တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[7-6] ( ရောမသြဝါဒစာ ၇း၁၄-၈း၂ ) ဘုရားသခင်သည် သူ၏အမျက်တော်နှင့် သေသောသူများ

( ရောမသြဝါဒစာ ၇း၁၄-၈း၂ )
“မသေကြေနိုင်သော ကိုယ်ခန္ဓာသို့ ရှင်ပြန်ထမြောက်စေ၏။ ဘုရားသခင် သည် ထိုသူတို့၏ ခန္ဓာကိုယ်ကိုမသေကြနိုင်အောင် ပြုပြင်တော်မူ၏။ ထိုမှသာ သူတို့သည် ထာဝရကာလပတ်လုံးနာကျင်မှုကို ခံစားစေ၏။ သူတို့သည် ဘယ် သောအခါမှမသေမငြိမ်းနိုင်သည့် အရည်ပျော်စေသော မီးအိုင်ထဲသို့ ချပစ်ခြင်း ခံရကြ၏။ ဘုရားသခင်၏အမျက်တော်က ထိုသူတို့ကို ထာဝရကိုယ်ခန္ဓာ အဖြစ်ပြောင်းလဲစေပြီး ထာဝရကာလပတ်လုံးနာကျင်မှုကို ခံစားစေ၏။ သူတို့ သည် အလွန်ပူပြင်း၍ “အကျွန်ုပ်ကိုယ်ကယ်မသနားတော်မူပါ။ အကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာခံရသောကြောင့် မိမိလက်ဖျားကို ရေ၌နှစ်၍ အကျွန်ုပ်လျှာ ကို အေးစေခြင်းငှာ”ဟုပြောသော်လည်းသူတို့သည် လောင်ကျွမ်း ခြင်းအားဖြင့် ဘယ်သောအခါမျှ မသေကြေနိုင်တော့ပါ။သူတို့သည် တရားစီရင်ခြင်းခံရလိမ့် မည်ကို ထင်ရှားသောကြောင့် ကျွန်ုပ်တို့သည် ဧဝံဂေလိတရားကို ဟောကြား ရမည်။ကျွန်ုပ်တို့သည် ညှင်းပန်းနှိပ်စက်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းခံရသော် လည်း အနီးအနားတဝိုက်ရှိ ပညတ်တရားကျင့်စောင့်သောသူများထံ ဧဝံဂေ လိတရား ဟောကြားရခြင်း၏အကြောင်းရင်းမှာ ထိုသူတို့ကိုအမျက်ဒေါသနှင့် ပျက်စီးခြင်းမှ ကယ်တင်ရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် အ ကောင်းဆုံးလုပ်ဆောင်ရသည်ကို၄င်း၊ အခြားသူများအား ကယ်တင်ခြင်း၌ အ ဘယ်ကြောင့်စိတ်ဝင်စားရသည်ကို၄င်း၊ အသင်းတော်၏ဘဏ္ဍာငွေကို စာပေ ပိုင်းဆိုင်ရာ အမှုတော်ဆောင်ခြင်း၌ အဘယ်ကြောင့်အများဆုံး အသုံးပြုသည် ကို၄င်း သင်သိပါရဲ့လား။ ဘုရားကျောင်းအတွက်သာ ဘဏ္ဍာငွေများကို သုံးစွဲပါက ကျွန်ုပ်တို့သည် ချမ်းသာကြွယ်ဝနိုင်ပါ၏။ ကောင်းမွန်စွာနေထိုင်စား သောက်နိုင်သည်။သို့ဖြစ်၍ ဓနဥစ္စအများစုတို့ကို ကမ္ဘာနှင့်အဝှမ်း ဧဝံဂေလိတ ရားတော် ဖြန့်ဝေရာ၌ အသုံးပြုဖို့လိုသည်။ ဘာကြောင့်ဆိုသည်ကို သင်သိပါရဲ့ လား။ အကြောင်းမှာ ဤနည်းအားဖြင့် အခြားလူများ ကယ်တင်ခြင်းရရှိနိုင်၍ ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ကမ္ဘာတဝှမ်းလုံးနှင့် စပ်ဆိုင်သောဧဝံ ဂေလိတရားဟောကြားခြင်း၌ မိမိတို့ကိုယ်ကို ဆက်ကပ်ထားသည်။ ထိုသို့မပြု လုပ်ပါက အခြားသူများသည် အပြစ်တရား၏ ခွင့်လွှတ်ခြင်းအား လက်ခံရရှိရန် ဖြစ်နိုင်ပါ မည်လော။”
သင့်ထံ သတင်းကောင်းမဝေငှပါက ဘုရားသခင်သည်သင့်ကို ကယ် တင်ခဲ့ပြီးဖြစ်သော်လည်း သင်သည်ကယ်တင်ခြင်းရရှိနိုင်ပါ မည်လော။ ရရှိနိုင် လိမ့်မည်မဟုတ်။ ဒုတိယမွေးဖွားခြင်းမခံမီ အယောက်စီတိုင်းတို့သည် ပညတ် တရားတော်အတိုင်းကျင့်စောင့်သောသူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ခဲ့သည်ဟု ထင်မှတ်ပါသော်လည်း အပြစ်နှင့်အတူရှိ နေ၏။ ထိုသတင်းကောင်းကို မကြားမိခဲ့ပါက ဤလောကတွင် ပျက်စီးပြီးဖြစ် ပါလိမ့်မည်။ ကျွန်ုပ်တို့သည် ထိုသူတို့ကိုပျက်ဆီခြင်းနှင့် ငရဲမီးအိုင်သို့ သွား ရောက်ရန်အခွင့်ပေးနိုင်ပါသလား။ 
လုံးဝမပေးနိုင်ပါ။ ထိုသခင်ဘုရား၏ ဧဝံဂေလိတရားနှင့် ကယ်တင် ခြင်းသတင်းကောင်း သိရှိထားသောကြောင့် ထိုသူတို့ကို ငရဲသို့လားရန် အခွင့် မပေးနိုင်။ ကျွန်ုပ်တို့သည် ငရဲသို့မည်သူတို့ ဝင်ရောက်မည်။ ဘုရားသခင်၏ နိုင်ငံတော်ထဲ မည်သူတို့ဝင်ရောက်မည်နည်း။ ဘုရားသခင်၏နိုင်ငံထဲ မည်သူ တို့ဝင်ရောက်မည်ကို သိရှိကြ၏။ ထိုကြောင့် ထိုသူတို့အတွက် စိုးရိမ်ပူ ပန်မိ ပါသည်။ ဧဝံဂေလိသတင်းကောင်းကို ဟောကြားပြီး သူတို့အတွက် ဆုတောင်း ရ၏။ ဘဏ္ဍာများကို ဆုတောင်းရခြင်းနှင့် ဤအမှုတော်ဆောင်လုပ်ငန်းအ တွက် ငွေကြေးအမြောက်အများ အသုံးပြုရခြင်းတို့၏ အကြောင်းရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ ဝိညာဉ်ကယ်တင်ခြင်းသည် ဤလောက၌ အရာ ခပ်သိမ်းကို စုဆောင်းရရှိခြင်းထက် ပို၍ကောင်းမွန်၏။
ပညတ်တရားအား ဂျောင့်စောင့်သူများက မထီမဲ့မြင်ပြု၊ ညှင်းပန်းနှိပ် စက် သည့်အကြားက ဧဝံဂေလိသတင်းကောင်းအား စိတ်ရှည်သီးခံ၍ ဟောကြား ရခြင်းအကြောင်းမှာ ဘုရားသခင်၏အမျက်ဒေါသအားဖြင့် တရားစီရင်ခြင်းခံ ရမည့် ဝိညာဉ်များအား ကယ်တင်ရန်ဖြစ်သည်။ သင်သည်ဖတ်ရလွယ်ကူသော ဧဝံဂေလိသတင်းကောင်း စာစောင်အားရေးသားသင့်သည်ဟူ၍၄င်း၊ စာစောင် ငယ်ကလေးများကို တကမ္ဘာလုံးသို့ ဖြန့်ဝေလျှင် သင့်အတွက် ပိုမိုကောင်း မွန်မည်ဟု သင်ထင်ကောင်းထင်မှတ်ပါ လိမ့်မည်။ စစ်မှန်သောသတင်း ကောင်းအား ဟောကြားခြင်းသည် ကောင်းမွန် သောနည်းလမ်းတရပ်ဖြစ် ခဲ့ပါမူ ကျွန်ုပ်တို့သည် ထိုသို့ပြုလုပ်ပြီးစီးသင်သည်။ မည်သို့ဖြစ်စေ ယင်းက အ လုပ်မလုပ်သောကြောင့် ကျွန်ုပ်တို့သည် ဖြစ်နိုင်သည့် နည်းမျိုးစုံနှင့် ကြိုးစား၍ ဆက်လက်ဆုတောင်းရသည်။
သတင်းကောင်း ဒေသနာအား ဟောကြားသူကျွန်ုပ်တို့သည် ဧဝံဂေလိ တရားတော်အား ဟောကြားခြင်းမှတပါး အခြားတစုံတခု ရရှိရန် မကြိုးစားပါ။ အပြစ်သားအားလုံး ငရဲသို့အမှန်သွားရလိမ့်မည်ကို အတတ်သိရှိကြသော ကြောင့် သတင်းကောင်းဧဝံဂေလိတရားကို ဟောကြားရ၏။ ထိုကြောင့် ဤလောက၌ ပညတ်တရားအတိုင်းကျင့်စောင့် သူအများသည် မိမိတို့ဘာသာ ရေးလုပ်ဆောင်ချက်ကြောင့် ဝါကြွားနေစဉ်ထိုသူတို့သည် ဤလောက တပ် မက်မောခြင်းကို အမှန်ပင် အမှီလိုက်တတ်ကြ၏။ ပညတ်တရား ကျင့်စောင့်သူ များထံ သတင်းကောင်းအား သွန်သင်ရခြင်းအကြောင်းရင်းကို သိနားလည် ထားရမည်။ ကျွန်ုပ်တို့သည်လည်း သခင်ဘုရားက ပညတ်တော် ဆယ်ပါးထဲမှ သန့်ရှင်းသော ဥပုဒ်နေ့အား စောင့်ရှောက်စေတော်မူခြင်း၏ အကြောင်းရင်းကို လည်း နားလည်ရမည်။ ထိုအပြင်ဥပုဒ်နေ့ကို မစောင့်ရှောက် သောသူတို့ကို လည်း ကျောက်ခဲပစ်သတ်ရခြင်းအကြောင်းရင်းကို သိမှတ်ရမည်။ ဥပုဒ်တော် နေ့သည်ကား သခင်ယေရှုက ကျွန်ုပ်တို့အားလုံး၏ အပြစ်များဆေး ကြောပစ်ခဲ့ သည့် သတင်းကောင်း ဧဝံဂေလိတရားဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ သခင် ဘုရားက တလောကလုံး၏ အပြစ်အားလုံး ချေဖျက်ပစ် ခဲ့ပြီဟူသော အချက်ပါ ဝင်သည့် သခင်ဘုရားအား ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဆက်လက်ဟော ကြားရ၏။
ဤတရားဟောကြားခြင်းအားဖြင့် ပညတ်တရားကျင့်စောင့်သူတို့အပေါ် ကျွန်ုပ်၏ဒေါသအားကျေနပ်စေခဲ့ပြီးဟု ထင်မှတ်ရ၏။ သို့သော် ကျွန်ုပ်တို့ သည် ထိုသူတို့အပေါ် စိတ်သဘောထားအပြည့်အဝထားပြီး ခွင့်လွှတ်တတ် ရမည်။ ကျွန်ုပ်တို့၏ ပါးစပ်အား ဆက်လက်ပိတ်နေ မည်ဆိုပါက ထိုသူတို့ သည် ငရဲသို့ပင် လမ်းဆုံးရကြမည်။ ကျွန်ုပ်တို့ဧဝံဂေလိသတင်းကောင်း ဒေသ နာတော် ကြားပြောသူတို့သည် ပညတ်တရားကျင့်စောင့်သူများအား သူတို့၏ ငွေကြေးနှင့် ကျွန်ုပ်တို့ကို မထီမဲ့မြင်ပြုရန် အခွင့်မပေးနိုင်။ ထိုအပြင် ကျွန်ုပ် တို့ကိုသူတို့၏ဇာတိဆန်သော လွှမ်းမိုးမှုများပြုလုပ်ပြသရန် အခွင့်မပေးနိုင်ပေ။ 
ကျွန်ုပ်တို့သည် အခြားသူများအပါအဝင် လူအပေါင်းတို့ထံ ဧဝံဂေလိ တရားတော်အား ဟောကြားရမည်။ “တပါးသူအပေါင်းတို့၏ အသက်ဝိညာဉ် သည်လည်း မိမိတို့ မိသားစုဝင်မျာ၏ အသက်ဝိညာဉ်များကဲ့သို့ အဖိုးထိုက် ကြကြောင်း သိရှိပြီးဖြစ်၏။ ကျွန်ုပ်တို့အားလုံး ဘုရားသခင်ထံတော်ပါးသို့ အတူတူ ဖြစ်ကြသောကြောင့် အခြားသူများလည်း အဖိုးထိုက်တန်ကြောင်း တွေးတောသိမှတ်ရမည်”(၅၁း၄-၅)။ အသက်ဝိညာဉ်များသည် ငရဲသို့ပို့ ဆောင် ခြင်းခံရကြသောကြောင့် ကျွန်ုပ်တရားဒေသနာ ဟောကြားသည့်အခါတိုင်း ကယ်တင်ခြင်းသမ္မာတရားအားမဟောကြားပဲမနေနိုင်ပေ။ မိမိတို့ မိသားစုဝင် များ မိတ်ဆွေများထံ သတင်းကောင်းဟောကြားရမည်။ ကျွန်ုပ်တို့ လိုအပ် သည့်အရာများအတွက် ဆုတောင်းပြီး တောင့်တသည့် အရာတစုံတခုအား ကျန်ရစ်စေပါက ယင်းကိုစာပေနှင့် ဟောကြားရမည်။ ယင်းကို နည်းမျိုးစုံနှင့် ဟောကြားရမည်။ အသက်ဝိညာဉ်တဦးပြန်လာပါက ပွဲပြင်တရပ်ပြင်ဆင်ရ၏။ ဧဝံဂေလိသ တင်းလာပါက ပွဲပြင်တရပ် ပြင်ဆင်ရ၏။ ဧဝံဂေလိသတင်း ကောင်းဟောကြားဖို့ ရန်အတွက်တွေ့ဆုံသည့်အစည်းအဝေးရှိသည့်အခါတိုင်း အသက်ဝိညာဉ်ဖမ်း ရတတ်သည်။
ရံဖန်ရံခါ ကျွန်ုပ်တို့သည် ထိုသူတို့ထံသတင်းကောင်း ဟောကြားရန်သာ စီစဉ်သည့်အခါ လောကီဘက်သို့ လိုက်တတ်ကြ၏။ ထိုနောက် ကျွန်ုပ်တို့ အလွန်ဝမ်းနည်းရသည်။ သို့သော်အဆုံး၌ ကျွန်ုပ်တို့သည် စိတ်ပျက်မှုခံစား ချက်မပါရှိဘဲ သတင်းကောင်းအား ဟောကြားဝေငှတတ်သည်။ ယနေ့တွင် သင်တို့ကို အကျွန်ုပ်တစုံတခုကြားသိစေချင်ပါသည်။ ကျွန်ုပ်တို့ အနီးအနားတ ဝိုက်တွင် ပညတ်တရားကျင့်စောင့်သူ မြောက်များစွာရှိနေကြ၏။ ထိုသူတို့ထံ သတင်းကောင်း ဟောကြားရမည်ကို သတိပြုပါ။ ထိုသူတို့သည် ပညတ်တ ရားအား ကျင့်စောင့်ဟန်ဆောင်ကြ၏။ တနေ့တာကာလပင် လုံးလုံးအပြစ်မ ပြုဘဲ မနေနိုင်ကြသော်လည်း ဟန်ဆောင်တတ်ကြ၏။ ဆုတောင်းခြင်းနှင့် နေ့စဉ်နောင်တရရှိခြင်းဖြင့် နေ့တိုင်းပြုလုပ်မိသည့်အပြစ်၏ ခွင့်လွှတ်ခြင်းအား ရရှိနိုင်သည့်ဟု ထင်မှတ်ကြ၏။ သခင်ယေရှုက ကျွန်ုပ်တို့၏အပြစ်အား လုံးချေဖျက်ခဲ့ပြီးဖြစ်သည်ကို ပြောကြားသည့်သတင်းကောင်းအား ငြင်းပယ် ကြ၏။ သူတို့သည် ယေရှုဘုရားက မူလအပြစ်သာယူဆောင် သွားခဲ့သည်ဟု ထင်မှတ်ကြ၏။ အပြစ်၏ခွင့်လွှတ်ခြင်း အစစ်အမှန်ကို မသိရှိကြသောကြောင့် နေ့စဉ်အပြစ်မှခွင့်လွှတ်ခြင်းမပါရှိဟု ထင်မှတ်ကြ၏။ ကယ်တင်ခြင်းသမ္မာတ ရားအား ကြားသိခြင်းမရှိသော သူတို့ကိုပညတ်တရား ကျင့်စောင့်သောသူ များဟု ခေါ်သည်။ ကျွန်ုပ်တို့သည် ထိုသူတို့ကို ဘုရားသခင်၏ ဖြောင့်မတ် ခြင်းဧဝံဂေလိသတင်းကောင်း ဟောကြားခြင်းဖြင့် အပြစ်တရားမှ ကယ်တင် ရမည်။
 
 
အရေဖျားလှီးခြင်းသည် စိတ်နှလုံးနှင့်စပ်ဆိုင်၏
 
သင်သည် ယုဒလူဟု သမုတ်ခြင်းကို ခံသောသူ၊ ပညတ်တရားတော်ကို ကိုးစားသောသူ၊ ဘုရားသခင်ကို အမှီပြု၍ ဝါကြွားသောသူ၊ အလိုတော်ကို သိ သောသူ၊ ပညတ်တရားတော်ကို လေ့ကျက်သဖြင့် ခြားနားသောအရာတို့ကို ပိုင်းခြားတတ်သောသူဖြစ်သည်နှင့် လူတန်းတို့အားလမ်းပြသောသူ မှောက် မိုက်၌နေသော သူတို့ကို လင်းစေသောသူ၊ လူမိုက်တို့ကို ဆုံးမတတ်သောသူ၊ ပညတ်တရားတော်အားဖြင့် ပညာကို၄င်း၊ သမ္မာတရားကို၄င်း ရိပ်မိသောသူ ဖြစ်သည်ဟူ၍ ကိုယ်ကိုထင်မှတ်တတ်သည် မှန်လျှင် သူတပါးကို ဆုံးမ လျက်ပင် ကိုယ်ကိုမဆုံးမသေလော။ သူမယားကို မဆုံးမနှင့်ဟု ဆိုလျက်ပင် ကိုယ်တိုင်ပြစ် မှားသလော။ ရုပ်တုကို စက်ဆုတ်ရွံရှာလျက်ပင် ဗိမာန်တော်ကို လုယူဖျက်ဆီးသလော။ ပညတ်တရားတော်ကို အမှီပြု၍ ဝါကြွားလျက်ပင် ထိုတရားကိုလွန်ကြူး၍ ဘုရားသခင်၏ဂုဏ်အသရေတော်ကို ရှုတ်ချသလော။ အကြောင်းမူကား ကျမ်းစာ၌လာသည်နှင့်အညီ၊ တပါးအမျိုးသားတို့သည် သင်တို့အကျင့်ကို ထောက်၍ ဘုရားသခင်၏နာမတော်ကို ကဲ့ရဲ့တတ်ကြ၏။
သင်သည် ပညတ်တရားကိုကျင့်လျင်၊ အရေဖျားလှီးခြင်းအားဖြင့် အကျိုး ရှိ၏။ ပညတ်တရားကို လွန်ကျူးလျှင် သင်၏အရေဖျားလှီးခြင်းသည် အရေ ဖျားမလှီးဘဲ ဖြစ်ပြန်၏။ ထိုမှတပါးအရေဖျားလှီးခြင်းကို မခံသောသူသည် တရား၌ပါသော ပညတ်တို့ကို စောင့်ရှောက်လျင် ထိုသူ၏အရေဖျားမလှီးဘဲ အဖြစ်ကို အရေဖျားလှီးခြင်းအဖြစ်ကဲ့သို့ မှတ်ရသည်မဟုတ်လော။ အရေဖျား လှီးခြင်းကို မက်သာသူသည်လည်း ကိုယ်အလိုအလျောက်ပညတ်တရားကို ကျင့်လျှင်၊ ကျမ်းစာနှင့်အရေဖျားလှီးခြင်းရှိလျက်ပင် ပညတ်တရားကို လွန် ကျူးသော သင်ကိုတရားတွေ့၍ အရှုံးခံစေမည်မဟုတ်လော။ အကြောင်းမူ ကား အပြစ်အားဖြင့်သာ ယုဒလူဖြစ်သောသူသည် ယုဒလူမှန်မဟုတ်။ အပြင် အားဖြင့်သာ ကိုယ်အသား၌ အရေဖျားလှီးခြင်းသည် အရေဖျားလှီးခြင်းအ မှန်မဟုတ်။ အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေ ဖျားလှီးခြင်းသည်လည်း၊ ကျမ်းဟောင်းတရာအားဖြင့်မဟုတ်ဘဲ၊ ဝိညာဉ်တော် တရားအားဖြင့် စိတ်နှလုံးနှင့် စပ်ဆိုင်၏။ ထိုသိုအရေဖျားလှီးခြင်းကို ခံသော သူ၏ အချီးအမွမ်းသည် လူအလိုနှင့်မဆိုင်၊ ဘုရားသခင်အလိုတော်နှင့် ဆိုင်သ တည်း။
 
