တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-17] (ရောမ ၈:၁၆-၂၅) ကျွန်ုပ်တို့သည်သန့်ရှင်းသောဝိညာဉ်တော်၌ ယုံကြည်ခြင်းနှင့်မြော်လင့်ခြင်းရှ

(ရောမ ၈:၁၆-၂၅)
"ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော်မူ၏။ သားမှန်လျှင်အမွေခံ၊ ဘုရားသ ခင်၏အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းတော်ဝင်စားမည်အကြောင်း။ ထိုသခင်နှင့်အတူဆင်းရဲဒုက္ခကိုခံရလျှင်၊ ထိုသခင်နှင့်ဆက်ခံသောအမွေခံ လည်း ဖြစ်ကြ၏။ ငါတို့အားပေါ်ထွန်းလတံ့သောဘုန်းကို ထောက်သော်။ ယခုမျက် မှောက်ကာလ၌ခံရသောဆင်းရဲဒုက္ခကိုပမာဏမပြုထက်ဟုငါသဘောရှိ၏။ ဤ လောကသည် ဘုရားသခင့်သားတို့၏ပေါ်ထွန်းခြင်းအရာကို အလွန် တောင့်တ မြော်လင့်လျက်နေကြ၏။ ဤလောကသည် အနစ္စနိုင်ငံသို့အလိုလို လိုက်သည်မ ဟုတ်။ ဘုရားသခင်သားတို့၏ ထူးမြတ်သောလွှတ်ခြင်းချမ်းသာ တည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှကယ်လွှတ်ခြင်းချမ်းသာ ကိုဝင်စားမည်ဟု မြော်လင့်ရသောအခွင့်ကိုပေး၍ အနိစ္စနိုင်ငံသို့ရောက်စေ သော်မူသောသူ၏အလို တော်ကြောင့်သာလိုက်ရ၏။ ဤလောကတနိုင်ငံလုံးသည် ယခုတိုင်အောင်တညီ တညွတ်တည်ညည်းတွား၍ဆင်းရဲခြင်းဝေဒနာကို ခံရသည်ဟု ငါတို့သိကြ၏။ ထိုမျှမကဝိညာဉ်တော်၏ကျေးဇူးတော်အစအဦးကို ခံပြီးသောငါတို့သည်လည်း၊ သားအရာ၌ချီးမြှောက်ခြင်းအကြောင်းတည်းဟူသော ကိုယ်ခန္ဓာရွေးနှုတ်ခြင်း ချမ်းသာကိုမြော်လင့်၍၊ စိတ်နှလုံးသား၌ညည်း တွားလျက်နေကြ၏။ ငါတို့သည် မြော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ရောက်ကြ၏။ မြော်လင့်သော အရာကိုတွေ့မြင်လျှင်မြော်လင့်စရာအကြောင်းမရှိ။ တွေ့မြင်သောအရာကိုအ ဘယ်ကြောင့်မြော်လင့်ရမည်နည်း။ ငါတို့သည်မတွေ့မမြင်သောရာကို မြော်လင့် လျှင်မူကား၊ ထိုအရာကိုသည်းခံ တော်စိတ်နှင့်ငံ့လင့်၍နေကြ၏။"
 
 
ယခုချိန်သည် မြော်လင့်ခြင်းကင်းမဲ့သောအချိန်ဖြစ်သည်
 
သန်ရှင်းသောဝိညာဉ်တော်၌ ဖြောင့်မတ်သော သူများသည်အဘယ်ကြောင့်မြော်လင့်ခြင်းပိုင်ဆိုင်ကြသနည်း။
အကြောင်းမှာ ဒုတိယမွေးခြင်းမခံသောသူများသည် ဤလောကတွင်ပျက်စီးနေကြသော်လည်း ဒုတိမွေး ခြင်းခံရသောကျွန်ုပ်တို့သည်ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုပိုင်ဆိုင်ကြသောကြောင့်ဖြစ်သည်။
 
ယခုတွင် လောက၌စစ်မှန်သောမြော်လင့်ခြင်းရှိသလား။ မြော်လင့်ခြင်း မရှိတော့ပေ။ သခင်ယေရှု၌သာမြော်လင့်ခြင်းရှိသည်။ ယခုချိန်သည် မသေချာ၊ မြော် လင့်ချက်မဲ့နေသောအချိန်ဖြစ်သည်။ အရာခပ်သိမ်းသည် နေ့တိုင်းတဟုန် ထိုးပြောင်းလဲလျက်ရှိသည်။ ဤမြန်ဆန်စွာပြောင်းလဲမှုမှုများလိုက်မှီနိုင်ရန် လူတွေကကြိုးပမ်းကြသည်။ သူတို့သည် ဝိညာဉ်ရေးရာသမ္မာတရားများနှင့်ဝိညာဉ် ရေးရာပျော်ရွှင်ခြင်းများ စိတ်ဝင်စားမှုမရှိကြပေ။သူတို့သည် ဆုံးရှုံးမှုများကိုရှောင် ရှားရန်ကြိုးပမ်းကြပြီး ဤ လောက၏အစေခံများအဖြစ်အသက်ရှင်ကြသည်။
