တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[1-3] (ရော ၁း၁၇) ဖြောင့်မတ်သောသူများ ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်း

(ရော ၁း၁၇)
"အဘယ်သို့နည်းဟူမူကား ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်ဟု ကျမ်းစာလာသည်နှင့်အညီ ယုံကြည်ခြင်း၌ တည်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည်၊ ယုံ ကြည်ခြင်း အဘို့အလို့ငှာ ဧဝံဂေလိတရားအားဖြင့် ထင်ရှားလျက်ရှိသည်။" 
 
 
ယုံကြည်ခြင်းဖြင့် အသက်ရှင်ရမည်  
 
ဖြောင့်မတ်သောသူများသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ပါ သည်။ ယုံကြည်ခြင်းဆိုသည်မှာ သမ္မာကျမ်းစာ၌ အခြေစိုက်ခြင်းဖြစ်ပါသည်။ ဖြောင့်မတ်သောသူများသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လျက်ရှိပါ သည်။ ထိုသို့ဇာတိအားဖြင့် အသက်ရှင်ကြောင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော် သည် မိမိအသက်တာတွင် ကျိန်းဝပ်ကြောင်းကို သိရှိနားလည်နိုင်ပါသည်။ လူ့အချို့သည် ကျမ်းစာ၏အနက်အဓိပ္ပါယ်ကို မdမိအသိညဏ်အားဖြင့်သော် လည်းကောင်း၊ ကျမ်းစာ၏လှို့ဝှက်ချက်များကို စာသားအားဖြင့်သော်လည်း ကောင်း၊ ဘာသာပြန်တတ်ကြပါသည်။ ကျွန်ုပ်တို့သည် လူ့အသွေးသား၌ ဝိညာဉ်ရှိကြောင်းကို တချိန်တည်း သိရှိနိုင်ပါသည်။ ထို့ကြောင့် အပြစ်မှ ခွင့်လွှတ်ခြင်းခံရသည်နှင့်အတူ ဖြောင့်မတ်သောသူသည် ယုံကြည် ခြင်းအား ဖြင့် အသက်ရှင်ရမည်ဟု သမ္မာကျမ်းစာ၌ ဖော်ပြထားခြင်းဖြစ် ပါသည်။
 
 
လူ့ဇာတိသည် ကောင်းမှုမပြုနိုင်ပါ 
 
လူ့ဇာတိသည် ကောင်းမှုမပြုနိုင်ပါ။ သို့သော်လည်း ဇာတိအားဖြင့် အသက်ရှင်ကြသောကြောင့် အကြောင်းမျိုးစုံကို ဇာတိသဘောဖြင့် အကဲဖြတ် ကြသည်။ ကျွန်ုပ်တို့သည် တခါတရံတွင် နှုတ်ကပတ်တော်ကို ဇာတိအားဖြင့် အကဲဖြတ်ပြီး နှုတ်ကပတ်တော်အားဖြင့် မယုံကြည်နိုင်ပါ။ သို့သော် ဖြောင့်မတ် သောသူများသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင် သည်ဟု သမ္မာကျမ်းစာ၌ ရေးသားဖော်ပြထားပါသည်။ သို့သော်လည်း ဖြောင့်မတ်သော ယုံကြည်ခြင်း အားဖြင့် အသက်ရှင်သောသူ ဘယ်မှာလဲဟု ထင်ကောင်းထင်လိမ့်မည်။ ကျမ်း ချက်ထဲတွင် ဖြောင့်မတ်သောသူ တစ် ယောက်မျှမရှိပါ ယနေ့ လူသားများသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရမည်ကို ပြောခြင်းဖြစ်ပါသည်။ 
ကျွန်ုပ်တို့ သည် တစုံတစ်ခု၏ အဓိပ္ပယ်ကို ဘာသာပြန်ဆိုရာ၌ မိမိ၏အားနည်းချက်ကို မေ့လျော့၍ မိမိကိုယ်ကို အထင်ကြီးလျက် ရှိတတ်ကြ ပါသည်။ အပြစ်သားများ၏ ပြိုင်ဘက်ရန်သူကား အဘယ်သူနည်း။ ဒုတိယမွေး ဖွားခြင်း မခံသေးသူများ ဖြစ်ပါသည်။ ဤသို့ဆိုလျှင် ဒုတိယမွေးဖွား ခံပြီးသူများ သည် မည်သူကို တိုက်ခိုက်ကြသနည်းဟူမူကား ဇာတိအားဖြင့် အသက်ရှင် သောသူနှင့် ဝိညာဉ်တော်အားဖြင့် အသက်ရှင် သောသူများဟူ၍ နှစ်ဦးတိုက် ခိုက်လျက်ရှိပါသည်။ မိတ်ဆွေသည် ပြောပြီးသောအရာကို ထပ်ခါတလဲ ပြောသောကြောင့် အံ့သြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ပြောဘို့ထိုက်တန် သောအရာကို ပိုပြီး ရှင်း လင်းစေချင်သောကြောင့် ဖြစ်ပါသည်။  
ဒုတိယမွေးဖွားခြင်းခံပြီးသူများတွင်လည်း အသွေးသားရှိသည်နှင့် အညီ ထိုသူ၏အသက်တာ၌ ဝိညာဉ်နှင့် လူ့ဇာတိသည် အမြဲတစေ တိုက်ခိုက် လျက်ရှိပါသည်။ အသွေးသားသည် ကိုယ့်ကိုယ်ကို ကိုးစားပြီး ယုံကြည် ခြင်းအားဖြင့် အသက်ရှင်မည့်အစား ဇာတိပကတိအားဖြင့် အသက်ရှင်၍ ပြနာကို ကိုင်ကွယ်တတ်သည်။ ထို့အပြင်ဘုရားရှင်၏ အလိုတော်နှင့်အညီ အသက်မရှင်ဘဲ လူ့ဇာတိအားဖြင့် ပြည့်စုံသောသူဖြစ်ဖို့ ရန်ကြိုးစား လျက်ရှိ သည်။ 
ဖြောင့်မတ်သော အသွေးသားသည်လည်း ဝိညာဉ်တော်အားဖြင့် ပြည့်စုံခြင်းကို ဆာငတ်ပါက ဝိညာဉ်ပိုင်းဆိုင်ရာ၌ ဖြောင့်မတ်ခြင်းသို့ ရောက်စေတတ်သည်။ သို့သော် အသွေးသားသည် ယုံကြည်ခြင်း အားဖြင့် အသက်ရှင်သော အသက်တာကို ဖြစ်စေနိုင်သလား။ င ါသည်ကျင့်ချင်သော အကျင့်ကောင်းကို မကျင့်၊ မကျင့်ချင်သော အကျင့်ဆိုးကို ကျင့်၏ (ရောမ ၇း၁၉) ဟု ရှင်ပေါလုက ဆိုထားပါသည်။ လူ့ဇာတိသည် ကောင်းသော အကျင့်ကို ဘယ်သောအခါမျှ ကျင့်လျက်မရှိပါ။ ကျွန်ုပ်တို့သည် ပင်ကိုယ် ညဏ်ဇာတိအားဖြင့် ဘုရားရှင်၏ရှေ့တော်၌ ဖြောင့်မတ်စွာ နေနိုင်ရန် ကြိုးစားကြသည်။ သို့သော် ဓာတိပကတိ၏ ကူညီခြင်းအားဖြင့် ဆိုးညစ် ခြင်းသို့ ရောက်စေပါသည်။ 
 
 
ဇာတိပကတိ၌ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်းသို့ မရောက်စေနိုင်ပါ 
 
