တရားဟောချက်များ

ဘာသာရပ် ၁၁ - တဲတော်အကြောင်း

[အခန် 11-8] (ထွက် ၂၇း၉-၁၉) တဲတော်တံခါး၏အရောင်

(ထွက် ၂၇း၉-၁၉)
“တဲတော်ဝင်း ကာရန်မူကား၊ အလျားအတောင်တရာရှိသော ပိတ် ချောနှင့် တောင်ဘက်၌ ကုလားကာကို လုပ်ရမည်။ထိုကုလားကာဘို့ တိုင် နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်း တို့ကို ငွေဖြင့် ပြီးစေရမည်။ ထိုနည်းတူ၊ မြောက်ဘက်၌ ကာရန် အလျားအ တောင်တရာရှိသောကုလားကာနှင့်တကွငွေတံစို့၊ ငွေတန်းပါသော ကြေးဝါ ထိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ် ရှိရမည်။ဝင်းအနောက်ဘက် အနံ၌ ကာရန်၊ အလျားအတောင်ငါးဆယ်ရှိသောကုလားကာနှင့် တကွတိုင်တ ဆယ်၊ ခြေစွပ်တဆယ်ရှိရမည်။ဝင်းအရှေ့ဘက်၌လည်း အနံအတောင်ငါး ဆယ်ရှိရမည်။တံခါးဝတဘက်တချက်၌ ကာရန်၊ အလျားဆယ်ငါးတောင် ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင်၊ခြေစွပ်သုံးခုရှိရမည်။ ဝင်းတံခါး ဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သော ကုလားကာအတောင်နှစ်ဆယ်နှင့်တ ကွ တိုင်လေးတိုင် ခြေစွပ်လေးခုရှိရမည်။ဝင်းပတ်လည်၌ တိုင်ရှိသမျှတို့ သည် ငွေတံစို့၊ ငွေတန်း၊ ကြေးဝါခြေစွပ်နှင့် ပြည့်စုံရမည်။ ဝင်းသည် အ လျားအတောင်တရာ၊ အနံငါးဆယ်၊ အမြင့်ငါးတောင်ရှိ၍၊ပိတ်ချောနှင့် ကြေးဝါ ခြေစွပ်ဖြင့် ပြီးရမည်။အမှုတော်ထမ်းဘို့ တဲတော်အသုံးအဆောင် ရှိသမျှကို၎င်း၊ တဲတော်တံသင်၊ ဝင်းနှင့်ဆိုင်သော တံသင်ရှိသမျှကို၎င်း ကြေးဝါနှင့်လုပ်ရမည်။”
 
 
ဘုရားသခင်သည်ကျွန်ုပ်တို့၏အပြစ်များကိုဖယ်ထုတ်ခြင်း၊ ကျွန်ုပ် တို့၏အတွးအခေါ်ကိုအခြေခံ၍ ယေရှုကိုယုံကြည်ခြင်းနှင့် ဘာသာရေးကျင့် စဉ်များကို လိုက်လျှောက်ခြင်းစသော သိမြင်ယုံကြည်ချက်အဟောင်းတို့ သည်ဒုတိယမွေးဖွားခြင်း ယုံကြည်ချက်နှင့်သမားရိုးကျ ခရစ်ယာန်တို့ အကြားရှင်းလင်းသောကွာခြားချက်ဖြစ်ကြသည်။ ဘုရားသခင်ကို ယုံကြည် ခြင်းအား ဘာသာရေးကိစ္စရပ်တစ်ခုအဖြစ်သာ သဘောထားသောသူတို့ သည် သမ္မာတရားကို စိတ်မပါဘဲများစွာ သွန်သင်မှုပြုလုပ်ပြီး သူတို့ကဲ့ သို့သော သူများစွာပေါ်ထွက်လာသည်ကို မြင်တွေ့လိုသောသူများဖြစ် သည်။ အဘယ်ကြောင့် သူတို့သည် ထိုသို့စိတ်မပါဘဲ ဖြစ်ရသနည်းဆိုလျှင် ခရစ်ယာန်အများစုသည်သွေးဆောင်ဖြားယောင်းမှုနောက်သို့ လိုက်၍ပါကြ ပြီဆိုသည့်အချက်ကို သိသော်လည်း လူများအကြိုက်ကိုလိုက်၍ လုပ် ဆောင်လိုသောကြောင့်ဖြစ်သည်။
ကျွန်ုပ်တို့လည်း အခိုက်အတန့်အားဖြင့် ဤသမ္မာတရားအပေါ် စိတ်မပါဘဲရှိတတ်သည်။ အကြောင်းမှာ ကျွန်ုပ်စစ်မှန်သော ဒုတိယမွေးဖွား ခြင်းကိုခံယူပြီး သမ္မာတရားနှင့် တွေ့ကြုံရသည့်နောက် သူ၏အမှုတော် မြတ်ထဲတွင် တန်ဆာပလာအဖြစ် အသုံးတော် ခံရသောကြောင့် ကျေးဇူး တော်ချီးမွမ်းဖွယ်ရာဖြစ်သည်ကတစ်ကြောင်း ဘုရားသခင်၏နှုတ်ကပတ် တော်ကို ရပ်နီး၊ ရပ်ဝေးသို့ လျှင်မြန်စွာ ပျံ့နှံ့စေလိုသည်ကတစ်ကြောင်း၊ ဘာသာတရား၌ အသက်ရှင်ရာတွင် လူအများစု လှည့်ဖြားမှုခံရသည်က တစ်ကြောင်း၊ စသည့်အကြောင်းအရာများကို မြင်တွေ့ရသည့်အခါ ကျွန်ုပ် သည် ကြီးမားစွာဝမ်းနည်းကြေကွဲခြင်းမှတစ်ပါး ဘာမှမတတ်နိုင်ကြောင်း သိပြီးမှ စိတ်ပါလက်ပါဖြစ်လာသည်။
သန့်ရှင်းသောဝိညာဉ်တော် ကျွန်ုပ်၏စိတ်နှလုံးထဲသို့ ကိန်းဝပ် ပြီးနောက်အကျိုးရလဒ်အနေဖြင့် စိတ်ထဲတွင်အပြစ်မရှိတော့ပါ။ ကျွန်ုပ်ယုံ ကြည်သော ဧဝံဂေလိတရားအပေါ် ရှက်ကြောက်ခြင်းမရှိတော့ဘဲ ကျေးဇူး တော်ချီးမွမ်းခြင်း သက်သက်သာရှိတော့သည်။ ဤသမ္မာတရား ဧဝံဂေလိ ကို ကျွန်ုပ်သည် ကမ္ဘာတစ်ဝှမ်းဟောပြောရာတွင် ကြားရသောသူတို့သည် ယုံကြည်လက်ခံမည်ဆိုလျှင် သူတို့သည်လည်း လူရှေ့ဘုရားရှေ့တွင် ရှက် ကြောက်ခြင်းမရှိတော့ဘဲ ဤသမ္မာတရားကို ယုံကြည်လက်ခံလာကြပြီး ဘုရားသခင်၏ သားသမီးဖြစ်လာကြလိမ့်မည်။
သင်သည်လည်း ယုံကြည်ခြင်းအားဖြင့် ထိုသို့သော ကောင်း ကြီးမင်္ဂလာကို အမှန်ခံရလိမ့်မည်။ သင်သည် သီဩလော်ဂျီကို မသင်ယူခဲ့ ရသော်လည်း ဤရေနှင့်ဝိညာဉ်တော် ဧဝံဂေလိသမ္မာတရားကို ယုံကြည် မည်ဆိုလျှင် သင်သည် အပြစ်ဖြေလွှတ်ခွင့်ကို ရရှိခြင်း၊ ဘုရားသခင်၏သား သမီးဖြစ်ခြင်းနှင့် သန့်ရှင်သောဝိညာဉ်တော်ကို စိတ်နှလုံးထဲတွင် ရရှိခြင်းစ သည့် အခွင့်အရေးများ ရရှိလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သာ ဘုရားသခင်၏ကျွန်ုပ်နှင့်အတူ သင်သည် လျှောက်လှမ်းနိုင်လိမ့်မည်။ ဤသမ္မာတရားသည်အလွန်ရှင်းလင်းပြီး ဤယုံကြည်ချက်သည် စစ်မှန် သောခံယူချက်ဖြစ်သည်။
ကျွန်ုပ်နေထိုင်သော ကမ္ဘာလောကသည် လိမ်လည်ခြင်းနှင့် ပြည့်၀ လင့်ကစား၊ ကျွန်ုပ်၏စိတ်နှလုံးထဲတွင် မှန်ကန်သော ယုံကြည်ချက်ရှိပြီ ဖြစ်သဖြင့် လောလောဆယ် ဤသမ္မာတရား ဧဝံဂေလိကို ဟောပြောနိုင် ခြင်းဖြစ်သည်။ တဲတော်ခေါင်းစဉ်ဖြင့် နှုတ်ကပတ်တော်ကို ကျွန်ုပ်စတင် သည့်အချိန်ကစပြီး လိမ်လည်သောသူများ၏ စီမံကိန်းကိုစတင်သိရှိနေခဲ့ ပြီး အမှား၊အမှန်ကို ဝေဖန်ဆန်းစစ်ခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် တဲ တော်သမ္မာတရားကို သက်သေထူနေရခြင်းဖြစ်သည်။ တဲတော်အားဖြင့် စစ်မှန်သောသမ္မာတရားကိုဖြန့်ဝေခြင်းပြုလုပ်သောအခါလူတို့သည်အ မှား၊ အမှန်ကိုဝေဖန်ပိုင်းလာနိုင်ကြသဖြင့်ဝမ်းမြောက်ခြင်းဖြစ်ပေါ်လာသည်။
ဤတဲတော်စာအုပ်ကို ရေးသားရာတွင် အခေါ်အဝေါ်အသုံးအနှုန်း တို့သည် အင်မတန်ခက်ခဲမှုရှိပါသည်။ စာဖတ်သူများသည် တဲတော်နှင့် ပါတ်သက်သော ခက်ခဲနက်နဲသည့် စကားလုံးများကို လွဲမှားသောအဓိပ္ပါယ် (သို့မဟုတ်) ခံယူချက်သို့ မရောက်ရှိသွားစေရန် မူရင်းဘာသာစကား၏ စကားလုံးများကို ကြည့်ရှုခြင်း၊ အလွန်ဂရုတစိုက်လေ့လာခြင်းများကို ပြု လုပ်ထားပါသည်။ တဲတော်၏ စံနမူနာယူရမည့်အရာများ၊ ဖုံးကွယ်ထား သော ဝိညာဉ်ပိုင်းဆိုင်ရာ အဓိပ္ပါယ်များကို ကျွန်ုပ်တို့၏အသိပညာ အ တတ်ပညာအားဖြင့်သာ ရှင်းပြမည်ဆိုက ကန့်သတ်ချက်ရှိသဖြင့် မတတ် နိုင်သည့်အပြင် တဲတော်၏ထူးခြားချက်ကို တိကျမှု၊ သိပ်သည်းမှုရှိစွာ ဃဂနဏမရှင်းလင်းနိုင်ပါ။
လူတို့အနေဖြင့် ဤသတင်းစကားကို တစ်ကြိမ်တစ်ခါကြားရရုံဖြင့် ယုံကြည်လက်ခံမည်ဆိုလျှင် ကောင်းပေသည်။ သို့သော် ရောမမြို့ကို တစ် ရက်တည်းတွင် တည်ဆောက်၍မရနိုင်သကဲ့သို့ သမ္မာတရားကို ဖြန့်ဝေခြင်း နှင့် မှန်ကန်သောယုံကြည်ခြင်းကို တစ်ရက်တည်းတွင် အကောင်အထည် မဖော်နိုင်သဖြင့် ဖြည်းဖြည်းချင်း အောင်မြင်မှုရရှိခြင်းနှင့်အတူ သာ၍သာ၍ နက်နဲစွာ သမ္မာတရားကိုတူးဖော်ရမည်။ လူတိုင်းအနေဖြင့် ဤသမ္မာတရား ကို အလွယ်တကူနားလည်ချင်မှ နားလည်မည်ဖြစ်သော်လည်း ကျွန်ုပ်သည် အစကပင် ဤသမ္မာတရားကို နက်နဲစွာတူးဖော်ဖို့ စိတ်ပြဌါန်းခဲ့ပြီးဖြစ်ရာ ဤစာအုပ်ကို ရေးသားစဉ် ထိုအရာသည် ကျွန်ုပ်အတွက် အကြီးမားဆုံး စိန် ခေါ်မှုတစ်ရပ်ပင် ဖြစ်လာတော့သည်။
ဘုရားသခင်၏ ကူညီဖေးမမှုကြောင့် ကြီးမားသည့်ဟန့်ထားမှု မ ကြုံတွေ့ရဘဲဤစာအုပ်ပေါ်ထွက် လာနိုင်ခဲ့ပါသည်။ ကျွန်ုပ်ဝမ်းမြောက် ဝမ်းသာဖြစ်ကြောင်း၊ ကျေးဇူးတင်မိပါကြောင်း၊ အထူးတလည်ပြောဖို့လို မည်မထင်ပါ။ ဤစာအုပ်အားဖြင့် အမှန်နှင့်အမှား ကိုခွဲခြားနိုင်ပြီး၊ ယနေ့ယုံ ကြည်သူများ၏ ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားကြောင့် ကယ်တင် ခြင်းခံရပုံမှာတန်ဖိုးရှိခြင်း၊ရှင်းလင်းမှု သံသယဖြစ်ဖွယ်မရှိခြင်းများနှင့် ပြည့် ၀၍ရေနှင်ဝိညာဉ်တော် ဧဝံဂေလိတရားနှင့် မတူတစ်မူထူးခြားစွာရှိနေ သော အချည်းနှီးယုံကြည် ချက်ကိုဖြစ်စေသော အခြားသောယုံကြည်ချက် နှင့် မည့်သို့ကွာခြားနေသည့်အကြောင်းကို သိမြင်လာစေလိမ့်မည်။ ကျွန်ုပ် လည်း ထိုသို့သော်ကျွန်ုပ်၏အပြစ်များထဲမှ ရွေးနှုတ်ကယ်တင်ခဲ့သာကြောင့် ကျေးဇူးတော်ချီးမွမ်းဖို့လိုပါသည်။
ယနေ့မိမိကိုယ်ကို ဧဝံဂေလိဆိုင်ရာခံယူချက်ရှိထားသူဟု ဆိုကြ သူများကသူတို့သည် ယေရှုကိုယုံကြည်သူ များဖြစ်သဖြင့် အခြေအနေမည် သို့ဖြစ်စေကာမူ အပြစ်ကင်းသည့်အခြေအနေတွင် ရှိနေကြောင်းပြော ဆိုကြပါသည်။
 
 
တဲတော်၏တံခါးနှင့်တဲတော်၏ခြံစည်းရိုးများ
 
အထက်ဖေါ်ပြပါအဓိကစာပိုဒ်မှ တဲတော်၏အကျယ်အဝန်းမှာ- ၄၅မီတာ-၂၂.၅မီတာ(၇၅ပေ)ဖြစ်သည်။ (၁တောင်-၁.၅- ၀.၄၅မီတာ) တဲ တော်၏ပတ်လည်တွင် ၂.၂၅ မီတာ(၇.၅ပေ)အရှည်ရှိသော တိုင်၆၀စိုက် ထားသည်။ ၉မီတာအကျယ်ရှိသော တံခါးသည် အရှေ့ဖက်တွင်ရှိပြီး၊ ကျန် သည့်ခြံစည်းရိုးပတ်လည်အကျယ်အဝန်းမှာ- ၁၂၆မီတာ(၁၁၅ကိုက်)ဖြစ်၍ ၁၂၃၅မီတာ (၁၂၃ကိုက်)မှလွဲ၍ ကျန်သည့်အပိုင်းကို အဖြူရောင်ပိတ်စတစ် မျိုးဖြင့် ကာရံထားသည်။တဲတော်၏တံခါးကို အမြင့်၂.၂၅မီတာ (၇.၅ပေ) အကျယ်၉မီတာရှိသောအပြာရောင်၊ခရမ်းရောင်၊အနီရောင်နှင့် ချည်ချော ထည်ကုလားကာ များဖြင့်ကာထားသည်ကိုတွေ့ရသည်။ တစ်နည်းအား ဖြင့် ကွဲပြားခြားနားသည်ချည် (၄)မျိုးကို ၉မီတာ(၃၀ပေ) ၂.၂၅မီတာ (၇.၅ပေ) မျက်နှာပြင်ရှိ သောအထည်ဖြစ်အောင်ယက်လုပ်ခြင်းဖြစ်သည်။ အပြာရောင်ချည်ကို အဖြူ၏အကျယ်အဝန်း နှင့်အညီယက်လုပ်ထားပြီး ခရမ်းရောင်ချဉ်ထည်ကို ၂.၂၅မီတာအမြင့်အထိယက်လုပ်ထားခြင်းရှိပြီး အ ရောင်ပို၍တောက်ပစေရန် အဖြူရောင်များဖြင့်ကွယ်ထားသဖြင့် အဝေးက ကြည့်လျှင် ၂.၂၅မီတာရှိသော ကော်ဇောကဲ့သို့ဖြစ်သည်။ ထိုအထည်ကိုစပ် လိုက်လျှင်၂.၂၅မီတာ (၇.၅ပေ)-၉မီတာ (၃၀ပေ)ရှိပြီး၊အရှေ့ဖက်ခြင်းတဲ တော်၏ တ်ိုင်(၄)တိုင်ကို ဖုံးကာထားပါသည်။
တဲတော်ထဲသို့ ဝင်လိုလျှင်ထိုသို့ချထားသော အထည်ကိုပင့်ပြီးမှ ဝင်၍ရန်ိုင်ပါသည်။ တဲတော်၏တံခါးသည် သစ်သားဖြင့် ပြုလုပ်ထားခြင်းမ ရှိပါ။တိုင်များကိုသစ်သားဖြင့်ပြုလုပ်ထားသော်လည်း တံခါးပေါက်များကို အပြာရောင်၊ခရမ်းရောင်၊အနီရောင်နှင့် ချည်ချောထည်များဖြင့် ပြုလုပ်ထား သောကုလားကာများဖြင့် ကာထားပါသည်။
သင်သည်တဲတော်၏ပတ်လည်ကို သွားကြည့်မည်ဆိုလျှင် ပတ် လည်ဝိုင်း၍တည်ဆောက်ထားကြောင့် တွေ့ရမည်။ တံခါးပေါက်များကို ထူကဲသောပိတ်စဖြင့် ဖုံးကာထားပါသည်။ ဝင်ပေါက်တံခါးကိုလည်း ထိုကဲ့ သို့ပင်ပြုလုပ်ထားသည်။ ထိုသို့ထူကဲသော ပိတ်စဖြင့်တံခါးပိတ်များကို ပြုလုပ်ထားသဖြင့် တွန်းခြင်း(သို့)ဆွဲခြင်းပြုလုပ်၍မရဘဲ ကုလားကာကဲ့သို့ ပင့်မှသာဝင်၍ရနိုင်သည်။ ဤသို့တဲတော်တံခါး(ပထမတံခါး)ကိုဝင်ရသကဲ့ သို့ ဒုတိယ၊တတိယတံခါးများကိုလည်း တံခါးပိတ်ကိုပင့်တင်ပြီးမှသာဝင်၍ ရနိုင်ပါသည်။
ဘုရားသခင်သည်ဣသရေလလူမျိုးတို့အား အဘယ့်ကြောင့်တဲ တော်၏ တံခါးပေါက်သုံးပေါက်ကို အပြာရောင်၊ခရမ်းရောင်၊ အနီရောင်နှင့် ချည်ချောထည်ယက်လုပ်၍ ကာရံစေခဲ့သနည်း။ ဤပေးထားသည့်အမိန့်၏ နောက်ကွယ်တွင်ရှိသော ဘုရားသခင်၏ အလိုတော်ကို ရှင်းလင်းစွာသိဖို့ လိုအပ်ပါသည်။ ဟေဗြဲဩဝါဒစာကဖေါ်ပြထားသည်မှာ- မ္မဟောင်းကျမ်းရှိ ကောင်းသော အရာသည် ဖြစ်လာမည့်အရာကို ကြိုတင်ပြောခြင်းဖြစ်ပြီး ထိုအရာသည်ယေရှုခရစ်ပင်ဖြစ်သည်(ဟေဗြဲ ၁ဝး၁)။
ထိုနည်းတူတဲတော်၏တံခါးများသည် ယေရှုခရစ်၏ဗတ္တိဇံခံခြင်း၊ လက်ဝါးကပ်တိုင်ပေါ်အသေခံခြင်းနှင့် သူ၏သရုပ်အမှန်တို့ဖြင့် ဆက်စပ် လျှက်ရှိသည်။ဤအကြောင်းနှင့်ပါတ်သက်၍ဓမ္မဟောင်းကျမ်းရှိဖေါ်ပြချက် များကိုနားလည်ဖို့ ရနဲခက်ခဲ့သော်လည်း ဓမ္မဟောင်းသစ်ကျမ်းတွင်မူ လွယ် ကူရှင်းလင်းစွာဖေါ်ပြထားကြောင်းတွေ့ရပါသည်။ ပကတိရှိနေသော အရာ မပါဘဲပုံရိပ်ကိုဖေါ်ဖို့ ခက်ခဲသကဲ့သို့ အရိပ်ကိုရှင်းလင်းစွာမြင်ရလျှင် ပကတိ ရှိနေသောအရာကိုခန့်မှန်းန်ိုင်ပြီးကျွန်ုပ်တို့အားလုံးသဘောပေါက်နိုင်သည်။ ဓမ္မဟောင်းခေတ်တွင် ဘုရားသခင်ပြင်ဆင်ထားသောအပြစ်သားများ၏ ကယ်တင်ရှင်ကို ရှင်းလင်းစွာသဘောပေါက်လျက်တဲ တော်ဆောက်လုပ် သည့်အခါ အသုံးပြုသည်ပစ္စည်းများသည် ယေရှုခရစ်နှင့် ပတ်သက်မှုရှိနေ ကြောင်းနှင့်သူသည်ကျွန်ုပ်တို့၏အပြစ်အားလုံးမှာအမှန်တကယ်ကယ် တင် ခဲ့ကြောင်း ယုံကြည်ရမည်။
တဲတော်ရှိအသုံးပြုသည့် ပစ္စည်းများသည်ကျွန်ုပ်တို့၏အပြစ်များမှ ကယ်တင်ခဲ့သော ကယ်တင်ရှင်မှတစ်ပါး အဘယ်သူ့ကို ရည်ညွှန်းလိုပါ သနည်း။ ယေရှုခရစ်မှလွှဲ၍ အဘယ်သူဖြစ်မည်နည်း။ ကယ်တင်ရှင်ယေရှု ခရစ်၏ လောကသို့ဆင်းကြွလာခဲ့ပုံ၊ ကျွန်ုပ်တို့ကိုအပြစ်မှ ကယ်တင်ခဲ့ပုံတို့ ကိုစစ်ဆေးကြည့်သော်အပြာရောင်၊ခရမ်းရောင်၊အနီရောင်နှင့် ချည်ချော ထည်အားဖြင့် သူသည်အပြစ်သားများကို ကယ်တင်ခဲ့ကြောင်း သမ္မာတ ရားကိုတွေ့ရလိမ့်မည်။
ယေရှု၏အပြစ်သားများကို ကယ်တင်ခြင်းအပေါ်သိခြင်းနားလည် ခြင်း၊ယုံကြည်ခြင်းက တဲတော်တံခါးများ၏အရောင်များကို ပေါ်လွင်ထင် ရှားစေသဖြင့် အလွန်အရေးကြီးပါသည်။ ကျွန်ုပ်တို့သည် တံခါး၏လျှို့ဝှက် ချက်ကိုဖြေကြည့်မည်ဆိုလျှင် ယေရှုခရစ်၏လုပ်ဆောင်ချက်မှ စွဲကိုင်စရာ တစ်ခုခုရှိလိမ့်မည်။တဲတော်တံခါး၏အရောင်(၄)မျိုးပါသောချည်ထည်တို့ကိုကြည့်ခြင်းအားဖြင့်ယေရှုကိုမည့်သို့သိမြင်နားလည် ယုံကြည်မှုရှင်း လင်း နိုင်ပြီး၊မည်သို့သောယုံကြည်ခြင်းမျိုးသည် မှားယွင်းလျက်ရှိကြောင်း သိ လိမ့်မည်။
တဲတော်၏အပြင်ခန်းသည် သုံးခြံကိုဆိုလိုသည်။ ခမည်းတော်ဘု ရားသည် သိုးထိန်းဖြစ်၍ တံခါး၀သည်ယေရှုခရစ်ဖြစ်သည်။ (ယော ၁ဝး၁-၁၅) တဲတော်ပတ်လည်တွင် စိုက်ထားသောတိုင်များသည် ဒုတိယမွေးဖွား ခြင်းခံပြီးသော ယုံကြည်သူများကိုဆိုလိုပြီး၊ ဤအပြစ်အပျက်က သိုးတံခါး နှင့်ကောင်းသော သိုးထိန်းဖြစ်လာသူ မေရှိယကိုသတိရစေပါသည်။
သိုးထိန်းသည်သိုးများကိုကာကွယ်ဖို့ရန်သိုးခြံ၏တံခါး၀တွင် စောင့် ၍အိပ်ရပါသည်။ ထိုသိုးခြံ၏တံခါးမှသိုးများနှင့်နီးကပ်စွာ မိသဟာယဖွဲ့နိုင် ပြီး သိုးများကိုကာကွယ်ပေးနိုင်ပါသည်။ သူ၏သိုးစုအပင်မဟုတ်သော သိုး များကို သိုးထိန်းက ထိုသိုးတံခါးမှ ဝင်ခွင့်မပြုခဲ့ပါ။ သိုးထိန်းက သိုးနှင့်ဝံပု လွေကို ခွဲခြားထားပါသည်။ ထို့ကြောင့် သိုးများကသိုးထိန်းကို အလိုရှိကြပါ သည်။
ထိုသိုးစုများထဲက အချို့သောသိုးများသည် သိုးထိန်း၏ဦးဆောင်မှု နောက်သို့ လိုက်ဖို့ရန်ငြင်းဆန်လေ့ရှိသည်။ ထိုသို့သော် သိုးများသည် လှပ ကောင်းမွန်သော လမ်းရှိသော်လည်း သိုးထိန်း၏အသံကို နားမထောင် သောကြောင့် သေခြင်းသို့ရောက်ရှိကြလိမ့်မည်။ သိုးထိန်းစကားကို နား ထောင်သောသိုးများသည် အသက်ချမ်းသာခွင့်ရရှိပြီး ကောင်းမွန်စွာကျွေး မွေးခြင်းခံရလိမ့်မည်။ ကျွန်ုပ်တို့၏ သိုးထိန်းမှာ မေရှိယယေရှုဖြစ်သည်။
 
 
ယေရှုခရစ်က ကျွန်ုပ်တို့အား တဲတော်၏တံခါးအရောင်(၄)မျိုးကို ပြသပေးခဲ့ခြင်း
 
တဲတော်၏တံခါးများကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် ချည်ချောထည်အရောင်များဖြင့် ယက်လုပ်ထားပါသည်။ တဲတော်တံခါးကို အရောင်(၄)မျိုးဖြင့် ပြုလုပ်ထားပါသည်။ ဤအရောင်(၄)မျိုးသည် ပျောက် သောသိုးများကို ကယ်တင်ဖို့ လောကသို့ ကြွလာခဲ့သောမေရှိယ၏ အမှု တော်မြတ်လုပ်ငန်း(၄)မျိုးကို ပုံဆောင်ထားပြီး ဝိညာဉ်ပိုင်းဆိုင်ရာ ဣသရေ လလူမျိုးများကို သူတို့၏ အပြစ်များမှ ကယ်နှုတ်ပြီး ဘုရားသခင်၏လူပြန် လည်ဖြစ်စေခဲ့ပါသည်။ 
အမှုတော်မြတ်လုပ်ငန်း(၄)မျိုးဖြင့် ကြွလာသောမေရှိယကို ကျွန်ုပ် တို့သည် မှန်ကန်စွာသိမည်ဆိုလျှင် လွဲမှားမှုမရှိနိုင်သော သမ္မာတရားမှာ ဤယုံကြည်ချက်အားဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ဆေးကြောခဲ့ပြီး ကျွန်ုပ်တို့၏ ကျန်ရှိနေသေးသောအသက်တာကို ထိုရေနှင့်ဝိညာဉ်ဧဝံဂေလိ တရားကို ဖြန့်ဝေဖို့အသုံးပြုလျက် ထိုယုံကြည်ချက်အားဖြင့် ကောင်းကင် နိုင်ငံသို့ဝင်ခွင့်ရလိမ့်မည်။ ထို့ကြောင့် လူတိုင်းသိထားရမည့် သမ္မာတ ရားမှာ ကျွန်ုပ်တို့အား အပြစ်သားဘ၀မှ အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်၊ ချည်ချောထည် နှုတ်ကပတ်တော် သမ္မာတရားအားဖြင့် မေရှိယ သည် လာ၍ကယ်တင်ခဲ့သည် ဆိုသည့်အချက်ဖြစ်သည်။ 
မေရှိယ၏အမှုတော်ဆောင်လုပ်ငန်း(၄)မျိုးဖြင့်အပြစ်ကိုဖြေ လွှတ် ခွင့်ကို သင်သည်ရရှိလိုပါသလား။ ထိုသို့အလိုရှိလျှင်တဲတော်အကြောင်းကို လေ့လာကြပါစို့။ထိုအမှုတော်ဆောင်လုပ်ငန်း(၄)မျိုးကိုသိသော သူသည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ ချည်ချောထည်ကိုဖြစ်သော အပြစ် ဖြေလွှတ်ခွင့်ကိုရရှိခြင်းအားဖြင့်ဖြောင့်မတ်သောသူတစ်ဦးဖြစ်လာပါသည်။
အရောင်(၄)မျိုးရှိသော တဲတော်တံခါးများကို ဣသရေလလူမျိူး များက မျှော်ကြည့်သောအခါ မေရှိယသည် အမှန်တကယ် ကြွလာပြီး အမှု တော်မြတ်လုပ်ငန်း(၄)မျိုး ပြည့်စုံစေလိမ့်မည်ဟု ယုံကြည်ကြပါသည်။
 
