ስብከቶች፤

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[7-2] ( ရောမသြဝါဒစာ ၇း၁-၄ ) ထို့ကြောင့် ရေနှင့်ဝိညာဉ် သတင်းကောင်း၌ သူ၏ယုံ ကြည်ခြင်း အားဖြင့် လူတိ

( ရောမသြဝါဒစာ ၇း၁-၄ )
“သူသည် ရောမမြို့ရှိယုံကြည်သူအသင်းတော်တို့ထံ ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားအား ဟောကြားဝေငှခဲ့၏။ ထိုပြင် သူသည်၄င်းအား အဘယ် အရာ ဖြစ်သည်ကို စစ်မှန်စွာ သွန်သင်သခဲ့ပါသည်။ဤအရာက ပေါလုအား ယနေ့ခေတ် ဧဝံဂေလိဆရာများနှင့် ကွဲပြားခြားနားစေပါသည်။ ရောမမြို့ အသင်းတော်တို့ထံ သြဝါဒစာစောင်၌ တမန်တော်ရှင် ပေါလုက မြွက်ဆို သည်ကား သူသည်ဝိညာဉ် ဆုကျေးဇူးတစုံတခုကို အပ်ပေးခြင်းဖြင့် လူများ အား မြဲမြံခိုင်ခံ့စေရန်၄င်း၊ သူနှင့်လူများတို့သည် ယုံကြည်သောအားဖြင့် အချင်း ချင်းအားရသက်သာခြင်းသို့ ရောက်ကြစေရန်၄င်း အလိုရှိသည်ဟူ၍ဖြစ်သည်။ ဤအရာသည် ယနေ့အသင်းတော်၌ ရှိနေကြသည့် တရားဟောဆရာများ တမန်တော်ပေါလုထံမှ သင်ယူသင့်သည့်အရာဖြစ်သည်။ တမန်တော်ရှင် ပေါလုသည် မှားယွင်းသော ညီအစ်ကိုများထဲမှ စစ်မှန်သောညီအစ်ကိုအား ခွဲခြားနိုင်သည့် ရေနှင့်ဝိညာဉ်တော်သတင်းအား ဟောကြားလေ့ရှိခဲ့သည်။”
ယနေ့ခေတ်အသင်းတော်တို့သည် အသင်းတော်အတွင်း စတင်ပါဝင် လာသူအုပ်စုတို့ကို သူတို့၏အယူဝါဒသွန်သင်ချက်များအား လအတွင်း သို့မ ဟုတ် တနှစ်အတွင်း လက်ခံစေကြသည်။ နောက်ဆုံးတွင် သူတို့သည် ဗတ္တိဇံ ခံယူလေ့ရှိကြသည်။ ယေရှုကစုံလင်စေပြီဖြစ်သည့် ရေနှင့်ဝိညာဉ်တော် ဧဝံဂေ လိတရားအကြောင်း သိသည်မသိသည်ကို ပမာဏမထားဘဲ သူတို့သည် ဗတ္တိ ဇံကို ခံယူလေ့ရှိသည်။
တနည်းအားဖြင့်ဆိုသော် သူတို့သည် အသင်းသူ အသင်းသားများ ဖြစ် လာကြသော်လည်း သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိထား သည့် ဘုရားသခင်၏သားသမီးများဖြစ်မလာကြချေ။ ယနေ့ ခေတ်အသင်း တော်များရှိအမှုတော်ဆောင်များထဲ မိမိတို့အသင်းသားများအား လုပ်ဆောင် စေသည့်အရာကား ပညတ်တော်ဆယ်ပါးကို အရကျက်မှတ်ရန်နှင့် တမန် တော်တို့၏ အယူဝါဒကို ရရှိကြစေရန် ဖြစ်သည်။
 
 
ယုံကြည်သူအသစ်သည် ကျက်မှတ်ထားသည့် 
 
စာမေးပွဲအား၇း၇ အောင်မြင်ပါက “အရက်သောက်ခြင်းကို ရပ်တန့်ပါ မည်လား။ ဆေးလိပ် သောက်ခြင်းကို ရပ်စဲပါမည်လား။ လစဉ်လတိုင်း သင်၏ ဆယ်ဘို့တဘို့အလှူကို ပေးကမ်းပါမည်လား စသည်ဖြင့်မေး မြန်းလေ့ရှိ သည်။”    ဥရောပအာရှနှင့် ကမ္ဘာတဝှမ်းလုံးရှိ အသင်းတော်များ ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းနှင့်ကင်းကွာရခြင်းအကြောင်းရင်းမှာ သူတို့သည် လူသား ၏ ဖြောင့်မတ်ခြင်းနောက်လိုက်ကြသောကြောင့်ဖြစ်သည်။ “ယနေ့တွင် ကိုးရီးယားနိုင်ငံတွင် သာမက အာရှတိုက်ရှိ ယေရုရှလင်မြို့တွင်ပင် ခရစ်ယာန် လူဦးရေသည် သိသိသာသာ ကျဆင်းနေ၏။” ပေါ့ပ်တေးဂီတပွဲသို့မဟုတ် ဆုတောင်းပွဲ ကဲ့သို့သော အထူးအစီအစဉ်အား ကျင်းပခြင်း မရှိပါက ယနေ့အ သင်းတော်သို့တဦးတယောက်ပင်မလာရောက်လိုသည့်ခေတ်သို့ ရောက်နေပေ သည်။ လူများလာ ရောက်သော်မှ လူငယ်များထံ ဟောကြားသည့် သာမန် ဟော ချက်ဆောင်ပုဒ်များဖြစ်သော ဆေးလိပ်မသောက်နဲ့၊ ကောင်းမွန်ဖြောင့် မှန်စွာ အသင်ရှင်နေထိုင်ပါ။ သန့်ရှင်းသော တနင်္ဂနွေနေ့ကို စောင့်ရှောက်ပါ။
စေတနာ့ဝ၀န်ထမ်းအလုပ်ကို များများပါဝင် လုပ်ဆောင်ပါဆိုသည့် အရာ များက ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိလှပေ။ လူသား သည် အပြစ်ပြုမိရန် လျင်မြန်၍ အပြစ်ကျူးလွန်ခြင်းရပ်တန့်ရန် အလွန်ပင် ပျက်ဆီးလွယ်သည်။ သူ/သူမသည် သခင်ဘုရားအား ကိုးစားရမည်။ ထို့ကြောင့် ဘုရားသခင်၏ အသင်းတော်သို့ လူများလာရောက်ကြသောအခါ ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားအား ထိုသူတို့ထံ ဟောကြားသင့်သည်။ အကြောင်းမှာ ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအား ရယူနိုင် သောကြောင့်ဖြစ်သည်။ ထိုသူတို့ထံ ဘုရား၏ဖြောင့်မတ်ခြင်းက သင်နှင့် ကျွန်ုပ်သည် မစုံလင်ကြသေးသော်လည်း အပြစ်မဲ့ဖြစ်စေပြီဟူ၍ ပြောကြား သင့်သည်။ ဤအရာကို စိတ်မှာသေချာစွာ စွဲမှတ်ထားပါ။ လူတဦးသည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းအား ယုံကြည်ခြင်းဖြင့် အပြစ်မဲ့သော သူဖြစ်လာပြီး နောက် ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်နိုင်သည်။ လူတဦးတ ယောက်သည် မိမိအပြစ်ပြဿနာတည်ရှိနေ သော်လည်း ဧဝံဂေလိတရားအား တကြိမ်တခါ ဟောကြားနိုင်လေသည်။ အခြားသူများထံ သတင်းကောင်းဖြန့် ဝေခြင်း အလုပ်သည် မိမိတို့၏ အပြစ်ပြဿနာ အရင်ရှိမနေသင့်ပေ။ 
သူ/သူမ၏ အပြစ်ပြဿနာဖြေရှင်းခြင်းမရှိပါက အခြားသူများထံ စစ်မှန် သော သတင်းကောင်းအား အဘယ်အခါမျှ မဟောပြောနိုင်။ တမန်တော် ပေါလုသည် အခြားသူ များထံ ဝိညာဉ်ဆုကျေးဇူးအား မှန်ကန်စွာ ပေးအပ်ထား ခဲ့သည်ဟု ဆို၏။ ရှင်ပေါလုပြောကြားခဲ့သည့် ဆုကျေးဇူးကား ထူးဆန်းသော ဘာသာစကားဆုကျေးဇူး သို့မဟုတ် ယနေ့ခရစ်ယာန်ခေတ်၌ ပင်တေကုတ္တေ အသင်းတော် လှုပ်ရှား မှုပြောကြားလေ့ရှိသည့် အနာရောဂါငြိမ်းစေခြင်းလည်း မဟုတ်ပေ။ 
ခရစ်ယာန်အများစုတို့သည် ထူးဆန်းသည့် လက္ခဏာများဖြစ်သော ဗျာ ဒိတ်ရူပါရုံမြင်ရခြင်း၊ အနာဂတ်စကားဟောကြားခြင်း၊ အခြားသောဘာသာ စကားပြောကြားခြင်းနှင့်အနာရောဂါ ပျောက်ငြိမ်းခြင်းတို့ကို ဆုကျေးဇူးများ အဖြစ် မှတ်ယူတတ်ကြသည်။    မည်သို့ပင်ဖြစ်စေ ထိုအရာတို့သည် ကောင်း ကင်ဘုံမှဆင်းသက်သော ဆုကျေးဇးများမဟုတ်ကြချေ။ ဆုတောင်းနေစဉ် ဗျာဒိတ်ရူပါရုံမြင်ရခြင်းသည် ဝိညာဉ်ဆုကျေးဇူးတခုမည်သို့မျှ မဖြစ်နိုင်ချေ။ ရိုင်းစိုင်းစွာ အော်ဟစ်သောသူ တယောက် သို့မဟုတ် အရူး ဆန်ဆန် ရူများသို့ သွား၍ ထူးဆန်းသောအသံများ ကြားကာ သုံးညခန့်မ အိပ်ပျော်နိုင်ခြင်း သည်လည်း ဘုရားသခင်၏ ဆုကျေးဇူး မဟုတ်ကြချေ။ မိမိသည် အခြားသော ဘာသာစကားကို ပြောနိုင်သည်ဟုဆိုကာ လားလားလားဟု ထူးဆန်းသောအ သံဖြင့် အော်ဟစ်ပြီးနောက် သတိလက်လွတ်ကြမ်းပြင်ပေါ်လဲကျခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်လက်ခံရရှိသော သူ၏ အမြင်လည်း မဟုတ်ချေ။
ထိုအစားစိတ္တဇ ဆေးရုံ၌ သွားရောက်ကုသသည့် ရိုင်းစိုင်းသော လူနာနှင့် တူပေ၏။ သို့သော်လည်း ခရစ်ယာန်များကို သန့်ရှင်းသော ဝိညာဉ်တော် မည်သို့လက်ခံနိုင်ကြောင်း (သို့မဟုတ်) အခြားသော ဘာသာစကားမည်သို့ ပြောနိုင်ကြောင်း သွန်သင်ပြသနိုင်သည်ဟု ပြောကြားသည့် ခါရိစမတ္တိတစ် တက်ကြွလှုပ်ရှားသူ အမည်ခံတို့ရှိကြ၏။ သူတို့သည် အလွန်မှားယွင်းသည့် အရာများကို ပြုမိကြပြီး သူတို့ပိုင်ဆိုင်သည့် ယုံကြည်ခြင်းသည်လည်း လုံးဝ မမှန်ကန်ပေ။သန့်ရှင်းသောဝိညာဉ်တော် အသက်စမ်းရေသည် ဘုရားသခင်၏ ဝိညာဉ်ပိုင်းဆိုင်ရာ အမှုတော်အား၎င်း ထိုသခင်၏ နောက်တော်သို့ သစ္စာရှိစွာ လိုက်လျှောက်သောအခါ ကျွန်ုပ်တို့ စိတ်နှလုံးထဲမှ ယိုစီးလာ၏။ သန့်ရှင်းသော ဝိညာဉ်တော်ရေသည် ဇာတိအလုပ်များကို လျော့ပါးစေသည့်အခါနှင့်၎င်း ထိုအစားဝိညာဉ်ပိုင်းဆိုင်ရာ အကျင့်တရားတို့ကို လိုက်လျှောက်အသောအခါ ကျွန်ုပ်တို့ စိတ်နှလုံးထဲ၌ ၎င်းသည် လျှံထွက်လာ၏။ခရစ်ယာန်တို့သည် ရေနှင့်သန့်ရှင်းသောဝိညာဉ်တော်ဧဝံဂေလိတရားအားယုံကြည်ခြင်းဖြင့် အပြစ် မှ ရွေးနုတ်ခြင်းဖြစ်သော ဝိညာဉ်ဆုကျေးဇူးအား ရယူသင့်သည်။ အချို့လူများ ပြောကြားသည်မှာ မြောက်များစွာသော ခရစ်ယာန်တို့သည် ယနေ့အသင်း တော်၏ ကုလားထိုအားဖြင့် ငရဲမီးအိုင်ဘက်စီသို့ ဦးဆောင်သွား ရောက်ကြ သည်ဟူ၍ ဖြစ်၏။ ဤအရာက ဖော်ပြသည်မှာ ယနေ့ အသင်းတော်များ၏ သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားအား ဟောကြားမည့်အစား လူသားတို့၏ ဖြောင့်မတ်ခြင်းကို အားပေးအားမြှောက်ပြုသည်ဟူ၍ ဖြစ်၏။
ညီအစ်ကိုတို့ အချို့လူတို့သည် ဘုရားကျောင်းတက်ပြီးနောက် ဇာတိ အားဖြင့် ဖြောင့်မတ်ခြင်းအလွန်များပြားပါကလည်း ထိုသို့သောအကျင့်အား ဖြင့် ဝိညာဉ်ဆုကျေးဇူးအား လက်ခံရရှိနိုင်သည်ဟု မဆိုလိုချေ။ ကျွန်ုပ်တို့သည် ရေနှင့်သန့်ရှင်းသော ဝိညာသ်တော်သတင်းကောင်းအား ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအား စိတ်နှလုံးထဲ၌ အရယူသင်သည်။ ထိုမှသာ ဝိညာဉ် ဆုကျေးဇူးအား ရယူပိုင်ဆိုင်နိုင်သည်။ အပိုဒ်ငယ်ထိကို ဖတ်ကြပါစို့။ ညီအစ်ကိုတို့ ငါသည် အခြားသော တပါးအမျိုးသားတို့တွင် အကျိုးကို ရသ ကဲ့သို့ သင်တို့တွင်လည်း အကျိုးတစုံတခုကို ရခြင်းငှါ၊ သင်တို့ရှိရာသို့ သွား မည်ဟု အဖန်ဖန်အကြံရှိကြောင်းကို သင်တို့ မသိဘဲ နေစေခြင်းငှါ ငါအလိုမရှိ။ ထိုသို့အကြံရှိသော်လည်း ယခုတိုင်အောင် မြစ်တားသော အကြောင်း ရှိ၏။ ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုး မျိုးတို့၏ အကြွေးသည် ငါ၌တင်လျက် ရှိ၏။
သို့ဖြစ်လျှင် ၇း၈ ငါတတ်နိုင်သမျှအတိုင်း ရောမမြို့သားဖြစ်သော သင်တို့ အား ဧဝံဂေလိတရားကို ဟောခြင်းငှါ စေတနာစိတ်ရှိ၏။ ငါသည် ခရစ်တော် ၏ ဧဝံဂေလိတရားကြောင့် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတ ရားသည် ရှေးဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသော သူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။ အဘယ်သို့ ဖြစ်သနည်း ဟူမူကား၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်း အားဖြင့် အသက်ရှင်လိမ့်မည်ဟု ကျမ်းစာလာသည်နှင့်အညီ ယုံကြည်ခြင်း၌ တည်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ယုံကြည် ခြင်းအဘို့အ လိုငှါ ဧဝံဂေလိတရားအားဖြင့် ထင်ရှားလျက်ရှိ၏။”ဟူ၍ ဖော်ပြ ထားပါသည်။
 
