တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[8-10] ( ရောမသြဝါဒစာ ၈း၂၉-၃၀ ) မှားယွင်းသောသြဝါဒများ

( ရောမသြဝါဒစာ ၈း၂၉-၃၀ )
“ထိုသို့နှင့်အညီ ဟေရှာယသည် အထက်ကဆိုပြန်သည်ကား၊ ကောင်း ကင်ဗိုလ်ခြေအရှင်ထာ ဝရဘုရားသည် ငါတို့မျိုးစေ့ကို ကြွင်းတော်မမူလျှင်၊ ငါတို့သည်သောဒုံမြို့ကဲ့သို့ဖြစ်၍၊ ဂေါမောရြုမိ့နှင့်တူကြပြီ။ထို့ကြောင့်၊ အဘယ် သို့ ပြောရမည်နည်းဟူမူကား၊ ဖြောင့်မတ်ခြင်းကိုမှီ အောင်မလိုက်သော တပါးအမျိုးသားတို့သည် ဖြောင့်မတ်ခြင်းကိုမှီကြ၏။ ထိုသို့ဆိုသော်၊ ယုံကြည် ခြင်းအားဖြင့် မှီသောဖြောင့်မတ်ခြင်းကို ဆိုလို သတည်း။”
ဤကျမ်းပိုဒ်၌ ဘုရားသခင်သည် လူတို့အား ယေရှုခရစ်အားဖြင့် ကယ် တင်ရန် ခွဲခန့်မှတ်သားထားခဲ့ကြောင်း ပြောထား၏။ ထိုသို့ပြုလုပ်ရန် ဘုရား သခင်သည် ၎င်းတို့အား ခရစ်တော်၌ ခေါ်တော်မူပြီး သူခေါ်တော်မူသော သူတို့ကို ဖြောင့်မတ်ရာသို့ရောက်စေကာ ဖြောင့်မတ်ရာသို့ရောက်ပြီး သူတို့ အား ဘုန်းတော်ထင်ရှားစေပါသည်။ သမ္မာကျမ်းစာရှိသမျှတို့သည် ယေရှုခ ရစ်အတွင်း၌ စီမံပြုလုပ်ထားခဲ့ပါသည်။ ဤအရာကိုပင် ရောမသြဝါဒစာအ တွင်း၌ ကျွန်ုပ်တို့အား ပြောထားခဲ့ပါသည်။ သို့ဖြစ်သော်လည်း များစွာသော သီအိုလိုဂျီကျွမ်းကျင်သူတို့နှင့် မှားယွင်းသော အမှုတော်ဆောင်တို့သည် ဤ ရှင်းလင်းသည့်သမ္မာတရားကို ၎င်တို့၏ တွေးထင်ထားသည့်အရာများပါဝင် သည့် သြဝါဒများအဖြစ်သို့ပြောင်းစေပြီး ပျံ့နှံ့စေခဲ့ကြပါသည်။ ဤသမ္မာတရား ကို မည်မျှလောက် နားလည်မှုလွဲခဲ့ကြကြောင်းကျွန်ုပ်တို့လေ့လာကြည့်ကြ ပါစို့။
အချို့သောဘာသာရေးကျွမ်းကျင်သူတို့သည် ဤကျမ်းပိုဒ်အတွင်းမှ ကောက် နှုတ်ချက် ငါးခုထုတ်ကြသည်။ (၁) ရှေ့ကိုကြိုမြင်နိုင်ခြင်း၊ (၂) ခွဲခန့် မှတ်သားထားခဲ့ခြင်း၊ (၃) ထိရောက်သော ဆင့်ခေါ်ခြင်း၊ (၄) ဖြောင့်မတ်စေ ခြင်း၊ (၅) ချီးမြှောက်ခြင်း စသည်တို့ဖြစ်သည်။ ဤသြဝါဒ ငါးခုသည် ကယ်တင် ခြင်း၏ ရွှေကြိုးများကဲ့သို့ သတ်မှတ်ကြပြီး ယုံကြည်သူနှင့် မယုံကြည်သူများ အကြား ပျံ့နှံ့နေခဲ့ကြပါသည်။ သို့သော် ၎င်းတို့၏ ပြောဆိုချက်များ၌ ချို့ယွင်း ချက်များစွာ တွေ့ရပါသည်။
ဤသြဝါဒ ငါးခုသည် ဘုရားသခင်ပြုလုပ်ခဲ့ပြီးသည့် အရာတို့ကိုသာ ပြော ဆို၏။ ၎င်းတို့မှာ “ဘုရားသခင်သည် တစ်စုံတစ်ဦးအား သိရှိပြီး ဘုရားသခင် ရွေးချယ်ထားပြီး ဘုရားသခင် ခေါ်တော်မူပြီး၊ ဖြောင့်မတ်စေပြီး၊ ချီးမြှောက် ပြီးဖြစ်ကြောင်း မိန့်တော်မူ၏။” သို့သော် ရှေးမဆွကပင် ခွဲခန့်မှတ်သားခြင်း ဆိုသည့် သြဝါဒမှာ ဘုရားသခင်သည် သူကယ်တင်မည့်သူအား ၎င်းတို့မွေးဖွား ခြင်းမရှိမီပင် အခြေအနေပေါ် မူတည်ခြင်းမရှိဘဲ ရွေးကောက်တော်မူသည်ဟု ဖြစ်သည်။ သို့ဖြစ်သော်လည်း သမ္မာကျမ်းစာနှင့်ဆိုင်သော ရှေးမဆွက ခွဲခန့် မှတ်သားခြင်းက သင်ကြားပေးသည်မှာ ဘုရားသခင်သည် အပြစ်သားများအ ပေါ် သူ၏ချစ်ခြင်းမေတ္တာကို သွန်းလောင်းပြီး သူ၏သားသမီးများဖြစ်စေသည် ဟု ဖြစ်သည်။ ထို့ကြောင့် ထိုသို့ရွေးကောက်ပြီး ၎င်းတို့အားခေါ်ကာ ဖြောင့် မတ် စေပြီးချီးမြှောက်တော်မူ၏။
 
 
သီအိုလိုဂျီနှင့်ဆိုင်သော ရှေးမဆွက ခွဲခန့်မှတ်သားခြင်းနှင့် ရွေးကောက် ခြင်း သြဝါဒ၏မှားယွင်းမှု
 
ခရစ်ယာန်သီအိုလိုဂျီ၌ John Calvinဖော်ပြခဲ့သည့် ကြီးကျယ်သည့် သြဝါ ဒငါးဦးရှိပါသည်။ထိုငါးခုထဲတွင်ရှေးမဆွက ခွဲခန့်မှတ်သားခြင်းနှင့် ရွေးကောက် ခြင်းသြဝါဒလည်း ပါဝင်ပါသည်။ အောက်ပါဆွေးနွေးချက်၌ ဤသြ ဝါဒတို့၏ သမ္မာကျမ်းစာနှင့်ဆိုင်သော မှားယွင်းချက်ကိုဖော်ပြကာ ရေနှင့်ဝိညာဉ် တော် သတင်းကောင်းအပေါ် သက်သေခံမည်ဖြစ်ပါသည်။