ဇာတိကပတိအားဖြင့် ဘုရားသခင်ထံကြည်ညိုသော အသက်ရှင်ခြင်း သည် ပြည့်စုံသောယုံကြည်ခြင်းနှင့် လုံးဝ ဝေးကွာလျှက်ရှိပါသည်။ ကျွန်တော် တို့သည် သမ္မာတရားအားဖြင့် အသက်မရှင်ဘဲ ဇာတိကပတိ၏ အလိုဆန္ဒအား ဖြင့် ဘုရားသခင်၏ ဖြစ်စေချင်သည့် အတိုင်းမမကျခံဘဲ နေတတ်သည်။ ဇာတိ ပကတိ၌ ပြည့်စုံခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်သော အသက်တာမ ဖြစ်နိုင်ပါ။ ကျွန်ုပ်တို့သည် မြေမှုန့်နှင့်တူပါသည်။ အကြောင်းမူကား ငါ့ကိုယ် ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏ (ဆာလံ ၁၀း၃-၁၄) ဟု သမ္မာ ကျမ်းစာ၌ ဖော်ပြထားပါသည်။ ထိုအရာသည် ရေခိုးရေငွေ့ကဲ့သို့ ခဏသာ ပေါ်လာပြီး မပြည့်စုံသောကြောင့် တဖြည်းဖြည်း ပျေက်ကွယ်သွားသော တိမ်နှင့်တူသည်။
ဒုတိယမွေးဖွားခြင်းခံပြီးသူနှင့် ဇာတိပကတိအားဖြင့် အသက်ရှင်သူ တို့သည် အပြစ်လုပ်နိုင်သလား၊ ဒုတိယမွေးဖွားခြင်းခံပြီသူသည် အပြစ်လုပ် ခြင်းကို ရှောင်လွဲနိုင်သလား။ ကျွန်ုပ်တို့သည် ဇာတိကပတိအပြစ်မှ လွတ် မြောက်စေနိုင်ရန် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်း မလိုတော့ပေ။ ထို့နောက် ကျွန်တော်တို့သည် ဇာတိပကတိ၏ အင်အားဖြင့် အသက်ရှင်နိုင် ကြမည်လား။ ကျွန်ုပ်တို့ ထိုအရာကို လုံးဝ မဖြစ်နိုင်ကြောင်း သိရှိရပါသည်။ မိမိ ကိုယ်ကို ဒုတိယမွေးဖွားခြင်းခံပြီး (ဝါ) မခံရသေးဘူးဟု သိသည်နှင့်အတူ ဇာတိ ပကတိသည် အားနည်းပြီး အပြစ်ကျူးလွန်တတ်သည်။ 
ကျွန်တော်တို့သည် ဇာတိပကတိကို ဘယ်လောက်အထိ နားလည်သ လဲ။ မိတ်ဆွေသည် တစ်ဆယ်ရာခိုင်နှုန်းပြည့်စုံသည်ဟု ထင်ကောင်းထင် လိမ့်မည်။ သို့သော် မိတ်ဆွေ၏ သက်သေအထောက်အထားသည် လုံးဝမမှန် ပါ။ အဘယ်ကြောင့်ဆိုသော် မိမိကိုယ်ကို အပြစ်သားဖြစ်ကြောင်းကို မသိရှိနိုင် သောကြောင့် ဖြစ်ပါသည်။ မိတ်ဆွေသည် မိမိကိုယ်ကို ရာခိုင်နှုန်းအားဖြင့် ဘယ် လောက်သိသနည်း၊ ငါးဆယ်ရာခိုင်နှုန်းသည် များနေသလား၊ လူတစ်ဦးသည် အများအားဖြင့် မိမိအကြောင်း တစ်ဆယ် ရာခိုင်နှုန်းမှ နှစ်ဆယ်ရာခိုင်နှုန်းအထိ နားလည်နိုင်သည်။ မကောင်းသော အရာကို များစွာလုပ်မိသောအချိန်တွင် မိမိ ကိုယ်ကို ရှက်ကြောက်ပြီး ဘုရားရှင်နောက်လိုက်ခြင်းကို ရပ်တန့်ကြသည်။ ထို့နောက်မိမိ၏ယုံ ကြည်ခြင်းကို အဆုံးထိ ထိမ်းသိမ်းနိုင်ပါမလားဟူ၍ မိမိ ကိုယ်ကို မေးခွန်း ထုတ်တတ်လျက်ရှိကြသည်။ နောက်ဆုံးတွင် မထိမ်းသိမ်းနိုင် ဟူ၍ အရှုံးပေး ကြသည်။ 
မကောင်းသော အကြံအစည်နှင့် မိုက်မဲမှုများသည် ဇာတိစိတ်သို့ အစဉ်မပြတ်ကျ ရောက်လျက်ရှိသည်။ ထို့ကြောင့် ဘုရားတရားကို ကြည်ညို၍ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်သောအသက်တာကိုမရနိုင်ပါ။ ကျွန်တော် ဘုရားရှင်နောက်သို့ မလိုက်နိုင်တော့ပါ။ ကျွန်တော်သည် ဒုတိယမွေးဖွားခြင်းခံ ခဲ့ပြီးသော်လည်း ဇာတိပကတိ၌ အားနည်းသောကြောင့် မပြည်စုံနိုင်သည်နှင့် အညီ အပြစ်အခကို တစ်ကြိမ်နှင့် ထာဝဇဉ်ခံပြီးပြီးဟုဇာတိအားဖြင့် ထင်မိခဲ့ပါ သည်။ ဇာတိပတိသည် အရုပ်ဆိုးပြီးအသုံးမဝင်ပါ။ မိမိအကြောင်းကို လုံးဝ မသိဘဲ မိမိဇာတိကိုလည်း ဝန်ခံချင်စိတ်မရှိပါ။ ထို့ကြောင့် ဇာတိပကတိစိတ် ပေါ်လာသောကြောင့် သစ္စာရှိသော အသက်တာမရောက်စေနိုင်ပါ။ ဇာတိပက တိဆိုတာဘာလဲ။ လူသားသည် မိမိ၏စမ်းသပ်ခြင်းအားဖြင့် တိုးပွားသန့်စင် သောအသက်တာဖြစ်နိုင်လား။ လုံးဝ မဖြစ်နိုင်ပါ။ လူသားသည် သေသည့် တိုင်အောင် အပြစ်မကျူးလွန်ဘဲမနေနိုင်ပါ။ သို့ဖြစ်လျှင် ဖြောင့်မတ်သောသူများ ဘယ်လိုအသက်ရှင်ရမည်နည်း။ထာဝရဘုရားသည် မောရှေကို မှာထားသော နေ့မှစ၍ မောရှေအားဖြင့် သင်တို့၌ ထင်တော်မူသော ပညတ်သင်တို့မျိုး အစဉ်အဆက်၌ ထားတော်မူလတ္တံသော ပညတ်အလုံးစုံကို သင်တို့သည် မစောင့်၊ မှားယွင်းခြင်း သို့ရောက်ကြသည်။ ပရိသတ်အပေါင်းတို့ သတိလစ်၍ မှားယွင်းခြင်းသို့ ရောက်ကြသည်။ 
 
