တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[1-5] (ရော ၁း၁၈-၂၅) သမ္မာတရားကို ဆန့်ကျင်သောသူများ

(ရော ၁း၁၈-၂၅)
“သမ္မာတရားကို အဓမ္မဖြင့် ဆီးတားနှိပ်စက် သောသူတို့ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျုးခြင်းအမှု ၏တဘက်၌ ဘုရားသခင်၏ အမျက်တော်သည် ကောင်းကင်မှ ထင်ရှား လျက်ရှိ၏။ အဘယ် ကြောင့်နည်းဟူမူကား သိအပ်သော ဘုရားသခင်၏အ ကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အား ပြတော်မူပြီး။ အဘယ်သို့နည်းဟူမူကား ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအပြစ်တော် တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည် သရွေ့ ကာလပတ်လုံး ထင်ရှားလျက်ရှိ၏။ ထိုဖြစ်၍ သူတို့သည် ကိုယ့်အ ပြစ်ကို မဖုံးကွယ်နိုင်။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင် ဘုရားသခင်ကို ချီးမွမ်းသင့်သည့်အတိုင်းမချီးမွမ်း၊ ကျေးဇူး တော်ကို မသိမမှတ်၊ အချည်နှီးတွေ၊ ဆင်ခြင်သတိမရှိသော စိတ်နှလုံး မိုက် မဲခြင်းသို့ ရောက်ကြ၏။ ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌ တည်ကြ သည်ဖြစ်၍ မဖောက်ပြန် မဖျက်ဆီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကို ဖောက်ပြန်ပျက်စီးတတ်သော လူ၏ရုပ်တု၊ သားငှက်အစရှိ သော တွားသွား တတ်သောတိရစ္ဆန်၏ ရုပ်တုတို့ကို ဘုရားသခင်အရာ၌ ချီးမြှောက်ကြ၏။ ထို့ကြောင့် သူတို့သည် မိမိကိုယ် ကာယ၏အသက်ကို အချင်းချင်း ရှုတ်ချမည်အကြောင်း ဘုရားသခင်သည် သူတို့ကို သူတို့၏ စိတ်ညစ်ညူးခြင်း လက်သို့ အပ်လိုက်တော်မူ၏။ သူတို့သည် မှန်သော ဘုရားသခင်အရာ၌ အမှားကိုထားလျက် ဖန်ဆင်းသောသခင်ကို ပယ်၍ ဖန်ဆင်းအပ်သော အရာကို ဝတ်ပြုကိုးကွယ်သောသူဖြစ်ကြောင်း၊ ထိုသခင် သည် ထာဝရ မင်္ဂလာရှိတော်မူ၏။ အာမင်။
 
 
ဘုရားသခင်သည် အဘယ်သူ၌ အမျက်တော်ထွက်သနည်း 
 
တမန်တော်ရှင်ပေါလုသည် ကျွန်တော်တို့ ဝေငှသည့်ဒေသနာ ဟောပြောကြောင်းကို တွေ့ရှိရပါသည်။ မည်သူ၌ ဘုရားသခင်အမျက် တော် ထွက်သနည်း။ ဘုရားသခင်၏ တရားစီရင်ခြင်းသည် သမ္မာတရားကို မဖြောင့်မတ်သောနည်းဖြင့် ဖိနိပ်သောအပြစ်သားများနှင့် သမ္မာရားကို မိမိထင်မြင်ချက်အားဖြင့် ပိတ်ပင်တားဆီးသောသူများထံသို့ ကြရောက် သည်။ 
ရှင်ပေါလုက ဘုရားသခင်သည် သမ္မာတရားကို မဖြောင့်မတ်သော နည်းဖြင့် ဖိနှိပ်သောသူများကို အမျက်တော်ထွက်ကြောင်းကို ရှင်းလင်းစွာ ပြောပါသည်။ ထိုသူများကို ဘုရားသခင်တရားစီရင်လိမ့်မည်။ မည်ကဲ့သို့ အမျက်တော်ထွက်သနည်းဟူမူကားထိုသူမျး၏ဇာတိသွေးသားနှင့် ဝိညာဉ် များကို ငရဲထဲသို့ ချပစ်လိမ့်မည်။ ကျွန်တော်တို့သည် လူတိုင်းမှာ ဝိညာဉ် ရှိကြသောကြောင့် ဝိညာဉ်သာလျှင် တရားစီရင်ခြင်းခံမည်ဟု မထင်သင့်ပါ။ ထိုကြောင့် ဘုရားသခင် က ကိုယ်ခန္ဓာ၊ ဝိညာဉ်နှင့်အတူတရားစီရင်မည်။ သမ္မာတရားကို လောက ထင်မြင်ချက်အားဖြင့် ပိတ်ပင်တားဆီးသောသူ တဦး ရှိပါသည်။ ဘုရားသခင်၏ ဒေါသနှင့်တရားစီရင်ခြင်းသည် ဘုရားသ ခင်ကို မကြောက်ဘဲ ခိုင်မာသော အပြစ်စိတ်အားဖြင့် အသက်ရှင်သောသူ များထံသို့ ကျရောက်မည်။ 
ရှင်ပေါလုသည်ရောမသြဝါဒစာစောင်၁း၁၇၌ဖြောင့်မတ်သောသူ များသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်ဟုပြောထားပါသည်။ နောက်တဖန် ဘုရားသခင်ကို မိမိအပြစ်အားဖြင့် သမ္မာတရားကို ပိတ်ပင် တားဆီးသောသူများထံ၌သာလျှင် ကျရောက်မည်ဟု ပြန်ပြောပါသည်။ 
 
 
ဘုရားသခင်သည် မယုံသောသူများ၌ အမျက်တော်ထွက်သည် 
 
ဘုရားသခင်သည် လောကလူသားများအား သမ္မာတရားကို လုံလောက်စွာ ပေးတော်မူခဲ့ပါသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသမ္မာ တရားသည် လောကလူသားအားလုံးအတွက် ဖြစ်ပါသည်။ ထို့ကြောင့် ဘုရား သခင်၏ ချစ်ချင်းမေတ္တာကို လျစ်လျူရှုခြင်းကြောင့် ခွင့်လွှတ်ခြင်းမ ရှိပါ။ ဘုရားသခင်၏ ဒေသနာသမ္မာတရားကို မယုံကြည်ဆန့်ကျင်သောသူ များကို တရားစီရင်မည်။ 
ဒေသနာသမ္မာတရားနှင့် ချစ်ခြင်းမေတ္တာ မရှိသောသူများကို စဉ်စားကြပါစို့။ ဘုရားသခင်သည်ရေ၊မြက်၊ သစ်ပင်၊ ကောင်းကင်ငှက်နှင့် အရာ အားလုံးတို့ကို ဖန်ဆင်ကြောင်းတွေ့ရပါသည်။ ဘုရားသခင်၏ ဖန် ဆင်းခြင်း မရှိလျှင် ထိုအရာအားလုံးသည် တည်ရှိနိုင်မည်လော။ သမ္မာ ကျမ်းစာက အိမ်မည်သည်ကား၊ တစုံတယောက်သောသူ ဆောက်သော ကြောင့်ဖြစ်၏။ အလုံးစုံတို့ကို တည်ဆောက်သောသူကား၊ ဘုရားသခင်ပေ တည်း (ဟေ ၃း၄) ဟု ပြောကြားပါသည်။ ဘုရားသခင်နှင့် သမ္မာတရား မယုံကြည်ခြင်းသည် အပြစ်ဖြစ်သလော။ 
ထို့ကြောင့် ဘုရားသခင်က အပြစ်သားခွင့်လွှတ်ခြင်းနှင့် ကျေးဇူး တော်ကို မယုံကြည်သောသူများ တရားစီရင်ခြင်းသည် အတည်ဖြစ်ပါ သည်။ ထိုသူတို့သည် တဖြည်းဖြည်း ပြောင်လဲသောအယူအဆကို အခိုင်အ မာ ပြောဆိုသည်။ ထိုသူတို့သည် လောကအပြောင်းအလဲသာဖြစ်သည်ဟု ဇွက်လုပ်သည်။ ထိုသူတို့သည် ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာသော ဗိမာန် ခေါ်အရာတစ်ခုသည် ၁၅ သန်းနှစ် မတိုင်ခင်ကဖြစ်ပြီး ထိုအရာမှ လူသား များတည်ရှိလာသည်ဟု ယူဆကြသည်။ သူတို့က လူသည် အစဉ် ခြေလေး ချောင်းသတ္တဝါ (ဝါ) ငါးမှ ပြောင်းလဲပြီး လူဖြစ်လာသည်ဟု ပြောကြပါ သည်။ ထိုထင်မြင်ချက်သည် မှန်ခဲ့လျှင် လူသားဖြစ်ပြီး အနှစ် ၂၀ဝ၀ ကျော်ကြာလာလျှင် တစ်ခြားဘဝတမျိုးသို့ ပြောင်းလဲလာမည်ဖြစ် ပါသည်။ 
အဘယ်သို့နည်းဟူမူကား ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအမျက်တော်တည်းဟူ သော မျက်မြင်မရသောဘုရားသင်၏ အရာတို့သည် ကမ္ဘာတည်သည့်ကာ လမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထို့ကြောင့်သူတို့သည် အပြစ်ကို မဖုံးနိုင်ပါ။ (ရောမသြဝါဒစာ ၁း၂၀)။ လူသားသည် ဘုရားရှင် ဖန်ဆင်းသောအရာကို မျက်မြင်သော်လည်း ဘုရားသခင်ကို ငြင်းပယ်ကြ၏။ မယုံကြည်သော သူများကို ဘုရားသခင်သည် အမျက်တော်ထွက်လျက်ရှိ၏။ လူပေါင်းများ စွာသည် ဘုရားသခင်ကို ကျေးဇူးမတင်၊ မချီးမွမ်းသောကြောင့် သူတို့ထင် မြင်ချက်သည် အရာမထင်ဖြစ်လာခဲ့သည်။ ထိုအခါ၌ သူတို့မိုက်မဲသော စိတ်၌ မှောက်မိုက်ခြင်း ပြည်စုံခြင်းအားဖြင့်သော်လည်းကောင်း၊ လူမိုက် ဖြစ်လာသော ဘုရားသခင်၏ ချီးမွမ်းခြင်းကို ပျက်စီးနိုင်သော လူသား၊ ငှက်၊ ချီးမွမ်းခြင်းကို ပျက်စီးနိုင်သောသတ္တဝါနှင့် တွားသွားသတ္တဝါများ ပုံရိပ်အဖြစ်ပြောင်းလဲခြင်းအားဖြင့်သော်လည်းကောင်း၊ အသက်ရှင်လျက် ရှိ၏။ ဘုရားသခင်၏ တရားစီရင်ခြင်းသည် ထိုသူများကို စောင့်လျောက်ရှိ ပါသည်။ ယေရှုခရစ်တော်ကို ယုံကြည်သော်လည်း ဒုတိယမွေးဖွားခြင်းမ ခံသော သူများသည်လည်း တရားစီရင်လိမ့်မည်။ 
 
 
ဘုရားသခင်သည် မယုံကြည်သောသူများကို ကိလေသာ လက်သို့ အပ်ခဲ့၏ 
 
“ထို့ကြောင့် သူတို့သည် မိမိတို့ကိုယ်ကာယ၏ အသရေကို အချင်း ချင်းရှုံ့ချမည့်အကြောင်း၊ ဘုရားသခင်သည် သူတို့ကို သူတို့၏ ကိလေသာ စိတ်ညစ်ညူခြင်းလက်သို့ အပ်လိုက်တော်မူ၏။ သူတို့သည် မှန်သောသခင် အရာ၌ အမှားကို ထား၍ ဖန်ဆင်းရှင်ကို ပယ်ကြ၏။ ထိုသခင်သည် ထာဝရ မင်္ဂလာရှိတော်မူ၏။ အာမင်။ ထိုသို့ပြုသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဘွယ်သောကိလေသာလက်သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား မိန်းမတို့သည် ပကတိထုံးစံကို စွန့်၍ ဆန့်ကျင် ဘက်ထုံးစံကို လိုက်ကြ၏။ ထိုအတူ ယေင်္ကျားတို့သည်လည်း မိန်မနှင့် ဆက်ဆံခြင်း ပကတိထုံးစံကို စွန့်၍ အချင်းချင်း ကိလေသာစိတ်ပူလောင် သဖြင့်၊ ရှက်ကြောက်ဘွယ်သောအမှု ကို ယောင်္ကျားချင်းပြုလျက်၊ မိမိတို့ မှားယွင်းခြင်းနှင့် အလျှောက်မိမိတို့ အပြစ်ဒဏ်ကိုခံရကြ၏” (ရောမ ၁း၂၄-၂၇)။
ထိုစာပိုဒ်သည် မည်သည့်အရာကို ဖော်ပြသနည်း။ ဘုရားသခင် သည် မိမိလက်ဖြင့် ပြုလုပ်သောအရာကိုးကွယ်သောသူများကို အပြစ်သား အဖြစ်သတ်မှတ်သည်။ ထိုသူများကိုလည်းစာတန်လက်သို့ အပ်လိုက် သည်။ ဘုရားသခင်သည် ဘာမဆိုလုပ်ပိုင်ခွင့်ရှိသည်။ ထို့ကြောင့် ကျွန် တော်တို့ ကယ်တင်ခြင်းသို့ ရောက်ဘို့အလိုငှါ ဘုရားသခင်ကို ယုံကြည်ကြ ရပါမည်။ အဘယ်သို့နည်းဟူမူကား မိန်းမတို့သည် ပကတိထုံးစံကို စွန့်၍ ပကတိနှင့်ဆန့်ကျင်သောထုံးစံကို လိုက်ကြ၏။ ထိုအရာသည် ဘုရားသခင် ကို ငြင်းပယ်ပြီး အေအိုင်ဒီအေစ်ရောဂါကို ကူးဆက်ချင်သည်နှင့်တူသည်။ 
ဘုရားသခင်သည် လူသားများကို သဘာဝအသုံးနှုန်းပေးတော်မူ ၏။ ယောင်္ကျားသည် မိန်းမတစ်ယောက်နှင့်သာနေရမည်။ မည်သို့ပင်ဖြစ် စေ ယောင်္ကျားချင်းပြစ်မှားခြင်းနှင့် မိန်းမချင်းပြစ်မှားခြင်းသည် ဘုရားသ ခင် ပေးတော်မူသောသဘာဝကို ငြင်းပယ်ခြင်းဖြစ်ပါသည်။ ရောမသြဝါဒ စာ စောင်ကို ၁၉၀ဝ မတိုင်မှီ ရေးခဲ့ပါသည်။ ရှင်ပေါလုသည် သဘာဝအဖြစ် အသုံးပြုခြင်းကို ငြင်းပယ်သောသူများသည် လိင်အားဖြင့် အပြစ်အဖို့ အခပေးဆပ်ရမည်။ ဘုရားသခင်၏စကားသည် ယနေ့တွင် ပြည့်စုံနေ ပါသည်။ ကျွန်တော်တို့ အေအိုင်ဒီအစ်ရောဂါသည် လိင်ဖြစ်မှ ကူးစက် လွယ်၍ ကူးဆက်ရောဂါဖြစ်ပါသည်။
ထိုရောဂါသည် သူတို့၏ လိင်ဆက် ဆံခြင်းအပြစ်၏အခကို ပေးဆပ်ခြင်းကို ပြည့်စုံလာပြီးဖြစ်ပါသည်။ ဘုရားသခင်၏ ဒေါသသည် လိင်ဆက်ဆံခြင်း သဘာဝကို ကျူးလွန်သောသူများ ထံသို့ ကျရောက်၏။ သူတို့သည် အေအိုင်ဒီအစ်ရောဂါ၏အပြစ်အခကို မယုံကြည်ခြင်းမှ ကူးစက် ခြင်းဖြစ်လာသည်။ ဘုရားသခင်သည် မယုံကြည်သောသူများထံသို့ အပြစ် တင်တော်မူသည်။ ထိုသို့အားဖြင့် ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံရသည်။
 