 
ကျွန်ုပ်တို့သည် စိတ်နှလုံးထဲ၌ အရေဖျားလှီးခြင်းကို ခံရမည်
 
“အရေဖျားလှီးခြင်းသည် စိတ်နှလုံးနှင့်စပ်ဆိုင်၏” စိတ်နှလုံးနှင့် ယုံကြည် သည့်အခါ ကယ်တင်ခြင်းကို ရရှိကြ၏။ စိတ်နှလုံးထဲ၌ ကယ်တင်ခြင်းကို ကျွန်ုပ်တို့ရရှိမည်။ဘုရားသခင်က“အရေဖျားလှီးခြင်းသည်လည်း၊ကျမ်းဟောင်း တရားအားဖြင့်မဟုတ်ဘဲ၊ ဝိညာဉ်တော်တရားအားဖြင့် စိတ်နှလုံးနှင့်စပ်ဆိုင် ၏။ ထိုသို့အရေဖျားလှီးခြင်းကို ခံသောသူ၏အချီးအမွမ်းသည် လူ့အလိုနှင့် မဆိုင်ဘုရားသခင်အလိုတော်နှင့် ဆိုင်သတည်း”ဟု မိန့်တော်မူသည်(၅း၂၀၊ ၇း၁၃)။
ကျွန်ုပ်တို့သည် စိတ်နှလုံးထဲ၌ အပြစ်၏ခွင့်လွှတ်ခြင်းကို ရရှိရမည်။ စိတ် နှလုံးထဲ၌ အပြစ်၏ခွင့်လွှတ်ခြင်းကို မရရှိပါက ယင်းသည် တရားမဝင် မခိုင် လုံပေ။ လူသည် “အတွင်းလူ” နှင့် “အပြင်လူ” ဟူ၍ရှိကြ၏။ လူတိုင်းမိမိတို့ အတွင်းလူအားဖြင့် အပြစ်၏ခွင့်လွှတ်ခြင်းကို ရရှိရမည်။ တမန်တော်ကြီး ရှင်ပေါလုက ယုဒလူတို့ထံ “အရေဖျားလှီးခြင်းသည် စိတ်နှလုံးနှင့်သာ စပ်ဆိုင် ၏” ဟု မိန့်မှာထားသည်။ ထိုသို့ဆိုသော် ယုဒလူတို့က မည်သည့်အရေဖျားကို လှီးခဲ့ကြသနည်း။ ထိုသူတို့သည် အပြစ်အားဖြင့်သာ ကိုယ်အသား၌ အရေဖျား လှီးကြ၏။ သို့သော်ရှင်ပေါလုက အရေဖျားလှီးခြင်းသည် စိတ်နှလုံးနှင့်သာ စပ်ဆိုင်၏ဟု မိန့်ဆိုထားသည်။ “ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်လာကြသည့်အခါ ကျွန်ုပ်တို့စိတ်နှလုံးထဲ၌ စကားပြောတော်မူ၏။ ပေါလု က အပြစ်အားဖြင့်ကိုယ်အသား၌အရေဖျားလှီးခြင်းကိုမဆိုလိုဘဲ၊ အတွင်းလူ အားဖြင့် ဝိညာဉ်တော်၌အရေဖျားလှီးခြင်းနှင့်စိတ်နှလုံးထဲ၌ အပြစ်၏ခွင့်လွှတ် ခြင်းကို ဆိုလိုသည်။ သူတို့တွင် အချို့မယုံသော်လည်း အဘယ်ဆိုဘွယ် ရှိသနည်းဟုပြောသောအခါ “အချို့တို့သည် စိတ်နှလုံးထဲ၌ မယုံကြည်ပါက” ဟုဆိုလိုခြင်းဖြစ်၏။ အပြင်ပန်းအားဖြင့် ယုံကြည်ခြင်းကို မဆိုလိုဘဲ စိတ်နှ လုံးထဲ၌ ယုံကြည်ခြင်းကို ဆိုလို၏။ ရှင်ပေါလု ဆိုလိုသည့်အဓိပ္ပါယ်ကို သိရှိ ထားသင့်ပြီး အပြစ်၏ခွင့်လွှတ်ခြင်းကိုလည်းနားလည်ထားရမည်။ ဘုရားသခင် ၏နှုတ်ကပတ်တော်အားဖြင့် စိတ်နှလုံးထဲ၌ အပြစ်၏ ခွင့်လွှတ်ခြင်းကို မည်ကဲ့ သို့ရရှိနိုင်ကြောင်းကိုလည်း လေ့လာထားရမည်။သူတို့တွင် အချို့မယုံသော် လည်း အဘယ်ဆိုဘွယ်ရှိသနည်း။အဓိပ္ပါယ်မှာယုဒလူတို့သည် အသွေးအသား အားဖြင့် အာဗြဟံ၏အမျိုးမှ ဆင်းသက်ခဲ့သူ များဖြစ်ကြသော်လည်း ယေရှုခ ရစ်ကို မိမိတို့ကယ်တင်ပိုင် ရှင်သခင်အဖြစ်မယုံကြည်ပါက အဘယ်ဆိုဘွယ်ရှိ သနည်းဟု ဆိုလိုခြင်းဖြစ်သည်”(၂၀း၃-၁၇)။
ထိုသူတို့မယုံကြည်ခြင်းက ဘုရားသခင်၏ သစ္စာတော်အား အကျိုးမ ရှိဖြစ်စေပါမည်လော။ ဘုရားသခင်သည် အာဗြဟံအမျိုးမှဆင်းသက်ခဲ့သူများ ၏ အပြစ်အပါအဝင်ကျွန်ုပ်တို့၏ အပြစ်များအားလုံးချေဖျက်ခဲ့ပြီ ဆိုသည့်အ ချက်သည် တရားမဝင်ဖြစ်လိမ့်မည်လော။ ထိုသို့မဖြစ်နိုင်ရာ။ ရှင်ပေါလုက အသွေးအသားအားဖြင့် အာဗြဟံ၏အမျိုးအနွယ်များဖြစ်သော ယုဒလူတို့ပင် ဘုရားသခင်၏ သားတော်ယေရှုခရစ်သည် ကယ်တင်ရှင်ဖြစ်ကြောင်းကို၄င်း၊ သူ၏ဗတ္တိဇံခံခြင်းနှင့် အသေသတ်ခံရခြင်းဖြင့် ဤလောက၏ အပြစ်များတို့ကို ယူဆောင်သွားခဲ့ကြောင်းကို၄င်း ယုံကြည်သည့်အခါ ကယ်တင်ခြင်းရရှိနိုင်၏ ဟုမြွက်ဆို၏။ ကယ်တင်တော်မူခြင်းနှင့် ခရစ်တော်ယေရှုအားဖြင့် ကရုဏာတ ရားသည် တရားမဝင် ဖြစ်မလာနိုင်ပေ။
သူတို့တွင် အချို့မယုံသော်လည်း အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့မယုံ ဘဲနေခြင်းအရာသည် ဘုရားသခင်၏ သစ္စာတော်ကို ဖျက်နိုင်သလော။ မဖျက် နိုင်ရာ။ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်သောအခါ အောင်မြင်တော်မူ၏ဟု ကျမ်းစာလာသည်နှင့်အညီ လူခပ်သိမ်းတို့သည် သစ္စာ ပျက်သော်လည်း ဘုရားသခင်၏သစ္စာတော်သည် တည်စေသတည်း ဟု မိန့်ဆိုထားသည်။ သခင်ဘုရားသည် သူ၏နှုတ်တော်ထွက်အားဖြင့် ကတိ တည်စေ၍ သူ၏ကတိတော်အား သူကိုယ်တိုင် ပြီးစီးစေခြင်းဖြင့် ယုံကြည် သောသူတို့ကို သန့်ရှင်းစေတော်မူ၏။ ဘုရားသခင်သည် သူ၏ဖြောင့်မတ်ခြင်း တရားအား ထင်ရှားစေလိုတော်မူပြီးလျှင် သူ့ကို တရားစီရင်သည့်အခါ ကတိ ထားတော်မူသောအရာအား ပြီးစီးစေသည့်နောက် နှုတ်တော်ထွက်အားဖြင့် သခင်ယေရှု၌ အယုံအကြည်ရှိသော သူတို့ကို ဖြောင့်မတ်စေရန်ဖြစ်သည်။ စိတ်နှလုံးထဲ၌ အပြစ်၏ခွင့်လွှတ်ခြင်း တရားအား ရရှိသောသူတို့ပင် သူ၏နှုတ် ကပတ်တော်အားဖြင့် ဖြောင့်မတ်စေခြင်းအားလိုအပ်ကြပြီး ကျွန်ုပ်တို့ကို တရားစီရင်သည့်အခါ သူ၏နှုတ်တော်ထွက်စကားနှင့် အောင်မြင်ကြစေရန် လိုအပ်သည်။
တမန်တော်ရှင်ပေါလုကအပြင်လူနှင့်အတွင်းလူ အကြောင်းပြောကြား ထား၏ရှင်ပေါလုက “အပြင်လူနှင့်အတွင်းလူ” ရှိကြောင်းပြောကြားထားသည်။ ကျွန်ုပ်တို့လည်း“အပြင်လူနှင့်အတွင်းလူ” ရှိကြ၏။ ၄င်းတို့မှာ ဇာတိပကတိနှင့် ဝိညာဉ်ပကတိတို့ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် သူဖြစ်သည့်အတိုင်းဖြစ်ကြ၏။ ပေါလုက ၄င်းတို့ကို ပြောကြားထား၏။ ၇း၁ က “ငါတို့၏မတရားသောအမှု သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေလျှင် အဘယ် သို့ဆိုရသနည်း။ ဘုရားသခင်သည် ဒဏ်ပေးတော်မူလျှင်၊ မတရားသော အမှုကို ပြုတော်မူသလော။ ထိုသို့ဆိုသော် လူ့သဘောအတိုင်းငါဆို၏”ဟု မိန့်တော်မူသည်။ ပေါလုက အပြင်လူသည် သန့်ရှင်းစင်ကြယ်သည်ဟုမဆိုလို ပေ။သူ၏ဇာတိပကတိသည် ညစ်နွမ်းလျက်သေသည်တိုင်အောင် မပြစ်အား ဆက်လက်ပြုလုပ်လျက်ရှိသည်။ ဤကမ္ဘာပေါ်ရှိ လူသားအားလုံးတို့ပါဝင် သည်။ ထိုကြောင့် ဘုရားသခင်သည် လူတို့ကို ကယ်တင်တော်မူခဲ့ပါက သူ၏ ဖြောင့်မတ်ခြင်းအား မပြသဘဲနေတော်မူမည်လော။ သူတို့၏ အပြင်လူသည် အားနေသော်လည်း ဘုရားသခင်သည် လူသားများကို ကယ်တင်တော်မူခဲ့ ပါက ဘုရားသခင်သည် မဖြောင့်မတ်ဘဲ ရှိတော်မူမည်။ ဘုရားသခင်၏ ဖြောင့် မတ်ခြင်းတရားတော်ကို ထင်ရှားစေလျှင် အဘယ်သို့ ဆိုရသနည်း။ ထိုသို့ဆို သော် လူသဘောအတိုင်းငါဆိုသတည်း။ လောကသားတို့ကို အဘယ်သို့ စစ် ကြောစီရင်တော်မူမည်နည်းဟုပြောဆို၏။ ပါလုက ကျွန်ုပ်တို့၏ အပြင်လူသန့် ရှင်းသောကြောင့်သာ ကယ်တင်ခြင်းမရရှိကြောင်းရှင်းပြထားသည်။
ကျွန်ုပတို့၌ အတွင်းလူနှင့်အပြင်လူရှိကြ၏။ “သို့ဖြစ်၍ ပေါလုကစိတ်နှ လုံးနယ်ပယ်နှင့်ပတ်သက်၍ ပြောကြားထား၏။ အချို့သောသူတို့သည် မယုံ ကြည်ပါက အဘယ်ဆိုဘွယ်ရာရှိသနည်း။ ထိုသူတို့၏ မယုံကြည်ခြင်းက ဘုရားသခင်၏ သစ္စာတရားအား အချည်းနှီးဖြစ်စေပါမည်လော။ အရေဖျားလှီး ခြင်းသည် စိတ်နှလုံးနှင့် စိပ်ဆိုင်၏။” တကြိမ်တခါ ဖြောင့်မတ်သောသူဖြစ်ပြီး အပြစ်နှင့်အားအင်ချည့်နဲ့သော ကျွန်ုပ်တို့၏ အပြင်လူအပေါ် အခြေခံသော ယုံကြည်ခြင်းအားတည်ဆောက်ခြင်းဖြင့်နောင်တနေ့အပြစ်သားဖြစ်ပါမူ စစ်မှန် သောယုံကြည်ခြင်းမမီပါ။ တမန်တော်ရှင်ပေါလုသည် သူ၏အပြင်လူအပေါ်၌ မျှော်လင့်ခြင်းမထားရှိခဲ့ပေ။ အပြစ်များလား။ ချေဖျက်ခြင်းခံရသော သူ၌ လည်း အပြင်လူနှင့်အတွင်းလူဟူ၍ရှိကြ၏။ ထိုသူတို့သည် မိမိတို့ အပြင်လူ အားတွေ့ရှိသည့်အခါ မည်ကဲ့သို့ ခံစားကြသနည်း။ စိတ်ပျက်ရုံမှလွဲ၍ မည်သို့ မျှမတတ်နိုင်ချေ။ ကျွန်ုပ်တို့၏အပြင်လူကို ကြည့်ကြပါစို့။ တခါတရံကောင်း မွန်ကြ၏ (၂း၁၅)။ 
သို့သော်ရံဖန်ရံခါညစ်နွမ်းတတ်ကြသည်။သမ္မာကျမ်းစာ၌မိန့်တော်မူသည် ကား ကျွန်ုပ်တို့၏အပြင်လူသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းကိုခံရ၏ဟူ၍ဖြစ်သည်။ ကျွန်ုပ်တို့၏အပြစ်လူသေသည့်အခါ ခရစ်တော်ယေရှုသည် ကျွန်ုပ်တို့အပြင်လူ၏ အပြစ်များအားလုံး ခွင့်လွှတ်၏။ မိမိတို့ကိုကိုယ်ကြည့်သည့်အခါ ကျွန်ုပ်တို့သည် ရံဖန်ရံခါ စိတ်ပျက်မိတတ် သည်။ ကျွန်ုပ်တို့အပြင်လူသည် ကောင်းမွန်စွာ အလုပ်လုပ်သည့်အခါ၌ မျှော် လင့်ချက်ရှိသယောင်ထင်မြင်ရ၏။ သို့သော်ထိုအရာတို့က မျှော်လင့်ချက်အ တိုင်း ဖြစ်မလာစေသောအခါ စိတ်ပျက်စရာဖြစ်လာသည်။ 
မိမိတို့အပြင်လူ စိတ်ပျက်သည့်အခါ ယုံကြည်ခြင်းသည် ပျက်စီးသည် ဟုလည်း ထင်တတ်၏။ သို့သော် ငြားလည်း ထိုအရာမမှန်ကန်ချေ။ ကျွန်ုပ်တို့ အပြင်လူသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းခံခဲ့ရ ပြီ။ အပြစ်၏ခွင့်လွှတ်ခြင်း အားရရှိသောသူတို့သည်လည်း မိမိတို့ကိုယ်ကာ ယအားဖြင့် ဆက်လက်၍ အပြစ်ပြုမိလေ့ရှိသည်။ ထိုအရာသည် အပြစ်ပြုမိ ခြင်း မဟုတ်ပါလား။ ဟုတ်ပါ၏။ သို့သော်ယင်းသည် သေခဲ့ပြီးသော အပြစ်တ ခုဖြစ်သည် ထိုအပြစ်များသည် လက်ဝါးကပ်တိုင်ပေါ် ခရစ်တော်နှင့်အတူ ယူ ဆောင်သွားခဲ့သောကြောင့် အသေဖြစ်၏။ နက်သည့်ပြဿမဟုတ်ချေ။ သို့သော် သခင်ဘုရားရှေ့တော်မှောက်၌ ကျွန်ုပ်တို့၏နှလုံးသားသည် မမှန်ကန် သည်ဖြစ်သောကြောင့် နက်နဲသည့်ပြဿနာတရပ်ဖြစ်သည်။
အပြစ်၏ခွင့်လွှတ်ခြင်းအား လက်ခံရရှိပြီးသည့် နောက်မကြာမီများစွာ သောအပြစ်တို့သည် ဖြောင့်မတ်သောသူ ထံဖော်ပြလေ့ရှိတတ်၏။ “ထို ကြောင့် ကျွန်ုပ်တို့သည် အချိန်တိုင်း စက္ကန့်တိုင်း အပြစ်မပြုဘဲ မနေနိုင်သည့် အပြစ်လူဇာတိအပေါ် အခြေခံသည့် ကယ်တင်ခြင်းတရားသည် မပြည့်မစုံဖြစ် လာပါလိမ့်မည်။ ကျွန်ုပ်တို့၏ ကောင်းသောအကျင့်များအပေါ် အခြေခံပါက အာဗြဟံ၌လည်းရှိသည့်ဘုရားသခင်၌ယုံကြည်ခြင်းမှသွေဖယ်လိမ့်မည်။တမန် တော်ရှင်ပေါလုက “အရေဖျားလှီးခြင်းသည် စိတ်နှလုံးနှင့်စပ်ဆိုင်သည်” ဟု ဆိုထား၏။ ကျွန်ုပ်တို့သည် အပြင်လူ၏ဇာတိ၏ကောင်းသောအကျင့် များ ကြောင့်မဟုတ်ဘဲစိတ်နှလုံးထဲ၌ ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်သန့်ရှင်းသော သူများဖြစ်လာကြသည်။ သန့်ရှင်းစေခြင်းသည် ကျွန်ုပ်တို့အပြင်လူဇာတိက ဘုရားသခင်မိန့်တော်မူသည့်အတိုင်းလ ုပ်သည်မလုပ်သည် ဆိုသည့်အပေါ် အမှီမပြုချေ။(၇း၂-၃)။
ထိုအရာကို သင်နားလည်ပါသလား။ ပြဿနာကား ကျွန်ုပ်တို့သည် အပြင်လူနှင့်အတွင်းလူရှိကြပြီး ၄င်းတို့သည် ထပ်တူကျကြ၏။ ထို့ကြောင့် အပြင်လူ(ဇာတိ)အပေါ်အလေးပေးလေံရှိကြ၏။ အပြင်လူဇာတိသည် ကောင်း မွန်စွာလုပ်ဆောင်သည့်အခါ ကိုယ့်ကိုကိုယ်ယုံကြည်ကြ၏။ သို့သော် ထို အပြင်လူတို့က ကောင်းကောင်းမလုပ်ဆောင်ပါက စိတ်ပျက်တတ်ကြသည်။ ရှင်ပေါလုကထိုအရာ သည်မှန်ကန်သော ယုံကြည်ခြင်းမဟုတ်ဟု ပြောထား သည်။ အရေဖျားလှီးခြင်းသည် စိတ်နှလုံးနှင့်စပ်ဆိုင်၏ “စစ်မှန်သော သမ္မာတ ရားကားအဘယ်နည်း။ ကျွန်ုပ်တို့မည်ကဲ့သို့ သိရှိပြီး စိတ်နှလုံးနှင့်ယုံကြည်ရ သနည်း။ ရှင်မဿဲ ခရစ်ဝင်အခန်းကြီး ၁၆၌ ယေရှုက ပေတရုအား “ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်း”ဟု မေးတော်မူ၏။ ထိုရှင်ပေတရုက သူ၏ ယုံကြည်ခြင်းအား ဝန်ခံယင်း “ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသောဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်”ဟု လျှောက်လေ၏။ ပေတရုက စိတ်နှလုံးနှင့်ထိုသို့ ယုံကြည်ခဲ့၏။ သခင်ယေရှုက “ရှိမုန်ဗာယောန၊ သင်သည် ဤအကြောင်းအရာကို သင့်အားဖော်ပြသည်မ ဟုတ်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်သည် ဘော်ပြတော်မူ သတည်း”ဟုမိန့်တော်မူ၏။ 
 
