တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[14] တဦးနဲ့တဦး တရားမစီရင်ပါနဲ့

ရောမသြဝါဒ (၁၄း၁) က ဖော်ပြသည်မှာ “ယုံကြည်အားနည်းသော သူတို့ကို လက်ခံကြလော။ သို့ရာတွင် ယုံမှားဘွယ်သောပြဿနာတို့ကို ထိုသူ နှင့် မဆွေးနွေးကြနှင့်။”
ရှင်ပေါလုက ရောမမြို့ရှိ သူတော်စင်တို့ကို တဦး၏ ယုံကြည်ချက်အပေါ် တဦးက တရားမစီရင်ရန်သို့မဟုတ် ဝေဖန်အပြစ်ရှာခြင်းမလုပ်ရန် သတိပေးခဲ့ ပါသည်။ ယင်းအချိန်ကာလက ရောမမြို့အသင်းတော်၌ အလွန်သစ္စာရှိသော သူနှင့် သစ္စာသိပ်မရှိသောပုဂ္ဂိုလ် ၂ မျိုးလုံးရှိခဲ့ကြပြီး ယင်းတို့အချင်းချင်း တဦးယုံကြည်ချက်အပေါ်တဦးတဦးကဝေဖန် အပြစ်ရှာမှုများ ရှိလာခဲ့သည်။ အကယ်၍ သင်တို့တွင်လည်း ဤကဲ့သို့ဖြစ်ပွားလာပါက သင်တို့အ ချင်းချင်း တဦး ယုံကြည်မှုကို တဦးကလေးစားပြီး ဘုရားသခင်၏အစေခံများကို ပြစ် တင်ဝေဖန်သော ဆန့်ကျင်သောအနေအထားမပြုလုပ်ဘဲ ရှောင်ရှားကြရမည်။ ဤအရာက ကျွန်ုပ်တို့ထိမဟုတ်ဘဲ ဘုရားသခင်ထိရောက်ရှိပြီး သူ၏ အစေ ခံတို့ကို တည်ဆောက်ခြင်း ဖြစ်ပါသည်။
ဘုရားသခင်၏အသင်းတော်ဖြစ်သည့်တိုင်အောင် ယုံကြည်သူတွေကြား မှာ ပြဿနာပေါင်းများစွာ ပေါ်ထွက် လာတတ်သည်။ အကယ်၍ကျွန်ုပ်တို့ သူတို့၏ယုံကြည်ချက်ကို ကြည့်ရင် သူတို့၏ယုံကြည်မှု အတန်းအစား အား လုံးကို မြင်တွေရမှာဖြစ်ပါသည်။ တချို့က သူတို့၏ အပြစ်က ရွေးနှုတ်ကယ် တင်ခြင်းမခံရမီက တရားဥပဒေဘောင်အတွင်းမှာရှိပြီး တချို့က သူတို့၏ ဥပဒေဘောင်အတိုင်းလိုက်နာတဲ့ ယုံကြည်မှု အကြွင်းအကျန်ရရှိနေကြသည်။
တချို့ခရစ်ယာန်တွေက အစားအသောက်စားသောက်ရာမှာ ရွေးချယ် ထားသောအစားအသောက်ကိုပဲစားဖို့ကို ကြီးမားသည့်အရေးပါမှုအဖြစ်ခံယူ ထားကြသည်။ဥပမာအားဖြင့် တချို့ပုဂ္ဂိုလ်တွေက သူတို့ ဝက်သားမစားရဘူး ဟု ယုံကြည်တတ်ကြသည်။ တချို့တွေကလည်းသူတို့သည် ဘယ်လိုပတ် ဝန်းကျင်မျိုးမှာပဲ ဖြစ်ဖြစ်ဥပုသ်နေ့ကို စောင့်ထိန်းရမည်ဟု ယုံကြည်ကြသည်။ ကျွန်ုပ်တို့လျှာသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားမှာ ရှိသည့်ကျွန်ုပ်တို့ ယုံကြည်ချက်နှင့် ဤကဲ့သို့ခြားနားချက်တွေအတွက် သန္ဒိဌာန်ချမှန်ပြီး ဖြစ်ရ မည်။ တဦးနဲ့တဦး ဝေဖန်ပြစ်တင်ခြင်းမပြုဘဲ ထိုကဲ့သို့သော အသေးအမွှား ပြဿနာများကို ကျော်လွှားရမည်။ ဤနည်းသည် ရှင်ပေါလုပြောသည့် အကြောင်းအရာတွေရဲ့ အနှစ်ချုပ်ဖြစ် ပါတယ်။ 
ရှင်ပေါလုက အခန်းကြီး (၁၄) သင်ကြားထားတာကတော့ တကယ်လို့ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားမှာယုံကြည်မှုရှိပါက ကျွန်ုပ် တို့သည် ကျွန်ုပ်တို့၏မိတ်ဆွေယုံကြည်သူများအားနည်းချက်များကို ဝေဖန်ပြစ် တင်ရှုတ်ချခြင်းမပြုလုပ်ရပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် အားနည်း နေကြသော်ငြားလည်း ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ကြ သူများဖြစ်ကြပါသည်။
ကျမ်းစာက ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ပြီးသူတိုင်း၏ အပြစ်များမှ ရွေးနှုတ်ကယ်တင်ခံထားသူများကို အဖိုးတန်သည်ဘုရားသခင် ၏လူများ ကဲ့သို့မှတ်ယူသည်။ သူတို့သည် တချို့သောသူများ၏ အမြင်တွင် မလုံလောက်မပြည်စုံသူများနှင့် တူဟန်ရှိသလိုလိုထင်မြင်ကြသော်လည်း ဘုရားသခင်က တခြားယုံကြည်သူများ၏ယုံကြည်ချက်ကို ဝေဖန်အပြစ်မ တင်ရန် အမိန့်ပေးထားသည်။ အကြောင်းမှာ သူတို့သည် ဇာတိပကတိသွေး သားအားဖြင့် ပြည့်စုံကြမှာ မဟုတ်သော်လည်း သူတို့၏ယုံကြည်ချက်ကြောင့် ယ္ခုတိုင် ဘုရားသခင်၏ သမီးများဖြစ်နေကြသောကြောင့်ဖြစ်ပါသည်။
 