 
လူခပ်သိမ်းတို့အပြစ်ကြွေးတင်ရှိသောပေါလု
 
တမန်တော်ကြီးရှင်ပေါလုသည် ရောမမြို့သို့သွားရောက်လို၏။ သို့သော် အတားအဆီးများရှိသဖြင့် မသွားရောက်နိုင်ခဲ့ချေ။ ထို့ကြောင့်သူ၏ သာသနာ လုပ်ငန်းအတွက် တံခါးဖွင့်ပေးနိုင်ရန် ဆုတောင်းခဲ့ရသည် ၇း၂၄-၂၅။ 
ထိုနည်းတူ ကျွန်ုပ်တို့သည် စာပေဆိုင်ရာ အမှုတော်ဆောင်လုပ်ငန်း အားဖြင့် ကမ္ဘာလုံးတွင် ဟောကြားနေစဉ် ထိုကဲ့သို့သော ဆုတောင်းခြင်းမျိုး ပြုလုပ်သင့်သည်။ ကျွန်ုပ်တို့ဆုတောင်းမှသာ ဘုရားသခင်၏ စိတ်တော်နှင့် ထိတွေ့မည်ဖြစ်ပြီး၊ ဘုရားသခင်က တံခါးနှင့် လမ်းဖွင့်ပေးမှသာ ကမ္ဘာနှင့် အဝှမ်းရေနှင့်ဝိညာဉ်တော်၏ဧဝံဂေလိတရားတော်ကိုဟောကြားနိုင် မည်ဖြစ် သည်။
ပေါလုပြောကြားသည်မှာ သူသည် မည်သူတို့အကြွေးတင်ခဲ့၍ မည်ကဲ့ သို့သောပြစ်ကြွေးမှီကို ဆိုလိုသနည်း။ သူမိန့်ကြားခဲ့သည်ကား ဟေလသ လူဖြစ်စေ၊ လူရိုင်းဖြစ်စေ ထိုသူတို့ထံတွင်သူသည်ပြစ်ကြွေးမှီ တင်ရှိသည်ဟူ၍ ဖြစ်၏။ ထိုသူတို့ထံတွင် ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားအား ဟောကြား ရန် အကြွေးတင်ခဲ့သည်။ ထပ်လောင်း၍ ပြောကြားခဲ့သည်မှာ သူသည် ပညာ ရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ သူတို့ထံ၌လည်း ပြစ်ကြွေးတင်သည်ဟူ၍ ဖြစ်၏။ ထို့ကြောင့် သူသည်ရောမမြို့၌နေသော သူတို့ထံတွင် တတ်နိုင်သမျှ အ ကောင်းဆုံး ဟောကြားဝေငှလိုသည်။
တမန်တော်ကြီးရှင်ပေါလုက အသင်းတော်ထံရေးသားရသည့် ရည်ရွယ် ချက်မှာ စစ်မှန်သော ဧဝံဂေလိတရားကို ဟောကြားရန်ဖြစ်သည်။ သူတွေ့ရှိခဲ့ သည်မှာ ရောမမြို့က အသင်းတော်အထဲရှိ လူတို့၏ စိတ်နှလုံးသည်ပင် ရေနှင့် ဝိညာဉ်တော်ဧဝံဂေလိတရား၌ ယုံကြည်ခြင်းအားဖြင့် မြဲမြံစွာ ရပ်တည်ခြင်း မရှိကြောင်းဖြစ်သည်။ သို့သော်ငြားလည်း သတင်းကောင်း ဝိညာဉ်တော်ဆု ကျေးဇူးအဖြစ် ဖော်ပြထား၏။လောကီသားအများတို့အပြင် အသင်းတော်အ ထဲ၌ ရှိနှင့်နေကြသော လူများတို့ထံ၌လည်း ရေနှင့်ဝိညာသ်တော်ဧဝံဂေလိတ ရားကို သူသည် ဟောကြားခဲ့သည်။ သူမိန့်ကြားခဲ့သည်မှာ သူသည် ပညာ ရှိဖြစစေ၊ ပညာမဲ့ဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ ထိုသူအပေါင်း တို့ထံ ပြစ်ကြွေးတင်သည်ဟု ပြောကြားခဲ့၏။ပေါလုက မည်သည့်ပြစ် ကြွေး တင်ရှိခဲ့သနည်း။ သူသည် လောက၌ ရှိရှိသမျှသော လူခပ်သိမ်းတို့ထံနှင့် ဝိညာဉ်တော်ဆိုင်ရာ ဧဝံဂေလိတရားတော်ကို ဟောကြာရန် ပြစ်ကြွေးတင်ရှိ သည်။ သူမိန့်ကြားခဲ့သည်မှာ လောကသားအပေါင်း တို့ထံပြစ်ကြွေးတင်ခြင်း အကြောင်း ဖြစ်သည်။ ထိုနည်းနှင့် ရေနှင့်ဝိညာသ်တော်ဆိုင်ရာ ဧဝံဂေလိတ ရားအား ရရှိသောသူများတို့သည် ပင်လျှင် သတင်းကောင်းဟော ကြားဝေငှရန် ပြစ်ကြွေးတင်ရှိ၏။
ပေးဆပ်ရမည့်ပြစ်ကြွေးမှာ ဧဝံဂေလိသတင်းကောင်းဖြန့်ဝေခြင်း အလုပ် ပင်တည်း။ ယခုအချိန်၌ တလောကလုံးသို့ ရေနှင့် ဝိညာဉ်တော်ဆိုင်ရာ ဧဝံဂေလိတရားတော်အား ဖြန့်ဝေရခြင်းမှာ ဤအကြောင်းကြောင့် ဖြစ်သည်။ လက်ဝါးကားတိုင်မှ အသွေးတော်မြတ်သည်သာ အလုံးစုံသော ကယ်တင်ခြင်း ဖြစ်သည်ဟု လူအများမှားယွင်းထင်မှတ်ကြသည်။ သို့သော် သမ္မာကျမ်းစာ တော်မြတ်က ကောင်းကင်ဘုံနှင့် စပ်ဆိုင်သော ဧဝံဂေလိတရား သက်သေ ခံပြော ဆိုသည်ကား ပေါလုကပင် သက်သေခံခဲ့သည်။ ရေနှင့် ဝိညာဉ်တော် ဧဝံဂေလိသတင်းကောင်းဖြစ်သည်။ ထို့ကြောင့် ရောမသြဝါဒစာ အခန်းကြီး ၆၌ ပေါလုမိန့်မှာခဲ့သည်ကား သူသည်ခရစ်တော်ယေရှုနှင့် သူ၏ သေခြင်း၌ ဗတ္တိဇံကိုခံခဲ့သည်ဟူ၍ ဖြစ်သည်။ အကြောင်းမှာ ရောမမြို့အသင်းတော်၌ လက်ဝါးကားတိုင်၏ အသွေးတော်မြတ်သာ ယုံကြည်သည့် သာမန်ခရစ် ယာန်များသာရှိကြသောကြောင့် ဖြစ်သည်။ ပေါလုသည် သခင်ယေရှုလက်ခံ ရရှိခဲ့သည့် ဖော်ပြမထားသော လျှို့ဝှက်ဗတ္တိဇံခံခြင်း အကြောင်းကို ထိုသူတို့ထံ ဟောကြား ဝေငှလိုသည်။ ထိုနည်းအတိုင်းပင် ကျွန်ုပ်တို့သည် ရေနှင့် ဝိညာဉ်တော်ဧဝံဂေလိတရားအား အသင်းတော်၌ ကြာရှည်စွာ နေလာခဲ့သော် လည်း ကြားသိနားလည်နိုင်ခြင်း မရှိသေးသည့် သူများထံ ဟောကြား သင့်သည်။
ခရစ်ယာန်များကို ၇ အပြစ်ရှိသည်၊မရှိသည်ကို မေးကြည့်သည့်အခါ ဤမေးခွန်းသည် သူတို့အတွက် အသုံးမကျသကဲ့သို့ ထင်မှတ်လေ့ရှိသည်။ သူတို့၏ပုဂ္ဂိုလ်ရေးနှင့် မဆိုင်သကဲ့သို့ ထင်မှတ်တတ်ကြ၏။ သို့သော်ဤမေး ခွန်းသည် အထူးအရေးပါပြီး အလွန်ပင် အဖိုးကြီးလှသည်။ လူသားများသည် မိမိတို့ အပြစ်ကြောင့် ငရဲသို့သွားရောက်ရန် ဖြစ်သည့်အခါ မည်သူသည် ဤမေးခွန်းကို မေးမြန်းပြီးအဖြေကို ပေးနိုင်မည်နည်း။
ရေနှင့်ဝိညာဉ်တော်၏ ဧဝံဂေလိတရား တော်အားဖြင့် ဒုတိယအကြိမ် မွေးဖွားခြင်းကို ခံရပြီးနောက် မိမိ၏စိတ်နှလုံးထဲ၌ အပြစ်ကင်းစင်သော သူသာ လျှင် ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုမေးခွန်းကို မေးမြန်းနိုင်ပြီး လူများထံ အဖြေမှန်ကိုပါ ပေးနိုင်သည်(၇း၁)။ 
ဒုတိယအကြိမ် ၂၄-၂၅မွေးဖွားခြင်းခံရသော သန့်ရှင်းသူသာလျှင် စစ်မှန် သော ဧဝံဂေလိတရားအား ဟောကြားဝေငှခြင်းဖြင့် အပြစ်သားများအား ဒုတိ ယအကြိမ်မွေးဖွားခြင်း ခံနိုင်ရန်ပြုလုပ်နိုင်၏။ ထိုတရားကား အပြစ်သားများ ထံမျှ မကြားဘူးသည့် ရေနှင့်ဝိညာဉ် တော်၏ ဧဝံဂေလိတရားပင် ဖြစ်သည်။ ညီအစ်ကိုတို့ လူတဦးသည် သခင်ယေရှုကို ယုံကြည်သော်လည်း ရေနှင့် ဝိညာဉ်တော်၌ ဒုတိယအကြိမ်မွေး ဖွားခြင်းမခံရပါက ဘုရားသခင်၏ နိုင်ငံ တော်အားဖြင့် မြင်တွေ့ဝင်ရောက်နိုင် လိမ့်မည် မဟုတ်ချေ။ 
ထို့ကြောင့် သင့်ကိုရေနှင့်ဝိညာဉ်တော်၏ဧဝံဂေလိတရားအား ဟောကြား ခြင်းဖြင့် အပြစ်မှ ရွေးနှုတ်ကယ်တင်ခြင်းအား လက်ခံရရှိရန် အပြစ်သားများ အခွင့်ပေးသောသူများကို သင်တွေ့ရှိပါက ကျေးဇူးတင်ရှိပါ။ ထို့နောက်သင် သည် ကြီးမြတ်သော ကောင်းကြီးခံရပါလိမ့်မည်။ 
ပေါလုရှက်ကြောက်ခြင်း အကြောင်းမရှိသည့် ဧဝံဂေလိ တရားအား အဘယ်နည်း။ ယင်းမှာ ရေနှင့် သန့်ရှင်းသောဝိညာဉ်တော်သတင်း ကောင်းဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် ထိုဧဝံဂေလိတရားသည် ယုံကြည် သူအ ယောက်တိုင်းတို့အတွက် ကယ်တင်ခြင်းအလိုငှါ ဘုရားသခင်၏ တန်ခိုးတော် ဖြစ်သည်။ ပေါလုက ထိုအရာအား ကျွန်ုပ်၏ ဧဝံဂေလိတရား ဆိုထားသည်။ ရေနှင့်ဝိညာဉ်တော် သတင်းကောင်းအတွက် ရှက်ကြောက်ခြင်းမရှိသည့် အကြောင်းရင်းမှာ ဧဝံဂေလိတရားသည် လူတို့အား အပြစ်ကင်းစင်စေသော ကြောင့်၎င်း၊ ဘုရားသခင်နှင့် လူသားများ ကွဲကွာစေသည့် အပြစ်အတားအဆီး များအား ချေဖျက်ပစ်သောကြောင့်၎င်း ဖြစ်သည်။ ၎င်းကို ရှက်ကြောက်ရ    မည့်အစား ဝါ ကြွားစရာဟု မှတ်ယူသည်။လူတို့သည် လက်ဝါးကားတိုင်ပေါ်အ သွေးတော်မြတ်သတင်းကောင်းသာယုံကြည်ခဲ့ကြပါကအပြစ်အားဆေးကြော ပစ်ခြင်း ဖြစ်နိုင်ပါမည်လား။ 
ယခုအချိန်အထိ ၇း၂၅၊၈း၁-၂ ထိုယုံကြည်ခြင်းနှင့် အပြစ်အားဆေး ကြော ပစ်ရန် ဖြစ်နိုင်သည်ဟု ထင်မှတ်ရသည်။ သို့သော်အနာဂတ် အပြစ်များအ တွက် ဆေးကြောခြင်း မဖြစ်နိုင်ပေ။ လူတို့သည် ထိုသို့သော ယုံကြည်ခြင်းနှင့် မိမိတို့အပြစ်များနေ့စဉ် ဆုတောင်းကာ နောင်တရခြင်းဖြင့် ဆေးကြောပစ်ရန် အတွက် ကြိုးစားတတ်ကြသည်။ သူတို့ဝန်ခံကြသည်မှာ စိတ်နှလုံးတို့သည် အပြစ်များနှင့်သာ ပြည့်နှက်နေသည်ဟူ၍၎င်း၊ ထို့ကြောင့် သူတို့သည် အပြစ် သားများဖြစ်ခြင်းကို ရှောင်လွဲ၍မရ ကြောင်းတို့ဖြစ်ကြသည်။ အပြစ်ရှိသူ အကြောင်းမှာ သူတို့ထံရှိသည့် ဧဝံဂေလိတရားသည် သူတို့အတွက် နောက် ထပ်သတင်းကောင်း မဟုတ် သောကြောင့် ဖြစ်သည်။
ဧဝံဂေလိတရားကား ဂရိဘာသာစကားအားဖြင့် “ယူးဂဲလီးယန်း” ဖြစ်၍ တနည်းအားဖြင့် ဤလောက၌ရှိသည့် အပြစ်အားလုံးတို့ကို တိုက်ထုတ်စေနိုင် သည့် သတင်းကောင်းဖြစ်သည်။ စစ်မှန်သော သတင်းကောင်းကား ဒိုင်းန မိုက်ကဲ့ သို့ဖြစ်၏။ စစ်မှန်သော သတင်းကောင်းကား လောက၌ရှိသည့် အပြစ် အားလုံးတို့ကို သုတ်သင်ပယ်ရှင်းသည့် တရားဖြစ်သည်။ ထို့ကြောင့် ပေါလု ကဲ့သို့သော လူသည် အပြစ်အားသုတ်သင်ပယ်ရှင်းနိုင်သည့် ရေနှင့် ဝိညာဉ် တော်၏ ဧဝံဂေလိတရားအား ယုံကြည်သူဖြစ်ပြီး ၎င်းအား ရှက်ကြောက်ခြင်း မရှိပေ။ ယနေ့ခရစ်ယာန်များပင် သတင်းကောင်းဟောကြားခြင်း၌ ရှက် ကြောက်နေဟန်တူပေသည်။ သို့သော် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပိုင် ဆိုင်သော သူတို့သည် သတင်းကောင်း ဧဝံဂေလိတရား အားဟောကြား သည့်အခါ သိက္ခာအပြည့်နှင့် ခန့်ညားစွာ ရပ်လေ့ရှိကြသည်။
တမန်တော်ရှင်ပေါလုသည်လည်း ဧဝံဂေလိတရားအား ဟောကြားနေ စဉ် ရှက်ကြောက်ခြင်း စိုးစဉ်းမျှမရှိချေ။ အကြောင်းမှာ သူသည် ရေနှင့်ဝိညာဉ် တော်ဧဝံဂေလိသတင်းကောင်းအား ဟောပြောနေသောကြောင့် ဖြစ်သည်။ လှပသောထိုဧဝံဂေလိတရားသည် ယုံကြည်သူအယောက်တိုင်းတို့ထံ ကယ် တင်ခြင်း အတွက် ဘုရားသခင်၏ တန်ခိုးတော်ဖြစ်သည်။
 
