Sermons

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[9-3] (ရောမသြဝါဒစာ ၉း၃၀-၃၃ ) ဘုရားသခင်ယာကုပ်ကို ချစ်တာမှားပါသလား

(ရောမသြဝါဒစာ ၉း၃၀-၃၃ )
“ထို့ကြောင့်၊ အဘယ်သို့ ပြောရမည်နည်းဟူမူကား၊ ဖြောင့်မတ်ခြင်းကို မှီအောင်မလိုက်သော တပါးအမျိုးသားတို့သည် ဖြောင့်မတ်ခြင်းကို မှီကြ၏။ ထိုသို့ဆိုသော်၊ယုံကြည်ခြင်းအားဖြင့်မှီသောဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း။ ဖြောင့်မတ်ခြင်းတရားကိုမှီအောင်လိုက်သောသရေလလူတို့မူကား၊ ဖြောင့်မတ် ခြင်းတရားကိုမမှီကြ။ အဘယ့်ကြောင့်မမှီကြသနည်း။ ယုံကြည်ခြင်းအားဖြင့် မလိုက်ကြ၊ပညတ်တရား၏အကျင့်အားဖြင့်သာ လိုက်ကြသတည်း။ကျမ်းစာ ၌လာသည်ကား ထိမိ၍ လဲကျစရာကျောက် မှားယွင်းစရာကျောက်ကို ဇိအုန် တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမြှီုပသောသူမည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသည်နှင့်အညီ ထိုကျောက်ကို သရေလလူ တို့သည် ထိမိ၍လဲကြ၏။”
ကျွန်ုပ်တို့အားလုံးကို ခေါ်ခြင်း၌ သခင်ဘုရားသည် “ဖြောင့်မတ်သော သူတို့ကို နောင်တသို့ ခေါ်ခြင်းငှါ ငါလာသည်မဟုတ်။ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါငါလာသတည်းဟု မိန့်တော်မူ၏။” (မဿဲ ၉း၁၃) မိမိတို့၏ ဖြောင့် မတ်ခြင်းနောက်လိုက်သော သူတို့တွက် ကယ်တင်ခြင်းဆုကျေးဇူးသည် ခွင့် ပေးထား ခြင်းမရှိကြောင်း သဘောပေါက် ထားသင့်ပါသည်။ ဤအရာကို ရှောင်ရှားရန်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုယုံ ကြည်ရမည် ဖြစ်သည်။
ရောမ ၉း၁၃ ၌ ဘုရားသခင်သည် ယာကုပ်ကိုချစ်ပြီး ဧသောကိုမုန်း ကြောင်းပြောထား၏။ ကျေးဇူးတင်ခြင်းဖြင့် ခံယူသောသူတို့သည်ဘုရားသခင် ၏ဖြောင့်မတ်ခြင်းကို ရသည်သာမက အပြစ်ခွင့်လွှတ်ခြင်းရပြီး သူ၏လူများ ဖြစ်စေခြင်း ကောင်းကြီးမင်္ဂလာကို ရရှိကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းကို သိပြီး သူ့ကို ယုံကြည်ရမည်ဖြစ်သည်။
ကျွန်ုပ်တို့အတွက် ပေးထားသည့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း စကား လုံးတို့ကို လေ့လာပြီး သဘောပေါက်နားလည်ရမည်ဖြစ်သည် တစ်စုံတစ်ဦး သည် အပြစ်မှခွင့်လွှတ်ခြင်းရလိုပါက သူ/သူမ၏ မှားယွင်းမှုနှင့်အားနည်း ချက်များနှင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဦးစွာသိထားရ မည်ဖြစ်သည်။ မိမိတို့သည် ငရဲသို့သွားရမည့်သူများဟု မိမိကိုယ်ကို သိသော သူများသာလျှင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လိုအပ်ကြပါသည်။ ကျွန်ုပ်တို့၏ အပြစ်များ ကိုသိပြီး အပြစ်များကြောင့် ငရဲသို့သွားရန်တွက် ဘုရားသခင်၏ အမျက်တော် ကျရောက်ခြင်း ခံနေရကြောင်းကို သိထားရန်လိုအပ်ပါသည်။
သို့သော် သခင်ဘုရား၏ ဗတ္တိဇံ၊ သူ၏ကားတိုင်ပေါ်၌ သေခြင်းနှင့် ရှင်ပြန် ထမြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့နှလုံးသား၌ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို လက်ခံနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သိသောသူတို့သာလျှင် သူ၏ဖြောင့်မတ်ခြင်းကို ယုံကြည် နိုင်မည်ဖြစ်သည်။ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်၏ကျေးဇူးတော်နှင့်ချစ်ခြင်း မေတ္တာတို့သည်နောင်တနှင့်ဆိုင်သော ဆုတောင်းခြင်းကဲ့သို့သောဘာသာရေး လိုက် စားသူတို့ပြုကြသည့်ဆုတောင်းမျိုးဖြင့် မရနိုင်သောကြောင့်ဖြစ်သည်။ သို့ဖြစ်သော်လည်း ဘုရားသခင်ပေးထားသည့် အပြစ်ခွင့်လွှတ်ခြင်းသည် သူ၏ ဖြောင့်မတ်ခြင်း၌ ယုံကြည်ကြသူတို့အတွက်ဖြစ်သည်။
ကျွန်ုပ်တို့ရှိသမျှသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအား စိတ်နှလုံး အကြွင်းမဲ့ဖြင့်လိုလားစွာယုံကြည်သင့်ပါသည်။သင်သည်ဘုရားသခင်၏ ဖြောင့် မတ်ခြင်းကို လက်ခံလိုပါသလား။ ထိုသို့ဖြစ်ပါက ဘုရားသခင်နှင့်သူ၏ ပညတ် တော်ရှေ့၌ သင်၏မပြည့်စုံခြင်းကို ဝန်ခံပါ။ သင်၏အပြစ်ကြောင့် သင်သည်သူ ၏အမျက်တော်အောက်၌ရှိပြီးသူ၏ဖြောင့်မတ်ခြင်းကိုလိုအပ်ကြောင်းသဘော ပေါက်ပါ။ သင်သည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ယုံကြည်ပြီး ၎င်းကိုသင့်နှလုံးသား၌ လက်ခံပါက ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် သင့် အတွက်ဖြစ်လာမည် ဖြစ်သည်။ သင်သည် ဤသမ္မာတရားကို သိထားရမည် ဖြစ်သည်။
 

ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မယုံကြည်သောသူတို့၏ စိတ်သည် ရှုပ်ထွေးမှုနှင့် ဟာတာတာဖြစ်နေ၏
 
ကျွန်ုပ်တို့၏အတွေးများသည်အစအဦးကတည်းမှပင်ရှုပ်ထွေးခဲ့ကြောင်း ဘုရားသခင်မိန့်တော်မူခဲ့၏(ကမ္ဘာ ၁း၂)။ အဘယ်ကြောင့် လူတို့၏အတွေးများ သည် အစအဦးကတည်းက ရှုပ်ထွေးခဲ့ရပါသနည်း။ အဘယ့်ကြောင့် ဆိုသော ကျရှုံးသောကောင်းကင်တမန်သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး လူတို့အား ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မယုံကြည်စေရန်တွက် ၎င်းတို့၏ စိတ်ကို ရှုပ်ထွေးစေသောကြောင့်ဖြစ်ပါသည်။ ဤအတွက်ကြောင့်ပင် လူတို့ နှလုံးသား ၌ အပြစ်ဖြစ်တည်လာခဲ့၏(ကမ္ဘာ ၃း၁-၈)။
ဘုရားသခင်ဖန်ဆင်းထားသော ကောင်းကင်တမန်သည် သူ့ကို ဆန့်ကျင် ခဲ့ကြောင်းကို ကျမ်းစာ၌ တွေ့ရ၏။ ဤကောင်းကင်တမန်သည် ဘုရားသခင် ၏ ပလ္လင်တော်အား သူ၏ခွန်အားနှင့် စီမံကိန်းဖြင့် အရယူရန် ကြိုးစားခဲ့ကာ ပုန်ကန်မှု၌ လဲကျသွားပြီးနောက် သူ၏အခွင့်အရေးမှ ဖယ်ရှားခြင်းခံခဲ့ ရပါ သည်။ ဤလဲကျသောကောင်းကင်တမန်သည် လူသားနွယ်တစ်ခုလုံးကို လိမ်ညာပြီး ဘုရားသခင်ကို ဆန့်ကျင်ခဲ့ပါသည်။ ဤကောင်းကင်တမန်ကို စာတန်ဟု ခေါ်ပါသည်။ ဤမာနနှင့်ပြည့်သောစာတန်သည် ယုံကြည်သူနှင့် မယုံကြည်သူတို့ကြား၌ ဝါကြွားခြင်းအပြည့်နှင့် ပုန်ကန်တတ်သော သဘောတ ရားမျိုးဖြင့် လှုပ်ရှားနေပါသေး၏။ လူတို့ကို လိမ်ညာခြင်းအားဖြင့် သူသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် သူ၏ နှုက်ကပတ်တော်ကို စိန်ခေါ်မှုပြုခဲ့ ပါသည်။
နတ်ဆိုးသည် လူတို့ကို လိမ်ညာရန် အမြဲကြိုးစား၏။ သို့မှသာ လူတို့ သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မယုံကြည်ဘဲနေမည်ဖြစ်သည်။ စာတန်၏လိမ်ညာခြင်းခံရပြီးနောက်များစွာသောသူတို့သည်မိမိတို့၏ကိုယ်ပိုင် ဖြောင့်မတ်ခြင်းတည်ဆောက်ရန် ကြိုးစားကြပါသည်။ သူသည် လူတို့အား အပြစ်၌လဲကျစေပြီး အကျိုးအဆက်အားဖြင့် ၎င်းတို့အသက်တာ၌ ရှုပ်ထွေးမှု နှင့် ဟာတာတာဖြစ်မှုဖြင့် ကျန်နေခဲ့ရပါသည်။
 

အပြစ်ခွင့်လွှတ်ခြင်းနှင့် ဘုရားသခင်ပေးထားသည့် ဖြောင့်မတ်ခြင်း
 
စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းဖြင့် အပြစ်ထဲသို့ လဲကျခဲ့သော လူသား တို့၏ ကယ်တင်ခြင်းသည် တစ်စုံတစ်ဦး၏ ကိုယ်ပိုင်ဖြောင့်မတ်ခြင်းအပေါ် မူတည်ခြင်းမရှိပေ။ သို့ဖြစ်သော်လည်း များစွာသောသူတို့သည် မိမိတို့၏ အားနည်းခြင်းကို သဘောပေါက်ခြင်းမရှိဘဲအပြစ်မှ ပြေးထွက်ရန် ကြိုးစား ကြသည်။ မိမိတို့၏ကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို ရှာသောသူတို့အား ဘုရား သခင်သည် ပြစ်တင်ပြီး။ ရွေးနှုတ်ကယ်တင်ခြင်းသည် ထိုသို့သောသူများအ တွက်မဟုတ်ပေ။ မိမိကိုယ်ကို အပြစ်သားဟု သိပြီး ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ယုံကြည်သောသူတို့ကိုသာလျှင် ဘုရားသခင်သည် သူ၏ ဖြောင့်မတ် ခြင်းကို ခွင့်ပြုထားပါသည်။
ဘုရားသခင်၏အနန္တဘုန်းတန်ခိုးနှင့်ပြည့်သောအလိုတော်သည် လူတို့၏ အတွေးနှင့်ခြားနားလှ၏။ ပေါလုက ပုဂ္ဂိုလ်တစ်ဦးသည် အပြင်ပိုင်း၌ အသင်း တော်ပုံမှန်သွားခြင်း၊ညနက်ထိတိုင်ဆုတောင်းခြင်း၊ နံနက်စောစောဆု တောင်း ခြင်း၊ အစာရှောင်ခြင်း၊ အလှူငွေပေးခြင်း၊ နောင်တနှင့်ဆိုင်သော ဆုတောင်း ခြင်း စသည်တို့သည်အပြစ်ကို ဆေးကြောခြင်းမရှိနိုင်ဟုဆို၏။
ပညတ်တရားသည် ကျွန်ုပ်တို့ကို အပြစ်မှကယ်တင်ပြီး ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအား ကျွန်ုပ်တို့ပိုင်သော အရာအဖြစ်မလုပ်ပေးနိုင်ဟု ဘုရားရှင် ကျွန်ုပ်တို့အား မိန့်တော်မူ၏။ အခန်း (၉) ၃၂-၃၃ ၌ “အဘယ့်ကြောင့် မမှီ ကြသနည်း။ ယုံကြည်ခြင်းအားဖြင့် မလိုလားပညတ်တရား၏ အကျင့်အား ဖြင့်သာ လိုက်ကြသတည်း။ ကျမ်းစာ၌ လာသည်ကား ထိမိ၍လဲစရာကျောက်၊ မှားယွင်းစရာကျောက်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူမည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိနိုင်ဟု လာသည်နှင့်အညီ၊ ထိုကျောက်ကို ဣသရေလသူတို့သည် ထိမိ၍လဲကျ၏။”