 
လူတိုင်း၏ယုံကြည်ချက်သည် တဦးနဲ့ တဦးကွဲပြားခြားနားခြင်း
 
အခန်းငယ် (၂-၃) တွင် ဖော်ပြထားသည်မှာ “အစာအမျိုးမျိုးစားအပ် သည်ဟု လူတချို့ယုံကြည်၏အားနည်းသောသူမူကား ဟင်းသီးဟင်ရွက်ကို သာစား၏။ အမျိုမျိုး မစားသောသူသည်လည်း စားသောသူကိုမစစ်ကြော မစီရင်နှင့်အကြောင်းမူကား ဘုရားသခင်သည် သူတို့လက်ခံတောမူပြီ။”
ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို ယုံကြည်ပြီး သူ၏နောက်တော် ကို လိုက်နေကြသောဘုရားသခင်၏ အစေခံကျွန်များအတွင်း၌ အမျိုးမျိုးအဖုံဖုံ ကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ သူ၏နှုတ်ကပတ်တော်ကို မည်ရွေ့မည်မျှ ယုံကြည်မှုပမာဏတွင် မူကွဲပြားခြားနားမှုရှိနိုင်သည်။
အကယ်၍ တစုံတဦးသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းသတင်း ကောင်းကို ယုံကြည်ခြင်းအားဖြင့် ဒုတိယအကြိမ် မွေးဖွားခံရပြီး သူသည် ၄င်းမ တိုင်မီက ရှေးနည်းဥပဒေများကို တိကျစွာလိုက်နာသူက ဦးဖြစ်ခဲ့ပါက သူ/သူမ တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို အပြည့်အစုံယုံကြည်ခြင်း အားဖြင့် မိမိ၏ဇာတိဖြောင့်မတ်ခြင်းကို စွန့်လွှတ်ရသောကာလ အချိန်လိုအပ် ပါလိမ့်မည်။ ဤသို့သော ပုဂ္ဂိုလ်များသည် ဥပုသ်နေ့ကို စောင့်ထိန်းရာ၌ အလွန် အရေးပါအောင် လုပ်တက်ကြသည်။ သို့သော် သူတို့ကို မဝေဖန်ပါနှင့် အဘယ် ကြောင့်ဆိုသော် သူတို့သည်လည်းဘဲ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ကြသည်။
ဘုရားသခင်သည် သူ၏ဖြောင့်မတ်ခြင်းတရားကို သိရှိပြီး ယုံကြည်သော လူတိုင်းအပေါ်နှစ်သက်မှုရှိပါသည်။ ဤလူများကို သူ၏လူများအဖြစ် ရွေး ချယ်ပါသည်။ ထို့ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား၌ မှန်ကန်စွာ သစ္စာရှိစွာ ယုံကြည်သူတိုင်းသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် အတူသူ တို့၏ယုံကြည်သူတို့၏ ယုံကြည်သူမိတ်ဆွေများအပေါ်သူတို့၏ယုံကြည်သူ မိတ်ဆွေများအပေါ် သူတို့၏ယုံကြည်မှုအားနည်းချက်အပေါ် ပြစ်တင်ဝေဖန်မှု ပြုခြင်းအစား၊ သူတို့အားစောက်ရှောက်ကျွေးမွေးခြင်းကို ကြိုးပမ်းအား ထုတ် လုပ်ဆောင်ရမည်ဖြစ်သည်။
 