ရွေးကောက်တော်မူခြင်း သြဝါဒသည် John Calvin ဟုခေါ်သော သီအို လိုဂျီကျွမ်းကျင်သည့် ပုဂ္ဂိုလ်ထံမှစတင်ခဲ့ပါသည်။ ဘုရားသခင်သည် ယေရှုခ ရစ်၌ ရွေးကောက်ခြင်းကို Calvin ၏ခေတ်မတိုင်မီကတည်းကပင် မိန့်တော်မူ ခဲ့ပြီးဖြစ်ပါသည်။ သို့သော် သူ၏ရွေးကောက်ခြင်းသြဝါဒကများစွာသော သူတို့ကို ရှုတ်ထွေးမှုဖြစ်စေပါသည်။ ဤမှားယွင်းသောသြဝါဒသည် ဘုရားသ ခင်၏ချစ်ခြင်းမေတ္တာကို ကန့်သတ်ထားသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ သည် မှားယွင်း၏။ သို့ဖြစ်သည့်တိုင် အမှန်မှာ ယနေ့ယေရှုခရစ်၌ ယုံကြည် သောများစွာသော ယုံကြည်သူတို့သည် ဤသြဝါဒအား သဘာဝနှင့်ကံကို ယုံ သောအရာအဖြစ်လက်ခံကြပါသည်။
ဤရှေးမဆွက ခွဲခန့်မှတ်သားထားခြင်းသြဝါဒသည် များစွာသော သူတို့၏ စိတ်နှလုံးကို အုပ်စိုးထားပြီး ၎င်းတို့ ယုံကြည်နိုင်လောက်သော အရာအဖြစ် လွှမ်းမိုးလျှက်ရှိသည်။ ဤသြဝါဒက ဖော်ပြသည်မှာ ဖန်ဆင်းခြင်း မရှိမီ အချို့သောသူများကို ဘုရားသခင်သည် အခြေအနေပေါ်မမူတည်ဘဲ ရွေးချယ်ထားပြီး အခြားသူများကို ငရဲသို့ သွားရန် ခွဲခန့်မှတ်သားထားသည်ဟု ဆို၏။ ဤသြဝါဒသည် မှန်ကန်ပါသလား၊ ရွေးချယ်ခြင်းမခံရသော သူတို့သည် ဘုရားသခင်သည် မတရားသောဘုရားအဖြစ်သို့ ဆန့်ကျင်ပြောဆိုခြင်းသို့ ရောက်ကြပါမည်။
ဤသြဝါဒများကြောင့် ယနေ့ခရစ်ယာန်တို့သည် ကြီးမားသော ရှုပ် ထွေးမှုသို့ ကျရောက်ခဲ့ပါသည်။ အကျိုးဆက်အားဖြင့် များစွာသော ခရစ်ယာန် တို့သည် ငါတကယ်ပဲ ရွေးချယ်ခြင်း ခံခဲ့ရပါသလားဟုဆိုကာ အံ့သြကြရပါ၏။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခြင်းမပြုမီကပင် ငါ့ကိုရွေးချယ်ထားမိပါ က ယေရှုကိုယုံကြည်ခြင်းသည်ကား ဘာအကျိုးရှိသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရွေးကောက်ခြင်း၌ ပါဝင်ခြင်း ရှိမရှိ ပို၍စိတ်ဝင်စားခြင်းအား ဖြင့် အဆုံးသတ်ကြပါသည်။ ဤအတွက်ကြောင့်ပင် ရှေးမဆွက ခွဲခန့်မှတ် သားခြင်းဆိုသည့် သြဝါဒသည် ယေရှု၌ ယုံကြည် သောသူတို့အား များစွာသော ရှုပ်ထွေးမှုကိုဖြစ်စေကာဘုရားသခင်ပေးထားသည့် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းထက်၎င်းတို့ရွေးကောက်ခြင်း၌ ပါဝင်ခြင်းရှိမရှိ စိတ်ဝင်စားလျက် သာ နေကြပါသည်။
ဤသြဝါဒသည် ခရစ်ယာန်သမ္မာတရားကို အခြားသော ဘာသာရေး ကဲ့သို့ပင်ဖြစ်စေပါသည်။ ယခုသည် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ ဖြောင့် မတ်ခြင်းအပေါ်သက်သေခံသည့်ရေနှင့်ဝိညာဉ်တော် သတင်းကောင်းတို့ နှင့်အ တူ ဤမှားယွင်းသော သြဝါဒကို မေ့ပြစ်ရန် အချိန်အခါဖြစ်ပါသည်။ ထို့ကြောင့် သင်သည် ရှေးမဆွကခွဲခန့် မှတ်သားခြင်းသြဝါဒသည် မှန်မမှန်ကို ပြန်လည် စမ်းစစ်ကာရေနှင့်ဝိညာဉ်တော်သတင်းကောင်းအပေါ်ကြားသိယုံကြည်ပြီး သင့် အပြစ်မှ ကယ်တင်ခြင်းရစေပါ။ ဘုရားသခင်ရွေးကောက်ခြင်းခံထားရသူတို့ သည် သူ၏ဖြောင့်မတ်ခြင်း၌ အမှန်တကယ်ယုံကြည်ကြသူတို့ဖြစ်သည်။
 
 
သမ္မာတရားအားဖြင့် ပြောသောရှေးမဆွက ခွဲခန့်မှတ်သားခြင်းနှင့် ရွေး ကောက်ခြင်း
 
“ငါတို့သည် ဘုရားသခင်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက် အပြစ်ကင်းလွတ်လျက် ဖြစ်မည့်အကြောင်း ဤကမ္ဘာမတည်မရှိမှီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ ကောင်းကင်ဘုံနှင့်ဆိုင်သော အရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကိုခရစ်တော်အားဖြင့် ငါတို့အားပေး သနားတော်မူသော ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုဘုရားသခင်သည် ချစ်ခင်တော်မူသော သား တော်ကြောင့် ငါတို့အားပေးတော်မူသော ကျေးဇူးတော်၏ ဘုန်းအသရေကို ချီးမွမ်းစေခြင်းငှာ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ခံရမည့်အ ကြောင်း အလိုတော်ရှိသော စေတနာအတိုင်း ရှေးမဆွက ခွဲခန့်မှတ်သား တော် မူသည်”(ဧဖက်သြဝါဒစာ ၁း၃-၅)။ “ဤကျမ်းပိုဒ်၌ ပြောထားသည့် ရွေး ကောက်ခြင်းသည် ဤကမ္ဘာမတည် မရှိမီ ငါတို့ကို ခရစ်တော်၌ ရွေးကောက် တော်မူသည်ဟု ဖြစ်သည်။” (ဧဖက် ၁း၄) ၎င်းက ယေရှုခရစ်သည် အပြစ်မှ ကယ်တင်ခြင်း ကျေးဇူးအတွက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်ထားခြင်း မရှိဟုဖြစ်သည်။