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ရရှိရန်အတွက် ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်ကို ယုံကြည်ရမည် ဖြစ်သည်။ ယင်းသည် ဘုရားသခင်နှင့် လူကြား ပူဇော်သောယဇ်ဖြစ်လာခဲ့သည်။ ထို့ကြောင့် သင်သည် ဘုရားသခင် ၏ ဖြောင့်မတ်ခြင်းကို ပိုင်ဆိုင်ရန်အတွက် သင်၏ဖြောင့်မတ်ခြင်းကို ပယ်ရှားရ မည်ကို သဘောပေါက်နားလည်ရန် အရေးကြီးပါ၏။ ယေရှုအား ကျွန်ုပ်တို့၏ ကယ်တင်ရှင်အဖြစ်လက်ခံချိန်တွင်အခမဲ့ပေးထားသည့်ဘုရားသခင်၏ ဖြောင့် မတ်ခြင်းကို မငြင်းပယ်ထားသင့်ပေ။
ယခုထိပင် များစွာသောသူတို့သည် ယေရှုအား ၎င်းတို့၏ ကယ်တင်ပိုင် ရှင်အဖြစ် ဝန်ခံသော်လည်းအပြစ် သားအဖြစ်ရှိနေကြသေး၏။ အဘယ့် ကြောင့်ဆိုသော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းထင်ရှားဖော်ပြသည့် သတင်း ကောင်းကို မယုံကြည်သောကြောင့် ဖြစ်သည်။ လူတို့သည် ပညတ်တရားကို လိုက်လျှောက် ခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မပိုင်ဆိုင်နိုင် ပေ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်သောသူတို့သည် မိမိတို့၏ ဖြောင့်မတ်ခြင်းကို ပယ်ပစ်ရမည်ဖြစ်သည်။ယေရှုသည် မိမိတို့၏ ကိုယ်ပိုင်စွမ်း အားဖြင့် ရွေးနှုတ်ကယ်တင်ခြင်းရရန် ကြိုးစားသူတို့အတွက် ထိမိ၍လဲစရာ ကျောက်ဖြစ် လာခဲ့သည်ကို သတိရပါ။
ကျွန်ုပ်တို့အား ဘုရားသခင်ပေးထားသည့် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းသည် ယေရှုအား ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်သူတို့အား ကယ် တင်ပြီး ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပေးသောသတင်းကောင်းဖြစ် သည်။ထာဝရအသက်နှင့်ရွေးနှုတ်ကယ်တင်ခြင်းရရန်အတွက် မရှိမဖြစ်လိုအပ် သည့်အရာမှာ ယေရှု၏ ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ဖော်ပြခဲ့သည့် ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းဖြစ်သည်။ အပြစ်ခွင့်လွှတ်ခြင်းမရရှိ နိုင်သောသူများကြား ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ပါက ခွင့်လွှတ်ခြင်းရမည်ဟု ဖော်ပြခဲ့သည်။
ထို့ကြောင့် မှန်ကန်သောယုံကြည်ခြင်းမှာ ဘုရားသခင်သည် လူအချို့ကို ငရဲသို့ပို့ရန် အခြေအနေပေါ် မူတည် ခြင်းမရှိဘဲ ရွေးချယ်ထားခြင်းမရှိကြောင်း ကိုဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် အချို့ကို ချစ်ပြီး အချို့ကို မုန်းသည် ဆိုပါကသူ၏ဖြောင့်မတ်ခြင်းမျိုးကိုလူတို့ ရိုသေလေးစားခြင်းရှိမည်မဟုတ်ပေ။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ဘုရားသခင်သည် အပြစ် သားများကို ၎င်းတို့အပြစ်မှ ကယ်တင်ရန်ဖြောင့်မတ်သည့် ပညတ်တရားကို ပေးထားပြီး သူ၏ချစ်ခြင်းမေတ္တာဖြင့် လွှမ်းခြုံထားသည့် ကောင်းကြီးမင်္ဂလာ ကို ပေး၏။ လူတိုင်းသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းရှေ့၌ သူ/သူမ၏ ဖြောင့်မတ်ခြင်းတို့ကို ပယ်ထားရမည်ဖြစ်သည်။ ဘုရားသခင်သည် သူ၏ ဖြောင့်မတ်ခြင်းကို ယုံကြည်သောသူတို့ကိုသာ ပေးတော်မူ၏။
ဘုရားသခင်သည် လူတို့အား ၎င်းတို့၏ ကိုယ်ပိုင်ဖြောင့်မတ်ခြင်း အား ဖြင့် အပြစ်မှခွင့်လွှတ်ခြင်းမျိုး ခွင့်မပြုပေ။ ရေနှင့် ဝိညာဉ်တော်သတင်းကောင်း အား ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအဖြစ် မယုံကြည်ဘဲ မည်သူတစ်ဦးတစ် ယောက်မျှ ဤဖြောင့်မတ်ခြင်းကို ရမည်မဟုတ်ပေ။ (ယောဟန် ၃း၁-၈)
ယေရှုခံယူသည့် ဗတ္တိဇံနှင့် သူသွန်းလောင်းခဲ့သည့် အသွေးတော်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ် လာခဲ့ပါသည်။ ဤအတွက်ကြောင့်ပင် ယေရှုသည် မိမိဖြောင့်မတ်ခြင်းနောက်လိုက် သူတို့၏ ထိမိ၍လဲစရာဖြစ်လာ သည်။ ထို့ကြောင့် ယေရှုကို ယုံကြည်သောသူတို့သဘောပေါက်သင့်သည်မှာ ၎င်းတို့အနေဖြင့် မိမိတို့၏ကိုယ်ပိုင်ဖြောင့်မတ်မှုဖြင့် ကြိုးစားကြသောအခါ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် လွဲချော်နေကြောင်းကို ဖြစ်သည်။ ဘုရား သခင်၏ဖြောင့်မတ်ခြင်းမရှိသော အပြစ်သားတစ်ဦးတစ်ယောက်မျှ ကောင်း ကင်နိုင်ငံတော်သို့ ဝင်ခွင့်ရှိမည်မဟုတ်ပေ။ ယေရှုကို ယုံကြည်သော ကျွန်ုပ်တို့ သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်ခွင့် လွှတ် ခြင်း ရရှိသင့်ပါသည်။
