တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[9-1] အခန်း (၉) နှင့် မိတ်ဆက်ခြင်း

ဣသရေလလူမျိုးနှင့် တပါးအမျိုးသားတို့အတွက် ရေနှင့်ဝိညာဉ် သတင်း ကောင်း
 
အဘယ့်ကြောင့် ရှင်ပေါလုက သူသည် အလွန်ဝမ်းနဲခြင်းရှိပြီး စိတ်နှလုံး ထဲ၌လည်း မခြားမလပ် ပူပန်ခြင်းဝေဒနာရှိကြောင်း ပြောရသနည်းအဘယ့် ကြောင့်ဆိုသော် ရှင်ပေါလုသည် သူ့ညီအကိုတို့ကို သူ့နှလုံးသားထဲမှ အထူးချစ် မြတ်နိုးသည် အားလျော်စွာ သူတို့အတွက်ဆိုလျှင် သူသည် ခရစ်တော်နှင့်ခွာ ပြီး ကျိန်ခြင်းကိုခံလိုသောဆန္ဒပင်ရှိ၏။ သူ၏ သွေးသားဇာတိအလိုအရဆိုလျှင် သူ့ဇာတိလူမျိုးများကို ကယ်တင်လိုသည်။
နောက်ဆုံးသောကာလ၌ ကျွန်ု်ပ်တို့သည် တကမ္ဘာလုံးသို့ ရေနှင့် ဝိညာဉ်ဆိုင်ရာသတင်းကောင်း ဟောပြောရန် အလွန်စိတ်ဝင်စားကြလိမ့်မည်။ ဤသတင်းကောင်း၏အမှန်တရားပျံနှံ့မှုတွင် ဘုရားသခင်၏ပါဝင်ပတ်သက် မှုကြီးမားလှသည်။ တချိန်ထဲမှာပင် ယင်းသည် ဒုတိယမွေးဖွားခြင်းခံရသော ယုံကြည်သူများအတွက် အရေးကြီးသော ပန်းတိုင်ဖြစ်လာသည်။ ဣသရေလ အမျိုးသားများသည် ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းကောင်းကို လက်ခံလာ သည်ဖြစ်စေ လက်မခံသည်ဖြစ်စေ နောက်ဆုံးသောနေ့ရက်သည်ကျွန်ုပ်တို့၏ အာရူံစိုက်မှုကို ဆွဲယူသောအခြားအချက်တရပ်ဖြစ်လာသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ရှင်ဒုတိယအကြိမြွ်ကလာမည့်အချိန်မကြာမီဖြစ်ပျက်တော့မည်ကို သိသည့်အားလျှော်စွာ ဣသရေလလူမျိုးများသတင်းကောင်းကို လက်ခံလာ ရန်အတွက် သူတို့ကိုယ်စား အဆက်မပြတ်ဆက် လက်ပြီး ဆုတောင်းပေးခြင်း ဖြင့် သူတို့သည် ကယ်တင်ခြင်းခံရမည်ဖြစ်သည်။
ယခုနှစ်အတွက် ကျွန်ုပ်၏ဆုတောင်းချက်ခေါင်းစဉ်မှာ တကမ္ဘာလုံး ဆိုင်ရာ သတင်းကောင်းဝေငှခြင်းနှင့် ဣသရေလလူမျိုးများသတင်းကောင်း အမှန်လက်ခံရေးပင်ဖြစ်သည်။ကျွန်ုပ် ဆက်လက်ဆုတောင်းသည်မှာ ဣသရေ လလူမျိုးများအတွက် သူတို့လူစုထဲမှ ဘုရားရှင်၏ အမှုတော်ထမ်းဆောင် သူပေါ်ပေါက်လာရေးပင်ဖြစ်ပါသည်။ ဘုရားသခင်သည် သူ၏ ပညာတ်တရား ကိုဣသရေလလူတို့အားတကြိမ်ပေးခဲ့ပြီးဖြစ်သည်။ ၄င်းအပြင် သူ့မျက်မှောက် တော်ရှေ့၌ပင်ဣသရေလတို့အား နိုင်ငံတော်၏ ယစ်ပရောဟိတ်များဖြစ်စေ ခဲ့ပြီး ဖြစ်ပါသည်။ ဣသရေလလူမျိုးများထဲက ခရစ်တော်အားယုံကြည်ရန် ငြင်းဆန်ခဲ့ကြသည့်တိုင်အောင် ခရစ်တော်ကိုယ်တိုင်သည် ဇာတိအလိုအတိုင်း လာရောက် ခဲ့ပြီးဖြစ်သည်။ ထို့နောက်ဣသရေလလူများကသူ၏အလိုတော် နှင့်ဆန့်ကျင်ဖက် ကိုဆက်လက်ပြောင်းလဲခြင်းဖြင့်ဘုရားရှင်ကို ယ္ခုတိုင် ဆန့်ကျင်လျက်ရှိကြသည်။
 
 
ကိုယ်တော်က သူပြန်လာသည့်အခါတွင် ယုံကြည်ခြင်းကို တွေ့ရှိရန် အလွန်ခက်ခဲလိမ့်မည်ဟု ကျွန်ုပ်တို့အား ပြောပြခဲ့သည်
 
ယေရုစလင်မြို့ စတင်ပိုင်ဆိုင်ခဲ့သော ရေနှင့်ဝိညာဉ်သတင်းကောင်း တကမ္ဘာလုံးသို့ပျံနှံ့ရေးမှာ ဘုရားသခင်၏ ဆန္ဒတော်ဖြစ်သည်။ မည်သို့ဆိုစေ ကာမူ ယနေ့အချိန်တွင် လူများ၏ စိတ်နှလုံးမှာ မာကြောလှသည်။ လူပေါင်း များ စွာတို့သည် အမှန်တရားရှာဖွေခြင်း၌ လွှဲချော်လျက်ရှိကြသည်။
မကြာသေးမှီက ကိုးရီးယားတွင်ပြသခဲ့သော “ခရစ်တော်၏ နောက် ဆုံး ဖြားယောင်းမှု”အမည်ရှိ ရုပ်ရှင်ဇာတ်ကားထဲ၌ ခရစ်တော်အား တရားမဝင် မွေးဖွားသော ကလေးအဖြစ်သရုပ်ဖော်ခဲ့ကြသည်။ ယင်းသည် ဘာသာရေး ပုတ်ခတ်ခြင်းသာဖြစ်ယုံမက ခရစ်တော်သည် ဘုရားမဟုတ်ဘဲ ဗုဒ္ဓဟုလူသိ များသော အိန္ဒိယမှသိဒ္ဒမင်းသား ကဲ့သို့ သာမန်လူသာဖြစ်သည်ဟု ဖော်ပြလို၍ ဖြစ်သည်။ “ယင်းရုပ်ရှင်ကားသည် ခရစ်တော်သည် ဘုရားသခင်နှင့် ကယ်တင် ရှင်ဖြစ်ကြောင်း အမှန်တရားကိုနင်းချေလိုသောကြောင့်ဖြစ်သည်။ ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုဒါဘုရားရှင်ကလူသားသည်ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီး ပေါ်မှာတွေ့ရမည်လော” (လုက ၁၈း၈) လို့ ဖော်ပြခဲ့သည်။
ကျွန်တော်တို့ယုံကြည်သော ယေရှုခရစ်တော်သည် ဘုရားသခင်ဖြစ် သည်။ သူဖန်ဆင်းသောအရာအားလုံးထက် မြင့်မြတ်သည့် အပြင် အစဉ်ထာဝရ ချီးမွမ်းခြင်းကိုခံထိုက်သည်။ ကိုယ်တော်သည် ဣသရေလလူမျိုး ထဲမှ မွေးဖွားခဲ့သည်။ လူသားအားလုံး၏ အပြစ်များကို သူ့အပေါ်တင်ယူပြီး နှစ်ခြင်းဆရာ ယောဟန်ထံရေနှစ်ခြင်းခံခဲ့သည်။သွေးများယိုစီးလျက် လက်ဝါး ကပ်တိုင်ပေါ်မှာ အသေခံခဲ့သည်။သေခြင်းမှ သုံးရက်မြောက်နေ့တွင် ရှင်ပြန်ထ မြောက်တော်မူသည်။ဤသို့ဖြင့်သူ့အားယုံကြည်သူအားလုံးအတွက် ကယ်တင် ရှင်ဖြစ်လာခဲ့သည်။ ကိုယ်တော်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်လာ ပြီး သူ့အား ယုံကြည်သူတိုင်းကို ဖြောင့်မတ်စေခြင်းဖြင့် ကျွန်ုပ်တို့၏ အပြစ်များ မှ ကယ်တင်ခဲ့သည်။
ရှင်ပေါလုက ကျွန်ုပ်တို့အားပြောသည်မှာ အာဗြဟံ၏ အမျိုးအနွယ် ဖြစ်သောဣသရေလလူမည်မျှပင်ရှိစေကာမူ ယေရှုကိုယုံကြည်သောသူသာ လျှင် ဘုရားသခင်၏သားဖြစ်လာနိုင်သည်။
