တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[7-3] ( ရောမသြဝါဒစာ ၇း၅-၁၃ ) သတို့သားရောက်လာချိန်နှောင့်နှေးသည့်အခါ

( ရောမသြဝါဒစာ ၇း၅-၁၃ )
“ထိုသူတို့အားလုံး ငိုက်မြည်းအိပ်ပျော်ကြ၏။” ထိုအရပ်တွင်ငိုကြွေး ခြင်းရှိ၏။ “ဒီမှာသတို့သားရောက်လာပြီ” သတို့သမီးကညာတို့သည် ထ ကြပြီလျှင် မိမိတို့မျက်နှာရရေး အတော်အတန်ပြင်ဆင်ကြရ၏။ သတို့သမီး ဆယ်ဦးတို့သည် သတို့သားအား စောင့်မျှော်ကြိုဆိုသောအချိန်၌ သတို့သား သည် အောင်ဟစ်လျက် ရောက်လာခဲ့၏။ “ဒီမှာ သတို့သားရောက်လာပြီ” “ထိုသတို့သမီးအပေါင်းတို့သည်ထ၍ မီးခွက်များကို ပြင်ဆင်ကြ၏။ မိုက် သောသူတို့က ငါတို့ဆီမီးသေပါပြီ။ သင်တို့ဆီကို အနည်းငယ်ပေးပါဟု ပညာရှိသော သူတို့အားတောင်းကြ၏။ ပညာရှိသော သူတို့ကလည်း သင် တို့အဘို့နှင့် ငါတို့အဘို့ ဆီမလောက်” ဟုဆို၏။ မိုက်မဲသော သူတို့သည် အမြဲပင် ထုံထိုင်းကြ၏။ သူတို့သည် သတို့သားရောက်မလာမီ အသင့်ပြင် ဆင် ထားသင့်၏။ မီးစာသည် မည်မျှပင် အားနည်းစေကာမူ ဆီပါသည့် မီးခွက်သည် သေဆုံးရလိမ့်မည်မဟုတ်ချေ။ဆီမပါသည့် မီးခွက်ကိုသာ ကိုင် ဆောင်ထားသည့် မိုက်မဲသော အပျိုကညာတို့မူကား မီးစာကိုလောင် ကျွမ်းစေကြ၏။ ထိုအဓိပ္ပါယ်ကား သူတို့၏ စိတ်နှလုံးကိုသာ လောင်ကျွမ်း စေကြ၏။ “ငါသည်ဒုတ်ယမွေးဖွားခြင်းကိုခံရပြီး ဒုတိယမွေးဖွားခြင်းခံရ သောသူတဦး၏ အသက်တာအားရှေ့ဆောင်လမ်းပြရ၏။ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝရ၏။” သူတို့သည် မိမိတို့စိတ်နှလုံးကို ထိုကဲ့သို့ စိတ်အားထက်သန်စွာ ကျွမ်းလာင်စေကြ၏။ ကျွန်ုပ်တို့ ငယ်ငယ်တုန်းက ရေနံဆီမီးခွက်ကို ထွန်းညှိကာ အခန်းအား လင်းစေကြ၏။ ကျွန်ုပ်တို့သည် မီးခွက်အား စာရွက်တလိပ်ခန့် လောင်ကျွမ်းစေပါက မျက်စိတမှိတ် ကျွမ်း လောင်၏။ မီးတောက်သည် တပေခန့်မြင့်တက်ကာ အလွန်တောက်ပ၏ သို့သော်ချက်ချင်းပင်ငြိမ်းသွားတတ်သည်။”
 
 
သခင်ဘုရားသည်အပြစ်ရှိသောသတို့သမီးအား မည်သို့လက် ထပ်နိုင် မည်နည်း
 
သခင်ဘုရားသည် သန့်ရှင်းမွန်မြတ်သောဘုရားဖြစ်၏။ သတို့သား သည် ဘုရားသခင်ဖြစ်၍ အပြစ်ကင်းမဲ့သည့် သားတော်ဘုရားဖြစ်သည်။ ထာဝရဘုရားသည် ကျွန်ုပ်တို့၏သတို့သားဖြစ်သည်။ မည်သို့ဖြစ်စေ အပြစ် ရှိစဉ်ပင် ထာဝရဘုရားသခင်အားတွေ့နိုင်ရန် သင်မည်သို့ ကြိုးစားနိုင် သနည်း။ သင်၏စိတ်နှလုံးထဲ အပြစ်ရှိလျက် ထာဝရဘုရားကို တွေ့မြင်လို ပါသလား။ မိုက်ရူးရဲဆန်သော အလုပ်ပင်ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့၏သတို့ သား၊ ယေရှုဘုရားသည် ဤလောကသို့ ကြွလာတော်မူ၍ သူ၏သတို့သမီး များကို သန့်ရှင်းစင်ကြယ်စေခဲ့၏။ သူ၏ဗတ္တိဇံခံခြင်းဖြင့် သတို့သမီးများကို သူတို့၏အပြစ်များမှ ဆေးကြောကာ ဖြောင့်မတ်သောသူများအဖြစ် ပြောင်း လဲစေတော်မူ၏။ ထိုသူတို့ကို သူ၏သတို့သမီးများအဖြစ် ရွေးချယ်ခဲ့၏။ အချိန်တန်လာသည့်အခါ ငါးဦးသောသူတို့အား “လာပါ” ဟုပြောလေ၏။ 
သို့သော် ငါဦးတို့မှာမူ အမှောင်ထဲ၌ပင် ရပ်နေခဲ့ကြ၏။ ထိုသူတို့၏ မျက်နှာသည် အမှောင်ထဲ၌ရှိနေသည့်အခါ မည်ကဲ့သို့ လက်ထပ်ထိမ်းမြား မင်္ဂလာအခမ်းအနား၌ ပါဝင်နိုင်မည်နည်း။ သတို့သားသည်လာ၍ “သင်တို့ သည် မည်သို့ရောက်လာကြသနည်း”ဟု မေးလေ၏။ နောက်ကျသော သတို့သမီးငါးဦးတို့၏မျက်နှာသည် မှောင်မိုက်လျက်ရှိ၏။ အကြောင်းမှာ သူတို့၌ အပြစ်ရှိနေကြသောကြောင့်ဖြစ်သည်။ ဤနေရာတွင် သူတို့သည် အပြစ်နှင့်ဆက်နွယ် ပတ်သက်နေသောကြောင့်၄င်း၊ သူတို့၏စိတ်နှလုံးထဲ ၌လည်း အပြစ်ခွဲပါသောကြောင့်၄င်း ဝမ်းနည်းကြေကွဲခြင်းနက်ရှိုင်းလျက် ရှိခဲ့ကြသည်။မိမိ၏အပြစ်ကြောင့် ငိုကြွေးလျက်နေသော သူတို့သမီးအား သခင်ဘုရားက အဘယ်ကဲ့သို့ လက်ထပ်ထိမ်းမြားနိုင်မည်နည်း။ ဆာ ၁၈း၂၉ “ကျေးဇူးတင်ရှိပါ၏သခင်ဘုရား ဤကဲ့သို့ အကျွန်ုပ်တို့ သန့်ရှင်းစေ တော်မူသောကြောင့်”ဟု မိမိ၏ဝိညာဉ်ရေးဆိုင်ရာ သတို့သားနှင့် ပျော်ရွှင် ရပါလိမ့်မည်။ 
အကြောင်းမှာ သူ/သူ မသည် အားနည်းနေသော်လည်း သတို့သားက သူ/သူမကိုချစ်၍ သူ/သူမ ၏အားနည်းချက်နှင့် အပြစ်တို့ကို ဆေးကြောပစ် ခဲ့၏။ သတို့သားလောင်းသည် သူ၏သတို့သမီးကညာအား မိတ်ကပ်၊ အ ဝတ်အစားနှင့်ရေမွှေးများဝတ်ဆင် ပြင်ဆင်စေလေ့ရှိသည်။ ထိုနောက် သတို့သမီးသည် အရာရာကို ဝတ်ဆင်ပြင် ဆင်ပြီးနောက် သတို့သားအား တွေ့ဆုံရန် အဆင့်သင့်ဖြစ်ရသည်။ သခင်ဘုရားသည် ကျွန်ုပ်တို့ကို သတို့ သမီးကညာကဲ့သို့ လမ်းညွှန်ရန် ဤလောကသို့ စေလွှတ်ခြင်းခံခဲ့ရသည်။ ထိုမှသာကျွန်ုပ်တို့သည် သူ၏သတို့သမီးကဲ့သို့ သူ့ကို မြင်တွေ့နိုင်မည် ဖြစ်သည်။သူသည်ဂျော်ဒန်မြစ်၌ အပြစ်၏ရွေးနှုတ်ကယ်တင်ခြင်းအတွက် ကျွန်ုပ်တို့ကိုသူ၏သွေးအသားကို ပေးအပ်တော်မူ၏။ “နှုတ်ကပတ်တော် သည်လည်း သူဇာတိအဖြစ်ကို ခံယူ၍ကျေးဇူးတော်နှင့်၄င်း၊ သစ္စာတော်နှင့် ၄င်း ပြည့်စုံလျက်ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍ ခမည်းတော်၌ တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။” သခင်ဘုရားကိုယ်တော်တိုင် ကျွန်ုပ်တို့၏အပြစ် အားလုံးယူ ဆောင်သွားခဲ့ကြောင်း ကရုဏာတော်၏ကြွယ်ဝခြင်းသော်၄င်း၊ သမ္မာတ ရားသော်၄င်း၊ သခင်ဘုရား၌ ယုံကြည်ခြင်းဖြင့် အပြစ်၏ ခွင့်လွှတ်ခြင်း သော်၄င်း ရရှိလိမ့်မည်။ သတို့သားသည် သင်၏သတို့သမီးအားလုံး၏ အပြစ်တို့ကို ဂျော်ဒန်မြစ်၌ ယူဆောင်သွားခဲ့၏။ သခင်ဘုရားသည် သူ၏သ တို့ သမီးများအား လက်ဝါးကပ်တိုင်အပေါ် ထိုသူတို့နေရာ၌ တပြစ်စီရင် ခြင်းအား ခံခဲ့ခြင်းဖြင့် အပြစ်မှကယ်တင်ခဲ့တော်မူခဲ့သည်။ သို့ဖြစ်၍မိုက် သောသတို့သမီးတို့သည် ပညာသတိရှိသူတို့ထံ သူတို့အားဆိမျှပေးရန် တောင်းဆိုကြ၏။ အကြောင်းမှာ သတို့သားလာရောက် မည့်အချိန် နီးကပ် သောအခါ သူတို့၏ ဆီမီးကုန်ခမ်းသွားသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့ သည် သန့်ရှင်းသောဝိညာဉ်တော်အားမျှ ငွေကြေးနှင့်ဝယ်ယူ၍ ရပါသ လား။ အပြစ်၏ခွင့်လွှတ်ခြင်းအား ကောင်းသောအကျင့်တရားများနှင့်၄င်း၊ ငွေကြေးနှင့်၄င်း၊ ဒုက္ခဆင်းရဲခြင်းနှင့်၄င်း ဝယ်ယူ၍ရပါသလား ပညာသတိရှိ သောသူတို့က ထိုသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို နိုးကြားသော တရားဟောဆရာများဝတ်ပြုအစည်းအဝေးမှ ဝယ်ယူကြရန် တိုက်တွန်း၏။ 
မိုက်မဲသော သူတို့က ထိုသူတို့ထံမှ ဝယ်ယူနှင့်ပြီဟု ထင်မှတ်ကြ၏။ သူတို့သည်ဆီကို ငွေကြေးနှင့် ဝယ်ယူနိုင်လိမ့်မည်ဟု ထင်မှတ်ကြ၏။ ဘာ သာတရားဖက်၌ စိတ်အားထက်သန်စွာ အသက်ရှင်ကြပြီး၊ ဝတ်ပြုအစည်း အဝေးများ၊အလှူဒါနများအပြင် စစ်မှန်သည့်အယူဝါဒလက်ခံသော အသင်း တော်၌ တက်ရောက်ခြင်း၊ ဆုတောင်းခြင်းတို့သည် သူတို့ကို တစုံတရား ပေးလိမ့်မည်ဟု ထင်မှတ်ကြသည်။ သို့သော်ကိစ္စမရှိပါ။ ဤမြေကြီးပေါ်မှ အရာတစုံတခုနှင့်သခင်ဘုရား ပေးအပ်တော်မူသည့် အပြစ်မှရွေးနှုတ်ကယ် တင်ခြင်းသည် မည်သူမျှဝယ်ယူ၍မရနိုင်ပေ။
မိုက်မဲသောသူတို့သည် ဘုရားသခင် ရှေ့တော်မှောက်မရောက် မချင်း မိမိတို့စိတ်အားထပ်သန်မှုအား နိုးထစေရန် ကြိုးပမ်းကြသည်။ မိုက်မဲသော သူတို့အထဲမှ တဦးက ဘာသာရေးကိုင်းရှိုင်းသယောင်ပြောကြားသည်မှာ “သင့်ကိုအကျွန်ုပ်လိုက်ပါမည်။ ဆုတောင်းဖို့ရန်အတွက် တောင်ပေါ်သို့ တက်ပါမည်။ နောင်တနှင့်ဆုတောင်းဖို့တက်သွားပါမည်။ သူ၏ အမှုတော် မြတ်အား ထမ်းရွက်ကြပါစို့။ သခင်းတောင်းဟောကြားရန် နိုင်ငံခြားသို့ သွားရောက်ကြပါစို့” ဟူ၍ဖြစ်သည်။
သတို့သားသည် ကြီးမားသော မြူးကြွမှုနှင့်တူ နောက်ဆုံး၌ ကြွလာ တော်မူ၏။ သတို့သားရောက်လာသည့်အချိန်၌ မိုက်မဲသော သူတို့သည် ဆီဝယ်ရန် ထွက်သွားကြ၏။ သို့သော်အပြစ်၏ ခွင့်လွှတ်ခြင်းအား ရရှိ သည့်အပျို ကညာများနှင့်ဆီအပြည့်ဖြည့်ထားသော သူတို့သည် မင်္ဂလာ ဆောင်ပွဲသို့ဝင်ရကြ၏။ အရာရာကို ပြင်ဆင်ပြီးနောက် သတို့သားသည် သတို့သမီးအား တွေ့ဆုံ၏။ ထိုနောက် တံခါးကို ပိတ်ထားရသည်။ သခင် ယေရှုက အပျိုကညာငါးဦးကို အရမ်းကာရောမရွေးချယ်ခဲ့ပေ။ နံပါတ်ငါး သည် သမ္မာကျမ်းစာ၌ ကျေးဇူးတော်ဟု ဆိုလိုသည်။ 
အပျိုကညာငါးဦးတို့သည် ကျေးဇူးတော်အားဖြင့် အပြစ်၏ ရွေးနှုတ် ကယ်တင်ခြင်း အားရရှိကြသောသူများဖြစ်ကြသည်ကို ထိုသူတို့သည် သူ၏ ကရုဏာတရားတော်နှင့် ဖြောင့်မတ်သောအကျင့်ကို ယုံကြည်ကြ၏။ သူတို့ သည် သတို့သားက သူတို့အတွက် ပြုလုပ်ပြီးစီးခဲ့သည်များကို အောက်မေ့ တတ်ပြီး ဖြောင့်မတ်ခြင်းကို ဖြစ်စေသည့် သခင်ဘုရား၏ဖြောင့်မတ်ခြင်း အား ယုံကြည်ကြ၏။ ထိုကြောင့်အခြားသော သတို့သမီးကညာတို့သည် ရံဖန်ရံခါ လာရောက်၍ သခင်၊ သခင်၊ ကျွန်ုပ်တို့ကို ဖွင့်ပေးပါ ဟု ပြော လေ၏။ 
သို့သော်သူက “ငါအမှန် ဆိုသည်ကား သင်တို့ကို ငါအလျင်းမသိ” ဟူ၍ မိန့်တော်မူသည်။ ဆီမီးအတွက် ပြင်ဆင်ခြင်းမရှိသောသူတို့သည် သခင်ဘုရားအား မမြင်တွေ့နိုင်ကြချေ။ ထိုသခင်သည် ထာဝရဘုရား၏ ဖြောင့်မတ်ခြင်း တရားအားယုံကြည်၍ ကောင်းကင်နိုင်ငံတော်အား မျှော် လင့်တောင့်တနေသော သူများအပြင်၊ မိမိတို့စိတ်နှလုံးထဲ၌ အပြစ်တရား၏ ခွင့်လွှတ်ခြင်းအား အမှတ်တကယ်ရရှိခဲ့သော သူတို့ကိုသာ ကောင်းကင် နိုင်ငံတော်သို့ ချီဆောင်ပါလိမ့်မည်။ သခင်ဘုရားသည် ဂတိပေးစကား များကို မိန့်ကြားတော်မူခဲ့သည်။ နောင်တရကြလော။ သင်တို့၏ အပြစ် လွတ်စေခြင်းငှါ တယောက်မျှမကြွင်း ယေရှုခရစ်၏ နာမ၌ ဗတ္တိဇံ ကိုခံကြ လော့။ ထိုနောက်အပြစ်၏ ခွင့်လွှတ်ခြင်းပြီး နောက်မည်သို့ဖြစ်ခဲ့သနည်း။ 
 
 
