خطبے

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[2-1] ရောမသြဝါဒစာစောင် အခန်းကြီး (၂) ကို မိတ်ဆက်ခြင်း

ကမ္ဘာပေါ်တွင် ဂျူးဘာသာဝင်နှင့် ခရစ်ယာန်ဘာသာဝင်ဟူသော အုပ်စုနှစ်စုတို့သည် ဘုရားသခင်ကို ယုံကြည်ကိုးကွယ်ကြရာ ၄င်းအုပ်စု တွင် ခရစ်တော်ကို ယုံကြည်သောသူနှင့် မယုံကြည်သောသူဟူ၍ ရှိကြပါ သည်။ ဘုရားသခင်က ခရစ်တော်ကို မယုံကြည်သောသူတို့၏ ယုံကြည် ခြင်းကို အကျိုးမရှိသောအရာကဲ့သို့သတ်မှတ်သည်။ သို့သော်လည်း ခရစ် ယာန်များရင်ဆိုင်ကြုံတွေ့နေရသော အဆိုးရွားဆုံးပြဿနာမှာ သူတို့သည် ခရစ်တော်ကို ယုံကြည်ခြင်းတော့ခြင်ဖြစ်ပါသည်။ သို့သော် အပြစ်မှခွင့် လွှတ်ခြင်းကို မခံရကြပါ။ တမန်တော်ရှင်ပေါလုက ဤအဓိက အချက်ကို ရောမသြဝါဒစာစောင် အခန်းကြီး (၂) တွင် ဂျူးလူမျိုးနှင့်ဂရိလူမျိုးများ ကို သာမက ယနေ့ခရစ်ယာန်များအတွက် ဖော်ပြထားခြင်းဖြစ်သည်။
 
 
ဂျူးလူမျိုးတို့သည် တပါးအမျိုးသားများကို အလွယ်တကူ တရား စီရင်ကြသည်
 
တမန်တော်ရှင်ပေါလုက တူညီသော ယုံကြည်ခြင်းကို ပိုင်ဆိုင် သည့် ယုဒ (ဂျူး) လူမျိုးများနှင့် ခရစ်ယာန်များကို အပြစ်တင်သည်။ (ရော ၂:၁) တွင် ပေါလုက “သူတပါးကို စစ်ကြောစီရင်တတ်သောသူ” ဟု ကိုယ့်ကို ကိုယ် ယုဒလူမျိုး (သို့) ခရစ်ယာန်ဖြစ်ရခြင်းကြောင့် သူတပါးထက် ပို၍ကြီး မြတ်သည်ဟူသောအသိဖြင့် ယစ်မူးနေသူများကို အပြစ်တင်ထင်ပါသည်။ ဘုရားသခင်ကို ယုံကြည်ပြီးမှကယ်တင်ခြင်းမရသေးသောသူများကပင် သြတ္တပ္ပစိတ်၏ပညတ်ချက်အားဖြင့် မှားနေသောအရာကို နှလုံးသားထဲမှ သိနားလည်ကြပါသည်။ ထို့ကြောင့် သူတို့သည် အခြားသူများကို သူတပါး ပစ္စည်းမခိုးရန် ပြောကြသည်။ သို့သော်လည်း သူတို့သည် မိမိကိုယ်ကို ဘုရားသခင်၏ယုံကြည်သူများဟုကြွေးကြော်နေရင်းဖြင့် သူမယားကို ပြစ် မှားကာ ဘုရားသခင်၏စကားတော်ကို မလိုက်နာသည့်တိုင် အခြား သူများ အား ဘုရားသခင်၏ပညတ်တော်များဖြင့် ဦးဆောင်နေကြပါသည်။ ယုဒလူ မျိုးနှင့် ခရစ်ယာန်များကြားတွင် ဒုတိယအကြိမ်မွေးဖွားခြင်း မခံရသောသူ များ ရှိကြပါသည်။ 
ဘုရားသခင်ကို ယုံကြည်သောသူများက ပညတ်တော်များကို ၄င်း တို့လိုက်နာကြောင်း ကြွားဝါရင်း သူတစ်ပါးအား ရုပ်တုမကိုးကွယ်ရန်၊ လူ့ အသက်မသတ်ရန် သင်ပေးတတ်ကြသည်။ ထို့ကြောင့် သူတို့သည် ဘုရား သခင်၏ပညတ်တော်များကို ချိုးဖေါက်၍ သူ၏နာမတော်ကို ရှုပ်ချကြ သည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မသိဘဲ ခရစ်တော်ကို ယုံကြည် သူများကလည်း ယေရှုခရစ်ကို သူတို့၏ကယ်တင်ပိုင်ရှင်ဟု ပြောဆိုကြပါ သည်။ သို့သော် သူတို့၏ ယုံကြည်ခြင်းများသည် ဘုရားသခင်၏ဖြောင့် မတ်ခြင်း၌ အခြေမစိုက်ခဲ့ကြပေ။ သို့သော် သူ၏အပြစ်များကို ဖယ်ထုတ် ပေးခဲ့သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဆန့်ကျင်ကြသည်။ သူတို့ ကိုယ်တိုင်ကလည်း ဘုရားသခင်၏စစ်မှန်သော ယုံကြည်သူများကို ဆန့် ကျင်နေကြောင်း မသိကြပေ။ မြောက်များစွာသောသူများက မိမိကိုယ်ကို ခရစ်ယာန်ဟု ခေါ်တွင်ပြီး ယေရှုခရစ်၏ချစ်ခြင်းမေတ္တာ (သို့) ဝိညာဉ်အ ရေဖျားလှီးခြင်းကို မသိဘဲ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသတင်း ကောင်း ကို ငြင်းပယ်ကြသည်။ သူတို့သည် ဘုရားသခင်၏အလိုတော်ကို လိုက် လျှောက်ပါမည်ဟု အခိုင်အမာပြောဆိုကြသော်လည်း အမှန်တွင် ယေရှုခ ရစf ဘုရားသားဖြစ်ကြောင်း သက်သေပြခဲ့သည့်အတွက် ဘုရားသခင် ကို ပြစ်မှားခြင်း စွဲချက်တင်ကာ ကားတိုင်တွင် ကားတင်သတ်၍ သူ့ကို ငြင်းပယ်ခဲ့ကြသည်။
တမန်တော်ရှင်ပေါလုက ပြောသည်မှာ အပြင်ပန်းအားဖြင့် ယုဒ လူမျိုးဖြစ်ရုံဖြင့် ယုဒလူမှန်မဟုတ်၊ အတွင်းပိုင်း၌ ယုဒလူဖြစ်သောသူသာ စစ်မှန်သောယုဒလူမှန်ဖြစ်သည်ဟူ၍ ဖြစ်သည်။ သူတို့သည် ဘုရားသခင် ၏လူများဖြစ်ကြောင်း အခိုင်အမာပြောဆို၍ သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်၌ တစိတ်တပိုင်း ဖြစ်ကြောင်းကြွေးကြော်ကြသည်။ သို့သော် ယေရှုခရစ်ကို သူတို့၏ ကယ်တင်ပိုင်ရှင်အဖြစ် ငြင်းပယ်သော ယုဒလူမျိုး များသည် မည်သို့အားဖြင့် ဘုရားသခင်ကို ယုံကြည်နိုင်မည်နည်း။
တမန်တော်က “အရေဖျားလှီးခြင်းသည် ကျမ်းဟောင်းတရားအား ဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်တရားအားဖြင့် စိတ်နှလုံးနှင့်စပ်ဆိုင်၏” ဟု (ရော ၂း၂၉) တွင် ပြောထားပါသည်။ ဝိညာဉ်အရေဖျားလှီးခြင်းကို ယုံ ကြည်သောသူတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်သူများဖြစ် သည်။ သူတို့သည် ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်သောသူများ ဖြစ်ကြသည်။
ဘုရားသခင်၏ယုံကြည်သူများသည် မည်သူ‹ထံမှ အသိအမှတ် ပြုခြင်းနှင့် ချီးမွှမ်းခြင်းကို ရရှိမည်နည်း။ ဘုရားသခင်ထံမှသာ ဖြစ်သည်။ ရှင်ပေါလုက “အချီးအမွှမ်းသည် လူအလိုနှင့်မဆိုင်၊ဘုရားသခင်အ လိုတော် နှင့်ဆိုင်သတည်း” (ရော ၂း၂၉) ဟု ဆိုသည်။ ဘုရားသခင်၏ဖြောင့် မတ်ခြင်း၌ ယုံကြည်လျှင် သူ၏ချီးမွမ်းခြင်းကို ရရှိက သူထံမှ ဆုကျေး ဇူးကို ရရှိပါသည်။ ယေရှုခရစ်ကို အပြင်ပန်းအားဖြင့်သာ ယုံကြည်၍ အပြစ်ကို ဆုပ်ကိုင်နေသေးပါက သင်သည် အမှန်တစ်ကယ်တွင် ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို မယုံကြည်ဘဲ သူ့ကို ပြက်ယယ် ပြုခြင်းသာ ဖြစ်သည်။ ထို့ကြောင့် မယုံကြည်သူတစ်ယောက်၏ တရားစီရင်ခြင်းကို သင်သည် ခံရမည်ဖြစ်သည်။
ဘုရားသခင်၏ အမှန်တရားကို ဂရုမပြုသောသူများသည် မည် သူနည်း။ ဘရားသခင်၏စကားတော်ထက် လူတို့၏စကားကိုသာ ပို၍ဂရု မပြုကာ လိုက်လျှောက်နေသော သူများဖြစ်သည်။ ထိုသူတို့သည် ခရစ် ယာန်အသိုင်းအဝိုင်းတွင် များစွာသော ဘာသာရေးသင်းခွဲများအနေဖြင့် သူတို့ကိုယ်သူတို့ဖွဲ့စည်းကာ ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ သူတို့၏ ဖွဲ့စည်းထားသောအင်အားဖြင့် ဘုရားသခင်ဖြောင့်မတ်ခြင်း၏ကယ် တင်း ကို ငြင်းပယ်လျက် ဆန့်ကျင်စွာ ရပ်တည်ကြသည်။ ဤသူများအ ပေါ်သို့ မည်ကဲ့သို့သော အပြစ်ဒါဏ်ကျရောက်လာမည်ကို မိတ်ဆွေမှန်းဆ နိုင်ပါ သလား။
 
