布道

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[13] ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအ တွက် အသက်ရှင်ပါ

ရောမသြဝါဒစာ (၁၃း၁) က ထုတ်ဖော်ပြောဆိုသည်မှာ “အစိုးရသော မင်းအာဏာစက်၏အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား ဘုရား သခင်၏အခွင့်မရှိလျှင်၊မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရား သခင်ခန့် ထားတော်မူရာဖြစ်သတည်း။”
ကျွန်ုပ်တို့သည် လူမှုရေးစံသတ်မှတ်ချက်များ နယ်နိမိတ်အတွင်းမှာ နေ ထိုင်ရပါမည်။ ဘုရားသခင်က ကျွန်ုပ်တို့အား အမိန့်ပေးထားသည်မှာ ကျွန်ုပ် တို့၏ဝိညာဉ်သခင်က ကျွန်ုပ်တို့အား အမိန့်ပေးထားသည်မှာ ကျွန်ုပ်တို့၏ဝိ ညာဉ်ရေးရာနှင့်သွေးသားဆန္ဒနှင့်ဆိုင်သော အသက်တာ၌ အာဏာပိုင်သော သူများကို ကြောက်ရွံ၍ လေးစားရိုသေရန် ဖြစ်ပါသည်။ ဘုရားသခင်က အစိုးရ အရာရှိများကို အခွင်အာဏာပေးအပ်ထားသည်မှာ အကျိုးအကြောင်းရှိသည်။ ထို့ပြင် ထိုအကြောင်းများကြောင့် ကျွန်ုပ်တို့သည် သူတို့ကို လစ်လျူမရှုရပါ။ ကျွန်ုပ်တို့သည် ရှင်ပေါလုပြောပြခဲ့သော “အချင်းချင်းချစ်မေတ္တာမှတပါး အ ဘယ်အကြွေးမျှ မတင်စေနှင့်” ရောမ ၁၃း၈ ဟူသောစကားကို အမှတ်ရနေ ရမည်။
ဤအချက်သည်ပင်လျှင် ကျွန်ုပ်တို့ဘာကြောင့် ဤသို့သောအခမဲ့ စာအုပ် များထုတ်ဝေခြင်း လှပသောသတင်းကောင်းကိုတကမ္ဘာလုံးရှိလူတို့ဆီသို့ ဝေငှ ခြင်းဖြစ်ပါသည်။
ဘုရားရှင်က မေတ္တာသည်တရားဥပဒေကို ပြည့်စုံစေသည်ဟု ပြောခဲ့ သည်။လူတို့ကမိမိတို့သည်ဘာသာရေးအသက်တာ၌တရားဥပဒေများကိုသစ္စာ ထိန်းသိမ်းနေကြသည်ဟုထင်ယောင်ထင်မှားဖြစ်လျက်စိတ်စွဲနေကြသည်။ 
ဘုရားသခင်က ကျွန်ုပ်တို့ကို သူ၏ဖြောင့်မတ်ခြင်း ကျွန်ုပ်တို့ကို အပြစ်မှ ကယ်တင်ရန်ဖြစ်သည်ဟု ဖော်ပြသော ရေနှင့်ဝိညာဉ်ဆိုင်ရာ သတင်းကောင်း ကိုပေးအပ်ထားခဲ့ပြီး ဖြစ်သည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်း ကောင်းတွင်ဖော်ပြခဲ့သောဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကိုယုံကြည်ရန် လိုအပ်ပါသည်။
ဤလှပတဲ့ သတင်းကောင်းပျံ့နှံ့နေစဉ်မှာပင် ဘုရားရှင်က ကျွန်ုပ်တို့အား ပေးထားသည်မှာ အခြားသူများအတွက် ယင်းတို့အား ဤသတင်းကောင်းက သူတို့၏အပြစ်များမှ ကယ်တင်စဉ်ကပင် စစ်မှန်သောအသက်တာဖြင့် နေ ထိုင်ရန် ခွင့်ပြုထောက်ပံ့ခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် ယေရှုခရစ်တော်၏ ချစ်ခြင်းမေတ္တာအားဖြင့် လက်ခံရရှိသော ချစ်မေတ္တာအကြွေးထက် အခြားမည် သည့် အကြွေးမျှမတင်ရပါ။
 
 
ကျွန်ုပ်တို့ နိုးထရမည့် အချိန်ရောက်ပြီ
 