သမ္မာကျမ်းစာတော်မြတ်က သို့ပြုလျှင် သန့်ရှင်းသော 
 
“သင်သည် ထာဝရဘုရား၏ ဖြောင့်မတ်ခြင်း ဧဝံဂေလိတရားတော်ကို လက်ခံရရှိပါက စိတ်နှလုံးထဲက အပြစ်များသည် အမှန်တကယ် ချေဖျက် ပြီး သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အထဲသို့ ဝင်ရောက်လာပါ လိမ့်မည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အထိအတွေ့အား အသွေးအသားအားဖြင့် ခံစား၍မရပေ။ သို့သော်လည်း ဝိညာဉ်တော်သည် ကျိန်းဝပ်၏။ ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်အား ရရှိသော ကြောင့်၄င်း၊ မိမိတို့စိတ်နှလုံးထဲ ဘုရားသခင်၏နှုတ်ကပတ်သမ္မာ တရား အား ရရှိပါသောကြောင့်၄င်း မိမိတို့၌ အပြစ်မရှိဟု ပြောနိုင်၏။” ၇း၅-၆။ ယင်းသည် အမှန်ပင်တည်ရှိ၏။ 
သူသည်အားနည်း သော်လည်း ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတ ရာအား လက်ခံရရှိသာသူသည် မိမိကိုယ်တိုင် ဖြောင့်မတ် သောသူဖြစ်လာ ၏။ ထိုကြောင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားအား လက်ခံရရှိခြင်း မရှိသော သူသည်အပြစ်သားတဦးအဖြစ်ကျန်ရစ်သည်။“သခင်ဘုရားသည် ရေနှင့်ဝိညာဉ်တော်မြတ်အားဖြင့် ကြွဆင်းလာခဲ့၏။ သူသည် ကျွန်ုပ်တို့၏ အပြစ်များကိုရေနှင့် ဗတ္တိဇံခံခြင်းအားဖြင့် ကယ်တင်တော်မူ၏။ သူသည် ဗတ္တိဇံခံသည့်အခါ ကျွန်ုပ်တို့၏အပြစ်များအားလုံးယူဆောင်သွားခဲ့ပြီး သူ၏ အသွေးတော်မြတ် သွန်းလောင်းပေးခြင်းဖြင့် ကျွန်ုပ်တို့အပြစ်များအတွက် ကိုယ်စားပြစ်ဒဏ်စီရင်ခြင်းအား ရရှိတော်မူသည်။”
ထိုအကြောင်းကို တမန်တော်ရှင်ယောဟန် ပေတရုနှင့် ပေါလုတို့က မည်သို့ပြောကြားခဲကြသနည်း။ ထိုသူတို့သည် သခင်ယေရှု၏အသွေးနှင့် အသားအကြောင်း တညီတညွတ်တည်းဟောကြားခဲ့ကြ၏။ သူတို့သည် သခင်ယေရှု ဗတ္တိဇံခံခြင်းနှင့် လက်ဝါး ကပ်တိုင်အပေါ် သူ၏အသွေးတော် မြတ် အကြောင်းပြောကြားကြ၏။ ရှင်မဿဲခရစ်ဝင်ယေရှု၏ ဗတ္တိဇံခံခြင်း အကြောင့် အတိအလင်း ဟောကြားထား၏။ ယေရှုခရစ်သည် အပြစ်သား များအပြစ်မဲ့ဖြစ်စေရန် တလောကလုံး၏ အပြစ်များဆေးကြောပစ်ရန် ယောဒန်မြစ်၌ ဗတ္တိဇံခံခဲ့၏။ ရှင်ပေတရု သြဝါဒစာပထမစောင်ကို ကြည့် ကြပါစို့။ ပေါလုက ကယ်တင်ခြင်း၏စံနမူနာသည် သူ၏ ဗတ္တိဇံခံခြင်း ဖြစ်သည်ဟု သက်သေခံထား၏။ “ထိုသို့သော ဥပမာအတိုင်း ယခုတွင် ဗတ္တိဇံသည် ယေရှုခရစ်ထမြောက်တော်မူသောအားဖြင့် ငါတို့ကို ကယ်တင် တတ်၏။ ဗတ္တိဇံဟုမဆိုလို၊ ကိုယ်ကိုကိုယ် သိသေစိတ်ကြည်လင်၍ ဘုရား သခင်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသတည်း။”
ထိုသခင်သည် ကောင်းကင်ဘုံသို့ ကြွတော်မူသည်ဖြစ်၍ ကောင်းကင် တမန်အစရှိသော အားဏာစက်တန်ခိုးများတို့ကို အုပ်စိုးလျက် ဘုရားသ ခင်၏ လင်္ကျာတော်ဘက်၌ ရှိတော်မူ၏ (ရှင်ပေတရုသြဝါဒစာစောင်ပထမ ၄း၂၅)“ထိုသို့သောဥပမာအတိုင်းယခုတွင်ဗတ္တိဇံသည်ယေရှုခရစ်ထမြောက် တော်မူသောအားဖြင့် ငါတို့ကို ကယ်တင်တတ်၏”ဟု ရေးသားထားသည်။ သူ၏ခန္ဓာကိုယ်ဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံးယူဆောင်သွားသည် ယေရှု ၏ဗတ္တိဇံခံခြင်းသည် ကယ်တင်ခြင်း၏ သက်သေဖြစ်သည်။ လက်ဝါးကပ် တိုင် အပေါ်သူ၏အသွေးတော် သွန်းလောင်းခဲ့သည် ဆိုသည့်အချက်သည် ကျွန်ုပ်တို့အပြစ်များအတွက်ကျွန်ုပ်တို့ကိုတရားစီရင်ခဲ့သည်ဆိုသည့်အချက် အား သက်သေပြခြင်းဖြစ်သည်။
ဆိုလိုသည့်အရာကိုသင်တွေ့မြင်ပါသလား။ထိုကြောင့် သမ္မာကျမ်းစာ တော်မြတ်ကယေရှုသည် ရေအားဖြင့်၄င်း၊အသွေးတော်အားဖြင့်၄င်း၊သန့် ရှင်းသောဝိညာဉ်တော်အားဖြင့်၄င်း ကြွဆင်းလာသည့် သူတဦးဖြစ်၏ဟု မိန့်တော်မူသည်။ 
ယေရှုသည် ဤလောကသို့ လူ့အသွေးအသားနှင့် စေလွှတ်ခြင်းခံ ခဲ့ရပြီး ယဇ်ပုရောစိတ်အကြီး အကဲအာရုန်က လူများ၏ အပြစ်အားချီလွှဲရန် ပူဇော်ခြင်း၌ လက်တင်ခဲ့သကဲ့သို့ ကျွန်ုပ်တို့၏အပြစ်အားလုံး ယူဆောင် သွားခဲ့သည်။ 
ရေသည် ကျွန်ုပ်တို့ကို ကယ်တင်သည့် ပုံဥပမာကို ဆောင်သည်။ ဗတ္တိဇံခံခြင်းဖြစ်၏။ အသွေးအသား၏ အညစ်အကြေးအားဆေးကြောပစ် ခြင်းမဟုတ်ကြောင်း၊ ဖယ်ရှားပစ်ခြင်းမဟုတ်ကြောင်း ရေးသားထားသည်။ ကျွန်ုပ်တို့သည် အပြစ်၏ခွင့်လွှတ်ခြင်း ရရှိပြီးနောက် အပြစ်မပြုတော့ပါဟု ဆိုလိုခြင်းမဟုတ်။ ယေရှု၏ ဗတ္တိဇံတရားအား ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့ သည် အပြစ်မှခွင့်လွှတ်ခြင်းကို ရရှိကြသည်။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့သည် ကိုယ်ကာယအားဖြင့် အပြစ်ပြုလုပ်သည် မဟုတ်ပါသလား။ ဟုတ်ပါသည် လုပ်မိကြပါ၏။ လူအများသည် အပြစ်မှခွင့်လွှတ်ခြင်းတရားအား လွှဲမှား၍ နားလည်ကြပြီး “သင်၏စိတ်နှလုံးထဲ အပြစ်မရှိပါက သင်သည် အပြစ်အား နောက်တဖန် လွန်ကျူးမည်မဟုတ်”ဟု ပြောတတ်ကြသည်။