 
ကျွန်ုပ်တို့သည် ဘုရားသခင်၏ အစေခံကျွန်များကို တရားမစီရင်ရပါ
 
အခန်းငယ် (၄) က ပြောသည်မှာ “သူတပါးပိုင်သော သူကို စစ်ကြောစီ ရင်သောသင်သည်အဘယ်သူနည်း။ သူသည် မိမိသခင်စီရင်သောအားဖြင့်သာ အပြစ်လွတ်ခြင်း၊ အပြစ်ခံခြင်းသို့ ရောက်ရ၏။ သူသည် အပြစ်လွတ်ခြင်းသို့ ရောက်လိမ့်မည်။ အကြောင်းမူကားဘုရားသခင်သည် သူ၏အပြစ်ကိုလွှတ် ခြင်းဖြင့်သာတတ်နိုင်တော်မူ၏။”
ကျွန်ုပ်တို့သည် ဘုရားသခင်၏အစေခံကျွန်များကိုအသိအမှတ်ပြုရမည်။ သူတို့၏ယုံကြည်မှုနှင့်သူတို့ကို ဘုရားသခင်က အဘောတူခွင့်ပြုပြီး ဖြစ်သည်။ သင်၏ခရစ်ယာန်အသက်တာဖြင့် အသက်ရှင်နေစဉ်သင်သည် ဘုရားသခင်၏ အစေခံကျွန်များကို ဝေဖန်ခြင်းတရားစီရင်ခြင်းပြုဘူးပါသလား။ ထို့နောက် ဘုရားသခင်က သင်ယုံကြည်မှုပိုများရင်တောင်မှ သင့်ကိုပြင်းထန် စွာအပြစ် တင်ပါလိမ့်မည်။အကယ်၍သင်သည် ဘုရားသခင်အတည်ပြုခန့်အပ်ထား သောသူများ၏ယုံကြည်မှုကို တရားမစီရင်ပါက သူသည် သူတို့၏ မတူလို့ပဲ ဖြစ်ပါသည်။ သင်သည် ဘုရားသခင်၏တရားစီရင်ရာပလ္လင်ပေါ်ကို မိမိဖာသာ တက်ရောက်ပြီး ဘုရားသခင်၏အစေခံများကို တရားစီရင် နေသူဖြစ်ပါသည်။ ဤအရာသည် မမှန်ပါ။ ဤကဲ့သို့လုပ်မဲ့အစား၊ သင်သည် သင်မနှစ်သက်သော ဤဘုရား၏အစေခံတွေကိုကျေးဇူးသိတတ်စွာနှင့်လက်မခံပေ။ ထိုနောက် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းကို မြှင့်တင်ရင်းနှင့်သူတို့၏လမ်းပြမှုကိုနာခံပါ။
ဘုရားသခင်သည် ကျွန်ုပ်တို့၏ယုံကြည်ချက်ကို အတည်ပြုပေးရမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့မှာ ဘုရားသခင်၏ထောက်ခံချက်နှင့်ဆုလဒ်များနှင့် ထိုက်တန်သည်။ရားသခင်သည် ကျွန်ုပ်တို့၏အသက်တာကို ယေရှုခရစ်တော် ထံမြှုတ်နှံဖို့အခွင့်ပေးခဲ့တဲ့အတွက်ဖြစ်ပါသည်။ကျွန်ုပ်တို့သည် သူ၏ဖြောင့် မတ်ခြင်းအတွက် သူကို ကျေးဇူးတင်ရမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်က အတည်ပြုပေးသည်။ လူကိုအတည်ပြုရမှာဖြစ်ပြီး ဘုရားသခင်က အတည်မ ပြုသည်။ လူများအတည် မပြုရပါ။ ကျွန်တော်မျှော်လင့်တာကတော့ သင်တို့ သည် သင်တို့၏ဇာတိဖြောင့်မတ်ခြင်းကို မြှောက်တင်မဲ့အစား၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ရင်းဘုရားရှင်၏ဂုဏ်တော်ကိုချီးမွမ်းရမှာ ဖြစ်ပါ သည်။ ကျွန်တော်မျှော်လင့်တာကတော့ ဘုရားသခင်က သင်တို့၏ ယုံကြည် ချက်ကို သဘောတူလက်ခံမှာဖြစ်ပါသည်။ ထိုနောက် သူ၏ဖြောင့်မတ်ခြင်း သင်တို့၏ ယုံကြည်ခြင်းကို မြှင့်တင်မည် ဖြစ်ပါသည်။
အကယ်၍ သူတို့လည်း ဘုရားရှင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်မည် ဆိုလျှင် “နေ့ရက်တရက်ထက် တရက်သာ၍ မြတ်သည်ဟု လူအချို့တတ်၏ လူအချို့မထင်တတ်၊လူတိုင်း မိမိစိတ်တိုင်းကပါစေ၊ နေ့ရက်ကို စောင့်သော သူသည် သခင်ဘုရားကို ထောက်၍စောင့်၏။ နေ့ရက်ကို မစောင့်သောသူ သည်လည်း သခင်ဘုရားကို ထောက်သောစိတ်နှင့် စား၍ကျေးဇူးတော်ရှိ သည်ဟု ဝန်ခံ၏။ မစားသောသူသည်လည်း ဘုရားသခင်ကို ထောက်သော စိတ်နှင့် မစားဘဲနေ၍ ကျေးဇူးတော်ရှိသည် ဟု ဝန်ခံ၏” (ရောမ ၁၄း၅-၆)။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို ယုံကြည်သောသူတို့၏ ယုံကြည် ချက်ကို ကျွန်ုပ်တို့သည် လစ်လျူရှုခြင်းသော်၄င်း ငြင်းပယ်ခြင်းသော၄င်း မလုပ်ရပါ။ အကယ်၍သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည် ပြီး သူကိုအစေခံလျှင် ကျွန်ုပ်တို့သည် သူတို့ကို ဘုရားသခင်၏အစေခံများအ ဖြစ် ဝန်ခံရမည်။
“ယုဒလူတို့ကိုရခြင်းအလိုငှါ ယုဒလူတို့၌ယုဒလူကဲ့သို့ဖြစ်၏။ ပညတ်တ ရားကိုကိုယ်တိုင်မဆည်းကပ်သော်လည်း၊ ပညတ်တရားကို ဆည်းကပ်သော သူတို့ကိုရခြင်းအလိုငှါ၊ ပညတ်တရားကို ဆည်းကပ်သောသူတို့၌ ပညတ်တ ရားကိုကျင့်သောသူတို့၌ ပညတ်တရားကို ကျင့်သောသူကဲ့သို့ဖြစ်၏။ ဘုရားသ ခင်၏ရှေ့တော်၌ တရားမဲ့မနေခရစ်တော်၏ တရားကိုကျင့်သောသူဖြစ် သော်လည်း ပညတ်တရားမဲ့သောသူတို့ကို ရခြင်းအလိုငှါ၊ ပညတ်တရားမဲ့ သောသူတို့၌ ပညတ်တရားမဲ့သောသူကဲ့သို့ ဖြစ်၏” (၁ကော ၉း၂၀-၂၁)။
 