အခန်းငယ် (၁၁) ၌ “ထိုမှတပါး၊ ငါတို့ကို ကယ်တင်သောကျေးဇူး တော်သည် ငါတို့ယုံကြည်သော နေ့ရက်၌ နီးသည်ထက် ယခုသာ၍နီးသော ကြောင့်၄င်း” ဟုဆိုထားပါသည်။ ကျွန်ုပ်တို့၏ခန္ဓာကိုယ်များသည် ရွေးနှုတ်ခံ ရပြီးသည့်နောက်ကျွန်ုပ်တို့သည်အိုမင်းနေသောခန္ဓကိုယ်များပြောင်းလဲပြီးချိန်မှာ ကျွန်ုပ်တို့သည်ခရစ်တော်နှင့်အတူနှစ်တထောင်ကာလကိုအုပ်စိုးကြပါ လိမ့်မည်။
ကျွန်ုပ်တို့မျိုးဆက်တွေနှင့်နှောဧ၏မျိုးဆက်တွေကြားမှာ ရှိသောတူညီမှု တွေကို မြင်နိုင်ကြမှာဖြစ်တယ်။လိင်တူဆက်ဆံခြင်းတည်းဟူသော ခေတ်သစ် ရေလှိုင်းဟာ စကြာသဠာတခုလုံးကို နှိုးဆွမွှေနှောက်နေပါသည်။ကမ္ဘာကြီး သည်ဘယ်လောက်ထိဆိုးဝါးနေပြီနည်း။ လူတယောက်က၊ လူတယောက်ကို အခပေး တယ်လီဖုန်းအမုံပြုတာ ကြာလွန်းရုံနှင့်ထိုးသတ်လိုက်သည်။ အလား တူရက် စက်ကြမ်းကြုတ်မှုမြောက်မြားစွာသည့်ယုတ်မာဆိုးသွမ်းသည့် လုပ် ဆောင်မှုများသည် ဤမျိုးဆက်မှာ ပေါ်ပေါက်နေပါသည်။
ကျွန်ုပ်တို့ နားလည်းသဘောပေါက်ရမည်မှာ ယခုအချိန်သည် ကျွန်ုပ်တို့ အတွက် နိုးထရမည့်အချိန်ဖြစ်သည်။ ကျွန်ုပ်တို့၏ဘုရားရှင် ဒုတိယအကြိမ် ပြန်ကြွလာချိန်သည် အလွန်နီးကပ်နေပြီ။ ကျွန်ုပ်တို့သည် ဤခေတ်ဟာဘယ် အရာနှင့် တူသလဲဆိုတာကို ကောင်းစွာသိရှိ သဘောပေါက်နိုင်ရသည်။ တချိန် ထဲမှာပဲ ဤနေရာမှာလူပေါင်းမြောက်များစွာက ဤခေတ်ကာလကို တကယ်ပဲ နားမလည် သဘောပေါက်ခြင်း မရှိကြသေးပါ။
ရှင်မဿဲ(၂၄း၃၇) မှာ လူသားသည်ကြွလာသောအခါနောဧလက် ထက်၌ ဖြစ်သကဲ့သို့ဖြစ်လိမ့်မည်။” နောဧလက်ထက်မှာတောင်မှ၊ ဘုရားသင်၏ တရားစီရင်မှုသူတို့အပေါ်သွန်းလောင်းသောတနွေမကျရောက်ခင်အထိလူများသည်သူတို့အိမ်တွေကို ဆောက်နေကြသည်။ လက်ထပ်ထိမ်းမြားခဲ့ကြသည်။ အပြစ်မျိုးစုံကို ကျူးလွန်ခဲ့ကြသည်။ သူတို့နေစဉ်လုပ်ငန်းတွေဆီသွား ခဲ့ကြ သည်။ နှောဧမှလွဲ၍ မည်သူမျှ ကြီးမားတဲ့ မိုးရေနဲ့ ရေလွှမ်းမိုးမှုက အားလုံးကို ဆေးကြောသုတ်သင်ပစ်မယ်ဆိုတာ မမျှော်လင့်ခဲ့ကြဘူး။ သို့သော်အချို့ကို တော့သဘောကြီးထဲမှာကယ်တင်ခံရတာတွေ့ရပါသည်။ယင်းကဲ့သို့ သေဆုံး ကြသူများသည်ဘုရားသခင်၏ကြီးမားသည့်ဖျက်စီးမှုတရားစီရင်ချက်နှင့် မကြုံ တွေ့စဉ် သူတို့သည် လွတ်လပ်စွာစားလျက်သောက်လျက်နှင့် မည်သည့် ကြို တင်ပြင်ဆင်မှုမျှ မရှိခဲ့ကြပါ။