 
တရားသောသူများသည် မည်သို အသက်ရှင်ရမည်နည်း 
 
“ထိုထာဝရဘုရားအဘို့ မွှေးကြိုင်းသောအနံ့ရှိစေခြင်းငှာ ထုံးဖွဲ့သော ထုံးစံရှိသည့်အတိုင်း ဘောဇင်၊ ပူဇော်သကာ၊ သွန်းလောင်းရန် ပူဇော်သကာ နှင့်တကွ နုပျိုသောနွားထီးဖြင့် မီးရှု့ရာယဇ်ကိုလည်းကောင်း၊ ဆိတ်ဖြင့်အပြစ် ဖြေရာယဇ်ကိုလည်းကောင်း၊ ပူဇော်ကြရသော ယဇ်ပုရောဟိတ်သည် ဣသရေ လအမျိုးသားပရိသက်အပေါင်းတို့အဖို့ အပြစ်ဖြေခြင်းကို ပြုရသဖြင့် သူတို့သည် သတိလစ်၍ ပြစ်မှားသောကြောင့် ထို အပြစ်ကို လွှတ်ရလိမ့်မည်။ သူတို့သည် လည်း သတိလစ်သောအပြစ်ကြောင့် အပြစ်ဖြေရာယဇ်နှင့်တကွ မီးဖြင့် ပြုသောပူဇော်သက္ကာကို ထာဝရ ဘုရားထံတော်သို့ ဆောင်ခဲ့ကြရမည်။ ထိုသို့ပြု လျှင် လူအပေါင်းတို့သည် ပြစ်မှားသော်လည်း သတိလစ်၍ ပြစ်မှားသော ကြောင့် ဣသရေလအမျိုးသား ပရိသတ်အပေါင်းကို၄င်း၊ ထိုအပြစ်မှ လွှတ်ရ လိမ့်မည်။ လူတစုံတယောက်သည် သတိလစ်၍ ပြစ်မှားလျှင် အပြစ်ဖြေရာ ယဇ်အဖြစ် အခါမလည်သော ဆိတ်မတစ်ကောင်ကို ဆောင်ခဲ့ရမည်။ ထာဝရဘု ရား ရှေ့တော်၌ ပြစ်မှားမိသော ထိုသူအဘို့ယဇ်ပရောဟိတ်သည် အပြစ်ဖြေ ခြင်းကိုပြုရသဖြင့် ထိုအပြစ်ကို လွှတ်ရလိမ့်မည်။ ဣသရေလအမျိုးသား ဖြစ် သောသူ၊ ထိုသူ၌ တည်းခိုသော တစ်ပါးအမျိုးသားဖြစ်သော သူတို့သည် ပြစ်မှားသောအခါ တစ်ပါးတည်းသောဘုရားကို စောင့်ရကြမည်။ ထာဝရဘုရား ရှေ့တော်၌ သတိလစ်၍ ပြစ်မှားမိသောသူအဘို့ ယဇ်ပုရော ဟိတ်သည် အပြစ်ဖြေခြင်းကို ပြုရသဖြင့် ထိုအပြစ်ကို လွှတ်ရလိမ့်မည်။ ဣသရေလ အမျိုးသားဖြစ်သောသူ၊ တည်းခိုသောတပါးအမျိုးသား ဖြစ်သောသူတို့သည် ပြစ်မှားသောအခါ တပါးသောဘုရားကို စောင့်ရကြ မည်။ ထာဝရဘုရားသည် မောရှေကို မှာထားသောနေ့စ၍ မောရှေအားဖြင့် သင်တို့၌ ထားတော်မူသော ပညတ်၊ သင်တို့ အမျိုးအစဉ်အဆက်၌ ထားတော်မူလတ္တံသော ပညတ်အလုံး စုံတို့ကို သင်တို့သည် မစောင့်၊ မှားယွင်းခြင်းသို့ ရောက်ကြသည်” (တော ၁၅း၂၂-၂၉ ) ဟူ၍ သမ္မာ ကျမ်းစာတွင် ရေးသားထားပါသည်။  
၄င်းတွင် မှားယွင်းခြင်းသို့ရောက်ကြသည်ဟူသော ဖော်ပြချက်များကို တွေ့ရှိရပါသည်။ လူသားသည်မှားယွင်းခြင်းသို့ရောက်ပြီး မလုပ်သင့်သော အရာကိုလုပ်ခဲ့ပါသည်။ လူသားသည် ပြည့်စုံနိုင်သလားဟု မိတ်ဆွေမေးခွန်း ထုတ်ကောင်းပါမည်။ သို့သော် အပြစ်မှကယ်ချွတ်ပြီး နောက်ပိုင်းတွင် မပြည့်စုံနိုင်ပါ။ လူသားသည် ရွေးနှုတ်ခြင်းခံပြီးနောက် ဖြောင့်မတ်ပြည့်စုံ သော လူဖြစ်ဟန်တူသော်လည်း လူသားတို့ကို ဖုံးကွယ်ပေးရုံသာဖြစ်သည်။ လူသားသည် မပြုသင့်သောအပြစ်များကို အမြဲတမ်း ကျုံးလွန်လျက်ရှိပါသည်။ လူ့ဇာတိသည် ဘုရားမနှစ်သက်သောအရာများကို အမြဲကျူးလွန် လျက်ရှိသည်။ ဇာတိသည် အချိန်တိုင်း အပြစ်မကျုံးလွန်ဘဲနေမည်လော ဘုရား၏ အလိုတော် အတိုင်းအမြဲ အသက်ရှင်နိုင်မည်လော။ ဇာတိသည် မထိန်းချုပ် နိုင်ခြင်းအားဖြင့် အပြစ်ကိုကျုံးလွန်လျက်ရှိသည်။  
ဘုရားသခင်၏ ပညတ်ချက်တွင် ပညတ်တော်ဆယ်ပါး ပါဝင်၍ ၄င်းတွင် အသေးစိတ်အားဖြင့် ၆၁၃ မျိုးပါရှိသည် “ငါမှတပါး အခြားသော ဘုရား မကိုးကွယ်နှင့်၊ရုပ်တုဆင်းတုကိုကိုယ့်အဘို့မလုပ်နှင့်၊ သင်၏ဘုရားသခင် ထာဝ ရဘုရား၏နာမတော်ကို မုသားနှင့်ဆိုင်၍ မမြွတ်ဆိုနှင့်။ ဥပုဒ်နေ့ကိုသန့်ရှင်း စေခြင်းငှါ ထိုနေ့ရက်ကို အောက်မေ့လော့၊ မိဘကို ရိုသေစွာပြုလော့။ လူ့အ သက်ကို မသတ်နှင့်။ သူ့မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူလောက၌ မမှန်သော သက်သေကိုမခံနှင့်။ ကိုယ်နှင့် စပ်ဆိုင်သော သူ၏ဥစ္စာတစုံတခုကိုမျှ တပ်မက်လိုချင် သောစိတ်မရှိစေနှင့်” စသည်ဖြင့် ပညတ်တော် (၁၀) ပါးတွင် ရှိပါသည်။ ပထမ ပညတ်တော်လေးပါး တို့သည် ဘုရားသခင်နှင့်ဆိုင်၍ ထိမ်းသိမ်းရမည့် ပညတ်ချက်များဖြစ်ပြီး ကျမ်း ၆ ပါးမှာ လူ့အသိုင်းအဝိုင်းတွင် ကျင့်ဆောင်ရမည့် အရာများဖြစ်ကြသည်။ လူ့ဇာ တိသည် ဘုရားသခင်၏ပညတ်တော်ကို လိုက်လျှောက်ရာ၌ ဝမ်းမြောက်ခြင်း ရှိမည်လော့။ 
ကားလမ်းမကို လုံခြုံစွာဖြတ်နိုင်ရန် လမ်းပေါ်တွင်အဖြူရောင် မျဉ်းကြောင်းများရှိသည်။ သို့သော် လူ့ဇာတိသည် ဘုရား၏ပညတ်ချက် များကို မကျင့်ဆောင်ချင်ပေ။ လူများသည် သူတပါးကြည့်နေကြသည်ကို ရှက်ကြောက် ကြရင်း ၄င်းအဖြူရောင်မျဉ်းများမှ ဖြတ်သွားကြသည်။ အမှန်စင်စစ် ထိုသူတို့ သည် စည်းကမ်းမလိုက်နာချင်ကြပေ။ ပတ်ဝန်းကျင်တွင် လူသူကင်းရှင်းနေ လျှင် မိမိကြိုက်သည့်နေရာမှ လမ်းကူးကြသည်။ 
ဇာတိသည် အလိုအလျောက် အကြောင်းများကို ကျူးလွန်သည်။ အကယ်၍ ပညာတတ်သူများဖြစ်ခဲ့လျှင် သတ်မှတ်ထားသောအမှတ် အသား များကို ပတ်ဝန်းကျင်၌ လူများကမြင်သည် ဖြစ်စေမမြင်သည်ဖြစ်စေ လိုက်နာလိမ့်မည်။ သို့သော် သူတို့သည် ဇာတိအားဖြင့် သဘောတူ ဝန်ခံကြ ခြင်းသာ ဖြစ်သည်။ ကျွန်ုပ်တို့သည် လမ်းကို မျဉ်းကျားမှမဖြတ် ကူးချင်ကြပေ/ စည်းကမ်းများကို မလိုက်နာချင်ကြပေ။ 
ဤသို့လျှင်၊ အဘယ်ရည်ရွယ်ချက်ဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့ အား ပညတ်တော်ကို ပေးထားပါသနည်း။ ပညတ်တော်သည် အပြစ်ကို ရှိစေသည်။ (ရောမ ၃း၂၀) ပညတ်တော်အားဖြင့် ကျွန်ုပ်တို့သည် အပြစ်သားများ ဖြစ်ကြကြောင်းနှင့် ပညတ်တော် ၁၀ ပါးကို အစဉ်အမြဲ ဖောက်ဖျက်နေသော သူများ ဖြစ်ကြကြောင်းသိရှိရသည်။ ကျွန်ုပ်တို့ အပြစ် ကျူးလွန်လေ့ရှိကြသည်။ ပညတ်တော်သည် ကျွန်ုပ်တို့အားကောင်းသော အရာများကိုသာ ပြုစေလိုပြီး မကောင်းသောအရာများကို မပြုစေလိုပါ။ သို့သော်လည်း လူ့ဇာတိသည် အပြစ် ကျူးလွန်လေ့ရှိသည် အကြောင်းမှာ ပညတ်တော်ကို လိုက်လျှောက်ရန် အလွန် အားနည်းသောကြောင့် ဖြစ်သည်။ ကျမ်းစာမှာ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ဆိုထားသည်။ သို့သော် ဤဆိုး ညစ်သောဇာတိရှိသူ ဖြောင့်မတ်သူသည် ယုံကြည်ခြင်းဖြင့် အသက်ရှင်နိုင်မည် နည်း။ ဇာတိအသွေးသားမပါအသက်ရှင်နိုင်မည်မဟုတ်၊ ဤသို့ဆိုလျှင် အဘယ် သို့ အသက်ရှင်ကြမည်နည်း။ ဖြောင့်မတ်သောသူသည် ဘုရားသခင်၌ ယုံကြည် ခြင်းဖြင့် အသက်ရှင်ကြသည်။ 
