শিক্ষা

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[8-8] (ရောမသြဝါဒစာ ၈း၂၆-၂၈ ) ဖြောင့်မတ်သူတို့အား ကူညီသော သန့်ရှင်းသောဝိညာဉ်တော်

(ရောမသြဝါဒစာ ၈း၂၆-၂၈ )
“သင်တို့သည်ငါ၏လူမဟုတ်ဟု ပြောဆိုရာအရပ်၌ နေသောသူတို့သည်၊ အသက်ရှင်တော်မူသော ဘုရားရှင်၏သားဟု ခေါ်ဝေါ်ခြင်းကို ခံရကြလိမ့်ဟု လာသတည်း။ပရောဖက်ဟေရှာယသည်လည်းသရေလအမျိုးကို ရည်မှတ်၍ ြွေကးကြော်သည်ကား သရေလအမျိုးတို့သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသော်လည်း ကြွင်းကျန်သောသူတို့သာလျှင် ကယ်တင်တော်မူခြင်းသို့ ရောက်ကြလိမ့်မည်။ အမူတော်ကိုတရားသဖြင့်ပြီးစေခြင်းငှါ ဆုံးဖြတ်တော်မူ မည်။ထာဝရဘုရားသည်မြေပေါ်မှာဆုံးဖြတ်တော်မူသောအမူကိုတော်မူလိမ့် မည်ဟုဆိုသတည်း။”
သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သောသူတို့၏နှလုံးသား၌ ကျိန်းဝပ်ပါသည်။ သန့်ရှင်းသောဝိညာဉ် တော်သည် ၎င်းတို့အား ဆုတောင်းရန် ကူညီနေပါသည်။ သူသည် နှုတ်ဖြင့် မြွမက်နိုင်သောညည်းတွားခြင်းအားဖြင့် ၎င်းတို့အတွက် ဖြန်ဖြေပေးခြင်းပြု လုပ်နေပါသည်။ ဤအရာ၏ဆိုလိုချက်မှာ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အား ဘုရားသခင်၏ အလိုတော်အတိုင်း ဆုတောင်းရန် ကူညီပေး သည်ဟု ဖြစ်သည်။ ထို့ကြောင့်ပင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည် သောသူတို့ သည် ဘုရားသခင်၏သားသမီးများဖြစ်ကြသည်။ သခင်ဘုရားက သူသည် ၎င်းတို့နှင့်အတူ ထာဝရရှိနေမည်ဟု ကတိတော်ထားခဲ့ပါသည်။ 
သန့်ရှင်းသောဝိညာဉ်တော်သည် ဖြောင့်မတ်သူတို့အတွင်း၌ ဘုရား သခင်၏ အလိုတော်အတိုင်း ဖြန်ဖြေပေး ခြင်းပြုလုပ်နေပါသည်။ သန့်ရှင်း သောဝိညာဉ်တော်ကို မည်သို့လက်ခံရရှိနိုင်သည်ဟု သင်တွေးပါသနည်း။ ဆု တောင်းခြင်းအားဖြင့်လား။ သင့်အပြစ်များရှိနေလျှက်ပင် လက်ခံရရှိနိုင်သည် ဟု သင်ထင်ထားပါသလား။ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၌ယုံကြည်သူတို့၏စိတ်နှလုံးအတွင်း၌သာကျိန်းဝပ်နေပါသည်။
ဘုရားသခင်၏အလိုတော်အတိုင်း ဆုတောင်းလိုသည့် ခရစ်ယာန်တို့ သည် သန့်ရှင်းသောဝိညာဉ်တော်ထံမှ အကူအညီရရှိပါသည်။ ၎င်းတို့ မည် သည့်အရာအတွက် ဆုတောင်းသင့်သည်ကို နားလည်သဘောပေါက်ကြပါ သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ပါက သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အတွင်း၌ ကျိန်းဝပ်ကာ သင့်ကို ဖြန်ဖြေ ပေးပြီး လမ်းညွှန်နေမည်ဖြစ်သည်။
 
 
ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုကြ၏
 
“ဘုရားသခင်ကိုချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်း အတိုင်း ခေါ်တော်မူသောသူတို့၏အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတ ညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏” (ရောမ ၈း၂၈)။
ဘုရားသခင်သည် ယုံကြည်သူများဘက်၌ရှိကာ ဘုရားသခင်ကို ချစ် တော်မူသောသူတို့၏အကျိုးအတွက် ခပ်သိမ်းသောအရာတို့သည် တစ်ညီတစ် ညွတ်တည်းပြုကြ၏။ ဘုရားသခင်သည် ဒုတိယအကြိမ် မွေးဖွားခြင်းခံပြီးသော ယုံကြည်သူတို့ကို ချစ်၏။ သူသည် တစ်ခါတစ်ရံ ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့ ၏ ရန်သူများကိုပင် အသုံးပြု၏။ သို့သော် နောက်ဆုံး၌ သူသည် ၎င်းတို့အပြစ် အတွက် ဒါပတ်ပေးမည်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ရန်သူရှိသမျှတို့ သည် သူ၏ထာဝရအပြစ်ဒဏ်ပေးခြင်း၌ ပျောက်ကွယ်သွားမည်ဖြစ်ပြီး ဘုရားသခင် ခွင့်ပြုသည့် အရာတိုင်းသည် ယုံကြည်သူများ၏ ကောင်းကျိုးအ တွက်ဖြစ်ပါသည်။