 
သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဆန့်ကျင်ဘက် ပြုသော လူတို့ ဖြစ်ကြသည် 
 
“သူတို့သည် အလုံးစုံသောဓမ္မကျင့်ခြင်း၊ မတရားသော မေထုန်ကို ပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ ငြူစူခြင်း၊ မနာလိုခြင်း၊ လူ့အသတ်ကို သတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတစ်ပါးကို မြင်ပျင်းခြင်းတို့နှင့် ပြည့်စုံသောသူ၊ ချောစားသောသူ၊ ဆဲရေးသောသူ၊ ဘုရားသခင်ကို မုန်းသောသူ၊ ကြမ်းတမ်းသောသူ၊ မာနတောင်လွှားသော သူ၊ ဝါကြွားသောသူ၊ မတတ်ကောင်းသောအတတ်ကို စီရင်သောသူ၊ မိဘ စကားကို နားမထောင်သောသူ၊ သတိမရှိသောသူ၊ သစ္စာပျက်သောသူ၊ မိဘသားမယားစသည်တို့ကို မချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနား ခြင်းကရုဏာစိတ်မရှိသောသူ ဖြစ်ကြ၏။ ထိုသို့ ကျင့်သောသူတို့သည် သေပြစ်ကို ခံလိုက်သည် သိလျက်ပင် ကိုယ်တိုင်ကျင့်သည်သာမက၊ ထိုသို့ ကျင့်သောသူတို့၌ အားရဝမ်းမြောက်ကြ၏။” (ရောမ ၁း၂၉-၃၂) 
ထိုသို့ကျင့်သောသူများက ထိုသို့ကျင့်သောသူများထံသို့ ဘယ်လို လုပ်ကြသလဲ။ တဦးနှင့်တစ်ဦးသဘောတူကြသည်။ ဘုရားသခင်၏နှုတ် ကပတ်တော်ကို ယုံကြည်ပြီး ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မယုံကြည် သောသူများ ဘယ်လိုဖြစ်သနည်း။ သူတို့သည် ဖြောင့်မတ်ခြင်းကို ငြင်း ပယ်၍ သင်သည် လောက၌ နေဆဲဖြစ်သည် ဟုပြောကြ၏။ ထိုသူတို့သည် ယေရှုကို ယုံကြည်ပြီးနောက် ဖြောင့်မတ်သောသူသည် ဖြောင့်မတ်ခြင်း အတွက် အနှိုပ်အစက်ခံသည်။ ထိုသူတို့သည် ကောင်းကြီးရသည်။ သူသား သည်ဇာတိအားဖြင့် အံ့သြသောသူများကို ကိုယ်ချင်းစာသည်။ မည်သို့ပင် ဖြစ်စေ ထိုသူတို့သည် အပြစ်ကို ရည်ရွယ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်း နှင့် ဘုရားသခင်၏အပြစ်မှ ကယ်တင်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို့ ရောက်သည်ကို ငြင်းပယ်ကြသည်။ ဒီအကျင့် ကျင့်သောသူသည် သမ္မာတ ရားနှင့် ဘုရားသခင်ကို မယုံကြည်နာမခံသောကြောင့် အပြစ်၏အစေခံ ကျွန်နှင့် တူပါသည်။
     ထို့ကြောင့် စာတန်နှင့် မယုံကြည်သောသူများက ပြည့်ဝသော အပြစ်မှခွင့်လွတ်ခြင်းကို ရောက်နိုင်၍ သူကိုယုံကြည်ခွင့်ရှိသော်လည်း ဖြောင့်မတ်ခြင်းနှင့် အပြစ်ကင်းရှင်ခြင်းအသက်တာဖြင့် မရှင်နိုင်ပါဟု ပြော ကြသည်။ နားမထောင် ဘုရားသခင်၏စကားကိုသူများနှင့် မယုံကြည် သောသူများက ဘုရားသခင်ကို စိတ်နှလုံး၌ ရှိခြင်းသည် အပြစ်ဖြစ်သည်ဟု ထင်မှတ်သောကြောင့် ထိုသူတို့သည် ငရဲသွားရမည်။ လူသားသည် ခရစ်ယာန်ဖြစ်ပြီးမှ ဘုရားသခင်ကို မသိ၍ မယုံကြည်သောသူများသည် ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ ထိုသူတို့သည် စာတန်နှင့် အပြစ်ကို ကိုးကွယ်ကြသည်။ ဘုရားသခင်ကို ယုံကြည်ပြီး ဒုတိယမွေးဖွားခြင်း မခံသောသူများသညိ ထိုသူတို့နှင့်တူသည်။ ကမ္ဘာပေါ်မှာ သာမန်ခရစ်ယာန် ဖြစ်ပြီး ဒုတိယ မွေးဖွားခြင်းမခံသော ခရစ်ယာန်များပြား လှပါသည်။ ယေရှု ခရစ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ယုံကြည်သော၊ သူဘုရားသခင်၏ သမ္မာ တရားကို ငြင်းပယ်ပြီး ယေရှုဘုရားက မိမိအပြစ်မှ ရွေးနှုတ်၍ သူ့ကို ယုံကြည်ခြင်းအားဖြင့် သန့်ရှင်းခြင်းသို့ရောက်ပြီဟု ပြောကြသောသူများကို ဆန့်ကျင်ကြသည်။ 
 
 
ဒုတိယမွေးဖွားခြင်းမခံသောသူများသည် ဒုတိယမွေးဖွားခြင်း ခံသောသူ များကို ဆန့်ကျင်ကြသည် 
 
တမန်တော်ရှင်ပေါလုကဲ့သို့ သမ္မာတရားကို နှိပ်စက်သောသူများ ကို ဘုရားသခင်သည် ဒေါသထွက်သည်။ နောက်တဖန် ဘုရားသခင်၏ တရားစီရင်ခြင်းသည် ကောင်းကင်မှဆန့်ကျင်သော သူ့ကို မယုံကြည်သူ များထံနှင့် မဖြောင့်မတ်သောသူများထံသို့ ကျရောက်ကြောင်းကို ဖော်ပြ သည်။ အရာရာတိုင်းသည် သမ္မာတရားအတိုင်း ပြုလုပ်ခဲ့သည်။ သမ္မာ တရားသည် ဘုရားသခင်က ကျွန်ုပ်တို့အပြစ်အာလုံး ဖုံးကွယ်ခြင်းကို ခေါ်သည်။ ဘုရားသခင်၏ တရားစီရင်ခြင်းသည် သမ္မာတရားကို ဆန့်ကျင် ပြီး ပိတ်ပြင်တားဆီး သူတို့ထံသို့ ကျရောက်မည်။ ဘုရားသခင်သည် ယုံကြည်သော်လည်း ဒုတိယမွေးဖွားခြင်းခံသောသူများကို တရား စီရင်မည့် အကြောင်းကိုလည်း ကျမ်းစာလေ့လာခြင်းအားဖြင့် သိရှိနိုင်ပါသည်။ ဘုရား သခင်သည် သူ့ကို ယုံကြည်သော်လည်း ဒုတိယမွေးဖွားခြင်း မခံသောသူ များကို တရားစီရင်လိ့မ်မည်။ ယုံကြည်သူဒုတိယမွေးခြင်း မခံသောသူသည် မနာလိုစိတ်ရှိဖို့ ကုန်းတိုက်ခြင်းနှင့်တူသည်။ ငရဲသို့ သွားမည်ဖြစ်ပါသည်။ ဘုရားသခင်သည် သူတို့ကို သူပိုပေးလိုက်သည်။ သူတို့သည် အချင်းချင်း ကောလဟာလနှင့် မနာလိုစိတ်ဖြင့်ပြည့်ဝသည်။ အပြစ်သားများ အချင်း ချင်းလျိုဝှက်လိုစိတ် ကတ်သောသူများကိုလညး် တရားစီရင်ခြင်းခံရမည်။ အပြစ်ခွင့်လွှတ်ခြင်း ရရှိသောတရားစီရင်ခြင်းခံရမည်။ ကျွန်တော် ပြောဆိုချင်သည်ကို နားလည်သလား။ သူများကို ကိုယ်ချင်းစာရမည်။ ထိုသူတို့သည် ဘုရားသခင်ကို မိမိသသော ကောလဟလအားဖြင့် ဆန့်ကျင်သည်။ အပြစ်မရှိခြင်းသည် ထူးဆန်းပါသည်။ထိုအရာသည် ထူး ဆန်းလှပါသည်။ 
ဘုရားသခင်၏ တရာစီရင်ခြင်းသည် သူ့ကို အဆိုးအားဖြင့် ဆန့် ကျင်သောသူများထံသို့ ကျေးဇူးတင်သည်။ သူတို့သည် ကောလဟလ ပြော သောသူများနှင့် သူများမကောင်းကြောင်းကို ပြောသောသူများ ကောင်းနိုင် ရန် ဝန်ခံသည်။ ခရစ်ယာန်ဖြစ်သော်လည်း ဒုတိယမွေးဖွားခြင်း မခံသော သူများသည် ဖြောင့်မတ်သောအရာကို ဝေဖန်ပြောဆိုသည်။ သူတို့သည် အကျင့်ဆိုးမွေးထားခဲ့သည်ကို သိခဲ့သလား။ သူတို့သည် တခြားထံသို့ အကျင့်ဆိုးအားဖြင့် ဆက်ကပ်သည်။ ထိုသူတို့သည် ဖြောင့်မတ်ခြင်းကို ဝေဖန်၍ မုန်းပြီး သူတို့ကို မာနထောင်လွှာ၍ အကျင့်ဆိုးကို မွေးထုတ် သည်။ သူတို့သည် ဤကဲ့သို့ အမှန်တရားကို ကြွေးကြော်ကြသဖြင့် ယေရှုဘုရားကို ယုံကြည်ပါစို့။ ဖြောင့်မတ်သော ယုံကြည်ခြင်းရှိကြပါစို့၊ လောကအလင်း ဖြစ်ကြပါစို့ဟု အော်ဟစ်ကြသည်။ တစ်ယောက်တည်း အပြစ် မလုပ်နိုင်သောကြောင့် အချင်းချင်းအားဖြင့် စည်းလုံးကြသည်။ 
ထိုကြောင့် ဘုရားသခင်က ဆာလံကျမ်း ၈၁း၄ ၌ ကောင်းကင်ဘုံ၌ ထိုင်တော်မူသောသူသည် ပြုံး၍ ထာဝရဘုရားသည် သူတို့ကို ကဲ့ရဲ့တော် မူသည်။ လောကဘုရားတို့သည် ဘုရားသခင်ကို ဆန့်ကျင်ကြသောကြောင့် မိန့်တော်မူ၏။ အို၊ ရယ်စရာကြီး၊ သင်တို့ဘယ်လောက်ပဲငါ့ကို ကန့်ကွက်ပါ။ ဘယ်အရာမှ ပြောင်းလဲမှာမဟုတ်ပေ။ သင်တို့သည် ငါ့ကို လက်ပေးသည်။ ရယ်စရာကောင်းသောကြောင့် ဘုရားသခင်သည် တရား စီရင်ခြင်းကို စောင့်မျှော်နေပါသည်။ 
 