လုပ်ငန်းသစ်များထွက်ပေါ်ပြီးလုပ်ငန်းဟောင်းများကုန်ဆုံးသွားခဲ့သည်။ ထိုနည်းတူ၊ လူများသည် အလွန်မြန်ဆန်သောပြောင်းလဲမှုခေတ်ရေစီး တွင်မျှောပါ သွားကြခြင်းဖြစ်သည်။ ထိုကြောင့် သူတို့သည် အလွန်အလုပ်များပြီး စိတ်ပူ ပန်မှုများအားဖြင့်အသက်ရှင်နေကြခြင်းပင်ဖြစ်သည်။ ထိုနောက် ဤလောကအ တွက် သူတို့၏မြော်လင့်ခြင်းသည် ကွယ်ပျောက်သွားခဲ့သည်။ ဤသို့ဖြစ်ရခြင်း အကြောင်း၏ပထမအချက်မှာ သူတို့သည် အနာဂတ်ကာလအတွက်သေချာသော အာမခံခြင်းမရှိကြသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုကဲ့သို့မခိုင်မြဲသော လောကတွင် အသက်ရှင်နေကြသည်။
 
 
ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၌ ထာဝရအသက် မြော်လင့်ခြင်းရှိရကြမည်
 
ကျွန်ုပ်တို့သည် စစ်မှန်သောမြော်လင့်ခြင်းကို မည်ကဲ့သို့ရရှိနိုင်ကြမည် နည်း။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည်ခြင်းအားဖြင့် မြော်လင့်ခြင်းရရှိနိုင်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်ရရှိသောသူများ၏မြော် လင့်ခြင်းသည် လောတွင်မဟုတ်ဘဲကောင်းကင်နိုင်ငံတော်ဖြစ်သည်။ တမန်တော် ရှင်ပေါလုက ကောင်းကင်နိုင်ငံနှင့်စပ်ဆိုင်သောစစ်မှန်သောမြော်လင့်ခြင်းအ ကြောင်း ဟောပြောခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိခဲ့ပြီး သောကျွန်ုပ်တို့ည် ကောင်းကင်အရာများကိုမြော်လင့်ချက်ရှိကြသည်။ သခင် ယေရှုသည် ကျွန်ုပ်တို့အပြစ်များအားလုံးယူဆောင်သွားရန် ဤလောကသို့ကြွ ဆင်းလာခဲ့ပြီး၊ သူသည် ယောဟန် ထံမှဗတ္တိယုံခံယူခြင်းနှင့်ကားတိုင်တော်ပေါ် တွင်သွန်းလောင်းသောအသွေးတော်ကို ကျွန်ုပ်တို့ယုံကြည်ခဲ့ကြသောကြောင့် ကောင်းကင်အရာများမြော်လင့်ခြင်းရှိကြသည်။ အပြစ်လွတ်ခြင်းနှင့်ဆိုင်သော သမ္မာတရားကိုယုံကြည်သောသူများ အပေါ်ဘုရားသခင်က ကောင်းကင်နှင့်ဆိုင် သောမြော်လင့်ခြင်းပေးခဲ့သည်။
ရောမ ၈:၁၉-၂၁ တွင် "ဤလောကသည် ဘုရားသခင်သားတို့၏ ပေါ် ထွန်းခြင်းအရာကို အလွန်တောင့်တမြော်လင့်လျက်နေ၏။ ဤလောကသည် အနိစ္စနိုင်ငံသို့ အလိုလိုလိုက်သည်မဟုတ်။ ဘုရားသခင်သားတို့၏ထူးမြတ်သော လွတ်ခြင်းချမ်းသာတည်းဟူသောဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ် လွှတ်ခြင်းချမ်းသာကိုဝင်စားမည်ဟုမြော်လင့်ရသောအခွင့်ကို ပေး၍အနိစ္စနိုင်ငံသို့ လိုက်စေတော်မူသောသူ၏အလိုတော်ကြောင့်သာလိုက်ရ၏"ဟုဖော်ပြထားပါ သည်။ပျက်စီးခြင်းနှင့်သေခြင်းတရား၏ချုပ်နှောင်မှုများမှ ဖန်ဆင်းခြင်းခံသောသူ အားလုံးလွတ်မြောက် ခြင်းရရှိကြမည်ဟုမြော်လင့်ခြင်းရှိသည်။
