တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[15] အောင်မြင်သောသူတို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း အပေါ် ယုံကြည်ခြင်းအားထားသော ကြောင့်

ဤသတင်းကောင်းမှလွှဲ၍ အခြားအရာများသည် အောင်မြင်ခြင်း မပေး နိုင်ဘဲဘုရားသခင်၏ခွန်အားဖြင့်သာကျော်လွှားနိုင်ပြီးလူ၏ခွန်အား ဖြင့်မဖြစ် နိုင်ပေ။ ကျွန်ုပ်တို့အား အောင်မြင်စေနိုင်သည့် ခွန်အားသည် ဘုရားသခင်ထံမှ သာဖြစ်ပေါ်လာပါသည် (၁၅း၁-၂)။ 
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ နှင့်သူ၏ကယ်တင်ခြင်းသည် မည်မျှ ကြီးမားကြောင်းကို ကျွန်ုပ်တို့သဘော ပေါက်နားလည်ကာ ချီးမွမ်းသင့်ပေ၏။ အဘယ်ကြောင့် ဆိုသော် ဤသတင်း ကောင်းသည် ကျွန်ုပ်တို့ကို မာတုရအား ပွေ့ဖက်ရန် ခွန်အားပေးမည့် အရာ ဖြစ်နေကြောင့်ပေတည်း။ ကျွန်ုပ်တို့ရှိသ မျှသည် အားနည်းခြင်း၊ ပါရမီမရှိသူ၊ ဆုကျေး ဇူးမခံစားရသူ၊ မပြည့်စုံသူ၊ မိုက်မဲကာမသိနားမလည်သူများ ဖြစ်နေပေမည်။ သို့သော်ကျွန်ုပ် တို့နှလုံး သား၌ရေနှင့် ဝိညာဉ်တော်သတင်း ကောင်းတန်ခိုးရှိသောကြောင့် တန်ခိုး ရှိနေပါသေး၏။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၌ ယုံကြည်သောသူတို့၏အမည် များ အားအသက်စာစောင်တွင် ရေးသားထားသည်။ အခြားတစ်ဖက်၌ အသက်စာ စောင်၌အမည် ရေးသားထားခြင်းမရှိသူများသည် လဲကျကာစာတန်ရှေ့၌ လက်နက်ချရပေလိမ့်မည်ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအား ယုံကြည်ခြင်းဖြင့် အသက်စောစောင်၌ အမည်ရေးထားခြင်းခံရသူတို့သာ မ ကောင်းဆိုးဝါးရှေ့၌ ဒူးထောက်ခြင်းရှိမည်မဟုတ်ပေ။ သင်၏အမည်သည် အ သက်စာစောင်၌သေချာရှင်းစွာ ရေးထားခြင်းရှိမရှိကို သင်သေချာ သိထားရပေ မည်။ ကျွန်ုပ်တို့မာတုရခံရချိန်တွင်ထိုအရာသည် ကျွန်ုပ်တို့၏ သခင်ခရစ်တော် ပေးထားသည်ရှေးဦးစွာသော ချစ်ခြင်းမေတ္တာအပေါ် ယုံကြည်ခြင်းကြောင့်ဖြစ် ပေမည်။ 
 
 
အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့အတွင်း၌ ကျိန်းဝပ်နေသော သန့်ရှင်း သောဝိညာဉ်တော်သည်ကျွန်ုပ်တို့အား ရဲရင့်စေတော်မူသည်
 
အခန်း ၂၀ဘယ့်ကြောင့်ဆိုသော် မာတုရကြောင့်ခံရသောဆင်းရဲ ဒုက္ခ သည် ကျွန်ုပ်အားစောင့်မျှော်နေသည့် ကောင်းကင်ဘုန်းတော်ဖြင့်နှိုင်း ယှဉ်နိုင် ခြင်း မရှိသောကြောင့်ပင်ဖြစ်သည်။ 
ကျွန်ုပ်တို့သည်သေခြင်းရှေ့၌ကြောက်ရွံ့စွာနေမည့်အစားအဖိုးတန် လှ သည့်သတင်းကောင်းကို ကာကွယ်ရန်အတွက် မာတုရအား ရဲဝံ့စွာပွေ့ဖက်ခဲ့ သည်။ ကျွန်ုပ်တို့သည် မာတုရမည်သို့ခံနိုင်မည်ဆိုသည့် အတွေးအခေါ်တွင် တွေးတောနေခြင်းမရှိဘဲနေသင့်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် ကျွန်ုပ်တို့၏ကြိုးစားခြင်းကြောင့်မဟုတ်ဘဲ ဘုရားသခင်အားဖြင့်သာ မာတုရ ခံနိုင်ကြခြင်းဖြစ်သည်။ တစ်နေ့တွင်အောက်ပါကြေငြာချက်သည် ကျယ် လောင်စွာဟစ်ကြော်သံထွက်ပေါ်လာမည်ဟု ကျွန်ုပ်သေချာပေါက် ယုံကြည် သည်။ နိုင်ငံသားအပေါင်းတို့ ဤနေ့သည် အမှတ်တံဆိပ်ရယူရန် နောက်ဆုံး သောနေ့ရက်ဖြစ်သည်။ အနည်းငယ်မျှသော နိုင်ငံသားတို့သာ ယနေ့အမှတ်တံ ဆိပ်ကိုခံယူရန်ရှိသည်။ 