 
ဖြောင့်မတ်သောသူကို တရားစီရင်သောသူသည် ဘုရားသခင်၏ တရားစီရင်ခြင်းခံရမည် 
 
ဘုရားသခင်၏ သမ္မာတရားနှင့် ဒုတိယမွေးဖွားခြင်းမခံသောသူ များသည် အပြစ်ကျူးလွန်သည်။ ဒုတိယမွေးဖွားခြင်းခံပြီးသောသူများ သည်လည်း မနာလိုခြင်းနှင့် မပြည့်စုံခြင်းကို ကတိတော်အသွေး အားဖြင့်ရှိ ကြပါသည်။ မည်သို့ပင်ဖြစ်စေထိုအရာနှင့် အမှန်တကယ် မတူပါက ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် သမ္မာတရားကို ဘုရားသခင်အားဖြင့် ရရှိခဲ့ သည်။ မည်သူပင်ဖြစ်စေ ထိုသူတို့သည် ဘုရားသခင်ကို လုံးဝ မယုံကြည် ပေ။ ထိုသူများသည် အမှန်တရားနှင့် ဘုရားသခင်၏သမ္မာတရားကို ပုန် ကန်ကြသည်။ သူတပါးကို စစ်ကြောစီရင်တတ်သောသူ၊ သင်သည် ကိုယ်အပြစ်ကို မဖုံးနိုင်၍ အကြောင်းမူကား သင်သည် ဆေးကြောစီရင် သော အမှုကိုပင် ကိုယ်တိုင်ပြုသည်ဖြစ်၍ သူတစ်ပါးကို ဆေးကြောစီရင် သည်တွင် ကိုယ်အပြစ်ရှိကြောင်းကို စီရင်ဆုံးဖြတ်ရာရောက်၏ (ရောမ ၂း၁)။ 
တမန်တော်ရှင်ပေါလုသည် ယုဒလူမျိုးများနှင့် ခရစ်ယာန် ဒုတိယ မွေးဖွားခြင်းမခံသောသူ ပညတ်တရားကို ဆန့်ကျင်သောသူများထံသို့ ပြောကြပါသည်။ ထိုသူတို့သည် အချင်းချင်းစစ်ကြောစီရင်းလျက်၊ သူ အသက်ကို မသတ်ရ။ တခြားမိန်းမနှင့် အပြစ်မလုပ်ရ။ မခိုးရ။ ဘုရားသခင် လုပ်ငန်းကိုသာ ထမ်းဆောင်ပါဟု သူတို့ကိုယ်တိုင် ပညတ်တော်မလိုက် သော်လည်း အချင်းချင်းစစ်ကြောစီရင်ကြ၍ ဘုရားသခင် ကိုယ်တော်တိုင် နှင့် လူသားသမီး ဒုတိယမွေးဖွားခြင်း ခံပြီးသောသူများသာလျှင် ဘုရား သခင်၏ နှုတ်ကပတ်တော်အားဖြင် စီရင်လို့ရပါသည်။
ထိုသူများသည် အမှန်တရားကို စိတ်တင်သည့်အတိုင်း စီရင် သော ကြောင့် အပြစ်စီရင်ခြင်းခံရမည်။ ဘုရားသခင်သည် ဒုတိယမွေးဖွား ခြင်းခံ သောသူများ၊ ယုဒလူမျိုးနှင့် တပါးအမျိုးသားများကို တရားစီရင်မည် ဖြစ်ပါသည်။ ဒုတိယမွေးဖွားခြင်းမခံဘဲ တခြားသူများထံသို့ မယုံကြည်လျှင် ငရဲရောက်မည့်အကြောင်း၊ ယုံကြည်လျှင် ကောင်းကင်ဘုံသို့ တတ်ရောက် မည်ဖြစ်ကြောင်း ပြောဆိုသူအား ဒေါသထွက်ခြင်းဖြင့် အသက်ရှင်သောသူ သည် ယုံကြည်ခြင်းဖြင့် အသက်ရှင်သော ပုဂ္ဂိုလ်ဖြစ်ပါသည်။ ကျွန်ုပ်တို့ သည် ခွဲခြားတတ်ရမည်မှာ ဘုရားသခင်ကို မယုံကြည်နိုင်သော သူများနှင့် ဒုတိယမွေးဖွားခြင်း မခံသေသောသူများသည် မိမိယူဆချက်အားဖြင့် ယုံကြည်ကြသည်။ 
သို့သော် ဘုရားသခင်သည် ထိုသူများကို တရားစီရင် လိမ့်မည်။ ထိုသူတို့သည် မိမိကိုယ်ကို မိမိယူဆချက်အားဖြင့် တရားစီရင် သည်ကို မသိကြပေ။ အို၊ သင်တို့အပြစ်မှ ခွင့်လွတ်ခြင်းမပါဘဲ အမှန်တရားကို စီရင်သူ၊ မှားယွင်းသော ယုံကြည်ခြင်းရှိသူ၊ ဘုရားသခင်၏ကျေးဇူးတော် အမှန်တရားကို လက်ခံမရရှိသောသူများ တရားစီရင်ခြင်းမှ လွတ် မြောက် နိုင်မည်လို့ ယုံကြည်လော။ ထိုသူများကို တရားစီရင်လိမ့်မည်။ 
 
 
ဘုရားသခင်၏ တရားစီရင်ခြင်းသည် မှန်ကန်သောတရား စီရင်ခြင်းဖြစ် သည် 
 
“ဘုရားသခင်သည် ထိုသို့ပြုသောသူတို့ကို စီးရင်တော်မူခြင်း အရာသည် သမ္မာတရားနှင့် ညီသည်ကို ငါတို့သိကြ၏” (ရောမ ၂း၂)။ကျွန်ုပ် တို့သည် ဘုရားသခင်၏တရားစီရင်ခြင်းသည် သမ္မာတရားအားဖြင့် ဖြစ် ကြောင်း ဒုတိယမွေးဖွားခြင်းမခံဘဲ သူများအပြစ်ကို စီရင်စစ်ကြောတတ် သောသူများကို တရားစီရင်မည့်အစား အမှန်တရာသိရှိရပါသည်။ ကျွန်ုပ်တို့ ဘုရားသခင်သည် ထိုသူများကို သမ္မာတရားအားဖြင့် တရားစီရင်ပြီး ငရဲသို့ပို့လိုက်တော်မူ၏။ ဘုရားသခင် သမ္မာတရားသည် မှန်ကန်ပြီး သူ၏ တရားစီရင်ခြင်းသည်လည်း တိကျသောကြောင့် အပြစ်သားများကို ငရဲသို့ ပို့တော်မူ၏။ ဘုရားသခင်သည် တချို့သောသူကို ချစ်၏။ 
တချို့သောသူကို အစဉ်အမြဲမှန်၏။ ဤကမ္ဘာမတည်မရှိမီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ ကောင်းကင်ဘုံနှင့်ဆိုင် သောအရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့ အားပေးသနားတော်မူသော ငါတို့သခင်ယေရှုခရစ်၏ခမည်းတော် ဘုရား သခင်သည် မင်္ဂလာရှိတော်မူစေသတည်း (ဧဖက် ၁း၄)။ ဘုရားသခင်က မိမိအပြစ်ကို ယူဆောင်သွားခြင်း ယုံကြည်သော သူတိုင်း အပြစ်မှခွင့်လွတ် ခြင်းကို ရရှိစေမည်။ ဘုရားသခင်သည် အမွေအားဖြင့် ထိုအရာတို့ကို ပေး တော်မူ၏။ ထို့ကြောင့် ယေရှုခရစ်တော်ကို ယုံကြည်၍ ဒုတိယမွေးဖွားခြင်း မခံသောသူများအားလုံးသည် ငရဲသို့ သွားရလိမ့်မည်။ သူတို့သည် ဘုရားသ ခင်၏ သမ္မာတရား၊ မှန်ကန်သော တရားစီရင်ခြင်းအားဖြင့် ငရဲသို့သွား လိမ့်မည်။ 
ဘုရားသခင်၏ တရးစီရင်းခြင်းအပြစ်သားများ ငရဲသို့ပို့ခြင်းသည် အမှန်တရားဖြစ်၏။ ဘာကြောင့်လဲ။ ထိုသူတို့သည် ဘုရားသခင်၏ ကယ် တင်ခြင်းကျေးဇူးကို မယုံကြည်ပြီး ဘုရားသခင်၏ ကြီးမြတ်သော ချစ်ခြင်း မေတ္တာကို ငြင်းပယ်သောကြောင့် ဖြစ်ပါသည်။ ဒုတိယမွေးဖွားခြင်း မခံ သောသူများ ငရဲထဲသို့ ပို့ဆောင်ခြင်းသည် ဘုရားသခင်၏သမ္မာ တရားဖြစ် သည်။ 
တချို့လူတွေက ဘုရားသခင်သည်တိုင် အဘယ်ကြောင့် သတင်း ကောင်းကို မဝေငှခဲ့သနည်း။ မဝေငှခဲ့ဘူးလာ။ ဘုရားသခင်သည် သတင်း ကောင်းကို အကြိမ်ပေါင်းများစွာ ဝေငှခဲ့ပါပြီ။ ကယ်တင်ခြင်းသို့ ရောက်ရှိ လိမ့်မည်။ မိမိမျက်စိကို ကျယ်ကျယ်ဖွင့်ကြည့်၊ ဒီကမ္ဘာအသင်းတော်များ များက သတင်းကောင်းကို ဝေငှပါသည်။ မည်သို့ပင်ဖြစ်စေ မိမိကိုယ်တိုင် ရှာဖွယ်မှသာလျှင် ရရှိမည်ဖြစ်ပါသည်။ ကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ ရှာမှသာလျှင် ရရှိမည်ဖြစ်ပါသည်။ ကျွန်တော် ဒုတိယမွေးဖွားခြင်းမခံခင် ဒေသနာရှင်တရားဟောပြီးနောက် ဤကဲ့သို့ ဆုတောင်းခဲ့ပါသည်။ အို၊ ဘုရားသခင်၊ ဘုရားသခင်ရှေ့မှောက်တော်၌ ကျွန်တော်သည် အပြစ်သား ဖြစ်ပါ၏။ ကျွန်တော်သည် ဤကဲ့သို့ လူများကို တရားဝေငှခဲ့ပါသည်။ ထိုသူများ ဝေငှခဲ့သောအရာသည် မိမိကိုယ်ကို ဝေငှခဲ့ပါသည်။ ကျွန်တော် သည် အပြစ်သားဖြစ်ပါသည်။ ကျွန်ုပ်ကို အသုံးပြုပါ။ ကျွန်ုပ်ကို ကယ်တော် မူပါ။ 
ကျွန်တော် အမှန်တရားကို ရှာဖွယ်တာ ဘယ်လောက်ကြာပြီလဲ ဆိုတာ မသိဘူး။ ဘုရားသခင်သည် သူ့ကိုရှာသောသူအား နှစ်သက်တော် မူသည်။ သူ့ကို မရှာသောသူများကိုလည်း ရွေးနှုတ်ချင်သည်။ “ဟောရှေ၏ ကျမ်းစာ၌ လာသည်ကား၊ ငါ၏ လူ မဟုတ်သောသူကို ငါ၏ လူဟူ၍ ငါခေါ်မည်၊ မချစ်သော သတို့သမီးတို့သည်လည်း အချစ်ရန်ပါခေါ်မည ် (ရောမ ၉း၂၅)။” ကယ်တင်ရန် လာခဲ့ကြောင်းကို ပြောတော်မူ၏။ ဘုရား သခင်ကို ဖြောင့်မတ်ရိုးသားစွာ ရှာသူတိုင်းတွေ့ခဲ့ကြသည်။ တချို့သောသူ သည် ဘုရားသခင်ကို မရှာခဲ့သောလည်း ဒေသနာဝေငှခြင်း၊ ဒေသနာရှင် သူတို့ထံသို့ ရောက်ရှိလာခြင်း ဘုရားသခင်ကို တွေ့ခဲ့ကြသည်။ တချို့ သောသူသည် စိတ်ဝင်မစားပါ။ ကယ်တင်ခြင်းသတင်းကောင်းကို ငြင်းပယ် သူတိုင်းသည် ငရဲမှာ အဆုံးသတ်မည် ဖြစ်ပါသည်။ 
ဘုရားသခင်၏ သမ္မာတရားအရ ငရဲမှာ အဆုံးသတ်ခြင်းသည် ထိုက်တန်ပါသည်။ ထိုကဲ့သို့ ဘုရားသခင်ကို ယုံကြည်၍ အပြစ်မှ ကယ် တင်ခြင်း အမှန်တရားသည်လည်း ထာဝရကောင်းကင်ဘုံသို့ ရောက်ရန် ထိုက်တန်ပါသည်။ အမှန်တကယ် ထိုအရာသည် မိမိပိုင်ဆိုင် ရယူနိုင်သည် မဟုတ်ပေ။ ထိုအရာသည် ဘုရားသခင်၏ တရားစီရင်းခြင်း အမှန်တရား အားဖြင့်ဖြစ်သည်။ 
ဘုရားသခင်သည် မျက်နှာလိုက်ပြီး တချို့ကို ငရဲသို့လည်းကောင်း၊ တချို့ကို ကောင်းကင်သို့လည်းကောင်း၊ မပို့ဆောင်ပါ။ သို့သော် ထိုအစား ဘုရားသခင်သည် အမှန်တရားအားဖြင့် တရားစီရင်လျက်ရှိသည်။ ထို့ ကြောင့် သတင်းကောင်းကို ဝေငှရမည်။ ထိုသို့သောအမှုကို ကိုယ်တိုင် ပြုလျက်ပင်၊ သူတစ်ပါးပြုသည်ကို စစ်ကြောစီရင်သောသူ၊ သင်သည် ဘုရားသခင် စီရင်တော်မူခြင်းနှင့် လွတ်မည်ဟု ထင်မှတ်သလော။ ဘုရား သခင်၏ ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေးဆောင်သည် ကို မသိမမှတ်ဘဲ ြွကယ်ဝကျေးဇူးပြေုတာ်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကို မထိမဲ့မြင်ပြုသလော (ရောမ ၂း၃-၄)။
 
 
သခင်ယေရှုခရစ်တော်သည် သူ၏ ချစ်ခြင်းမေတ္တာအားဖြင့် လောက အပြစ်အားလုံးကို ဆေးကြောခဲ့သည် 
 