 
အာဗြစံတွင် အပြစ်မရှိ
 
ဘုရားသခင်သည် သူ့ကိုနတ်တော်ထွက် သမ္မာတရားနှင့် လမ်းပြပို့ ဆောင်တော်မူ၍ သူကိုလူမျိုးအပေါင်းတို့၏ ဖခင်ဖြစ်မည့်အကြောင်းသူ၌ သား ပေးမည့်အကြောင်း ဇာတိထားတော်မူ၏။ “ဘုရားသခင်သည် သူ၏ဘုရား ဖြစ်မည့်အကြောင်း သူ့နောက်တွက်သာ စဉ်မြေးဆက်များဆက်ခံမည့်အ ကြောင်း မိန့်တော်မူ၏။ အာဗြစံအား သူ၏မိသားစုအိမ်သားများနှင့် သားစဉ် မြေးဆက်များသည် အာဗြဟံနှင့် ထာဝရဘုရားစပ်ကြား ပဋိညာဉ် အမှန်အ သားအဖြစ် အရေဖျားလှီးကြရန် မိန့်တော်မူ၏။” (၇း၄)အရေဖျားလှီး ဖြတ် ခြင်းမှ အမာရွက်များသည် သင့်အတွက် ငါသည် ဘုရားသခင်ဖြစ်၏ဟူသည့် ပဋိညာဉ်တရားတော်ဖြစ်သည်ဟု ထာဝရဘုရားမိန့်တော်မူသည်။ အာဗြဟံ သည် ပညတ်တရြးတော်ကို သူ၏စိတ်နှလုံးနှင့် ယုံကြည်၏။ ဘုရားသခင် သည်သူ့အတွက် ဘုရားဖြစ်ပြီး၊ သူ၏စိတ်နှလုံးကို ကောင်းကြီးပေးလိမ့်မည်ဟု သူယုံကြည်သည်။ ဘုရားသခင်သည်လည်း သူ၏သားစဉ်မြေးဆက်များအ တွက် ဘုရားဖြစ်မည်ဟု ယုံကြည်ခဲ့၏။ သူကိုယ်တိုင် ဘုရားသခင်ကို ယုံကြည်ခဲ့၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ဘုရား၊ ကျွန်ုပ်တို့၏ ကယ်တင် ရှင်ဖြစ်ကြောင်း စိတ်နှလုံးနှင့်ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်သောသူဖြစ်စေ တော်မူ၏။ မိမိတို့စိတ်နှလုံးနှင့် ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းခံရကြ၏။ အခြားသော အရာတစုံတခုကမျှ ကျွန်ုပ်တို့ကို မကယ်နုတ်နိုင်ပေ။ ထာဝရဘု ရားသည် ကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်ကြောင်းကို၄င်း၊ ယေရှု၏ ဗတ္တိဇံခံခြင်း နှင့် လက်ဝါးကပ်တိုင်အပေါ်သူ၏သေခြင်းတို့က ကျွန်ုပ်တို့အပြစ်အားလုံး ချေ ဖျက်ခဲ့ကြောင်း မိမိတို့စိတ်နှလုံးနှင့် ယုံကြည်ပါက ဖြောင့်မတ်သောသူများ ဖြစ်လာကြ၏။ စိတ်နှလုံးနှင့် ယုံကြည်ခြင်းက ကျွန်ုပ်တို့ကို ကယ်လွှတ်၏။ ထို ကြောင်း သမ္မာကျမ်းစာက “ဖြောင့်မတ်ရာသို့ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။” 
ယခုအခါ ကျွန်ုပ်တို့ ရှင်းလင်းစွာ လုပ်ဆောင်ရသည့် အရာကား မိမိ ဇာတိသဘောကောင်းမြတ်ခြင်းကြောင့်မဟုတ်ဘဲ စိတ်နှလုံးနှင့်ယုံကြည်ခြင်း ကြောင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်စေခြင်းကို ခံရကြသည်။ သခင်ယေရှုက ကျွန်ုပ်တို့၏ အပြင်လူအား အခြေအနေတရပ်နှင့် ဆက်စပ်ပြီး “သင်တို့သည် အခြေအနေတရပ်အောက်၌ ရှိနေသော်လည်း ငါသည် သင်တို့၏အပြစ်အား လုံးချေဖျက်လိမ့်မည်။ သင်တို့သည် အပြစ်ကို ရှောင်ကြည်ပါက ငါ၏သား သမီးဖြစ်ကြလိမ့်မည်။ သင်တို့သည် ထိုသို့ပြုလုပ်ရန် ပျက်ကွက်ပါက ငါ၏ သားသမီးမဖြစ်နိုင်ကြ”ဟု ပြောကြားပါက ကျွန်ုပ်တို့သည် ဖြောင့်မတ်သော သူများ ဖြစ်မလာနိုင်ချေ။ 
ကျွန်ုပ်တို့သည် စိတ်နှလုံးနှင့် ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်သော သူဖြစ် စေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြင်လူအား အခြေအနေများနှင့် ဆက်စပ်ခဲ့ပါက ကျွန်ုပ်တို့ကို ဖြောင့်မတ်သောသူများဖြစ် စေနိုင်ပါမည်လား။ ဘုရားသခင်သည် ယော်ဒန်မြစ်က အသေသတ်ခံရခြင်းနှင့် တရားစီရင်ခြင်း ခံရ၍ ၄င်းသင်၏အပြစ်များ ယူဆောင်ကာ သင့်ကိုကယ်တင်ခဲ့ကြောင်း သင်ယုံ ကြည်ပါသလား။ သင်သည် ဤအရာကို မည်ကဲ့သို့ ယုံကြည်လက်ခံပါသ နည်း။ သင်၏စိတ်နှလုံးနှင့်ယုံကြည်သည်မဟုတ်ပါလား။ ထာဝရဘုရားက “သင်၏ကြီးမားသော အပြစ်ကို ငါခွင့်လွှတ်၊ သင်၏သေးငယ်သော အပြစ်တို့ ကိုသာ ငါခွင့်လွှတ်မည်။ ဤအရာကို ကောင်းမွန်စွာ မစောင့်ထိန်းပါက သင် ၏ကယ် တင်ခြင်းကို ငါမခိုင်မမြဲ ဖြစ်စေမည်”ဟု မိန့်တော်မူခဲ့လျှင် သင်သည် ပြည့်စုံစွာ ကယ်တင်ခြင်းရရှိနိုင်ပါမည်လား။ ကျွန်ုပ်တို့၏ အသွေးအသားအပြင် လူသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းမမှီနိုင်။ အမြဲပင်အားနည်းလျက်ရှိ သည်။ ဘုရားသခင်သည် စိတ်နှလုံးနှင့်ယုံကြည်သောသူတို့ကို ကယ်တင်ရန် ကတိတော်ပေးထားသောကြောင့် ရှေ့တော်မှောက်၌ စိတ်နှလုံးနှင့် ယုံကြည် ခြင်းဖြင့်ဖြောင့်မတ်သောသူဖြစ်စေ၏။ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ကြည့်ခြင်း အားဖြင့် ဘုရားသခင်လုပ်ဆောင်ပေးသည့်အရာများကို ဝန်ခံ၍၄င်း၊ ယေရှု သည် ကျွန်ုပ်တို့အပြစ်အားလုံးနှင့် ယုံကြည်၍၄င်း ဘုရားသခင်သည် ကျွန်ုပ်တို့ ကို သူ၏ဖြောင့်မတ်သော သားသမီးများဖြစ်စေတော်မူသည်။
ဘုရားသခင်က ကျွန်ုပ်တို့စိတ်နှလုံးထဲ၌ ယုံကြည်ခြင်းကို တွေ့ရှိသည့် အခါ သူ၏အလူများဖြစ်သည်ဟု မိန့်တော်မူ၏။ ကျွန်ုပ်တို့၏အတွင်းလူမှ အပြင်လူကို အသီးအခြားခွဲထားရမည်။ မိမိတို့၏ဇာတိသဘောနှင့် လုပ် ဆောင်သည့်ကောင်းမှုအပေါ် အခြေခံ၍ကယ်တင်ခြင်းအား တည်ဆောက်ပါ က ဤလောက၌ မည်သူမျှအပြစ်၏ခွင့်လွှတ်ခြင်းရရှိလိမ်မည်မဟုတ်။ “အရေ ဖျား လှီးခြင်းသည် စိတ်နှလုံးနှင့် စပ်ဆိုင်၏။”ယေရှုခရစ်အား စိတ်နှလုံးနှင့် ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ကယ်တင်ခြင်းကို ရရှိ၏။ ဤအရာကို သင်သိ ရှိနားလည်ပါသလား။ ဖြောင့်မတ်ရာသို့ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ ၏။တမန်တော်ရှင်ပေါလုက အပြစ်လူနှင့် အတွင်းလူဟူ၍ သီးသန့်ခွဲခြားထား ဟန်တူသည်။ ကျွန်ုပ်တို့၏အပြင်လူသည် ခွေးမဝင်တက်ပင်ပို၍ ဆိုးဝါးသည်။ အဖိုးမ ထိုက်ပါ။ အာဗြဟံကို ပုံသက်သေအဖြစ်မယူလိုပေ။သင့်ကိုသင်ကြည့် ပါလေ။ သင်၏တန်ဖိုးမဲ့သော အသွေးအသားဇာတိ အားကြည့်ပါ။ ဇာတိအ သွေးအသားသည် မြင့်မားသောလူနေမှုအ ဆင့်အတန်းရရှိရန်၊ ချမ်းသာကြွယ် ဝစွာ နေထိုင်နိုင်ရန် လိမ်လည်လှည့်ဖျားခြင်းကို ကြိုးစား၍ အကူအညီယူ ရှိသည်။ အသွေးအသားသည် အမြဲပင်အဘယ်အရာမျှ မလုပ်ဆောင်ခြင်းမ ဟုတ်ဘဲ မိမိစိတ်ဝင် စားရာ အမြဲ ဖွေရှာတတ်သည် မဟုတ်ပါလား။ 
ဇာတိပကတိ အသွေးအသားက မည်သို့တွေးတောလုပ်ဆောင်သည် ဆို သည့်အပေါ် တရားစီရင်ဆုံး ဖြတ်မည် ဆိုပါက “ကျေးဇူးတော်ကြောင့် ဘုရား သခင်သည် ကျွန်ုပ်တို့၏အပြင်လူကို ကရုထားတော်မမူဘဲအတွင်းလူကိုသာ အသိအမှတ်ပြုတော်မူ၏။ ကျွန်ုပ်တို့စိတ်နှလုံးနှင့် ယေရှုအား ကယ်တင် ရှင်ဖြစ်သည်။(၇း၅ဟု)အမှန်ယုံကြည်ကြောင်းသိမြင်တော်မူသည့်အခါသူသည် ကယ်တင်တော်မူ၏။ သူသည်ကျွန်ုပ်တို့ကို အပြစ်အားလုံးမှ ကယ်တင်ခဲ့ ကြောင်း မြွက်ဆိုထားသည်။ မိမိတို့အတွေးအခေါ်အား ဆန်းစစ်ကြပါစို့။ ကျွန်ုပ် တို့သည် အတွေးအခေါ်အားဖြင့်သာ ယုံကြည်နိုင်သည်ဟု ထင်ခဲ့သောကြောင့် ငါသည်ကယ်တင် ခြင်းရရှိ၏။” ဟူသောတွေးတောခြင်းဖြင့် ဇာတိအတွေးအ ခေါ်နှင့် ယုံကြည်နိုင်သည်။ သို့သော်မိမိတို့ အတွေးအခေါ်က မကယ်တင်နိုင် ပေ။ဇာတိစိတ်သည် အမြဲပင်အား လုပ်ဆောင်လေ့ရှိသည်။ ဤအရာမှန်ပါ သလား။ ဆန္ဒအတိုင်း လုပ်ဆောင်လိုတတ်သည်။ အချို့လူတို့သည် မိမိတို့၏ အတွေးအခေါ်များအပေါ်အခြေခံ၍ ယုံကြည်ခြင်းထားရှိသည်ဟု မှတ်ယူကြ ပါစို့။ သူတို့၏ယခုအတွေးအခေါ်သည် ယခင်အတွေးအခေါ်နှင့် ကိုက်ညီခဲ့ ပါက သူတို့၏ကယ်တင်ခြင်း၌ စိတ်ချမှုရှိကြသည်။ ၄င်းမှာ “ယေရှုသည် ယော် ဒန်မြစ်တွင် ကျွန်ုပ်တို့၏အပြစ်အားလုံး ယူဆောင်သွားခဲ့ပြီ”ဟူ၍ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဇာတိပကတိ၏ အတွေးအခေါ် သည်မတည်မြဲသည်ဖြစ် သောကြောင့် သူ၊သူမသည် နောက်ထပ် ကယ်တင်ခြင်း၌ ယုံကြည်စိတ်ချမှု မရှိနိုင်ပေ။ အနည်းငယ်သောသံသယစိတ်သည် ကယ်တင်ခြင်းအပေါ်သူ၏ အားနည်းသော အတွေးအခေါ်ကို တကြိမ်တိုက်ခိုက်သည်။ ဇာတိပကတိနှင့် စပ်ဆိုင်သော အတွေးပေါ်အခြေခံသည့် မှားယွင်းစွာ တည်ဆောက်ထားသည့် ယုံကြည်ခြင်းသည် သံသယစိတ်ဆောက်ထားသည့် ယုံကြည်ခြင်းသည် သံသ ယစိတ်တချီတည်း၌ လဲကျပါလိမ့်မည်။
မိမိတို့အတွေးအခေါ်အပေါ် ယုံကြည်ခြင်းသည် အခြေအမြစ် တည်စေပါ က ဘုရားသခင်နှင့်ထိုသမ္မာတရား၌ အစစ်အမှန် ယုံကြည်ခြင်းမရှိ။ ထိုသို့ သော ယုံကြည်ခြင်းသည် သဲပေါ်တည်ဆောက်ထားသည့် အိမ်နှင့် ဆင်တူ သည်။ “မိုးရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကိုတိုက်သောအခါ ကြီး စွာသော ပြိုလဲခြင်းသို့ ရောက်လောသည်ဟု ဟောတော်မူ၏။” ထိုကြောင့် အတွေးအခေါ်နှင့် ယုံကြည်သောသူတဦး၏ ယုံကြည်ခြင်းသည် ဘုရားသခင် ၏ သမ္မာတရားအပေါ် အခြေခံသည့် ယုံကြည်ခြင်းမှ အလှမ်းဝေးသည်။ ဘုရား သခင်က “သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်သောအခါ အောင်မြင်တော်မူ၏”ဟမိန့်တော်မူ၏။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် သူ၏ နှုတ်ကပတ်သမ္မာတရားအပေါ် အခြေခံသည်။ နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိကိုခံယူ၍ ငါတို့တွင် တည်နေတော်မူ၏။ နှုတ်ကပတ်တော်သည် လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် လူသားများကဲ့ သို့ပင် ဤလောကသို့ ဆင်းသက်တော်၏။ ယေရှုသည် ကျွန်ုပ်တို့ကို ကယ် တင်တော်မူခဲ့ပြီးလျှင်၊ ဤလောက၌ သူ၏သက်တော် ၃၃နှစ် ပြီးနောက် ကောင်းကင်သို့တက်ကြွတော်မူခဲ့၏။ ထို့အပြင်သူသည် တပည့် တော်အပေါင်း တို့ထံ ကတိတော်စကားအား ရေးမှတ်ထားကြရန် မိန့်မှားခဲ့၏။
ထိုဇာတိစကားအား ရေးမှတ်ထားကြရန် မိန့်မှာခဲ့၏။ ထိုဇာတိစကား တော်ကား ရှေးမဆွက အစေခံတပည့်တော်တို့ထံ မိန့်မှာချက်များဖြစ်၍ ဓမ္မ ဟောင်းကျမ်း ပြည့်စုံရာဖြစ်၏။ သမ္မာကျမ်းစာတော်၌ ဘုရားသခင်သည် မိန့် တော်မူချက်များနှင့် လုပ်ဆောင်တော်မူချက်တို့ကို ရေးမှတ်ထားခဲ့၏။ ဘုရား သခင်သည် နှုတ်တော်ထွက်စကားအားဖြင့်၄င်း၊ အထဲ၌၄င်း ထင်ရှားတော်မူပြီး၊ နှုတ်ကပတ်သမ္မာတရား အားဖြင့်စကားပြောတော်မူ၏။ ထိုနှုတ်ကပတ်တရား တော်ဖြင့်ပင်ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့၏။
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မယုံကြည်ဘဲ “တစ်ခါတရံငါသည် ကယ်တင်ခြင်းရသည်နှင့် တူ၏။ သို့သော်တခါတရံ ဘုရားသခင်၏ကယ် တင်ခြင်းအား မယုံကြည်နိုင်”ဟု တွေးတောခြင်းဖြင့် မိမိတို့အတွေးအခေါ်နှင့် စုံလင်သော အပြစ်၏ ခွင့်လွှတ်ခြင်းကို မရရှိနိုင်။ ကျွန်ုပ်တို့အတွေးအခေါ်သည် အမြဲပင်ပြောင်းလဲနေတတ်သောကြောင့် အတွေးအခေါ်နှင့် ကယ်တင်ခြင်းမ ရရှိနိုင်။ အတွေးအခေါ်တို့သည် အစဉ်အမြဲ အမှန်ကန်ချေ။
ထို့ကြောင့် တမန်တော်ရှင်ပေါလုက အရေဖျားလှီးခြင်းသည် စိတ်နှလုံး နှင့် စပ်ဆိုင်၍ ကျွန်ုပ်တို့သည် စိတ်နှလုံးနှင့် သူ၏ဖြောင့်မတ်ခြင်းကို ယုံကြည် ၏ဟု ဆိုထားသည်။ ကျွန်ုပ်တို့စိတ်နှလုံးသည် သူ၏နှုတ်တော်ထွက်စကား အားကြည်သည့်အခါဤအရာကိုဘုရားသခင်သည် ဓမ္မဟောင်းကျမ်း၌ကတိ ပေး တော်မူ၏ဟူ၍၄င်း၊သူ၏ပဋိညာဉ်ပြီးပြည့်စုံပြီးဟူ၍၄င်း သက်သက်ခံထား သည်။ သူသည်ဓမ္မသစ်ကျမ်း၌လည်း ဤနည်းအားဖြင့်ကျွန်ုပ်တို့ကိုကယ်တင် တော်မူ၏။ “ကျွန်ုပ်တို့သည် စိတ်နှလုံးနှင့်သူ၏နှုတ်ကပတ်တရားအား ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းရရှိကြပြီး ဘုရားသခင်၏ သားသမီးများဖြစ် လာကြရသည်။(၇း၆)
ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်၏ ဧဝံဂေလိတရားတော်အား စိတ်နှ လုံးနှင့် ယုံကြည်ခြင်းဖြင့် မိမိတို့အပြစ်များမှ “စိတ်နှလုံးသည် ဘုရားသခင် အားလက်ခံ ယုံကြည်နိုင်သမျှကြောင့် ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် ကယ် တင်ခြင်းရရှိကြသည်။ သို့သော် ကျွန်ုပ်တို့၏ဇာတိပကတိအတွေးအခေါ်သည် သူကိုလက်ခံ ယုံကြည်နိုင်ခြင်းမရှိချေ။ မိမိတို့၏ကောင်းမှုအကျင့်များ အားဖြင့် သော်၄င်း၊ အပြင်လူဇာတိကပတိ၏ အတွေးအခေါ်အားဖြင့်သော်၄င်း မဟုတ် ဘဲ စိတ်နှလုံးနှင့်ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီး များ ဖြစ်လာရသည်။ ရှင်းလင်းသည်မှာ ကျွန်ုပ်တို့သည် နှုတ်ကပတ်တရားအား စိတ်နှလုံးနှင့်ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏ သားသမီးများဖြစ်လာကြခြင်း ဖြစ်သည်။ သင်၏စိတ်နှလုံးနှင့်ယုံကြည်ပါသလား။ စိတ်နှလုံးထဲ၌ သင်သည် အရေဖျားလှီးခြင်းခံရပါသလား။ ယေရှုသည် သင်၏ကယ်တင်ရှင်ဖြစ်ကြောင်း စိတ်ထဲ၌ ယုံကြည်ပါသလား။ ဘုရားသခင်၏ သားတော်ကို ယုံကြည်သော သူသည် မိမိတို့အထဲ၌ ထိုသက်သေကို ရရှိကြ၏။ မိမိ၏ကိုယ်ပိုင်အတွေ့အ ကြုံသက်သေမဟုတ်ဘဲ၊ ယေရှုက သင့်ကိုစုံလင်စွာ ကယ်တင်ခဲ့ပြီးဆိုသည့် သမ္မာတရားသက်သေ သင်ထံရှိပါသလား။ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ရှိပါသလား။ သင့်အားအပြစ်၏ ခွင့်လွှတ်ခြင်းကို ပေးသည်တရားတော်သင့်ထံရှိပါသလား။ စစ်မှန်သော သမ္မာတရားရှိခြင်းသည် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းကို ရရှိခြင်းဖြစ်သည်။(၇း၇-၁၃)
ကျွန်ုပ်တို့သည် ဘုရားသခင်၏သမ္မာတရားအား စိတ်နှလုံးနှင့် ယုံကြည် ခြင်းဖြင့် အပြစ်၏ခွင့်လွှတ်ခြင်းကို လက်ခံရရှိကြ၏။ “သို့ဖြစ်၍ မိမိတို့၏ အပြင်လူဇာတိပကတိ၏အားနည်းသည့်အဖြစ်ကို ကြည့်ရှုသည့်အခါ မကြာ မကြာ စိတ်ပျက်ဝမ်းနည်းတတ်ကြ၏။ ထို့နောက် ကျွန်ုပ်တို့သည် ဘုရားသ ခင်၌ ယုံကြည်ခြင်းဆုတ်ယုတ်လွယ်ကြ၏။(၃း၂၀) သမ္မာတရားအားစုံလင်စွာ နားမ လည်သောသူတို့သည် မှားယွင်းသောအမြင်အောက်၌ ရှိနေကြသည် ခရစ်ယာန် အများစုတို့သည် မိမိတို့ ယုံကြည်ခြင်းခုံအမှတ်အား ကောင်းသော အကျင့်များအပေါ် တည်ဆောက်လေ့ရှိကြ၏။ ထိုအရာသည် အကြီးအ ကျယ်မှားယွင်းသော တစ်ရပ်ဖြစ်၏။ ယုံကြည်ခြင်းကို မိမိတို့၏ အတွေးအခေါ် အားဖြင့် တိုင်းတာရန်မဟုတ်။ ဇာတိပကတိအသွေးအသားသည် အသုံးမကျ သောကြောင့် ထိုအသွေးအသားအပေါ် မိမိတို့ယုံကြည်ခြင်းအား အခြေခံ၍ မတည်ဆောက်သင့်ပေ။ 
ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းတို့က ကျွန်ုပ်တို့ကို မိန့်ဆိုထားသည်မှာ လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တရားအား စိတ်နှလုံးနှင့်ယုံကြည် သောအခါ ဖြောင့်မတ်သောသူဖြစ်စေတော်မူသည်ဟူ၍ ဖြစ်၏။ ကျွန်ုပ်တို့ သည် အတွေးအခေါ် (သို့မဟုတ်) ကောင်းမှုကုသိုလ်အားဖြင့် အပြစ်မှ ကယ် တင်ခြင်းရရှိသည် မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့်သာရရှိကြ၏။ ဇာတိပက တိ၏ ကောင်းမှုအကျင့်အားဖြင့် ကယ်တင်ခြင်းမရရှိနိုင်ပေ။ ကျွန်ုပ်တို့အပြစ်ပြု မိသည့်ဖြစ်စေ၊ ကောင်းမှုကိုပြုသည်ဖြစ်စေ၊ ဘုရားသခင်သော်၄င်း၊ သူ၏ဘုန်း တော်နှင့်သော်၄င်း စပ်ဆိုင်ခြင်းမရှိပေ။ ထို့ကြောင့် စစ်မှန်သော ယုံကြည်ခြင်း ဆိုသည်မှာ ဘုရားသခင်၏ကယ်တင်ခြင်း နှုတ်ကပတ်သမ္မာတရားအား စိတ်နှ လုံးနှင့် ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းကိုရရှိခြင်း ဖြစ်၏။ မိမိတို့၏စိတ် နှလုံးသည် မှားယွင်းသောအခါ ယုံကြည်ခြင်းသည်လည်း မှားယွင်း၏။ စိတ် နှလုံးသည်လည်း မှန်ကန်သောအခါ ယုံကြည်ခြင်းသည်လည်း မှန်ကန်၏။ စစ်မှန်သော အမူအကျင့်တို့သည် မှန်ကန်သော ယုံကြည်ခြင်းမှလာ၏ ၅း၁၆-၁၈။ နှလုံးအားနည်းသောကြောင့် မှားယွင်းသောအမူအကျင့် ပေါ်ထွက်လာ နိုင်၏။ သို့သော်အရေးကြီးသည့်အရာကား ဘုရားသခင်သည် စိတ်နှလုံးကို ချင်ချိန်တော်မူ၏။ ဘုရားသခင်သည် စိတ်နှလုံးကို ကြည့်ရှုတော်မူ၍ စုံစမ်း စစ်ဆေးတော်မူ၏။ 
ဘုရားသခင်က စိတ်နှလုံးမှန်မမှန်ကြည့်ရှုတော်မူသည်။ ဘုရားသခင် သည် စိတ်နှလုံးနှင့်ယုံကြည်သည်မယုံကြည်သည်ကို ကြည့်ရှုတော်မူ၏။ သင်သိနားလည်ပါသလား။ ဘုရားသခင်သည် ကျွန်ုပ်တို့စိတ်နှလုံးကို ကြည့်ရှု ကြောင်း သင်သိပါသလား။ သူသည် ကျွန်ုပ်တို့စိတ်နှလုံးကို ကြည့်ရှုသောအခါ စိတ်နှလုံးနှင့်ယေရှုခရစ်အား ယုံကြည်ကြောင်း ကြည့်ရှုတော်မူသည်။ သင်၏ စိတ်နှလုံးနှင့် ယုံကြည်ပါသလား။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အကြည့်အ ရှုကြွလာသည့်အခါ စိတ်နှလုံးနှင့်သူကို ယုံကြည်သည်မယုံကြည်သည်ကို လေ့လာတော်မူသည်။ သူသည် ကျွန်ုပ်တို့စိတ်နှလုံးအထဲကို ကြည့်ရှုတော်မူ ၏။ ဘုရားသခင်၏ရှေ့တော်မှောက်၌ မိမိတို့စိတ်နှလုံးကို ဆန်းစစ်ရပါမည်။ အရေဖျားလှီးခြင်းသည် စိတ်နှလုံးနှင့်စပ်ဆိုင်၏။ သင်သည် စိတ်နှလုံးနှင့် ယုံကြည်ပါသလား။ ဘုရားသခင်သည် စိတ်နှလုံးကို ကြည့်ရှုတော်မူ၏။ သူ သည် ကျွန်ုပ်တို့စိတ်နှလုံးနှင့်အမှန်ယုံကြည်သည်/မယုံကြည်သည်ကို ကြည့်ရှု တော်မူ၏။ 
 
 
ကျွန်ုပ်တို့သည် သမ္မာတရားအား အမှန်ပင် သိရှိသည်ကို၄င်း၊ ၄င်းကိုအမှန်ပင် အမှီလိုက်မလိုက်ကိုသော်၄င်း၊ ကြည့်ရှုတော်မူ၏။ 
 