 
ထိုသတင်းကောင်းကား ယုံကြည်သူတိုင်းကို 
 
အပြစ်မှ ခွင့်လွှတ်စေသည့် တန်ခိုးကြီးသော သတင်းကောင်းဖြစ်သည်။ မည်သူက ထိုသတင်းကောင်းအား ဟောကြားသည် ဆိုသည့်အရာမှာ အရေးမပါလှချေ။ ကြားနာသောသူသည် မိမိတို့စိတ်နှလုံးနှင့် သတင်းကောင်း အား ယူဆောင်ပါက ဤလောက၏ ၇း၇ အပြစ်ဒုစရိုက်များသည် လုံးဝဆေး ကြောခြင်းခံရသည်။ သို့ဖြစ်၍ လက်ဝါးကားတိုင်၏ အသွေးတော်မြတ်မျှ သာဖြစ်သောသတင်းကောင်းသည် မစုံလင်သော ကယ်တင် ခြင်းအကြောင်း ကို လူများထံဟောကြား၏။ ဆိုလိုသည်မှာ ၎င်းက ထိုသူတို့၏ မူလအပြစ်သာ သုတ်သင်ပယ်ရှင်း၍ နောက်ထပ်ကျူးလွန်သည့် အပြစ်များသည် နေ့စဉ်နောင် တတရားနှင့် ဆုတောင်းခြင်းအားဖြင့် ဆေးကြောပစ်ရသည်ဟု ပြောကြားထား သည်။ ၎င်းက သူ၏ ကြားနာသူများထံ စိတ်တွင် စွဲမြဲစေပြီးနောက် ခံစားချက် ကျန်ရစ်စေသည်။
သူ၏တန်ခိုးသောအလုံအလောက်ကောင်းမွန်ခြင်းမရှိသောကြောင့်ယေရှု သည် အပြစ်ဒုစရိုက်တချို့တလေသာ ယူဆောင်သွားခဲ့ပါသလား။ ယေရှုက လူသားတို့ကိုအထူးကောင်းမွန်စွာသိရှိထားသောကြောင့်မည်သည့် ဒုစရိုက်မျှ မချန်ရစ်ခဲ့ပါ။ ဒုစရိုက်အပြစ်အားလုံးတို့ကို ရေ၊ အသွေးတော်မြတ်အပြင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သူနှင့်အတူ ယူဆောင်သွားခဲ့သည်။ ဤ ကောင်းမြတ်သောသတင်းကောင်းက အပြစ်တရားမှ စုံလင်သော ကယ်တင် ခြင်းအားယုံကြည်သူအယောက်တိုင်းတို့ထံ၌၎င်း၊ယေရှု၏ဗတ္တိဇံခံခြင်း သတင်း ကောင်းနှင့်လက်ဝါးကားတိုင်ပေါ်သွန်းလောင်းခဲ့သော အသွေးတော်မြတ်အား ယုံကြည် သူတိုင်းတို့ထံ ပေးအပ်ထားသည်။
ထို့ကြောင့် ဧဝံဂေလိတရားတော်သည် ယုဒလူ၊ ဟေလလူအပါအဝင် လူတိုင်းတို့ထံ တူညီသော တန်ခိုးလေသည်။ ရေနှင့် ဝိညာဉ်တော်ဧဝံဂေလိ တရားကလူတို့ထံ သတင်းကောင်းဟောကြားသည့်အခါသခင်ယေရှုကိုယုံ ကြည်သည့်လူတိုင်းတို့ကို အပြစ်တရားမှ တူညီသော ကယ်တင်ခြင်းကို ပေး လေ၏။ တနည်းဆိုသော်တဦးတယောက်သော သူသည် ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိသ တင်းကောင်းထက် အခြားအရာအားဟောကြားသောအခါ ဘုရား သခင်၏ အမျက်တော်သည် ထိုသူအပေါ်ကျရောက်လိမ့်မည်။
ထို့ကြောင့် ပေါလက “သို့သော်လည်း သင်တို့အား ငါတို့ဟောပြောသော ဧဝံဂေလိတရားမှတပါး အခြားသော ဧဝံဂေလိတရားကို ငါတို့သည် ဟောပြော သော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန် ဟောပြောသော်၎င်း၊ ဟောပြောသောသူသည် ကျိန်တော်မူခြင်းကိုခံစေ။ တမန်တော်ရှင်ပေါလုက အခြားဧဝံဂေလိတရားများစွာထဲမှ စစ်မှန်သည့် ဧဝံဂေလိတရားဖြစ်သော ရေ နှင့်ဝိညာဉ်တော်ဧဝံဂေလိတရားအား ရှင်းလင်းစွာဖော်ပြထား၏။ ယုဒလူဖြစ် စေ၊ ဟေလသလူဖြစ်စေ၊ အစ္စလမ်ဘာသာဝင်ဖြစ်စေ၊ ကွန်ဖြူးရှပ်ဘာသာဝင် ဖြစ်စေ၊ ဗုဒ္ဓဘာသာဝင်ဖြစ်စေ၊ တာအိုဘာသာဝင်ဖြစ်စေ၊ နေဘုရားဖြစ်စေ၊ အခြားသောသူများတို့သည်လည်း မည်သူပင်ဖြစ်စေကာမူ အယောက်စီတိုင်း တို့သည် ဧဝံဂေလိတရားအား ကြားသိရန် အခွင့်အရေးရရှိကြ၏။
ထို့ပြင် ရေနှင့်သန့်ရှင်းသော ဝိညာဉ်တော် ဧဝံဂေလိတရားသည် ထိုသူတို့ အား မိမိတို့၏အပြစ်များမှ ကယ်တင်ခြင်းရရှိနိုင်ရန် အခွင့်ကောင်းပေး ထား၏။ ထို့ကြောင့် ယေရှုခရစ်သည် ဘုရားဖြစ်ကြောင်းသူသည် စကြာဝ ဠာကို ဖန်ဆင်းတော်မူခဲ့ကြောင်း၊ ကျွန်ုပ်တို့ကို ကယ်တင်ရန် လူ့အသွေးအ သားကို ဆောင်ယူကာလူသားများကဲ့သို့ ဤလောကတွင် ကြွဆင်းလာခဲ့ ကြောင်း၊ ယောဟန်၏ ဗတ္တိဇံခံခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံး သူ့အ ပေါ်တင်ဆောင်ခဲ့ကြောင်း၊ လက်ဝါးကားတိုင်ပေါ်အသေခံခဲ့ခြင်းအားဖြင့် ကျွန်ုပ်တို့၏ အပြစ်များအတွက် တရားစီရင်ခြင်းအား ရရှိခဲ့ကြောင်းတို့ကို ကျွန်ုပ်တို့ ဟောကြားဝေငှကြလိမ့်မည်။ ထို့ကြောင့် တမန်တော်ရှင်ပေါလု သည် ရေနှင့် ဝိညာဉ်တော်၏ ဧဝံဂေလိတရားအား ရှက်ကြောက်ခြင်းမရှိခဲ့ပေ။ လက်ဝါးကား တိုင်တစ်ခုတည်းသာလျှင် ရှက်ကြောက်ဘွယ်ရာ သတင်း ကောင်းဖြစ်သော်လည်း ရေနှင့်သန့်ရှင်းသော ဝိညာဉ်တော်ဧဝံဂေလိတရား ဟူမူကား လုံးဝရှက်ကြောက် ဖွယ်ရာမဖြစ်နိုင်ပေ။ 
သို့သော် ရှင်းလင်းပြီး တန်ခိုးရှိသော ဧဝံဂေလိတရားသည် ဂုဏ်သိက္ခာ နှင့် ဝါကြွားစရာအဖြစ် လျှံထွက်စီးဆင်းလာ၏။ ထိုဧဝံဂေလိတရားအား ယုံကြည်သော သူသည် ဘုရားသခင်သား/သမီးဖြစ်လာသည်ဟူသော အချက် အပေါ် ယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ စုံလင်ခြင်းကို ရရှိသည်။ နောက်ထပ်ကျွန်ုပ်ပြောလိုသည်မှာ ရေနှင့်သန့်ရှင်းသော ဝိညာဉ် တော်၏ လှပသောဧဝံဂေလိတရားမူကား မည်သည့်အခါ၌မျှ ရှက်ကြောက် ဖွယ်ရာ ဧဝံဂေလိတရားမဖြစ်နိုင်။ သို့သော်လည်း လက်ဝါးကား တိုင်၏ အသွေးတော်သာ ယုံကြည်သည့် ဧဝံဂေလိတရားမူကား ရှက်ကြောက် ဖွယ်ရာ ဖြစ်သည်။
ခရစ်ယာန်မိတ်ဆွေတို့သင်သည် လက်ဝါးကားတိုင်၏ အသွေးတော် မြတ်မျှသာဖြစ်သည့် ဧဝံဂေလိတရားအား ဟောကြားရသောအခါတိုင်း ရှက် ကြောက်ပါသလား။ သခင်ယေရှု၏ ဗတ္တိဇံခံခြင်း မပါဘဲ အသွေးတော်မြတ်နှင့် သာ စပ်ဆိုင်သည့် ဧဝံဂေလိတရားအား ယုံကြည်၍ ထိုတရားအား ဟောကြား ဝေငှသည့်အခါ သင်သည်ရှက်ကြောက်ခြင်းကို ခံစားရ၏။ သင်သည် အသုံးမကျသည့် ဧဝံဂေလိတရားအား ဟောကြားခြင်းကြောင့်၎င်း၊ သခင်ဘု ရားအားအမြဲပင် အော်ဟစ်တောင်းလျှောက်ရသောကြောင့်၎င်း၊ သခင်ယေရှု အား ယုံကြည်ပါ။ သခင်ယေရှုအား ယုံကြည်ပါဟု အော်ဟစ်ရန် လမ်းပေါ်မ ထွက်လျှောက်မီ သင်၏ခံစားချက်ကို ဖြည့်စွက်ရန် အခြားသော ဘာသာ စကားအားဖြင့် ဆုတောင်းခြင်းများအား ပေးအပ်ရန်တို့သည် သင့်အတွက် ရှက်ကြောက်ဖွယ်ရာဖြစ်၏။ ဤအရာသည် လူတစ်ဦးအတွက် ခံစားချက် အပြည့်အလျှံနှင့် လုပ်ဆောင်နိုင်သည့်အရာဖြစ်သကဲ့သို့ အခြားသူအတွက် နူးညံ့သော စိတ်နှင့် လုပ်ဆောင်ရန် မဖြစ်နိုင်သည့် အရာဖြစ်သည်။ 
ထို့ကြောင့် လက်ဝါးကားတိုင်၏ အသွေးတော်မြတ်သာ ယုံကြည်သောသူ များတို့သည်သာ ဆူဆူညံညံအော်ဟစ်ကြပြီး ဧဝံဂေလိလုပ်ငန်းအတွက် လမ်းမပေါ်ထွက်လျှောက်သည့်အခါတိုင်း အနှောင့်အ ယှက်များဖြစ်စေတတ် သည်။ သူတို့နှုတ်နှင့် အသံချဲ့စက်ကို တေ့ထားဖြစ် တကာလ ယေရှုယုံကြည် သူကောင်းကင်သို့ မယုံကြည်သူ ငရဲသို့စသည်ဖြင့် အော်ဟစ်တတ်ကြ၏။ သို့သော် ရေနှင့်သန့်ရှင်းသောဝိညာဉ်တော်၏ ဧဝံဂေလိတရားကို ယုံကြည် သောသူသည် ဧဝံဂေလိသတင်းကောင်းအား နူးညံ့သိမ်မွေ့စွာ ဟောကြား လေ့ရှိသည်။ သူ၏ သမ္မာကျမ်းစာအား လှန်လျက်နေစဉ် အခြားသူများနှင့် ဆန့် ကျင်လျက် လက်ဖက်ရည်သောက်လျက်ရှိ၏။
 