ရှင်ပေါလုသည် ယုဒလူမျိုးနှင့် တပါးအမျိုးသားတို့၏ အပြစ်သား ထံသို့ယေရှုဘုရား၏ ချစ်ခြင်းမေတ္တာနှင့် ဒုတိယမွေးဖွားခြင်းမခံသော သူများသည် တရားစီရင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောပါသည်။ ထိုသူတို့ အဖို့ ငရဲကို စီမံထားပါပြီ။ သတင်ကောင်းဆိုသည်မှာ (ရောမ ၂း၄) ၌ ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေး ဆောင်သည်ကို မသိမမှတ်ဘဲ၊ ကြွယ်ဝစွာ ကျေးဇူးပြုတော်မူခြင်း၊ သည်း ခံတော်ခြင်း စိတ်ရှည်တော်မူခြင်းတို့ကို မဆီမဲ့မြင်ပြုသလော။ ဘုရားသခင် ၏ ချစ်ခြင်းမေတ္တာသည် လူသားတိုင်းအတွက် မှန်ကန်စွာနှင့် ဖြောင့်မတ် စွာ ပေါ်လာခဲ့သည်။ 
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဘယ်သူကို မမှုမဖယ်ရှားပေ။ ယေရှုဘုရားသည် လောကအပြစ်အားလုံးကို ဆေးကြောပြီးခဲ့ပြီ။ ယေရှု ဘုရားသည် ကျွန်တော်တိုက အပြစ်အားလုံးကို သန့်ရှင်းပြီးပြီ။ ဘုရား သခင်သည် ကျွန်တော်တို့ မူရင်းအပြစ်ကိုသာ ဆေးကြောပြီး နေ့စဉ် အပြစ် ကို တောင်ပန်ခြင်းအားဖြင့် ခွင့်လွှတ်သလား။ မလွှတ်ပါ။ ဘုရား သခင် သည် လောကအပြစ်အားလုံးကို တကြိမ်တည်း ထာဝရအတွက် ခွင့်လွှတ် ခဲ့ပြီးပါပြီ။ အမှန်တကယ် ဘုရားသခင်ကို ဆန့်ကျင်သောသူများ သည် ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် ချစ်ခြင်းမေတ္တာကိုလည်း ဆန့်ကျင် သည်။ ယေရှုသည် ကျွန်တော်တို့ကို မည်ကဲ့သို့ ကယ်တင်သနည်း။ မိတ် ဆွေမည်သို့ ဖြေမည်နည်း။ ကျွန်ုပ်မှာ အပြစ်မရှိပါဟူ၍ အပြစ်ဆက် လုပ်ခဲ့ဖြစ်ပါသည်။ ထိုအခါသည် ဘုရားသခင်သည် ကယ်တင် ရှင်ဖြစ်သော် လည်း ကျွန်တော်တို့သည် အပြစ်ပြုဆဲသော မည်ကဲ့သို့ ဆေးကြောပေးနိုင် မည်နည်း။
အချို့က ဘုရားသခင်သည် လောကအပြစ်အားလုံးကို သူ၏ချစ် ခြင်း မေတ္တာတော်အားဖြင့် ဆေးကြေပြီးပြီဟု ထင်ကြသည်။ ဘုရားသခင် သည် လောကသို့ကြွလာခဲ့ပြီး ကျွန်တော်တို့ အပြစ်အားလုံးကို ပြည့်စုံစွာ ဆေးကြောခဲ့ပြီးပါပြီ။ ဘုရားသခင်သည် မပြည့်စုံသောအရာနှင့် မခိုင်မာ သောအရာကို သိလျက်ရှိပါသည်။ လူဇာတိသည် မကြာခဏအပြစ် ကျူး လွန်လျက်ရှိတတ်သည်။ ထို့ကြောင့် ဘုရားသခင် လောကအပြစ် အားလုံး ကို ရေနှစ်ခြင်းအားဖြင့်သော်လည်းကောင်း၊ လက်ဝါးကားတိုင်၌ အသွေး တော်အားဖြင့်သော်လည်းကောင်း၊ ထာဝရအတွက် ဆေးကြောပြီး သွား ပါပြီ။ ဘုရားသခင်သည် ဇာတိ၏အားနည်းခြင်းနှင့် မခိုင်မာမှုကို သိလျက် ရှိသည်။“ငါသည် သတင်တို့အပြစ် မကြာခဏ လုပ်မည်ကို သိသောကြောင့် ကယ်တင်ခဲ့ပြီဖြစ်သည်ဟု ဆိုထားပါသည်။ 
ဘုရားသခင်သည် လောကအပြစ်အားကို ဆေးကြောခဲ့ပြီးဖြစ်ပါ သည်။ ဘုရားသခင်သည် ကျွန်တော်တို့ ရွေးကောက်မည့်အရာကို လက်ခံ ခဲ့ပြီးပါပြီ။ အပြစ်ဒုစရိုက်အားလုံးကို သူ၏ဖြောင့်မတ်ခြင်းအားဖြင့် ပေးဆပ် ခဲ့ပြီးပါပြီ။ယေရှုခရစ်တော်သည် ယော်ဒန်မြစ်၌ ရှင်ယောဟန်က ရေနှစ် ခြင်း မင်္ဂလာကို ပေးခဲ့သည်။ ဘုရားသခင်သည် လူသားအားလုံးကို အပြစ် ဒုစရိုက်ကို ပေးဆပ်ခဲ့ပြီး သူ့နိုင်ငံတော်ထဲသို့ ဝင်ရောက်ကောင်းကြီး ခံစား ရန် ခွင့်ပြုခဲ့သည်။ ဘုရားသခင်သည် အပြစ်သားများကို ဖြောင့်မတ်သော သားသမီးအပြစ်သို့ ပြောင်းခဲ့သည်။ 
 
 
မယုံကြည်သောသူများသည် နောင်တရ၍ သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ ပြန်လှည့်ရမည် 
 
သင်သည် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို မထီမဲ့မြင်ပြုခဲ့ ပါသလား။ ရှောင်ကြည်ခြင်း၊ စိတ်ရှည်ခြင်းဘုရားသခင်၏ ကောင်းမြတ် ခြင်းသည် သင့်ကို နောင်တရစေပါသည်။ ဘုရားသခင်၏စကားကို ငြင်း ပယ်သောသူ၊ မထင်မဲ့မြင်ပြုသောသူ၊ စိတ်မရှည်သောသူ၊ ရှောင်ကြည် သော သူတို့သည် ငရဲသွားရမည် ဖြစ်ပါသည်။ ဘုရားသခင်၏ အပြစ်ဆေး ကြောခြင်း သတင်းကောင်းသည် နေရာအနှံ့ပျံ့နှံ့လျက်ရှိပါသည်။ ယေရှု ဘုရားက ကျွန်တော်တို့ အပြစ်ကြောင်း ငရဲသွားခြင်းမှ ကယ်တင်ခဲ့ပါသည်။ အမှန်တကယ် ကျွန်တော်တို့သည် ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် သူ ကို ရှောင်ကြည်ခြင်း၊ မထင်မဲ့မြင် ပြုခဲ့ကြပါသည်။ ကျွန်တော်တို့သည် ငရဲသွားရန် ဖြစ်သော်လည်း သူ ကယ်တင်ခဲ့ပါပြီ။ 
ထို့ကြောင့် ကျွန်တော်တို့သည် ရေနှစ်ခြင်းအားဖြင့် ကယ်တင်ခြင်း သို့ရောက်ရန် ယုံကြည်ရပါမည်။ ယုံကြည်၍ ကယ်တင်ခြင်းသို့ ရောက်ပါ သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ချစ်မေတ္တာသည် မထင်မဲ့မြင်ပြု သူများသည် ငရဲသွားရမည်ဖြစ်ပါသည်။ ဘုရားသခင်သည် သူ့၏ကျေးဇူး တော်နှင့်ကောင်းမြတ်ခြင်းကို မထင်မဲ့မြင်ပြုသောသူများအဘို့ ငရဲကို နေရာချပေးထားပါသည်။ မယုံကြည်သူများသည် ငရသွားရန် စံမံခဲ့သူများ သည် ဘုရားသခင်ထံပြန်လှည့် ရပါမည်။ မိတ်ဆွေသည်လည်း ကယ်တင် ခြင်းသတင်းကောင်း၌ မှန်ကန်သောယုံကြည်ခြင်းမရှိလျှင် ထာဝရကောင်း ကင် နိုင်ငံကို နှုတ်ဆက်သွားရမည်ဖြစ်ပါသည်။ 
 
 
လူသားမျိုးဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ငြင်းပယ်သော ကြောင့် ငရဲသွားကြသည် 
 
ထိုသို့ပြုလျှင် စိတ်ခိုင်မာ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့ တည်းဟူသော ဘုရားသခင်၏ တရားတော်ထင်ရှားသောနေ့ရက်၌ ကိုယ်ခံ စားရဘို့အမျက်ဒေါသကို ဆည်းဖူးသလော(ရောမ ၂း၅)။ နောင်တမရ သောစိတ်နှင့် နောင်တမရသောသူများသည် ငရဲသွားမည်ဖြစ်ပါသည်။ တချို့သူသည် ဘုရားရှင်၏ ကြီးမားသောမေတ္တာကို ငြင်းပယ်သောကြောင့် ငရဲသွားကြသည်။ ခေါင်းမာသောသူ မိမိထင်မြင်ချက်အားဖြင့် သက်ရှင် သောသူများသည် မိမိဒုစရိုက်ကို ငရဲသို့ ပေးဆပ်ကြရမည်ဖြစ်ပါသည်။ ဘုရားချစ်ခြင်းမေတ္တာနှင့် သန့်ရှင်းခြင်းသို့ ဆုတောင်းခြင်းအားဖြင့် ရောက် ရှိခြင်းကို ငြင်းပယ်သောသူများသည်လည်း ငရဲသွားမည်ဖြစ်ပါသည်။ ဘုရားသခင်၏ဒေါသနှင့်တရားစီရင်ခြင်းသည် သူ၏ချစ်ခြင်းဂုဏ်ကို ငြင်း ပယ်သူ များထံသို့ကျရောက်မည်ဖြစ်ပါသည်။ 
ဘုရားသခင်၏ ရွေးကောက်ခြင်းစီမံကိန်း၌ အပြစ်သားများသည် စာတန်မာရ်နတ်၏ ရှေ့မှောက်နေတွင် လဲနေသော်လည်းသူတို့ကို ဖြောင့် မတ်စေပြီး ကယ်တင်ပါသည်။ ဘုရားသခင်သည် သားတော်သခင်ယေရှုကို လောကကယ်တင်ဘို့ရန်နှင့် သန့်ရှင်စေခြင်းငှါ၊ လောကသို့ ဆောင်ခဲ့ပါ သည်။ ထိုသူတို့ဘုရားသခင်၏ ဒေါသ၌ အသက်ရှင်ပြီး ဘုရားသခင်၏ ချစ်ခြင်း မေတ္တာကို ငြင်းပယ်သောကြောင့်ကို သူတို့သည် ဒေါသနေ့ရက် မှန်ကန်သော တရားစီရင်ခြင်း၌ တရားစီရင်မည်ဖြစ်ပါသည်။ ဘုရားသခင် ၏ မှန်ကန်သော တရားစီရင်ခြင်းသည် စိတ်နှလုံးအားဖြင့် အပြစ်ရှိသော သူများကို ငရဲပို့ခြင်းဖြစ်ပါသည်။ 
မည်သည့်အတွက်ကြောင့်နည်း၊ ဘုရားသခင်သည် လောကအပြစ် အားလုံးကို ဆေးကြောပြီးလူသားအားလု့းကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်စေသောကြောင့်ဖြစ်ပါသည်။ မယုံကြည်သော သူများသည်သာ ငရဲသို့သွားမည်ဖြစ်ပါသည်။ ထိုသူတို့သည် ခေါင်းမာ၍ ငရဲသွားရန် အမခံပြီးသူတို့၏ မိုက်မဲခြင်းကို အားလုံးနောင်တရစေမည် ဖြစ်ပါသည်။ အပြစ်သားများသည် ဘုရားရှင်၏ ကြီးမားသောမေတ္တာကို လက်မခံလျှင် ငရဲသို့ သွားရမည်ဖြစ်ပါသည်။ 
အချို့က ဘုရားရှင်သည် တရားစွဲပြီးအချို့ကို ကောင်းကင်ဘုံ အချို့ကို ငရဲသို့ပို့ပါသည်ဟု ပြောကြပါသည်။ မည်သို့ပင်ဖြစ်စေ ထိုစကား သည် လုံးဝမမှန်ပါ။ ခေါင်မာ၍ သူ့မေတ္တာတရားကို ငြင်းပယ်သောသူများ အတွက်သာ ငရဲကို နေရာလုံလောက်စွာ ချပေးထားခြင်း ဖြစ်ပါသည်။ 
ငရဲသည် မီးလျှံနှင့် ကန်ဖြင့်ပြည့်စုံသောနေရာဖြစ်သည်ဟု ကျမ်းစာ က ဖော်ပြထားပါသည်။ အပြစ်ရှိသူများအတွက် ညစ်ပတ်သော ပိုးလောက် လန်းရှိပါသည်။ “မနေချင်ဘူး၊ မနေချင်းဘူး၊ ဒီနေရာကို မုန်း သည် ဟု ငိုကြွေးကြလိမ့်မည်။ သို့သော် ဘုရားသခင်က ငါသည် သင့်အပြစ် ကို ဆေးကြောပေးသော်လည်း သင်သည် အပြစ်ရှိလျှင်လည်း ကိစ္စမရှိပါဟု ပြောခဲ့သည်။ ထို့ကြောင့် ငါသည် သင့်အား ပိုးလောက်လမ်းကိုလက်ဆောင် ပေးသည်။ အချင်းချင်းတွင်လည်း သင်သည် ခွင့်လွတ်ခြင်း မရှိသော ကြောင့် ဖြစ်ပါသည်” မဟုတ်ပါ။ ယနေ့၊ ဒီနေရာကို ကျွန်တော် မုန်းပါ သည်ဟူ၍ ညင်းညူရပါလိမ့်မည်။ 
သင်သည် မုန်းသော်လည်း ထိုနေရာကို ကောင်း၏၊ ငါသည် မှန်ကန်သော ဘုရားသခင်ဖြစ်၏။ သင် လိုချင်တောင့်တသည့်အရာကို ငါပေး၏။ ငါသည် စိတ်နှလုံးအားဖြင့် အပြစ်ရှိခြင်းသောသူတို့ကို ငရဲသို့ ပို့၏ဟု ဆိုလိမ့်မည်။ ထိုအရာသည် ဘုရားသခင်၏ မှန်ကန်သောတရားစီရ င်ခြင်းဖြစ်ပါသည်။ လူသားသည် လောက၌ အသက်ရှင်ချိန်တွင် အပြစ်ရှိ နေသော်လည်း အပြစ်ကို ဆေးကြောခြင်းကို ဥပေက္ခာမပြုသင့်ပါ။ 
လူသားသည် စိတ်မာသောကြောင့် ငရဲသွားရမည်။ ကျွန်တော်တို့ သည် ဘုရားရှင်ရှေ့မှောက်၌ ခေါင်းမမာသင့်ပါ။ ဘုရားရှင်လောက အပြစ် အားလုံး ကယ်ချွတ်ပြီးကြောင်းကို ယုံကြရမည်ဖြစ်ပါသည်။ ဘုရားရှင်က သင်သည် ထိုအရာကို မမြင်သော်လည်း ယုံကြည်ရမည်ဟု မိန့်မှာထား ပါသည်။ 
 