ဝိညာဉ်တော်သည် ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက် လိုသည်။ သို့သော် လူ့ဇာတိသည် အစဉ်အမြဲ အပြစ်ကျူးလွန်သည် ပညတ် တော် ၁၀ပါးကို ချိုးဖောက်လေ့ရှိသည်။ လူ့ဇာတိသည် ထပ်ခါ တလဲလဲ အပြစ် ကျူးလွန်သည် ယနေ့ကျူးလွန်သောအပြစ်၌မနက်ဖြန်တွင် ပြန်လည် ကျူးလွန် သည်။ လူ့ဇာတိသည် အပြစ်များစွာထဲမှာပင် ပို၍ ကျူးလွန်ချင်သော ဒုစရိုက်အ ပြစ်များရှိကြသည်။ လူတဦး၏ ဘဝသည် အသက်တာတလျှောက်လုံး အပြစ် ကျူးလွန်သည်။  
ဤအရာသည် မှန်သလောမှားသလော။ ပဉ္စမမြောက်ပညတ်တော်ကို သုံးသပ်ကြပါစို့၊ “မိဘကို ရိုသေစွာပြုလော့”ဤပညတ်ကို လိုက်လျှောက် နိုင်ရန် ကြိုးစားကြသော်လည်း အချိန်တိုင်းမလိုက် လျှောက်နိုင်ကြပေ။ ဤအချက်ကို ခေတ္တာချန်လှပ်ထားကြစို့။ နောက်ဆဌမမြောက်ပညတ်တော် “လူ့အသက်ကို မသတ်နှင့်” ကို ကြည့်ကြစို့။ ကျွန်ုပ်တို့အားလုံး မနောကံဖြင့် လူ့အသက်ကို သတ်ကြသည်။ လက်တွေ့အားဖြင့် အနည်းငယ် သောသူများ သာ အမှန်တကယ် လူသတ်ကြသည်။ ဤအချက်ကိုလည်း ချန်လှပ်ထားကြစို့။ အဘယ်ကြောင့်ဆိုသော် လူ့အသက်သတ်ခြင်းဟူသည် ပြင်းထန်သော အပြစ် ဖြစ်သည်။ နောက် “သူ့မယားကို မပြစ်မှားနှင့်” နှင့်“သူ့ဥစ္စာကို မခိုးနှင့်”ဟူသော ပညတ်ချက်ကို ကြည့်ကြစို့။ ဤအပြစ်များသည် ကျွန်ုပ်တို့ နေ့စဉ်အသက်တာ၌ လွယ်ကူစွာ ကျူးလွန်နိုင်သည်။ အချို့သောသူများသည် ပကတိခိုးတတ်ကြ သည်။ သူ့မယားမှားသော အလေ့အထရှိကြသည်။ သူတို့၏အကျင့်စရိုက် အဖြစ် ထိုအရာများကို ပညတ်တော်ကို လိုက်လျှောက်ရန် အလွန်အားနည်း သောကြောင့် ဖြစ်သည်။ ကျမ်းစာမှာ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်း အားဖြင့် အသက်ရှင်လိမ့်မည်” ဟု ဆိုထားသည်။ သို့သော် ဤဆိုးညစ်သော ဇာတိရှိသူ ဖြောင့်မတ်သူသည် ယုံကြည်ခြင်းဖြင့် အဘယ်သို့ အသက်ရှင် နိုင်မည်နည်း။ ဇာတိအသွေးသားမပါဘဲ အသက်ရှင်နိုင်မည်မဟုတ်။ ဤသို့ ဆိုလျှင် အဘယ်သို့ အသက်ရှင်ကြမည်နည်း။ ဖြောင့်မတ်သောသူသည် ဘုရားသခင်၌ ယုံကြည်ခြင်းဖြင့် အသက်ရှင်ကြသည်။ သူ့မယား မှားသော အလေ့အထရှိကြသည်။ သူတို့၏အကျင့်စရိုက်အဖြစ် ထိုအရာများကို  ပြုကြသည်။ “သူတို့သည် သူ့ဥစ္စာကိုကော မတတ်မက်ကြဘူးလား” ဆို လျှင် (ကျမ်းစာက တက်မက်ခြင်းသည် အပြစ်ဟု ဆိုထားသည်) သူတို့ သည် သူတ ပါးပိုင်ဆိုင်သောဥစ္စာများကို ၄င်းတို့အစ ပထမရှိသောနေရာမှ ယူသွားတတ် ကြသည်။ (ခိုးခြင်း)လူ့ဇာတိ ဤကဲ့သို့သော ဒုစရိုက်များကို မိမိအလိုအတိုင်း ကျူးလွန်လေ့ရှိသည်။ 
ကျွန်ုပ်တို့အပြစ် ၁၀ မျိုးထဲမှ တမျိုးသို့မဟုတ် နှစ်မျိုးကို သာ ကျူးလွန် သည် ဆိုကြပါစို့။ ထိုအရာက ကျွန်ုပ်တို့အား ဘုရားသခင်ရှေ့၌ ဖြောင့်မတ်စေ နိုင်မည်လော့။ မဖြစ်နိုင်ပါ။ ကျွန်ုပ်တို့သည် ဇာတိအားဖြင့် ဖြောင့်မတ်သောသူ မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အသေးငယ် ဆုံးအပြစ်တစက် ကလေးကို ကျူးလွန်ခြင်းသည်လည်း အပြစ်ဖြစ်သော ကြောင့်ပေးတည်း။ ဇာတိသည် ထပ် တလဲလဲအပြစ်ကျူးလွန်သည်။ ယနေ့ မနက်ဖြန်လာသည့်တိုင်အောင် အပြစ် ကျူးလွန်လေ့ရှိသည်။ ဇာတိသည် ဘုရားရှေ့၌ အပြစ်မကျူးလွန်ရန် မကူညီနိုင် ပေ။ ဤသို့ဆိုလျှင် “မိတ်ဆွေ သင်သည် တနေ့အတွက်ပင် ဘုရားရှေ့၌ ဖြောင့် မတ်သန့်ရှင်းပါသလား။” ဝိညာဉ်တော်နှင့် ကင်းကွာနေသောဇာတိကို ကြည့်ကြ စို့။ “သင်သည် ဘုရားရှေ့၌ အစဉ်ဖြောင့်မတ်ပါသလား၊ ဇာတိအားဖြင့် ပြည့်စုံနေ ပါ သလား။” ကျွန်ုပ်တို့အိပ်နေစဉ်တွင်ပင် အပြစ်ရှိပြီး။ ပညတ်တော်ပုံရိပ်များကို ကြည့်စဉ်ပင်၊ အိပ်မက်မက်နေစဉ်နှင့် လှပသော အမျိုးသမီးအကြောင်း စိတ် ကူးယဉ်စဉ်တွင်ပင် အပြစ်ကျူးလွင်ပြီးဖြစ်သည်။ ကျွန်ုပ်တို့ အားလုံးအပြစ် ကျူးလွန်ကြသည်။ ဇာတိသည် ဘုရားသခင်တားမြစ်ထား သောအရာများကို ကျူးလွန်၍ ဘုရားသခင်ပြုစေသော အရာများကို မပြုချင်ပေ။ ဇာတိသည် ကောင်းမည်အထင်ရှိပြီးနောက်တွင်လည်း နဂို အတိုင်းသာဖြစ်သည်။ ကျွန်ုပ်တို့ သည် ဘယ်လိုပြည့်စုံနိုင်မည်နည်း။ ကျွန်ုပ်တို့အသွေးအသား မပြည့်စုံနိုင်တဲ့ အခါ ပြည့်စုံခြင်းလမ်းသည်က လမ်းဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်အားဖြင့် မဖြစ်နိုင်စရာ အကြောင်း ရှိပါသလော။”ခရစ်တော်ရှေ့တွင် အပြစ်ကျူးလွန်ဘူးသလား” ဆိုလျှင် မှန်ပါသည်။ ကျွန်ုပ်တို့ ကျူးလွန်ကြပါ သည်။ ယခုကျွန်တော်တို့ အပြစ်ကျူးလွန်ပါသလား သို့မဟုတ် မကျူးလွန်ပါ သလား။ ကျွန်တော်တို့ အပြစ်ဆက်လက်ကျူးလွန်ကြပါသလား ဟုဆိုလျှင် ဟုတ်ပါသည်။ ကျူးလွန်ကြပါသည်။ ဇာတိအဖြစ်အသက်ရှင်သရွေ့ အပြစ်ကို ကျူးလွန် နေဦးမည်ဖြစ်သည်။ သို့ဆိုလျှင် အဘယ်သို့ ကျွန်တော်တို့ကို အပြစ်မှာ လွှတ်မြောက်စေနိုင်မည်နည်း။ ပထမချက်အနေဖြင့် သင် ဒုတိယ မွေးဖွားခြင်းမခံလျှင်၊ အပြစ်ကို ကျော်လွှားရန် ခရစ်တော်ရှေ့တွင် သင်သည် အပြစ်သားဖြစ်ကြောင်း အပ်နှံရမည်။ ကယ်ချွတ်ခြင်းကို ရပြီးနောက် အပြစ်ကို ဝန်ခံချရမည်။ ကျွန်တော်တို့သည် ကောင်းသောအကျင့်ကို ဇာတိအားဖြင့် လုပ်ခဲ့ဖူးသော်လည်း အပြစ်ကျူးလွန်ဖူးသောအရာ တုန့်ပြန်သည့်အခါ၌ ဝန်ခံ သင့်ပါသည်။ ကျွန်တော်တို့သည် မိမိတွင် အပြစ်ရှိကြောင်းကို အမှန် ဝန်ခံရ မည်ဖြစ်ပါသည်။ 
 