ဤလောတွင်ရှိသောအရာခပ်သိမ်းတို့သည် မပြည့်စုံကြပေ။ ထိုကြောင့် သူတို့သည် ဘုရားသခင်၏သားတော်များထွက်ပေါ်လာရန် မြော်လင့်ချက်ကြီးစွာ ဖြင့်စောင့်မျှော်နေကြသည်။ ထိုပြင် သူတို့သည် ပျက်စီးခြင်း၏အနှောင်အဖွဲ့ မှလွတ်မြောက်ကာ ထာဝရအသက်ရှင်ရန် ဆန္ဒရှိကြသည်။ဖန်ဆင်းခြင်းခံသောသူ အားလုံးက ပျက်စီးခြင်းမရှိ၊ ပျောက်ကွယ်ခြင်းမရှိ၊ ထာဝရအသက်ရှင်ခြင်းအချိန် ကို စောင့်ဆိုင်းနေကြသည်။
တနေ့သောအခါ ဘုရားသခင်ဖန်ဆင်းခြင်းခံခဲ့သောအရာခပ်သိမ်း တို့သည် ပြန်လည်အသစ်ပြုပြင်ကြမည်။ ဤလောကတွင်ရှိသောပန်းတို့သည် ခြောက်သွေ့ပြီး ပျက်စီးသောသော်လည်း လောကအသစ်တွင် သူတို့သည် ပွင့်လျက်ခြောက်သွေ့ ပျက်စီးခြင်းရှိတော့မည်မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းခံသော ကျွန်ုပ်တို့သည် ဤအသစ်သောလောကကိုမြင်တွေ့ကြ မည်ဖြစ်သည်။
သခင်ယေရှုသည် တဖန်ကြွလာပြီး သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ် ခြင်းရရှိသောသူများထမြောက်စေကာ သူတို့အယောက်စီတိုင်းကို မပျက်စီး နိုင်သော ခန္ဓာကိုယ်ပေးလျက်ထာဝရအသက်ပေးမည်ဟု ကတိပေးခဲ့သည်။ သူတို့ သည် ဘုရားသခင်နှင့်အတူကောင်းကင်နိုင်ငံတော်တွင်ထာဝရစိုးစံရကြမည်ဟု သခင်ယေ ရှုကကတိတော်ထားရှိခဲ့သည်။ လောကတွင်ဖန်ဆင်းခြင်းသမျှသော သူတို့သည် ထိုနေ့ရက်ကိုစောင့်မြော်နေကြသည်။ ထိုနေ့ရက်ရောက်ရှိလာသော အခါ သူတို့သည် ဘုရားသခင်၏သားများ၊အကျွန်ုပ်တို့နှင့်ထာဝရအသက်ရှင်ကြ မည်ဖြစ်သည်။
 
 
မြော်လင့်ခြင်းအားဖြင့် ဤကမ္ဘာအားတွေ့မြင်ခဲ့သည်
 
ဖြောင့်မတ်သောသူများအတွက်ဤအိပ်မက်သည် မည်သည့်အချိန်တွင်အ မှန်ဖြစ်လာမည်နည်း။ သခင်ယေရှုပြန်လညြွ်ကလာသောအခါ အမှန်ဖြစ်ပျက်လာ မည်ဖြစ်သည်။ကျွန်ုပ်တို့သည်ဤလောကကိုမြင်သောအခါ မြော်လင့်ခြင်းရှိရကြ မည် ဖြစ်သည်။ အစာခေါင်းပါးခြင်း၊ကာလနာများပြားခြင်း၊ မြေကြီးတုန်လှုပ်ခြင်း နှင့်စစ်တိုက်ခြင်းတို့သည်နေရာအနှံ့အပြားတွင် ဖြစ်ပျက်လိမ့်မည်ဟု သခင်ယေရှု ကပြောထားသည် (မဿဲ ၂၄:၇)။ သို့သော် အဆုံးသည် မရောက်သေးပါ။ ဤလောက၏နောက်ဆုံးသောအချိန်တွင် သခင်ယေရသည်ပြန်လညြွ်ကလာပြီး လောကအရာများအားလုံးအသစ်ပြုပြင်ပေးကာ ကျွန်ုပ်တို့ပျက်စီးနိုင်သော ခန္ဓာကိုယ်ထဲသို့ဝိညာဉ်ခန္ဓာကိုယ်သွတ်သွင်းပေးမည် ဖြစ်သည်။ ဤအရာ၏ အဓိပ္ပါယ်မှာ သစ်ပင်များနှင့်တိရိစ္ဆာန်များသည် ပျက်စီးနိုင်တော့မည်မဟုတ်ပေ။ ဤအရာကိုယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည်လောကကိုအသစ်သောမြော် လင့်ခြင်းဖြင့်မြင်တွေ့ ရကြမည်ဖြစ်သည်။
ဤလောကတွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသောသူ များပင်လျှင် အခြားဖန်ဆင်းခြင်းခံသောအရာအားလုံးများနှင့်အတူ ဘုရားသခင်၏ သားသ မီးများအဖြစ် ကျွန်ုပ်တို့ကိုယ်ခန္ဓာဘုန်းတော်နှင့်ပြည့်ဝသောရွေးနှုတ်သော အချိန်ကို စိတ်အားထက်သန်စွာဖြင့်စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ သခင် ယေရှုသည် တဖန်ပြန်လာသောအခါ ကျွန်ုပ်တို့ကို မပျက်စီး၊ မသေနိုင်သောသူ၏ သားသမီးများအဖြစ် ပြုမည်ဖြစ်သောကြောင့် ကျွန်ုပ်တို့လောကကိုမြော်လင့်ချက် ဖြင့်မြင်တွေ့နိုင်ကြသည်။
တစ်နေ့သောအခါလောကသည် ပျက်ဆီးမည်ဖြစ်သော်လည်း သခင်ယေ ရှုပြန်လညြွ်ကလာသောအခါ အရာခပ်သိမ်းတို့သည် အပြစ်ပြုပြုရကြမည်ဖြစ် သည်။ ကျွန်ုပ်တို့သည်ထိုအရာကိုယုံကြည်ခြင်းအားဖြင့် မြော်လင့်ခြင်းနှင့်အတူအ သက်ရှင် ရမည်ဖြစ်သည်။ မိတ်ဆွေသည်ပျော်ရွှင်ဖွယ်ကောင်းသောပုံပြင်တွင် ဖတ်ရှုခဲ့သည့်အတိုင်း အသစ်ပြုပြင်ခြင်းခံသောကမ္ဘာသည် အလွန်ပျော်ရွှင်ဖွယ် ကောင်းပြီးအံ့သြဖွယ် ကောင်းသောကမ္ဘာသစ်ဖြစ်ပါလိမ့်မည်။ ဤကဲ့သို့သော ကမ္ဘာတွင်နှစ်ပေါင်းထောင် ပေါင်းများစွာနေထိုင်ခြင်းအကြောင်းကိုစဉ်းစား ကြည့် ပါ။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်ကြသောအခါ ဘုရားသ ခင်၏သားသမီးများအဖြစ် ထာဝရအသက်ရရှိကြမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤမြော်လင့်ချက်ဖြင့်အသက်ရှင် ရကြမည်ဖြစ်သည်။
မိတ်ဆွေသည်ဤလောကတွင် မြော်လင့်ခြင်းတစုံတခုမျှတွေ့ရှိသလား။ မတွေ့ပါ။ လူတွေကဤလောကအတွက်မြော်လင့်ခြင်းမရှိခဲ့ကြသောကြောင့် သူ တို့သည် ကံတရားအားဖြင့်သာပျော်ရွှင်ခြင်းကိုရှာဖွေခြင်းအားဖြင့်အသက်ရှင်ကြ သည်။ သို့သော်ဘုရားသခင်သည် အပြစ်လွတ်ခြင်းခံရသောသူများနှင့်ဖြောင့်မတ် သောသူ များအပေါ် ကောင်းကင်နိုင်ငံတော်မြော်လင့်ခြင်းပေးခဲ့သည်။ "ငါတို့သည် မျှော်လင့် ခြင်းအားဖြင့်ကယ်တင်တော်မူခြင်းသို့ရောက်ကြ၏။မျှော်လင့်သောအရာ ကိုမြင်တွေ့လျှင် မျှော်လင့်စရာအကြောင်းမရှိ။ တွေ့မြင်သောအရာကိုအဘယ် ကြောင့်မြော်လင့်သနည်း။ဤဆိုလိုချက်မှာကျွန်ုပ်တို့သည် ယေရှုပြန်လည်ကြွ လာမည့်အချိန်ကို စိတ်ရှည်စွာစောင့်မျှော်နေရကြပေမည်။" ကျွန်ုပ်တို့သည် ဘုရား သခင်၏နှုတ်က ပတ်တော်ကိုယုံကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းရရှိသောသူများ ဖြစ်ကြသောကြောင့် သခင်ယေရှုပြန်လည်ကြွလာခြင်းကိုစိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းရကြမည်ဖြစ်သည် ကိုဆိုလိုသည်။
ကျွန်ုပ်တို့သည်အပြစ်များမှလွတ်ငြိမ်းချမ်းသာခြင်းအခွင့်ရရှိသောသူများ ဖြစ်ကြသောကြောင့် ကျွန်ုပ်တို့စိတ်ထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်ခြင်းရရှိကြသည်။ ၄င်းသည်သခင်ယေရှုအားဖြင့်အပြစ်လွတ်ခြင်းရရှိသော သူများသည် သူတို့၏စိတ်နှလုံးသားထဲတွင် အပြစ်ရှိကြမည့်အစားသန့်ရှင်းသော ဝိညာဉ်တော်ရှိကြခြင်းဖြစ်သည်။ ထိုနောက်ကျွန်ုပ်တို့ကိုယ်ခန္ဓာသည်မည်သို့ဖြစ် သွားမည်နည်း။ ကျွန်ုပ်တို့အားနည်းသောကိုယ်ခန္ဓာသည်ရှင်ပြန်ထမြောက်ပြီး အသစ်သောအသက်တာရရှိကာ ပျက်စီးခြင်းနှင့်ကင်းလွတ်မည်ဖြစ်သည်။ သခင် ယေရှုပြန်လာသောအခါ ကျွန်ုပ်တို့သည်ဘုရားသခင်နှင့်အတူထာဝရအသက်ရှင် ကြမည်ဖြစ်သည်။ ဒုတိယ မွေးခြင်းခံရသောသူများသာလျှင်မျှော်လင့်ခြင်းအားဖြင့် လုပ်ဆောင်နိုင်ကြသည်။ ထို ကြောင့်ကျွန်ုပ်တို့စိတ်ဝိညာဉ်နှင့်ကိုယ်ကာယသည် ပြည့်စုံခြင်းရှိလာကြမည်ဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်ခန္ဓာသည်ထာဝရအသက် ရှင်ကာ ဖျားနာခြင်းလုံးဝရှိတော့မည်မဟုတ်ပေ။ ကျွန်ုပ်တို့၏လောကကိုယ်ခန္ဓာ များသည်အားနည်းကြသောကြောင့် ပြီးပြည့်စုံ သောအသက်တာအားဖြင့်အ သက်ရှင်ရန်မဖြစ်နိုင်ပေ။ သို့သော်ထိုအချိန်ရောက်လာသောအခါ ကျွန်ုပ်တို့ သည်ပြီးပြည့်စုံသောအသက်တာအားဖြင့်အသက်ရှင်ကြမည် ဖြစ်သည်။ ကျွန်ုပ်တို့ သည် သခင်ယေရှု၏ဒုတိယအကြိမြွ်ကလာခြင်းကိုမျက်မှောက် ပြုကြည့်ကြပါစို့။ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသောသူများသာလျှင် ထိုမျှော်လင့်ခြင်း နှင့်အသက်တာကိုပိုင်ဆိုင်နိုင်ကြသည်။
ဖြောင့်မတ်သောသူများ၏မျှော်လင့်ခြင်းသည် ကောင်းကင်နိုင်ငံတစ်ခု တည်း သာမဟုတ်၊ ဤလောကတွင်အမှန်ဖြစ်လာမည်ကိုလည်းမျှော်လင့်ချက်ရှိ သည်။ ဤလောကတွင် ဘေးဒဏ်ကြီးကာလကုန်ဆုံးသွားခဲ့ပြီးနောက် သခင်ယေ ရှုပြန်ကြွလာမည်ဟု သမ္မာကျမ်းစာကဖော်ပြထားပါသည်။သခင်ယေရှုသည် အမှနြွ်ကလာမည်။ သူပထမအကြိမြွ်ကလာသောအခါ သူသည် အပြစ်သားများအ တွက်ဗတ္တိဇံကိုခံယူခဲ့ပြီး လောကသားများဖြောင့်မတ်ခြင်းရရှိရန် ကားတိုင်တော် ပေါ်တွင်သေခံကာ နောက်ဆုံးတွင်ကောင်းကင်ဘုံသို့ချီဆောင်ခြင်းခံခဲ့သည်။ ယခုချိန်သည် သခင်ယေရှုပြန်လည်ကြွလာမည့်နေ့ရက်ဖြစ်လာပါပြီ။
ထိုအချိန်ရောက်ရှိလာသောအခါ သခင်ယေရှုကိုယုံကြည်ပြီး သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိကာ ပျက်စီးသောချည်နှောင်မှုမှလွတ်မြောက် ခြင်းခံသောအိပ်ပျော်သောသန့်ရှင်းသူများသည် သခင်ယေရှုက ထမြောက်စေ မည်ဖြစ်သည်။ မပျက်စီးနိုင်သော၊ ဖျားနာခြင်းမရှိသောကောင်းကင်နိုင်ငံနှင့်ဆိုင် သောကိုယ်ခန္ဓာသစ်ကို သခင်ယေရှုကသူတို့အားပေးအပ်မည်ဖြစ်သည်။ ထိုပြင်သူ တို့သည် သခင်ယေရှုနှင့်မျက်နှာချင်းဆိုင်တွေ့ကြရန်အတွက်မိုးတိမ်ပေါ်သို့ချီ ဆောင်ခြင်းခံရကြပြီး သူသည်အရာခပ်သိမ်းကို အပြစ်ဖြစ်စေမည်ဖြစ်သည်။