ဤကမ္ဘာကြီးသည် စစ်ပွဲ၏အန္တရယ်များကိုသာ မြင်သာအောင် ဖော်ပြ ထားသည်မဟုတ်ဘဲကြောက်မက်ဘွယ်ရာဘေးအန္တရာယ်ဆိုးများ ဖြစ်ပျက်နေ သည်ကိုလည်း ကမ္ဘာ၏ရာသီဥတုပြောင်းလဲခြင်းနှင့် အတူဖော်ပြခဲ့ပါသည်။ ကျွန်ုပ်တို့ဘာများစားသုံးနေကြလဲဟူသည်နေရာမှာတောင်မှ ပြင်ထန်သော အန္တရာယ်သည် ပုံးအောင်းနေပါသည်။ ထိုနောက်ကျွန်ုပ်တို့သည် မိမိတို့ စားနေကျအစာတွေအတွက်တောင်မှ စိုးရိမ်မှုမရှိဘဲ မနေနိုင်ပါ။ အစာအတွက် ကျွန်ုပ်တို့ ကြာကြာ မပျော်နိုင်ကြပါ။ ဤအရာက ကျွန်ုပ်တို့ ဤခေတ်မှာ ဘာ ကြောင့် လိမ္မာပါးနပ်စွာ နေရမယ်ဆိုတာပြပါသည်။ ထို့နောက် ကျွန်ုပ်တို့ ခန္ဓာကိုယ် ကယ်တင်ခြင်းသည် ကျွန်ုပ်တို့ စတင်ယုံကြည်ရမည့်အချိန်ထက် ပိုနီးကပ် လာပြီဆိုတာ သတိရနေပါ။
 
 
သင့်ကိုယ်သင် ခရစ်တော်၏ ကယ်တင်ခြင်းဝတ်ဖြင့် ဝတ်ဆင်ပြီးပြီလား
 
ဤကမ္ဘာကြီးဖျက်ဆီးခြင်းမှာ ယုံကြည်ခြင်းနယ်ပယ်နှင့် ဘာမှလုပ်စရာ မရှိဘူးလို့ သင်တွေးမိနိုင်ပါသည်။ ထိုနောက် ဤအရာအားလုံးမှာ လောကီနိုင် ငံ ရေးနှင့် စီးပွားရေနှင့်လုပ်ဖို့ပဲလိုအပ်သည်။ သို့သော်ကမ္ဘာကြီး၏ ဖျက်ဆီး ခြင်းအတွက် အန္တရာယ်များ၊ ကမ္ဘာကြီး မကြာမီမှာပဲ ပြင်းထန်စသည့်စီးပွားရေး ဆိုင်ရာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခက်အခဲတွေနှင့် ရင်ဆိုင်ရ တော့မှာ ဖြစ်ပါသည်။ ကျမ်းစာက ကျွန်ုပ်တို့သည် ချစ်မေတ္တာမှအပ ဘာအကြွေးတခုမှ မတင်ရပါ။ ပူးပေါင်းဆောင်ရွက်ခြင်းများသည် တဦးနှင့် တဦးချစ်ကြဖို့ပဲဖြစ်ပါသည်။ ထိုနောက် ကျွန်ုပ်တို့နားလည် သဘောပေါက်ရ မည်မှာ ကျွန်ုပ်တို့မျှော်လင့်ချက်သည် ကျွန်ုပ်တို့ယုံကြည်ရမှာ ထက်ပိုနီးကပ် လာြပီဖြစ်ပါသည်။
ကျွန်ုပ်တို့ နေထိုင်သောခေတ်ကြီးသည်၊ ယေရှုခရစ်တော် ပြန်လည်ကြွ လာခြင်းကိုစောင့်မျှော်ရင်း၊မျှော် လင်ခြင်းနှင့် အသက်ရှင်နေထိုင်ဖို့လိုအပ်သော ကာလဖြစ်ပါသည်။ကျွန်ုပ်တို့မျှော်လင့်ခြင်းသည် မည်သည့်အရာနည်း။ ကျွန်ုပ် တို့ကို ပြန်လည်ရှင်သန်ထမြောက်စေမှာဖြစ်ပြီး အနှစ်တထောင် နိုင်ငံတော် မှာလည်း ဆုလပ်များ ချီးမြှင့်ခံပြီး သူနှင့်အတူ အုပ်စိုးရမှာဖြစ်ပြီး ကြီးမားသည့် ဘေးဒါဏ်ကြီးကာလတည်းဟူသော ခုနှစ်နှစ်တာကာလကို ခရီးဆက်ရ မည်ဖြစ်သော ဒုတိယအကြိမ်ပြန်ကြွလာမည့်ခရစ်တော်ကို စောင့်မျှော်ခြင်း သည် ကျွန်ုပ်တို့၏မျှော်လင့်ချက်စတင်ခြင်းဖြစ်သည်။အချိန်နီးကပ်လှပြီး ဖြစ် ကြောင်းညွှန်ပြနေသည်နှင့်အမျှခရစ်တော်သည်ဖြောင့်မတ်ခြင်းကို ပိုင်ဆိုင်ရင် ကျွန်ုပ်တို့သည်မျှော်လင့်ချက်နှင့်အသက် ရှင်နေရလိမ့်မည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်သတင်းကောင်းထဲမှာခိုင်မာသထက်ခိုင်မာစွာရပ် တည်ပြီးယင်း ကိုကျွန်ုပ်တို့၏နှလုံးသား အလုံးစုံနှင့်အတူအ စေခံရမှာဖြစ်သည်။ ကျွန်ုပ်တို့ သည်တကမ္ဘာလုံးရှိဝိညာဉ်များနှင့်အတူ သတင်းကောင်းကိုဝေငှရင်းကျွန်ုပ်တို့ ၏အမှုတော်မြတ်လုပ်ငန်းကိုအသုံးချရမည်ဖြစ်သည်။
 
 