ဣသရေလ လူမျိုးတို့သည် အနာဂတ်တွင် တရားစီရင်ခြင်းနှင့် ဘေး ဒုက္ခများနှင့်ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်မှာ ၄င်းတို့ အထဲမှာ အချို့တို့သည် နောက်ဆုံး၌ ကိုယ်တော်ရှင်ကို သူတို့၏ ကယ်တင် ရှင်အဖြစ်ယုံကြည်လာရေးပင်ဖြစ်သည်။ ကိုယ်တော်ရှင်သည် ဣသရေလများ အပါအဝင် တကမ္ဘာလုံး၏ အပြစ်များကို ယူဆောင်သွားသည့်တိုင်အောင် သူတို့သည် ယေရှုကို ကယ်တင်ရှင် အဖြစ်ယုံကြည်ရန် ငြင်းဆန်လျက်ရှိသည်။
သင်အားနဲပါသလား ကျွန်ုပ်တို့ထဲမှ အချို့တို့သည် တခြားလူထက်ပို့၍ အားနည်းမည်သို့မဟုတ် သန်မာပေလိမ့်မည်။ သို့သော် ဘုရားသခင်ရှေ့၌ ကျွန်ုတို့အားလုံးသည် အားနည်းလျက်ရှိကြသည်။ သခင်ဘုရားသည် ဤကမ္ဘာ မြေကြီးသို့လာရောက်ခါ ကျွန်ုပ်တို့၏အပြစ်များကို သူ့ပခုံးသို့ တင်ယူခြင်း အဖြစ် နှစ်ခြင်းခံသည်။ ထို့နောက် ကျွန်ုပ်တို့ ကိုယ်စားတရားစီရင်ခြင်းနှင့် ပြစ်ဒါဏ်ခံယူခြင်း အဖြစ်လက်ဝါးကားတိုင်၌ အသေခံခဲ့သည်များကို ယုံကြည် လက်ခံမှသာ အပြစ်မှလွတ်မြောက်ပြီး ဘုရားသခင်သားသမီးများဖြစ်လာ နိုင်ပေသည်။ ကျွန်ုပ်တို့ကို သူ့လူဖြစ်စေပြီး အပြစ်မှလွတ်မြောက်စေသော ဘုရားသခင်၏တန်ခိုးတော်ကို ယုံကြည်ရမည် ချီးမွမ်းရမည်။ ကျွန်ုပ်တို့၏ သခင်ဘုရားသည် အမှန်တကယ်ပင် ကြီးမြတ်လှပေသည်။
အချို့သော သူများက အရာရာတိုင်းသည် လူအားဖြင့်တည်ရှိသည်ဟု တွေးတောကြသည်။သာဓကအားဖြင့် ဥပဒေပြုရခြင်းမှာ လူတို့ရပ်တည်ဖို့ဖြစ် သည်ဟုတွေးတောကြသည်။ မည်သို့ဖြစ်စေကာမူ ကျွန်ုတို့အားလုံး နားလည် သဘောပေါက်ရမည်မှာ အရာတိုင်သည် လူကစတင်ခြင်းမဟုတ်ဘဲ အရာ တိုင်းသည် ဘရားသခင်အလိုတော်အတိုင်း ပြုလုပ်ခြင်း ဖြစ်ဖွယ်ရှိကြောင်း ပင်ဖြစ်သည်။ ဘုရားသခင်သည် ဤကမ္ဘာမြေကြီးနှင့် စကြာဝဠာတခုလုံးကို ဖန်ဆင်းခဲ့သည်။ လူတို့ပြုလုပ်သော ဥပေဒေများသည် ကျွန်ုပ်တို့အားအုပ် ချုပ်ရန် အခြေခံထားသည့် တိုင်အောင်အနှစ်သာရမှာမူ ဘုရားသခင်၏အလို တော်ပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်ဘုရားသခင်၏လုပ်ငန်းထဲမှအရာတိုင်းနှင့်ဖော်ပြ ထားသောအရာတိုင်းသည် သူ၏အလိုတော်အတိုင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သူ၏ဖြောင့်မတ်ခြင်းကို အရာရာတိုင်း၌ ရှာဖွေတွေရှိနိုင်သည်။ ကျွန်ုပ်တို့ ခွန် အားနည်းခဲ့သည်မှာ ကျွန်ုပ်တို့ ဘုရားသခင်အားဆန့်ကျင်ပြီး အပြစ်ကျူးလွန် ခဲ့သည်မှာ ၄င်းအပြင် ကျွန်ုပ်တို့ဘုရားသခင်နှင့် အဆက်ပြတ်ခဲ့သည်မှာ ကျွန်ုပ် တို့၌ အပြစ်များရှိသောကြောင့်ဖြစ်သည်။ ထိုအခါ ဘုရားသခင်က ယေရှုခရစ် တော်ကို စေလွှတ်ဖို့ကတိပေးခဲ့သည်။ 
ယေရှုလူ့ဇာတိခံယူခြင်း နှစ်ခြင်းခံယူခြင်းအားဖြင့် ဘုရားသခင်သည် ကျွန်ုတို့ အားအပြစ်ကမ္ဘာထဲမှ ကယ်တင်ပြီး သူ၏ ဂတိတော်ကိုပြည့်စုံစေခဲ့ပါ သည်။ ကျွန်ုပ်တို့ကြည့်လိုက်တဲ့အခါမှာ ကမ္ဘာမှာရှိတဲ့ အရေးကြီးဖြစ်ရပ်များက ဖုံးကွယ်မှုမရှိတော့တာတွေ့ရပါတယ်။ အမေရိကန်နှင့် အစ္စရေးတို့ ကမ္ဘာရဲ့ ဗဟိုချက်မှာရှိနေတာ ကျွန်ုပ်တို့ဖြစ်နိုင်ပါတယ်။ဘုရားသခင်ရဲ့ ဝင်ရောက်စွက် ဖက်မှုမရှိဘဲနဲ့တော့နောက်ထပ်ကမ္ဘာစစ်ဖြစ်ဖို့ဟာသိပ်ဖြစ်နိုင်တဲ့ အရာမဟုတ် တော့ဘူးလို့ ကျွန်တော်ယူဆပါသည်။
ကမ္ဘာ့ ကုန်သွယ်ရေးဗဟို အဆောက်အဦးပြိုကျသွားတဲ့ အခါမှာ ၄င်းရဲ့ ကြီးမားတဲ့ အကျိုးသက်ရောက်မှုဟာ တကမ္ဘာလုံးကို ကျရောက်လာပါတယ်။ တကယ်လို့ ကမ္ဘာကြီးဟာ စစ်နဲ့ထပ်မံလွှမ်းခြုံသွားမယ်ဆိုရင် ဒီလိုအချိန်ကာ လမျိုးမှာ ကျွန်ုပ်တို့အပေါ်ဘာတွေဖြစ်လာမလဲ သေချာတာတခုက ကျွန်ုပ်တို့ ဟာ ကမ္ဘာစစ်ကနေနောက်ထပ်နှလံထူနိုင်တော့ မှာမဟုတ်ပါ။ ပုံမှန်သဘာ ဝတရားဟာလဲ ကျွန်ုပ်တို့ရဲ့ အလုံးစုံဖျက်ဆီးမှုကြောင့် ဖြစ်လာတဲ့အပျက်အ စီးကြားကနေပြန်ပြီး နလံထူနိုင်မှာ မဟုတ်ပါ။ ကျွန်ုပ်တို့ရဲ့ စိုးရိမ်ပူပန်မှုက တော့ ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးမရှိမှာကိုပါ။ ကျွန်တော်တို့တတွေ အဲဒီလို လုပ်နိုင်မယ်မထင်ပါ။ ကျွန်တော်တို့ အားလုံးငြိမ်းချမ်းရေးအတွက် ဆုတောင်း ရပါမယ်။ ဒါ့အပြင် စစ်နဲ့အကြမ်းဖက်မှုကို ဖယ်ရှားဖို့အတွက် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
လူတွေလုပ်တဲ့ ဘာသာရေးက လူတွေရဲ့အပြစ်ကို မဖယ်ရှင်းနိုင်ပါဘူး။ ယေရှုခရစ်တော်တပါးတည်းသာလျှင် ကျွန်ုပ်တို့ရဲ့ အပြစ်များက ကယ်တင်နိုင် ပါတယ်။ ရှင်ယောဟန်ထံ သူ၏ နှစ်ခြင်းခံခြင်းနှင့်လက်ဝါးကားတိုင်ပေါ်မှ သူ၏အသွေးအားဖြင့်သာ ကျွန်တော်တို့၏ အပြစ်များဖုံးကွယ်ပြီးအဆုံး အဖြတ်ပေးနိုင်မှာ ဖြစ်ပါသည်။ ဤကောင်းချီ မင်္ဂလာဟာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအပေါ်မှာ ယုံကြည်တဲ့သူများအတွက်ပေးထားတာဖြစ်ပါသည်။ ကျွန်ုတို့၏အပြစ်များမှ တခုတည်းသော ကယ်တင်ရာလမ်းမှာ ကျွန်ုတို့၏ ခရစ်တော်၏နှစ်ခြင်းခံခြင်းနှင့် သူ့အသွေးတော်ကို ယုံကြည်ခြင်းပင်ဖြစ်ပါ သည်။ ဒီနေရာမှာတခြားလမ်းလုံးဝမရှိပါ။ ကျွန်ုပ်တို့ဟာ နောင်တတရားနဲ့ ဘာ သာရေးဆိုင်ရာဆုတောင်းအခမ်းအနားအားဖြင့် အပြစ်ဖြေလို့မရပါ။ ဘာသာ ရေးပုဂ္ဂိုလ်များစွာ ဟာဒီလိုလုပ်တာ ပိုကြိုက်ကြတယ် အတိအကျပြောရမယ် ဆိုရင် ကျွန်တော်တို့ရဲ့ အပြစ်များကို ဖြေဖျောက်ရာတခုတည်းသောလမ်းက တော့ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းကိုယုံဖို့ဖြစ်ပါသည်။ဒီလိုအားဖြင့် ဘုရားရှင် ဟာ ကျွန်တော်တို့ရဲ့အပြစ်များကို ခရစ်တော်၏ လူ့ဇာတိခံယူခြင်းနဲ့ ကားတိုင် ပေါ် အသေခံခြင်းအားဖြင့် ကျွန်တော်တို့၏အပြစ်များကိုလုံးလုံးလျားလျား အပြည့် အဝကယ်တင်မှာ ဖြစ်ပါသည်။
 
 