၄င်းနောက် ကျွန်ုပ်တို့ဘုရားသခင်ယေရှုနှင့်အတူရှိသောကျွန်ုပ်တို့သည် သတင်းကောင်းကိုအစေခံခြင်းလျှော်ကြေးအနေဖြင့် အနှစ်တထောင်အုပ်စိုးခြင်း ကာလတွင် မြေကြီးအသစ်၌သခင်ယေရှုနှင်အတူ အသက်ရှင်ကာအုပ်စိုးကြမည် ဖြစ်သည်။ ၄င်းသည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်သောသူများအတွက် အစမ်းလေ့ကျင့်ခန်းဖြစ်သည်။ ဤအရာသည် ကောင်းကင်နိုင်ငံတော်နှင့်စစ်မှန် သောအဖြစ်၏မြော်လင့်ခြင်းပင်ဖြစ်သည်။ ထိုအချိန်တွင် မပြည့်စုံသောအရာဟူသ မျှသည်ပြည့်စုံပါလိမ့်မည်။ ပျက်စီးနိုင်သောအရာများဘယ်တော့်မှပျက်စီး မည်မ ဟုတ်ပေ။ "ကိုယ်သည် စိုက်သောအခါပုပ်တတ်သောသဘောရှိ၏။ ထမြောက် သောအခါမပုပ်နိုင်သောသ ဘောအဖြစ်၌တည်၏"(၁ကော ၁၅:၄၂) စကားသည် သခင်ယေရှုခရစ်တော်အားဖြင့်ထိုအချိန်တွင်ပြီးပြည့်စုံမည်ဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသောသူများဖြစ်ကြသော ကျွန်ုပ်တို့သည် မြော်လင့်ခြင်းရှိကြပါစို့။ အရာခပ်သိမ်းတို့သည် အားနည်းပြီးသေ ကြည်ပျက်စီးသော်လည်း ဤအရာသည်အဆုံးမဟုတ်သည်ကို ကျွန်ုပ်တို့မှတ်ထား ရမည်။ သခင်ယေရှုသည် လောကတစ်ခုလုံးကိုအသစ်ဖြစ်စေမည်ဟူသောမျှော် လင့်ခြင်း၏ယုံကြည်မှုကို ကျွန်ုပ်တို့ပွေ့ထားရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကောင်းကင်သစ် နှင့်မြေကြီးသစ်ကိုမျှော်လင့်ခြင်းအားဖြင့်အသက်ရှင်ကြရ မည် ဖြစ်သည်။ ဤမျှော်လင့်ခြင်းကိုရှိခဲ့ပြီးနောက် ကျွန်ုပ်တို့သည်သတင်းကောင်းကို ဟောပြောနိုင်ကြမည်ဖြစ် သည်။
ကျွန်ုပ်တို့သည်လောကအပြစ်များမှကယ်တင်ခြင်းရရှိခဲ့ကြသောကြောင့် ကျွန်ု်ပ်တို့မှာ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရှိကြသည်။ ထိုနည်းတူ၊ ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောသန့်ရှင်းသောဝိညာဉ်တော်သည် သခင်ယေရှု၏ ပြန်လညြွ်ကလာခြင်းကိုမျှော်လင့်စောင့်စားစေသည်။ ကျွန်ုပ်တို့၏နှလုံးသားများ ထဲတွင်စိတ်ပျက်ခြင်းမရှိဘဲ ယုံကြည်ခြင်းနှင့်မြော်လင့်ခြင်းအားဖြင့်အသက်ရှင်ရန် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကိုယ်စားခမည်းတော်ဘုရားသခင်ထံ ကိုယ်စားပြုဆုတောင်းသည်။
 
 
သန့်ရှင်းသောဝိညာဉ်တော်၌မျှော်လင့်ခြင်းဖြင့်ကျွန်ုပ်တို့အသက်ရှင်သင့်သည်
 
ဖြောင့်မတ်သောသူများ၏နေရာသည် မည်သည့်နေရာဖြစ်သနည်း။ ၄င်း သည် သခင်ယေရှုပြန်လညြွ်ကလာသောအခါဤလောကကိုအသစ်ဖြစ်စေခြင်း အားဖြင့်သူပြန်လည်ပြုပြင်သည် အနှစ်တစ်ထောင်အုပ်စိုးခြင်းဖြစ်သည်။ ကောင်းကင် နိုင်ငံဟုလည်းခေါ်ပါသည်။ ထိုနေ့ရက်လာမည့်အချိန်ကိုစောင့်မျှော် ရန် ကျွန်ုပ်တို့စိတ်ရှည်သည်းခံခြင်းရှိကြမည်ဖြစ်သည်။ ဤလောကပျက်စီးသွားခဲ့ သောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုယ်ခန္ဓာပြီးပြည့်စုံစေမည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြ သည်။ ကျွန်ုပ်တို့သည်အလွန်ကောင်းသောမနက်ဖြန်အတွက်မျှော် လင့်ခြင်းရှိကြရ မည်ဖြစ်သည်။
 