ကျွန်ုပ်တို့သည် တဦးကိုတဦး ချစ်ခြင်းမှလွဲ၍ မည်သည့်အကြွေးမျှ မတင်ရပါ
 
ကျွန်တော်သိထားသည်မှာ ဤနေရာတွင်၊ မြေငလျင်လှုပ်ခြင်း၊ မီးတောင် ပေါက်ကွဲခြင်းကဲ့သို့သော် သဘာဝဘေးအန္တရာယ်များကို များစွာခံစားကြရပါ လိမ့်မည်။ ယနေ့ကာလတွင် ရုပ်ရှင်ဇာတ်ကားများစွာသည် ကမ္ဘာလုံးဆိုင်ရာ ဖျက်ဆီးခြင်းအကြောင်းအရာကို သရုပ်ဖော်ပြလျက်ရှိပါသည်။ ဤအရာကို ကျွန်တော်စဉ်းစားကြည့်သည့်အခါ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာကြီးသည် ဟောလီဝုစာရေးဆရာများစိတ်ကူးသကဲသို့ ဖြစ်လာနိုင်သောကြောင့်ဖြစ်ပြီး ဤအကြောင်းများသည်လူများ၏မသိစိတ်မှာကမ္ဘာကြီး မကြာမီဖြစ်ပျက်တော့ မည့် ပျက်စီးခြင်းအတွက် ခံစားချက်အထောက်အထားပဲဖြစ်ပါတယ်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဇာတိအသွေးအသား၏ အလုပ်နှင့် မိမိတို့ ဖာသာမိမိတို့မပတ်သက်သင့်ပါ။ သို့သော် ကျွန်ုပ်တို့ကိုယ်တိုင် ဝိညာဉ်တော်၏ အလုပ်နှင့်ပတ်သက်ရမည်။
ကျွန်ုပ်တို့ယုံကြည်ရမည်မှာ ရေနှင့်ဝိညာဉ်ဆိုင်ရာသတင်ကောင်း ပျံ့နှံ့စေ သည့်သဘာဝသည် အလှပဆုံးဘဝဖြစ်ပါသည်။ ကမ္ဘာတဝှမ်းလုံးမှာရှိသည့် လူများသည် ကျွန်ုပ်တို့၏အမှုတော်မြတ်လုပ်ငန်းမှာ အလွန်အံ့သြကြသည်။ မရေမတွက်နိုင်သောလူများသည် ကျွန်ုပ်တို့၏ သာသနာပြုလုပ်ငန်းအား ဘယ်လောက် စိန်ခေါ်ခံကြရလဲဆိုတာ လာပြောကြပါသည်။ တိုင်းပြည်ငယ် လေးတခုက ဘုရားသခင်ကိုအစေခံသော ကိုးရီးယားတစုက ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကိုအလွန်အင်အားကြီးမားစွာနှင့်ကျွန်ုပ်တို့ ဘယ်လိုပျံ့နှံ့ စေသလဲဆိုတာကို မယုံကြည်နိုင်ကြဘူး။ ကျွန်တော်တို့သည် တကယ်ပဲ သေးငယ်ပြီး အားနည်းပါတသည်။ သို့သော် ယခုတိုင် ကျွန်တော်တို့သည် သတင်းကောင်းကို ဖြန့်လျက်ရှိပါသည်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ သည် ရေနှင့်ဝိညာဉ်သတင်းကောင်းကို ယုံကြည်လို့ပဲ ဖြစ်ပါသည်။ ထိုသို့ ဖြစ်ရခြင်းအကြောင်းမှာဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားထဲမှာ ရှိပါသည်။
ရောမသြဝါဒစာ (၁၄း၈) မှာ “အသက်ရှင်လျှင် သခင်ဘုရားအဘို့ အလိုငှါ ရှင်၏။ သေလျှင်လည်း သခင်ဘုရား အဘို့အလိုငှါ သေ၏။ ထို့ကြောင့် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ဘုရားသခင်ဆိုင်တော်မူ၏” ပေါလု ကဆိုထားသည်မှာ “ငါတို့တွင် အဘယ်သူမျှ ကိုယ်အဘို့ အလိုငှါ အသက်မရှင်၊ အဘယ်သူမျှ ကိုယ်အဘို့ အလိုငှါမသေ။” ကျွန်ုပ်တို့ အသက်ရှင်နေသည်မှာ ကျွန်ုပ်တို့၏ ဘုရားရှင်ကြောင့် ဖြစ်သည်။