ရေနှင့်ဝိညာဉ် သတင်းကောင်း၏ သစ္စာတရားကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ အပြစ်များမှ ကယ်တင်ခြင်းခံရပြီး ဖြစ်သည်
 
ဤသမ္မတရားကို တကမ္ဘာလုံးသို့ ဟောပြောရမည်ဖြစ်သည်။ ဤသို့ဖြင့် ရခြင်းမှာ ဣသရေလလူမျိုးများ၏ အပြစ်ကြောင့်ဖြစ်သည်ကို ကျွန်ုပ်တို့ အသိ အမှတ်ပြုရပေမည်။ ထိုမှတပါး တပါးအမျိုးသားက ဤသမ္မာတရားကို မယုံ ကြည်သောကြောင့်လဲဖြစ်သည်။ လူတိုင်းသည် ရေနှင့်ဝိညာဉ်သတင်းကောင်း ကို ယုံကြည်ကြရမည်။
ဤကမ္ဘာပေါ်တွင် နေထိုင်ကြစဉ်အတွင်း လူမျိုးအသီးသီးရော ဣသရေ လလူမျိုးနှင့် တပါးအမျိုးသားများပါ အပြစ်မလုပ်ဘဲ မနေနိုင်ကြအပြစ်များ ဆက်လက်ကျူးလွန်နေကြသည်။သို့သော်ကျွန်ုပ်တို့ထံမှ ယူဆောင်သွားပြီးဖြစ် သည်။ ခရစ်တော်၏ရေနှစ်ခြင်းခံခြင်းနဲ့ လက်ဝါးကားတိုင်မှာ အသွေးသွန်း ခြင်းထက်ပိုပြီးရိုးစင်းသည့်အမှန်တရားရှိပါ့မလား ဘာကြောင့်ရှင်ယောဟန်က ယေရှုကိုနှစ်ခြင်းပေးခဲ့သနည်း။သူသည် ယောဟန်၏ရေနှစ်ခြင်းကိုခံခဲ့ပြီး ကား တိုင်မှာ အသေသတ်ခံခဲ့ရတယ်။ ဒါကြောင့် သူသည် ကျွန်ုပ်တို့ရဲ့ အပြစ်များကို တခါတည်းယူဆောင်သွားနိုင်ခဲ့သည်။ဒီအမှန်တရားကို သူတို့ရဲ့ နှလုံးသားထဲ မှာ ယုံကြည်ခြင်းသို့မဟုတ်။ လက်ခံခြင်းမရှိသောသူများသည် သူတို့ရဲ့ အပြစ် များ ကြောင့် ပျက်စီးခြင်းကို ရှေ့ဦးတည်နေကြသူများဖြစ်ကြသည်။
ယေရှုခံယူခဲ့သော ရေနှစ်ခြင်းသည် အလုံးစုံသောဖြောင့်မတ်ခြင်း တရား ပြည့်စုံစေရန်အတွက် ကျင့်သင့်သည်ဖြစ်၍(မဿဲ၃း၁၅) ခံယူခဲ့ခြင်း ဖြစ်သည်။ ကျင့်သင့်သည်ဖြစ်၍ (For thus) သည် Greek ဘာသာ (hoo-toos) ဖြစ်ပြီး အဓိပ္ပာယ်မှာ“ဤနည်းအားဖြင့်” “အသင့်မြတ်ဆုံး” သို့မဟုတ် “ဒီအပြင်တခြား လမ်းမရှိ” ဖြစ်ပါသည်။ ဤစကားလုံးက ယေရှု၏ယောဟန်ထံမှ ရရှိခဲ့သော ရေနှစ်ခြင်းသည် လူသားအားလုံး၏အပြစ်များကို သူ့အပေါ်ခံယူခြင်း ဖြစ်ပြီး ပြန်ပြင်၍မရတော့သော ကိစ္စဖြစ်ကြောင်း ဖော်ပြနေပါသည်။ အဘယ် ကြောင့်ဆိုသော် ယေရှုသည် တကမ္ဘာ လုံး၏အပြစ်များကို သူ့အပေါ်ခံယူရာ၌ ယောဟန်၏ရေနှစ်ခြင်းပေးခြင်းဖြင့် ခံယူခဲ့သည်။ ဤသို့အားဖြင့်သူသည် ကျွန်ုပ်တို့ကိုယ်စားကားတိုင်ထမ်းပြီးအသွေးသွန်ခဲ့သည်။ ကျွန်ုပ်တို့နားလည် သဘောပေါက်ရမည်မှာ ခရစ်တော်၏ကိုယ်စားအသေခံခြင်းသည်သာလျှင် အမှန်တရားဖြစ်ပြီး လူသားမျိုးနွယ်အားလုံး ၄င်းတို့၏ အပြစ်များမှ ပြန်လည် ရွေး နှုတ်နိုင်မည်ဖြစ်ပါသည်။
သခင်ဘုရားက ကျွန်ုပ်တို့အား “သင်တို့သည် ငါ၏ ဒေသနာ၌တည် လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။ သမ္မာတရားကိုလည်းသိသဖြင့် ထိုတရားသည် သင်တို့ကိုလွှတ်လိမ်မည်”ဟုပြောခဲ့ပါသည်။ ယေရှုနှစ်ခြင်းနှင့် အသေံခံခြင်းမှာ ဘုရားသခင်၏သမ္မာတရားဖြစ်ပြီး ကျွန်ုပ်တို့ကို အပြစ်မျိုးမှ လွတ်ကင်းစေ သည့်ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ် လုံးဝအခြေခံသောတရားဖြစ်၏။ ကိုယ် စားအသေခံခြင်းသည် နောက်ဆုံးသော သမ္မာတရားဖြစ်ပြီး ရေနှင့် ဝိညာဉ်သတင်းကောင်းအားဖြင့်ထားဝရအတွက် ဖြစ်၏။ ခမည်းတော်ဘုရား၏ အပြစ်များ အပေါ်ဆုံးဖြတ်ချက်မှာ ယေရှု၏နှစ်ခြင်းနှင့် ကားတိုင်၌အသွေး သွန်းခြင်းအားဖြင့် အပြစ်မှ ဖြေဖျောက်ရန်ဖြစ်ပြီး ၄င်း၏ ဆန္ဒလည်းဖြစ်သည်။ ကျွန်ုပ်တို့ယေရှုနှစ်ခြင်းနှင့် အသွေးအားဖြင့် ရွေးနှုတ်ခြင်းကို ယုံကြည်လျှင် ဘုရားသခင်ကကျွန်ုပ်တို့အတွက် ဘာလုပ်ပေးလဲ ဆိုတာကို သိရှိယုံကြည်ခြင်း ဘဲ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏အပြစ်များသည် ရေနှင် ဝိညာဉ်သမ္မာတရားကို သိရှိ ယုံကြည်မှသာ ဖြေဖျောက်နိုင်မှာဖြစ်ပါသည်။
ခရစ်တော်၏ရေနှစ်ခဲခြင်းနှင့်ကားတိုင်၌အသွေးသွန်ခြင်းတို့ကို အပြစ်ဖြေ ရာ သမ္မာတရားသင်၏ကယ်တင် ခြင်းတရားအဖြစ် လက်ခံယုံကြည် သည်နှင့် တချိန်တည်းမှာပင် သင်သည်ဖြောင့်မတ်ရာသို့ရောက်ပြီးဖြစ်၏။ တနည်းအား ဖြင့် ပြောရမည်ဆိုလျှင် သင်မယုံကြည်လျင်မူ သင်သည် အပြစ်သားဖြစ်ဆဲ ပင်ဖြစ်သည်။ “လူအားလုံးတို့သည် အပြစ်လုပ်ကြသဖြင့် ဘုရင်းရှေ့၌ အသရေပျက်ကြပြီ” ကျွန်ုပ်တို့သည် ယေရှုခရစ်တော်ကို ကယ်တင်ရှင် အဖြစ် ယုံကြည်ခြင်းအားဖြင့်သာ ကျွန်ုပ်တို့အပြစ်များခွင့်လွှတ်ခံရပြီး ဘုရားသားသမီး များဖြစ်လာနိုင်ပါသည်။တစုံတယောက်သည်ရေနှင့်ဝိညာဉ်သတင်း ကောင်း၏ သမ္မာတရားကို မယုံကြည်နိုင်စရာအကြောင်းတခုမျှမရှိပါ။ ဤကယ်တင်ခြင်း သတင်းကောင်း မလိုအပ်သော သူတစုံတယောက်မျှမရှိပါ။ လူတိုင်းလိုအပ်နေ ပါသည်။ တစုံတယောက်အတွက် ရေနှင့် ဝိညာဉ်သတင်းကောင်း၏သမ္မာတ ရားဟာ ရှင်းရှင်းလင်းလင်းဘဲသူ့အတွက် ရည်ရွယ်တယ်ဆိုတာသိရင်ဘာ ကြောင့် သူ့ရဲ့အပြစ်ကို ဆေးကြောဖို့ မလိုချင်ရမှာလဲ မယုံကြည်ရမည်နည်း။