 
ဘုရားသခင်ကို ဆန့်ကျင်သော သူများထံသို့ကျရောက်သော အပြစ်ဒါဏ်
 
အပိုဒ် (၈) နှင့် (၉) က “ငြင်းဆန်သောသဘောရှိ၍ သမ္မာတရားကို နားမ ထောင်ဘဲ မတရားသဖြင့် ကျင့်သောသူတို‹ကိုကား ပြင်းစွာသော ဒေါသအမျက်ထွက်တော်မူလတံ့။ ရှေ›ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလ သလူ၊ ဆိုးညစ်သော အမှုကို ပြုသောသူ ရှိသမျှတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခ ဝေဒနာကို ခံရကြ လတ္တံ့” ဟု ဖေါ်ပြထားပါသည်။
ကြီးစွာသော ဆင်းရဲဒုက္ခနှင့် နာကျင်သော ဝေဒနာသည် မှားယွင်း ခြင်းကို ပြုသောလူသား တစ်ယောက်စီတိုင်း၏ ဝိညာဉ်များပေါ်သို့ကျ ရောက်မည်ဖြစ်သည်။ ဤနေရာတွင် ဖေါ်ပြထားသော “နာကျင်သောဝေဒ နာ”သည် ငရဲတွင်ခံရမည့်အပြစ်ဒဏ်ဖြစ်သည်။ မှားယွင်းခြင်းအမှုကို ကျူး လွန်သူများအတွက် ကြီးစွာသော ဆင်းရဲဒုက္ခနှင့် ငရဲတွင် ခံစားရမည့်နာ ကျင်သောဝေနာက စောင့်ဆိုင်းနေပါသည်။
ဘုရားသခင်ကို ငြင်းပယ်သောသူများသည် မည်သို့သော ကျိန်ခြင်း ကို ခံကြရသနည်း။ ဘုရားသခင်သည် သူ၏ချစ်ခြင်းမေတ္တာကို ငြင်းပယ်သော သူတို့အပေါ်သို့ ကြောက်မက်ဖွယ်ကောင်းသော တရားစီ ရင်ခြင်းကို ကျရောက်စေပါ သည်။ ခနြွာနှင့်ဝိညာဉ်ငြိမ်သက်စွာ နေထိုင်နိုင် ရန် ဝိညာဉ်အရေဖျားလှီးခြင်းမှ လာသည့်ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ကို ငြင်းပယ်သောသူတို့အား သင် မည်သို့မျှော်လင့်ပါသနည်း။ အချို့သော သူများသည် ယခုနှင့် သေဆုံးပြီးနောက်တွင် ဖျက်စီးခြင်းခံရသောအသက် တာ၌ အသက်ရှင်ကြရမည်။ အကြောင်းမှာ သူတို့သည် ဘုရားသခင်၏ အမျက်တော်ကို ခံရန်ထိုက်တန်သောကြောင့် ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ဆန့်ကျင်ကာ စစ်မှန်သော စိတ် ကျေနပ်မှုကို နှလုံးသား၌ မဆုပ်ကိုင်နိုင်ကြပေ။ သူတို့သည် ဘုရားကျောင်း သို့သွား၍ ခရစ်တော်ကို ယုံကြည်ကြောင်း ဝန်ခံကြသော်လည်း ဝိညာဉ် အရေဖျား လှီးခြင်းမှလာသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မသိကြ သောကြောင့် ယခုတိုင် အပြစ်ခွင့်လွှတ်ခြင်း မခံရသည့်အတွက် ဒုက္ခခံ နေကြပါသည်။
ခရစ်တော်ကို ယုံကြည်လိုက်ရုံဖြင့် ဤလျို့ဝှက်ချက်ကို သင်သိနိုင်မှာ မဟုတ်ပေ။ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်သောသူကသာ သိနိုင်ပါသည်။ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်သော ရေနှင့်ဝိညာဉ် တော် သတင်းကောင်းကို သင်သည် နားလည်ယုံကြည်ရန် ဘုရားသခင်၏ မှားယွင်းသော ယုံကြည်သူဖြစ်သည့်သင့်ကို အကြံပေးထားပါသည်။ ထို့ နောက် သင်သည် ခံစားရသောကျိန်ခြင်းမှ လွတ်မြောက်ရန် စွမ်းဆောင် နိုင်ပါလိမ့်မည်။
ခရစ်တော်ကို ယုံကြည်ပြီး ဖြစ်သည့်တိုင် ထိုသူသည် နှလုံးသား၌ အပြစ် ရှိနေပါက သူသည် မှားယွင်းသောလမ်းမှ ယုံကြည်သူဖြစ်ပြီး ဘုရားသခင်၏ ဖြောင့်မတ်ခြင်းက ပေးသည့်ယေရှုကို ယုံကြည်ခြင်းက ပြဿနာမဟုတ်ပါ။ သူတို့သည် ခရစ်တော်ကို ယုံကြည်သည်ဟု ခိုင်မာစွာ ပြောဆိုလျက် အပြစ်ရှိသေးပါက ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ဂရုမထားသော အပြစ်ကို ကျူးလွန်နေကြပါသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်ကန်သောရလဒ်သည် အဘယ်သို့ နည်း။ ယေရှုခရစ်ကို သင်၏ကယ်တင်ပိုင်ရှင်အဖြစ် အမှန်တရား၌ ယုံကြည်ပါက သင်သည် သေချာပေါက် အပြစ်မရှိသောသူဖြစ်သည်။ သို့သော်လည်း ယေရှုကိုယုံကြည်ပြီးမှသင်၏နှလုံးသား၌ အပြစ်ရှိနေသေး ပါက ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သင်သည် ပြည့်စုံစွာ နားမ လည်ခဲ့သောကြောင့် ဖြစ်သည်။
အပြစ်သားအားလုံးကို ၄င်းတို့အပြစ်မှ ကယ်တင်ခဲ့သော သခင်သည် လူ့အဖြစ်ကိုခံယူကာ အပြစ်သားများကို ကယ်တင်၍ ယုံကြည်သူအားလုံး ၏ ကယ်တင်ရှင်ဖြစ်လာသည်။ သို့ဖြစ်လျှင် ရေနှင့်ဝိညာဉ်တော် သတင်း ကောင်းကို မှန်ကန်စွာ ယုံကြည်လက်ခံသောသူသည် အပြစ်ရှိနေပါသေးသ လား။ ယေရှုခရစ်ကို ယုံကြည်သည့်အခိုက်အတန့်မှာပင် သူသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကိုယုံကြည်ပါက ထိုသူ၌ အပြစ်မရှိသင့်ပေ။ သို့သော် ယေရှုခရစ်ကို ယုံကြည်နေစဉ်တွင် ဘုရားသခင်၏ ဖြောင့်မတ် ခြင်းကို အလေးမထားသောကြောင့် ထိုသူ၏ နှလုံးသား၌ အပြစ်စ တင်လာသည်။
ထို့ကြောင့် သင်၏ခေါင်းမာမှုကို ယခုပင် အလျှော့ပေးသင့်ပါသည်။ “ကျွန်ုပ်သည် ခရစ်တော်ကို မှားယွင်းစွာ ယုံကြည်ခဲ့မိသည်။ သို့ဖြစ်လျှင် မည်သည့် နည်းလမ်းဖြင့် ခရစ်တော်ကိုသိရှိ၍ ယုံကြည်ရမည်နည်း ယေရှုခ ရစ်ကို ယုံကြည်ရာ၌ ကားတိုင်ကို အလွန်အရေးကြီးကြောင်းနှင့် သူ၏ဗတ္တိ ဇံသည်လည်း မရှိမဖြစ် အလွန်အရေးပါကြောင်းကို ကျွန်ုပ်နားလည်လာပါ သည်။ ယခု ကျွန်ုပ်သည် ယေရှုခရစ်က သူ၏ဗတ္တိဇံဖြင့် လောကအပြစ်များ အားလုံးကို ယူဆောင်သွားသော ကြောင့် ကားတိုင်ပေါ်တွင် အသေခံကာ ကျွန်ုပ်တို့ကိုယ်စား အပြစ်စီရင်ခြင်းကို ခံယူသွားကြောင်း နားလည်လာ ပါပြီ။” ဤအမှန်တရားကို သင်သည် သိမြင်၍ ၄င်းတို့ကို ယုံကြည်ရ ပါမည်။
ထာဝရဘုရားကို ဆန်‹ကျင်လျက် ခေါင်းမာစွာ ကျန်ရစ်သူများသည် ထိုသို့နှင့်အညီ ထိုက်တန်သည့်အပြစ်ဒါဏ်ကို ဘုရားသခင်ထံမှ ရရှိမည် ဖြစ်သည်။ ရလဒ်မှာ ငရဲမီးထဲသို‹ ပစ်ချခံခြင်းဖြစ်သည်။ ထို‹အကြောင်း ကြောင့် (မ ၇း၂၂) က “ထိုနေ့၌ကား သခင်၊ သခင် အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမသြ ဝါဒပေးပါပြီ မဟုတ်လော။ ကိုယ်တော်အ ခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသောတန်ခိုးတို့ကို ပြပါပြီ မဟုတ်လောဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်” ဟု ဖေါ်ပြထားပါသည်။ သခင်ခရစ်တော် ပြန်ကြွလာသောအခါ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မယုံကြည် သော သူနှင့် အပြင်ပန်းအားဖြင့် ခရစ်တော်ကို ယုံကြည်ဟန်ဆောင်၍ နှလုံးသား ထဲ၌ အပြစ်ရှိသောသူများသည် ဘုရားသခင်ရှေ›မှောက်၌ တရားစီရင်ခြင်း ကို ခံကြရပါမည်။ သူတို့က “ကိုယ်တော့်ကို ကျွန်ုပ် ကောင်းမွန်စွာ ယုံကြည်ခဲ့သည်မဟုတ်လော။ကိုယ်တော်၏နာမ၌နတ်ဆိုးတို့ကို နှင်ထုတ် ပြီး အခြားသောဘာ သာစကား တို့ကိုလည်း ပြောခဲ့သည်မဟုတ်လော။ အမှုတော်ကို ကျေပြွန်စွာ ထမ်းဆောင်ခဲ့ သည်မဟုတ်လောသခင်” ဟု ကိုယ်တော်ကို ပြောကြပါလိမ့်မည်။
မည်သို့ပင်ဖြစ်စေကာမူ ကိုယ်တော်က “တရားမဲ့သော အကျင့်ကို ကျင့်သုံးသောသူ (ဤစာကြောင်းက ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မယုံကြည်သောသူများအား ရည်ရွယ်ပါသည်)။ ငါထံမှ ခွာလော့။ ငါသည် ဗတ္တိဇံကို ခံယူ၍ ကားတိုင်ပေါ်အသေခံခြင်းဖြင့် သင်၏ အပြစ်များကို ဖယ်ရှားခဲ့ကြောင်း မယုံကြည်ဘဲ ငါကို ယုံကြည်ပါသည်ဟု သင်မည်သို့ ဆိုဝံ့သနည်း။ မုသာပြောသောသူ၊ လောင် ကျွမ်းသော ငရဲမီးအိုင်သို့ သင်သွားရမည်။ သင်၏ အပြစ်သည် မမှန်ကန်သော ပရောဖက်များ ကြောင့် ဖြစ်ပြီး မြောက်များစွာသောသူတို့ကို ငရဲသို့ ရောက်စေခဲ့သည်” ဟု ပြောပါလိမ့်မည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မယုံကြည်သော သူနှင့် ခေါင်းမာမှုကို အလျှော့မပေးသောသူများသည် ဘုရားသခင်၏ ကြောက် မက်ဖွယ်အမျက်ဒေါသကို ခံစားကြရပါမည်။
ဤကဲ့သို့သော ယုံကြည်ခြင်း၏ အထင်ရှားဆုံးဥပမာသည် ယုဒ (ဂျူး) လူမျိုးများဖြစ်ပြီး ယခုတိုင် ဘုရားသခင်ရှေ့မှောက်၌ ခေါင်းမာလျက်ရှိပါ သည်။ ယခု အချိန်တွင် ယေရှုခရစ်အားဖြင့် ဖြစ်တည်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မယုံကြည်ကြပေ။ ပရိုတက်စတင်•ဂိုဏ်းဝင်များကြား တွင်ပင် သူတို့၏ နေ့စဉ်အပြစ် များသည် အပြစ်ဝန်ချခြင်းဆုတောင်းကို အချိန်တိုင်းတောင်းဆိုလျှင် ခွင့်လွှတ်ခြင်းကို ရနိုင်သည်ဟု ခံယူသည့် မြောက်များစွာသော ခေါင်းမာသော ခရစ်ယာန်များ ရှိကြပါသည်။ ဤလူ တို့သည် ဘုရားသခင်၏ ဒေါမာန်ထခြင်းကို ရှောင်ကြည်ရန် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မယုံကြည်သော သူတို့၏ ခေါင်းမာမှုကို အလျှော့ ပေးလက်‌မြောက်သင့်ပါသည်။
ယေရှုခရစ်သည် သူတို့၏ ကိုယ်ပိုင်ပြစ်မှုများအတွက် သူတို့နောင် တရ၍ နေ့စဉ်သူ၏ခွင့်လွှတ်ခြင်းကို တောင်းခံနေသောသူများကို ခွင့်လွှတ် လိမ့်မည်ဟု မိတ်ဆွေ ထင်ပါသလား။ မခွင့်လွှတ်ပါ။ ဓမ္မဟောင်းကျမ်းမှ နောက်ဆုံးသော ယဇ်ပုရော ဟိတ်မင်းဖြစ်သူ လူသားအားလုံးကို ကိုယ်စားပြုသူ ဗတ္တိဇံဆရာယောဟန်သည် လွန်ခဲ့သောနှစ်ပေါင်း (၂၀ဝ၀) ကျော်က ယေရှုခရစ်ကို ဗတ္တိဇံပေး၍ ယေရှုသည် ကားတိုင်ပေါ်၌ အသွေး တော်သွန်းလောင်းခဲ့သည်။ ယင်းသို့ဖြင့် သူသည် ဘုရားသခင်၏ ဖြောင့် မတ်ခြင်းကို ပြည့်စုံစေကာ လူသားများ၏ အပြစ်ကို တစ်ကြိမ်တည်းဖြင့် ဖယ်ရှားခဲ့ပါသည်။
ယေရှုခရစ်သည် ကျွန်ုပ်တို့၏အပြစ်များကို မည်သည့်နေရာတွင် ယူ ဆောင်သွားခဲ့သနည်း။ ယေရှုခရစ်သည် ယော်ဒန်မြစ်၌ ဗတ္တိဇံယောဟန် အားဖြင့် ဗတ္တိဇံခံယူစဉ် လောကသားများ၏ အပြစ်အားလုံးကို သူ၏ဝန် ထုပ်ဖြစ်စေခဲ့သည်။ သူသည် ဂေါလဂေါသသို့သွားရောက်၍ ကားတိုင်ပေါ် တွင် အသွေးတော် သွန်းလောင်းကာ အပြစ်အားလုံးအတွက် ကျွန်ုပ်တို့ ကိုယ်စား တရားစီရင်ခြင်းကို ခံယူ၍ လူသားတို့ကို ၄င်းတို့၏အပြစ်မှ ထာဝရကယ်တင်ခဲ့သည်။သို့သော် ခရစ်ယာန် အပြစ်သားများသည် ယခု တိုင် ခေါင်းမာလျက် ဘုရားသခင်၏ ဖြောင့်မတ် ခြင်းကို မယုံကြည်ကြပေ။ သူတို့၏ နှလုံးသားများသည် ကားတိုင်ပေါ်မှ အသွေးတော်အားဖြင့် သန့် ရှင်းစေပြီးဖြစ်ပါက မည်သည့်အတွက် အပြစ်ခွင့်လွှတ်ခြင်းကို သေသည့် တိုင်အောင် တောင်းဆိုရမည်နည်း။ သူတို့သည် ခေါင်းမာလျက်ရှိကြသည်။ ယေရှုခရစ်၏ ကားတိုင်ပေါ်မှ အသွေးတော်သည် အရေးပါသည့်နည်းတူ ယောဟန်ထံမှ ခံယူခဲ့သော သူ၏ဗတ္တိဇံသည်လည်း အလွန်အရေး ပါသောကြောင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ရရှိရန် ယုံကြည်၍ သူတို့အပြစ်များသည် တစ်ကြိမ်တည်းဖြင့် ခွင့်လွှတ်ခြင်းခံကြရပါသည်။ 
အယောက်စီတိုင်း ခေါင်းမာကြသည်။ သို‹သော် ဘုရားသခင်ရှေ့ မှောက်တွင် သူ၏ဖြောင့်မတ်ခြင်းကို ငြင်းပယ်သည့် သင်၏ခေါင်းမာမူကို အလျှော့ပေး ရပါမည်။ ဘုရားသခင်ကို ယုံကြည်သောသူသည် သူ၏စကား ကို နာခံကာ ယုံကြည် ရပါမည်။ကျွန်ုပ်သည်လည်း အလွန်ခေါင်းမာသော သူဖြစ်ပါသည်။ သို့သော် ဘုရားသခင်၏ ရှေ့မှောက်တွင် ကျွန်ုပ်၏ ခေါင်းမာခြင်းများကို စွန့်လွှတ်၍ သူ၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ် သောသူ ဖြစ်လာပါသည်။
စစ်မှန်သော နောင်တရခြင်းဆိုသည်မှာ ထိုသူ၏ ခေါင်းမာခြင်းကို စွန့် လွှတ်ခြင်းနှင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို နှလုံးသားမှလက်ခံ၍ အပြစ်ခွင့်လွှတ်ခြင်းကို ရရှိခြင်းပင်ဖြစ်သည်။ ခွင့်လွှတ်ခြင်းကို ခံရပြီး နောက် ကျွန်ုပ်တို့၏ မှားယွင်းသောလမ်းကို ဖြောင့်၍ ကျွန်ုပ်တို့ အမှား များကို သိမှတ်ကာ ဘုရားသခင် ရှေ့မှောက်တွင် ဝိညာဉ်တော်နှင့် ပြည့်ဝ၍ ကောင်းမွန်သောအသက်တာ၌ အသက် ရှင်ရန် ကြိုးစားခြင်းပင်ဖြစ်သည်။ ထိုနောက်ပိုင်းသည် ဒုတိယမွေးဖွါးခြင်းခံ ရသောသန့်ရှင်းသူ၏ စစ်မှန်သော နောင်တရခြင်းအသက်တာဖြစ်သည်။
ခရစ်တော်ကို ယုံကြည်၍ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မသိသေးသောသူတို့သည် ဖျက်စီးခြင်းကိုခံရမည်။ ထိုသူတို့သည် အပြစ်ခွင့် လွှတ်ခြင်းကို ရရန် သူတို့၏ခေါင်းမာမှုများကို စွန့်လွှတ်ကာ နောင်တရ၍ ခရစ်တော်၏ ဗတ္တိဇံနှင့် ကားတိုင်တော်ကို ယုံကြည်ရပါမည် (တ ၃း၁၉)။ ဘုရားသခင်က သူ၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ သည် တစ်ကြိမ်တည်းဖြင့် အပြစ် ခွင့်လွှတ်ခြင်းကိုရရန် ဤပညတ်တော်ကို ပေးခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် နှုတ်ကပတ်တော်ကို နားထောင်ကြရမည်။ သို‹မှသာ ကျွန်ုပ်တို့သည် ခရစ်တော်၏ ဗတ္တိဇံနှင့် ကားတိုင်ပေါ်အသေခံခြင်းဖြင့် အပြစ်အတွက် ပေးဆပ်ခဲ့သော အမှန်တရား ကို ယုံကြည်၍ ကျွန်ုပ်တို‹သည် ပြည့်စုံဖြောင့်မတ်သော သူများ ဖြစ်လာ ကာ အပြစ်မှ ခွင့်လွှတ်ခြင်းကို ခံကြရမည်။ လူတစ်ဦးသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်သောအခါ သူသည် အပြစ်မှခွင့်လွှတ်ခြင်းခံရ၍ သန့်ရှင်း သောဝိညာဉ်တော်ကို လက်ဆောင်အဖြစ် ရရှိသည်။ တမန်တော် အားလုံးနှင့် နောက်လိုက်တော်များအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ကာ တစ်ကြိမ်တည်းဖြင့် အပြစ်ခွင့်လွှတ်ခြင်း ကို ရရှိခဲ့ကြသည်။ သင်သည်လည်း အမှန်တရား၏ ရှေ့မှောက်၌ ခေါင်း မာရန် မသင့်ပါ။ မှန်သောအချိန်၌သာ စိတ်ဓါတ်မာကျောရပါမည်။ ဝိညာဉ်အရေဖျားလှီးခြင်းကို ကောင်းစွာ နားမလည်ပါက ထိုအရာကို သင်ယူ၍ ယုံကြည်ရမည်ဖြစ်သည်။ ၄င်းက သင့်ကို ခေါင်းမာခြင်းမှလွတ် မြောက်ရန် ကူညီလိမ့်မည်။ သင်သည် နောင်တရ၍ ယုံကြည်လက်ခံ ရမည်။
လူအများက ဝိညာဉ်အရေဖျားလှီးခြင်း အမှန်တရားကို နားမလည်ဘဲ ထိုအမှန်တရားကို လှောင်ပြောင်၍ ငြင်းပယ်ကြသည်။ “ထိုအကြောင်း အရာသည် မှားယွင်းနေသည်။ မည်သည့်နည်းဖြင့် နေ့ စဉ်အပြစ်ကျူး လွန်နေသော သူတစ်ယောက်က ဖြောင့်မတ်သောသူဖြစ်နိုင်မည်နည်း။ ခရစ်တော်၌ ယုံကြည်သူများသည် အပြစ်ကျူးလွန်နေဆဲဖြစ်သော်လည်း ဘုရားသခင်က ဖြောင့်မတ်သောသူများဟု ခေါ်တော်မူကြောင်းကို သင်သိ ပါသလား။ ၄င်းသည် ဖြောင့်မတ်ခြင်း တရား၏ဝါဒဖြစ်သည်။ သင်၏နှလုံး သားတွင် အမှန်တကယ် အပြစ်မရှိသောကြောင့် သင်သည် ဖြောင့်မတ် သောသူဟု ခေါ်ခြင်းခံရမည်မဟုတ်။” ဤကဲ့သို့သော နည်းလမ်းမမှန်သော သင်ကြားချက်ကို မိတ်ဆွေအနေဖြင့် သိရှိရမည်ဖြစ် သည်။
ကျမ်းစာတွင် ဘုရားသခင်က ဝိညာဉ်အရေဖျားလှီးခြင်း သတင်း ကောင်းဖြင့် ကျွန်ုပ်တို‹အား အပြစ်ခွင့်လွှတ်ခြင်းကို ပေးကြောင်း ပြောထား ပါသည်။ ဘုရားသခင်က မိတ်ဆွေကို “သင်၏အပြစ်များကို ငါဖယ်ရှား ခဲ့ပြီ။ သင်၏အပြစ်များအားလုံးကို ယူဆောင်ခဲ့ပြီးဖြစ်သောကြောင့် ယခု သင်၌ အပြစ်မရှိတော့ပါ။ ဖြောင့် မတ်သောသူဖြစ်ပြီ” ဟု ပြောနေပါသည်။ “ငါ၏ဖြောင့်မတ်ခြင်းကို ယုံကြည်ပါသလား။ ဝိညာဉ်တော် အရေဖျား လှီးခြင်းစကားကို သင်ယုံကြည်လျှင် သင်သည် ငါ၏လူဖြစ်ပြီး အပြစ်မရှိ သောသူ ဖြစ်လာမည်။” ဘုရားသခင်က သူ၏ပြည့်စုံသော ကယ်တင်ခြင်း အကြောင်းကို ပြောသော်လည်း အမည်ခံခရစ်ယာန်များသည် ဝိညာဉ်အရေ ဖျားလှီးခြင်းကို ယုံကြည်သောအသစ်တဖန် မွေးဖွားခြင်းခံသည့် ယုံကြည် သူများကို မကောင်းပြော၍လှောင်ပြောင်ကြသည်။ သူတို့က “အပြစ်ကို သတိမဲ့စွာကျူးလွန်လေ့ရှိသောသူက မည်ကဲ့သို့ ဖြောင့်မတ်သော သူဖြစ် လာနိုင်မည်နည်း။ ဖြောင့်မတ်ခြင်းမူဝါဒဖြင့်သာ လူပုဂ္ဂိုလ်ကို အပြစ်မ ရှိသောသူဟု ခေါ်နိုင်မည်နည်း။ မည်သည့်နည်းဖြင့် လူတစ်ဦးအား အမှန် တစ်ကယ် အပြစ်မရှိသောသူဟု တွေးကြည့်နိုင်မည်နည်း။ လူသည် အပြစ် ကျူးလွန်ခြင်းကိုသာ နေ‹စဉ်လုပ်နိုင်သည်” ဟု ပြောတတ်ကြသည်။ သူတို့ သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မယုံကြည်သောကြောင့် သူတစ်ပါး အား မကောင်းကြောင်းပြောကာ ခေါင်းမာစွာဖြင့် ကျန်ရစ်တတ်ကြသည်။
သို့သော် ဘုရားသခင်သည် ကောင်းသောအကျင့်ကို စိတ်ရှည်စွာ ပြုနေသူများအား ထာဝရအသက်ကို ပေးသည်။ ဘုန်းတော်၊ ဂုဏ်ကျက် သရေနှင့် ကောင်းသောအကျင့်ကို ကျင့်ရာ၌ စိတ်ရှည်စွာ ဆက်လက်လုပ် ဆောင်ခြင်းဖြင့် ထာဝရရှင်သန်ခြင်းကို ရှာဖွယ်သူများသည် ဘုရားသခင်၏ သား/သမီး ဖြစ်ရသောအခွင့်ကို ရရှိပြီး ထိုသို‹မြုပသောသူများသည် အပြစ်ဒါဏ်ကို ခံရလိမ့်မည်။ မည်သူမဆို ဘုရားသခင်၏ သား/သမီး အဖြစ်နှင့် ထာဝရအသက်ရှင်ရခြင်းအခွင့်ကို အလိုရှိကြသည်။ ထာဝရအ သက်ရှင်ခြင်းအခွင့်နှင့် အပြစ်ကင်းသော အသက်တာတွင် ပြင်းပြစွာ နေလိုသောသူများကို ယေရှုခရစ်က ထာဝရအသက်ကို ပေးသည်။
“ကျွန်ုပ်တို့ အမှန်တစ်ကယ် အလိုရှိသောအရာသည် ဝိညာဉ်အရေဖျား လှီးခြင်းဖြင့် အပြစ်ခွင့်လွှတ်ခြင်းကို ယုံကြည်ရန်ဖြစ်သည်။ ဤသို့ဖြင့် ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်တွင် ရှက်ကြောက်ခြင်းမရှိသော အသက်တာ၌ အသက်ရှင်နိုင်မည် ဖြစ်သည်။ ကျွန်ုပ်သည် အဖ၏ သား/သမီး ဖြစ်လိုပါ သည်။ အဖ၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းဖြင့် အဖကို ပျော်ရွင်စေ လိုပါသည်။ ကျွန်ုပ်သည် အပြစ်မရှိသောသူ ဖြစ်လိုပါသည်။ ကျေးဇူးပြု၍ ကျွန်ုပ်၏ အပြစ်အားလုံးမှ ကယ်တင်ပါ။” ဤသို့ဘုရားသခင်၏ ဖြောင့်မတ် သော ကယ်တင်ခြင်းကို ရှာဖွေ၍ သူတို့၏ အပြစ်များမှ ခွင့်လွှတ်ခြင်းကို ရရှိလိုသောသူများကို ဘုရားသခင်သည် နားညောင်း၍ ထိုသူတို့ကို သူ၏ဖြောင့်မတ်ခြင်း သတင်းကောင်းကို ပေးကာ အပြစ်များမှ ကယ်တင်ပါ သည်။ ထာဝရအ သက်ရှင်လိုသောသူများကို ဘုရားသခင်သည် သူတို့ အလိုရှိသည့် အတိုင်း ထာဝရအသက်ကို ပေးပါသည်။
 