ဤကျမ်းပိုဒ်မှာပင် ကျွန်ုပ်တို့သည် ရှေးမဆွက ခွဲခန့်မှတ်သားထား ခြင်းဆိုသည့် သြဝါဒအတိအကျပင် မှားယွင်းနေကြောင်းဖော်ပြနိုင်ပါသည်။ ဤသြဝါဒ၏အခြေခံမှားယွင်းမှုမှာ ၎င်းသည် ဘုရားသခင်၏ ရွေးကောက်မှုအ ဆင့်ကို ဆန့်ကျင်ပြောဆို၏။ ၎င်းသည် ကယ်တင်ခြင်းခံရမည့်သူသည် သူ၏ နှုတ်ကပတ်တော်၌ မူတည်ခြင်းမရှိဘဲ သူ၏ အခြေအနေပေါ် မမူတည်သည့် ဆုံးဖြတ်ချက်အပေါ်တွင် မူတည်နေပါသည်။
အကယ်၍ ကျွန်ုပ်တို့၏ ယေရှုပေါ်ထားသော ယုံကြည်ခြင်းကို ထိုသို့ သော အခြေအနေပေါ်မူတည်ခြင်းမရှိ သည့် ရွေးချယ်ခြင်းနှင့် ရှေးမဆွကခွဲခန့် မှတ်သားခြင်းအပေါ် အခြေခံထားပါက ကျွန်ုပ်တို့၏ မသေချာခြင်းနှင့် စိုးရိမ် မှုများဖြင့် မည်သို့ ယုံကြည်နိုင်ပါမည်နည်း။ ဃေူလငညငျာ ကဟောပြောသည့် မှားယွင်းသော သြဝါဒသည် တရားမျှတသော ဘုရားသခင်အား တရားမမျှတ သောအခြေအနေသို့ ရောက်စေပါသည်။Calvinismသည် ထိုသို့သော မှားယွင်း မှုပြုရသောအကြောင်းအရင်းမှာသူသည်“ယေရှုခရစ်၌ဆိုသည့် အခြေအနေကို ဘုရားသခင်၏ ရှေးမဆွက ခွဲခန့် မှတ်သားခြင်းမှ ဖယ်လိုက်သောကြောင့်ဖြစ် သည်။ သို့သော် ကျမ်းစာက ကျွန်ုပ်တို့အား ရှင်းလင်းစွာ သင်ကြားပေး ထား သည်မှာ ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ၏သားတော်၌ ရွေးကောက်ထား သည်ဟု ဖြစ်သည်” (ဧဖက်၁း၄)။
အကယ်၍ Calvinism ကပြောသည့်အတိုင်း ဘုရားသခင်သည် အချို့ သောသူများကို ရွေးချယ်ပြီး အချို့သောသူများကို အကြောင်းရှိဘဲ ချန်ထား ခြင်းသည် ဖြစ်နိုင်ခြေမရှိသောအရာဖြစ်သည်။ Calvinism သည် များစွာ သောသူတို့၏ စိတ်နှလုံး၌ ဘုရားသခင်အား တရားမျှတမှုမရှိသောသူအဖြစ်သို့ ရောက်စေပါသည်။ သို့သော် ရောမသြဝါဒစာ ၃း၂၉ ၌ ကျွန်ုပ်တို့အား ပြော ထားသည်မှာ“ဘုရားသခင်သည် လူတို့၏ ဘုရားသာဖြစ်သလော။ တပါးအမျိုး သားတို့၏ ဘုရားဖြစ်တော်မူသည်မဟုတ်လော။ ဟုတ်ပေ၏။ တပါးအမျိုးသား တို့၏ ဘုရားလည်းဖြစ်တော်မူ၏။” ဘုရားသခင်သည် လူတိုင်း၏ဘုရားဖြစ်ပြီး အားလုံး၏ကယ်တင်ရှင်ဖြစ်သည်။
ယေရှုသည် အားလုံး၏ကယ်တင်ရှင်ဖြစ်ပါသည်။ သူသည် လူသား နွယ်တစ်ခုလုံးတို့၏အပြစ်ကို ယောဟန်ပေးသော ဗတ္တိဇံအားဖြင့် ယူဆောင်ပြီး ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းခြင်းအားဖြင့် အယောက်စိ တိုင်းကို ရွေးနှုတ်ကယ်တင်ခဲ့ပါသည်။ (မဿဲ ၃း၁၅) သမ္မာကျမ်းစာက ခရစ် တော်သည် သူ၏ဗတ္တိကံ၌ လောက၏အပြစ်တို့ကို ယူဆောင်ကာ ကားတိုင် ပေါ်သို့သယ် ဆောင်သွားပြီး (ယော ၁း၂၉) ဤအပြစ်များအတွက် ကျွန်ုပ် တို့နေရာ၌ တရားစီရင်ခြင်းခံကာ အပြစ်သားအားလုံးတို့ကို ကယ်တင်ခဲ့သည့် သူဖြစ်သည်။ ထို့အပြင် ယောဟန် ၃း၁၆ က ကျွန်ုပ်တို့ကို ပြောသည်မှာ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူတို့သည် ပျက်စီးခြင်းသို့မ ရောက် ထာဝရအသက်ကို ရစေခြင်းငှာ ထာဝရဘုရားသည် မိမိ၌ရှိသော တပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ ကို ချစ်တော်မူ၏”ဟုဖြစ်သည်။ ယေရှုသည် လူတိုင်း၏ အပြစ်တို့ကို သူ၏ ဗတ္တိဇံခံခြင်းဖြင့် သယ်ဆောင်သွားပြီး ကားတိုင်ပေါ်တွင် အသေခံကာ လူအား လုံးအတွက်ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ရှင်ပြန်ထမြောက်ခဲ့ပါသည်။
ဘရားသခင်သည် မည်သူ့ကို ခေါ်ကြောင်း ကျွန်ုပ်တို့၏ နားလည်ထား ချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော် ပေါ်တွင် အခြေခံရမည်ဖြစ်ပါသည်။ ထိုသို့ပြုရန်အတွက် ရောမသြဝါဒစာ ၉း၁၀-၁၁ မှာ လေ့လာကြည့်ကြပါစို့။ ထိုမျှမက ရေဗက္ကသည် ငါတို့အဘ ဣဇာက်နှင့်စုံဘက်၍ ပဋိသန္ဓေစွဲယူသော အခါ ဘုရားသခင်ရွေးကောက်တော် မူခြင်းနှင့်ယှဉ်သော အကြံတော်သည် အကျင့်အားဖြင့်မတည် ခေါ်တော်မူသောသူ၏အလိုအားဖြင့် တည်မည် ကြောင်းသားမဖွားမှီ၊ ထိုသားတို့သည် ကောင်းသောအကျင့် မကောင်းသောအ ကျင့်ကို မကျင့်မှီဘုရားသခင်၏ရည်ရွယ်ချက်သည် ခေါ်တော်မူသောသူ၏အ လိုတော်အားဖြင့် တည်မည်ဟုဆို၏။ ထိုသို့ဆိုသော် ဘုရားသခင်သည် မည်သူ့အား ယေရှုခရစ်၌ ခေါ်တော်မူသနည်း။ ၎င်းတို့သည် ဘုရားသခင်ခေါ် သောအပြစ်သားများပင်ဖြစ်ပါသည်။ ဧသောနှင့် ယာကုပ်ကြား မည်သူ့ကို ဘုရားသခင်က ချစ်ပါသနည်း။ သူသည် ယာကုပ်ကို ချစ်၏။ ဘုရားသခင်သည် ဧသောကဲ့သို့သော မိမိ၏ ကိုယ်ပိုင်ဖြောင့်မတ်ခြင်းတို့နှင့် ပြည့်နှက်သောသူတို့ ကို ခေါ်တော်မူခြင်းမရှိဘဲ ယာကုပ်ကဲ့သို့သော အပြစ်သားများကိုခေါ်ကာ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့်ဒုတိယအကြိမ် မွေးဖွားခြင်းကိုဖြစ် စေပါသည်။ ဤအရာသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအလိုတော်ဖြစ်ပြီး ယာကုပ်ကဲ့သို့သော အပြစ်သားကို ခေါ်တော်မူပြီး ယေရှုခရစ်၌ ရွေးချယ် ထားပါသည်။
