တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[10-2] (ရောမသြဝါဒစာ ၁၀း၁၆-၂၁ ) ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏

(ရောမသြဝါဒစာ ၁၀း၁၆-၂၁ )
“သို့သော်လည်း လူအပေါင်းတို့သည် ဝမ်းမြောက်စရာသတင်းကို နားထောင်ကြသည်မဟုတ်။ ပရောဖက်ဟေရှာယစကား ဟူမူကား အိုထာ ဝရဘုရားအကျွန်ုပ်တို့ဟောပြောသော သတင်းစကားကို အဘယ်သူယုံ ပါသနည်းဟုဆို၏။ သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ် ၏။ ကြားနာခြင်းသည်လည်း ထိုဘုရားသခင်၏စကားတော်အားဖြင့်ဖြစ် ၏။ သို့ရာတွင် လူအပေါင်းတို့သည် မကြားရကြပြီလော။ အမှန်ကြားရကြ ပြီ။ သူတို့၏အသံသည် မြေတပြင်လုံး၌နှံ့ပြား၍၊ သူတို့၏စကားသည် မြေ ကြီးစွန်းတိုင်အောင်ရောက်လေပြီဟု ငါဆို၏။ တဖန်ငါဆိုသည်ကား သရေ လလူတို့သည်အမူကို မသိကြသလော။ မောရှေက၊ မရေရာသော လူမျိုး အားဖြင့်သင်တို့သည် ငြူစူသောစိတ်ရှိစေခြင်းငှါ၄င်းပညာမရှိသောလူမျိုး အားဖြင့် စိတ်ဆိုးစေခြင်းငှါ၄င်း ငါပြုမည်ဟု ရှေ့ဦးစွာဆို၏။ ဟေရှာယ သည် သာ၍ရဲရင့်စွာဆိုသည်ကား၊ ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ကြ ၏။ ငါ့အကြောင်းကိုမမေးမြန်းသော သူတို့၌ ငါထင်ရှားသည်ဟုဆို၏။ သ ရေလလူတို့ကို ရည်မှတ်၍ တဖန်မိန့်တော်မူသည်ကား နားမထောင် ငြင်း ဆန်တတ် သောလူမျိုးသို့ တနေ့လုံးငါသည် လက်ဝါးကို ဖြန့်ရပြီဟုဆိုသ တည်း။”
အခန်းငယ် (၁၇) ၌ သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအား ဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အား ဖြင့်ဖြစ်၏။ ပုဂ္ဂိုလ်တစ်ဦး၏ အပြစ်မှကယ်တင်နိုင်သည့် ယုံကြည်ခြင်း သည်မည်သည့်နေရာမှလာသနည်း။ စစ်မှန်သောယုံကြည်ခြင်းသည် ဘုရား သခင်၏ စကားတော် ကို ကြားနာခြင်းအားဖြင့် ဖြစ်သည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့်ဖြစ်သော သူ၏ဖြောင့်မတ် ခြင်းအကြောင်းကို ကျွန်ုပ်ဆက်လက် ပြောကြားလိုပါ၏။ ရောမသြဝါဒစာ ၃း၁၀-၂၀ ကို ကြည့်ခြင်းအားဖြင့် စတင်ကြပါစို့။
“ယုဒလူ၊လေဟသလူအပေါင်းတို့သည် အပြစ်ရှိကြောင်းကို အထက် ကပြခဲ့ပြီ၊ ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊တယောက်မရှိ။ လူတို့သည် လမ်းလွဲကြပြီ။တညီတညွတ်တည်းအသုံးမရသော သူဖြစ်ကြပြီ၊ ကောင်းသောအ ကျင့်ကို ကျင့်သောသူမရှိ၊တယောက်မှမရှိ။သူတို့၏လည် ချောင်းသည် ဖွင့်ထားသောသင်္ချိုင်းတွင်းဖြစ်၏၊သူတို့သည် လဋာနှင့်လှည့် စားတတ်ကြ၏၊ သူတို့နှုတ်ခမ်းသည် မြွေဆိုးအဆိပ်အ တောက်ရှိ၏၊သူတို့ နှုတ်သည် ကျိန်ဆဲသောစကား၊ ကြမ်းတမ်းသော စကားနှင့်ပြည့်ဝ၏၊သူတို့ ခြေသည် လူအသက်ကိုသတ်ခြင်းငှါ လျင်မြန်၏၊ သူတို့သွားရာလမ်း၏ ပျက်စီးခြင်း၊ ဆင်းရဲခြင်းရှိ၏၊ ချမ်းသာလမ်းကို သူတို့မသိကြပေ။ ဘုရား သခင်ကို ကြောက်ရွေ့ရသောအ ကြောင်းသည် သူတို့မျက်ရှေ့ မထင်ဟု ကျမ်းစာလာသတည်း။ညတ်တရား၏ပါသမျှသော စကားသည် ပညတ်တ ရားကိုခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ၏၊ထိုသို့ဖြစ် လောကီ သားအပေါင်းတို့သည်စကားတခွန်းကိုမှမပြောနိုင်ဘဲဘုရားသခင်ရှေ့တော်၌အပြစ်သင့်သောသူဖြစ်ကြ၏။ထိုသို့ပညတ် တရားသည်အပြစ်သည်ထင် ရှားစေသည်ဖြစ်သောကြောင့်ပညတ်တရား၏ အကျင့်အားဖြင့်ဘုရားသခင် ရှေ့တော်၏ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်။”
 
 
ကယ်တင်ခြင်းရရန်အတွက် ကျွန်ုပ်တို့သည် ဤကျမ်းပိုဒ်များကို မည်သို့နားလည်ထားရမည်နည်း။အစအဦးကတည်း၌ပင်ဖြောင့်မတ် သော သူနှင့်ဘုရားသခင်ကို ရှာဖွေသောသူတစ်ဦးမျှ မရှိပေ။ အားလုံးသည် အပြစ် သားများဖြစ်ကြပါသည်။ ၎င်းတို့ လည်ချောင်းသည် ဖွင့်ထားသော သင်္ချိုင်း တွင်းဖြစ်၏။ ၎င်းတို့လျှာသည် လှည့်စားတတ်ကြပြီး အထဲမှာ မြွေ ဆိုးအဆိပ်အတောက်ရှိကြ၏။ ၎င်းတို့ခြေသည် သွေးသွန်းစေခြင်းသို့လျှင် မြန်စွာသွားတတ်၏။ ၎င်းတို့သည် ငြိမ်သက်ခြင်းလမ်းကြောင်းသော်၎င်း၊ ၎င်းတို့မျက်စိ၌ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသော်လည်းကောင်း မရှိဘဲ မိမိတို့၏ပျက်စီးခြင်းလမ်းသို့သာ လိုက်တတ်ကြ၏။ ဘုရားသခင်၏ ဖြောင့် မတ်ခြင်းကိုမယုံကြည်မှီတွင်လူတိုင်းသည်အပြစ်သားများဖြစ်ကြပြီး ဘုရား သခင်ရှေ့၌ ၎င်းတို့သည် အပြစ်သားများဖြစ်ကြကြောင်း သိနိုင်သောနည်း မှာ ပညတ်တရားအားဖြင့် ဖြစ်သည်။
ကျွန်ုပ်တို့သည် ပညတ်တရားမရှိဘဲ အပြစ်ကိုမည်သို့သိနိုင်ပါသနည်း။ ဘုရားသခင်ကိုမည်သို့သိနိုင်ပါသနည်း။ ကျွန်ုပ်တို့ဘုရားသခင်ကို ကြောက် ရွံ့ခဲ့ကြဖူးပါသလား။ ရောမသြဝါဒစာ ၃း၁၈၌ ဘုရားသခင်ကို ကြောက်ရွံ့ ရသောအကြောင်းသည် သူတို့မျက်စိ၌ မထင်ဟု ဆိုထား၏။ ကျွန်ုပ်တို့၏ ဇာတိပကတိမျက်စိဖြင့် သူ့ကိုမြင်တွေ့ခဲ့ကြပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်တည်ရှိနေကြောင်းကိုသာ ကိုယ်ကိုကိုယ်သိသောစိတ်ဖြင့် သိခဲ့မည်ဖြစ်ပြီး သူ့ကိုမြင်တွေ့ခြင်း၊ ကြောက်ရွံ့ခြင်မရှိခဲ့ပေ။ ထိုသို့ဆိုသော် ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြကြောင်း မည်သည့်နည်းဖြင့် တွေ့ခဲ့ ပါသနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်တည်ရှိကြောင်းကို ရေးထားသော နှုတ်ကပတ်တော်ကို ကြားနာခြင်းအားဖြင့် သိလာကြ၏။ ဤအတွက် ကြောင့် ကြားနာခြင်းသည် နှုတ်ကပတ်တော်အားဖြင့် ဖြစ်သည်ဟု ဆိုခြင်း ဖြစ်သည်။
ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းခဲ့ကြောင်း ကျွန်ုပ်တို့သိ၏။ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာဦးကျမ်း ၁း၁ ၌ “အစအဦး ၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏ဟု ရေးထားသောကြောင့်ဖြစ်သည်။”ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် သာသူတည်ရှိနေကြောင်းသိရပြီးသူသည် စကြာဝဠာတစ်ခုလုံးကို ဖန်ဆင်း သူဖြစ်ကြောင်း သိနိုင်ခြင်းဖြစ်ပါသည်။ ၎င်းတို့သည် ဘုရားသခင်၏နှုတ် ကပတ်တော်မဟုတ်ခဲ့ပါက မည်သူကမျှ သူ့ကိုသိခြင်း၊ ကြောက်ရွှံ့ခြင်းရှိ မည်မဟုတ်ပေ။ ကျွန်ုပ်တို့တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ နှုတ်က ပတ်တရားတော်မရှိဘဲ အပြစ်ကိုသိနိုင်မည်မဟုတ်ပေ။
အခြားစကားလုံးဖြင့်ဆိုသော် ကျွန်ုပ်တို့သည် အခြေခံအားဖြင့် ဘုရား သခင်ကိုမသိဘဲ ကျွန်ုပ်တို့အပြစ်ကိုလည်း မတွေ့မမြင်ဘဲ အချည်းအနှီးဖြစ် သောအရာတို့ကို ကိုးကွယ်ခဲ့ကြပါသည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့အား ပညတ်တရားကိုပေးတော်မူ၏။ ဤနည်းဖြင့်ပင် ကျွန်ုပ်တို့ သည် ဘုရားသခင်ရှေ့၌ အပြစ်များကို သိလာကြပါသည်။ ယင်းသည် ပညတ်တော်ဆယ်ပါးနှင့် အသေးစိတ်ပညတ် ၆၁၃ ခုကြောင့် ကျွန်ုပ်တို့ အပြစ်များကို သိလာခဲ့ကြပါသည်။
ပညတ်တရားမရှိဘဲ မည်သူမျှ မိမိ၏အပြစ်ကို သိနိုင်ကြမည်မဟုတ် ပေ။လူတိုင်းသည်မိမိ၏အပြစ်သည်မည်သည့်အရာဖြစ်ကြောင်းနှင့် မည် သည့်အတွက်ကြောင့် အဖမ်းခံရကြောင်းကိုမသိဘဲ မိမိကိုယ်ကို အပြစ်မဲ့သူ အဖြစ်ပြောကြမည်ဖြစ်သည်။ဘုရားသခင်၏ပညတ်တရားမရှိပါက “ကျွန်ုပ် ဤနည်းအတိုင်း နေထိုင်သက်ရှင်ခဲ့ပါတယ်၊ လူတိုင်းကလည်းလုပ်ပါတယ်။ ဒီဟာဘယ်လို လုပ်အပြစ်ဖြစ်ရတာလဲဟုဆိုတာ ကျွန်ုပ်တို့၏ အပြစ်များကို သိနိုင်ကြမည်မဟုတ်ပေ။”
ဘုရားသခင်၏ပညတ်တရားကို ကြားနာသိမြင်ခြင်းအားဖြင့်သာလျှင် ကျွန်ုပ်တို့သည်အပြစ်များကိုသိမြင်သဘောပေါက်လာကြပါသည်။ ကျွန်ုပ် တို့ ၏အခြားသောဘုရားကို ကိုးကွယ်ခြင်း၊ ဘုရားသခင်၏ နာမတော်အား မုသားနှင့်ဆိုခြင်း၊ ဥပုဒ်နေ့ကို မစောင့်ထိန်းခြင်း၊ သူ့အသတ်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ ခိုးခြင်း၊ လိမ်ညာခြင်း၊ မနာလိုခြင်း ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်မရှင်ခြင်း၊ ဘုရားသခင်၏ ပညတ်တရား ပြောသည့်အတိုင်းအပြစ်ဖြစ်ကြသည်။ ပညတ်တော်အားဖြင့်သာ ကျွန်ုပ်တို့ သည် ဘုရားသခင်ရှေ့၌ အပြစ်သားဖြစ်ကြကြောင်းကို သိလာကြ၏။ ဤပညတ်တရားမရှိမှီတွင် ကျွန်ုပ်တို့၏ ကိုယ်ပိုင်အပြစ်ကိုပင် မသိကြပေ။
ထိုသို့ဆိုသော် ဘုရားသခင်ရှေ့၌ အပြစ်သားဖြစ်ကြောင်း ကျွန်ုပ်တို့ သိပြီးနောက်တွင် မည်သို့ပြုသင့်သနည်း။ ကျွန်ုပ်တို့အပြစ်များသည် မည် သည့်နည်းဖြင့် ခွင့်လွှတ်ခြင်းရနိုင်မည်ကို မေးရမည်ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုကြားနာခြင်းဖြင့် အပြစ်များကိုသိလာ ပြီးကျွန်ုပ်တို့ကယ်တင်ခြင်းလိုအပ်ကြောင်းကိုသိလာခဲ့သည်။ဆာလောင် သူ များသည် အစာကိုလိုအပ်ည်ဟု ခံစားသကဲ့သို့ပင် မိမိတို့သည် ဘုရားသခင် ၏ပညတ်ကို ချိုးဖောက်ပြီး အပြစ်သားများဖြစ်ကြသည်ဟု သိသူတို့သည် ကယ်တင်ခြင်းလိုအပ်ကြောင်းကိုသိလာကြပါသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့ သည်ယေရှုခရစ်အားဖြင့် သူ၏ဖြောင့်မတ်ခြင်းကို လိုအပ်ကြောင်း သိလာခဲ့ ပါသည်။ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်လာသည့်အတိုင်း ကျွန်ုပ်တို့၏အပြစ်များကို ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာခြင်း အားဖြင့် ဖြစ် လာခဲ့ပါသည်။
 
 
ကျွန်ုပ်တို့သည် အပြစ်သားဖြစ်ကြောင်း ယခုသိပြီဖြစ်၏။ ကျွန်ုပ်တို့၏ အပြစ်မှ ကယ်တင်ခြင်းရရန် မည်သည့်အရာကို ပြုရမည်နည်း
 
ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားနာလေ့လာ ခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်များကို သိလာသည့်အတိုင်း ကယ်တင်ခြင်း သည် ကျွန်ုပ်တို့စိတ်နှလုံးအတွင်းရှိယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ ရော မသြဝါဒ စာ-၃း၂၁-၂၂ ၌ “ယခုမူကား၊ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့ သည် သက်သေခံသည်နှင့်အညီ ပညတ်တရားနှင့်မစပ်ဆိုင်သော ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းတရားတည်းဟူသော-ယေရှုခရစ်ကို ယုံကြည်ခြင်း အားဖြင့် ယုံကြည်သောသူ အပေါင်းတို့အဘို့ဖြစ်၍ ထိုသူအပေါင်းတို့အပေါ် သို့ရောက်သောဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ထင်ရှားခဲ့ပြီး ခြားနားခြင်းအလျင်းမရှိ။”
