တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[8-4] (ရောမသြဝါဒစာ ၈း၄-၁၁) ဇာတိပကတိစိတ်သဘောသည်သေခြင်းအကြောင်းဖြစ်၏။ဝိညာဉ်ပကတိစိတ်သဘောသည်အသက်

(ရောမသြဝါဒစာ ၈း၄-၁၁)
“ဘုရားသခင် ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍၊ ဇာတိပကတိတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ် စီရင်ခြင်းနှင့်လွှတ်ကြ၏။ ယေရှုခရစ်၌ အသက်ရှင်စေသောဝိညာဉ်တော်၏ တရားသည်အပြစ်တရား၏လက်မှလည်းကောင်း၊ သေခြင်းတရား၏လက်မှ လည်းကောင်း၊ ငါ့ကိုကယ်လွှတ်ပြီ။ ဇာတိပကတိကြောင့်ပညတ်တရားသည် အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြုတော်မူခြင်းငှါ၊ အပြစ်နှင့် ပြည့်စုံသော ဇာတိပကတိ၏သဏ္ဍာန်ကို ဆောင်သောမိမိသားတော်ကို စေ လွှတ်တော်မူ၍၊ အပြစ်ဖြေဘို့ရာ ဇာတိပကတိ၌အပြစ်ကို ဒဏ်ပေးတော်မူ၏။ အကြောင်းမူကား၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်းကျင့် သော ငါတို့သည်၊ တရား၌ပါသောပညတ်တို့ကို စောင့်ရှောက်မည်အကြောင်း တည်း။ ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ်၏။ဝိညာဉ် စိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့်ငြိမ်သက်ခြင်းအကြောင်း ဖြစ်၏။ အဘယ်ကြောင့် နည်းဟူမူကား၊ ဇာတိပကတိစိတ်သဘောသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏အလိုတော်သို့မလိုက် တတ်။ ထိုမျှမကမလိုက်နိုင်။ ထို့ကြောင့် ဇာတိပကတိ၌ ကျင်လည်သော သူတို့သည် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်ကြ။ သို့သော်လည်းဘုရား သခင်၏ဝိညဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပကတိဘက်၌ ရှိကြသည်မဟုတ်။ ဝိညဉ်ပကတိဘက်၌ရှိကြ၏။ ခရစ်တော်၏ဝိညဉ်ကိုမရသောသူ မည်သည်ကားခရစ်တော်နှင့်မဆိုင်။ ခရစ် တော်သည် သင်တို့အထဲ၌ရှိတော်မူလျှင်၊ ကိုယ်ကာယသည် အပြစ်ကြောင့် အသေဖြစ်သော်လည်း ဝိညဉ်မူကားဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက် ရှိ၏။ ထိုမျှမက ယေရှုကို သေခြင်းမှ ထမြောက်တော်မူသောဘုရား၏ဝိညဉ် တော် သင်တို့အထဲ၌ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကိုသေခြင်းမှ ထမြောက် စေတော်မူသောဘုရားသည် သင်တို့အထဲ၌ ကျိန်းဝပ်သော မိမိဝိညာဉ်တော် အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်။”
ကျွန်ုပ်တို့ယခု ပြုနေသည့်အတိုင်း စာပေအားဖြင့် ကြီးကြပ်ကွပ်ကဲ ပေးသော အမှု့ဆောင်လုပ်ငန်းသည် ထိရောက်မှု့ရှိ၏။ ကျွန်ုပ်တို့သည် ဘုရား သခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်သောကြောင့် သူ၏နှုတ်ကပတ် တော်ကို ဖတ်သောအချိန်၌ ကောင်းကြီးခံစားရပြီး ယုံကြည်ခြင်းကြီးထွားလာ ပါသည်။
လူတို့သည် လွန်ခဲ့သော ရာစုနှစ်ငါးခုလောက်ကတည်းမှပင် လိမ်ညာ မှုခံခဲ့ကြပါသည်။ မှားယွင်းသော သြဝါဒဖြစ်သော နှစ်ဆသန့်ရှင်းစင်ကြယ်ခြင်း၊ ဖြောင့်မတ်စေခြင်းနှင့် နောင်တနှင့်ဆိုင်သော ဆုတောင်းခြင်းဖြင့် ရွေးနှုတ် ကယ်တင်ခြင်းရနိုင်သည်စသည့် သြဝါဒများအားဖြင့်ဖြစ်သည်။
ရောမသြဝါဒစာ ၈း၃ ၌ ဘုရားသည် ဇာတိပကတိကြောင့် ပညတ် တရား သည် အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြုတော်မူ၏ တွေ့ရ ၏။ ဘုရားသခင်သည် သူ၏သားတော်ကို အပြစ်နှင့် ပြည့်စုံသော ဇာတိပ ကတိ၏ သဏ္ဍာန်ဖြင့် စေလွှတ်တော်မူကာ သူ၏ခန္ဓာ၌ အပြစ်ကိုစီရင်ပြီး ကျွန်ုပ်တို့အား အပြစ်အားလုံးမှ ကယ်တင်ရန်အတွက် သူ့ကို စီရင်ခဲ့ပါသည်။
ယနေ့ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သမ္မာတရားအတွက် ရောမ သြဝါဒစာ ၈း၄-၁၁ ကို ကြည့်ကြ၏။ ရောမသြဝါဒစာ၈း၃-၄၌ “အပြစ်ဖြေဘို့ရာ ဇာတိပကတိ၌ အပြစ်ကို ဒဏ်ပေးတော်မူ၏။ အကြောင်းမူကား ဇာတိပက တိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်းကျင့်သော ငါတို့သည် တရား၌ ပါသော ပညတ်ကို စောင့်ရှောက်မည် အကြောင်းတည်း”ဟု တွေ့ရ၏။ မှန်ပါ မေးခွန်း တစ်ခုမှာ ဤအရာကဘာကို ဆိုလိုပါသလဲဟု ဖြစ်သည်။
 
 
ပထမဦးစွာ၊ဇာတိပကတိအတိုင်းမကျင့်ဆိုသည်မှာ ဘာကိုဆိုလိုပါ သနည်း။
 
ဤအရာ၏ ဆိုလိုချက်မှာ ဇာတိ၏ အကျိုးကိုမဖွေရှာခြင်းဖြစ်သည်။ ၎င်းသည် ဇာတိ၏တပ်မက်မှုနှင့် ဝိညာဉ်၏ဆန္ဒကြားတစ်ဖက်ကို အသာပေး ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်ကို နာခံမှုမရှိသူတို့နှင့် ခွဲခွာနေခြင်းဖြစ် သည်။ အခန်းငယ် (၅) ၌ “ဇာတိပကတိရှိသော သူတို့သည် ဇာတိပကတိနှင့် စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသော သဘောရှိကြ၏”ဟုဆို၏။ ဇာတိပက တိနှင့် စပ်ဆိုင်သောအရာဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ ဆိုလိုသည်မှာ ဘုရား ကျောင်းတက်နေကြသော်လည်း မိမိ၏စိတ်ဆန္ဒကိုသာရှာဖွေကြသော သူများရှိသည်ကို ဆိုလိုခြင်းဖြစ်သည်။