ဤလောကသို့ ကြွလာသောယေရှုခရစ်သည် အပြစ်သားတို့၏ ကယ် တင်ရှင်နှင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းပင်ဖြစ်သည်။ ယေရှုသည် ကျွန်ုပ်တို့ အား ရေနှင့်ဝိညာဉ်တော်သတင်းကောင်းဖြင့် ကယ်တင်ခဲ့သည့်အတိုင်း ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သင့်ပါသည်။ ယေရှုကို ယုံကြည်သောသူ တို့သည် ယောဟန်ထံမှခံယူသော ဗတ္တိဇံနှင့် ကားတိုင်ပေါ်မှ အသွေးတော် အား ဘုရားသခင်၏ဖြောင့်မတ်ခြင်းအဖြစ် ယုံကြည်သင့်ပါသည်။ ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်မှသာလျှင် ကောင်းကင်နိုင်ငံသို့ ဝင်နိုင်မည်ဖြစ်ပါသည်။
 

ကျွန်ုပ်တို့သည် အမျက်တော်ခံရမည့်သူနှင့် ဂရုဏာတော်ခံရမည့်သူ အဖြစ် ခွဲထားခြင်းခံရမည်ဟုဆို၏
 
သခင်ဘုရားက “လူသည် စကြာဝဠာကို အြွကင်းမဲ့အစိုးရ၍ မိမိအ သက်ဝိညာဉ်ရှုံးလျှင် အဘယ်အကျိုးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ် ဥစ္စာနှင့် ရွေးနိုင်သနည်း”    (မဿဲ ၁၆း၂၆) ဟု ဆို၏။ အကယ်၍ တစ်စုံတစ် ဦးသည် ထာဝရအသက်ကို ဆုံးရှုံးမည်ဆိုပါက သူ/သူမ၏ ဤလောက၌ ပိုင်ဆိုင်သည့်အရာတို့သည် အချည်းနှီးသက် သက်သာဖြစ်၏။ အကယ်၍ တစ်စုံတစ်ဦးသည် ယေရှု၏ဗတ္တိဇံနှင့် သူ၏ကားတိုင်ပေါ်မှ အသွေးအားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းမရှိပါက တစ်ကမ္ဘာလုံးနှင့် စကြာဝဠာကို ပိုင်ဆိုင်သော်လည်း အကျိုးရှိမည်မဟုတ်ပေ။
သီအိုလိုဂျီမည်မျှပင် ကောင်းမွန်နေကြသော်လည်း ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြည့်စုံစေသည့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်မှသာလျှင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုရနိုင်၏။ ယေရှုကို ယုံကြည် သောသူတို့သည်ဤအရာ၌ ယုံကြည်ခြင်းဖြင့်သာ အပြစ်မှလွှတ်ခြင်းအခွင့်ရပြီး ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိနိုင်မည်ဖြစ်သည်။
ယနေ့ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ပါသည်ဟု ဝန်ခံကြ သောယုံကြည်သူတို့သည် နံနက်စောစော ဆုတောင်းများ၌ အပြစ်တွက်ညည်း တွားကြခြင်းမှာ သာမာန်အဖြစ် တွေ့မြင်နေရ၏။ အမှန်တွင် ၎င်းတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းမရှိပေ။ ထိုသို့သော သူများ သည် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့စေဘဲ စိတ်ဆိုးစေကြောင်းကို သိ ထားရမည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဆန့် ကျင်ကြသောကြောင့် သူ၏ရန်သူများအဖြစ် ဆက်လက်ရှိနေကြ၏။
ရှင်ယောဟန်ခရစ်ဝင် ၃း၅ ၌ “ယေရှုကလည်း ရေနှင့်ဝိညာဉ်တော် မမွေးသောသူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန် အကန်ဆို၏”ဟု တွေ့ရ၏။ ဤအတွက်ကြောင့် သင့်အပြစ်အားလုံးကို ဘုရား သခင်၏ဖြောင့်မတ်ခြင်း၌ရှိသော ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ယုံ ကြည်ခြင်းအားဖြင့် ဖြေရှင်းသင့်ပါသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း သည် သင့်အားအပြစ်ခွင့်လွှတ်ခြင်းနှင့်ဖြောင့်မတ်ခြင်းကိုပေးနိုင်သည့် ရေနှင့် ဝိညာဉ် တော်သတင်းကောင်း ဖြစ်လာခဲ့ပါသည်။
အကယ်၍ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သူအဖြစ် သတ်မှတ် ခံရသော ယုံကြည်ခြင်းမျိုးရှိလိုပါက ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်ရမည်ဖြစ်သည်။ ထို့အပြင် သင့်နှလုံးသား၌ ဘုရားသခင်၏ဖြောင့်မတ် ခြင်းနှင့်ပြည့်နေစေရန်အတွက် သင်၏ကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို ဘေးဖယ် ထားရန် လိုအပ်ကြောင်းကိုလည်း သဘောပေါက်ထားသင့်ပါသည်။ ပေါလုအ နေဖြင့် ဣသရေလလူနှင့် ဟေလသလူတို့ကို ပြောနေသည်မှာ ၎င်းတို့အ နေဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပိုင်ဆိုင်လိုပါက ကိုယ်ပိုင်ဖြောင့် မတ်ခြင်းကို ပယ်ထားရန်ဖြစ်သည်ဟုပင် ဖြစ်ပါသည်။
ဘုရားသခင်သည် အာဗြဟံအား ဘုရားသခင်၏ဖြောင့်မတ်ခြင်းအပေါ် ယုံကြည်ခြင်းအတွက် သားကိုပေး၏။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းတွင် တွေ့ရ၏။ ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို ယုံကြည်သောသူတို့သည် ဖြောင့်မတ်သောသူဖြစ်လာပါသည်။ ဣဇက် ၏ဇနီးရေဗ္ဗကသည် သားအမွှာကို ဖွားမြင်၏။ ၎င်းတို့မွေးဖွားခြင်းမရှိမှီ (သို့) ကောင်းမှု မကောင်းမှုမပြုမှီတွင်ပင် အကြီးသည် အငယ်ကို အစေခံရမည် ဟု မိန့်မူထား၏။ ဤကျမ်းပိုဒ်ကြည့်ခြင်းအားဖြင့် အချို့သောသူများက ဘုရား သခင်သည် တရားမျှတခြင်းမရှိဟု အဆုံးသတ်ကြပါသည်။
ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်သည် ၎င်းတို့ရေဗ္ဗက၏ ဝမ်းထဲ၌ရှိ စဉ် ကပင် ယာကုပ်နှင့်ဧသော၏ ယုံကြည်ခြင်းကို သိပြီးဖြစ်သောကြောင့်ပင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၏ လျှို့ဝှက်ချက်သည် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်း၌ ဝှက်ထား၏။ ဧသောသည် မိမိ၏ကောင်းသောအကျင့်အ တွက် ဝါကြွားတတ်သူဖြစ်ကြောင်းကို ဘုရားသခင်တွေ့မြင်သောကြောင့် မုန်းခြင်းဖြစ်၏။ အခြားတစ်ဖက်၌ ယာကုပ်သည် ဘုရားသခင်၏ ဖြောင့်မတ် ခြင်းယုံကြည်ပြီးဘုန်းတော်ထင်ရှားစေသောကြောင့်ဘုရားသခင်သူ့ကို ချစ်ခြင်း ဖြစ်သည်။
ထို့ကြောင့် ဘုရားသခင်သည် ယာကုပ်ကိုချစ်ကာ ဧသောကို မုန်းခြင်း သည် ဤသမ္မာတရားအပေါ် အခြေခံ၍ ဖြစ်ပါသည်။ ဘုရားသခင်သည် ဧသော ကဲ့သို့သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မယုံကြည်ဘဲ မိမိ၏ ကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို အားကိုးသူတို့ကို ချီးမွမ်းခြင်းမရှိဘဲ ယာကုပ်ကဲ့သို့ မိမိအား နည်းခြင်းကိုသိကာ သူ၏ဖြောင့်မတ်ခြင်းကိုသာ အားကိုးသောသူကို ချစ်တော်မူ၏။
ဘုရားသခင်သည် ဣဇက်ကို မည်သို့သောနည်းဖြင့် ချစ်နိုင်သနည်းဟု သူ၏ဖြောင့်မတ်ခြင်းအပေါ် မကြာခဏနားလည်မှု လွှဲတတ်ကြသည်။ ဘုရား သခင်သည် အချို့ကို ချစ်ပြီး အချို့ကို မုန်းသည်ဟု တွေးပါက ဘုရားသခင် သည် မဖြောင့်မတ်သောဘုရားဟုတွေးကာ ယေရှုကိုပင် ယုံကြည်ရန် ငြင်း ပယ် နိုင်ပါသည်။
သို့သော် ဘုရားသခင်သည် မည်သို့သောနည်းဖြင့် မတရားသောသူဖြစ် နိုင်ပါမည်နည်း။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်မတရားကြောင်း တွေးတောပါက သူ/သူမ၌ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မှန်ကန်စွာ သ ဘောပေါက်နားလည်ခြင်းမရှိသောကြောင့် ဖြစ်ကြာင်းသိနိုင်ပါသည်။ ထို့ထက် ပို၍ဆိုသော် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မယုံကြည်ခြင်းအားဖြင့် သူ၏ ဖြောင့်မတ်ခြင်းနေရာ၌ လူ၏ဖြောင့်မတ်ခြင်းကိုထားပြီး ဘုရားသခင်ကို စိတ်နာစေကြ၏။ လူတိုင်းသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းရှေ့တွင် မိမိတို့ ၏ကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို ဖယ်ရှားပြီး ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ကို ယုံကြည်သင့်ပါသည်။
ဤနည်းလမ်းအားဖြင့်သာ ဘုရားသခင်၏ဖြောင့်မတ်ခြင်းပါဝင်သည့် ရွေး နှုတ်ကယ်တင်ခြင်းစကားကို ယုံကြည်နိုင်ပါသည်။ ဘုရားသခင်သည် ဖြောင့် မတ်ခြင်းမရှိဟူသော အတွေးမျိုးသည် သင်၏ဘုရားသခင်၏အကြံအစည် တော်နှင့်ရှေးမဆွက ခွဲခန့်မှတ်သားခြင်း စီမံကိန်းအပေါ် နားလည်မှုမရှိသော သင့်အတွေးမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်သော အကြံအစည်တော်သည် သူ၏ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့ရှေ့၌ ဖော်ပြရန်ဖြစ် သည်။ ဘုရားသခင်သည် အမွှာ၏အနာဂါတ်ကို ကြိုတင်သိသောကြောင့် ဖြောင့်မတ်ခြင်းအတိုင်း ယုံကြည်သူအပေါ်၌ ချစ်ခြင်းမေတ္တာကိုထား၏။
ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ရမည် ဖြစ်သည်။ ယာကုပ်နှင့်ဧသောကြား ဘုရားသခင်သည် မည်သူ့ကိုရွေးချယ်မည် နည်း။ ကျွန်ုပ်တို့သခင်ဘုရားက သူသည် ဖြောင့်မတ်သော သူတို့တွက်မဟုတ် ဘဲ အပြစ်သားများအတွက်လာကြောင်း မိန့်တော်မူခဲ့၏။ အခြားစကားဖြင့်ဆို သော် ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ယာကုပ်ကဲ့သို့သော သူကိုခေါ် တော်မူ၏။ ဧသောအတွက် သူသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မတုံ့ပြန်သည့်အပြင် သူ၏ကိုယ်ပိုင်ဖြောင့်မတ်ခြင်းအပေါ် ဝါကြွားတတ်၏။ ဤအတွက်ကြောင့်ပင်ယာကုပ်သည်ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို တုံ့ပြန် သူဖြစ်ပြီး ဧသောမှာ အမုန်းခံရသူဖြစ်သည်။
ဤသမ္မာကျမ်းစာနှင့်ညီသော ယုံကြည်မှုအားလုံးတို့သည် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်း၌ ဖြစ်သင့်သည်။ အကယ်၍ တစ်စုံတစ် ဦးသည် ဘုရားသခင်၏ ရှေ့မဆွက ခွဲခန့်မှတ်သားခြင်းကို မှန်ကန်စွာသိမ်း ဆည်းထားခြင်းမရှိပါကသူ/သူမသည်မိမိ၏ ပျက်စီးခြင်းသို့ ဦးဆောင်နေသူ ဖြစ်သည်။