ကျွန်ုပ်တို့သည် နှုတ်ကပတ်တရားတော်အတိုင်း အသက်မရှင်နိုင်ဘဲ နေကြသည့်အတိုင်း ဘုရားသခင်သည် သူ၏ပညတ်တရားကို ကျွန်ုပ်တို့ကို ပေးခြင်းဖြင့် သူ၏ရှေ့၌ အပြစ်သားများဖြစ်ကြကြောင်းကို ဆို၏။ အကျိုး အဆက်အားဖြင့် သူ့ရှေ့၌ အပြစ်သားများဖြစ်ကြကြောင်းကို ဆို၏။ အကျိုး အဆက်အားဖြင့် ကျွန်ုပ်တို့၌ မတူညီသော လိုအပ်ချက်နှစ်ခုတွေ့ရ၏။ ကျွန်ုပ်တို့သည် ပညတ်တရားအတိုင်း အသက်ရှင်လို၏။ တစ်ချိန်တည်း ၌ပင် ကျွန်ုပ်တို့သည် အပြစ်မှကယ်တင်ခြင်းကိုလည်း အပြင်းအထန်ရှာ ဖွေကြ၏။ သို့သော် “ပညတ် တရားတည်းဟူသော” ဟု ဆိုသည့်အတိုင်း အပြစ်မှကယ်တင်ခြင်းရလိုသော သူတို့သည် ပညတ်တရား၌ မဟုတ်ဘဲ ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရား၌ ယုံကြည်ရမည်ဖြစ်သည်။ ဤကယ် တင်ခြင်းသည် ပညတ်တရားကို နာခံခြင်းအားဖြင့် မလာဘဲယေရှုခရစ် အားဖြင့် ကျွန်ုပ်တို့ကို ကယ်တင်သည့်ဘုရားသခင်၏ ဖြောင့်မတ်ခြင်းမှ ဖြစ်သည်။
ထိုသို့ဆိုသော်ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ကယ်တင်ခြင်းသည် အဘယ်နည်း။ ယင်းသည် ဓမ္မသစ်နှင့် ဓမ္မဟောင်းကျမ်း၌ ပြောသည့်ရေနှင့် ဝိညာဉ်တော်သတင်းကောင်းဖြစ်သည်။ရေနှင့်ဝိညာဉ်တော်သတင်းကောင်း သည် ဓမ္မဟောင်းကျမ်း၌ ကယ်တင်ခြင်းအား ယဇ်ပူဖော်သည့်စနစ်၌ ယုံကြည်ခြင်းဖြင့်ဖော်ပြပြီး ဓမ္မသစ်ကျမ်းတွင် ယေရှု၏ဗတ္တိဇံနှင့် ကားတိုင် ပေါ်တွင်သေခံခြင်းဖြင့် ဖော်ပြသည်။ ရောမသြဝါဒစာ ၃း၂၁-၂၂ “ယခုမူ ကား၊ပညတ် ကျမ်းနှင့်အနာဂတ္တိကျမ်းတို့သည် သက်သေခံသည်နှင့်အညီ။ ပညတ်တရားနှင့်မစပ်ဆိုင်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား တည်းဟူသောယေရူခရစ်ကို ယုံကြည်ခြင်းအားဖြင့် ထိုသူအပေါင်းတို့အ ပေါ်သို့ရောက်သောဘုရားသခင်၏ဖြောင့်မတ်သောတရားသည် ထင်ရှား ခဲ့ပြီ။”
ထိုသို့ဆိုသော ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မည်သည့်နည်းဖြင့် လက်ခံရရှိနိုင်ပါမည်နည်း။ ကျွန်ုပ်တို့သည် ဘုရားသခင် ၏ ဖြောင့်မတ်ခြင်းအား ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်း တို့၌ သက်သေပြ ထားသည့်အတိုင်း ယေရှုသည် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ကယ်တင်ရှင် ဖြစ်ပြီး အပြစ်မှကယ်တင်ခဲ့ကြောင်းကို ယုံကြည်ခြင်းဖြင့်ဖြစ်သည်။
 
အခြားစကားလုံးဖြင့်ဆိုသော ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖြောင့် မတ်ခြင်းအား ဓမ္မဟောင်း ကျမ်း၏ ပရောဖက်နှင့် ပညတ်တရားတို့၏ သက်သေ ခံသည့်အတိုင်း သူ၏နှုတ်ကပတ်တော်၌ ယုံကြည်ခြင်းအားဖြင့် လက်ခံရရှိ ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပညတ်တရားနှင့် ပရောဖက် တို့က သက်သေဖြစ်ကြောင်းကို ရောမသြဝါဒစာစောင် နှင့် ဟေဗြဲသြဝါဒစာစောင်၏ ပထမအခန်းတွင် တွေ့ရသည်။
ယေရှုသည် ကျွန်ုပ်တို့အား ကယ်တင်ရန် ြွကလာခဲ့ခြင်းသည် ဘုရားသ ခင်အားဖြင့် ကျွန်ုပ်တို့ကို ကတိတော်ထားသည့် ကယ်တင်ခြင်းဖြစ်သည်။ ဤကတိတော်သည် ပညတ်တရားအောက်၌ ပျက်စီးခြင်းသို့ ဦးတည်နေသော သူများအတွက် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာကပင် စီမံခဲ့ပြီး ဖြစ်ပါသည်။ သူသည် ကျွန်ုပ်တို့ယခင်က ရှိခဲ့သော သူ၏အစေခံများဖြင့် မည်ကဲ့သို့ စီမံခဲ့ ကြောင်းကို မကြာခဏမိန့်တော်မူခဲ့ပါသည်။
ဥပမာအားဖြင့် အချို့သောကျမ်းပိုဒ်များကို ကြည့်ကြပါစို့။ ဝတ်ပြုရာ ကျမ်း ၁၆း၂၁ ]]အာရုန်သည် အသက်ရှင်သော ဆိတ်ခေါင်းပေါ်မှာ လက်နှစ် ဖက်ကိုတင်လျက် ဣသရေလအမျိုးသားတို့၏ ဒုစရိုက်မှစ၍ ပြစ်မှားသောအပြစ် အမျိုးမျိုးရှိသမျှတို့ကို ဘော်ပြ၍ ဆိတ်ခေါင်းပေါ်မှာ တင်ထားပြီးလျှင်၊ တော်လျော်သော လူတွင် တောသို့စေလွှတ်ရမည်}} ဟု တွေ့ရ၏။ ရောမသြဝါ ဒစာ ၃း၂၁-၂၂ ၌ ဘုရားသခင်၏ ဖြောင့်မတ် ခြင်းသည် ပညတ္တိကျမ်းနှင့်အနာဂတ္တိကျမ်း တို့မှ သက်သေခံခဲ့သည့်အတိုင်း ဟုဆိုရာတွင် ယေရှု၏ပြည့်စုံသော ကယ်တင်ခြင်းသည် ဓမ္မဟောင်းကျမ်းရှိ ယဇ်ပူဇော်ခြင်းစံနစ်နှင့် ဟေရှယ၊ယေဇကျေလနှင့် ယေရမိ၊ ဒံယေလစ သော ပရောဖက်တို့ဖြင့် ထင်ရှားဖော်ပြခဲ့ကြောင်းပင် ဖြစ်သည်။
အခြားစကားလုံးဖြင့်ဆိုသော် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်း ကတိတော်ကို မည်သို့ထိန်းသိမ်းမည် ဖြစ်ကြောင်း ဓမ္မဟောင်းကျမ်းစကား အားဖြင့် ဖော်ပြထားခဲ့ပြီးဖြစ်သည်။ သူသည်ယေရှုကို စေလွှတ်ပြီး လောက ၏အပြစ်များကို ဗတ္တိဇံခံယူခြင်းဖြင့် သယ်ဆောင်ကာ သူ၏အသွေး တော်ဖြင့် ကျွန်ုပ်တို့၏အပြစ်ကြွေးကို ဆပ်ပြီးအပြစ်မှ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြင့်ကယ်တင်ခဲ့သည်။ထို့ကြောင့်ကျွန်ုပ်တို့၏ကယ်တင်ခြင်း သည်ပညတ်တရားအားဖြင့်မဟုတ်ဘဲပရောဖက်နှင့် ပညတ္တိကျမ်းတို့ သက် သေခံခဲ့သည့်အတိုင်းဘုရားသခင်၏ဖြောင့်မတ်ခြင်းအားဖြင့်ဖြစ်သည်။