ရိုးရှင်းစွာ ပြောရမည်ဆိုပါက ခရစ်ယာန်တို့အနေဖြင့် စီးပွားရေးအကျိုး အမြတ်ရလိုအသောရည်ရွယ်ချက်ဖြင့် ဘုရားကျောင်းသို့ မသွားသင့်ဟုဆိုလိုပါ သည်။ ဤအရာသည် ဇာတိပကတိအတိုင်းအသက်ရှင်ခြင်းဖြစ်သည်။ ဤ လူတို့သည် လူများပြားသော အသင်းတော်သို့သွားကာ ၎င်းတို့၏ စီးပွားရေးကို ကြေငြာခြင်းနှင့် ဖောက်သည်များပုံမှန်ရရှိရန်အတွက် ရည်ရွယ်တတ်ကြ သည်။ ၎င်းတို့သည် ဘုရားကျောင်းတက်ကာ ယေရှုကို ယုံကြည်ကြခြင်းမှာ ၎င်းတို့၏ အကျိုးအမြတ်အတွက်သာဖြစ်သည်။
အခြားသောသူများလည်း ရှိကြသေး၏။ ခရစ်ယာန်များအတွင်းဂိုဏ်း ဂဏစွဲဝါဒများသင်ပေးသူနှင့် မိမိတို့၏နောက်လိုက်များကို ရုပ်ဝတ္ထုကောင်း ကြီး မင်္ဂလာများဖြင့်သာစွဲဆောင်ကြသောသူတို့သည်လည်း ဇာတိပကတိအ တိုင်း အသက်ရှင်ကြသူများဖြစ်ပြီး မိမိစိတ်ကို ဇာတိပကတိ၌ စွဲလမ်းစေသူ တို့ဖြစ်ကြသည်။
ကျွန်ုပ်တို့ခရစ်ယာန်အသိုင်းအဝိုင်း၌ ဂိုဏ်ဂဏစွဲပြီး သင်ပြကြသူများကို လွယ်ကူစွာ တွေ့မြင်နိုင်ပါသည်။ ထိုသို့ဆိုသော် ဤဂိုဏ်းဂဏခွဲဝါဒလက်ကိုင် သူ များသည် မည်သူတို့ဖြစ်ကြသနည်း။ ၎င်းတို့သည် မိမိတို့၏ယုံကြည်ခြင်း အားမှားယွင်းစွာဖြင့် ဂိုဏ်းဂဏအပေါ်၌သာ ထားကြသူတို့ဖြစ်သည်။ ၎င်းတို့က မိမိတို့၏ ဂိုဏ်းသည် မည်သူက တည်ထောင်ခဲ့ကြောင်း ၎င်းတို့၏ ထိုသို့သော သီအိုလိုဂျီကျွမ်းကျင်သူများရှိကြကြောင်း၊ ၎င်းတို့အသင်းတော်သည် ကမ္ဘာ တစ်ဝှမ်းကသိကြကြောင်းစသည်ဖြင့် ပြောတတ်ကြပါသည်။ ဤဝါကြွားခြင်း အားလုံးတို့သည် ၎င်းတို့၏ယုံကြည်ခြင်းကို တည်ဆောက်စေသည်။ အချည်း နှီးသော အရာတို့ဖြစ်ကြသည်။လောက၌ထိုသို့သောယုံကြည်ခြင်းရှိသူ မြောက် များစွာကို တွေ့ရပါသည်။
ဂိုဏ်ကဏစွဲဝါဒလက်ခံသူတို့သည် ၎င်းတို့၏ ဇာတိပိုင်းအကျိုးအမြတ် ရရှိရန်တွက်သာ ယေရှုကို ယုံကြည်ကြပါသည်။ ဇာတိပကတိအတိုင်းအသက် ရှင်ကြသူတို့သည် ၎င်းတို့၏ အသင်းတော်များကိုဝါကြွားခြင်းကြီးမားသော အသင်းတော်များ၌ တက်ရောက်ခြင်းကြောင့် ရရှိသောရုပ်ဝတ္ထုကောင်းကြီး မင်္ဂလာများအတွက် ဝါကြွားတတ်ကြပါ သည်။ အချို့သော အသင်းတော်များ၌ “သင့်ဇနီးသည်ကိုချစ်ပါ”ဆိုသည် ဘုံပန်းတိုင်ရှိကြသည်။ သို့သော် ဇာတိပ ကတိတိုင်း အသက်ရှင်သော သူတို့ဆိုလိုသည်မှာ အသင်းတော်များသည် ဇနီးသည်ကို ချစ်ခြင်းသည် ပန်းတိုင်အဖြစ်ထားခြင်း ဖြစ်သည်။ ကျွန်ုပ်သည် ကျွန်ုပ်တို့၏ အမျိုးသမီးများကို မချစ်ရဟု ကျွန်ုပ်ပြောဆိုနေခြင်းမဟုတ်ပါ။ သို့သော် ထိုသို့သော ကောင်းမွန်ပြီး စွဲဆောင်မှုရှိသော ပန်းတိုင်များသည် အသင်းတော်၏ အခြေခံရည်ရွယ်ချက်မဖြစ်သင့်ပေ။
ဇာတိပကတိအတိုင်းအသက်ရှင်ကြသူတို့သည် ၎င်းတို့၏ စိတ်ကို ဇာတိ ပကတိ၌သာ စွဲလမ်းစေကြသည်။ အသင်းသားများခြင်းကိုသာ စိတ်ဝင်စား ခြင်း၊ အလှူငွေပေးခြင်း၊ အဆောက်အဦးစသည်တို့ အပေါ်သာ စိတ်ဝင်စားခြင်း ဖြင့် အမှုတော်ဆာင်များစွာတို့သည် ပြောင်းလဲကုန်ကြ၏။ ဤအရာများသည် ၎င်းတို့ယုံကြည်ခြင်း၏အဓိက ရည်ရွယ်ချက် ဖြစ်လာကြသည်။ ပို၍ ကြီးမား ကျယ်ဝန်းသော အသင်းတော်များတည်ဆောက်ခြင်းမှာ ၎င်းတို့၏ အကြီးမား ဆုံးသော ပန်းတိုင်ဖြစ်လာပါသည်။ ၎င်းတို့အနေဖြင့် များစွာသော လူတို့အား ကောင်းကင်ဘုံသို့ ရောက်စေလို၍ဟု အကြောင်းပြပြောဆိုကြသော်လည်း ၎င်းတို့၏ အကြီးမားဆုံးသော ရည်ရွယ်ချက်မှာ ပို၍ကြီးမားသော အသင်း တော် အဆောက်အဦးများ တည်ဆောင်ရန်အတွက် ငွေရှာရန် ဖြစ်ပါသည်။
၎င်းတို့အတွက် အသင်းတော်များအား ဇာတိပကတိနောက်လိုက်စေရန် အတွက် ၎င်းတို့၏ နောက်လိုက်များကို ဘာသာရေး၌ အစွဲရှိစေရန် ပြုလုပ်ကြ သည်။ အချို့သောသင်းအုပ်ဆရာများသည် ၎င်းတို့၏ အသင်းသားများအား အစွဲရှိခြင်း၊ ရှုးသွပ်မှုတစ်ဝက်နှင့် ယုံမှားစေခြင်းနှင့် လုံးဝမှားယွင်းစွာ ဦးဆောင် ခြင်းတို့အပေါ်၌ အောင်မြင်မှုကို တည်ဆောက်ကြပါသည်။
 
 
ဝိညာဉ်ပကတိအတိုင်းအသက်ရှင်ကြသူများ
 
သို့ဖြစ်သော်လည်း ခရစ်ယာန်များကြားတွင် အမှန်တကယ်ပင် ဝိညာဉ် ပကတိအတိုင်းအသက်ရှင်ကြသူများလည်း ရှိပါသည်။ ဤဝိညာဉ်ပကတိအ တိုင်း အသက်ရှင်ကြသူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း အ သက်ရှင်ကြပြီ မိမိတို့၏ ကိုယ်ပိုင်အတွေးများကို ငြင်းပယ်ကာ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့စေရန်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ဟောပြောပြီး သမ္မာတရား၌ ရေးသားထားချက်များကို ယုံကြည်ကြသည်။