 
ဘုရားသခင်ဖြောင့်မတ်ခြင်းဧဝံဂေလိတရားအကြောင်းမည်သည့် အရာအားပြောကြားထားသနည်း
 
အပိုဒ်ငယ် ၇း၁၀-၁၁တွင် “ခရစ်တော်၏ ဧဝံဂေလိတရား၌ မည်သည့် အရာအား ဖော်ထုတ်ရန်ပြောကြားထားသနည်း။ ဘုရားသခင်၏ ဧဝံဂေလိတ ရား၌ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအားဖော်ပြသည်ဟု ပြောကြားထား၏။” ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် စစ်မှန်သော သတင်းကောင်း၌ ပြည့်စုံစွာ ဖော်ပြထား၏။ ထို့ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသည် ၎င်း၌ ယုံကြည်ခြင်းမှ ယုံကြည်ခြင်းသိုက ဖော်ပြ၍ဖြောင့်မတ်သောသူသည် ယုံ ကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်ဟု မိန့်ဆိုထားသည်။ လက်ဝါးကား တိုင်၏ အသွေးတော်မြတ်သာ ဟောကြားသည်။ ဧဝံဂေလိတရားတွင် ဘုရား သခင်၏ ဖြောင့်မတ်ခြင်း မပါဝင်ပါ။
ညီအစ်ကိုတို့ တစ်ယောက်သောသူက မိမိ၏မူလအပြစ်အား ခွင့်လွှတ် ခြင်းရရှိပြီဟု ပြောကြားသော်လည်း နေ့စဉ်အပြစ်အတွက် နေ့တိုင်း နောင်တ ရရန် ဆုတောင်းရသည်ဟူ၍၎င်း၊ တစ်ဦးတစ်ယောက်သည် တဖြည်းဖြည်း သန့်ရှင်း စင်ကြယ်မှုရှိလာပြီး တစ်ခါတရံစုံလင်သော ဖြောင့်မတ်သူဖြစ်လာ နိုင်သည်ဟု ပြောကြားထားပါက ထိုယုံကြည်ခြင်း၌ ဘုရားသခင်၏ ဖြောင့်မတ် ခြင်းပါဝင်ပါသလား။ ဤအရာသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအား ဖော်ပြသည့်အရာ မဟုတ်ချေ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း အကြောင်းကို ဖော်ပြသောအရာသည် စုံလင်သောအရာကို ပြောကြား၏။ 
ရေနှင့်သန့်ရှင်းသော ဝိညာဉ်တော်သတင်းကောင်းက အစမှအဆုံးတိုင် အောင် စုံလင်သော ဧဝံဂေလိတရားအား ပြောကြားထား၏။ သင်တို့သည် သင်္ဘောသဖန် အရွက်အားဖြင့် သင်တို့၏နေ့စဉ်သို့မဟုတ် အပတ်စဉ် သို့မ ဟုတ်လစဉ် ရှက်ကြောက်ဖွယ်ရာ အပိုင်းတို့ကို အသစ်ဖုံးကွယ်ခြင်းအား ပြုလုပ်ရသကဲ့သို့ နေ့စဉ်နေ့တိုင်း ကျူးလွန်သောအပြစ်များကြောင့် သင်တို့ သည် နောင်တတရားနှင့် ဆုတောင်းခြင်းကို ပြုလုပ်ကြ၏။ 
နေ့စဉ်နောင်တတရားအားဖြင့် ဆုတောင်းခြင်းသည် မိမိတို့၏ ရှက် ကြောက်ဖွယ်ရာ ခန္ဓာကိုယ်အား သင်္ဘောသဖန်းရွက်ဖြင့် ဖုံးအုပ်ခြင်းနှင့် ဆင်တူသည်ဟု ပြောကြားခြင်းအားဖြင့် လူတစ်ဦးသည် အဖန်တလဲလဲ အပြစ် သားဖြစ်လာရ၏။ ဤအရာသည် လက်ဝါးကားတိုင်း၏ အသွေးမြတ်ဧဝံ ဂေလိတရားသာယုံကြည်ကြသည့် ဘာသာရေးကိုင်းရှိုင်းသောသူများ၏အ သက်တာ ဖြစ်သည်။ ထိုသူတို့သည် ထာဝရဘုရားက သူတို့အား အခမဲ့ပေး အပ်တော်မူသည့် သားရေဖုံးအကာအား ဝတ်ဆင်ရန် အလိုမရှိသည့် မိုက်မဲ သောသူများ ဖြစ်ကြသည်။ သူတို့သည် ထိုအစားသင်္ဘောသဖန်းရွက်အကာ များအား ဝတ်ဆင်ခြင်း၌ ပျော်မွေ့ကြ၏။
လက်ဝါးကားတိုင်ပေါ်ယေရှု၏ အသွေးတော်မြတ်သည် ယေရှုဗတ္တိဇံ ခံခြင်း၏အခပင်ဖြစ်သည်။ လက်ဝါးကားတိုင်ပေါ်အသွေး မသွန်းလောင်ဘဲ ယေရှုသည်ကျွန်ုပ်တို့၏အပြစ်ကို ယူဆောင်သွားနိုင်၏။ သူသည် ဗတ္တိဇံခံသည့် အချိန် ကျွန်ုပ်တို့၏အပြစ်များကို ယူဆောင်သွားခဲ့၏။ ထို့နောက် လက်ဝါးကား တိုင်သို့ တက်ကြွကာ တလောကလုံး၏ အပြစ်သားအား သယ်ဆောင်သွားခဲ့ ၏။ လောကသားများ၏အပြစ်ကို ရွေးနှုတ်ကယ်တင်ရန် အသေခံခဲ့၏။ ထို့ကြောင့် လက်ဝါးကားတိုင်သည် ကိုယ်တော်တိုင်လက်ခံရရှိခဲ့သည့် ဗတ္တိဇံခံ ခြင်း၏ အကျိုးရလဒ်ဖြစ်သည်။
“ယေရှုဘုရားသည် ကျွန်ုပ်တို့၏ အပြစ်များအား ဗတ္တိဇံခံခြင်းအားဖြင့် ယူဆောင်သွားခဲ့ပြီးဖြစ်သောကြောင့် လက်ဝါးကားတိုင်ပေါ် အသွေးသွန်း လောင်းခြင်းသည် ကျွန်ုပ်တို့အပြစ်အားလုံး ရွေးနှုတ်ကယ်တင်ရန် သူ၏ နောက်ဆုံးသော လုပ်ဆောင်ချက်ဖြစ်၏။ ယေရှုဘုရားသည် လက်ဝါးကား တိုင်၌ အပြစ်၏ကျိန်ခြင်းအာလုံးကို ရရှိ၏။ အကြောင်းမှာ သူသည်ဗတ္တိဇံ ခံခဲ့သောကြောင့် ဖြစ်၏ ၇း၁၂-၁၃။” သို့ဖြစ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအား မည်ကဲ့ သို ရရှိနိုင်မည်နည်း။ကျွန်ုပ်တို့သည် ရေနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ သတင်းကောင်းအား သိနားလည်ခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် ၎င်းကို ဆည်းပူးနိုင်သည်။ ထိုသို့ဆိုလျှင် သင်သည် ရေနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ သတင်းကောင်းအား ယုံကြည်သော သူတဦး ဖြစ်ပါသလားဟု မေးမြန်းလာပါက “ဟုတ်ကဲ့” ဟု ထိုမေးခွန်းအား ချက်ခြင်းနှင့် ရှင်းလင်းစွာ ဖြေကြားပေးနိုင်သည်။ ဘုရားသခင်၏ ဖြောင့်မတ် ခြင်းရရှိရန် လျှို့ဝှက်ချက်မှာ ရေနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဧဝံဂေလိ တရားအား ယုံကြည်ခြင်းဖြစ်၏။
ဤအရာအတွက် အကြောင်းရင်းမှာ ရေနှင့်ဝိညာဉ်တော်၏သတင်း ကောင်းသည် သမ္မာတရားဖြစ်သောကြောင့်၎င်း၊ ယင်းကဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဖြောင့်မတ်ခြင်းတို့ကို ဖော်ပြသောကြောင့်၎င်း ဖြစ်၏။ ယင်း ၇း၁၄-၁၇တွင် “ရေနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ သတင်းကောင်း၌ လူသားများထံ ဘုရားသခင်အခမဲ့ပေးအပ်သည့်အပြစ်၏ ရွေးနှုတ်ခြင်းသော် ၎င်း၊ သူ၏ သားသမီးများဖြစ်လာ ရန်နည်းလမ်းသော်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်ရရှိခြင်းအားဖြင့် ထာဝရအသက်နှင့်စပ်ဆိုင်သော ကောင်းကြီးမင်္ဂ လာအပြင် မြေကြီးပေါ် ကာယနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ ကောင်းကြီးမင်္ဂလာများ ပါဝင်သောကြောင့် ဖြစ်၏။ တမန်တော်ရှင်ပေါလုက ဘုရားသခင်၏ ဖြောင့် မတ်ခြင်းတရားသည် သူဟောကြားခဲ့သည့် ရေနှင့်သန့်ရှင်းသော ဝိညာဉ်တော် သတင်းကောင်း၌ ပြည့်စုံစွာ ဖော်ပြထား သည်ဟု မြွက်ဆိုထားသည်။” ထို့ကြောင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရား မသိရှိဘဲ လူသား၏ ဖြောင့် မတ်ခြင်းအား ချီးမြှောက်ခြင်းသည် ဘုရားသခင်၏ ရှေ့တော်မှောက်၌ အပြစ် ပြုခြင်းနှင့် တူညီနေသည်။ ထို့ပြင် လက်ဝါးကားတိုင်ရှိ အသွေးတော်မြတ် နှင့်သာ ယုံကြည်ပြီး ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား မပါရှိပါက ထိုဧဝံ ဂေလိတရားသည် မှားယွင်း၏။
“ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ကိုယ်တော်တိုင်ပေး အပ် ထားသည့် ရေနှင့်သန့်ရှင်းသောဝိညာဉ်တော်၏ စစ်မှန်သော ဧဝံဂေလိတ ရားအား ရည်ညွှန်းဖော်ပြသည်။ အစုံလိုက်ဖြစ်သောဓမ္မဟောင်းနှင့် ဓမ္မသစ် ကျမ်းတို့က ကျွန်ုပ်တို့ကို အပြစ်များမှ ကယ်တင်၏။ ဓမ္မဟောင်းကျမ်းသည် ဓမ္မသစ်ကျမ်းအ တွက်ပြင်ဆင်ပေး၏။ ဓမ္မသစ်ကျမ်းသည်လည်း ဓမ္မဟောင်း ကျမ်း၌ ပါဝင်သည့် ကတိတော်များအား ပြည့်စုံစေ၏။ ထာဝရဘုရားသည် သူ၏ ဖြောင့်မတ်ခြင်းအားပြည့်စုံစွာ ဖော်ပြထားသည့် စစ်မှန်သော သတင်း ကောင်းအား ပေးအပ်တော်မူခြင်းဖြင့် ကျွန်ုပ်တို့ကို ဤလောက၏ အပြစ်များမှ ကယ်တင်တော်မူ၏ ၇း၂၂-၂၃ယ ၂၄။” ဤသို့ဖြင့် သူသည် လူသားတို့အား သူတို့၏ အပြစ်အားလုံးတို့အား ကယ်တင်ခဲ့၏။ ယခုပင် တလောကလုံးသည် ရေနှင့်သန့်ရှင်းသော ဝိညာဉ်တော်၏ သတင်းကောင်းဆီသို့ ဦးလှည့်သင့်သည်။ လူများကို အပြစ်မှကယ်တင်သည့် တစ်ခုတည်းသော ဧဝံဂေလိတရားကား ရေနှင့်သန့်ရှင်းသော ဝိညာဉ်တော်၏ မူလဧဝံဂေလိတရားပင် ဖြစ်သည်။ ညီအစ်ကိုတို့ တလောကလုံးသည် ရေနှင့်အသွေးတော်မြတ်၏ သတင်း ကောင်းဆီသို့ ဦးလှည့်ရမည်။ သူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားပါရှိသည်။ ရေနှင့်သန့်ရှင်းသော ဝိညာဉ်တော်၏ဧဝံဂေလိတရားဘက် သို့ ဦးလှည့်ရသည်။
ဤအကြောင်းရင်းမှာ ရေနှင့်သန့်ရှင်းသော ဝိညာဉ်တော်ဧဝံဂေလိ တရား သည် ကျွန်ုပ်တို့ကို အပြစ်မှ ကယ်တင်နိုင်သည့် တခုတည်းသော သမ္မာတ ရားဖြစ်၏။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားပါဝင်သည့် ဧဝံဂေလိတရား သာလျှင် ကျွန်ုပ်တို့ကို ကယ်တင်နိုင်၍ အပြစ်ကင်းစင်စေနိုင်၏။ ထို့အပြင် ဘုရားသခင် သားသမီးများအဖြစ် ကျွန်ုပ်တို့ကို ပြောင်းလဲစေ၏။ ထိုမျှမက ကျွန်ုပ်တို့ စိတ်နှလုံးထဲရှိ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ လူများကို အကာအကွယ်ပေး၏။ ထိုသန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ် တို့အတွက် ဆုတောင်းပေး၏။ 
ကျွန်ုပ်တို့ကို ကောင်းကြီးပေး၏။ ကျွန်ုပ်တို့နှင့်အတူ အစဉ်အမြဲ နေတော် မူ၏။ ဆုကျေးဇူးအဖြစ် ထာဝရအသက်အားပေးတော်မူ၏။ အလွန်ပင် မချစ် မရဲ တွေ့ရသည်မှာ ထိုသတင်းကောင်းကို အလေးဂရုပင်မျှမပြုသော သူ မြောက်များစွာ ရှိသည်။ လူတိုင်းအတွက် ကျွန်ုပ်မျှော်လင့် ထားသည်မှာ ယေရှု၏ဗတ္တိဇံခံခြင်းအား ရှင်းလင်းစွာ သိရှိနားလည်ခြင်းအားဖြင့် ရေနှင့်သန့် ရှင်းသော ဝိညာဉ်တော်၏သတင်းကောင်းအား ယုံကြည်ရန်ဖြစ်သည်။ ယော ဟန်ထံ ယေရှုလက်ခံရရှိသည့် ဗတ္တိဇံမှာ သူသည် နှိမ့်ချသောကြောင့် ရရှိခဲ့ သည့်အရာ မဟုတ်ချေ။ တလောကလုံး၏ အပြစ်များအား ယူဆောင်ရန် အလို့ ငှါ ဗတ္တိဇံခံခဲ့ရခြင်းဖြစ်၏။ မိန်းမအမျိုးမှ ဖွားမြင်သမျှသောလူတို့တွင် အကြီး မြတ် ဆုံးဖြစ်သောယောဟန်သည် သခင်ယေရှုကို ဗတ္တိဇံပေးသည့်အခါ ယေရှု ၏ ခေါင်းပေါ်၌ သူ၏လက်ကို တင်တော်မူ၏။ ထိုအရာသည် ဓမ္မဟောင်း ကျမ်း၌ အပြစ်မဲ့သည့် အပြစ်ဖြေရာ ယဇ်အပေါ်ယဇ်ပုရောဟိတ်အကြီးအ ကဲကလက်ကို တင်ခြင်းနှင့် ပြိုင်နှိုင်းထားသည်။ လက်ဝါးကား တိုင်အပေါ်ယေ ရှုအသေခံတော်မူခြင်းသည် သူ၏ ကိုယ်ပေါ်သို့ အပြစ်များအား ယူတင်ဝတ် ဆောက်ခြင်းကြောင့် ဖြစ်သည်။ 