ကျွန်ုပ်တို့သည် ယေရှုခရစ်အားဖြင့် ပြည့်စုံစေခဲ့သည့်ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအားဖြင့် ကယ်တင်ခြင်းရခဲ့သည်ဟု ဘုရားရှင်မိန့်တော်မူခဲ့ ၏။ ကျွန်ုတို့၏ယုံကြည်ခြင်းသည် ယေရှု၏နှုတ်ကပတ်တော်ကို ကြား နာခြင်းမှ ဖြစ်သည်။ ယေရှုသည် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်ကြောင်းကို မည်သည့်နည်းဖြင့် သိရှိယုံကြည်နိုင်ပါသနည်း။ ယေရှုသည် ကတိတော်နှင့် ကြံစည်တော်မူထားသည့်အတိုင်းကျွန်ုပ်တို့အားကယ်တင်ခဲ့သည်ဟု ဘုရား သခင်သည် သူ၏အစေခံများကို ပြောခဲ့သည့်အတိုင်း (ဒံ ၉း၂၄) “လွန်ကျူး ခြင်းအမှုကို ဆီးတား၍ အပြစ်တံဆိပ်ခတ်စေခြင်းငှါ၎င်း၊ ဒုစရိုက်အပြစ်ကို ဖြေရှင်း၍ ထာဝရကုသိုလ်ကို သွင်းစေခြင်းငှါ၎င်း၊ ဗျာဒိတ်ရူပါရုံနှင့် အနာ ဂတ္တိဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်၍၊ အလွန်သန့်ရှင်းသောအရပ်ဌာနကို လိမ်းစေခြင်းငှါ၎င်း၊ သီတင်းခုနှစ်ဆယ်ကို သင်၏အမျိုးသားချင်းအဖို့နှင့် သင်၏သန့်ရှင်းသောမြို့အဖို့ ဆုံးဖြတ်ခြင်းရှိ၏။”
 
 
ဘုရားသခင်သည် ကျွန်ုပ်လူတို့အား သီတင်းခုနစ်ဆယ်ကို ထားလေ၏
 
ကျွန်ုပ်တို့သည် ဒံယေလအနာဂတ္တိကျမ်းထဲမှ ဖြစ်သည့် အထက်ပါ ကျမ်းပိုဒ်အားဖြင့် စတင်ပါသည်။ ဤကျမ်းပိုဒ်က ဖော်ပြထားသည်မှာ ဗေဗု လုန်နိုင်ငံအားဖြင့် လဲကျသွားမည့် ယေရုရှလင်မြို့အကြောင်းဖြစ်သည်။ ဣသရေလ လူတို့၏ရုပ်တုကိုးကွယ်ခြင်းကြောင့် ဗေဗုလုန်လူတို့အားဖြင့် ထောင်သားများအဖြစ် နှစ်ပေါင်းခုနှစ်ဆယ် ကျွန်ခံရမည်ဟုဖြစ်သည်။ ဘုရားသခင်သတ်မှတ်ထားခဲ့သည့်အတိုင်းဣသရေလလူတို့သည် ဗေဗုလုန် လူတို့၏ တိုက်ခိုက်လွှမ်းမိုးခြင်းကိုခံရပြီး ပြန်လည်တုံ့ပြန်ခြင်း မပြုနိုင်ဘဲ သုံးပန့်များအဖြစ်ခေါ်သွားပြီးမှ ကျွန်အဖြစ်သို့ ရောက်စေပါသည်။ သုံးပန့် များအဖြစ်ခေါ်သွားသောသူတို့ကြားထဲတွင်ဗေဗုလုန်ဘုရင်တို့က အကြံပေး သူအဖြစ်အသုံးပြုခဲ့သည့် ဒံယေလကဲ့သို့သော ပညာရှိများပါဝင်၏။
ထို့ကြောင့် ဘုရားသခင်သည် ဣသရေလလူတို့အား ၎င်းတို့၏အပြစ် ကြောင့် ဤနည်းဖြင့်ဆုံးမတော်မူခဲ့၏။ သို့သော် ဘုရားသခင်သည် ဂရုဏာ တော်နှင့်ပြည့်စုံတော်မူသောကြောင့်သူ၏အမျက်တော်ကို ထာဝရထားခြင်း မရှိဘဲ သီတင်းခုနှစ်ဆယ်၌ လွတ်မြောက်ခွင့်ပေးရန် စီမံတော်မူထားခဲ့၏။
“လွန်ကျူးခြင်းအမှုကို ဆီးတား၍ အပြစ်တံဆိပ်ခတ်စေခြင်းငှါ၎င်း၊ ဒုစရိုက်အပြစ်ကိုဖြေရှင်း၍ ထာဝရကုသိုလ်ကို သွင်းစေခြင်းငှါ၎င်း၊ ဗျာဒိတ် ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်၍၊ အလွန်သန့်ရှင်း သောအရပ်ဌာနကို လိမ်းစေခြင်းငှါ၎င်း၊ သီတင်းခုနှစ်ဆယ်ကို သင်၏အ မျိုးသားချင်း အဖို့နှင့်သင်၏သန့်ရှင်းသောမြို့အဖို့ ဆုံးဖြတ်ခြင်းရှိ၏”။ ဘုရားသခင်ရှေ့၌ဒံယေလသည် နောင်တရပြီး သူ့လူတို့၏ကိုယ်စား ဆု တောင်းအသနားခံပြီး လွှတ်မြောက်ခွင့်တောင်းချိန် ဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်ပြီး အထက်ပါကျမ်းပိုဒ်ကို မိန့်တော်မူခဲ့၏။ ဤကျမ်းပိုဒ်သည် ဘုရားသခင်၏ ဒံယေလအား သူ့လူတို့၏ အပြစ်များသီ တင်းခုနှစ်ဆယ်ပြီးနောက်တွင် ခွင့်လွှတ်မည်ဟုဆိုသောကတိတော်ဖြစ် သည်။
ဣသရေလလူတို့သည် များစွာသောအပြစ်တို့ကို ကျူးလွန်သော ကြောင့် ဘုရားသခင်ဆုံးမတော်မူခဲ့ပြီး သီတင်းခုနှစ်ဆယ် ကျွန်ခံခြင်းအဖိုး အခအတွက် ၎င်းတို့၏ယခုအပြစ်အားလုံးတို့ကို လွှတ်တော်မူခဲ့သည်။ အ ပြစ်ခံရခြင်းမှ ရွေးနှုတ်ကယ်တင်ခြင်းပြီးနောက် ဣသရေလလူတို့၏ အပြစ် မရှိတော့ပေ။ ဆိုးညစ်ခြင်းအတွက် ပြန်လည်သင့်မြတ်စေခြင်းများ ပြုပြီး သောအခါ ထာဝရဖြောင့်မတ်ခြင်းရောက်လာပြီး ရူပါရုံနှင့် ဗျာဒိတ်တော်တို့ သည် တံဆိပ်ခတ်ထားပြီး ယေရမိထံ၌ ဘုရားရှင်မိန့်တော်မူထားခဲ့သည့် အရာရှိသမျှတို့ပြည့်စုံခြင်းသို့ရောက်၏။ သီတင်းခုနှစ်ဆယ် ကျွန်ခံခြင်းအား ဖြင့် ဤအရာတို့ဖြစ်လာပြီးဣသရေလလူတို့သည် မိမိတို့အိမ်သို့ ပြန်လာခဲ့ ကြပါသည်။
ဤအရာသည် ဒံယေလထံသို့ဘုရားသခင်ကသူ၏ကောင်းကင် တမန် အားဖြင့်မိန့်တော်မူထားချက်ဖြစ်ပါသည်။ ဤကတိတော်တို့သည် ဣသရေ လလူတို့အတွက် ဖြစ်ပြီးယင်း၌ ဝိညာဉ်ရေးရာထူးခြားမှုလည်း ရှိ၏။ ဘုရားသခင်သည် ဣသရေလူတို့နှင့် ၎င်းတို့၏ သန့်ရှင်းသောမြို့တော် အတွက်သီတင်းခုနှစ်ဆယ်ကိုထားသည့်အတိုင်းဘုရားသခင်သည်ကျွန်ုပ်တို့ ၏သန့်ရှင်းသောကောင်းကင်မြို့ဘုရားသခင်၏နိုင်ငံတော်ကို ယုံကြည်သူ တို့အတွက် ပြင်ဆင်ထား၏။
ရောမသြဝါဒစာ၌ “ယခုမူကား၊ ပညတ္တိကျမ်းနှင့်အနာဂတ္တိကျမ်းတို့ သည် သက်သေခံသည်နှင့်အညီ ပညတ်တရားနှင့်မစပ်ဆိုင်သော ဘုရား သခင်၏ဖြောင့်မတ်ခြင်းတည်းဟူသော”ဟု လာ၏။ ယေရှုသည် ဤလော ကသို့ ကြွလာကာဗတ္တိဇံခံယူပြီး ကားတိုင်ပေါ် အသေခံခြင်းဖြင့် အပြစ်ကျူး လွန်မှုအားလုံးတို့သည် ကွယ်ပျောက်သွား၏။ ကျွန်ုပ်တို့အပြစ်များ ဆုံးခန်း သို့ရောက်ပြီး ထာဝရဖြောင့်မတ်ခြင်းသည် ထင်ရှားခဲ့ကာ ရူပါရုံနှင့် ပရော ဖတ်ပြုခြင်းတို့အဆုံးသတ်၏။ ဒံယေလ အနာဂတ္တိကျမ်းထဲမှ ကျမ်းပိုဒ် သည် အလွန်သန့်ရှင်းသောအရပ်ဌာနကို လိမ်းစေခြင်းငှာဟု အဆုံးသတ် ထား၏။ ဤအရာက ဘာကို ဆိုလိုပါသနည်း။ အလွန်သန့်ရှင်းသောဆို သည်မှာ ဤလောကသို့ လိမ်းခြင်း ခံရန် ြွကလာမည့် ယေရှုခရစ်ကို ဆိုလို၏။