ကမ္ဘာတလွှားမှာရှိတဲ ့လူပေါင်းများစွာတို့ဟာ ရေနှင့်ဝိညာဉ်သ တင်းကောင်းတို့ လက်ခံကြပြီး ရှေ့ဆက်လက်ပြန့်ပွားဖို့အတွက် ဟောပြော နေကြတယ်။ သူတို့အထဲကတချို့ ပုဂ္ဂိုလ်တွေဟာ ကျွန်ုပ်တို့ရဲ့စာအုပ်တွေ စေတနာ့ဝန်ထမ်းဝေငှခွင့်ပြုဖို့တောင်းခံကြတယ်။ တကယ်လို့သင်ဟာ ကါးတိုင် ပေါ်မှာအသွေးသွန်းခြင်းကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရ မည်ဆိုရင် ဒီကမ္ဘာမှာရှိသည့် လူတိုင်းဟာလဲသူတို့ အပြစ်မှလွတ်မြောက်ပြီး ဖြောက် မတ်သည့်သူတွေဖြစ်လာနိုင်ကြမှာဖြစ်ပါတယ်။ တကယ်လို့တ ယောက်သောသူက အသွေးသွန်းထားတဲ့ ကါးတိုင်ကိုသာယုံကြည်မယ်။တ ယောက်သောသူကအပြစ်ပဲ ဆက်လုပ်နေမယ်ဆိုရင် နေ့စဉ်အရေးတကြီး နောင်တတရားအတွက်ထပ်ကာ တလဲလဲဆုတောင်းခြင်း နေ့စဉ်လုပ်ငန်းကဲ့သို့ ဆုတောင်းခြင်း နေ့စဉ်ပြုမူလှုပ်ရှားခြင်းများ လုပ်နေစဉ်ကာမူ ယင်းသို့သော လုပ်ဆောင်မှုများဘာသာရေး အခမ်းအနား သက်သက်သာဖြစ်ပါလိမ့်မည်။
အကယ်၍ သင်သည် အလှူငွေပေးလှူခြင်း နောင်တနှင့်ဆုတောင်းခြင်း အားဖြင့် သင်၏အပြစ်ကိုဆေးကြောရန် ကြိုးစားနေသည်။ ပြီးတော့သင်ဟာ တကယ်စင်စင်ကြီးလေးတဲ့အပြစ်နဲ့ဘုရားသခင်ကို ဆန့်ကျင်မှုကျူးလွန်နေ သည်။သင့်အပြုအမှုတွေသည်လည်း ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းကို သေး သိမ်စေသည်ဆိုပါက သင့်ကိုယ်ပိုင်ကြိုးပန်းမှုမဟုတ်ဘဲ ဘယ်အရာက အပြစ် လွတ်အောင် ဆောင်ရွက်ပေးမည်နည်း။ သို့သော် ယေရှု၏ရေနှစ်ခြင်းနှင့် သူ၏ကားတိုင်မှာ ယဇ်ပူဇော်ခံခြင်းအကြောင်းအားဖြင့်သာလျှင် သင်၏အပြစ် အားလုံးကို ယေရှုကယူသွားခဲ့ပြီး သင်၏နေရာမှာကိုယ်စားအပြစ် ဒဏ်ပေး ခြင်းခံခဲ့ပြီးဖြစ်သည်။
အကယ်၍သင်သည် ယေရှုကိုသင်၏ ကယ်တင်ရှင်အဖြစ်လက်ခံသည် ဆိုလျှင် ယေရှု၏ရေနှစ်ခြင်းနှင့် သူ၏အသေခံခြင်းတို့က သင့်အပြစ်များကို ဖြေ ဖျောက်ပြစ်ပြီးဟု ယုံကြည်လိုက်ပါ။ ယေရှုက အပြစ်သားတွေက်ု အပြစ်က လွတ်အောင်ကယ်တင်ဖို့ ကတိပြုပြီးဖြစ်သည်။သူရဲ့ဂတိအတိုင်းဘဲ ယော်ဒန် မြစ်အတွင်း ရှင်ယောဟန်၏ရေနှစ်ခြင်းကို ခံခဲ့ပြီး ဘုရားသခင်၏ဖြောင့် မတ်ခြင်း တရားပြည့်စုံရန်အတွက် လက်ဝါးကါးတိုင်မှာ အသွေးသွန်းခြင်း အားဖြင့် လက်တွေ့ပြုမူခဲ့ပြီးဖြစ်သည်။ ဤသစ္စာတရားကို ဘာအကြောင်း တရားကကျွန်ုပ်တို့ကို မယုံကြည်စေရမည်နည်း။ ယေရှု၏ရေနှစ်ခြင်းနှင့် ကားတိုင်၌ အသွေးသွန် ခြငး်တို့ကို သင်၏အပြစ်မှ ရွှေးနှုတ်ကယ်တင်ခြင်း ကဲ့သို့ယုံကြည်ပါ။ယေရှုသည်ရေနှစ်ခြင်းခံယူခဲ့ခြင်းအားဖြင့် သူသည်တကမ္ဘာ လုံး၏အပြစ်များကို ကိုယ်တိုင်တာဝန်ယူခဲ့သည်ဟူသောအမှန်တရားကို ရှင်မသဲခရစ်ဝင် (၃း၁၃-၁၇) မှာ တွေ့ရပါသည်။ မိမိတို့၏ အပြစ်များကို ခွင့်လွှတ်ရန် ဆန္ဒမရှိသောသူများသာလျှင် ဤအမှန်တရားကို ငြင်းဆန်ကြပါ လိမ့်မည်။ သင်သည်လည်း ရေနှင့်ဝိညာဉ်သတင်းကောင်း အမှန်တရားကို ယုံကြည်မှသာလျှင် ဘုရားသခင်၏ သားသမီးအဖြစ်နှင့် ထာဝရအသက်ကို ရရှိမှာဖြစ်ပါသည်။ တခြားဘယ်အရာကမှ သင်၏အပြစ်များမှ ကယ်တင်နိုင် မှာမဟုတ်ပါ။ဤအမှန်တရားတို့ကို ယုံကြည်တာ ထက်ပိုအံ့သြစရာအကြောင်း တခြားမရှိပါ။ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းထက်ပိုကောင်းသော ကောင်းချီး မင်္ဂလာအခြားမရှိပါ။ ဘုရားသခင်က ကျွန်ုပ်တို့၏အပြစ်များကို ဖြေဖျောက်ပေး ခြင်း အကောသည်င်းဆုံးဆုကျေးဇူးပဲဖြစ်ပါသည်။
ဒုတိယအကောင်းဆုံး ဆုလဒ်ကတော့ ဘုရားသခင်က ကျွန်ုပ်တို့ကို လာမည့်နှစ်တထောင်ကာလကို စိုးမိုးအုပ်ချုပ်ခွင့်ပြုခြင်းဘဲဖြစ်ပါတယ်။ တတိ ယဆုလဒ်ကတော့ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ကောင်းကင်နိုင်ငံ တော်မှာ ဘုရားရှင်နှင့်အတူထာဝရ အသက်ရှင်နေထိုင်ကြရမှာ ဖြစ်ပါတယ်။ ဘုရားသခင်ကနောက်ကာလတိုင်အောင် ရွေးနှုတ်ကယ်တင်ခြင်းအမှန် တရား ကို ဣသရေလလူမျိုးနဲ့ တပါးအမျိုးသားအတွက် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
ကျမ်းစာထဲ၌ ဗျာဒိတ်ပေးထားသည့်အတိုင်း ဣသရေလ လူမျိုးထဲမှ ဘုရားသခင်၏ အစေခံနှစ်ဦးပေါ်ပေါက် လာမည်။ ၄င်းအပြင် ဘုရားသခင် သည် သတင်းကောင်း၏ အံ့သြဘွယ်ရာ နိမိတ်လက္ခဏများကို သူတို့အားဖြင့် ဖော်ပြလိမ့်မည်။ ၄င်းနောက် ဣသရေလလူမျိုးတို့သည် ဘုရားသခင်က ၄င်းတို့၏ ဇာတိလူမျိုးထဲမှ ပေါ်ထွန်းစေမည်ဖြစ် သောအစေခံ ၂ ဦးအားဖြင့် ရေနှင့်ဝိညာဉ် သတင်းကောင်းကို ကြားနာကြရလိမ့်မည်။ ကျွန်ုပ်တို့သည် ယင်းနေ့ကို မျှော်လင့်လျှက် ရှင်ယောဟန်ကဲ့သို့ “သခင်ယေရှုကြွလာ တော်မူပါ” (ဗျာ ၂၂ း၂၀) ဟု တောင်းဆိုကြပါစို့။
သခင်ဘုရားပြန်ကြွလာမည့်အချိန်ရောက်လာသည့်အခါတွင် ဤအမှန် တရားကိုရရှိယုံကြည်ထားခြင်းအားဖြင့် သင်သည် အဘယ်မျှလောက် ကျေးဇူး ခံရသော သူဖြစ်ကြောင်းကို ခွင့်လွှတ်ခံရခြင်း ကယ်တင်ခံရခြင်းအားဖြင့် နားလည်သဘောပေါက်လာလိမ့်မည်။ ကျွန်ုပ်၏နှလုံးသားထဲမှ ထက်သန်လှ သော ဆန္ဒမှာသင်သည် ရေနှင့်ဝိညာဉ် သတင်းကောင်းအမှန်တရားကို ယုံကြည်ခြင်းအားဖြင့် အပြစ်အားလုံးမှ လွတ်မြောက်ဖို့ ပင်ဖြစ်ပါသည်။ ကမ္ဘာ ကြီးသည် ပြောင်းလဲကောင်းပြောင်းလဲပါလိမ့်မည်။သို့သော်ရေနှင့် ဝိညာဉ်သ တင်းကောင်းအားဖြင့် ဘုရားသခင်က ကျွန်ုတို့အား အပြစ်မှကယ်တင်ခြင်းမှာ မည်သည့်အခါမှ ပြောင်း လဲမှာမဟုတ်သော ထာဝရသစ္စာတရားဖြစ်သည်။ ကျွန်ုတို့သည် မပြောင်းလဲနိုင်သော ကယ်တင်ခြင်း၏ အပြစ်ဖြေဖျောက်မှု ရရှိရန် ဤအမှန်တရားကို ယုံကြည်ရမည်ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းသစ္စာ တရားသင့်အ တွက်ဖြစ်ပါစေ။ 
 
 
ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို ဂရုဏာခွက်ဖလားအဖြစ်ပြုလုပ်ပြီး ကယ်တင်ခဲ့သည်။
 
ရောမသြဝါဒစာ အခန်းကြီး (၉) ကမှတ်တမ်းတင်ထားသည်မှာ ဘုရား သခင်သည် ယာကုပ်ကိုကယ်တင်၏ အဘယ့်ကြောင့်ဆိုသော် ဧသောထက် သူ့ကိုပိုချစ်သောကြောင့်ဖြစ်သည်။ ဧသောသည် ဒေါသခွက်ဖလားဖြစ်လာ သည့်အတိုင်း ယာကုပ်သည်လည်း ဂရုဏါခွက်ဖလားဖြစ်လာရသည်။ ဤကိစ္စက ဘာ့ကြောင့်လဲဆိုတဲ့ မေးခွန်းပေါ်လာစေသည်။ အကြောင်းမှာ ဘုရားသခင်က ယာကုပ်ကို ဧသောထက်ပိုအရေးပေးသလားဟူ၍ဖြစ်သည်။
လူပေါင်းများစွာတို့သည် သေချာပေါက်ငြင်းခုံနေကြပါလိမ့်မည်။ ဘာ ကြောင့်လဲဆိုတော့ ဘုရားသခင်သည် တဖက်သတ်ကျပြီး နစ်နာစေတတ် သောရွေးချယ်မှုမျိုးနှင့်လူတစ်ယောက်ကို ချစ်တတ်ပြီး တစ်ချိန်တည်းမှာပဲ တခြားတစ် ယောက်ကို ချွင်းချက်မရှိမုန်းသည်။ထိုကြောင့် သူ့၏ကြိုတင်ခွဲခန့်မှတ်သားမှုနဲ့ ရွေးချယ်မှုဟာ မှားနေပါသည်။
ဘုရားသခင်ဖန်ဆင်းထားသောဤကမ္ဘာကြီးကို ကျွန်ုပ်တို့ ကြည့်လိုက် သည့် အခါမှာ သူ့၏ဖန်ဆင်းမှုသည် မည်မျှလှပပြီး သန့်စင်သလောဟု မြင်ရမှာ ဖြစ်ပါသည်။ ဘုရားသခင်ဖန်ဆင်းထားသောသစ်ပင် တိရိစ္ဆာန်နှင့် အရာအား လုံးသည် အင်မတန်မှ ပြည့်စုံကောင်းမွန်သည်ဟုထင်ရပါသည်။ ဘုရားသခင်က ဘယ်လိုလုပ်ပြီး လူတစ်ယောက်ကို ချစ်နေစဉ်မှာ တစ်ယောက်ကိုဘက်လိုက်ပြီးမုန်းနိုင်မည်နည်း။သို့သော် ဤအရာသည်အ ကြောင်းရင်းမဟုတ်ပေ။
အာဒံနှင့်ဧဝ မနာခံမူကြောင့် အပြစ်ဟာ ကမ္ဘာလောကထဲ ဝင်ရောက် လာပြီးအပြစ်ကြောင့် သူတို့နောက်လိုက်သောသူတိုင်းသည် ကံကြမ္မာ စေခိုင်း ချက်အရ ဆက်လက်ပြီး အပြစ်သားဖြစ်ရသည်။ထိုနောက်ငရဲသွားဖို့ စီရင်ချက် ချခံရမည်ကိုမရှောင်နိုင်ကြပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က ယာကုပ်ကို အပြစ်မှကယ်တင်ခြင်းမျှသာဖြစ်ပြီး ဧသောကိုမကယ်တင်ပါ။ ဤအချက်က ဘုရားရှင်ကို မည်သည့်အမှားလုပ်ရပ်တွင်မျှ ပါဝင်ပတ် သက်နေသည်ကိုပြော၍မရပါ။ ဘုရားသခင်ရဲ့ အမြင်မှာ သူဘာလုပ်လုပ် အကြောင်းခိုင်လုံမှုရှိသည်။ ခရစ်ယာန်အဖွဲ့အစည်းထဲတွင် ဧသောကဲ့သို့ ပြုမူတက်သူများ အများကြီးတွေ့နိုင်ပါသည်။ ဝတ်ပြုစည်ဝေး ဘယ်တော့မှ မပျက်ကွက်ဖူးသည် ပုဂ္ဂိုလ်အဖို့ ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် နံနက် စောစောအချိန်ကနေ ညနက် ပိုင်းအထိဝတ်ပြုပွဲ ကျင်းပနိုင်ပါသည်။ အချို့ သော ပုဂ္ဂိုလ်များသည်အိမ်ထက် ဘုရားကျောင်းမှာပုံမှန်ထက်ပိုအချိန် ဖြုန်းကြ ပြီး အလုပ်မှအိမ်သို့မသွားဘဲ အလုပ်နဲ့ဘုရားကျောင်းသို့ ကူးသန်းနေကြသည်။ သူတို့တတွေကို “ဘာသာရေးအပြေးသမားများ” ဟုခေါ်နိုင်ပါသည်။ မည်သို့ ဖြစ်စေကာမူ သူတို့အထဲတွင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို လေးနက်စွာ မခံယူသောသူများရှိသည်။ အဘယ်ကြောင့်ဤသို့ ဖြစ်ရသည် ဆိုသော် သူတို့သည် မိမိတို့၏ ဖြောင့်မတ်ခြင်းကို မိမိဘာသာတည်ဆောက် ဖို့ကျိုးစားခြင်းနှင့် ယင်းသို့လုပ်ဆောင်မှုက ဘုရားသခင်၏ဖြောင့်မတ်ခြင်း တရားကို လစ်လျူစေသည်။
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို လစ်လျူရှုသူများပင်လျှင် သူတို့၏ အပြစ်များကို ခွင့်လွတ်စေပြီး ကောင်းကင်ဘုံသို့ သွားချင်ဆဲဖြစ် သည်။ သို့သော် သူတို့၏ လုံ့လစိုက်ထုတ်မှုသည် ဘုရားသခင်ရှေ့နှင့် အခြား လူများ ရှေ့တွင်သူတို့၏ဇာတိဖြောင့်မတ်ခြင်းကို တည်ဆောက်ဖို့ ကြိုးစား ခြင်းသာ ဖြစ်သည်။ သူတို့၏အပြစ်များမှ ကယ်တင်ခံရန် ကြိုးပန်းခြင်းမ ဟုတ်ချေ။ “ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား၌ ယုံကြည်ခြင်းမှာ လူတိုင်းအတွက်မဟုတ်ကြောင်း” သူ၏ဖြောင့်မတ်ခြင်းတရားကို မယုံကြည် သော် သူတို့အား ဘုရားရှင်က ပြောခဲ့သည်။
ထိုသို့ဖြစ်လျှင် မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ဘုရားသခင်ရဲ့ ဖြောင့် မတ်ခြင်းကို ယုံနိုင်မည်နည်း။ ဤပု၈္ဂိုလ်တွေဟာ သူတို့၏အပြစ်ရှိခြင်းကို သူတို့ဘာသာ အသိအမှတ်ပြုသူများဖြစ်ကြသည်။ သူတို့၏ဇာတိစိတ်ထဲမှာ သူတို့သည် ဘာအရာနှင့်မှ မထိုက်တန်ဘူးဆိုတာ နားလည်သဘောပေါက်သူ များဖြစ်ကြသည်။ သူတို့တ တွေဟာ ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို သူတို့၏အပြစ်ဖြေခြင်းနှင့် ဖော်ပြထားသောရေနှင့်ဝိညာဉ်သတင်းကောင်းကို ချက်ချင်းယုံကြပြီး ဘုရားသခင်၏ ဂုဏ်တော်ဘက်ကို ပြန်လှည့်လာသူ များဖြစ်ကြသည်။ ထိုသို့ ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို ကျွန်ုတို့ ယုံကြည်သည်နှင့်တခါတည်း ကယ်တင်ခံရပြီးဖြစ်သည်ဟူသောအဓိပ္ပာယ်က ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လိုအပ်ပြီး ဂရုဏသက်ခံရ သောသူများဖြစ်သောကြောင့် ဖြစ်ပါသည်။ တနည်းအားဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကျန်ရှိသောအသက်တာများမှာ အပြစ်ထဲမှာ နေဖို့ အပြစ်ဒဏ်ခတ် ခံရမည်ဖြစ်ပါသည်။