၎င်းသည် ၆း၃အသွေးသွန်းလောင်းသည့် အပြစ်ဖြေရာ ယဇ်နှင့်၎င်း၊ လက် တင်ခြင်းအားဖြင့် အသေသတ်ခံရခြင်းသော်၎င်း နှိုင်းယှဉ်ထားသည်။ ဓမ္မသစ် နှင့် ဓမ္မဟောင်းကျမ်းတို့တွင် ရေနှင့်သန့်ရှင်းသော ဝိညာဉ်တော်၏ ဧဝံဂေလိ တရားတို့ကို ဖော်ပြထားပြီးဖြစ်သောကြောင့် မူရင်းတခုကို စွန့်လွှတ်၍ အခြားဧဝံဂေလိတရားအား ယုံကြည်သောသူသည် မှားယွင်းသော ယုံကြည် ခြင်းကို ရရှိထား၏။ ဤလောကသို့ ဆင်းကြွခဲ့စဉ် သခင်ယေရှုပြုတော်မူသည့် ယောဟန်အားဖြင့် ဗတ္တိဇံခံခြင်းဖြစ်သည်။ သူ၏ဗတ္တိဇံခံခြင်းသည် သင်္ကေတမျှ ဖြစ်သည်ဟု ယုံကြည်ခြင်းနှင့် ယေရှုသည် သူ၏နှိမ့်ချခြင်းဖြင့် ဗတ္တိဇံခံယူ ခဲ့သည်ဟု ထင်မှတ်ခြင်းသည် အလွန်ပင်မှားယွင်းပါသည်။
မည်သည့်လူသည် မှားယွင်းသည့်အယူဝါဒလက်ခံသော သူဖြစ်ပါသ နည်း။ တိတု သြဝါဒစာ ၃း၁၀၌ “သင်းခွဲသော သူကို နှစ်ကြိမ်မြောက်အောင် ဆုံးမပြီးမှ ပယ်ရှားနှင်ထုတ်လော့။ ထိုသို့သော သူသည် ကိုယ်အပြစ်ကို သိလျက်ပင် အပြစ်ပြု၍ မှောက်လှန်သော စိတ်ရှိသောသူဖြစ်သတည်း။” ဟု ရေးသားထား၏။ သင်းခွဲချင်သောသူသည် မိမိကိုယ်ကို ရှုတ်ချသော သူဖြစ် သည်။ မိမိကိုယ်ကို ရှုတ်ချသောသူဆိုသည်မှာ မိမိအမှားကို ဝန်ခံလျက် မိမိ၌အပြစ်ရှိသည်ဟု ခံယူသော သူဖြစ်၏။ 
ထို့ကြောင့် “ကျွန်ုပ်သည် အပြစ်သားတဦးဖြစ်ပါ” ဟု ဆိုသော ခရစ် ယာန်သည် သင်းခွဲချင်သောသူ၊ မှားယွင်းသော အယူဝါဒကို စွဲကိုင် သူဖြစ် သည်။ “သင်းခွဲသောသူကို နှစ်ကြိမ်မြောက်အောင် ဆုံးမပြီးမှ ပယ်ရှားနှင် ထုတ်လော့”ဟု ရေးသားရခြင်းဖြစ်သည်။ ထိုကဲ့သို့သော ခရစ်ယာန်သည် ကောက်ကျစ် ယိုယွင်းသော သူဖြစ်သောကြောင့် အပြစ်ကင်းစင်သော သန့်ရှင်း သူသည် မှားယွင်းသော အမူဝါဒကို စွဲကိုင်သောသူ၏ အနီးအနားသို့ပင် မချဉ်းကပ် သင့်ပေ။ သူသည် မိမိကိုမိမိ အသရေရှုတ်ချသော သူဖြစ်၍ သူ၏ ယုံကြည်ခြင်းနှင့် ဘာသာရေးအသက်တာသည် ပျက်စီးယိုယွင်းသောကြောင့် ဖြစ်သည်။ ထာဝရဘုရား၏ ရှေ့တော်မှောက်၌ ခွင့်မလွှတ်နိုင်သော အပြစ်တို့ ကို ကျူးလွန်မိသူတဦးသည် ရေနှင့်သန့်ရှင်းသော ဝိညာဉ်တော်၏ဧဝံဂေလိတ ရားအား လက်ခံယုံကြည်ခြင်း အားဖြင့် အပြစ်ကင်း စင်စေရန် မလိုလားသော သူဖြစ်သည်။ သို့သော်ထိုအစား သူသည် ဆက်လက်၍ အပြစ်သားဖြစ်သည်ဟု ဝန်ခံပြောကြားယင်း ဘုရားသခင်ရှေ့တော်၌ ကယ်တင်ခြင်းအား ငြင်းပယ် သော အပြစ်ပြုမိကြ၏။ သခင်ခင်ယေရှုကို ယုံကြည်ပါသည်ဆိုသော်လည်း မိမိကိုယ်ကို ရှုတ်ချသောသူသည် ငရဲမီးအိုင်ဘက်ဆီသို့ ဦးတည်နေသည့် အယူဝါဒ မှားယွင်းသူဖြစ်သည်။
အချို့သော ခရစ်ယာန်တို့သည် “အဲဒါ ငါ့အမှားဘဲ”ဟူသော စာတမ်းအား မိမိတို့ကား နောက်မှန်များတွင် ကပ်ထားလေ့ရှိကြ၏။ ယင်းသည် လူ့မျက် စိဖြင့် ရှုမြင်သောအခါ လှိုက်လှဲစွာ ပြောထွက်သော စကားမျိုးဟု ထင်ရသော် လည်းအမှန်မှာ ၎င်းသည် “လူတဦး၏ မှားယွင်းမှု သက်သက်” ဖြစ်သော ကြောင့် ထိုအရာသည် ငရဲသို့ ဦးဆောင်သောအရာ၊ သင်းခွဲလိုသော သူဖြစ် လာရပြီး၊။
ကျိန်ဆဲခံရခြင်းသည်လည်း ထိုသူ၏ မှားယွင်းမှု သက်သက်ကြောင့်သာ ဖြစ်ရသည်။ ၇း၂၄ အဲဒါ “ငါ့အမှားဘဲ ဆိုသည့်စကားသည် လူတဦးက မိမိသည် မွန်မြတ်စွာ အသက်ရှင်နေထိုင်လိမ့်မည်ဟု အလျင်စလိုပြောသော စကား သည် တရပ်သာဖြစ်သည်။” ထို့ကြောင့် ထိုသို့သော ပြစ်ကြွေးကြော်သံအား ထောက်ခံသူ၊ ကောင်းမွန်စွာ အသက်ရှင်နေထိုင်မည်ဟု ပြောကြားသူ၏ ပြောကြားခြင်းသည် လူသားတွင် အပြစ်၏မျိုးစေ့ပါရှိသည်ဟု ဆိုသော ဘုရားသခင်၏ နှုတ်တော် ထွက်စကားအား တိုက်တိုက်စိန်ခေါ်ခြင်းဖြစ်သည်။ ထိုသို့သော လူတို့၏ အတွေးအခေါ်အား လိုက်ခံရှာဖွေသော သူတို့သည် ကျိန်ဆဲခြင်း အမင်္ဂလာ အမျိုးမျိုးအား မကြာခဏာ ရရှိကြသည်။
သင်တို့အထဲ၌ ထိုနည်းအားဖြင့် မိမိကိုယ်ကို ရှုတ်ချသော သူရှိပါသလား။ ထို့နောက်ရောမသြဝါဒစာအခန်းကြီးကိုအခြေပြု၍ ဟောချက်အား သေချာနား ထောင်သင့်သည်။ အကြောင်းမှာ ၎င်းတွင်ဖြောင့်မတ်စေခြင်း ယုံကြည် ချက်ကို မဖော်ပြသည့် အပြစ်မှ ရွေးနှုတ်ကယ်တင်ခြင်းအား ပြောကြားထား ၏။ ရောမသြဝါဒစာစောင်က ဤအကြောင်း ပိုမိုပြည့်စုံစွာ ဖော်ပြထားသည်။ တမန်တော်ရှင်ပေါလုသည် တနေ့သောအခါ လူများပြောကြားလာမည့် အရာကို ကြိုတင်သိနှင့်ခဲ့၏။ ထို့ကြောင့် ကြိုတင်ဟောကြားနှင့်သည်မှာ အပြစ်မဲ့ ဖြစ်လာရခြင်းသည်အမှန်ပင် အပြစ်မရှိသော သူဖြစ်လာရခြင်းဖြစ်ပြီး အပြစ်သားအား ဖြောင့်မတ်သောသူဟုခေါ်ယုံမျှသာ မဟုတ်ချေ။ သူသည် လည်း ရှင်းလင်းစွာ ထောက်ပြထားသည်မှာ ရေနှင့်သန့်ရှင်းသော ဝိညာဉ် တော်၏ ဧဝံဂေလိတရားသည်သာ သမ္မာတရားဖြစ်သည်ဟူ၍ ဖြစ်၏။ 
ထို့ကြောင့် လက်ဝါးကားတိုင်၏ အသွေးတော်မြတ်သာ ယုံကြည်သော သူတို့သည် ရောမသြဝါဒစာစောင်အား ဖတ်ရှုသောအခါမသိရှိ၊ နားမလည်ဘဲ လျက်နေမည်မှာသဘာဝပင်ဖြစ်သည်။ ရောမမြို့ထံတမန်တော်ရှင်ပေါလု၏ သြဝါဒစာစောင်သည် ကြီးမြတ်သော နှုတ်ကပတ်တော်သမ္မာတရားဖြစ်၏။ အကြောင်းမှာ ၎င်းက ရေနှင့်သန့် ရှင်းသော ဝိညာဉ်တော်၏ ဧဝံဂေလိတရား တော်ကို သက်သေခံထားသည်။ လူတဦးတယောက်သည် ယုံကြည်ခြင်း မရရှိမီ မူလအားဖြင့် အပြစ်သားဖြစ်သော်လည်း သခင်ယေရှုကို ယုံကြည် လက်ခံပြီး နောက်ပိုင်း ဖြောင့်မတ်သောသူဖြစ်လာလိမ့်မည်။ မိမိ၏နှလုံး သားထဲ၌ အပြစ်မရှိ။ မပိုင်ဆိုင်သောသူဖြောင့်မတ်သော သူအမှန်ဖြစ်လာ လိမ့်မည်။     
ဤအရာသည် စစ်မှန်သော ယုံကြည်ခြင်းအားရရှိပိုင်ဆိုင်သော နည်းဖြစ် သည်။ ယခုအချိန်၌ပင် လူတို့၏ ယုံကြည်ခြင်းသည် မပြည့်စုံသူတို့၏ယုံကြည် ခြင်းသည် ဒုတိယမွေးဖွားခြင်းခံရသည် အသင်းတော်အားဖြင့် ရေနှင့်သန့်ရှင်း သောဝိညာဉ်တော် နှုတ်ကပတ်သမ္မာတရားအား ကြားနာရန် နားစွင့်ပါက တဖြည်းဖြည်းစုံလင်ခြင်း ၃း၅အဖြစ်သို့ ရောက်ရှိကြလိမ့်မည်ဟု ကျွန်ုပ်မျှော် လင့်သည်။ ဤဟောချက်များအားဖြင့် ရေနှင့်ဝိညာဉ်တော်၏ ဧဝံဂေလိတရား ကို ပိုမိုလေ့လာ၍ သမ္မာတရား၌ ခိုင်ခံ့ရှိပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကောင်းကင်ဘုံ၏ ကြွယ်ဝသော ကောင်းကြီးမင်္ဂလာအား ချပေးတော်မူ လိမ့်မည်ဟု ကျွန်ုပ်ယုံကြည်သည်။ “ငါသည် ခရစ်တော်၏ ဧဝံဂေလိတရား ကြောင့် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ထိုတရားသည် ရှေးဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသော သူအပေါင်းတို့ကို ကယ် တင်စေသော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။ အဘယ်သို့ဖြစ် သနည်းဟူ မူကား ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်လိမ့်မည်ဟု ကျမ်းစာလာသည်နှင့်အညီ ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ ဖြောင့် မတ်ခြင်းတရားသည် ယုံကြည်ခြင်းအဘို့အလို့ငှါ ဧဝံဂေလိတရားအားဖြင့် ထင်ရှားလျက်ရှိ၏။”
တမန်တော်ရှင်ပေါလုသည် ခရစ်တော်၏ ဧဝံဂေလိတရားကြောင့် ရှက် ကြောက်ခြင်းမရှိ။ သူသည် ဧဝံဂေလိတရားအား ဂုဏ်သရေရှိစွာ သက်သေ ခံခဲ့၏။ မည်သို့ပင်ဖြစ်စေကာမူ လူအများတို့သည် သခင်ယေရှုကို ယုံကြည်ကြ သော်လည်း ဝမ်းနဲရကြသည့် အကြောင်းရင်းတခုမှာ သူတို့၏ အပြစ် ကြောင့်ပင် ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအား အသိအ မှတ်ပြုရာ၌ လစ်လျှိုရှုထားကြသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရား သခင်၏ ဖြောင့်မတ်ခြင်းတရားအား ယုံကြည်ခြင်းဖြင့်၎င်း မိမိတို့၏ ဖြောင့်မ တ်ခြင်းအား စွန့်လွှတ်ခြင်းဖြင့်၎င်း ကယ်တင်ခြင်းရရှိနိုင်သည်။တမန်တော်ရှင် ပေါလုသည် အဘယ်ကြောင့် ဧဝံဂေလိတရားအား ရှက်ကြောက်ခြင်းမရှိခဲ့ သနည်း။ ဦးစွာ ပထမအနေဖြင့် ၎င်းတွင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအား ဖော်ပြပါရှိသောကြောင့် ဖြစ်သည်။ဂရိဘာသာစကား၌ “ယူဂဲလီးယန်း” ဧဝံဂေ လိတရား၏ အဓိပ္ပါယ်မှာ သတင်းကောင်းဖြစ်သည်။ ယေရှုခရစ်သည် ဗက် လင်မြို့၌ ဖွားမြင်တော်မူသည့်အခါ ကောင်းကင်တမန်သည် ညအခါ သိုးများကို ထိန်းကျောင်းသည့် လူများထံပေါ်လာကာ “ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော် မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ် သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာရှိစေသတည်းဟု ဘုရား သခင်ကို ချီးမွမ်း၍ မြွက်ဆိုကြ၏။”
ယင်းသည်သတင်းကောင်းဖြစ်၏။ လူတို့ထံဝမ်းမြောက်ခြင်း၊ ငြိမ်သက် ခြင်းသတင်းကောင်းဖြစ်၏။ သခင်ဘုရား၏ ဧဝံဂေလိတရားသည် ကျွန်ုပ်တို့ကို အပြစ်အားလုံးတို့မှ ကယ်လွှတ်ခဲ့သည့်အပြင် ဤလောက၏ အပြစ်များကို လည်းဆေးကြောတော်မူခဲ့သည်။ယေရှုကကျွန်ုပ်တို့အပြစ်အားလုံး ဆေးကြော တော်မူသည်။ သူကိုယ်တော်တိုင်ပင် နောက်ချေးပုံတွင် လူးလိမ့်နေသည့် ပိုးကောင်နှင့် အပြစ်နွံတွင် ကျရောက်နေသည့် သူများ၏ အပြစ်အားလုံးတို့ကို ဆေးကြောခဲ့သည်။ ပထမအနေဖြင့် တမန်တော်ရှင်ပေါလုက ဧဝံဂေလိတ ရား၌ ဖော်ပြထားသည့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားအား မိန့်ဆို ထားသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားက ကျွန်ုပ်တို့ကို သန့်ရှင်းသူ များနှင့် ဖြောင့်မတ်သော သူများဖြစ်လာကြစေရန် အခွင့်ပေးတော်မူသည်။ ၎င်းအပြင် ထိုအရာက ထာဝရအသက်ရရှိရန်နှင့် အပြစ်ကင်စင်စေရန် ကျွန်ုပ် တို့ကို အခွင့်ပေးတော် မူသည်။ 
 