သခင်ယေရှုသည်သူ၏ကတိတော်အတိုင်း ဤလောကသို့ဒုတိယအကြိမ်ပြန်လညြွ်ကဆင်းလာ သောအခါ သူသည်ကောင်းကင်ပေါ်မြွှကဆင်းလာကာ ပထမအနေဖြင့်ခရစ်တော်၌သေသောသူများ ကိုထမြောက်စေမည်ဖြစ်သည်။ထိုအရာနှင့်တဆက်တည်းသူသည် သန့်ရှင်းသောသူများအသက်ရှင် ထမြောက်စေပြီး မပျက်စီးနိုင်သောခန္ဓာကိုယ်ဖြစ်ထာဝရပြောင်းလဲစေမည်ဖြစ်သည်။ သူသည် သန့်ရှင်းသူများအား လေထုတွင်ဘု ရားသခင်နှင့်တွေ့ဆုံရန် မိုးတိမ်ပေါ်သို့ ချီဆောင်ပါလိမ့်မည် (၁သက် ၄:၁၆-၁၇၊ ၁ကော ၁၅:၅၂-၅၃)။ထိုနောက်သူသည် ကျန်ရစ်သော အပြစ်သားများအပေါ် ဘုရားသခင်၏အမျက်တော်ခွက်ဖလားခုနစ်လုံး သွန်းလောင်းခဲ့ပြီးနောက် အရာခပ်သိမ်းကိုအသစ် ဖြစ်စေမည်ဖြစ်ပါသည်။ သူသည် အသစ်ပြုပြင်သော သူ၏နိုင်ငံတော်ကိုထူထောင်လိမ့်မည်။သူသည် ပထမထမြောက်ခြင်းတွင်ပါဝင်သောသူများအားဖြင့် အနှစ်တစ်ထောင်အုပ်စိုးပါလိမ့်မည်(ဗျာဒိတ် ၂၀း၄-၅)။ အနှစ်တစ်ထောင်အုပ်စိုးခြင်းပြီးနောက် သူသည် သေသောသူအားလုံးကိုတရား စီရင်ပြီး သူတို့ကိုငရဲမီးအိုင်ထဲသို့ပစ်ချမည်ဖြစ်ပါသည်(ဗျာဒိတ် ၂၀:၁၁-၁၅)။ ထိုနောက်သူသည် သူ၏လူများ ကိုကောင်းကင်နိုင်ငံ ယေရုရှလင်မြို့သစ်သို့ဦးဆောင်ပြီး သူတို့နှင့်အတူ ထာဝရစိုးစံမည်ဖြစ် သည်(ဗျာဒိတ် ၂၁:၁-၄)။
 
ရှင်ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိခဲ့ပြီးနောက် သူသည် ကျွန်ုပ်တို့နည်းတူမြော်လင့်ခြင်းရှိခဲ့သည်။ ကျွန်ုပ်တို့သည် မိမိစိတ်ထဲတွင် တူညီသောမြော်လင့်ခြင်းရှိကြသည်။ အနှစ်တစ်ထောင်အုပ်စိုးခြင်းနှင့်ကောင်း ကင်နိုင်ငံတော်ကိုစောင့်မျှော်နေကြသည်။ ဒုတိယမွေးဖွါးခြင်းမခံသောသူများ သည် ဤလောကပျက်သုံးခြင်းနှင့်အတူပျက်စီးကြပါလိမ့်မည်။ သို့သော်ဒုတိယ မွေးဖွါးခြင်းခံသောသူများသည် ကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုပိုင်ဆိုင်ကြ သည်။ ဤမျှော်လင့်ခြင်းသည်အမှန်ဖြစ်လာလိမ့်မည်။ ကျွန်ုပ်တို့ခန္ဓာကိုယ်များ သည် ပြီးပြည့်စုံခြင်းရှိလာပြီး မြေကြီးသစ်အနှစ်တစ်ထောင်အုပ်စိုးခြင်းတွင် သခင်ယေရှုနှင့်အတူအသက်ရှင်စိုးစံ ကြမည်ဖြစ်သည်။ ထိုနေ့ရက်ကိုစောင့် မျှော်ခြင်းအားဖြင့် ကျွန်ုပ်တို့သည်လောကတွင် ကြောက်ရွံ့ခြင်းကင်းမဲ့သောမြော် လင့်ခြင်းဖြင့်အသက်ရှင်နိုင်ကြသည်။
ကျွန်ုပ်တို့စိတ်ရှည်သည်းခံပြီး စောင့်မျှော်ကြပါစို့။ ကျွန်ုပ်တို့ဘဝသည် မောပန်းစရာဖြစ်သော်လည်း ကျွန်ုပ်တို့သည်ဘုရားသခင်ကိုယုံကြည်ကြသော ကြောင့်ကျွန်ုပ်တို့မျှော်လင့်ခြင်းသည်အမှန်တကယ်ဖြစ်လာပါလိမ့်မည်။ မျှော် လင့်ခြင်း မရှိသောသူများသည်သေပြီးသားလူနှင့်ခြားနားမှုမရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုယုံကြည်ခြင်းအားဖြင့် မျှော်လင့်ခြင်းရှိကာ မိတ်ဆွေ၏အိပ် မက်များထိန်း သိမ်းလိုက်ပါ။