ကျွန်ုပ်တို့သည် စိတ်နှလုံးထဲ၌ သမ္မာတရားရှိကြသည်/ မရှိကြ သည်ကို ၄င်း၊ သူနောက်လိုက်လိုသည် မလိုက်လိုသည်ကို၄င်း၊ သူ၏နုတ် ကပတ်တော် အား ယုံကြည်သည် မယုံကြည်သည်ကို၄င်း ကြည့်ရှုတော်မူသည်။ ယေရှုခရစ် လုပ်ဆောင်ခဲ့သည့်အရာအား တိကျသောဗဟုသုတ တရပ်ရှိထားရန်နှင့်၄င်း ကိုစိတ်နှလုံးနှင့်ယုံကြည်ရန် အရေးကြီးလှသည်။ ကျွန်ုပ်တို့ အသင်းတော်၌ ညီ အစ်ကိုမောင်နှမ များထံသူတို့သည် ကယ်တင်ခြင်းမရရှိဟု ပြောကြားသည့် ဘာသာရေးအင်္ဂါတရပ်ရှိ၏။
“ထိုဘာသာရေးအင်္ဂါရပ်တခုတွင် အသက်ဝိညာဉ်များအတွက် အတော် ယူကျုံးမရဖြစ်မိသည်။ ထိုသူတို့ကို အကျွန်ုပ်သိရှိနားလည်စေချင်ပြီး ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်း ဧဝံဂေလိတရားအား သွန်သင်ချင်လှသည်။ သင် ၏အပြစ်ချေဖျက်ခဲ့ပြီလား။အာမင်။ မိမိတို့ယုံကြည်ခြင်း မမှန်ဟု ပြောကြား သည့် အချို့သူများလည်းရှိကြသည်။ နှုတ်ကပတ်တော်အားရေး သားထား သည့်အတိုင်း မယုံကြည်သင့်ပေ။ သိပ္ပံပညာရပ်နှင့် သက်သေပြသည့်အရာ သာ ယုံကြည်ရမည်ဟု ဆိုသောသူများလည်းရှိကြသည်။ သူတို့က ထိုအ ရာသည် စုံလင်သောကယ်တင်ခြင်းနှင့် ယုံကြည်ခြင်းဖြစ်၏ဟု ဆိုကြသည်။ ဒုတိယအကြိမ်မွေးဖွားခြင်းခံရသော ပုဂ္ဂိုလ်သည် သူမွေးဖွားခြင်းခံရသည့် အချိန် ၆ နာရီရက်၊ လာအတိအကျသိရှိရမည်ဟု ပြောလေ့ရှိ၏။ ညီအစ်ကို ဟွမ်ကထိုသူတို့အထဲမှ တဦးကို တွေ့ဆုံသည့်အခါ ထိုသူက ညီအစ်ကို ဟွမ် သင်သည် မည်သည့်အချိန်က ဒုတိယအ ကြိမ်မွေးဖွားခြင်းခံခဲ့ရပါသလာဟု မေးလေ၏။ ထိုကြောင့် ညီအစ်ကို ဟွမ်က တိကျသောအချိန်၊ နေ့ရက်မသိ ရှိကြောင်း၊ သူဒုတိယအကြိမ်မွေးဖွားခြင်းသည် ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိ တရားအားယုံကြည်ခြင်းကြောင့်ဖြစ်ကြောင်း၊ ထိုအရာသည် လွန်ခဲ့သည့်နှစ်က ဖြစ်ကြောင်းဖြေကြားခဲ့၏။ ထိုနောက်သူက ညီအစ်ကိုဟွမ်သည် ကယ်တင် ခြင်း မရရှိဟူ၍ ပြောကြားသည်။(၇း၁၄-၂၄)
ကျွန်ုပ်တို့ ဒုတိယအကြိမ် မွေးဖွားခြင်း ခံရသောအချိန်အခါကို ပြန်လည် စစ်ဆေးပါက အမှန်ပင်ပြောဆိုနေ့ပိုင်း၊ လပိုင်း၊ ခုနှစ်အတိအကျ အမှန်ပင် ပြောဆိုနိုင်သည်။ ၄င်းသည် မနက်ပိုင်းလား၊ နေ့ခင်းပိုင်းလား ညနေပိုင်းအား ဆိုသည်ကိုပင်ပြောနိုင်၏။ ထိုကြောင့် ကယ်တင်ခြင်းသည် စိတ်နှလုံးယုံကြည် ခြင်းအပေါ် အမှီပြုထားသည်။ တိကျသောအချိန်အခါကို မမှတ်မိနိုင်ပါက အကြောင်းကိစ္စမဟုတ်ချေ။သခင်ဘုရားသည် ယော်ဒန်မြစ်၌ ကျွန်ုပ်တို့ အပြစ် အားလုံးသူ့အပေါ်တင်ဆောင်ခဲ့ပြီး ထိုအပြစ်များအတွက် တရားစီ ရင်ခြင်းခံရန် ကျွန်ုပ်တို့၏ ကိုယ်စားလက်ဝါးကပ်တိုင်၌ အသေခံတော်မူ၏။ ကျွန်ုပ်တို့ ကျူးလွန်ခဲ့သည့် အပြစ်များအတွက် ဒဏ်ရာရခဲ့ပြီး ကျွန်ုပ်တို့ ပြစ်မှုများ အတွက် အရိုးကြေအသာကြေခံခဲ့ရ၏။ ကျွန်ုပ်တို့၏အပြင်လူနှင့် အတွင်းလူ၏ အပြစ်အားလုံးတို့ကို အဝေးသို့ယူဆောင်သွားခဲ့၏။ ကျွန်ုပ်တို့ အသက်ဝိညာဉ် သည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ပြီး၊ ယခုတွင် အချို့လူတို့က ငါတို့သည် ကယ်တင်ခြင်းမရရှိဟု ရက်စက်စွာ ပြောနိုင်သော်လည်း ကျွန်ုပ်တို့သည် သခင် ဘုရားအား သူကျေနပ် နှစ်သိမ့်သည့်အတိုင်း လိုက်နာနိုင်၏။
သမ္မာကျမ်းစာတော်မြတ်က အပြင်လူဇာတိပကတိ ၇း၂၀ အကြောင်း မည်သို့ ပြောကြားထားသနည်း။ အပြစ်၏ခွင့်လွှတ်ခြင်းအား ကျွန်ုပ်တို့ရရှိ သည့်အခါ အားအင်ချိန်နဲ့ခြင်းသည်ပို၍ ပို၍ထင်ရှားလာသည်ဟု ထင်ရ၏။ ကျွန်ုပ်တို့၏အားအင်ချိန်နဲ့ခြင်းအလုံးစုံတို့ကို မဖော်ပြသေး။ မလုံလောက်မှု သည် ပို၍ထင်ရှားတတ်သည်။ မည်သို့ပင်ဖြစ်စေကားမူ ကျွန်ုပ်တို့၏ စိတ်နှ လုံးထဲ၌ ဘုရားသခင်သည် ကျွန်ုပ်တို့၏ဘုရားဖြစ်ကြောင်းကို၄င်း၊ ယေရှု သခင်သည် သူ၏ဗတ္တိဇံခံခြင်းဖြင့် ယော်ဒန်မြစ်တွင် ကျွန်ုပ်တို့၏ အပြစ်များ အားလုံးအဝေးသို့ ယူသွားခဲ့ကြောင်း၄င်း၊ သူသည်လက်ဝါးကပ်တိုင်၌ အသေ ခံခဲ့ကြောင်းကို၄င်း၊ ယုံကြည်ပါက ကယ်တင်ခြင်းရရှိကြသည်။ မိမိတို့၏ ဒုတိယအကြိမ်မွေးဖွားခြင်း ခံရသည့်အချိန်ရက်စွဲ အတိအကျအပေါ် အဓိက အရေးထားသည့် သူများနှင့်၄င်း၊ သိပ္ပံပညာအားဖြင့် လက်တွေ့ ပြဿသည့်အရာကိုသာယုံကြည်ခြင်းနှင့်သော်၄င်းနှိုင်းယှဉ်၍မရပါ။သူတို့သည် ရှင်းလင်းစွာ ကယ်တင်ခြင်းမရရှိကြပါ။ ဖြောင့်မတ်သောသူဖြစ်လာရန် စိတ်နှ လုံးနှင့် ယုံကြည်ရသည်။
ယေရှုခရစ်သည် ကျွန်ုပ်တို့၏ ကယ်တင်ရင်ဖြစ် ကြောင်းကို သင်ယုံ ကြည်ပါသလား။ အာမင်။ ယုံကြည်ခြင်းသည် ထိုအချက်မှအစပြုပြီး သခင်ဘု ရားသည်လည်း ထိုအချိန်မှစ၍ ကျွန်ုပ်တို့၏စိတ်နှလုံးကို လမ်းပြတော်မူ၏။ သခင်ဘုရားဟောတော်မူသည်ကား ကျွန်ုပ်တို့သည် သူ၏ဖြောင့်မတ်သော သားသမီးများဖြစ်ကြ၍ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည်လည်း မှန်ကန် ကြောင်းဖြစ်၏။ သူသည်ကျွန်ုပ်တို့၏ စိတ်နှလုံးကို ကောင်းကြီးပေးတော်မူ၍ စိတ်နှလုံးနှင့်ယုံကြည်ခြင်းဖြင့် သူနောက်လိုက်ကြရန် အလိုတော်ရှိသည်။ စိတ်နှလုံးထဲ၌ ယုံကြည်ခြင်းအားဖြင့် သူနှင့်အတူ လိုက်လျှောက်သောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုဦးဆောင်လမ်းပြပြီးကောင်းကြီးပေး တော်မူ၏။
“အရေဖျားလှီးခြင်းသည် စိတ်နှလုံးနှင့်စပ်ဆိုင်၏။” ကျွန်ုပ်တို့၏စိတ်နှ လုံးနှင့်ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းရရှိကြ၏။ ဤလောက၌ လူအမြောက် အများက စိတ်နှလုံးနှင့်ဧဝံဂေလိသတင်းကောင်းကို ယုံကြည်ခြင်းက ထိုသူ တို့ကိုကယ်တင်၏ဟု ပြောလေ့ရှိသည်။ သို့သော်လည်း ထိုသူတို့သည် ယုံကြည်ခြင်း၌သူတို့၏ ကောင်းမှုကုသိုလ်ကို ထပ်လောင်းဖြည့်စွက်လေ့ ရှိသည်။ 
သူတို့သည် အပြင်လူဇာတိကပတိ၏ကောင်းသောအကျင့်တို့ကို ယုံ ကြည်ခြင်းအတွက်မရှိမဖြစ်သည့် အခြေအနေကဲ့သို့ မှတ်ယူကြသည်။ ထိုသူ တို့ပြောလေ့ရှိသည်မှာ ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိသတင်းကောင်းအား ယုံ ကြည်မှုရှိခြင်းသည် သူတို့ကို ကယ်တင်ခြင်းသို့ မပို့ဆောင်နိုင်ဟူ၍ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးနှင့်ယုံကြည်ခြင်းအား သူတို့၏ ကောင်းမှုကု သိုလ်ပြုကျင့်ခြင်းနှင့်ရောထွေး၏။ ထိုအကြောင်းကြောင့် သူတို့သည် အပြင် လူဇာတိပကတိက မည်မျှ ကောင်းကောင်းလုပ်ဆောင်သည် ဆိုသည့်အရာ ပေါ်၌၄င်း၊ နောင်တနှင့်ဘယ်နှစ်ကြိမ်ဆုတောင်းခဲ့ပါသည် ဆိုသည့်အရာ ပေါ် ၄င်းပို၍ အာရုံစိုက်လေသည်။ သူတို့သည် အပြစ်မှကယ်တင်ခြင်းရရှိသည်ဟု ထင်မှတ်ကြသေည်လည်း ကယ်တင်ခြင်းနှင့်အလှမ်းဝေးကွာလှသည်။
ကျွန်ုပ်တို့သည် စိတ်နှလုံးထဲ၌ ဖြောင့်မတ်သောသူဖြစ်လာရန် ယုံကြည် ၏။ ယင်းသည်မိမိတို့အပြင်လူဇာတိပကတိမှ အသီးအခြားခွဲခွာခြင်းဖြစ်၍ မိမိတို့ကောင်းမှုကုသိုလ်များနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ကယ်တင်ခြင်း ကိုယ်၌က ကျွန်ုပ်တို့လုပ်ရပ်များနှင့် မည်သို့မျှ ဆက်နွယ်ပတ်သက်ခြင်းမရှိပေ။ သင်တို့၏အပြစ်အားလုံးချေဖျက်ခဲ့ပြီဟု လေ့လာသင်ယူခဲ့ပြီးနောက် သင်သည် လန်းဆန်းလာပါသလား။ သင်သည် သခင်ဘုရားအမှုတော်မြတ်အား ဝမ်း မြောက်ခြင်းနှင့်ထမ်းရွက်လိုပါသလား။ ဧဝံဂေလိသတင်းကောင်းအား ဝမ်း မြောက်ခြင်းနှင့် ဟောကြားပါသလား။ သူ၏လှပသောအမှုတော်မြတ်၌ သင်တို့ သင်ခန့်ထားလိုပါသလား။ စိတ်နှလုံးနှင့်ယုံကြည်သည့်အခါ ဘုရားသခင်သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအား အတည်ပြုတော်မူသောကြောင့် စိတ်နှလုံးသည် ရွှင်လန်းဝမ်းမြောက်လာလေ့ရှိသည်။ ထိုကြောင့် စိတ်နှလုံးသည် ဘုရားသခင် ၏ ရှေ့တော်မှောက်၌ အလွန်အရေးကြီးသည်။ 
သင်အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာလုပ်ဆောင်ခြင်း၊ သည်းခံခြင်းကို ငါသိ ၏။ သင်သည်မတရားသော သူတို့ကို လက်မခံနိုင်ကြောင်းကို၄င်း၊ တမန်တော် မဟုတ်ဘဲ၊ တမန်တော်ဖြစ်ယောင်ဆောင်သောသူတို့ကို စစ်ဆေး၍ လှည့်ဖြား သောသူဖြစ်သည်ဟု သိကြောင်းကို၄င်း၊ သခင်ဘုရားဧဖက်မြို့ရှိ အသင်းတော် ကို မိန့်တော်မူသည်ကား သင်အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာလုပ်ဆောင်ခြင်း၊ သည်းခံခြင်းမတရားသောသူတို့ကို လက်မခံနိုင်ကြောင်းကို၄င်း၊ သည်းခံခြင်း မတရားသောသူတို့ကို လက်မခံနိုင်ကြောင်းကို၄င်း၊ တမန်တော်မဟုတ်ဘဲ တမန်တော်ဖြစ်ယောင်ဆောင်သောသူတို့ကို စစ်ဆေးလှည့်ဖြားသော သူဖြစ် သည်ဟုသိကြောင်းကို သိတော်မူသည်ဟု ဖြစ်သည်။ “ဤကျမ်းပိုဒ်မှ ဧဖက် မြို့ရှိအသင်းတော်၏ယုံကြည်ခြင်းသည် မည်မျှကြီးမားကာ ဆပ်ကပ်ခြင်းမည် မျှရှိသည်ကိုတွေ့နိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့သဘောပေါက် နားလည်ထား သင့်သည်မှာအစ၌ မည်မျှပင်ကောင်းသော ယုံကြည်ခြင်းရှိခဲ့ စေကာမူ နောက် ပိုင်း၌ထိုယုံကြည်ခြင်းသည်။” လွှဲချော်သွားပါက အသုံးမဝင် ဟုပင်ဖြစ်သည်။
သို့သော် ဧဖက်မြို့၌ရှိသော အသင်တော်မှ အစေများ၏ ယုံကြည်ခြင်း သည် ထိုကဲ့သို့မဟုတ်ပေ။ထို့အတွက်ကြောင့် ထိုအသင်းတော်သည် ဘုရားသ ခင်က သူ၏မီးခွက်ခုနစ်လုံးအား ရှိနေသောနေရာမှ ရွှေ့ပြောင်းမည်ဟု ပြင်း ထန်စွာသတိပေးဆုံးမခြင်းခံရပါသည်။ အသင်းတော်သမိုင်းက ဖေါ်ပြသည့်အ တိုင်း အရှိပြည်၌ရှိသောအသင်းတော်ခုနစ်ပါးသည် အမှန်တကယ်ပင် သူတို့၏ မီးခွက်များရွှေ့ပြောင်းခြင်းခံရသည့် ကျိန်စာသင့်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် လည်း ဧဖက်မြို့ရှိအသင်းတော်မှ သင်ခန်းစာယူသင့်ကာ ကျွန်ုပ်တို့၏ အသင်းတော်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းတွင် အမြစ်တွယ်ကာ ဘုရားသခင်၏ သူ့ကိုယ်ပိုင်ဖြစ်ကြောင်းထောက်ခံချက်ရှိသော အသင်းတော် ဖြစ်သင့်သည်ကို သတိရကာ ကျွန်ုပ်တို့သည်လည်း ဤယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့၏အသင်းတော်များကို စောင့်ထိန်းသောဘုရားသခင်၏ အစေတော် ခံများဖြစ်သင့်ပါသည်။
ဧဖက်မြို့၌ရှိသော အသင်းတော်၏သန့်ရှင်းသူတို့နှင့် အစေခံများ၏ ယုံကြည်ခြင်းအလုပ်သည် အလွန်ကြီးမားသောကြောင့် ဘုရားသခင် ကိုယ် တော်တိုင်ပင်သူတို့၏အကျင့်ကျင့်ခြင်းဟု ပင်ပန်းစွာလုပ်ဆောင်ခြင်းနှင့် သည်းခံခြင်းကို မိန့်တော်မူခဲ့၏။ သူတို့သည် တမန်တော်မဟုတ်ဘဲ ယောင် ဆောင်သောသူတို့အား စစ်ဆေး၍လှည့်ဖြားသောသူဖြစ် သည်ဟုသိကြောင့် ကို၄င်း၊ ခန္တီနှင့်ပြည့်စုံ၍ သခင်၏နာမတော်ကြောင့်ဆင်းရဲခံ၍အား မလျော့ ကြောင်းကို ၄င်းတွေ့မြင်ရကာ မောပန်းခြင်းလဲမရှိခဲ့သည်ကို တွေ့ရ၏။ ကြားမှပင် ဤအရာအားလုံးထက်အရေးကြီးသည်ဟုပြောနိုင်သော ယေရှုခရစ် ပေးထားသည့် သူတို့၏ရှေးဦးစွာသော ချစ်ခြင်းမေတ္တာလျှော့ခဲ့ပါသည်။ 
ဤအရာသည် ဘာကိုဆိုလိုပါသနည်း။ ဤအရာ၏ဆိုလိုချက်မှာ သူတို့ သည် သခင်ဘုရားအားလက်ခံယုံကြည်ခြင်းဖြင့် မိမိတို့၏အပြစ်အားလုံးမှ ကယ်တင်ခြင်းရစေခဲ့သည့် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို စောင့်ထိန်း ထားခြင်းမရှိနိုင်ခြင်းကိုဆိုလိုပါသည်။ သူတို့၏ရေနှင့်ဝိညာဉ်တော်သ တင်း ကောင်းကို စွန့်ပယ်ထားခြင်းသည် အခြားတစ်ဖက်၌ သူတို့သည် အသင်း တော်အတွင်းသို့ မှားယွင်းသောသင်ကြားခြင်းနှင့် အခြားသတင်းကောင်း မျာကို လျှို့ဝှက်စွာဝင်ရောက်ခြင်းပင်ဖြစ်ပါသည်။ ထိုသို့ဆိုသော် ဤအခြား သောသတင်းကောင်းနှင့်သင်ကြားခြင်းတို့သည် မည်သည့် အရာများဖြစ်ပါ သနည်း။ ထိုအရာများသည် လောကီနှင့်ဆိုင်သောဒဿနများနှင့် လှူနှင့် ဆိုင်သောသဘောတရားများဖြစ်သည်။ ဤအရာများသည် ဘုရားသခင်၏ လူ သားတို့အားပေးထားသည့် ကယ်တင်ခြင်း သမ္မာတရားကို ယခုတိုင်ဆန့် ကျင်တိုက်ခိုက်လျက်ရှိပါသည်။ ထိုအရာများသည် လူတို့၏ ဇာတိပိုင်းအတွက် အကျိုးဖြစ်ထွန်းမှုရှိကာ (သို့) ဖြစ်နိုင်ခြေအား ဖြင့် လူများကြား၌ စည်းလုံးမှုနှင့် ငြိမ်းချမ်းခြင်းကိုပင် သယ်ဆောင်လာနိုင်ပေသည်။ 
 
 
သို့သော် ထိုအရာများသည် လူတို့၏နှလုံးသားအား ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်စေနိုင် ခြင်းမရှိပေ။ 
 