အာဒံသည် အားလုံး၏ဖခင်ဖြစ်သောကြောင့် လူအားလုံးတို့သည် အပြစ်သားများအဖြစ် မွေးဖွားလာခဲ့ကြ ပါသည်။ ဆာလံ (၅၁) ၌ ဒါဝိတ်မင်း ကြီးက သူသည် အမိဝမ်းထဲ၌ ရှိစဉ်တွင်ပင် အပြစ်နှင့်ရှိ၏ဟုဆို၏။ လူတို့ သည် အပြစ်အားဖြင့် မွေးဖွားလာသောကြောင့် ၎င်းတို့၏ ဆုံးဖြတ်ချက်အပေါ် မူတည်ခြင်းမရှိဘဲ အပြစ်ကျူးလွန်ကြပါသည်။ ၎င်းတို့၏ အသက်တာတစ် လျှောက်လုံးအပြစ်ကို အဆုံးထိတိုင် ကျူးလွန်ကြပါသည်။ ရှာမာလုခရစ်စင် ၇း၂၁-၂၇ ၌ ပြောသည့်အတိုင်း ပန်းသီးပင်သည် ပန်းသီးကိုသီးပြီး သစ်တော် သီးပင်သည် သစ်တော်သီးကိုသီးသည့်အတိုင်း လူတို့လည်းအပြစ်၌မွေးဖွား ကြသောကြောင့် ၎င်းတို့၏ အသက်တာတစ်လျှောက်လုံးအပြစ်နှင့်အသက် ရှင်ကြပါသည်။
သင်သည် သင့်ဆန္ဒကိုဆန့်ကျင်သည့်အဖြစ်မျိုး ကျူးလွန်ဖူးပေမည်။ ဤသို့ဖြစ်ရခြင်းမှာ သင်သည်အပြစ်နှင့် မွေးဖွားခဲ့သောကြောင့်ဖြစ်ပါသည်။ လူတို့သည် မကောင်းသည့် အတွေးများဖြင့် မွေးဖွားခဲ့ကြပါသည်။ ယင်းတို့၌သူ့ မယားပြစ်မှားခြင်း၊ မေထုံမှီဝဲခြင်း၊ သူ့အသက်သတ်ခြင်း၊ ခိုးခြင်း၊ တပ်မက်ခြင်း၊ ညစ်ညူးခြင်း၊ လိမ်ညာခြင်း ထိုသို့သော အပြစ်များဖြင့် မွေးဖွားခဲ့ပါသည်။ ထို့ ကြောင့်ပင် လူတိုင်းသည် အပြစ်ရှိသောအသက်တာဖြင့်မွေးဖွားခဲ့ကြပါသည်။ အပြစ်သည် အမွေအဖြစ်လက်ခံရရှိလာခဲ့ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ဘိုးဘွားများအားဖြင့် ရရှိခဲ့သည့်အပြစ်ကြောင့် အခြေခံအားဖြင့် အပြစ်၌အ သက်ရှင်ကြပါသည်။ ဤအတွက်ကြောင့်ပင် ကျွန်ုပ်တို့သည် ယေရှုအာ ကျွန်ုပ် တို့၏ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်ပြီး ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ ယုံကြည်ရန်လိုအပ်ခြင်းဖြစ်သည်။
ထိုသို့ဆိုသော် ဘုရားသခင်ပထမဖန်ဆင်းခဲ့သော အာဒံသည် ရှုံးနိမ့် ခြင်းဖြင့် ပြီးဆုံးသွားခဲ့ပါသလား။ ထိုသို့ မဟုတ်ပါ။ ဘုရားသခင်သည် လူသား မျိုးနွယ်တို့အား သူ၏သားသမီးအဖြစ်သို့ရောက်စေရန် ဆုံးဖြတ်ခဲ့သည်။ ထို့ ကြောင့် သူသည်ပထမလူအားအပြစ်၌လည်း ကျစေခဲ့ပါသည်။ သူသည် ကျွန်ုပ် တို့အား အခြေခံအားဖြင့် အပြစ်သားဖြစ်စေ၏။ သို့မှသာ ယေရှု၏ ဗတ္တိဇံနှင့် သူ၏အသွေးတော်၌ ကျွန်ုပ်တို့အား သူ၏သားသမီးအဖြစ် သို့ရောက်စေနိုင် မည်ဖြစ်သည်။ ထို့ကြောင့်ကျွန်ုပ်တို့သည် အပြစ်သားအဖြစ် ချွင်းချက်မရှိ မွေးဖွားခဲ့ကြောင်းကို သိရမည်ဖြစ်သည်။
သို့ဖြစ်သော်လည်း ဘုရားသခင်သည် လူသားနွယ်အားလုံးအပြစ်သား များဖြစ်လာကြမည်ကိုသိရှိကာ ယေရှုခရစ်တော်ကိုစေလွှတ်ရန် ကမ္ဘာမတည် မရှိ မှီကပင် ဆုံးဖြတ်ထားတော်မူ၏။ ထို့နောက်သူသည် ယောဟန်ထံမှ သူလက်ခံရရှိသောဗတ္တိဇံအားဖြင့် လောက၏အပြစ်အားလုံးတို့ကို သယ် ဆောင်ပြီး ကားတိုင်ပေါ်တွင် အသေခံစေခဲ့ပါသည်။ အခြားစကားလုံးဖြင့် ဆိုသော်သူသည် အပြစ်ခွင့်လွှတ်ခြင်းအားဖြင့် ဘုရားသခင်၏ သားများဖြစ်လာ သူတို့အပေါ် အပ်နှင်းရန် ဆုံးဖြတ်ခဲ့ပါသည်။ ဤအရာသည် ဘုရားသခင်၏ လူတို့ကို ဖန်ဆင်းရခြင်း၏အကြံအစည်နှင့် ရည်ရွယ်ချက်ဖြစ်ပါသည်။