 
ထို့ကြောင့် ယေရှု၏ ဖြောင့်မတ်ခြင်းက ကျွန်ုပ်တို့ကို အပြစ်အားလုံးတို့မှ ကယ်တင်ခဲ့ပြီး ဧဝံဂေလိတရား၌လည်း ဘုရားသခင်၏ ဖြောင့်မတ်ခြင်း အား ဖော်ပြရန် အခွင့် ပေးတော်မူ၏။
 
ယနေ့ခရစ်ယာန်အများစုတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဧဝံဂေ လိသတင်းကောင်းအား သိရှိနားလည်ခြင်းမရှိဘဲ ဧဝံဂေလိတရားဟော လေ့ရှိ ကြသည်။ထိုသူတိုကက “သခင်ယေရှုကို ယုံကြည်ပါ၊သင်သည် ကယ်တင် ခြင်းရရှိပါလိမ့်မည်၊ ထို့အပြင် ကြွယ်ဝချမ်းသာလာမည်” ဟု ပြောတတ်လေ့ ရှိသည်။ ထို့ကြောင့် ဤအရာများသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း သ တင်းကောင်းကို သွန်သင်ခြင်း မဟုတ်ပေ။ ဧဝံဂေလိတရားသည် အခြားအရာ များထက် ပို၍ ကျော်ကြားလာဟန်တူပေသည်။ သို့သော် လူအများစုတို့က ကရုမထားကြဘဲ သတင်းကောင်းကိုပင် နားမလည်ကြချေ။ သမ္မာကျမ်းစာ တော်မြတ်သည် ရောင်းရအကောင်းဆုံးစာအုပ်ဖြစ်လာဟန် တူပေသည်။ သို့သော် လူတို့က ၎င်းတွင် ပါရှိသည့်အကြောင်းအရာကိုမူ အမှန်တကယ် မသိရှိကြသေးချေ။ ဤလောကတွင် တန်ဖိုးအကြီးဆုံးနှင့် အကျိုးအမြတ် အ ကောင်းဆုံးသော အရာကား ဧဝံဂေလိတရားတော်ပင် ဖြစ်သည်။ ယင်းအား ကျွန်ုပ်တို့ထံ ဘုရားသခင်အပ်ပေး တော်မူ၏။
“ယုံကြည်ခြင်း၌ တည်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ယုံကြည်ခြင်းအဘို့အလို့ငှါဧဝံဂေလိတရားအားဖြင့်ထင်ရှားလျက်ရှိ၏။” ဘုရား သခင်၏ ဧဝံဂေလိတရားသည် သဲကန္တာရရှိအိုအေစစ်ကဲ့သို့ ဖြစ်သည်။ ယေရှု ဘုရားသည် မြောက်များစွာသော အပြစ်တို့ကို ကျူးလွန်ကြသည့် လူသားများ ထံ ဆင်းကြွခဲ့ပြီး သူတို့၏အပြစ်အားလုံး ဆေးကြောတော်မူ၏။ သို့ဖြစ်စေကာ မူ လူသားတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဆုကျေးဇူးကို ငြင်းပယ်ကြ သည်။ မိမိတို့ဖြောင်မတ်ခြင်းကို တည်စေရန် ကြိုးစားကြသောအခါ သူ၏ ဖြောင့်မတ်ခြင်းက တလောကလုံး၏ အပြစ်တို့ကို ဆေးကြောရခြင်းဖြစ်သည်။ မိမိတို့၏ကြိုးပမ်းလုပ်ဆောင်ချက်များကို လက်မြောက်အရှုံးပေးသောသူများ အမှုတော်မြတ်၊ ဆက်ကပ်ခြင်း၊ စိတ်အားထက်သန်မှု၊ ပေးကမ်းစွန့်ကြဲခြင်း၊ နောင်တရားနှင့်ဆုတောင်းချက်၊ အစာရှောင်ဆုတောင်းခြင်း၊ ဘုရားသခင်၏ နေ့ရက်အား ကျင့်ဆောင်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်သမ္မာတရားအား လက်တွေ့ကျင့်သုံးရန် အဓိပ္ပါယ်ဖွင့်ဆိုခြင်းစသည်ဖြင့်နှင့် ဘုရားသခင်၏ ဆုကျေးဇူးအား ငြင်းပယ်သောသူတို့သည် သူ၏ဖြောင့်မတ်ခြင်းတရား အားငြင်းပယ်သော သူများဖြစ်ကြ၏။
ထာဝရအရှင်ဘုရားသခင်သည်လည်းလုလင် မယားတို့သား ရေဖြင့်ဝတ် လုံကိုလုပ်၍ဝတ်ခြုံစေတော်မူ၏ ဟုရေးသားထားသည်။ ပထမဦးဆုံးသော လူအာဒံသည် စာတန်မာရ်နတ်၏လိမ်လည်လှည့်ဖြားမှု အောက်၌ ကျရောက် ခြင်းဖြင့် ဘုရားသခင်အား ဆန့်ကျင်ကာ ပြစ်မှားခဲ့၏။ အပြစ်ကျူးလွန်မိပြီး နောက်များမကြာမီ အာဒံနှင့်ဧဝတို့နှစ်ဦး ပြုလုပ်ခဲ့သည့် အရာမှာ သဖန်းရွက် ကို အတူကွချုပ်လုပ်ကာ သူတို့ကိုယ်တိုင် ဝတ်ဆင်ရန် ပြုလုပ်ကြ၏။ သဖန်းရွက်အားဖြင့် ပြုလုပ်သည့်အဝတ်အထည်သည် သားရေဖြင့်ပြုလုပ် သည့် ဝတ်ရုံနှင့် လုံးဝဆန့်ကျင့်သည် ၎င်းမှာ “လူ၏ဖြောင့်မတ်ခြင်း” နှင့် “ဘုရားသခင်၏ဖြောင့်မတ်ခြင်း”အကြားခြားနား ချက်ဖြစ်သည်။ ကမ္ဘာဦးကျမ်း ၃း၇ က “မိမိတို့ဝတ်ရန်ဘို့ သင်္ဘောသဖန်း ပင်အရွက်တို့ကို ချူပ်၍ ခါးစည်းကို လုပ်ကြ၏ဟု ဆိုသတည်း။ မုန်လာရွက်များကို သင်ခေါက် ဖူးပါသလား။ ကျွန်ုပ်ကိုး ရီးယားများသည် မုန်လာမင်များမှ မုန်လာရွက်များကို လှီးဖြတ်ကာ ၎င်းတို့ကို ခြောက်သွေ့စေရန် ကောက်ရိုးများနှင့် ချီလေ့ရှိသည်။ ဆောင်းရာ သီ၌၎င်းတို့နှင့်ပဲကိုချက်ပြုတ် လေ့ရှိသည်။ ဟင်းကောင်း တမယ်ပင်ဖြစ်သည်။
အပြစ်ကျူးလွန်မိပြီးနောက် အာဒံနှင့်ဧဝသည် သဖန်းရွက်ကို ချုပ်လုပ် ကာ ဝတ်လုံပြုလုပ်ကြသည်။ ထိုသို့သော လုပ်ဆောင်ချက်သည် ကောင်းသော အကျင့်ကျင့်ခြင်း၊ မိမိကိုယ်ကို ညှင်းပန်းခြင်းနှင့် ယဇ်ပူဇော်ခြင်းတို့ဖြစ်ကြပြီး လူ့သတ်မှတ်ချက် ဖြောင့်မတ်မှန်ကန်ခြင်းဖြစ်သည်။ သင်္ဘောသဖန်းရွက်နှင့် မိမိတို့ဝတ်လုံအားပြုလုပ်ရခြင်းသည် ဘုရားသခင်ရှေ့တော်မှောက်တွင် မိမိတို့ အပြစ်အား ကောင်းသောအကျင့်အားဖြင့် ဖုံးကွယ်ရန် ပြုလုပ်ခြင်းဖြစ်သည်။ မိမိ၏ဖြောင့်မတ်မှန်ကန်ခြင်း၊ မိမိ၏ဆက်ကပ်ခြင်း၊ မိမိ၏ ပေးကမ်းစွန့်ကျဲ ခြင်း၊ မိမိ၏ဒုက္ခခံခြင်း၊ အမှုတော်လုပ်ငန်းနှင့် နောင်တတရားဖြင့် ဆုတောင်း ခြင်း ဝတ်လုံအဖြစ် ချုပ်လုပ်ခြင်းဖြစ်၍၎င်းနှင့် လူတဦး၏ စိတ်ထဲ၌ အပြစ်များ အား ဖုံးကွယ်ခြင်းသည် ရုပ်ထုကိုးကွယ်ခြင်းဖြစ်သည်။ ၎င်းသည် ဘုရားသခင် ရှေ့တော်မှောက်၌မာန်မာနတိုးပွားစေသည်။ ဝတ်လုံပြုလုပ် သင်္ဘောသဖန်း ရွက်ကို ချုပ်စပ်ခြင်းဖြင့် ဘုရားသခင် ရှေ့တော်မှောက် မိမိတို့၏ စိတ်နှလုံးထဲ က အပြစ်များဖုံးကွယ်၍ ရနိုင်ပါသလား။ မိမိတို့အပြစ်များကို ကောင်းသောအ ကျင့်အားဖြင့် ကွယ်ဝှက်ထားနိုင်ပါသလား။ ဘယ်တော့မှ မရပါ။ အရွက်သည် တရက်အတွင်းတွင် (နေ့မဟုတ်) သုံးရက်ပြီးနောက် ကျဆင်းကာ ညှိုးနွမ်း လေ့ရှိ၏။ အဝတ်အားဖြင့် ပြုလုပ်သောဝတ်လုံသည် တာရှည်မခံနိုင်ပါ။ သင်္ဘောသဖန်းရွက်များကို ချုပ်စပ်ကာ ဝတ်လုံပြုလုပ်သော သူတို့သည် မိမိတို့ ကောင်းသောအကျင့်အားဖြင့် အမှုတော်ဆောင်ခြင်းဖြင့် ဖြောင့်မတ်ရန်ကြိုးစား သောသူအမည်ခံမျှသာ ဖြစ်ကြ၏။
ထိုသူတို့သည် ဘုရား သခင်၏ နိုင်ငံတော်ထဲသို့မဝင်ရ။ အပြစ်တ ရားမှ ခွင့်လွှတ်ခြင်းသည် မိမိတို့အ ကျင့်ဖြောင့်မတ်ခြင်းအားဖြင့် မရရှိနိုင်ပါ။ သင်္ဘောသဖန်းရွက်နှင့် ဝတ်လုံကိုချုပ်စပ်ခြင်းအားဖြင့် မိမိတိုက၏ အပြစ်များ အား ဖုံးကွယ်ရန် ကြိုးစားကြသောအခါ ဘုရားသခင်က အာဒံအား သင်အ ဘယ်မှာနည်းဟု ခေါ်တော်မူခဲ့၏။ ဥယျာဉ်ထဲရှိ သစ်ပင်များအကြား မိမိကိုယ် မိမိ ဖုံးကွယ်ရန် ကြိုးစားနေစဉ် ပြောကြားသည်ကား အကျွန်ုပ်သည် ကိုယ်လုံး တည်း တည်း နေသောကြောင့် ကြောက်ရွံ့ကာ ပုံးကွယ်ပါ၏ ဟူ၍ ဖြစ်သည်။ အပြစ်ရှိ သောသူသည် သစ်ပင်များအကြားဖုံးကွယ်ရန် ကြိုးစားလေ့ရှိ၏။ 
သမ္မာကျမ်း စာတော်၌ သစ်ပင်သည်မကြာခဏလူများဟု အဓိပ္ပာယ် ဖော် ဆောင်၏။ အပြစ်ရှိသောသူ/သူမသည် လူများအကြား မိမိကိုယ်ကို ဖုံးကွယ် ရန် ကြိုးစားလေ့ရှိသည်။ သူ(သို့)သူမသည် လူအမြောက်အ များစုဝေးလေ့ရှိ သည့် အသင်းတော်အစည်းအ ဝေးရှေ့၌ သော်၄င်း၊ နောက်ဆုံး၌ သော်၄င်း မထိုင်လိုကြဘဲအလယ်၌ ထိုင်ခုံနေရာရယူ လိုချင်ကြသည်။အဘယ့်ကြောင့် နည်း။ သူသည် လူများကြားထဲ၌ မိမိကို မိမိဖုံးကွယ်ရန် လိုအားကြ သောကြောင့်ဖြစ်၏။သို့သော်သူ/သူမသည် လူများကြားမိမိကိုယ် မိမိဖုံးကွယ် ရန် လိုချင်ကြသောကြောင့်ဖြစ်သည်။ သို့သော်ဘုရားသခင် ရှေ့တော်မှောက်၌ သူ၏အပြစ်များကို ဖုံးကွယ်၍မရချေ။ သူ/သူမသည်မိမိ၏ ဖြောင့်မတ်ခြင်းအား စွန့် လွှတ်ခြင်းအားဖြင့်သော်၄င်း၊ သခင်ဘုရား၏ဖြောင့်မတ်ခြင်းအား ယုံကြည် ကိုး စားခြင်းအားဖြင့်သော်၄င်း မိမိ၏အပြစ်အား ခွင့်လွှတ်ခြင်းကို ရယူရမည်။ ယုံကြည်ခြင်းအနည်းငယ်ရှိသော သူများနှင့်သမ္မာတရားအား ယုံကြည်ခြင်း၌ မ တည်ကြည်သောသူတို့သည် မိမိတို့လူသား အချင်းချင်း များကြားထဲ၌ မိမိတို့ ကိုယ်ကို ဖုံးကွယ်ခြင်းအားဖြင့် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်လို ကြ၏။
သို့သော်မိမိတို့၏ကောင်းသောအကျင့်နှင့် အပြစ်များကို ဖုံးကွယ်ရန် ကြိုးစားသောသူတို့သည် ထိုသူတို့နှင့် အတူတကွငရဲ၌ လမ်းဆုံးရကြမည်။ ထာဝရဘုရားရှေ့၌ အပြစ်သားများသည် အပြစ်သားကဲ့သို့ ဖော်ပြရမည်။ ဘုရားသခင်ထံတော်မှောက် မိမိတို့ကိုယ်ကို အရှုံးပေရမည်။    သင်္ဘော သဖန်း ရွက်နှင့်ဝတ်လုံးကို ပြုလုပ်သောအာအံအား ဘုရားသခင်က “အဘယ်ကြောင့် အသီးကို ခူးယူခဲ့သနည်း။ မည်သူက စားခိုင်းပါသလဲ” ဟု မေးတော်မူခဲ့သည်။ “အိုအဖဘုရား ထိုအပင်၏ အသီးကို ပေးကမ်း၍ စားမိပါ၏ဟု လျှောက် လေ၏။” ဧဝအဘယ်ကြောင့်သင်သည် ထိုသို့ပြုမိပါသနည်းဟု မေးတော်မူ၏။ “မြေကြီးသည် အကျွန်ုပ်ကို ဖြားယောင်းကာ စားမိပါ၏”ဟု လျှောက်လေ၏။ ထိုကြောင့် ထာဝရအရှင် ဘုရားသခင် မြွေကြီးထံ “သင်သည် ဤအရာကို ပြုမိသောကြောင့် သင်သည် တိရစ္ဆာန်တကာတို့တွင် ကျိန်ခြင်းကိုခံရ၏။ တိရစ္ဆာန်တကာတို့ထက်သစ်သည် ဝမ်းဖြင့် တွားသွားကား မြေမှုန့်ကို တသက် လုံးစာရမည်ဟု” မိန့်တော်မူသည်။ ထိုကြောင့် မြွေသည် မိမိ၏ဝမ်းဖြင့် တွား သွားရခြင်းဖြစ်သည်။ နောက်တဖန်ထာဝရအရှင် ဘုရင်သခင်သည် အာဒံနှင့် ဧဝတို့ထံ “သင်တို့သည် အပြစ်ကို ကျူးလွန်ကြ၏။ အပြစ်ပြုမိရန် ဖြားယောင်း ခြင်းခံရသောသူနှင့် အပြစ်ပြုရန် ဦးဆောင်ဦး ရွက်ပြုလုပ်သောသူတို့သည် တထပ်တည်း အပြစ်သားများဖြစ်ကြသည်”ဟု မိန့်တော်မူသည်။ ယခုခေတ် တွင် မှားယွင်းသော ဖရောဖက်အသီးသီးတို့သည် မိမိတို့၏ အတုအယောင်ဖြစ် သော သတင်းကောင်းအား ဟောကြားရန် ပြောဆိုလေ့ရှိသည်ကား“မီး တောက်ကို လက်ခံပါ” ဟူ၍ဖြစ်သည်။ 
သူတို့၏ လိမ်လည်လှည့်ဖြားခြင်းကို ခံရသောသူများသည် မှားယွင်းသော ပရောဖက်များကဲ့သို့ တထပ်တည်း ပြုမှုခြင်းကို ခံရမည်ဖြစ်ပြီး ငရဲထဲသို့ သွားရပါလိမ့်မည်။ သခင်ဘုရားက စာတန်၏ လှည့်ဖြားခြင်းအားဖြင့် အပြစ် ပြုမိသော အာဒံနှင့် ဧဝတို့အား သူတို့ဖြစ်သည်အတိုင်း ငါသည်စွန့် ခွာပစ်မည် မဟုတ်ဟု တွေးတောတော်မူ၏။ လူသားများကို ငါ၏ပုံသဏ္ဍာန် တော်နှင့်အ ညီ မူလကပင် ဖန်ဆင်းရန် စိတ်ဆုံးဖြတ်တော်မူသည်အတိုင်း ငါ၏အစီအစဉ် အတိုင်းဖြစ် မြောက်ရန် သူတို့ကို ကယ်တင်လိမ့်မည်ဟု မိန့်တော်မူ၏။ ထို့ကြောင့် ဤအစီအစဉ်သည် ဘုရားသခင်၌ ရှိနှင့်တော်မူ၏။ ဘုရားသခင် သည် တိရိစ္ဆာန်အား သတ်ဖြတ်ကာ သူတို့၏ အပြစ်များကို ထိုတိရိစ္ဆာန် အပေါ် တင်ဆောင်စေခဲ့၏။ အာဒံနှင့် ဧဝတို့ကို သားရေဝတ်လုံ ဝတ်စေခြင်းဖြင့် ကိုယ့် ကိုဖုံးအုပ်စေခဲ့၏။ 
ထိုအရာကို ကျွန်ုပ်တို့၏ ကယ်တင်ခြင်းသင်္ကတအဖြစ် ပြုလုပ်ခဲ့၏။ စင်စစ် တွင်သင်္ဘောသဖန်းရွက် အားဖြင့်ပြုလုပ်သော ဝတ်လုံသည် တစ်ရက် မျှပင် တာရှည်မခံနိုင်ပေ။ ၄င်းကို မကြာခဏပြုလုပ်ပေးရမည်။ ဘုရားသခင် သည် အာဒံနှင့်ဧဝတို့ကို ထာဝရအသက်သားရေဝတ်လုံကို ဝတ်ဆင်ပေးခဲ့ပြီး မိန့်တော်မူသည်မှာ “အာဒံနှင့်ဧဝတို့လာကြလော့။ တိရိစ္ဆာန်တို့၏ သားရေဖြင့် ဝတ်လုံကို အသစ်ပြုလုပ်ပေး၏။ ယူ၍ဝတ်ဆင်ကြလော့။ ထိုသားရေသည် သင်တို့အတွက်အသေခံသောတရိစ္ဆာန်တို့၏ သားရေဖြစ်၏ဟု မိန့်တော်မူ၏။” 
အာဒံနှင့်ဧဝတို့ကို အသက်သစ်ပေးရန် ဘုရားသခင်သည် သား ရေဖြင့်ပြု လုပ်သောဝတ်လုံးအား ဝတ်ဆင်စေပြီးလျှင် မိမိ၏ဖြောင့်မတ်ခြင်းအားနှင့် ကောင်းကြီးပေးတော်မူ၏။ ဘုရားသခင်သည် အာဒံနှင့်သူ၏ ဇနီးသည်အား သားရေမှ ပြုလုပ်သော ဝတ်လုံကိုပြုလုပ်ကာ ဝတ်ဆင်စေ၏။ ဘုရားသခင်က ယုံကြည်သူများအား သူ၏ဖြောင့်မတ်ခြင်းနှင့် စပ်ဆိုင်သော ကယ်တင်ခြင်း အား ဝတ်ဆင်ပေးသကဲ့သို့ဖြစ်၏။ မည်သို့ဆိုစေ လူသားတို့၏ ကယ်တင်ခြင်း သည် ဘုရားသခင်၏ ကယ်တင်ခြင်းမှဖြစ်၍ သင်္ဘောသဖန်းရွက်ဖြင့် ပြုလုပ် သော သစ်ရွက်ဝတ်လုံဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို သူ၏ဖြောင့် မတ်ခြင်းဖြစ်သောသားရေဝတ်လုံကို ဝတ်ဆင်စေသည်။ သခင်ဘုရားသည် သူ၏အသွေးနှင့် အသားကိုပေးကမ်းခြင်းဖြင့် သူ၏ဖြောင့်မတ်ခြင်းနှင့် အပြစ်မှ ရွေးနှုတ်ကယ်တင်ခြင်းကို ဝတ်ဆင်စေခဲ့၏။ ကျွန်ုပ်တို့နေရာ၌ တရားစီရင်ခြင်း အားလုံးတို့ကို လက်ခံရယူရန် လက်ဝါးကပ်တိုင်၌ အသေတော်ခံခြင်းနှင့် ဗတ္တိဇံခံခြင်းဖြင့် ကျွန်ုပ်တို့၏အပြစ်အရာခပ်သိမ်းတို့ကို ယူဆောင်သွားခဲ့သည်။ သခင်ယေရှု၏ အသွေးတော်မြတ်နှင့် သူ၏ဗတ္တိဇံခံခြင်း ဧဝံဂေလိတရားတော် အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားယုံ ကြည်သောအခါဘုရားသခင် သည်ကျွန်ုပ်တို့အားအပြစ်၏ခွင့်လွှတ်ခြင်းအား ရရှိစေတော်မူ၏။
 