 
ယုံကြည်ခြင်းအားဖြင့် သန့်ရှင်းခြင်းသို့ 
 
     မိမိကိုယ်ကို ဝန်ခံပြီးနောက် ပြသာနာကို မည်ကဲ့သို့ ရင်ဆိုင်ရ မည်နည်း။ ကျွန်တော်တို့သည် ယေရှုခရစ်တော်က အပြစ်အားလုံးကို ရှင်ယော ဟန်၏ ရေနှစ်ခြင်းပေးခြင်းအားဖြင့် အပြစ်အားလုံးကို ယူဆောင်သွားပြီး လက်ဝါးကာတိုင်ပေါ်၌ တရားစီရင်ခြင်းခံပြီးဟု ယုံကြည်ခြင်းအားဖြင့် သန့်ရှင်း ဖြောင့်မတ်နိုင်ပါသလော၊ သန့်ရှင်းစေနိုင်ပါသည်။ ကျွန်တော်တို့သည် ယေရှုခ ရစ်တော်ခံပြီးနောက် ဇာတိအသွေးသားနှင့် အပြစ်အားလုံးကို ယူဆောင်သွား ပြီဟု ယုံကြည်ခြင်းအားဖြင့် သန့်ရှင်းဖြောင့်မတ်ခြင်းသို့ ရောက်နိုင်ပါသည်။  
ထို့နောက် ဖြောင့်မတ်သူ “ယုံကြည်ခြင်းအားဖြင့် ရှင်လိမ့်မည်” ဟူ သည် အဘယ်နည်း။ ဖြောင့်မတ်သောသူများ ယုံကြည်ခြင်းအားဖြင့် အသက်ရှင် လိမ့်မည်ဟူကား ဇာတိအားဖြင့် ယုံကြည်ခြင်းမဟုတ်ဘဲ ဝိညာဉ်၌သာဖြစ်ပါ သည်။ ဘုရားသခင်. သမ္မာ၏တရား၊ ပညတ်တော်နှင့် သူ့၏ ကယ်တင်ခြင်းအား ဖြင့် ဖြောင့်မတ်ခြင်းသို့ ရောက်စေနိုင်ကြောင်းကို ယုံကြည်သည့်ကျွန်တော်တို့ သည် အပြစ်များကို ကျူးလွန်သောသူများဖြစ်ကြသောအခါ ဘုရားသခင်၌ ယုံကြည်ဖြောင့်မတ်ပြီး ပြည်စုံသောအသက်တာ ရရှိနိုင်ပါသည်။ ထိုအရာသည် မှန်ပါသလား။ မမှန်သလား။ မှန်ပါသည်။ ငါတို့သည် အပြစ်မှကယ်ချွတ်ခြင်း ခံပြီးနောက် ဇာတိပကတိသည် အားနည်းသည်နှင့်အတူ ဖြောင့်မတ်သော အသက်တာ မရောက်နိုင်ပါ။ “ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးအား ဖြင့် ယုံကြည်ရ၏” ဟု သမ္မာကျမ်းတွင် ဖော်ပြထားပါသည်။ (ရောမ ၁၀း၁၀) သို့သော် တမန်တော်ရှင်ပေါလုက ဇာတိသွေးသည် အားနည်းပြီးမပြည့်စုံနိုင်ပါ ဟု  ဆိုထားပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ဖြောင့်မတ်သော အသက် တာသို့ မရောက်နိုင်ပါ။ ဇာတိနှင့်အသက်ရှင်သော လူသားသည် မဖြောင့်မတ် နိုင်ပါ။ 
နည်းလမ်းတစ်ခုသည် ဘုရားသခင်၌ ယုံကြည်ခြင်းအားဖြင့်သော် လည်းကောင်း၊ အပြစ်မှ ကယ်ချွက်ခြင်းပြီး နှုတ်ကပတ်တော်ကို လက်ခံ ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ခြင်းသို့ ရောက်စေနိုင်ပါသည်။ ကျွန်တော် တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို အမြဲယုံကြည်ခြင်း အားဖြင့် ဖြောင့်မတ်နိုင်ပါသည်။ ထို့ကြောင့် ဖြောင့်မတ်သော သူများ သည် ယုံကြည်ခြင်း အားဖြင့် အသက်ရှင်လိမ့်မည်ဟု သမ္မာကျမ်းတွင် ဖော်ပြခြင်းဖြစ်ပါသည်။ ကျွန်တော်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၌ တည်ရှိခြင်းအားဖြင့်သာ ဖြောင့်မတ်နိုင်သည်။ ဇာတိသည် မဖြောင့်မတ်နိုင်သောလည်း ဖြောင့်မတ်သော သူဖြစ်နိုင်ရန် ကြိုးစားခြင်းသည် မဖြစ်နိုင်ပါ။ ကျွန်တော်တို့သည် ဘုရားသခင်ကို လက်ခံခြင်း၊ သခင်အားဖြင့်နှင့် မိမိသို့သိုးထိမ်းရှင်အဖြစ်လက်ခံခြင်းအားဖြင့် ဖြောင့်မတ်နိုင်သည်။ 
ထို့ကြောင့် ရှင်ပေါလုက ပြောပါသည်။ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည် ဟု သမ္မာဟောင်းကျမ်း ဟဗက္ကုပ် အနာဂတ္တိကျမ်းအားဖြင့် သိရှိနိုင်ပါသည်။ သတင်းကောင်းသည် စစ်မှန် သောဘုရားသခင်ဖော်ပြသည့် သမ္မာတရားဖြစ်သည်ဟုပြန်လည် ရေးသား ထားပါသည်။ ဘုရားသခင်၌ ဖြောင့်မတ်ခြင်းဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ ထိုအရာသည် လူသားအားဖြင့် ဖြောင့်မတ်ခြင်းနှင့်တူ သလား။ အပြစ်မလုပ်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်း သို့ရောက်စေနိုင်သလား။   ကျွန်တော် တို့သည် ယေရှုတော်ကို ယုံကြည်လက်ခံပြီးနောက် ဖြောင့်မတ်သလား။ ဘုရား သခင်သည် နှုတ်ကပတ်တော်၌သာ ဖော်ပြပြီး ကယ်တင်ခြင်းသတင်း ကောင်းသည် အပြစ်မှရွေးနုတ်ခြင်းအားဖြင့် ပြည့်စုံစေနိုင်သည်။ သို့သော် အသွေးအသားအားဖြင့် မပြည့်စုံနိုင်သည်။ သို့သော် အသွေးအသားအားဖြင့် မပြည့်စုံနိုင်ပေ။ နှုတ်ကပတ်တော်သည်သာလျှင် ယုံကြည်ခြင်းအားဖြင့် ဖြောင့် မတ်ခြင်း သို့ရောက်နိုင်ပါသည်။ ထိုအရာသည် ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ခြင်းသို့ ရောက်စေနိုင်ပါသည်။ ဖြောင့်မတ်သောသူသည် ဘုရားသ ခင်ကို ယုံကြည်အားထားပြီး ယုံကြည်ခြင်းဖြင့် အသက်ရှင်ပါသည်။ ဖြောင့်မတ် သောသူသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၌ တည်ရှိခြင်းနှင့် ဘုရားသခင်၏ ကောင်းကြီးကို ယုံကြည်ခြင်းအားဖြင့် ခံစား၍ ဝိညာဉ်အားဖြင့် ဖြောင့်မတ်ခြင်း အသက်တာ သို့ ရောက်စေနိုင်ပါသည်။ 
 