 
အပြစ်သားတိုင်းက ယုံကြည်ရမည့်သမ္မာတရား
 
တဲတော်တံခါး ကုလားကာအဖြူရောင်ကို ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် ကယ်တင်ရှင်လိုအပ်ကြောင်းနှင့် ဘုရားသခင် မည်မျှ သန့်ရှင်းကြောင်းကို သိရသည်။ ဘုရားသခင်၏သန့်ရှင်းခြင်းကို သိသော သူတိုင်း မည်သို့မျှမတတ်နိုင်သော်လည်း “ဘုရားသခင် ကျွန်တော့်ရဲ့အပြစ် များကြောင့်ကျွန်တော်ဟာငရဲကျထိုက်သောသူ၊ အပြစ်များသောသူဖြစ် တယ်” ဟုပြောတတ်ကြပါသည်။ တဲတော်တိုင်များမှ အဖြူရောင်(ချည် ချောထည်)ကုလားကာကို ကြည့်ခြင်းအားဖြင့် သန့်ရှင်းခြင်းနှင့် အလွန် ဘုန်းကြီးခြင်းကိုတွေ့ရပြီးသူတို့သည်စိတ်ထဲတွင်အပြစ်များစွာကိုကျူးလွန် သူများနှင့် ဘုရားသခင်ရှေ့တွင် လုံး၀အသက်မရှင်ထိုက်သောသူများ ဖြစ် ကြောင်းအသိအမှတ်ပြုကြသည်။စိတ်နှလုံးဖြောင့်မတ်ခြင်းမရှိဘဲ ဘုရား သခင်၏ ရှေ့တော်မှောက်သို့သွားသောအခါ သူတို့၏စိတ်မှ အပြစ်ရှိ ကြောင်းအစဉ်ဖွင့်ပြလျက်ရှိသည်။ သူတို့၏စိတ်သည် သူတို့၏အပြစ်များကို ဖွင့်ပြသဖြင့် ဘုရားသခင်၏ရှေ့သို့ဝန်လေးနေကြပါသည်။
သို့ရာတွင် ထိုအပြစ်သားများသည် သူတို့၏ကယ်တင်ရှင်၊ သူတို့ ၏အပြစ်ပြဿနာများကိုအပြာရောင်၊အနီရောင်ချည်ထည်အားဖြင့်ဖြေရှင်းခဲ့သည်ကို သဘောပေါက်သောအခါ ဘုရားသခင်၏ရှေ့တော်မှောက်သို့ ရဲ ရင့်စွာသွား၍ ကယ်တင်ခြင်းရရှိသူနှင့် စိတ်ထဲတွင် မျှော်လင့်ခြင်းရှိကြောင်း ဖော်ပြကြသည်။
တဲတော်တံခါးမှ ဖော်ပြသောသမ္မာတရား(၄)မျိုးမှာ မေရှိယသည် လူ့ဇာတိကိုခံယူကာလောကသို့ကြွလာပြီး အပြစ်အားလုံးကို သယ်ဆောင် ၍ဗတ္တိဇံခံယူဖို့ ယောဟန်ထံသို့သွားကာ လက်ဝါးကပ်တိုင်ပေါ်တွင် အသွေး တော်သွန်းလောင်းခဲ့ပါသည်။ ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားဖြင့် တဲ တော်တံခါးကုလားကာအရောင်(၄)မျိုးဖြစ်သော သမ္မာတရားကို တိကျစွာ သိမြင်ယုံကြည်သောသူသည်ထာ၀ရအပြစ်ဖြေလွှတ်ခွင့်ကိုရရှိသူဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူခြင်းဖြင့် လောကသားအားလုံး၏ အပြစ်ကို သယ်ဆောင်သွား၍လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းအားဖြင့် အပြစ် ဒဏ်(သို့)အဖိုးအခပေးဆပ်ခဲ့ခြင်းဖြင့် ကျွန်ုပ်တို့အား လုံးလုံးလျားလျား ကယ်တင်ခဲ့ပြီဆိုသည့် သမ္မာတရားသည် တဲတော်တံခါး ကုလားကာ၏ အ ရောင်(၄)မျိုးနှင့်ဆိုင်သော သမ္မာတရားကို ဖော်ပြလိုခြင်းဖြစ်သည်။
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်ချည်ချောထည် (အဖြူ) တို့သည် မေရှိယ၏အမှုတော်မြတ်လုပ်ငန်း(၄)မျိုးကို ဆိုလိုပြီး အပြစ်သား များကို အပြစ်သားများဘ၀မှ ကယ်တင်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြခြင်းဖြစ် သည်။ဘုရားကလူသားတို့အားပေးသောသမ္မာတရားကို အပြာရောင်၊ ခရမ်း ရောင်၊ အနီရောင်၊အဖြူရောင်အားဖြင့် ဖော်ပြထားသည်။ စိတ်နှလုံးထဲတွင် အပြစ်ရှိကြောင်း ဖော်ပြခြင်းခံရသောသူသည် ရေနှင့်ဝိညာဉ်တော် ဧဝံဂေ လိတရားဖြင့်ဖော်ပြထားသော ကယ်တင်ခြင်းသမ္မာတရားကို ယုံကြည်ခြင်း အားဖြင့် အပြစ်ဖြေလွှတ်ခွင့်ရရှိနိုင်သည်။
ကမ္ဘာပေါ်တွင် ရေတွက်၍မရနိုင်လောက်အောင် ဘာသာတရား များထွက်ပေါ်လာလျက်ရှိသည်။ထိုလောကနှင့် ဆိုင်သောဘာသာတရား များသည် မိမိတို့၏အတွေးအခေါ်များအပေါ် အခြေခံ၍ ယုံကြည်ခံယူချက် များကိုသတ်မှတ်ကာ သန့်ရှင်းသူများ ဖြစ်ဖို့ လူတို့အားသွန်သင်ကြပါသည်။ လောကတွင်ရှိသောဘာသာတရားများ၏ သွန်သင်ချက်အတိုင်း လိုက် လျှောက်ခြင်းဖြင့်အပြစ်ဆေးကြောခြင်းခံရသူတစ်ဦးမျှပင်မတွေ့ရသေးပါ။ အကြောင်းမှာသူတို့သည် မိမိကိုယ်ကိုမိမိအပြစ်နှင့် ပြည့်၀သည်ကိုပင် သ ဘောမပေါက်ဘဲသူတို့၏အတွေးအခေါ်အပေါ်တွင်အခြေခံ၍ကယ်တင်ခြင်း ခံယူချက်ကို တည်ဆောက်ကာယုံကြည်နေကြသော ကြောင့်ဖြစ်သည်။ အ ကြောင်းမှာ လူသည်အပြစ်ကို အောင်မြင်ကျော်လွှားနိုင်သောသူ၊ မိမိကိုယ် ကို သန့်ရှင်းအောင်ပြုလုပ်နိုင်သောသူ၊ အပြစ်၏ဗီဇသဘာ၀ကို ဆီးတား နိုင်သောသူမဖြစ်နိုင်သောကြောင့်ဖြစ်သည်။ ထိုအကြောင်းကြောင့် သူ၊သူမ ၏အပြစ်မှ ကယ်ချွတ်မည့်သူကယ်တင်ရှင်မေရှိယယေရှုကို အမှန်တကယ် လိုအပ်နေခြင်းဖြစ်သည်။သင်နားလည်ထားရမည့် အချက်မှာ သခင်ယေရှုမှ လွဲ၍ မည်သည့်လူသားတစ်ဦးတစ်ယောက်မျှ ကယ်တင်ရှင်မဖြစ်နိုင်ပါ။
ဘုရားသခင်၏ ပညတ်တရားအရ အပြစ်ရှိသောသူသည် ဘုရား သခင်၏ အိမ်တော်သို့မဝင်ရသောကြောင့် မေရှိယသည် ကျွန်ုပ်တို့၏အ ပြစ်အားလုံးကို မေ့လိုက်ပြီဖြစ်ကြောင်း သိရှိယုံကြည်ရမည်။
လူသားများ၏အပြစ်ကို တစ်ခါတည်းဖြေလွှတ်ပေးသော ဧဝံဂေ လိတရားသည် ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားမှ လွဲ၍ အခြားမဖြစ် နိုင်ပါ။ လောကဘာသာတရားခံယူချက်ကို တစ်စုံတစ်ယောက်က ယုံကြည် ထားမည်ဆိုလျှင်ထိုယုံကြည်ချက်က သူ၏အပြစ်ကြောင့် သန့်ရှင်းသော ဘုရားသခင်၏ ကဲ့ရဲ့ရှုတ်ချခြင်းကို မလွဲမသွေတွေ့ကြုံရင်ဆိုင်ရလိမ့်မည်။
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင် သမ္မာတရား သည် ဓမ္မသစ်ခေတ်တွင်ရေနှင့်ဝိညာဉ် ဧဝံဂေလိတရားအားဖြင့် ပြည့်စုံခြင်း သို့ ရောက်လာပါသည်။ တဲတော်ဆံခါး၏ကုလားကာကို အနီရောင်(သို့) အနီနှင့်ခရမ်းရောင်ဖြင့်သာ ပြုလုပ်ထားသည့် ပြောဆိုချက်ကို သင်ကြား ဖူးပါသလား။ လောလောဆယ် သင်ကြားရသည့်အတိုင်း တဲတော်တံခါးကု လားကာကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်အားဖြင့် ပြုလုပ်ထားပါသည်။ ဘုရားသခင်သည် ဣသရေလလူမျိုးတို့အား တဲတော် တံ ခါးကုလားကာကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင် ဖြင့်ယက်လုပ်ဖို့ ရှင်းလင်းစွာ မှာကြားခဲ့ပါသည်။ 
လူတို့သည် လွဲမှားစွာယူဆထားကြသောအချက်မှာ တဲတော်တံခါး ကုလားကာကို အနီရောင်တစ်မျိုးတည်းဖြင့်သာ ယက်လုပ်ထားသည်ဟု ယူဆသောကြောင့် သခင်ဘုရား၏အမှုတော်မြတ်လုပ်ငန်း(၄)မျိုး၏ ထူး ဆန်းနက်နဲမှုကိုအနက်ဖွင့်ဆိုခြင်းငှါမတတ်နိုင်ကြပါ။ ထိုအကြောင်းကြောင့် သူတို့သည်ယေရှုကိုယုံကြည်သောသူဖြစ်သော်လည်း အပြစ်ကိုစိတ်ထဲတွင် ပြန်လည်ကျူးလွန်ကြခြင်းဖြစ်သည်။ သခင်ယေရှု၏ အမှုတော်မြတ်လုပ် ငန်း(၄)မျိုးဖြစ်သော အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင် သမ္မာတရားအားဖြင့် သင်တို့၏အပြစ်အားလုံးကို ဆေးကြောသုတ်သင်ခဲ့ ကြောင်း သဘောပေါက်ထားပါ။ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်အားဖြင့် ပြည့်စုံခဲ့သောကယ်တင်ခြင်းလုပ်ငန်းသည် သင့် ကိုအပြစ်များအားလုံးမှ ကယ်တင်ခဲ့ပါသည်။ သခင်ယေရှုသည် ဤအမှု တော်ဆောင်လုပ်ငန်း(၄)မျိုးဖြင့်သင်၏အပြစ်များကိုဖယ်ရှားပေးခဲ့ကြောင်း သဘောပေါက်ထားရမည်။ ဤသမ္မာတရားကို မျက်ကွယ်ပြု၍ မိမိကိုယ်ပိုင် သတ်မှတ်ထားသော အပြစ်ဖြေလွှတ်ခွင့်စံချိန်စံနှုန်းကို တားခြင်းသည် မှား ယွင်းလျက်ရှိသည်။
လူအချို့တို့သည် တဲတော်တံခါး၏ ကုလားကာဖြစ်သော အပြာ ရောင်၊ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ထည်တို့၏အဓိပ္ပါယ်ကို သဘောမပေါက်ဘဲယေရှုကိုကယ်တင်ရှင်အဖြစ်ယုံကြည်ထားမည်ဆိုလျှင် မည်သို့သောအခြေအနေတို့ပင်ရောက်စေကာမူ ကယ်တင်ခြင်းရမြဲရနိုင် သည်ဟုဆိုကြပါသည်။ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များကို သခင် ယေရှု၏ အမှုတော်မြတ်လုပ်ငန်း(၄)မျိုးအကြောင်း မေးမြန်းသောအခါ သိရှိထားခြင်းမရှိကြောင်းတွေ့ရသည်။အများအားဖြင့်သူတို့သည်အနီရောင် ချည်ထည်အမှုတော်မြတ်လုပ်ငန်းတစ်ခုတည်းကိုသာ ယုံကြည်ကြပါသည်။ အခြားအရောင်တစ်ခုကိုလည်း ယုံကြည်ကြသေးသည်ဟုဆိုလျှင် ခရမ်း ရောင်ချည်ထည်ဖြစ်နိုင်သေးသည်။ သို့သော်လည်း ကျွန်ုပ်တို့၏သခင်သည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ထည်တို့ဖြင့် လူ သားတို့အားကယ်တင်သည့်အလုပ်ကို ပြီးမြောက်စေခဲ့ပါသည်။ သခင် ယေရှုသည် ကယ်တင်ခြင်းဆိုင်ရာ အမှုတော်ဆောင်လုပ်ငန်း(၄)မျိုး ကျွန်ုပ် တို့အတွက်အကောင်အထည်ဖော်ပေးခဲ့ကြောင်း ယုံကြည်ကြရမည်။ အပြာ ရောင်၊ ခရမ်းရောင်၊အနီရောင်နှင့် အဖြူရောင် တဲတော်တံခါးကုလားကာ (၄)မျိုးသမ္မာတရားကိုအမှန်တကယ်သိလိုသော ဆန္ဒရှိသောသူသည် စိတ်နှ လုံးထဲတွင် ဖော်ပြခြင်းခံရ၍ ယုံကြည်လာလိမ့်မည်။
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ထည်တို့ ၏အဓိပ္ပါယ်ကို ကျွန်ုပ်တို့မည်သို့ နားလည်နိုင်မည်နည်း။ အကယ်၍ သင် သည်အပြာရောင်၊ခရမ်းရောင်၊အနီရောင်နှင့်အဖြူရောင်ချည်ည်၏အဓိပ္ပါယ် ကို နားလည်ဖို့ရှာဖွေနေပါသည်ဟုဆိုလျှင်သင်သည် သမ္မာကျမ်းစာကို နက် နက်နဲနဲလေ့လာခြင်း၊ အသေးစိတ်ဆင်ခြင်မှုမရှိသေးပါဟု ကဲ့ရဲ့ခြင်းခံရမည် ဖြစ်ပြီး စိတ်ရှုတ်ထွေးမှုလည်းရှိလာမည်။ စိတ်ထဲတွင် အလေးအနက်မ ထားကြသောကြောင့်အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် နှင့် အဖြူရောင် ချည်ထည်သမ္မာတရားကို သဘောမပေါက်ကြပေ။ ထို့နောက်သင်သည် တံ ခါးပေါက်အားဖြင့်အသေးစိတ်ဖွင့်ပြသောမေရှိယကို မည်သည့်အခါမျှ တွေ့ ရှိနိုင်မည်မဟုတ်ပါ။
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ထည် သမ္မာတရားကို သဘောမပေါက်ဘဲ မေရှိယကို တွေ့ဖို့ကြိုးစားသောသူ သည် ခရစ်ယာန်ဘာသာကို အခြားလောကီနှင့်ဆိုင်သော ဘာသာတရား များကို ကိုင်းရှိုင်းသောသူတစ်ဦး ဦးကဲ့သို့ဖြစ်လိမ့်မည်။ ဘုရားသခင်၏အိမ် တော်သို့ဝင်မည့်သူတစ်ဦးသည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ထည်တည်းဟူသော တဲတော်တံခါးကုလားကာ(၄)မျိုးဖြင့် ဖော်ပြသောအမှုတော်မြတ်(၄)မျိုးဖြင့်ဖော်ပြသော အမှုတော်မြတ်(၄)မျိုး ဖြစ်သည့်ဘုရားသခင်၏ကယ်တင်ခြင်းကို ကျွန်ုပ်တို့သည် သဘောပေါက် ထားရမည်။ဤသမ္မာတရားကို တွေ့သောသူသည် သခင်ဘုရားက ဓမ္မသစ် ခေတ်ကာလတွင် ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိတရားကို ပြည့်စုံစေခဲ့ ကြောင်း သဘောပေါက်ထားရမည်။
ဘုရားသခင်သည် မောရှေအားတဲတော်၏ တံခါးကုလားကာကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ဖြင့် ယက်လုပ်ဖို့ အမိန့်ပေးခဲ့ပါသည်။ ဤအရာမှ ဝိညာဉ်ပိုင်းဆိုင်ရာ အနက်အဓိပ္ပါယ် များ ကားအဘယ်သို့နည်း။ အပြာရောင်၊ခရမ်းရောင်၊ အနီရောင်နှင့် အဖြူ ရောင် ချည်ထည် တဲတော်တံခါး၏ကုလားကာတစ်ခုချင်းစီ၏အဓိပ္ပါယ်ကို ကြည့် ခြင်းအားဖြင့် သခင်ယေရှု၏ ကျွန်ုပ်တို့အပြစ်များကို ဖယ်ရှားပေးသည့် လုပ် ဆောင်ချက်ကိုတွေ့ရပါသည်။ဤချည်ထည်များ၏အဓိပ္ပါယ်သည်တစ်ခုနှင့် တစ်ခု ဆက်နွယ်လျက်ရှိပါသည်။ ဤသမ္မာတရားကို အလေးထား၍ ယုံ ကြည်သောသူသည် ရေနှင့်ဝိညာဉ်တော်ဧဝံဂေလိတရားဖြင့် သခင်ယေရှု၏ အမှုတော်ဆောင်လုပ်ငန်း(၄)မျိုးကြောင့် ထာ၀ရအ ပြစ်ဖြေလွှတ်ခွင့်ရရှိ လိမ့်မည်။
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ဖြင့် ထင်ရှား ခဲ့သောကယ်တင်ခြင်းကို သိအောင်ကြိုးစားရမည့်အစား မျက်ကွယ်ပြုခြင်း သည် မေရှိယ၏ရန်သူဖက်တွင် ရပ်တည်ခြင်းနှင့် ခြားနားမှုမရှိ အတူတူပင် ဖြစ်သည်။ လူများစွာတို့သည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်တို့ဖြင့် ပေါ်လွင်ထင်ရှားခဲ့သော သမ္မာတရားအားဖြင့် ထူးခြားမှု မရှိဘဲ သူတို့အတွက် ခရစ်ယာန်ဘာသာသည် လောကရှိဘာသာတရား တစ်ခုခုကဲ့သို့သာ ပြန်လည်ဖြစ်သွားလေ့ရှိသည်။ အကယ်၍ သခင်ယေရှု၏ အမှုတော်ဆောင်လုပ်ငန်း(၄)မျိုးကို ထူးခြားမှုမရှိဟု ယူဆသောသူတို့သည် လောက၏ဘာသာတရား၏ အသီးအပွင့်ကိုသာ သီးပွင့်စေသောသူဖြစ် သောကြောင့်ခရစ်တော်ကို ဆန့်ကျင်သောသူဖြစ်သည်။ ရေနှင့်ဝိညာဉ် တော် ဧဝံဂေလိတရားကို ရှာဖွေနေသောသူများ လောကတွင်ရှိနေသေး သောကြောင့် ကျွန်ုပ်တို့အတွက် မျှော်လင့်ချက်ထားရှိနိုင်ပါသေးသည်။ 
လူတို့သည် တဲတော်တံခါးမှ ဖော်ပြသည့် အပြစ်ဖြေလွှတ်ခွင့်ဆိုင် ရာဝိညာဉ်ပိုင်းအသိပညာ သမ္မာတရားကို ရသောအခါ ကောင်းကင်မှလာ သော ဝိညာဉ်ပိုင်းဆိုင်ရာ ကောင်းကြီးမင်္ဂလာများကို ခံစားရလိမ့်မည်။ အ ဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက် အနေဖြင့် မေရှိယကိုတွေ့ဖို့ရန် ဤသမ္မာတရားကို သိမြင်ယုံကြည်လက်ခံဖို့ လိုအပ်ပြီး တစ်ကြိမ်တစ်ခါ ဤသမ္မာတရားပေါ်တွင် ရပ်တည်ရုံနှင့်မပြီးဆုံးသေးဘဲ ထာ၀ရရပ်တည်ရ မည်။ သင်သည် စစ်မှန်သောခရစ်ယာန်တစ်ဦးဖြစ်ခဲ့သော် ဤသမ္မာတရား ကို အလေးထားရမည်။
ဘုရားသခင်၏အိမ်တော်သို့ ဝင်လိုသောသူသည် အပြာရောင်၊ ခ ရမ်းရောင်၊အနီရောင်နှင့်အဖြူရောင်အားဖြင့်ပေါ်လွင်ထင်ရှားခဲ့သော သမ္မာ တရားကိုရှာဖွေတွေ့ရှိရမည့်အပြင်ထိုအတိုင်းဘုရားသခင်ကို ချီးမွမ်းရမည်။ 
 
 
ပရောဖက်ပြုချက်များကို ပြည့်စုံစေမည့် မေရှိယ
 
ဘုရားသခင်ကမေရှိယသည် အပျိုကညာ၏ဝမ်းမှ မွေးဖွားလာ မည့်အကြောင်း ကြိုတင်ပရောဖက်ပြုခဲ့ပါသည်။ ထို့ကြောင့် ထာ၀ရဘုရား သည်ကိုယ်တော်တိုင်နမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတ္တံ။ထိုသားကိုဧမာနွေလအမည်ဖြင့် မှည့်ရလတံ့ (ဟေရှာ၇း၁၄)။ အိုဗက်လင် ဧဖရက်မြို့၊ အစိုးရသောယုဒမြို့တို့တွင် သင်သည်မြို့ငယ် မြို့ ယုတ်ဖြစ်သော်လည်း ဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် ငါ့အ ဖို့သင်၏အထဲမှာ ပေါ်ထွန်းလတံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ် ထွန်းသောသခင်ဖြစ်၏ (မိက္ခာ၅း၂)။ ဤဓမ္မဟောင်းကျမ်းစာတွင် တွေ့ရ သောပရောဖက်ပြုချက်အတိုင်း မေရှိယသည် လောကသို့ကြွဆင်းလာခဲ့ ပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်အညီ ပရောဖက်ပြုချက်ကို ပြည့်စုံစေသည့်အနေဖြင့် သူသည်လူ့အသွေးအသားကို ဆောင်ယူ၍ လော ကသို့ကြွဆင်းလာခဲ့ပါသည်။
လူသားများ၏စ၏သမိုင်းတွင် မည်သည့်အပိုင်းကဏ္ဍတွင် မေရှိယ ကြွလာခဲ့သနည်း။ ရောမအင်ပါယာ ရှင်ဘုရင်ဩဂုတ်ကု လက်ထက် (ဘီစီ ၂၇၊အေဒီ၁၄) တွင်သူသည် လောကသို့ကြွလာခဲ့ပါသည်။ သူသည်ယေဟန် ထံမှ ဗတ္တိဇံကိုခံ၍ လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း၍ အသေခံခြင်းဖြင့် ကျွန်ုပ်တို့အား အပြစ်မှလွတ်မြောက်ခွင့်ပေးခဲ့ပါသည်။
အင်ပါယာရှင်ဘုရင် ဩဂုတ်ကုလက်ထက် ဣသရေလနိုင်ငံ ရောမ အစိုးရလက်အောက်တွင် ကိုလိုနီအုပ်ချပ်မှုခံနေရစဉ် ယေရှုသည် ကယ် တင်ရှင်အဖြစ်လောကသို့ကြွဆင်းလာခဲ့ပါသည်။ ဣသရေနိုင်ငံသည် ရောမ ၏အုပ်ချုပ်မှုအောက်တွင် ခံနေရသဖြင့် အစိုးရထုတ်ပြန်သော အမိန့်ကို နာခံရလေသည်။ ထိုအချိန်တွင် အင်ပါယာရှင်ဘုရင် ဩဂုတ်ကုသည် လူ တိုင်းသန်းခေါင်စာရင်း သွင်းဖို့ မိမိဌာနေသို့ သွားဖို့အမိန့်ထုတ်ခဲ့ပါသည်။ ဩဂုတ်ကုရှင်ဘုရင် အမိန့်တုတ်ပြီးသည်နှင့် ထိုလုပ်ငန်းချက်ချင်းစတင်နိုင် ခဲ့ပါသည်။ ဤသန်းခေါင်စာရင်းကောက်ယူခြင်းသည် ရောမအင်ပါယာ အတွင်းနေထိုင်သူ၊ ဣသရေလနိုင်ငံအတွင်းနေထိုင်သူပေါင်းကို ရေတွက်၍ သိရှိဖို့ရှိသည်။ ထိုအချိန်မှ စတင်၍ ယေရှုခရစ်သည် လူ့သမိုင်းတွင်စတင်၍ အလုပ်လုပ်ခဲ့ပါသည်။ 
 
