ပစ်ချခြင်းခံရကြမည်ဖြစ်သည်။
ကျွန်ုပ်တို့နှလုံးသားထဲတွင် အပြစ်မရှိသောကြောင့် ကျွန်ုပ်တို့သည် သန့် ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ရရှိခဲ့ကြသည်။ ကျွန်ုတို့နှလုံးသားထဲတွင် သန့် ရှင်းသောဝိညာဉ်တော်ကိန်းဝပ်သောကြောင့် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝ သောအသက်တာအားဖြင့် အသက်ရှင်ခြင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းခံရသော ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝရန်အ တွက် သန့်ရှင်းသောဝိညာဉ်တော်၏ဆန္ဒကိုနာခံရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏လိုအပ်ဆန္ဒများကိုနာခံလေလေ ကျွန်ုပ်တို့ယုံကြည် မှု ပို၍သန်မာမှုသည် ပြည့်စုံသောစစ်ဝတ်စုံကဲ့သို့ ဖြစ်လာသည်။ သို့သော် ကျွန်ုပ်တို့ သည် ဝိညာဉ်တော်ကိုနာခံခြင်းမရှိလျှင် ကျွန်ုပ်တို့သည် လက်နက်စုံကို ချွတ်ထား ခြင်းနှင့်တူသည်။
သန့်ရှင်းသောဝိညာဉ်တော်၏စကားများအားဖြင့် ကြီးထွားခြင်းရှိကာ ယုံ ကြည်ခြင်းရှိသည့်လူပုဂ္ဂိုလ်များဖြစ်ကြပါစို့။ သန့်ရှင်းသောဝိညာဉ်တော်စကား လုံးများကို ကျွန်ုပ်တို့ကြားသိသောအခါ "ယုံကြည်ခြင်းသည် ကြားနာခြင်း အားဖြင့်ဖြစ်သည်။ ကြားနာခြင်းသည်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်အား ဖြင့်ဖြစ်၏"(ရောမ ၁၀:၁၇)။ ထိုကြောင့် စာတန်သည် ကျွန်ုပ်တို့ကိုတိုက်ခိုက် သောအခါ ဤစကားလုံးများကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် မိမိကိုယ်ကိုကာကွယ်ရမည် ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ယုံကြည်ခြင်းတည်းဟူသောလွှားဖြင့် ကာကွယ်သောသူ များကို စာတန်ကမတိုက်ခိုက်နိုင်ပေ။ သစ္စာရှိသော လူများသည် သူတို့ယုံကြည် ခြင်းအားဖြင့် စာတန်၏တိုက်ခိုက်မှုများ ကာကွယ်ရန် တန်ခိုးရှိသည်။
ယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက် တာများအားဖြင့်အသက်ရှင်ကြပါစို့။ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝသော အသက်တာသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကမ္ဘာနေရာအနှံ့အပြား သို့ သစ္စာရှိစွာဟောပြောသောအသက်တာ ဖြစ်စေသည်။ ထိုသို့အသက်ရှင်ခြင်း သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအသက်တာဖြစ်သည်။