ယနေ့ထိသင်တို့၏ပူးပေါင်းပါဝင်မှုအပေါ် ကျွန်ုပ်တို့ကျေးဇူးတင်ပါသည်။ အမှတ်တံဆိပ်ကိုလက်ခံခြင်းသည် သင့်အတွက်မရှိမဖြစ်လိုအပ်သည့် အရာ ဖြစ်သည် အဘယ်ကြောင့်ဆိုသော်ထိုအရာသည် ကျွန်ုပ်တို့နိုင်ငံ၏အမိန့်ကို အ တည်ပြုစေရန်အတွက်ဖြစ်သည်။ ထို့ကြောင့်ကျေးဇူးပြု၍မြို့တော်ခန်းမသို့ အမှတ်တံဆိပ်ယူရန် ဖြစ်နိုင်သလောက် အလျင်အမြန်ရောက်လာပါ။ တဖန် ကျွန်ုပ်ပြောလိုသည်မှာ ဤနေ့သည်သင့်အတွက် အမှတ်တံဆိပ်ရယူရန် နောက်ဆုံးသောနေ့ရက်ဖြစ်သည်။ ယနေ့အချိန်ထိ အမှတ်တံဆိပ်မခံ ယူသေး သူတို့သည် ပြင်းထန်စွာအပြစ်ဒါဏ်ပေးခံရမည်ဖြစ်သည်။ ယခု ရှင်းလင်းစေ ရန်အတွက် အမှတ်တံဆိပ်မခံယူသေးသောသူများ၏အမည်ကို ကျွန်ုပ်ခေါ် မည်ဖြစ်သည်။ ဤအရာသည်စိတ်ကူးအတွေးဖြစ်သည်မှာ မှန်ပါ၏။ သို့သော် ထိုကဲ့သို့သောအကြောင်းအရာသည် မဝေးတော့သည့် အနာဂါတ်တွင် သေချာ ပေါက်ဖြစ်လာမည်ဖြစ်သည်။ကနဦးအသင်းတော်၏ အသင်းသားများသည် တစ်ဦးနှင့်တစ်ဦးငါးရုပ်ဖြင့် အမှတ်အသားပေးတတ်ကြသည်။ ဤအရာများ သည် သူတို့ကြား၌ လျှို့ဝှက်သင်္ကေတများ ဖြစ်သည်။ ကျွန်ုပ်တို့ သည်လည်း ကျွန်ုပ်တို့၏ညီအစ်ကိုမောင်နှမများအား မှတ်မိသိရှိရန် အမှတ်အသားလုပ် ထားသင့်ပေသည်။ သို့မှသာ ကျွန်ုပ်တို့တစ်ဦးနှင့်တစ်ဦးမာတုရခံနိုင်ရန် ယုံ ကြည်ခြင်းဖြင့် ခွန်အားပေးနိုင်ကြမည်ဖြစ်သည် ၁၅း၂၂-၂၉။
မာတုရသည် ကျွန်ုပ်တို့၏ကြိုးစားမှုဖြင့် ခံယူနိုင်သော အရာတစ်ခုမဟုတ် သောကြောင့် ကျွန်ုပ်တို့၏စိုးရိမ်မှုများကို ဘေးဖယ်ကာထိုအရာအား ရဲဝံ့စွာ ရင်ဆိုင်သင့်ပေသည်။ ကျွန်ုပ်တို့၏ဖြောင့်မတ်စွာသေခြင်းအတွက် ကြောက်ရွံ့ စရာတစ်ခုမျှမရှိပေ။ ကျွန်ုပ်တို့လုပ်ဆောင်ရမည့်အရာမှာ ဤလောကတွင် အသက်ရှင်စဉ်တွင်သခင်ဘုရားအတွက်အသက်ရှင်ရန်သာဖြစ်သည်။ ကျွန်ုပ် တို့၏အသက်တာကိုသခင်ဘုရားအတွက် ကျွန်ုပ်တို့ပေးဆပ်နိုင်ကြသည်။ အ ဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် သခင်ဘုရား၏နာမတော်အတွက် မာ တုရခံရန် သတ်မှတ်ထားခြင်းရသူများဖြစ်သောကြောင့်ပင်ဖြစ်သည်။ အကယ် ၍ သင်သည် သင်၏ပိုင်ဆိုင်မှု့များဆုံးရှုံးမည်စိုးသောကြောင့် မာတုရအား ရှောင်ပုန်းရန် ကြိုးစားပါကသင်သည် ပို၍ကြီးမားသော ဆင်းရဲဒုက္ခကိုပင် တွေ့ကြုံရမည်ဖြစ်သည်။သင်သည်မိမိသည် ခရစ်တော်တွက် မာတုရခံရ မည်ဟုသိနားလည်ထားကြသည့် ယုံကြည်ခြင်းရှိသူများကဲ့သို့နောက်ဆုံးသော အချိန်ထိတိုင်သက်ရှင်သင့်ပေသည်။
ကျွန်ုပ်တို့သည်မာတုရခံရမည်ကို နားလည်သဘောပေါက်လာသောအခါ တွင်ကျွန်ုပ်တို့သည်ယုံကြည်ခြင်း၌စိတ်နှင့်လက်တွေ့ဘဝ၌ ပို၍ပညာရှိလာကြ မည်ဖြစ်သည်။ ဤအသိညာဏ်သည် ကျွန်ုပ်တို့၏ရူးမိုက်မှုတွက် ကုသပေးနိုင် ပြီးလောကီရေးရာ အားလုံးတို့ကိုချန်ထားစေနိုင်ပါသည်။ ထိုအရာမှာ ကျွန်ုပ်တို့ အသက်တာကို အရှုံးပေးရမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ သို့သော် ထိုအရာ သည် ကျွန်ုပ်တို့သခင်ဘုရားအတွက် အသက်ရှင်ရမည်ကို ဆိုခြင်းဖြစ်သည်။ ဘုရားသခင်၏တန်ခိုးတော်သည် စာတန်အား အဆုံးမဲ့တွင်းထဲသို့ မချမှီ အချိန် ထိ ကျွန်ုပ်တို့အားကယ်တင်ခဲ့သည့်သခင်ဘုရားအတွက် ကျွန်ုပ်တို့အသက်ရှင် ကာ စာတန်နှင့်အန္တိခရစ်အား ဆန့်ကျင်တိုက်ခိုက်အောင်မြင်ပြီး အောင်မြင် ခြင်းဘုန်းအားလုံးတို့အား ဘုရားသခင်ကိုသာ ပေးသင့်ပါသည်။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အားဖြင့် ဘုန်းတော် ထင်ရှားလိုပါသည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်အထူးကျေးဇူးတင်မိပါသည်။ ဘုရား သခင်သည် ကျွန်ုပ်တို့အားအဝေးသို့သယ်ဆောင်သွားရန် အလျင်အမြန်ပြန် လာမည်ကို ကျွန်ုပ်တို့ယုံကြည်ပါသည်။မြောက်များစွာသောဝိညာဉ်တို့ နောက် ဆုံးသော အချိန်ကာလ၌ ဘုရားသခင်ထံသို့ ပြန်ချိန်တွင် ဘုရားသခင်သည် သူတို့အားလုံးအား သူ့ရင်ခွင်၌လက်ခံကာအဝေးသို့သယ်ဆောင်သွား မည်ဖြစ် သည်။ ဘုရားသခင်သည် ဖိလေဒေပိမြို့၌ရှိသောအသင်းတော်အား ဗျာဒိတ် ကျမ်း ပြောသည့်အတိုင်း သင်သည်ငါ၏။