လိမ်းစေခြင်းငှါဆိုသည်မှာ ဘာကိုဆိုလိုပါသနည်း။ ယင်းမှာ ယေရှု သည် ရှင်ဘုရင်အရာ၊ ယဇ်ပုရောဟိတ်အရာနှင့် ပရောဖက်အရာကို ခံယူ မည်ဟုဆိုခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ရှင်ဘုရင်၊ ယဇ်ပရောဟိတ်နှင့် ပရောဖက်ဖြစ်သည့်အတိုင်း ယေရှုသည် ဘုရားသခင်၏ အလိုတော်အ တိုင်းကျွန်ုပ်တို့အားအပြစ်မှကယ်တင်မည်ဖြစ်သည်။ ဒံယေလထံ၌ ကောင်း ကင်တမန်အားဖြင့် ပရောဖက်ပြုထားသည့်အတိုင်း ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏ အပြစ်အားလုံးကို သူ့ထံ၌ယူဆောင်ပြီး ကျွန်ုပ်တို့ကိုယ်စား စီရင်ခြင်းခံခဲ့ပါသည်။
ယုံကြည်ခြင်းသည် ကြားနာခြင်းမှလာ၏။ ထိုသို့ဆိုသော် ကျွန်ုပ်တို့ အနေဖြင့်ဤဘုရားသခင်၏ဖြောင့်မတ်ခြင်းသတင်းကောင်းကို မည်သို့ ကြားပြီး ယုံကြည်နိုင်ပါမည်နည်း။ ယေရှုခရစ်သည် ကျွန်ုပ်တို့၏ ကယ်တင် ရှင်ဖြစ်ကြောင်း ကျွန်ုပ်တို့မည်သို့ ယုံကြည်နိုင်ပါမည်နည်း။ ကျွန်ုပ်တို့သည် ဓမ္မဟောင်းနှင့် ဓမ္မသစ်၌ ဘုရားသခင်၏ အစေခံနှင့်ပရောဖက်တို့အားဖြင့် ပြောထားသည့် စကားအတိုင်း ယုံကြည်နိုင်ပါသည်။ ထို့ကြောင့် ပေါလုက ယုံကြည်ခြင်းသည် ကြားနာခြင်းဖြင့်ဖြစ်ပြီး ဤကြားနာခြင်းသည် နှုတ်က ပတ်တော်အားဖြင့် ဖြစ်သည် ဟုဆို၏။
ဓမ္မဟောင်းကျမ်းရှိ ပရောဖက်များဖြစ်သည့် ဒံယေလနှင့် ဟေရှာယ တို့သည် ယေရှုခရစ်ကြွလာတော်မူမည်ဟု ပရောဖက်ပြုခဲ့ကြ၏။ ဟေရှာ ယ၌ အထူးသဖြင့် ပရောဖက်ပြုထားချက်မှာ “သို့သော်လည်း ထိုသူသည် ငါတို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ဒါဏ်ခတ် တော်မူခြင်းကို၎င်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကို၎င်း ခံသော သူဖြစ်သည်ဟု ငါတို့သည် ထင်မှတ်ကြပြီ။ ဟေရှာယ အနာဂတ္တိကျမ်း}} - ၅၃း၄- အငယ်ရ၌ “ထိုသူသည် ညှည်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ နှုတ်ကို မဖွင့်ဘဲနေ၏။ အသေသတ်ခြင်းငှါ ဆောင်သွားသောသိုးသူငယ်ကဲ့သို့ သူ့ကို ဆောင်သွား၍ သိုးသည် အမွှေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့ သူသည် နှုတ်ကိုမဖွင့်ဘဲနေ၏”ဟု လာ၏။
ယေရှုသည် အပျိုစင်အားဖြင့် ဤလောက၌ ဖွားမြင်ပြီး နှစ်ပေါင်း ၃၃ နှစ်အသက်ရှင်ကာ ဗတ္တိဇံခံပြီး ကားစင်တွင် အသက်ခံပြီး သုံးရက်မြောက် သောနေ့၌ ရှင်ပြန်ထမြောက်မည်ဟု ဟေရှာယအချိန်၌ မည်သူကများ ယုံကြည်ခဲ့ပါမည်နည်း။ သို့ဖြစ်သည့်တိုင် ဤအရာအားလုံး ဖြစ်ပျက်လာ မည်ဟု ဟေရှာယသည် ယေရှုခရစ်မြွကလာမှီ နှစ်ပေါင်း ၇၀ဝ ကတည်းမှ ပင် ပရောဖတ်ပြုခဲ့ပြီးဖြစ်သည်။ ယေရှုသည် ကျွန်ုပ်တို့၏ဝေဒနာနှင့် အပြစ် များကို သယ်ဆောင်သွားမည်ဟု သက်သေခံပါသည်။ ဤအတွက်ပေါ လုသည် ရောမသြဝါဒစာကို ရေးသားချိန်တွင် ဓမ္မဟောင်းကျမ်းမှ စကား လုံးများကို မကြာခဏ အသုံးပြုကာ ယေရှုသည် ဤလောကသို့ ကြွလာပြီး ကျွန်ုပ်တို့အပြစ်များကို သယ်ဆောင်သွားကာ သူ၏ဖြောင့်မတ်ခြင်းဖြင့် ကယ်တင်ခဲ့ကြောင်းကို ဘုရားသခင်၏ လူတို့မည်သို့သက်သေခံခဲ့ကြောင်း ရေးသားခဲ့သည်။
 
 
လူအပေါင်းတို့သည် ဒုစရိုက်ကိုပြုကြ၏
 
ရောမသြဝါဒစာ - ၃း၂၃-၂၄ ၌ “အဘယ်ကြောင့်နည်းဟူမူကား လူအ ပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ။ ယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့် အဖိုးကိုမပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏”ဟု ဆို၏။ ကျွန်ုပ် တို့သည် အပြစ်၌မွေးဖွားခဲ့ပြီး အားလုံးဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြသော ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့၌ အသရေပျက်ကြ၏။ သို့သော် ကျွန်ုပ်တို့သည်အဖိုးကိုမပေးဘဲဘုရားသခင်၏ကျေးဇူးတော်ကြောင့် ဖြောင့် မတ်ရာသို့ ရောက်ကြ၏။ ကျွန်ုပ်တို့၏ ဖြောင့်မတ်ရာသို့ရောက်ရခြင်းသည် အဖိုးအခပေးစရာမလိုဘဲ အခမဲ့ဖြစ်သည်။ ကျွန်ုပ်တို့၏အပြစ်အတွက် ကိုယ်တိုင်ပေးဆပ်စရာမလိုတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ယေရှုသည် ကျွန်ုပ်တို့အပြစ်အားလုံးကို ယူဆောင်ပြီး သူ၏အသက်တာဖြင့် အဖိုးခကို ပေးကာသူ့ကို ယုံကြည်သော ကျွန်ုပ်တို့ကို ကယ်တင်ခဲ့ပါသည်။
အပြစ်အားလုံးမှ ကယ်တင်ခြင်းရရန် ယုံကြည်ခြင်းဟု ဆိုရာ၌ ကျွန်ုပ်တို့ဘာကိုဆိုလိုသနည်း။ ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ ယုံကြည် ခြင်းကိုသာ ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ ယုံ ကြည်ခြင်းသည်အကျင့်နှင့်မဆိုင်ဘဲကျွန်ုပ်တို့၏နှလုံးသားနှင့်သာစပ်ဆိုင်ပါ သည်။ ကျွန်ုပ်တို့သည် သခင်ဘုရား၏စကားကို ကြားပြီး စိတ်နှလုံးဖြင့် ယုံကြည်ပါ၏။ကျွန်ုပ်တို့အားအပြစ်များမှကယ်တင်ရန်အတွက်ကျွန်ုပ်တို့သ ခင်ဘုရားဤလောကသို့ ကြွလာပြီး ဘုရားသခင်၏ သိုးသူငယ်ဖြစ်လာကာ ဗတ္တိဇံဆရာယောဟန်အားဖြင့် ဗတ္တိဇံခံယူပြီးလောက၏အပြစ်များကို သယ်ဆောင်သွားကာ ကားတိုင်ပေါ်တွင်အသေခံပြီး သုံးရက်မြောက်သော နေ့၌ သေခြင်းမှရှင်ပြန်ထမြောက်ပြီး ခမည်းတော်၏လက်ယာဘက်တွင် ထိုင်နေတော်မူ၏။
ယေရှုသည် လောက၏ အပြစ်အားလုံးတို့ကို သူ့အပေါ်တွင် တင် ဆောင်ပြီး အပြစ်များတွက် သူ့အသက်ကို ပေးကာ ပြစ်ဒဏ်ခံယူခဲ့ပြီး သေခြင်းမှ ကျွန်ုပ်တို့ကို ကယ်တင်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် ဤအရာကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရခဲ့ပါသည်။ ကျွန်ုပ်တို့ကယ်တင်ခြင်း သည် ယုံကြည်ခြင်းအားဖြင့်ဖြစ်ပြီး ယုံကြည်ခြင်းသည် ဘုရားသခင်၏ ရေး ထားသောနှုတ်ကပတ်တော်အားဖြင့် ဖြစ်သည်။
“ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်သည်။” ကျွန်ုပ်တို့သည် စိတ်နှလုံးဖြင့်ယုံကြည်ကြ၏။ ကျွန်ုပ်တို့၏ညာဏ်ပညာသည် ဗဟုသုတအ တွက်ဖြစ်ပြီးခန္ဓာကိုယ်သည်အလုပ်လုပ်ရန်အတွက်ဖြစ်ကာ ကျွန်ုပ်တို့စိတ် နှလုံးဖြင့် ယုံကြည်ကြခြင်းဖြစ်သည်။ ထိုသို့ဆိုသော် ကျွန်ုပ်တို့စိတ်နှလုံးဖြင့် မည်သည့် နည်းနှင့်ယုံကြည်သင့်ပါသနည်း။ ဘုရားသခင်၏ နှုတ်ကပတ် တော်ကို ကြားနာခြင်းဖြင့် သူ၏သတင်းကောင်းကို ကြားနိုင်ကာ ယုံကြည် ခြင်းရှိနိုင်၏။ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ကယ်တင်ခြင်းရနိုင်ပါသည်။ ကျွန်ုပ်တို့ယုံကြည်သောအခါ နှုတ်ကပတ်တော်အားဖြင့် ယုံကြည်၏။ ယင်းမှာ ယေရှုသည် ကျွန်ုပ်တို့၏ အပြစ်များအား သူ၏ဗတ္တိဇံအားဖြင့် ခံ ယူပြီးသယ်ဆောင်သွားကာကားတိုင်ပေါ်တွင်အသေခံပြီးသေခြင်းမှ ရှင်ပြန် ထမြောက်တော်မူ၏။
ဘုရားသခင်၏နှုတ်ကပတ်တော်၌ယုံကြည်ရန်ဆိုသည်မှာသူ၏ဖြောင့် မတ်ခြင်း၌ ယုံကြည်ရန်ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်မ ကြား ဘဲယုံကြည်ခြင်းသည် အချည်းအနှီးဖြစ်၏။ ဘုရားသခင်သည် တစ်စုံတစ် ဦး၏အိပ်မက်အားဖြင့်ဖော်ပြသည်ဆိုခြင်းမျိုးသည်လိမ်ညာမှုဖြစ်သည်။
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းတစ်ခုတည်းအားဖြင့်သာ ကယ်တင်ခြင်း ရပါသည်။ ရောမသြဝါဒစာ -၃း၂၄-၂၆ ကို နောက်ထပ်တစ်ကြိမ် ဖတ်ကြည့် ပါစို့။“ယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့် အဖိုးကိုမပေးဘဲ ဘုရားသ ခင်၏ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်ရကြ၏။ ဘုရားသခင် သည် သည်းခံတော်မူ၍ လွန်ခဲ့ပြီးသော ဒုစရိုက်အပြစ်များကို မှတ်တော်မ မူရာတွင်ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေခြင်းငှါ၎င်း၊ ယခုကာ လ၌ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ၍ယေရှုကို ယုံကြည်သော သူတို့၏အပြစ်ကို လွှတ်တော်မူသော်လည်း၊ တရားသဖြင့် ပြုတော်မူခြင်းငှါ ၎င်း၊ ယေရှုခရစ်၏အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငှါ ခန့်ထားတော်မူပြီ။” ကျွန်ုပ်တို့သ ခင်ဘုရားသည် ကျွန်ုပ်တို့ အပြစ်ဖြေစရာအကြောင်းဖြစ်ပါသည်။ ကျွန်ုပ်တို့ အပြစ်ကြောင့် ဘုရားသခင်၏ရန်သူများဖြစ်ခဲ့ကြပါသည်။ သို့သော် ယေရှု သည် ကျွန်ုပ်တို့အတွက် သူ၏ဗတ္တိဇံ၊ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း အားဖြင့် အပြစ်ဖြေစရာဖြစ်ခဲ့ပါသည်။
ရောမသြဝါဒစာ ၃း၂၅၏ အလယ်၌ “လွန်ခဲ့ပြီးသော ဒုစရိုက်အ ပြစ်များကိုမှတ်တော်မမူရာတွင် ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ ၍၊ယခုကာလ၌ဖြောင့်မတ်ခြင်းတရားတော်ကိုထင်ရှားစေ၍”ဟု တွေ့ရ၏။ ဤကျမ်းပိုဒ်က ပြောသည်မှာဘုရားသခင်သည် စိတ်ရှည်စွာဖြင့် အချိန်ကြာ မြှင့်စွာ စောင့်ခဲ့ပြီး တရားစီရင်ခြင်းနေ့ရက်ထိတိုင်အောင် စောင့်မည်ဟု ဖြစ်ပါသည်။ ယေရှုခရစ်၌ ယုံကြည်သောသူ ရေနှင့်အသွေးတော်အားဖြင့် ကယ်တင်ခြင်းကို ယုံကြည်သောသူတို့အတွက် ယေရှုသည် အပြစ်ဖြေရာ ဖြစ်လာခဲ့ပါသည်။ အပြစ်ဖြေစရာအကြောင်းဆိုသည်မှာ ဘုရားသခင်သည် သူ၏သတင်းကောင်းကိုကြားပြီး ယုံကြည်သောသူ ယေရှု၏ရေနှင့်အသွေး တော်ကို ယုံကြည်သောသူတို့ကို လွှတ်တော်မူ၏ဟုဆို၏။
ကျွန်ုပ်တို့အသက်တာ၌ မကြာခဏမှားယွင်းပေမည်။ သို့သော် ဤ သို့ဖြစ်ရခြင်းမှာ ကျွန်ုပ်တို့အသွေးအသား၏ အားနည်းခြင်းကြောင့် ဖြစ်ကာ ယေရှု၏ကယ်တင်ခြင်းကိုကျွန်ုပ်တို့မငြင်းပယ်သောကြောင့် ဤအပြစ်အား လုံးတို့ကို ဘုရားသခင်သည် အပြစ်များဟုမြင်တော့မည်မဟုတ်ပေ။ အခြား စကားလုံးဖြင့်ဆိုသော်ဘုရားသခင်သည် ယေရှုခရစ်၏ ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို နှလုံးသား၌ ယုံကြည်ခြင်းကယ်တင်ခြင်းရသော သူတို့ ၏အပြစ်ကို လွှတ်တော်မူ၏ဟုဖြစ်သည်။
ထိုသို့ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များကို အဘယ့် ကြောင့်လွှတ်တော်မူသနည်း။ သူသည် သန့်ရှင်းဖြောင့်မတ်သောဘုရား ဖြစ်လျှက်မည်သို့သောနည်းဖြင့်ဤသို့သောအပြစ်ကို မသိကျိုးကျွန်ပြုနိုင်ပါ သနည်း။ ဤသို့ဖြစ်ရခြင်းမှာ ယေရှုသည် ဤလောကသို့ကြွလာပြီး ဗတ္တိဇံ ခံယူခဲ့သောကြောင့်ဖြစ်သည်။ လွန်ခဲ့ပြီးသောအပြစ်ဒုစရိုက်များကိုမှတ် တော်မမူခြင်းမှာ ယေရှုသည် သူ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်မှ အသေခံခြင်း ဖြင့် လောက၏အပြစ်ကိုပယ်ရှင်းဖြစ်သောကြောင့်ဖြစ်သည်။ ယခင် ကျူး လွန်ခဲ့သောအပြစ်ဒုစရိုက်ဆိုသည်မှာ ကျွန်ုပ်တို့၏မူလ အပြစ်သက်သက် ကို ဆိုလိုခြင်းဖြစ်ပါသလား။ မဟုတ်ပါ။ ၎င်းတို့သည် ကျွန်ုပ်တို့၏ မူရင်းအ ပြစ်ဖြစ်မည်ဟုထင်ရသော်လည်း ကျွန်ုပ်တို့၏ထာဝရအဘအတွက် ထာဝရ သည် အတိတ်၌ ဖြစ်သည်။