အချို့သောသူများက နားလည်မှုလွဲမှားကာ ယာကုပ်နှင့် ဧသောကို ကြည့်ပါ။ ဘုရားသခင်သည်တစ်ဦးကို ရွေးကောက်ပြီး တစ်ဦးကို ဖယ်ထား သည် မဟုတ်ပါလားဟု ဆိုပေမည်။ သို့သော် ဘုရားသခင်သည် ယေရှုခရစ်၏ အပြင်ဘက်မှ ကယ်တင်ခြင်းရရန် အခြေအနေပေါ်မမူတည်ဘဲ ရွေးချယ်ခြင်း မျိုးမပြုခဲ့ပါ။ သူသည် လူတိုင်းအား ယေရှုခရစ်အားဖြင့် သူ၏သားသမီး များဖြစ်စေရန် ရွေးချယ်ခဲ့ပါသည်။ ကျွန်ုပ်တို့ဓမ္မဟောင်းတစ်ခုတည်းကိုသာ စဉ်းစားတွေးတောကြည့်ပါ။ ဘုရားသခင်သည် တစ်ဖက်တည်းကိုသာ ရွေးချယ်ခဲ့သည်ဟု တွေးထင်မိပေမည်။ သို့သော် ဓမ္မသစ်ကျမ်းကို ကြည့်ချိန် တွင် ဘုရားသခင်သည် ယာကုပ်ကဲ့သို့သော အပြစ်သားများကို ယေရှုခရစ် အားဖြင့် ကယ်တင်ရန် ရွေးကောက်ခဲ့ကြောင်း တွေ့ရပါသည်။ ကျွန်ုပ်တို့၌ ရှင်းလင်းသော နားလည်ချက်ရှိရမည်ဖြစ်ကာ မည်သူ့ကို ဘုရားသခင်သည် သူ၏နှုတ်ကပတ် တော်အားဖြင့် ခေါ်တော်မူခဲ့ကြောင်းသိရမည်ဖြစ်သည်။
ဧသောနှင့်ယာကုပ်တို့ကို ဘုရားသခင်သည် မည်သူ့ကိုခေါ်ပြီး ချစ်တော် မူခဲ့သနည်း။ သူသည် အခြားသူကို မဟုတ်ဘဲ အပြစ်နှင့်ပြည့်နှက်နေသော ယာ ကုပ်အား ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၌ ကယ်တင်ရန် ခေါ်တော်မူခဲ့၏။ သင်သည်လည်း ခမည်းတော်ဘုရားက ယေရှုခရစ်အားဖြင့် သူ၏ဖြောင့်မတ် ခြင်း၌ သင်တို့ခေါ်တော်မူခဲ့ကြောင်း သိရမည်ဖြစ်သည်။ ရေနှင့်ဝိÓဉ်တော် သတင်းကောင်းသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်ကြောင်းကို ယုံကြည် ရမည် ဖြစ်သည်။ 
ထိုသို့ဆိုသော် ဘုရားသခင်သည် ယာကုပ်ကဲ့သို့သော သူ့ကို အဘယ့် ကြောင့် ရွေးချယ်ခဲ့ပါသနည်း။ ဘုရားသခင်ယာကုပ်ကို ရွေးချယ်ရသည့်အ ကြောင်းအရင်းမှာသူသည် မဖြောင့်မတ်သောလူသားမျိုးနွယ်အားလုံးတို့၏ ကိုယ်စားပြုသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ယာကုပ်ကိုခေါ်ခြင်းမှာ သူ၏အလိုတော်နှင့်အညီဖြစ်သည်။ နှုတ်ကပတ်တော်နှင့်လည်းအညီဖြစ်ကာ “ကျွန်ုပ်တို့သည် ယေရှုခရစ်၌ ရွေးချယ်ခြင်းခံခဲ့ကြရသည်။ ဤခေါ်တော် မူခြင်းသည် သမ္မာတရားနှင့်ကိုက်ညီ၏။ ဘုရားသခင်ရွေးကောက်တော်မူခြင်း နှင့်ယှဉ်သော အကြံတော်သည် အကျင့်အားဖြင့်မတည် ခေါ်တော်မူသောသူ၏ အလိုတော်အားဖြင့် တည်မည်အကြောင်းတည်း။”
ယေရှုခရစ်အားဖြင့် အပြစ်သားကို ကယ်တင်သည့်နည်းလမ်းသည် သူ၏ချစ်ခြင်းမေတ္တာဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို အပြည့်အဝ ပြည့်စုံ စေရန်ဖြစ်သည်။ ဤအရာသည်အပြစ်သားအတွက်ဘုရားသခင်၏ ဖြောင့်မတ် ခြင်းအားဖြင့်ထားသော ကယ်တင်ခြင်းပညတ်ဖြစ်ပါသည်။ ဘုရားသခင်သည် ၎င်းတို့အား ဖြောင့်မတ်ခြင်းဖြင့် ဝတ်ခြုံစေရန်အတွက် ယာကုပ်ကဲ့သို့ မိမိ၌ ကိုယ်ပိုင်ဖြောင့်မတ်ခြင်းမရှိသူနှင့် သူ၏ယေရှုခရစ်အားဖြင့် ခေါ်တော်မူခြင်း ကို အဖြေပေးသူတို့ကိုခေါ်တော်မူ၏။ဘုရားသခင်သည် ကိုယ်တိုင် ဖြောင့်မတ် သူတို့အား ခေါ်တော်မူခြင်းရှိပါသလား (သို့) အပြစ်နှင့်ပြည့်ကာ ကိုယ်ပိုင် ဖြောင့်မတ်ခြင်းမရှိသူတို့အား ခေါ်တော်မူပါသလား။ ဘုရားသခင်ခေါ် တော်မူ သော သူတို့သည် ယာကုပ်ကဲ့သို့သောသူများဖြစ်ပါသည်။ ဘုရားသခင် သည် အပြစ်ကြောင့် ငရဲတွင်ချည်နှောင်ခြင်းခံထားရသည့် အပြစ်သားတို့ကို ခေါ် တော်မူ၏။ သင်သည်လည်း မွေးစကတည်းမှပင် ဘုရားသခင်၏ အသရေကို ပျက်စေကာငရဲ၌ ချည်နှောင်ခြင်းခံထားသူဖြစ်ကြောင်း သဘောပေါက်ရ မည်ဖြစ်သည်။ အခြားစကားလုံး အားဖြင့်ဆိုသော် သင့်ကိုယ်သင်မှန်ကန်စွာ တွေ့မြင်ရန် လိုအပ်ပါသည်။ ဘုရားသခင်သည် အပြစ်သားတို့အား ယေရှုခ ရစ်၌ ခေါ်တော်မူပြီးသူ၏ဖြောင့်မတ်ခြင်း၌ ကယ်တင်တော်မူ၏။
ဘုရားသခင်၏ လူတို့သည် သူ၏ဖြောင့်မတ်ခြင်းကိုယုံကြည်ခြင်း အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သောသူ များဖြစ်ပါသည်။ ဘုရားသခင်သည် အပြစ်သားများကို ယေရှုခရစ်၌ခေါ်ကာ ရွေးနှုတ်ကယ်တင်ရန်အတွက် ရှေးမ ဆွကပင် ခွဲခန့်မှတ်သားတော်မူ၏။ ထို့နောက် သူခွဲခန့်မှတ်သားသည့်အတိုင်း ပြည့်စုံစေပါသည်။ ဤအရာသည် ရှေးမဆွကပင် ခွဲခန့်မှတ်သားခြင်းနှင့် ယေရှု ခရစ်၌ရွေးကောက်ခြင်းအစစ်အမှန်ပင်ဖြစ်သည်။စစ်မှန်သောရွေး ကောက်ခြင်း ကို နားလည်ရန်အတွက် ကျွန်ုပ်တို့သည် ဤရွေးကောက်ခြင်း သမ္မာတရားကို ဓမ္မဟောင်းကျမ်း၌ ရေးထားသည့် အတိုင်း နားလည်ထားရမည် ဖြစ်ပါသည်။
 
 
ဓမ္မဟောင်းကျမ်းမှ ဘုရားသခင်၏ ရွေးကောက်ခြင်းနောက်ခံသမိုင်း
 