သည်းခံခြင်းနှင့်စပ်ဆိုင်သော နှုတ်ကပတ်တရားကို စောင့်ရှောက်သော ကြောင့်ဆိုသည့်စကားဖြင့် ဘုရားသခင်သည် သစ္စာရှိသောအသက်တာဖြင့် အသက်ရှင်သောသန့်ရှင်းသူတို့ကို ရည်ညွှန်းပါသည်။ ထိုအရာ၏ ဆိုလိုချက် မှာအခြားသူများကို သူတို့အပေါ် မည်သို့ပြောဆိုပြုမူနေစေကာမူ သူတို့သည် ယုံကြည်ခြင်းကို ခိုင်မြဲစွာဆုပ်ကိုင်ထားကြသည်ဟု ဆိုခြင်းဖြစ်သည်။ “စုံစမ်း ရာကာလတွင် သင့်ကိုငါစောင့်ရှောက်မည်”ဟု ဆိုရာတွင် ဘုရားသခင်သည် သူ၏အမိန့်တော်တို့ကို စောင့်ရှောက်သူတို့အားစုံစမ်းခြင်းမှုလွှတ်ကင်း စေမည် ဟု ဆိုခြင်းပင်ဖြစ်သည်။
အခြားစကားလုံးဖြင့်ဆိုသော် ဘေးဒါဏ်ကြီးကာလနှင့် မာတုရခံမည့် အချိန်ရောက်သောအခါတွင်ကျွန်ုပ်တို့သည် နေ့စဉ်ဝတ်ပြုခြင်း၊ ဆုတောင်းခြင်း ဖြင့် လျှောက်လှမ်းသောသစ္စာရှိစွာ သက်ရှင်သည့်အတိုင်း ဘုရားသခင်သည် ကျွန်ုပ်တို့အားကွယ်ကာပေမည်။ ကျွန်ုပ်တို့၏စိတ်တွင်း၌ ကျွန်ုပ်တို့သည် မာ တုရခံရမည်ဟုထားပါက နှလုံးသားအတွင်းမှ ရှုပ်ထွေးမှုများ ရှင်းလင်းသွားကာ အကျိုးအဆက်အားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ပို၍ပင် ခိုင်မာလာ မည်ဖြစ်သည်။ကျွန်ုပ်တို့၏မာတုရခံခြင်အားဖြင့် ကျွန်ုပ်တို့အားလုံးသည် စုံစမ်း ရာကာလတွင်စောင့်လျှောက်ခြင်းခံရမည်ဆိုသည့် ဘုရားသခင်၏ကတိတော် အားသတိရကာလက်ရှိအသက်တာတွင် ဘုရားသခင်ရှေ့၌ ယုံကြည်ခြင်းဖြင့် အသက်ရှင်ရမည်ဖြစ်သည်။ အတိုချုပ်အားဖြင့်ဆိုသော် ကျွန်ုပ်တို့သည်ယုံ ကြည်ခြင်းဖြင့် အသက်ရှင်ရမည် ဖြစ်သည်။
ယနေ့ခေတ်သည် ဗျာဒိတ်တော်ခေတ်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်က ပါတ်တော် အားမသိကျိုးကွန်ပြုကာ ခေါင်းမာစာဖြင့် မိမိတို့၏မှားယွင်းသော ယုံကြည်မှုဖြစ်သည့် ဘေးဒါဏ်ကြီးကာလမတိုင်မှီချီဆောင်ခြင်းသြဝါဒကို ဆုပ် ကိုင်ထားကြသည့်မိုက်မဲသောခရစ်ယာန်များစွာရှိပါသည်။ နောက်ဆုံးသော ကာလရောက်ချိန်တွင်မိမိတို့မည်မျှပင် မှားယွင်းခဲ့ကြောင်း ထိုသူတို့သိရှိလာ ကြမည်ဖြစ်သည်။
နောက်ဆုံးသောနေ့ရက်ကာလရောက်လာသောအချိန်တွင် ထိုသူတို့ သည် မိမိတို့မည်မျှမှားယွင်းခဲ့ကြကြောင်းကို တွေ့ရှိပေလိမ့်မည်။ သူတို့၏ လွှမ်းမိုနိုင်သောနေ့ရက်နှင့်တန်ခိုးတို့သည်ရေတွက်ခံခဲ့ပြီးဖြစ်သည် ကျွန်ုပ်တို့ ပြုလုပ်ရန် လိုအပ်သောအရာတစ်ခုမှာ ဘုရားသခင်သည် သူ၏ကတိတော် စကားများကို ပြည့်စုံစေလိမ့်မည်ဟူသောမျှော်လင့်ချက်ဖြင့် အသက် ရှင်ရန် ဖြစ်သည်။ 
ဘေးဒါဏ်ကြီးကာအလယ်သို့ကျွန်ုပ်တို့ရောက်ရှိသောအချိန်တွင်ကျွန်ုပ်တို့သည် ယုံကြည်ခြင်းကို ကာကွယ်ရန်အတွက် မာတုရ ခံရမည်ဖြစ်သည်။ တံ ပိုးခုနှစ်လုံး မမှုတ်မှီအချိန်တွင် ကျွန်ုပ်တို့ရှိသမျှသည် ချီဆောင်ခြင်းခံကာ အနှစ်တစ်ထောင်နိုင်ငံတော်အတွင်းသို့ ဝင်ရောက်ကြမည်ဖြစ်သည်။ ခရစ် တော်နှင့်အတူစိုးစံရမည်ဟူသောကျွန်ုပ်တို့၏မျှော်လင့်ချက်အကောင် အထည် ဖေါ်လာသောအချိန်တွင် ကျွန်ုပ်တို့၏ဤကမ္ဘာကြီးပေါ်ရှိ ခံစားခဲ့ရသော ဆင်းရဲ ဒုက္ခရှိသမျှတို့သည် ကျွန်ုပ်တို့အားစောင့်မျှော်နေသောဆုများဖြင့် ပေးလျှော် မည်ဖြစ်ကာ ကျွန်ုပ်တို့၏ထာဝရအသစ်သော ကောင်းကင် နှင့်မြေကြီးသစ်သို့ ဝင်ရောက်ခြင်းသည် နှုတ်ဖြင့်မဖေါ်ပြနိုင်သောဝမ်းမြောက်ခြင်း ဖြစ်ပေသည်။