 
ဘုရားရှင်က ကျွန်တော်တို့အား ချစ်ကြောင်းဟောတော်မူ၏ 
 
ဘုရားရှင်သည် ကျွန်တော်တို့အား ချစ်ကြောင်းကို ပြောတော်မူ၏ ငါသည်သင်တို့၏ အပြစ်အားလုံးကို ဆေးကြောခဲ့ပြီးပါပြီ။ သင်သည် မုန်ကန်သောအရာကို ယုံကြည်ရပါမည်။ ကျွန်တော်တို့သည် နှုတ်က ပတ်တော်ကို မှန်ကန်သောကြောင့် ယုံကြည်ရမည်။ ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ယုံကြည်ခြင်းမှ စတင်လာသည်။ လူသား သည် တစ်စုံတခု၏အကြောင်းကို နားလည်ရုံသာ ယုံကြည်နိုင်မည်ဖြစ် သည်။ နားမလည်လျှင် မယုံကြည်နိုင်ပါ။ ဘုရားသခင်သည် အပြစ်သား များကို အပြစ်မှ ကယ်တင်ခဲ့ပါသည်ဟူသော နှုတ်ကပတ်တော်ကို မယုံ ကြည်သောသူများသည် ငရဲသွားလိမ့်မည်။ ထိုသူများသည် မိမိကိုယ်ကို ငရဲသွားရန် ဆုံးဖြတ်သူများဖြစ်ကြသည်။
တနေ့သောအခါ သာမန်ယုံသြည်သူတစ်ဦးသည် လူထုထံသို့ ကျွန်တော်သည် ဘုရားရှင်ထံတော်ပါး၌ သေသည်၊ မဖြောင့်မတ်နိုင် ကြောင်းပါသည်ဟု ကြေညာခဲ့သည်။ သူသည် သေပြီးနောက် တကယ် လည်း ငရဲသို့သွား၏။ ထိုသူက ကျွန်တော်သည် အရှင်ဘုရားထံတွင် အပြစ် ရှိကြောင်း ဝန်ခံခဲ့ပါသည်။ သူသည် သေသည့်နေ့တိုင်အောင် မိမိအပြစ် သားဖြစ်ကြောင်းကို ငြင်းပယ်သောအခါ ဘုရားသခင်က သင်သည် မိမိယုံကြည်ခြင်း၌ သစ္စာရှိပါသည်။ သို့သော် သင်၏ ယုံကြည်ခြင်းသည် ငရဲသွားရန် သင့်လျှော်သည်။ ငါသည် သင့်ကို ငရဲပို့ခြင်းသည် ထာဝရ ကောင်းကင်နိုင်ငံဝင်ရောက်ရန် မသင့်လျော်သောကြောင့် ဖြစ်ပါသည်ဟု ဆိုပါသည်။ 
 
 
ကျွန်တော် ယုံကြည်ခဲ့လျှင် 
 
ပုဂ္ဂိုလ်တစ်ဦးက ကျွန်တော်သည်သေသည်အထိ အပြစ်သားဖြစ် သည်ဟုဆိုသော သူသည် ငရဲသွားခဲ့သည်။ ထိုသူတို့ကို ဘုရားသခင် သည် လည်း မကူညီနိုင်ပါ။ ထိုသူတို့သည် အပြစ်သားဖြစ်သည်ဟု ကြောညာ၍ မနက်ဖြန်မှာ ငရဲရောက်မည်ကို သိသည်သာမက ထိုသူများကို ယုံကြည် သောသူများထံသို့သွား၍ ကျွန်တော်တို့သည် သေသည်အထိ အပြစ်သား ဖြစ်သောကြောင့် ဘုရားသခင်၌ မတည်လျှင်လည်း အပြစ်သား ဖြစ်ရမည် ဟု သင်ပေးခဲ့သည်။ ထိုကြောင့် များစွာသော ယုံကြည်သူများသည် ထိုကဲ့သို့ မှားယွင်းသော ဘာသာတရားကို ယုံကြည်လိုက်လျှောက်ကြ၏။ ဘုရားသခင်သည် ထိုသူများကို ထားဝရ နောင်တရပြီးသာမက၊ မီးလျှံထဲထည့်အခါ သွားကိုက်ပြီး ဤကဲ့သို့ ပြောရမည်ဟု ဆိုပါသည်။ ကျွန်တော် ယုံကြည်ခဲ့လျှင်၊ ယုံသာယုံခဲ့လျှင် ဟူဆိုမည်ဖြစ်ပါသည်။ 
ကျွန်တော်သည် ဘုရားသခင်က ကျွန်တော်အပြစ်မှ ခွင့်လွတ်၍ အပြစ်အားလုံးကို ဆေးကြောပေးခဲ့သည်ဆိုသော သမ္မာတရားကို ယုံကြည် ခဲ့လျှင် ထာဝရကောင်းကင်ဘုံသို့ ရောက်ခဲ့ရမည်ဟု ကျွန်တော် ယုံကြည်ခဲ့ လျှင် ယုံကြည်ခဲ့လျှင်သာ။ ထိုကဲ့သို့ ငရဲပြည်၌ မြောက်များစွာသောသူတို့ ပြောဆို ရမည်။ သူတို့သည် ယုံကြည်ခဲ့လျှင် သမ္မာတရားကို ယုံကြည် ခဲ့လျှင် သူ့သားဖြစ်ခဲ့ရမည်။ ကျွန်တော် ဘာကြောင့် ခေါင်းမာခဲ့သလဲ။ 
ထိုအချိန်တွင် ကျွန်တော်တို့ ဖြောင့်မတ်သောသူများသည် ဘုရား သခင်ကို ဤကဲ့သို့ မေးမြန်းရမည်။ ဘုရားသခင်၊ ကျေးဇူးပြု၍ အပြစ် သားများ ဘာလုပ်နေသည်ကို ပြပေးသနားတော်မူပါ။ ထိုသူတို့က ကျွန်တော်တို့ ဖြောင့်မတ်သောသူများကို ညင်းပန်းနှိပ်ဆက်ခဲ့သည်။ မဟုတ်ပါဘူး၊ သူတို့၏ ခံစားချက်ဝေဒနာကို တွေ့သည်အခါ၌ စိတ်ကောင်း မှမဟုတ်ပါ။ သားသမီးတို့၊ သင်ကို ဝေဒနာခံစားနေသောသူများကို တ ကယ်တွေ့မြင်ချင်သလား။ ဘုရားသခင်သည် စိတ်ထားလေးနက်သော ကြောင့် ပြပေးချင်ပါလိမ့်မည်။ ထို့ကြောင့် ဤသို့လုပ်ဆောင်ကြပါစို့။ ထိုအ ချိန်၌ ဤကဲ့သို့သော ငိုကြွေးအော်ဟစ်သံများကို ကြားရလိမ့်မည်။ ယုံ ကြည်ခဲ့လျှင်၊ ယုံကြည်ခဲ့လျှင်ထိုအခါ ကျွန်တော်တို့သည် အံ့သြလိမ့်မည်။ ထိုအရာသည် မည်သည့်ဆူညံသံဖြစ်သနည်း။ 
ထိုသူတို့သည် သီချင်းဆိုနေသလား။ ထိုသူတို့ နောင်တရ နေသလား၊ သီချင်ဆိုနေသလား၊ သေချာနားထောင်ပါ။ မိန်းမနှင့် ယောင်္ကျားတို့သည် မီးလျှံထဲ၌ နောင်တရပြီး ကျွန်တော်ယုံကြည်ခဲ့လျှင်ဟု သီချင်းဆိုနေကြပါသည်။ ခေါင်းမာသောသူများသည် သမ္မာတရားအားဖြင့် ခေါင်းမမာပါက ငရဲသွားရမည်ဖြစ်ပါသည်။ ကျွန်တော်တို့သည် အမှန်တ ရားကို ခိုင်မာစွာ စွဲကိုင်ထားရမည်။ ဆုံးဖြတ်တက်ရမည်။ ကျွန်တော်တို့ သည် အမှန်တရားကို လိုအပ်လျှင်ကြံ့ခိုင်စွာ စွဲကိုင်တက်ရမည်။   
 
 
စိုက်သည့်အတိုင်း ရိတ်ရလိမ့်မည် (ဝါ) ဘုရားသခင်သည် လူအသီးသီး တို့အား မိမိအကျင့်နှင့်အလျောက် အကျိုး အပြစ်ကို ဆပ်ပေးတော်မူလတ္တံ့ 
 
ဘုရားသခင်သည် လူအသီးသိးတို့အား မိမိအကျင့်နှင့်အလျောက် အမကျိုးအပြစ်တို့ ဆပ်ပေးတော်မူလတံ္တ့။ ကောင်းသောအကျင့်ကို အမြဲ ကျင့်၍ ဘုန်းအသရေကိုလည်းကောင်း၊ မဖောက်ပြန်သောဇာတိကို လည်း ကောင်း၊ ရှာသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလတ္တံ့ (ရောမ ၂း၆-၇) ဟု ဆိုထားပါသည်။ ဘုရားသခင်သည် လူအသီးသီးတို့အား မိမိ၏ အကျိုးပြစ်ကို ပေးဆပ်သကဲ့သို့ တရားသဖြင့်လည်း စီရင်တော်မူပါ သည်။ အကျိုးအပြစ် ပေးဆပ်ခြင်းဆိုသည်မှာ လုပ်ဆောင်သည်အလျှောက် အကျိုးခံစားခြင်း ဖြစ်သည်။ မည်ကဲ့သို့သောသူသည် မပျက်စီးနိုင်ခြင်း၊ ဂုဏ်ပြုခြင်းနှင့် ဘုန်းတန်ခိုးကို ရှာဖွယ်ရာ၌ စိတ်ရှည်ခြင်းကို အသုံးပြုကြ သနည်း၊ ထိုသူသည် ခရစ်တော်၏ပြည့်စုံသော ကယ်တင်ခြင်းကို ယုံကြည် သူဖြစ်သည်။ 
ဤလောတွင် ပူပေါင်းများစွာ ရှိကြပါသည်။ သို့သော် ဖြောင့်မတ် ခြင်းနှင့် သမ္မာတရားကို စွဲမြဲယုံကြည်ထားသူများကို ဘုရားသခင်သည် ထာဝရအသက် ပေးတော်မူမည်။ ဖြောင့်မတ်သောသူနှင့် ထာဝရအသက် ကို စာငတ်သောသူများကိုသာ ဘုရားသခင်သည် ထာဝရနိုင်ငံတော်၏ ဘုန်းတန်ခိုးကို ပေးတော်မူသည်။ ထိုသူတို့သည် ကောင်းမှုဆက်လက်ပြု ကြ၍ ဘုန်းတန်ခိုး၊ ဂုဏ်ပြုခြင်းနှင့်မပျက်စီခြင်းကို ရှာကြသည်။ ဘုရားသ ခင်သည် သားဖြစ် ချင်ကြသည်။ ဘုရားသခင်၏သားဖြစ်ချင်ကြသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသို့ လိုက်လျောက်နိုင်ရန် ထိုသူတို့သည် ကောင်းမှုကို ဆက်လက်ပြုကြသည်။ ဘုရားသခင်သည် ထိုသူတို့အားထာ ဝရအသက် ကိုပေးတော်မူ၏။ ဘုရားသခင်သည် ထာဝရ အသက်ကို ပေး၍ သူ၏ သားဖြစ်စေသည်။ ဘုရားသားသမီးများသည် သူ၏နိုင်ငံတော်ဝင်စား ကြ ရမည်။ 
ငြင်းဆန်သောသဘောရှိ၍ သမ္မာတရားကို နားမထောင်ဘဲ မတရားသဖြင့် ကျင့်သောသူတို့ကိုကား ပြင်းစွာသော ဒေါသအမြတ်ထွက် တော်မူလတ္တံ့ (ရောမ ၂း၈)။ “ထိုသူကို”ဟုဆိုလိုသည်မှာ ကောင်းကြီးကို ဆန့်ကျင်သောသူကို ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်၏ ပြင်းစွာသော အမြတ်တော်သည် သမ္မာတရားကို ဆန့်ကျင်ကာ ကျေနပ်ရောင့်ရဲသောသူ တို့ထံကျရောက်သည်။ ဘုရားသခင်သည် ထိုသူတို့အား ငရဲသို့ပိုလျက်ရှိ၏ ဒုတိယအကြိမ် မွေးဖွားခြင်းမခံသော သူများသည် ထိုသူကဲ့သို့ဖြစ်၏။
ဒုတိယမွေးဖွားခြင်း မခံရသေးသောသူများသည် ရန်လိုတတ်သော သဘောရပြီး ဂိုဏ်းဂဏခွဲထွက်ခြင်းအမူကို ပြုတတ်ကြသည်။ ကိုးရီးယား လူမျိုးတို့၏ သမိုင်းကြောင်းတလျှောက်လုံးကို လေ့လာခြင်းဖြင့် ကျွန်ုပ် တို့၏ဆိုးဘေးများသည် ဂိုဏ်းဂဏခွဲထွက်ခြင်းနှင့် နိုင်ငံအရေး ကိစ္စများ၌ သာ တစ်ဦးနှင့်တစ်ဦး ငြင်းခုံမူပြုခဲ့ကြကြောင်းကို တွေ့ရှိရပါသည်။ ဘုရင် ဖြစ်လာသည့် သူအပေါ်၌မူတည်၍ အုပ်ချူပ်သူလူတန်စားကို ဆုံးဖြတ် သတ်မှတ်ခဲ့ကြသည့် အာလျှောက်လီမိသားစုမှ တစ်ယောက်သောသူ ရှင် ဘုရင်ဖြစ်လာသောအခါ အခြားတစ်ပါးသော မိသားစုများရာထူးမှ ထုတ် ပယ်ခြင်း၊ ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခြင်းများကို ခံနေရသော အချိန်၌လီမိသားစုများမှာ အမြင့်မှာထားရှိခြင်းနှင့် သူကောင်းပြုခြင်းကိုပါ ခံစားခဲ့ကြသည်။ သို့သော် ရှင်ဘုရင်သရဖူသည် ကင်မိသားစုထံ ပြောင်းလဲ ရောက်ရှိသွားသောအချိန်တွင်မူ အရာအားလုံးသည် လုံးဝဥဿုံပြောင်းလဲ ခဲ့သည်။ လူသည် ဂိုဏ်းဂဏခွဲထွက်ခြင်း၊ ပုန်ကန်ခြင်းများကို တရားမျှတ မှုအတွက်မဟုတ်ဘဲ မိမိ၏ကောင်းကျိုးအတွက်သာ ပြုလုပ်ခဲ့ကြသည်ကို လည်း တွေ့ရှိရမည်ဖြစ်သည်။ 
ယခုလက်ရှိ ခရစ်ယာန်အယူဝါဒသည် ထိုကဲ့သို့ပင်ဖြစ်သည်။ ဂိုဏ်းဂဏခွဲများ၊ အသင်းကွဲများတည်ထောင်ကြသည်။ အဘယ်တွက် ကြောင့်နည်း။ လူစုအသင်းစုအားဖြင့် အမှန်တရားကိုမနားခံရန် အတွက် သာလျှင် ဖြစ်သည်။ သခင်ယေရှုက ဤကမ္ဘာမြေပေါ်ရှိအပြစ်အားလုံးကို ဆေးကြောသန့်စင်ခဲ့ပြီးဖြစ်သော်လည်း ထိုသူတို့ကကျွန်ုပ်တို့၌ အပြစ်ရှိ သည်ဟု တစ်စိတ်တစ်ဝမ်းတည်း ပြောဆိုကြသည်။ ထိုသူတို့သည် အမှန် တကယ် ကယ်တင်ခြင်းခံရသယောင်၊ အမှန်တကယ် မှန်ကန်မှုရှိသယောင် ဟန် ဆောင်တတ်ကြသည်။ သို့သော် ထိုသူတို့သည် အမှန်တရားအတိုင်း အမှန်တကယ် လိုက်လျှောက်မှုမရှိပါ။ ထိုသူတို့သည် အပြစ်ကျူးလွန် ဖို့အ ခွင့်ရှိသည် ဟုပြောဆိုလျက် အမှန်တရားအား ဒိဋ္ဌိအယူဖြစ်သယောင် ပုတ် ခတ် ပြောဆိုကြသည်။ ဘုရားသခင်က အမှန်တရားကို ငြင်းခုံမှု ပြုသော အပြစ်သားများသည် မှားသွင်းကြ၏။ ထိုကြောင့် ထိုသူတို့သည် ငရဲမီး အိုင်သို့ သွားကြရမည်ဟု မိန့်တော်မူသည်။
အမှန်တရားကို နာခံသောသူသည် ဘုရားသခင်၏စကားကို နာခံ ခြင်းဖြစ်သည်။ မှန်ကန်သောသူတို့သည် အမှန်တရားအားဖြင့်သာ ဘုရား သခင်၏ စီရင်ခြင်းကို ယုံကြည်ကြသည်။ 
 