ထာဝရအမြင်ဖြင့်ကြည့်မည်ဆိုပါကဤလောကရှိအချိန်သည်အတိတ် အဖြစ်မြင်ရ၏။ ဤကမ္ဘာကြီး၌ အစရှိ၏။ သို့သော် ဘုရားသခင်သည် ထာဝရဖြစ်၏။ ထို့ကြောင့် သူ၏အချိန်အား ကျွန်ုပ်တို့၏ လောကအချိန်နှင့် နှိုင်းယှဉ်သောအခါ လောက၏အပြစ်အားလုံးတို့သည် အတိတ်ကာလ၌ ကျူးလွန်ခဲ့သကဲ့သို့ပင် ဖြစ်သည်။ “လွန်ခဲ့ပြီးသော ဒုစရိုက်အပြစ်များကို မှတ်တော်မမူရာတွင်ဖြောင့်မတ်ခြင်း တရားတော်ကို ထင်ရှားစေခြင်း ငှါဟုဖြစ်သည်။” ဤအတွက်ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်များကို မမြင်ခြင်းဖြစ်သည်။ သူသည် မျက်မမြင်သောကြောင့် မဟုတ်ဘဲသူ၏သားတော်ယေရှုခရစ်သည်ကျွန်ုပ်တို့အတွက် အဖိုးအခပေး ခဲ့ပြီးသောကြောင့်ဖြစ်သည်။ ခရစ်တော်၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သေခြင်းက ကျွန်ုပ်တို့အပြစ်များကို ဆေးကြောပေးသောကြောင့် ကျွန်ုပ်တို့ သည် ဘုရားသခင်ရှေ့တော်၌ အမှန်ပင် အပြစ်မဲ့သူများအဖြစ် ရှိပါသည်။ 
ယေရှုခရစ်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကိုပြည့်စုံစေပြီး ယင်း၌ယုံကြည်သောသူတို့အား ကယ်တင်ကာ အပြစ်များကိုယူဆောင် သွားသောကြောင့်ဘုရားသခင်သည်မည်သည့်နည်းဖြင့်အပြစ်များကို တွေ့ မြင်နိုင်ပါတော့မည်နည်း။ဤနည်းဖြင့်ဘုရားသခင်သည်သူ၏ ဖြောင့်မတ် ခြင်းကို ထင်ရှားဖော်ပြခဲ့ပါသည်။ လွန်ခဲ့ပြီးသောဒုစရိုက်များကိုမှတ်ယူ တော်မူခြင်းမရှိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော်ခရစ်တော်ကပေး ဆပ်ခဲ့ပြီး သောကြောင့်ဖြစ် သည်။
ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၌ယုံကြည်ခြင်းသည် ခရစ်တော်၏ နှုတ်ကပတ်တော်အားဖြင့်ဖြစ်၏။ အဘယ့်ကြောင့် ဆိုသော်ခရစ်တော်၏စ ကားတော်၌ပင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းပါဝင်သောကြောင့် ဖြစ် သည်။သူ၏ဖြောင့် မတ်ခြင်းကိုဖော်ပြသောအားဖြင့်ဘုရားသခင်သည်သူ၏ ဖြောင့်မတ်ခြင်းကိုသာဖော်ပြသည်မဟုတ်ဘဲယေရှုခရစ်၌ ယုံကြည်သော သူတို့၏ ဖြောင့်မတ်ခြင်းကိုလည်းဖော်ပြခဲ့ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်အားလုံးကိုပယ်ရှင်းခဲ့သောကြောင့်ကျွန်ုပ်တို့သည် လည်း နှလုံးသား၌ယေရှုသည် အပြစ်အားလုံးကို သယ်ဆောင်သွားခဲ့သည် ဆို သည့်အချက်ကိုယုံကြည်ကြပါသည်။ ဤနည်းဖြင့်ပင်ကျွန်ုပ်တို့သည် အပြစ် မဲ့သူများနှင့်ဖြောင့်မတ်သူများ အဖြစ်သို့ရောက်ပြီး ယေရှုခရစ်၏ဖြောင့်မတ် ခြင်းကိုပင်ဝတ်ခြုံကြပါသည်(ဂလိ ၃း၂၇)။ ဘုရားသခင်နှင့်ကျွန်ုပ်တို့ ဖြောင့်မတ်သူများသည် မိသားစုတစ်ခုတည်းဖြစ်သောကြောင့် ကျွန်ုပ်တို့ သည်သူ၏သားသမီးများဖြစ်ကြပါသည်။သင်သည် ဤလှပသော သတင်း ကောင်းကို ယုံကြည်ပါသလား။
ဤအရာကကျွန်ုပ်တို့သည်ဝါကြွားခြင်းပြုနိုင်ရန်အတွက်တစ်စုံတစ်ခုရှိခဲ့ပါသလား။မရှိပါ။အမှန်ပင်ကျွန်ုပ်တို့၏ ကယ်တင်ခြင်းသည်နှုတ်က ပတ်တော်ကိုကြားနာယုံကြည်ခြင်းအားဖြင့်သာဖြစ်သောကြောင့် ဝါကြွား စရာရှိပါသလား။ မရှိပေ။ သင်သည် နံနက်စောစော အသင်းတော်အစည်း အဝေးတတ်သောကြောင့် ကယ်တင်ခြင်း ရခဲ့ခြင်းဟုတ်ပါသလား။ သင် သည် တနင်္ဂနွေနေ့ဘုရားရှိခိုးအစီအစဉ်မပျက်ကွက်ခြင်းကြောင့် ကယ်တင် ခြင်းရခဲ့ပါသလား။ 
 
 
သင်သည်ဆယ်ဖို့တစ်ဖို့ပေးလှူရန်အတွက်ကတိပြုသောကြောင့်ကယ်တင်ခြင်းရခဲ့ပါသလား။
 
မဟုတ်ပေ။ အကျင့်နှင့်ယုံကြည်ခြင်း တွဲထားသောယုံကြည်ခြင်းမျိုး သည်မှားယွင်းသော ယုံကြည်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းအားနှလုံးသား၌ယုံကြည်ခြင်းဖြင့် ပင်ကယ်တင်ခြင်းရခဲ့ ကြပါသည်။ ယုံကြည်ခြင်းသည်ကြားနာခြင်းအားဖြင့်ဖြစ်ပြီးကယ်တင်ခြင်း သည်ခရစ်တော်၏ နှုတ်ကပတ်တော်၌ယုံကြည်ခြင်းဖြင့်ဖြစ်သည်။
နောင်တနှင့်ဆိုင်သောဆုတောင်းခြင်းဖြင့်ယေရှုကိုယုံကြည်ပြီးနောက် အပြစ်ခွင့်လွှတ်ခြင်းရရန်တောင်းဆိုကြသူတို့သည် မှားယွင်းသော ယုံကြည် သူများဖြစ်သည်။အကြောင်းမှာစစ်မှန်သောယုံကြည်ခြင်းသည်ဘုရားသခင် ၏ဖြောင့်မတ်ခြင်း၌ယုံကြည်ခြင်းအားဖြင့်ဖြစ်ပြီးပညတ်တရား၏အကျင့် ကြောင့်မဟုတ်ပေ။ သို့ဖြစ်လျှင်ဝါကြွားစရာအကြောင်းကား အဘယ်သို့ နည်းဟုမေးသော်၊ ဝါကြွားစရာအကြောင်းကိုပယ်ပြီ။ အဘယ်တရားအား ဖြင့်ပယ်သနည်း။ အကျင့်တရားအားဖြင့်ပယ်သလော။ အကျင့်တရားအား ဖြင့်ပယ်သည်မဟုတ်။ ယုံကြည်ခြင်းတရားအားဖြင့်ပယ်ပြီ။ ထို့ကြောင့် လူ မည်သည်ကား၊ ပညတ်တရား၏အကျင့်မရှိဘဲယုံကြည်ခြင်းအား ဖြင့်ဖြောင့် မတ်ရာသို့ရောက်တတ်သည်ဟုယုံရ၏။ ဘုရားသခင်သည် လူတို့၏ ဘုရား သာဖြစ်သလော။ တပါးအမျိုးသားတို့၏ဘုရားဖြစ်တော်မူသည်မဟုတ်သ လော။ ဟုတ်ပေ၏။ တပါးအမျိုးသး တို့၏ဘုရားလည်းဖြစ်တော်မူ၏။