ဘုရားသခင်သည် သူ၏ဖြောင့်မတ်သောချစ်ခြင်းမေတ္တာကို ဖော်ပြရန်အ တွက် ရှေးမဆွက ခွဲခန့်မှတ်သားခြင်းကို ဖော်ပြခဲ့ပါသည်။ ယာကုပ်သည် မိမိ၏အပြစ်ကိုသိကာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်သောသူ ဖြစ်ပါသည်။ ထိို့ကြောင့် ဘုရားသခင်သည် ယာကုပ်ကို ချစ်ပြီး ဧသောကိုမုန်း ခြင်းမှာတရားမျှတပါ၏။ ဘုရားသခင်၏ ဖြောင့်မတ်သောအမြင်၌ လူတိုင်း သည် သူ၏အမျက်တော်ခံသင့်ပါသည်။ သို့သော် သူသည် သူ၏ဖြောင့်မတ် ခြင်းကို ယုံကြည်သောသူအားလုံးတို့အား ရွေးနှုတ်ကယ်တင်ခြင်းကိုပေး၏။ ဘုရားသခင်ရှေ့၌ ဂရုဏာတော်နှင့် လွှမ်းခြုံထားသူတို့သည် မိမိတို့၏ဖြောင့် မတ်ခြင်းကို ဝါကြွားခြင်းမရှိဘဲ ၎င်းတို့၏ရွေးနှုတ်ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ကြသောသူတို့ဖြစ်သည်။ ဤလူတို့ သည် “ကျွန်ုပ်သည် ငရဲ၌စီရင်ခြင်းခံထိုက်သူဖြစ်ပါသည်။ ဘုရားသခင် ကျွန်ုပ်ကိုသနားပြီးကိုယ်တော်၏ ဖြောင့်မတ်ခြင်းကိုသင်ပေးပါဟု ဝန်ခံ ကြသူတို့ ဖြစ်သည်။”
ဘုရားသခင်သည် သူ၏ဖြောင့်မတ်သောချစ်ခြင်းကိုယုံကြည်သော သူတို့ အား အပြစ်ခွင့်လွှတ်ခြင်းကို ပေး၏။ ဤအရာသည် သူ၏ကျွန်ုပ်တို့အား သူ့သားသမီးဖြစ်စေလိုသည့် စီမံချက်ဖြစ်ပါသည်။ သင့်အနေဖြင့် ဘုရားသခင် ၏ ယာကုပ်ကိုချစ်ပြီး ဧသောကိုမုန်းခြင်းအပေါ် နားလည်သဘောပေါက် ထား သင့်၏။ အကယ်၍သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မှန်ကန်စွာ ယုံကြည်ခြင်းမရှိခဲ့ပါက ယခုအချိန်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ရမည့် အချိန်ဖြစ်ပါသည်။
ကျွန်ုပ်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ ယုံကြည်၏။ ဘုရား သခင် ၏ဖြောင့်မတ်သောချစ်ခြင်းကို မှန်ကန်စွာနားလည်နိုင်သောသူတို့သည် သူ၏ ဖြောင့်မတ်ခြင်း၌ ထောက်ပံ့ပေးထာသည့် ဘုရားသခင်၏ထောက်ပံ့မှုကို ယုံကြည်ကြသူတို့ဖြစ်သည်။ သို့သော် ဤကမ္ဘာကြီး၌ အနည်းငယ်သောသူတို့ သာလျှင် ဘုရားသခင်၏ဖြောင့်မတ်သောအကြံအစည်တော်ကို နားလည်ပြီး များစွာသောသူတို့သည် နားလည်မှုလွဲနေကြ၏။
ဤလူတို့ တွေးထင်ကြသည်မှာ ကျမ်းစာ၌ ဘုရားသခင်သည် ဧသောကို မုန်းသောကြောင့် အချို့သောသူများသည် ဘုရားသခင်မုန်းခြင်းခံရန် ကံကြ မ္မာက ဖန်တီးခြင်းခံထားသူများဖြစ်သည်ဟုပင်။ သို့သော် ကျွန်ုပ်တို့၏ဘုရား သခင်သည် ထိုသို့သောဘုရားမဟုတ်ပေ။ ဘုရားသခင်သည် သူ၏ဖြောင့်မတ် ခြင်း၌တရားမျှတသောဘုရား ဖြစ်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား လုံးအား သူ၏ဖြောင့်မတ်သော ချစ်ခြင်းနှင့်ဂရုဏာတော်ကို ပေးလို၏။
ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် သူ၏ဖြောင့်မတ်ခြင်းကို ပေးလိုပြီး သူ၏ဖြောင့်မတ်ခြင်း၌ယုံကြည်သောသူတို့အားသူ၏ဂရုဏာတော်နှင့် လွှမ်းခြုံ စေပြီး သူ၏သားသမီးများဖြစ်စေပါသည်။
ဤသမ္မာတရားသည် ဓမ္မသစ်ကျမ်းရှိ ရှင်မဿဲခရစ်ဝင် ၉း၁၂-၁၃ ၌ “ယေရှုသည် ကြားတော်မူလျှင် ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ယဇ်ပူဇော်ခြင်း အကျင့် ထက် သနားခြင်းဂရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို နားလည်ခြင်းငှါ သင်တို့သွား၍ သင်ကြလော့။ ဖြောင့်မတ်သောသူတို့ကို နောင် တသို့ ခေါ်ခြင်းငှါ၊ ငါလာသည်မဟုတ်၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ၊ ငါလာသ တည်းဟု မိန့်တော်မူ၏။” ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိ ကြဘဲ ၎င်းတို့အတွက် အနှောင့်အယှက်ပေးသူဟုပင် ထင်ကြသည်။ ကျန်းမာ သောသူသည် ဆေးသမား၏ အရေးပါပုံကို သဘောမပေါက်သကဲ့သို့ပင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ၎င်းတို့၏ နှလုံးသား၌ လက်ခံရန် အရေးကြီး ကြောင်းကို သဘောပေါက်ခြင်းမရှိ ကြပေ။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မသိဘဲ ၎င်းတို့သည် ကိုယ်ပိုင်ဖြောင့်မတ်ခြင်းနောက်သာ လိုက်နေကြ၏။
သို့သော် အပြစ်သားတို့သည် ၎င်းတို့၏ ဖြောင့်မတ်ခြင်းကို စွန့်ပယ်ပြီး ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ ယုံကြည်ရမည်ဖြစ်သည်။ သင်သည် ဘုရား သခင်ရှေ့၌ ယာကုပ် (သို့) ဧသောဖြစ်နိုင်ပါသည်။ သင်မည်သူဖြစ်လိုပါသလဲ။ သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအပေါ် ယုံကြည်ခြင်းရှိမရှိ ဆိုသည့်အ ရာသည်ဘုရားသခင်သင့်အား ဆုချခြင်းနှင့် အပြစ်ပေးခြင်းကို ဆုံးဖြတ်ပေး မည် ဖြစ်သည်။
 