 
ခရစ်ယာန်အသင်းတော်များက ကျွန်ုပ်တို့ကို ကောင်းကင် နိုင်ငံတော်သို့ ပို့ဆောင်နိုင်ပါသလား 
 
အသင်းတော်ဂိုဏ်းဂဏကွဲများက ကျွန်ုပ်တို့ကို ကောင်းကင်နိုင်ငံ သို့ မပို့ဆောင်နိူင်ပါ။ ကျွန်တော်မိန်းမက သူ့ယောကကို ဘာသာတရား ကိုင်းရှိူင်းသူက ကောင်းကင်နိူင်ငံသို့ ပို့ဆောင်မပေးနိုင်ဘူးဟု ပြောသော အခါ သူ့ယောမှာ အမျက်ဒေါသချောင်းချောင်းနဲ့ ဖြစ်ခဲ့ပါသည်။ ပွင်းပွင်း လင်းလင်းပြောရလျှင် အမေက သူ့သမီး၏စကားကို အဘယ်ကြောင့် ယခု ချိန်ထိ ရှူးရှူးရှားရှား ဖြစ်ရသလဲဆိုတာ ကျွန်တော်မသိပါ။ သင့်အနေနဲ့ ဘာသာတရားကိုင်းရှိုင်းတဲ့ ကိုယ်က သင့်ကို ကောင်းကင်နိုင်ငံသို့ ပို့ဆောင် ပေးနိုင်မည်ဟု ထင်မြင်မိပါသလား။ ကျွန်ုပ်တို့တစ်ဦးတစ်ယောက်စီ တိုင်းသည် ဘုရားသခင်၏နုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြစ်သာ လျှင် ကယ်တင်ခြင်းကို ခံရ၍ ကောင်းကင်နိုင်ငံတော်သို့ ဝင်ခွင့်ရမည်ဖြစ် သည်။ ပရက်စ်ဘီတရီးယန်း အသင်းတော်မှ အသင်းသားဖြစ်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံကို ဝင်စားခွင့်ရှိစေနိုင်ပါသလား။ သို့မဟုတ် နှစ်ခြင်း အသင်းတော်များမှ အသင်းသားဖြစ်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံကို ဝင်စားခွင့်ရရှိစေနိုင်သလား။ ဆဲဗင်းဒေး အသင်းကရော ပို့ဆောင်ပေးနိုင်ပါ သလား။ မဟုတ်ပါ။ ကျွန်ုပ်တို့သည် သခင်ယေရှုပြင်ဆင်ပေးခဲ့သော အပြစ်မှခွင့်လွှတ်ခြင်းကို ယုံကြည်ခြင်း တစ်မျိုးတည်းဖြင့်သာ ကောင်းကင် နိုင်ငံတော်၌ ဝင်စားခွင့်ရရှိနိုင်မည်။
 
 
ကျွန်တို့သည် အသင်းတော်နှင့် နီးကပ်ရမည် 
 
တမန်တော်ရှင်ပေါ်လုက အားလုံးသောခရစ်ယာန်ထဲမှ ငရဲသို့သွား ရမည့်အပြစ်သားများကို ကောင်းကင်နိုင်ငံသို့ ဝင်စားခွင့်ရမည်သူများထဲမှ ထင်သာမြင်သာ ခွဲခြားပြခဲ့သည်။ သတင်းကောင်းသည် လူသားတိုင်း အတွက်ဖြစ်သည်။ သတင်းကောင်းသည် ဂျူးလူမျိုး၊ ဂရိလူမျိုးဟူ၍ မခွဲခြားပေ။ ဤနေရာ၌ ဂရိလူမျိုးဟု သုံးနှုန်းရာတွင် ဆိုလိုသည်မှာ ဂျူး လူမျိုးမှအပ တစ်ပါးသောလူမျိုးတိုင်းကို ဆိုလိုပါသည်။ ဂျူးဆိုရာ၌ အစ္စရေးလူမျိုးကို ဆိုလိုပါသည်။ ဘုရားသခင်သည် လူများ၏အပြင်ပန်း သဏ္ဍာန်းကို မကြည့်ပါ။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ယုံကြည်သူကိုသာ ရှာကြည့်ပါသည်။ သခင်ယေရှုသည် ဘုရားဖြစ်သည်ကို သင် ယုံကြည်ပါသလား။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ နှစ်ခြင်းမင်္ဂလာခံယူခြင်းနှင့်အတူ ဤကမ္ဘာ၌ရှိသမျှသော အပြစ်အလုံစုံအား ဆောင်ယူသွားတော်မူသည်ကို ယုံကြည်သောအခါ၌သာ ကောင်းကင်နိုင်ငံ သို့ ဝင်စားခွင့်ရရှိကြမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် သတင်းကောင်းကို ယုံကြည်ရမည်ဖြစ်ပြီး သစ္စာမဖောက်ဖို့ရန်လည်း လိုအပ်ပါသည်။ ကျွန်ုပ်တို့ အထဲ၌ ကိန်းဝပ်တော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ အားနှင့် လက်တစ်လုံးခြား နေရသောအချိန်၌ ခိုင်မာသောယုံကြည်ခြင်း နှင့်တကွ ကျွန်ုပ်တို့၏ ရန်သူများကိုလည်း အောင်နိုင်ရသော အခွင့်ကို ပေးတော်မူ၏။ 
နှုတ်ကပတ်တော်ထဲ၌ လက်ယာမြေလေးမျိုးအကြောင်းကို ဥပမာ ဆောင်၍ ပြောထားသည့်အကြောင်း ပါရှိပါသည်။ ထိုလေးမျိုးသော လယ် မြေထဲမှ တစ်ချိုးသည်ကယ်တင်၍ မရနိုင်သူများကို ဆိုလိုသည်။ တစ်ချို့ သော လယ်ယာမြေထဲ၌ ပေါက်သောမျို့စေ့သည် အညှောင့် ထွက်လျှင် ထွက်ခြင်း သေကြရသည်။ ထိုအကြောင်းအရာသည် အပင် မပေါက် နိုင်သော သေပြီးသာမျိုးစေ့နှင့် အတူတူပင်ဖြစ်သည်။ ထိုအစေ့ နှစ်မျိုး၌ တူညီသော အဖြေတစ်ခုရှိသည်။ ထိုအဖြေမှာ သေခြင်းပင်ဖြစ်သည်။ သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် မည်သည့်အခက်အခဲကိုမဆို ခံနိုင်သည့်ခွန် အားနှင့် မှန်ကန်သော စပျစ်နွယ်အတိုင်း လိုက်လျှောက်ရချိန်၌ ခံစားရ သည့် ဝိညာဉ်နာမကျန်းမှုများမှ သက်သာပျောက်ကင်းခွင်းကို ဘုရား ရှင် ကိုယ်တော်က ပေးသောအခါ၌သာ ကျွန်ုပ်တို့ ယုံကြည်ခြင်းကို တည်မြဲ စေနိုင်ပါသည်။ 
ဘုရားသခင်ပါရှိသော အသင်းတော်သည် စပျစ်နွယ်ပင်ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား သူ၏အသင်းတော်၌ ပါဝင်နေမှုအတွက် ရရှိလာသော ညှင်းပန်းနှိပ်စက်မှုများကို ခံနိုင်ရည်ရှိရန်အတွက် ကောင်း ကြီးများ၊ သက်သာခြင်းအခွင့်များ၊ နှစ်သိမ့်ခြင်းများနှင့် ယုံကြည်ခြင်းများ စွာတို့ကို ပေးတော်မှု၏။ သို့သော် ကျွန်ုပ်တို့သည် ထိုစပျစ်နွယ်အတိုင်း မလိုက်လျှောက်ခဲ့သော ဘယ်အရာများကို ကြုံတွေ့ရမည်နည်း။ ကျွန်ုပ်တို့ သည် လျှင်မြန်စွာ သေဆုံးရမည်သာ ဖြစ်သည်။ မှန်ကန်သောသူတို့၏ နှလုံးသည် အသင်းတော်၌ နှစ်ခြိုက်စွာ မပါဝင်ခဲ့သော် ထိုသူတို့၌ များစွာ သော စွမ်းဆောင်ရည်နှင့် အာဏာများပင်ရှိလင့်ကစား စာတန်မာနတ်၏ စုံစမ်းနှောက်ယှက်မှုများကို ခံနိုင်ရည်ရှိနိုင်မည်မဟုတ်ပေ။ သင်နားလည်ပါ သလား။ ထိုသူတို့သည် တဖြည်းဖြည်း ကျရှုံး၍ နောက်ဆုံး၌ သုံးမရ သည့်အထိ ဖြစ်လာကြသည်။ ကျမ်းစာက “ရှင်မသဲ ၅း၁၃” မှန်ကန်သော အသက်တာသည်ပင်လျှင် အသင်းတော်နှင့် တကွဲတပြား နေထိုင်အသက် ရှင်သော် မည်သို့မျှမကောင်းနိုင်ပါ။ သင်တို့သည် ဤလောက၏ ဆား ဖြစ်ကြ၏။ ဆားမူကား၊ အငန်ဓါတ်ပျောက်ကင်းလျှင် ငန်သောအရသာကို အဘယ်သို့ရပြန်မည်နည်း။ အပြင်သို့ပစ်လိုက်၍ ကျော်နင်းခြင်းမှတပါး အဘယ်သို့မျှမဝင်။ 
ထိုသူတို့သည် အသင်းတော်၌ပါဝင်သောအခါ သူတို့၏အလင်းကို ထွန်းလင်းနိုင်ကြပြီး ကောင်းချီးမင်္ဂလာပေးခြင်းကိုပါခံရကြ၏။ သို့သော် ထိုသူတို့သည် အသင်းတော်နှင့် ကင်းကွာပြီး သီးခြားအသက်ရှင်သော် ဖျက်ဆီးခြင်းကို ခံကြရမည်။ ထိုသူတို့သည် လမ်းမှန်မှလွဲဖယ်၍ အသင်း တော်နှင့် တစ်သီးတစ်ခြား လျှောက်လှမ်းကြသောကြောင့် အောင်မြင်မှုမှ ကင်းကွာနေရပါသည်။ သင်သည် သင့်၏ ယုံကြည်ခြင်းကို အသင်းတော် မပါပဲ အဘယ်မျှကြာအောင် ဆုပ်ကိုင်ထားနိုင်ပါမည်နည်း။ သင်သည်အ သင်းတော်နှင့် တသီးတခြားဖြင့် အဘယ်မျှကြာအောင် ရပ်တည်နိုင်မည် နည်း။ ဘုရားသခင်၏ အစေခံအလုပ် အမှုဆောင်များပင်လျှင် အသင်း တော်နှင့် ကင်းကွာလျှင် အောင်မြင်မှုမရနိုင်ကြပါ။ သို့သော် ကျွန်ုပ်တို့သည် အသင်းတော်ထဲ၌ ပါဝင်ဆက်ကပ်မည့်ဆိုပါက ကျွန်ုပ်တို့၏ အိမ်သူအိမ် သားများသည်ပင်လျှင် ကယ်တင်ခြင်းကိုခံရပြီး များစွာသောလူတို့သည် ကျွန်ုပ် တို့အားဖြင့် အပြစ်ခွင့်လွှတ်ခြင်းကို ခံစားနိုင်ကြမည်။ လောတသည် သွေးသား၏တပ်မက်မှု၊ စိတ်ဆန္ဒနောက်လိုက်ပါသည့်နောက် ဘယ်အရပ် သို့ သွားခဲ့သနည်း။ သူသည် ဆောဒုန် သို့သွားခဲ့သည်။ ထိုနေရာ၌ ပျော်ပါး စွာ နေထိုင်ခဲ့သည်။ ထိုကဲ့သို့ စိတ်န္ဒနောက်သို့ လိုက်မိခြင်း၏ အကျိုး ရလဒ်ကား အဘယ်နည်း။ လောတသည် ဖျတ်ဆီးဒဏ်ခတ်ခြင်းကိုခံခဲ့ရ သည်။ ကျမ်းစာက လောတ၏ မျိုးဆက်ဟူသမျှသည်လည်း ဒဏ်ခတ်ခြင်း ခံရခဲ့သည်ဟု ဆိုသည်။ မိုအာဘီးတီးစ်လူမျိုးများနှင့် အမ်မိုနီးတီးစ်လူမျိုး များသည် လောတ၏သမီးမှ ဆင်းသက်လာခဲ့ကြသည်။ 
အဘယ်ကြောင့် လောတကဲ့သို့ မှန်ကန်သည့်အသက်တာရှိသူထံမှ ဘုရားသခင်ကို ပုန်ကန်သည့် မျိုးဆက်များထွက်ပေါ်လာရသနည်း။ အဘယ်ကြောင့်ဆိုသော် လောတသည် အသင်းတော်မှ ထွက်ခွာခဲ့သော ကြောင့် ဖြစ်သည်။ ကျွန်ုပ်အဘယ့်ကြောင့် ခက်ခဲသောအချိန်ကာလများ၌ စိတ်ပျက်အားလျော့ခြင်းမရှိခြင်းမှာ ဘုရားသခင်သည် သူ၏အသင်းတော် ကို ချီးမြှောက်တော်မူသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အမှန်တရား တို့စုဝေးသော အသင်းတော်ကို ကောင်းချီးပေးသည်။ သူသည် ထိုအသင်းတော်မှ အသင်းတော်သားတစ်ယောက်စီတိုင်း၏ သိုးထိန်းရှင် လည်း ဖြစ်တော်မူ၏။ ဤသည်ကား သူ၏ကတိတော်နှင့် အာမခံချက် လည်းဖြစ်၏။ 
(ရောမ ၂း၁၂-၁၅) ပညတ်တရားကိုမသိဘဲ ပြစ်မှားသောသူတို့ သည် ပညတ်တရားမဲ့ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ ပညတ်တရားကို သိလျက်ပင် ပြစ်မှားသောသူတို့သည် ပညတ်တရား၏စီရင်ခြင်းကို ခံရကြ လိမ့်မည်။ အကြောင်းမူကား၊ တရားနာသောသူသည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည်မဟုတ်။ တရားကို ကျင့်သောသူသာလျှင် ဖြောင့်မတ်ရာ သို့ ရောက်လိမ့်မည်။ သာသနာပလူတို့သည် ပညတ်တရားတော်ကို မသိဘဲကိုယ် အလိုအလျောက် တရားတော်ကို ကျင့်သောအခါ သူတို့သည် ပညတ်တရားတော်ကို မသိဘဲ ကိုယ်ကျင့်တရားကို အမှီပြုသဖြင့်၄င်း၊ ကိုယ့်ကိုကိုယ်သိသော စိတ်နှလုံးသည် သက်သေခံသဖြင့်၄င်း၊ အချင်းချင်း ဆွေးနွေးဆင်ခြင်၍ အပြစ်တင်လျက် လွတ်လျက်နေသဖြင့်၄င်း၊ မိမိတို့စိတ် နှလုံးထဲ၌ မှတ်သားသော တရား၏အကျိုးကို ထင်ရှားစွာ ပြကြ၏။ 
ဘုရားရှိခိုးကျောင်း မတတ်ရောက်သောသူသည် ယနေ့ခေတ်၏ ဥပဒေသများကို မသိရှိနိုင်ပေ။ ထိုသူ၊သူမသည် ဥပဒေသကို မသိသော ကြောင့် သူ၊ သူမ၏အသိသာလျှင် သူ၊ သူမအတွက်ဖြစ်သည်။ ထို့ကြောင့် ထိုသူ၊ သူမတို့သည် မှန်သည်၊ မှားသည်ကို မိမိအသိဖြင့် ဆင်ခြင်၍ ထိုသူ၊ သူမသည် အပြစ်မှကယ်တင်ခြင်းခံရရန်အတွက် ကိုယ်တော်ကို ရှာဖွေ ချဉ်းကပ်ရမည် ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို အမှန်တကယ် ရှာဖွေ ချဉ်းကပ်သူအား တွေ့ဆုံခွင့်ကို ပေးတော်၏။ 
ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကျေးဇူးဂရုဏာတော်ကို သူထံ၌ သာ ရှာဖွေရမည်ဖြစ်ပြီး သူ့ကိုလည်း ယုံကြည်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့ သည် ကိုယ့်ကိုကိုယ်နှိပ်ချခြင်းအားဖြင့် ဘုရားသခင်ကို ယုံကြည်ရမည်။ ထို့အပြင် ယုံကြည်ခြင်းအားဖြင့်လည်း အသက်ရှင်ရပါမည်။ ကျွန်ုပ်တို့သည် အသင်းတော်ကို စွန့်ခွာမသွားပဲ အသင်းတော်ထဲ၌သာ ဘုရားသခင်ကို ရှာဖွေ၍ ယုံကြည်ကိုးစားရမည် ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ များစွာသော အားနည်းချက်များနှင့် မသေချာမှုများကြောင့် အသင်းတော် အတွင်း ပါဝင်မှုမှနှင်ထုတ်ခြင်းမရှိပါ။ 
 