 
ယင်းသည်အပြစ်များမှကယ်တင်ခဲ့သည့်သတင်းကောင်းဖြစ်သည်။
 
မိမိတို့ဖြောင့်မတ်ခြင်းအား တည်စေရ်ကြိုးပမ်းကြသည့် သူအများရှိ၏။ သို့သော်သူတို့သည် ဤလောက၌ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားအား ငြင်းပယ်ကြ၏။ သူတို့သည် မိမိတို့ဖြောင့်မတ်ခြင်းကို စွန့်ပစ်ရမည်။ ရောမသြ ဝါဒစာ ၁၀း၁-၄၌ ညီအစ်ကိုတို့၊ ဣသရေလလူတို့သည် ကယ်တင်တော်မူ ခြင်းသို့ရောက်စေခြင်းငှါ၊ ငါ၏စေတနာအလိုရှိ၍ ဘုရားသခင်ကို ဆုတောင်း လေ့ရှိ၏။ ထိုသူတို့သည် မှန်သောပညာမရှိသော်လည်း ဘုရားသခင်ဘက်၌ စိတ်အားကြီးသည်ဟု သူတို့အဘို့ငါသက်သေခံ၏။ ထိုသူတို့သည် ဘုရားသခင် ၏ ဖြောင့်မတ်ခြင်းတရားကို မသိဘဲ၊ ကိုယ်ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှါ ရှာကြသောကြောင့်၊ ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို ဝန်မခံကြ။ ယုံ ကြည်သော သူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း၊ ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏ ဟုရေးသားထားသည်။
ဣသရေလလူတို့သည် မိမိတို့ဖြောင့်မတ်ခြင်းကို တည်စေရန် ဓမ္မသတ် တရား၌ အလေးအနက်တိုက်တွန်းလေ့ရှိကြသည်။ ဘုရားသခင်၏ ဖြောင့်မတ် ခြင်းတရားကို လစ်လျှိုပြုကြ၏။ ဘုရားသခင်သည် အပြစ်တရားအား သိရှိကြ စေရန်ပညတ်တရားအားပေးထား၏။ ပညတ်တော်ဆယ်ပါးအားဖြင့် လူတို့ သည် အပြစ်တရားကို သိရှိကြပြီး ကဲတော်ယဇ်ပူဇော်ခြင်းအားဖြင့် အပြစ်များ မှ ကယ်တင်ခဲ့သော သူ၏ကယ်တင်ခြင်း ဖြောင့်မတ်ခြင်းတရားကို ယုံကြည် သောအားဖြင့် အပြစ်မှ ခွင့်လွှတ်ခြင်းကို ရရှိကြသည်။     
ထိုကြောင့်ကဲတော်အတွင်း အပြစ်ဖြေရာ ယဇ်ဆိုသည်မှာ သခင်ယေရှု သည် ဓမ္မသစ်ကျမ်း၌ ဘုရားသခင်၏ ကိုယ်စားပြု အမှန်ဖြစ်တော်မူ၏။ သို့ဖြစ်၍ ဣသရေလလူတို့သည် ထိုဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မသိရှိကြချေ။သခင်ယေရှုသည် အဘယ်ကြောင့် ဗတ္တိဇံခံတော်မူသနည်း။ သခင်ယေရှုသည် ဤလောက်၏ အပြစ်အားလုံးဆေးကြောပစ်ရန် အလိုငှါ ဗတ္တိဇံဆရာယော ဟန်က ဗတ္တိဇံပေးခဲ့၏။ သူသည် ဗတ္တိဇံမခံယူမီ အချိန်လေး ၌ ဗတ္တိဇံဆရာ ယောဟန်အား “အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့် သင့်သည်ဖြစ်၍၊ ယခုအခွင့်ပေးပါ”ဟု မိန့်တော်မူ၏။ ဤအရာသည် သူသည် ဗတ္တိဇံကို ခံယူရ၏ ထိုမှသာလူသားတရပ်လုံး၏ အပြစ်များကို ဆေး ကြောနိုင် လိမ့်မည်။ ဗတ္တိဇံခံခြင်းဖြင့်သူသည် တလောကလုံး၏ အပြစ်ကို ယူဆောင် သွားခဲ့သည်။ ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့။” သူသည်အပြစ်အားလုံးကို ယူဆောင်သွားခဲ့ပြီး အပြစ်များအား ရွေးနှုတ်ကယ်တင်ရန် လက်ဝါးကပ်တိုင်အ ပေါ် အသေခံတော် မူသည်။ သို့ဖြစ်ရကား ဣသရေလလူမျိုးတို့သည် သခင်ယေရှုအား အပြစ်သား များ၏ စုံလင်သောကယ်တင်ရှင်ဖြစ်လာခဲ့သည်ကို မယုံကြည်ကြချေ။
ဣသရေလလူမျိုးတို့သည် ဖြောင့်မတ်မှန်ကန်သော ဘုရားသခင်ထံ တော်သို့ မိမိတို့ကိုယ်ကို မဆက်ကပ်ကြချေ။ သို့သော်သခင်ယေရှုသည် ယုံကြည်သော သူတိုင်းအတို့အတွက် ဖြောင့်မတ်ခြင်းတရား၏ အဆုံးဖြစ်၏။ ပညတ်တရား၏ အဆုံးဆိုသည်ကား သခင်ယေရှုသည် တလောကလုံး၏ အပြစ်များကို ဆေးကြောခဲ့သည်ဆိုခြင်းဖြစ်သည်။ ခရစ်တော်ဘုရားသည် ယုံကြည်သူတိုင်း သန့်ရှင်းခြင်းဖြစ်သော တရားစီရင်ခြင်းကို ခံတော်မူသည်။ 
သူသည် ပညတ်တရား ၏ အကျိန်ကို ဆုံးခန်းတိုင်စေတော်မူ၏။ လူတို့အား မိမိတို့အပြစ်များမှ ရွေးနှုတ်ကယ်တင်ခဲ့၏။ ယေရှုသည် လူသားတ ရပ်လုံး၏ အပြစ်များအား ဆေးကြောပစ်ရန် ဗတ္တိဇံကို ခံတော်မူခဲ့သည်။ သူသည် ယောဟန်ထံ ဗတ္တိဇံခံရန် ကိုယ်ကိုဆက် သခြင်းဖြင့် တလောကလုံး ၏ အပြစ်များအား ယူဆောင်သွား၏။ တလောကလုံး၏ အပြစ်များအား သူ့အ ပေါ် ယူတင်ခြင်းဖြင့် ဆေးကြောခဲ့၏။ သူသည် ထိုနည်းအားဖြင့် လူတို့ကို သူတို့၏ အပြစ်များမှ ကယ်တင်ခဲ့၏။ 
သူ၏ဗတ္တိဇံခံခြင်းနှင် လက်ဝါးကပ်တိုင် အပေါ်အသေသတ်ခံတော် မူခြင်း ဖြင့် တလောကလုံး၏အပြစ်များကို ယူဆောင်သွားခဲ့ပြီး ပညတ်တရား၏ ကျိန်ခြင်းအပြစ်ဒဏ်ကို ကုန်လွန်စေတော်မူ၏။ သူသည် ပြစ်ဒဏ်စီရင်ခြင်းနှင့် ပညတ်တရား၏ ကျိန်းခြင်းမှ ကျွန်ုပ်တို့ကို လုံးလုံးလျားလျား ကယ်တင်ခဲ့ သည်။ ယင်းသည် ပညတ်တရား၏ နိဂုံးချုပ်နှင့်ဘုရားသခင်၏ ကယ်တင်ခြင်း ဖြောင့်မှန်သောတရားတော်အစဖြစ်သည်။ ဗတ္တိဇံဆရာ ယောဟန်ထံ ဗတ္တိဇံခံ ခြင်းနှင့်လက်ဝါးကပ်တိုင်အပေါ်တက်ကြွခြင်းဖြင့် ဤလောက၏အပြစ်များ အား သခင်ယေရှုက အပြည့်အဝ ယူဆောင်သွားခဲ့၏။ 
သခင်ယေရှု၏ ဖြောင့်မတ်သောကယ်တင်ခြင်းတရာအား ယုံကြည်ပါ သော်လည်း မိမိ၏စိတ်နှလုံးထဲ၌ အပြစ်ရှိသည်ဆိုခြင်းမှာ မည်ကဲ့သို့ ဖြစ်နိုင်ပါ သနည်း။ “ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်း တရား သည် ယုံကြည်ခြင်းအဘို့ အလိုငှါဧဝံဂေလိတရားအားဖြင့် ထင်ရှားလျက်ရှိ၏” သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်မြတ်တို့သည် ဘုရားသခင်၏ ဖြောင့်မတ် ခြင်းတရားဖြစ်၏။ 
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားအား ယုံကြည်ခြင်းသည် သခင်ယေ ရှု၏ ဗတ္တိဇံနှင့်အသွေးတော်မြတ်အား ယုံကြည်ခြင်းဖြစ်သည်။ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတော်သည် သခင်ယေရှု၏ဗတ္တိဇံခံခြင်းအားဖြင့် နည်းမှန် လမ်းမှန် ပြီးပြည့်စုံခဲ့၏။ သခင်သည် ထိုအရာ၌ ယုံကြည်ခြင်းရှိရန် ကျွန်ုပ် ဆန္ဒရှိပါ၏။ ထိုနောက်သင်သည် ခပ်သိမ်းသော သင်၏အပြစ် တို့မှ ကယ်တင် ခြင်းရရှိပါလိမ့်မည်။
အပြစ်သားများအတွက် သခင်ယေရှု၏ ဗတ္တိဇံခံခြင်းဖြင့် အပြစ်ကင်းစင် လာစေရန် ဖြောင့်မတ်ခြင်းကို ပေးအပ်ထား၏။ ထိုအပြင် ဘုရားသခင်၏ ဖြောင့်မတ်မှန်ကန်သော တရားစီရင်ခြင်းမှာ သခင်ယေရှု လက်ဝါးကပ်တိုင် ပေါ် အသေသတ်ခြင်းဖြစ်သည်။ “ခရစ်တော်သည် ပညတ်တရား၏ နိဂုံးချုပ် ဖြစ်သည်။”ဘုရားသခင်၏ တရားစီရင်ခြင်းသည် ပညတ်တရား ရှိနေသနေရွ့ ကာလပတ်လုံးတရားစီရင်ခြင်း မခံရသေးသော သူတို့ထံ သင့်ရောက် လိမ့် မည်။ ထာဝရဘုရား၏ပညတ်တရားတော်သည် အပြစ်ကို ဖော်ပြ၏။ အပြစ် ၏အခကား သေခြင်းသော်၄င်း၊ ကျိန်ခြင်းအမင်္ဂလာသော်၄င်း၊ ငရဲမီးအိုင်သော် ၄င်းဖြစ်ကြောင်း သက်သေပြဆို၏။ ထိုကြောင့် သခင်ယေရှု၏ ဗတ္တိဇံနှင့် လက်ဝါးကပ်တိုင်အပေါ်အသွေးတော်မြတ်သည် ပညတတ်တရား၏ ကျိန်ခြင်း အမင်္ဂလာအဆုံးသတ်ရာဖြစ်၏။ 
ယေရှုသည် ကျွန်ုပ်တို့၏ ခပ်သိမ်းသောအပြစ်တို့ကို ယူသွားခဲ့ပြီး ဖြောင့်မတ်ခြင်း တရားအားစုံလင်စေရန် ပညတ်တရားကို ဆုံးခန်းတိုင် စေတော်မူသည်။ ဤကျမ်းပိုဒ်တွင် မိမိတို့၏ သူတို့သားလောင်းကို စောင့်မျှော် နေကြသည့် အပျိုကညာဆယ်ဦးအကြောင်း ဥပမာအား တွေ့ရသည်။ ယင်း သည်သခင်ဘုရား၏ကြွလာတော်မူခြင်းဖြစ်၏။သမ္မာကျမ်းစာတလျှောက် ဘု ရားသခင်၏ ဖြောင့်မတ်ခြင်းတရာအား ကြည့်ရှုကြကုန်အံ့။
ထိုအခါ ကောင်းကင်နိုင်ငံတော်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦး ကြိုပြုအံ့သောငှါ ထွက်သွားသော သတို့သမီးတကျိပ်နှင့်တူ၏။ ထိုသတို့သမီး တို့တွင် ငါးယောက်သည် ပညာသတိရှိကြ၏။ ငါးယောက်မူကား အမိုက်ဖြစ် ကြ၏။ မိုက်သောသူတို့သည် မီးခွက်တို့ကိုသာယူ၍ ဆီကိုမယူကြ။ ပညာသ တိရှိသော သူတို့မူကား၊ မီးခွက်နှင့်တကွ ဘူး၌ပါသောဆီကိုလည်း ယူကြ၏။ မင်္ဂလာ ဆောင်လုလင်သည် မလာဘဲနေစဉ်၊ ထိုသတို့သမီးအပေါင်းတို့သည် ငိုက်၍အိပ်ပျော်ကြ၏။
 