 
ဖြောင့်မတ်ခြင်းသည် သခင်ဘုရားအတွက် အသက်ရှင်လိမ့်မည်
 
အခန်းငယ် ၇-၉၌ ဖော်ပြသည်မှာ “ငါတို့တွင် အဘယ်သူမျှ ကိုယ်အဘို့ အလိုငှာ အသက်မရှင်။ အဘယ်သူမျှကိုအဘို့ အလိုငှာမသေ။ အသက်ရှင် လျှင် သခင်ဘုရားအဘို့အလိုငှာရှင်၏။ သေလျှင်လည်း သခင်ဘုရား အဘို့အ လို့ ငှာသေ၏။ ထို့ကြောင့် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ သခင် ဘုရားဆိုင်တော်မူ၏။ အကြောင်းမှုကား ခရစ်တော်သည် သေသောသူတို့ကို ၄င်း၊ ရှင်သောသူတို့ကို၄င်း၊ အစိုးရသောအရှင်ဖြစ်လိုသော ငှာအသေခံ၍ ခံပြီးမှ အသက်ရှင် ပြန်တော်မူ၏။”
ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူအသက်ရှင်၍ သူနှင့်အတူ သေ၏။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဖော်ပြသော သ တင်းကောင်း၌ ကျွန်ုပ်တို့ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် အပြစ်များအား လုံးမှ ကယ်တင်ခံရပြီး အသစ်သော အသက်တာကို လက်ခံရရှိကြ၏။ ဟောင်း သောအရာမှန်သမျှသည် ခရစ်တော်၌ ကျော်လွန်ခဲ့ပြီး အသစ်သောသတ္တဝါ ပြန်ဖြစ်လာ၏။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သစ္စာရှိစွာ ယုံကြည်ခြင်း ပင်ဖြစ်သည်မှာ သင်ဟာ ခရစ်တော်ပိုင်ဖြစ်သည်ဆိုသော အမှန်တရား၌ နား လည်ပြီး ယုံကြည်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ ဖြောင့်မတ် ခြင်းကိုး ယုံကြည်သောသူအဖို့ ဤကမ္ဘာ၌ နောက်ထပ်လုပ်စရာဘာမျှမရှိ ၄င်း အစာ ဘုရားသခင်၏အစေခံကျွန်ဖြစ်လာသည်။
အကယ်၍ သင်သည် ဘုရားသခင်၏ အစေခံကျွန်ုပ်ဖြစ်လာလျှင် သူအား အထက်သို့မြှင့်တင်ရမည်။ သူအား ချစ်ရမည်။ သူ၏ဂုဏ်တော်အတွက် အ သက်ရှင်ရမည်။ ပြီးနောက် ဤနည်းဖြင့် သင်၏ အသက်တာကို အသက် ရှင်ခွင့်ပြုခြင်းအတွက် ကျေးဇူးတင်ရမည်။
သင်ဟာ တကယ်ဘဲ ခရစ်တော်ကို ပိုင်ဆိုင်ပြီလား။ ရေနှင့်ဝိညာဉ် သတင်းကောင်းကို ယုံကြည် သက်ဝင်သူသည် ခရစ်တော်နှင့်အတူ ကားတိုင်၌ အသေခံရပြီး သူနှင့်အတူအသက်ရှင်ခြင်းသို့ ပြန်ရောက်စေသည်။ ဘုရား သခင်၏ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ခရစ်တော်က ပိုင်ဆိုင်ပြီးဖြစ်သည်။ ဘုရားသခင်သည်ကယ်တင်သောအ ရှင်ဖြစ်လာသည်။
 