ကျမ်းစာတွင်း၌ ဝိညာဉ်ပကတိအတိုင်း အသက်ရှင်သော သူတို့သည် ဝိ ညာဉ်ပကတိနှင့် စပ်ဆိုင်သော အရာတို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။ အကယ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၌ ယုံကြည်ခြင်း အားဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံးခွင့်လွှတ်ခြင်းရပြီး ဖြစ်ပါက ကျွန်ုပ်တို့သည် မစဉ်းစားမစဉ်ချင်ပဲ အသက်မရှင်သင့်ဘဲဘုရားသခင်၏ နှုတ်ကပတ်တော်ကို နက်နဲစွာ တွေးတောပြီးအသက်ရှင်သင့်ပါသည်။ ဝိညာဉ်ပကတိအတိုင်း အ သက်ရှင်သောသူတို့သည် ဝိညာဉ်အရာတို့၌သာ စွဲလမ်းပြီး ယုံကြည်ခြင်းအား ဖြင့် အသက်ရှင်ကြပါသည်။ ဝိညာဉ်ပကတိအတိုင်းကျင့်သောသူတို့သည် ဝမ်း မြောက်ရကြပါသည်။ ဤလူတို့သည် ဘုရားသခင်စိတ်တော်နှင့် တွေ့စေသော သူများဖြစ်ကာ ယုံကြည်ခြင်းဖြင့် အသက်ရှင်ပြီး လူတို့အား လောက၏အပြစ် များထဲမှ ကယ်တင်ခြင်းရောက်စေ ကြသူတို့ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အပြစ် အားလုံးခွင့်လွှတ်ခြင်းခံရပြီး ဖြစ်သောကြောင့် ဝိညာဉ်ပကတိအတိုင်း ကျင့်ကာ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်သင့်ပါသည်။
ကျွန်ုပ်တို့သည် ဘဝပန်းတိုင်မှာ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ဟောပြောခြင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ပြည့်စုံစေ ရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သော အရာတို့၌သာ စိတ်စွဲလမ်းခြင်းရှိသင့်ပါသည်။ သင်သည် ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သော အရာတို့၌ မည်မျှစိတ်စွဲလမ်းခြင်းရှိပါသနည်း။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာ တိုက်ပွဲ၌ ပါဝင်နေသောကြောင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည် ခြင်းအားဖြင့်၊ ထိုအရာကို ဟောပြောခြင်းအားဖြင့် ဝိညာဉ်ပကတိတို့ကို လက်တွေ့ပြုလုပ်ရမည်ဖြစ်သည်။ကျွန်ုပ်တို့အနေဖြင့် သခင်ဘုရား၏ စိတ် တော်နှင့်တွေ့စေမည့်အရာသည် မည်သည့်အရာဖြစ်ကြောင်းနှင့်ကျွန်ုပ်တို့ မည်မျှပင် အားနည်းပြီး မှားယွင်းမှုများနေပါစေ ဘုရားသခင်၏ အမှု့တော်၌ သာ စိတ်စွဲလမ်းပြီးစီးချိန်တွင် ကျွန်ုပ်တို့သည် သခင်စိတ်တော်နှင့် တွေ့စေ မည့် အလုပ်တစ်ခုကို ထပ်၍ ကြိုးစားပြုလုပ်ရမည်ဖြစ်သည်။
ကျွန်ုပ်တို့သည် စာပေအားဖြင့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ဤလောကရှိလူတို့သိရန် ဟောပြောနေပါသည်။ လူ ၂၀ဝ မှ ၃၀ဝ ခန့်သည် ကျွန်ုပ်တို့၏ အခမဲ့ခရစ်ယာန်စာပေများနှင့် ကျွန်ုပ်တို့၏ The New Life Missionကို ကြည့်ခြင်းဖြင့် နေ့စဉ်လက်ခံရရှိနေကြပါသည်။ လောကရှိ တိုင်းနိုင်ငံတိုင်း၌ရှိသော လူတို့ထံရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ဟော ပြောခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏အသင်းတော်၌ သင်နှင့်အတူ သတင်းကောင်း ဟောပြော နေခြင်းဖြစ်ပါသည်။ အကယ်၍ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာတို့၌ စိတ်စွဲလမ်းခြင်းမရှိပါက ကျွန်ုပ်တို့သည် ဤဝိညာဉ်အသီး အပွင့်များကို ရရှိမည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် ဝိညာဉ်ပကတိ၌ စိတ်စွဲ လမ်းခြင်းရှိကာ အလုပ်ကို တစ်ခုပြီး တစ်ခုပြုလုပ်နေသင့်ပါသည်။ ထိုသို့ ပြုပါ က ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဝိညာဉ်သတို့သားယေရှုခရစ်အား သုတ္တံကျမ်း ၃၁ ရှိ သီလနှင့် ပြည့်စုံသော အမျိုးသမီးကဲ့သို့ စိတ်တော်နှင့် တွေ့စေနိုင်မည် ဖြစ်ပါသ်။
အခန်းငယ် (၈) ၌ “ဇာတိကပတိ၌ ကျင်လည်သောသူတို့သည် ဘုရား သခင်၏ စိတ်တော်နှင့် မတွေ့နိုင်ကြပေ။ ဤအရာသည် အပြစ်နှင့် လွှတ်ခြင်း မခံရသေးသောသူများကို ဆိုလိုပါသည်။ အဘယ်ကြောင့်နည်းဟူသော ဇာ တိပကတိစိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရား သခင်၏ တရားတော်အလိုသို့ မလိုက်တတ်။ ထိုမျှမက မလိုက်နိုင်။ ထို့ကြောင့် ဇာတိပ ကတိ၌ကျင်လည်သောသူတို့သည် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်ကြ”(ရောမ ၈း၇-၈)။ ထိုနည်းတူစွာပင် ဝိညာဉ်မရရှိသောအပြစ်သား သည် ဘုရားသခင်၏အလုပ်ကို ပြုလုပ်ခြင်းသော်လည်းကောင်း သူ့စိတ်ဓာတ် နှင့် တွေ့နိုင်ခြင်းသော်လည်းကောင်း မပြုနိုင်ကြပေ။
အပြစ်သားတို့သည် ဘုရားသခင်၏ပညတ်တော်ကို နာခံလိုခြင်း မရှိကြ ပေ။ ထို့ပြင် ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌လည်း မယုံကြပေ။ ၎င်းတို့သည် သူ့စိတ်တော်နှင့် မတွေ့စေနိုင်ကြပေ။ ဤသို့ဖြစ်ရခြင်းမှာ ၎င်းတို့ အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်ကျိန်းဝပ်ခြင်းမရှိသကဲ့သို့ပင် ဘုရားသခင်၏ အလို တော်မှာ မည်သည့်အရာ ဖြစ်ကြောင်းမသိနိုင်ကြပေ။ ဘုရားသခင်၏ စိတ် တော်နှင့် တွေ့စေသည့်အရာမှာ လူသားတို့၏ အပြစ်များကို ရေနှင့် ဝိညာဉ် တော်သတင်းကောင်းအားဖြင့် ခွင့်လွှတ်ရန်ဖြစ်သည်။ သူသည် အပြစ်သား များ၏ ချီးမွှမ်းကိုးကွယ်ခြင်း၌ ဝမ်းမြောက်ခြင်းမရှိပေ။