 
ဂျူးများ၏အပြစ် 
 
တမန်တော်ရှင်ပေါ်လုသည် အဘယ်ကြောင့် ဂျူးလူမျိုးများ ကောင်း ကင်နိုင်ငံတော်သို့ ဝင်စားခွင့်မရနိုင်မည်ကို ထင်ရှာစေပြီးမှသာ ဂျူးလူမျိုး များထံသို့ သတင်းကောင်းကို စတင်ဟောကြားစေခဲ့သည်။ (ရောမ ၂း၁၇-၂၂) သင်သည် ယုဒလူဟု သမုတ်ခြင်းကို ခံသောသူ၊ ပညတ် တရားတော်ကို ကိုးစားသောသူ၊ ဘုရားသခင်ကို အမှီပြု၍ ဝါြကွားသောသူ၊ အလိုတော်ကို သိသောသူ၊ ပညတ်တရားတော်ကို လေ့ကျက်သဖြင့် ခြားနားသောအရာတို့ကို ပိုင်းခြားတတ်သောသူဖြစ်သည်နှင့်။ လူကန်းတို့ အား လမ်းပြသောသူ၊ မှောင်မိုက်၌ နေသောသူတို့ကို လင်းစေသောသူ၊ လူမိုက်တို့ကို ဆုံးမတတ်သောသူ၊ သူငယ်တို့ကို နည်းပေးသောသူ၊ ပညတ် တရားတော်အားဖြင့် ပညာကို၄င်း၊ သမ္မာတရားကို၄င်း၊ ရိပ်မိသောသူဖြစ် သည်ဟူ၍၊ ကိုယ်ကိုကိုယ် ထင်မှတ်တတ်သည်မှန်လျှင်၊ သူတပါးကို ဆုံးမ လျက်ပင် ကိုယ့်ကိုယ်ကို မဆုံးမသလော။ သူ့ဥစ္စာကို မခိုးနှင့်ဟု တရား ဟောလျက်ပင် ကိုယ်တိုင် ခိုးသလော။ သူ့မယားကို မပြစ်မှားနှင့်ဟု ဆို လျက်ပင် ကိုယ်တိုင်ပြစ်မှားသလော။ ရုပ်ထုကို စပ်ဆုပ်ရွံရှာလျက်ပင် ကဲ့ရဲ့ တတ်ကြ၏။ 
ကျွန်ုပ်တို့သည် အောက်ပါအကြောင်းအရာများကို သိထားရပါ မည်။ ဘုရားသခင်သည် အစဦးကတည်း၌ ဂျူးလူမျိုးများနှင်အတူရှိခဲ့ပြီး နှုတ်က ပတ်တော်များကိုလည်း မြွတ်ဆိုခဲ့သည်။ ထိုကြောင့် သူတို့ထံ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယစ်ပူဇော်ခြင်း အလေ့အထများရှိ ခဲ့သည်။ ဘုရားသခင်သည် ဂျူးလူမျိုးများမှတဆင့် မေရှိယကို အပြစ်မှ ကယ်နုတ်ရန် ပို့ဆောင်ပေးမည်ဟု ကတိပေးခဲ့သည်။ ထို့အပြင် သူ၏အကြံ အစည် များကိုလည်း ဂျူးလူမျိုးတပည့်တော်များမှတဆင့် ဖော်ပြခဲ့သည်။ ထိုကြောင့် မောရှေအပါအဝင် ရှေးပရောဖက်များသည် ဂျူးလူမျိုးများသာ ဖြစ်ကြသည်။ သို့ဖြစ်သောကြောင့် ဂျူးများသည် ဘုရားသခင်၏ စိတ်နှလုံး တော်ကို ထိတွေ့စေရမည်ကို၄င်း၊ ကိုယ်တော်၏ဥပဒေသများကို၄င်း သိ သည်ဟု အထင်ရှိသည့်အလျှောက် နုတ်ကပတ်တော်ကို ကျက်မှတ် ခြင်းနှင့်အလွတ် အာဂုံဆောင်နိုင်ခြင်းကိုသာ လုံ့လစိုက်၍ ပြုကျင်းခဲ့ကြ သည်။ သို့သော် တမန်တော်ရှင်ပေါ်လုက အဘယ်သို့ဖြစ်သနည်းဟူမူကား ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်ဟု ကျမ်းစာလာသည်နှင့်အညီ ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ယုံကြည်ခြင်းအဘို့အလို့ငှါ ဧဝံဂေလိတရား အားဖြင့် ထင်ရှားလျက်ရှိ၏ ဟုဆိုခဲ့သည်။ ဂျူးလူမျိုးများသည် အမှုတော် ကို ဇွဲကောင်းကောင်းဖြင့် အနစ်နာခံ၍ ထမ်းဆောင်ခဲ့ကြသော်လည်း ကယ်တင်ခြင်းကို မခံခဲ့ကြရပါ။ သခင်ယေရှုကို မိမိ၏ကယ်တင်ပိုင်ရှင် အဖြစ် လုံဝမယုံကြည်သောသူနှင့် အတူတူပင်ဖြစ်သည်။ သခင်ယေရှုကို မိမိ၏ကယ်တင်ပိုင်ရှင်အဖြစ် လုံးဝ မယုံကြည်ခြင်းသည် ဘုရားသခင်၏ သားတော်ကို ယစ်ပူဇော်ခံစေခြင်းဖြင့် အပြစ်မှ ကယ်တင်မည်ဟူသောက တိတော်နှင့်ကယ်တင်ရှင်ယေရှုကို မယုံကြည်ပါဟု ဆိုရာရောက်ပေသည်။ 
ဂျူးလူမျိုးများသည် ကယ်တင်ရှင်ယေရှုကို မယုံကြည်သော ကြောင့် ငရဲသို့သွားရမည် ဖြစ်သည်။ သူတို့သည် သိုးနှင့်မည်သို့ပင် မပြစ် စွန့်လွှတ်ခြင်းကို ထပ်ခါထပ်ခါပြုစေကာမူ အသုံးမဝင်နှိင်ပေ။ သူတို့သည် ကျမ်း ဟောင်း၏ နောက်ဆုံးဖြစ်သော မာလခိထဲ၌ “ယစ်ပူဇော်ခြင်းအမှု” ဆိုသည် မှာ “အပြစ်စွန့်လွှတ်ခြင်း”ကို ဆိုလိုကြောင်း မယုံကြည်ကြပါ။ သူတို့သည် ဒါဝိဒ်၏ ကာလ၌သေသေချာချာ ယုံကြည်ခဲ့ကြသော်လည်း သူတို့၏ မယုံကြည်ခြင်းသည် ဆော်လမွန်၏ကာလ၌ စတင်၍ မရေမရာ ဖြစ်မူ စတင်ခဲ့သည်။ နိုင်ငံတော်ပြိုယိုင်လဲနေသောကာလ၌မူ သူတို့သည် ဘုရား ကျောင်းဝန်းထဲ၌ ယစ်ပူဇော်ခြင်းအမူကို ရှေးအစဉ်လာမပျက် ပြုလုပ်လျှက် နှင့်ပင် တခြားဘုရားများဖြစ်သော ဘားလ် နှင့် အရှဲရတို့အား ကိုးကွယ် ခြင်းအမူကို ပြုကြ၏။ ရှေးအစဉ်အလာအရ ယစ်ပူဇော်ခြင်းဆို သည်မှာ ဘုရားသခင်ကို မယုံကြည်သည်နှင့် အတူတူပင်ဖြစ်သည်။ ကျွန်ုပ် တို့သည် ဘုရားသခင်၏ နုတ်ကပတ်တော်ကို ယုံကြည်ပြီး လိုက်လျှောက် ကြသောအခါ ကိုယ်တော်သည် အလွန်ကျေနပ် နှိမ့်သိမ့် တော်မူသည်။ 
ယစ်ပူဇော်ခြင်း အလေ့အထတွင် လူသည် မိမိကိုယ်စား ယစ်ပူ ဇော်ခြင်းကို ခံမည်တိရစ္ဆာန်၏ဦးခေါင်းပေါ်၌ လက်တင်သောခဏ တာ၌ ပင် သူ၏အပြစ်အားလုံးစုံသည်။ ထိုတိရိစ္ဆာန်ထံသို့ လွှဲပြောင်းရောက်ရှိသွား ခဲ့ပြီးဖြစ်သည်။ သို့သော် ဂျူးများသည် ထိုအချင်းအရာများကို ယုံကြည် ခြင်းမရှိပါ။ ထို့အပြင် သူတို့သည် မည်သည်က မှားသည် မှန်သည်ကို သိသည်ဟု အထင်ရှိကြသည့်အလျှောက် သူတပါးကို ဝေငှသင်ကြားကြ၏။ ဘုရားသခင်၏ မှန်ကန်သော စကားကိုမယုံကြည် ယုံမျှမကဘဲ သူတပါး ကိုပင် ပြန်လည်သင်ကြားပေးကြ၏။ ထိုသို့ပြုခြင်းမှာ ဘုရားသခင်ကိုမျက် ကွယ် ပြုခြင်းပင်ဖြစ်သည်။ ထိုအခြင်းအရာမှာ ဂျူးများကို အကြီး အကျယ် ပျက်စီးစေခဲ့သောအပြစ်ပင် ဖြစ်သည်။ 
ဘုရားသခင်ကို မယုံကြည်ခြင်းမှာ သင်သည် ယုဒလူဟု သမုတ် ခြင်းကို ခံသောသူ၊ ပညတ်တရားတော်ကို ကိုးစားသောသူ၊ ဘုရားသခင်ကို အမှီပြု၍ ဝါကြွားသောသူ၊အလိုတော်ကိုသိသောသူ၊ ပညတ်တရားတော်ကို လေ့ကျက်သဖြင့် ခြားနားသောအရာတို့ကို ပိုင်းခြားတတ်သောသူဖြစ်သည် နှင့်၊ လူကန်းတို့အား လမ်းပြသောသူ၊ မှောင်မိုက်၌နေသော သူတို့ကို လင်း စေသောသူ၊ လူမိုက်တို့ကို ဆုံးမတတ်သောသူ၊ သူငယ်တို့ကို နည်းပေး သောသူ၊ ပညတ်တရားတော်အားဖြင့် ပညာကို၄င်း၊ သမ္မာတရားကို၄င်း ရိပ်မိသောသူ ဖြစ်သည်ဟူ၍၊ ကိုယ့်ကိုကိုယ် ထင်မှတ်တတ်သည်မှန်လျှင်၊ သူတပါးကို ဆုံးမလျက်ပင် ကိုယ့်ကို မဆုံးမသလော။ 
 