ကမ္ဘာဦးကျမ်း ၁၉း၂၁-၂၆ ၌ ဧသာနှင့် ယာကုပ်တို့ ၎င်းတို့၏မိခင်ဝမ်း ထဲ၌ရှိစဉ်ကအကြောင်းကို ပြောထားပါသည်။ ဤသူနှစ်ဦးကြားတွင် ဘုရား သခင်သည် ယာကုပ်ကို ရွေးကောက်တော်မူ၏။ Calvinသည် သူ၏ရွေး ကောက်ခြင်းသြဝါဒကို ဤကျမ်းပိုဒ်၌ အခြေခံသည်။ သို့သော် သူ၏နား လည်မှုသည် ဘုရားသခင်၏ အလိုတော်မှ လွဲသွားကြောင်းကို ကျွန်ုပ်တို့မကြာ မှီ တွေ့ရမည်ဖြစ်ပါသည်။ ဘုရားသခင်သည် ဧသောထက် အဘယ့်ကြောင့် ယာကုပ်ကို ချစ်ရသည်မှာ အကြောင်းရှိ၏။ ဤအကြောင်းအရင်းမှာ ဧသောကဲ့ သို့သော လူတို့သည် ဘုရားသခင်ကို ယုံကြည်အားကိုးခြင်းထက် မိမိတို့၏ ခွန်အားကိုသာ အားကိုးပြီး ယာကုပ်ကဲ့သို့သော သူများသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၌ ယုံကြည်ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် ယာ ကုပ်ကိုချစ်ပြီး ဧသောကိုမုန်းသည်ဟုဆိုရာတွင် ဘုရားသခင်သည် ယာကုပ် ကဲ့သို့သော သူတို့ကို ချစ်သည်ဟု ဆိုလို၏။ ဤအတွက်ကြောင့်ပင် ကျွန်ုပ်တို့ သည် ယေရှု ခရစ်၌ ရွေးကောက်ခြင်းခံရ၏။(ဧဖက် ၁း၄)
ခရစ်တော်မပါ ဘုရားသခင်၏ဖြောင့်မတ်ခြင်းမပါသော အခြေအနေ ပေါ်မူတည်ခြင်းမရှိသည့် ရွေးကောက်ခြင်းသည် မှားယွင်းသော ခရစ်ယာန် သြဝါဒတစ်ခုသည်ဖြစ်သည်။ ဤအတွေးအမြင်သည် ကံစီမံရာကို ယုံကြည် သောဘုရား၏ယုံကြည်ခြင်းမျိုး ခရစ်ယာန်ကြား၌ သယ်ဆောင်လာခြင်းဖြစ် သည်။ ဘုရားသခင်သည် အပြစ်သားအားလုံးတို့ကို ယေရှုခရစ်၌ ခေါ်တော်မူ ကြောင်းပြောထား၏။ ဘုရားသခင်သည် အပြစ်သားအားလုံးတို့အား ယေရှုခ ရစ်၌ကယ်တင်ရန် ရွေးကောက်ခြင်းကြောင့် သူ၏ရွေးကောက်ခြင်းသည် တရားမျှတသည့် ရွေးကောက်ခြင်းဖြစ်ပါသည်။ ဘုရားသခင်သည် ယာကုတ် အား အခြေအနေပေါ်မမူတည်ဘဲ ရွေးကောက်ခြင်းပြုကာ ဧသောအား အခြေ အနေမဲ့ချန်ထားပါက သူသည် တရားမျှတမှုမရှိသော ဘုရားဖြစ်ပေမည်။ သို့သော် သူသည် ကျွန်ုပ်တို့အား ယေရှုခရစ်၌ ရွေးကောက်တော်မူ၏။ သူခေါ် တော်မူသော သူတို့ကို ကယ်တင်ရန်အတွက် သူ၏သားတော်ကို စေလွှတ်ကာ ဗတ္တိဇ့ခံယူခြင်းဖြင့် လောက၏ အပြစ်အားလုံးတို့ကို သယ်ဆောင်ပြီး ကားတိုင် ပေါ်တွင် အသွေးသွန်းလောင်းခြင်းဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပြည့်စုံစေခဲ့ပါသည်။ ဤနည်းဖြင့်ဘုရားသခင်သည် ကျွန်ုပ်တို့အား ယေရှုခရစ် ၌ ရွေးချန်ထားပါသည်။
ကျွန်ုပ်တို့၏ လူ့အတွေးများကို လွတ်ပြစ်ပြီး ဘုရားသခင်၏ နှုတ်က ပတ်တော်၌ ယုံကြည်ရမည်ဖြစ်သည်။ အခြားစကားလုံးဖြင့်ဆိုသော် ကျွန်ုပ်တို့ အားလုံးကို ယေရှုခရစ်အားဖြင့် ရွေးချယ်ခဲ့ပါသည်။ သို့သော် ဃေူလငည သည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို မည်သို့ပြောခဲ့သနည်။း တစ်စုံတစ်ဦးသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ပါက စစ်မှန်သော ယုံကြည်ခြင်းကို တွေ့ရပါသည်။ လူ့အတွေးအား သမ္မာတရားအဖြစ်ယုံကြည်ခြင်းသည် ဘုရား သခင်ကို ကိုးကွယ်ခြင်းမဟုတ်ဘဲ ရုပ်တု ကိုးကွယ်ခြင်းကဲ့သို့ဖြစ်သည်။
ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကိုယုံကြည်ခြင်း သည် မှားယွင်းသော ရှေးမဆွကခွဲခန့် မှတ်သားခြင်းသြဝါဒကို ယုံကြည်ခြင်း သည် ရှင်းလင်းစွာ ခြားနားမှုရှိပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်က ပတ်တော်အတိုင်း ယေရှုခရစ်၌ ယုံကြည်ရမည်မဟုတ်ပါက တွေးခေါ်နိုင်စွမ်းမ ရှိသောခြေလေးချောင်းသတ္တဝါကဲ့သို့ပင်ဖြစ်ပေမည်။ ကျွန်ုပ်တို့သည် ယေရှု ခရစ်၌ ဘုရားသခင်၏ သားသမီးများအဖြစ် သူ၏ဖြောင့်မတ်ခြင်း၌ တံဆိပ်နှိပ် ရွေးချယ်ထားခြင်းခံရပါသည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအား နှုတ်ကပတ် တော်သမ္မာတရားအပေါ် အခြေခံပြီး စမ်းစစ်ရမည်ဖြစ်သည်။