ယနေ့ကျွန်ုပ်တို့သည် ဘုရားသခင်၏ကတိတော်များ ပြည့်စုံလာမည့် မျှော်လင့်ချက်ဖြင့် သခင်ဘုရားအတွက် ယုံကြည်ခြင်းဖြင့် အသက်ရှင်ကြ သည်။ ကျွန်ုပ်တို့သခင်ဘုရားအား သူ၏ကတိတော်များအားလုံးကို ပြည့်စေ မည်ဆိုသော မျှော်လင့်ချက်ဖြင့် ကျွန်ုပ်တို့၏ဘုန်းတော်ဝင်စားသော ခန္ဓာနှင့် အတူသူနှင့်ထာဝရနေရမည့်နေ့ရက်အား စိတ်အားတော်သန်စွာ စောင့်စား လျက်နေပါသည်။ ကျွန်ုပ်သခင်ဘုရားအားကျွန်ုပ်တို့အတွက် ပြည့်စုံသော အပြစ်ခွင့်လွှတ်ခြင်း သတင်းကောင်းကိုပေးခဲ့သည့်အတွက် သူ့၌တည်ခြင်းဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ကာကွယ်ရန်မာတုရကို တပွေ့ဖက်စေနိုင်ခြင်း အတွက်နှင့်သူ၏မင်္ဂလာရှိသောလူများကြားတွင်ရပ်တည်ခွင့်ပေးသောကြောင့် ကျေးဇူးတင်ပါသည်။ 
အာရှိပြည်၌ရှိသော ရောမအင်ပါယာအုပ်စိုးသည့် ကြီးမားသော သင်္ဘော ဆိပ်ကမ်းမြို့ကြီးဖြစ်သည့် ဧဖက်မြို့သည် စီးပွားရေးနှင့် ဘာသာရေးအတွက် အချက်အခြာကျသောနေရာဖြစ်သည်။ ကနဦးအသင်းတော်ခေတ်၌ ထိုမြို့ သည် နိုင်ငံတကာတွင် ကျော်ကြားသောမြို့ဖြစ်၏။ မြို့၏မြောက်ဘက်တွင် စမုရနမြို့ရှိပြီး တောင်ဘက်တွင် မိလတပ်မို့ရှိ၏။ ဒဏ္ဍာရီပုံပြင်အရဆိုသော် စစ်၏အရဲရင့်ဆုံး နတ်ဘုရားမ သည် ထိုမြို့အား ဘီစီဆယ့်နှစ်ရာစုတွင် ပထမ တည်ထောင်ကာအေသင်၏သရဖူဆောင်သည့် မင်းသား အားသူမပေးအပ် ခဲ့သည်ဟု ဖြစ်သည်။ 
ဧဖက်မြို့သည် ရုပ်ဝတ္တုပိုင်ဆိုသော် အလွန်ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ် သည် ထိုအရာ၏ ဆိုလိုချက်မှာ ထိုမြို့သည် လောကီပိုင်းဆိုင် ရာမြို့လည်းဖြစ် သည်ဟုပင်။ ထို့ကြောင့် ပင်ဘုရားသခင်သည် ဧဖက်အသင်းတော်အား နောက်ဆုံးသောကာလထိတိုင် စာတန်ကို တိုက်ခိုက်ရန် မိန့်တော်မူခဲ့၏သို့ မှသာရေနှင့်ဝိညာဉ်တော်သင်းကောင်းကိုမပျောက်ဆုံးဘဲရှိစေမည်ဖြစ်သည်။ဘုရားသခင်၏သမ္မာတရားစကားများသည်မည်မျှအရေးကြီးသည်ကို ကျွန်ုပ် တို့သဘောပေါက်နားလည်ကာ မည်သည့်နည်းဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်း အတွက် ကာကွယ်ရမည်ကိုပင်ဖြစ်သည်။ 
တမန်တော်ယောဟန်အားဖြင့် ဘုရားသခင်သည် ဧဖက်အသင်းတော် အား “လကျာ်လက်၌ကြယ်ခုနှစ်လုံးကိုကိုင်၍၊ ရွှေမီးခွက်ခုနှစ်လုံးအလယ်၌ သွားလာသောသူ၏ အမိန့်တော်ကား သင်အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာ လုပ် ဆောင်ခြင်း၊ သည်းခံခြင်းကိုငါသိ၏။ သင်သည် မတရားသောသူတို့ကို လက်မ ခံနိုင်ကြောင်းကို၄င်း၊ တမန်တော်မဟုတ်ဘဲ တမန်တော်ဖြစ်ယောင်ဆောင် သော သူတို့ကို စစ်ဆေး၍ လှည့်ဖြားသောသူဖြစ်သည်ဟု သိကြောင်းကို၄င်း၊ ခန္တီနှင့်ပြည်စုံ၍၊ ငါ၏နာမကြောင့်ဆင်းရဲ၍အာမလျော့ကြောင်းကို၄င်း ငါသိ၏}} ဟု ရေးခဲ့သည်။ 
 
 
နိကောလ၏ အမှားပြုခြင်း
 
ဗျာဒိတ်ကျမ်း“သို့သော်လည်းဣသရေလအမျိုးသားတို့သည် ရုပ်တုရှေ့ မှာ ပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှာ၄င်း၊ မတရားသောမေထုန်ကို ပြုစေခြင်းငှာ၄င်း၊ ထိမိ၍လဲစရာအရာကို သူတို့ရှေ့၌ ချထားမည်အကြောင်း၊ တလက်မင်းကို အကြံပေးသောသူသည်ဟူသော ဗာလမ်၏အယူကို စွဲလမ်း သောသူတို့သည် သင်၏နေရာ၌ရှိကြသည်ဖြစ်၍ သင်၌အနည်းငယ်သော အပြစ်တင်စရာရှိ၏” ဟုဆို၏။ 