 
ဝိညာဉ်အရေဖျားလှီးခြင်းဆိုသည်မှာ အဘယ်နည်း
 
၄င်းက ဆိုလိုသည်မှာ အပြစ်ဖြေလွှတ်ခြင်းသည် ယေရှုခရစ်၏ ဗတ္တိဇံနှင့် ကားတိုင်ပေါ်မှ အသွေးတော်အားဖြင့် ပြီးပြည့်စုံခြင်းကို ဆိုလိုသည်။ သိုးသငယ်၏ အသွေးတော်သည် သူတစ်ပါးကိုယ်စား တရားစီရင်မှုကို ခံခြင်းဖြစ်ပြီး ယောဟန်ထံမှ ဗတ္တိဇံခံယူခြင်းသည် လောကအပြစ်အားလုံး ယေရှုအပေါ်လွှဲပြောင်း ကျရောက်ခြင်းကို ဆိုလိုပါ သည်။ ယနေ‹အချိန်တွင်ပင် ခရစ်ယာန်သာသနာသည် ဓမ္မဟောင်းကျမ်း ကို ပစ်ပယ်ထား၍မရပါ။ အကြောင်းမှာ သူတို့သည် ဓမ္မသစ်ကို ယုံကြည်နိုင်မှာ မဟုတ်သောကြောင့် ဖြစ်သည်။ ကျမ်းစာတွင် ဝိညာဉ်အ ရေဖျားလှီးခြင်းနှင့် ပသခါ အခမ်းအနားမှ သိုးသငယ်၏ အသွေးတော်တို့ သည် နီးကပ်စွာ ဆက်နွယ်နေပါသည်။
(၁ ယော ၅း၆) က ပြောထားသည်မှာ “ယေရှုသည် ရေအားဖြင့်သာမ ဟုတ်၊ ရေအားဖြင့်၄င်း၊ အသွေးအားဖြင့်၄င်း ကြွလာတော်မူ၏။” ယေရှုခရစ်သည် ရေအားဖြင့် (သို့) အသွေးအားဖြင့်သာ လာသည်မဟုတ်။ နှစ်ပါးစလုံးဖြင့် ကြွလာခဲ့သည်။ သင်၏အပြစ်အားလုံးမှ လွတ်မြောက်ရန် အတွက် ရေ၊အသွေးနှင့် ဝိညာဉ်တော်ပါဝင်သည့် ဝိညာဉ်အရေဖျားလှီးခြင်း ကို ယုံကြည်ရပါမည်။ 
ထွက်မြောက်ရာကျမ်း အခန်းကြီး (၁၂) ကို ဖတ်ကြည့်သောအခါ ဝိညာဉ် အရေဖျားလှီးခြင်းအကြောင်းနှင့် ပတ်သက်၍ ကျွန်တော့်တွင် မေးစရာမေးခွန်းများ ရှိခဲ့သည်။ ထွက်မြောက်ရာကျမ်း အခန်းကြီး (၁၂) က ဘာကို ဆိုလိုပါနည်း။ ဤအ ခန်းကြီးတစ်ခုလုံးနှင့် ၄င်းနှင့်ဆက်နွယ်သော ကျမ်းချက်များကို ကျမ်းစာထဲ၌ အကြိမ်ကြိမ် ဂရုတစိုက်ဖြင့် လေ့လာခဲ့ သည်။ ထို့နောက် ဣသရေလလူမျိုးများသည် ပသခါပွဲတော်၌ ပါဝင်နိုင်ခဲ့ ကြောင်းကို ကျွန်တော်သိမြင်လာခဲ့သည်။ အဘယ့် ကြောင့်ဆိုသော် သူတို့ သည် ဝိညာဉ်အရေဖျားလှီးခြင်းကို ရရှိခဲ့ပြီး ဓမ္မသစ်ကျမ်း၌ ရေးထား သည်မှာ ယေရှုခရစ်သည် ကားတိုင်ပေါ်၌ အလကားသက်သက် အသွေး သွန်းလောင်းခဲ့ခြင်းမဟုတ်ပါ။ ယောဟန်ထံမှ ဗတ္တိဇံကို ခံယူပြီးမှ အသွေး တော်ကို သွန်းလောင်းခဲ့သည်။
ဘုရားသခင်က ဣသရေလလူမျိုးများကို ပညတ်တော်က ခွင့်ပြုထား သော ပသခါပွဲတော်အတွက် ရှေးဦးစွာ အရေဖျားလှီးခြင်းကို ခံရန်ဖြစ်ပြီး နောက် ပသခါသိုးသငယ်၏အသားကို စားရန် ပြဌါန်းချက်နှစ်ခုပေးခဲ့သည်။ ဤအရာသည် ဓမ္မဟောင်း၏ ဝိညာဉ်အရေဖျားလှီးခြင်းဖြစ်သည်။ ဓမ္မသစ် ကျမ်းတွင် ပြောထားသည်မှာ ယောဟန်၏ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့၏အ ပြစ်များသည် ယေရှုခရစ် အပေါ်သို့ကျရောက်ခဲ့ပြီး ကားတိုင်ပေါ်တွင် အသွေးသွန်းလောင်းခဲ့သည်။ ဤအကြောင်းအရာကို လက်ခံခြင်းသည် ဝိညာဉ်အရေဖျားလှီးခြင်းကို လက်ခံခြင်း၏ အမှန်တရား အကျိုးရလဒ်ဖြစ် ကြောင်း ကျွန်ုပ်ရှာဖွေတွေ‹ရှိခဲ့ရသည်။ ယေရှုခရစ်သည် ယောဟန်အားဖြင့် ယော်ဒန်မြစ်၌ ဗတ္တိဇံခံခဲ့သည်။ ထို့အတွက်ကြောင့် သူသည် လောကအ ပြစ်များကို သူ၏ဝန်ထုပ်အဖြစ် ထမ်းပိုးကာ ကျွန်ုပ်တို့အစား ကားတိုင် ပေါ်တွင် တရားစီရင်ခြင်းကို ခံယူ၍ အသေခံခဲ့သည်။ 
သင်သည် ဤအမှန်တရားကို နှလုံးသားမှ လက်ခံခြင်းဖြင့် သင်၏အ ပြစ်များနှင့် ဆိုးညစ်ခြင်းများမှ ကယ်တင်ခြင်းကို တွေ့ရှိနိုင်သည်။ လူတစ်ယောက်အနေဖြင့် အပြစ်များမှ ကယ်တင်ခြင်းရရှိရန် ကျွန်ုပ်တို့ကို ဝိညာဉ်အရေဖျားလှီးခြင်း ပေးနိုင်သည့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ရန် လိုအပ်သည်။ လူတို့သည် ဤအမှန်တရားကို သိမြင်ရန် လိုအပ်သည်။ စာဖတ်သူ မိတ်ဆွေတို‹အနေဖြင့် ဓမ္မဟောင်းမှ ဝိညာဉ်အ ရေဖျားလှီးခြင်း၊ အပြစ်ဖြေလွှတ်ခြင်းနှင့် ပတ်သက်သော ဓမ္မသစ်ကျမ်းမှ ခရစ်တော်၏ ဗတ္တိဇံပုံစံတစ်စုံဖြစ်သော အမှန်တရားကို မြင်မိရန် လိုပါ သည်။ ယေရှုခရစ်သည် အပြစ်ရှိသောကြောင့် တရားစီရင်မှုကို ခံယူခဲ့ခြင်း မဟုတ်ပါ။ သို‹သော် သူ၏ ခန္ဓာကိုယ်ဖြင့် ဗတ္တိဇံခံ၍ လောကအပြစ်များကို သယ်ပိုး ခဲ့ခြင်းကြောင့် လူသားမျိုးနွယ်တို့အတွက် ကားတိုင်ပေါ်၌ အသေ ခံခဲ့သည်။ ဤအရာသည် ဝိညာဉ်အရေဖျားလှီးခြင်းကို လက်ခံသော သူများ၏ ယုံကြည်ခြင်း ဖြစ်သည်။
ဝိညာဉ်အရေဖျားလှီးခြင်းဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံ ကြည်သောသူ၌ အပြစ်မရှိပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ယေရှု ခရစ် ၌ အမှန်တစ်ကယ် ယုံကြည်သောကြောင့် ဖြစ်သည်။ ယေရှုခရစ်ကို ယုံကြည်၍ ဘုရားသခင်ထံမှ ဝိညာဉ်အရေဖျားလှီးခြင်းကို မရရှိသေးသော သူများကို ကျွန်ုပ် သနားမိသည်။ ယေရှုသည် လောကအပြစ်များကို ယော ဟန်ထံတွင် ဗတ္တိဇံခံစဉ်က ယူဆောင်သွားခဲ့သော အမှန်တရားကို သူတို့ ယုံကြည်သင့်ပါသည်။
ကံအကြောင်းမလှစွာ မြောက်များစွာသော ခရစ်ယာန်များသည် ကားတိုင်တော်ကိုသာ ယုံကြည်၍ ယေရှုခရစ်၏ ဗတ္တိဇံကို လက်မခံကြပေ။ ဤ သို့ဖြင့် သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ ယုံကြည်ချက်မ ရှိပေ။ ဘုရားသခင်က ကျမ်းစာတွင် ပြောခဲ့သော အရာများကို ယုံကြည် သင့်ကြောင်း ကျွန်ုပ် တို့သိရမည်။
မည်သည့်မူဝါဒဖြစ်စေ၊ မည်ကဲ့သို့သော ဆရာ/ဆရာမများ၏ သင်ကြား ချက်ဖြစ်စေ လွှင့်ပစ်ရန်သာဖြစ်ပြီး ကျွန်ုပ်တို‹ကို ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသို့ ကျွန်ုပ်တို့ကို ဦးဆောင်သော ဘုရားသခင်၏စကား တော်ကိုသာ ယုံကြည်ရန် ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ သူ၏ဖြောင့် မတ်ခြင်းမပါသောစကားသည် စစ်မှန်သော ဘုရားသခင်၏ စကားမဟုတ် ပေ။ ဝိညာဉ်အရေဖျားလှီးခြင်းမပါသော သတင်းကောင်းသည် ပြည့်စုံခြင်း မရှိပါ။ ထို့အတွက်ကြောင့် ဘုရားသခင်သည် သမ္မာကျမ်းစာတွင် အရေဖျား လှီးခြင်းအကြောင်းကို ဓမ္မဟောင်း၌ မကြာခဏ ပြောပြီး ဓမ္မသစ်ကျမ်းတွင် ယေရှုခရစ်၏ ဗတ္တိဇံအကြောင်းကို အကြိမ်ကြိမ် ပြောလေ့ရှိခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ၄င်းက အရေဖျားလှီးခြင်းအကြောင်း နှင့် သိုးသူငယ်အ သွေးတော်အကြောင်းကို ဓမ္မဟောင်းကျမ်းတွင် ပြော၍ အလားတူသော ခရစ်တော်၏ဗတ္တိဇံနှင့် အသွေးတော်အကြောင်းကို ဓမ္မသစ်ကျမ်းတွင် ဆွေးနွေးထားပါသည်။ ကျွန်ုပ်တို‹သည် ဝိညာဉ်ပိုင်းအရေဖျားလှီးခြင်းကို ရရှိရန် ဤအမှန်တရားကို ယုံကြည်ရပါမည်။ သို့သော်လည်း ဤအမှန်တ ရား၌ ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏ နိုင်ငံတော်မှ ဘေးဖယ်ခြင်း ခံရပါမည်။
ကားတိုင်ပေါ်မှ ခရစ်တော်၏ အသွေးတော်တစ်ခုတည်းကသာ ဘုရား သခင်၏ ဖြောင့်မတ်ခြင်းကို ပြည့်စုံစေခဲ့ပါသလား။ ထိုသို‹သာမဟုတ်ပါ။ ယေရှုခရစ်၏ ဗတ္တိဇံနှင့် ကားတိုင်ပေါ်မှအသွေးတော်နှစ်ခုစလုံးက ဘုရား သခင်၏ ဖြောင့်မတ်ခြင်းကို ပြည့်စုံစေခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ သည် ဝိညာဉ်အရေဖျား လှီးခြင်းကို ကားတိုင်ပေါ်မှ အသွေးသွန်း လောင်းခြင်းဖြင့်သာမဟုတ်ပဲ ယောဟန် ထံမှ ခံယူသော ဗတ္တိဇံအားဖြင့်ရ ရှိပါသည်။ ဝိညာဉ်အရေဖျားလှီးဖြင်းသည် ယေရှု ခရစ်ဗတ္တိဇံခံ၍ ကျွန်ုပ်တို့ အပြစ်များကို ဖယ်ရှားကာ ကားတိုင်ပေါ်တွင် ထိုအပြစ်များ ပေးဆပ်ရန် အသေခံချိန်မှစ၍ ဖြစ်နိုင်သည်။
 