Calvin၏သြဝါဒငါးခုတည်းမှ တစ်ခုမှာ “အကန့်အသတ်ရှိ သောအပြစ် ဖြေခြင်း”ဖြစ်သည်။ ဤသြဝါဒက ပြောသည်မှာ လောကရှိများစွာ သောလူများ ကြားမှ အချို့သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းမှ ချန်ထားခြင်း ခံရသည်ဟုဖြစ်သည်။သို့သော်ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် ဖြောင့်မတ် ခြင်းသည် တရားမမျှတဘဲ မနေပေ။ သမ္မာကျမ်းစာက ဘုရားသခင်က လူအ ပေါင်းတို့သည် သမ္မာတရားကိုသိပြီး ကယ်တင်ခြင်းသို့ရောက်ရန် အလိုတော်ရှိ သည်ဟုဆို၏။ (၁ တိ ၂း၄)။ အကယ်၍ ကယ်တင်ခြင်းကျေးဇူးတော်သည် အချို့သူများအတွက်သာ သတ်မှတ်ထားပါက ယေရှုခရစ်အပေါ် ယုံကြည်ခြင်း ကို စွန့်ပယ်ကြသောသူများရှိပေမည်။ ထိုသို့သော မှားယွင်းသည့်သြဝါဒကို ယုံကြည်သောသူတို့သည်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသို့ လှည့်ပြန်ကာ အပြစ်မှ ကယ်တင်ခြင်းခံရပြီး ယေရှုခရစ်အား ကယ်တင်ရှင် အဖြစ်သိခြင်းဖြင့် ထာဝရအသက်ရရှိသင့်ပေသည်။ ဘုရားသခင်သည် လူအပေါင်းတို့ အားသူ၏ ဖြောင့်မတ်ခြင်းနှင့် ယေရှုခရစ်အားဖြင့် ရွေးချယ်တော်မူ၏။
အကယ်၍ ဘုရားသခင်သည် အချို့သောသူများကို ချစ်ပြီး အချို့သော သူများကို မုန်းပါက လူတို့သည် ဘုရားသခင်ကို ကျောခိုင်းကြမည်ဖြစ်သည်။ ဘုရားသခင်သည်သူ့ညာဘက်မှ လူများကို ရွေးချယ်ပြီးဘယ်ဘက်မှ လူများကို ငရဲသို့အကြောင်းမရှိဘဲ ပို့ပါက တရားမျှတမှုရှိပါမည်လား။ ဘယ်ဘက်၌ရှိ သောသူတို့သည် အခြားရွေးချယ်စရာ မရှိဘဲ ဘုရားသခင်ကို ဆန့်ကျင်ရုံသာ ရှိပါသည်။ အကယ်၍ ဘုရားသခင်သည် ထိုသို့ဖြစ်ပါက ဤကမ္ဘာကြီး၌ရှိသော မည်သူတို့က သူ့အား စစ်မှန်သောဘုရားအဖြစ် ကိုးကွယ်ကြမည်နည်း။ အခြေ အနေပေါ်မူတည် ခြင်းမရှိဘဲ မုန်းခံရသောသူတို့လည်း ဘုရားသခင်ကို မုန်းကြ မည်ဖြစ်သည်။ ဤလောကရှိ ရာဇဝတ်သားတို့ပင်လျှင် ၎င်းတို့၌ ကိုယ်ပိုင်လူ့ ကျင့်ဝတ်နှင့်ကောင်းမြတ်ခြင်းရှိကြ၏။ ထိုသို့ဆိုသော် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင် သည် မည်သို့သောနည်းဖြင့် တရားမျှတမှုမရှိဘဲ တရားမျှတမှုမရှိသောဘုရား ကို ယုံကြည်နိုင်ပါမည်နည်း။
ကျွန်ုပ်တို့၏ ခမည်းတော်ဘုရားသခင်သည် အပြစ်သားအားလုံးတို့အား သူ၏သားတော်၌တွေ့ရသော ဖြောင့်မတ်ခြင်းဖြင့် ကယ်တင်ခဲ့သည်။ ထို့ ကြောင့်ပင် “အကန့်အသတ်ရှိသောအပြစ်ဖြေခြင်း” ဖြစ်သည့် Calvin ၏ သြဝါဒသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့်မဆိုင်ပေ။ သို့ဖြစ်သည့်တိုင် ထိုသို့သော မှားယွင်းသည့် သြဝါဒများကြောင့် များစွာသောလူတို့သည် ကံစိုး စွာပင် လမ်းလွဲသွားကြပြီး ဘုရားသခင်အား မှားယွင်းစွာ (သို့) သူ့ထံမှ ဝေးကွာ ပြီး ၎င်းတို့၏ မှားယွင်းသော ယုံကြည်ခြင်းအားဖြင့် ယုံကြည်နေကြပါသည်။
 
 
မမှန်ကန်သောရုပ်ရှင်
 
“The Stand” ဟုခေါင်းစဉ်တပ်ထားသည့် Stephen King၏ ဝတ္ထုအား လွန်ခဲ့သောနှစ်က ရုပ်မြင်သံကြားဇာတ် လမ်းတွဲအဖြစ်ရိုက်ကူးပြီး ကမ္ဘာတစ် ဝှမ်းက ချီးကျူးထောပနာပြုကြ၏။ ဤဝတ္ထု၏ ဇာတ်လမ်းသည် ဤသို့ စင်ထား၏။ ၁၉၉၁ ခုနှစ်၌ အမေရိကတွင် ကူးစက်ရောဂါပျံ့ပွားကာ ရောဂါကူး စက်ခြင်းမှ ကင်းလွတ်သော လူအချို့သာ ကျန်နေခဲ့၏။ ကျန်ရှိနေသော လူများ ကြားထဲမှ ဘုရားသခင်ကို အလိုအလျောက်အစေခံသူတို့သည် Boulder Colorado ၌ ဆုံတွေ့ကြပြီး“Dark Man” ကို ကိုးကွယ်ကြသောသူတို့သည် Les Vegas, Nevada ၌ ဆုံတွေ့ကြ၏။ အဖွဲ့နှစ်ဖွဲ့သည် တစ်ဖွဲ့က အခြားတစ်ဖွဲ့ကို ဖျက်စီးစေ သည်အထိ သီးခြားပြန်လည်တည်ဆောက်ကြသည်။
ကျန်ရှိနေသောသူများကြားထဲမှ Stuart ဟုခေါ်သော သူသည် နောက် ဆုံးသော ကာလရောက်လာသည်ဟု အဆက်မပြတ်အိမ်မက်မက်၏။ သူ၏ အိမ်မက်တွင်း၌ Abigail ဟုခေါ်သော အမျိုးသမီးကြီးတစ်ဦးက သူ့အားဘုရား သခင်သည် သူ့ကို ရွေးချယ်ထားပြီးဖြစ်ကြောင်းပြောကာ နေရာ တစ်ခုသို့သွား စေပါသည်။ ဤရုပ်ရှင်ကား၌ ဘုရားရှင်သည် ဤလူငယ်အား ကယ်တင်ခဲ့၏။ သူသည် ဘုရားသခင် (သို့) ယေရှုခရစ်၌ ယုံကြည်ခြင်းမရှိလျှင်ပင် ဘုရားသ ခင်သည် ကမ္ဘာမတည်မရှိမှီကပင် ရွေးချယ်ထားသော ကြောင့် ကယ်တင်ခြင်း ရသည်ဟုဖြစ်သည်။