ဤကျမ်းပိုဒ်ကို ကိုးကားသော ကျမ်းပိုဒ်သည် တောလည်ရာကျမ်းတွင် တွေ့နိုင်သည် ထိုကျမ်းပိုဒ်၌ ဗာလက်နှင့်မောဘ ဘုရင်တို့၏သမိုင်းကြောင်း ရေးသားထားပါသည်။ ဣသရေလလူတို့သည် အဲဂုတ္တုပြည်မှထွက်လာပြီး မောဘလွင်ပြင်သို့ရောက်သောအချိန်တွင် နွားသည်မြက်ပင်ကို စားသကဲ့သို့ ထိုပြည်၏အမျိုးခုနှစ်မျိုးကို အောက်နိုင်ခဲ့သည်။ ဤအောင်မြင်မှုကိုကြားပြီး သောအခါ ဗာလက်မင်းသည်သူတို့၏ဘုရားကို ကြောက်ရွံ့လာခဲ့သည်။ သူ၏စိုးရိမ်မူမှာမောဘသားတို့သည်လည်း ယခင်သိမ်းပိုက်ခြင်းခံခဲ့ပြီးသော ကာနန်သားများကဲ့သို့ သိမ်းခံရမည်ကိုဖြစ်သည်။ ဣသရေလလူတို့၏ တိုက် ခိုက်အောင်မြင်ခြင်းမှလွှတ်မြောက်ရန် ကာကွယ်သည့်အနေဖြင့် ဗာလက် မင်း သည် မှားယွင်းသော ပရောဖက် ဘာလမ်ကို ခေါ်ကာကျိန်ဆဲစေသည်။ သို့သော် ဗောဘဘုရင်ဗာလက်သည်ဗာလမ်ကောင်းကြီးပေးသော သူများ သည် ကောင်းကြီးခံရကာကျိန်ဆဲသောသူများသည် ကျိန်ဆဲခြင်းခံရမည်ဟု ယုံ ကြည်ထားသည်ထိုအချိန်ကာလ၌ဗာလမ်သည်မှားယွင်းသောပုရောဖက် ဖြစ် သော်လည်းထိုဒေသတစ်ဝိုက်၌မှော်ဆရာအဖြစ်ထင်ပေါ်သော သူဖြစ်သည်။
ဗာလမ်သည် ဗာလက်မင်းသူအားပြုစေသည့်အရာကို မပြုလုပ်နိုင်ခဲ့ပေ။ ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ ဣသရေလလူတို့သည် ဘုရားသခင်၏ လူတို့ ဖြစ်ကြကာ ဗာလမ်သည် ဣသရေလလူတို့အား ကျိန်ဆဲရန် ဘုရားသခင်ထံမှ အခွင့်မရသည့်အပြင် ထိုသို့ပြုလုပ်ရန်ကြိုးစာခြင်းသည်ပင် သူ့အပေါ်၌ ကျိန် ခြင်းပြန်လည် သက်ရောက်ရန်ပင်ဖြစ်သည်။ ဘုရားသခင်၏ဝိညာဉ်တန်းခိုး လွမ်းမိုးခြင်းခံထားရသော ဣသရေလလူတို့အား ဗာလမ်သည် ကောင်းကြီး ပေးရုံမျှလွှဲ၍ ဘာမျှမတတ်နိုင်ပေ။ ဤအတွက် စိတ်ဆိုးကာ ဗာလက်သည် ဗာလမ်အားဣသရေလလူမျိုးတို့ကိုသူမမြင်နိုင်သည့်နေရာမှ ကျိန်ဆဲရန် တောင်းဆိုခဲ့သည်။
ဗာလမ်သည် ဗာလက်မင်းထံမှ များစွာသောငွေကြေးဘဏ္ဍာတို့ ကိုရရှိ သောကြောင့် အပြန်တွင်ဣသရေလလူတို့အပေါ် မည်သို့ကျိန်ခြင်းရောက်ရန် ပြုရမည်ကိုသင်ပေးခဲ့သည်။ သူတို့၏အစီအစဉ်မှာ ဣသရေလတို့အား မောဘ ပြည်၏ပွဲသို့ ဖိတ်ခေါ်ကာ မောဘအမျိုးသမီးများဖြင့် ဆက်ဆံစေခြင်း ဖြစ် သည်။ သို့မှသာဣသရေလလူတို့သည် သူတို့၏အပြစ်အတွက်ဘုရားသခင်၏ ဆုံးမခြင်းကိုခံရမည်ဖြစ်သည်။ ဤနည်းဖြင့် ဣသရေလလူတို့ထံ သို့ကျိန်ခြင်း ရောက်ရန် ဗာလမ်သည်ဗာလက်မင်းအား သင်ပေးခဲ့သည်။ ဘုရားသခင်မိန့် တော်မူသည်မှာ ဗာလမ်အားပုန်းသည်ဟုပင် အဘယ့်ကြောင့် ဆိုသော်ဗာလမ် သည် ငွေမက်သောသူဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။ 
ယနေ့ခရစ်ယာန်အသိုင်းအဝိုင်း တွင်ဗာလမ်ကဲ့သို့ ငွေမက်သော သူများ စွာရှိသည်။ အမှန်တွင်ထိုသူတို့သည် မှားယွင်းသော ပရောဖက်များဖြစ်သည် သို့သော်ထိုအတွင်းမှ များစွာသောသူတို့သည် ရိုသေလေးစားမှု ခံနေရသေး၏။ ဗာလမ်နှစ်သက်သည်မှာရုပ်ပစ္စည်းများနောက်သာလိုက်ချိန်တွင်မှားယွင်သော ပရောဖက်အဖြစ်အဆုံးသတ်ကြသည်။ ထို့အတွက်ကြောင့် ဘုရားသခင်သည် နိကောလကိုပုန်းခြင်းဖြစ်သည်။ ဘုရားသခင်၏ အသင်းတော်နှင့် သူ၏အစေခံ များထံသို့ အဘယ်အရာက ပျက်စီးခြင်းဖြစ်သည်ကို သင့်သိပါသလား ၃း၆။