သို့သော် ဘုရားသခင်၏ရှေ့မှာ သူတို့၏ဖြောင့်မတ်မှုကို ရှာဖွေသောသူ တွေဟာ မာနထောင်လွှားသူများဖြစ်ကြသည်။ သူတို့ကဲ့သို့သောလူမျိုးက ပြောကြပါလိမ့်မည်။ “ကိုယ်တော်သည် ကျွန်တော် ၁၀ ဖို့တဖို့ပေးပါသည်။ တစ်ညလုံးလည်း မအိပ်ဘဲ ကိုယ်တော်ကို ဆုတောင်းဆက်ကပ်ပါသည်။ လွန်ခဲ့တဲ့ ၁၀နှစ် စပြီး နေ့စဉ်နံနက်အာရုံ ဝတ်ပြုစည်းဝေးကိုလည်း ဘယ် တော့မှ မပျက်ကွက်ခဲ့ပါ။ ကိုယ်တော်အတွက် ကောင်းမှုတွေကြီးဘဲလုပ်ခဲ့ပါ သည်”။
သို့ဖြစ်စေကာမူ တကယ်လို့ သူ (သို့မဟုတ်) သူမမှာ ဘယ်တုံးကမှ ဖြောင့်မတ်ခြင်းတရားမရှိခဲ့ဘူးဟု သူဘာသာသိလိမ့်မည်။ထိုနောက်ဘုရား သခင်၏ရေနှင့်ဝိညာဉ်အားဖြင့် အပြစ်ဖြေဖျောက်ပေးသောဖြောင့်မတ်ခြင်းတ ရားကို ယုံကြည်ဖို့ လိုအပ်ဟုဆိုကာ မိမိရဲ့ကြိုးပမ်းမှုဖြင့် တစ်စုံတစ်ခုမျှကို မလုပ်နိုင်မရရှိနိုင်ဘူးဟုသက်သေပြဖို့ ကြိုးစားနေသည်ကို ဘုရားရှင်သည် ပိုပြီးနှစ်သက်ပါလိမ့်မည်။
အခုအချိန်မှာ သူတို့ရဲ့ ဇာတိဖြောင့်မတ်ခြင်းကို ပြသဖို့ဖြစ်ရပ်အ မျိုးမျိုးလုပ်ပြနေရသော ပုဂ္ဂိုလ်များ ခရစ်ယာန်လူ့အဖွဲ့အစည်ထဲမှာ များပြား လှပါသည်။ တချို့က သူတို့ပြောသောအရာထက်တောင် သစ္စာရှိကြသေး သည်။ သို့သော် သူတို့၏အပြစ်များအားလုံး လျော်ပစ်နိုင်မှာမဟုတ်ပါ။ ဘာကြောင့်လည်းဆိုတော့ သူတို့သည် ဘုရားသခင်၏ရေနှင့်ဝိညာဉ်အားဖြင့် အပြစ်ဖြေဖျောက်စေတဲ့ဖြောင့်မတ်ခြင်းတရားဖော်ပြထားတာကို မယုံကြည် သည့်အတွက် ဖြစ်ပါသည်။ ဘုရားသခင်က သူတို့၏အဆုံးသတ်ကာလကို ဆုံးဖြတ်ပေးပါလိမ့်မည်။ ကျွန်ုပ်တို့အားလုံး မျှော်လင့်ထားသည်မှာ သူတို့အား လုံးသည် ဘုရားသခင်သည်အပြစ်မှ ခွင့်လွတ်ခြင်းကို သူတို့၏သခင်ဘုရား ရေနှစ်ခြင်းနှင့် အသွေးသွန်ခြင်းကဲ့သို့သော အပြစ်ဖြေဖျောက်စေသည့် အမှန်တရားကို ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏ သားသမီးဖြစ်လာကြပါ လိမ့်မည်။
ကယ်တင်ခြင်းလမ်းကြောင်းပေါ်မှာ ဘုရားသခင်သည် သူသနားလိုသူကို သနားပြီး ဂရုဏာထားလိုသူအပေါ် ဂရုဏာထားမည်ဟု ရှင်ပေါလုက ပြောခဲ့ပါ သည်။ ဒီလိုဆိုရင် ဘယ်သူသည် ဘုရားရှင်၏သနားညှာတာမှုကို ရသလဲ လူသား အားလုံးသည်သူတို့တကယ်ပဲလုပ်ချင်သည့်တိုင်အောင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း အသက်မရှင်နိုင်ပါ။ သူတို့တတွေက အကြိမ်ကြိမ် ခလုတ်တိုက်ကြပေမဲ့ သူတို့၏ ဆန္ဒအမှန်ကတော့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်ပြီး အသက်ရှင်နေထိုင်ဖို့ပဲဖြစ်ပါသည်။ သူတို့တ တွေသည် ဝမ်းနည်းခြင်း ခံစားရင်း ဘုရားရှင်ရှေ့မှာ နိဂုံးချုပ်ကြသည်။ သူတို့သည် အပြစ်တရား၏လွှမ်းမိုးမူကိုခံကြရသည်။ ထိုနောက် သူတို့သည် ငရဲကိုသွားဖို့ စီရင်ချက်ချခံသင့်သည်ဟု ခံယူကြသည်။ ထို့ကြောင့် သူတို့ကို သနားဖို့ ဘုရားသခင်ထံ အသနားခံကြသည်။ သူတို့သည်လည်း ဤကမ္ဘာ မြေကြီးနှင့်ကောင်ကင်နိုင်ငံတော်နှစ်ခုလုံးမှာ သနားစရာ ကောင်းလောက် အောင်နုံချာတဲ့သူများဖြစ်တယ်လို့ အသိအမှတ် ပြုလာအောင် ဘုရားရှင်ဆီ တောင်ဆိုကြသည်။ ဘာကြောင့်လဲဆိုတော့ သူတို့သည်ဘုရားသခင်က သူတို့အပေါ် ဂရုဏမထားခဲ့ရင် ကယ်တင်ခံရမှာမဟုတ်ဘူးဟု သိကြလို့ဖြစ် ပါသည်။သူတို့သည် အရဲစွန့်ပြီး ဘုရားရှင်ဆီ တောင်းခံလာကြသည်။
အပြစ်မှလွတ်မြောက်ခြင်းခံရခြင်းကိုတခြားစကားလုံးဖြင့်ဖော်ပြရမည်ဆို ပါက ဘုရားသခင်က သူဂရုဏာထားသူအပေါ် သနားခြင်းဖြစ်သည်ကို တွေ့ရပါသည်။ဤလူတွေအားလုံးအတွက်ဘုရားရှင်ကသူ၏ တဦးတည်းသော သားကို သူ၏နှစ်ခြင်း ခံယူခြင်းဖြင့် အပြစ်အားလုံးကို သူ့အပေါ်တင်စေပြီး ကားတိုင်မှာ အသေခံစေသည်။ သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည်ဟု ရေနှင့်ဝိညာဉ်သတင်းကောင်းပေးထားခဲ့ခြင်းက သူတို့အားလုံးကို သူတို့၏သေ ချာပေါက်ဖျက်ဆီးခံရခြင်းကနေလွတ်မြော်ကစေဖို့ဖြစ်သည်။ ကျွန်ုပ်တို့၏ ဖ ခမည်းတော်သည် သနားထိုက်သောသူကိုဂရုဏထားပါသည်။
သို့သော် ဤနေရာမှာ ဘုရားရှင် အမှတ်ထားသောလူတွေအများကြီးရှိ ဟန်တူသည်။ထိုနောက် ဂရုဏထားတဲ့ လူတွေလဲရှိပါသည်။ ဘုရားရှင်က ကျွန်ုပ်တို့ကို ပြောခဲ့တာကတော့ ယနေ့ခရစ်ယာန်အဖွဲ့ အစည်းတွေထဲမှာ သနားခြင်းခွက်ဖလား ၂ မျိုးလုံးရှိနေပါသည်။ ဤနေရာမှာ အခြားစကားလုံး နဲ့ပြောမည်ဆိုလျှင် ဘုရားသခင်ချစ်သောလူနှင့်မချစ်တဲ့လူဖြစ်ပါသည်။
ရောမ ၉း၁၇ ကပြောပြသည်မှာ “ကျမ်းစာ၌ ဖာရောဘုရင်ကို ဆိုသည် ကား ငါ့တန်ခိုးကိုသင်၌ ပြခြင်းငှါ၄င်း ငါ့နာမကို မြေကြီးတပြင်လုံးတွင် ကျော်စောစေခြင်းငှာ၄င်း သင့်ကို ချီးမြှောက်ခဲ့ပြီဟု ဆိုသတည်း။” ဘုရား သခင်က ဖာရောလိုလူမျိုးပေါ်လာဖို့ ခွင့်ပြုထားသည်။ သို့မှသာ သူ၏တန်ခိုး တာ်ကို သိကြမှာဖြစ်သည်။ ထိုသို့ဖြစ်မှသာလျှင်သူရဲ့တန်ခိုးတော်ကို သိကြမှာဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူသူ၏ချစ်ခြင်းမေတ္တာကို ဂရုဏ ခွက်ဖလားဖြင့်ပြခဲ့ပါသည်။ ဤသို့ အားဖြင့် သူ၏ နာမည်သည် တကမ္ဘာလုံးမှာ ကြေငြာပြီးသားဖြစ်သွားပါသည်။ ဘာကြောင့်လည်းဆိုတော့ ကျွန်ုပ်တို့၏ အပြစ်များနှင့်ဘုရားသခင်၏ အမျက်ဒေါသကြောင့်ကျွန်ုပ်တို့အားလုံးသည် ငရဲသို့သွားဖို့ စီရင်ခံရပြီးဖြစ်ပါသည်။ သို့သော်လည်း ဘုရားသခင်က ကျွန်ု်ပ်တို့ကိုသူ၏ဖြောင့်မတ်ခြင်းမေတ္တာကိုပေးအပ်ခဲ့သည့်အတွက်ကျွန်ုပ်တို့ ၏ အပြစ်များမှ ကယ်တင်ခံရမှာ ဖြစ်ပါသည်။ သူသည်သူ့ကို ယုံကြည်သောကျွန်ုပ်တို့အပေါ် ဂရုဏာထား၍ဖြစ်ပါသည်။