 
အရေဖျားလှီးခြင်းဆိုသည်မှာ ဖြတ်ထုတ်ခြင်းဖြစ်သည်
 
ဟေရှာယကပရောဖက်ပြုသည်မှာ မေရှိယ၊ ယေရှုခရစ်သည် နာကျင် ခြင်း၊ ဒါဏ်ရာရခြင်းတို့နှင့် ကျွန်ုပ်တို့အပြစ်များအတွက် ကိုယ်စားတ ရားစီရင် ခြင်းကို ခံရမည့်အကြောင်း ဟောခဲ့သည်။ ထို့ကြောင့် ဤနေရာ၌ ရှေ›ဆက်မသွားခင် ကျွန်ုပ်တို့သိထားရမည့်အရာတစ်ချို့ရှိသည်။ အဘယ် အတွက်ကြောင့် ခရစ်တော်သည်ကားတိုင်ပေါ်တွင် အသေသတ်ခြင်းကို ခံခဲ့ရသနည်း။ 
ဓမ္မဟောင်းကျမ်းတွင် အပြစ်သားသည် သူ၏အပြစ်များကို လွှဲပြောင်း ရန် ယဇ်ပူဇော်မည့် သိုးသူငယ်အပေါ်တွင် လက်တင်ပြီး ထိုသိုးသငယ်ကို သတ်ရပါသည်။ ထို့နောက် ယဇ်ပုရောဟိတ်သည် အပြစ်ပူဇော်ရာ ယဇ် ကောင်မှ သွေးတစ် ချို့ကို လက်ဖြင့်ယူကာ မီးပူဇော်ရာ ယဇ်ပလ္လင်၏ ဦးချိုများပေါ်တွင် တင်၍ ကျန်ရှိနေသော သွေးများကို ယဇ်ပလ္လင်၏ အောက်ခြေ၌ သွန်းလောင်းရပါသည် (ဝတ် ၄း၂၇-၃၀)။ ဓမ္မဟောင်းခေတ်မှ အပြစ်သားသည် ဤနည်းဖြင့် အပြစ်မှ လွတ်နိုင်ခဲ့ပါသည်။ သို့ဖြစ်လျှင် ဘုရားသခင်၏ သိုးသူငယ်အဖြစ် ကြွလာသော ယေရှု (ယော ၁း၂၉) သည် လူသားအမျိုးအနွယ်အားလုံး၏ အပြစ်ကို ယူဆောင်ရန် ဓမ္မဟောင်း ကျမ်းမှာကဲ့သို့သူ၏ဦးခေါင်းတော်ပေါ် လက်တင်ခြင်းကို ခံခဲ့ရလိမ့် မည်မ ဟုတ်လော။
ထိုနောက် ကိုယ်တော်သည် လောက၏အပြစ်များကို မည်သည့်အ ချိန် တွင် မည်သိ ယူဆောင်သွားခဲ့သနည်း။ ၄င်းကို (မ ၃း၁၃-၁၇) တွင် ယောဟန်က ယေရှုကို ဗတ္တိဇံပေးရာ၌ ဖေါ်ပြခဲ့သည် မဟုတ်လော။ ဤအရာသည် ဓမ္မဟောင်းကျမ်းတွင် အပြစ်များကို လွှဲပြောင်းရန် အပြစ် သားကို အစဉ်အမြဲ ပြောလေ့ရှိသော “ပူဇော်သောနွား၏ခေါင်းပေါ်မှာ မိမိလက်ကို တင်ရသဖြင့်” (ဝတ် ၁း၄၊ ၃း၈၊ ၄း၂၉) မှာ ကဲ့သို့ပင် ဖြစ်သည်။ ဓမ္မဟောင်းကျမ်းမှ ယဇ်ပုရောဖိတ်မင်းသည် သူ၏လက်ကို သိုးသူငယ်၏ ခေါင်းပေါ်တင်၍ သူ၏အပြစ်နှင့် ဣသရေလလူမျိုးအားလုံး၏ အပြစ်ကို လွှဲပြောင်းခဲ့ရပါသည် (ဝတ် ၁၆း၂၁)။ ထို့နောက် သိုးသူငယ်၏ အသွေးတစ် ချို့ကို ယူကာ မီးရှို‹ရာယဇ်ပလ္လင်၏ ဦးချိုများပေါ်သို့ပက်ဖြန်းကာ ကျန်ရှိနေသော အသွေးများကို ယဇ်ပလ္လင်၏ အောက်ခြေသို့သွန်းလောင်း ရပါသည်။ ဤနည်းဖြင့် သူတို့သည် အပြစ်မှလွှတ်ခြင်းကို ရရှိခဲ့ကြပါသည်။
ထိုနည်းအတိုင်း ကျွန်ုပ်တို‹အပြစ်များမှ လွတ်မြောက်ခြင်းသည် ယော ဟန်မှခံယူသော ယေရှုခရစ်၏ ဗတ္တိဇံဖြင့် ကားတိုင်ပေါ်မှသူ၏အသွေး တော်အားဖြင့် ဖြစ်ပါသည်။ ၄င်းသည် ဘုရားသခင်က ကျမ်းစာထဲတွင် ကျွန်ုတို့ကို ပေးလိုသော သူ၏ဖြောင့်မတ်ခြင်းနှင့် ဝိညာဉ်အရေဖျားလှီးခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရား သခင်၏ဖြောင်းမတ်ခြင်းကို ယုံကြည်သော ကျွန်ုပ်တို‹သည် ယေရှုခရစ်၏ ဗတ္တိဇံနှင့် ကားတိုင်ပေါ်မှ အသွေးတော်အား ဖြင့် ကျွန်ုပ်တို‹အပြစ်များကို လှီးဖြတ်ရန် ဖြစ်သည်။ ဓမ္မဟောင်းကျမ်းမှ အရေဖျားလှီးခြင်းနှင့် ဆက်နွယ်သော ဓမ္မသစ်မှ ယေရှုခရစ်၏ ဗတ္တိဇံ အဓိပ္ပါယ်ကို ကျွန်ုပ်တို‹နားလည်သောအခါ ဘုရားသခင်၏ဖြောင့် မတ်ခြင်း ကို ယုံကြည်လာပြီး ဝိညာဉ်အရေဖျားလှီးခြင်းကိုလည်း ကျွန်ုတို့နှလုံး သားမှ စစ်မှန်စွာ လက်ခံရရှိလာသည်။ 
 