 
ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်း 
 
ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်းဆိုသည်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ကျွန်တော်တို့ လူသားများ၏ စိတ်သည် အလွန်မာသည့်အပြင် သဲများကဲ့သို့လည်း အစိတ်အမွှာမွှာ ကွဲပြားလွယ်ပါသည်။ တစ်စုံတယောက် သည် ငါဒီအရာနှင့် ထိုအရာကို သခင်အတွက်လုပ်ရမည်ဟု ပြောသင့် သည်။ မည်သို့ပင်ဖြစ်စေ ဇာတိကမပြောမလုပ်နိုင်ပါ။ ကျွန်တော်တို့သည် အပြစ်နှင့် ပညတ်တော်မှ ရွေးနှုတ်ကယ်တင်ပြီးနောက် သခင်ထံ၌ ယုံကြည် ခြင်းအားဖြင့် အသက်ရှင်ခြင်းသည် ဘုရားသခင်၌ လုံးဝယုံကြည်ခြင်းသာ ဖြစ်သည်။ ကျွန် တော်တို့သည် ဘုရားသခင်၏ကောင်းကြီးများကို ယုံကြည်ခြင်းအားဖြင့် ခံစား လက်ခံခြင်းနှင့် နှုတ်ကပတ်တော်များကို အပြည့်အဝ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်နိုင်ပါသည်။ 
ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အ သက်ရှင်ရမည်။ ကျွန်တော်တို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်သည်ဟု ဆိုလိုရင်းဖြစ်ပါသည်။ ဇာတိသွေးသားအားဖြင့် များပြား သော မျှော်လင့်ချက်သို့ ရောက်ဖူးသလား။ ကျွန်တော့်ဇာတိအသွေးအသားသည် ကျန်သောအပိုင်း တွင် မမှန်သော်လည်း ဆက်လက်မျှော်လင့်နေသည်ဟု ထင်ခဲ့မိသလား။ မည် သို့ပင်ဖြစ်စေ ဖြောင့်မတ်သောသူသည် ယုံကြည် ခြင်းဖြင့် အသက်ရှင်ရမည်ဟု သမ္မာကျမ်းက ဆိုထားပါသည်။ လူသားသည် တစ်ရာခိုင်နှုန်းသာ မဖြောင့်မတ် နိုင်ပါဟု ဘုရားသခင် ဆိုထားပါသည်။ အပြစ်မလုပ်ဘဲ ယုံကြည်ခြင်းကို ဘုရား သခင်ထံ၌ အပ်နှံကာ ဇာတိအားဖြင့် မျှော်လင့်ခြင်းရှိမည်ဟု စိတ်ကူးခဲ့ဖူးပါသ လား။ 
ကျွန်တော်တို့သည် မည်သို့ အပြစ်ကျူးလွန်ခဲ့ဖူးသော်လည်း ယေရှု ခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်နိုင်ပါသည်။ ကျွန်တော် တို့သည် ဇာတိအားဖြင့် မည်သို့များပြားလှသောကောင်းမှုကို ပြုခဲ့သော်လည်း ထာဝရ ဘုရားသခင်ကို မယုံကြည်လျှင် အပြစ်သားများ ဖြစ်ကြပါသည်။ ဘုရားသခင်ကို မယုံကြည်သည့်ချိန်၌ ၁၀ဝ မဖြောင့်မတ်နိုင်ပါ။ ကျွန်တော်တို့သည် အပြစ်အ နည်းငယ် ကျူးလွန်သည့်အခါ၌ ဘုရားသခင်ပြောနိုင်ပါ့မလား။ ဇာတိအသွေး သားအားဖြင့် ဖြောင့်မတ်လျှင် ထိုအရာက ဘုရားသခင်ကို ဝမ်းမြောက်စေနိုင် သလား။
 
 
ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းက ဖြောင့်မတ် သူဖြစ်စေသည် 
 
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု (ရောမ ၃း၁-၈) ကို ကြည့်ကြပါစို့။ ထိုသို့ဖြစ်လျှင်၊ ယုဒလူမျိုးသည် အဘယ်သို့နည်း။ အရေဖျားလှီးခြင်းအားဖြင့် အဘယ်အကျိုးရှိသနည်း။ အထွေထွေသောအ ကျိုးများစွာရှိ၏၊ ထူးမြတ်သောအကျိုးဟူမူကား အရေဖျားလှီးခြင်းကို ခံရသော ယုဒလူမျိုးကိုသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို ခံရကြ၏။ ထိုသူတို့ တွင် အချို့သည် မယုံကြည်သော်လည်း အဘယ်ဆိုဖွယ်ရှိသနည်း။ ထိုသူတို့ မယုံခြင်းသည် ဘုရားသခင်၏သစ္စာတော်ကို ဖျက်နိုင်သလောက် မဖျက်နိုင်ပါ။ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်မတ်ပါ၏။ တရားစီရင်သောအခါ အောင်မြင်ပါ၏ဟု ကျမ်းစာလာသည်နှင့်အညီ လူခပ်သိမ်းကိုသည် သစ္စာမြင့် ဖြင့် တည်စေသတည်း။ ငါတို့၏မတရားသောအမှုသည် ဘုရားသခင်၏ ဖြောင့် မတ်ခြင်းတရားတော်ကို ထင်ရှားစေလျှင် အဘယ်သို့ဆိုရသနည်း။ ဘုရားသခင် ဒဏ်ပေးတော်မူလျှင် မတရားသောအမှုကို ပြုတော်မူသလော။ ထိုသို့ဆိုသော် လူ့ သဘောအတိုင်း ငါတို့၏ ထိုသို့မဟုတ်ရ။ ဟုတ်လျှင် လောကသားတို့ကို အဘယ်သို့ စစ်ကြောစီရင်တော်မူမည်နည်း။ ထိုမှတပါး ငါသည် ဂုဏ်ပျက် သောအားဖြင့် ဘုရားသခင်၏သစ္စာတော်သည် ဂုဏ်သရေတော်ကို တိုးပွား စေလျှင်၊ ငါ့ကို အပြစ်ရှိသောသူကဲ့သို့ အဘယ်သို့စီရင်သေးသနည်းဟု မေးမြန် လျှင် ကောင်းသောအကျိုးရှိစေခြင်းငှါ မကောင်းသောအကျင့်ကို ကျင့်ကုန်အံ့ဟု လူအချို့တို့သည် ငါတို့ကို ကဲ့ရဲ့လျက် ငါတို့စကားကို ပြန်ပြောသည်အတိုင်း ဆိုဦးမည်လော။ ငါတို့စကားကို ပြန်ပြောသည့်အတိုင်း ဆိုဦးမည်လော။ ထိုသို့ဆိုသော်ထိုသူတို့သည် ကိုယ့်အပြစ်ဒဏ်ကို ခံထိုက်ကြ ၏ (ရော ၃း၁-၈)။ 
တမန်တော် ရှင်ပေါလုက “သို့သော် ငါတို့၏ ဖြောင့်မတ်ခြင်းက ဘုရား သခင်၏ မြေဝင်မတ်ခြင်းကို ထင်ရှားစေလျှင် ဘယ်သို့ပြောရမည်နည်း။ ဘုရား သခင်သည် မဖြောင့်မတ်သော ဇာတိအားဖြင့် အသက်ရှင်သော လူသားကို အပြစ်အားဖြစ်သည် အထိစောင့်ရှောက်သောကြောင့် ဖြောင့်မတ်ရဲ့လား။ ရှင်ပေါလုသည် ညင်းပန်းနှိပ်ဆက်ခြင်းခံသောသူများ ထံသို့ ဤသို့ ပြောပါ သည်။ မိမိ၏အားနည်းချက်ပိုများလာလျှင် ဘုရားသခင်၏ ဖြောင့်မတ် ခြင်း အပြစ်မှ ကယ်ချွတ်ခြင်းများရမည် ဖြစ်ပါသည်။ ရှင်ပေါလုက အပြစ်ကျူးလွန်ပြီး ဖြောင့်မတ်ခြင်းသို့ ပြန်ရောက်နိုင်ကြောင်းကို အံ့သြသောသူများထံသို့ ပြော ထားပါသည်။ လူသား၏အားနည်းခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ် ခြင်းကို ထင်ရှားစေပါသည်။ လူသားများဇာတိအားဖြင့် သေသည်အထိ အပြစ် ကျုံးလွန် သောသူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတန်ခိုးကြီးခြင်းကို သူတို့၏ အားနည်းချက်အားဖြင့် ထင်ရှားစေပါသည်ဟု ဆိုပါသည်။ လူသားသည် ဇာတိ အားဖြင့် ဖြောင့်မတ်ခြင်းသို့ ရောက်နိုင်လျှင် ဘုရားသခင်၏ ဖြောင့် မတ်ခြင်း သည် အလဟသဖြစ်ပါသည်။ ထိုပြင် ဘုရားသခင်၏ ကူညီခြင်းသည် ၉၇ ဖြစ်ပြီး လူသား၏ ကြိုးစားခြင်းသည် ၃ ဖြစ်လျှင် လူသားဖြောင့်မတ်ခြင်းသို့ မရောက်နိုင်ပါ။ ယေရှုခရစ်သာလျှင် ကျုံးလွန်သော အပြစ်များကို ကယ်တင်နိုင် ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ ဖြောင့်မတ်ခြင်းသည် ဘုရားသခင်၏ ဖြောင့် မတ်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ဇာတိသည် နေ့စဉ်အပြစ်ကျုံးလွန်သည်နှင့် အညီ ပြည့်စြုံခင်းသို့မရောက်နိုင်ပါ။ လူသားများ၏ အပြစ်အလုံးစုံကို ယေရှုခ ရစ်တော်၏ ကယ်တင်ခြင်းအားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပို၍ထင် ရှားစေပါသည်။ ထို့ကြောင့် ရှင်ပေါလုက ကောင်းသော အကျိုးရှိစေခြင်းငှါ မကောင်းသော အကျင့်ကို ကျင့်ကြကုန်အံ့ဟု အချို့တို့သည် ငါတို့ကိုကဲ့ရဲ့လျက် ကျွန်တော်တို့ စကားကို ပြန်ပြောသည်အတိုင်း ဆိုဦးမည်းလော။ ထိုသို့ဆို သော သူတို့သည် ကိုယ့်အပြစ်ဒဏ်ကို ခံထိုက်ကြ၏ဟု(ရောမ ၃း၈) ဟု ဆိုထား ပါသည်။ 
ကျွန်တော်တို့သည် အသွေးသားအားဖြင့် ဖြောင့်မတ်ခြင်းသို့ ရောက် နိုင်ပါသလား။ အပြစ်ခွင့်လွတ်ခြင်းခံပြီးနောက် ဇာတိသည် ဖြောင့်မတ် ခြင်းသို့ ရောက်နိုင်ပါသလား၊ မရောက်နိုင်ပါ။ သို့သော်ဘုရားသခင်သည် ကျွန်တော်တို့ ကို ပြည့်စုံစွာ ကယ်တင်ပြီးခဲ့ပါပြီ။ ကျွန်တော်တို့အား ဘုရားသခင်က အပြစ်မှ ပြည့်စုံစွာကယ်တင်ပြီးဖြစ်သည်။ ကျွန်တော်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လျှင် အပြစ်နှင့်အတုရှိသေးသလား။ မရှိတော့ပါ။ မဖြောင့်မတ်သော် လည်း အပြစ်မရှိတော့ပါ။ 
ဘုရားသခင်က မဟုတ်မမှန်ဘဲလျက် ကျိန်ဆိုခြင်းကို မပြုရ။ ကျိန်ဆို ခြင်းကို ပြုသည့်အတိုင်း ထာဝရဘုရားရှေ့တော်၌ တည်စေလော ဟူသော ရှေး ပညတ်စကားကို သင်တို့ကြားရပြီ။ ငါ့ပညတ်သည်ကား ကျိန်ဆိုခြင်းကို အလျှင် မပြုရ ကောင်းကင်ဘုံကို တိုင်တည်၍ မကျိန်ရ။ ကောင်းကင် ဘုံကား ဘုရားသ ခင်၏ ပလ္လင်တော်ြဖစ်သတည်း မြေကြီးကို တိုင်တည်၍ မကျိန်ရ။မြေကြီးသည် ဘုရားသခင်၏ ခြေတော်တင်ရာ ဖြစ်သတည်း၊ ယေရုရှလင်မြို့ကို တိုင်တည်၍ မကျိန်ရ။ မဟာမင်းကြီး၏ မြို့တော်ဖြစ်သတည်း။ ဆံခြည်တပင်ကိုမျှ ဖြူစေ ခြင်း၊ မည်းစေခြင်းငှါ မတတ်နိုင်သော ကိုယ်ဦးခေါင်းကို တိုင်တည်၍ မကျိန်ရ။ သင်၏စကားမှာ မှန်သည်ကို အမှန်၊ မမှန်သည်ကိုမအမှန်ဖြစ်စေလော။ ဤ ထက်လွန်သော စကားသည် မကောင်းသောအရာနှင့်စပ်ဆိုင်၏ (မ ၅း၃၃-၃၇) ဟု ပြောကြားပါသည်။ ဇာတိက မြေကြီးကို ကျိန်ခြင်းသည် ထိုအရာကိုအပြစ်မှ လွတ်အောင် မထိမ်းနိုင်သောကြောင့် အပြစ်ဖြစ်သည်။ ထို့ကြောင့် မြေကြီးကို ကျိန်ပြီး အပြစ်မတင်ရပါ။ မိတ်ဆွေသည် ဘုရားသခင်ကို ယုံကြည်လျှင် မိတ်ဆွေကို ကူညီပြီး ဖြောင့်မတ်ခြင်းသို့ ရောက်စေနိုင်သည်။ 
အထင်အမြင်မှားယွင်းခြင်းသည် များပြားလှပါသည်။ ကျွန်တော်တို့ ထံသို့ အပြစ်ကင်လာသော အသွေးအသားရှိသည်နှင့်အညီ အသွေးသား အားဖြင့်စီရင်ခံတတ်သည်။ သို့ဖြစ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာ တရားကို မယုံကြည်ခြင်း၌ပါဝင်သောသူများထံ တရားစီရင်ခြင်း ကျွန်တော်တို့ တွင် တရားစီရင်ခြင်းနှစ်မျိုးရှိပါသည်။ ထို့ကြောင့်ထိုနှစ်မျိုးက ကျွန်တော်တို့ကို အုပ်ချုပ်ရန် ကြိုးစားလျက်ရှိပါသည်။ 
ကျွန်တော်တို့သည် ဇာတိအားဖြင့် ပညတ် တော်လိုက်ရန် ရည်ရွယ် ပြီး ထိုအရာကို ဇာတိအားဖြင့်စီရင်သည်။ “သင်သည် ဆက်လက်၍ အပြစ် ကျုံးလွန်လျှင်လည်း ဖြောင့်မတ်ပါသည်။” သင်၏ဇာတိသည် ၁၀ဝ မဖြောင့်မတ် လျှင် ဖြောင့်မတ်ခြင်းသို့ရောက်စေမည်ဟု ဇာတိကပြောပါ သည်။ ဇာတိတရား စီရင်ခြင်းသည် မိတ်ဆွေကို ကောင်းသော အထိမ်း အမှတ်ကို ပေးလျက်ရှိပါ သည်။  
မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားစီရင်ခြင်း သည် ကျွန်တော်တို့၏ အပြစ်ကို ၁၀ဝ ရှိသိရန် လိုအပ်ပါသည်။ ကျွန် တော်တို့သည် အပြစ်မှ ရွေးနှုတ်ကယ်တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့် လက်ခံယုံကြည်လျှင် ဖြောင့်မတ်ခြင်းသို့ ရောက်နိုင်ပါသည်။ ထို့ကြောင့် ဘုရားသခင်၏ကယ်တင်ခြင်းသတင်းကောင်းကို ယုံကြည်သူများသည် ဘုရား သခင်၏ ဖြောင့်မတ်ခြင်းကိုရပြီး ဘုရားသခင်ကို ယုံကြည်သော သူများသည် တကယ် အသက်ရှင်သူတို့သည် ဘုရားသခင်၏ အကူအညီအားဖြင့် ကောင်း ကြီးခံစားသည်။ ဖြောင့်မတ်သောသူများသည် ယုံကြည်ခြင်းအားဖြင့် အသက် ရှင်လိမ့်မည်။ ထိုအရာသည် မယုံကြည် သောသူများနှင့် ဇာတိအားဖြင့် အသက် ရှင်သောသူများ အသက်မရှင်နိုင်ကြောင်းကို ဖော်ပြပါသည်။ မိတ်ဆွေကို ဓာတ်ပုံတစ်ပုံ၏ အသေးစိတ်တစ်ပိုင်းကို ပြောပြချင်ပါသည်။ အသားရိုးကို အရိုးဖြူရသည့်အထိ ချက် သကဲ့သို့ မိတ်ဆွေကို ပြောကြား၍ ရှင်းပြချင်ပါသည်။  
 