အပြစ်သားများချီးမွှမ်းခြင်း၌ ဘုရားသခင်သည် စိတ်တော်နှင့် မတွေ့ တတ်ပေ။ အပြစ်သားများသည် ကိုးကွယ်ခြင်း၌ မည်မျှပင် လက်မြှောက် ချီးမွှမ်းကာ မျက်ရည်များဖြင့် မည်မျှပင် ကိုးကွယ်ပါစေဘုရားသခင် စိတ်တော် နှင့် မတွေ့နိုင်ပေ။ အပြစ်နှင့်ပြည့်နေသော ခရစ်ယာန်တို့သည် စိတ်လှုပ်ရှား မှု့များဖြင့် မူးယစ်ပြီး ဘုရားသခင်ကို ချီးမွှမ်းရန် ကြိုးစားကြသည်။ ၎င်းတို့သည် ဘုရားသခင်စိတ်တော်နှင့် မတွေ့စေနိုင်ပေ။ အပြစ်ရှိသောသူတို့သည် ဘုရား သခင်စိတ်တော်နှင့်မတွေ့စေနိုင်ပေ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အပြစ်သားဖြစ်သောကြောင့်ပေ။ ထို့ကြောင့် အပြစ်သားများသည် မည်မျှပင် ကြိုးစားစေကာမူ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့စေနိုင်ပေ။ ၎င်းတို့ မည်မျှပင် ချီးမွှမ်းလိုကာမူ ဘုရားသခင်၏ စိတ်တော်နှင့်တွေ့ရန် မစွမ်းနိုင်ကြ ပေ။
လူတို့သည် ပို၍ကြီးမားသော အသင်းတော်များတည်ဆောက်ခြင်းဖြင့် ဘုရားသခင်၏ စိတ်တော်နှင့် တွေ့စေနိုင်ပါသလား။ သူကျေနပ်မည်မဟုတ် ပေ။ အကယ်၍ ပို၍ကြီးမားသော အသင်းတော်မတည်ဆောက်ဖြစ်ပါက တည် ဆောက်သင့်ပါသည်။ သို့သော် အဆောက်အဦကြီးမားစေလို၍ ချဲ့ပြီးဆောက် ခြင်းသက်သက်သည် ဘုရားရှင် စိတ်တော်နှင့် မတွေ့စေနိုင်ပေ။
ဥပမာအားဖြင့် ကျွန်ုပ်တို့နေထိုင်သောမြို့ရှိ အသင်းတော်တစ်ပါးသည် အလွန်ကောင်းမွန်သော ပုံသဏ္ဍာန်ဖြင့် အဆောက်အဦလုံလောက်စွာရှိသော် လည်း မကြာသေးမှီကာ အသစ်သော အသင်းတော်အဆောက်အဦဆောက် ရန်အတွက် US$ (၃) မီလီယန် ဒေါ်လာအသုံးပြုခဲ့ကြသည်။ သို့သော် အသင်း သားများသည် အလွန်ဆုံး ၂၀ဝ-၃၀ဝ ခန့်သာရှိပြီး လုံလောက်သော နေရာထိုင် ခင်းရှိချိန်တွင် အဆောက်အဦးအသစ်ဆောက်ရန် လိုအပ်ပါသလား။ ဘုရား သခင်၏ အသင်းတော်သည် အုတ်ခဲဖြင့် ဆောက်ထားခြင်းသက်သက်သာမ ဟုတ်ပေ။ ဘုရားသခင်က ကျွန်ုပ်တို့ အားဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ် တော်သည် ဖြောင့်မတ်သောသူတို့၏နှလုံးသား၌ ကိန်းဝပ်ကြောင်း ပြောလေ၏။ 
အကယ်၍ မရှိမဖြစ်လိုအပ်ပါက သာ၍ ကြီးမားသော အသင်းတော်ကို တည်ဆောက်သင့်ပါသည်။ သို့သော် သာ၍ ကြီးမားသော အသင်းတော်ကို တည်ဆောက်ခြင်းသက်သက်သည် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေပါ သလား။ မဖြစ်နိုင်ပါ။ အသင်းတော်တွင်း၌ လူပို၍များစွာ စုဝေးစေခြင်းသည် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေပါသလား။ သင်သည် ထိုသို့ ပြုလုပ်ခြင်း သက်သက်အားဖြင့် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေနိုင်ခြင်းမရှိပေ။ ဇာတိ ပကတိ၌ ရှိသောသူတို့သည်ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့ စေနိုင်ကြပေ။
တစ်ခါတစ်ရံတွင် ဖြောင့်မတ်သော သူများသည်ပင်လျှင် ဇာတိပကတိ လောက်လိုက်တတ်ကြ၏။ ဤသို့သော လူတို့သည် ဘုရားသခင်စိတ်တော်နှင့် မတွေ့စေနိုင်ကြပေ။ ဖြောင့်မတ်သောသူများကြား၌ အချို့သောသူများသည် အပြစ်သားများကဲ့သို့ပင် ၎င်းတို့၏ အသွေးအသားနှင့်ဆိုင်သော အတွေး၌ ချီနှောင်တတ်ကြပါသည်။ ဤလူတို့သည် ဘုရားသခင်စိတ်တော်နှင့်မတွေ့ စေနိုင်ကြပေ။ အမှန်တွင် ၎င်းတို့သည် အသင်းတော်တွင်း၌ ကောင်းမွန်သော ယုံကြည်ခြင်း အသက်တာဖြင့် မရှင်နိုင်ဘဲ၊ ညီးတွားမှုပြုကာ တဖြည်းဖြည်း ဖြင့် အသင်းတော်မှ ထွက်ခွာသွားတတ် ပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့ ဖြောင့်မတ်သူများသည် အသွေးသား၏ အကျိုးကို သာမရှာဘဲ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့အောင် အသက်ရှင် သင့်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အလုပ်နှင့် သူ့ဖြောင့်မတ်ခြင်း အပေါ် တွေးတောကာ ကျွန်ုပ်တို့၏ စိတ်၊ ခန္ဓာစသည်တို့အား ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတန်ဆာအဖြစ် အသုံးပြုသင့်ပါသည်။ ကျွန်ုပ်တို့သည် ဘုရား သခင်စိတ်တော်နှင့် တွေ့သောအသက်တာမျိုးဖြင့် အသက်ရှင်သင့်ပါသည်။
 
 
ယေရှု၏ ဝိညာဉ်တော်ထဲ၌ ရှိကြသူများ
 
အခန်းငယ် (၉) ကို အတူတကွဖတ်ကြပါစို့။ “သို့သော်လည်း ဘုရား သခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင် သင်တို့သည် ဇာတိပကတိဘက်၌ ရှိကြသည်မဟုတ်။ ဝိညာဉ်ပကတိဘက်၌ ရှိကြ၏။ ခရစ် တော်၏ ဝိညာဉ်ကို မရသောသူသည် မည်သည်ကား ခရစ်တော်နှင့်မဆိုင်။”