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မယုံကြည်ဘဲ သူတို့၏ဇာတိ ဖြောင့်မတ်ခြင်းကိုသာ လိုက်စားရန် စိတ်ဝင်စားသောသူတို့သည် ဘုရားသခင် နှင့် ဆန့်ကျင့်ရာဘက်သို့ လှည့်ကြ၏။ ထိုပုဂ္ဂိုလ်များမှာ ဘုရားသခင်အမျက် ဒေါသခံရသူများဖြစ်သည်။ဘုရားသခင်၏ပြင်းထန်သောအမျက်ဒေါသ ထင်ရှား ဖို့ဖြစ်သည်။ ဤနေရာတွင် သူအားဆန့် ကျင့်ရပ်တည်သူများရှိရမည်ဖြစ်ပြီး ၄င်းတို့ အားဖြင့် ဘုရားသခင်၏ တရားစီရင်ခြင်းကို ဖော်ပြပေသည်။
ဖာရော့ဘုရင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ ဘုရားသခင်၏မေတ္တာတော်ကို ဆန့်ကျင့်ပြစ်ပယ်သောလူများဖြစ် ကြသည်။ ဖာရော့ဘုရင်ကို ကပ်ဘေးကြီး ၁၀ ခုပေးခဲ့သည်။ နောက်ဆုံးတစ်ခုမှာသေခြင်းဖြစ်သည်။ ဘုရားသခင်ကို ပြစ်ပယ်သော သူများအား မငြိမ်းနိုင်သော မီးအိုင်ကသာလျှင် စောင့်ကြိုနေ သည်။ ယင်းသည်ပင်ဘုရားသခင်၏ ပြင်းထန်သော ဒေါသတန်ခိုးဖြစ်သည်။ ဤကမ္ဘာလောကကြီးတွင် ဘုရားသခင်ကို ငြင်းပယ်သော သြဇာအာဏာ ကြီးမားသည့် ပုဂ္ဂိုလ်များရှိကြသည်။ သို့သော် ဘုရားသခင်သည် သူ၏ ဒေါသ စွမ်းအင်ကို ကြေငြာရန်အတွက် နောက်ဆုံး၌ ထိုသူတို့ကို အောက်သို့ချ ပစ်လိုက်သည်။ ဤအကြောင်းက ဘာကြောင့် ဘုရားသခင်က သူ့တစ် ဦးတည်းကိုသာ ငြင်းပယ်တဲ့ နှလုံးမာကျောသူတွေကို စွန့်ခွာခဲ့လည်းဟု ပြခြင်းပဲဖြစ်သည်။
ဘယ်အရာဟာကျွန်ုပ်တို့အတွက်အရေးကြီးဆုံးနည်း။ကျွန်ုပ်တို့ဟာဂရုဏာဖလားဖြစ်လာနိုင်ပါ့မလား။ဘာကြောင့်လဲဆိုတော့ ဒီလိုဖြစ်လာခြင်းအား ဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏မေတ္တာတော်နှင့်ဖြောင့်မတ်ခြင်းတရားကို ယုံကြည် နိုင်မှာဖြစ်ပါသည်။ ကျွန်ုပ်တို့မှာ ဘုရားသခင်ကို ပြစရာဘာမှမရှိပါ။ တကယ်တော့ ကျွန်ုပ်တို့သည် သူ၏ဖြောင်မတ်သော မေတ္တာကို ယုံကြည်ဖို့မွေးလာကြခြင်း ဖြစ်သည်။ သမ္မာကျမ်းစာက အခွန်ခံတစ်ဦးနှင့်ဖါရီ ရှဲ တစ်ဦး၏ဘုရားရှေ့မှာ ဆုတောင်းနေသည့်ပုံပြင်ကို ပြောပြပါသည်။ ဘုရားသခင်၏ဂရုဏတော်သည် အရင်ကတည်းကရှိပြီးသား ဖြစ်သည်။ အခွန်ခံသော ပုဂ္ဂိုလ်သည် ဘုရားသခင်၏အသိအမှတ်ပြုမခံရမှီက သူတို့သည် ဘာတစ်ခုမှ ကောင်းသောအရာလည်းမလုပ်။ ဘုရားသခင်ရဲ့ ဂုဏ်တော်မ ရောက်မှီကျဆုံးပြီးသားဖြစ်သည်။ ထိုကြောင့်ဘုရားသခင်၏ဂရုဏာတော်ကို တောင်းခံပါ။
ဘုရားသခင် မေတ္တာတော်၏ဖြောင့်မတ်ခြင်းတရားကို ဝတ်ဆင်ရသော လူအမျိုးအစားတစ်ခုရှိသည်။ ပါရမီရှင် လူပုဂ္ဂိုလ်မျိုးကတော့ သူတို့ ဘယ် လောက်ထိဘုရားအတွက် ဆောင်ရွက်ကြသည်ကိုအမြဲတမ်းကြွားဝါကြသည်။ သူတို့သည် ဆယ်ဖို့တစဖို့ပေးကြသည်။ တပတ်မှာ နှစ်ကြိမ်အစာရှောင်သည်။ ဆုတောင်းကြသည်။ ထိုနောက် သူတို့သည် ဘာသာရေးကြည်ညိုလေးစား သူများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားရှေ့ ဘယ်နေရာမှာရပ်တည်မှု အပေါ်မူတည်ပြီး ကျွန်ုပ်တို့သည် ဘုရားရှင်၏ဖြောင့်မတ်ခြင်းမေတ္တာကို ဝတ် ဆင်ကြမည်။ မဟုတ်ရင် သူ့အမျက်ဒေါသပြစ်ဒဏ်ကိုခံရမှာဖြစ်သည်။ တကယ်တော့ ကျွန်ုပ်တို့ရဲ့ နှလုံးသားတွေဟာ ဘုရားရှေ့မှာ မာကြောနေပါက ကျွန်ုပ်တို့၏အပြစ်တွေ ခွင့်မလွှတ်နိုင်ဘဲအမြဲကျန်ရှိနေမှာဖြစ်သည်။ အပြစ်ခွင့် လွှတ်မှုမရှိရင် ကျွန်ုပ်တို့၏ကံကြမ္မာသည်အငရဲပင်ဖြစသည်။
ရေနှင့်ဝိညာဉ်သတင်းကောင်းဟာ တကမ္ဘာလုံးမှာ ဟောပြောပြီးဖြစ်ပါ သည်။ ကယ်တင်ခြင်းမခံရသူတွေဟာ ကယ်တင်ခြင်းမခံရမှီကအတိုင်းပဲ ကျန် ရစ်မှာဖြစ်သည်။ ဘာကြောင့်လည်းဆိုတော့ သူတို့နှလုံးသားသည် မာကျော လွန်းလို့ ဖြစ်သည်။ ဒီနေရာမှာ ဖြောင့်မတ်ခြင်းတရားဆိုတာ လူသားတွေမှာ မရှိဘူး။ ပြီးတော့ ယုံကြည်ခြင်းအားဖြင့်သာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းမေတ္တာကို ဝတ်ဆင်နိုင်မှာဖြစ်ပါသည်။ ဘုရားသခင်က လုပ် ပေးသည့်တိုင်အောင် သူ၏ဖြောင့်မတ်ခြင်းတရားကို ငြင်းဆိုတဲ့လူတွေကို သူမုန်းသည်။သို့သော်ရေနှင့်ဝိညာဉ်သတင်းကောင်းနှင့်ဘုရားသခင်ဖြောင့်မတ်ခြင်းတရားကို ယုံကြည်သက်ဝင်သူတွေကတော့ ဘုရားသခင်၏ ချစ်ခြင်း ကိုခံရလိမ့်မည်။ ထိုနောက်ထာဝရအသက်ကို လက်ခံရလမ့်မည်။
ယနေ့ဤကမ္ဘာကြီးမှာရှိသော ခရစ်ယာန်များစွာတို့သည် ဘုရားရှင်၏ ရှေ့မှာ အမျက်ဒေါသခွက်ဖလားကဲ့သို့ နေထိုင်လျက်ရှိကြသည်။ ဘာကြောင့် လဲဆိုတော့ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရောမသြဝါဒ စာအုပ်ထဲမှ သင်ယူဖို့လိုအပ်နေသောကြောင့်ဖြစ်ပါသည်။ ဘုရားသခင်က တချို့ကိုချစ်ပြီး အချို့ကို မချစ်ခြင်းအကြောင်းမှာတချို့က သူ၏ဖြောင့် မတ်ခြင်းကို ယုံကြည်လက်ခံနေချိန်မှာ တချို့က မယုံကြည်ကြ၍ဖြစ်ပါသည်။ ဤအကြောင်းဟာ ကျွန်တော်ပြောပြချင်နေတဲ့ အမှန်တရားဖြစ်ပါသည်။ ဘုရားသခင်က ယောကုပ်နှင်ဧသောအပေါ်လုပ်ဆောင်ချက်သည် မှန်ကန်ပါ သည်။ ခရစ်တော်ကို ယုံကြည်သက်ဝင်သောသူများထဲမှ ရေနှင့်ဝိညာဉ်သ တင်းကောင်းကို ယုံကြည်လက်ခံခြင်းမရှိသော်လည်း ဘုရားသခင်၏ ချစ်ခြင်း မေတ္တာကို ခံယူလိုသောလူများရှိကြသည်။ ယင်းပုဂ္ဂိုလ်များဟာ ဧသောနှင့် တူကြပြီး ထုံးစံအတိုင်း ဘုရားသခင်က သူတို့အပြစ်အတွက် တရားစီရင်မှာ ဖြစ်သည်။ 