တမန်တော်များခေတ်ကကဲ့သို့ပင် ယနေ့များစွာသော လောကီအသင်း တော်နှင့် မှားယွင်းသောအစေခံတို့သည် ဗာလမ်၏လမ်းစဉ်ကို လိုက်လျှောက် ကြသည်။ သူတို့သည် သူတို့၏နောက်လိုက်များထံမှ နည်းမျိုးစုံဖြင့် ငွေရရန် အစွမ်းကုန်ကြိုးပမ်းကြသည်။ ဥပမာအားဖြင့် အဖွဲ့သားများအတွင်း သူတို့၏ ရုပ်ဝတ္တုပစ္စည်းပိုင်ဆိုင်မှုဖြင့် သူတို့၏လှူဒါန်းမှုသည် သူ/သူမ၏ယုံကြည်ခြင်း ကို တိုင်းတာသည့်အရာအလားပြောဆိုကြသည့်အခါတွင်ဖြစ်သည်။ အသင်း တော်အတွက်များစွာ လှူဒါန်းသောသူတို့သည် အနည်းငယ်သာလှူဒါန်း သော သူတို့ထက်သာ၍ယုံကြည်ခြင်း၌ကြီးမားကြောင်းအဓိပ္ပါယ်သက်ရောက်စေကာ သူတို့၏ရည်ရွယ်ချက်မှာအသင်းတော်တိုးတက်စေရန်ဟု ပြောတတ်ကြ၏။
ယုံကြည်သူတစ်သည် သူ၏ရိုးသားသောစိတ်နှလုံးဖြင့် ဘုရားသခင်နှင့် သူ၏ သတင်းကောင်းအတွက် အစေခံမည်ဟု ဆုံးဖြတ်ခြင်းမှာ အံ့သြဖွယ်ဖြစ် သည်မှာအမှန်ပင် ဖြစ်ပါသည်။သို့သော်ဗာလမ်ကဲ့သို့သော မှားယွင်းသည့်ပ ရောဖက်သည် သူတို့၏ဝမ်းဝရေးအတွက် ယုံကြည်သူများအား သားကောင်အ ဖြစ်ထားကြသည်။ ထိုသူတို့သည် သူတို့၏နောက်လိုက်များအား “ကျွန်ုပ်ဆယ် ဖို့တစ်ဖို့ကို သစ္စာရှိစွာပေးသောကြောင့် ဘုရားသခင်သည် ကျွန်ုပ်၏စီးပွားရေး အားဖြင့် ဆယ်ဆပြန်လည်ဆုချပါသည်” ဆိုသောရုပ်ဝတ္တုပိုင်းဆိုင်ရာတွင် သက်သေခံခြင်းမျိုးကို ပြိုင်ဆိုင်ပြောဆိုရန် လှုံ့ဆော်ကြသည်။ ဗာလမ်၏လိမ် ညာခံရခြင်း ဖြင့်သံသယမရှိသော ယုံကြည်သူတို့က ဤသည်စစ်မှန်သော ယုံကြည်ခြင်းလမ်းကြောင်းဟု တွေးထင်ကြ၏။ အမှန်တွင်ထိုအရာသည် သူတို့၏ဝိညာဉ်ရေးနှင့် ရုပ်ဝတ္တုပိုင်းဆိုင်ရာချွတ်ခြုံကျခြင်း မှားယွင်းစွာဂုဏ် ယူမိခြင်းနှင့် သူတို့၏ပျက်စီးခြင်းပင်ဖြစ်သည်။
နိကောလ၏အကျင့်တို့သည် အခြားမဟုတ်ဘဲ ဗာလမ်၏အကျင့်များ ပင်ဖြစ်သည်။ ဗာလမ်ကဲ့သို့ပင် သူ၏လောဘစိတ်ဖြင့် ဘာလက်အား ဣသရေ လလူတို့၏ ခလုတ်ဖြစ်စေခြင်းငှာ သင်ပေး၏။ ယနေ့ခရစ်ယာန်အဖွဲ့ အစည်း တွင် မိမိကိုယ်ကိုဘုရားသခင်၏အစေခံဟုကြေငြာသူတို့သည် အဖွဲ့သားများ ၏ အိပ်ထောင်ကိုသာ စိတ်ဝင်စားကြပါသည်။ ဤမှား ယွင်းသော ပရောဖက် များအားဖြင့် လမ်းလွဲသွားသောသူတို့သည် သူတို့၏ပိုင်ဆိုင်မှုရှိသမျှ တို့အား ဤမှားယွင်းသောသိုးထိန်းများထံ ပေးပြီးသောခါလက်ချည်းသက် သက်ရှိနေ ကြ၏။ ထို့ပြင်လျင်မြန်စွာ (သို့) နောက်ပိုင်းတွင်သာ သူတို့၏အသိစိတ်၌ မိမိ တို့ယုံကြည်ခဲ့သည့်အရာ မှာလုံးဝမှားယွင်းကြောင်းသိခြင်းသည် ပို၍ဆိုးရွား သည့်အရာဖြစ်ပါသည်။ နောက်ဆုံး၌သူတို့သည် မှားယွင်းသောအသင်း တော်ကို အပြစ်တင်ကာ ယုံကြည်ခြင်းကို စွန့်ပယ်ကြပေမည်ဖြစ်သည်။ ကံဆိုး စွာပင်အလွန်ဝမ်းနည်းစရာကောင်းသည့် ဖြစ်ရပ်မှန်မှာဤဝမ်းနည်း စရာ ကောင်းသည့် ပုံပြင်သည် မရင်းနှီးသောအရာမဟုတ်ဘဲ ဧဝံဂေလိအသင်း တော်ဟုခေါ်သည့်အသင်းတော်များ၌ပင် တွေ့နေရသည်။
သမ္မာကျမ်းစာက ဘုရားသခင်သည် နိကောလ၏အကျင့်ကိုမုန်း ကြောင်း ကျွန်ုပ်တို့အားပြောပါသည်။ အကယ်၍ကျွန်ုပ်တို့သည် နိကောလနောက်လိုက် မည်ဆိုပါက ကျွန်ုပ်တို့၏ဘုရားသခင်၌ထားသော ယုံကြည်ခြင်းဆုံးရှုံးသွား မည်ဖြစ်သည်။ ကျွန်ုပ်တို့၌ ဘုရားသခင်ပေးထားသည့်များစွာသော သက်သေ ခံချက်များရှိ၏။ ထိုအရာများအားလုံးသည်ဝိညာဉ် ရေးရာတိုးတက်မှု များဖြစ်သည်။ သို့သော်ရုပ်ဝတ္တုပစ္စည်းများပိုင်ဆိုင်ရန်အတွက် သက်သေခံ စေခြင်းမျိုးသည် ကျွန်ုပ်တို့လုံးဝရှောင်ရှားရမည့်အရာဖြစ်ကာ ထိုလမ်းသည် နိကောလ၏လမ်းစဉ်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင်မုန်းတီးသည့် လမ်းစဉ်ဖြစ် သည်။ ဘုရားသခင်သည် အာရှိပြည်၌ရှိသော အသင်းတော်ခုနစ်ပါးအား နိကောလ၏အကျင့်ကို ဆန့်ကျင်သတိပေးခဲ့သည်။ ဖြည်စွက်၍ ပြောမည်ဆို ပါက သူသည်အောင်မြင်သောသူသည် အသက်ပင်၏အသီးကို စားရမည်ဟု လည်း အသိပေးထားပါသည်။ ကျွန်ုပ်တို့သခင်ဘုရားအတွက် အစေခံချိန်တွင် ထိုအရာသည် ယုံကြည်ခြင်းဖြင့် ပြုလုပ်ခြင်းဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော်သူ၏ရွေးကောက်တော်မူခြင်းအတွက် ကျွန်ုပ်တို့ ၏ကျေးဇူးတင်ခြင်း(၅း၇)နှင့်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ဝေငှခြင်း မှာမှန်သောလုပ်ရန်ဖြစ်သည်ကိုသိသောအသိညာဏ်ကြောင့်ဖြစ်သည်။ ကျွန်ုပ် တို့သည်အခြားသူများကိုပြသရန်ဘုရားသခင်အားအစေခံခြင်း(သို့) ကျွန်ုပ်တို့ ကို တနည်းအားဖြင့် ကြည့်ကောင်းစေရန်အမှုတော်ဆောင်ခြင်း မပြုလုပ်ပါ။ ထိုသို့ပြုလုပ်ခြင်းသည် စစ်မှန်သောအမှုဆောင်ခြင်းနှင့် စစ်မှန် သောယုံကြည် ခြင်းမျိုးမဟုတ်ပေ။ ဘုရားသခင်၏အသင်းတော်၌ ကျွန်ုပ်တို့သည် နိကောလ ၏အကျင့်ကိုပို၍ သေချာစွာသတိပေးရပေမည်။ ဤအရာကြောင့်ပင် သခင် ဘုရားသည်အာရှိပြည်၌ရှိသော အသင်းတော်ခုနစ်ပါးအား နိကောလ၏အ ကျင့်နှင့်ပါတ်သက်၍ သတိပေးခြင်းဖြစ်၏။
ဒုတိယအကြိမ်မွေးဖွားခြင်းမခံသော အသင်းတော်များသည် အဘယ့် ကြောင့် လျင်မြန်စွာကြီးထွားနေကြသည်ကို သင်သိပါသလား။ သူတို့ကြီးပွား ခဲ့သည်မှာ ဤအသင်းတော်များကို တည်ထောင်ခဲ့သည့်အရာမှာ မှားယွင်း သောယုံကြည်ခြင်းနှင့်မှားယွင်းသော သက်သေခံချက်တို့ကြောင့်ဖြစ်သည်။ ဘုရားသခင်၏အစေခံတို့သည် ဘယ်သောအခါမျှ မိမိဝမ်းဝရန်အတွက် သူတို့ ၏ သိုးစုများထံမှအခွင့်အရေးမယူသင့်ပေ။
စစ်မှန်သောယုံကြည်ခြင်းသည် ဘုရားသခင်ကျွန်ုပ်တို့အား ယေရှု၏ ဗတ္တိဇံ၊ သူ၏ကားတိုင်ပေါ်မှ အသွေးနှင့်သူ၏ကျွန်ုပ်တို့နေရာ၌ ကိုယ်စားတရား စီရင်ခံရခြင်းဖြင့်ပေးခဲ့သည့်ကယ်တင်ခြင်း၌ယုံကြည်ခြင်းပင်ဖြစ်သည်။ သို့ သော်များစွာသော အသင်းတော်များ သည်ဒုတိယအကြိမ်မွေးဖွားခြင်း (သို့) ထိုကဲ့သို့မဟုတ်သောသက်သေခံချက်များကို ပရိတ်သတ်အိတ်ထဲမှ ငွေရ ရန်အတွက်ပြုကြသည်။ သင်သတိထားပြီးပါးနပ်စွာဖြင့် နားလည် ထားရ မည်မှာစစ်မှန်သောသက်သေခံချက်များသည် သင်၏ယုံကြည်ခြင်းကို တည် ဆောက်စေပြီး ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေချိန် မှားယွင်းသော သက် သေခံချက်သည် သင်၏ထောင်ချောက်ပင်ဖြစ်သည်။ ယနေ့ကမ္ဘာရှိချမ်းသာ သော အသင်းရှိသမျှတို့သည် ဗာလမ်ကဲ့သို့သော အမှုတော်ဆောင်များ၏ ဦး ဆောင်မှုအောက်၌ရှိ၏။ ဗာလမ်လမ်းစဉ်ကို လိုက်သောအသင်းတော် ခေါင်း ဆောင်များသည် သူတို့၏နောက်လိုက်များထံမှ ခေါင်းပုံဖြတ်ရန်သာ စိတ်ဝင် စား ကြသည်။ 
ဗာလမ်ကဲ့သို့သော ခရစ်ယာန်ခေါင်းဆောင်တို့သည် သူတို့၏နောက် လိုက်များအား ရုပ်ဝတ္တုပိုင်းဆိုင်ရာသက်သေခံချက်များကိုသာ ပြိုင်ဆိုင်စေပြီး သူတို့ထံမှ ငွေနှိုက်ယူလျက်ရှိကြသည်။ ကျွန်ုပ်ထိုသူများ၏ အကျင့်ကိုအလွန် မုန်းတီးစက်ဆုပ်မိပါသည်။ စစ်မှန်သောယုံကြည်ခြင်းအသက်တာသည် အခြား အရာများအားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းဖြင့်စတင်ပါသည်။ ကျွန်ုပ်တို့သည် စာတန်ထားခဲ့သည် နိကောလိ၏ထောင်ချောက်ကို ရှောင်ရှားရန်လိမ်မာပါး နပ်ဖို့လိုပါသည်။ လောဘအတောမသတ်နိုင်သည့် စာတန်၏အစေခေံများ၏ လိမ်ညာခြင်းကို ဘယ်သောအခါမျှ မခံရရန်နိ ကောလိ၏အကျင့် သည်မည်သို့ ဖြစ်ကြောင်း လူတစ်ဦးစီတိုင်းသိထားရပေမည်။ အထူးသဖြင့် ဘုရားသခင်၏ အစေခံများသည် ဤအရာနှင့်ပါတ်သက်၍အလွန်ပင် သတိထားသင့်ပေသည်။ 