ပေါလုအဆိုအရ ဤကျမ်းပိုဒ်သည် အကယ်၍ ကျွန်ုပ်တို့သည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ပါကအခြားစကားလုံးဖြင့်ဆိုသော် အကယ်၍ ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ ယုံကြည်ပါက ကျွန်ုပ်တို့သည် အပြစ်များမှရွေးနှုတ်ကယ်တင်ခြင်းရပြီးကျွန်ုပ်တို့သည်ဇာတိပကတိ၌ မဟုတ် ဘဲ ဝိညာဉ်တော်၌တည်ကြသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် သူ/သူ မ၏ နှလုံးသား၌ ဝိညာဉ်တော်ရှိပါက ခရစ်တော်၌ရှိပြီး ခရစ်တော်၏ ဝိညာဉ် မရှိသောသူသည် သူနှင့်မဆိုင်ပေ။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဇာတိပကတိ၌ မဟုတ်ဘဲ ဝိညာဉ်တော် တည်၏။ ဝိညာဉ်တော်၌ ရှိကြသောကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်အား ဖြင့် အပြစ်မှရွေးနှုတ်ကယ်တင်ခြင်းခံရသူတို့သည် ခရစ်တော်၌ ဖြောင့်မတ်သူ များအဖြစ် ဘုရားသခင့်စိတ်တော်နှင့် တွေ့စေနိုင်သော သူများဖြစ်ကြပြီး ဖြောင့်မတ်ခြင်း၏စစ်သည်များဖြစ်ကြကြောင်း မမေ့လျော့သင့်ပေ။ ကျွန်ုပ်တို့ ၏ ဇာတိပိုင်း အားနည်းခြင်းအတွက် စိတ်ဓာတ်မကျသင့်ပေ။ သို့သော် ကျွန်ုပ် တို့သည် အားနည်းခြင်းရှိသော်လည်း သူ့၌ရှိပြီးသူပိုင်သည့်သူများနှင့်သူ၏ အမှု ဆောင်များဖြစ်ကြောင်းကို ယုံကြည်ပြီး စိတ်တော်နှင့် တွေ့စေရန်ကြိုးစားပါ။
ကျွန်ုပ်တို့ ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးနောက်ပိုင်းတွင် ဇာတိပ ကတိ၏အကျိုးအတွက်သာမရှာဖွေသင့်ကြောင်းကို သိထားသင့်ပါသည်။ ဖြောင့်မတ်သောသူများသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအတွက်သာ အသက်ရှင်ရန် သတ်မှတ်ထားကြောင်းကို ကျွန်ုပ်တို့ သိသင့်ပါသည်။ အခန်း ငယ် (၁၀) ၌ ခရစ်ယာန်တို့ မည်သို့ အသက်ရှင်ရမည်ကို ဖော်ပြထားပါသည်။ “ခရစ်တော်သည် သင်တို့အထဲ၌ ရှိတော်မူလျှင် ကိုယ်ကာယသည် အပြစ် ကြောင့်အသေဖြစ်သော်လည်း ဝိညာဉ်မူကား ဖြောင့်မတ်ခြင်းကြောင့် အသက် ရှင်လျက်ရှိ၏။”
အမှန်တွင် ကျွန်ုပ်တို့၏ခန္ဓသည် ကျွန်ုပ်တို့၏ အပြစ်ကြောင့် ယေရှု ခရစ်နှင့် အတူကား စဉ်တင်အသက်ခံ ခဲ့ရပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အပြစ်အားလုံးမှ ဘုရားသခင်၏ ဖြောင့်မတ်သောအမှု့ဖြင့် ကယ်တင်ခြင်း ရခဲ့ ပါသည်။ ဤဖြောင့်မတ်ခြင်းကြောင့်ပင် ဖြောင့်မတ်သူတို့၏ ဝိညာဉ်သည် ထာဝရ အသက်ကို ရရှိပါသည်။ ထာဝရအသက် ဖြောင့်မတ်ရာသို့ ရောက်ပြီး သော သူများသည် ၎င်းတို့၏ ဇာတိပကတိအတွက်သာ အသက်ရှင်သန်ခွင့် မပြုကြောင်းကို သိသင့်ပါသည်။ ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးနောက် ဘုရား သခင်၏ ဖြောင့်မတ်ခြင်းအတွက် အသက်မရှင်သော သူတို့သည် သူ၏ ကောင်းကြီးမင်္ဂလာနှင့် ဝေးကြ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအတွက် အသက်ရှင်ရန် သတ်မှတ်ခြင်းခံထားသူတို့ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်ဖြင့် ဒုတိယအကြိမ် မွေးဖွားခြင်းခံပြီးနောက်ပိ်ုင်းတွင် သင်တို့အတွင်း၌ အချို့သောသူတို့က “ကျမ်းစာက ပြောတယ်။ ဇာတိပကတိ၌ ရှိသောသူတို့သည် ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်ကြ။ ငါလည်း အဲဒီအထဲက တစ်ယောက်ဖြစ်တယ်” ဟု တွေးထင်မိစေမည်။ သို့သော် ဤအရာသည် မမှန်ကန်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ၏ဖြောင့်မတ်ခြင်းစစ်သားများအဖြစ် အသက်ရှင်ရန် ဒုတိယ အကြိမ်မွေးဖွားခြင်းကို ခံယူစေခဲ့ပါသည်။
အချို့သောသူများထိုသို့ တွေးတတ်ကြသည် ဖြစ်နိုင်ခြေအားဖြင့် ၎င်းတို့ သည် သမ္မာကျမ်းစာကို နားလည်မှု့လွှဲသောကြောင့် ဖြစ်ပါသည်။ အချို့သော ဖြောင့်မတ်သူများက ၎င်းတို့သည် အားနည်းသောကြောင့် ၎င်းတို့သည် ဇာတိ ပကတိခန္ဓာဖြင့် အသက်ရှင်သောကြောင့် ဘုရားသခင်၏ အလိုတော်အတိုင်း အသက်မရှင်နိုင်ကြဟု တွေးကြလျှင်ပင် အမှန်တရားမှာ သန့်ရှင်းသော ဝိညာဉ်တော်ကျိန်းဝပ်ခြင်းခံပြီးသူများသည် ဘုရားသခင်၏အလုပ်များကို ပြုလုပ်ခြင်းဖြင့် ဝမ်းမြောက်ကြပါသည်။ ဘုရားသခင်၏အလုပ်များကို လုပ်ခြင်းသည် ၎င်းတို့အား ပျော်ရွှင်ဝမ်း မြောက်မှု့နှင့် ပြည့်ဝစေပါသည်။ အခြားတစ်ဖက်၌ ဘုရားသခင်၏ အလုပ်များလုပ်ဆောင်ခြင်းမရှိသည့်အသက် တာသည် ရည်ရွယ်ချက်မရှိ၊နှိုးဆော်မှု့မရှိဘဲကျိန်ခြင်းခံသောအသက်တာကဲ့ သို့ ဖြစ်ပါသည်။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကျွန်ုပ်တို့လက်ခံပြီးနောက် ဘုရားသခင်သည် ဖြောင့်မတ်ခြင်း၌ အသက်ရှင်ပြီးပါက သန့်ရှင်းသော ဝိညာဉ် တော်သည် ကျွန်ုပ်တို့၏ အတွင်း၌ ကျိန်းဝပ်နေ၏။ ရွေးနှုတ်ကယ်တင်ခြင်း ခံပြီးသောသူ မှန်သမျှပေါ်၌ သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်၏။ သန့်ရှင်း သော ဝိညာဉ်တော်ကျိန်းဝပ်ခြင်းခံရသူတို့၏ အသက်တာ၌ မည်သည့် အရာ ဖြစ်ဖျက်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအတွက် အသေ ခံ ရန်နှင့်သူ၏ ဖြောင့်မတ်သော အလုပ်ကိုလုပ်ရန် စီမံခံထားသူများ ဖြစ်ကြ ပါသည်။