ကျွန်ုပ်တို့ခွင့်လွှတ်ခြင်းတရားသည်မှန်ကန်သည့်နည်းတူ၊ ကျွန်ုပ်တို့ခန္ဓာ ကိုယ်ပြောင်းလဲခြင်းသည်လည်းမှန်ကန်ပေမည်။ အသက်ရှင်သမျှသောသူတို့သည် ထာဝရအသက်ရရှိကြခြင်းသည်အမှန်ပင်ဖြစ်သည်။ ကျွန်ုပ်တို့မျှော်လင့်ခြင်းသည် မှန်ကန်သည်။ မိတ်ဆွေယုံကြည်မှုပေါ်ယုံကြည်ခြင်းရှိပါ။ မျှော်လင့်ခြင်းရှိသောသူ များသည်လှပပြီးပျော်ရွှင်ကြသည်။ လူတွေကမျှော်လင့်ခြင်းမရှိလျှင် ပျော်ရွှင်ခြင်း မရှိနိုင်ပေ။ အိပ်မက်ရူပါရုံမရှိသောသူများမှာ ပျော်ရွှင်ခြင်းမရှိကြပေ။ ကျွန်ုပ်တို့မှာ အနှစ်တစ်ထောင်အုပ်စိုးခြင်း၊ ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်၊မြေကြီး သစ်နှင့်ကောင်းကင်အသစ်အတွက် မျှော်လင့်ခြင်းရှိကြသောကြောင့် ပျော်ရွှင် သောအသက် တာအားဖြင့်အသက်ရှင်ကြသည်။
ဖြောင့်မတ်သောသူများသည် မျှော်လင့်ခြင်းရှိပြီး ဤမျှော်လင့်ခြင်းကို သန့် ရှင်းသောဝိညာဉ်တော်အားဖြင့်ဟောပြောကြသည်။ ကျွန်ုပ်တို့သတင်း ကောင်းသည် ကမ္ဘာ့နေရာအနှံ့သို့ပျံ့နှံ့သွားမည်ဟု ကျွန်ုပ်တို့မျှော်လင့်ရမည်ဖြစ် သည်။ မိတ်ဆွေမှာခိုင်ခံ့သောယုံကြည်ခြင်းရှိလျှင် ကမ္ဘာလုံးသည်ကြီးသောအရာ မဖြစ်သည်ကို မိတ်ဆွေသိရှိလိမ့်မည်။ ကျွန်ုပ်တို့မှာ သည်းခံခြင်းအားဖြင့်မျှော် လင့်ခြင်းရှိကြလျှင် ကျွန်ုပ်တို့အစသည်အရေးမကြီးသော်လည်း ကမ္ဘာတစ်ဝှမ်းလုံး တွင်သတင်းကောင်းဝေငှနိုင်ကြမည်ဖြစ်သည်။ ရှင်ပေါလုပြုခဲ့သည်အတိုင်း ကျွန်ုပ်တို့ယုံကြည်ရကြမည် ဖြစ်သည်။
ဤမျှော်လင့်ခြင်းရှိသောသူများသည် သတင်းကောင်းဝေမျှခြင်းလုပ် ဆောင်မှုတွင် သစ္စာရှိကြသည်။ သတင်းကောင်းကို ယခုမျှော်လင့်ခြင်းမဲ့နေ သောသူများအပေါ် ပျံ့နှံ့လိမ့်မည်ဟုကျွန်ုပ်တို့မျှော်လင့်ရမည်။ စိတ်ပူဆွေးနေ သောသူများ၊ မျှော်လင့်ချက်မဲ့နေသောသူများ၊ ဆင်းရဲသားများနှင့်အနှိမ်ခံသောလူ သားများအပေါ် သတင်းကောင်းကို ကျွန်ုပ်တို့ဟောပြောသင့်သည်။ ကောင်းကင် နိုင်ငံတော်မျှော်လင့် ခြင်းအကြောင်းကိုဟောပြောခြင်းအားဖြင့် အမှောင်ကမ္ဘာ တွင်ရှိသောသူများကို ကျွန်ုပ်တို့ကယ်တင်ရရမည်ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် အပြစ်လွတ်ခြင်းခံရသောသူများသည် ကောင်းကင်နိုင်ငံတော်သို့ဝင် ရောက်ခွင့်ရှိသည်။ ဤဘေးဒဏ်ကြီးကာလပြီးဆုံး သွားခဲ့ပြီးနောက် ဘုရားသခင်၏နိုင်ငံတော်သည် သူခိုးကဲ့သို့ရုတ်တရက်ပေါ်လာ ခြင်းမျှော်လင့်ချက်ကို သူတို့ထံ ဟောပြောရမည်ဖြစ်သည်။
ဒုတိယမွေးဖွါးခြင်း ခံသောအစေခံကျွန်များနှင့် ယုံကြည်သူများ၊ ဤသ တင်းကောင်းအား ဤကမ္ဘာဆုံးထိတိုင်အောင်ဟောပြောပြီး ကောင်းကင်နိုင်ငံ တော်မျှော်လင့်ခြင်းကိုထိန်းသိမ်းလိုက်ပါ။ ဤလောကသည် လျှင်မြန်စွာပျက်စီး သွားခဲ့သော်လည်းမျှော်လင့်ခြင်းရှိသောသူများသည် ဤလောကတစ်ဘက် ကမ်းတွင် ထာဝရနှင့်ပတ်သက်သောအရာမျှော်လင့်ထားကြသောကြောင့် သူတို့ မျှော်လင့်ခြင်းသည်ပျက်စီးခြင်းမရှိနိုင်ပေ။ သူတို့မှာ ဘုရားသခင်ပေးထားခဲ့သော ဒုတိယအသက်သေချာပေါက်ရှိသေးသည်။