ဤအရာ၌ အမှုတော်ဆောင်များလည်းပါဝင်၏။ အမှုတော်ဆောင် တို့ သည် သူတို့၏ရုပ်ဝတ္တုပစ္စည်းပိုင်ဆိုင်မှု၊ မည်သို့သောကားမောင်းခြင်း၊ သူတို့၏ အိမ်မည်မျှကြီးမားခြင်း၊ မည်မျှသောခြံမြေပိုင်ဆိုင်ခြင်း၊ သူတို့၏ ဘဏ်စာရင်း မည်မျှ များပြားခြင်းအတွက် တွေးတောနေပါက သူတို့၏အသင်းတော်အား ပျက်စီးခြင်းသို့ ဦးဆောင်ကာနိကောလိ၏လမ်းစဉ်အတိုင်း ကျဆင်းသွားစေ မည်ဖြစ်သည်။
“ဘုရားသခင်သည် အာရှိပြည်၌ရှိသောအသင်းတော်အား ဤအရေးနှင့် ပါတ်သက်၍ အထူးဂရုစိုက်ရန် မိန့်တော်မူသည် ၁၁း၄။” ဗာလမ်၏ယုံကြည် ခြင်းမျိုးရှိသောသူသည် ရုပ်ဝတ္တုပိုင်ဆိုင်မှုအတွက်နှင့်မိမိဘုန်းထင်ရှားဖို့သာ ရှာဖွေကာနောက်ဆုံး၌ လမ်းလွှဲသူများအသင်းဖွဲ့တည်ထောင်သူအဖြစ်သို့ ရောက်ရန်သာရည်ရွယ်လာကြသည်။ 
ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးသော ယုံကြည်သူသည်ပင်လျှင် အကယ် ၍နိကောလ၏ထောက်ချောက်၌မိထားပါက ပျက်စီးခြင်းသို့ရောက် မည်ဖြစ် သည်။ အစပထမ၌ ထိုကဲ့သို့သောခေါင်းဆောင်များ၏ ယုံကြည်ခြင်းသည် အံ့သြဖွယ်ဖြစ်ကာခိုင်မာသည်ဟု သူတို့ထင်မိ ပေမည်။ သို့သော်မှားယွင်းသော သိုးထိန်းများ၏ လိမ်ညာမှုသည် သူတို့အားနောက်ဆုံး၌ ပျက်စီးခြင်းသို့ပို့ပေ လိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် နိကောလိ၏အကျင့်ကို မုန်းကြောင်း ဧဖက်မြို့၌ရှိသော အသင်းတော်၏တမန်ကို မိန့်တော်မူခဲ့သည်။ နိကောလိ၏ ထောင်ချောက်၌ မိသောသူရှိသမျှတို့သည် သူ/သူမ၏ပျက်စီးခြင်းနှင့် ကြုံရ မည်မှာမလွဲမသွေဖြစ်သည်။ သူ/သူမသည် ဒုတိယအကြိမ် မွေးဖွားခြင်းခံပြီး သော ယုံကြည်သူဖြစ်သည်။ ဘုရားသခင်၏ အစေခံ(သို့) မည်သူတစ်ဦး တစ် ယောက်ဖြစ်ဖြစ်နိကောလ၏ထောက်ချောက်၌မိချိန်တွင် ပျက်စီးခြင်းသည် အ သေချာပင်ရောက်လာမည်ဖြစ်သည်။ သိုးထိန်းဆိုးတို့သည် သိုးစုတို့အား သေခြင်းသို့ပို့ဆောင်သကဲ့သို့မှားယွင်းသောပရောဖက်များသည် ကျိန်ခြင်းကို သက်ရောက်စေပါသည်။
ထို့ကြောင့်ပင် ဘုရားသခင်သည် သူ့အစေခံတို့အား “ငါ့သိုးတို့ကို ကျွေးမွေးကြလော့”ဟုမိန့်တော်မူခဲ့ခြင်းဖြစ်သည်။ သိုးထိန်းတို့သည် မိမိသိုးတို့ ကို ကြည့်ရှုစောင့်ရှောက်သကဲ့သို့ဘုရားသခင်၏အစေခံတို့သည် ယုံကြည် သူတို့အား သိုးထိန်းများကဲ့သို့စောင့်ရှောက် ကာအန္တရာယ်မှ ကွယ်ကာပြီးသူတို့ လိုအပ်သည်များကို ပြုစုစောင့်ရှောက်ရန်”လိုအပ်သည်။ 
သိုးထိန်းဖြစ်သကဲ့သို့ မိမိသိုးတို့သည် လမ်းလွှဲမသွားစေရန် သတိပေး ကာ သူတို့ရှေ့၌မည်သို့သောအန္တရာယ်ခိုအောင်းနေမည်ကို ရှာဖွေကာ ထိုကဲ့ သို့သောအန္တရာယ်သို့ နီးကပ်စေခြင်း မရှိရန်ကာကွယ်ရပေမည်။ သိုးတို့သည် အလွန်ခေါင်းမာသော တိရစ္ဆာန်ဖြစ်ကြောင်း သိုးများကိုအမှန်တကယ် ထိန်း ကျောင်းနေသူများထံမှ ကျွန်ုပ်ကြားမိပါသည်။ ကျွန်ုပ်တို့သည်လည်း ဘုရားသ ခင်ရှေ့၌ ဤကဲ့သို့သောခေါင်းမားသည့်သိုးများနှင့်တူသည်မဟုတ်ပါလား။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အားဖော်ပြရာတွင် သိုးများနှင့်ဥပမာတင် စားသုံးနှုန်းခြင်းမှာ ကောင်းသောရည်ရွယ်ချက်ရှိသည် သူသည်ကျွန်ုပ်တို့ အခြေခံအာရုံ၌ ကျွန်ုပ်တို့မှာမည်မျှခေါင်းမာကြောင်းကို ကောင်းစွာ သိထား ပြီးဖြစ်သည်။ ဘုရားသခင်သည် အာရှိပြည်၌ရှိသော အသင်းတော်အားအ ဘယ့်ကြောင့် နိကောလ၊ ယေဇဗေလနှင့် ဗာလမ်တို့၏အကျင့်ကို အကြိမ်ကြိမ် ပြောဆိုနေပါသနည်း။