ထိုသို့ဆိုသော် ဘုရားသခင်သည် ယေရှုခရစ်ကို မယုံကြည်သောသူများ ကိုပင်လျှင် အခြေအနေပေါ်မူတည်ခြင်း မရှိဘဲ ကယ်တင်ပါသလား။ မကယ် တင်ပါ။ဘုရားသခင်သည်သူ၏ဖြောင့်မတ်ခြင်း၌ ယုံကြည်သောသူတို့အား ၎င်း တို့၏ အပြစ်မှကယ်တင်ရန် ရှေးမဆွကပင် ခွဲခန့်မှတ်သား ခြင်းပြုတော်မူ၏။
ဤရုပ်ရှင်ဇာတ်လမ်းသည် Calvin၏ ရှေးမဆွက ခွဲခန့်မှတ်သားခြင်းနှင့် ရွေးကောက်ခြင်းသြဝါဒအပေါ် အခြေခံထားပါသည်။ ဤရုပ်ရှင်သည် သီအိုလို ဂျီကျွမ်းကျင်သူတို့၏ သြဝါဒအပိုင်းတစ်ချို့ကိုသာပြော၏။ ဘုရားသခင်သည် မည်သည့်နည်းဖြင့် အချို့သောသူများကို ငရဲသို့ပို့ပြီး အခြားသူများကို ကယ် တင်ခြင်းအတွက် ရွေးချယ်နိုင်ပါမည်နည်း။ဘုရားသခင်သည်တရားမျှတသော ကြောင့် လူအပေါင်းတို့အား ယေရှုခရစ်အားဖြင့် ရှေးမဆွကပင် ခွဲခန့် မှတ်သား ထားတော်မူသည်။သူ၏ဖြောင့်မတ်ခြင်းမှာ တားမြစ်ခံထားသူတစ်ဦးမျှ မရှိပေ။ ယေရှုခရစ်မပါသော ဘုရားသခင်၏ရှေး မဆွကခွဲခန့်မှတ်သားခြင်းနှင့်ရွေး ကောက် ခြင်းတို့သည် အဓိပ္ပါယ်မဲ့ကာ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိပေ။ အလွန်ဆိုးဝါးသည်မှာများစွာသော သီအိုလိုဂျီ ကျွမ်းကျင်သူတို့က ဘုရားသခင် သည် အချို့သူများကို ရွေးချယ်ပြီး အချို့ကိုချန်ထားသည်ဟု အဆက်မပြတ် ပြောနေကြခြင်းပင်။
ဘုရားသခင်သည် စကြာဝဠာတစ်ခုလုံးကို ဖန်ဆင်းခြင်းမရှိမှီကပင် အပြစ်သားအားလုံးကိုကယ်တင်ကာ ယေရှုခရစ်အားဖြင့် သူ၏ဖြောင့်မတ်ခြင်း နှင့်အတူကယ်တင်ရန်စီမံတော်မူခဲ့သည်။အခြားစကားလုံးဖြင့်ဆိုသော်သူသည် အပြစ်သားအားလုံးတို့အား ယေရှု၏ သတင်းကောင်းဖြင့် ရွေးကောက်ခဲ့သည်။ ထိုသို့ဆိုသော် သင်မည်သို့ ယုံကြည်နိုင်ပါသနည်း။
တောင်ပေါ်၌ အလေးအနက်တွေးတောဆင်ခြင်မှုပြုနေသည့် ဗုဒ္ဓဘာ သာဝင်ဘုန်းတော်ကြီးတို့သည် ဘုရားသခင်၏ ရွေးကောက်ခြင်းမှ ချန်ထား ခြင်းခံရပါသလား။ အကယ်၍ ဘုရားသခင်၏ ရှေးမဆွက ခွဲခန့်မှတ်သား ထားခြင်းနှင့်ရွေးကောက်ခြင်းတို့သည် ခရစ်တော်မပါဘဲ အခြေအနေပေါ်မူ တည်ခြင်းမရှိပါက ကျွန်ုပ်တို့အနေဖြင့် သတင်းကောင်းဟောပြောခြင်း၊ ယင်း၌ ယုံကြည်ခြင်းရှိရန် လိုအပ်တော့မည်မဟုတ်ပေ။ အကယ်၍ ခရစ်တော်မပါဘဲ အချို့သူတို့သည် ကယ်တင်ခြင်းသို့ရောက်ရန် စီမံထားပြီး အခြားသူများ မပါပါက အပြစ်သားအနေဖြင့် ယေရှုခရစ်ကို ယုံကြည်စရာ လိုတော့မည်မ ဟုတ်ပေ။ ယေရှုသည်သူ၏ ဗတ္တိကံခံခြင်းနှင့် ကားတိုင်ပေါ်မှ သူ၏အသွေး တော်အားဖြင့် ကျွန်ုပ်တို့ကို ကယ်တင်ခြင်းသည် အဓိပ္ပါယ်မဲ့သွားပေမည်။ သို့ သော် ယေရှုခရစ်၌ တွေ့ရသောဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ ဘုရားသခင် သည် ယေရှုကို မယုံကြည်သော ဗုဒ္ဓဘာဝင်ဘုန်းကြီးကိုပင် နောင်တရပြီး ဘုရားသခင်ဘက် သို့လှည့်လာပါက ကယ်တင်ခြင်း ရရှိစေပါသည်။
ဤလောက၌ ယေရှုခရစ်ကိုယုံကြည်ပြီး အသက်ရှင်ကြသောသူများစွာရှိ ပါသည်။ ၎င်းတို့အား အဖွဲ့နှစ်ဖွဲ့ ခွဲကြည့်ကြပါစို့။ တစ်ဖွဲ့သည် ဧသောကဲ့သို့ဖြစ် ပြီး၊ အခြားတစ်ဖွဲ့သည် ယာကုပ်ကဲ့သို့ဖြစ်၏။ ယာကုပ်ကဲ့သို့သူများသည် မိမိ တို့ကိုယ်ကိုယ်ငရဲ၌သွားရမည့်အပြစ်သားများဟုသိကြကာရေနှင့်ဝိညာဉ်တော် သတင်းကောင်း၌ ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းရကြ၏။ အခြားသော အဖွဲ့ သည် ဧသောကဲ့သို့ဖြစ်ကာ ကောင်းကင်တံခါးဝသို့ ၎င်းတို့၏ယေရှု၌ ယုံကြည် ခြင်းအပေါ်၎င်းတို့၏ကိုယ်ပိုင်ကြိုးစားမှုထပ်ထည့်ကြသူများဖြစ်ကြသည်။
သင်သည် မည်သူနှင့်တူပါသနည်း။ ယာကုပ်လော (သို့) ဧသောလော။ ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ သင်ယုံ ကြည်ပါသလား။ (သို့) သင်သည် မှားယွင်းသည့် ရှေးမဆွက ခွဲခန့်မှတ်သားခြင်းသြဝါဒကိုယုံကြည်ပါသလား။ သင်၏ ဤယုံကြည်မှုနှစ်ခုအပေါ်ရွေးချယ်မှုသည် သင်၏ကောင်းကင် (သို့) ငရဲသို့သွားရမည်ကိုဆုံးဖြတ်ပေးပါလိမ့်မည်။ သင်သည် မှားယွင်းသည့် သြဝါဒ ကို စွန့်ပယ်ပြီး ဘုရားသခင်နှင့် ငြိမ်သက်ခြင်းရရှိရန် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကိုလက်ခံပါ။ဤယုံကြည်ခြင်းကသာလျှင်ကျွန်ုပ်တို့အား အပြစ် မှ ကယ်တင်ပြီး ထာဝရအသက်ကိုပေးပါသည်။