 
ကိလေသာစိတ်ညစ်ညူရင်း ယုံကြည်ခြင်းသည် ထာဝရဘုရားကို ညစ်ညူးစေသည် 
     
ယနေ့ခရစ်ယာန် ယုံကြည်သူအများသည် ယုဒလူမျိုးများကဲ့သို့ အပြစ်ရှိကြ၏။ ယုဒလူမျိုးများသည် ယေရှုခရစ်တော်၏ အပြစ်ဆေး ကြောခြင်းကို မယုံကြည်သောသူနှင့်တူသည်။ “မဖောက်ပြန် မဖျက်စီးနိုင် သော ဘုရားသခင်၏ဂုဏ်တော်ကို ပယ်လျက် ဖောက်ပြန်ပျက် စီးတတ် သော တိရစ္ဆာန်၏ရုပ်တုတို့ကို ဘုရားသခင်၏အရာ၌ ချီးမြှောက်ကြ၏။ ထို့ကြောင့် မိမိတို့ကိုယ်တိုင်ကာယ၏ အသရေကို အချင်းချင်း ရှုတ်ချမည့် အကြောင်း ဘုရားသခင်သည် သူတို့ကို သူတို့၏ ကိလေသာစိတ် ညစ်ညူ ခြင်းလက်သို့ အပ်လိုက်တော်မူ၏” (ရောမ ၂း၂၃-၂၄) ဟု ကျမ်းစာ၌ ဆိုထားပါသည်။ ဘုရားသခင်ကို မှားယွင်းစွာ ယုံကြည်ခြင်းသည် ဘုရား သခင်၏ နာမတော်မြတ်ကို ညစ်ညူးစေခြင်းဖြစ်ပါသည်။ 
ယေရှုဘုရားကို အမှန်တကယ် ယုံကြည်ပြီး ဒုတိယမွေးဖွားခြင်း မခံလျှင် ဘုရားသခင်၏နာမတော်မြတ်ကို ညစ်ညူးစေပါသည်။ ယေရှုဘု ရားကို ဒုတိယမွေးဖွားခြင်းမခံဘဲ ယုံကြည်ခြင်းသည် ဘုရားသခင်၏ နာမတော်ကို ညစ်ညူးစေခြင်းဖြစ်သည်။ သင်သည် ပညတ်တရားကို ကျင့် လျှင်၊ အရေဖျားလှီးခြင်းအားဖြင့် အကျိုးရှိ၏ ပညတ်တရားကို လွန်ကျုံး လျှင် သင်၏အရေဖျားလှီးခြင်းသည်အရေဖျားလှီးခြင်း မမည်ပါ။ ထိုမှတပါး အရေဖျားလှီးခြင်းကို မခံသောသူသည် တရား၌ပါသော ပညတ်တို့ကို စောင့်ရှောက်ခြင်းဖြစ်ပါသည်။ ထိုသူ၏ အရေးဖျားလှီးခြင်းအဖြစ်ကဲ့သို့ မှတ်ရသည်မဟုတ်လော။ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ကိုယ်အလိုအလျှောက် ပညတ်တရားကို ကျင့်လျှင်၊ ကျမ်းစာ၌ အရေဖျား လှီးခြင်းသည် အရေဖျားလှီးခြင်းမမည်ပါ။ အတွင်းအားဖြင့် ယုဒလူဖြစ် သော်လည်း ကျမ်းဟောင်းတရားအားဖြင့် စိတ်နှလုံးနှင့် ဆက်စပ်ဆို၏ ထိုသို့အရေဖျားလှီးခြင်းကို ခံသောသူ၏ အချီးအမွမ်းသည် သူအလိုနှင့် မဆိုင်၊ ဘုရားသခင်၏ အလိုတော်နှင့် ဆိုင်သတည်းဟု (ရောမ ၂း၂၅-၂၉) တွင် ဆိုထားပါသည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နှလုံးသား အြွကင်းမဲ့ ယုံကြည်လက်ခံရပါမည်။ 
 
 
အရေဖျားလှီးခြင်းနှင့် ပညတ်တော်တွင် မည်သည့်အရာသည် ပထမဖြစ်သနည်း 
 
အရေဖျားလှီးခြင်းနှင့် ပညတ်တော်တွင် မည်သည့်အရာသည် ပထမ ဖြစ်သနည်း။ ဘုရားရှင်က မည်သည်အရာကို ဣသရေလလူမျိုးများ အား ပထမ ပေးခဲ့သနည်း။ ဘုရားရှင်သည် အာဗြဟံကို အရေဖျားလှီးရန် ပြောခဲ့ပါသည်။ အဗြဟံသည် အသက် ၉၉ နှစ်ရှိချိန်တွင် တရား ဝင်သားမရှိခဲ့ပါ။ မည်သို့ပင် ဖြစ်စေဘုရားသခင်သည် အာဗြဟံကို အပြင် ထွက်လာပါ။ ငါသည်သင့်ကို ကောင်းကင်မှကြယ်များနှင့် မြေကြီးရှိသဲများ လောက် များပြားသောသားသမီး ပေးမည်ဟု ပြောပါသည်။ အဗြဟံသည် ဘုရား သခင်စကားကို ယုံကြည်ပြီး ၂၅နှစ်တိုင်အောင်စောင့်ခဲ့ပါသည်။ ဘုရားရှင်၏ ကတိတော်သည် ၂၅ နှစ်ကြာမှ ပြည့်စုံလာပါသည်။ ထိုကြောင့် အာဗြဟံသည် အသက် ၁၀ဝ ပြည့်မှ သားတစ်ရောက်ရခဲ့၏။ သူသည်ဘုရားသခင်၏ကတိကို စိတ်ပျက်အားငယ်ပြီး အမှားလုပ်မိခဲ့သော် လည်း ၂၅ တိုင်စောင့်ခဲ့သည်။ ဘုရားရှင်သည်လည်း သူ့ကို သားပေးရန်နှင့် ကတိတော်ထားသည့် ခါနန်ပြည်ကို ကောင်းကင်ကဲ့သို့ ဝိညာဉ်တော်ပြည့် ဝရန် ကောင်းကြီးပေးမည်ဟု ကတိပြုခဲ့ပါသည်။ 
ဘုရားသခင်သည် သူ့ကို ကောင်းကင်နိုင်ငံကတိတော်ကို ပြုခဲ့ပြီး နောက် သူ့အိမ်၌ရှိသော ယောင်္ကျားအားလုံးကို အရေဖျားလှီးစေခဲ့သည်။ ဘုရားသခင်က အရေဖျားလှီးခြင်းသည် သူတို့နှင့် ဘုရားသခင်အကြား၌ ပဋိဂိုဏ်ဖြစ်မည်ဟု မှာကြားမိန့်တော်မူခဲ့၏။ သူ့အိမ်၌ရှိသော ယောင်္ကျား အားလုံးကလည်း အရေဖျားကို လှီးခြင်းအားဖြင့် လက်ခံကြ၏။ ထိုသို့ အရေဖျားလှီးခြင်းသည် ယနေ့ ကျွန်တော်တို့ သမ္မာတရားကို ယုံကြည်ခြင်း ဖြင့်နှင့်တူပါသည်။ 
 
 
ဣသရေလလူမျိုးများသည် စိတ်နှလုံးအားဖြင့် အရေဖျားလှီးခြင်းကို ငြင်းပယ်ခဲ့ကြ၏ 
 
မည်သို့ပင်ဖြစ်စေ ဣသရေလလူမျိုးများသည် အာဗြဟံ၏အမျိုး အနွယ်၌ အရေဖျားလှီးခြင်းကို ဝါြကွားခြင်းအားဖြင့် ဤကဲ့သို့ ဂျူးလူမျိုး များကို အရေဖျားလှီးခဲ့ပြီလားဟု မေးခဲ့၏။ ကျွန်တော်တို့သည် စိတ်နှလုံး အားဖြင့် အရေဖျားလှီးရမည်။ ကျွန်တော်တို့သည် ဘုရားသခင်က လောက အပြစ်ကို ဆေးကြောခဲ့ပြီဆိုသည့် နှုတ်ကပတ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်သည်။ တချို့နိုင်ငံ များသည် ဣသရေလလူမျိုးများထက် ကျုံးကျော်ကြသည်။ ထိုသူတို့သည် အိမ်ခြေ ၂၀ဝ၀ နီးပါး အိုးမဲ့အိမ်မဲ့ရှိသကဲ့သို့ ပူဆွေး သောကရောက်သည်။ မည်သည့်အတွက်ကြောင့်နည်း၊ မယုံကြည်သောကြောင့်ဖြစ်ပါသည်။ 
ဣသရေလလူမျိုးများသည် ဘုရားရှင်ကို ချစ်သော်ငြားလည်း သူတို့သည် ဘုရားရှင်ကို မယုံသောကြောင့် ဘုရားသခင်၏ နာမတော်မြတ် ကို ညစ်ညူးစေကြသည်။ အမှန်တကယ် ဘုရားရှင်သည် ထိုသူတို့ကို ရန်သူလက်မှ လွတ်မြောက်စေပြီး ဣသရေလလူမျိုးများ၏ သိုးထိန်းရှင်ကဲ့ သို့ ဖြစ်တော်မူ၏။ ကောင်းကြီးပေးတော်မူ၏၊ သူတို့ကို ဘုန်းတန်ခိုးထင် ရှားစေတော်မူ၏။ 
ဘုရားသခင်သည် လူသားတိုင်းကိုသူတို့နှလုံးသား အကြွင်းမဲ့ဖြင့် အပြစ်ခွင့်လွတ်ခြင်းကိုရရှိလျှင် သူ့သားသမီးအဖြစ်သို့ ဘုန်းတန်ခိုးတော် ထင်ရှားခဲ့သည်။ လူသားများသည် ဘုရားသခင်၏ ကတိတော်ကို ဣသရေ လလူမျိုးများကဲ့သို့ ငရဲသို့သွားကြရလိမ့်မည်ဖြစ်ပါသည်။ ဘုရားသခင်က လူသားသည် အကျင့်အားဖြင့် မပြည့်စုံသော်လည်း သတင်ကောင်း သမ္မာ တရားကို လက်ခံလျှင် ကောင်းကြီးပေးမည်ဟု ကတိတော်ပေးခဲ့သည်။ ဘုရားသခင်၏ တရားစီရင်ခြင်းကို ရှောင်လွဲခြင်းသည် ကယ်တင်ခြင်း သတင်းကောင်းကို ယုံကြည်ခြင်းသာဖြစ်ပါသည်။