အကျဉ်းအားဖြင့်ဆိုသော် အပြစ်ခွင့်လွှတ်ခြင်းရရှိကာ ဖြောင့်မတ်ရာသို့ ရောက်ပြီးသူတို့သည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရမည် ဖြစ်သည်။ ဖြောင့်မတ်သောသူတို့သည် ယုံကြည်ခြင်းဖြင့် အသက်ရှင်ပြီး ဘုရားသခင်၏ အလုပ်ကို လုပ်သောအချိန်၌သာ ၎င်းတို့၏ယုံကြည်ခြင်းကို ထိန်းသိမ်းထားနိုင် ပါသည်။ အကယ်၍သင်သည် ဖြောင့်မတ်ရာသို့ရောက်ပြီးသည့်တိုင် ဤလော က၌ ဇာတိပကတိအားဖြင့် အသက်ရှင်မည်ဆိုပါက သင်သည် အပြစ်ခွင့်လွှတ် ခြင်းရရှိပြီး သင့်ပန်းတိုင်ပြောင်းလဲသွားခဲ့ပြီးဖြစ်ကြောင်း သဘောပေါက်နား လည်ထားခြင်းမရှိသောကြောင့်ဖြစ်သည်။
ဖြောင့်မတ်သူတို့၏ ခရီးစဉ်သည် ပြောင်းလဲသွားခဲ့ပြီးဖြစ်သည်။ ၎င်းတို့ ကယ်တင်ခြင်းမရရှိမှီတွင် လောက၌ နေထိုင်ရခြင်းမှာ မိမိတို့၏ ရည်ရွယ် ချက်တွက်ဖြစ်ပြီး ဇာတိပကတိဆန္ဒတွက် အသက်ရှင်ခြင်း၌ ပျော်ရွှင်ခဲ့ကြပါ သည်။ သို့ဖြစ်သော်ငြားလည်း ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးနောက်ပိုင်းတွင် ထိုသို့နေထိုင်ရန် မဖြစ်နိုင်တော့ပေ။ ကျွန်ုပ်တို့သည် လောကရှိ အခြားသောသူ များကို ကယ်တင်ခြင်းရရှိစေရန်အတွက် ကြိုးစားဆပ်ကပ်ရမည့်အချိန်တွင် ရုပ်ဝတ္ထုများဖြင့်သာမည်သို့ စိတ်ကျေနပ်မှုရနိုင်ပါမည်နည်း။
အခြားစကားလုံးအားဖြင့်ဆိုသော် ကျွန်ုပ်သည် သင့်အား ဝိညာဉ်ပက တိနှင့် ဇာတိပကတိကို ပြင်းထန်စွာ တွေးတောနေစေခြင်းဖြစ်သည်။ သင့်အ နေဖြင့် ထိုအရာများကို သိရန် ပြုလုပ်စရာပင်မလိုပေ။ သင်ပြုလုပ်ရမည့်အရာ မှာ ဤအကြောင်းအရာများအပေါ် အလေးအနက်တွေးတောရန်ဖြစ်ပါသည်။
ကျွန်ုပ်သည် ယခင်စာအုပ်၌ ရောမသြဝါဒစာအခန်း ၁မှ ၆ထိတိုင် ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ဤစာအုပ်၌ အခန်း (၇) မှ (၆) အထိဖြစ်သည်။ ဤစာ အုပ်တွဲ (၄) (၅) အုပ်အား ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန်တို့ဖတ်ရန်အတွက် ထုတ်ဝေပေးမည်ဖြစ်သည်။ လူများစွာတို့သည် ကျွန်ုပ်တို့၏ ခရစ်ယာန်စာပေ တွဲအားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သိလာကြမည်ဖြစ်ကြောင်း သေခြာပါသည်။ ကျွန်ုပ်၏ ယခင်စာအုပ်တွဲများတွင် ဘုရားသခင်၏ကယ် တင်ခြင်းအခြေခံကို ဟောပြောခဲ့ပြီးဖြစ်သည်။ ပထမစာအုပ်တွဲတွင် သတင်း ကောင်းအကြောင်းရေးထားပြီး၊ ဒုတိယတွဲတွင် သီအိုလိုဂျီနှင့်ဆိုင်သည့် အကြောင်းအရာကို ဆွေးနွေးထားပြီး၊ တတိယအပိုင်းသည် သန့်ရှင်းသော ဝိညာဉ်တော်အကြောင်းဖြစ်ကာ သန့်ရှင်းသောဝိညာဉ်တော်ကို မည်သို့ မှန် ကန်စွာ ရရှိနိုင်ကြောင်း ဆွေးနွေးထားသည်။ ဤစတုတ္ထနှင့် ပဉ္စမတွဲ၌ များစွာ သော သီအိုလိုဂျီသြဝါဒများသည် မည်မျှမှားယွင်းကြောင်းနှင့် ယေရှုခရစ်ကို ယုံကြည်လျက်ပင် အဘယ့်ကြောင့် အပြစ်များ ကွယ်ပျောက်သွားခြင်းမရှိ ကြောင်း၊ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် ဘုရားသခင်၏ ဖြောင့်မတ် ခြင်းအဖြစ် မည်ကဲ့သို့ ထင်ရှားဖော်ပြခဲ့ကြောင်းကို ဆွေးနွေးထားပါသည်။
ဤစာအုပ်အားဖြင့် သတင်းကောင်းသည် ကမ္ဘာတစ်ဝှမ်း၌ ကျယ်ပြန့် စွာ ပျံ့နှံ့မည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ ပထမနှစ်အုပ်ကို ထုတ်ဝေချိန်နှင့် တတိယတွဲကို ထုတ်ဝေချိန်ကို နှိုင်းယှဉ်ကြည့်သည့်အချိန်တွင် ထူးခြားသည့် သတင်းကောင်းဟောပြောချက်များကို တွေ့ရသည်။ ယခု တတိယတွဲ ထုတ် ဝေပြီးချိန်တွင်များစွာသောလူတို့က ကျွန်ုပ်စာအုပ်ပထမနှင့်ဒုတိယတွဲများကို တောင်း ဆိုလာကြပါသည်။
ဤစာအုပ်နှစ်အုပ်ထုတ်ဝေပြီးချိန်တွင် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းသည် မည်မျှတန်ခိုးပါကြောင်းကို ကျွန်ုပ်တို့သိလာမည်ဖြစ်ပါသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို သိမြင်လာကြသူတို့အပေါ်များစွာသော ကောင်းကြီးမင်္ဂလာများ အပ်နှင်းပေးရန်တွက် ကျွန်ုပ်ဆုတောင်းပါသည်။ ၎င်းတို့ သည် ရောမသြဝါဒစာကို မည်သို့ နားလည် ရမည်ဖြစ်ကြောင်းကို သိလာမည်။ ၎င်းမှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းပါဝင်သည့် သတင်း ကောင်းကို ယုံကြည် ခြင်းအားဖြင့် ဖြစ်ပါသည်။