 
ဓမ္မဟောင်းခေတ်မှ နှုတ်ကပတ်တော်ကို ပြည့်စုံစေခြင်းအားကြည့်ပါ
 
ထိုအချိန်က ယုဒပြည်တွင် မေရှိယသည် အပျိုမာရိကညာ၏ဝမ်း၌ ပဋိသန္ဓေစွဲယူလျက်ရှိသည်။ ထိုမာရိသည် ယောသပ်နှင့် စေ့စပ်ထားသူ ဖြစ်သည်။ ဘုရားသခင်သည် ဣသရေလလူမျိုး (၁၂)မျိုးတို့အား ကတိပေး ထားသကဲ့သို့ ယုဒအနွယ်မှ မေရှိယမွေးဖွားလာမည်ဖြစ်ပြီး ယောသပ်နှင့် မာရိနှစ်ဦးစလုံးသည် ယုဒအမျိုးအနွယ်ဝင်များ ဖြစ်ကြသည်။
ယောမအင်ပါယာ ရှင်ဘုရင် ဩဂုတ္တုက သန်းခေါင်စာရင်းသွင်းဖို့ အမိန့်ထုတ်သည့်အခါယုဒလူမျိုးမာရိသည်မိမိဝမ်းဗိုက်ထဲမှကလေးကိုသယ် ဆောင်လာခဲ့ပါသည်။ သူမသည် မွေးဖွားဖို့ရန်အချိန်နီးကပ်လာသောအခါ အင်ပါယာရှင်ဘုရင် အမိန့်ထုတ်လိုက်ချိန်နှင့် တိုက်ဆ်ိုင်သဖြင့် ယောသပ် ရှိရာ မြို့သို့နာမည်စာရင်းသွင်းရန် သွားခဲ့ပါသည်။ ယောသပ်နှင့်မာရိသည် ဗက်လင်မြို့သို့ ဦးတည်၍သွားနေကြစဉ် အချိန်မရွေးမီးဖွားနိုင်သောအနေ အထားရှိ၏။ မာရိမီးဖွားဖို့ ဗိုက်နာသောအခါ တည်းခိုမည့် အိမ်ကိုရှာဖွေခဲ့ သော်လည်း မြို့ထဲတွင် မတွေ့ရှိနိုင်ခဲ့ပါ။ သူတို့သည် နွားတင်းကုတ်တစ် ခုသို့ရောက်သောအခါ ထပ်မံမရှာတော့ဘဲ ထိုနေရာတွင် ရပ်နားခဲ့ကြသည်။ မာရိသည် သူငယ်တော်ယေရှုကို နွားတင်းကုတ်ထဲတွင် မွေးဖွားသန့်စင်ပေး ခဲ့ပါသည်။ 
‌အေဒီ(၁)နှစ်မြောက်တွင် နွားစားခွက်ထဲ၌ ယေရှုသည်မွေးဖွားခဲ့ပါ သည်။ တန်ခိုးကြီးသော ဘုရားသခင်သည် လူ၏အသွေး အသားကိုဆောင် ယူ၍ လောကသို့ကြွဆင်းလာခဲ့ပါသည်။ တိရစ္ဆာန်များကို ထားသည့်နေ ရာမှ လူသားများ၏ ကယ်တင်ရှင်ကြွလာခဲ့ပါသည်။ ဤအရာက ကျွန်ုပ်တို့ ၏ မေရှိယဖြစ်လာမည့် ယေရှုသည် အနိမ့်ဆုံးအဆင့်တွင် မွေးဖွားခြင်းခံခဲ့ရ ပြီး ဖန်ဆင်းခြင်းအစမပြုမီကပင် ဘုရားသခင်သည် ဤအရာအားလုံးကို ကြိုတင်စီမံခန့်ခွဲခဲ့ပြီဟု အဓိပ္ပါယ်ရရှိစေသည်။ ယာဝေးဘုရားသခင်သည် လူသားများထံသို့ လာ၍လည်ပတ်ခဲ့ကြောင်း သိရှိခဲ့ကြသော်လည်း ဘုရား သခင်ကိုယ်တိုင် လူများကိုကယ်တင်ဖို့ ကြွလာခဲ့ကြောင်း သဘာမပေါက် နိုင်ကြပါ။ ထို့ကြောင့် ဘုရားသခင်လူတိုင်း နားလည်သဘောပေါက်စေရန် နှိမ့်ချလျက် လူသား၏ခန္ဓာကိုယ်ဖြင့် မွေးဖွားလျက် လောကသို့ကြွလာကာ ကျွန်ုပ်တို့အားလုံးကို အပြစ်များထဲမှ ကယ်တင်ခဲ့ပါသည်။ 
နေရာများစွာရှိသည့်အနက် ဗက်လက်မြို့တွင် အဘယ်ကြောင့် မွေးဖွားခဲ့သနည်း။အဘယ်ကြောင့် နွားတင်းကုတ်ထဲတွင် မွေးဖွားခဲ့ပြီး ရော မအစိုးရက ကိုလိုနီနယ်ချဲ့စနစ်ဖြင့် ထိုအချိန်က အဘယ်ကြောင့် အုပ် ချုပ်ခဲ့သည်ကိုသင်အံ့ဩပေလိမ့်မည်။ သို့သော် မကြာမီ ဤသို့ပြုလုပ်ခဲ့ခြင်း များသည် သူ၏လူများကို ကယ်တင်ဖို့ ဘုရားသခင်ကိုယ်တိုင် စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်းသိလာလိမ့်မည်။
ယောသပ်နှင့်မာရိတို့ သန်းခေါင်စာရင်းသွား၍ ပေးသည့်အခါ သူ တို့သည် ထိုနယ်သားများဖြစ်ကြောင်း ခိုင်မာသည့် အထောက်အထား ပြသ ခဲ့ကြရလိမ့်မည်။ သူတို့၏မိဘ ဘိုးဘွားအစဉ်အဆက်တို့သည် ထိုမြို့နယ် တွင်နေထိုင်ခဲ့ကြကြောင်း ခ်ိုင်မာသည့် အထောက်အထားဖြင့်ပြသရမည်။ ထိုအခါမှသာ သူတို့ဆင်းသက်လာသည့် ဆွေစဉ်မျိုးများကို မှတ်တမ်းတင် နိုင်မည်ဖြစ်သည်။ မာရိနှင့်ယောသပ်လက်ထက်တိုင်အောင် ဆွေစဉ်မျိုး ဆက်များကို တိကျမှန်ကန်စွာ မှတ်သားခဲ့ခြင်းဖြင့် ယေရှု၏မွေးဖွားခြင်း အား ဘုရားသခင်က သမိုင်းအထောက်အထားဖြင့် သာ၍မှန်ကန်ကြောင်း သက်သေပြခဲ့ပါသည်(မသဲ၁း၁-၁၆)၊ လု၃း၂၃-၃၈)။ ဤသို့လုပ်ဆောင်ခြင်း ဖြင့် ဘုရားသခင်သည် ဓမ္မဟောင်းခေတ်မှ ပရောဖက်ပြုချက်များကို ပြည့် စုံစေခဲ့ပါသည်။ 
(မိက္ခာ၅း၂) တွင် “အိုဗက်လင်ဧဖရက်မြို့ အစိုးရသော ယုဒမြို့ တို့တွင် သင်သည် မြို့ငယ်၊ မြို့ယုတ်ဖြစ်သော်လည်း ဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် ငါအဖို့သင်၏ အထဲမှာပေါ်ထွန်းလတံ့။ ထိုသခင် သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသောသခင်ဖြစ်၏”ဟု ရေးသားခဲ့ ပါသည်။ကြိုတင်ပရောဖက်ပြုထားသော မြို့သို့ယောသပ်နှင့်မာရိရောက် လာသောအခါ တိုက်ဆိုင်လျက် မွေးဖွားမည့်အချိန်ရောက်လာခြင်းမှာ ဘု ရားသခင်သည်သူ၏ပရောဖက်များဖြင့် ကြိုတင်မိန့်မှာခဲ့သည့်အတိုင်း ပြည့် စုံစေခဲ့ခြင်းဖြစ်သည်။ လူသားများ၏အပြစ်အားလုံးကို ဆေးကြောသုတ် သင်ဖို့ရန် ဘုရားသခင်၏ စီမံကိန်းအောင်မြင်ခဲ့ကြောင်း သေချာစွာသိရကြ ပြီ။ ယေရှုသည် သေးငယ်သော ဗက်လင်မြို့တွင် မွေးဖွားခဲ့ခြင်းသည် ပ ရောဖက်ပြုချက် ပြည့်စုံခြင်းဖြစ်သည်။
ဗက်လင်မြို့တွင် သခင်ယေရှုမမွေးဖွားမှီ နှစ်ပေါင်းရာနှင့်ချီသည့် အချိန်ကပရောဖက်မိက္ခာအားဖြင့်အထက်ပါအတိုင်းကြိုတင်၍ သူ၏ပရော ဖက်စကားကို ဖော်ထုတ်ခဲ့ပါသည်(မိက္ခာ ၅း၂)။ မေရှိယမွေးဖွားခြင်းမရှိမီ နှစ်ပေါင်း(၇၀၀)စော၍ ပရောဖက်ဟေရှာယက မေရှိယမည်သို့ မွေးဖွား၍ သူ၏လူတို့ကို မည်သို့အပြစ်မှကယ်တင်မည့်အကြောင်းကို ကြိုတင်ဟော ကြားခဲ့ပါသည် (ဟေရှာယ ၅၃)။ ပရောဖက်မိက္ခာပရောဖက်ပြုခဲ့သည့် အတိုင်း ဗက်လင်မြို့တွင် သခင်ယေရှုသည် တိကျစွာမွေးဖွားခဲ့ခြင်းဖြင့် ဘုရားသခင်သည်သူ၏ပရောဖက်စကားကိုအစဉ်ပြည့်စုံစေခဲ့ကြောင်းသက် သေပြနိုင်ခဲ့ပါသည်။ 
ဤရာဇဝင်သမိုင်းနှင့်ဆိုင်သော ပြည့်စုံချက်သည် ယောသပ်နှင့်မာ ရိတို့နေရင်းမြို့သို့ သန်းခေါင်စာရင်းပေးဖို့သွားသည့်အခါ အမှန်ကျခဲ့ပါ သည်။ဘုရားသခင်သည်မာရိဗက်လင်မြို့သို့ရောက်သောအခါ သူငယ်တော် မွေးဖွားမည့်အချိန် ကျရောက်စေခြင်းဖြင့် သူမသည် လွှဲရှောင်၍မရတော့ ဘဲ မွေးဖွားစေခြင်းဖြင့် ကျမ်းစာတော်လာချက် ပြည့်စုံစေခဲ့ပါသည်။ 
ဤနေရာတွင် ကျွန်ုပ်တို့တွေ့ရှိထားသောအချက်မှာ ကျွန်ုပ်တို့၏ ဘုရားသခင်သည် သူပြောလိုသောစကားကို ပရောဖက်သို့ အသုံးပြု၍ ပြောဆိုပြီးသူပြောသည့်အတိုင်းပြည့်စုံလေ့ရှိသည်။ ဤနေရာတွင် တဲတော် တံခါးကုလားကာများအနက်ချည်ချောထည်အဖြူရောင်၏အနက်အဓိပ္ပါယ် တည်းဟူသော ထိုက်တန်ခြင်းနှင့် ဘုရားသခင်၏ကယ်တင်ခြင်းကို တွေ့ရ ပါသည်။ ဘုရားသခင်သည် လူသားများအတွက် ကယ်တင်ခြင်းစီမံကိန်းကို ဖန်ဆင်းခြင်းမပြုလုပ်မီကပင် စနစ်တကျပြင်ဆင်ထားပြီး သူ၏ပရောဖက် စကားအတိုင်း တစ်ခုမျှ မပျက်မယွင်း ပြည့်စုံခဲ့ပါသည်။ 
ထို့ကြောင့်ဓမ္မဟောင်းကျမ်းသည်ဘုရားသခင်၏နှုတ်ကပတ်တော် ဖြစ်၍ ဓမ္မသစ်ကျမ်းသည်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ် ကြောင်း ကျွန်ုပ်တို့သဘောပေါက်နိုင်ပါသည်။ ဘုရားသခင်သည် ကမ္ဘာ လောကနှင့် စကြာ၀ဠာတစ်ခုလုံးကို အုပ်စိုး၍လှုပ်ရှားနေကြောင်း သိမြင် ယုံကြည်၍ ရနိုင်ပါသည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် စကြာ၀ဠာ တစ်ခုလုံးကို ဖန်ဆင်းတော်မူခဲ့ပြီး လူသားအားလုံးကိုသော်လည်းကောင်း၊ ရာဇဝင်သမိုင်းအားလုံးကိုသော်လည်းကောင်း၊ အုပ်စိုးနေလျက်ရှိကြောင်း ရှာဖွေတွေ့ရှိနိုင်ပါသည်။သူ၏အလိုတော်ကို လွန်ဆန်၍ မည်သူတစ်ဦးတစ် ယောက်မျှ အကြံအစည်ထမြောက်အောင်မြင်မှု ရှိနိုင်မည် မဟုတ်ကြောင်း ဘုရားသခင်က ကျွန်ုပ်တို့အား ပြသပေးခဲ့ပါသည်။
သူငယ်တော်ယေရှုသည်လောကသို့ကြွဆင်းလာသောအခါမွေးဖွား မည့်နေရာမရှိသဖြင့် တိရစ္ဆာန်ထားသည့်အိမ်တွင် မွေးဖွားခဲ့ပါသည်။ ဘုရား သခင်ကိုယ်တော်တိုင်ကြွလာ၍ ဗက်လင်မြို့တွင်မွေးဖွားခဲ့ပါသည်။ သူ၏ သစ္စာတော်နှင့်အညီပရောဖက်ပြုခဲ့သည့်အတိုင်းဘုရားသခင်၏အံ့ဩ ဘွယ် ရာပြည့်စုံအောင်မြင်ခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့သဘောပေါက်နိုင်ပါသည်။ 
ထို့ကြောင့်စကြာ၀ဠာ၏ သမိုင်းကြောင်းကို ကိုင်လှုပ်သောသူ ကျွန်ုပ်တို့အားအပြစ်မှကယ်ချွတ်မည့်သူသည်ကယ်တင်သောအရှင်၊ ကျွန်ုပ် တို့၏ဘုရားသခင်ပင်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်ရမည်။ အရာခပ်သိမ်း သည် ဘုရားသခင်အဖို့ ဖြစ်လျက် ဘုရားသခင်သည် အရာရာကို အုပ်စိုးသူ ဖြစ်ကြောင်း နှုတ်ကပတ်တော်က ကျွန်ုပ်တို့ကို ဖွင့်ပြောသောအရာသည် သမ္မာတရားပင်ဖြစ်သည်။
ထို့ကြောင့် သေးငယ်သောဗက်လင်မြို့တွင် သခင်ယေရှုမွေးဖွား ခြင်းသည်ကြုံကြိုက်မှုတစ်ခုမဟုတ်သကဲ့သို့ နှုတ်ကပတ်တော်၏ ကြိုးကိုင် ချယ်လှယ်မှုတစ်ခုအဖြစ် ကံကောင်းထောက်မလျှက် မွေးဖွားလာခြင်း လည်း မဟုတ်ပါ။ ဤအရာသည် ဘုရားသခင်ကိုယ်တိုင် ပြောဆိုထားခဲ့ သည့်အတိုင်း သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်ကိုယ်တိုင် ပြည့်စုံစေခဲ့ ခြင်းဖြစ်သည်။
ဤအရာကို ကျွန်ုပ်တို့သည် သိလျက်ယုံကြည်ရမည်။ အပြာ ရောင်၊ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ထည်အားဖြင့် ပြည့်စုံခဲ့ သည့်သမ္မာတရားသည် ကျွန်ုပ်တို့၏ကယ်တင်ရှင် မေရှိယဖြစ်ကြောင်း ယုံ ကြည်၍ ကျွန်ုပ်တို့၏ စိတ်ထဲတွင် မှတ်ယူထားရမည်။ အပြစ်ဖြေလွှတ် ခြင်းသည် ကြုံကြိုက်၍ ပြည့်စုံသွားခြင်းမဟုတ်ဘဲ ဘုရားသခင်၏ ကြိုတင် ပြင်ဆင်မှုအတိုင်း ယေရှု၏အမှုတော်မြတ် လုပ်ငန်း(၄)မျိုးဖြင့် ပြည့်စုံခဲ့ ခြင်းဖြစ်သည်ကို ဘုရားသခင်က ပြသပေးခဲ့ပါသည်။
ဤအရာကို ထောက်ရှုခြင်းအားဖြင့် ခရစ်ယာန်ဘာသာသည် အ ခြားသော ဘာသာတရားနှင့်မတူကြောင်း သိရသည်။ လောကတွင်ရှိသော ဘာသာတရားများကို တည်ထောင်ခဲ့သူများသည် သေတတ်သောသူများ ဖြစ်သော်လည်း ခရစ်ယာန်ဘာသာကို စတင်တည်ထောင်ခဲ့သောသူမှာ ကယ်တင်ရှင်ယေရှုဖြစ်သဖြင့် ခရစ်ယာန်ဘာသာ သမ္မာတရားသည် ထို ကယ်တင်ရှင်မှ အစပြုခဲ့သဖြင့် ထိုသူသည် ဘုရားသခင်ကိုယ်တိုင်ပင် ဖြစ် ကြောင်း ဘုရားသခင်က ကျွန်ုပ်တို့အားပြသပေးခဲ့ပါသည်။ တစ်နည်းအား ဖြင့် ကျွန်ုပ်တို့ယုံကြည်လက်ခံထားခဲ့သော ခရစ်ယာန်ဘာသာသည် အခြား လောကတွင် ရှိသောဘာသာတရားနှင့်မတူကြောင်းဘုရားသခင်ကသက် သေထူခဲ့ပါသည်။ အခြားဘာသာရေးနှင့်မတူဘဲ ခရစ်ယာန်ဘာသာသည် ဘုရားသခင်အားဖြင့်ပေးအပ်ခြင်းခံရသည့် ကျေးဇူးတော်အပေါ်တွင် အခြေ ခံထားပါသည်။ “ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲကလည်း ကောင်း၊ ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ်တော်အဖို့အလိုငှါလည်း ကောင်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်”ဟု ရောမ၁၁း၃၆ထဲတွင် ရေးသားဖော်ပြထားပါသဖြင့် သူသည် ကျွန်ုပ် တို့အား သူ၏တစ်ပါးတည်းသော သားတော်ကို ကျွန်ုပ်တို့၏ကယ် တင်ရှင်၊ ကျွန်ုပ်တို့၏အပြစ်ကိုဆေးကြောသုတ်သင်ဖို့ ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားအထဲတွင် ကျိန်းဝပ်သည့် သန့်ရှင်းသောဝိညာဉ်တော်နှင့် ကောင်းကင်နိုင်ငံတော်အဖြစ် ပေးအပ်ခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ အားလုံး သိရှိယုံကြည်ထားရမည့်အချက်မှာ ဘုရားသခင်နှင့် သူ၏နှုတ်က ပတ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ကြောက်ရွံ့နာခံရမည် ဟူ၍ဖြစ်သည်။ 
မြေကြီးပေါ်တွင် မေရှိယမွေးဖွားခဲ့ခြင်းသည် ဖန်ဆင်းခြင်းမရှိမီ ဘုရားသခင်ကြိုတင်စီစဉ်ထားခဲ့သည့် ကယ်တင်ခြင်းစီမံကိန်းနှင့် အညီ ဖြစ်သည်။ ကျွန်ုပ်တို့၏ ကယ်တင်ခြင်းသည် ဤကဲ့သို့စနစ်တကျ စီစဉ်ထား ခြင်းဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့အား ရှင်းလင်းစွာ သေဘော ပေါက်စေလိုသည်မှာ ဤသမ္မာတရားသည် အပြာရောင်၊ ခရမ်းရောင်၊ အ နီရောင်၊ အဖြူရောင်အရာဝထ္ထုပင်ဖြစ်သည်ဆိုသည့် အချက်ပေတည်း။ ထို့ကြောင့်ကယ်တင်ခြင်းသည် ကျွန်ုပ်တို့၏ အပြစ်များအခပေးချေခြင်း ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိအားဖြင့် ကျွန်ုပ်တို့ထံသို့ ရောက်ရှိ လာပြီးထိုအရာကိုကျွန်ုပ်တို့အသိအမှတ်ပြု၍ အသိအမှတ်ပြုသည့် အတိုင်း ယုံကြည်ရမည်။သင်နှင့်ကျွန်ုပ်ဤကဲ့သို့ယုံကြည်သောအားဖြင့် ကျွန်ုပ်တို့၏ အပြစ်အားလုံးမှကယ်နှုတ်ခြင်း ခံခဲ့ကြရပါသည်။ ကျွန်ုပ်တို့သည် အရောင် (၄)မျိုးရှိသော သမ္မာတရားကို ယုံကြည်ရသကဲ့သို့ ရေနှင့်ဝိညာဉ်တော် ဧဝံ ဂေလိတရားကိုလည်း လက်ခံထားရပေမည်။
 
 
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ချောထည် အားဖြင့် ကယ်တင်ခဲ့သူ ကယ်တင်ရှင်ယေရှုခရစ်တော်
 
အပြစ်သားများကို အပြစ်မှကယ်တင်ခဲ့သူ ယေရှုခရစ်၏လုပ် ဆောင်ချက်(၄)မျိုးမှာ အပြာရောင်ချည်ကြိုး (ယေရှု၏ဗတ္တိဇံ မင်္ဂလာ)၊ ခ ရမ်းရောင်ချည်ကြိုး (ဘုရင်တကာတို့၏ ဘုရင်ယေရှု၊ တစ်နည်းအားဖြင့် ဘုရားသခင်ကိုယ်တိုင်ပင်ဖြစ်သည်)၊ အနီရောင်ချည်ကြိုး (ယေရှု၏အသွေး တော်)နှင့် အဖြူရောင်ချည်ကြိုး (အသေးစိပ်စီစဉ် ပြင်ဆင်ထားသော ဓမ္မဟာင်း၊ ဓမ္မသစ်နှုတ်ကပတ်တရားတော်အားဖြင့် အပြစ်သားများကို သူ တို့၏အပြစ်များမှ ကယ်နှုတ်ခဲ့သည့် ပြည့်စုံသောကယ်တင်ခြင်း) တို့ဖြစ် သည်။ ယေရှုသည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင် ချည်တို့ဖြင့် အတိအကျကယ်တင်ရှင်ဖြစ်ခဲ့ပါသည်။ 
ကျွန်ုပ်တို့သဘောပေါက်ထားရမည့်အချက်သည် ရေနှင့်ဝိညာဉ် တော်အားဖြင့် ကျွန်ုပ်တို့ထံသို့ ကြွလာပြီးကျွန်ုပ်တို့၏အပြစ်များထဲမှ အပြာ ရောင်ချည်ကြိုး (ယေရှု၏ဗတ္တိဇံမင်္ဂလာ)၊ ခရမ်းရောင်ချည်ကြိုး (ဘုရင် တကာတို့၏ဘုရင်ယေရှု၊ တစ်နည်းအားဖြင့် ဘုရားသခင်ကိုယ်တိုင်ပင်ဖြစ် သည်)၊အနီရောင်ချည်ကြိုး (ယေရှု၏အသွေးတော်)နှင့် အဖြူရောင်ချည် ကြိုး (အသေးစိပ်စီစဉ်ပြင်ဆင်ထားသော ဓမ္မဟာင်း၊ ဓမ္မသစ် နှုတ်ကပတ် တရားတော်အားဖြင့် အောင်မြင်ခဲ့သောယေရှု) အားဖြင့် ကျွန်ုပ်တို့၏အပြစ် များမှ ကျွန်ုပ်တို့ကို ကယ်တင်ခဲ့သည်ကို မယုံကြည်လျှင် ကျွန်ုပ်တို့သည် မည်သည်အခါမျှ လွတ်မြောက်မှုရနိုင်မည် မဟုတ်သကဲ့သို့ ထိုအပြစ်၏ ကဲ့ရဲ့ရှုတ်ချခြင်းကို ခံရဦးမည်။ အပြစ်များနှင့် အပြစ်ကြောင့်ခံရသည့် ကဲ့ရဲ့ ရှုတ်ချခြင်းမှ ကျွန်ုပ်တို့ကို မကယ်တင်ဘဲ ကျွန်ုပ်တို့၏ ကယ်တင်ရှင်သည် ပြည့်စုံသောကယ်တင်ရှင် မဖြစ်နိုင်ပါ။
တဲတော်တံခါး၏ ကုလားကာများကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်များအားဖြင့် အဘယ်ကြောင့် ယက်လုပ်ထား သည်ကို ကျွန်ုပ်တို့သဘောပေါက်ထားရမည်။ တဲတော်တံခါး၀ ကုလားကာ ကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင်ချည်ထည်များသုံး၍ ယက်လုပ်ထားခြင်းအားဖြင့် အလွယ်တကူမှတ်မိသိရှိနိုင်သည်။ ဘုရား သခင်သည် ထိုတံခါး၀အားဖြင့် သူ၏တောက်ပသော အိမ်တော်ထဲသို့ ဝင် ခွင့်ပြုထားပါသည်။
တဲတော်သည် တောက်ပသော ဘုရားသခင်၏အိမ်တော်ဖြစ် သည်။ တဲတောခြံစည်းရိုး၊ တံခါးပေါက်ဖြင့် ထင်ရှားခဲ့သော ကယ်တင်ခြင်း သမ္မာတရားကို သဘောမပေါက်ဘဲ ဘုရားသခင်၏ အိမ်တော်ထဲသို့ မည်သူ မျှဝင်လိုသူမရှိပါ။ အဖြူရောင် ကုလားကာတည်းဟူသော သန့်ရှင်းခြင်းကို ဥပက္ခာပြု၍ တဲတော်တ့ခါးသို့ မဝင်နိုင်သဖြင့် အခြားသောလမ်းဖြင့် ဝင် သောသူများသည် သူခိုး၊ ဓားမြများသာဖြစ်သည်။ ကယ်တင်ခြင်းတံခါးဆို သည်မှာ ယေရှုခရစ်ဖြစ်သည်(ယောဟန် ၁၀)။
ဓမ္မဟောင်းကျမ်းတွင် တဲတော်တံခါး၏ ကုလားကာသည် အ ပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ကြိုးဖြင့် ယက်လုပ် ထားကြောင်း ဖော်ပြထားပြီး ဓမ္မသစ်ကျမ်းတွင် ထိုအရာများမှာ ယေရှုခရစ် သည်ဘုရားသခင်၏ သားတော်အဖြစ် လောကသို့ကြွလာ၍ ယောဟန်ထံ၌ ဗတ္တိဇံခံယူခြင်း၊ လက်ဝါးကပ်တိုင်တွင် အသေခံခြင်း၊ သေခြင်းမှရှင်ပြန် ထမြောက်ခြင်းတို့ ပြုလုပ်ပြီးမှ ကျွန်ုပ်တို့၏ မေရှိယဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူ ရောင်တို့၏ လျှို့ဝှက်ဆန်းကြယ်မှုကို တွေ့ရှိနိုင်ပါသည်။ ယေရှုခရစ်တော် သည် ဘုရားသခင်၏သားတော်၊ အပြစ်ကြောင့် အပြစ်တရားစီရင်ခြင်း ခံရ သော လောကမှကျွန်ုပ်တို့အား ကယ်တင်ခဲ့သူဓမ္မသစ်ကျမ်းနှင့် ဓမ္မဟောင်း ကျမ်းမှ သမ္မာတရားဖြင့် လူသားတို့အား အောင်မြင်ခဲ့သော ကယ်တင်ရှင် အဖြစ် ဘုရားသခင်က ယုံကြည်ခိုင်းပါသည်။
တဲတော်တံခါး၏ ကုလားကာသည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်အားဖြင့် ယက်လုပ်ထားသည့် အကြောင်းရင်းကို ကျွန်ုပ်တို့သဘောပေါက်ထားရမည်။ အပြာရောင်ချည်ကြိုးသည် ဘာကိုဆို လိုသနည်း။ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ကြိုးတို့သည် မည် သည့်အဓိပ္ပါယ်ရှိသနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ စီမံကိန်းကို သ ဘောပေါက်သောအခါ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူ ရောင်တို့၏လုပ်ဆောင်ချက်တို့ကိုလည်း သဘောပေါက်လာမည်ဖြစ်ပြီး အ ပြစ်ဖြေလွှတ် ဖယ်ရှားခြင်ကို ယုံကြည်ခြင်းအားဖြင့် သူ၏နိုင်ငံတော်ထဲသို့ ဝင်ခွင့်ရရှိနိုင်သည်။
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ကြိုး၏ အဓိပ္ပါယ်မှာ ယေရှုသည် ဗတ္တိဇံဆရာယောဟန်ထံတွင် နှစ်ခြင်းခံ၍ လက် ဝါးကပ်တိုင်ပေါ်တွင် အသေခံ၍မေရှိယဖြစ်သောထိုသူသည် မ္မဟောင်းယဇ် ပူဇော်သည့်စနစ်၏ လျှို့ဝှက်နက်နဲမှုဖြစ်သည်။ဓမ္မသစ်ခေတ်တွင် ပြည့်စုံ လာသော ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားကို ကျွန်ုပ်တို့ယုံကြည်လျှင် ဖြစ်ပေါ်လာရသည့် အကြောင်းရင်းကိုလည်း သိရမည်။ အကျဉ်းအားဖြင့် သမ္မာတရားအားဖြင့် ကယ်တင်ခြင်းရဖို့ အားသွန်ခွန်စိုက် ကြိုးစားနေသော ယုံကြည်သူများအတွက် တဲတော်၏ကုလားကာ သမ္မာတရားကို အသုံးပြု ခြင်းသည် အနှစ်သာရပိုင်းဖြစ်သည်။
လူအချို့တို့သည် တဲတော်၏အကြောင်းကို ကောင်းစွာနားလည် ထားသည့်ပုံပေါ်သော်လည်း ထိုသို့နားလည်ခြင်း သက်သက်သည် အရေးမ ပါလှချေ။ လူတို့အနေဖြင့် တဲတော်ကုလားကာအရောင်ဖြစ်သော အပြာ ရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်သမ္မာတရား၏ အရေးပါပုံကို ဥပက္ခာပြုထားကြသည်။ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူ ရောင်သမ္မာတရားသည် နားလည်ဖို့အလွန်ခက်ခဲသဖြင့် အလွန်လိုချင် သော ဆန္ဒဖြင့် သင်ယူသောသူများကသာ ယုံကြည်ခြင်းကို ရရှိကြသည်။ ဤလျှို့ဝှက်ဆန်းကြယ်သော သမ္မာတရားသည် အလွန်နားလည်ရခက် သဖြင့် လူတို့အနေဖြင့် အနက်အဓိပ္ပါယ်ဖွင့်ဆိုကြသည့်အခါ မိမိဥာဏ် ပညာပြဆိုသည့်အတိုင်း ဖွင့်တတ်ကြသည်။ ဘာသာရေးခေါင်းဆောင်အ များစုသည် ဤသမ္မာတရားကို နားလည်မှုလွဲမှားတတ်ကြပြီး အဓိပ္ပါယ် ဖွင့်ဆိုမှုလည်း မှားတတ်ကြသဖြင့် မိမိအလိုဆန္ဒရှိသည့်အတိုင်း ဘာသာ ရေးကို အဆုံးသတ်လေ့ရှိကြသည်။ ဘုရားသခင်သည် ဤလှည့်ဖြားသူများ ၏ လှည့်စားမှုကိုခံယူဖို့ ခရစ်ယာန်များအား ခွင့်မပြုပါ။ သူသည် တဲတော် တံခါးကုလားကာ ဖြစ်သော အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူ ရောင်ချည် သမ္မာတရားကို ရှင်းလင်းစွာဖော်ပြ၍ ထိုအရာများဖြင့် ကျွန်ုပ် တို့အား အပြစ်မှကယ်တင်ခဲ့ပါသည်။ 
“ထိုသခင်ကား ရေအားဖြင့်လည်းကောင်း၊ အသွေးအသားဖြင့် လည်းကောင်း ကြွလာသောသူတည်းဟူသော ယေရှုခရစ်ပေတည်း ရေ အားဖြင့်သာမဟုတ်၊ ရေအားဖြင့်လည်းကောင်း၊ အသွေးအားဖြင့်လည်း ကောင်း ကြွလာတော်မူ၏။ သက်သေခံဟူမူကား ဝိညာဉ်တော်သည် သမ္မာ တရားဖြစ်၍သက်သေခံတောမူ၏။ သို့ဖြစ်လျှင် ကောင်းကင်ဘုံ၌ ခမည်း တော်တစ်ပါး၊ နှုတ်ကပတ်တော်တစ်ပါး၊ သန့်ရှင်းသောဝိညာဉ်တော် တစ်ပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တစ်လုံးတစ်၀တည်း ဖြစ် တော်မူ၏” (၁ယော၅း၆-၇)။ ဤကျမ်းပိုဒ်တွင် အသေးစိတ်ဖော်ပြထား သည်မှာ ကိုယ်တော်သည် လူ့ဇာတိကိုခံယူ၍ လောကသို့ကြွလာလျက် ဗတ္တိဇံခံခြင်းဖြင့် ကျွန်ုပ်တို့၏အပြစ်များကို သယ်ဆောင်၍ အသွေးသွန်း လောင်းကာ ကျွန်ုပ်တို့အားကယ်တင်ခဲ့ပါသည်။ ထို့ကြောင့် တဲတော် တံခါး ၏ကုလားကာကိုအပြာရောင်၊ခရမ်းရောင်၊ အနီရောင်နှင့် အဖြူ ရောင်ချည် ကြိုးဖြင့် ယက်လုပ်ထားခြင်းဖြစ်သည်။
ရှေးဦးစွာ အပြာရောင်ချည်ထည်၏ အဓိပ္ပါယ်မှာ အဘယ်နည်း။ ဤအရောင်က သခင်ယေရှုသည် လောကသားအားလုံး၏ အပြစ်များကို သယ်ဆောင်ကာယောဟန်ထံသို့သွား၍ ဗတ္တိဇံမင်္ဂလာကို ခံယူခဲ့သည်ဆို သည့်အနက်အဓိပ္ပါယ်ဆောင်သည့် အကြောင်းမှာ ယောဒန်မြစ်သည် ယော ဟန်ထံ၌လောကသားအားလုံး၏အပြစ်ကိုသယ်ဆောင်၍ တစ်ကြိမ် တစ်ခါ ဗတ္တိဇံခံယူခဲ့ခြင်းဖြစ်သည်။ယေရှုသည်လောကသားအားလုံး ယူတင် ဝတ် ဆောင်ရွက်ပြီးလူသားများကိုကိုယ်စားပြု၍ဗတ္တိဇံမင်္ဂလာကိုခံယူခဲ့ပါသည်။ လောကသားအားလုံး၏အပြစ်ကို ယေရှု၏ခေါင်းပေါ်သို့ တင်ထားပြီးဖြစ် သဖြင့် ဤသမ္မာတရားကို ယုံကြည်သောသူသည် စိတ်ထဲတွင် အပြစ်မရှိ တော့ပါ။
ဒုတိယအချက်အနေဖြင့်တဲတော်၏ကုလားကာကိုအဘယ်ကြောင့် ခရမ်းရောက်ဖြင့် အဘယ်ကြောင့် ယက်လုပ်ထား သနည်း။ ဤအရောင်က ခရစ်တော်၏ရှင်ဘုရင်ဖြစ်ခြင်းကိုဖော်ပြထားပါသည်။ ယေရှုသည် ဖန်ဆင်း ရှင်ဖြစ်၍ မေရှိယလည်းဖြစ် ဖန်ဆင်းခံရသောသူ မဟုတ်ပါ။ မေရှိယသည် လူသား၏ဇာတိကိုခံယူ၍ လောကသို့ကြွဆင်းလာခဲ့ပါသည်။ လောက သားများ၏ အပြစ်အားလုံးကို သူ၏ခေါင်းပေါ်တွင်တင်၍ ယောဟန် ထံ၌နှစ်ခြင်းခံယူကာ ယဇ်ပူဇော်ခြင်းဖြင့် အသေခံ၍ ရှင်ပြန်ထမြောက်ခြင်း အားဖြင့် ယေရှုသည် အပြစ်၏ကျေးကျွန်အဖြစ် တစ်သက်လုံးကြောက် ရွံ့လျက်အသက်ရှင်နေရသူများသည်မေရှိယကိုယုံကြည်ခြင်းအားဖြင့်ကယ် တင်ခြင်းရရှိကြပါသည်။
ယေရှုသည် အကယ်စင်စစ် ဘုရားသခင်ဖြစ်၍ မေရှိယလည်းဖြစ် သည်။ သူသည် စစ်မှန်သောကယ်တင်ရှင်ဖြစ်သည်။ အကြောင်းမူကား ယေရှုသည် ကျွန်ုပ်တို့လောကသားအားလုံး၏အပြစ်ကို သူ့အပေါ်သို့တင်၍ ဗတ္တိဇံခံယူခြင်း၊ လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း၍ အသေခံခြင်းနှင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်း၊ သူသည် ကျွန်ုပ်တို့၏ အပြစ်ကိုဆေးကြောခဲ့ရုံသာမက ကျွန်ုပ်တို့၏ကိုယ်စား အပြစ်ဒဏ်စီရင်ခံ ရခြင်း စသည့်တို့ကို ပြုလုပ်ခဲ့ပါသည်။ 
တတိယအချက်အနေဖြင့် အနီရောင်ချည်ထည် လက်ဝါးကပ်တိုင် ပေါ်တွင် ယေရှုသွန်းလောင်းခဲ့သော အသွေးတော်ဖြစ်၍ အနက်အဓိပ္ပါယ် အားဖြင့်ယုံကြည်သူတိုင်းအတွက် ယေရှုခရစ်တော်သည် အသစ်သောအ သက်ကိုပေးနေသည်ဟူ၍ဖြစ်သည်။ အနီရောင်သမ္မာတရားဆိုသည်မှာ သ ခင်ယေရှုသည်လောကသားအားလုံးတို့၏ အပြစ်ကိုတရားစီရင်ခြင်းခံရဖို့ ယူတင်ဆောင်ရွက်သွားကာ ယောဟန်ထံ၌ နှစ်ခြင်းခံယူခဲ့သည်သာမကဘဲ အပြစ်ကြောင့်အသေခံရမည့်သူများသည် ယုံကြည်ခြင်းအားဖြင့် သူသည် အသက်သစ်ကိုပေးအပ်နေကြောင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ သခင်ယေ ရှု၏ဗတ္တိဇံခံယူခြင်း၊ အသွေးတော်သွန်းလောင်းခြင်းကို ယုံကြည်သောသူ သည် အသက်သစ်ပေးအပ်ခြင်းကို ခံယူရရှိနိုင်သည်။
အဖြူရောင်ချည်ချောထည်က ဘာကိုဆိုလိုသနည်း။ မ္မဟောင်း ကျမ်းတွင် ရေးသားထားသည့် ကယ်တင်ခြင်းကတိတော်ကို ဘုရားသခင် သည် ဓမ္မသစ်ကျမ်းတွင် ပြည့်စုံစေခဲ့ပါသည်။ သခင်ယေရှုသည် လောက သားအားလုံး၏အပြစ်ကို ထမ်းရွက်ပြီး ယောဟန်ထံသို့သွား၍ နှစ်ခြင်းမင်္ဂ လာခံယူခြင်းနှင့်မ္မသစ်ကျမ်းအရ အပြစ်ကြောင့်တရားစီရင်ခြင်း ခံရသည့် အနေဖြင့်လက်ဝါးကပ်တိုင် ပေါ်တွင် အသေခံခြင်းဖြင့် ဘုရားသခင်သည် ဣသရေလလူမျိုးများကို ပေးထားသည့်ကတိတော်နှင့် နှုတ်ကပတ်တော် ပဋိဥာဉ်အားဖြင့် ကျွန်ုပ်တို့အားထားခဲ့သည့် ကတိတော်များကို ပြည့်စုံစေ ခဲ့ခြင်းဖြစ်သည်။
ယာဝေးဘုရားက ဟေရှာယ၁း၁၈ထဲတွင် “လာကြ တရားစီရင်ကြ ကုန်အံ့။ သင်တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း မိုးပွင့်ကဲ့သို့ဖြူ လိမ့်မည်။ ကတ္တီပါနှင့်အမျှ နီသော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်” ဟု မိန့်တော်မူခဲ့ပါသည်။ ဓမ္မဟောင်းခေတ် ယဇ်ပူဇော်သည့်နည်းစနစ်အတိုင်း တဲတော်တွင်ယဇ်ပူဇော်ကြပြီး ယဇ်ပူဇော်ခြင်းပြုဖို့ လာသောသူများသည် သူတို့၏လက်များကိုယဇ်ကောင်အပေါ်သို့တင်ခြင်းအားဖြင့် သူတို့၏အပြစ် များကို ထိုယဇ်ကောင်အပေါ်သို့ သက်ရောက်စေပြီး ဣသရေလလူမျိုး များနှင့် ကျွန်ုပ်တို့အား ထိုသို့ပြုလုပ်ဖို့ ဘုရားသခင်က ကတိပေးခဲ့ပါသည်။ သူသည်လူအပေါင်းတို့၏ နေ့စဉ်ပြုမိသောအပြစ်၊ နှစ်စဉ် ပြုမိသောအပြစ် များကို ဖြေလွှတ်ပေးဖို့ရန် အနာဂတ်တွင် ဘုရားသခင်၏ သိုးသူငယ်တော် အားဖြင့်ပြုလုပ်ကယ်တင်မည့်ဂတိတော်ဆိုင်ရာဗျာဒိတ်တော်ပင်ဖြစ်သည်။
ထိုဗျာဒိတ်တော်များထဲတွင် မေရှိယကြွလာမည့် နိမိတ်လက္ခဏာ လည်းတစ်ခုအပါအဝင်ဖြစ်သည်။ ဓမ္မဟောင်းကျမ်းအရ ယေရှုခရစ်သည် ဓမ္မသစ်ကျမ်းတွင်လောကသားအားလုံး၏အပြစ်များကို ယူတင်ဆောင်ရွက် ကာ နှစ်ခြင်းမင်္ဂလာကို ခံယူခြင်းသည် ဘုရားသခင်၏ ပဋိညာဉ်တော်ကို ပြည့်စုံစေခြင်းဖြစ်သည်။ သူ၏ကတိတော်အားလုံးကို ပြည့်စုံစေခဲ့ကြောင်း ပြသခဲ့ပြီး အထူးသဖြင့် တိကျစွာပြည့်စုံစေခဲ့ကြောင်းသိရသည်။ ယေရှု၏ ဗတ္တိဇံခံခြင်းအားဖြင့် ဤသမ္မာတရားကို ပြည့်စုံစေပြီး ပဋိညာဉ်ပြုခဲ့သော ဘုရားသခင်သည်ကတိတော်ပြည့်စုံစေသော ဘုရားဖြစ်ကြောင်းသိရသည်။
 
 
ဝိညာဉ်တော်၊ အသွေးတော်နှင့် ရေအားဖြင့်ကြွလာတော်မူသော ယေရှုခရစ်တော်
 
ယေရှုသည် ယောဟန်အားဖြင့် အဘယ်ကြောင့် နှစ်ခြင်းခံခဲ့ရသ နည်း။ကျွန်ုပ်တို့လူသားအားလုံး၏ အပြစ်များကို သူ့အပေါ်သို့တင်၍ ကျွန်ုပ် တို့ကိုယ်စား တရားစီရင်ခြင်းကို ခံခဲ့ရပါသည်။ လူသားအားလုံး၏အပြစ် ပြေပျောက်စေဖို့ရန်သော်လည်းကောင်း၊ ကျွန်ုပ်တို့၏စစ်မှန်သော ကယ် တင်ရှင်ဖြစ်ဖို့သော်လည်းကောင်း၊ ယေရှုသည်ယောဟန်ထံ၌ နှစ်ခြင်းခံယူ ခြင်း၊ လက်ဝါးကပ်တိုင်သို့ တက်ခြင်း၊ အသွေးတော်သွန်းလောင်း၍ ၎င်း အပေါ်တွင်အသေခံခြင်းစသည့်တို့ကိုပြုလုပ်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်း ဖြင့်ကျွန်ုပ်တို့လူသားအားလုံး၏အပြစ်များအားလုံးကို ဆေးကြောခဲ့သည် သာမက ကျွန်ုပ်တို့အားလုံးကိုယ်စား အပြစ်ဒဏ်စီရင်ခြင်း ခံယူခဲ့ရပြီး ကျွန်ုပ်တို့၏ထာ၀ရကယ်တင်ရှင်ဖြစ်သည်။ ယေရှုသည်ယောဟန်အားဖြင့် ဗတ္တိဇံခံယူသည့်အခါကျွန်ုပ်တို့အားလုံး၏ အပြစ်များကို သူ့အပေါ်သို့တင်၍ လောကသားအားလုံး၏အပြစ်ကို လက်ဝါးကပ်တိုင်သို့ သယ်ဆောင်သွား ခဲ့ပါသည်။ ဤသို့ဖြင့် ခရစ်တော်သည် ဗတ္တိဇံခံခြင်းအားဖြင့် ကျွန်ုပ်တို့အား လုံး၏အပြစ်ကို ယူတင်ခဲ့၍ လက်ဝါးကပ်တိုင်သို့ သယ်ဆောင်သွားကာ အသွေးတော်သွန်းလောင်း၍ ကျွန်ုပ်တို့ကိုယ်စား လက်ဝါးကပ်တိုင်တွင် အသေခံခဲ့ပါသည်။
“ထိုသူသည် ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုး ခြင်း၊နှိပ်စက်ခြင်းကိုခံရလေ၏။ ငါတို့၏ငြိမ်သက်ခြင်း ချမ်းသာကို ဖြစ်စေ သောဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည်အနာပျောက်လျက်ရှိကြ၏” (ဟေရှာ ၅၃း၅)။ ကျွန်ုပ်တို့သခင်၏ ဗတ္တိဇံခံခြင်းအားဖြင့် လူသားဖခင်အာဒံမှ အစဉ်အဆက်ခံယူလာခဲ့ရသော ဗီဇအပြစ်နှင့် ကျွန်ုပ်တို့ကိုယ်တိုင်နေ့စဉ်နှင့်အမျှ ကျူးလွန်သောအပြစ်များ ကို သူ့အပေါ်တွင်တင်တော်မူ၏။ အပြစ်အားလုံးအတွက် အပြစ်စီရင်ခြင်း သူသည်ခံခဲ့ရပါသည်။ ဤသို့ရေနှင့်အသွေးအားဖြင့် ကျွန်ုပ်တို့ထံသို့ကြွလာ လျက် ကျွန်ုပ်တို့အပြစ်အားလုံးကို ကိုယ်တော်သည် ပျောက်ကွယ်စေခဲ့ပါ သည်(၁ယော ၅း၅-၈)။
ယေရှုခရစ်တော်တည်းဟူသော ကျွန်ုပ်တို့အပြစ်အားလုံးကို သယ် ဆောင်၍ပြေပျောက်စေသော ကျွန်ုပ်တို့၏ကယ်တင်ရှင် မေရှိယသည် အ ဘယ်သူနည်း။ “အစအဦးမှ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏” (ကမ္ဘာ ၁း၁) သူ၏တန်ခိုးကြီးသော နှုတ်ကပတ် တော်နှင့် စင်္ကြာ၀ဠာကို ဖန်ဆင်းခဲ့သောဘုရားသည် အဘယ်သူနည်း။ သူသည် အပြစ်သားများ၏ မေရှိယလောက၏အပြစ်မှ သင်နှင့်ကျွန်ုပ်ကို ကယ်တင်ဖို့ရေ၌ဗတ္တိဇံခံယူခြင်းနှင့် လောက၏အပြစ်အားလုံးအတွက်တ ရားစီရင်ခြင်းခံယူဖို့ လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းခဲ့ သော ကယ်တင်ရှင်လည်းဖြစ်သည်။ ရေ၊ အသွေးတော်၊ ဝိညာဉ်တော် အားဖြင့်ယေရှုသည်ကျွန်ုပ်တို့အား အပြစ်စီရင်ခြင်းဒဏ်မှ ရေနှင့်ဝိညာဉ် တော် အားဖြင့် ကယ်လွှတ်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ သခင်သည် ကျွန်ုပ်တို့၏ အပြစ်အားလုံးကိုယူဆောင်ကာကျွန်ုပ်တို့ကိုယ်စား အပြစ်ဒဏ်စီရင်ခြင်းကို ခံယူ၍ ကယ်တင်သောအရှင်ဖြစ်သည်။
ဘုရားသခင်၏သားတော်၊ ဘုရားသခင်၊ မေရှိယဖြစ်သော ယေရှု ခရစ်သည် ကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်သည်။ယေရှုဟူသောအမည်နာ မ၏ အဓိပ္ပါယ်မှာ “ထိုသားတော်သည် မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည့်သူ ဖြစ်သောကြောင့် ယေရှုဟူသော အမည်ဖြင့် မှည့်ရမည်” (မဿဲ ၁း၂) ဟု ဖော်ပြထားပါသည်။ ခရစ်တော်ဆိုသည်မှာ ဘာဆီလိယပ် (ဂရိဘာသာ ဖြင့်) ဖြစ်၍ အနက်အားဖြင့် ဘုရင်တကာတို့၏ဘုရင်ဖြစ်သည်။ ယေရှု သည်စင်္ကြာ၀ဠာတစ်ခုလုံးကို ဖန်ဆင်းခဲ့သောသူ၊ အရာခပ်သိမ်းကို အကြွင်း မဲ့အစိုးရ၍ အပြစ်သားများ၏ ကယ်တင်ရှင်၊ စာတန်ကို တရားစီရင်သော ဘုရင်တကာတို့၏ဘုရင် ဖြစ်တော်မူ၏။
အကြွင်းမဲ့အစိုးရသော ဘုရားသခင်က သူ၏ပုံသဏ္ဍာန်တော်နှင့် အညီလူကိုဖန်ဆင်းတော်မူ၏။ သူကိုယ်တိုင်ဖန်ဆင်းထားသည့် ကျွန်ုပ်တို့ လူသားများသည် အားနည်းချက်ရှိသူများဖြစ်သဖြင့် အပြစ်ထဲသို့ကျဆင်း သဖြင့် ဘုရင်တကာတို့၏ ဘုရင်သည် အပြစ်များမှ ကျွန်ုပ်တို့အားကယ် တင်ဖို့ကတိပေးထားသည့်အတိုင်း ပြည့်စုံစေဖို့ လောကသို့ကြွလာခဲ့ပါ သည်။ ကျွန်ုပ်တို့အားအပြစ်ကင်းမဲ့သော သူ၏လူစုလုံးလုံးလျားလျားဖြစ် စေဖို့ ကျွန်ုပ်တို့၏သခင်သည် ရေ၊ အသွေးတော်နှင့်ဝိညာဉ်တော်အားဖြင့် ကြွလာသောသူ ဖြစ်သည်။
ဖန်ဆင်းရှင်မေရှိယသည် လောကသို့အမှန်တကယ်လူ၏အသွေး အသားကို ဝတ်ဆောင်၍ ကျွန်ုပ်တို့အပြစ်အားလုံးကို ကွယ်ပျောက်စေဖို့ ကြွလာပြီး ကျွန်ုပ်တို့အားလုံး၏အပြစ်ကို သူ့အပေါ်သို့တင်၍ယောဒန်မြစ်၌ ယောဟန်ထံ၌ ဗတ္တိဇံကို ခံယူခဲ့ပါသည်။ 
လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းဖြင့် ကျွန်ုပ်တို့အပြစ်သား များနေရာ၌ အပြစ်စီရင်ခြင်းကို ခံယူခဲ့သည်။ အကြောင်းမှာ ယေရှုသည် စစ်မှန်သောမေရှိယ ကျွန်ုပ်တို့၏ကယ်တင်ရှင် ကျွန်ုပ်တို့၏အသက်ဖြစ်သ ဖြင့် သူ့ကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အသက်တာသစ်နှင့် ထာ၀ရအသက်ကို ရရှိနိုင်ပါသည်။ မေရှိယသည်ကျွန်ုပ်တို့ဘုရာစင်စစ်ဖြစ် လာခဲ့သည်။ ထို့ကြောင့်တဲတော် တံခါး၀ကုလားကာကို အပြာရောင်၊ ခ ရမ်းရောင်၊ အနီရောင်၊ အဖြူရောင်ချည်ထည်အဖြစ် ယက်လုပ်ထားပြီး ရေနှင့်ဝိညာဉ်တော်၏ နက်နဲဆန်းကျယ်မှုဖြင့် ကျွန်ုပ်တို့၏အပြစ်များနှင့် အပြစ်ဒဏ်စီရင်ခြင်းမှ ချမ်းသာပေးခဲ့ပါသည်။
ကျွန်ုပ်တို့အား သခင်ဘုရားသည် အပြစ်မှကယ်တင်ပြီဆိုသည်။ သမ္မာတရားသည် ရှင်းလင်းမှုမရှိသော သမ္မာတရားမဟုတ်ပါ။ သခင်ဘုရား သည် ကျွန်ုပ်တို့အား ပြတ်သားမှုမရှိသော ကယ်တင်ခြင်းကို ကတိမပေး ခြင်း၊အကြမ်းအားဖြင့်အကောင်အထည်မဖော်နိုင်ခြင်း၊သူ့ကိုလက်ခံခဲ့ မခံခဲ့ တဖက်သတ်ယုံကြည်ခိုင်းခြင်းမပြုဘဲ ရေနှင့်အသွေးတော်အားဖြင့် ကယ် တင်ခဲ့သည်ဆိုသည့် အချက်မှာ ခိုင်မာသောသမ္မာတရားဖြစ်သည်။ ကျွန်ုပ် တို့၏ သခင်ဘုရားက သူ့ကိုလူသိရှင်ကြား ယုံကြည်သောသူအား သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရ လိမ့်မည်မဟုတ်၊ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏ အလို တော်ကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်”(မ ၇း၂၁) ဟုပြော ကြား ခဲ့ပါသည်။
မှားယွင်းသောသွန်သင်ပေးသူများကသူတို့သည် လူတို့အား ယေရှု နာမအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံယူစေခြင်း၊ နတ်ဆိုးမောင်း ထုတ်ခြင်း၊ နိမိတ်လက္ခဏာပြသခြင်းတို့ ပြုလုပ်နိုင်ကြောင်း အခိုင်အမာ ဆိုကြပါသည်။ ဘုရားသခင်က သူတို့အား မဿဲ ၇း၂၃တွင် “ထိုသို့ လျှောက်ကြသောအခါသင်တို့ကိုငါအလျင်းမသိ။အဓမ္မအမှုကိုပြုသောသူတို့ ငါ့ထံမှဖယ်ကြဟု ထိုသူတို့အား အတည့်အလင်းငါပြောမည်”ဟုဖော်ပြ ထားပါသည်။ ဤကျမ်းပိုဒ်အရ ခရစ်ယာန်များအထဲတွင် အချို့တို့သည် အပြစ်သားအနေဖြင့် ဆက်လက်ရှိကြပြီး ငရဲမီးအိုင်သို့ ပစ်ချခြင်းခံရမည် သူရှိကြောင်း ဆိုလိုသည်။
သခင်ယေရှုသည် ကယ်တင်ရှင်ဖြစ်ပြီး ကျွန်ုပ်တို့၏အပြစ်သား ဘ၀မှဧကန်အမှန် ကယ်တင်ခဲ့ကြောင်း ရှင်းလင်းစွာ ဝန်ခံသော ခရစ်ယာန် များစွာရှိသည်။ ထိုသို့ပြောဆိုကြသော်ငြားလည်း သူတို့၏အပြစ်များကို မေရှိယသည် သူ့အပေါ်သို့တင်၍ ဗတ္တိဇံကိုခံခြင်း၊ လက်ဝါးကပ်တိုင်ပေါ် တွင် အသွေးတော်သွန်းလောင်းခြင်းဖြင့် အပြစ်ဒဏ်စီရင်ခြင်း ခံရသည်ကို သင်ယူဖို့ဆန္ဒမရှိကြပါ။ထိုသူတို့သည်သူတို့အထဲ၌ အပြစ်ရှိစဉ်ပင် ဘုရားသ ခင်၏ရှေ့မှောက်သို့သွားကြပြီး လောကတွင်ရှိသော တရားများ၏ ကျင့်ထုံး ကဲ့သို့ကျင့်လျက်ရှိကြသည်။
“သင်တို့သည် သမ္မာတရားကိုသိ၍ ထိုသမ္မာတရားက သင်တို့ကို လွှတ်ပေးလိမ့်မည်”ဟု သခင်ဘုရား ဟောကြားသည့် သမ္မာတရားအတိုင်း မယုံကြည်ကြသဖြင့်ဘုရားသခင်၏အသိအမှတ်ပြုခြင်း မခံကြရပေ။ ယေရှု ကိုယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ စိတ်ထဲတွင် အပြစ်ကျူးလွန်သောသူ သည် အပြစ်ကင်းစင်သော ကောင်းကင်နိုင်ငံသို့ ဝင်ဖို့ မထိုက်တန်သောသူ ဖြစ်သည်။ သူတို့သည် မြေကြီးပေါ်တွင် နေထိုင်စဉ်ကာလ ကောင်းကင် ဘုံသို့ဝင်မည့်သူများ၏ အရည်အချင်းနှင့်ပြည့်မှီနိုင်ဖို့ရန် အပြာရောင်၊ ခရမ်း ရောင်၊ အနီရောင်၊ အဖြူရောင် သမ္မာတရားကို ယုံကြည်ရမည်။ တဲတော် တံခါး၏ကုလားကာများကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူ ရောင်ချည်ထည်ဖြင့် ယက်လုပ်စေခြင်းမှာ မေရှိယကို ပြင်ဆင်ပေးမည်ဟု အဓိပ္ပါယ်ရပါသည်။ ဤသမ္မာတရားအရ အပြစ်ရှိသည်ဟု သတ်မှတ် ခြင်းခံရသော သူတို့သည် ငရဲသို့သွားကြရလိမ့်မည်။
သူတို့ကိုယ်တိုင် ဖန်တီးထားသော အသိဥာဏ်ဖြင့် သခင်ယေရှုကို လွဲမှားစွာယုံကြည်ကြသဖြင့်သူတို့သည်သမ္မာတရားကို မျက် ကွယ်ပြုလျက် အပြစ်ထဲတွင် ဆက်လက်တည်ရှိနေကြပါသည်။ သူတို့ သည်တဲတော်၏ ပစ္စည်းများအထဲ၌ဝှက်ထားသောသမ္မာတရားကို ယုံကြည်မည့်အစား သူတို့ ၏အတွေးအခေါ်အပေါ်တွင်အခြေခံ၍တီထွင်ထားသောကယ်တင်ခြင်းဆိုင် ရာ ခံယူချက်နှင့်ယုံကြည်ချက်တည်းဟူသော ဘုရားသခင်အား နောင်တရ လျက် ကြိုးစား၍ဆုတောင်းခြင်းနှင့် ကြိုးစား၍ယဇ်ပူဇော်ကြသဖြင့် အပြစ် ထဲတွင် ဆက်လက်တည်ရှိနေကြဆဲဖြစ်သည်။
ယနေ့ကမ္ဘာပေါ်တွင် သခင်ယေရှုကို သူတို့၏ကယ်တင်ရှင်အဖြစ် ဝန်ခံပြောဆိုသော်လည်း ယေရှု၏ ဗတ္တိဇံခံယူခြင်းနှင့် အသွေးတော်သွန်း လောင်းခြင်းကို မယုံကြည်သေးသူများစွာရှိကြပါသည်။ ကမ္ဘာပေါ်တွင် အ ပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ထည် သမ္မာတ ရားကိုလက်မခံဘဲယေရှုခရစ်၏အသွေးတော်တစ်ခုတည်းကို ယုံကြည်ခြင်း ဖြင့် ကယ်တင်ခြင်းရရှိပြီး သန့်ရှင်းသောဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရမည်ဟုထင်မှတ်လျက်အပြစ်ထဲတွင်ဆက်လက်တည်ရှိနေကြပါသည်။ 
 