 
ကျွန်တော်၌ ယုံကြည်ခြင်းလိုအပ်သည် 
 
သမ္မာကျမ်းစာကို သိခြင်းသည် အရေးကြီးသော်လည်း မည်သို့ အရေးကြီးခြင်းကို ယုံကြည်သနည်း။ အချို့သည် ဘုရားသခင်၏ ဖန်ဆင်း ခြင်းနှင့် ယေရှုသာလျှင် မိမိကယ်တင်ရှင်ဖြစ်ကြောင်းကို ယုံကြည်ကြသည်။ သူတို့သည် နေ့စဉ်လုပ်နေသောအပြစ်ကို နေ့စဉ် ဆေးကြောလိမ့်မည်ဟု ယုံ ကြည်ကြသည်။ မိမိတရားစီရင်ခြင်းကို ဇာတိ၏ပညတ်တော်အားဖြင့် ပြုလုပ်စီ ရင်လျက်ရှိပါသည်။ ကျွန်တော်တို့ ဘာကို ယုံကြည်သနည်း။ ဖြောင့်မတ်သော သူများသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ 
မိတ်ဆွေသည် ပျော်ရွင်ခြင်းအားဖြင့်သော်လည်းကောင်း၊ ဇာတိ ထင်မြင်ချက်အားဖြင့်သော် လည်းကောင်း၊ မိမိကိုယ်ကို တိုင်းတာပြီး မိမိ ဇာတိသည် မှန်ပါသည်။ (ဝါ) ဘုရားသခင်ကို ယုံကြည်ရန် အားနည်းသည် ဟု ပြောမည်လား။ မိတ်ဆွေသည် ယနေ့အတွက် ၈၀ (ဝါ) ၉၅ နှင့် သတ်မှတ်တိကျသောနေ့ရက်၌ ၅ ဟူ၍လည်းကောင်း၊ ငါသည် ကမ္ဘာ၌ မမွေး လျှင် ပိုပြီးကောင်းမည်ဟု မမိကိုယ်ကို ရမှတ်ပေးခဲ့ဖူးပါသလား။ မိမိကိုယ်ကို ရမှတ် ပေးခဲ့ဖူးပါသည်ဟု ထင်မိခဲ့ဖူးပါသလား။ ကျွန်ုပ်လည်း ထင်မိခဲ့ဘူးတယ်။  
ကျွန်တော် တခါတရံ တတတ်တအားလိုချင်ခဲ့ပါသည်။ အားပျော့သည့် အခါ၌ စဉ်းစားပြီးကျွန်တော်သည် ဘုရားသခင်ကို မယုံကြည်လျှင် ပိုကောင်း မည်။ ဘုရားတရားကြည်ညီသော အသက်တာရောက်နိုင်ရန် ခက်ခဲလှဟု ထင်မိခဲ့ပါ သည်။ ယခုထိတိုင်အောင် ကြောက်လျက်ရှိပါသည်။ ကျွန်တော်သည် လုပ်ခဲ့ပြီး သောအရာကို ကြည့်ခြင်းနှင့် လုပ်ရမည့်အရာ ကောက်နှုတ်ရာတွင် ကြောက်ရွံ့ လျက်ရှိနေပါသည်။ ကျွန်တော်သည် ယခု အချိန်ထိ ယုံကြည်ခြင်း အားဖြင့် အသက်ရှင်နေသောကြောင့် ချီးမွမ်းရန် ထိုက်တန်ပါသည်။ သို့သော် ဘုရားသခင်နှင့်အတူ လိုက်လျှောက် နိုင်မည် မဟုတ်တော့ပါ။ ဘုရားသခင်ကို စသိ သိချင်း မည်မျှစိတ်ထိခိုက် လာသနည်း။ သူများ၏ထင်မြင်ချက်နှင့် ကြောက်ရွံ့ ခြင်းကို သိရှိသောကြောင့် ဖြစ်ပါသည်။ ဘုရားသခင်ကို တိကျစွာ မသိမယုံ ကြည်ဘဲ နောက်တော်သို့ လိုက်ဖို့ရန် ကိုယ့်ကိုကိုယ် မယုံကြည်နိုင် တော့ပါ။ ဘုရားသခင် ပြည့်စုံသန့်ရှင်းကြောင်းကိုသိသောကြောင့်ပင် ဖြစ်ပါ သည်။ 
အို့သခင်၊ သခင့်နောက်ကို မလိုက်နိုင်တော့ပါဟု ကိုယ်ကိုကိုယ် မယုံ ကြည်နိုင် တော့ပါ။ ထို့ကြောင့် ဘုရားသခင်က ကျွန်တော်တို့ကို ကောင်းမွန်စွာ သိသည်နှင့်အညီ ယုံကြည်ခြင်းနှင့် အသက်ရှင်ရန် ပြောကြားပါသည်။ “ဖြောင့် မတ်သောသူ ကောင်းကြီးခံစားသကဲ့သို့ ယုံကြည်ခြင်းဖြင့် အသက်ရှင်ကြလော။ သင်တို့အပြစ်အားလုံးကို ယေရှုခရစ်က ရေနှစ်ခြင်းအားဖြင့် ဆေးပြီးခဲ့ပြီး။ သင်တို့ဇာတိကို ပညတ်တော်အားဖြင့် စီရင်လျှင် သင်တို့သည် နေ့စဉ်အပြစ် လုပ်ကြ၏။ အပြစ်မလုပ်ဘဲ အသက်မရှင်နိုင်ဟု မိမိကိုယ်ကို ဝန်ခံကြလော။ သင်တို့ ကယ်တင်ရှင်က သင်တို့၏ အပြစ်ကို ဆောင်ယူသွားလေပြီ။ ကယ်တင် ရှင်၏ အသေခံခြင်းအားဖြင့် ယူဆောင်သွားကုန်ပါပြီ။ သို့ဖြစ်လျှင် အပြစ်ရှိကြ သေးသလား (ဝါ) မရှိတော့ပါ။ ဘုရားရှင်က ကယ်တင်ခဲ့ပြီးပါပြီး။ ထိုအခါ မိုးတိမ်နှင့် မှောင်မိုက်ခြင်းသည် သင်၌ရှိသည်နည်းတူ နေ့အချိန်၌ ရောက်လာရ မည်။ ကျွန်တော်၏ဝိညာဉ်၌ အလင်းအဖြစ် ယနေ့ရှိပါပြီ။ 
 
 
ကျွန်တော်တို့သည် အပြစ်သားမဖြစ်နိုင်တော့ပါ 
 
ကျွန်တော်တို့သည် ဘုရားသခင်ကို ကြည့်လျှင်တောက်ပသော်လည်း ကာလကို စဉ်းစားလျှင် မျှော်လင့်ချက်မရှိသောသူဖြစ်ရမည်။ ထိုကြောင့် ဖြောင့် မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ မိတ်ဆွေသည် ထိုအရာကို ယုံကြည်နိုင်ပါသလား။ ယုံကြည်နိုင်ပါသည်။ ကျွန်တော်တို့သည် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ပြီး ယုံကြည်ခြင်းအား ဖြင့် အသက်ရှင်ပါသည်။ ဘယ်သူများက ယုံကြည်အားထားသနည်း။ ဘုရားရှင်ကို ယုံကြည်အားထား လျက် အသက်ရှင်နေပါသည်။ ဖြောင့်မတ်သောသူများသည် ယုံကြည်ခြင်းဖြင့် အသက်ရှင်နိုင်သည်။ မိတ်ဆွေသည် ထိုအရာကို ယုံကြည်နိုင်ပါသလား။ ယုံကြည်နိုင်ပါသည်။ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအားဖြင့် ဇာတိ ကို ကောင်းမွန်စွာ စွန့်နိုင်ပါသလား။ သွန်သင်ပေးနိုင်ပါသလား။ မထိန်းသိမ်းနိုင် ပါ။ ဇာတိသည် အပြစ်ကိုကျုံးလွန်သည့်အခါ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း သည် မဖြောင့်မတ်သောအရာဖြစ်သလား။ ကျွန်တော်တို့သည် အပြစ်သားပြန် ဖြစ်သေး သလား။ 
တမန်တော်ရှင်ပေါလုက ဂလာတိသြဝါဒစာစောင် (၂း၁၈) ၌ ထိုသို့ မဖြစ်နိုင်ရာ။ အထက်က ငါဖြိုဖျက်သောအရာကို နောက်တဖန် ငါတည် ဆောက်ပြန်လျှင် ကိုယ့်အပြစ်ရှိသည်ကို ကိုယ်ထင်ရှားညွန်ပြ၏ ဟူ၍ ရေးသား ထားပါသည်။ လူသားသည် မိမိအပြစ်အားလုံး ယေရှုခရစ်တော်၏ ရေနှစ်ခြင်း ခံခြင်းယေရှုခရစ် အသက်တော်အားဖြင့် စာရားစီရင်ခြင်းခံပြီးပြီဟု ယုံကြည် လျှင် အပြစ်သားမဖြစ်တော့ပါ။ ယေရှုခရစ်တော်သည် တစ်ကြိမ်သာလျှင် သန့်ရှင်းစေပြီး၊ အပြစ်ကင်းမဲ့စေသည်အကြောင်းနှင့် မိမိအပြစ်ကို ယေရှုခရစ် တော်က ယူဆောင်သွားပြီးပြီ ဆိုသောအကြောင်းကို မငြင်းပယ်သောသူတို့ သည်နောက် တစ်ကြိမ်အပြစ်သား မဖြစ်တော့ပေ။ ထိုအခါ မိတ်ဆွေသည် ရပြီးပြီလား။ ရပါပြီ။ 
ကျွန်တော်တို့ကို ကယ်တင်သော ဘုရားသခင်သည် ထာဝရအသက် ရှင်သောဘုရားဖြစ်ပါသည်။ ကျွန်တော်တို့ကို ဘုရားက ကူညီပြီး ကျွန်တော်တို့ နှင့်အတူ ကပ်ကမ္ဘာကုန်သည့်တိုင်အောင် အတူရှိလိမ့်မည်ဖြစ်ပါ သည်။ ဘုရား သခင်က ယုံကြည်ခြင်းအားဖြင့်အသက်ရှင်ကြသော သင်တို့သည် ငါ့ကို ယုံကြည်လျှင် သင်တို့ကို ငါအမြဲကူညီမည်။ ဒုတိယမွေးဖွား ခြင်းခံပြီး သောသူ တို့ကို ကောင်းကင်တမန်က တာဝန်ယူစောင့်ရှောက် မည်ဟု ဆိုပါသည်။ ဘုရားသခင်နှင့် လူသားတို့အကြားတွင် ကောင်းမြတ် သည့်အစေခံဖြစ်သည်။ ကောင်းကင်တမန်က ကျွန်တော်တို့ဖြစ်ပျက်သမျှကို ဘုရားရှင်ထံတော်ပါးသို့ အမြဲ တင်ပြလျှက်ရှိသည်။ ဘုရားသခင်သည် ကျွန်တော်တို့ကို သူ့သားသမီး အဖြင့် လက်ခံပြီးဖြစ်သည်။ ကျွန်တော်တို့ သည် ဇာတိအားဖြင့် အပြစ်သား ဖြစ်ကြသည်။ ဇာတိ၏ ကောင်းမှုပြုခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို့မ ရောက်နိုင်ပါ။ ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ခြင်းသို့ ရောက်နိုင်ပါသည်။ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ဘုရားသခင်သည် ကျွန်တော် တို့၏ သိုးထိန်း ဖြစ်ပါသည်။