ဘုရားသခင်၌ အမှားမရှိပေ
 
သဘာဝအားဖြင့် လူတိုင်းသည် နိုင်လိုစိတ်ပြင်းပြသူများ ဖြစ်ကြသည်။ အချို့သောသူများသည် ပညာရည်မြှင့်မားပြီး အချို့သောသူများသည် အများအ တွက် ကောင်းမှုများစွာပြုခဲ့သူများ ဖြစ်နိုင်ပါသည်။ သို့သော် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၌နားလည်သဘောပေါက်ခြင်းမရှိဘဲ ဘုရားသခင်၏ ထောက်ခံ မှုရရှိမည်မဟုတ်ပေ။ သင်နှင့်ကျွန်ုပ် ဣသရေလလူတို့အပါအဝင် လူတိုင်း သည် ဘုရားသခင်ရှေ့၌ငရဲသို့သွားရမည့်သူများဖြစ်ကြသည်။ ဤသို့ ဖြစ်ရမည့် အစား ကျွန်ုပ်တို့သည်ကိုယ်ပိုင်ကြိုးစားခြင်း (သို့) ခွန်အားဖြင့်မဟုတ်ဘဲဘုရား သခင်၏ဖြောင့်မတ်ခြင်း၌ ယုံကြည်သောကြောင့် ဖြောင့်မတ်သူများဖြစ်လာ ကြပါသည်။
ဘုရားသခင်သည် သူ၏ဖြောင့်မတ်သော ချစ်ခြင်းမေတ္တာအား လူတို့ ထံ မျက်နှာလိုက်ခြင်းမရှိဘဲ တရားမျှတစွာ ပေးထားသောကြောင့် ယုံကြည် သော သူတို့သည် ၎င်းတို့၏ အပြစ်မှ ကယ်တင်ခြင်းရနိုင်ပါသည်။ ဘုရားသခင်သည် သင်တွေးထင်သကဲ့သို့ မတရားသောဘုရားမဟုတ်ပေ။
တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်၏ရွေးနှုတ်ကယ်တင်ခြင်း ကောင်းကြီးမင်္ဂလာခံစားရမည် မခံစားရမည်ဆိုသည့်အရာသည် သူ/သူမအ နေဖြင့် လက်ခံရန် ဆုံးဖြတ်ခြင်းနှင့် ငြင်းပယ်ခြင်းအပေါ်တွင် မူတည်ပါသည်။ ဤအတွက်ကြောင့်ပင် အချို့သောသူများ အမျက်တော်ခံရပြီး အချို့သောသူ များသည် ဂရုဏာတော်ခံစားရခြင်းဖြစ်ပါသည်။ အချို့သောသူမျာသည် ဂရု ဏာတော်ခံစားရခြင်းဖြစ်ပါသည်။အခြားနည်းဖြင့်ဆိုသော်ဧသောသည်အမျက် တော်ခံရပြီး ယာကုပ်သည် သနားဂရုဏာခံစားရသောသူ ဖြစ်လာခဲ့သည်။
သို့သော အချို့သော သီအိုလိုဂျီကျွမ်းကျင်သူနှင့် သန့်ရှင်းသော ဝိညာဉ် တော်မပိုင်ဆိုင်သူတို့က ဘုရားသခင်ကို လှောင်ပြောင်ကြ၏။ ဘုရားသခင် သည် ဖာရောဘုရင်ကို အမျက်တော်ထွက်ခဲ့သည်မဟုတ်ပါလား။ ယာကုပ်နှင့် ဧသောကိုကြည့်ပါ။ ရေဗ္ဗလာကိုကြည့်ပါ။ အိုးထိန်းက မည်ကဲ့သို့ပြုခဲ့ကြောင်း ကို ကြည့်ပါ။ ဘုရားသခင်သည် အစဦးကတည်းမှ အချို့သောသူများကို ဘုန်းတော်ထင်ရှားစေခဲ့သည်မဟုတ်ပါလား။ ၎င်းတို့ တွေးသည်မှာ အချို့သော သူများသည် ၎င်းတို့မွေးဖွားခြင်းမရှိမှီကပင် ဘုရားသခင်၏လူများဖြစ်ရန်ရွေး ချယ်ခြင်းခံ ထားသူများဖြစ်ပြီး အခြားသောသူများ ငရဲသွားရန်ထားချိန်တွင် ထိုသူများသည် ရွေးချယ်ပြီး ဘုရားသခင်၏လူများဖြစ်ရန် ရှေးမဆွက ခွဲခန့် မှတ်သားထားသူ တို့ဖြစ်သည်ဟုပင်ဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်သည် ရွေးချယ်ခဲ့ပါသည်။သို့သော်ဘုရားသခင်သည်လူတိုင်းအား သူ၏ဖြောင့်မတ် ခြင်းကိုပေးကာ မျက်နှာမလိုက် ဘဲ ကယ်တင်တော်မူ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ ယုံကြည်ခြင်းဖြင့် ဖြောင့် မတ်သူများဖြစ်လာကြ၏။အမှန်တွင် ဤသို့မဖြစ်မှီကျွန်ုပ်တို့သည်သူ၏ လူများ မဟုတ်ပေ။ ဘုရားသခင်၏ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ထောက်ခံနိုင်၏။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူများဖြစ်လာသောကြောင့်ပင် ဖြစ် ပါသည်။ ဤအရာသည် ဘုရားသခင်၏အံ့သြဖွယ်တန်ခိုးတော်ဖော်ပြသည့် သတင်း ကောင်းဖြစ်ပါသည်။
အစမူလ၌ ကျွန်ုပ်တို့အတွင်း၌ ဘုရားသခင်မရှိဘဲ သူ့ကိုလည်းမသိ၊ အပြစ်သားအားလုံးဖြစ်ကြ၏။ သို့သော် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံ ကြည်ခြင်းအားဖြင့် သူ၏လူများဖြစ်လာကြပါသည်။ ကျွန်ုပ်တို့ယုံကြည်သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် မပြည့်စုံသောသတင်းကောင်းမ ဟုတ်ဘဲ ပြည့်စုံပြီး အပြစ်အနာအဆာမဲ့၏။ ဤသမ္မာတရားကိုပေးသော ကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ချီးမွှမ်းနိုင်၏။ ဤအရာအားဖြင့် သူ၏ဖြောင့် မတ်ခြင်းကို ကျွန်ုပ်တို့ပိုင်ဆိုင်နိုင်ပါသည်။