 
ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းကို နှိုင်းယှဉ်ခြင်း
 
ဟေရှာယ ၃၄း၁၆အရ ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ခုစီ တိုင်းအား အဖိုအမစုံတွဲအလိုက် ဆိုသလိုနှိုင်းယှဉ်မှုပြုခိုင်းလျက်ရှိသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ရှိသမျှသည် အပြန်အ လှန်ပုံစံဖြင့်နှိုင်းယှဉ်ထားကြောင်း တွေ့နိုင်သည်။ ဘုရားသခင်သည် ကျွန်ုပ် တို့အား သူ၏ဓမ္မသစ်ကျမ်းမှ နှုတ်တော်ထွက်များနှင့် မ္မဟောင်းကျမ်း မှနှုတ်ထွက်တော်နှင့် ကိုက်ညီမှုရှိမရှိဆိုသည့်အချက်ကို စစ်ဆေးခိုင်းပါ သည်. ဓမ္မဟောင်းကျမ်းမှ ဘုရားသခင်၏ ရေးသားဖော်ပြချက်နှင့် ဓမ္မသစ် ကျမ်းကို မည်သို့ဆက်စပ်ရမည်နည်း။ ဥပမာ- ဣသရေလလူမျိုးများသည် ပူဇော်ရမည့်ယဇ်ကောင်အပေါ်သို့ လက်ကိုတင်လိုက်သောအခါ သူတို့၏ အပြစ်အားလုံးကို ယဇ်ကောင်ပေါ်သို့ ကျရောက်စေသကဲ့သို့ ဓမ္မသစ်ကျမ်း တွင်သခင်ယေရှုသည် ဗတ္တိဇံမင်္ဂလာကို ခံယူသည့်အခါ လောကသားအား လုံး၏ အပြစ်ကို သူ့အပေါ်သို့တင်ခြင်း ခံခဲ့ရသည်။
သူ၏သွေးနှင့်ရေအားဖြင့် ယေရှုသည် အပြစ်သားများ၏ ကယ် တင်ရှင်၊ ပူဇော်ခြင်းခံရမည့်ယဇ်ကောင်အနေဖြင့် လောကသို့ ကြွဆင်း လာခဲ့ပါသည်။ သူသည် ဗတ္တိဇံခံယူသည့်အခါ လောကသားအားလုံး၏ အ ပြစ်ကိုသူ့အပေါ်သို့တင်ထားပြီဟုဆိုလျှင်လက်ဝါးကပ်တိုင်ပေါ်တွင် အသေ ခံဖို့လိုအပ်ဦးမည်လော့။ ကျွန်ုပ်တို့၏သခင်ဘုရားသည် အပြာရောင်၊ ခ ရမ်းရောင်၊အနီရောင်၊အဖြူရောင်ချည်ကြိုးအားဖြင့် ကျွန်ုပ်တို့၏အပြစ်အား လုံးကို ရှင်းလင်းသုတ်သင် ပယ်ရှားပေးခဲ့ပါသည်။ ဤအရာသည်လည်း သူ၏နှုတ်ကပတ်တော်ဖြင့် ဘုရားသခင်ပေးထားသည့် ကတိတော်ဖြစ်ပြီး ဤနှုတ်ကပတ်တော်ဖြင့် သခင်ဘုရားသည် ကျွန်ုပ်တို့ ထံသို့ကြွလာလျက် အနီရောင်အပြစ်များကိုမိုးပွင့်ကဲ့သို့ဖြူစင်အောင်ဆေးကြောပေးခဲ့ပါသည်။
ဤသမ္မာတရားကို သဘောမပေါက်မီ ကျွန်ုပ်တို့သည် အကြီး ရင့်ဆုံးသော အပြစ်ရှိသူများဖြစ်ကြောင်းသံသယဖြစ်ဘွယ်ရာ မရှိပါ။ ဘုရား သခင်၏ရှေ့တော်တွင် ထိုအနေအထားဖြင့် ဝါကြွားစရာ တစ်စုံတစ်ခုမျှ မရှိ ပါ။ဝါကြွားစရာ တစ်စုံတစ်ခုမျှ မရှိသည်သာမက သူ၏ရှေ့တော်တွင် ယုံ ကြည်ကိုးစားထိုက်သောသူလည်းမဟုတ်ပါ။ကျွန်ုပ်တို့သည်အပြစ်ရှိသူများ ဖြစ်ကြသော်လည်း ဖြောင့်မတ်သူများဖြစ်ပြီဟုပြောခိုင်းခြင်းမှာ လိမ် လည် မှုတစ်ခုဟုဆိုလျှင် အခြားနည်းလမ်းဖြင့် ပြောဆိုစရာမရှိတော့ပါ။ဘုရားသ ခင်၏ရှေ့တော်တွင် ကိုယ်တော်ပြုသမျှ မှန်လှပါဘုရားဟုသာ ပြော စရာ ရှိပါသည်။
အကယ်၍ဘုရားသခင်က“သင်သည်အပြစ်မျိုးစေဖြင့် မွေးဖွားလာ သဖြင့်ငရဲသွားရမည်” ဟုပြောလျှင် “မှန်ပါ၏၊ ကိုယ်တော်သည် ဖြောင့်မတ် ပါပေ၏။ ကျွန်ုပ်ကိုကယ်တော်မူပါ။”
“ငါကသင့်ကို ရေ၊ အသွေးတော်နှင့် ဝိညာဉ်တော်အားဖြင့် ကယ် တင်ခဲ့တယ်။”
“မှန်ပါ၏။ ကိုယ်တော် ကျွန်ုပ်ယုံကြည်ပါသည်။”
ကျွန်ုပ်တို့အနေဖြင့် “မှန်ပါ၏”ဟုအစဉ်အမြဲ ပြောဆိုနိုင်သည်။ ဘု ရားသခင်ရှေ့တော်တွင် ကျွန်ုပ်တို့မတ်တပ်ရပ်၍ ကျွန်တော်ဟိုဟာလုပ်ခဲ့ တယ်။ ဒီဟာလုပ်ခဲ့တယ်။ အသင်းတော်ကို အစေခံတယ်။ ယေရှုကို စိတ် နှလုံးအကြွင်းမဲ့ယုံကြည်တယ်။ လူတွေအနေနဲ့ စဉ်းစားလို့မရနိုင်လောက် တဲ့နေရာမှာတောင် ကျွန်တော်ယုံကြည်ခြင်းနဲ့ တုန့်ပြန်နိုင်ခဲ့တယ်” စသည် ဖြင့်ပြောဆို၍ ရမည်မဟုတ်ပါ။
ကျွန်ုပ်တို့၏အပြစ်များပျောက်ကင်းစေရန် သခင်ဘုရားက မည်သို့ လုပ်ဆောင်ခဲ့သနည်း။သူသည် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ထည်၊ ဓမ္မသစ်ကျမ်း၊ ဓမ္မဟောင်းကျမ်းတို့အားဖြင့် ကျွန်ုပ် တို့၏အပြစ်ကို ပျောက်ကင်းစေခဲ့ပါသည်။ ဓမ္မဟောင်းကျမ်းတွင် အပြာ ရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ထည်အားဖြင့် ကျွန်ုပ် တို့၏အပြစ်များကို ပျောက်ကင်းစေသကဲ့သို့ ဓမ္မသစ်ကျမ်းတွင် ယေရှုသည် လူ့ဇာတိကိုခံယူကာ လောကသို့ကြွလာ၍ ကျွန်ုပ်တို့၏ အပြစ်အားလုံးကို သူ့အပေါ်သို့တင်၍ ယောဟန်ထံ၌ ဗတ္တိဇံကိုခံပြီး လက်ဝါးကပ်တိုင်ပေါ် တွင် သူ၏အသွေးတော်ကို ကျွန်ုပ်တို့အားလုံး၏ အပြစ်များကို ဒဏ်ခံသည့် အနေဖြင့် သွန်းလောင်းခဲ့ပါသည်။
သခင်ဘုရားသည် လောကသားများ၏အပြစ်အားလုံးကို ယူတင် ဝတ်ဆောင်ကာ တစ်ကြိမ်တည်းအနေဖြင့် ဗတ္တိဇံခံယူ ခဲ့ပါသည်။ (မဿဲ ၃း၁၅)ကျွန်ုပ်တို့၏အပြစ်အားလုံးသည် ယေရှု၏ပခုံးပေါ်သို့ ကျရောက်ခဲ့ပါ သည်။ကျွန်ုပ်တို့လောကသားအားလုံး၏အပြစ်များကို သူ့အပေါ်သို့တင်၍ နှစ်ခြင်းခံယူကာ လက်ဝါးကပ်တိုင်ကို ထမ်းလျက် လက်ဝါးကပ်တိုင်တွင် အသွေးတော်သွန်းလောင်းကာ ရိုက်ထားခြင်းကိုခံရပြီး သုံးရက်မြောက်နေ့ တွင် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ပျောက်ကင်းစေခဲ့ပါသည်။ ယေရှုသည် ထိုသို့ဆောင်ရွက်ခဲ့ခြင်းအားဖြင့် ကျွန်ုပ်တို့၏ စစ်မှန်သောကယ်တင်ရှင်ဖြစ်သည်။
ကျွန်ုပ်တို့ရရှိသော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဆိုသည်မှာ ရေ၊ အသွေးတော်နှင့်ဝိညာဉ်တော်အားဖြင့် လောကသို့ကြွလာတော်မူသော ယေရှုကို ယုံကြည်ခြင်းအားဖြင့်သာ ရရှိနိုင်သည်။ ဤအရာသည် ဘုရားသ ခင်ထံမှရရှိသောစစ်မှန်သည့်ကယ်တင်ခြင်းဖြစ်၍လူအပိုင်းကကြိုးစားမှုဖြင့် ရရှိခြင်းမဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏ ရှေ့တော်၌ ကျွန်ုပ်တို့သည် ဝါကြွားစရာမရှိပါ။
ကျွန်ုပ်တို့၏ စစ်မှန်သော ကယ်တင်ရှင်တည်းဟူသော ယေရှု ခရစ် ကိုယုံကြည်ခြင်းအားဖြင့်ကျွန်ုပ်တို့၏ အပြစ်များအားလုံးမှကယ်တင် ခြင်းခံ ခဲ့ကြရသည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်သားများ အမှန်အ ကန်ဖြစ်၍ကျွန်ုပ်တို့အတွက်အသွေးတော်သွန်းလောင်းခြင်း၊ ဗတ္တိဇံ ခံခဲ့ခြင်း တို့ကို ယုံကြည်ခြင်းအားဖြင့် အပြစ်ကင်းစင်ခြင်းကို ခံရကြပါသည်။
ကျွန်ုပ်တို့ကယ်တင်ခြင်း ရရှိဖို့ရန်အတွက် ယေရှုခရစ်က ၇၀%ပြု လုပ်ပေး ခဲ့ပြီးနောက်ထပ်၃၀%ပြည့်မီဖို့ရန် အပြစ်မကျူး လွန်ဘဲနေထိုင် ခြင်း၊ ညလုံးပေါက်ဆုတောင်းခြင်း၊ နောင်တရလျက်နေ့တိုင်းဆုတောင်း ခြင်း၊ လူမှုရေး တွင်အနစ်နာခံခြင်းနှင့် အခြားအရာများ လုပ်ကိုင်ဖို့လိုအပ် ပါသလား။
တမန်တော်ရှင်ပေါလုက ရောမ ၇း၂၄-၈း၁ ငါသည် ငြိုငြင်သော သူဖြစ်ပါတကား။ ဤအသေကောင်မှ ငါကို အဘယ်သူ ကယ်လွှတ်မည် နည်း။ဘုရားသခင် ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိ အတိုင်းကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့်လွှတ်ကြ၏” ဟုဖော်ပြခဲ့ပါသည်။ ရှင်ပေါလုပြောခဲ့သည့် အတိုင်းယေရှုခရစ်၏ လုပ်ဆောင်ချက်ကို ကျွန်ုပ်တို့ယုံကြည်ရမည်။ သမ္မာ ကျမ်းစာက ဤအသေကောင်ဘ၀မှ ကျွန်ုပ်တို့အား ၁၀၀%ဖြင့် ကယ်တင်ခဲ့ ကြောင်းရေးသားခဲ့ပါသည်။ ကျွန်ုပ်တို့၏အားနည်းချက်ကို ထောက်ရှုခြင်းမ ရှိတော့ဘဲယေရှုခရစ်သည် ကျွန်ုပ်တို့အား ၁၀၀%ဖြင့် ကယ်တင်ခဲ့သဖြင့် မည်သူမျှကဲ့ရဲ့နိုင်တော့မည် မဟုတ်ပါ။
 
 
သင်နှင့်ကျွန်ုပ်လည်း ဝိညာဉ်ပိုင်းတွင် ဖါရိရှဲများဖြစ်ကြသည်
 
သင်တို့အထဲတွင်အချို့တို့သည် သာ၍ကြာမြင့်စွာ ယေရှုကို သိမြင် ယုံကြည်သူဖြစ်နိုင်သည်။ တစ်နည်းအားဖြင့် ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိ တရားမတိုင်မီယေရှုကိုကယ်တင်ရှင်အနေဖြင့် ယုံကြည်နိုင်ပါသည်။ ကျွန်ုပ် ကိုယ်တိုင်လည်း ဒုတိယမွေးခြင်းမခံဘဲ (၁၀)နှစ် ခရစ်ယာန်ဖြစ်ခဲ့ပါသည်။
ကျွန်ုပ်တို့သည် ယေရှုကိုကယ်တင်ရှင်အနဖြင့် ယုံကြည်လက်ခံပြီး နောက် အတွေ့အကြုံသစ်ကို ရရှိခဲ့ပါသည်။ ထိုအတွေ့အကြုံသစ်သည် အပြာရောင်၊ခရမ်းရောင်၊အနီရောင်နှင့် အဖြူရောင်ကို မသိမမှတ်ဘဲ ယေရှု ကိုယုံကြည်လျှင် မည်သို့သောအခြေအနေပင်ရောက်ရှိစေကာမူ ကယ်တင် ခံရနိုင်သည်ဟု ထင်မှတ်စေသည့်အရာဖြစ်သည်။
ကျွန်ုပ်ယေရှုကိုစတင်ယုံကြည်သည့်အခါစိတ်ထဲတွင် ဝမ်းမြောက် ခြင်းကိုခံခဲ့ရပါသည်။သို့သော်လည်းနောက်ထပ်(၅)နှစ်ခန့်ကြာ သော်ကျွန်ုပ် သည် အပြစ်ချည်နှောင်ခြင်းထဲသို့ ပြန်ရောက်၍ အမှန်တကယ် လွတ် မြောက်ခြင်းမခံရသေးကြောင်းတွေ့ရပါသည်။ထိုငါးနှစ်တာကာလ အတွင်း အပြစ်ကျူးလွန်သည်(သို့မဟုတ်)မကျူးလွန်ပါဟုကျွန်ုပ်ကိုထင် ပါသလား။ သင်သည် ကျွန်ုပ်ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သေချာ သည့်အဖြေ တစ်ခုကို ပေးရမည်ဆိုလျှင် ကျွန်ုပ်အပြစ်ကျူးလွန်ခဲ့ပါသည်။ ကျွန်ုပ်အမှန် ပင် အပြစ်များပြုခဲ့ပါသည်။ ထိုစဉ်ကာလများတွင် ကျွန်ုပ်သည် အပြစ်ကို ကျူးလွန်သည့်အခါတိုင်းစိတ်ထဲတွင် ထိခိုက်နာကျင်မှုရှိလျက် နောင်တ ရလျက်(၃)ရက်တိုင်အောင် အစာရှောင်၍ ဆုတောင်းခဲ့ပါသည်။ ကျွန်ုပ်၏ စိတ်ထဲမှအပြစ်ဝန်ထုပ်မနည်းငယ်ပေါ့သွားသောအခါ ဤသို့ဆု တောင်းနိုင် ခဲ့ပါသည်။ “ရှင်ဘုရင်နှင့် အံ့ဘွယ်ကျေးဇူးတော်၊ ကျွန်ုပ်ကဲ့သို့ ပျက်စီးသော သူကိုကယ်တင်ခဲ့သောရှင်ဘုရင်၊ကျွန်ုပ်အပြစ်ကျူးလွန်ခြင်းကို အဆုံးသတ် ၍ နောက်ထပ်ကျူးလွန်ခွင့်မပြုနှင့်တော့” ဟူ၍ဖြစ်သည်။ ကျွန်ုပ်သည်နေ့ စဉ်နှင့်အမျှအပြစ်ကိုကျူးလွန်ခဲ့သဖြင့်အပြစ်၏အကျိုးဆက်ကိုခံရသဖြင့်မိမိကိုယ်ကိုပင်မုန်းတီးခဲ့ပါသည်။အပြစ်ပြဿနာမှလွတ်မြောက်ဖို့ရန်ကျွန်ုပ်ကို မည်သူမျှ မကူညီနိုင်ပါ။
ဤသို့သော် အခြေအနေတွင်ရှိလျက်ပင် နောက်ထပ်(၅)နှစ်တာ ကာလကုန်ဆုံးကာ ထို(၁၀)နှစ်တာကာလအတွင်း ကျူးလွန်ခဲ့သောအပြစ် များကို ပြန်လည်စဉ်းစားမိသောအခါ အထူးပင်ထိတ်လန့်ခဲ့ပါသည်။ ထိုသို့ သော ကြီးမားသည့်အပြစ်များကို နေ့စဉ်နှင့်အမျှ ကျူးလွန်သောအပြစ်များ ကိုကြည့်လျှင် နက်ရှိုင်းစွာ ဝမ်းနည်းမှုခံစားရပြီး စိတ်ပျက်အားလျော့ခဲ့ပါသ ည်။ပညတ်တရားရှေ့သို့ရောက်သောအခါကျွန်ုပ်သည်အမှန်တကယ်အပြစ် ရှိသူဖြစ်ကြောင်း တွေ့ရှိခဲ့ပါသည်။ ထိုအဖြစ်အပျက်က ဘုရား သခင်၏ရှေ့ တွင်မတ်တပ်ရပ်ဖို့ပိုမိုခက်ခဲစေသည့်အပြင် ယေရှုကိုကောင်း မွန်စွာ သိမြင် ယုံကြည်ခြင်း ဆင်ခြင်တုံတရား မရရှိနိုင်တော့ဘဲ အပြစ်သား ဖြစ်ကြောင်း အနေအထားဖြင့် အဆုံးသတ်ခဲ့ရပါသည်။ ၁၀-နှစ်မြောက်သောအခါ ကျွန်ုပ် သည်အပြစ်သားဖြစ်ကြောင်း ဝန်ခံရုံမှလွဲ၍ ဘာမှမတတ် နိုင်တော့ပါ။
သခင်ယေရှုကို ယုံကြည်ခါစအချိန်တွင် မိမိကိုယ်ကိုကောင်းသော ခရစ်ယာန်တစ်ဦးဟုထင်ခဲ့ပါသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့် အမျှ ဘုရားသခင်၏ရှေ့မှောက်တွင် ဘာမှဝါကြွားစရာမရှိကြောင်း သာ၍ သာ၍သဘောပေါက်လာခဲ့ပါသည်။ သမ္မာကျမ်းစာတွင် ဖေါ်ပြထားသောဖါ ရိရှဲကဲ့သို့ ယနေ့ဖြစ်နေပါလားဟု မိမိကိုယ်ကိုသဘောပေါက်ခဲ့ပါသည်။
ဖါရိရှဲတို့သည် မိမိကိုယ်ကို သန့်ရှင်သောသူကဲ့သို့ ဟန်ဆောင်သူ များဖြစ်သည်။ တနင်္ဂနွေနေ့ရောက်တိုင်း ကျမ်းစာအုပ်ကိုင်ကာ ဘုရား ကျောင်းသို့သွား၍ မိတ်ဆွေများအား “မင်္ဂလာနံနက်ခင်းပါ၊ဟာလေလုယ” ဟုနှုတ်ဆက်တတ်ကြသည်။ဝတ်ပြုစည်းဝေးပြုလုပ်ကြသောအခါ လက် ဝါးကပ်တိုင် အကြောင်းကြားရသဖြင့် ငိုကြွေးကြပါသည်။ ယေရှု၏အသွေး တော်အကြောင်း ကျွန်ုပ်စဉ်းစားမိသော အခါ ကျွန်ုပ်လည်းမျက်ရည်ကျမိပါ သည်။ ဤသို့ဖြစ်ရခြင်းသည်သာ စစ်မှန်သောဝတ်ပြုခြင်းဖြစ်ကြောင်း ယူ ဆမိပါသည်။ သို့ရာတွင် လူတို့သည်လောက၌ အသက်ရှင်စဉ်အခါ အပြစ် တစ်ခုပြီး တစ်ခုကျူးလွန်မိကြောင်း တွေ့ရသည်။ ထို့နောက်နောင်တရ လျက်ဘုရားသခင်အား အပြစ်ဝန်ချတောင်းပန်ကာ ဆုတောင်းကြပါသည်။ ထို့သို့ဆုတောင်းပြီးလျှင် အခိုက်အတန့်အားဖြင့် စိတ်ချမ်းသာ သလိုခံစား ရသော်လည်း၊ မကြာမီအပြစ်များကို ပြန်လည်ကျူးလွန်သည့်အခါ ယခင် ကကဲ့သို့ပင်ပြန်ဖြစ်လာပါသည်။ အချို့တို့သည် အခြားသောဘာသာစကား များကို ပြောပြီးရူပါရုံများတွေ့ရသော်လည်း အချဉ်းနှီးပင်ဖြစ်သည်။ မည် သို့ပင်ကြိုးစား၍ ပြုလုပ်သော်လည်း စိတ်ထဲတွင်အပြစ်ကျူးလွန်ခြင်း ပြ ဿနာကိုဖြေရှင်းဖို့မတတ်နိုင်ကြပါ။
သူတို့သည် ဘုရားသခင်၏ရှေ့မှောက်တွင် ဘာမှအဖိုးမတန်သော သူမျာဖြစ်သဖြင့် ငရဲသို့ကျသင့်သောသူများ ဖြစ်ကြောင်း နောက်ပိုင်းတွင် ကောင်းမွန်စွာသဘောပေါက်လာခဲ့ကြပါသည်။ ယေရှုကိုယုံကြည်မှုကြာ လာသည်နှင့်အမျှ အပြစ်ကြီးသူဖြစ်ကြောင်း ပိုမိုသဘောပေါက်လာခဲ့ပါ သည်။ ဖါရိရှိများကဲ့သို့ပင်မိမိအပြစ်ကိုလိမ်မာစွာ သိုဝှက်ထားတတ်ကြပါ သည်။ စိတ်ထဲတွင်သူတို့၏ အပြစ်ကိုသိုဝှက်ထားသည့်ကြာမှပင် ဘာသာ ရေးဆိုင်ရာလုပ်ငန်းများကို ပြုမြဲပြုနေကြပါသည်။
ဘာသာတရားကိုင်းရှိုင်းသူများသည် အချင်းချင်းအလွန်လေးစား သမှုပြုကြပါသည်။ သူတို့သည်မည်သို့ပင် အချင်းချင်းလေးစား ၍အသိအ မှတ်ပြုကြစေကာမူ ဘုရားသခင်ရှေ့မှောက်သို့ ရောက်လျှင်အပြစ်များစုပုံ ထားသော အပြစ်စုဝေးရာနေရာတစ်ခုသာဖြစ်သည်။
ကျွန်ုပ်တို့သည်လည်း သမ္မာတရားကို မသိဘဲနောင်တရလျှင် အစဉ်အမြဲဆုတောင်းသောသူဖြစ်နိုင်သည်။ အချိန်ကြာလာသော အခါမော ပန်းလာပြီ “ကိုယ်တော်အလိုတော်ရှိသည်အတိုင်းပြုတော်မူပါ။ ကျွန်ုပ်အ ပြစ်များလွန်းသောသူဖြစ်တယ်။ ကျွန်ုပ်နောက်ထပ်အပြစ် ကျူးလွန် မိပါ တယ်။ဒီအကြောင်းအရာတွေကို ပြောပြဖို့တောင်မကောင်းတော့ဘူး” ဟူ၍ ဆုတောင်းရလိမ့်မည်။ထိုသို့ဆုတောင်းရခြင်းသည်အလွန်ပင်ရှက် ကြောက် ဖွယ်ကောင်းနေသော်လည်း၊ ကျွန်ုပ်တို့၏အပြစ်များကို ဝန်ချ တောင်းပန် ခြင်းဖြင့် ဘုရားသခင်ကိုကျေနပ်မူရရှိစေလိမ့်မည်ဟု ထင်မြင် ယူဆလျက် သူ၏ဖြောင့်မတ်ခြင်းရှိသည့်အပိုင်း အားလုံးကိုခွင့်လွှတ်စေဖို့ရန်“ကိုယ် တော်ကျွန်ုပ်အပြစ်ပြုမိခဲ့ပါတယ်။ ကျေးဇူးပြု၍ခွင့်လွှတ်တော် မူပါ၊ကိုယ် တော်” ဟုဆက်လက်၍ ဆုတောင်းတတ်ကြပါသည်။ သို့သော် လည်း ကျွန်ုပ်တို့၏စိတ်ထဲတွင် အပြစ်မှာဆက်လက်ကျန်ရှိနေဆဲဖြစ်သည်။
လူတို့သည်ဆုတောင်းဖို့ခေါင်းငုံ့ကြသောအခါသူတို့၏စိတ်နှလုံးကို ဆင်ခြင်သည့်အခါအပြစ်များကိုတွေ့ရှိရပါသည်။ကျွန်ုပ်တိုစိတ်နှလုံးက မိမိ ကိုယ်ကို “ဒီလောက်အပြစ်မျာတာတောင် ဘုရားသခင်ရဲ့ရှေ့မှောက်မှာ ဘယ်လို ဆု တောင်းဝံ့သေးတာလဲ”ဟု အပြစ်တင်လေ့ရှိသည်။
အချိန်အတန်ကြာပြီးနောက် ဘာမျှပြောဆိုဖို့ရန်မတတ်နိုင်ဘဲ “ကိုယ်တော်၊ကိုယ်တော်”ဟူ၍သာပြောဆိုခြင်းငှါတတ်နိုင်သည်။ ကျွန်ုပ်တို့ သည်တောင်ထိပ်ပေါ်သို့တက်၍ ကိုယ်တော်၏နာမတော်ကိုသာ၍သာ၍ ကြွေးကြော်ကြလိမ့်မည်။ လူအများ၏ရှေ့မှောက်တွင် ရှက်ကြောက်ဖွယ်ရာ ကောင်းသဖြင့် ညဥ့်နက်သောအခါ တောင်ထိပ်ပေါ်သို့တက်၍ ဂူခေါင်းကဲ့ သို့ဝင်ကာသခင်ဘုရား၏နာမတော်ကို ကြွေးကြော်ခဲ့ပါသည်။ ထိုသို့ပြု လုပ်ခြင်းအားဖြင့် စိတ်ကျေနပ်မှုအတော်အတန်ရရှိနိုင်သော်လည်း စိတ်ထဲ တွင်အပြစ်မှာ ကျန်ကြွင်းနေဆဲဖြစ်သည်။
ကျွန်ုပ်တို့သည် ဒေါသစိတ်လျှော့ချဖို့ရန် အပြစ်ထဲတွင်ဆက်လက် ပျော်မွေ့ခြင်း မပြုတော့ပါဟုစိတ်ထဲတွင် ပြဌါန်းလျက် “ဘုရားသခင်သည် အလွန်သနားတတ်သောသူဖြစ်သဖြင့် ကျွန်ုပ်၏အပြစ်များကို ပျောက်ကင်း စေလိမ့်မည်”ဟု ပြောနိုင်ပါသည်။ ကျွန်ုပ်သည်(၃)ရက်အစာရှောင်၍ ဆု တောင်းခဲ့ပါသည်။ ထို့ကြောင့်နောက်ထပ်အပြစ်မပြုတော့ပါဟု ထင်မိပါ သည်။ ဘုရားသခင် ကကျွန်ုပ်ကို ခွင့်မလွှတ်ဘူးလား။
ဘုရားသခင်၏သနားခြင်းဂရုဏာရှိသော်လည်း ကျွန်ုပ်တို့သည် ထို ကျေးဇူးဖြင့်မိမိကိုယ်ကိုလှည့်စားနေကြပါသလား။ဘုရားသခင်၏ရှေ့တော် တွင်အပြစ်ကျူးလွန်နေကြစဉ်အခါ အဘယ်ကြောင့်ထိုသို့ မိမိစိတ်ကို လှည့် စားနေကြသနည်း။ ထိုသို့မပြုကောင်းပေ။ မည်မျှပင်ကျွန်ုပ်တို့၏ အ သင်း တော်၌ရထားသည် ရာထားမြင့်မားစေကာမှု (သို့မဟုတ်) သူတစ်ပါး၏ စေ ခိုင်းမှုအောက်ရောက်နေစေကာမူ အပြစ်ကို ဆက်လက်ကျူးလွန် နေကြ သူများဖြစ်သဖြင့် ထိုအပြစ်များမှလွတ်မြောက်ခြင်း မရနိုင်သဖြင့် သူတော် ကောင်းယောင်ဆောင်သူများအဖြစ်သာ အဆုံးသတ်ရလိမ့်မည်။
ကျွန်ုပ်တို့စိတ်ထဲတွင် အပြစ်ကျူးလွန်လိုသောဆန္ဒသည် ဆက် လက်ရှိနေဆဲဖြစ်သည်။ ယေရှုလက်ဝါးကပ်တိုင်ပေါ်မှ အသွေးအကြောင်း ကို အကြိမ်ပေါင်းများစွာ ပြောကြားခြင်း၊ ယေရှု၏အသွေးတော်အကြောင်း စဉ်းစားမိသဖြင့် များစွာမျက်ရည်ကျခြင်း၊ ကောင်းသောခရစ်ယာန်များဖြစ် ကြခြင်း စသည်တို့ကို ပြုလုပ်ကြသော်လည်း ရေနှင့်ဝိညာဉ်တော် ဧဝံဂေ လိတရားကို မတွေ့မချင်စိတ်ထဲတွင် အပြစ်ရှိနေဆဲဖြစ်သည်။ ခရစ်ယာန် ထုံးတမ်းအစဉ်အလာအတိုင်းလိုက်နာကြသော်လည်း အပြစ်ထဲတွင် ကျင် လည်နေကြဆဲဖြစ်သည်။ ဤအရာသည် ဖါရိရှဲတို့၏ ဘာသာရေးဖြစ်သည်။ ဤကဲ့သို့ယုံကြည်ကြသောခရစ်ယာန်များစွာ ရှိနေသကဲ့သို့ ခရစ်ယာန် အ သိုင်းအဝိုင်းထဲတွင်လည်းများစွာတွေ့နိုင်ပါသည်။
 
 
ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ အပြစ်များအားလုံးကင်းစင်သွားပါသည်
 
ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိတရားကို မသိကျွမ်းမီ (သို့မဟုတ်) မယုံကြည်မီ ကျွန်ုပ်တို့စိတ်ထဲတွင် အပြစ်များရှိပါသည်။ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် အဖြူရောင်သမ္မာတရားကို မယုံကြည်မီ ကျွန်ုပ် တို့စိတ်ထဲတွင် အပြစ်ရှိနေဆဲဖြစ်သည်။ အပြစ်၏အစ သေခြင်းပေတည်း ဟု နှုတ်ကပတ်တော်လာနှင့်အညီ ဘုရားသခင်၏ရှေ့တွင် အမှန်အကန် အပြစ်ကျူးလွန်ကြသဖြင့် စိတ်ထဲတွင် နှောက်ယှက်မှုများ ခံစားရပါသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်တိုင် ကျူးလွန်ခဲ့သည့် အပြစ်များအတွက် တရား စီရင်ခြင်း ခံရမည်ဆိုလျှင် ခန္ဓာစိတ်ဝိညာဉ်အားလုံး ငရဲသို့ကျထိုက်သူများ ဖြစ်သည်။
ကျွန်ုပ်တို့သည် လူအများတို့ လူအများတို့အား ခရစ်ယာန်ဘာ သာသို့ ပြောင်းလဲစေပြီး သွန်သင်မှုပြုခဲ့ကြပါသည်။ သို့ရာတွင် ကျွန်ုပ်တို့ သည်ကိယ်တင်ဩတ္တပစိတ်ကို ကြည်လင်စေဖို့ မလုပ်နိုင်သည့်ကြားမှာပင် အလုပ်လုပ်ခဲ့ကြပါသည်။ ဘုရားသခင်၏ရှေ့တော်တွင် ဤအရာကို ငြင်း ပယ်၍မရနိုင်ပါ။ ဘုရားသခင်၏ရှေ့မှောက်တွင် ကျွန်ုပ်တို့၏ စိတ်နှလုံး သည်အပြစ်ရှိကြောင်းအသိအမှတ်ပြုထားသဖြင့်ငရဲသို့ကျထိုက်သူများ ဖြစ် ကြသည်။
ကျွန်ုပ်တို့၏သခင်သည်လောကသို့ကြွလာစဉ်က အဘယ် ကြောင့် ဗတ္တိဇံခံယူခဲ့သနည်းဆိုသည့်မေခွန်းကို အစဉ်သဖြင့် ဖြေဆို၍မရ နိုင်သော မေးခွန်းဖြစ်ပါသည်။ ယေရှုအဘယ်ကြောင့် နှစ်ခြင်းမင်္ဂလာခံယူသ နည်းဆို သည့် မေးခွန်း၏အဖြေကို ကျွန်ုပ်ရှာ ဖွေတွေ့ချင်ခဲ့ပါသည်။ ယေရှု သည် အဘယ်ကြောင့်နှင့်အဘယ်အတွက်နှစ်ခြင်းခံယူခဲ့သနည်း။ ကျွန်ုပ် တို့သည် ယေရှုကိုယုံကြည်သည့် အဓိပ္ပါယ်ဖြင့် ရေ၌နှစ်ခြင်းခံယူခဲ့ကြသော်လည်း ယေရှုကိုယ်တိုင်သည် အဘယ်ကြောင့် ယောဟန်ထံ၌ နှစ်ခြင်းမင်္ဂလာခံယူ ခဲ့သည်ကို နားမလည်ပါ။ အဘယ်ကြောင့် နှစ်ခြင်းခံယူ ခဲ့သနည်း။
“သိက္ခာတော်ရ ဆရာကြီးခင်ဗျာ၊ စိတ်မရှိပါနဲ့၊ မေးခွန်းတစ်ခု လောက်မေးပါရစေ” ဟုခရစ်ယာန် အသိုင်းအဝိုင်းမှ ခေါင်းဆောင်တစ်ဦးကို မေးမြန်းခဲ့ပါသည်။သူတို့ကခွင့်ပြုသောအခါ“သမ္မာကျမ်းစာ (ဓမ္မသစ်ကျမ်း) ထဲမှာ ယေရှုဟာ ယောဟန်ဆီမှ နှစ်ခြင်းခံခဲ့တဲ့အကြောင်း ရှင်းလင်းစွာ တွေ့ရပါသည်။ ဒါပေမဲ့ ဘာလို့ နှစ်ခြင်းခံသလဲဆိုတာကို ကျွန်တော်သိပ် မရှင်းဘူးဖြစ်နေတယ်။ ဆရာကြီးရှင်းပြပေးလို့ရပါသလား” ဟုဆက်၍ မေး မြန်းခဲ့ပါသည်။ သူကပြုံးရွှင်စွာဖြင့် “ခင်ဗျားဒါလေးကိုတောင် မသိသေး ဘူးလား။ကလေးတနင်္ဂနွေဥပုဒ်စာဖြေကျောင်းသားလေးတွေကတောင် သိ နိုင်တယ်။မူရင်းသမ္မာကျမ်းနှင့်ကျမ်းစာအနက်ဖွင့်တွေမှာရှိတယ်။ ယေရှုနှစ် ခြင်းခံတယ်ဆိုတာ နှိမ့်ချခြင်းကိုပြသဖို့၊ စံနမူနာပြဖို့၊ အတုယူစရာဖြစ်ဖို့၊ ယူခဲ့တာမဟုတ်ဘူးလား။ ကျွန်ုပ်က “ဆရာကြီး ခင်ဗျာ ကလေးငယ်တွေက တောင် အလွယ်တကူသိနိုင်တဲ့ ကိစ္စရပ်ကို ကျွန်တော်သမိုင်းအကြောင်း အ ရာ၊ မူရင်းကျမ်းတွေထဲမှာရှာဖွေကြည့်ရှုတဲ့အခါ ဆိုလိုရင်းအနက် အဓိပ္ပါယ် ဖော်ပြထားတာ မတွေ့ရပါဘူး” ဟုပြန်၍ ဖြေဆိုပေးခဲ့ပါသည်။
 
 
ယေရှုဟာ ဘာလို့ယောဒန်မြစ်ထဲမှာ ယောဟန်ဆီကိုသွားပြီး နှစ်ခြင်းခံခဲ့ရသလဲ
 
ကျွန်ုပ်ခရစ်ယာန် စတင်ဖြစ်လာစဉ်ကပင် ဤမေးခွန်း၏အဖြေကို ရှာဖွေခဲ့ကြောင်း ဆက်လက်၍ပြောပြခဲ့ပါသည်။ ကျွန်ုပ်သည် ရှောင်လွှဲ၍မ ရဘဲဤမေးခွန်း၏အဖြေကိုသိဖို့ရန်နှစ်ပေါင်းများစွာအသုံးပြုခဲ့ပါသည်။ ဤ မေးခွန်း၏အဖြေကိုရရှိဖို့ရန် ကျွမ်းကျင်သော သူများထံသို့လည်း ချဉ်း ကပ်ခဲ့ပါသည်။ ကျွန်ုပ်သည် ထိုမေးခွန်းနှင့်ပါတ်သက်၍ ယခင်ကကဲ့သို့ပင် ရှာဖွေစူးစမ်းလေ့လာ မေးမြန်းခဲ့သော်လည်း ယေရှုအဘယ်ကြောင့် ဗတ္တိ ဇံခံယူခဲ့သည့်အဓိပ္ပါယ်ကို တိကျမှန်ကန်စွာ ရှင်းပြပေးနိုင်သူမရှိပါ။ ရေနှင့်ဝိ ညာဉ်ဧဝံဂေလိဖြင့်အနက်အဓိပ္ပါယ်ဖော်ပြခြင်းခံရသည့် အပြာရောင်၊ ခရမ်း ရောင်၊ အနီရောင်နှင့် အဖြူရောင်ချည်ကြိုးအကြောင်းကို သခင်ဘုရားက ဖွင့်ပြမှုမရှိသေးမီ ထိုအဓိပ္ပါယ်ကို သိနိုင်ဖို့ရန် များစွာရုန်းကန်လှုပ်ရှားမှု ပြု လုပ်ခဲ့ပါသည်။
ဤသို့ပဟေဋ္ဌိဖြစ်နေသည့် ယေရှုဗတ္တိဇံခံယူသည့်အကြောင်းနှင့် ပါတ်သက်၍အောက်ပါကျမ်းပ္လ်ို စိတ်အာရုံဆွဲဆောင်မှုခံခဲ့ရပါသည်။ “ထိုအ ခါယေရှုသည် ဗတ္တိဇံကိုခံအံ့သောငှါ ဂါလိလဲပြည်မှယောဒန်မြစ်နား ဟော ဟန်ကန်သို့ကြွတော်မူ၏။ ယောဟန်ကလည်း အကျွန်ုပ်သည် ကိုယ်တော် ထဲ၌ဗတ္တိဇံကိုခံရမည်အကြောင်းရှိပါသည်ဖြစ်၍ ကိုယ်တော်သည် အကျွန်ုပ် ထဲသို့ကြွလာတော်မူသလောဟုယေရှုကို ဆီးထားတော်မူ၏။ ယေရှုက လည်း အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ယခုအ ခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါယောဟန်သည် ဝန်ခံလေ၏။ ယေရှုသည်ဗတ္တိဇံကိုခံတော်မူပြီးလျှင်၊ ရေမှပေါ်ကစဉ်တွင်ကောင်းကင်ဖွင့် လွှင့်သဖြင့်၊ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကိုမြင်ရ၍။ ဤသူကား ငါနှစ် သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်ကအသံတော်ဖြစ် လေ၏ (မသဲ၃း၁၃-၁၇)။
ဤကျမ်းပိုဒ်ကိုဖတ်၍ နောက်ဆုံးဤသို့သဘောပေါက်ခဲ့ပါသည်။ ယေရှုဟာဓမ္မဟောင်းကျမ်းထဲမှာပါတဲ့ယဇ်ပူဇော်ခြင်းဆိုင်ရာ အလှူဘဏ္ဍာ အဖြစ် သူသည်ဗတ္တိဇံကိုခံယူခဲ့တယ်။ အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်နှင့် အဖြူရောင်ချည်ကြိုးထဲမှာ ကယ်တင်ခြင်းဆိုင်ရာ သမ္မာတရား လျှို့ဝှက်ချက်ကို ထားခဲ့တယ်။”
ဓမ္မဟောင်းကျမ်းတွင် ဧလိယကို စေလွှတ်ဖို့ ကတိပေးထားခြင်းခံ ရသူမှာ ယောဟန်ဧကန်အမှန်ဖြစ်ပါသည်။ ဘုရားသခင်သည် မာလစိ ၄း၅တွင်တရားစီရင်ခြင်းနေ့ရက်မတိုင်မီဧလိယကိုစေလွှတ်ဖို့ကတိပေးထား သည့်အရာသည် မဿဲ ၁၁း၁၄အရ ဗတ္တိဇံဆရာယောဟန်ဖြစ်ကြောင်းတွေ့ ရပါသည်။ ဧလိယအကြောင်းကို ကျွန်ုပ်တွေ့ခဲ့သော်လည်း ယေရှုသည် အ ဘယ်ကြောင့် ယောဟန်ထံ၌ ဗတ္တိဇံခံယူခဲ့ရကြောင်း မသိရသေးပါ။ထို့ နောက်ထပ်မံ၍ မဿဲ ၃း၁၃-၁၇ကို ထပ်မံ၍ဖတ်ခဲ့ပါသည်။ “အလုံးစုံသော တရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါ။ ယေရှု သည် ဗတ္တိဇံကို ခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင် . . .ဤသူအား ငါနှစ် သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။” ကျွန်ုပ်၏သံသယစိတ်အားလုံးကို ဖယ်ရှားနိုင်ခဲ့ပါသည်။ ဖြောင့်မတ်ခြင်းတရားအလုံးစုံကို ပြည့်စုံစေဖို့ သူ သည်အမှန်ပင် ဗတ္တိဇံကိုခံယူခဲ့ပါသည်။ ယေရှုသည် ဗတ္တိဇံခံယူခြင်းအား ဖြင့်ဖြောင့်မတ်ခြင်းတရား အလုံးစုံတို့ကို ကျင့်၍ လူသားများကို ကယ်တင် ခဲ့ပါသည်။
ဗတ္တိဇံခံယူခြင်းသည်ဓမ္မဟောင်းကျမ်းရှိ တဲတော်၏ ယဇ်ပူဇော် သည့် စနစ်နှင့်အညီ ယဇ်ပူဇော်သည့်အခါ ယဇ်ကောင်အပေါ်သို့ လက်ကို တင်ခြင်းနှင့် တူညီမှုရှိပါသည်။ အပြစ်ရှိသောသူသည် ယဇ်ကောင်ကို ပလ္လင်တော်အပါးသို့ ယူဆောင်လာပြီး ယဇ်ကောင်အပေါ်သို့ လက်ကိုတင် ၍ အပြစ်ရှိသောသူကို ဝန်ခံခိုင်းခြင်းဖြင့် ထိုသတ္တဝါအပေါ်သို့ အပြစ်ကို လွှဲပြောင်းကာ ယဇ်ပုရောဟိတ်အကြီးဆုံးသည် ဣသရေလလူမျိုးများနှင့် မိမိကိုယ်တိုင်အတွက် အပြစ်ဝန်ချခြင်းကို ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် ဓမ္မသစ်ခေတ်တွင် ယေရှုသည် ယောဟန်ထံ၌ ဗတ္တိဇံခံခဲ့ပါသည်။ ဤအ ကြောင်းအရာများကို တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်၍ရနိုင်ပါသည်။ နောက်ဆုံး တွင် ယေရှုသည် သူ့အပေါ်သို့လက်တင်၍ ယောဟန်ထံ၌ ဗတ္တိဇံကို ခံယူခဲ့ ခြင်းဖြင့် တစ်ဦးချင်းစီ၏ အပြစ်ကို ဖယ်ရှားနိုင်ဖို့ လောကသားအားလုံး၏ အပြစ်ကိုသယ်ဆောင်သွားခဲ့ပါသည်။
မူရင်းဘာသာစကားဖြစ်သည့် ဂရိကျမ်းစာကို လေ့လာသည့်အခါ “ဖြောင့်မတ်ခြင်းတရားကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ကျွန်ုပ်အားအ ခွင့်ပေးပါ”ဟုဆိုရာတွင်“ဤသို့ပြုလုပ်ခြင်းသည်အသင့်တော်ဆုံးဖြောင့်မတ် စေခြင်း (သို့မဟုတ်) ဘုရားသခင် သခင်ခံယူနိုင်သည့် ရှယ်ယာတန်ဖိုးဟု အဓိပ္ပါယ်ရရှိပါသည်။
ထိုကျမ်းစာစကား၏ အဓိပ္ပါယ်မှာ လောကသားများကို သူတို့အ ပြစ်မှ ကယ်တင်ခဲ့ပြီဟု ဆိုသည့်အဓိပ္ပါယ်ဖြစ်သည်။ တစ်နည်းအားဖြင့် သူ သည် ဗတ္တိဇံကိုခံခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံးကို သူ့အပေါ်သို့ တင်ခဲ့ပြီဟု အဓိပ္ပါယ်ရပါသည်။ အလွန်ရှုပ်ထွေးရှည်လျားသော ပဟေဠိ တစ်စုသည် ကျွန်ုပ်တို့အတွက် ထိုသို့သောနည်းလမ်းအားဖြင့် ဖြေရှင်းပေး နိုင်ခဲ့ပါသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ယူဆောင် ကာ ဗတ္တိဇံကို ခံယူပြီး လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းဖြင့် အပြစ်ဒဏ်စီရင်ခြင်းခံခဲ့ရပါသည်။ ရေနှင့်ဝိညာဉ် ဧဝံဂေလိတရားတွင် တွေ့ သောသမ္မာတရားဖြစ်သည်။ 
တစ်နည်းအားဖြင့် ယေရှုသည် ယောဟန်ထံမှ ဗတ္တိဇံခံယူခဲ့ခြင်း သည် မလွှဲသာမရှောင်သာဘဲ ကျွန်ုပ်တို့အတွက် ကယ်တင်ခြင်း၏ အစိတ် အပိုင်းတစ်ခုဖြစ်လာပြီး ဤဗတ္တိဇံမင်္ဂလာ ခံယူခဲ့ခြင်းဖြင့် လောကသား အားလုံး၏အပြစ်ကိုသူ့အပေါ်သို့တင်ခဲ့ကြောင်းဒုတိယမွေးဖွားပြီးသူ ကျွန်ုပ် တို့အနေဖြင့် နားလည်နိုင်ပါသည်။ သင်သည်လည်း ရေနှင့်ဝိညာဉ်တော် ဧဝံဂေလိသမ္မာတရားကို သဘောပေါက်နိုင်ပါသည်။ သင်၏ဝိညာဉ်အလင်း ဖွင့်ပြမှုခံရသောအခါ ထိုသို့ဖြစ်လိမ့်မည်။
သခင်ယေရှု ယောဟန်ထံ၌ ဗတ္တိဇံခံယူသောနေ့တည်းဟူသော လောကသားအားလုံးအပြစ်ကို သခင်ယေရှုက သူ့အပေါ်သို့တင်သောနေ့ ကို ကျွန်ုပ်တို့မမေ့သင့်ပေ။ ဤသမ္မာတရားကို သဘောပေါက်ခြင်းအားဖြင့် ကျွန်ုပ်တို့၏စိတ်ထဲတွင် ပြောင်းလဲမှုအမှန်တွေ့ရပါသည်။ ရေကန်ထဲတွင် ဝဲဂယက်တဖြည်းဖြည်း ကြီးလာသကဲ့သို့ ဤသမ္မာတရားသည် စိတ်ထဲတွင် ပျံ့နှံ့နိုင်ပါသည်။ အမှောင်ထုကို ဖြိုခွင်းပြီး နံနက်အာရုံအလင်းဆောင်သည့် ကယ်တင်ခြင်း သမ္မာတရားကို သိမြင်ဝင်ရောက်ခွင့် ပြုကြပါစို့။
 
 
ထိုယေရှုသည် ဗတ္တိဇံကိုခံခြင်းအားဖြင့် လောကသားအားလုံး၏ အပြစ်ကို သူ့အပေါ်သို့တင်ခဲ့ပုံ
 
မဿဲ ၃း၁၃-၁၇ ကျမ်းပိုဒ် ဖတ်ခဲ့ရပြီးနောက် ကျွန်ုပ်သည်အချိန်အ တန်ကြာအောင် စကားတစ်ခွန်းမျှမပြောနိုင်အောင်ဖြစ်ခဲ့ပါသည်။ ကျွန်ုပ် သည်အပြစ်ရှိသောသူတစ်ဦးဖြစ်ငြားသော်လည်း ယေရှုသည်ဗတ္တိဇံကိုခံ ယူကာ “အလုံးစုံသောတရားကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ယခုအ ခွင့်ပေးပါ” ဟုပြန်ပြောတော်မူ၏။ ထို့ကြောင့် အနီရောင်ချည်ထည်ဟူသော ယေရှုလက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော်သွန်းခြင်းသည် အပြာရောင် ချည်ထည်ဟူသော ဗတ္တိဇံမင်္ဂလာခံခြင်းဖြစ်သည်။ ထိုယေရှုသည် ခရမ်း ရောင်ချည်ထည်ဟူသော ဘုရားသခင်ကိုယ်တိုင်ဖြစ်သည်။ သူသည်စစ် မှန်သောကယ်တင်ခြင်းတရားကို သွန်းသင်ခဲ့သူဖြစ်သည်။ တစ်နည်းအား ဖြင့်ယေရှုသည် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ယူဆောင်သွားနိုင်ခဲ့ပါသည်။
ထိုသို့ဖြစ်ခဲ့သော် ကျွန်ုပ်တို့သည် အပြစ်ထဲတွင် ဆက်လက်ရှိနေ ကြပါသလား။ ယေရှုသည်ဗတ္တိဇံမင်္ဂလာခံယူသည့်အခါ ကျွန်ုပ်တို့၏အပြစ် အားလုံးကို သူ့အပေါ်သို့တင်ခဲ့ပါသည်။ ထိုသို့တင်လိုက်သည့်အထဲတွင် ကျွန်ုပ်တို့၏အပြစ်လည်းပါပါသလား။ ကမ္ဘာလောကတစ်ခုလုံး၏ အပြစ်တို့ အထဲတွင် ပါဝင်နေပါသလား။ ကျွန်ုပ်တို့၏မွေးရာပါဗီဇအပြစ်များလည်း ထိုအထဲတွင်ပါဝင်ပါသလား။ တစ်နှစ်သားအရွယ်တွင် ကျွန်ုပ်တို့ကျူးလွန် ခဲ့သည့် အပြစ်များပါဝင်နေပါသလား။ လောကသားအားလုံး၏ အပြစ်မပါ ဝင်ပေဘူးလား။လောကသားအားလုံး၏ အပြစ်မပါဝင်ပေဘူးလား၊ ကျွန်ုပ် တို့ကလေးဘ၀ကအပြစ်များမှာမည်သို့ဖြစ်မည်နည်း။ ထိုအပြစ်များသည် လောကသားများ၏အပြစ်ထဲတွင်ပါဝင်ပါသလား။
ကျွန်ုပ်တို့ရပ်တည်နေသည့် နေရာမှန်သည် မမှန်သည်ကိုသိစေ ခြင်းငှါအထက်ပါမေးခွန်းများကို မိမိကိုယ်ကိုမေးမြန်းသင့်သည်။ ထိုနည်း တူစွာ ယုံကြည်ခြင်းဆိုသည်မှာ- ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ် တွင် မှန်ကန်စွာရပ်တည်ခြင်းကိုခေါ်သည်။ ကျွန်ုပ်တို့ငယ်စဉ်က ကျူးလွန် ခဲ့သေအပြစ်များသည်လောကသားများ၏ အပြစ်ဖြစ်သကဲ့သို့ လူလတ်ပိုင်း အရွယ်တွင်ကျူးလွန်သောအပြစ်များ သည်လည်း လောကသားများ၏အ ပြစ်ဖြစ်သည်။လူကြီးပိုင်းမရောက်မီ ကျူးလွန်ခဲ့သော အပြစ်များအားလုံး သည်လည်း လောကသားများကျူးလွန်သော အပြစ်များထဲတွင် ပါဝင် လျှက်ရှိသည်။ ထိုအပြစ်ရှိသမျှအားလုံးကို ယေရှုအပေါ်သို့တင်ထားခဲ့ ပါသည်။ တင်ထားခဲ့ပြီး မဟုတ်ပါလား။ အမှန်ပင်တင်ထားခဲ့ပြီဖြစ်သည်။ မ္မဟောင်းကျမ်းတွင် ရေးသားခဲ့သည်နှင့်အညီ ကျွန်ုပ်တို့၏အပြစ်အားလုံး သာမက လေကသားများအားလုံး၏ အပြစ်များကိုပင်သူ့အပေါ်သို့ တင်ခဲ့ ပါသည်။ ကျွန်ုပ်တို့၏အပြစ်အားလုံးကို သူ(ယေရှု)အပေါ်သို့တင်ခဲ့ပြီးဖြစ် သဖြင့်ကျွန်ုပ်တို့၏အပြစ်အားလုံး သူ့အပေါ်သို့တင်ထားခဲ့ပြီမဟုတ်ပါလား။ ကျွန်ုပ်တို့အပေါ်တွင် မည်သည့်အပြစ်မှာမရှိတော့ပေ။ 
ယေရှုသည်ဗတ္တိဇံဆရာယောဟန်ထံ၌ ဗတ္တိဇံခံခဲ့သဖြင့် သူက “ဤ လောက၏အပြစ်ကို ဆောင်သွားသောဘုရားသခင်၏ သိုးသူငယ်ကို ကြည့် ကြလော့”ဟုသက်သေခံခဲ့ပါသည်(ယော၁း၂၉)။ သခင်ယေရှုသယ်ဆောင် သွားသော အပြစ်များထဲတွင် လူတစ်ဦးချင်းစိ၏ အပြစ်များပါဝင်သည်သာ မကလူသားမျိုးနွယ်တစ်ရပ်လုံး၏အပြစ်များလည်းပါဝင်ပါသည်။အပြစ်များ ထဲတွင် ကျွန်ုပ်တို့ငယ်စဉ်ဘ၀မှစ၍ ယနေ့ထိတိုင် ကျူးလွန်ခဲ့သောအပြစ် များအားလုံးပါဝင်လျှက်ရှိသည်။ ကျွန်ုပ်တို့နားလည်းထားရမည့်အချက် မှာ- နှစ်ကာလမရေမတွက်နိုင်အောင် အပြစ်များကျူးလွန်ခဲ့စေကာမူ သခင်ယေ ရှုသည် ကျွန်ုပ်တို့အပြစ်များအားလုံးကို သယ်ဆောင်ကာ ဗတ္တိဇံဆရာယော ဟန်ထံ၌ဗတ္တိဇံကိုခံယူခဲ့ပြီး လက်ဝါးကပ်တိုင်ကိုထမ်း၍ အသွေးတော်သွန်း လောင်းခြင်းဖြင့်အသေခံခြင်းတည်းဟူသောအပြစ်ဒဏ်စီရင်ခြင်းခံရသည်။
ကျွန်ုပ်တို့သည် ဒုတိယအကြိမ်မွေးဖွားခြင်းခံရပြီး သူများဖြစ်သည် အားလျော်စွာ သခင်ယေရှုသည် အသေခံပြီး၊ ရှင်ပြန် ထမြောက်ခဲ့ခြင်းဖြင့် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်သဖြင့် အထက်ပါမေးခွန်းအားလုံးကို အဖြေ ပေးခဲ့ပါသည်။
ကိုယ်တော်သည် ဗတ္တိဇံကိုခံယူပြီး အသွေးတော်သွန်းလောင်းကာ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းဖြင့် ကျွန်ုပ်တို့၏အပြစ်များကို ဖယ် ရှားပေးခဲ့ပါသည်။ ဓမ္မဟောင်းကျမ်းတွင် အပြာရောင်၊ခရမ်းရောင်၊အနီ ရောင်နှင့်အဖြူရောင်ချည်ထည်များတည်းဟူသော တဲတော်၏ကုလားကာ များအကြောင်း ရေးသားထားပြီး၊ ယောဟန်ပထမစောင် ၅း၄-၆ တွင် ယေရှုသည် ရေတစ်မျိုးတည်း အနေဖြင့်ကြွလာခဲ့ကြောင်း ဖေါ်ပြထားပါ သည်။ ထို့ကြောင့်ကျွန်ုပ်တို့၏ ကယ်တင်ရှင်ယေရှုသည် ဗတ္တိဇံခံခြင်းအား ဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြည်စုံစေခဲ့ပါသည်။ ထိုအရာသည် သမ္မာတရားဖြစ်သည့် ခရစ်ယာန်ခေါင်းဆောင်များအနေဖြင့် ဤအရာကို လျစ်လှူရှုထားကြသဖြင့် သင်ကြားခြင်းမပြုကြပေ။
ဘုရားသခင်၏နှုတ်ကပတ်တော်တည်းဟူသော အပြာရောင်၊ခ ရမ်းရောင်၊အနီရောင်နှင့်အဖြူရောင်ချည်ထည်က ကျွန်ုပ်တို့အား အပြစ်ရှိ ကြောင်းပြောပြသည့်အခါမှသာ ကျွန်ုပ်တို့အပြစ်ကင်လွတ်ကြောင်းသိရ ပါသည်။ အခြားသူတစ်ဦး၏ဝိညာဉ်အပြစ်ကင်းစင်ကြောင်း မည်သူမျှသက် သေမပြန်ိုင်ပါ။အခြားသူများ၏ကောင်းသောစကားများသည်လည်းအချည်း နှီးပင်ဖြစ်သည်။ ကျွန်ုပ်တို့အားအကောင်းဆုံး သောခရစ်ယာန်များအဆင့် အဖြစ် အမှတ်ပေးကြစေကားမူ ကျွန်ုပ်တို့ကယ်တင်ခြင်းရရှိနိုင်မည်လား။ ကျွန်ုပ်တို့သည် အခြားသူများကအသိ အမှတ်ပြုခြင်းဖြင့် ကယ်တင်ခြင်း ခံရသူများမဟုတ်ဘဲ ဘုရားသခင်၏နှုတ်ကပတ်တော်တည်းဟူသော အပြာ ရောင်၊ခရမ်းရောင်၊အနီရောင်နှင့်အဖြူရောင်ချည်ထည်အားဖြင့် ခရစ်တော် သည်ကျွန်ုပ်တို့အပြစ်များအားလုံးကို သန့်ရှင်းစေခဲ့ပါသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်ုပ်၏အပြစ်များကိုသာ ဖယ်ရှားပေးခဲ့ခြင်းမဟုတ်ဘဲ သင်၏အပြစ်များကိုသာ ဖယ်ရှားပေးခဲ့ခြင်းမ ဟုတ်ဘဲ သင်၏အပြစ်များကိုလည်း ဖယ်ရှားပေးခဲ့ပါသည်။ ဤအချက်က ယေရှုသည် မေရှိယဖြစ်သဖြင့် လူအပေါင်းတို့၏ အပြစ်ကိုဖယ်ရှားပေးခဲ့ပြီး၊ ထိုသို့ဖယ်ရှားခဲ့သည်ကို ယုံကြည်လက်ခံသူများအားသာ အပြစ်ဖြေလွှတ် ခွင့်ပေးခဲ့သည်ကို ယုံကြည်လက်ခံသူများအားသာ အပြစ်ဖြေလွှတ်ခွင့်ပေး ခဲ့ပါသည်။ ဤအရာသည်တဲတော်တံခါးမှ အတွင်းသို့မည်ကဲ့သို့ ဝင်ရောက် နိုင်ကြောင်းသိရှိနိုင်သည့် အချက်တည်းဟူသော ရေနှင့်ဝိညာဉ်တော်အား ဖြင့်အပြစ်ဖြေလွှတ်ခွင့်ကိုခံယူရရှိခြင်းဖြစ်သည်။
 