ယင်းသည် လွဲမှားနာလည်ခြင်းသာဖြစ်သည်။ သမ္မာကျမ်းစာတော် မြတ်က“အပြစ်မပါဘဲ ကောင်းသော အကျင့်ကို ကျင့်သောသူတော်ကောင်း တစုံတယောက်မျှ မြေကြီးပေါ်မှာမရှိ”ဟု ဆိုထားသည် ကိုယ်ကာယသည် အားနည်းလျက်ရှိ၏။ ယင်းသည်မသေမခင်း အားနည်းလျက်နေ၏။ မသေ မချင်းအပြစ်ကို ကျူးလွန်၏။ “ကိုယ်ကာယ၏ အညစ်အကြေးကို ဖယ်ရှား ပစ်ခြင်းမဟုတ်၊ ဘုရားသခင်ဘက်၌ ကိုယ်ကိုကိုယ် သိသောစိတ်ကြည် လင်ခြင်းဖြစ်၏။” ကျွန်ုပ်တို့၏ အသိစိတ်များသည် သခင်ယေရှု၏ ဗတ္တိဇံခံ ခြင်းနှင့်အသွေးတော်မြတ်၌ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ဘက် ကောင်းသောအသိစိတ်၌ ပြောင်းလဲပစ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ အသိ စိတ်သည် သူ၏ဗတ္တိဇံခံခြင်းဖြင့် ကျွန်ုပ်တို့၏အပြစ်များအားလုံးကို ယူ ဆောင်သွားခဲ့သည်ဆိုသည့်အချက်အား ယုံကြည်ခြင်းဖြင့် ကယ်တင်ပိုင်ရှင် သခင်ဘုရားအားခေါ်နိုင်ပါသည်။
စိတ်နှလုံးအတွက် ကြီးထွားခြင်းသည် သခင်ယေရှု၏ ဗတ္တိဇံနှင့်သူ၏ အသွေးတော်မြတ်ဖြစ်သည်။ စိတ်နှလုံးအတွက် သန်မာကြီးထွားခြင်းနှင့် ကျွန်ုပ်တို့အပြစ်များဆေးကြောပစ်ခြင်း စံနာမူနာသည် သခင်ယေရှု၏ ဗတ္တိ ဇံခံခြင်းဖြစ်သည်။ ထိုသို့ဖြင့် တမန်တော်ရှင်ပေတရုက ဗတ္တိဇံသည် ကျွန်ုပ် တို့ကို ကယ်တင်သည့် ဥပမာ နမူနာဖြစ်၏ဟု မိန့်တော်မူသည်။ သင်တို့ သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ဖွားသည်မဟုတ်၊ မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ် အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဘွားသောကြောင့် ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ် ခြင်းမလိုငှါ စိတ်ထဲမှာ သမ္မာတရားကို နားထောင်လျက်၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့်အညီ စင်ကြယ်သောစိတ်နှင့် အချင်းချင်း အားကြီး သော ချစ်ခြင်းမေတ္တာရှိကြလော့။
ကျွန်ုပ်သည် သခင်ယေရှု၏ ဗတ္တိဇံခံခြင်းတရားနှင့် သူ၏အသွေး တော်မြတ်အား ယုံကြည်ခြင်းဖြင့် ဒုတိယကြိမ်မွေးဖွားခြင်းခံရပြီး အပြစ်မှ ခွင့်လွှတ်ခြင်းကို ရရှိကြ၏။ ကျွန်ုပ်တို့သည် သခင်ဘုရား၏ ရေးမှတ်ထား သော နှုတ်ကပတ်သမ္မာတရားအား ယုံကြည်ခြင်းဖြင့် ဒုတိယမွေးဖွား ခြင်းခံရ၏။ “ထာဝရတည်ရှိပြီး အသက်ရှင်သည့် ဘုရားသခင်၏ နှုတ်က ပတ် သမ္မာတရားအားဖြင့်”ဒုတိယ အကြိမ်မွေးဖွားခြင်း ခံရကြသည်။ 
ဟာလေလုယ ဒုတိယအကြိမ်မွေး ဖွားခြင်းသည် ထာဝရအသက် ရှင်ပြီး တည်ရှိနေသည့် ဘုရားသခင်၏နှုတ်ကပတ်သမ္မာတရားအားဖြင့် ဖြစ်သည်။ ထာဝရဘုရား၏ နှုတ်တော်ထွက်စကားသည် တိုင်းစရာ သံတုန် ချောင်းအား ရည်ညွှန်းသည် ဝိနည်းဥပဒေသဖြစ်သည်။ ယင်းသည် ကယ် တင်ခြင်းထိုင်ခုံ အမှတ်အသားဖြစ်သည်။ ဘုရားသခင်၏ကယ်တင်ခြင်း အတွက် တိုင်းစရာသံတုန်သည် မည်သည့်အခါမျှ မပြောင်းလဲချေ။
ရှင်ယောဟန်ခရစ်ဝင် ဗတ္တိဇံဆရာယောဟန်က “ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏သိုးသငယ်ကိုကြည့်လော့”ဟု ဆိုထားပါသည်။ ယော်ဒန်မြို့တွင် ဗတ္တိဇံခံတော်မူသည့်ဘုရားသခင်၏ သိုး သူငယ်ကား အသွေးအသားအားဖြင့် ကျွန်ုပ်တို့ကို ကယ်တင်ခဲ့သည် အ သက်မုန့်ပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် နှုတ်ကပတ်သမ္မာတရားအားလုံး ကြည့်ခြင်းဖြင့် သန့်ရှင်းစေခြင်းနှင့် ကယ်တင်ခြင်းရရှိကြသည်။ သမ္မာကျမ်း စာတော်မြတ်က “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြား နာခြင်းသည်လည်း ဘုရားသခင်၏စကားတော်အားဖြင့် ဖြစ်၏။ ထို့အပြင် အဘယ်သို့ဖြစ်သနည်းဟူမူကား ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်း အားဖြင့် အသက်ရှင်လိမ့်မည်ဟု ကျမ်းစာလာသည်နှင့်အညီ ယုံကြည်ခြင်း ၌ တည်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ယုံကြည်ခြင်း အဖို့အလိုငှါ ဧဝံဂေိတရားအားဖြင့်ထင်ရှားလျက်ရှိ၏” ဧဝံဂေလိတရားအား ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်သောသူများ ဖြစ်လာနိုင် သည်။ 
သင်သည် သန့်ရှင်းစေခြင်းခံရပြီးလား။ အာမင်။ သင်၌အပြစ်တစုံတခု မရှိဘူးမဟုတ်လား။ ဤအရာသည် ဧဝံဂေလိသတင်းကောင်းဖြစ်ပြီး ဂရိ ဘာသာစကားအားဖြင့် ယူဂဲလီးယန်းဟူ၍ မည်ပါသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကားအဘယ်နည်း။ သခင်ဘုရားသည် ကျွန်ုပ်တို့ အတွက် သူ၏ကိုယ်ခန္ဓာနှင့် အသွေးတော်မြတ်အား စွန့်လွှတ်ခြင်းဖြင့် အပြစ်၏ အစွန်းအထင်းများ ချေဖျက်ခဲ့သည်ဆိုသည့်အချက်ဖြစ်သည်။ ဘုရားသခင်ဖြောင့်မတ်ခြင်းက ကျွန်ုပ်တို့သန့်ရှင်းစေရန် အခွင့်ပေးတော်မူ ၏။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသည် အပြစ်မဲ့သော ထိုယေရှုသာ ဖြစ်ပြီး သူသည်တလောကလုံး၏အပြစ်ကို ယူဆောင်သွားကာ အပြစ်သား များအတွက် ကားတိုင်ပေါ်အသေတော်ခံခဲ့၏။ ယင်းသည် တလောကလုံး ၏ အပြစ်များကို ဆေးကြောသန့်စင်ခဲ့သည် သခင်ယေရှု၏ ရေနှင့်ဗတ္တိဇံ ခံခြင်းဖြစ်သည်။ 