ဤနည်းဖြင့် ဧဖက်မြို့၌ရှိသော အသင်တော်၏သန့်ရှင်းသူနှင့် အစေခံတို့ သည် သူတို့၏ယုံကြည်ခြင်းအား လမ်းမှားဘက်သို့ပြောင်းစေခြင်းဖြင့် ဘုရား သခင်၏ ပြစ်တင်ခြင်းကိုမငြင်းပယ်ခြင်းကို ခံရကြပါသည်။ “ကျွန်ုပ်တို့ အသင်း တော်သမိုင်းအား လေ့လာကြည့်ချိန်တွင် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်း သည် အသင်တော်၏အစောဆုံးပိုင်းသောအချိန်မှ စတင်၍ယိုယွင်းပျက်ပြား လာခဲ့ကြောင်းတွေ့ရပါသည်။ ဤသင်ခန်းစာမှ သင်ယူခြင်းဖြင့် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ခိုင်မြဲစွာထုတ်ကိုင်ကာ သခင်ဘုရား အား ကျွန်ုပ်တို့၏မယိုင်နဲ့သော ယုံကြည်ခြင်းဖြင့် စိတ်တော်တွေ့စေပြီး ကျွန်ုပ် တို့၏ စာတန်နှင့် ဤကာလဆန့်ကျင်နေခြင်း တွင် အောင်မြင်မှုယူပ။(၈း၁-၂)
ထိုသို့ဆိုသော် ဧဖက်အသင်းတော်၏ အစေခံနှင့်သန့်ရှင်းသူတို့၏ ရှေးဦး စွာသော ချစ်ခြင်းမေတ္တာမှာအဘယ်နည်း။ သူတို့၏ရှေးဦးစွာသော ချစ်ခြင်း မေတ္တာသည် အခြားမဟုတ်ဘဲသူတို့အား ဘုရားသခင်ပေးထားသည့် ရေနှင့် ဝိညာဉ်တော်ဖြစ်ပေါ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် လူအ ပေါင်းတို့အား လောက၏အပြစ်အားလုံးမှ ကယ်တင်နိုင်သော တန်ဖိုးရှိသည့် ကယ်တင်ခြင်းစကားများဖြစ်သည်။ ဘုရားသခင်သည် ပေါလု၊ ယောဟန်နှင့် အာရှိပြည်ရှိအသင်းတော်ကြားပါ၏။ အစေခံများအား ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းသည် မည်သည့်အရာဖြစ်သည်ကိုဖော်ပြကာ ထိုအရာကိုသူ တို့အား နားလည်စေခဲ့သည်။ ဤနည်းဖြင့်သူတို့သည် သတင်းကောင်းကို ယုံကြည်သူတို့သည်လည်း လောက၏အပြစ်အားလုံးမှ ကယ်တင်ခြင်းရနိုင်ခဲ့ သည်။ 
ကျွန်ုပ်တို့သခင်ပေးထားခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်း စကားသည် ယေရှုဗတ္တိဇံနှင့် သူ၏ကားတိုင်ပေါ်မှ အသွေးတော်စကားများတွင် တွေ့နိုင်ပါသည်။ ဧဖက်အသင်းတော်၏ အစေခံများသည် အစပထမ၌ ရေနှင့် ဝိညာဉ်တော်သတင်းကောင်းအားဖြင့် သခင်ဘုရားနှင့် တွေ့ခဲ့လျှက်ပင် ဤသ တင်းကေင်းအား နောက်ပိုင်းတွင် စွန့်ပယ်ခဲ့သည်။ ထို့ကြောင့် သခင်ဘုရား သည်သူတို့၏မှားယွင်းခြင်းအား ဤကျမ်းပိုဒ်တွင် အပြစ်တင်ဆုံးမထားသည်။ 
ထို့ကြောင့် သင်သည်မရွေ့လျော့မှီ၊ အရင်နေရာအရပ်ကိုအောက်မေ့ လော့။ နောင်တရလော့။ ရှေ့ဦးစွာသော အကျင်းကိုကျင့်လော့။ သို့မဟုတ် သင်ရှိရာသို့ ငါသည်အလျင်အမြန်လာမည်။ ထို့ကြောင့် ဧဖက်အသင်းတော်၏ အစေခံများသည်ဘုရားသခင်၏ချစ်ခြင်းမေတ္တာလျော့ပြီးဟုဆိုခြင်းမှာ အသင်း သားများသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို စွန့်ပစ်ခြင်း ဟုဆိုလိုပါ သည်။ ဤအတွက်ကြောင့် ဘုရားသခင်သည် သူတို့အား အရင်နေရာအား အောက်မေ့ကာ နေတရ၍ ရှေးဦးစွာသော အကျင့်ကိုကျင့်ရန် မိန့်တော် မူခဲ့ပါသည်။ ထိုသို့ဆိုသော် အဘယ်အရာသည် ဧဖက်အသင်းတော်အား ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို စွန့်ပစ်စေခဲ့ပါသနည်း။ ဧဖက်အသင်း တော်၏အားနည်းသော ယုံကြည်ခြင်းသည် ၄င်း၏အစေခံများအား ဇာတိအ တွေးသို့ ရောက်စေခြင်းအားဖြင့် အသင်းတော်ကို လမ်းလွဲစေခြင်းဖြစ်ပါသည်။ 
“ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် ဘုရားသခင်ထံမှဖြစ်ပြီး လော ကရှိ ဘာသာရေးအသင်းအဖွဲ့အပေါင်းတို့၏ မှားယွင်းသောသြဝါဒနှင့် သင် ကြားခြင်းများကို ဖော်ပြသောလုံးဝမှန်ကန်သည့် သမ္မာတရား ဖြစ်ပါသည်။ ဤဆိုလိုချက်မှာ ဧဖက်အသင်းတော်တရားဟောခြင်း၊ရေနှင့်ဝိညာဉ်တော် သ တင်းကေင်းဝေငှခြင်းသည် လောကီသားတို့နှင့်တိုက်ပွဲဖြစ်ခြင်းသည် မလွဲမ ရှောင်သာ ဖြစ်သည်ဟူ၍ဖြစ်သည်။ ဤတိုက်ပွဲသည် ဧဖက်အသင်းသား များအား လောကီသားများနှင့်ဆက်ဆံရန် ပိုမိုခက်ခဲစေပြီး သူတို့၏ယုံကြည် ခြင်းအတွက် ညှင်းပန်းနှိပ်စက်ခြင်းခံရစေသည်အထိပင် ဖြစ်စေပါသည်။ ထိုအ ရာကို ရှောင်ရှားရန်အတွက်နှင့် လူတို့အားဘုရားသခင်၏အသင်းတော် တွင်း သို့ ပိုမိုလွယ်ကူစွာ ဝင်ရောက်နိုင်ရန်အတွက် ဧဖက်အသင်းတော်၏ အစေခံ များသည်(၈း၃-၄)။
ဒဿနပိုင်းဆိုင်ရာ သတင်းကောင်းသည် ဤနေရာ၌ လူနှင့်ဘုရား သခင် ၏ဆက်နွယ်ခြင်းကို ပြန်လည်ထူထောင်ပေးသည်သာမက လူအချင်းချင်း ဆက်နွယ်မှု၌ပင်ငြိမ်သက်ခြင်းကို ပေးစေသည့် လူ့အတွေးအခေါ်မှ ပေါ်ထွက် လာမည့် မှားယွင်းသောသတင်းကောင်းဖြစ်ပါသည်။ ဤကဲ့သို့သော ဗဟုသုတ မှဖြစ်လာသောယုံကြည်ခြင်းမျိုးသည် ဘုရားသခင် ကျွန်ုပ်တို့ထံမှ ရလိုသော ယုံကြည်ခြင်းမျိုးမဟုတ်ပေ။ ဘုရားသခင်ကျွန်ုပ်တို့အား ရှိစေလိုသော ယုံ ကြည်ခြင်းမှာ ကျွန်ုပ်တို့၏ဘုရားသခင်အပေါ်နာခံခြင်းဖြင့် သူနှင့် ငြိမ်သက် ခြင်းရစေသည့် ယုံကြည်ခြင်းမျိုးဖြစ်ပါသည်။ ဧဖက်အသင်းတော်၏ အစေခံ များရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို ဆုံးရှုံးစေရသည့်အကြောင်း အရင်း မှာ ဘုရားသခင်၏အသင်းတော်၌ လက်မခံနိုင်သည့် အရာများကို လက်ခံရန် ကြိုးစားခြင်း၊ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုမယုံကြည်ကြသည့် လော ကီလူတို့၏ သင်ကြားခြင်းအား သူတို့၏ ရုတ်တရက်ပေါ်လာသော စိတ်ကူးနှင့် ကိုက်ညီစေခြင်းကြောင့်ဖြစ်သည်။ 
ဘုရားသခင်၏ အသင်းတော်သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်း ၏ အုတ်မြစ်ပေါ်၌သာ တည်ဆောက်နိုင်ပါသည်။ ထိုသို့ဖြစ်သည့်ကြားမှာပင် ယနေ့ကာလတွင် ကနဦးအသင်းတော်ခေတ်ကဲ့သို့ပင်များစွာသော လူတို့သည် ကယ်တင်ခြင်းရရန်ယေရှုကို တစ်နည်းနည်းဖြင့် ယုံကြည်ခြင်းသည် လုံ လောက်သည်ဟုတွေးကာ အဘယ်ကြောင့်သူတို့သည် ရေနှင့်ဝိညာဉ်တော်ကို ယုံကြည်သင့်ကြောင်း မတွေ့မြင်ကြသည့်သူများရှိပါသည်။ သို့သော် ဘုရားသ ခင်ပေးထားသော ရေနှင့် ဝိညာဉ်တော်သတင်းကောင်းအား လျစ်လျှူရှုထား ကာ ယေရှုကိုသာ ယုံကြည်ခြင်းသည် ကြီးစွာမှားယွင်းသော ယုံကြည်ခြင်းဖြစ် ပါသည်။ သခင်ဘုရားအား ဘာသာရေးလုပ်ထုံးသက်သက်အားဖြင့်သာယုံ ကြည်ကာ စိတ်လှုပ်ရှားမှုဖြင့်နှလုံးသားတစ်ဝက်မျှသာယုံကြည်ကြသူတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်လာပေမည်။ 
 
 
ထို့ကြောင့် သခင်ဘုရားသည် ဧဖက်အသင်းတော်၏ အစေခံများအား ပြစ်တင်ဆုံးမသည်
 
ဤနေရာတွင် ကျွန်ုပ်တို့အတွက် အရေးပါသည့် သင်ခန်းစာရှိပါသည်။ အကယ်၍ အသင်းတော်သည် သူ၏ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအပေါ် ယုံကြည်ထားခြင်းမှ လဲကျသွားပါက ဘုရားသခင်သည် သူ၏အသင်းတော်ဟု ခေါ်တော့မည်မဟုတ်ပေ။ ထို့ကြေင့် သခင်ဘုရားက သူသည် မီးခွက်များကို သူ့နေရာမှရွှေ့ကာရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်သူတို့အား ပေးမည်ဟုဆိုပါသည်။ 
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို စွန့်ပစ်ကာ ဟောကြားခြင်းမရှိ တော့ပေ။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအား ယုံကြည်ခြင်း၊ ကာ ကွယ် ခြင်းနှင့် ဟောပြောခြင်းသည် အခြားသောအကျင့်များအားလုံး ထက်အ ရေးပါ ကြောင်း ကျွန်ုပ်တို့အနေဖြင့် သဘောပေါက်ထားရန်အလွန်အရေးကြီးပါ သည်။    အထက်ပါကျမ်းပိုဒ်ရှိ အာရှိပြည်၌တည်ရှိခဲ့သော အသင်းတော်ခုနစ် ပါးသည် ယခု မွတ်ဆလင်တို့၏နယ်မြေဖြစ်နေပေပြီ။(၈း၅-၆) ထို့ကြောင့် သခင်ဘုရားသည် မီးခွက်ခုနစ်လုံးကို ဖယ်ရှားကာ ဘုရားသခင်၏အသင်း တော်ကို ဤနေရာ၌ရွေ့ကာကျွန်ုပ်တို့အားရေနှင့်ဝိညာဉ်တော်သတင်းကောင်း ကို ကမ္ဘာတစ်ဝှမ်း၌ ဟောပြောစေပါသည်။ သို့သော် စစ်မှန်သော ဘုရားသ ခင်၏ အသင်းတော်၌ ရေနှင့်ဝိညာဉ်တော်သမ္မာတ ရားသတင်းကောင်းရှိပါ သည်။ ဘုရားသခင်၏အသင်းတော်သည် ထိုအရာမပါဘဲ မတည်ရှိနိုင်ပေ။ 
တမန်တော်များခေတ်၌ ယေရှု၏တပည့်တော်ဆယ့်နှစ်ပါး၌ ရေနှင့်ဝိ ညာဉ်တော်သတင်းကေင်းနှင့် ကိုက်ညီသောယုံကြည်ခြင်းမျိုးရှိပါသည်။ အာရှိ ပြည်၌ရှိသော ဘုရားသခင်၏အသင်းတော်များသည် ကနဦးအသင်းတော် ခေတ်ကတည်းမှပင် စစ်မှန်သောရေနှင့်ဝိညာဉ်တော်သတင်းကောင်းအား ပျောက်ဆုံးစေကာ ထိုဒေသ၌ အကျိုးအဆက်အားဖြင့် မွတ်ဆလင်များဖြစ် လာခြင်းသည် မည်မျှပင် ကံဆိုးခြင်းဖြစ်ပါသနည်း။
ထို့ပြင် ရောမမြို့တွင်ရှိသောအသင်းတော်ယုံကြည်သူများသည် မီရန်မှ ထုတ်ပြန်သောပြန်တမ်းစာအရ ရေနှင့်ဝိညာဉ်တော်အကြောင်းကို ဝမ်းနည်း ဖွယ်အသုံးမပြုတော့ကြောင်း ရောမအင်ပါယာ ကွန်စတဲန်တိုင်းလက်ထက်၌ တရားဝင်ထုတ်ပြန်ခဲ့ပါသည်။ 
နိကောလတပည့်တို့သည် လောကီရုပ်ဝတ္ထုစည်းစိမ်တို့ ပိုင်ဆိုင်ရေးအ တွက် ယေရှုနာမကို အသုံးပြုသောသူများဖြစ်ပါသည်။ သို့သော်ဧဖက်အသင်း တော်သည် နိကောလ တပည့်တို့၏သြဝါဒနှင့်အကျင့်များကို မုန်းတီးသည့် ဧဖက်အသင်းတော်အတွက် ဤအရာသည် သခင်ဘုရားချီးမြှောက်ခြင်းခံ ရစေသောအရာတစ်ခုဖြစ်ခဲ့ပါသည်။ 
ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏ ထိုသူ သည် ငါ၏ဘုရားသခင်ပရဒိသုဥယျာဉ်၌ရှိသော အသင်းတော်၏အသီးကို စား စေခြင်းငှါငါအခွင့်ပေးမည်။
ဘုရားသခင်၏အစေခံနှင့်သန့်ရှင်းသူတို့သည်သန့်ရှင်းသော ဝိညာဉ်တော် က သူတို့အား မည်သို့ပြောနေသည်ကို ကြားနေရပေမည်။ သူတို့အား သန့်ရှင်းသောဝိညာဉ်တော်မှ ပြောနေသည့်အရာမှာ သူတို့၏ ယုံကြည်ခြင်း အားကာကွယ်ကာ နောက်ဆုံးသောကာလထိတိုင်ရေနှင့်ဝိ ညာဉ်တော်သတင်း ကောင်းကို ဟောပြောရန်ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရန်အတွက် သူတို့အနေ ဖြင့် သမ္မာတရားမဟုတ်သည့်အရာများကို ပျံ့နှံ့စေသူများအား တိုက်ခိုက် အောင်မြင်ကျော်လွှားသင့်ပေသည်။ သမ္မာတရားမဟုတ်သည့်အရာများကို မ တိုက်ခိုက်ခြင်းသည် ပျက်စီးခြင်းပေတည်း။ 
ဘုရားသခင်၏ အစေခံတော်နှင့် ယုံကြည်သူများသည် သူတို့၏ ရန်သူ များအား သူတို့၏လက်နက်များဖြစ်သည့် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ကျော်လွှားအနိုင်ယူရပေမည်။ “ဘုရားရှင်သည် အကြင်သူသည်အောင်မြင်၏ ထိုသူသည် ငါ၏ဘုရား သခင် ပရဒိသုဉယျာဉ်၌ရှိသော အသက်ပင်၏အသီးကို စားစေခြင်းငှါငါအခွင့် ပေး မည်ဟုမိန့်တော်မူ၏။ ဘုရားသခင်သည် အောင်မြင်သောသူကိုသာလျှင် အသက်ပင်၏အသီးကိုပေးလိမ့်မည်ဖြစ်ပါသည်။ သို့သော် အဘယ်အရာနှင့် မည်သူကိုအောင်နိုင်ရမည်နည်း။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မယုံ ကြည်သောသူတို့အား ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းဖြင့် အောင် နိုင်ရမည်ဖြစ်ပါသည်။(၈း၇-၈)ယုံကြည်သူများသည် သမ္မာတရားမဟုတ်သည့် အရာကို ပိုင်ဆိုင်ထားသူတို့နှင့် ဝိညာဉ်တော်တိုက်ပွဲတွင် မပြတ်စေ့စပ်ပါဝင် ကာ သူတို့သည် ဤတိုက်ပွဲ၌ သူတို့၏ယုံကြည်ခြင်းဖြင့် အောင်မြင်သူများ အဖြစ်ပေါ်ထွက်လာရပေ မည်။ သူတို့သည် ဘုရားသခင်အား ဘုန်းတော် ထင်ရှားစေကာ သူတို့၏ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၌ ယုံကြည် ခြင်း ဖြင့် အောင်မြင်သောအသက်တာနှင့် ရှင်သန်ရပေမည်။ 
သမ္မာတရားကို ယုံကြည်သောသူများသာလျှင် သူတို့၏ရန်သူများအား လုံးတိုက်ခိုက်သည့် တိုက်ပွဲတွင် အောင်မြင်နိုင်ကာ ဘုရားသခင်ပေးထားသည် ကောင်းကင်သစ်နှင့် မြေကြီးသစ်တွင်နေထိုင်မည်ဖြစ်ပါသည်(၈း၉)။ ကနဦးအ သင်းတော်ခေတ်၌ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ကာ ကာ ကွယ်ရန်ကြိုးစားသူတို့သည် မာတုရခံရပေသည်။ ထိုနည်းလည်ကောင်းပင် အန္တိခရစ်ထွက်ပေါ်လာသောအချိန်ရောက်သောအခါတွင် ပို၍များသော မာတု ရခံခြင်းကို တွေ့ရပေမည်။ မာတုရဆိုသည့်စကားလုံးသည် ကျွန်ုပ်တို့အား လုံးနီးပါးအတွက် ရင်းနှီးမှုမရှိသောစကားလုံးဖြစ်သည်။ သို့သော် ခရစ်ယာန် ထုံးစံကို မသိသောသူများကြား၌ ကြီးပြင်းလာသူတို့အတွက် ပို၍ပင် စိမ်းနေ သော စကားလုံးဖြစ်ပါသည်။ မာတုရဆိုသည့် စကားလုံးသည် ကျွန်ုပ်တို့၏ နေ့စဉ်အသက်တာတွင် ကျွန်ုပ်တို့မကြာခဏတွေ့ဆုံနေရသည့်စကားလုံးမ ဟုတ်ပေ။ 
ကျွန်ုပ်တို့၏ အမှန်တကယ်ကြုံတွေ့လာရမည့် မာတုရသည် တွေးကြည့် ရန်ပင် ခက်ခဲလှသောကြောင့် ထိုစကားလုံးမှ ကျွန်ုပ်တို့ကင်းကွာလိုပါသည်။ သို့ဖြစ်သော်ငြားလည်း ဗျာဒိတ်ကျမ်း၏ အခန်းကြီးတွင် ဤမာတုရအ ကြောင်းကို ဆွေးနွေးထားကာ ထိုစကားလုံးမှ ကျွန်ုပ်တို့၏နှလုံးသားတွင် မာတုရယုံကြည်ခြင်းမျိုးတည်ရှိနေစေရမည် ဖြစ်သည်။ ထိုယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် မာတုရခံနိုင်မည်ဖြစ်သည်။ 
“ရောမဧကရာဇ်ဘုရင်တို့သည် သူတို့လူများအား လုံးဝအုပ်ချုပ်နိုင်ကြ သည့် အင်ပါယာကြီးတစ်ခုဖြစ်ပါသည်။ သူတို့၏ပိုင်နက်အတွင်းအာ ဏာအ ပြည့်အဝသုံးကာ သူတို့စိတ်ဆန္ဒရှိသည့် အရာမှန်သမျှတို့ကို ပြုလုပ်နိုင်ကြ သည်။ ရောမအင်ပါယာကြီးသည် သူတို့၏အုပ်ချုပ်မှုအောက်၌ မရေတွက်နိုင် လောက်အောင်များပြားသော နိုင်ငံများကို နှိပ်ကွပ်ကာစစ်ပွဲများအနိုင်ရပြီး ထိုနိုင်ငံများမှပေးသော လက်ဆောင်ပဏ္ဍာတို့ဖြင့် ချမ်းသာလာခဲ့ကြပါသည်။ (၈း၁၀) 
စစ်ပွဲတစ်ခုမျှ ရှုံးနိမ့်ခြင်းမရှိပါဘဲ သေးငယ်လှသောနိုင်ငံမှသည် ကမ္ဘာ့အ ကြီးဆုံး အင်ပါယာအဖြစ်သို့ ရောက်ခဲ့ပါသည်။ ကောင်းကင်တစ်ခုသာလျှင် ဧကရာဇ်တို့၏အာဏာအသုံးမပြုနိုင်သည့်နေရာ ဖြစ်လာခဲ့၏။ အသက်ရှင် သောဘုရားများအဖြစ်ကိုးကွယ်ခြင်းကို ခံလာရကြပါသည်။ ဧကရာဇ်တို့အ နေဖြင့် မိမိတို့ရုပ်တုများကိုပြုလုပ်ကာ လူများအား သူတို့ရှေ့တွင် ဦးချစေခြင်း မျိုးပြုသည်မှာ အဆန်းမဟုတ်တော့ပေ။ မိမိကိုယ်မိမိဘုရားအဖြစ် ကြေငြာ ပြောဆိုကြသောဧကရာဇ်များကြောင့် ပျံ့နှံ့နေသည့် ယေရှုခရစ်၌ရှိသော ယုံ ကြည်သူတို့သည် ဘာမျှမတတ်နိုင်ဘဲ သူတို့၏အကြွင်းမဲ့အာဏာအောက်၌ အလွန်ပင်ခြောက်လှန့်ခြင်းမျိုးခံရကြပါသည်။ ခရစ်ယာန်တို့၏ စုဝေးခြင်းကို ဝရမ်းပြေးများအဖြစ်သတ်မှတ်ကာ ယုံကြည်သူများအား ဖမ်းဆီးခြင်း၊ ထောင် တွင်းအကျဉ်းချခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း နောက်ဆုံး၌ သူတို့၏ယုံကြည်ခြင်း အတွက် အသေသတ်ခြင်းများပြုရန် ဆုံးဖြတ်ချက်ချခဲ့ကြပါသည်။ 
 