 
ပြည့်စုံသောကယ်တင်ခြင်းဆိုသည်မှာ အဘယ်နည်း
 
တဲတော်၏ ကုလားကာများကို အပြာရောင်၊ခရမ်းရောင်၊အနီ ရောင်နှင့်အဖြူရောင်ချည်ထည်များဖြင့် ယက်လုပ်ထားပါသည်။ ကျွန်ုပ်တို့ ၏သခင်သည်လောကသို့ကြွလာပြီးကျွန်ုပ်တို့အားအပြစ်များမှကယ်တင်ခဲ့ပြီဆိုသည့်ယုံကြည်ခြင်းတည်းဟူသော အပြည့်စုံသည့် ယုံကြည်ခြင်းရှိရ မည်။ သခင်ဘုရားသည် လူသားတစ်ယောက်၏ ခန္ဓာကိုယ်ကိုယူဆောင် ကာ မွေးဖွားခြင်းဖြင့်လောကသို့ ကြွဆင်းလာခြင်း၊ ဗတ္တိဇံဆရာယောဟန် ထံ၌ ဗတ္တိဇံခံ၍ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်း၊ သေခြင်းမှရှင် ပြန်ထမြောက်ခြင်း၊ ကယ်တင်ရှင်ဖြစ်လာခြင်း၊ စသည့်တို့ကို ကျွန်ုပ်တို့ သည် ယုံကြည်သောအခါ ဘုရားသခင်၏သားသမီးများ ဖြစ်လာကြပါ သည်။ ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များမှားယွင်းခြင်း၊ ကျွန်ုပ်တို့၏ ခန္ဓာ ကိုယ်သည် တန်ဖိုးမဲ့စေကာမူ ကျွန်ုပ်တို့၏ စိတ်ထဲတွင် အပြာရောင်း၊ ခ ရမ်းရောင်၊ အနီရောင်နှင့်အဖြူရောင်ချည်ထည်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်ကင်းသောသူများ ဖြစ်လာနိုင်ပါသည်။ထို့ကြောင့် ဖြောင့်မတ်သော သူဖြစ်ဖို့ရန် ယုံကြည်ခြင်းတစ်ခုတည်းအားဖြင့်သာဖြစ်နိုင်သည်။ ကယ်တင် ခြင်းအဖြစ် ထင်ရှားပေါ်လွင်ခဲ့သော အပြာရောင်း၊ ခရမ်းရောင်၊ အနီရောင် နှင့် အဖြူရောင်ချည်ထည်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းဝတ် လုံဘုရားသခင်သည် ကျွန်ုပ်တို့ကို ဝတ်ဆင်စေခဲ့ပါသည်။ ရေနှင့်ဝိညာဉ် တော်ဧဝံဂေလိတရားကိုယုံကြည်လိုက်စဉ်ကာလကျွန်ုပ်တို့သည် ဘုရားသ ခင်၏ သားသမီးများဖြစ်လာကြသည်။
သင်တို့အနက် တချို့သောသူများသည် ဤသမ္မာတရားကိုမသိ သေးဘဲရှိနိုင်သည်။ အကယ်၍ထိုသို့ဖြစ်နေလျှင် ဤစာအုပ်ကို ဆက်လက် ၍ဖတ်ဖို့(သို့)ဘုရားသခင်၏ အသင်းတော်ကိုဆက်လက်ပါဝင်ဖို့ ပြောပါရ စေ။ ကျွန်ုပ်တို့ရေးသားထားသည့် တဲတော်အကြောင်းကို တစ်ခေါက်ဖတ် ရုံဖြင့် ကောင်းစွာနားမလည်ဘဲ ယေဘုယအားဖြင့်သာ သိနိုင်သဖြင့်ထပ်မံ ၍ဖတ်မည်ဆိုလျှင် ရှင်းလင်းစွာ သဘောပေါက်လိမ့်မည်။ ဤအကြောင်း အရာများသည် ကလေးငယ်များကပင် အလွယ်တကူဖတ်ရှုသိမြင်နိုင်သော အကြောင်းအရာ ဖြစ်သည်။
လူတို့သည် သခင်ယေရှုအကြောင်းသိထားပြီးသားဖြစ်သည့် အ ကြမ်းအားဖြင့် သဘောပေါက်ခဲ့သောအရာကိုသာ အခြေခံမည်ဆိုလျှင် ယုံ ကြည်သူအဖြစ် နှစ်ပေါင်းမည်မျှပင် ကြာစေကာမူအပြစ်မှ ကွယ်ချွတ်ခြင်း ခံရမည်မဟုတ်ပါ။ သူတို့သည်နေ့စဉ် အပြစ်ကျူးလွန် နေကြဆဲဖြစ်သည်။ သူတို့သည်အပြစ်၏ ကျိန်ခြင်းအမင်္ဂလာမှ မလွတ်မြောက်နိုင်သဖြင့် နေ့စဉ် နှင့်အမျှ ငိုကြွေးနေကြရပါသည်။ သူတို့သည် အသက်တာအဆင်ပြေ သောအခါ ဘုရားသခင်က ကောင်းကြီးပေးထားကြောင်း ခံယူကြပါသည်။ သို့သော်အခက်အခဲနှင့် ကြုံတွေ့သောအခါအံ့ဩလျှက် “ကျွန်တော်ဆယ် ဖို့တစ်ဖို့မပေးဘဲနေလို့လား။ (သို့) အယင်အပတ်က ဘုရားကျောင်းမတက် လို့လား။ ကျွန်တော်ဘုရားသခင်၏ အမှုတော်ကိုကောင်းမွန်စွာ မလုပ် ဆောင်ခဲ့လို့လား။ဒါတွေကြောင့် ငါအပြစ်ပေးခြင်းခံရပြီထင်တယ်” ဟုပြော ဆိုလေ့ရှိကြသည်။ ထိုသို့ပင်သူတို့သည် နှုတ်ကပတ်တော် (ရောမ၄း၁၅)က “ပညတ်တရားအားဖြင့် အမျက်ဒေါသကျရောက်လာ၏” ဟုဖေါ်ပြခဲ့သည့် အတိုင်း အပြစ်တရားထဲတွင်သေလျှက် ပညတ်တရားချဉ်နှောင်မှုကို ခံကြ ရပါသည်။
အပြာရောင်၊ခရမ်းရောင်၊အနီရောင်နှင့်အဖြူရောင်ချည်ထည်အားဖြင့် ကြွလာသည့်ယေရှုခရစ်၏ အမှုတော်ဆောင်လုပ်ငန်း (၄)မျိုးကို သိမြင် နားလည်၍ယုံကြည်ခြင်းသည်မှန်ကန်ပြည်စုံသောယုံကြည်ခြင်းဖြစ်သည်။ ယေရှုခရစ်အားဖြင့် ပေးအပ်ခြင်းခံရသည့် သမ္မာတရားကို ကျွန်ုပ်တို့ သည်သဘောပေါက်ထားရမည်။ ကျွန်ုပ်တို့သည် ဤသမ္မာတရား(၄)မျိုးကို ရှင်းလင်းစွာသဘောပေါက်၍ယုံကြည်ခြင်းအားဖြင့် ကျန်းမာသန်စွမ်းသော ယုံကြည်ခြင်းကို ဘုရားသခင်၏ရှေ့တွင်ထားနိုင်ကြပြီး ပြည်စုံသောဘုရား သခင်၏သားသမီးများဖြစ်ကြလိမ့်မည်။ ကျွန်ုပ်တို့သည် ယေရှု၏အမှုတော် ဆောင်လုပ်ငန်း(၄)မျိုးကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည်အပြစ် ကင်းစင်သော ဖြောင့်မတ်သူအဖြစ်သော်၎င်း၊ အပြစ်ထဲမှကိုယ်တိုင်ကြိုးစား ရုန်းကန်၍ လွတ်မြောက်ခြင်းမဟုတ်သကဲ့သို့ စိတ်တန်ခိုးအားဖြင့် ထိုသို့ လွတ်မြောက်ခြင်းမဟုတ်ဘဲ (မိမိကိုယ်ပိုင်ကြိုးစားအားထုတ်မူ၊ ကောင်းမှု ကုသိုလ်) ကျွန်ုပ်တို့သည် မိုးပွင့်ကဲ့သို့ ဖြူစင်အောင်အပြစ်မှ ဆေးကြော ခြင်းခံရပြီး ဘုရားသခင်၏ပြည့်စုံသောသားသမီးများဖြစ်ကြပါသည်။
ကလေးငယ်တစ်ဦးသည် ကစားပြီးမိဘမျက်စိအောက် ငြိမ်းချမ်း စွာနေထိုင်သကဲ့သို့ ဤသမ္မာတရားကို ယုံကြည်သော ကျွန်ုပ်တို့သည် ဂရု ဏနှင့်ပြည့်စုံသော ခမည်းတော်ဘုရားသခင်၏ ရှေ့မှောက်တွင်စိတ်ထဲ၌ ငြိမ်သက်ခြင်းအပြည့်အဝခံစားရပါသည်။ သင်ပြုသောကုသိုလ်ကောင်းမှု မ ပြည့်စုံသော်လည်း သင်လုပ်ဆောင်ရမည့် တစ်ခုတည်းသောအလုပ်မှာ- သ ခင်ဘုရား၏ လုပ်ဆောင်ချက်များကို ယုံကြည်လက်ခံဖို့ဖြစ်ပြီး သင်၏ချို့ တဲ့မှုကိုမြင်တွေ့လေလေ ဘုရားသခင်၏မေတ္တာကို ပိုမိုခံစားလေလေဖြစ် လိမ့်မည်။
သင်၏အပြစ်ဆေးကြောခြင်းခံရဖို့ရန် အပြာရောင်၊ခရမ်းရောင်၊အ နီရောင်နှင့်အဖြူရောင်ချည်ထည် သမ္မာတရားကိုခံယူဖို့ သင်သည်ယနေ့ တိုင် စိတ်ရှုပ်ထွေးနေပါသလား။ ယခုဆိုလျှင် ဤသမ္မာတရားကို ယုံကြည် လက်ခံဖို့ ရှုပ်ထွေးစရာမလိုတော့ဘဲ လျှင်မြန်စွာလက်ခံဖို့ ဘာလိုအပ် လျှက်ရှိသည်။ ရေ၊အသွေးတော်နှင့် ဝိညာဉ်တော်အားဖြင့် ကြွလာတော် မူသောယေရှုခရစ်ကို မှန်ကန်စွာသိမြင် ယုံကြည်ခြင်းဖြင့် ထိုသူသည်ဘုရား သခင်၏ သားသမီးဖြစ်လာနိုင်ပါသည်။ သူတို့သည် အတုအယောင်အပြု အမူအားဖြင့် ဘုရားသခင်အားအစေဖို့မဟုတ်ဘဲ မေတ္တာ၊ယုံကြည်ခြင်းအား ဖြင့် ရှေးဦးစွာအစေခံရမည်။ အကြောင်းမူကား ဘုရားသခင်သည် ကျွန်ုပ် တို့အားလူထုပရိသတ်ကိုပေးပြီး အတူလျှောက်လှမ်းခဲ့ကြောင်း ယုံကြည် ခြင်းအားဖြင့်သိရပါသည်။ ကျွန်ုပ်တို့သည် သူ့ကို ယုံကြည်သဖြင့် သူသည် ကျွန်ုပ်တို့ကို ကူညီခဲ့ပါသည်။ အကြောင်းမူကား ကျွန်ုပ်တို့၏ ယုံကြည် ခြင်းတည်ရာဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ယေရှုသည် ကျွန်ုပ်တို့ကိုကယ် တင်ခဲ့ပြီးသူ၏ဖြောင့်မတ်ခြင်းအမှုကို အစေခံဖို့ ကျွန်ုပ်တို့အားရွေးကောက် ခဲ့ပါသည်။
ဘုရားသခင်သည် တဲတော်အပြင်ဖက်တွင် ကယ်တင်ခြင်းတံခါး ကုလားကာကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင် ချည်ထည်ကို ကယ်တင်ခြင်းတည်းဟူသော တိကျသည့် အပြစ်ဖြေလွှတ် ခွင့်ကို ရရှိစေဖို့အလို့ငှါ ပြုလုပ်ပေးခဲ့ကြောင်း ယခုကျွန်ုပ်တို့ ရှင်းလင်းစွာ သဘောပေါက်ရမည်။ သမ္မာကျမ်းစာက ယေရှုသည် ရေ၊ အသွေးတော်နှင့် ဝိညာဉ်တော်အားဖြင့် ကြွလာပြီး အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင်ချည်ထည်အား ယက်လုပ်ထားသော တဲတော်ကုလားကာ အားဖြင့်ဓမ္မဟောင်းကျမ်းထဲတွင် ကယ်တင်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ကျွန်ုပ်တို့၏သခင်သည် အပြစ်မှကယ်တင်ခဲ့သော ကယ်တင်ခြင်း တံခါး ဖြစ်သည်။ မေရှိယ၏ လုပ်ငန်း(၄)မျိုးတည်းဟူသော ကျွန်ုပ်တို့အား အပြစ် ထဲမှ အမှန်တကယ် ကယ်တင်ခဲ့သောအမှုကို ကျွန်ုပ်တို့ယုံကြည်ရမည် ဖြစ်ပြီး နောက်နောင်တွင်လည်း ဆက်လက်ယုံကြည်ရဦးမည်။
 
 
ယေရှုယောဟန်ထံတွင် ဗတ္တိဇံခံယူခဲ့သောအရာသည် တဲတော်တံခါး ကုလားကာကို အပြာရောင်ချည်ထည်အားဖြင့် ယက်လုပ်ခဲ့သည့် ပုံဆောင်ချက်ဖြစ်သည်
 
“ထိုအခါယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှါဂါလိလဲပြည်မှယောဒန် မြစ်နား ယောဟန်ထံသို့ကြွတော်မူ၏။ ယောဟန်ကလည်း အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံခံရမည့်အကြောင်းရှိပါသည်ဖြစ်၍ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလော့ဟု ယေရှုကို ဆီးတားလေ၏။ ယေ ရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ထိုအခါ ယောဟန်သည် ဝန်ခံလေ ၏။ယေရှုသည်ဗတ္တိဇံကိုခံတော်မူပြီးလျှင်ရေမှပေါ်ထစဉ်တွင်ကောင်းကင် ဖွင့်လှစ်သဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက် ၍ကိုယ်တော်အပေါ်၌ နားတော်မူသည်ကိုမြင်ရ၍ ဤသူကား ငါနှစ်သက် မြတ်နိုးရာ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်ကအသံတော် ဖြစ်လေ ၏” (မသဲ ၃း၁၃-၁၇) ယေရှုသည် အပျိုကညာမာရိမှ မွေးဖွားခြင်းခံခဲ့ရပြီး အနှစ်(၃၀)တွင် ထိုသို့ဗတ္တိဇံကို ခံယူခဲ့ပါသည်။ “ထိုအခါ” ဟူသော စကား လုံး၏ အဓိပ္ပါယ်မှာ ယောဟန်နှင့်ယေရှု နှစ်ဦးစလုံးတို့သည် အသက် (၃၀)ပြည့်ကြပြီဟု ဆိုလိုခြင်းဖြစ်သည်။
ဗတ္တိဇံဆရာယောဟန်သည် သခင်ယေရှုမတိုင်မီ (၆)လကြိုတင် လောကသားများကို နောင်တနှင့်ဆိုင်သော ဗတ္တိဇံပေးဖို့ရန် မွေးဖွားခဲ့ပါ သည်။ (မသဲ ၃း၁၁၊ ၁၁း၁၁) ယေရှုသည် အသက်(၃၀)နှစ်ပြည့်သောအခါ ဤယောဒန်မြစ်တွင် ဗတ္တိဇံခံပေးနေလျက်ရှိသော ယောဟန်ထံသို့ ဗတ္တိဇံခံ ဖို့သွားခဲ့ပါသည်။ ဗတ္တိဇံဆရာယောဟန်က ယေရှုကို တားဆီးလျက် “အ ကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကို ခံရမည်အကြောင်းရှိပါသည်ဖြစ်၍ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလော”ဟု ပြောသော အခါ ယေရှုက “အလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ် ၍ ယခုအခွင့်ပေးပါ”ဟုဖြေကြားခဲ့ပါသည်။ ယောဟန်ကအခွင့်ပေးခဲ့သဖြင့် ယေရှုသည် ဗတ္တိဇံကိုခံယူခဲ့ပါသည်။ သမ္မာကျမ်းစာက မှတ်တမ်းတင်ထား သည်မှာယေရှုသည် ဗတ္တိဇံခံသည့်အခါ ကောင်းကင်သည် သူ့အားဖွင့် လှစ်ပြီး ထိုနေရာမှ “ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေ တည်း” ဟု အသံတော်ပေါ်ထွက်လာခဲ့ပါသည်။
မဿဲ(၃း၁၅)တွင် ယေရှုသည် ယောဟန်ထံ၌ အဘယ်ကြောင့်နှစ် ခြင်းမင်္ဂလာခံယူခဲ့ကြောင်း ဖော်ပြထားခဲ့ပါသည်။ “အလုံးစုံသောတရား တို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါ” ဟူသော သမ္မာ ကျမ်းစာ၏ဖော်ပြချက်သည် တဲတော်ကုလားကာအဖုံးဖြစ်သည့် အပြာ ရောင်ချည်ထည်ကိုရည်ညွှန်းလိုခြင်းဖြစ်သည်။သခင်ယေရှုသည် ယောဟန် ထံ၌ ဗတ္တိဇံခံယူရခြင်း၏ရည်ရွယ်ချက်မှာ အပြစ်သားများကို အပြစ်မှခွင့် လွှတ်ဖို့ဖြစ်ပြီး ထိုခွင့်လွှတ်ခြင်းသည် တဲတော်ကုလားကာဖြစ်သော အပြာ ရောင်၊ခရမ်းရောင်၊အနီရောင်ချည်ထည်အားဖြင့်ဓမ္မဟောင်းကျမ်းတွင် ဖော် ပြကာ ဖြောင့်မတ်ခြင်းတရားကို အကုန်အစင် ကျင့်သင့်သည်ဟု ဆိုရာတွင် အားလုံးအကျုံးဝင်သွားပါသည်။
ယေရှုခရစ်သည် တစ်ဦးချင်းစီ၏အပြစ်ကို သူ့အပေါ်သို့တင်၍ ယောဟန်ထံ၌ဗတ္တိဇံခံယူခဲ့သည်မှာဘုရားသခင်၏ဖြောင့်မတ်သော မေတ္တာ နှင့်အပြစ်သားများအတွက်ကယ်တင်ခြင်းလုပ်ငန်းပြည့်စုံခြင်းပင်ဖြစ်သည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီး ခြင်းသို့မရောက်၊ ထာ၀ရအသက်ကိုရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသား တို့ကို ချစ်တော်မူ၏” (ယောဟန် ၃း၁၆) ကျွန်ုပ်တို့အားလော ကအပြစ် များမှ ကယ်တင်ဖို့ရန် ယေရှုသည် ယောဟန်ထံ၌ ဗတ္တိဇံကိုခံ ယူခဲ့ပြီဖြစ် သဖြင့်ကျွန်ုပ်တို့သည် အပြစ်ကြောင့် ရှုတ်ချခြင်းမခံရတော့ပါ။ ဤအ ကြောင်းအရာသည်ယေရှုကအဘယ်ကြောင့်ဘုရားသခင်၏ဖြောင့်မတ်ခြင်း အလုံးစုံတို့ကို ယူဆောင်ကာ လောကသားအားလုံး၏ အပြစ်ကို သူ့အပေါ် သို့တင်၍ယောဟန်ထံ၌ ဗတ္တိဇံခံယူခဲ့ခြင်းဖြင့် ဖြောင့်မတ်ခြင်း တရားအ လုံးစုံတို့ကို ပြည့်စုံစေခဲ့ပါသည်။
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားအလုံးစုံ ဆိုသည်မှာအဘယ် နည်း။ အထက်ပါကျမ်းပိုဒ် ကျွန်ုပ်တို့အားယေရှုသည် ယောဟန်ထံ၌ ဗတ္တိ ဇံခံရခြင်းသည် ခမည်းတော်ဘုရား၏ ဖြောင့်မတ်ခြင်းတရားကို ပြည့်စုံစေ လိုသောကြောင့် ဖြစ်သည်ဟု ရေးသားဖော်ပြခဲ့ပါသည်။
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကဆိုလိုသော တိကျသည့်အ ဓိပ္ပါယ်ကိုကျွန်ုပ်တို့အနေဖြင့်ရှာဖွေတွေ့ရှိဖို့ လိုအပ်ပါသည်။ “အလုံးစုံသော ဖြောင့်မတ်ခြင်းတရားဆိုသည်မှာ-ယေရှုသည် လောကသားအားလုံး၏ အ ပြစ်ကိုသူ့အပေါ်သို့တင်၍ ယောဟန်ထံ၌ ဗတ္တိဇံခံယူခဲ့သည်ကို ဆိုလို သည်။ ထိုသို့ဗတ္တိဇံခံယူခြင်းအားဖြင့် လောကသားအားလုံး၏ အပြစ်များကို တစ်ပြိုင်နက်တည်း သယ်ဆောင်သွားခဲ့ပါသည်။ သူ၏မွေးဖွားရခြင်း အ ကြောင်းရင်းမှာ လောကသားအားလုံး၏အပြစ်ကို တစ်ခါတည်းအားလုံးယူ ဆောင်ကာ ယောဟန်ထံ၌ ဗတ္တိဇံခံယူခြင်သည် ဖြောင့်မတ်သောအမှုဖြစ် ၍” အလုံးစုံသောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို ပြည့်စုံစေခြင်း ဆိုသည်မှာ ကယ်တင်ခြင်းတည်းဟူသော လောကသားအားလုံး၏ အပြစ် ကိုဖယ်ရှားခြင်းဖြစ်သည်။
ယေရှု၏ ဗတ္တိဇံခံယူခြင်းဆိုသည်မှာ ကျွန်ုပ်တို့အား အပြစ်မှကယ် ချွတ်ဖို့ရန် မရှိမဖြစ်လိုအပ်သော ဘုရားသခင်၏ နည်းစနစ်ဖြစ်သည်။ ဓမ္မ ဟောင်းကျမ်းတွင် ကျွန်ုပ်တို့၏အပြစ်များကို ဖယ်ရှားဖို့ရန် ယောဟန်ကို လူသားတို့၏ ကိုယ်စားလှယ်အဖြစ် ပေါ်ထွန်းစေပြီး သူ၏သားတော်အပေါ် သို့လောကသားအားလုံးအပြစ်ကို သူ့အပေါ်သို့တင်၍ ဗတ္တိဇံကိုပေးစေခဲ့ ပါသည်။ဤသို့ ပြုလုပ်ခြင်းသည် ဘုရားသခင်၏ ကရုဏာတော်မှတစ်ပါး အခြားမဖြစ်နိုင်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့အား အလွန်ချစ်တော် မူ သောကြောင့်ယေရှုအားယောဟန်ထံ၌ ဗတ္တိဇံကိုခံခိုင်းကာ သူ၏သားသမီး များ ပြန်ဖြစ်စေ၍ အပြစ်များအားလုံးကို သုတ်သင် ဖယ်ရှားခြင်းအားဖြင့် ဖြောင့်မတ်ခြင်းတရားကို ပြည့်စုံစေခဲ့ပါသည်။ ထို့ကြောင့် ဘုရားသခင် သည် ယေရှုဗတ္တိဇံခံ၍ ရေပေါ်မှထလာစဉ် “ဤသူကား ငါနှစ်သက်မြတ် နိုးရာ ငါ၏ချစ်သားပေတည်း” ဟု ပြောဆိုခဲ့ပါသည်။ တစ်နည်းအားဖြင့် ခမည်းတော်ဘုရားသခင်က ဗတ္တိဇံခံခြင်းအားဖြင့် သင်တို့၏အပြစ်အား လုံးကို သူ့အပေါ်သို့တင်လျက် သယ်သွားစေခဲ့ပြီဟု ဆိုလိုရင်းဖြစ်သည်။
တစ်နည်းအားဖြင့် ယေရှုခရစ်သည် လောကသို့ကြွလာ၍ ယော ဟန်ထံ၌ ဗတ္တိဇံခံသည့်နည်းလမ်းဖြင့်ကျွန်ုပ်တို့၏ အပြစ်အားလုံးကို တစ်ခါ တည်းသယ်ဆောင်ခြင်းသည် အသင့်မြတ်ဆုံးနည်းလမ်းဖြစ်ပြီး ကျွန်ုပ်တို့ ၏ အပြစ်အားလုံးကို ဖယ်ရှားဖို့ ယဇ်ပူဇော်ခြင်း ပြုလုပ်ခဲ့ပါသည်။
ဘုရားသခင်၏သားတော်ကျွန်ုပ်တို့အဖို့ ဗတ္တိဇံကိုခံယူခြင်း၊ ကျွန်ုပ် တို့၏အပြစ်အားလုံးကို သူ့အပေါ်သို့တင်၍ ထိုအပြစ်များကို လက်ဝါးကပ် တိုင်အဖြစ်ထမ်းကာ အသွေးတော်သွန်းလောင်းပြီး ကားစင်အတင်ခံရခြင်း ဖြင့်ကျွန်ုပ်တို့အားလုံး၏ကယ်တင်ရှင် ဖြစ်လာခဲ့ပါသည်။ တစ်နည်းအားဖြင့် ယုံကြည်သူကျွန်ုပ်တို့အားလုံးကို ဗတ္တိဇံခံယူခြင်းဖြင့် အပြစ်အားလုံးသူ့အ ပေါ်သို့တင်၍ လက်ဝါးကပ်တိုင်တွင် အသွေးတော်သွန်းလောင်းကာ အသေ ခံခြင်းဖြင့် ကယ်တင်တော်မူ၍ သေခြင်းမှပြန်လည်၍ ရှင်ပြန်ခဲ့ပါသည်။ သေခြင်းမှရှင်ပြန်ခဲ့ပြီး ကယ်တင်ခြင်အမှုကို ပြည့်စုံစေခဲ့ပြီး ယခုအခါခ မည်းတော်ဘုရား၏ လက်ယာဖက်တွင် ထိုင်လျက်ရှိပြီး အချိန်တန်သော အခါ ဧကန်ပြန်လာလိမ့်မည်။ဤသမ္မာတရားသည် ရေနှင့်ဝိညာဉ် ဧဝံဂေလိ တရားဖြစ်သည့်အပြင်ကယ်တင်ခြင်း၏အဓိကအကြောင်းတ ရားဖြစ်သည်။
“ဝင်းတံခါး၀၌ ကာရန် ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍ ချယ်လှယ်သောကုလားကာ အတောင် နှစ်ဆယ်နှင့်တကွ တိုင်လေးတိုင် ခြေစွပ်လေးခုရှိရမည်” (ထွက်မြောက် ရာကျမ်း ၂၇း၁၅-၁၆)။ တဲတော်တံခါး၏ ကုလားကာကို အပြာရောင်၊ ခရမ်း ရောင်၊အနီရောင်၊အဖြူရောင်ချည်ထည်ဖြင့် ယက်လုပ်ထားပါသည်။ ဤ သမ္မာ တရားက ကယ်တင်ခြင်းဆုကျေးဇူးကို ယုံကြည်လက်ခံခြင်းအားဖြင့် ကျွန်ုပ်တို့သည်ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်နိုင်သည့် အကြောင်းကို ဖော်ပြပါသည်။ 
အပြာရောင်ချည်ထည်-တဲတော်တံခါး၏ကုလားကာကိုအပြာ ရောင်ချည်ထည်အားဖြင့် ယက်လုပ်ထားသည်ဆိုသည့်အဓိပ္ပါယ်မှာ-ယေရှု သည်လော ကသို့ကြွလာ၍ ဗတ္တိဇံကိုခံယူသည့်အခါ လောကသားအား လုံး၏ အပြစ်ကို သူ့အပေါ်သို့ တင်ထားခဲ့ကြောင်း ဆိုလိုပါသည်။
ခရမ်းရောင်ချည်ထည် ဆိုသည်မှာ- ကျွန်ုပ်တို့၏အပြစ်အတွက် ဗတ္တိဇံကိုခံခဲ့သော ယေရှုသည် သင်နှင့်ကျွန်ုပ်အပါအဝင် စင်္ကြာ၀ဠာ တစ်ခု လုံးကိုဖန်ဆင်းခဲ့သောအရှင်ဖြစ်သည်။ခရမ်းရောင်သည်ရှင်ဘုရင်၏ သင်္ကေ တဖြစ်၍ ယေရှုသည် ဘုရင်တကာတို့၏ ဘုရင်ဖြစ်သည်။ (ယော ၁၉း၂-၃) ခရစ်ဆိုသည့်စကားလုံး၏အဓိပ္ပါယ်မှာ ဘိသိတ်ပေးခြင်းခံရသူဟူ၍ ဖြစ်သ ဖြင့် ရှင်ဘုရင်၊ယဇ်ပရောဟိတ်နှင့် ပရောဖက်တို့ကိုသာ ထိုသို့သောဘိသိတ် ပေးခြင်းရှိသည်။ယေရှုသည်လူခန္ဓာကိုယ်ဖြင့်လောကသို့ကြွဆင်း လာသော် လည်း ဘုရင်တကာတို့၏ဘုရင်ဖြစ်ကြောင်း သက်သေထူနိုင်ခဲ့ပါသည်။ တစ်နည်းအားဖြင့် ယေရှုသည် စင်္ကြာ၀ဠာတစ်ခုလုံးကို ဖန်ဆင်းသည့် ဖန် ဆင်းရှင် သခင်ဖြစ်သည်။ ယေရှုသည် အနန္တတန်ခိုးရှင်နှင့် တစ်ပါးတည်း သော သားတော်လည်းဖြစ်သည်။
အနီရောင်ချည်ထည်ဖြင့် ယက်လုပ်ထားသော တဲတော်၏ကုလား ကာဆိုသည်မှာ- ဘုရင်တကာတို့၏ဘုရင်သည် လူ၏ခန္ဓာကိုယ်ကို ယူ ဆောင်လျက် လောကသို့ကြွလာပြီး ဗတ္တိဇံကိုခံခြင်းဖြင့် လောကသားအား လုံး၏အပြစ်ကို သူ့အပေါ်သို့ တင်တော်မူ၍ လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း၍ အသေသတ်ခြင်းကို ခံခဲ့ရသည်ဟုဆိုလိုပါ သည်။ ယေရှုသည် ထိုသို့ဗတ္တိဇံခံယူခြင်း၊ တန်ဖိုးကြီးမားသည့် အသွေး တော်သွန်းလောင်းခြင်းနှင့် မိမိကိုယ်ကို ယဇ်ပူဇော်ခြင်းအားဖြင့် ကျွန်ုပ်တို့ ကိုယ်စား အပြစ်၏အဖိုးအခကို ပေးချေခဲ့ပါသည်။
နောက်ဆုံးအဖြူရောင်ချည်ထည်(မောင်းသောအထည်)ဆိုသည် မှာအသေးစိတ်ဖော်ပြထားသောဘုရားသခင်၏ဓမ္မသစ်နှင့် ဓမ္မဟောင်းအား ဖြင့် ကယ်တင်ခြင်းတရားရေးသားဖော်ပြထားပါသည်။ မ္မဟောင်းကျမ်းထဲ တွင်အပြစ်သားများအတွက် ကယ်တင်ရှင်အဖြစ်ကြွလာဖို့ ကတိတော်ပေး ထားပြီးထိုကတိတော်အတိုင်း ဓမ္မသစ်ကျမ်းတွင် ဘုရားသခင်ကိုယ်တော် တိုင်ဖြစ်တော်မူသော ယေရှုခရစ်သည် လောကသို့ကြွဆင်းလာပြီး ဗတ္တိဇံ ခံလျက် လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းခြင်းဖြင့် ကျွန်ုပ်တို့၏အပြစ်များ အဖိုးအခအတွက် မိမိကိုယ်ကို ယဇ်ပူဇော်ခဲ့ပါသည်။
ဘုရားသခင်သည် အပြာရောင်ချည်ထည်အားဖြင့် ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ကို ကယ်တင်ဖို့ရန် လောကသို့ကြွဆင်းလာပြီး ကျွန်ုပ်တို့၏အ ပြစ်အားလုံးကို ယူတင်ဆောင်ရွက်ကာ ဗတ္တိဇံကိုခံယူမည့်အကြောင်း ခရမ်း ရောင်ချည်ထည်အားဖြင့် သူသည် လူသားစင်စစ်အဖြစ် ဗတ္တိဇံကို ခံယူခဲ့ သော်လည်း ဘုရားသခင်စင်စစ်ဖြစ်ကြောင်း အနီရောင်ချည်ထည်အားဖြင့် သူသည် သင်နှင့် ကျွန်ုပ်အား ကယ်တင်ဖို့ရန် လောကသို့ကြွလာလျက် ဗတ္တိဇံယူပြီး အပြစ်တည်းဟူသော လက်ဝါးကပ်တိုင်ကိုထမ်း၍ သူ၏တန် ဖိုးကြီးမားသော အသွေးတော်ကို သွန်းလောင်းခဲ့ကြောင်း ပေါ်လွင်ထင်ရှား စေခဲ့ပါသည်။
တစ်နည်းအားဖြင့် ဓမ္မဟောင်းကျမ်းတွင် ဖော်ပြခဲ့သော ကယ်တင် ခြင်းကတိတော်သည် မောင်းသောအထည် (အဖြူရောင်) အားဖြင့် ပေါ် လွင်ထင်ရှားခဲ့ပါသည်။ ထို့ကြောင့် တဲတော်၏ကုလားကာများကို အပြာ ရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင် ချည်ထည်အားဖြင့် ယက်လုပ် စေခဲ့ခြင်းဖြစ်သည်။ တဲတော်၏တံခါးများကို ကျွန်ုပ်တို့ကြည့်မည်ဆိုလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့အား အပြစ်မှကယ်တင်မည့်အကြောင်းကို ရှင်းလင်းစွာဖော်ပြထားခဲ့ပြီး တဲတော်တံခါး(၄)ပေါက်၊ တဲတော်ကုလားကာ ချည်ထည်(၄)မျိုး၏ ဝိညာဉ်ရေးရာ အနက်အဓိပ္ပါယ်ကို ယုံကြည်လက် ခံရမည်။
တဲတော်တံခါးကုလားကာအရောင်(၄)မျိုးအကြောင်းကို ပြောမည် ဆိုလျှင် သမ္မာကျမ်းစာက အပြာရောင်ချည်ထည် အကြောင်းကို ရှေးဦးစွာ ဖော်ပြထားပါသည်။ လူ့အပိုင်းကစဉ်းစားကြည့်မည်ဆိုလျှင် ခရမ်းရောင်၊ အပြာရောင်၊ အနီရောင်ဟူ၍ အစီအစဉ်ချနိုင်သော်လည်း သမ္မာကျမ်းစာ၏ စနစ်တကျပြုလုပ်ထားသော အစီအစဉ်မှာ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ဟူ၍ ဖြစ်သည်။ ဤအစီအစဉ်က အပြာရောင်ချည်ထည်၏ အရေးပါအရာရောက်မှုကို ပြသခဲ့ပါသည်။ ယေရှုခရစ်သည် စစ်မှန်သော လောကကယ်တင်ရှင်အနေဖြင့် ကြွလာပြီး ယောဟန်ထံတွင် ဗတ္တိဇံမခံ ယူဘဲ ကျွန်ုပ်တို့သည် အပြစ်ထဲမှဆေးကြောသန့်ရှင်းခြင်း မရရှိနိုင်ပါ။ ဤ သို့ပြုလုပ်ရခြင်းမှာ-ယေရှုသည်ကျွန်ုပ်တို့အားအပြစ်မှကယ်တင်ဖို့ရန် လော ကသို့ကြွလာပြီးဗတ္တိဇံခံယူကာလက်ဝါးကပ်တိုင်တွင် အသေသတ်ခြင်းခံရ ကာခမည်းတော်ဘုရားသခင်၏အလိုတော်အားလုံးကိုနာခံခဲ့ပါသည်။
ယေရှုသည် စင်္ကြာ၀ဠာတစ်ခုလုံး ဖန်ဆင်းတော်မူသောအရှင်၊ ကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်သည်။ သူသည် ကျွန်ုပ်တို့အား ဖန်ဆင်းသည့် အပြင်သူကိုယ်တိုင်မွေးဖွားခြင်း ခံယူလျက် ကျွန်ုပ်တို့အား အသစ်သောအ သက်ကိုပေး၍အသက်တာအသီးသီးကိုပ်စိုးလျက်ရှိသည်။ ကျွန်ုပ်တို့အား အပြစ်မှ ကယ်တင်ဖို့ရန်လောကသားများ၏ ကိုယ်စားလှယ်အဖြစ် လော က သားအားလုံး၏ အပြစ်ကို ယူတင်ဝတ်ဆောင်၍ ယောဟန်ထံသို့သွား၍ ယေရှုသည်ဗတ္တိဇံကိုခံယူခဲ့ပါသည်။ တစ်နည်းအားဖြင့် လောက၏ ကယ် တင်ရှင်ဖြစ်သည်။
ယေရှုသည် ကျွန်ုပ်တို့အား အပြစ်ချည်နှောင်ခြင်းထဲမှ လွတ် မြောက်စေဖို့ရန် လောကသို့ကြွလာပြီး လောကသားအားလုံး၏ အပြစ်များ ကို ယူတင်ဆောင်ရွက်ကာ ယောဟန်ထံ၌ ဗတ္တိဇံကိုခံယူခဲ့ပါသည်။ ယေရှု သည်ရှေးဦးစွာ ဗတ္တိဇံကိုမခံရဘဲ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံနိုင် မည်လား။ကျွန်ုပ်တို့အား ယေရှုခရစ်၏ ကယ်တင်ခြင်းသည် တဲတော်တံ ခါးအားဖြင့် ရှင်းလင်းစွာပြသခဲ့ပြီး ၎င်းသည် ကျစ်လစ်မှုရှိသော ကယ်တင် ခြင်းနည်းဥပဒေသဖြစ်သည်။
တစ်နည်းအားဖြင့် တဲတော်တံခါး ကုလားကာအရောင်(၄)မျိုးအား ဖြင့်ယေရှုခရစ်သည် လောကသို့ကြွဆင်းလာပြီး လောကသားအားလုံး၏အ ပြစ်ကို ယူတင်ဆောင်ရွက်ကာ ယောဟန်ထဲ၌ ဗတ္တိဇံကိုခံယူလျက် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခဲ့ရပါသည်။ ယေရှုဗတ္တိဇံခံသည့်အခါ ကောင်းကင်တံခါးဖွင့်လှစ်လျက်ဘုရားသခင်က “ဤသူကားငါနှစ်သက် မြတ်နိုးရာ ငါ၏ချစ်သားပေတည်း”ဟုပြောခဲ့ပါသည်။ ယေရှုခရစ်သည် ကျွန်ုပ်တို့၏မေရှိယ၊ကယ်တင်ရှင်၊ ဘုရားသခင်၏သားတော်၊ စင်္ကြာ၀ဠာ တစ်ခုလုံးအားသူ၏နှုတ်တော်ထွက်စကားဖြင့် ဖန်ဆင်းခဲ့သောအရှင်ဖြစ် သည်။ယေရှုသည်သန့်ရှင်းသောဘုရားသခင်ဖြစ်သည့်အားလျော်စွာ ကျွန်ုပ် တို့၏ကယ်တင်ရှင်ဖြစ်ဖို့အလိုငှါလောကသားအားလုံး၏ အပြစ်ယူဆောင် ကာ ယောဟန်ထံ၌ဗတ္တိဇံကိုခံယူခဲ့ပါသည်။
ယေရှုခရစ်သည် စင်္ကြာ၀ဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူ၍ ပိုင်သ အုပ်စိုးသဖြင့် ကျွန်ုပ်တို့အား အပြစ်သားဘ၀မှ ကယ်တင်ခဲ့ကြောင်း ရှင်း လင်းစွာဖော်ပြခဲ့ပါသည်။ထို့ကြောင့်ယေရှုခရစ်သည်လောကသို့ဆင်းသက်ကြွလာလျက် လောကသားအားလုံး၏ အပြစ်ကိုယူတင်ဝတ်ဆောင်ကာ ယောဟန်ထံသို့သွား၍ ဗတ္တိဇံခံယူခြင်းဖြင့် လက်ဝါးကပ်တိုင်ကိုထမ်း၍ အသွေးတော်သွန်းလောင်းကာ အသေခံခြင်းဖြင့် ကျွန်ုပ်တို့အားအပြစ်မှ ကယ်ချွတ်ရှင်သခင်ဖြစ်ခဲ့ပါသည်။ ယေရှုခရစ်သည် ဖန်ဆင်းရှင်ဖြစ်သည့် အပြင် သေခြင်းနှင့်အသက်ရှင်ခြင်းကို အစိုးရတော်မူ၍ စင်္ကြာ၀ဠာတစ်ခု လုံးကို ဖန်ဆင်းသည့်အပြင် ကျွန်ုပ်တို့ ဘိုးဘွားများအပါအဝင် လူသားမျိုး နွယ်တစ်ရပ်လုံးကို လောကသို့ဆောင်သွင်းခဲ့ပါသည်။ သူသည် ဧကန်စင် စစ် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့် မောင်းသောအထည် (အဖြူ ရောင်ချည်ထည်) ဖြစ်တော်မူ၏။
ဘုရားသခင်ကိုယ်တိုင် အပြစ်သားများအတွက် ပူဇော်သော ယဇ် ကောင်အဖြစ်လောကသို့ကြွဆင်းလာခဲ့ပါသည်။ ကျွန်ုပ်တို့အား ကယ်တင်ခဲ့ သောယေရှုသည် အနန္တတန်ခိုးရှင်၊ ကရုဏာနှင့်ပြည့်၀သောဘုရားဖြစ် သည်။ ဤသို့ဖြစ်ရသည့် အကြောင်းမှာယေရှုခရစ်သည် ကျွန်ုပ်တို့ လောက သားအားလုံး၏ အပြစ်များကိုယူတင်ဆောင်ရွက်လျက် ယောဟန်ထံသို့ သွား၍ဗတ္တိဇံခံယူကာ လက်ဝါးကပ်တိုင်ကိုထမ်း၍ ထိုလက်ဝါးကပ်တိုင် ပေါ်တွင် တန်ဖိုးကြီးမားသော သူ၏အသွေးတော်ကို သွန်းလောင်းကာ ဘု ရားသခင်၏ ဖြောင့်မတ်ခြင်း တရားအလုံးစုံတို့ကို ပြည့်စုံစေခဲ့ပါသည်။ တဲ တော်တံခါး၀တွင်၏အပြစ်နှင့်ဆိုင်သောယဇ်ကိုပူဇော်သကဲ့သို့ ယေရှုခရစ် တော်သည်လည်း လောကသားအားလုံး၏ အပြစ်ကြောင့် အသေခံခဲ့ရ ပါသည်။
ထို့ကြောင့်တဲတော်၏ ကုလားကာများကိုသာ အပြာရောင်၊ ခရမ်း ရောင်၊အနီရောင်၊အဖြူရောင်ချည်ထည်အားဖြင့်ယက်လုပ်ထားခြင်းမဟုတ် ဘဲ သန့်ရှင်းရာဌာန၊ အသန့်ရှင်းသောဌာနအားလုံးတို့ကို အပြာ ရောင်၊ခ ရမ်းရောင်နှင့် အဖြူရောင်ချည်ထည်များဖြင့် ဖုံးလွှမ်းစေခဲ့ခြင်းဖြစ် သည်။ ယေရှုခရစ်တော် ယောဟန်ထံ၌ ဗတ္တိဇံခံယူခဲ့သည်ကို ယုံကြည်ခြင်း အား ဖြင့် သင်နှင့်ကျွန်ုပ် အပြစ်များမှ ကယ်လွှတ်ခြင်းရရှိနိုင်သည်။ ယေရှုသည် ဗတ္တိဇံခံခြင်းအားဖြင့် ဖြောင့်မတ်ခြင်းတရားအလုံးစုံတို့ကို ကျင့်ခဲ့ပြီး၊ လော ကသားအားလုံး၏ အပြစ်တို့ကို သူ့အပေါ်သို့ယူတင်ဆောင်ရွက်ခြင်း အား ဖြင့်ပြည့်စုံခြင်းသို့ ရောက်စေခဲ့ပါသည်။ ကျွန်ုပ်တို့၏အပြစ်အားလုံး ယေရှု အပေါ်သို့ရောက်ရှိခဲ့ပြီဆိုသည့် သမ္မာတရားကို သင်သည် သဘော ပေါက်ခဲ့ သော ယုံကြည်ဖို့သာရှိလိုအပ်လျက်ရှိသည်။ 
သို့သော် ခရစ်ယာန်အများစုသည် ဆင်ခြင်တွေးတွေခြင်းမရှိဘဲ ဇွတ်နှင့်အတင်းယေရှုကိုယုံကြည်တတ်လေ့ရှိကြသည်။ သူတို့သည် ပညတ် တရားနှင့်ဆန့်ကျင်သည့် ဘာသာရေးခံယူချက်ကို စွန့်ပယ်ဖို့ ခေါင်းမာ လျက်ရှိကြပြီးအစကနဦးကပင် ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြပါသည်။ သူ ပေးထားသည့် ကယ်တင်ခြင်းနည်းလမ်းနှင့်အညီ ကျွန်ုပ်တို့သည် ယေရှုကို ယုံကြည်ရမည်။“ငါသည် လမ်းခရီး၊ သမ္မာတရားနှင့်အသက်ဖြစ်၏” (ယော ၁၄း၆) တစ်နည်းအားဖြင့် ငါသည်သင့်ကို ကောင်းကင်နိုင်ငံသို့ ခေါ်ဆောင် သွားနိုင်သည့် လမ်းခရီးဖြစ်၏။ ငါသည် သိုးထိန်း၊ လမ်းခရီးနှင့် သမ္မာတ ရားဖြစ်၏။ ငါသည် ဧကန်စင်စစ် အသက်ဖြစ်သောကြောင့် သင့်ကိုကယ် တင်ခဲ့တယ်”ဟုပြောလိုခြင်းဖြစ်သည်။ ယေရှုသည် ကျွန်ုပ်တို့ကို ကယ်တင် ခဲ့ခြင်းအားဖြင့် ကျွန်ုပ်တို့၏အသစ်သော အသက်ကို ပေးခဲ့သူအရှင်သခင် ဖြစ်လာခဲ့ပါသည်။
    