ကျွန်ုပ်တို့ အားလုံးသည် သတင်းကောင်းအတွက် အတူတစ်ကွ အလုပ် လုပ်ကြပါသည်။ သင်သည်လည်း ဘုရားသခင်၏ အလုပ်လုပ်နေသည်မ ဟုတ်ပါလား။ သင်သည် အပြစ်သားများကို ၎င်းတို့၏ အပြစ်မှ ကယ်တင်ခြင်း ရရန် သတင်းကောင်းကို ဝေငှခြင်း၌ ကူညီနေပါသည်။ ကျွန်ုပ်တို့သည် ကိုယ့်တာ ဝန်ကိုယ်စီ၌ သစ္စာရှိကာ သတင်းကောင်းကို အစေခံလျှင် လောက ရှိ များစွာသော ဝိညာဉ်တို့သည် ၎င်းတို့၏အပြစ်မှ ကယ်တင်ခြင်းရရှိမည် ဖြစ်သည်။ ထိုသို့ ဆိုသော်ကမ္ဘာလုံးတွက် ဤအဖိုးတန်လှသောအလုပ်ကို ပယ်ထားသင့်ပါသလား။
ကျွန်ုပ်သင့်ကို ရှင်းလင်းစွာ သိစေလိုသည်မှာ ကျွန်ုပ်တို့ဖြောင့်မတ်သူ များသည် ကျွန်ုပ်တို့၏ ဇာတိပကတိ အတွက်သာ အသက်ရှင်ရန်မဟုတ်တော့ ကြောင်းကို ဖြစ်သည်။ ယခုကျွန်ုပ်တို့၏ ခရီးစဉ်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြည့်စုံစေရန်၊ ဝိညာဉ်များစွာကို ကယ်တင်ရန်၊ ဤဖြောင့် မတ်ခြင်းအတွက် အသက်ရှင်ရန် ဖြစ်သည်။ သင်သည် ဤအရာကို သဘော ပေါက်ပြီး ကျန်ရှိနေသော အသက်တာ၌ ဘုရားသခင်တွက် စစ်မှန်သော သတင်းကောင်းအတွက်၊ အပြစ်၌ ပျောက်ဆုံးနေကြသောသူများ၏ ကယ်တင် ခြင်းအတွက် အသက်ရှင်သင့်ပါသည်။
ဤအပိုင်းအပိုင်း၌ ရောမသြဝါဒစာစောင်က ပြောနေခြင်းမှာ ဤအ ရာဖြစ်သည်။ အခန်းငယ် (၁၀) နှင့် (၁၁) ကို ကြည့်ကြပါစို့။ “ခရစ်တော်သည် သင်တို့အထဲ၌ရှိတော်မူလျှင်၊ ကိုယ်ကာယသည် အပြစ်ကြောင့် အသေဖြစ် သော်လည်း ဝိညာဉ်မူကား ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ၏။ ထိုမျှမကယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ဝိညာဉ် တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသောဘုရားသည် သင်တို့အထဲ၌ ကျိန်းဝပ်သော မိမိ ဝိညာဉ်တော် အားဖြင့် သေတတ်သော သင်တို့၏ ကိုယ်ကာယကို ပင်ရှင်စေ တော်မူမည်။”
အထက်ပါကျမ်းပိုဒ်၌ ကျွန်ုပ်တို့၏ ခန္ဓာသည် ကျွန်ုပ်တို့၏ အပြစ်ကြောင့် သေခြင်းသို့ ရောက်ခဲ့၏။ သို့သော် ကျွန်ုပ်တို့၏ ဝိညာဉ်သည် အသက်ရှင်၏ အဘယ်ကြောင့်ဆိုသော ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် ယုံကြည်ခြင်း ကြောင့် ဖြစ်ပါသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ ဖြောင့် မတ်ခြင်း၌ ယုံကြည်ပါက သူ/သူမသည်အသစ်သောအသက်တာကိုရရှိခဲ့ကြပါ သည်။
အခန်းငယ် (၁၁) ၌ ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ် တော်ကို သေခြင်းမှာ ထမြောက်စေတော်မူသော ဘုရားသည် သင်တို့အထဲ၌ ကျိန်းဝပ်သော မိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သောသင်တို့၏ ကိုယ်ကာ ယကို ပင်ရှင်စေတော်မူမည်။ ဤသို့ဆို လိုချက်မှာ သူသည် ကျွန်ုပ်တို့အား ကပ်ကမ္ဘာ ကုန်ဆုံးချိန်၌ ရှင်ပြန်ထမြောက်စေမည်ဟု ဆိုလိုပါသည်။ လွန်ခဲ့ သော အချိန်က ကျွန်ုပ်တို့၏ ဇာတိပကတိအတွက်သာ အသက်ရှင်ခဲ့ခြင်းများ သည် သေဆုံးသွားပြီဖြစ်ပြီး ကျွန်ုပ်တို့၏ ခရီးဆုံးသည် ဘုရားသခင်နှင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအတွက် အသက်ရှင်ရန် ပြောင်းလဲပေးခြင်းသို့ ရောက်ခဲ့ပါသည်။
သင့်အနေဖြင့် ဖြောင့်မတ်သော သူတို့သည် ၎င်းတို့ပြောပြီးသော အရာ များကို ပြောရန် မကြာမကြာ စုဝေးကြသည်ဟု တွေးကာ ညည်းငွေ့ခြင်းများ ရှိနိ်ုင်ပါသည်။ သို့ဖြစ်သော်လည်း သင့်ဘေးနား၌ရှိသော ယုံကြည်သူ၏ ငြီးငွေ့ စရာကောင်းလောက်အောင်ပြောနေခြင်း (သို့) ၎င်းတို့၏ချီးမွမ်းခြင်း အသံကို နားထောင်ခြငး်သည်ပင်လျှင် သင့်ကို အားသစ်ဖြစ်စေပါလိမ့်မည်။ အကယ်၍ သင်သည် အသင်းတော်၌ရှိနေမှသာဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ သန့်ရှင်းသောဝိညာဉ်တော်သည် သူ၏အသင်းတော်နှင့် ယုံကြည်သူများ၏ အသက်တာ၌ အလုပ်လုပ်သောကြောင့် ဖြစ်ပါသည်။ သင့်စိတ်တို့သည် အသစ်ဖြစ်လာပြီး သင့်နှလုံးသား၌ အသစ်သော ခွန်အားရရှိလာကာ ဝိညာဉ် ရေးရာ အသက်မုန့်ဖြင့်ဝပြီး၊ ဝိညာဉ်ရေးရာအလုပ်များကို ပြုလုပ်ရန်အတွက် ဝိညာဉ်ရေးရာ တာဝန်များ ရရှိလာမည် ဖြစ်သည်။
သင်သည် ယုံကြည်သူများ၏ စုဝေးခြင်းဖြင့် ပြန်လည်လန်းဆန်းနိုင် ပါသည်။ သင်သည် လောကမှ သီးသန့်ဖယ်ထားခြင်းခံရသည့်အချက်က သင့်ခရီးစဉ်ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်းကို ဖော်ပြပါသည်။ ထို့ကြောင့်ပင် ဝိညာဉ် တိုင်းအသက်ရှင်သောသူတို့သည် ဝိညာဉ်ပကတိ၌ စိတ်စွဲလမ်းခြင်း ရှိပြီး ဇာတိပကတိအတိုင်း အသက်ရှင်သော သူတို့သည် ဇာတိပကတိ၌သာစွဲ လမ်းကြပါသည်။ ကျွန်ုပ်တို့ ဖြောင့်မတ်ရာသို့ ရောက်ပြီးသောသူတို့သည် အပြစ်၌ ကျွန်ခံ လိုခြင်းမရှိကြတော့ပေ။ အနည်းဆုံး ကျွန်ုပ်တို့အနေဖြင့် ဝိညာဉ်အတိုင်းအသက်ရှင်ကာ ကျွန်ုပ်တို့၏စိတ်ကို ဝိညာဉ်ရေးရာတို့၌ စွဲလမ်း စေလိုပါသည်။ ဖြောင့်မတ်သောသူတို့သည် ဝိညာဉ်ရေးရာအလုပ်တို့ကို လုပ် ကြပြီး ခရစ်တော်တွက် ဝိညာဉ်အောင်နိုင်ခြင်းများလုပ်ကြသည်။
ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်၏ အလုပ်အတွက်ကြိုးစားကာ ကျွန်ုပ် တို့၏အတွေးများကို ငြင်းပယ်ပြီး ၎င်း၌ပင် စိတ်စွဲလမ်းနေသင့်ပါသည်။ ယခု ကျွန်ုပ်တို့၏ကျန်ရှိနေသော အသက်တာသည် ဤနည်းဖြင့် ရှင်သန်သင့် ပါသည်။ သင့်၏အဆုံးသတ်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအတွက်သာ အသက်ရှင်ရန် ပြောင်းလဲခဲ့ပြီး ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သင် သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ရွေးနှုတ် ကယ်တင်ခြင်းကို ရရှိခဲ့သောကြောင့် ဖြစ်ပါသည်။ သင် အမှန်တရားသိမည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။
ကျွန်ုပ်ဝမ်းနည်းမိပါသည် သို့သော်သင်သည် လောကီသို့ လှည့်ပြန်ပြီး အပြစ်၌ ကျွန်ခံခြင်းမပြုနိုင်တော့ပေ။ အကယ်၍ လောကီသို့ လှည့်ပြန်မည် ဆိုပါက သင်၏သေခြင်းကို ပြောခြင်းဖြစ်ပေလိမ့်မည်။ ဇာတိပကတိစိတ်သ ဘောသည် သေခြင်းအကြောင်းဖြစ်ပါသည်။ အကယ်၍ သင်သည် ဇာတိပက တိ စိတ်သဘော၌စွဲလမ်းနေသေးသည်ဆိုပါက ဝိညာဉ်သေမည်။ သင့်စိတ်သာ မက သင့်ခန္ဓာကိုယ်လည်း သေမည်ဖြစ်သည်။ ဣသရေလလူတို့သည် ၎င်းတို့ ထွက် မြောက်ခြင်းပြုပြီးနောက် အဲဂုတ္ထုပြည်သို့ လှည့်ပြန်ခြင်း (သို့) ပင်လယ် နီကိုဖြတ်ခြင်းပြုပြီးနောက် အဲဂုတ္ထုလူတို့နှင့် ဆုံတွေ့ခြင်း၌ ဝမ်းမြောက်မှုမ ရှိနိုင် တော့ပေ။ ထိုနည်းလည်းကောင်းပင် ဖြောင့်မတ်ရာသို့ ရောက်ပြီးသော ကျွန်ုပ်တို့သည်အဲဂုတ္ထပြည်သို့ လှည့်ပြန်ခြင်း (သို့) အဲဂုတ္ထုလူတို့၌ တွေ့ဆုံခြင်း ၌ ဝမ်းမြောက်ခြင်းမရှိနိုင်တော့ပေ။
အကယ်၍ ဖြောင့်မတ်သောသူသည် လောက၌ အပြစ်သားများနှင့် အတူ အသက်ရှင်နေထိုင်မည်ဆိုပါက သူ/သူမသည် ဘုရားသခင်၏အသင်းတော်သို့ လှည့်ပြန်လိုစိတ်ဖြင့် ရူးသွပ်နေပေမည်။ သူ/သူမသည် ဘုရားသခင်၏ အသင်း တော်ကို လွမ်းပေလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့၏စိတ်များကို ဝိညာဉ် ပကတိ၌သာ စွဲလမ်းစေပြီး အသက်ရှင်ကြပါစို့။
ဘုရားသခင်၏ ဝိညာဉ်အရာများဆိုသည်မှာ ဘာကိုဆိုလိုပါသနည်း။ ၎င်းတို့သည် ဘုရားသခင်၏အရာများ မဟုတ်ပေဘူးလား။ ၎င်းတို့သည် ဘုရား သခင်၏ သတင်းကောင်းအတွက် အစေခံခြင်းမဟုတ်ပေဘူးလား။ သို့ဖြစ် သည့်တိုင် ကျွန်ုပ်တို့သည် အားနည်းပြီး မပြည့်မစုံဖြစ်နေခြင်းမရှိပေဘူးလား။ သင်အား နည်းသကဲ့သို့ ကျွန်ုပ်လည်း အားနည်းနေပါသည်။ သို့သော် သင် သည် အားနည်းပြီး မပြည့်မစုံဖြစ်ချိန်၌ပင် အပြစ်ခွင့်လွှတ်ခြင်းရရှိခဲ့သည်မ ဟုတ်ပါလား။ သင်ရရှိခဲ့ပါသည်။ ထိုသို့ဆိုသော် သင့်အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော် ကျိန်းဝပ်ခြင်းရှိနေပါသလား။ ရှိပါသည်။
ထိုသို့ဆိုသော် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာအကြောင်းအရာအပေါ်၌ စိတ်စွဲလမ်းခြင်းရှိနိုင်ပါသလား။ မှန်ပါ၏ ကျွန်ုပ်တို့အားလုံးသည် ဝိညာဉ်ရေး ရာတို့၌ စိတ်စွဲလမ်းနိုင်ကြသောသူများ ဖြစ်ပါသည်။ သင်သည် ဝိညာဉ် ရေးရာ အလုပ်များကို ပြုလုပ်ရန်အတွက် ဘုရားသခင်သည် သင့်လမ်းဆုံးကို ပြောင်းလဲပေးခဲ့ကြောင်းသင်သိပါသလား။သင်ဤအရာကို ယုံကြည်ပါသလား။
ကျွန်ုပ်တို့၏ စိတ်သည် ယခုပြောင်းလဲခဲ့ပြီးဖြစ်ပါသည်။ အမှန်တကယ် သင့်စိတ်နှလုံးပြောင်းလဲခဲ့ပြီး ဖြစ်ကြောင်းကို မသိဘဲ ရှိနေပါက ပြဿနာ ဖြစ်စေ ရုံသက်သက်သာဖြစ်ပေမည်။သင်သည်ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ၌ သင့်စိတ်ကို ခိုင်မြဲစွာထားရမည်ဖြစ်သည်။ ထိုသို့ပြုပါက ဘုရားသခင်၏ အသင်းတော်သည် သင့်အိမ်၊ သင့်ယုံကြည်သူ မိတ်ဆွေသည် သင့်မိဘညီအစ် ကို မောင်နှမမိသားစုဖြစ်မည် အခြားစကားလုံးအားဖြင့်ဆိုသော တူညီသော ဝိညာဉ်ရှိကြမည်ဖြစ်သည်။ အသင်းတော်တွင်း၌ ရှိသောသူရှိသမျှသည် သင့်မိ သားစု ဖြစ်လာမည်ဖြစ်သည်။ ယခင်ကသင်သည် ထိုသို့စဉ်းစားခဲ့ခြင်းမရှိပါက ယခု အချိန်သည် ဤသင်ကြားမှု့ကို ပြန်လည်တွေးတောရမည့် အချိန်ဖြစ် ပါသည်။
သင့်၏ ဇာတိပိုင်းနှင့် အသွေးသားပိုင်းမိသားစုသာ သင့်မိသားစုဖြစ် သည်ဟု မထင်ပါနှင့်။ ဤနေရာ၌ သင့်အိမ်နှင့် ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီး သောသူအားလုံးတို့၏ အိမ်ရှိပါသည်။ သင်သည် ဘုရားသခင်၏မိသားစု အတွင်းမှ အပိုင်းတစ်ခုဖြစ်သည်။ ထို့ကြောင့်ကျွန်ုပ်တို့သည် ဝိညာဉ်ပကတိ အတိုင်းအသက်ရှင်သင့်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် အသက် ရှင်သင့်သည်။ ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်း နှင့် ငြိမ်သက်ခြင်းအကြောင်းဖြစ်ပါသည်။