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ယေရှုကားတိုင်အပေါ် အသေခံခဲ့ခြင်းနှင့် သူ၏ဗတ္တိဇံခံခြင်းအားဖြင့် တလောကလုံး၏ အပြစ် အား ယူဆောင်သွားခဲ့သည် ဆိုသည့်အမှတ် တရားအားဖြင့် ပေးအပ်ခဲ့ သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းတွင် သူ၏ဗတ္တိဇံခံခြင်း၊ သေခြင်းနှင့် လက်ဝါးကပ်တိုင်အပေါ် အသေတော်ခံခြင်းတို့ ပါဝင်ပြီး၄င်းသည် ကျွန်ုပ်တို့ အတွက် ပြစ်ဒဏ်စီရင်ခြင်း ဥပမာတရပ်ဖြစ်သည်။ ဤအရာသည် ဧဝံဂေ လိတရား၌ အထင်အရှား ဖြော်ပြထားသည့် ဘုရားသခင်၏ ဖြောင့်မတ် ခြင်းတရားဖြစ်တော်မူသည်။ဖြောင့်မတ်သောသူများသည် ယုံကြည်ခြင်း အားဖြင့် အသက်ရှင်ပါသည်။ ယုံကြည်ခြင်းဆိုသည်မှာ သမ္မာကျမ်းစာ၌ အခြေစိုက်ခြင်းဖြစ်ပါသည်။ ဖြောင့်မတ်သောသူများသည် ယုံကြည်ခြင်း အားဖြင့် အသက်ရှင်လျက်ရှိပါသည်။ ထိုသို့ဇာတိအားဖြင့် အသက်ရှင် ကြောင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်သည် မိမိအသက်တာတွင် ကျိန်း ဝပ်ကြောင်းကိုသိရှိ နားလည်နိုင်ပါသည်။ လူ့အချို့သည် ကျမ်းစာ၏အ နက်အဓိပ္ပါယ်ကို မိမိအသိညဏ်အားဖြင့်သော်လည်းကောင်း၊ ကျမ်းစာ၏ လှို့ဝှက်ချက်များကို စာသားအားဖြင့် သော်လည်းကောင်း ဘာသာပြန် တတ်ကြပါသည်။ 
 
 
လူ့ဇာတိသည် ကောင်းမှုမပြုနိုင်ပါ
 
လူ့ဇာတိသည် ကောင်းမှုမပြုနိုင်ပါ။ သို့သော်လည်း ဇာတိအားဖြင့် အသက်ရှင်ကြသောကြောင့် အကြောင်းမျိုးစုံကို ဇာတိသဘောဖြင့် အကဲ ဖြတ်ကြသည်။ ကျွန်ုပ်တို့သည် တခါတရံတွင် နှုတ်ကပတ်တော်ကို ဇာတိ အားဖြင့် အကဲဖြတ်ပြီး နှုတ်ကပတ်တော်အားဖြင့် မယုံကြည်နိုင်ပါ။ 
သို့သော် ဖြောင့်မတ်သောသူများသည် ယုံကြည်ခြင်းအားဖြင့် အသက် ရှင်သည်ဟု သမ္မာကျမ်းစာ၌ ရေးသားဖော်ပြထားပါသည်။ သို့သော်လည်း ဖြောင့်မတ်သောယုံကြည်ခြင်းအားဖြင့် အသက်ရှင်သောသူ ဘယ်မှာလဲဟု ထင်ကောင်းထင်လိမ့်မည်။ ကျမ်းချက်ထဲတွင် ဖြောင့်မတ်သောသူ တစ် ယောက်မျှမရှိပါ ယနေ့လူသားများသည် ယုံကြည်ခြင်းအားဖြင့် အသက် ရှင်ရမည်ကို ပြောခြင်းဖြစ်ပါသည်။ “ကျွန်ုပ်တို့သည် တစုံတစ်ခု၏ အဓိပ္ပယ် ကို ဘာသာပြန်ဆိုရာ၌ မိမိ၏အားနည်းချက်ကို မေ့လျော့၍ မိမိကိုယ်ကို အထင်ကြီးလျက် ရှိတတ်ကြပါသည်။ အပြစ်သားများ၏ ပြိုင်ဘက်ရန် သူကား အဘယ်သူနည်း။ ဒုတိယမွေးဖွားခြင်း မခံသေးသူများဖြစ်ပါသည်။ ဤသို့ဆိုလျှင် ဒုတိယမွေးဖွားခံပြီးသူများသည် မည်သူကို တိုက်ခိုက်ကြသ နည်းဟူမူကား ဇာတိအားဖြင့် အသက်ရှင်သောသူနှင့် ဝိညာဉ်တော်အား ဖြင့် အသက်ရှင်သောသူများဟူ၍ နှစ်ဦးတိုက်ခိုက်လျက်ရှိပါသည်။ မိတ် ဆွေသည် ပြောပြီးသောအရာကို ထပ်ခါတလဲပြောသောကြောင့် အံ့သြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော် ပြောဘို့ထိုက်တန်သောအရာကို ပိုပြီး ရှင်း လင်းစေချင်သောကြောင့် ဖြစ်ပါသည်။ ဒုတိယမွေးဖွားခြင်းခံပြီးသူများ တွင်လည်း အသွေးသားရှိသည်နှင့်အညီ ထိုသူ၏အသက်တာ၌ ဝိညာဉ်နှင့် လူ့ဇာတိသည် အမြဲတစေတိုက်ခိုက်လျက်ရှိပါသည်။ အသွေးသားသည် ကိုယ့်ကိုယ်ကို ကိုးစားပြီး ယုံကြည်ခြင်းအားဖြင့် အသက်ရှင်မည့်အစား ဇာတိပကတိအားဖြင့် အသက်ရှင်၍ ပြဿနာကို ကိုင်ကွယ်တတ်သည်။ ထို့အပြင်ဘုရားရှင်၏ အလိုတော်နှင့်အညီ အသက်မရှင်ဘဲလူ့ဇာ တိအား ဖြင့် ပြည့်စုံသောသူဖြစ်ဖို့ရန် ကြိုးစားလျက်ရှိသည်။”
ဖြောင့်မတ်သော အသွေးသားသည်လည်း ဝိညာဉ်တော်အားဖြင့် ပြည့်စုံခြင်းကို ဆာငတ်က ဝိညာဉ်ပိုင်းဆိုင်ရာ၌ ဖြောင့်မတ်ခြင်းသို့ ရောက် စေတတ်သည်။ သို့သော်အသွေးသားသည် ယုံကြည်ခြင်းအားဖြင့် အသက် ရှင်သောအသက်တာကို ဖြစ်စေနိုင်သလား။ “ငါသည်ကျင့်ချင်သော အကျင့် ကောင်းကို မကျင့်၊ မကျင့်ချင်သောအကျင့်ဆိုးကိုကျင့်၏” ဟု ရှင်ပေါလုက ဆိုထားပါသည်။ လူ့ဇာတိသည် ကောင်းသောအကျင့်ကို ဘယ်သောအခါမျှ ကျင့် လျက်မရှိပါ။ 
ဇာတိကပတိအားဖြင့် ဘုရားသခင်ထံ ကြည်ညိုသော အသက်ရှင် ခြင်းသည် ပြည့်စုံသော ယုံကြည်ခြင်းနှင့် လုံးဝဝေးကွာလျှက်ရှိပါသည်။ ကျွန်တော်တို့သည် သမ္မာတရားအားဖြင့် အသက်မရှင်ဘဲ ဇာတိကပတိ၏ အလိုဆန္ဒအားဖြင့် ဘုရားသခင်၏ ဖြစ်စေချင်သည့် အတိုင်းမမကျခံဘဲ နေ တတ်သည်။ ဇာတိပကတိ၌ပြည့်စုံခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် အသက် ရှင်သောအသက်တာမဖြစ်နိုင်ပါ။ ကျွန်ု်ပ်တို့သည် မြေမှုန့်နှင့်တူပါသည်။ အကြောင်းမူကား ငါကိုယ်ခန္ဓာကို သိတော်မူ၏ ငါတို့သည်မြေမှုန့်ဖြစ် ကြောင်းကို အောက်မေ့တော်မူ၏ဟု သမ္မာကျမ်းစာ၌ ဖော်ပြထားပါသည်။ ထိုအရာသည် ရေခိုးရေငွေ့ကဲ့သို့ခဏသာပေါ်လာပြီး မပြည့်စုံသောကြောင့် တဖြည်း ဖြည်း ပျေက်ကွယ်သွားသော တိမ်နှင့်တူသည်။
 
 