 
ဓမ္မသစ်ကျမ်းမှ စစ်မှန်သော ဝိညာဉ်အရေဖျားလှီးခြင်း
 
(မ ၃း၁၃-၁၅) ကို လေ့လာကြည့်ကြပါစို့။ “ထိုအခါ ယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှါ ဂါလိလဲပြည်မှ ယော်ဒန်မြစ်နား ယောဟန်ထံသို‹ ºကွတော်မူ၏။ ယော ဟန်ကလည်း အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကို ခံရမည့်အကြောင်း ရှိပါသည်ဖြစ်၍ ကိုယ်တော်သည် အကျွန်ုပ် ထံသို့ကြွလာတော်မူသလောဟု ယေရှုကို ဆီးတားလေ၏။ ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့် ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏။”
ဗတ္တိဇံဆရာယောဟန်က ယေရှုကို ယော်ဒန်မြစ်တွင် ဗတ္တိဇံပေးခဲ့ သည်။ သူ၏လက်ကို ယေရှု၏ ခေါင်းပေါ်တင်ကာ ဗတ္တိဇံပေးခဲ့သည်။ (ဂရိဘာသာ၌ ‘ဗတ္တိဇို’ ဟူသော ‘ဗတ္တိဇံပေးရန်’ သည် ရေ၌နှစ်ရန် (သို့) ရေအောက်တွင် နစ်မြှုပ်ရန်ဟု အဓိပ္ပါယ်ရသည်။)
ကျွန်ုပ်တို့အပြစ်များအတွက် ယေရှုခရစ် ကားတိုင်ပေါ် အသေခံရန် ဦးစွာ ကျွန်ုပ်တို့အပြစ်များကို ယူဆောင်ရန် ဗတ္တိဇံခံရပါသည်။ ထိုကြောင့် ယောဟန်ထံမှ ဗတ္တိဇံယူကာ ရေတွင် နစ်မြှုပ်ခြင်းခံခဲ့ပါသည်။ အဘယ့် ကြောင့် သူသည် ဗတ္တိဇံခံခဲ့ရသနည်း။ ထိုသို့ဖြစ်ရခြင်းမှာ သူနှစ်ခြင်းခံရ စဉ်တွင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြည့်စုံစေနိုင်ခဲ့သည်။ ဤသို့ ဗတ္တိဇံကိုခံ၍ လူသားအားလုံးတို‹၏ အပြစ်များကိုယူဆောင်ပြီးကျွန်ုပ်တို့၏ ဘုရားနှင့် ကယ်တင်ရှင်ဖြစ်လာခြင်းမှာ တရားမျှတ၍ သင့်လျော်ပါသည်။ ယေရှုခရစ်သည် နှစ်ခြင်းမင်္ဂလာခံယူခြင်းဖြင့် ကျွန်ုပ်တို့အပြစ်များကို သယ်ဆောင်ပြီး ကားတိုင်ပေါ်အသေခံရန်မှာ အလွန်သင့် လျော်လှပါသည်။
ယေရှုခရစ်သည် အများပြည်သူအသက်တာတွင် ပထမဆုံးပြုလုပ်ခဲ့ သည့်အရာမှာ ဗတ္တိဇံခံယူခြင်းဖြစ်သည်။ ဂရိဘာသာတွင် ‘ဗတ္တိစ်မား’ ဟု ခေါ်သော ‘ဗတ္တိဇံ’ သည် ‘ဆေးကြောရန်၊ မြှုပ်နှံရန်၊ ပြောင်းရွှေ့ရန်နှင့် ကျော်ဖြတ်ရန်’ ဟု အဓိပ္ပါယ်ရပါသည်။ ဓမ္မဟောင်းကျမ်းတွင် (၇) လ၊ (၁၀) ရက်နေ့သည် ဣသရေလ လူမျိုးများ၏ အပြစ်ဖြေလွှတ်ရာနေ့ ဖြစ်ပြီး အာရုန်က ဣသရေလလူမျိုးများ၏ အပြစ်များကို လွှဲပြောင်းရန် ယဇ်ပူဇော် မည့် သိုးသငယ်အပေါ်သို့သူ၏ လက်ကို တင်ခဲ့ပါသည်။ ဆိတ်နှစ်ကောင်အ နက် တစ်ကောင်ကို ဘုရားသခင်ထံ ပေးလှူ၍ အခြား တစ်ကောင်ကို ဣသရေလလူမျိုးများ၏ ရှေ့မှောက်တွင် အပြစ်ဖြေရန် အတွက် ပူဇော်စ ရာဖြစ်စေခဲ့သည် (ဝတ် ၁၆)။ ဓမ္မသစ်ကျမ်းတွင် ယေရှုသည် ကျွန်ုပ်တို့ အပြစ်များကို ယောဟန်ထံ ဗတ္တိဇံခံခြင်းဖြင့် ရရှိခဲ့သည်။ 
ယေရှုဗတ္တိဇံခံပြီး နောက်တစ်နေ‹တွင် ယောဟန်က သူ့ကို လက်ညှိုး ထိုး၍ ဆိုခဲ့သည်မှာ “ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသ ခင်၏ သိုးသငယ်ကို ကြည့်လော” ဟူ၍ ဖြစ်သည် (ယော ၁း၂၉)။
ဝိညာဉ်အရေပြားလှီးခြင်းသည် သူ၏အသွေးတော်၌ ယုံကြည်ခြင်းမှ လွဲ၍ မဖြစ်နိုင်ကြောင်းကို ဝန်ခံကြရမည်။
(၁ ယော ၅း၄-၁၂) ကို အစပြု၍ လေ့လာကြည့်ပါစို့။ “ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှတပါး အဘယ်သူ သည်လောကကိုအောင်နိုင်သနည်း။ ထိုသခင်ကားရေအားဖြင့်၄င်း၊ အသွေး အားဖြင့် ၄င်း၊ ကြွလာသောသူတည်းဟူသော ယေရှုခရစ်ပေတည်း။ ရေ အားဖြင့်သာမဟုတ် ရေအားဖြင့် ၄င်း၊ အသွေးအားဖြင့်၄င်း ကြွ လာတော်မူ၏။ သက်သေခံယူမူကား ဝိညာဉ်တော်သည် သမ္မာတရားဖြစ်၍ သက်သေခံတော်မူ၏။ သို့ဖြစ်လျှင် ကောင်းကင်ဘုံ၌ ခမည်းတော်တပါး၊ နှုတ်ကပတ်တော်တပါး၊ သန့်ရှင်းသောဝိညာဉ် တော်တပါး၊ သက်သေခံသုံး ပါးရှိ၍ ထိုသုံးပါးတို‹သည် တလုံးတဝတည်း ဖြစ်တော်မူ၏။ မြေကြီးပေါ် ၍လည်း ဝိညာဉ်တော်တပါး၊ ရေတပါး၊ အသွေးတော်တ ပါး သက်သေ ခံသုံးပါး ရှိ၍ ထိုသုံးပါးတို‹သည် တညီတညွတ် တည်းဖြစ်၏။ လူ၏ သက်သေကို ယုံရလျှင် ဘုရားသခင်၏သက်သေတော်ကို သာ၍ယုံဘွယ်ရ အကြောင်းရှိ၏။ ယခုဆိုခဲ့ပြီးသောသက်သေကား ဘုရားသခင်သည် မိမိ သား တော်၏အကြောင်းကို သက်သေခံတော်မူ ချက်ဖြစ်သတည်း။ ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူသည် မိမိအထဲ၌ထိုသက် သေကိုရ၏။ ဘုရားသခင်ကို မယုံကြည်သောသူမူးကား ဘုရားသခင်ကို မုသာအပြစ်တင်၏။ အဘယ်သို့နည်းဟူမူကား ဘုရားသခင်သည် မိမိ သားတော်၏အကြောင်းမှာ သက်သေခံတော်မူသော စကားတော်ကို ထိုသူသည် မယုံဘဲနေ၏။ သက်သေခံတော်မူ ချက်ဟူမူကား ဘုရားသခင် သည် ငါတို‹အား ထာဝရအသက်ကို ပေးတော်မူ၍ ထိုအသက်သည်လည်း သားတော်၌ပါ၏။ သားတော်ကို ရသောသူသည် အသက် ကိုရ၏၊ ဘုရား သခင်၏ သားတော်ကို မရသောသူမူကား အသက်ကိုမရ”။
ဝိညာဉ်အရေဖျားလှီးခြင်း၏ သက်သေမှာ အဘယ်နည်း။ ၄င်းမှာ ယေရှု၏ ဗတ္တိဇံနှင့်သူ၏အသွေးတော်ကို ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအဖြစ် ယုံကြည်ခြင်းဖြစ်သည်။ လောကကို အောင်နိုင်သောအရာသည် ရေနှင့်အ သွေးတော်ဖြစ်သည်။ “ထို သခင်ကား ရေအားဖြင့်၄င်း၊ အသွေးအားဖြင့်၄င်း၊ ºကွလာသောသူတည်းဟူသော ယေရှုခရစ်ပေတည်း။ ရေအားဖြင့်သာမ ဟုတ်၊ ရေအားဖြင့်၄င်း၊ အသွေးအားဖြင့်၄င်း၊ကြွလာတော်မူ၏။ သက်သေခံ ဟူမူကား ဝိညာဉ်တော်သည် သမ္မာ တရားဖြစ်၍ သက်သေခံတော်မူ၏။ မြေကြီးပေါ်၌လည်း ဝိညာဉ်တော်တပါး၊ ရေတပါး၊ အသွေးတပါး၊ သက်သေ ခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်းဖြစ်၏။” ဤသက်သေ ခံများက ဖေါ်ပြသည်မှာ ဘုရားသခင်သည် ကျွန်ုပ်တို့၏ဘုရား၊ ကယ်တင် ရှင်ဖြစ်သူ ဘုရားသခင်သည် လူ‹ဇာတိခံကာ လောကသို့ကြွလာပြီး ဗတ္တိဇံ ခံ၍ လောကအပြစ်များကို ဆောင်ယူကာ ကျွန်ုပ်တို့၏ ကိုယ်စား ကားတိုင်ပေါ်အသွေးတော်သွန်းလောင်း၍ ကျွန်ုပ်တို‹ကို အပြစ်မှကယ် လွှတ် ခဲ့ကြောင်းကို သက်သေခံသည်။ 
ဓမ္မသစ်ကျမ်းတွင် ဝိညာဉ်တော်အရေဖျားလှီးခြင်း သတင်းကောင်း တွင် ရေနှင့်အသွေးတော်ပါဝင်သည်။ ဓမ္မသစ်တွင် ရေက ဗတ္တိဇံယောဟန် ထံမှ ဗတ္တိဇံ ခံယူခြင်းကို ဆိုလိုပြီး အသွေးက ကားတိုင်ပေါ် အသေခံခြင်းကို ဆိုလိုသည်။ ယေရှု၏ ဗတ္တိဇံသည် ဓမ္မဟောင်းမှ အရေဖျားလှီးခြင်းကို ကူးယူခြင်းဖြစ်သည်။ ယေရှုခရစ် ယောဟန်ထံမှ ဗတ္တိဇံခံယူခြင်းက ကျွန်ုပ် တို့အပြစ်များသည် ဗတ္တိဇံခံခြင်းဖြင့် သူ့အပေါ်သို့လွှဲအပ်ခဲ့ကြောင်းကို သက် သေပြသည်။ ဤအမှန်တရားကို ယုံကြည် သောသူတို‹သည် ဘုရားသခင် ရှေ့မှောက်၌ ရပ်ကာ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ် ပါသည်။ ကိုယ်တော်၏ဖြောင့်မတ်ခြင်း၌ ယုံကြည်သက်ဝင်သော ကြောင့် ကျွန်ုပ်တွင် အပြစ်မရှိတော့ပါ။ ကျွန်ုပ်သည် ကိုယ်တော်၏ စုံလင်သော ကလေးဖြစ်ပြီး ကိုယ်တော်သည် ကျွန်ုပ်၏ဘုရားဖြစ်သည်ဟု ဆိုနိုင်ရန် စွမ်းဆောင် ပေးပါသည်။သင့်ကို ယခုလိုရဲရင်စိတ်ချစွာကြွေးကြော်နိုင်ခွင့် ကို ရရှိစေခြင်း ကျမ်းစာ က မည်သည့်အရာကိုအခြေခံပါသနည်း။ ၄င်းမှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ဖြစ်ပေါ်စေသည့်ယေရှုခရစ်၏ ဗတ္တိဇံနှင့် ကားတိုင်းပေါ်မှ အသွေးတော်ကို ယုံကြည် ခြင်းဖြစ်သည်။ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို မိမိဖြောင့်မတ်ခြင်းအဖြစ် လက်ခံခြင်းက မစွမ်းဆောင်နိုင်ပါ။ ယေရှုခရစ်၏ အသွေးတော်ကသာ ဖြစ်စေနိုင်သည်။ သူ၏ဗတ္တိဇံနှင့် အသွေးတော်က ၄င်းကို ဖန်ဆင်းပါသည်။
ကျွန်ုပ်တို့၏ ကယ်တင်ခြင်း၌ မရှိမဖြစ်လိုအပ်သော ယေရှုခရစ်၏ ဗတ္တိဇံ အကြောင်းဖြစ်သည်။ ဤစာမျက်နှာကို ကြည့်ကြပါစို့။ (၁ ပေ ၃း၂၁) သည် ဤအမှန်တရား၏ သက်သေပြချက်ဖြစ်သည်။ “ထိုသို့သော ဥပမာ အတိုင်း ယခု တွင် ဗတ္တိဇံသည် ယေရှုခရစ်ထမြောက်တော်မူသောအားဖြင့် ငါတို့ကို ကယ်တင် တတ်၏။ ဗတ္တိဇံဟုဆိုသော် ကိုယ်ကာယ၏ အညစ်အ ကြေးဆေးကြောခြင်းကို မဆိုလို။ ကိုယ့်ကိုကိုယ်သိသောစိတ် ကြည်လင်၍ ဘုရားသခင်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသတည်း။”
ရှင်ပေတရုကပြောသော အကြောင်းအရာမှာ ကယ်တင်ခြင်း၏ ယုံမှား ခြင်းမရှိသော သိမြင်စေခြင်းဖြစ်သည်။ ယေရှု၏ ဗတ္တိဇံသည် ဓမ္မ ဟောင်းတွင် အရေ ဖျားလှီးခြင်းဖြစ်သည်။ ဣသရေလလူမျိုးများသည် အရေဖျားလှီးခြင်းခံရန်အတွက် သူတို့အရေပြား၏ထိပ်ပိုင်းကို ဖြတ်သကဲ့ သို့ ဓမ္မသစ်တွင် ယေရှုခရစ်သည် ယောဟန်ထံမှ ဗတ္တိဇံကိုခံယူ၍ လောက အပြစ်များကို ယူဆောင်သွားခြင်းဖြင့် ကျွန်ုပ်တို့ အား ဝိညာဉ်အရေ ဖျားလှီးခြင်းကို ရရှိစေပါသည်။ ဗတ္တိဇံနှင့် ကားတိုင်ပေါ်မှ အသွေး တော်တို့ က ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ဖန်တီးပေးခဲ့ပါသည်။ ဝိညာဉ်အရေ ဖျားလှီးခြင်းနှင့် ဗတ္တိဇံခံခြင်းသည် တူညီသောအရာများဖြစ်သည်။ ကျွန်ုပ် တို့ နားလည်ထားရမည်မှာ ယေရှု၏ဗတ္တိဇံသည် ဝိညာဉ်အရေဖျား လှီးခြင်း ဖြစ်ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။
“ထိုသို့သော ဥပမာအတိုင်း ယခုတွင် ဗတ္တိဇံသည် ယေရှုခရစ်ထ မြောက်တော်မူသောအားဖြင့် ငါတို့ကို ကယ်တင်တတ်၏။” ကျွန်ုပ်တို့သည် ဘုရားသခင် ၏ ဖြောင့်မတ်ခြင်းကို မည်သို‹ရရှိကြသနည်း။ ကျွန်ုပ်တို‹၏ အပြစ်များအတွက် ယေရှုခရစ် ဗတ္တိဇံခံခြင်းနှင့် ကားတိုင်ပေါ်အသေခံခြင်း ကို ယုံကြည်ခြင်းဖြင့် ဖြစ်သည်။ (မ ၃း၁၅) တွင် “အလုံးစုံသောတရား တို့ကို အကုန်အစင်ကျင့်သင့်သည် ဖြစ်၍ ယခုအခွင့်ပေးပါ” ဟူ၍ ဖေါ်ပြ ထားသည်။ အဘယ့်ကြောင့်ဆိုသော် အပြစ်အား လုံးသည်ယေရှု၏ခေါင်း ပေါ်သို့ ကျရောက်သောအခါ အပြစ်သား အားလုံး၏ အပြစ်များသည် ပယ်ဖျက်ခဲ့ပြီးဖြစ်သည်။ ယေရှုခရစ်၏ ဗတ္တိဇံနှင့် ကား တိုင်ပေါ်မှ အသွေး တော်ကို ယုံကြည်သော အပြစ်သားတိုင်းသည် ဖြောင့်မတ်သောသူများ ဖြစ်လာကြသည်။ ယေရှုခရစ်သည် လူသားအားလုံး၏ အပြစ်များကို သယ်ပိုးပြီးသော အခါ အပြစ်စီရင်ခြင်းအတွက် အသွေးတော်ကို ကားတိုင် ပေါ်တွင် သွန်းလောင်းခဲ့သည်။ ဤနည်းဖြင့် လူသားတို့၏အပြစ်များကို ပေးဆပ်ခဲ့သည်။ ယေရှုခရစ်သည် ဗတ္တိဇံကို ခံယူပြီးနောက် ကျွန်ုပ်တို့ ကိုယ်စား တရားစီရင်ခြင်းကို ခံယူ၍ ကျွန်ုပ်တို့အပြစ်များ ဆောင်ယူသွား သည်ကို ယုံကြည်ခြင်းသည် ထိုယုံကြည် သူများထံသို့ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ယူဆောင်လာသည်ဟူသော အမှန် တရားကို ယုံကြည် ခြင်းရှိရန် ဖြစ်သည်။ ဤအမှန်တရားကို ယုံကြည်လက်ခံစေလို ပါသည်။ 
(ယော ၁း၂၉) တွင် “ဤလောက၏အပြစ်များကို ဆောင်သွားသော ဘုရားသခင်၏သိုးသူငယ်ကို ကြည့်လော့” ဟု ရေးထားပါသည်။ယေရှု သည် ဘုရားသခင်၏ သားဖြစ်ပြီး ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်သကဲ့သို့ သူ၏အရေဖျား လှီးခြင်းကတိတော်ကို အပြစ်သားများ၏အပြစ်များကို ဆောင်ယူသွားခြင်းဖြင့် ပြည့်စုံစေခဲ့သည်။ ဤယုံကြည်ခြင်းသည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းဖြစ်သော ဝိညာဉ်အရေဖျားလှီးခြင်းကို ကျွန်ုပ်တို့ နှလုံးသားထဲသို့ သယ်ဆောင်လာသည်။ ယေရှုခရစ်သည် ကျွန်ုပ်တို‹၏ စစ်မှန်သော ဖြောင့်မတ်ခြင်းဖြစ်သောကြောင့်သူ့ကို ကျေးဇူးတင်ရပါ မည်။ ကျွန်ုပ်တို့ကို ဝိညာဉ်အရေဖျားလှီးခြင်း လက်ခံရရှိစေသည့် သူ၏ ဗတ္တိဇံနှင့် အသွေးတော်အတွက် ကျေးဇူးတင်ရပါမည်။
(၁ ပေ ၃း၂၁) က ဆက်လက်ပြောဆိုသည်မှာ “ကိုယ်ကာယ၏ အညစ် အကြေးဆေးကြောခြင်းကို မဆိုလို။ ကိုယ့်ကိုကိုယ်သိသောစိတ် ကြည်လင်၍ ဘုရားသခင်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသတည်း” ဟူ၍ ဖြစ်သည်။ လူတစ်ဦး၏ ဇာတိ အညစ်အကြေးသည် ယေရှုခရစ်ကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်ရုံဖြင့် ပျောက်ကွယ်မသွားနိုင်ပေ။ အပြစ် ခွင့်လွှတ်ခြင်းကို ယေရှုခရစ် ဗတ္တိဇံခံခြင်းနှင့် ကားတိုင် ပေါ်သွန်းလောင်း သော အသွေးတော်က သင်၏အပြစ်များကို သူ့အပေါ်သို့ကျ ရောက်စေခဲ့ ကြောင်းကို ယုံကြည်ခြင်းအားဖြင့် ရရှိနိုင်ပါသည်။ ယေရှုခရစ်ကို သင်၏ ကယ်တင်ပိုင်ရှင်အဖြစ် ဝန်ခံခြင်းဖြင့် အပြစ်မှလွတ်မြောက်ခြင်းတရား သည် သင်၏ နှလုံးသားထဲတွင် ဖြစ်ပေါ်လာပါသည်။ ကယ်တင်ရှင်ကို သင်၏နှလုံးသားဖြင့် ယုံကြည်ပါက သင်၏ ဇာတိခန္ဓာကိုယ်သည် ညစ်ပယ် ၍ ဆိုးညစ်ခြင်းများကို နေ့စဉ်ပြုကျင့်နေသော်လည်း သင်သည် အပြစ်မှ ခွင့်လွှတ်ခြင်းကို ခံရပြီး သင်၌ အပြစ်ရှိ တော့မှာမဟုတ်ပေ။ ယေရှုခရစ် ဗတ္တိဇံခံခဲ့စဉ်က သင်၏ အပြစ်အားလုံးသည် သူ‹အပေါ်သို့လွှဲပြောင်းပြီး ဖြစ်၍ သင်၏နှလုံးသားတွင် နောက်ထပ်အပြစ် တစ်စုံ တခုမျှမရှိတော့ ကြောင်းကို ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ရရှိပါသည်။
 
 
သမ္မာတရားကို သင့်အတွက် ဖြစ်နိုင်ရန် ၄င်းကို ယုံကြည်ရမည်
 
(ယော ၁း၁၂) က ပြောသည်မှာ “ထိုသူကို လက်ခံသမျှသောသူတည်း ဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား ဘုရားသခင်၏ သားဖြစ် ရသော အခွင့်ကို ပေးတော်မူ၏” ဟူ၍ ဖြစ်ပါသည်။
မည်သည့်စကားကို သင်သည် ရရှိ၍ လက်ခံခဲ့ပါသနည်း။ ဘုရားသခင် ၏ သားတော်အားဖြင့် ပြုလုပ်ခဲ့ပြီးသောအရာများကို လက်ခံရပါမည်။ ဘုရားသခင်သည် မည်သည့်အရာကို ပြုလုပ်ခဲ့သနည်း။ ဘုရားသခင်၏ သားတော်သည် အပြစ် ပုံသဏ္ဌာန်ကိုဆောင်၍ ကျွန်ုပ်တို့အပြစ်များကို ပယ်ဖျက်ရန် အသက် (၃၀) တွင် လူ‹အပြစ်များကို ဆောင်ယူရန် ဗတ္တိဇံခံ ပြီး ကျွန်ုပ်တို့ကို ဝိညာဉ်အရေဖျားလှီးခြင်း ခံယူစေခဲ့သည်။ ထို့နောက် ဘုရားသခင်၏သိုးသူငယ်အဖြစ် ကားတိုင်ပေါ်အသေခံ ၍ ကျွန်ပ်တို့ အတွက် အပြစ်များပေးဆပ်ခဲ့သည်။ ကိုယ်တော်သည် အပြစ်သား များအ တွက် ထာဝရအပြစ် ယဇ်ကောင်ဖြစ်လာကာ ကျွန်ုပ်တို့ကို ထာဝရ ကယ် တင်ခဲ့သည်။ ၄င်းသည် စစ်မှန်သော ယုံကြည်ခြင်းဖြစ်သည်။ ဤအမှန် တရားကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို‹သည် ဖြောင့်မတ်သောသူများ ဖြစ်လာသည်။ 
ကျွန်ုပ်တို့သည် ဝိညာဉ်အရေဖျားလှီးခြင်းကို ယေရှုခရစ်၏အသွေး တော် ယုံကြည်ခြင်းဖြင့်သာ ရရှိနိုင်ပါသလား။ မရရှိနိုင်ပါ။ ယေရှုခရစ်၏ ဗတ္တိဇံက ကျွန်ုပ်တို့ ကို အပြစ်မှ ဖြတ်တောက်ကာ အပြစ်သားများအတွက် ကားတိုင်ပေါ်တွင် အသွေး သွန်းလောင်းခြင်းဖြင့် ရရှိခဲ့သော တရားစီရင် ခြင်းသည် သင်နှင့်ကျွန်ုပ် အတွက် ကိုယ်စားခံသော တရားစီရင်ခြင်းဖြစ် သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသတင်း ကောင်းဖြစ်သော ယေရှုခ ရစ်၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်မှ အသွေးတော်ကို ယုံကြည် ခြင်းကြောင့် ကျွန်ုပ်တို့သည် အပြစ်မှကယ်တင်ခြင်းခံရကာ တရားစီရင်ခြင်းမှ လွတ်ငြိမ်း ခွင့်ရသည်။ ယေရှုခရစ်ကို ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံခြင်းက အပြစ် များကို ထိုအပြစ်သား၏ နှလုံးသားထဲမှ ပယ်ဖျက်ပေးနိုင်ပါသည်။ ဝိညာဉ် အရေ ဖျားလှီးခြင်းကို သင်၏နှလုံးသားဖြင့် လက်ခံပါ။ ထို‹နောက် ဘုရားသခင်၏ ဖြောင့် မတ်ခြင်းကို သင်ပိုင်ဆိုင်လာလိမ့်မည်။
 
