တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[8-1] အခန်း (၈) အတွက် နိဒါန်း

ရောမသြဝါဒစာအခန်းကြီး (၈) သည် တစ်အုပ်လုံး၏ အရေးကြီး ဆုံး သောအခန်းအဖြစ် ရေးသားဖော်ပြနိုင်ပါသည်။ ဤအခန်း၌ ဖော်ပြထားသည့် အဓိကအကြောင်းအရင်းများစွာဖြင့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းအလုပ်သည် မည်မျှအရေးပါကြောင်းကိုပေါလုအားကျွန်ုပ်တို့အားဖော်ပြထားခဲ့ပါသည်။
ပထမအဓိကအကြောင်းအရင်းမှာ “ယေရှုခရစ်၌တည်၍ ဇာတိပက တိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင် ခြင်းနှင့် လွတ်ကြ၏”(ရောမ ၈း၁)။ ဤအရာ၏ ဆိုလိုချက်မှာကျွန်ုပ်တို့၏ ဇာတိပိုင်း၌ မည်မျှပင် ဆိုးဝါးနေပါစေ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့၏အပြစ်အားလုံးမှ လွတ်မြောက်စေပါသည်။
ဒုတိယအဓိကအကြောင်းအရာမှာ “ဇာတိပကတိကြောင့် ပညတ်တရား သည် အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြုတော်မူခြင်းငှါ” (ရောမ ၈း၃)ဟုဖော်ြပထားပါသည်။ ဆိုလိုသည်မှာ လူတို့သည် ၎င်းတို့၏ ဇာတိပကတိကြောင့် ဘုရားသခင်ပေးထားသော ပညတ်တရားကို မလိုက် လျောက်နိုင်ကြသောကြောင့် ယေရှုခရစ်သည်သူ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ် တွင် အသေခံခြင်းအားဖြင့် ၎င်းတို့၏အပြစ်အားလုံးကို သူ့အပေါ်တင်ကာ ၎င်းတို့၏အပြစ်များနှင့်တရား စီရင်ခြင်းမှ ကယ်တင်ခဲ့သည်ဟု ဖြစ်သည်။ ယင်းသည်ယေရှုလောကသို့ကြွလာပြီး လူသားမျိုးနွယ်အားလုံးတို့၏ အပြစ်ကို ယောဟန်ပေးသောဗတ္တိဇံအားဖြင့် တစ်ကြိမ်တည်းသူ့အပေါ်၌တင်ဆောင်ပြီး အသေခံကာသေခြင်းမှ ရှင်ပြန်ထမြောက်နိုင်ခဲ့ပါသည်။ ကျွန်ုပ်တို့သခင်၏ အလုပ်အားလုံးတို့သည် ကျွန်ုပ်တို့၏ခမည်းတော်ဘုရားအပေါ်နာခံခြင်းဖြင့် အပြစ်သားများကို ၎င်းတို့၏ အပြစ်မှကယ်တင်ခြင်းရစေရန် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြည့်စုံစေလို၍ ဖြစ်ပါသည်။
တတိယအဓိအကြောင်းအရာမှာ “ဇာတိပကတိရှိသောသူတို့သည် သူတို့ ၏ ဇာတိပကတိနှင့်စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသောအရာတို့ကို စွဲလမ်း သောစိတ်သဘောရှိကြသည်။ဝိဉာဉ်သည်ပကတိရှိသောသူတို့မူကားဉ် ဝိညာဉ် ပကတိနှင့်စပ်ဆိုင်သော အရာတို့ကို စွဲလမ်းသောသဘောရှိကြ၏” (ရောမ ၈း၅) ဖြစ်သည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်ကို ယုံကြည် ရန် ဆုံးဖြတ်ပြီးချိန်တွင် ကျွန်ုပ်တို့၏အတွေးများဖြင့် ယုံကြည်ခြင်းမဟုတ်ဘဲ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လိုက်လျောက်ပြီး ယုံကြည်ခြင်းရှိ ရမည် ဟု ဖြစ်သည်။
စတုတ္ထအဓိကအကြောင်းအရင်းမှာ “သို့သော်လည်းဘုရားသခင်၏ဝိ ညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင် သင်တို့သည် ဇာတိပ ကတိ ဘက်၌ရှိကြသည်မဟုတ်။”  (ရော ၈း၉) ယုံကြည်သောသူတို့သည် ၎င်းတို့၏နှလုံးသား၌ သန့်ရှင်းသောဝိဉာဉ်တော်ကို လက်ခံရရှိပြီး ဘုရားသခင် ၏သား သမီးများဖြစ်လာကြသည်။ ဤအရာက သင်သည် ဘုရားကျောင်းကို လုံ့လဝိ ရိယရှိစွာတက်တတ်သောကြောင့် ဘုရားသခင်၏ သားဖြစ်မလာနိုင် ဟုလည်း ဆိုလို၏။