ကမ္ဘာပေါ်မှာရှိသောအပြစ်များကို တကြိမ်တည်းနဲ့ အပြီးယူဆောင်သွားဖို့ ဘုရားသခင်က သူ၏သားတော်ကို ယော်ဟန်၏နှစ်ခြင်းခံယူဖို့ခံယူခဲ့သည်။ ဤအမှန်တရားကို သင်ယုံပါသလာ။ဤအရာကို သင်၏နှလုံးသားထဲကနေ နက်နက်နဲနဲ ရိုးရိုးသားသား သင်ယုံပါသလား။ ရေနှင့်ဝိညာဉ်သတင်း၏ အမှန်တရားကို ကျွန်ုပ်တို့ယုံကြည်လာသောအခါ ဘုရားသခင်၏ ဖြောင့် မတ်ခြင်းတရားသည်ထင်ရှားလာပြီးကျွန်ုပ်တို့တတွေသည်လည်း တကြိမ် တည်း ကျွန်ုပ်တို့၏အပြစ်များမှ ကယ်တင်ခြင်းခံရမှာဖြစ်သည်။ ယေရှုသည် ဤကမ္ဘာ၏ အပြစ်အားလုံးကို ယူဆောင်ပြီး သူပခုံးထက်မှာ တင်ခဲ့သည်။ ကားတိုင်မှာ အသေခံပြီးသေခြင်းမှ ပြန်လည်ထမြောက်ခဲ့တယ်။ ဤအရာ အားလုံးသည်တကြိမ်တည်းဖြစ်ပျက်ခဲ့သည်။ထိုကြောင့်ကျွန်ုပ်တို့ တတွေ သည်လည်း တကြိမ်တည်းမှာ ကျွန်ုပ်တို့အပြစ်များက လွတ်မြောက် မှာ ဖြစ်သည်။
သို့သော်လည်း ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းတ ရားကိုမယုံဘဲ မိမိဘာသာအပြစ်ဖြေဖျောက်ဖို့ ကြိုးပမ်းမယ်ဆိုရင် ကျွန်ုပ်တို့ သည်ဘုရားကိုဆန့်ကျင်ပြီး အပြစ်ကျူးလွန်နေကြအုံးမှာဖြစ်သည်။အကယ်၍ ကျွန်ုပ်တို့သည် သူ၏ဖြောင့်မတ်ခြင်းတရားကို မယုံကြည်ဘူးဆိုရင် ယေရှုခရစ် တော်သည် ကျွန်ုပ်တို့အတွက် နေ့တိုင်းနှစ်ခြင်းခံပြီး အသေခံပြရမှာဖြစ်သည်။ ဘုရားက လုပ်ပါမလား။သူ၏အဆုံးမရှိသည့်ပညာက ဤလမ်းကိုရွေးပါမလား၊ ကျွန်ုပ်တို့၏အပြစ်များမှ ကယ်တင်ဖို့ရန်ဘုရားသခင်သည် သူ့သားတော်ကို ရေနှစ်ခြင်းခံဖို့ ကားတိုင်မှာ အသေခံဖို့နှင့် ရှင်သန်ထမြောက်ဖို့ တကြိမ်ပဲ စေလွှတ်ပြီးတကြိမ်တည်းပဲ လုပ်ဆောင်စေခဲ့သည်။ ထိုကြောင့် သူသည် ကျွန်ုပ်တို့ အားလုံးကို တကြိမ်တည်းနဲ့ အပြည့်အစုံ ကယ်တင်ခဲ့သည်။
ကျွန်ုပ်တို့ ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားရှင်ဖြစ်သည်။ ဘုရား သခင်သည်သူ၏ဖြောင့်မတ်ခြင်းအားဖြင့်ကျွန်ုပ်တို့၏အပြစ်များကို ဖြေလွှတ် ရန် ကြိုတင်စီရင်ခဲ့သည်။ ကျွန်ုပ်တို့အားလုံးသည် အပြစ်ကျူးလွန်တဲ့အခါတိုင်း ဘုရားသခင်၏ခွင့်လွှတ်မှုရရှိဖို့ ဆုတောင်းလေ့ရှိသည့်အတွက် ဘုရားရှင်က ကျွန်ုပ်တို့ကို မတရားသဖြင့် အပြစ်များနှင့်မစွန်းထင်ခိုင်းပါဘူး။ ၄င်းအစား သူ၏ဖြောင့်မတ်ခြင်းတရားကိုယုံကြည်သောသူတို့ကိုသူတို့၏အပြစ်များကို တ ကြိမ်တည်းနှင့်ဖြောက်ဖျက်ပြီး တကြိမ်တည်းနှင့်အပြစ်အားလုံးအတွက် ရွေး နှုတ်ပြီးဖြစ်ပါသည်။
နောက်ပိုင်းမှာ ကျွန်တော်တို့ နေ့စဉ်ကျူးလွန်တဲ့အပြစ်များသည် ဘာ ဖြစ်လာမည်နည်း။ ဤအရာများသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ကျေးဇူးတင်ဝတ်ပြုသည့်အခါမှ ဂရုတစိုက်ကြည့်ရှုစောင့်ရှောက်ရမှာဖြစ်ပြီး ဂုဏ်တော်အားလုံးသည်လည်း ဘုရားရှင်တစ်ဦးတည်း ဖက်သို့သာ လှည့်ရမှာ ဖြစ်သည်။ ဘုရားရှင်၏အမြင်ဖက်မှကြည့်လျှင် ယေရှုသည် သူ၏ရေနှစ်ခြင်း အားဖြင့် တကမ္ဘာလုံးက အပြစ်များကို သူအပေါ်တင်သည်။ ကားတိုင်ပေါ်မှာ အသွေးသွန်းခဲ့သည်။ ကျွန်ုပ်တို့ကိုယ်စား တရားစီရင်ဆုံးဖြတ်မှုခံယူသည်။ ထို့ကြောင့် ကျွန်တော်တို့၏ကယ်တင်ခြင်းပြည့်စုံဖို့ ကျွန်ုပ်တို့၏အပြစ်အား လုံးကို တကြိမ်တည်းနှင့်ယူဆောင်သွားခဲ့သည်။ ဘုရားသခင်၏ ဖြောင့်မတ် ခြင်းတရားနှင့်မေတ္တာသည် ကမ္ဘာ၏အပြစ်အားလုံးကို တစ်ကြိမ်တည်းဖြင့် ရှင်း လင်းပြစ်ခြင်းဖြင့် သူ၏စီမံကိန်းကို ပြည့်စုံစေခဲ့သည်။
ရောမသြဝါဒ (၉း၂၅) က ဖော်ပြသည်မှာ “ဟောရှေ၏ကျမ်းစာ၌ လာ သည်ကား ငါ၏လူမဟုတ်သောသူကို ငါ ၏လူဟူ၍ငါခေါ်မည်။ မချစ်သော သတိုးသမီးကိုလည်း အချစ်ဟူ၍ငါခေါ်မည်” မှန်ပါသည်။ ဘုရားသခင်က ငါ၏ လူမဟုတ်ဘဲ လူတွေကိုလည်း ဘုရား၏လူဟုပြောခဲ့ပါသည်။ ဘာကြောင့် လဲဆိုတော့ ကျွန်ုတို့ယုံကြည်သည့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် သဘောတရားမဟုတ်ပါ။လက်တွေ့ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သူ၏ဖြောင့် မတ်ခြင်းကို ယုံကြည်သည့်အတွက် ကျွန်ုပ်တို့သည် သူ၏ဖြောင့်မတ်ခြင်းကို ယုံကြည်သည့်အတွက် ကျွနုပ်တို့၏အပြစ်များမှ လွတ်မြောက်ခဲ့ပြီးဖြစ်သည်။ ဤအမှန်တရားရှိနေစဉ်မှာပင် သူ၏ဖြောင်မတ်ခြင်းတရားကို လစ်လျူရှုသူ တွေသည် ဧသောကဲ့သို့ မုန်းတီးခံရပြီးတရားစီရင်းခြင်းခံရမှာ ဖြစ်သည်။ ဤနေရာမှာမိမိ၏ ဖြောင့်မတ် ခြင်းကိုဘုရားရှေ့မှာဝါ ကြွားနိုင်သောလူမရှိပါ။ 
ကျွန်ုပ်တို့၏အပြစ်များမှ ကယ်တင်ဖို့အတွက် ဘုရားသခင်သည် သူ၏ ဖြောင့်မတ်ခြင်းတရားနှင့်ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ဘာကြောင့်ကျေး ဇူးမ တင် ဘဲနေနိုင်ရမည်နည်း။ သူ့ကိုချီးမွမ်းရမည်။ ကျွန်ုပ်တို့ ဘုရားရှင်ကို ဘာမှ မကူညီနိုင်ပါ။ သို့သော်ဘုရားသခင်၏ဖြောင့်မတ်ခြင်းသတင်းကောင်းကို ပြန်နှံ့စေခြင်းဖြင့် သူ့အပေါ်ကျေးဇူးပြုပြီး သစ္စာရှိဖို့လိုပါသည်။