ဤကမ္ဘာကြီးထဲသို့ကျွန်ုပ်တို့ မွေးဖွားလာစဉ်ကပင်၊ကျွန်ုပ်တို့၏ ဘုရားရှင် နှင့်သူ၏ဖြောင့်မတ်ခြင်းတရားကြောင့် ဖြောင့်မတ်သူဖြစ်လာပြီး ကျွန်ုပ်တို့သေ သည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေခရစ်တော်ကို ကျွန်ုပ်တို့ ပိုင်ဆိုင်ကြသည်။ ကျွန်ုပ်တို့သည်ဘရားသခင်၏ဖြောင့်မတ်ခြင်းတရားကိုပိုင်ဆိုင်လျက်ကျွန်ုပ်တို့ ၏အသက်တာကို ရှင်သန်စေပြီး ခရစ်တော်ကဲ့သို့ ဤကမ္ဘာတွင် နေထိုင်ပြီး စွန့်ခွာသွားကြရလိမ့်မည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အားဖြင့် ကျေနပ်ပြီး ကျွန်ုပ်တို့ကို ပျော်ရွှင်နှစ်သက်ဘွယ်သတင်းကောင်းကို ကမ္ဘာတစ်ဝှမ်းလုံးသို့ ပြန့်နှံ့စေရန် အတွက်သူ၏ကိရိယာတန်ဆာပလာ အဖြစ်အသုံး ပြုရန် ရွေးချယ် ခဲ့ပြီးဖြစ်သည်။ ဤသို့ဖြင့် သူသည် ကျွန်ုပ်တို့အတွက် ဧဝံဂေလိတံခါးဝကို ဖွင့်ပေးခဲ့ပြီးဖြစ်သည်။ အကယ်စင်စစ် တိုင်းပြည်တိုင်းသို့ ခြေလျင်ခရီးသွား ရောက်ရန်မလိုဘဲ စာအုပ်ဖြင့် သတင်းကောင်း ဖြန့်ချီနိုင်ရန်အတွက် ကျွန်ုပ်တို့ အားခွင့်ပြုခဲ့ပြီးဖြစ်သည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းသတင်းကောင်း ပါဝင်သည့်စာအုပ်တွေ ကိုအတွဲလိုက် ဘာသာပြန်ထားပြီး အင်္ဂလိပ်စကားပြောသည့်ကမ္ဘာ၊ စပိန်စ ကားပြောတဲ့ တိုင်းပြည်တို့မတူဘဲ အာရှဒေသရှိ တိုင်းပြည်တိုင်း၊ အာဖရိကနဲ့ ဥရောပများသို့ ပေးပို့ခဲ့ပြီးဖြစ်ပါသည်။ ဖြောင့်မတ်ခြင်း၏ဘုရားဖြစ်လာသော ကျွန်ုပ်တို့၏အရှင်ဟုခေါင်းစဉ်တပ်ထားသည့်စာအုပ်တွဲအသစ်သည် တကမ္ဘာ လုံးမှာရှိသည့်ဝိညာဉ်တိုင်းကို ကြီးမားသည့် ဝိညာဉ်ကောင်းချီးပေးလိမ့်မည်ဟု ကျွန်ုပ်သေချာပေါက်ပြောရဲပါသည်။ဘုရားသခင်သည် သူ၏ဖြောင့်မတ်ခြင်းထဲ က ယုံကြည်သူတွေကတဆင့် သူ၏ဆန္ဒတွေ ပြည့်ဝအောင်ဘယ်လို အလုပ် လုပ်ခဲ့သည်ဟု အင်မတန်အံ့သြစရာကောင်းလှပါသည်။
နောက်ဆုံးမှာတော့ ကမ္ဘာကြီးသည် ဤလှပတဲ့ သတင်းကောင်းတွေနှင့် ဖုံးလွှမ်းသွားမှာဖြစ်ပါသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းပါဝင်သည့်သတင်း ကောင်းသည်တကြိမ်မျှတကမ္ဘာလုံးကိုပျံ့နှံ့သွားမှာဖြစ်ပါသည်။ ဘုရားသခင် သည်ကျွန်ုပ်တို့အတွက် သိုလှောင်သိမ်းဆည်းထားသောသူ၏အစီအစဉ်တခုစီ နှင့်အစီအစဉ်တိုင်းကို ပြည့်စုံစေရပါမည်။
ခုခေတ်ဟာလေမုန်တိုင်း တိုက်ခတ်မဲ့အကြိုကာလဖြစ်ပါသည်။ ရေနံ အကြပ်အတည်း၊ ကမ္ဘာငွေကြေးကသောင်းကနင်း ဖြစ်မှုတွေက ကမ္ဘာကြီးကို နောက်ထပ်တကြိမ်မကထိုးနှက်နိုင်ပါသည်။ ကျွန်ုပ်တို့သည်မိမိတို့ လုပ် ဆောင်ဖို့ သတ်မှတ်ထားသည့်အတိုင်း ပိုပြီးသစ္စာရှိစွာနှင့် လုပ်ဆောင်ရပါမည်။ ကျွန်ုပ်တို့သည် ကမ္ဘာ၏နောက်ဆုံးကာလ မရောက်ခင်အချိန်ထိ ရေနှင့်ဝိ ညာဉ်သတင်းကောင်းကို