 
ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ယုံကြည်သူမိတ်ဆွေများအပေါ်တရားမစီရင်သင့်ပါ
 
အခန်းငယ် (၁၀-၁၂) တွင် ဤသို့ရေးထားပါသည်။ “သင်သည် ညီအစ်ကိုချင်းကို အဘယ်ကြောင့် စစ်ကြောစီရင်သနည်း။ ညီအစ်ကိုချင်းကို အဘယ့်ကြောင့် မထီမဲ့မြင်ပြုသနည်။ ငါ့တို့ရှိသမျှသည် ခရစ်တော်၏တရား ပလ္လင်ရှေ့သို့ ရောက်ရကြမည်။ ကျမ်းစာလာသည်ကား ငါအသက်ရှင်တော် မူသည်ဖြစ်၍ ငါ့ရှေ့၌ လူတိုင်းဒူးထောက်ရမည်။ ဘုရားသခင်အား လူတိုင်း မိမိနှုတ်နှင့်သစ္စာခံရမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ သို့ဖြစ်၍ ငါ့တို့ရှိသမျှ သည် ဘုရားသခင် စစ်ကြောတော်မူခြင်းကို ခံရကြမည်။”
အဘယ့်ကြောင့် ကျွန်ုပ်တို့၏ ဘုရားရှင်ခရစ်တော် အသက်ရှင်ရသနည်း ဆိုသော် တနေ့တွင် ကျွန်ုပ်တို့သည် သူ၏ရှေ့မှောက်၌ ဒူးထောက်ပြီး အရာ အားလုံးအတွက် ဝန်ခံဖို့ဖြစ်သည်။ ထိုအကြောင်းကြောင့် ကျွန်ုပ်တို့သည် တရားစီ ရင်ရာပလ္လင်၌ထိုင်ရမည်မဟုတ်ဘဲ ကျွန်ုပ်တို့၏ညီအစ်ကို မောင်နှ မများကို တရားစီရင်ရမည်မဟုတ်ပါ။ သို့သော် ဘုရားရှင်ရှေ့မှာ ကိုယ်နှုတ် စောင့်စည်းလျှက် ရပ်နေရမည်ဖြစ်သည်။ သူ၏အသင်းတော်အတွင်း ဘုရားသ ခင်၏အလိုတော်အတိုင်း နေထိုင်အသက်ရှင်ရန်ထက်၊ တဦးကိုတဦး စီရင်ခြင်း စီရင်ချက်ချခြင်း မပြုရန်မှာ ပို၍ အရေးကြီး ပါသည်။အကယ်၍ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ညီအစ်ကို နှမတို့၏ အားနည်းချက်ကို သနားစီရင်ခြင်း စီရင်ချက် ချခြင်းမပြုလုပ်ပါက ဘုရားသခင်၏အရှေ့မှာ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့ ၏ဇာတိပကတိ အားနည်းချက်ကြောင့် တရားစီရင်ခြင်းခံကြရလိမ့်မည်။ ဤအရာသည်ဘုရားသခင်၏ အလိုတော်အတိုင်းသူ၏ အသင်းတော်၌အတူ တကွ နေထိုင် ခြင်းသည်မည်မျှကောင်းသည်ကိုကျွန်ုပ်တို့နားလည်သဘော ပေါက်စေရန် ဖြစ်သည်။    
မှန်ကန်သောယုံကြည်ခြင်းသည်၊ယုံကြည်သူမိတ်ဆွေများအားအကျင့်စာရိတ္တတိုးတတ်ကောင်းမွန်စေပြီးဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုလိုက်စား စေသည်။ မှားယွင်းသောယုံကြည်မှုတစ်ခုသည်ဘုရားသခင်၏ဖြောင့် မတ်ခြင်း ကိုစွန့်လွှတ်စေပြီး၊သူ၏ဇာတိဖြောင့်မတ်ခြင်းကိုသာတည်ဆောက်တတ်ကြောင်းအမှတ်ရပါ။ သင်အဘယ်သို့နည်း။ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းဖြင့်လိုက်စားနေပါသလား။ သို့မဟုတ်သင်သည်သင်၏ဇာတိအ သွေးအသားကိုပဲလိုက်စားနေသလား။
 