 
ကနဦးအသင်းသားတို့သည် ညှင်းပန်းနှိပ်စက်ခြင်းများမှ လွတ်မြောက်ရန် 
 
အတွက်မြေအောက်သင်္ချိုင်းကဲ့သို့သော နေရာသို့တိမ်းရှောင်ကြသည် ဆို သော သမိုင်းနောက်ခံပြောပြချက်သည် ဤအရာနှင့်ဆန့်ကျင်ကာ ဤညှင်း ပန်းနှိပ်စက်ခြင်းသည် ယုံကြည်သူတို့အတွက်သူတို့၏ ဖြောင့်မတ်သော ယုံကြည်ခြင်းကို ကာကွယ်ကာ မာတုရကိုပွေ့ဖက်စေနိုင် သောအခြေခံကျ သည့် အချက်ဖြစ်သည်။     ဤနည်းဖြင့် ကနဦးအသင်းတော်၌ မာတုရခံရ ခြင်း မျိုးထွက်ပေါ်လာခဲ့ပါသည်။ ထိုခေတ်၌ရှိခဲ့သော သန့်ရှင်းသူတို့သည် ဧက ရာဇ်မင်းတို့၏အာဏာကိုအသိအမှတ်မပြုခြင်း သတ်သတ်ဖြင့် မာတုရခံရခြင်း မျိုးဟုတ်ခဲ့ပါ။ သူတို့၏လောကီနိုင်ငံအပေါ်အာဏာရှိမှုကို အသိအမှတ်ပြုပေးခဲ့ ပါသည်။ သို့သော်ထိုအာဏာရှင်တို့က သူတို့အားယေရှုကို သူတို့၏နှလုံး သားမှစွန့်ပယ်ပြီးလူတို့အား ဘုရားအဖြစ်ကိုးကွယ်ရန် အတင်းအကြပ်တွန်း အားပေးချိန်တွင် သူတို့၏အသက်ကိုပင် တန်ဖိုးမထားဘဲ ငြင်းပယ်ခဲ့ကြ ပါသည်။ ရောမဧကရာဇ်မင်းတို့သည် ခရစ်ယာန်တို့အား ယေရှုကိုသာ ငြင်း ပယ်စေခြင်းမျိုးမဟုတ်ဘဲ သူတို့အားဧကရာဇ်မင်း အဖြစ်ကိုးကွယ်ရုံသာ မ ဟုတ်၊ဘုရားအဖြစ် ကိုးကွယ်စေခဲ့ကြသည်။(၈း၁၂-၁၇) ခရစ်ယာန်တို့သည် သူတို့အား ဘာသာရေးလွတ်လပ်ခွင့်ယူဆောင်လာသည့် မီလန်အမိန့်ပြန်တမ်း အေဒီ အထိသူတို့၏ ယုံကြည်ခြင်းကို ကာကွယ်ရန်တွက် ညှင်းပန်းနှိပ်စက် ခြင်းနှင့်မာတုရခံရခြင်းတို့အား ထိုအမိန့်အောက်၌ ကနဦးအသင်းသားတို့ မလွှဲမရှောင်သာ ခံခဲ့ကြပါသည်။ 
ကျွန်ုပ်တို့၏ယခင်က ရှိခဲ့ကြသောယုံကြည်ခြင်းဖခင်များကဲ့သို့ပင် ကျွန်ုပ် တို့သည်လည်း ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို စွန့်ပယ်ခြင်းထက် ဖြောင့်မတ်စွာ သေခြင်းကို ကြုံတွေ့ကြရမည်ဖြစ်ပါသည်။ အာရှိပြည်၌ရှိသော အသင်းတော်ခု နစ်ပါးအကြောင်းပြောသည့် ကျမ်းပိုဒ်များသည် ထိုခေတ်က ပတ်ဝန်းကျင် အ ခြေအနေကိုဖော်ပြခြင်းသက်သက်သာမဟုတ်ဘဲ နောင်လာမည့် ကမ္ဘာအ တွက်ဗျာဒိတ်ထားသည့်စကားများသည်လည်းဖြစ်သည်။ ထိုဖော်ပြချက်ထဲ၌ ဘုရားသခင်၏အစေခံနှင့်သူ၏သန့်ရှင်းသူတို့သည် သူတို့၏ယုံကြည်ခြင်းကို ကာကွယ်ရန် အတွက်မာတုရခံရမည်ကို တွေ့ရပါသည်။ ရောမဧရရာဇ်ဘုရင်း များလက်ထက်က ကဲ့သို့ပင် ၃း၁၀ အကြွင်းမဲ့အာဏာရှင် ထွက်ပေါ်လာကာ သူ၏ အတင်းအကြပ်အုပ်ချုပ်မှု့အောက်၌ သူ၏ရုပ်တုပြုကာ လူအားလုံးတို့ကို သူ့အားဘုရားအဖြစ် ကိုးကွယ်စေသောအချိန်ရောက်ကာပေဦးမည်ဖြစ်သည်။ ဤကျွန်ုပ်တို့အချိန်နှင့်သိပ်မဝေးတော့သော နေ့ရက်၌ရှိကာထိုနေ့ရက် ရောက် သောအချိန်၌ များစွာသောသန့်ရှင်းသူတို့သည် ကနဦးအသင်းတော်ရှိ ယုံကြည် သူ များ၏ခြေရာကိုလိုက်ကာ မာတုရခံကြမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ် တို့သည် ကျွန်ုပ်တို့သခင်၏အာရှိပြည်၌ရှိသော အသင်းတော် ခုနစ်ပါးထံသို့ ပြောသည့် ဆုံးမစကားကို နှလုံးသွင်းထားသင့်ပေသည်။ အာရှိပြည်၌ရှိသော အသင်းတော်အားနှုတ်ဆက်ခြင်း၊အားပေးခြင်းနှင့်ဆုံးမသြဝါဒပေးခြင်း၌ ဘုရား သခင်သည် “အကြင်သူသည် အောင်မြင်၏။ ထိုသူသည် ငါ၏ဘုရားသခင် ပရဒိဥယျာဉ်၌ရှိသော အသက်ပင်၏အသီးကိုစားစေခြင်းငှာ ငါအခွင့်ပေးမည်” ဟု ကတိတော်ထားခဲ့သည်။ မာတုရခံပြီးအောင်မြင်မှုရသူတို့အတွင် ထာဝရ ကောင်းကင်ဆုကျေးဇူးပေးမည်ဆိုသောစကားမှ ဘုရားသခင်၏ သစ္စာနှင့်ပြည့် သောကတိတော်ဖြစ်သည်။ ထိုသို့ဆိုသော် ကနဦးအသင်းတော်၏သန့်ရှင်း သူတို့သည် မည်သည့်နည်းဖြင့် သူတို့၏ မာတုရခံခြင်းကို ရင်ဆိုင်ခဲ့သနည်း။ မာတုရခံနိုင်သူများသည် ဘုရားသခင်၏အစေခံနှင့်သူ၏ သန့်ရှင်းသူများဖြစ် ကြောင်း ကျွန်ုပ်တို့ပထမသတိရသင့်သည့်အရာဖြစ်ပါသည်။ လူတိုင်းမာတုရခံ နိုင်ခြင်းမရှိပေ။ ယေရှုအားမိမိ၏ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံသူတို့သာလျှင် ညှင်းပန်းနှိပ်စက်မှုအောက်၌ လက်နက်မချဘဲ မိမိယုံကြည်ခြင်းကို ဆုပ်ကိုင် ပြီး သခင်ဘုရားကို ကိုးစားသောသူများသာ မာတုရခံနိုင်ကြပါသည်။
ဤနေရာတွင် ကျွန်ုပ်တို့တွေ့ရသည့် တမန်တော်ယောဟန် ပတ်မုကျွန်း တွင်ပြည်နှင်ဒဏ်ခံရစဉ် ဧဖက်အသင်းတော်အား “ဆုံးမသြဝါဒပေးနေသူသည် ယေရှု၏တမန် ၈း၁၈-၂၅တော်ဆယ့်နှစ်ပါးအတွင်းမှ နောက်ဆုံးလူဖြစ်သည်။ အခြားတမန်တော်များနှင့် သန့်ရှင်းသူတို့သည် မာတုရခံခဲ့ပြီဖြစ်သည်။ သမိုင်း အရဆိုသော် အာရှိပြည်၌ရှိသော အသင်းတော် ခုနစ်ပါး၏ သန့်ရှင်းသူတို့သည် ခုနှစ်ထိ မာတုရခံခဲ့ရသောမရေတွက်နိုင်သည့် ခရစ်ယာန်များအတွင်းမှ အနည်းငယ်ရှိသော လူစုတစ်စုဖြစ်ပေသည်။ ရောမအာဏာပိုင် တို့၏ညှင်းပန်း နှိပ် စက်မှုအောက်၌ ရှောင်ပြေးကာ ခရစ်ယာန်တို့သည် မြေအောက်၌ဝတ်ပြု ကိုးကွယ်ခြင်းပြုရန် စုဝေးခဲ့ကြသည်။ ထိုနေရာအားမြေအောက်သင်္ချိုင်းဟုခေါ် တွင်၏။ ဤအရာများအပြင် သူတို့သည် သူတို့၏ယုံကြည်မှုအပေါ် ဘယ် သောအခါမျှ သစ္စာဖောက် ခြင်းမရှိဘဲ မာတုရအား လိုလိုလားလားပင် ပွေ့ဖက် ခဲ့ပါသည်။ ဤနေရာတွင်ဧဖက်အသင်းတော်အပါအဝင် အာရှိပြည်ရှိအသင်း တော်ခုနစ်ပါး၏ အစေခံနှင့်သန့်ရှင်းသူတို့သည်လည်း ဘုရားသခင်၏ဆုံးမ ခြင်း ခံခဲ့ရသည့်ကြားမှပင် မာတုရခံခဲ့ကြပါသည်။ သူတို့အား မာတုရခံစေနိုင် သည့်အရာမှာ သူတို့၏သခင်ပေါ်၌ထားသော ယုံကြည်ခြင်းကြောင့်ဖြစ်ပါ သည်။ သခင်သည် ဘုရားဖြစ်ကာသူတို့၏အပြစ်အားလုံးကို သယ်ဆောင်သွား ပြီး သူသည်သူတို့အားလုံးအား အနှစ်တစ်ထောင်နိုင်ငံနှင့် ကောင်းကင် သစ် မြေကြီးသစ်သို့ ဦးဆောင်မည့်သိုးထိန်းဖြစ်ကြောင်း သူတို့အားလုံး ယုံကြည်ကြ သည်။ ဤယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းသည် သူတို့အား မာတုရ၏အကျိုး ဆက်ဖြစ်သည့်ကြောက်ရွံ့ခြင်းနှင့် နာကျင်ခြင်း၊ သေခြင်းတို့ကို အောင်မြင် ကျော်လွှားစေ နိုင်ခဲ့သည်။”
ကျွန်ုပ်တို့သည်ယခုနောက်ဆုံးသောကာလ၌ နေထိုင်သက်ရှင်နေကြပါ သည်။ ကမ္ဘာကြီးသည် အာဏာကိုအကြွင်းမဲ့ အသုံးပြုမည့်အာဏာရှင်ပေါ် လာကာ တစ်ဦးတည်း အောက်၌စည်းလုံးစွာရှိလာမည့် အချိန်သည်သိပ်မဝေး လှတော့ပေ။ ဤအာဏာရှင်သည် ဗျာဒိတ်ကျမ်း ၁၃တွင် ရေးထားသည့်အ တိုင်း သန့်ရှင်းသူတို့၏အသက်တာအား ခြောက်လှန့်ကာသူတို့၏ ယုံကြည် ခြင်းများကို စွန့်ပစ်ရန်အမိန့်ပေးမည်ဖြစ်သည်။ သို့သော်နောက်ဆုံး သောကာ လ၏သန့်ရှင်းသူတို့ဖြစ်ကြသည့်ကျွန်ုပ်တို့သည်သူ၏ခြောက်လှန့်ခြင်း၊ အတင်း အကြပ်ခိုင်းစေခြင်းများကို ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုကာကွယ်ရန် မာတုရ အားဖြင့် အောင်မြင်နိုင်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့၌ ကနဦးအသင်းတာ်သားများ၌ရှိသော ယုံကြည်ခြင်းမျိုးရှိသောကြောင့်ဖြစ်ပါ သည်။ အခန်းငယ်တွင် ဘုရားသခင်သည် ဧဖက်အသင်းတော်အား သို့သော် လည်း၊ သင်သည် ရှေးဦးစွာသောချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌အပြစ်တင် စရာရှိ၏။ ထို့ကြောင့်ပင် သင်သည် မရွေ့လျော့မှီအရင်နေရာအရပ်ကို အောက် မေ့လော့။ နောင်တရလော့။ ရှေးဦးစွာသောအကျင့်ကိုကျင့်လော့။ သို့မဟုတ် သင်ရှိရာသို့ငါသည် အလျင်အမြန်လာမည်ဟု ပြစ်တင်ဆုံးမခဲ့သည်။ ဤအရာ သည် ဘာကိုဆိုလိုပါသနည်း။ ဤဆိုလိုချက်မှာ ဧဖက်အသင်းတော်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ချန်ထားခဲ့သည်ဟုပင် ဖြစ်သည်။ ထိုဧ ဖက်အသင်းတော် အပါအဝင်ကနဦးအသင်းတော်၏ သန့်ရှင်းသူအားလုံးတို့ သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခဲ့ကြသည်။ 
ဤသို့ဖြစ်ခဲ့ရခြင်းမှယေရှု၏တပည့်တော်များသည်ပျံ့နှံ့ကာရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ပြောခဲ့သောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့်ထိုအ ချိန်၌ရှိခဲ့သော သန့်ရှင်းသူတို့ တမန်တော်များထံမှရခဲ့သောသတင်းကောင်း သည် မှားယွင်းသောသတင်းကောင်းမဟုတ် လက်ဝါးကားတိုင်ပေါ်မှ အသွေး ကိုသာယုံကြည်သည့် လူတို့ပြုခဲ့သောသတင်းကောင်းမဟုတ်ဘဲ ပြည့်စုံသော သတင်းကောင်းဖြစ်သည်။ သို့သော်ဤနေရာ၌ ဧဖက်အသင်းတော်၏အ စေခံ တို့သည် ရှေးဦးစွာသော ချစ်ခြင်းမေတ္တာကို ချန်ထားခဲ့ပြီဟုဆို၏။ 
“ဤဆိုလိုချက်မှာ ဧဖက်အသင်းတော်၏ အစေခံတို့သည် သူတို့၏ အသင်းတော်တာဝန်ထမ်းဆောင်ရာတွင် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်း ကို စွန့်ပယ်ခဲ့သည်ဟု အဓိပ္ပါယ်သက်ရောက်ပါသည်။ ထို့ကြောင့် သခင်ဘုရား က သူနောင်တမရခဲ့ပါက ထိုနေရာမှမီးခွက်ကို ရွေ့ပစ်မည်ဟု ပြောခဲ့ခြင်းဖြစ် သည်။ မီးခွက်ကိုဖယ်ခြင်းဆိုသည်မှာ သန့်ရှင်းသောဝိညာဉ်တော်သည် ဧဖက် အသင်းတော်တွင်း၌ အလုပ်လုပ်တော့မည်မဟုတ်ဟုဆိုခြင်းဖြစ်ပါသည် (၈း၂၃-၂၅)။
ဧဖက်အသင်းတော်၏ အစေခံများအတွက် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်း ထံသို့လှည့်ပြန်ခြင်းဆိုသည်မှာ အမှန်တကယ်အားဖြင့် ပြုလုပ်ရန် ခက်ခဲလှသည့် အရာမဟုတ်ပေ။ ထိုအရာသည် အငယ်ဆုံးသော ပြဿနာ တစ်ခုဖြစ်သည်။ အသင်းတော်အား ဒုက္ခရောက်စေသည့်အရာမှာ နှလုံးသား၌ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ပါလျှက်ယုံကြည် ထားသည့် အရာအား အသေးစိတ်ဟောပြောခြင်းဖြစ်ပင်။ ရေနှင့်ဝိညာဉ်တော် သတင်း ကောင်းကို မယုံကြည်သော်လည်း ယေရှုအားမိမိ၏ကယ်တင် ပိုင်ရှင်အဖြစ် သာမန်ဝန်ခံကြသူတို့အား သူ၏အသင်းတော်တွင်း၌ လက်ခံခဲ့သည်အမှန်တွင် ကြောင်းဝန်ခံခြင်းဆိုသည်မှာ ယုံကြည်သူတို့အား မာတုရအတွက်ပြင်ဆင် ရန်ကို ဆိုလိုခြင်းဖြစ်သည်။
ဤအကြောင်းကြောင့် သူကြိုဆိုခဲ့သည် အခြားစကားလုံးဖြင့်ဆိုသော် သူ့အသင်းတော်သို့လာသောသူမှန်သမျှအား ဘုရားသခင်နှင့်သူ၏ရေ နှင့်ဝိ ညာဉ်တော်သတင်းကောင်း အပေါ်ယုံကြည်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ် စေ သူလက်ခံခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ အသင်းဝင်ရန် များစွာသော ကိုယ်ကျိုးစွန့်ပေးဆပ်မှုရှိရသောကြောင့်ဧဖက်အသင်းတော်၏ အစေခံတို့ကြောက်ရွံ့သည်မှာ ဤပေးဆပ်မှုများက မှားယွင်းသောလူတို့ကို အသင်းဝင်ရန်တားမြစ်မည်ကိုပင် ထို့ကြောင့်ပင်သူသည် စစ်မှန်သောသမ္မ တရားအား တိကျသောစကားလုံးများဖြင့် ဟောပြောခြင်း မပြုနိုင်ခဲ့ပေ။
သို့သော်သမ္မာတရားမရှိသော နေရာ၌သန့်ရှင်းသောဝိညာဉ်တော် မရှိနိုင် သောကြောင့်ဘုရားရှင်က မီးခွက်ကိုပြောင်းရွေ့မည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ ထိုအရာမှာ ဧဖက်အသင်းတော်၏ အစေခံနှင့်သန့်ရှင်း သူတို့ အလုပ်လုပ်မှု နည်းသောကြောင့် ဘုရား သခင်က အသင်းတော်ကို ပြောင်းရွေ့စေမည်ဟု မိန့်တော်မူခဲ့သည်မဟုတ် သူဆိုလိုသည်မှာ သူအသင်းတော်၌ ကျိန်းဝပ်နိုင် ခြင်းရှိတော့မည်မဟုတ်ဟု ဆိုခြင်းဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော်ထို အထဲ၌သမ္မာတရားတွေ့နိုင်တော့မည်မဟုတ်သောကြောင့်ပင်။ဘုရားသခင်၏အသင်းတော်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို အကြွင်း မဲ့လိုက်နာ ခြင်းရှိရန်လိုအပ်ပါသည်။ ဘုရားသခင်၏ အစေခံနှင့် သန့်ရှင်းသူတို့သည် ဤ သတင်းကောင်း၌ ယုံကြည်ရုံသာမဟုတ် တိကျသောစ ကားလုံးများဖြင့်ဟော ပြောရန်လိုပအပ်ပါသည်(၈း၂၆-၂၇)။
ဤသတင်းကောင်းအတွင်း၌သာ ဘုရားသခင်၏ချစ်ခြင်းမေတ္တာအား ကျွန်ုပ်တို့တွေ့နိုင်ကာကျွန်ုပ်တို့တွက်ထားသောသူ၏ကျေးဇူးတော်နှင့် ကောင်း ကြီးမင်္ဂလာအားလုံး(၃း၁၃)တွင်တွေ့နိုင်မည်ဖြစ်သည်။ဤသတင်းကောင်းအား ဟောပြောရမည့်အစား ဧဖက်အသင်းတော်၏အစေခံ တို့သည် ကားတိုင်ပေါ်မှ အသွေးတော်ကိုသာ ယုံကြည်သောသူတို့အားသူ့အသင်းတော်တွင်း ၌လက်ခံ ခဲ့သည်။ သို့သော် ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးသော အစေခံအားလုံးကို သယ်ဆောင်သွားသည့် ယေရှု၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်မှ သူ၏အသွေးတော် သတင်းကောင်းကိုမဟောပြောပါက ကျွန်ုပ်တို့သခင်ဘုရား၏ အလုပ်အား လုံးတို့အား အသုံးမဝင်ဖြစ်ပေမည်။
ကျွန်ုပ်တို့သည် သခင်ဘုရားရှေ့၌ ခဏတာလဲကျသော်လည်း ဤသ တင်းကောင်း အားယုံကြည်ကာ ဟောပြောပါက သခင်ဘုရားသည် ကျွန်ုပ် တို့အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော်အဖြစ် ရှိနေနိုင်ပါသည်။ အကယ်၍ ဘုရားသခင်၏ အစေခံ (သို့) သန့်ရှင်းသူတို့သည် ချွတ်ယွင်းချက်အပြည့်နှင့် ရှိနေလျှက်ပင် သခင်ဘုရားသည်သူ၏ နှုတ်ကပတ်တော်ဖြင့် သူတို့အား သင်ကြား ပို့ဆောင်နိုင်ပေသည်။ ရေနှင့်ဝိညာဉ်တော်သ တင်းကောင်း၏ အသင်းတော်၌ သန့်ရှင်းသောဝိညာဉ်တော်တွေ့ရ၏။ သန့်ရှင်းသောဝိညာဉ် တော် မျက်မှောက်ရှိနေခြင်းဆိုသည်မှာ အသင်းတော်သည် သန့်ရှင်းသည်ဟု ဆိုခြင်းဖြစ်သည်။
ဘုရားသခင်၏ အစေခသန့်ရှင်းသူတို့အတွက် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းဟောပြောခြင်းမရှိပါက ၈း၂၈-၃၀ သန့်ရှင်းခြင်းရှိနိုင်တော့ မည်မဟုတ်ပေ။ သူတို့က မိမိတို့၌ အပြစ်မရှိတော့ဟု ပြောနိုင်ပေမည်။ သို့ သော်ရေ နှင့်ဝိညာဉ်တော်သတင်းကောင်း ဟောပြောခြင်းမရှိသည့်နေရာတွင် သန့်ရှင်းခြင်းတွေ့နိုင်ခြင်းမရှိပေ။ ဤရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် ကနဦးအသင်းတော်၏ သန့်ရှင်းသူတို့ယုံကြည်ခဲ့သောသတင်းကောင်း၊ သခင် ဘုရားသည် လောကသို့ကြွဆင်းလာပြီး သူ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သေခြင်းဖြင့်လောက၏အပြစ်အားလုံးကို သယ်ဆောင်သွားခဲ့ကြောင်းပြော သည့် သတင်းကောင်းဖြစ်သည်။ သူသည်ကျွန်ုပ်တို့၏အားနည်းခြင်းနှင့် ချို့ ယွင်းချက် အားလုံးတို့ကို သူ၏ဗတ္တိဇံနှင့်သယ်ဆောင်သွားခဲ့ပါသည်။
ဘုရားသခင်သည် ၈း၂၈ ကျွန်ုပ်တို့၏ အားနည်းခြင်းနှင့် ချို့ယွင်း ချက်များမှ ကျွန်ုပ်တို့အပြစ်များကို သယ်ဆောင်သွားပြီး ကျွန်ုပ်တို့၏ သိုး ထိန်းဖြစ်လာခဲ့ပါသည်။တစ်ဦးတစ်ယောက်သည် ကြွယ်ဝစွာကောင်းကြီးခံ စား ပြီးမှ သခင်ဘုရားအား ရောမ ဧကရာဇ်များနှင့် လဲလှယ်ပြီး သေဆုံးသွားမည့်အ ရာအားသူ (သို့) သူမ၏ ဘုရားအဖြစ် မည်သို့လက်ခံနိုင်ပါမည်နည်။ ဘုရား သခင်၏ကျေးဇူးတော်သည် အလွန်ကြီးမားကာကြွယ်ဝသောကြောင့် ရောမဧ ကရာဇ်များ၏ အတင်းအကျပ်စေခိုင်းခြင်းနှင့် ခြောက်လှန့်ခြင်းများသည် သန့်ရှင်းသူတို့အား သူ့ချစ်ခြင်းမေတ္တာကို ငြင်းပယ်ရန်မတတ်နိုင်ခဲ့ပေ။ သူတို့ သည် သူတို့၏ယုံကြည်ခြင်းကို ကွယ်ကာရန်အတွက် လိုလားနှစ်သက်စွာပင် မာတုရကိုပွေ့ဖက်နိုင်ခဲ့ကြသည်။ သူတို့သည် သူတို့၏ယုံကြည်ခြင်းကိုစွန့် လွှတ်စေသည့် ခြောက်လှန့်မှု့နှင့် သူတို့အားရုပ်ဝတ္တုပစ္စည်းများ အကျိုးတွက် သူတို့၏ယုံကြည်ခြင်းကို စွန့်လွှတ်စေခြင်းနှစ်မျိုးလုံးကို ငြင်းပယ်ကြသည်။ သူတို့၏ယုံကြည်ခြင်းကို စွန့်ပစ်ရန်နှင့် သူတို့၏ ဘုရားကိုစွန့်ပယ်ရန် အဘယ် အရာကမျှ မပြုနိုင်ခဲ့ပဲ ဤမသေဆုံး သောသစ္စာရှိခြင်းသည် သူတို့အားမာ တုရကို ပွေ့ချီစေနိုင်ခဲ့သည့်အရာဖြစ်သည်။
မာတုရခံသူများ၏နှလုံးသား၌သူတို့အား အပြစ်များအားလုံးမှရေနှင့် ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ကယ်တင်ခဲ့သည့် ဘုရားသခင်၏ချစ် ခြင်းမေတ္တာနှင့် ကျေးဇူးတော်အပေါ် ကျေးဇူးတင်ခြင်းအပြည့်ရှိနေ၏။ ဘုရား သခင်၏ ချစ်ခြင်းမေတ္တာအပေါ် သစ္စာဖောက်ခြင်းမရှိနိုင်သော သူတို့၏ယုံ ကြည်ခြင်းသည် မိမိကိုးကွယ်သည့် ဘာသာကိုစွန့်ပယ်ခြင်းထက် သူတို့အပြစ် မှထာဝရကယ်တင်ခဲ့သည့် ယုံကြည်ခြင်းအားဖြင့် မာတုရကို ပွေ့ချီလိုကြ သည်။ ရောမဧကရာဇ်များက ကနဦးအသင်းတော်ရှိ သန့်ရှင်းသူတို့အား မိမိတို့ ကို ဘုရားအဖြစ်ကိုးကွယ်ရမည်ဟု အမိန့်ထုတ်သော အချိန်မျိုးကဲ့သို့ ကျွန်ုပ် တို့၏ယုံကြည်ခြင်း ကိုအတင်းစွန့်ပယ်စေသော အချိန်ရောက်လာပေလိမ့်မည်။ ဤအရာဖြစ်လာချိန်တွင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းဖခင်များ၏ ခြေရာကို လိုက်ကာ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအား မာတုရခံခြင်းဖြင့် ကာကွယ်ရ မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ချို့ယွင်းချက် အပြည့်နှင့်ဖြစ်သော်လည်း ဘုရား သခင်သည် ကျွန်ုပ်တို့အား အလွန်ချစ်တော်မူသောကြောင့် ကျွန်ုပ်တို့အပြစ် အားလုံးကို သူ့ကိုယ်ပေါ်သို့ တင်ခဲ့သည်။ ကျွန်ုပ်တို့ သူ၏အသရေကို မည်မျှပင်ပျက်စေကာမူသူသည် ကျွန်ုပ်တို့အား သူ့ရင်ခွင်၌ လက်ခံခဲ့ပါသည်။ သူကျွန်ုပ်တို့အား ပွေ့ချီရုံသက်သက်သာမဟုတ်ဘဲ ကျွန်ုပ်တို့၏ အပြစ်ပြဿ နာအားလုံးကိုလည်း ဖြေရှင်းပေးကာ သူ၏သားသမီးနှင့်သတို့သမီးအပြစ် ကျွန်ုပ်တို့အားပြုလုပ်ခဲ့ပါသည်။
ထို့အတွက်ကြောင့်ပင် ကျွန်ုပ်တို့သည် သူအပေါ်ထားရှိသော ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ဘယ်သောအခါမျှ သစ္စာမဖေါက်ဘဲ သူ့နာမတော် အတွက် လိုလား ဝမ်းမြောက်စွာ မာတုရခံသင့်ပေသည်။ မာတုရသည် ဘုရားသခင် ကျွန်ုပ်တို့အား ပေးထားသည့်ရှေ့ဦးစွာသော ချစ်ခြင်းမေတ္တာကို ကာကွယ်ရန် အတွက်ဖြစ်သည်။ ဤအရာသည် ကျွန်ုပ်တို့လူသားများ၏ ခံစားချက်မှုမှထွက် ပေါ်လာသောအရာမဟုတ်ဘဲ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အားနည်းခြင်း နှင့် ချို့ယွင်းချက်များကြားမှပေးထားသည့် သူ၏ကောင်းကြီး မင်္ဂလာများ အပေါ် ယုံကြည်ခြင်းမှ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏စွမ်းအားအလို အတိုင်း မာတုရခံနိုင်ခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့၏ဘုရားသခင်၏ ကြီးမားခြင်းအ ပေါ် ယုံကြည်ခြင်းကြောင့်ဖြစ်သည်။ 
မိမိ၏နိုင်ငံအတွကအယူဝါဒအတွက် မာတုရခံခဲ့ကြသူများ လည်းရှိသည် မှာ မှန်ပေ၏။ ဤလူများသည် သူတို့မှန်သည်ထင်သည့် အရာအပေါ်တွင် မယိုင်မလဲရပ်တည်ကာ ထိုအရာအတွက် သူတို့၏အသက် ပိုပင် ပေးတတ်ကြ ၏။ သို့သော် ကျွန်ုပ်တို့သည် အဘယ်နည်း။ ဘုရားသခင်၏ သားသမီးများ သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ယေရှုခရစ် အပေါ်ထားရှိ သော သူတို့၏ယုံကြည်ခြင်းဖြင့် မည်သို့မာတုရခံနိုင်ကြသနည်း။ ကျွန်ုပ်တို့မာ တုရခံနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သခင်က ကျွန်ုပ်တို့အား ချစ်ကာကင်တင်ခဲ့သည်ဆိုသည့် သတင်းကောင်းအပေါ် ကျွန်ုပ် အလွန် ကျေးဇူးတင်မိသောကြောင့်ဖြစ်သည်။ 
ကျွန်ုပ်တို့၏မရေတွက်နိုင်သောကြောင့် ကျွန်ုပ်တို့အား သန့်ရှင်းသော ဝိညာဉ်တော်ကိုပေးထားခဲ့သောကြောင့် သူသည်ကျွန်ုပ်တို့အား သူ့လူများအ ဖြစ်သို့ရောက်စေကာ သူ့မျကမှောက်၌ ထာဝရနေထိုင်ခွင့်ပြုသောကြောင့် ကျွန်ုပ်တို့သည် သူ့အားမည်သည့်အခါမျှ စွန့်ပစ်နိုင်မည်မဟုတ်ပေ။ ဘုရားသ ခင်သည် ကျွန်ုပ်တို့အား ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုပေးမည်ဟု ကတိ ပေးထားခဲ့၏။ ထိုမျှော်လင့်ခြင်းအတွက်နှင့်ပင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မစွန့်ပစ်နိုင်ပေ။ မည်သည့်အရာပင်ဖြစ်နေပါစေ။ အကယ်၍အန္တိခရစ် ကျွန်ုပ် တို့အားနောက်ဆုံးသောအချိန်ကာလ၌ ခြိမ်းခြောက်ကာ သေသည်အ ထိညှင်း ပန်းနှိပ်စက်ခြင်းပြုလျှင်ပင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သခင်နှင့် သူ၏ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို ဘယ်သောအခါမျှ ငြင်းပယ်နိုင်မည်မဟုတ်ပေ။ အကယ်၍ကျွန်ုပ်တို့သည် အန္တိခရစ်၏ခြေရင်း၌ အတင်းဒရွတ်တိုက်ဆွဲကာ သေခြင်းသို့ပို့ခံရလျှင်ပင် ကျွန်ုပ်တို့အား ကယ်တင်ခဲ့သည့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာတော်အပေါ် သစ္စာဖေါက်နိုင်မည်မဟုတ်ပေ။ 
ဆိုရိုးစကား ရှိသည့်အတိုင်း ကျွန်ုပ်တို့၏သေသောခန္ဓာသည်ပင်လျှင် သခင်များကို အတင်းအကြပ်ခိုင်းစေခြင်းခံရမည်။ သို့သော်ကျွန်ုပ်တို့သေသည် အထိ မပြုလုပ်နိုင်သည့် အရာတစ်ခုရှိ၏။ ထိုအရာမှာ ကျွန်ုပ်တို့အား ကယ် တင်ခဲ့သည့် ခရစ်တော်၏ချစ်ခြင်းမေတ္တာကို ငြင်းပယ်ခြင်းဖြင့် သစ္စာ ဖေါက်ခြင်းမျိုးပင် ဖြစ်သည်(၉း၂၇)။ ကျွန်ုပ်တို့၌ ချို့ယွင်းချက်ရှိသောကြောင့် အန္တိခရစ်သည် ကျွန်ုပ်တို့အပေါ်သနားလိမ့်မည်ဟု သင်ထင်ပါသလား။ သနား လိမ့်မည်မဟုတ်ပေ။ သူသည် အနည်းငယ်မျှပင် ဂရုစိုက်နိုင်မည်မဟုတ်ပေ။ သို့သော် ကျွန်ုပ်တို့မည်မျှပင် ဆိုးသွမ်းကာ အားနည်းစေကာမူ ကျွန်ုပ်တို့သခင် ဘုရားသည် ကျွန်ုပ်တို့၏ပြဿနာအားလုံး သူ့အပေါ်တင်ကာ ကျွန်ုပ်တို့နေရာ ၌ တရားစီရင်ခြင်းခံခဲ့ပြီး ကျန်းမာခြင်းပေးခဲ့ပါသည်။ ထို့တွက်ကြောင့် ဘုရား သခင်၏ ကယ်တင်ခြင်းချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့စွန့်ပယ်နိုင်ခြင်းမရှိဘဲ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းအားဖြင့် ကျွန်ုပ်တို့အား ကင်တင်ခဲ့သည့် ရှေးဦးစွာသော ချစ်ခြင်းမေတ္တာကို မစွန့်ပစ်နိုင်ခြင်းဖြစ်ပါသည်။ ထိုအရာအား ကျွန်ုပ်တို့၏ နှလုံးသား၌စွန့်ပယ်ခြင်းမ ရှိသရွေ့အဘယ်အရာကမျှ စွန့်ပယ်စေ နိုင်မည်မဟုတ်ပေ။
 