ပျံ့နှံ့စေရပါမည်။ရေနှင့်ဝိညာဉ်တရားတော်ကို လုံးဝိရိယရှိစွာဖြင့်ဖြန့်ချီကြပါစို့။ဤသို့ဖြင့် ဤကမ္ဘာမှာရှိသည့်လူတ ယောက်မှ သတင်ကောင်း မကြားနာရဘဲ ကျန်ရစ်သောသူရှိမည်မဟုတ်ပါ။ကျွန်ုပ်တို့ သည်စုပေါင်းပေါင်းပြီးတူညီသည့်ရည်ရွယ်ချက်အတွက် လုပ်ကြရပါမည်။ ကျွန်ုပ်တို့သည် ဂိဒေါင်၏သူရဲကောင်းသုံးရာကဲ့သို့လုပ်ဆောင်ကြရပါမည်။ ကျွန်ုပ်တို့သည် အရေအတွက်အားဖြင့် နည်းသော်ငြားလည်း ကျွန်ုပ်တို့သည် ရဲရင့်သောကောင်းကင်ဘုံက စစ်သားများဖြစ်ကြပြီး ဘုရားရှင်သည်လည်း ကျွန်ုပ်တို့နှင့်အတူရှိတော်မူသည်။
မည်သူမဆို ဘုရားသခင်ဆီက အပြစ်မှခွင့်လွတ်ခြင်းရရှိပြီး ဘုရား သခင်ကို ကျေးဇူးသိသောပုဂ္ဂိုလ်တိုင်းသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း သတင်းကို ဖြန့်ချီဖို့အရည်အချင်းပြည့်စုံသော သူဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့ သည် ယုံကြည်ခြင်းအားဖြင့် အောင်ပွဲခံရပါလိမ့်မည်။ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပိုင်ဆိုင်သောကြောင့်ဖြစ် ပါသည်။ ဘုရားသခင်၏ဖြောင့် မတ်ခြင်းကိုယုံကြည်သူတိုင်းသည် အမြဲတမ်း ဝိညာဉ်တော်၏အလုပ်ကို လိုက်စားပြီးသူတို့၏ပန်းတိုင်ကိုလည်း ဝိညာဉ်တော် လုပ်ငန်းမှာထားရှိရပါမည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် သင့်အပေါ်မှာတည်ပါစေဟု ကျွန် တော်ဆုတောင်းပါသည်။
အခန်းငယ် (၁၅၁၈)၌ “သင်၏ ညီအစ်ကိုတို့သည်သင်စားသောအစာ ကြောင့် စိတ်နာရလျှင်၊သင် သည်မေတ္တာတရားကိုမကျင့်၊ ခရစ်တော်သည် အ သေခံတော်မျှသောကျေးဇူးတော်ကိုခံသောသူကိုသင်၏အစာအားဖြင့်အကျိုးမနည်းစေနှင့်။သင်တို့သည်အခွင့်ရသည့်အမှုမှာကဲ့ရဲ့စရာအကြောင်းမရှိစေနှင့်ဘုရားသခင်၏နိုင်ငံတော်သည်အစားအသောက်၌မတည်၊ဖြောင့်မတ်ခြင်း၊ငြိမ်သက်ခြင်း၊သန့်ရှင်းသောဝိဉာဉ်တော်အားဖြင့်ခံရသောဝမ်းမြောက်ခြင်း၌တည်၏။ ထိုသို့ကျင့်၍ခရစ်တော်၏အမှုကိုဆောင်ရွက်သောသူသည်၊ဘုရားသခင် ရှေ့၌နှစ် သက်ဖွယ်၊လူတို့တွင်ချီးမွမ်းဖွယ်ဖြစ်၏။ ဘုရားသခင်၏ဖြောင့်မတ် ခြင်းတရားကိုယုံကြည်ခြင်းဖြင့်ကယ်တင်ခြင်းခံရပြီး၊ ယင်းကိုပျံ့နှံ့ရန်လုပ် ဆောင်လျှက်အသက်ရှင်နေသူတို့သည်အစာအဖို့အလို့ငှာ သူ၏လူများကိုအ ထင်အမြင် မသေးပါစေနှင့်။ တခါတရံကျွန်ုပ်တို့သည်အစာများကိုယူဆောင် လာလျှက်ဝေငှခြင်းဖြင့်ချစ်ခြင်းမေတ္တာ၌မိတ်သဟာယဖွဲ့ကြပါစို့။ သို့သော်ရှင် ပေါလုကကျွန်ုပ်တို့ကိုသတိပေးထားသည်မှာ၊ဆင်းရသောညီအစ်ကို မောင်နှ မတို့ကိုဆန့်ကျင်ခြင်း၊ ချန်လှပ်ခြင်းမပြုဘဲ၊ မိမိတို့အတွင်းရှိချမ်းသာကြွယ်ဝ ခြင်းကိုသာဝေငှကြပါလော။ အဘယ့်ကြောင့်ဆိုသော်၊ထိုအရာသသည် ကျွန်ုပ် တို့၏မိတ်ဆွေများအဖို့ခလုပ်တိုက်စရာဖြစ်စေနိုင်ပါသည်။ သူ၏ဖြောင့်မတ် ခြင်းကိုယုံကြည်သော သူတို့အပေါ်၌ ဘုရားသခင်က ပေးအပ်သောကောင်း ချီးမင်္ဂလာများသည် ကျွန်ုပ်တို့အားဘုရားသခင်၏ဖြောင့်မတ်ခြင်းတရား နောက်သို့လိုက်လျှောက်ရန်အခွင့်ပေးလျှက်ရှိပြီး၊ရေနှင့်ဝိဉာဉ်သတင်းကောင်း အားဖြင့် ပေးအပ်ထားပြီးသောကျွန်ုပ်တို့၏စိတ်ငြိမ်သက်ခြင်း သည်၄င်း၊ဘုရား သခင်ကအတူတကွအစေခံခွင့်ရခြင်းသည်၎င်း၊သူကပေးအပ်ပြီးဖြစ်သောတစ် ဦးစီ၏ပျော်ရွှင်ခြင်းကို၄င်း၊ဝေငှကြရမည်ဖြစ်ပါသည်။ ထို့ကြောင့်ချမ်းသာကြွယ် ဝသူတို့သည်သူတို့၏ချမ်းသာသမျှမှာဘုရားသခင် ထံမှဖြစ်ကြောင်း နားလည် သဘောပေါက်ရမည်။ ထို့အပြင် သတင်းကောင်းကိုအစေခံရန်နှင့်ဘုရားသခင် ၏ဖြာင့်မတ်ခြင်းကိုအတူလိုက်လျှောက်ရန် သူတို့အားတခြားသူများနှင့်အတူ ဝေငှရမည်။ ထိုကဲ့သို့သောအသက်တာဖြင့် နေထိုင်သူများကို ဘုရားသခင် သည်နှစ်သက်ပြီးချစ်တော်မူ၏။
 
 
အခြားသူများ၏အကျင့်စာရိတ္တတိုးတက်ကောင်းမွန်ရေးကိုရှာဖွေပါ။
 
အခန်း (၁၉-၁) ကပြောသည်မှာ”ထို့ကြောင့်ငြိမ်သက်ခြင်းနှင့်၎င်း၊ အချင်းချင်းတည်ဆောက်ခြင်းနှင့် ၎င်းယှဉ်သောအရာတို့ကို မှီအောင်လိုက် ကြကုန်အံ့။ ဘုရားသခင်၏အမှုတော်ကို သင်၏အစာအလိုငှာမဖျက်ဆီးနှင့် အ စာ အမျိုးမျိုးတို့သည်စင်ကြယ်၏သို့သော်လဲသူတပါးထိမိ၍လဲစရာကြောင်း နှင့်စားသောသူသည်အပြစ်ရှိ၏။ အမဲသားကိုစားခြင်း၊ စပျစ်ရည်ကိုသောက် ခြင်းကိစ္စမှစ၍ညီအစ်ကိုထိမိ၍လဲစရာအကြောင်း၊ မှားယွင်းစရာအကြောင်း၊ အားနည်းစရာအကြောင်းကိုရှောင်အပ်၏။ ရှေးကာလကရောမနှင့်ကောရင့်ကဲ့ သို့သောအလားတူရှေးဟောင်းမြို့များ၌လူတို့သည်ရုပ်တုများကိုယစ်တင်ရန် အတွက်အစာများကိုရောင်းချကြသည်။ အချို့သောဘုရားသခင်၏ဖြောင့် မတ်ခြင်းတရား၌ရှိသောယုံကြည်သူများကယင်းကဲ့သို့သောအစားအစာများကိုဝယ်ယူပြီးယင်းတို့ကိုစားသုံးလေ့ရှိကြသည်။ ထိုအချိန်ကဘုရားသခင်၏အ သင်းတော်တွင်းရှိယုံကြည်ခြင်းတွင်အားနည်းသောယုံကြည်သူမိတ်ဆွေအချို့တို့သည် ယင်းအစားအစာများကိုစားသောက်ခြင်းဖြင့် အပြစ်ကျူးလွန်ကြ သည်။ ထို့ကြောင့်ရှင်ပေါလုက ဤသို့ပြောခြင်းဖြစ်သည်။ ဘုရားသခင်၏အမှု တော်ကိုအစာအလိုငှာ မဖျက်ဆီးနှင့် (ရောမ ၁၄း၂၀)။