 
ကျွန်ုပ်တို့သည်တစ်ပါးသူ၏ယုံကြည်ခြင်းကိုမြှင့်တင်ပေးရမည်
 
အခန်းငယ် (၁၃-၁၄) ထို့ကြောင့်ငါတို့သည်ယ္ခုမှစ၍အချင်းချင်း မစစ် ကြောမစီရင်ဘဲ နေကြကုန်အံ့။ ညီအစ်ကို ချင်းထိမိ၍လဲစရာ အခွင့်၊မှားယွင်း စရာအခွင့်မရှိစေမည်အကြောင်းသာ၍စီရင်ကြကုန်အံ့။အဘယ် အခါမျှပကတိ အတိုင်းမညစ်ညူးကြောင်းကိုငါသည်သခင်ယေရှုကိုအမှီပြူလျှက်၊သဘောကျ၍အမှန်သိ၏။
သို့သော်လည်းညစ်ညူးသည်ဟုအကြင်သူသည်ထင်၏။ထိုသူ၌ ညစ်ညူး ၏။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုယုံကြည် သူ များအတွင်း၌ခြားနားသောယုံ ကြည်မှုပမာဏများရှိနေပါသည်။ ကျွန်ုပ်တို့ သည်တစ်ဦး၏အကျင့်စာရိတ္တကိုမြှင့်တင်ပေးခြင်းဖြင့်၊တစ်ဦးစီ၏ယုံကြည်ချက် ကို တည်ဆောင်နိုင်ရန်လုပ်ဆောင်ပေးရမည်။ ဤသို့ဖြင့်ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်သူများအားကြီးထွားလာစေမည်ဖြစ်သည်။
အကယ်၍ ကျွန်ုပ်တို့ကဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့်ဘုရားရှင်အ တွက်မှန်ကန်စွာ အသက်ရှင်မည်ဆိုလျှင်၊ ကျွန်ုပ်တို့အားလုံးကသူ၏လူများ ဖြစ်လာ ကြလိမ့်မည်။ အကယ်၍ သင်ဟာဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သောခရစ်ယာန်တစ်ဦးဖြစ်ခဲ့လျှင်ဘုရားသခင်၏ နှုတ်ကပတ်တော် ထဲမှာသင်၏ ယုံကြည်ခြင်းနှင့် အတူဘာမဆိုလုပ်နိုင်မှာဖြစ်တယ်။ အကယ်၍ သင်မလုပ်နိုင်ဘူးဆိုရင်၊ဤအရာသည်အဘယ်ကြောင့်နည်း။ အကြောင်းမှာ သင်သည်ဘုရားသခင်၏ဖြောင့်မတ်ခြင်း အစားသင်၏ဇာ တိဖြောင့်မတ်ခြင်း ကိုသာလိုက်စားသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းထဲ ကသင်၏ ဇာတိဖြောင့်မတ်ခြင်းကိုသာ လိုက်စားလျှက်နေခြင်းသည်ကမ္ဘာကို လိုက်စားခြင်းနှင့် မှားယွင်းသောယုံကြည် ချက် ပိုင်ဆိုင်ခြင်းဖြစ်သည်။
ဘုရားသခင်၏ဖြာင့်မတ်ခြင်းကို ယုံကြည်ခြင်းဖြင့်ကယ်တင်ခြင်းခံရ သော်ငြားလည်း၊မိမိတို့၏ဇာတိဖြောင့်မတ်ခြင်းကိုသာ ရှာဖွေသူတို့သည်ဘုရား သခင်၏ရန်သူကဲ့သို့နေထိုင်သူများဖြစ်ကြသည်။ ဘုရားသခင်ကသင်၏ ဖြောင့်မတ်ခြင်းကိုယုံကြည်သဖြင့်ကယ်တင်ခြင်းခံရသောသူများ ကိုသူတို့၏ ဘဝတလျှောက်လုံး၊သူ၏ဖြောင့်မတ်ခြင်းတရားကို ထိန်းသိမ်းလျက် လိုက် လျှောက် စေချင်သည်။
 