 
သန်းခေါင်းယံ၌ ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည်လာပြီ။
 
ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်အံ့ဟုကြွေကြော်လျှင် ထိုသတို့သ မီးအပေါင်းတို့သည် ထ၍မီးခွက်များကို ပြင်ဆင်ကြ၏။ မိုက်သောသူတို့က ငါတို့ဆီမီးသေပါပြီ။ သင်တို့ဆီကို အနည်းငယ်ပေးပါဟု ပညာရှိသောသူတို့ အား တောင်းကြ၏။ ပညာရှိသောသူတို့ကလည်း သင်တို့အဘို့နှင့်ငါတို့အဘို့ ဆီမလောက်။ ထိုကြောင့် ဆီရောင်းသောသူရှိရာသို့ သွား၍ ကိုယ်သုံးသို့ဝယ် လျှင် သာ၍ကောင်းသည်ဟု ပြန်ပြောကြ၏။ ထိုသူတို့သည် ဆီဝယ်သွားသည် အခိုက်တွင် မင်္ဂလာဆောင်လုလင်သည် လာ၍အသင့်ရှိသော သတို့သမီးတို့ သည် လုလင်နှင့် အတူပွဲသို့ ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။ 
ထိုနောက်ကြွင်းသော သတို့သမီးတို့သည် လာ၍အရှင်၊ အရှင်ကျွန်မ တို့အားတံခါးကိုဖွင့်ပါဟု တောင်းလျှောက်ကြသော် အရှင်ကလည်း၊ ငါအမှန် ဆိုသည်ကား၊ သင်တို့ကိုငါမသိဟု ပြန်ပြောလေ၏။ သို့ဖြစ်၍လူသားသည် ကြွလာအံ့သောနေ့ရက်အချိန် နာရီကို သင်တို့သည် မသိသောကြောင့် စောင့် နေကြလော့။ ကောင်းကင်နိုင်ငံတော်သည် မိမိတို့ဆီမီးခွက် အသီးသီးတို့ကို ယူ၍ သတို့သားအား တွေ့ဆုံကြရန် ထွက်သြွးသော သတို့သမီး ဆယ်ပါးတို့နှင့် ဆင်တူ ၏။ မည်သူတို့သည် ကောင်းကင်နိုင်ငံတော် သို့ဝင်ရောက်ကြသနည်း။ သတို့သမီးဆယ်ဦးတွင် မည်သူတို့သည် ကောင်းကင်နိုင်ငံတော်သို့ဝင်စားကြ သနည်း။ သူတို့သည် သခင်ယေရှုကို ယုံကြည်ကြသောလည်း အဘယ်ကြောင့် သတို့သမီးငါးဦးတို့သည် ကောင်းကင်နိုင်ငံတော်သို့မဝင်ရောက်ရသနည်း။ သခင်ဘုရားက အထက်ပါကျမ်းပိုဒ်တွင် အတိအလင်း မိန့်ဆိုထား၏။ ဆယ်ဦး ထဲမှ ငါးဦးတို့သည် ပညာသတိရှိသော သူများဖြစ်ကြ၍ ငါးဦးတို့မှာမူ အမိုက်မ များဖြစ်ကြ၏။
မိုက်သောသူတို့သည် မိမိတို့မီးခွက် ကိုကိုင်ဆောင်ကြသော်လည်း သူတို့၌ ဆီပါမလာကြ။ ဆီမီးခွက်သည် “အသင်းတော်”ကို ပုံဆောင်ကာ ရပ် တည်၏။ မီးခွက်ကို ယူသော်လည်း ဆီးမပါလာကြခြင်းက သန့်ရှင်းသော ဝိညာဉ်တော်မပါဘဲ ဘုရားကျောင်းတက်သော သူတို့ကို ကိုယ်စားပြု၏။ မိုက်သော သူတို့က မည်သည့်အရာအား ပြုလုပ်ကြသနည်း။ သူတို့သည် မီးခွက်ကို ယူသွားကြသော်လည်း ဆီပါမလာကြချေ။ သခင်ယေရှုကို ယုံကြည် သော်လည်း ဒုတိယအကြိမ် မွေးဖွားခြင်းမရှိသေးသောသူသည် ဘာသာတ ရားကို ကိုင်းရှိုင်းသဖြင့် ဘုရားကျောင်းတက်လေ့ရှိကောင်း ရှိပါလိမ့်မည်။ လူတိုင်းတို့ “ကျွန်ုပ်တို့အသင်းတော်သည် စစ်မှန်သော ယုံကြည်ချက် အယူဝါ ဒကို လက်ခံ သော အသင်းတော်” ဟုပြောလေ့ရှိသည်။ 
၇း၂၅တကမ္ဘာလုံးက ခရစ်ယာန်တိုင်း ထိုသို့ ပြောလေ့ရှိ၏။ “သူတို့သည် အသင်းတော်တည်ထောင်သူ ဖခင်များဖြစ်သည်ဟူ ၍၄င်း၊ မိမိတို့ဂိုဏ်းကဏ၌ အကျင့်ကောင်းအချို့တို့ကြောင့်၄င်း ဝါကြွား တတ်ကြ၏။ မိုက်သောသူတို့ သည် မီးခွက်အသီးသီးကိုကိုင် ဆောင်ကြသော်လည်း သူတို့၌ ဆီပါမလာကြ ချေ။” သို့သော်ပညာသတိရှိသော သူတို့သည် မိမိတို့ မီးခွက်များနှင့် ဆီမီးထွန်း ထားကြ၏။ လူ့အသက်ကား အဘယ်အရာနည်း။ လူ့ဘဝသည် ဘုရားသခင်၏ ရှေ့တော်မှောက်၌ အိုးခွက်မျှသာဖြစ်၏။ လူသည်မြေမှုန့်အားဖြင့် ဖန်ဆင်း၏။ ထို့ကြောင့်လူသားသည် ဘုရားသခင်ကျိန်းဝပ်နိုင်သည့် ခွက်လောက်မျှသာဖြစ် သည်။ ပညာသတိရှိသောသူတို့ကား သူတို့မီးခွက်၌ဆီနှင့် မီးထွန်းညှိကာယူ သွား ကြ၏။
သမ္မာကျမ်းစာတော်မြတ်က သခင်ယေရှုကို ယုံကြည်သူများထဲ၌ မိုက်မဲ သော သတို့သမီးကများရှိကြသည်ဟု မိန့်ဆိုထား၏။ သူတို့သည် မိမိတို့မီးခွက် အသီးသီးကို ယူသွားကြ၏။ သို့သော်ဆီမပါကြချေ။ ၄င်း၏ အဓိပ္ပါယ်ကား သူတို့သည် ဒုတိယမွေးဖွားခြင်းမခံကြဟု ဆိုလိုသည်။ ဆီမပါဘဲ မီးစာသည် ကြာရှည်ခံနိုင်ပါသလား။ ဤနေရာ၌ ကျွန်ုပ်တို့သိထားသင့်သည်မှာ မီးစားမည် မျှ လောက်ကောင်းသည် ဖြစ်စေဆီမပါသည့် မီးခွက်သည် လျင်မြန်စွာ ကုန် တတ်၏။ ဒုတိယမွေးဖွားခြင်းမခံရသော ယုံကြည်သူတို့သည် ဦးစွာသခင်ဘု ရား၌ ချစ်ခြင်း မေတ္တာမျှမရှိကြချေ။
ယင်းကလေး၊ ငါးနှစ်သာတာရှည်ခံတတ်၏။ ထိုနောက် သခင်ဘုရားအ တွက် ချစ်ခြင်းမေတ္တာသည် ကုန်ခမ်း၏။ သူတို့သည် အပြစ်မှ ရွေးနှုတ်ကယ် တင်ခြင်း မရရှိကြကြောင်း သိနားလည်လာရသည်။ ဒုတိယမွေးဖွားခြင်း မခံရသေးသော သူတို့သည် သို့မဟုတ် ဆီ (သန့်ရှင်းသောဝိညာဉ်တော်) မပါရှိ သူများဖြစ်ကြ၍ ဤကဲ့သို့ပြောကြားလေ့ရှိ၏။ လွန်ခဲ့သော ကာလက ကျွန်ုပ် သည် ယုံကြည်ခြင်းကောင်းရှိခဲ့ဘူးသည် ငါသည် အရင်ကောင်းခဲ့သော်လည်း ယခုမူကား ထိုသို့မဟုတ် သင်သည် ကျွန်ုပ်ကဲ့သို့ မကြာမီဖြစ်လာလိမ့်မည် သူတို့သည် ဒုတိယမွေးဖွားခြင်းမရှိပဲ ဘာသာတရား အသက်တာအားဦးစား သည့် မှားယွင်းသော ပရောဖက်များနှင့် ဆိုးသွမ်းသည့် သန့်ရှင်းသူများဖြစ် ကြ၏။ သူတို့၏ယုံကြည်ခြင်းသည် ဆီမီး (သန့်ရှင်းသောဝိညာဉ်တော်) အပေါ် အမှီပြုခြင်းမရှိသောကြောင့် ကယ်တင်ခြင်း၌ ယုံကြည်ခြင်းသည် ရှိရမည်။ သူတို့၏ ယုံကြည်ခြင်းသည်လည်း စိတ်စွဲလမ်းမှုအပေါ်၌ သာအခြေခံထား၏။ သူတို့သည် သခင်ယေရှုခရစ်၏ အသွေးတော်မြတ်နှင့်ရေ၌ ယုံကြည်ခြင်း အားဖြင့် ကယ်တင်ခြင်းရရှိပြီး ဆုကျေးဇူးအနေနှင့် ဘုရားသခင်၏ ဆီကိုလက် ခံရယူရမည်။
သူတို့သည် ညအခါ လက်ထပ် ထိမ်းမြားပွဲကို ကျင်းပလေ့ရှိပြီး သတို့သား ရောက်လာသည့် အခါမှသာ စတင်လေ့ရှိ၏။ ထိုကြောင့် သတို့သားသည် သတို့သမီးကို စောင့်ကြိုရသည်။ ယင်းသည် ဣသရေလလူမျိုးတို့၏ လက် ထပ်ထိမ်းမြားသည်ပွဲပင်ဖြစ်သည်။