စပျစ်ရည် (ဝိုင်) တွင်လည်းအလားတူအသုံးပြုခဲ့သည်။ အချို့သောယုံ ကြည်သူများအနက်စပျစ်ရည် အလွန်အကျွံသောက်ခြင်းကိုမစိုးရိမ်သောသူ နများရှိခဲ့ကြသည်။ ထို့ကြောင့်ရှင်ပေါလုကချိုသာစွာသတိ ပေးခဲ့သည်မှာအ ကယ်၍ယင်းအလေ့အထက သူတို့ယုံကြည်သူမိတ်ဆွေ၏ ယုံကြည်ချက်ကို အားနည်းစေသည်ဆိုလျှင်သူတို့၏ ယုံကြည်သူမိတ်ဆွေအတွက် သူကျူးလွန် သောအရက်သောက်ခြင်းပြစ်မှုမှရပ်တန့်ရန်အတွက်အကောင်းဆုံးဖြစ်ပါလိမ့် မည်။ ဤအရာသည်ကျွန်ုပ်တို့အတွင်းမှာလည်းဖြစ်ပျက်လျှက်ရှိနေပါသည်။ ထိုအကြောင်းများကြောင့်ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ခရစ်ယာန်အသက်တာ ကိုအခြားသူများ၏အကျင့်စာရိတ္တတိုးတက်ကောင်းမွန်ရေးနည်းလမ်းနှင့်ဘုရား သခင်၏ဖြောင့်မတ်ခြင်းတရားရှာဖွေရေးအတွက်အသက်ရှင်ရမည်ဖြစ်သည်။
ရှေးဘိုးဘေးများကအစားအစားကို အလှူဒါနအတွက်အသုံးပြုခဲ့ခြင်းနှင့် ပတ်သက်၍ယနေ့ခေတ်တွင်လည်း အချက်အလက်များပေါ်ပေါက်လာနိုင်ပါ သည်၄င်းအပြင်ယုံကြည်ခြင်းအားနည်းသောသူများအတွက် မူယင်းသို့သော အစားအစာမျိုးကို စားသောက်ခြင်းကပို၍သင့်တော်ပါသည်။
 
 
ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ယုံကြည်မှုရှိပါ။
 
အခန်းငယ်(၂၂-၂၃)တွင်ဖေါ်ပြသည်မှာ“သင်သည်ယုံကြည်ခြင်းရှိလျှင် ကိုယ်အလိုအလျှောက်ဘုရားသခင်ရှေ့၌ရှိစေလော၊ကိုယ်လက်ခံသောအမှုမှာကိုယ်ကိုမစစ်ကြောမစီရင်သောသူသည်မင်္ဂလာရှိ၏။ယုံမှားသော သူသည်စား လျှင်၊ ယုံသောစိတ်မရှိဘဲ၊စားသောကြောင့်အပြစ်စီရင်ခြင်းကိုခံရ၏။ ယုံသော စိတ်မရှိဘဲကျင့်သမျှသော အကျင့်တို့သည်အပြစ်ရှိကြ၏။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၌ယုံကြည်သောသူတို့သည်မှန်ကန်သောယုံကြည်ခြင်းပိုင်ဆိုင် သောသူများဖြစ်ကြ၏။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရား၌ ယုံကြည်ခြင်း သည်ကျွန်ုပ်တို့၏အပြစ်အားလုံးမှ သန့်ရှင်းစင်ကြယ်ပြီးသော၊ ဘုရားသခင်ပေး သည့်ယုံကြည်ခြင်းဖြစ်၏။ ထို့ကြောင့်ခရစ်ယာန်များသည်ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကိုယုံကြည်ရမည်။ ၄င်းနောက်သူ၏ဖြောင့်မတ်ခြင်း၌ သူတို့၏ ယုံကြည်ခြင်းခံယူချက်ရှိရမည်။
ကျမ်းစာကဆိုထားသည်မှာသူ၏ဖြောင့်မတ်ခြင်းကိုမယုံကြည်ဘဲ ဘုရား ရှင်နောက်လိုက်လျှောက်ခြင်းသည်အပြစ်ဖြစ်သည်။ ဘုရားသခင်၏ဖြောင့် မတ်ခြင်း၌မယုံကြည်ဘဲလုပ်ဆောင်မှုတိုင်းသည်အပြစ်ဖြစ်သည်။ ကျွန်ုပ်သည် သူ၏ ဖြောင့်မတ်ခြင်း၌ပို၍ယုံကြည်မှုရှိရမည်။
ကျမ်းစာကဆိုထားသည်မှာသံသယနှင့်စားသောသူသည်တရားစီရင်ခြင်းခံရမည်။ ဘရားသခင်၏ဖြောင့်မတ်ခြင်း၌ ယုံကြည်ခြင်းနှင့်အတူစား သောက် လျှင်အရာတိုင်းသည်သန့်ရှင်းသည်။ အဘယ့်ကြောင့်ဆိုသော် အပင်နှင့်သတ္တ ဝါအားလုံးကို ဘုရားသခင်ဖန်ဆင်းသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၌ ယုံကြည်ခြင်းနှင့်ဤအရာကိုကျွန်ုပ်တို့ သိရှိရန်ကျွန်ုပ်တို့အဖို့ မည်မျှအရေး ကြီးကြောင်းနားလည်သဘောပေါက်ရမည်။