ဒုတိယမွေးဖွားခြင်း ခံပြီးသူနှင့် ဇာတိပကတိအားဖြင့်
 
အသက်ရှင် သူတို့သည်အပြစ်လုပ်နိုင်သလား ဒုတိယမွေးဖွားခြင်း ခံပြီသူသည် အပြစ်လုပ်ခြင်းကို ရှောင်လွဲနိုင်သလား။ ကျွန်ုပ်တို့သည် ဇာတိ ကပတိအပြစ်မှ လွတ်မြောက်စေနိုင်ရန် ယုံကြည်ခြင်းအားဖြင့် အသက်ရှင် ခြင်း မလိုတော့ပေ။ ထို့နောက် ကျွန်တော်တို့သည် ဇာတိပကတိ၏ အင်အားဖြင့် အသက်ရှင်လို့ရသလား။ ကျွန်ုပ်တို့ ထိုအရာကိုလုံးဝမဖြစ်နိုင် ကြောင်း သိရှိရပါသည်။ မိမိကိုယ်ကို ဒုတိယမွေးဖွားခြင်းခံပြီး(ဝါ) မခံရ သေး ဘူးဟုသိသည်နှင့်အတူ ဇာတိပကတိသည် အားနည်းပြီး အပြစ် ကျူးလွန်တတ်သည်။
ကျွန်တော်တို့သည် ဇာတိပကတိကို ဘယ်လောက်အထိ နားလည် သ လဲ။ မိတ်ဆွေသည် တစ်ဆယ်ရာခိုင်နှုန်း ပြည့်စုံသည်ဟု ထင်ကောင်းထင် လိမ့်မည်။ သို့သော်မိတ်ဆွေ၏ သက်သေအထောက်အထားသည် လုံးဝမ မှန်ပါ။ အဘယ်ကြောင့်ဆိုသော် မိမိကိုယ်ကို အပြစ်သားဖြစ်ကြောင်းကို မသိရှိနိုင်သောကြောင့် ဖြစ်ပါသည်။ မိတ်ဆွေသည် မိမိကိုယ်ကို ရာခိုင်နှုန်း အားဖြင့် ဘယ်လောက် သိသနည်း ငါးဆယ်ရာခိုင်နှုန်းသည် များနေသလား လူတစ်ဦးသည် အများအားဖြင့်မိမိအကြောင်း တစ်ဆယ်ရာခိုင်နှုန်းမှ နှစ် ဆယ်ရာခိုင်နှုန်းအထိ နားလည်နိုင်သည်။မကောင်းသောအရာကို များစွာ လုပ်မိသောအချိန်တွင်မိမိကိုယ်ကိုရှက် ကြောက်ပြီးဘုရားရှင်နောက် လိုက် ခြင်းကို ရပ်တန့်ကြသည်။ ထို့နောက်မိမိ၏ယုံ ကြည်ခြင်းကိုအဆုံးထိ ထိမ်း သိမ်းနိုင်ပါမလားဟူ၍မိမိကိုယ်ကိုမေးခွန်းထုတ် တတ်လျက်ရှိကြသည်။ နောက်ဆုံးတွင်မထိန်းသိမ်းနိုင်ဟူ၍ အရှုံးပေးကြသည်။
မကောင်းသောအကြံအစည်နှင့်မိုက်မဲမှုများသည် ဇာတိစိတ်သို့ အစဉ် မပြတ်ကျရောက်လျက်ရှိသည်။ထို့ကြောင့် ဘုရားတရားကို ကြည်ညို၍ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်သောအသက်တာကိုမရနိုင်ပါ။ ကျွန် တော်ဘုရားရှင်နောက်သို့ မလိုက်နိုင်တော့ပါ။ ကျွန်တော်သည် ဒုတိယမွေး ဖွားခြင်းခံခဲ့ပြီးသော်လည်း ဇာတိပကတိ၌ အားနည်းသောကြောင့် မပြည့် စုံနိုင်သည်နှင့်အညီ အပြစ်အခကို တစ်ကြိမ်နှင့်ထာဝဇဉ်ခံပြီးပြီးဟု ဇာတိ အားဖြင့် ထင်မိခဲ့ပါသည်။ ဇာတိပတိသည် အရုပ်ဆိုးပြီးအသုံးမဝင်ပါ။ မိမိအကြောင်းကို လုံးဝမသိဘဲ မိမိဇာတိကိုလည်း ဝန်ခံချင်စိတ်မရှိပါ။ ထို့ ကြောင့် ဇာတိပဂတိစိတ်ပေါ်လာသောကြောင့် သစ္စာရှိသော အသက်တာ မရောက်စေနိုင်ပါ။ ဇာတိပဂတိဆိုတာဘာလဲ။ လူသားသည် မိမိ၏ စမ်း သပ်ခြင်းအားဖြင့် တိုးပွားသန့်စင်သောအသက်တာ ဖြစ်နိုင်လား။ လုံးဝ မဖြစ်နိုင်ပါ။ လူသားသည် သေသည့်တိုင်အောင်အပြစ်မကျူးလွန်ဘဲ မနေ နိုင်ပါ။ သို့ဖြစ်လျှင် ဖြောင့်မတ်သောသူများ ဘယ်လိုအသက်ရှင်မလဲ။ 
ထာဝရဘုရားသည် မောရှေကို မှာထားသောနေ့မှစ၍မောရှေအားဖြင့် သင်တို့၌ ထင်တော်မူသော ပညတ်သင်တို့မျိုး အစဉ်အဆက်၌ ထားတော်မူ လတ္တံသောပညတ် အလုံးစုံကို သင်တို့သည်မစောင့်၊ မှားယွင်းခြင်းသို့ ရောက်ကြသည်။ ပရိသတ်အပေါင်းတို့ သလိလစ်၍ မှားယွင်းခြင်းသို့ ရောက်ကြသည်။    ထိုထာဝရဘုရား အဘို့မွှေးကြိုင်းသော အနံ့ရှိစေခြင်း ငှာ ထုံးဖွဲ့သောထုံးစံရှိသည့် အတိုင်းဘောဇင်၊ ပူဇော်သကာ၊ သွန်းလောင်း ရာ်ပူဇော်သကာနှင့်တကွ အသက်ပျိုသော နွားထီးဖြင့်မီးရှို့ရာယင်ကို လည်းကောင်း၊ ဆိတ်ဖြင့်အပြစ်ဖြေရာယဇ်ကိုလည်းကောင်း၊ ပူဇော်ကြရ သောယဇ်ပုရောဟိတ်သည်ဣသရေလအမျိုးသား ပရိသက်အပေါင်းတို့အဖို့ အပြစ်ဖြေခြင်းကို ပြုရသဖြင့် သူတို့သည်သတိလစ်၍ ပြစ်မှားသောကြောင့် ထိုအပြစ်ကို လွှတ်ရလိမ့်မည်။ သူတို့သည်လည်း သတိလစ်သော အပြစ် ကြောင့် အပြစ်ဖြေရာယဇ်နှင့်တကွမီးဖြင့် ပြုသောပူဇော်သက္ကာကို ထာဝရ ဘုရား ထံတော်သို့ ဆောင်ခဲ့ကြရမည်။ ထိုသို့ပြုလျှင် လူအပေါင်းတို့သည် ပြစ်မှားသော်လည်း သတိလစ်၍ ပြစ်မှားသောကြောင့် ဣသရေလ အမျိုးသား ပရိသတ်အပေါင်းကို၄င်း၊ ထိုအပြစ်မှလွှတ်ရလိမ့်မည်။ လူတစုံ တယောက်သည် သတိလစ်၍ပြစ်မှားလျှင် အပြစ်ဖြေရာ ယဇ်အဖြစ်အခါမ လည်သော ဆိတ်မတစ်ကောင်ကို ဆောင်ခဲ့ရမည်။ 
 
 
ထာဝရဘုရားရှေ့တော်၌ ပြစ်မှားမိသော ထိုသူအဘို့ယဇ်ပရောဟိတ်သည်
 