ပဉ္စမအဓိကအကြောင်းအရင်းမှာ“သို့ဖြစ်၍ ညီအစ်ကိုတို့သည် ငါတို့သည် ဇာတိပကတိအတိုင်း ကျင့်ရမည်အကြောင်း၊ ဇာတိပကတိအတိုင်း ကျင့်ရမည် အကြောင်း၊ ဇာတိပကတိ၏ကျွန်ဖြစ်ကြသည်မဟုတ်” (ရော၈း၁၂)။ ဟုဖြစ် သည်။ဤအရာကဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပြည့်စုံစေပြီးဖြစ်သော ယေရှု၏သတင်းကောင်းကို ယုံကြည်သောသူတို့သည် အပြစ်မှကယ်တင်ခြင်း ရပြီး ဇာတိပကတိ ကျွန်မဖြစ်နိုင်ကြတော့ဟု ဆိုလိုခြင်းဖြစ်သည်။
ဆဋ္ဌမအဓိကအကြောင်းအရင်းမှာ- “အကြောင်းမူကား၊ သင်တို့သည် တဖန်ကြောက်ရွံ့တတ်သော ကျွန်၏သဘောကို ရကြသည်မဟုတ်။ အဗ္ဗအဘ ဟု ခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်း၏သဘောကို ရကြပြီ” (ရောမ ၈း၁၅) ဟုဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် သန့်ရှင်းသောဝိညာဉ် တော်ကို လက်ခံရရှိပြီးဖြစ်သောကြောင့် ယခု ဘုရားသခင်အား အဗ္ဗအဘဟု ခေါ်ကြ၏။
သတ္တမမြောက် အဓိကအကြောင်းအရင်းမှာ “ငါတို့သည် ဘုရားသခင်၏ သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံ တော်မူ၏။ သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏အမွေခံဖြစ်ကြ၏။ ခရစ်တော် နှင့်အတူ ဘုန်းဝင်စားမည့်အကြောင်း ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကို ခံရလျှင်၊ ထိုသခင်နှင့် ဆက်ဆံသောအမွေ ခံလည်းဖြစ်ကြ၏” (ရောမ ၈း၁၆-၁၇)။ ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ ယုံကြည်သောသူတို့သည် သန့်ရှင်း သော ဝိညာဉ်တော်ကို ရရှိသောသူတို့ဖြစ်ကြပြီး သန့်ရှင်းသောဝိညာဉ်တော်ကို ရရှိသောသူတို့သည် ခရစ်တော်နှင့်အတူ ဘုန်းတော်ဝင်စားပြီး ဘုရားသခင်၏ နိုင်ငံတော်၌ အမွေခံများဖြစ်ကြသည်။
အဋ္ဌမမြောက်အဓိကအကြောင်းအရင်းသည် “ဤလောကတစ်နိုင်ငံလုံး သည် ယခုတိုင်အောင်တညီတညွတ်တည်း ညည်းတွား၍ ဆင်းရဲခြင်းဝေဒ နာကို ခံရသည်ဟု ငါတို့သိကြ၏” (ရောမ ၈း၂၂)။ ဤအရာက ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၌ ယုံကြည်ကြသောသူတို့သည်ပင်လျှင် ဤလောကနိုင်ငံ၌ အခြားသောသူများကဲ့သို့ပင် ဆင်းရဲဒုက္ခခံရမည်ဟု ပြော၏။ သို့သော် ၎င်းကား ၎င်းတို့တွေ့ကြုံကြမည့်ကမ္ဘာ၌ ညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုလည်း ခံစားကြရတော့မည်မဟုတ်ဟုလည်း ဆိုလို၏။
နဝမမြောက်အဓိကအကြောင်းအရင်းမှာ “ထိုသို့ခွဲခန့်မှတ်သားနှင့်သော သူတို့ကိုခေါ်တော်မူ၏။ ခေါ်တော်မူသောသူတို့ကိုလည်း ဖြောင့်မတ်ရာ၌ တည်နေတော်မူ၏။ ထိုသို့တည်စေတော်မူသောသူတို့ကိုလည်း ချီးမြှောက် တော်မူ၏”(ရောမ ၈း၃၀)။ ဤအချက်က ဘုရားသခင်သည် အပြစ်သား များအား သူ၏သားတော် ယေရှုခရစ်၌ ခေါ်တော်မူပြီး ၎င်းတို့အားသူ၏ ဖြောင့်မတ်ခြင်းဖြင့် ၎င်းတို့၏အပြစ်များကို တစ်ကြိမ်တည်းဖြင့် ပယ်ရှားဖြစ် ကာ သူ၏ သားသမီးများ ဖြစ်စေတော်မူသည်ဟု ဖြစ်ပါသည်။
နောက်ဆုံးအဓိကအကြောင်းအရာမှာ “ဘုရားသခင်ရွေးကောက် တော်မူ သောသူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ၌ တည် စေသော သူကားဘုရားသခင်ပေတည်း။” (ရောမ ၈း၃၃) ဟုဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်မှ ကယ်တင် ခြင်းခံပြီးသောသူတို့အတွက် သန့်ရှင်းသောဝိညာဉ်တော်ရရှိကာ ဘုရားသား ဖြစ်ရခွင့်ရ၏။ ၎င်းတို့အား မည်သူကမျှ စီရင်ခြင်းမပြုနိုင်ပေ။ 
ဤအဓိကအကြောင်းအရာဆယ်ခုသည်ရောမသြဝါဒစာစောင်အခန်းကြီး (၈)၏အကြမ်းဖော်ပြထားချက်ဖြစ်သည်။ ယခုကျွန်ုပ်တို့ ထိုအချက် ဆယ်ချက် ကို အသေးစိတ်လေ့လာကြည့်ကြပါစို့။