 
စစ်မှန်သော ဝိညာဉ်အရေဖျားလှီးခြင်းသည် နှလုံးသား၌ နေရာ ယူရမည်
 
ရောမသြဝါဒစာစောင် အခန်းကြီး (၂) တွင် တမန်တော်ရှင်ပေါလုက ပြောသည်မှာ “အရေဖျားလှီးခြင်းသည် စိတ်နှလုံးနှင့် စပ်ဆိုင်၏”။ သင်၏နှလုံးသား ကို မည်သို့အရေဖျားလှီးခြင်းမင်္ဂလာပေးသနည်း။ ၄င်း သည် ယေရှုခရစ်လူ့ဇာတိ ခံ၍ လောကသို့ ကြွဆင်းလာပြီး လောက အပြစ်များအားလုံးကို ယူဆောင်ရန် ဗတ္တိဇံ ခံကာ ကားတိုင်ပေါ်အ သွေးသွန်းလောင်း၍ အသေခံပြီး ကျွန်ုပ်တို‹၏ထာဝရ ကယ်တင်ရှင်ဖြစ် လာရန်အတွက် သေခြင်းမှ တဖန်ထမြောက်ခြင်းကို ယုံကြည်ခြင်း ဖြင့် ဖြစ်နိုင်ပါသည်။ တမန်တော်ရှင်ပေါလုက ဆိုခဲ့ပုံမှာ အရေဖျားလှီးခြင်းသည် နှလုံးသားထဲ၌ ဖြစ်သင့်ပြီး ယေရှုခရစ်၏ဗတ္တိဇံကို ယုံကြည်ခြင်းဖြင့် သင်၏နှလုံးသားသည် အရေဖျားလှီးခြင်းကို ရရှိနိုင်ပါသည်။ ဝိညာဉ်အရေ ဖျားလှီးခြင်းကို နှလုံးသား ထဲမှ လက်ခံရရှိလိုပါက ယေရှုခရစ်၏ ဗတ္တိဇံကို ယုံကြည်ပါ။ ထို့နောက် သင်သည် ဘုရားသခင်၏ သားသမီးတယောက် အဖြစ်သို‹ အမှန်တစ်ကယ် ရောက်ရှိပါသည်။ ယေရှုခရစ်၏ ဗတ္တိဇံနှင့်အ သွေးတော်သည် အပြစ်သားကို အပြစ်မှကယ်တင် ကြောင်း ယုံကြည်သော သူသည် ဖြောင့်မတ်သောသူဖြစ်သည်။အာမင်။
အသက် (၂၉) နှစ်မတိုင်မီအချိန်ထိ ယေရှုခရစ်သည် သူ၏မိသားစုကို လုပ်ကျွေးထောက်ပံ့သော အရပ်သားဘဝဖြင့် နေထိုင်ကာ အသက် (၃၀) တွင် အများပြည်သူဘဝ၌ စတင်အသက်ရှင်နေထိုင်ခဲ့သည်။ အများပြည်သူ ဘဝနှင့် နေထိုင်နေစဉ်တွင် လူသားအားလုံး၏အပြစ်များကို ပယ်ဖျက်၍ အပြစ်သားများ ကို သူတို‹အပြစ်မှ ကယ်တင်ခဲ့သည်။ ပထမဆုံးသူပြုလုပ်ခဲ့ သည့်အရာမှာ အပြစ် သားများကို အပြစ်မှကယ်တင်ရန်နှင့် ၄င်းတို့ကို ဖြောင့်မတ်သောသူများ ဖြစ်လာစေရန် ဗတ္တိဇံခံခဲ့သည်။ “ထိုအခါ ယေရှုခ ရစ်သည် ဗတ္တိဇံကို ခံအံ့သောငှါ ဂါလိလဲပြည်မှ ယော်ဒန်မြစ်နား ယောဟန် ထံသို့ကြွတော်မူ၏” (မ ၃း၁၃)။ ယေရှုသည် အဘယ့် ကြောင့် ဗတ္တိဇံခံရန် ကြိုးစားခဲ့သနည်း။ ဤသို့ပြုလုပ်ရခြင်းမှာ အပြစ်သားများ၏ အပြစ်အား လုံးကို ယူဆောင်ရန်ဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိရ ပါမည်။ ကျွန်ုပ်တို့သည် သူ၏ဗတ္တိဇံအဓိပ္ပါယ်မှန်ကို အထင်မမှားသင့်ပါ။ ဗတ္တိဇံဆို သည်မှာ အပြစ်များကို ၄င်းနေရာမှပြောင်းရွေ‹၍ ဆေးကြောရန်ဖြစ်သည်။ ထိုအ ကြောင်းအကြောင့် ယေရှုခရစ်သည် အပြစ်သားများ၏ အပြစ်ကို ယူဆောင်ရန် ယောဟန်အား ဗတ္တိဇံပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ယေရှုကို ဗတ္တိဇံပေးခဲ့သော ယောဟန်သည် မည်သူနည်း။ ယောဟန် သည် လူသားအားလုံး၏ ကိုယ်စားလှယ်ဖြစ်သည်။ ၄င်းကို (မ ၁၁း၁၁-၁၄) တွင် သေချာစွာ ရှင်းပြထားပါသည်။ “ငါအမှန်ဆိုသည်ကား မိန်းမမွေး သောသူတို‹တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူ တစ်ယောက်မျှ မပေါ်ထွန်းသေး။ သို‹သော်လည်း ကောင်းကင်နိုင်ငံတော် တွင် အငယ်ဆုံးသောသူသည် ထိုသူထက်သာ၍ ကြီးမြတ်၏။ ဗတ္တိဇံဆရာ ယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြုကြ၏။ အနိုင်အထက်ပြုသောသူတို့သည်လည်း လုယူ ဝင်စားကြရ၏။ ယောဟန်မရောက်မှီတိုင်အောင် ပညတ္တိကျမ်း၊ အနာဂတ္တိ ကျမ်း၊ ရှိသမျှတို့သည် ဆုံးမသြဝါဒပေးကြ၏။ သင်တို့သည် ငါ့စကားကို နာခံနိုင်လျှင် ဤသူကား လာလတံ့သော ဧလိယဖြစ်သတည်း။ ကြားစရာ နားရှိ သောသူမည်သည်ကား ကြားကြပါစေ။”
ဗတ္တိဇံဆရာယောဟန် နေ့ရက်များမှ အစပြု၍ ဘုရားသခင်၏ ပဋိညာဉ် ကာလတွင် အဆုံးသတ်သည်။ ဤသို့ဖြစ်ရခြင်းမှာ သူ၏ကတိ တော်များကို ပြည့်စုံ စေမည့် ယေရှုခရစ် ကြွလာသောကြောင့် ဖြစ်သည်။ သို‹ဖြစ်လျှင် ကတိတော်များကို ပြည့်စုံစေမည့် ဓမ္မဟောင်းကျမ်းမှ ပုဂ္ဂိုလ်များသည် မည်သူတို့ဖြစ်သနည်း။ ထိုသူတို‹မှာ ယေရှုနှင့်ဗတ္တိဇံဆ ရာယောဟန်တို‹ ဖြစ်ကြသည်။ ဗတ္တိဇံဆရာယောဟန်က အပြစ်များကို ယေရှုအပေါ်သို့လွှဲတင်ခဲ့သည်။ ဗတ္တိဇံဆရာယောဟန်သည် ဓမ္မသစ်တွင် ပေါ်ထွက်လာသည့် ဘုရားသခင်၏ သိုးသငယ်အပေါ်သို့အပြစ်များကို လွှဲတင်ရန် စေလွှတ်ခြင်းခံရသူ ဓမ္မဟောင်းမှ နောက်ဆုံးသော ပရောဖက် ဖြစ်သည်။ ယောဟန်သည် ဤလုပ်ငန်းတာဝန်ကြီးကို ယဇ်ပူဇော်ခြင်းနည်း စနစ်မှ စီရင်ထား သော တရားဥပဒေနည်းလမ်းအတိုင်း ယေရှုခရစ်၏ ခေါင်းပေါ်သို့မိမိလက်များကို တင်ခြင်းဖြင့် ထမ်းဆောင်ခဲ့ပါသည်။ ယေရှု ခရစ် ဗတ္တိဇံခံသောအခါ လောကအပြစ် များအားလုံးသည် ဖြတ်တောက် ခြင်းခံရကာ ယေရှုအပေါ်သို့ ကျရောက်လာခဲ့ သည်။ “ယင်းသို‹ဖြစ်သော ကြောင့်” ဘုရားသခင်သည် ဝိညာဉ်အရေဖျားလှီးခြင်းကို လူသားအားလုံး ၏ နှလုံးသားထဲတွင် ပေးသနားခဲ့သည်။
ယေရှုခရစ်၏ ဗတ္တိဇံနှင့် အသွေးတော်ကို သင်၏အပြစ်ဖြေရာအဖြစ် လျင် မြန်စွာ စွဲကိုင်ပါ။ သူသည် လောကအပြစ်အားလုံးကို ယူဆောင်ခဲ့ပြီး တရားစီရင် ခြင်းအားလုံးကိုလည်း သယ်ဆောင်သွားခဲ့သည်။ ဘုရားသခင် ၏ ဖြောင့်မတ်ခြင်း သတင်းကောင်းသည် ယေရှုခရစ်က ကျွန်ုပ်တို့အပြစ် များကို ပေးဆပ်ရန် ဗတ္တိဇံခံ၍ ကားတိုင်ပေါ်အသွေးသွန်းလောင်းခြင်း တည်းဟူသော အမှန်တရားဖြစ်သည်။ ယခုပင် ကျွန်ုပ်တို‹သည် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို နှလုံးသားဖြင့် လက်ခံပါက အပြစ်ဖြေလွှတ်ခြင်း ကို ရရှိပါသည်။ အကယ်၍ ဤအရာကို သင်လက်ခံပါက “ယေရှုခရစ်၏ မျိုးရိုးစဉ်ဆက် ဒါဝိဒ်၏သားတော်၊ အာဗြဟံ၏သားတော်အဖြစ်၌” ဝင်ခွင့် ကို ရရှိနိုင်ပါသည်။ မြောက်များစွာသော လူများတွင် ဘုရားသခင်၏ ဖြောင့် မတ်ခြင်းကို သိသောသူများရှိပြီး ထိုအရာကို မသိသော သူများမရှိရာ ထိုသူ တို‹သည် ခရစ်တော်၏အပြင်ဘက်၌ ရှိနေကြပါသေးသည်။ နေဝင်လုနီးနေ ပါပြီ။ ယေရှုခရစ်၏ ဗတ္တိဇံကို ယုံကြည်၍ သူ့ထံ၌ခိုဝင်ပါ။ ယေရှုခရစ်၏ ဗတ္တိဇံကို ယုံကြည်ခြင်းက မင်္ဂလာဆောင်ပွဲအတွက် ပြင်ဆင်ထားသော ဆီဖြစ်လာပါမည်။ ဤလျှို့ဝှက်ချက်ကို မိတ်ဆွေနားလည်မည်ဟု ကျွန်တော်မျှော်လင့်ပါသည်။ ဤသို့ ခရစ်တော်၏ ဗတ္တိဇံနှင့်ကားတိုင်ပေါ်မှ အသွေးတော်ကို ယုံကြည်ခြင်းဖြင့် ဒုတိယအကြိမ်ကြွလာမည့် ကျွန်ုပ်တို့၏ သခင် ယေရှုခရစ်ဟူသော သိုးသူငယ် အတွက် ဆီကို ပြင်ဆင်ထားနိုင်ပါ သည်။
အယောက်စီတိုင်း၏အပြစ်ကို ပယ်ဖျက်ရန်အတွက် ယေရှုခရစ်သည် ဗတ္တိဇံကို ခံယူခဲ့သည်။ ယေရှုခရစ်သည် ဘုရားသခင်၏သားတော်ဖြစ်ပြီး သူကိုယ် တိုင်ကလည်း ဘုရားသခင်ဖြစ်သည်။ ကျွန်ု်ပ်တို‹ ကို ဘုရားသ ခင်၏သားသ္မီးများ အဖြစ် မွေးစားရန် ခမည်းတော်၏အလိုအတိုင်း သူသည် လောကသို့ ကြွလာခဲ့သည်။ ဓမ္မဟောင်းမှ ပရောဖက်ပြုသောအရာများ သည် မည်သူ‹အကြောင်းကို ပြောခဲ့ကြပါသနည်း။ သူတို့သည် ယေရှုအ ကြောင်းကို ပရောဖက်ပြုခဲ့ကြပါသည်။ သူတို့သည် ယေရှုခရစ် လောကသို့ မည်သို့မည်ပုံ ကြွလာမည့်အကြောင်း ကျွန်ုပ် တို့အပြစ်များကို ဆောင်ယူ၍ မည်သို့ပယ်ဖျက်မည့်အကြောင်း ဟောပြော ခဲ့ပါသည်။ ဓမ္မဟောင်းကျမ်းမှ မရောဖက်ပြုချက်များအရ ယေရှုသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင် ကျော်က လောကသို့ ကြွဆင်းလာပြီး ဗတ္တိဇံခံ၍ အပြစ်များကို ယူဆောင် သွားခဲ့ပါသည်။သူသည် အာဒံနှင့်ဧဝမှအစြုပ၍ နောက်ဆုံးသော လူသား၏ အပြစ်များအားလုံးကို သယ်ဆောင်ခဲ့သည်။
ဝိညာဉ်အရေဖျားလှီးခြင်းကို သင်၏နှလုံးသားထဲ လက်ခံပါ မိတ်ဆွေ။ “အရေဖျားလှီးခြင်းသည် စိတ်နှလုံးနှင့်စပ်ဆိုင်၏” (ရော ၂း၂၉)။ ယေရှုခရစ်၏ ဗတ္တိဇံကို ယုံကြည်သောအခါ နှလုံးသား အရေဖျားလှီးခြင်း ကို အလိုအလျောက် ရရှိပါမည်။ စိတ်နှလုံးအရေဖျားလှီးခြင်းအဓိပ္ပါယ်မှာ ယေရှုခရစ်၏ ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို‹အပြစ်များသည် သူ့အပေါ်သို့ ကျရောက်ပြီးဖြစ်ကြောင်းကို သိနားလည် ခြင်းဖြင့် ကျွန်ုပ်တို‹၏အပြစ်များ ပျောက်ကွယ်သွားခြင်းဖြစ်သည်။ စိတ်နှလုံးအရေ ဖျားလှီးခြင်းကို မိတ်ဆွေ လက်ခံရရှိဖူးပါသလား။ အရေဖျားလှီးခြင်းကို စိတ်နှလုံး အားဖြင့် ယုံကြည် သည်နှင့် အပြစ်များအားလုံးသည် ယုံကြည်ခြင်းဖြင့် သန့်ရှင်း သွားမည် ဖြစ်ပါသည်။
 