ဣသရေလအမျိုးသား ဖြစ်သောသူ၊ ထိုသူ၌ တည်းခိုသောတစ်ပါး အမျိုးသားဖြစ်သော သူတို့သည် ပြစ်မှားသောအခါ တစ်ပါးတည်းသော ဘုရားကို စောင့်ရကြမည်။ ထာဝရဘုရားရှေ့တော်၌ သတိလစ်၍ပြစ် မှားမိသော သူအဘို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်းကို ပြုရသဖြင့် ထိုအပြစ်ကို လွှတ်ရလိမ့်မည်။ ဣသရေလအမျိုးသားဖြစ်သောသူ တည်း ခိုသော တပါးအမျိုးသာဖြစ်သော သူတို့သည် ပြစ်မှားသောအခါ တပါး သောဘုရားကို စောင့်ရကြမည်။ ထာဝရဘုရားသည် မောရှေကို မှာထား သောနေ့စ၍ မောရှေအားဖြင့် သင်တို့၌ ထားတော်မူသော ပညတ်သင်တို့ အမျိုးအစဉ်အဆက်၌ ထားတော်မူလတ္တံသော ပညတ်အလုံးစုံတို့ကို သင် တို့သည် မစောင်မှားယွင်းခြင်းသို့ရောက်ကြသည်ဟူ၍ သမ္မာကျမ်းစာတွင် ရေးသားထားပါသည်။ ၄င်းတွင် မှားယွင်းခြင်းသို့ရောက်ကြသည်ဟူသော ဖော်ပြချက်များကို တွေ့ရှိရပါသည်။ လူသားသည်မှားယွင်းခြင်းသို့ ရောက် ပြီး မလုပ်သင့်သောအရာကိုလုပ်ခဲ့ပါသည်။ လူသားသည် ပြည့်စုံနိုင်သ လားဟု မိတ်ဆွေမေးခွန်း ထုတ်ကောင်းပါမည်။
သို့သော် အပြစ်မှကယ်ချွတ်ပြီး နောက်ပိုင်းတွင် မပြည့်စုံနိုင်ပါ လူသား သည် ရွေးနှုတ်ခြင်းခံပြီးနောက် ဖြောင့်မတ်ပြည့်စုံသော လူဖြစ်ဟန်တူ သော်လည်း လူသားတို့ကို ဖုံးကွယ်ပေးရုံသာဖြစ်သည်။ လူသားသည် မပြု သင့်သော အပြစ်များကို အမြဲတမ်း ကျူးလွန်လျက်ရှိပါသည်။ လူ့ဇာတိ သည် ဘုရားမနှစ်သက်သောအရာများကို အမြဲကျူးလွန်လျက်ရှိသည်။ ဇာတိသည် အချိန်တိုင်း အပြစ်မကျူးလွန်ဘဲနေမည်လော။ ဘုရား၏ အလို တော်အတိုင်းအမြဲ အသက်ရှင်နိုင်မည်လော။ ဇာတိသည် မထိန်းချုပ်နိုင် စွာခြင်းအားဖြင့် အပြစ်ကို ကျုံးလွန်လျက်ရှိသည်။ ဘုရားသခင်၏ ပညတ် ချက်တွင် ပညတ်တော်ဆယ်ပါးပါဝင်၍ ၄င်းတွင် အသေးစိတ်အားဖြင့် ၆၁၃မျိုးပါရှိသည်။ ငါမတပါး အခြားသောဘုရားမကိုးကွယ်နှင့် ရုပ်တုဆင်း တုကိုကိုယ့်အဘို့မလုပ်နှင့်။ သင်၏ဘုရားသခင်ထာဝရဘုရား၏ နာမတော် ကို မုသားနှင့်ဆိုင်၍ မမြွက်ဆိုနှင့်၊ ဥပုဒ်နေ့ကို သန့်ရှင်းစေခြင်းငှါ ထိုနေ့ ရက်ကို အောက်မေ့လော့။ မိဘကိုရိုသေစွာပြုလော့။ 
လူ့အသက်ကိုမသတ်နှင့် သူ့မယားကိုမပြစ်မှားနှင့်။ သူ့ဥစ္စာကိုမခိုးနှင့် ကိုယ်နှင့် စပ်ဆိုင်သော သူလောက်၌ မမှန်သော သက်သေကိုမခံနှင့် ကိုယ် နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာတစုံတခုကိုမျှ တပ်မက်လိုချင်သောစိတ်မ ရှိစေနှင့်စသည်ဖြင့် ပညတ်တော်ပါးတွင်ရှိပါသည်။ ပထမပညတ်တော် လေးပါးတို့သည် ဘုရားသခင်နှင့်ဆိုင်၍ ထိမ်းသိမ်းရမည့် ပညတ်ချက် များဖြစ်ပြီး ကျမ်း၆ ပါးမှာလူ့အသိုင်းအဝိုင်းတွင် ကျင့်ဆောင်ရမည့်အရာ များဖြစ်ကြသည်။ လူ့ဇာတိသည် ဘုရားသခင်၏ပညတ်တော်ကို လိုက် လျှောက်ရာ၌ ဝမ်းမြောက်ခြင်းရှိမည်လော့။ ကားလမ်းမကို လုံခြုံစွာ ဖြတ်နိုင်ရန် လမ်းပေါ်တွင်အဖြူရောင်မျဉ်း ကြောင်းများရှိသည်။ သို့သော် လူ့ဇာတိသည် ဘုရား၏ပညတ်ချက်များကို မကျင့်ဆောင်ချင်ပေ။ လူများ သည် သူတပါးကြည့်နေကြသည်ကို ရှက်ကြောက်ကြရင်း ၎င်းအဖြူရောင် မျဉ်းများမှ ဖြတ်သွားကြသည်။ အမှန်စင်စစ် ထိုသူတို့သည် စည်းကမ်းမ လိုက်နာချင်ကြပေ။ ပတ်ဝန်းကျင်တွင် လူသူကင်းရှင်းနေလျှင် မိမိကြိုက် သည့် နေရာမှလမ်းကူးကြသည်။
ဇာတိသည် အလိုအလျောက် အကြောင်းများကို ကျူးလွန်သည်။ အ ကယ်၍ ပညာတတ်သူများဖြစ်ခဲ့လျှင် သတ်မှတ်ထားသော အမှတ်အသား များကို ပတ်ဝန်းကျင်၌ လူများကမြင်သည် ဖြစ်စေမမြင်သည်ဖြစ်စေ လိုက် နာလိမ့်မည်။ သို့သော် သူတို့သည် ဇာတိအားဖြင့် သဘောတူဝန်ခံကြခြင်း သာ ဖြစ်သည်။ ကျွန်ုပ်တို့သည်လမ်းကို မျဉ်းကျားမှ မဖြတ်ကူးချင်ကြပေ။ စည်းကမ်းများကို မလိုက်နာချင်ကြပေ။ဤသို့လျှင်၊ အဘယ်ရည်ရွယ်ချက် ဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား ပညတ်တော်ကို ပေးထားပါသနည်း။ ပညတ်တော်သည် အပြစ်ကို ရှိစေသည်။ ပညတ်တော်အားဖြင့် ကျွန်ုပ်တို့ သည် အပြစ်သားများဖြစ်ကြကြောင်းနှင့် ပညတ်တော်ပါးကို အစဉ်အမြဲ ဖောက်ဖျက်နေသောသူများဖြစ်ကြကြောင်း သိရှိရသည်။ ကျွန်ုပ်တို့အပြစ် ကျူး လွန်လေ့ရှိကြသည်။ ပညတ်တော်သည် ကျွန်ုပ်တို့အားကောင်းသော အရာများ ကိုသာ ပြုစေလိုပြီး မကောင်းသော အရာများကို မပြုစေလိုပါ။ 
 
 
သို့သော်လည်း လူ့ဇာတိသည် အပြစ်ကျူး လွန်လေ့ရှိသည် 
 
အကြောင်းမှာ ပညတ်တော်ကို လိုက်လျှောက်ရန် အလွန်အားနည်း သောကြောင့် ဖြစ်သည်။ ကျမ်းစာမှာ ဖြောင့်မတ်သော သူသည် ယုံကြည် ခြင်း အားဖြင့် အသက်ရှင်လိမ့်မည်ဟု ဆိုထားသည်။ 
သို့သော် ဤဆိုးညစ်သော ဇာတိရှိသူ ဖြောင့်မတ်သူသည် ယုံကြည် ခြင်းဖြင့် အသက်ရှင်နိုင်မည်နည်း။ “ဇာတိအသွေးသားမပါဘဲ အသက်ရှင် နိုင်မည်မဟုတ်။ ဤသို့ဆိုလျှင် အဘယ်သို့ အသက်ရှင်ကြမည်နည်း” ၅း၆း။ ဖြောင့်မတ်သောသူသည် ဘုရားသခင်၌ ယုံကြည်ခြင်းဖြင့် အသက်ရှင်ကြ သည်။ ဝိညာဉ်တော်သည် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်လို သည်။ သို့သော် လူ့ဇာတိသည် အစဉ်အမြဲ အပြစ်ကျူးလွန်သည်။ ပညတ် တော်ပါးကို ချိုးဖောက်လေ့ရှိသည်။ လူ့ဇာတိသည် ထပ်တလဲလဲ အပြစ် ကျူးလွန်သည် ယနေ့ကျူးလွန်သော အပြစ်၌ မနက်ဖြန်တွင် ပြန်လည် ကျူးလွန်သည်။ လူ့ဇာတိသည် အပြစ်များစွာ ထဲမှာပင်ပို၍ ကျူးလွန်ချင် သော ဒုစရိုက်အပြစ်များ ရှိကြသည်။ လူတဦး၏ဘဝသည် အသက်တာတ လျှောက်လုံး အပြစ်ကျူးလွန်သည်။ 