 
ချစ်ခြင်းမေတ္တာ၌လိုက်လျှောက်ခြင်း
 
အခန်းငယ် (၁၅၁၈) ၌သင်၏ “ညီအစ်ကိုတို့သည်သင်စားသော အစာကြောင့် စိတ်နာရလျှင်၊သင်သည်မေတ္တာတရားကိုမကျင့်၊ခရစ်တော် သည်အသေခံတော်မျှသောကျေးဇူးတော်ကိုခံသော သူကိုသင်၏အစာအားဖြင့် အကျိုးမနည်းစေနှင့်။သင်တို့သည်အခွင့်ရသည့်အမှုမှာကဲ့ရဲ့စရာအကြောင်းမ ရှိစေနှင့် ဘုရားသခင်၏နိုင်ငံတော်သည် အစားအသောက်၌မတည်၊ ဖြောင့် မတ်ခြင်း၊ငြိမ်သက်ခြင်း၊သန့်ရှင်းသောဝိဉာဉ်တော်အားဖြင့်ခံရသောဝမ်းမြောက်ခြင်း ၌တည်၏။”
ထိုသို့ကျင့်၍ခရစ်တော်၏အမှုကိုဆောင်ရွက်သောသူသည်၊ ဘုရား သခင်ရှေ့၌နှစ်သက်ဖွယ်၊လူတို့တွင်ချီးမွမ်းဖွယ်ဖြစ်၏။ ဘုရားသခင်၏ဖြောင့် မတ်ခြင်းတရားကိုယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းခံရပြီး၊ ယင်းကိုပျံ့နှံ့ရန် လုပ်ဆောင်လျှက်အသက်ရှင်နေသူတို့သည်အစာအဖို့အလို့ငှာသူ၏လူများကို အထင်အမြင်မသေးပါစေနှင့်။ တခါတရံကျွန်ုပ်တို့သည်အစာများကို ယူဆောင် လာလျှက်ဝေငှခြင်းဖြင့်ချစ်ခြင်းမေတ္တာ၌မိတ်သဟာယဖွဲ့ကြပါစို့။သို့သော်ရှင် ပေါလု ကကျွန်ုပ်တို့ကိုသတိပေးထားသည်မှာ၊ဆင်းရသောညီအစ်ကို မောင်နှ မတို့ကိုဆန့်ကျင်ခြင်း၊ချန်လှပ်ခြင်းမပြုဘဲ၊ မိမိတို့အတွင်းရှိချမ်းသာ ကြွယ်ဝ ခြင်းကိုသာဝေငှကြပါလော။အဘယ့်ကြောင့်ဆိုသော်၊ထိုအရာသည် ကျွန်ုပ်တို့ ၏မိတ်ဆွေ များအဖို့ခလုပ်တိုက်စရာဖြစ်စေနိုင်ပါသည်။
သူ၏ဖြောင့်မတ်ခြင်းကိုယုံကြည်သော သူတို့အပေါ်၌ ဘုရားသခင်က ပေးအပ်သောကောင်းချီး မင်္ဂလာများသည်၊ ကျွန်ုပ်တို့အားဘု၇ားသခင်၏ ဖြောင့်မတ်ခြင်းတရားနောက်သို့လိုက်လျှောက်ရန် အခွင့်ပေးလျှက်ရှိပြီး၊ရေ နှင့်ဝိညာဉ်သတင်းကောင်းအားဖြင့် ပေးအပ်ထားပြီးသောကျွန်ုပ်တို့၏ စိတ်ငြိမ် သက်ခြင်းသည်၄င်း၊ဘုရားသခင်ကအတူတကွအစေခံ ခွင့်ရခြင်းသည်၎င်း၊ သူကပေးအပ်ပြီးဖြစ်သော တစ်ဦးစီ၏ပျော်ရွှင်ခြင်းကို၄င်း၊ ဝေငှကြရမည်ဖြစ်ပါ သည်။ထို့ကြောင့်ချမ်းသာကြွယ်ဝသူတို့သည်သူတို့၏ချမ်းသာ သမျှမှာဘုရား သခင်ထံမှဖြစ်ကြောင်း နားလည်သဘောပေါက်ရမည်။ထို့အပြင် သတင်း ကောင်းကိုအစေခံရန်နှင့်ဘုရားသခင်၏ ဖြာင့်မတ်ခြင်းကိုအတူလိုက်လျှောက် ရန်သူတို့အား တခြားသူများနှင့်အတူဝေငှရမည်။ ထိုကဲ့သို့သောအသက်တာ ဖြင့် နေထိုင်သူများကို ဘုရားသခင်သည်နှစ်သက်ပြီးချစ် တော်မူ၏။
 
 
အခြားသူများ၏အကျင့်စာရိတ္တတိုးတက်ကောင်းမွန်ရေးကိုရှာဖွေပါ
 
အခန်း (၁၉-၂၁) ကပြောသည်မှာ “ထို့ကြောင့်ငြိမ်သက်ခြင်းနှင့်၄င်း၊ အချင်းချင်း တည်ဆောက်ခြင်းနှင့်၄င်း ယှဉ်သောအရာတို့ကိုမှီအောင်လိုက်ကြ ကုန်အံ့။ ဘုရားသခင်၏အမှုတော်ကိုသင်၏ အစာအလိုငှာမဖျက်ဆီးနှင့် အစာ အမျိုးမျိုးတို့သည်စင်ကြယ်၏သို့သော်လဲသူတပါးထိမိ၍လဲစရာကြောင်းနှင့်စားသောသူသည် အပြစ်ရှိ၏။ အမဲသားကိုစားခြင်း၊ စပျစ်ရည်ကိုသောက်ခြင်း ကိစ္စမှစ၍ညီအစ်ကိုထိမိ၍လဲစရာအကြောင်း၊ မှားယွင်းစရာအကြောင်း၊အား နည်းစရာအကြောင်းကိုရှောင်အပ်၏။”
ရှေးကာလကရောမနှင့်ကောရင့်ကဲ့သို့သောအလားတူရှေးဟောင်းမြို့များ ၌လူတို့သည်ရုပ်တုများကိုယစ်တင်ရန်အတွက်အစာများကိုရောင်းချကြသည်။ အချို့သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား၌ရှိသောယုံကြည်သူများက ယင်းကဲ့သို့သောအစားအစာများကိုဝယ်ယူပြီးယင်းတို့ကိုစား သုံးလေ့ရှိကြ သည်။ ထိုအချိန်ကဘုရားသခင်၏အသင်းတော်တွင်းရှိ ယုံကြည်ခြင်းတွင် အားနည်းသောယုံကြည်သူမိတ်ဆွေအချို့တို့သည် ယင်းအစားအစာများကို စားသောက်ခြင်းဖြင့်အပြစ်ကျူးလွန်ကြသည်။ ထို့ကြောင့်ရှင်ပေါလုက ဤသို့ ပြောခြင်းဖြစ်သည်။ ဘုရားသခင်၏အမှုတော်ကိုအစာအလိုငှာ မဖျက်ဆီးနှင့် (ရောမ ၁၄း၂၀)။
စပျစ်ရည်(ဝိုင်)တွင်လည်းအလားတူအသုံးပြုခဲ့သည်။အချို့သောယုံကြည် သူများအနက်စပျစ်ရည် အလွန်အကျွံသောက်ခြင်းကို မစိုးရိမ်သော သူများရှိခဲ့ ကြသည်။ ထို့ကြောင့်ရှင်ပေါလုကချိုသာစွာ သတိပေးခဲ့သည်မှာ အကယ်၍ ယင်းအလေ့အထကသူတို့ယုံကြည်သူမိတ်ဆွေ၏ယုံကြည်ချက်ကိုအားနည်းစေသည်ဆိုလျှင် သူတို့၏ယုံကြည်သူမိတ်ဆွေအတွက်သူကျူးလွန်သောအ ရက်သောက်ခြင်းပြစ်မှုမှရပ်တန့်ရန်အတွက်အကောင်းဆုံးဖြစ်ပါလိမ့်မည်။ဤအရာဟာကျွန်ုပ်တို့အတွင်းမှာလည်းဖြစ်ပျက်လျှက်ရှိနေပါသည်။ထိုအကြောင်းများကြောင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ခရစ်ယာန်အသက်တာကိုအခြားသူများ၏အကျင့်စာရိတ္တတိုးတက်ကောင်းမွန်ရေးနည်းလမ်းနှင့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားရှာဖွေရေးအတွက်အသက်ရှင်ရမည်ဖြစ်သည်။ 
 