 
ထိုနည်းလည်းကောင်းပင် အကယ်၍ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအား 
 
နှလုံးသားထဲ၌ နက်ရှိုင်းစွာထားမည်ဆိုပါက မည်မျှသော ခြိမ်းခြောက်မှု အတင်းအကြပ်ခိုင်စေမှုများ ကျွန်ုပ်တို့အပေါ် ကျရောက်နေပါစေ။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို နောက်ဆုံးချိန်အထိတိုင် ကာကွယ်နိိုင်မည်ဖြစ်သည်။ အကယ်၍ ဘုရားသခင်ကျွန်ုပ်တို့အပေါ်ထားရှိသောအဖိုးတန်လှသည့် ချစ်ခြင်း မေတ္တာကို နှလုံးသားမှနားလည်ကာ အဆုံးထိုဆုပ်ကိုင်ထားမည်ဆိုပါက သတင်းကောင်းအတွက် နောက်ဆုံးသောနေ့ရက်ရောက်သည့် ချိန်ထိကာ ကွယ်နိုင် မည်ဖြစ်ပါသည်။ ယုံကြည်ခြင်း၌ ရှောက်လှမ်းသူတို့အတွက် မာတု ရသည် မည်သည့် အချိန်တွင်မဆို ပွေ့ဖက်ရန် ဆက်ခဲ့သည့်အရာမဟုတ်ပေ။
မာတုရနာကျင်ခြင်းနှင့် ဆင်းရဲဒုက္ခကို ခံရခြင်း သက်သက်အတွက်သာမ ဟုတ်ပေ။ ကျွန်ုပ်တို့၏ခန္ဓာသည် သေးငယ်ဆုံးသောအပ်ဖြင့် ထိုးခြင်းခံရ လျှင်ပင် မခံရပ်နိုင်လောက်သော နာကျင်မှုမျိုးပေးနိုင်သည့် ခန္ဓာမျိုးဖြစ်သည်။ မာတုရသည် ထိုကဲ့သို့သော ခန္ဓာ၏နာကျင်မှုအား ကြံ့ကြံ့ခံထားနိုင်ကို မဆိုလို ပေ။ ထို့ထက် မာတုရသည် ကျွန်ုပ်တို့၏အသက်ကိုပေခြင်းဖြစ်သည်။ ခန္ဓာ ကိုယ်နာကျင်ခြင်းခံရရုံသက်သက်မဟုတ်ပါဘဲတစ်ဦးတစ်ယောက်၏ အသက် အမှန်တကယ် ဆုံးရှုံးခံရခြင်းသည် မာတုရဖြစ်သည် (၈း၂၉-၃၀)။
အန္တိခရစ်သည်ကျွန်ုပ်တို့အား အတင်းအကြပ်သူ့အားဘုရား အဖြစ်ခေါ် ကာ ကိုးကွယ်စေခြင်းပြုရန် ပြောဆိုပါက ကျွန်ုပ်တို့သေသည်အထိ ခုခံသွား မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သခင်ဘုရားတစ်ဦးတည်းသာလျှင် ကျွန်ုပ်တို့၏ ဘုရားဖြစ်ကာ သူတစ်ဦးတည်းသာလျှင် ကျွန်ုပ်တို့၏ကိုး ကွယ် ခြင်းခံထိုက်ပေ၏။ ကျွန်ုပ်တို့သည် သူ့နာမအတွက် မာတုရခံခြင်းသည် အ ဆင့်လျှော်ဆုံးဖြစ်ပါသည်။ ဤယုံကြည်ခြင်းအား ကျွန်ုပ်တို့သည် မည်သည့်အ ရာနှင့်မျှမလဲနိုင်ပေ။ ဘုရားသခင်သည် ငြင်းပယ်ကာ ဘုရားအဖြစ်ကိုး ကွယ် စေသော အန္တိခရစ်သည် အမှန်ပင် ကိုးကွယ်ရန် ထိုက်တန်ပါသလား။ 
မထိုက်တန်သည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်သာလျှင် ကမ္ဘာ ကြီးနှင့်စင်္ကြာဝဠာတစ်ခုလုံးအား ဖန်ဆင်းရန် တန်ခိုးရှိတော်မူ၏။ သူတစ်ဦး တည်းသာလျှင် သေခြင်းနှင့်ရှင်ခြင်းအပေါ် တန်ခိုးရှိကာ သူတစ်ဦးတည်းသာ လျှင်အပြစ်ဆိုဖွယ်ရာမရှိ။ အပြစ်ကင်းပြီးဖန်ဆင်းထားသော သတ္တာဝါအားလုံး ရှေ့၌ဖြောင့်မတ်ခြင်းအပြည့်ရှိကာ သူတစ်ဦးတည်းသာလျှင် လောက၏အပြစ် များအားလုံးကို ၁၁း၂၈ “သယ်ဆောင်သွားရန်တန်ခိုးရှိပါသည်။ ထိုသို့ဆိုသော် အန္တိခရစ်သည် မည်သို့နည်း။ အန္တိခရစ်၌ရှိသော တစ်ခုတည်းသော အရာမှာ လောကီ အာဏာတန်ခိုးပင်ဖြစ်သည်။” ထို့ကြောင့်ပင် ကျွန်ုပ်တို့သူ့အားသ ခင်ဘုရားနှင့်မလဲနိုင်ဘဲ ထို့အတွက်ကြောင့် ကျွန်ုပ်တို့သည် တန်ခိုးကြီးသော ဘုရားသခင်ကို သစ္စာမဖေါက်နိုင်ခြင်းဖြစ်သည်။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အား ထဝရပျော်ရွင်မှုအမှန်တကယ်ပေးနိုင် သူသည် ယေရှုခရစ်အားယုံကြည်ခြင်းဖြင့် အပြစ်ကင်းမဲ့သူများအဖြစ်သို့ ရောက်သောသူများအား ဘုန်းတော်ဝင်စားသောခန္ဓာသစ်ဆီသို့ ရှင်ပြန်ထ မြောက်စေပြီး အနှစ်တစ်ထောင်နိုင်ငံနှင့် ကောင်းကင်သစ်မြေကြီးသစ်အ တွက် ဂိတ်တံခါးဖွင့်ပေးမည် ဖြစ်သည်။ သို့သော် အန္တိခရစ်ရှေ့၌ ရှိခိုးကြသော သူများသည်ထာဝရအပြစ်ပေးခြင်းခံကာ စာတန်နှင့်အတူ ငရဲသို့ချခြင်းခံ ရမည် ဖြစ်သည်။ 
ခဏသာနာကျင်ဒုက္ခခံစားရသည့်အတွက် အန္တိခရစ်နှင့်အတူရပ် တည် ကာ ကျွန်ုပ်တို့၏ထာဝရ ပျော်ရွှင်ခြင်းကို စွန့်ပယ်မည်ဆိုပါက ထိုအရာသည် အလွန်ရူးသွပ်ခြင်းပင်ဖြစ်လိမ့်မည်။ ဤသမ္မာတရားကို သိနားလည်ပြီး မိမိ၏ နှလုံးသား၌ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်သူတို့သည် အန္တိ ခရစ်အားရဲ့ရင့်စွာ ဆန့်ကျင်ရပ်တည်ပြီး မာတုရခံကာ သူတို့၏ပေးဆပ်ခြင်း အတွက် ထာဝရပျော် ရွှင်ခြင်းကို ဆုလဒ်အဖြစ်ခံယူရပေမည်။ သင်နှင့် ကျွန်ုပ်တို့အားလုံးသည်လည်း မာတုရခံရမည့်သူများဖြစ်သည်။ မြင်းနက် ခေတ်ကုန်ဆုံးသွားသောအခါတွင် မြင်းမွဲခေတ်ရောက်လာကာ အန္တိခရစ်အ တွက်ပေါ်လာပြီးတံပိုးခုနစ်လုံး၏ ဘေးဒါဏ်ကြီးသည် စတင်လာမည်မှာ မှား ယွင်းချက်မရှိပေ။
အန္တိခရစ်သည် သေခြာပေါက်မာတုရခံပြီး ကျွန်ုပ်တို့၏ ရှင်ပြန်ထမြောက် ခြင်းနှင့်အတူ ကျွန်ုပ်တို့သည် သေချာပေါက်ပင် ချီဆောင်ခြင်း ခံရခြင်းနှင့်အတူ ကျွန်ုပ်တို့သည် သေချာပေါက်ပင် ချီဆောင်ခြင်းခံရပေမည်ဖြစ်သည်။ ထို့ နောက် ကျွန်ုပ်တို့သည် အနှစ်တစ်ထောင်နိုင်ငံသို့ သေခြာပေါက်ဝင်ရောက် ရမည်ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့အား အန္တိခရစ်ညှင်းပန်းနှိပ်စက်ကာ သေစေသော အခါ ကျွန်ုပ်တို့သည် လိုလားစွာပင် မာတုရခံရခြင်းဖြစ်သည်။ ရုပ်ရှင်ကား တစ်ခုတွင် သေတွင်းပို့ခံရသော်လည်း ယုံကြည်ခြင်းကို ကာကွယ်ရန်အတွက် ချီးမွမ်းသီချင်းဆိုလျှက်ပင် မိမိအသက်ကို ပေးခဲ့ကြသောခရစ်ယာန်တို့၏ အ ကြောင်း သရုပ်ဖေါ်ထားသည်။ ရုပ်ရှင်သည် စိတ်ကူးယဉ်ဆန်သော်လည်း သမိုင်းဖြစ်ရပ်များသည် မှန်ကန်သည့်အရာများသာဖြစ်သည်။ များစွာသော ခရစ်ယာန်တို့မှာ မိမိတို့၏ယုံကြည်ခြင်းကို ကာကွယ်ရန်အတွက် အသက်ကို စွန့်ခဲ့ကြသည်။ သူတို့အဘယ်ကြောင့်ထိုသို့ပြုရသနည်း။ အဘယ်ကြောင့်ဆို သော် ရောမအင်ပါယာတို့၏သူတို့အပေါ် တောင်းဆိုသည့်အရာမှာ ဘုရား သခင်ကို ညင်းပယ်ပြီးအခြားဘုရားကို ကိုးကွယ်ရန်သူတို့၏ယုံကြည်ခြင်းကို စွန့်ပယ်ခိုင်းခြင်း ဖြစ်သည်။ ထိုအရာမှာ ခရစ်ယာန်တို့မပြုလုပ်နိုင်သည့် အရာ တစ်ခုဖြစ်သောကြောင့်ပင် ဖြစ်သည်။ အကယ်၍ရောမအင်ပါယာက တောင်း ဆို သည့်အတိုင်း သူတို့ဘုရားကို ပြောင်းလဲခဲ့ပါက သူတို့သည် အရာအား လုံးကို ပြောင်းလဲရပေမည်။ ဧကရာဇ်မင်းသည် သူတို့၏ဘုရားဖြစ်လာကာ သူတို့နယ် ရုပ်လေးတစ်ရုပ်အဖြစ် သေဆုံးရမည်ဖြစ်သည်။ သူတို့သည် အပြစ် မှကယ်တင်ခြင်းနှင့် ကောင်းကင်သစ်မြေကြီးသစ်သို့ ဝင်ရောက်နိုင်ခြင်း နှစ်မျိုး လုံး ပြုနိုင်မည်မဟုတ်ပေ။ 
ထို့ကြောင့်ပင် သူတို့သည် သူတို့၏ယုံကြည်ခြင်းအပေါ် သစ္စာမဖေါက် နိုင်ဘဲ ဝမ်းမြောက်မှုအပြည့်ဖြင့် သေခြင်းကိုရွေးချယ်ခဲ့ကြသည်။ သူတို့သည် သေခါနီးအချိန် ထိတိုင်အောင်ပင် သခင်ဘုရားထံချီးမွမ်းသီချင်းဆိုနိုင်ကြ သည်။ အဘယ်ကြောင့်ဆိုသော်သူတို့၏မျှော်လင့်ခြင်းသည် သူတို့၏နာကျင် စွာသေ ခံရခြင်းထက်ပို၍ကြီးမားသောကြောင့် ပင်ဖြစ်သည်။ ကျွန်ုပ်တို့အ တွက် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကာကွယ်ရန်မှာ အလွန် အရေး ကြီးသည့်အရာဖြစ်သည်။ ထိုအရာသည် ကျွန်ုပ်တို့အား မျှော်လင့်ခြင်းဖြင့် အသက်ရှင်နေရန် အမိန့်ပေးနေသည်။ ကျွန်ုပ်တို့၏သေခြင်းနောက်၌ ထည် ဝါခြင်းနှင့် ပျော်ရွှင်ခြင်းအပြည့်ရှိသော ကမ္ဘသစ်၌နေထိုင်ရန် ထာဝရအသက် စောင့် မျှော်နေသည်ကို မျှော်လင့်နေရပေမည်။ သင်သည် သခင်ဘုရားအ တွက် ဆင်းရဲဒုက္ခခံဖူးပါသလား။ သင်၏ကိုယ်တိုင်ချို့ယွင်းချက် (သို့) မှားယွင်း မှုကြောင့်မဟုတ်ပါဘဲ သခင်ဘုရားအတွက် သင်ဆင်းရဲဒုက္ခခံဖူးပါသလား။ အကယ်၍ ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခခံခြင်းသည် သခင်ဘုရားအတွက်ဖြစ်ပါ က ကျွန်ုပ်တို့၏နာကျင်မှုအားလုံးသည် ပျှော်ရွှင်ခြင်းသို့ပင်ပြောင်းလဲသွားမည် ဖြစ်သည်။ တမန်တော်ပေါလု ပြောခဲ့သကဲ့သို့ပင် “ငါတို့အားပေါ်ထွန်းလတံ့ သောဘုန်းကို ထောက်သော် မျက်မှောက်ကာလ၌ခံရသောဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏” ဟုဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၌ပေါ်ထွန်းလာမည့်ဘုန်းသည် သခင်ဘုရားအတွက် ကျွန်ုပ်တို့ခံစား ရသည့် ဆင်းရဲဒုက္ခထက်ပို၍ ကြီးမားသောကြောင့်ဖြစ်သည် ယခုမျက်မှောက် ကျွန်ုပ်တို့ခံစားနေရသည့် ဆင်းရဲဒုက္ခအားလုံးတို့သည် ကျွန်ုပ်တို့၏ယုံကြည် ခြင်း၏ကြီးမားသော ဝမ်းမြောက်မှုအောက်၌ ပျောက်ကွယ်သွားရပေမည်။ အခြားစကားလုံးဖြင့်ဆိုသော် ကနဦးအသင်းတော်၏ သန့်ရှင်းသူနှင့်မာတု ရခံခဲ့ရသူများသည် သခင်ဘုရားအတွက်အ သက်ကိုပေးခဲ့ကြသည်။ အဘယ် ကြောင့်ဆိုသော် သူတို့အတွက်စောင့်နေသည့် ပျော်ရွှင်ခြင်းမှာ သူတို့ လက်ရှိခံ စားနေရသည့် ဆင်းရဲဒုက္ခထက် ကြီးမားသောကြောင့်ဖြစ်သည်။ မာတုရခံရ ခြင်းမှာ သူတို့၏ဆင်းရဲဒုက္ခခံနိုင်ခြင်းစွမ်းအင်ရှိသောကြောင့် မဟုတ်ဘဲသူတို့ အတွက် စောင့်မျှော်နေသည့် ဘုန်းအပေါ်ထားသော မျှော်လင့်ချက်ကြောင့် ပင်ဖြစ်သည်။
ယေဘုယျအားဖြင့် လူတို့သည် သူတို့၏နာကျင်မှုများမှာ ခံသင့်သည့်အ ရာများဖြစ်သည်ဟု သည်းခံတတ်ကြ၏။ ဤသည်ခက်ခဲမော ပန်းနိုင်သော စစ်ပွဲဖြစ်သည်။ သူတို့၏ သည်းခံခြင်းသည် စိတ်ဓါတ်ကျစရာ အကျိုးရလဒ်များ ကြုံလာသောအခါ သူတို့၏အချီးနှီး ဖြစ်ခြင်းပို၍ကြီးမားလာခဲ့သည်။ ထိုကဲ့သို့ သော ဒုက္ခခံခြင်းအားလုံးသည် အကျိုးမရှိပေ။ သို့သော်ကျွန်ုပ်တို့ ခရစ်ယာန် များအတွက် ၁း၁၂ ပို၍ကြီးမားလာသည့်အရာမှာ ကျွန်ုပ်တို့၏ ဇွဲရှိခြင်းတွက် ပျော်ရွှင်ခြင်းနှင့်ဝမ်းမြောက်ခြင်းပင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဆုအတွက် စိတ်ချမှုအပြည့်ရှိပေသည်။ အကယ်၍ကျွန်ုပ်တို့သည် သခင်ဘုရားထံ၌ သူ၏ သစ္စာရှိသော ငယ်သားကောင်းအဖြစ် အစေခံရန် ဆုံးဖြတ်ထားပါက ကျွန်ုပ်တို့ တွက် စောင့်မျှော်နေသည့် နာကျင်မှုထက်ကြီးမားသည်ကို ကျွန်ုပ်တို့သိပါ သည်။ အဘယ့်ကြောင့်ဆိုသော် ခက်ခဲမှု့ရှိသမျှတို့သည် ဤပျော်ရွှင်မှု အောက် ရောက်ကာ ကျွန်ုပ်တို့အားလုံး သခင်ဘုရားအတွက် အသက်ရှင်နိုင် ကာမာတု ရကိုပင် ပွေ့ဖက်ထားနိုင်ပါသည်။
လူတို့၌ ဝိညာဉ်၊ စိတ်ခံစားမှု့၊ အတွေးအခေါ်နှင့် “ဒုတိယ အကြိမ်မွေးဖွား ခြင်းခံပြီးသောဝိညာဉ်များအတွက် သခင်ဘုရား၏ဝိညာဉ်တော်သည် သူတို့ အတွင်း၌ကျိန်းဝပ်နေသောကြောင့် သူတို့၏ဖြောင့်မတ်ခြင်းကြောင့် ညှင်းပန်း နှိပ်စက်ခံရပါသော်လည်း သူတို့အတွက် စောင့်နေသည့်ဘုန်းတော်ကြောင့် နှုတ်ဖြင့်ဖော်မပြနိုင်သည့် ဝမ်းမြောက်ခြင်းကိုသာ သယ်ဆောင်လာပါသည်။ သို့သော်အကယ်၍ သူတို့သည် ရှေးဦးစွာ သောချစ်ခြင်းမေတ္တာကို ထားခဲ့ပါက သခင်ဘုရားသည် မီးခွက်ကိုပြောင်း ရွှေ့ပစ်ရန် တုံ့ဆိုင်း နေမည်မဟုတ်ပေ။ အကယ်၍ရေ နှင့်ဝိညာဉ်တော်သတင်း ကောငး်အား မိမိစိတ်နှလုံးအကြွင်း မဲ့ဖြင့်အစေခံရန် ဆုံးဖြတ်ထားသူတို့ ထိုကဲ့သို့ပြုရန် ရပ်တန့်သည်ဆိုပါက ထိုအရာသည် သတင်းကောင်းအတွက် အစေခံရသော ဝမ်းမြောက်ခြင်းဖြစ် သည့် သူတို့၏ရှေးဦးစွာသော ချစ်ခြင်းမေတ္တာကို တဖြည်းဖြည်းဖြင့် ချန်ထား ခြင်းပင်ဖြစ်သည်။ သူတို့၏ပုဂ္ဂိုလ်ရေးရာ ယုံကြည်ခြင်း ကိုဆက်လက်ဆုပ်ကိုင် ထားနေမည်ဖြစ်သော်လည်း သတင်းကောင်းဟောပြောခြင်းအပေါ် အလေးမ ထားပါက ကယ်တင်ခြင်းရရန် မည်သို့ပြုရမည်ဆိုသည့် အပေါ်တွင်ရှင်းလင်း စွာ နားလည်နိုင်ခြင်းရှိမည်မဟုတ်ပေ။ ကားတိုင်ပေါ်မှ အသွေးတော်သည် ကယ်တင်ခြင်းအတွက် လုံလောက်မှုမရှိပေ။ သူတို့၏ယုံကြည်ခြင်းသည် ပျော့ရော့ကာသူတို့၏ မာတုရသည်လည်း သူတို့အတွက်မလုပ်နိုင်သည့်အရာ ဖြစ်နေပေသည်။ ထိုအခါဘုရားသခင်သည် သူတို့၏မီးခွက်အား ရှိသည့်နေရာ မှ ရွှေ့ပြောင်းပစ်မည်ဖြစ်သည်(၈း၃၁-၃၉)။
သတင်းကောင်းအားဝမ်းမြောက်ခြင်းဖြင့်ခိုင်မြဲစွာရပ်တည်အစေခံ သူများ သာလျှင် မာတုရအားလိုလားစွာ ပွေ့ဖက်နိုင်မည်ဖြစ်သည်။ အကြောင်းမှာ သူတို့သည်သူတို့၏ ရှေးဦးစွာသောချစ်ခြင်းမေတ္တာကို ဘယ်သောအခါမျှ စွန့် ပယ်မည်မဟုတ်သောကြောင့်ပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဤလူ များသည် ခရစ်တော်၏ချစ်ခြင်းပေါ်ယုံကြည်ကာ ဟောပြောကြခြင်းကြောင့် ဘုရားသခင်၏ကောင်းကြီးပေးခြင်းခံရသူများ ဖြစ်ကြကာ မာတုရခံနိုင်ကြ သည်။ သင်မည်မျှပင် တတ်စွမ်းကာ ဆုကျေးဇူးခံစားရသူဖြစ်နေပါစေ။အကယ် ၍ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအား ပျံ့နှံ့စေခြင်းမရှိပါက အသင်းတော် မီးခွက်ရှိသည့် နေရာမှပယ်ခြင်းကို ခံရမည်ဖြစ်သည်။ ဤသည်ဘုရားသခင်က ကျွန်ုပ်တို့အားခိုင်မြဲစွာ ဆုပ်ကိုင်ထားလိုသည့် သတင်းကောင်းဖြစ်သည်။ အ ကယ်၍ကျွန်ုပ်တို့သည် ဤသမ္မာတရားကို သဘောပေါက်နားလည်ယုံကြည် ပါက နောက်ဆုံးသောအချိန်ကာလ၌ ကျွန်ုပ်တို့နှလုံးသားကို ခွန်အားသစ်ဖြည့် ဆည်းကာ သခင် ဘုရား၏နာမတော်အတွက် မာတုရခံနိုင်မည်ဖြစ်သည်။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မကျအောင်ထိန်းထားသည့် အခြေခံအချက် သည် အဘယ်အရာနည်း။ ထိုအရာသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ဖြစ်သည်။ ထိုအရာသည်ရေနှင့်ဝိညာဉ်တော် သတင်းကောင်းအတွက် မဟုတ် ခဲ့ပါက ကျွန်ုပ်တို့၏ယုံကြည်ခြင်း အလုပ်သည် မည်သို့ အသုံးဝင်ပါမည်နည်း။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စောင့်ထိန်းထား နိုင်ရသောအကြောင်းရင်းမှာ ဘုရားသခင်သည် ကျွန်ုပ်တို့အား ချစ်ကာရေနှင့်ဝိညာဉ်တော် သတင်းကောင်း အားဖြင့် ကျွန်ုပ်တို့အား သူ့ရင်ခွင်တွင် ပွေ့ချီထားသောကြောင့်ဖြစ်သည်။ ဤချစ်ခြင်းမေတ္တာသည် ပြောင်းလဲခင်းမရှိဘဲ ကျွန်ုပ်တို့အားဘုန်းထင်ရှားစေ သောကြောင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ဆက်လက်ထိန်းသိမ်းကာ ထိုအရာ အား ဟောပြောပျံ့နှံ့စေနိုင်ကြခြင်းဖြစ်သည်။
ကျွန်ုပ်တို့၏အားနည်းခြင်းများကြားမှပင် နောက်ဆုံးသောအချိန်ထိတိုင် ဘုရားသခင်ဘက်သို့ ကျွန်ုပ်တို့ပြေးနိုင်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းသည် ကျွန်ုပ်တို့အား ကယ်တင်ကာ ဤ သတင်းကောင်းတွင်ခရစ်တော်၏ ချစ်ခြင်းမေတ္တာကိုတွေ့ရသောကြောင့်ဖြစ် သည်။ ကျွန်ုပ်တို့၌ချို့ယွင်းမှုများဖြင့်ပြည့်လျှက်ရှိပါ၏။ သို့သော်ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့်ဝတ်ခြုံထားသောကြောင့် ကျွန်ုပ် တို့သခင်ဘုရား၏ချစ်ခြင်းမေတ္တာဖြင့်ပြည့်လျှက်ရှိ၏။ ထို့ကြောင့်ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများကို ချစ်ခင်နိုင်ကာ ဘုရားသခင်၏အစေခံများနှင့် လော ကရှိပျောက်ဆုံးသောဝိညာဉ်အားလုံးတို့ကိုလည်း ချစ်နိုင်ခြင်းဖြစ်သည်။ အခြေ ခံအားဖြင့်ပြည့်စုံသောချစ်ခြင်းမေတ္တာသည် လူတို့ရောက်နိုင်သည့် အရာ၏ တစ်ဖက်၌ရှိ၏။ ကျွန်ုပ်တို့အတွင်း၌ချစ်ခြင်မေတ္တာမရှိသောကြောင့် ကျွန်ုပ်တို့ သည် တစ်ဦးတစ်ယောက်ကိုမျှ ချစ်ခြင်းမရှိဘဲ တစ်ကိုယ်ကောင်း စိတ်ဖြင့် မိမိကိုယ်သာချစ်နိုင်ကြခြင်းဖြစ်သည်။ များစွာသောလူတို့သည် အပေါ် ယံလွှာ ကိုကြည့်ခြင်းဖြင့် လိမ်ညာခံရကြသည်။ အတွင်းပိုင်း၌ရှိသော တောက်ပနေ သည့်မျက်နှာစာကိုကြည့်ပါ။ 
 