ဤအရာသည် မှန်သလောမှားသလော။ ပဉ္စမမြောက်ပညတ်တော်ကို သုံးသပ်ကြပါစို့။ “မိဘကို ရိုသေစွာပြုလော့။” ဤပညတ်ကို လိုက်လျှောက် နိုင်ရန် ကြိုးစားကြသော်လည်း အချိန်တိုင်းမလိုက် လျှောက်နိုင်ကြပေ။ ဤအချက်ကို ခေတ္တာချန်လှပ်ထားကြစို့။ နောက်ဆဌမမြောက်ပညတ် တော် “လူ့အသက်ကို မသတ်နှင့်”ကို ကြည့်ကြစို့။ ကျွန်ုပ်တို့အားလုံး စိတ်မ နောဖြင့် လူ့အသက်ကို သတ်ကြသည်။ လက်တွေ့အားဖြင့် အနည်းငယ် သောသူများသာ အမှန်တကယ် လူသတ်ကြသည်။ ဤအချက်ကိုလည်း ချန်လှပ်ထားကြစို့။ အဘယ်ကြောင့်ဆိုသော် လူ့အသက်သတ်ခြင်းဟူသည် ပြင်းထန်သော အပြစ်ဖြစ်သည်။ နောက် “သူ့မယားကို မပြစ်မှားနှင့်” နှင့် “သူ့ဥစ္စာကို မခိုးနှင့်”ဟူသော ပညတ်ချက်ကို ကြည့်ကြစို့။ 
ဤအပြစ်များသည် ကျွန်ုပ်တို့ နေ့စဉ်အသက်တာ၌ လွယ်ကူစွာ ကျူး လွန်နိုင်သည်။ အချို့သောသူများသည် ပကတိခိုးတတ်ကြသည်။ သူ့မယား မှားသော အလေ့အထရှိကြသည်။ သူတို့၏အကျင့်စရိုက်အဖြစ် ထိုအရာ များကို ပြုကြသည်။ “သူတို့သည် သူ့ဥစ္စာကို မတတ်မက်ကြဘူးလား” ဆိုလျှင် ကျမ်းစာကတပ်မက်ခြင်းသည် အပြစ်ဟု ဆိုထားသည် သူတို့သည် သူတပါး ပိုင်ဆိုင်သောဥစ္စာများကို ၎င်းတို့အစ ပထမရှိသော နေရာမှ ယူသွားတတ်ကြသည်။ (ခိုးခြင်း) လူ့ဇာတိ ဤကဲ့သို့သော ဒုစရိုက်များကို မိမိအလိုအတိုင်း ကျူးလွန်လေ့ရှိသည်။ ကျွန်ုပ်တို့အပြစ် ၁၀မျိုးထဲမှ တမျိုး သို့မဟုတ် နှစ်မျိုးကိုသာ ကျူးလွန်သည် ဆိုကြပါစို့။ ထိုအရာက ကျွန်ုပ်တို့ အား ဘုရားသခင်ရှေ့၌ ဖြောင့်မတ်စေနိုင် မည်လော့။ မဖြစ်နိုင်ပါ။ ကျွန်ုပ် တို့သည် ဇာတိအားဖြင့် ဖြောင့်မတ်သောသူ မဖြစ်နိုင်ပါ။ အဘယ်ကြောင့် ဆိုသော် အသေးငယ်ဆုံး အပြစ်တစက်ကလေးကို ကျူးလွန်ခြင်းသည် လည်း အပြစ်ဖြစ်သောကြောင့်ပေတည်း။ ဇာတိသည် ထပ်တလဲလဲအပြစ် ကျူးလွန်သည်။ ယနေ့မနက်ဖြန်လာသည့်တိုင်အောင် အပြစ် ကျူးလွန် လေ့ရှိသည်။ ဇာတိသည် ဘုရားရှေ့၌ အပြစ်မကျူးလွန်ရန် မကူညီနိုင်ပေ။ ဤသို့ဆိုလျှင် “မိတ်ဆွေသင်သည် တနေ့အတွက်ပင် ဘုရားရှေ့၌ ဖြောင့် မတ်သန့် ရှင်းပါသလား။” 
ဝိညာဉ်တော်နှင့်ကင်းကွာနေသော ဇာတိကို ကြည့်ကြစို့။ “သင်သည် ဘုရားရှေ့၌ အစဉ်ဖြောင့်မတ်ပါသလား။ ဇာတိအားဖြင့် ပြည့်စုံ နေပါသ လား။” ကျွန်ုပ်တို့အိပ်နေစဉ်တွင်ပင် အပြစ်ရှိပြီး။ ပညတ်တော်ပုံရိပ်များကို ကြည့်စဉ်ပင်၊ အိပ်မက်မက်နေစဉ်နှင့် လှပသော အမျိုးသမီးအကြောင်း စိတ်ကူးယဉ်စဉ်တွင်ပင် အပြစ်ကျူးလွင်ပြီးဖြစ်သည်။ ကျွန်ုပ်တို့အားလုံး အပြစ် ကျူးလွန်ကြသည်။ ဇာတိသည် ဘုရားသခင်တားမြစ်ထားသောအ ရာများကို ကျူးလွန်၍ ဘုရားသခင်ပြုစေသောအရာများကို မပြုချင်ပေ။ ဇာတိသည် ကောင်းမည်အထင်ရှိပြီးနောက်တွင်လည်း နဂိုအတိုင်းသာဖြစ် သည်။ ကျွန်ုပ်တို့သည် ဘယ်လိုပြည့်စုံနိုင်မည်နည်း။ ကျွန်ုပ်တို့အသွေးအ သား မပြည့်စုံနိုင်တဲ့အခါ ပြည့်စုံခြင်းလမ်းသည် အဘယ်လမ်းဖြစ်သနည်း။ 
အဘယ်ကြောင့်ဆိုသော် ခရစ်တော်အားဖြင့် မဖြစ်နိုင်စရာအ ကြောင်းရှိပါသလော။ ကျွန်တော်တို့သည် အပြစ်များကို ကျူးလွန်သော သူများဖြစ်ကြသည်။ “ခရစ်တော်ရှေ့တွင် အပြစ်ကျူးလွန်ဘူးသလား” ဆိုလျှင်မှန်ပါသည် ကျွန်ုပ်တို့ကျူးလွန်ကြပါသည်။ယခုကျွန်တော်တို့ အပြစ် ကျူးလွန် ပါသလားသို့မဟုတ် မကျူးလွန်ပါသလား။ ကျွန်တော်တို့အပြစ် အဆက်လက် ကျူးလွန်ကြပါသလားဟုဆိုလျှင် ဟုတ်ပါသည် ကျူးလွန် ကြပါသည်။ ဇာတိအဖြစ်အသက်ရှင် သရွေ့အပြစ်ကို ကျူးလွန်နေဦးမည် ဖြစ်သည်။ သို့ဆိုလျှင် အဘယ်သို့ကျွန်တော်တို့ကို အပြစ်မှာ လွှတ်မြောက် စေနိုင်မည်နည်း။ ပထမချက်အနေဖြင့် သင် ဒုတိယမွေးဖွားခြင်းမခံလျှင်၊ အပြစ်ကို ကျော်လွှားရန် ခရစ်တော်ရှေ့တွင် သင်သည် အပြစ်သားဖြစ် ကြောင်း အပ်နှံရမည်။ 
ကယ်ချွတ်ခြင်းကိုရပြီးနောက် အပြစ်ကို ဝန်ခံချရမည်။ ကျွန်တော်တို့ သည် ကောင်းသောအကျင့်ကို ဇာတိအားဖြင့် လုပ်ခဲ့ဖူးသော်လည်း အပြစ် ကျူးလွန်ဖူးသောအရာ တုန့်ပြန်သည့် အခါ၌ ဝန်ခံသင့်ပါသည်။ ကျွန်တော် တို့သည် မိမိတွင် အပြစ်ရှိကြောင်းကို အမှန်ဝန်ခံရမည်ဖြစ်ပါသည်။ မိမိကိုယ်ကို ဝန်ခံပြီးနောက်ပြဿနာကို မည်ကဲ့သို့ ရင်ဆိုင်ရမည်နည်း။ ကျွန်တော်တို့သည် ယေရှုခရစ်တော်က အပြစ်အားလုံးကို ရှင်ယောဟန်၏ ရေနှစ်ခြင်းပေးခြင်းအားဖြင့် အပြစ်အားလုံးကို ယူဆောင်သွားပြီး လက်ဝါး ကားတိုင်ပေါ်၌တရားစီရင်ခြင်းခံပြီးဟုယုံကြည်ခြင်းအားဖြင့်သန့်ရှင်းဖြောင့် မတ်နိုင်ပါသလော။ သန့်ရှင်းစေနိုင်ပါသည်။