 
ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ယုံကြည်မှုရှိပါ
 
အခန်းငယ် (၂၂-၂၃) တွင်ဖေါ်ပြသည်မှာ “သင်သည်ယုံကြည်ခြင်းရှိ လျှင်ကိုယ်အလိုအလျှောက်ဘုရားသခင်ရှေ့၌ရှိစေလော၊ကိုယ်လက်ခံသောအမှုမှာကိုယ်ကိုမစစ်ကြောမစီရင်သောသူသည်မင်္ဂလာရှိ၏။ ယုံမှားသောသူသည် စားလျှင်၊ ယုံသောစိတ်မရှိဘဲ၊ စားသောကြောင့်အပြစ်စီရင်ခြင်းကို ခံရ၏။ ယုံသော စိတ် မရှိဘဲကျင့်သမျှသောအကျင့်တို့သည်အပြစ်ရှိကြ၏။”
ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ယုံကြည်သောသူတို့သည်မှန်ကန်သောယုံကြည်ခြင်းပိုင်ဆိုင်သောသူများဖြစ်ကြ၏။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းတ ရား၌ယုံကြည်ခြင်းသည် ကျွန်ုပ်တို့၏အပြစ်အားလုံးမှ သန့်ရှင်းစင်ကြယ်ပြီး သော၊ဘုရားသခင်ပေးသည့်ယုံကြည်ခြင်းဖြစ်၏။ထို့ကြောင့် ခရစ်ယာန်များ သည်ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုယုံကြည်ရမည်။၄င်းနောက်သူ၏ဖြောင့် မတ်ခြင်း၌သူတို့၏ယုံကြည်ခြင်းခံယူချက်ရှိရမည်။
ကျမ်းစာကဆိုထားသည်မှာသူ၏ ဖြောင့်မတ်ခြင်းကိုမယုံကြည်ဘဲဘုရား ရှင်နောက်လိုက်လျှောက်ခြင်းသည်အပြစ်ဖြစ်သည်။ ဘုရားသခင်၏ ဖြောင့် မတ်ခြင်း၌မယုံကြည်ဘဲလုပ်ဆောင်မှုတိုင်းသည်အပြစ်ဖြစ်သည်။ ကျွန်ုပ်သည် သူ၏ဖြောင့်မတ်ခြင်း၌ပို၍ယုံကြည်မှုရှိရမည်။ ကျမ်းစာက ဆိုထားသည်မှာ သံသယနှင့်စားသောသူသည်တရားစီရင်ခြင်းခံရမည်။ ဘုရားသခင်၏ဖြောင့် မတ်ခြင်း၌ ယုံကြည်ခြင်းနှင့်အတူစား သောက်လျှင် အရာတိုင်းသည်သန့်ရှင်း သည်။ 
အဘယ့်ကြောင့်ဆိုသော် အပင်နှင့်သတ္တဝါအားလုံးကို ဘုရားသခင်ဖန် ဆင်းသောကြောင့်ဖြစ် သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ ယုံကြည်ခြင်း နှင့်ဤအရာကို ကျွန်ုပ်တို့သိရှိရန်ကျွန်ုပ်တို့အဖို့မည်မျှအရေးကြီးကြောင်းနား လည် သဘောပေါက်ရမည်။