ကယ်တင်ခြင်းသည်ကုသရေလနှင့်တပါးအမျိုးသားနှစ်မျိုးလုံးအတွက်ယေရှုခရစ်သည်၄င်းတို့အား ရေနှင့်ဝိဉာဉ်တော်အားဖြင့်ကယ်တင်ခဲ့ သည်ဟုနှလုံးသား၌ယုံကြည်ခြင်းဖြင့်ကယ်တင်ခြင်းရခဲ့ကြသည်။ ကျွန်ုပ်တို့ သည်ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကိုယုံကြည်ခြင်းအားဖြင့်အပြစ်မှကယ် တင်ခြင်းရ၏။ ဤဖြောင့်မတ်ခြင်းဖြစ်သည့်ယေရှုခရစ်ကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် အပြစ်မှကယ်တင်ခြင်းရ၏။ ဘုရားသခင်သည်ကျွန်ုပ်တို့ အဘဖြစ်လာပြီး ကျွန်ုပ်တို့သည်သူ၏သားသမီးများဖြစ်လာကြပါသည်။ ဤအရာသည်ခရစ်တော်၏ နှုတ်ကပတ်တော်ကိုကြား နာယုံကြည်ခြင်း အားဖြင့်ဖြစ်သည်။ ဘုရားသခင်၏ဖြောင့် မတ်ခြင်း၌ယုံကြည်ခြင်းအားဖြင့် ရသော ကယ်တင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းကိုယုံကြည်ခြင်းအားဖြင့်ဖြစ် သည်။ကျွန်ုပ်တို့၏ယုံ ကြည်ခြင်းသည်ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအား ဖြင့်ဖြစ်သည်။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည်ခရစ်တော်၏နှုတ်ကပတ်၌ ယုံကြည်ခြင်းအားဖြင့်ဖြစ်သည်။ ထိုသို့ဆိုသော် ယေရှုခရစ်သည်ဤလော ကသို့သင်၏ ကယ်တင်ရှင်အဖြစ်ကြွလာကာလောက၏အပြစ်အားလုံးတို့ ကိုသူအားဖြင့် သယ်ဆောင်ပြီးကားတိုင်ပေါတွင်အသေခံကာသုံးရက် မြောက်သောနေ့တွင်သေခြင်းမှရှင်ပြန်ထမြောက်ခဲ့ကြောင်းနှင့်ဘုရားသခင်၏လက်ရာတော်ထိုင် နေတော်မူကြောင်းကိုယုံကြည်ပါသလား။ သင်သည် ဤကယ်တင်ခြင်းကို ယုံကြည်ပါသလား။ အချို့သောသူများသည်ဘုရား သခင်အား၄င်းတို့၏အိပ်မက်၌ဖေါ်ပြရန်တောင်းဆိုကြပြီးအကယ်၍မျက်စိဖြင့်တစ်ကြိမ်သာတွေ့မြင်ရပါကယုံကြည်မည်ဟုပြောသောသူများလည်းရှိ၏။ အချို့သောသူများကယေရှုအား ၄င်းတို့၏ အိပ်မက်၌တွေ့မြင်ရ သည် ဟုဆိုပြီးယေရှုကအသင်းတော်၊ ဆုတောင်းဆောင်စသည်တို့ဆောက်ရန် မိန့်တော်မူသည်ဟု ဆိုကာထိုသို့သောသူများ၏ငွေကြေး တောင်းဆိုမှုများ ဖြင့်လိမ်ညာခံရသူများစွာရှိပါသည်။ ခရစ်ယာန်လောက၌များစွာသော ဝမ်း နည်းဖွယ်ရာများဖြစ်ပွားကြပါသည်။ဤအရာတို့သည်သခင် ဘုရားပြုသည့် အမှုများမဟုတ်ဘဲမကောင်းဆိုးဝါးကပင်လျှင် ပြုသောအမှုဖြစ်သည်။
အကယ်၍သင့်အိပ်မက်၌ယေရှုကိုတွေ့ခဲ့သည်ဆိုလျှင်ပင်အလေးအနက်ကြီးမထားပါနှင့်။ အိပ်မက်သည်အိပ်မက်မျှသာဖြစ်ပါသည်။ ယေရှုသည် ထိုသို့သောနည်းဖြင့်သင့်ကို ဖေါ်ပြမည့်သူမဟုတ်ပေ။ ထိုသို့ပြုပါက သစ္စာ ကျမ်းစာ လိုအပ်တော့မည်မဟုတ်ပေ။အကယ်၍ ယေရှုသည်ကျွန်ုပ်တို့ရှေ့ ၌ဖေါ်ပြခဲ့ပါကကျမ်းစာကို ကျွန်ုပ်တို့လိုအပ်တော့မည် မဟုတ်ပေ။ သို့သော် ဤ အရာသည်ခရစ်တော်၏ကယ်တင်ခြင်းအလုပ်အတွက်ပျက်စီး စေမည် ဖြစ်သည်။
အကယ်၍ကျွန်ုပ်တို့သည်ကျမ်းစာမပါဘဲယေရှုကိုယုံကြည်ရမည်ဆိုပါကသူ့အနေဖြင့်လူတိုင်းရှေ့၌ဖေါ်ပြရန်လိုအပ်ပေမည်။သို့သော်ဤ အရာလို အပ်ခြင်းမရှိတော့ပေ။အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏သခင်သည် ကယ်တင်ခြင်းအတွက်လိုအပ်သည်များကိုပြည့်စုံစေပြီးသောကြောင့် ဖြစ် သည်။ဤအတွက်ကြောင့်ပင် ယုံကြည်ခြင်းသည် နှုတ်ကပတ်တော်ကို ကြားနာယုံကြည်ခြင်းအားဖြင့်ဖြစ်သည်။ ထိုသို့ဆိုသော်လူအပေါင်းတို့ သည်ယေရှုခရစ် အကြောင်း ကြားကြပါသလား။ ၄င်းတို့သည်ယေရှုခရစ်၏ အမည်နာမတော်ကိုကြားကြပေ မည်။သို့သော်အားလုံးအနေဖြင့်စစ်မှန် သောသတင်းကောင်းကိုကြားကြမည်မဟုတ်ပေ။ ဤအ တွက်ကြောင့်် ပေါလုကဟောပြောမည့်သူမရှိလျှင် မည်သို့ကြားနိုင်ကြမည်နည်းဟု မိန့်မူခဲ့ ခြင်းဖြစ်သည်။
ထို့ကြောင့်ကျွန်ုပ်တို့သည်ဘုရားသခင်၏ဖြောင့်မတ်ခြင်းပါဝင်သည့် ဤသတင်းကောင်းကိုဟောပြောသင့်ပါသည်။ သို့သော်မည်သည့်အရာဖြင့် မည်သည့်နည်းဖြင့်၊မည်သည့်နည်း လမ်းဖြင့်ဟောပြောသည်ဆိုခြင်းသည် အရေးမကြီးလှပေ။ စကားဖြင့်ဟောခြင်း၊စာဖြင့်ပုံနှိပ်ရေးသားခြင်းစသည် တို့ဖြင့်ဟောပြောသင့်သည်။ ယုံကြည်ခြင်းသည်ကြားနာခြင်းအားဖြင့်ဖြစ် ပြီးကြားနာခြင်းသည်နှုတ်ကပတ်တော်အားဖြင့်ဖြစ်သည်။ စာပေဖြင့်ရေး သားပုံနှိပ်ထားသည့် စစ်မှန်သောသတင်း ကောင်းသည်လည်းစာဖတ်ရှုသူ အား စစ်မှန်သောယုံကြည်ခြင်းကိုပေးနိုင်ပါသည်။ မည်သို့သောနည်းလမ်း ဖြစ်နေပါစေသင်သတိရ သင့်သည်မှာ ယုံကြည်ခြင်းသည်ကြားနာခြင်းအား ဖြင့်ဖြစ်ပြီးကြားနာခြင်းသည်သတင်းကောင်းကို ဟောပြောခြင်းအား ဖြင့်ဖြစ်ပါသည်။    
အကယ်၍သင်သည်နှလုံးသား၌ဘုရားသခင်၏နှုတ်ကပတ်တော်ကိုအမှန်တ ကယ်ယုံကြည်ပါကသင်သည်စစ်မှန်သော ခရစ်ယာန်ဖြစ်ကြောင်းသိ ပါလိမ့်မည်။ သင်သည်သင့်အပြစ်မှကယ် တင်ခြင်းရကြောင်းသိစေလိုပါ သည်။ သင်သည်ရေနှင့်ဝိညာဉ်တော်သတင်းစကားကိုနေ့ စဉ်ဆုပ်ကိုင်မည် ဟု ကျွန်ုပ်ဆုတောင်းမျှော်လင့်ပါသည်။ထိုသို့ဆိုသော် (ရောမ ၁၀း၁၇) ကို ဖတ်ခြင်းအားဖြင့်အဆုံးသတ်ကြပါစို့။
ယုံကြည်ခြင်းသည်ကြားနာခြင်းအားဖြင့်ဖြစ်သည့်ကြားနာခြင်းသည်ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့်ဖြစ်သည်။ အာမင်။ ဤရေးသား ထားသောစကားတော်တို့ကိုနှလုံးသား၌ယုံကြည်သောသူတို့သည် စစ်မှန် သောယုံကြည်ခြင်း ရှိသူတို့ဖြစ်ကြသည်။သင့်၌ဤစစ်မှန်သောယုံကြည် ခြင်းရှိပါသလား။ ကျွန်ုပ်တို့သခင်ဘုရားသည် ကျွန်ုပ်တို့၏ အပြစ်အားလုံး မှကယ်တင်ခဲ့ပါသည်။    
သခင်ဘုရားသည်ကျွန်ုပ်တို့၏အပြစ်များကိုသယ်ဆောင်သွားခဲ့သောကြောင့် ကျွန်ုပ်တို့သည်မည်မျှဝမ်းမြောက်ဖွယ်ကျေးဇူးချီးမွှမ်းဖွယ် ကောင်း သောသူဖြစ်ပါသနည်း။ သတင်းကောင်းမရှိလျင်လူတို့သည် စိတ်ကျ တတ် ကြ၏။ သို့သော်ယေရှုသည်ဗတ္တိဇံအားဖြင့်လောက၏ အပြစ်များကိုသယ် ဆောင်သွားကြောင်း ယုံကြည်ခြင်းဖြင့််ကျွန်ုပ်တို့သည် ဝမ်းမြောက်ခြင်း အပြည့်နှင့်ကြီးထွားနိုင်ပါသည်။
ကျွန်ုပ်တို့ကိုသခင်ဘုရားကကယ်တင်သောကြောင့်ကျေူဇူးတင်ပါ သည်။