 
ထိုသူတို့သည်လူများအား သူတို့၌ရှိသော ရုပ်ဝတ္တုပိုင်ဆိုင်မှု
 
သို့သော် စစ်မှန်သောယုံကြည်သူများကြား၌ ဘုရားသခင်၏ချစ်ခြင်း မေတ္တာရှိ၏။ ထိုအရာသည် ကျွန်ုပ်တို့အားပြည့်စုံသော သခင်ဘုရား၏ချစ်ခြင်း မေတ္တာကိုပျံ့နှံ့စေသည့်အရာဖြစ်သည်။ ကျွန်ုပ်တို့သခင် ဤလောကသို့ကြွ လာကာ ဗတ္တိဇံခံပြီးကျွန်ုပ်တို့၏ချို့ယွင်းချက်အားလုံးတို့ကို လက်ခံကာ အပြစ် အားလုံးတို့ကို ဆေးကြောပြီး ကျွန်ုပ်တို့အားကယ်တင်ခဲ့သည်။ ထိုသို့ဆိုသော် ကျွန်ုပ်တို့အားဘုရားသခင်၏ သားသမီးများဖြစ်စေသည့် သူ၏ရှေး ဦးစွာသော ချစ်ခြင်းမေတ္တာကို မည်သို့စွန့်ပယ်နိုင်ပါမည်နည်း။ ကျွန်ုပ်တို့သည် အားနည်း ချက်များစွာရှိပေမည်။ သို့သော်ဤသမ္မာတရား၌ ကျွန်ုပ်တို့သည် ဘယ်သော အခါမျှ ယုံကြည်ခြင်းကိုအားမနည်းစေသင့်ပေ။ ကျွန်ုပ်တို့သည် ဤသတင်း ကောင်းအား ကျွန်ုပ်တို့၏လုံးဝယုံကြည်ခြင်းဖြင့် ဟောပြောရမည်ဖြစ်သည်။ ဘေးဒါဏ်ကြီးကာလ၌ အလိုအပ်ဆုံးသော အရာမှာ ရေနှင့်ဝိညာဉ်တော်ဖြစ် ပါသည်။ 
ကျွန်ုပ်တို့ဆင်းရဲခြင်းနှင့် ဘေးဒါဏ်ကြီးကြုံတွေ့လာသောအချိန်တွင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ကာကွယ်ရန်ခွန် အားနှင့်ခက်ခဲမှုများကိုကျော် လွှားစေနိုင်သည့်အရာမှာ ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းအပေါ် ယုံကြည် ခြင်းအားဖြင့်သာဖြစ်သည်။ ကျွန်ုပ်တို့၏မျက်နှာတောက်ပနိုင်ခြင်းမှာ သတင်း ကောင်း တန်ခိုးတော်ကြောင့်ဖြစ်ပြီး ကျွန်ုပ်တို့၏နေ့စဉ် ရုန်းကန်လှုပ် ရှားမှု များကြား မောပန်းချိန်၌ ပင်ဝမ်းမြောက်နိုင်ကြသည်။ ဤသည်ကျွန်ုပ်တို့ သခင်၏ချစ်ခြင်းမေတ္တာဖြစ်သည်။ တစ်ခါတစ်ရံလူတို့သည် ဥပဒေကို စောင့် ထိန်းလိုက်နာခြင်း လှည့်ကွက်၌လဲကျတတ်ကြသည်။ သူတို့တွေးထင် သည် မှာဘုရားသခင်သည်သတို့ပြုခဲ့သည့်အရာပေါ်၌ ကောင်းကြီးပေးသည်ဟု ဖြစ် သည်။ မှန်ပါ၏။ထိုအရာအားကျွန်ုပ်လုံးဝမှားယွင်းသည်ဟု ပြောဆိုမည်မဟုတ် ပါ။ သခင်ဘုရားက ငါ့ကိုချစ်သောသူကို ငါချစ်တော်မူမည်ဟု မိန့်တော် မူခဲ့သည်။ သို့သော်ဘုရားသခင်ကျွန်ုပ်တို့အား အလွန်ချစ်ကာ အပြစ်မဲ့သူများ အပြစ်ပြုရခြင်းမှာ ကျွန်ုပ်တို့ပြုခဲ့သောအရာများကြောင့် မဟုတ်ပေ။ အဘယ့် ကြောင့်ဆိုသော် ဘုရားရှင်သည် ကျွန်ုပ်တို့အပေါ် ထားခဲ့သော ကတိတော် အားလုံးကို သူသိထားပြီး၊ ကျွန်ုပ်တို့အပေါ်ထားခဲ့သော ကတိတော်အားလုံးကို သိကာ သူ၏ပြည့်စုံသောချစ်ခြင်းမေတ္တာနှင့်အလိုတော်ဖြင့် ကျွန်ုပ်တို့အားပွေ့ ချီကာ ပကတိအတိုင်းဖြစ်စေပါသည်။ သူ၏ကောင်းကြီးမင်္ဂလာကြောင့် သာ လျှင်ကျွန်ုပ်တို့သည် ဝမ်းမြောက်စွာ သက်ရှင်နိုင်ကြခြင်းဖြစ်သည်။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ့လူများအဖြစ်ပြုလုပ်သောကြောင့် သူ၏ဘုန်းတော်ဝတ်ဆင်ကာ အခြားသူများထံသတင်းကောင်းကို ဟောကာ သခင်ဘုရားအတွင် အလုပ်လုပ်နိုင်ကြခြင်းဖြစ်သည်။ ထို့နောက်အချိန် ကျ သောအခါတွင် သူ့အတွက်မာတုရခံနိုင်ကြပါသည်။ သူသည်ကျွန်ုပ်တို့ အားဤ အရာအားလုံးကို ပြုလုပ်စေနိုင်သောသူဖြစ်ပါသည်။ ကားတွင်း၌ သေတွင်း သို့ပို့ခံရသော်လည်း ၈း၃၁-၃၂သခင်ဘုရားအားချီးမွမ်း သီချင်းဆိုနိုင်ကြသည့် အမျိုးသမီးမာတုရခံသူများသည် မည်သည့်နေရာမှခွန်အားရကြသနည်း။ 
သူတို့သည်ဘုရားသခင်၏ချစ်ခြင်းမေတ္တာမှ ခွန်အားရခြင်းဖြစ်ပါသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြီးမားလှသောကြောင့်ပင် သူတို့သည် မာတုရ အား ချီးမွမ်းခြင်းဖြင့် ပွေ့ဖက်နိုင်ကြခြင်းဖြစ်သည်။ ထိုကဲ့သို့ပင် ကျွန်ုပ်တို့၏ အသက်တာ၌ ဖြစ်ပျက်နေပါသည်။ ကျွန်ုပ်တို့အသက်ရှင်နေရခြင်းမှာ သခင်ဘု ရားကျွန်ုပ်တို့အား ရှင်သန်ခွင့်ပေးသောကြောင့်ဖြစ်သည်။ ကျွန်ုပ် တို့သည် ဘုရားသခင်၏ အစေခံနှင့်သားသမီးများအဖြစ် နေထိုင်နိုင်ခြင်းမှာ ကျွန်ုပ်တို့၏ လုပ်ဆောင်ခြင်းကြောင့်မဟုတ်ပေ။ ကျွန်ုပ်တို့ထိုအရာနှင့် ထိုက်တန်သော အပြုအမူတစ်ခုမျှ ပြုခဲ့ခြင်းမရှိပေ။ ထိုအရာသည် ဘုရားသခင်၏ ကျွန်ုပ်တို့အ ပေါ်၌ထားသော မပြောင်းလဲနိုင်ဘဲ ပြည့်စုံသည့်ချစ်ခြင်းမေတ္တာကြောင့်သာ ထိုချစ်ခြင်း၌ ကျွန်ုပ်တို့ယုံကြည်နိုင်ခြင်း ဖြစ်ပြီး တစ်ခါတစ်ရံကျွန်ုပ်တို့ခလုတ် တိုက်မိလျှင်ပင် နောက်ဆုံးသောကာလထိတိုင် သူ့နောက်ကို ကျွန်ုပ်တို့လိုက် နိုင်ကြသည်။ ဤခွန်အားသည် ကျွန်ုပ်တို့ ၏ခွန်အားမဟုတ်ဘဲ ဘုရားသခင်၏ ခွန်အားဖြစ်ပါသည်။
မာတုရသည် ကျွန်ုပ်တို့အား ကျန်းမာစေသည့်ဘုရားသခင်၏ချစ်ခြင်း မေတ္တာအားဖြင့်သာဖြစ်နိုင်ပြီး သခင်ဘုရား၏ကျေးဇူးတော် သက်သက်အား ဖြင့်သာ မာတုရ ကိုကျွန်ုပ်တို့ပွေ့ဖက်နိုင်ကြပါသည်။ ဘုရားသခင်သည် သင့် အား မာတုရခံနိုင်စေသူဖြစ်သောကြောင့် ၂း၂၀ သင်၏အချိန်ကိုမဖြုန်းပါနှင့်။ ထိုအရာတွက်ပြင်ဆင်နေပါ။ ထိုအရာတွက် သင်ပြုနိုင်သည့်အရာတစ်ခု တစ် လေမျှမရှိသည်ကိုသတိရပါ။ ကျွန်ုပ်တို့၏ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ပေါ်၌ထားသော ယုံကြည်ခြင်းတစ်ခုတည်းကသာလျှင် ကျွန်ုပ်တို့၏နောက်၌ ထားသောယုံကြည်ခြင်းတစ်ခုတည်းကသာလျှင် ကျွန်ုပ်တို့၏နောက်ဆုံး ထွက် သက် အထိဘုရားသခင်အား ချီးမွမ်းစေနိုင်မည်ဖြစ်သည်။
သခင်ဘုရားသည်အာရှိပြည်၌ရှိသော အသင်းတော်ခုနစ်ပါးသို့ကြား လိုက်သည်မှာ “အကြင်သူသည် အောင်မြင်၏။ ထိုသူသည် ငါ၏ဘုရားသခင်ပ ရဒိသုဥယျာဉ်၌ရှိသော အသက်ပင်၏အသီးကို စားစေခြင်းငှာ ငါအခွင့်ပေး မည်”ဟုဖြစ်သည်။ အသက်ပင်သည် ကောင်းကင်သစ်နှင့် မြေကြီးသစ်တွင် တွေ့နိုင်ပါသည်။ ထိုနေရာ၌ ဘုရားသခင်၏ပလ္လင်ရှိပြီးအိမ်တော်သည် အဖိုး တန်ကျောက်များဖြင့် တည်ဆောက်ထားကာ အသက်ရေသည် စီးဆင်း လျက် ရှိနေပါသည်။