ကျွန်ုပ်တို့၏ အသက်တာ၌ ပြဿနာအပြည့်ရှိနေပေမည်။ သို့သော် ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကိုမေ့မထားသင့်ပေ။ အ ဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ၏တန်ခိုးတော်ကြီးမြတ်ကြောင်း ကို သင်ကြားပေးခဲ့သောကြောင့်ဖြစ်ပါသည်။ ဤစကြာဝဠာတစ်ခုလုံး၌ အပျော်ရွှင်ဆုံးပုဂ္ဂိုလ်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို သိသောသူဖြစ် သည်။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ဂရုဏာတော်နှင့်ပြည့်သော ဘုရား၏မေတ္တာခံရသူတို့ဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏ သန့်ရှင်းသောဘုရား သခင်ဖြစ်သည်။ သူသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်သော သူတို့၏ဝိညာဉ်၌ ယုံကြည်ခြင်းကိုပေး၏။ ကျွန်ုပ်တို့သည် သူ၏ဖြောင့်မတ် ခြင်းကိုသိပြီး ယုံကြည်ခြင်းဖြင့် သူ၏ကျေးဇူးတော်နှင့် ကောင်းကြီးခံစားရ သောသားသမီးမျာဖြစ်လာ၏။
များစွာသောသူတို့သည် မိမိတို့၏ကြိုးစားခြင်းဖြင့် ကောင်းသောအလုပ် လုပ်ရန် ကြိုးစားနေကြသေး၏။ အလှူငွေပေးခြင်း၊ အသင်းတော်တွက် ပါဝင် ခြင်း၊အခြားသူများကိုပြိုင်ပြီးအလှူပေးခြင်းအားဖြင့်ဤအရာများသည် ကောင်း သောအကျင့်များဖြစ်သည်ဟု ထင်ပေမည်။ သို့သော် ၎င်းတို့သည် သင့်ကို ကယ်တင်နိုင်မည်မဟုတ်ပေ။ အလုပ်၌သာ ဦးတည်နေခြင်းသည် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းပေါ် မယုံကြည်ကြောင်း ညွှန်ပြပြီး သင်သည် သင်၏ ဖြောင့်မတ်ခြင်းကို အားကိုးနေခြင်းဖြစ်သည်။ မိမိတို့၏ ဇာတိကပတိကိုသာ အားကိုးကြသောသူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ကြသောသူတို့ဖြစ် သည်။ ထိုသူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မသိသောသူတို့ ဖြစ်သည်။
သမ္မာကျမ်းစာက ဘုရားသခင်၏ ကယ်တင်ခြင်းသည် ထိုအရာအတွက် ကြိုးစားသောသူများတွက် မဟုတ်ဘဲ သူ၏ဖြောင့်မတ်ခြင်း၌ ယုံကြည်သူတို့အ တွက်သာဖြစ်ကြောင်း မိန့်မူထား၏။ ဤဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့၏ သနားခြင်းဂရုဏာတော်နှင့် ပြည့်စုံသောဘုရားသခင်ထံမှသာ ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ အကျင့်အားဖြင့် မဟုတ်ဘဲ သူ၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်း အားဖြင့်သာ သနားခြင်းဂရုဏာတော်ကို ခံစားရပါသည်။ ထို့ကြောင့် စစ်မှန် သောယုံကြည်ခြင်းသည် ကျွန်ုပ်တို့ဘုရားသခင်၏ဖြောင့်မတ်ခြင်းအပေါ် ယုံ ကြည်ခြင်းရှိမရှိအပေါ်တွင် မူတည်ပါသည်။
ကျွန်ုပ်တို့သည် အစအဦးကတည်းမှ အသုံးမဝင်သော သူများမဟုတ်ပေ။ ကျွန်ုပ်တို့၏ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအပေါ် ယုံကြည်ခြင်းကြောင့် အိမ် တော်သားဖြစ်လာကြ၏။ ကျွန်ုပ်တို့သည်ဘုရားသခင်၏သားသမီးများ ဖြစ်လာ ရခြင်းမှာဘုရားသခင်၏ဖြောင့်မတ်ခြင်းအပေါ်ယုံကြည်ခြင်းကြောင့်သာဖြစ် ကြောင်း သတိရ၍နောက်ဆုံးထိဘုရားသခင်ပေါ်ယုံကြည်ရမည်ဖြစ်သည်။
ဤလောက၌ မကောင်းသောအမှုကိုပြုပြီး ဘုရားသခင်မရှိဟု ပြော သောသူရှိသော်လည်း ကျွန်ုပ်တို့ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည် သောသူများသည် ဘုရားသခင်၏သနားခြင်းဂရုဏာတော်ခံရသူများဖြစ်ကြ သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့၌ ထိုက်တန်သူများဖြစ်ကြပါသည်။ ကျွန်ုပ်တို့ဤလောက၌ အသက်ရှင်စဉ်အတွင်း စုံစမ်းနှောက်ယှက်ခြင်းများ ကြုံတွေ့ရမည်မှာ မှန်ပေ၏။ သို့သော် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာ၌ ချမ်း သာပြီး ဝမ်းမြောက်ကြသည်။ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ဖြောင့် မတ် ခြင်းလမ်းကြောင်းကို လိုက်ကာ ယေရှုကို ချီးမြှောက်သင့်ပါသည်။
ဘုရားသခင်သည် အပြစ်သားအားလုံးတို့အား သူ၏သားသမီးများ၊ အပြစ်မဲ့သူများ၊ ဖြောင့်မတ်သူများအဖြစ်သို့ ရောက်စေပါသည်။ မည်သူ့အား ဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းရောက်လာကြောင်း သဘောပေါက်ထားရ မည်ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့၏အပြစ်အား လုံးကို ဆေးကြောခြင်းပြုနိုင်ခဲ့ပါသည်။ သင်သည် ဤသမ္မာတရားအပေါ် ယုံကြည်ခြင်းရှိမရှိသည် သင့်အပေါ်တွင်သာ မူတည်ပါသည်။ သင်သည်လည်း သင်၏အပြစ်မှဘုရားသခင်၏ ဖြောင့်မတ်ခြင်းအားဖြင့် အပြစ်မှ ကယ်တင်ခြင်း ရ၏။ ထိုသို့ဆိုသော် သင်မည်သို့ ပြုမည်နည်း။ သင်၏ယုံကြည်ခြင်းကို မနက် ဖြန်ထိ ရွှေ့ထားမည်လော။
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသည် သင်နှင့်အတူ ရှိပါစေသော။