 
ဝိညာဉ်အရေဖျားလှီးခြင်းကို သင်၏နှလုံးသားက အမှန်တစ်ကယ် လက်ခံပါသလား
 
ယေရှုခရစ်သည် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်ကပင် ဤလောကသို့ ကြွဆင်းလာ၍ ဗတ္တိဇံခံကာ ကားတိုင်ပေါ်အသေခံခဲ့သည်။ ယနေ့တွင် ကျွန်ုပ် တို့သည် ဤအမှန်တရားကို ယုံကြည်ရန်နှင့် နှလုံးသား ထဲမှ လက်ခံရန်သာ ဖြစ်သည်။ “အရေဖျားလှီးခြင်းသည် စိတ်နှလုံးနှင့် စပ်ဆိုင်၏။” ကျွန်ုပ်တို့သည် အမှန် တရား၌ ယုံကြည်ခြင်းဖြင့် အရေဖျား လှီးခြင်းကို ကျွန်ုပ်တို့စိတ်ဝိညာဉ်၊ ကျွန်ုပ်တို့ နှလုံးသားဖြင့် လက်ခံရရှိနိုင် ပါသည်။ ဘုရားသခင်း၏ဖြောင့်မတ်ခြင်းကို ယုံကြည် ခြင်းဖြင့် ကယ်တင် ခြင်းကို ရရှိခဲ့ကြသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းသည် ဤကမ္ဘာ မြေပေါ် ကျရောက်လာသည့်တိုင် ကျွန်ုပ်တို့တွင် စိုးရိမ်စရာမရှိပါ။ ဘုရား သခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်သောသူတို‹သည် တရားစီရင်ခြင်းကို ခံရ လိမ့်မည်မဟုတ်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို နှလုံးသားဖြင့် လက်မခံ သော သူတို‹အပေါ်၌သာ ဘုရားသခင်၏ တရားစီရင်ခြင်း ကျ ရောက်ပါသည်။
ခရစ်ယာန်များသည် လမ်းမှာသို့လျှောက်လှမ်းနေပါလျက်နှင့် အဘယ့် ကြောင့် ယနေ့တိုင် ယေရှုခရစ်ကို ယုံကြည်နေပါသနည်း။ ထိုသို့ဖြစ်ရခြင်း မှာ သူတို့သည် ကယ်တင်ခြင်းအတွက် အသွေးတော်ကိုသာ ယုံကြည်သော ကြောင့် ဖြစ်သည်။ ယခုအခါ သင်သည် ဘုရားသခင်ကို သင်၏ခေါင်း မာမှုဖြင့် ထိခိုက်နာကျင် စေခဲ့ပြီးဖြစ်သောကြောင့် ယော်ဒန်မြစ်တွင် ခံယူခဲ့သော ဗတ္တိဇံအားဖြင့် ယေရှုခရစ်သည် သင်၏အပြစ်အားလုံးကို ယူဆောင်သွားခဲ့သည်ဟူသော အမှန်တရားသို့ပြန်လှည့်လာရပါမည်။ ထိုနောက်တွင် ဝိညာဉ်အရေဖျားလှီးခြင်းသည် သင်၏ နှလုံးသား၌ နေရာ ယူလာလိမ့်မည်။
ယေရှုခရစ်၏ ဗတ္တိဇံနှင့်အသွေးတော်နှစ်ခုလုံးကို ယုံကြည်လျှင် ဝိညာဉ် အရေဖျားလှီးခြင်းသည် သင်၏နှလုံးသား၌ နေရာယူလာကာ ဘုရားသခင်၏ တရားစီရင်ခြင်းမှ လွတ်မြောက်၍ သူ၏သားသမီးဖြစ် ရသောအခွင့်ကို ရရှိလာမည်။ ဘုရားသခင်သည် သင်၏ဘုရားဖြစ်လာပြီး သင်သည်လည်း သူ၏လူဖြစ်လာမည်။ အကယ်၍သင်တို့အထဲတွင် ယေရှုခရစ်ကို ယုံကြည်၍ သူ၏အသွေးတော်၌သာ မှီခိုသောသူများရှိခဲ့ပါက ကျွန်တော် မေးခွန်းတခုမေးလိုပါသည်။ ဝိညာဉ်အရေဖျား လှီးခြင်းနှင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် အသွေးတော်အားဖြင့်သာ ဖြစ်လာပါ သလော။ ကယ်တင်ခြင်းသည် ယေရှုခရစ်၏ အသွေးတော်အားဖြင့်သာ ပြီးပြည့်စုံခဲ့ခြင်းမဟုတ်ပါ။ သူ၏ဗတ္တိဇံ၊ အသွေးတော်နှင့်ဝိညာဉ်တော်အား ဖြင့် ဖြစ်ပါသည်။
 
 
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသည် ခရစ်တော်နှင့်ပေါင်းစည်းခြင်း ဖြင့် ရရှိသည်
 
(ရော ၆း၃-၈) ကို လေ့လာကြည့်ကြပါစို့။ “ယေရှုခရစ်၌ ဗတ္တိဇံကိုခံသော သူရှိသမျှတို‹သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံကြသည်ဟု သင်တို့မသိသလော။ ထိုကြောင့် အသေခံတော်မူခြင်း၌ ဗတ္တဇံကို ခံသောအားဖြင့် ထိုသခင်နှင့် အတူ သဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကား ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော်မူသည်နည်းတူ ငါတို့သည်လည်း အသစ်သော အသက်၌ ကျင်လည်ကြရသတည်း။ တနည်းကား အသေခံတော်မူ ခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ ထိုသခင်နှင့်အတူ စိုက်ပျိုးလျက်ရှိသည်မှန်လျှင် ထမြောက်တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြ လိမ့်မည်။ ထိုမှတပါး ငါတို‹၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေ သတ်ခြင်းကို ခံပြီဟု ငါတို့သိကြ၏။ အ ကြောင်းမူကား ငါတို‹သည် နောက်မှ အပြစ် တရား၏အစေကို မခံစေခြင်းငှါ အပြစ်တရား၏ကိုယ်ကို ဖျက်စီးမည်အကြောင်း တည်း။ သေသောသူသည် အပြစ်တရား၏လက်မှ လွတ်လျက်ရှိ၏။ ခရစ်တော် သည် သေခြင်းမှထမြောက်သောအခါ သေခြင်းနှင့်အစဉ်ကင်းလွတ်တော်မူ ၏။”
အခန်းငယ် (၅) က ဤသို့ဖေါ်ပြသည်။ “တနည်းကား အသေခံ တော်မူခြင်း၏ ပုံသဏ္ဍာန်ကိုဆောင်၍ ထိုသခင်နှင့်အတူ ငါတို‹သည် စိုက်ပျိုးလျက်ရှိသည် မှန်လျှင် ထမြောက်တော်မူခြင်း၏ ပုံသဏ္ဍာန်ကို ဆောင်၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည်။” ကျမ်းစာက အပြစ်တရား၏အခ ကား သေခြင်းပေတည်း ဟုဆိုထားခြင်းမှာ အပြစ်ရှိသောသူမှန်သမျှသည် ပျက်စီးခြင်းကိုခံ၍ ငရဲသို‹သွားကြလိမ့်မည်ဖြစ် သောကြောင့် ဖြစ်သည်။ ယေရှုခရစ်တော်၏ အမှန်တရားကို မယုံကြည်ခင်က ကျွန်ုပ်တို‹အားလုံး၌ အပြစ်ရှိခဲ့သည်မဟုတ်လော။ မှန်ပါသည်။ “သင်သည် အသေး ငယ်ဆုံး သောအပြစ်ရှိသူ ဖြစ်လင့်ကစား ငရဲသို့ရောက်၍ ကန်နှင့်လောင်သော မီးအိုင်၌ တရားစီရင်ခြင်းကို ခံရပါမည်” (ဗျာ ၂၁း၈)။ ကျွန်ုပ်တို‹သည် သေခြင်း တည်းဟူသော အပြစ်တရား၏အခကို ပေးဆပ်ရမည်ဆိုပါက ကျွန်ုပ်တို‹သည် ဘယ် သောအခါမှ ထိုအပြစ်မှ ကယ်တင်ခြင်းသို‹ ရောက် နိုင်မည် မဟုတ်ပါ။ ထို‹ကြောင့် ဘုရားသခင်သည် မိမ်၏သားတော်ကို ဤလောကသို့ စေလွှတ်ကာ အပြစ်အား လုံးကို သူ‹အပေါ်သို‹ လွှဲပြောင်း ပြီး ကျွန်ုပ်တို့ကိုယ်စား သူ့အား တရားစီရင်ခဲ့သည်။
ဘုရားသခင်သည် ကျွန်ုပ်တို‹ကို အလွန်ချစ်သောကြောင့် ကယ်တင်ခဲ့ သည်။ ဘုရားသခင်သည် သူ၏တစ်ပါးတည်းသော သားတော်ကို လောကသို‹ စေလွှတ်ကာ ဗတ္တိဇံခံစေခြင်းဖြင့် အပြစ်အားလုံးကို သူ့အပေါ် လွှဲပြောင်းပြီး သူ၏ အသွေးတော်ဖြင့် အပြစ်အားလုံးကို ပေးဆပ်ရန် ကားတိုင်ပေါ်တွင် သံမှိုချက်များနှင့် သေခြင်းကို ခံစေခဲ့သည်။ ဤအရာကို ယုံကြည်ခြင်းသည် ယေရှုခရစ်၌ ပေါင်းစည်း ခြင်း၊ (ကျမ်းစာအဆိုအရ) စိုက်ပျိုးခြင်းပင် ဖြစ်သည်။ အပြစ်၏အခသည် သေခြင်း ဖြစ်သည်။ ကျွန်ုတို့အားလုံး၏ စိတ်နှလုံးတွင် အပြစ်ကိုစီရှိသဖြင့် ထိုအပြစ်များ ကြောင့် ကျွန်ုပ်တို့သည် ငရဲသို‹သွားရမည့်သူများဖြစ်ကြသည်။ သို့သော် ငရဲသို့သွားရမည့် ကျွန်ုပ်တို့သည် ငရဲသို့သွားရမည့် ကျွန်ုပ်တို့ကိုယ်စား ယော်ဒန်မြစ်၌ နှစ်ခြင်းခံ၍ အပြစ်များကို ယူဆောင်ပြီး ကားတိုင်ပေါ်၌ ကျွန်ုပ်တို့ကိုယ်စား စီရင် ခြင်းဒါဏ်ကို ခံခဲ့သည်။ ဤသို့ဗတ္တိဇံတရားအား ဖြင့် ကျွန်ုပ်တို့အပြစ်များကို ဆောင် ယူခဲ့သောကြောင့် သူ၏သေခြင်းသည် ကျွန်ုပ်တို့၏သေခြင်း ဖြစ်လာခဲ့သည်။ ဤ အရာသည် ယေရှုခရစ်၌ပေါင်း စည်းခြင်း၏ ယုံကြည်ခြင်းဖြစ်သည်။
မြောက်များစွာသောသူများသည် ယေရှုခရစ်ကို ဘာသာရေးအနေဖြင့် ယုံကြည်နေဆဲဖြစ်သည်။ သူတို့သည် ဘုရားကျောင်းကိုသွား၍ မျက်ရည် ဖြင့် အပြစ်များကို ဝန်ခံကာ ခွင့်လွှတ်ခြင်းကို တောင်းဆိုကြသည်။ ဤသို့ပြုလုပ်ခြင်းများ ကို ယခုပင် ရပ်တန့်၍ ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို ယုံကြည်ပါ။ သို့ဖြစ်လျှင် ဘုရားသခင်၏ ငြိမ်သက်ခြင်းကို ရရှိလိမ့်မည်။ ယေရှုခရစ်သည် ကျွန်ုပ်တို့ကို ကယ် တင်ရန်အလို‹ငှါ ဗတ္တိဇံကိုခံ၍ ကားတိုင်ပေါ်အသေခံခဲ့သည်။ ချစ်သော မိတ်ဆွေ သင်သည် ဤသတင်းကောင်းကို ယုံကြည်မည်ဟု ကျွန်တော်မျှော်လင့်ပါသည်။
ဘုရားသခင်သည် အပြစ်ခွင့်လွှတ်ခြင်းကို မောရှေအားဖြင့် ကျွန်ုပ်တို့ကို သင်ကြားပေးခဲ့သည်။ မောရှေသည် အီဂျစ်ပြည်သို့သွား၍ သူ၏လူမျိုးများဖြစ် သော ဣသရေလလူမျိုးများကို ကယ်တင်ရန် စေခိုင်းသည့် ဘုရားသခင်၏ အမိန့်တော်ကို လက်ခံခဲ့သည်။ ဤသို့ဖြင့် သူ၏ဇနီးနှင့် ကလေးကို မြည်းဖြင့် သယ်ဆောင် ၍ သွားခဲ့သည်။ ထိုည၌ ဘုရားသခင်၏ တမန်တော်ပေါ်လာပြီး မောရှေကိုသတ်ရန် ကြိုးစားခဲ့ သည်။ ထိုအခါ မောရှေ၏ဇနီး ဇိပေါရသည် ဓါးကို လျင်မြန်စွာ ဆွဲယူ၍ သား၏အရေဖျားကို လှီးဖြတ်ပြီးမှ လင်၏ခြေရင်း၌ ပြပ်ဝပ်လျက် “အကယ်စင်စစ် သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သော လင်ဖြစ် သည်” ဟုဆို၏ (ထွက် ၄း၂၅)။ 
ဤစာပိုဒ်၏ အမှန်တရားမှာ ဤသို့ဖြစ်သည်။ မောရှေ၏သားပင်လျှင် အရေဖျားလှီးခြင်းကို မခံယူပါက ဘုရားသခင်၏လူဟု မှတ်ယူခြင်းမခံရပါ။ ထို‹အ တွက်ကြောင့် ဘုရားသခင်သည် မောရှေကိုသတ်ရန် óကိးစားခဲ့ခြင်း ဖြစ်သည်။ ထာဝရဘုရားက ဣသရေလလူမျိုးများသည် အရေဖျားလှီးခြင်း မရှိပါက သူ၏လူမျိုးအဖြစ် သတ်မှတ်မည်မဟုတ်ပါ။ ဓမ္မဟောင်း၌ အရေဖျားလှီးခြင်းသည် ဘုရားသခင်၏လူဖြစ်ခြင်း လက္ခဏာဖြစ်သည်။ ဘုရားသခင်သည် ဤအချက်ကို မောရှေအား သိမြင်စေခဲ့သည်။ ထို့ ကြောင့် မောရှေ၏ဇနီးသည် သား၏ အရေဖျား ကို လှီးဖြတ်ကာ အဝေးသို့ ပစ်ပြီး “အကယ်စင်စစ် သင်သည် အကျွန်ုပ်၌ အသွေးနှင့် ယှဉ်သောလင် ဖြစ်သည်” ဟု ဆိုခဲ့ရခြင်းဖြစ်သည်။ မောရှေသည် သူ၏သားအရေ ဖျားလှီး ခြင်းမခံရသောကြောင့် ဘုရားသခင်၏ ကွပ်မျက်ရန် ကြိုးစားခြင်းကို ခံခဲ့ ရသည်။ 
အကယ်၍ လူတစ်ယောက်သည် အာဗြဟံ၏ သားစဉ်မြေးဆက် တစ် ယောက်ဖြစ်သော်လည်း အရေဖျားလှီးခြင်းကို မခံပါက သူသည် ဣသရေလလူမျိုး မှ ဖယ်ရှားခြင်းကို ခံရမည်။ အရေဖျားလှီးခြင်းခံသော သူသာ ပသခါ သိုးသငယ်၏ အသားကို စားနိုင်သောအခွင့်နှင့် သိုးသငယ်၏ အသွေးနှင့် အိမ်၏တံခါးတုပ်နှင့် တံခါးတိုင်နှစ်ဘက်ကို သုတ်ရသော အခွင့်ရှိပါသည်။ ဤနည်းအတိုင်း ဝိညာဉ် အရေဖျားလှီးခြင်းကို ခံသော သူသာ ပွဲတော်မင်္ဂလာ၌ ပါဝင်နိုင်သည်။ ဤ ယုံကြည် ခြင်းမရှိသောသူ တို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသို့မဝင်ရောက်နိုင်ပါ။ ထိုကြောင့် သူတို‹သည် ဘုရားသခင်ဘုန်းတော်၌ မပါဝင်နိုင်ပါ။ 
တမန်တော်ရှင်ပေါလုသည် ယုဒလူမျိုးဖြစ်သည်။ သူသည် မွေးဖွားပြီး ရှစ်ရက်မြောက်သောနေ့တွင် အရေဖျားလှီးခြင်းခံ၍ ဂါမလျေလအမည်ရှိ သော ဆရာ၏ ခြေရင်း၌ ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ သူသည် ဓမ္မဟောင်း ကျမ်းကို ကျွမ်းကျင်စွာ တတ်မြောက်သောသူဖြစ်သည်။ ထို့ကြောင့် ပေါလုသည် ယေရှု ခရစ် အဘယ့်ကြောင့် ယော်ဒန်မြစ်တွင် ဗတ္တိဇံခံရန် လိုအပ်ကြောင်းနှင့် ကားတိုင် ပေါ်အ သေခံရန် လိုအပ်ကြောင်းကို ကောင်း မွန်စွာ နားလည်ခဲ့သည်။ ထိုကြောင့် သူသည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို သေချာမှုများစွာဖြင့် ဟောပြောနိုင်ခဲ့သည်။ ထိုအတွက်ကြောင့် ရှင်ပေါလုက (ရော ၂း၂၉) တွင် “အရေဖျားလှီးခြင်းသည် ဓိတ်နှ လုံးနှင့် စပ်ဆိုင်၏” ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။
ရှင်ပေါလုသည် ယေရှုခရစ်ကားတိုင်ပေါ် အသေခံခဲ့ကြောင်းကို ကြိမ် ဖန်များစွာ ပြောဆိုခဲ့ကြောင်း မှန်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အကယ်၍ ယေရှုသည် ကျွန်ုပ်တို‹အပြစ်များကို ယူဆောင်သွားခဲ့သော ဝိညာဉ်အရေဖျား လှီးခြင်းကို ပြီးပြည့်စုံစေခဲ့သော်လည်း ကားတိုင်ပေါ်၌ ယဇ်ပူဇော်မှုမခံခဲ့ပါက တစ်နည်းအားဖြင့် တရားစီရင်ခြင်းကို မခံယူခဲ့ပါက ကျွန်ုပ်တို့သည် ကယ်တင်ခြင်း ခံရမည်မဟုတ်ပေ။ ထို့အတွက်ကြောင့် ရှင် ပေါလုသည် ကားတိုင်တော်အကြောင်း ကို ပို၍ ပြောဆိုခဲ့ရခြင်းဖြစ်သည်။ သင်၏နှလုံးသားထဲမှ သိနားလည်ထားရမည်မှာ ကားတိုင်တော်သည် ဝိညာဉ်အရေဖျားလှီးခြင်း၏ နိဂုံးဖြစ်သကဲ့သို့ပြီးပြည့်စုံခြင်း လည်း ဖြစ် သည်။ သို့သော်လည်း ယနေ‹မြောက်များစွာသော ခရစ်ယာန်တို့သည် ယေရှုခရစ်၏ ဗတ္တိဇံနှင့် ကားတိုင်ပေါ်အသေခံခြင်းအကြား အကျိုးအ ကြောင်း ဆက်စပ်မှု အကြံအစည်အနည်းငယ်ပင် မရှိကြသောကြောင့် ငရဲတွင် အပြစ်ဒဏ် ခံနေကြရသည်။ ဝိညာဉ်အရေဖျားလှီးခြင်း၌ရှိသော ယုံ ကြည်ခြင်း၏ တန်ခိုးသည် မျိုးရိုးစဉ်ဆက်အလိုက် လက်ဆင့်ကမ်းခြင်းရှိခဲ့ ပါလျှင် ယနေ့ခရစ်ယာန်များသည် ဤသို့ဖြစ်လာခဲ့လိမ့်မည်မဟုတ်ပေ။
အချို့သောသူများသည် ယေရှုကို စတင်တွေ့ရှိစဉ်၌ အလွန်ပင် ကျေးဇူး တင်ခဲ့ကြသော်လည်း ပြောင်းလဲ၍မရနိုင်သော ချည့်နဲ့ခြင်းများ óကံလာရသည့်အခါ စိတ်ပျက်လာပြီး အချိန်ကြာလာသည်နှင့်အမျှ ပို၍ဆိုး ရွားသော အပြစ်သားများ ဖြစ်လာပါသည်။ ယေရှုကို ယုံကြည်ခြင်းသည် ဆယ်နှစ်တာကာလသာ ကြာညောင်းလာပါမည်။ သို‹သော် သူတို‹သည် ပို၍ဆိုးရွားသောအပြစ်သားများဖြစ် လာကြပါသည်။ ယေရှုခရစ်ကို ယုံ ကြည်ပြီးနောက်တွင် ဆက်လက်၍ အပြစ် သားဖြစ်လာနိုင်ပါသလား။ ဓမ္မသီချင်းများကို သီချင်းသက်သက်အနေဖြင့် သာ သီဆိုကြသည်။
“ငိုကြွေခြင်းက ကျွန်ုပ်တို‹ကို ကယ်လိမ့်မည်မဟုတ်။” ကျွန်ုပ် မျက်နှာ သည် မျက်ရည်ဖြင့် ဆေးကြောရပါသော်လည်း ၄င်းက ကျွန်ုပ်၏ ကြောက် ရွံ‹ခြင်းကို သက်သာစေမည်မဟုတ်။ နှစ်ပေါင်းများစွာက အပြစ်ကို ဆေး ကြော နိုင်လိမ့်မည် မဟုတ်။ ငေိုºကွးခြင်းက ကျွန်ုပ်ကို ကယ်လိမ့်မည်မ ဟုတ်။ ခရစ်တော်၌ ယုံကြည် ခြင်းက ကျွန်ုပ်ကို ကယ်တင်လိမ့်မည်။ ကိုယ်တော်၏ ငိုကြွေးနေသော သားက ယုံကြည်ပါရစေ။ သူစီရင်ခဲ့သောအ မှုကို ယုံကြည်ပါ။ သူ၏ လက်မောင်းတွင် ခိုဝင်ရန် ကျွန်ုပ်ကို ကူညီပါ၊ ခရစ်တော်၌ ယုံကြည်ခြင်းက ကျွန်ုပ်ကို ကယ်တင်လိမ့်မည်။-
“ငိုကြွေးခြင်းက ကျွန်ုပ်ကို ကယ်လိမ့်မဟုတ်။ ခရစ်တော်၌ယုံကြည် ခြင်းက ကျွန်ုပ်ကို ကယ်တင်လိမ့်မည်” ဟုသူတို့သီဆိုလေ့ရှိသည်။ သို့သော် သီချင်းအရ သီဆိုခြင်းသာဖြစ်သည်။ အပြစ်ကျုးလွန်သောအခါတိုင်း မျက်ရည်သွန်၍ ဆုတောင်း ကြသည်။ “ဘုရားသခင် ကျေးဇူးပြု၍ ကျွန် တော့်ကို ခွင့်လွှတ်ပါ။ အကယ်၍ ဒီအ ချိန်၌ ကိုယ်တော်ခွင့်လွှတ်လျှင် ယခုမှစ၍ ကျွန်တော် ကောင်းမွန်စွာ အသက် ရှင်ပါမည်။” ခရစ်ယာန်တစ် ယောက် အပြစ်ကျူးလွန်သောအခါ သူသည်ဝန်ချ တောင်းပန်ခြင်း၊ ငိုကြွေး ခြင်းနှင့် ခွင့်လွှတ်ရန် တောင်းဆိုပြီးနောက် နေသာထိုင်သာ ရှိလာကြသည်။ သို့သော် ဤအရာကို နှစ်ပေါင်းများစွာ ဆက်လက်လုပ်ဆောင်လာ သောသူသည် ယေရှုခရစ်ကို ယုံကြည်စ လွန်ခဲ့သော ဆယ်နှစ်ကာလထက် ပို၍ ဆိုးရွားလာသည်။ ထိုသူသည် နောင်တကြီးစွာဖြင့် ဤသို့မေးခွန်း ထုတ်လာပါ သည်။ “အဘယ့်ကြောင့် ယေရှုခရစ်ကို စောစီးစွာ ယုံကြည်ခဲ့ မိပါသနည်း။ ကျွန် တော့်အသက် (၈၀) ၊ဒါမှမဟုတ် အသက်မထွက်ခင် အချိန်မှသာ ယုံကြည်သင့်ပါ တကား။” ဤသို့ဖြစ်ရခြင်းမှာ ထိုသူသည် ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သူဖြစ်သည်။ 
အယောက်စီတိုင်း၏ အပြစ်အတွက် တရားစီရင်ခြင်းရှိရမည်။ ထို့အ တွက်ကြောင့် ယေရှုခရစ်သည် လူသားများကို အပြစ်မှကယ်တင်ရန် ဗတ္တိဇံခံပြီး သူ၏တန်ဖိုးကြီးမားသော အသွေးတော်ကို သွန်းလောင်းခဲ့ပါ သည်။ (၃) ရက် မြောက်သောနေ့တွင် သေခြင်းမှ တဖန်ထမြောက်ခဲ့ သည်။ ဘုရားသခင်က ယေရှုကို အသက်ရှင်ခြင်းသို့တဖန်ထမြောက်စေခဲ့ ပါသည်။ ဝိညာဉ်အရေဖျားလှီး ခြင်းကို ယုံကြည်သောသူသည် သတင်း ကောင်းကို ပျံ့နှံ့စေနိုင်ပြီး ထိုသတင်းကောင်း ဝေငှခြင်းအသက်တာ၌ လည်း အသက်ရှင်ရပါမည်။ ဝိညာဉ်အရေဖျားလှီး ခြင်းသည် ကျွန်ုပ်တို့ဘု ရားသခင်၏သားသမီးများ ဖြစ်လာရမည့် သက်သေခံ အထောက် အထား ဖြစ်ပြီး ဘုရားသခင်၏ဖြောင့်မတ်ခြင်းလည်း ဖြစ်သည်။ ယေရှု ၏ဗတ္တိဇံ သည် ကျွန်ုပ်တို့အပြစ်များ သူ့အပေါ်သို့လွှဲတင်ခြင်း သက်သေခံအ ထောက်အထား ဖြစ်ပြီး ကားတိုင်ပေါ်မှ သူ၏တန်ဖိုးကြီးသော အသွေး တော်သည် ကိုယ်စားတရား စီရင်ခံခြင်းဖြင့် ကျွန်ုပ်တို့ အပြစ်များအားလုံး ၏ အဖိုးအခကို ပေးဆပ်ခြင်း အမှန်တ ရားဖြစ်သည်။
သင်၏ နှလုံးသားထဲ၌ အပြစ်ရှိနေလျက်ဖြင့် ခရစ်တော်ကို ယုံကြည်ပါသလား။ ၄င်းသည် သင်းခွဲသောသူ၏ ယုံကြည်ခြင်းဖြစ်သည်။ (တိ ၃း၁၀-၁၁) က “သင်းခွဲသောသူကို နှစ်ကြိမ်မြောက်အောင် ဆုံးမပြီးမှ ဖယ်ရှားနှင်ထုတ်လော့။ ထိုသို့သော သူသည် ကိုယ့်အပြစ်ကို သိလျက်ပင် အပြစြ်ုပလျက် မှောက်လှန်သော စိတ်ရှိသောသူ ဖြစ်သတည်း” ဟု ဖေါ်ပြထားသည်။ ထိုကဲ့သို့ သင်းခွဲသော ယုံကြည် ခြင်းရှိသူများသည် မိမိကိုယ်ကို အပြစ်တင်သော အပြစ်သားများဖြစ်သည်။ သေခြင်းတရားက ခြိမ်းခြောက်ခံရချိန်တွင်ပင် သူတို့သည် အပြစ်သားဖြစ်ကြောင်း အလေးအ နက် ပြောဆိုတတ်ကြသည်။ သူတို့၏မှားယွင်းသော အယူအဆများကို ပြောင်းလဲရန် အင်မတန် ခေါင်းမာကြသည်။ ဘုရားသခင်က ထိုအပြစ်သား များကို “သင်သည် သင်းခွဲသူဖြစ်သည်။ အပြစ်သားဖြစ်သည်။ သင်သည် ငါ၏ သားသမီး မဟုတ်သည့်အတွက် ထာဝရငရဲမီးသို့ကျဆင်းရမည်” ဟု ဆိုပါသည်။
ယေရှုကို ယုံကြည်၍ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လက်မခံ သောသူ (ဝါ) ယေရှုခရစ် ဗတ္တိဇံနှင့် အသွေးတော်တည်းဟူသော ဝိညာဉ်အ ရေဖျားလှီးခြင်း ကို မခံသောသူသည် သင်းခွဲသော ခရစ်ယာန်များဖြစ်ပြီး ဘုရားသခင်၏ရှေ့မှောက် ၌ မိမိအပြစ်ကို ဝန်မခံသော အပြစ်ကြီးသူများ ဖြစ်သည်။ ယေရှု၏ဖြောင့်မတ်ခြင်း တရားကို မယုံကြည်သော အပြစ်သား သည် သူ၏နိုင်ငံတော်သို့ဝင်ရသောအခွင့် မရှိပေ။
ယေရှုခရစ်ကို ယုံကြည်ပြီး ဖြောင့်မတ်သောသူများသည် ဝိညာဉ်အ ရေ ဖျားလှီးခြင်းတည်းဟူသော သက်သေခံအထောက်အထားကို နှလုံးသား ၌ထားရှိ ကြသည်။ အောက်ပါတို့သည် သက်သေခံအ ထောက်အထား များဖြစ်ကြသည်။ ယေရှုသည် လူသား၏အသွင်ကိုခံယူ၍ ကြွလာသောဘု ရားဖြစ်ပြီး ဗတ္တိဇံကိုခံ၍ ကားတိုင်ပေါ်၌ အသွေးတော်ကို သွန်းလောင်း ခဲ့သည်။ယေရှုသည်လောသသို့ကြွလာပြီး လောကအပြစ်များကို ယူဆောင် ရန် ဗတ္တိဇံဆရာယောဟန်ထံ၌ ဗတ္တိဇံ ခံခဲ့သည်။ ဝိညာဉ်အရေဖျားလှီးခြင်း ယုံကြည်သောသူများ၏ ယုံကြည်ခြင်းကို ပြည့် စုံစေရန် ကားတိုင်ပေါ်တွင် အသေခံခဲ့သည်။ (၃) ရက်မြောက်သောနေ့တွင် သေခြင်းမှရှင်ပြန်ထ မြောက်၍ ကျွန်ုပ်တို့၏ အသက်ရှင်သော ကယ်တင်ရှင် ဖြစ်လာသည်။ ဤအရာသည် အလွန်မှန်ကန်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်ပြီး ၄င်းသည် အသွေးအားဖြင့်သာမဟုတ်။ ရေအားဖြင့်၊ အသွေးအားဖြင့်၊ ဝိညာဉ် တော်အားဖြင့် ဖြစ်သည်။ ဤအရာများသည် ကျွန်ုပ်တို‹အတွက် သူ၏ပြည့်စုံသော ကယ်တင်ခြင်းသက်သေကို သယ်ဆောင်သော ဝိညာဉ် ပိုင်းအရေဖျားလှီးခြင်း၏ ထင်ရှားသောသက်သေအထောက်အ ထားများ ဖြစ်သည်။
ချစ်သော ခရစ်ယာန်ဓမ္မမိတ်ဆွေများ၊ ကျွန်ုပ်တို့၏ ကယ်တင်ခြင်း သည် အသွေးတော်အားဖြင့်သာ ဖြစ်တည်စေခြင်းမဟုတ်ကြောင်း ရေအားဖြင့်၊ အသွေးအားဖြင်း၊ ဝိညာဉ်အားဖြင့် ဖြစ်ကြောင်းကို နှလုံးသားမှ လက်ခံစေလိုပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်များကို ဖြတ်တောက်ပြီး အပြစ်တင်ခြင်းကို ကျွန်ုပ်တို့ထံမှ အပြီးအပိုင် ပယ်ဖျက် ခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်၏ အပြစ်များကိုသာ ဖြတ်တောက်ခဲ့သည်မဟုတ် အာဒံမှစ၍ ကမ္ဘာပေါ်ရှိ နောက်ဆုံးကျသောလူသား၏ အပြစ်များဖြစ်သော လောကအပြစ်များကိုပါ ဖြတ်တောက်ခဲ့သည်။ ၄င်းတို့ကို သူ၏ဗတ္တိဇံနှင့် အသွေးတော်ဖြင့် ယူဆောင်သွားခဲ့သည်။ ဝိညာဉ်အရေဖျားလှီးခြင်း ကို လက်ခံခြင်းဖြင့် ရေနှင့်အသွေးတော်ဖြင့် ကြွလာသော ယေရှုခရစ်အားဖြင့် ပြည့် စုံခြင်းသို့ရောက်သည့်ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည် သော သူတိုင်း ကယ်တင်ခြင်းကို ခံရလိမ့်မည်။
လောကအပြစ်များအားလုံးသည် ယေရှုခရစ်၏ ဗတ္တိဇံဖြင့် ဖြတ် တောက်ခဲ့ပြီးဖြစ်သည်။ ယခု ဝိညာဉ်အရေဖျားလှီးခြင်းကို ယုံကြည်သော သူတို့သည် သူတို့၏ နှလုံးသားများ၌ အပြစ်မရှိနိုင်တော့ပေ။ ယေရှုသည် ကွယ်လွန်သော သူများထဲမှ တဖန်ထမြောက်၍ အပြစ်၌ပျောက်ဆုံးခဲ့ပြီး ဖြစ်သော ကျွန်ုပ်တို့၏ ဝိညာဉ်များကို သူ၏ဖြောင့်မတ်ခြင်းနှင့် ထမြောက် စေခဲ့သည်။ ဘုရားသခင်သည် ယေရှု၏ ဗတ္တိဇံ အသွေးတော်နှင့် ဝိညာဉ် တော် သတင်းကောင်းများဖြင့် ကျွန်ုပ်တို‹ကို ရှာဖွေလျက် ရှိပြီး ကျွန်ုပ်တို့ သည် ယခုတွင် ဝိညာဉ်အရေဖျားလှီးခြင်းဖြင့် ကယ်တင်ခြင်းခံနိုင် ပြီ ဖြစ်သည်။ ဝိညာဉ်အရေဖျားလှီးခြင်းသည် ယုံကြည်သူများအတွက် ဖန် ဆင်းခြင်း မတိုင်မီကပင် ယေရှုခရစ်၌ ပြင်ဆင်ထားခဲ့သော ဘုရားသခင်၏ အကြံအစည် ဖြစ်သည်။ ယခု ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည် သောသင်သည် ဝိညာဉ် အရေဖျားလှီးခြင်းကိုလည်းလက်ခံရရှိပါသည်။