 
ယေရှုကို မည်သို့နားလည်၍ မည်သို့ယုံကြည်ရမည်နည်း။
 
ကိုယ်တော်သည် လောကသို့ကြွလာ၍ ကယ်တင်ခဲ့ကြောင်း တိ ကျစွာယုံကြည်မှသာလျှင် ကျွန်ုပ်တို့၏အပြစ်များမှ ကယ်တင်ခြင်းခံရလိမ့် မည်။ ယုံကြည်ခြင်းဆိုသည့် စကားလုံးမှာ မှီခိုအားထားခြင်း၊ စွဲကိုင်ခြင်းနှင့် အပ်နှံခြင်းစသည့်ဖြင့်အဓိပ္ပါယ်ရရှိပါသည်။မိမိဖာသာရပ်တည်အသက်ရှင်ဖို့ မတတ်နိုင်သော ငယ်ရွယ်သူများသည် ကိုယ့်ထက်ကြီးသောသူများကို မှီခို အားထားရပါသည်။ ထိုနည်းတူစွာ ကျွန်ုပ်တို့သည်လည်း မိမိကိုယ်ကို မိမိ အပြစ်ကို စင်ကြယ်အောင်မလုပ်နိုင်သဖြင့် ဘုရားသခင်အား မှီခိုဖို့လိုအပ် ပါသည်။ ကျွန်ုပ်တို့သည် အပြစ်ကိုတမင်တကာ ကျူးလွန်သူများမဟုတ် သော်လည်း အပြစ်သားများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် အပြစ်ထဲမှ မိမိ ကိုယ်ကိုလွတ်မြောက်အောင်မလုပ်နိုင်ကြသဖြင့်သခင်ယေရှုသည် ကျွန်ုပ် တို့အတွက် ပြုလုပ်ပေးခဲ့ အရာများကို အားကိုးခြင်းသည် ဘုရားသခင်အား ထိုအပြစ်မှလွတ်မြောက်ဖို့ရန် မှီခိုအားထားခြင်းဖြစ်သည်။
ကျွန်ုပ်တို့၏ ကယ်တင်ခြင်းကို ရှာဖွေခြင်းနှင့် သခင်ယေရှုကို ယုံ ကြည်သည့်အခါ မည်သို့သောယုံကြည်ခြင်းသည် စစ်မှန်သောယုံကြည်ခြင်း ဖြစ်ကြောင်း သိရမည်။ လွန်ခဲ့သောနှစ်ပေါင်း(၂၀၀၀)ကျော်က ယေရှုသည် သင်နှင့်ကျွန်ုပ်ကို ကယ်တင်ဖို့ လောကသို့ကြွလာရာဝယ် ကျွန်ုပ်တို့၏ အ ပြစ်အားလုံးမှ လူသားတစ်ဦးချင်းဆီကို ကယ်တင်ခဲ့ပါသည်။ သူသည် အ သက်(၃၀)ပြည့်သောအခါ လောကသားအားလုံး၏အပြစ်ကို ယူတင်ရွက် ဆောင်ကာ ဗတ္တိဇံဆရာယောဟန်ထံ၌ ဗတ္တိဇံကို ခံယူခဲ့ပါသည်။ ဤအ ကြာင်းအရာကိုကျွန်ုပ်တို့အားလုံးယုံကြည်ရမည်။ သင်နှင့်ကျွန်ုပ်၏အပြစ် များသာမက အခြားသောလောကသားအားလုံး၏ အပြစ်များကို ယူတင် ဆောင်ရွက်ပြီး သူသည်ဗတ္တိဇံကို ခံယူခဲ့ပါသည်ဟု ဆိုရာတွင် ယေရှုခရစ် သည် အချိန်ကာလအားဖြင့် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၏ အပြစ်အားလုံး ကို သူသည်ယူဆောင်၍ အသေသတ်ခြင်းခံခဲ့ရပါသည်။
သို့သော်လည်း လူအများစုက လက်ဝါးကပ်တိုင်သို့ ယေရှုက အပြစ်ကိုသယ်ဆောင်ကာအသေသတ်ခြင်းခံခဲ့ကြရကြောင်း ယုံကြည်နေ ကြသော်လည်း ဗတ္တိဇံခံဖို့သွားသည့်အခါ၌ပင် လောကသားအားလုံး၏အ ပြစ်ကိုသယ်ဆောင်သွားပြီဖြစ်ကြောင်းကို ဥပေက္ခာပြုကြပါသည်။ သူတို့အ နေဖြင့်တဲတော်တံခါးကုလားကာကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင်ချည်ထည် (၄)မျိုးအားဖြင့် ယက်လုပ်ထားကြောင်းသိပြီး ဖြစ် သော်လည်း သမ္မာတရားကို လွယ်ကူစွာပိုင်းခြားခြင်းငှါ မတတ်နိုင်ကြပါ။ 
ယေရှုခရစ်သည် လောကသို့ဆင်းသက်ကြွလာပြီး လူသားများ အားကယ်တင်သည့်အခါ ဖြစ်ကတတ်ဆန်း ကယ်တင်ခဲ့ခြင်း မဟုတ်ပါ။ သူသည်လောကသားအားလုံး၏အပြစ်များကို ယူတင်ဆောင်ရွက်ပြီး ဗတ္တိဇံ မင်္ဂလာကိုခံယူကာအပြစ်ကြောင့် ကဲ့ရဲ့ရှုတ်ချခြင်းကိုခံရပြီး လက်ဝါးကပ် တိုင်ပေါ်တွင် အသေခံခဲ့ခြင်းအားဖြင့် ကျွန်ုပ်တို့အား ကယ်တင်ခဲ့ပါသည်။ ဤအကြောင်းအရာသည် “ငါထံသို့လာသောသူ တစ်စုံတစ်ယောက်ကိုပင် ငါသည်ငြင်းတော်မမူ”(ယော ၆း၃၇)။
ကျွန်ုပ်တို့ကယေရှုကိုယုံကြည်ပါသည်ဟုဆိုသည့်အခါ သူ၏စရိုက် လက္ခဏာ (သို့မဟုတ်) အရာခပ်သိမ်းတို့ကို သိမြင်ခြင်းသက်သက်ကိုသာ ယုံကြည်ခြင်းမဟုတ်ပါ။ ယေရှုခရစ်သည် ဘုရားသခင်ဖြစ်သည်သာမက လောကသို့ကြွဆင်းလာပြီး အပြစ်သားများ၏ အပြစ်အားလုံးကို ယူတင် ဆောင်ရွက်ကာ ဗတ္တိဇံမင်္ဂလာကို ခံယူကာ လက်ဝါးကပ်တိုင်ပေါ်တွင် သင် နှင့်ကျွန်ုပ်ကိုယ်စား ယဇ်ပူဇော်ခြင်းခံခဲ့ရပါသည်။ တဲတော်အပေါ်တွင် ထင် ရှားခဲ့သောကယ်တင်ခြင်းကို ကြည့်မည်ဆိုလျှင် ယေရှုကိုဝန်ခံယုံကြည် ခြင်းသည် မှန်ကန်သောယုံကြည်ခြင်းဖြစ်ကြောင်း သလင်းကျောက်ကဲ့သို့ ကြည်လင်စွာတွေ့ရလိမ့်မည်။
ယနေ့လူအများစုတို့သည် “သင်သည်အပြစ်မှ လွတ်မြောက်နိုင် မည်လား။ ယေရှုခရစ်၏ အသွေးတော်အားဖြင့်သာ အပြစ်ထဲမှ လွတ် မြောက်နိုင်သည်”ဟု စိတ်အားထက်သန်စွာ ကြွေးကြော်ကာ ယေရှုကိုယုံ ကြည်ပြီဟု ဆိုကြပါသည်။ ယေရှုကို မည်မျှပင် စိတ်အားကြီးစွာ ယုံကြည် စေကြကာမူယေရှုခရစ်၏ လက်ဝါးကပ်တိုင်ပေါ်မှ အသွေးတော်တစ်ခု တည်းကို ယုံကြည်ခြင်အားဖြင့် သူတို့သည် အပြစ်မှလွတ်မြောက်နိုင် မည် မဟုတ်ပါ။
ထိုသို့သောနည်းလမ်းအားဖြင့် ကျွန်ုပ်တို့သည် အသက်ရှင်မည် ဆိုလျှင် အပြစ်၏ချည်နှောင်မှုများမှ လွတ်မြောက်မည် မဟုတ်သော ကြောင့် ကယ်တင်ရှင်အမှန်တကယ် လိုအပ်မည်ဖြစ်ပြီး ထိုကယ်တင်ရှင် မှာယေရှုမှလွဲ၍အခြားသူမရှိပါ။ ယေရှုခရစ်သည် သင်နှင့်ကျွန်ုပ်အား အပြစ် မှကယ်ချွတ်ပေးသောအရှင်၊ ကယ်တင်ရှင် ဘုရင်တကာတို့၏ဘုရင်၊ စင်္ကြာ ၀ဠာတစ်ခုလုံးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းရှင်နှင့် ကျွန်ုပ်တို့အသက် တာ၏ အရှင်သခင်ဖြစ်သည်။ သူသည်လောကသို့ကြွလာ၍ ကျွန်ုပ်တို့၏ အပြစ်အားလုံးကိုယူတင်ဝတ်ဆောင်ပြီး ဗတ္တိဇံကိုခံယူကာ လက်ဝါးကပ် တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း၍ အသေခံခြင်းအားဖြင့် အပြစ် များကို ဆေးကြောသန့်စင်ပေးခဲ့ပါသည်။ တစ်နည်းအားဖြင့် ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရပြီး၊ သူသည် ကျွန်ုပ်တို့အပြစ်အားလုံးကိုသယ်ဆောင်၍ ဗတ္တိဇံကိုခံခြင်းဖြင့် ကယ်တင် ရှင်ဖြစ်ခဲ့ပါသည်။ ဤတဲတော်၏ ကုလားကာများက ကျွန်ုပ်တို့အား ရှင်း လင်းတိကျစွာ ပြသခဲ့ပြီးဖြစ်သည်။
 
 
ဘာသာရေးဆန်ဆန်သာ ယေရှုကိုယုံကြည်သောသူများ
 
ယနေ့လူတို့အနေဖြင့် ယေရှုခရစ်၏ အသွေးတော်တစ်ခုတည်းကို ယုံသောအားဖြင့် ကယ်တင်ခြင်းရရှိနိုင်ကြောင်း ပြောဆိုကြပါသည်။ အ ချည်းအနှီးဖြစ်သောထိုသို့ပြောဆိုမှုများသည် သူတို့၏ဘာသာရေးယုံကြည် မှုများကို ပြစားခြင်းမှလွဲ၍ အခြားမဖြစ်နိုင်ပါ။ ဤသို့သောသူတို့က “ကျွန် တော်နောင်တရပြီး ဆုတောင်းနေတဲ့အခါ သန့်ရှင်းသောဝိညာဉ် စိတ်ထဲသို့ ဝင်လာပြီး ငါ့သားသင်ရဲ့အပြစ်ကို ခွင့်လွှတ်လိုက်ပြီ” ဟူသော အသံကြား ရကြောင်း ပြောလေ့ရှိကြသည်။ “အဲဒီအသံဟာ ဘယ်လောက်များ ကျေးဇူး တင်စရာကောင်းလိုက်သလဲ”ဟုထပ်မံ၍ ပြောကြပြန်သည်။ ထိုသို့ ပြောဆို ၍ သူတို့၏ယုံကြည်ခြင်းကို သက်သေခံကြပါသည်။
ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းမှ ထွက် လာနိုင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ သိက္ခာ၊ သမာဓိရှိခြင်း၊ အသိ ဥာဏ်၊စိတ်ခံစားမှုနှင့် ဆန္ဒတို့မှလည်း ထွက်လာနိုင်မည် မဟုတ်ပါ။ တစ် နည်းအားဖြင့် ကယ်တင်ရှင်ဘုရားသခင်က ကျွန်ုပ်တို့အား မည်သို့ကယ် တင်ခဲ့ကြောင်းကို သိလျက်ယုံကြည်မှသာ ကယ်တင်ခြင်းခံရမည်။ ဘာသာ တရားအားဖြင့်ဆိုလျှင် အဘယ်သို့နည်း။ သူတို့သည် အဘယ်သို့သော သူများဖြစ်သနည်း။ဘာသာတရားဆိုသည်မှာ လူတို့၏ အတွေးအခေါ် ပေါ် တွင် အခြေခံ၍ ထူထောင်ထားသည့်နေရာဌာန တစ်ခုသာဖြစ်သည်။
လွန်လေသောအချိန်၌ ကျွန်ုပ်၏မိခင်သည် မိသားစု၏ခေါင်း ဆောင် ဖြစ်ခဲ့ပါသည်။ သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသည့် ယါကုပ်ကဲ့ သို့ကျွန်ုပ်မိခင်၏ အိမ်တွင်းမှုရေးရာ၊ မီးဖိုချောင်လုပ်ငန်းများကို ကူညီပေးရ ပါသည်။ ကျွန်ုပ်မိခင်မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေစဉ် ကျွန်ုပ်လည်း ထမင်းပွဲပြင်ဆင်ပေးရလေ့ရှိသည်။ ကျွန်ုပ်တို့သားအမိနှစ်ယောက် ထူးခြား စွာပူးတွဲလုပ်ဆောင်နိုင်ခဲ့ပါသည်။နံနက်အိပ်ရာမှထပြီးမီးမွှေးခြင်း၊ထမင်းပွဲ ပြင်ဆင်ခြင်း၊စားသောက်ပြီးတံမြက်စည်းလှည်းခြင်းများပြုလုပ်ခဲ့ရပါသည်။
ဤသို့သောမြင်ကွင်းသည် ကိုးရီးယားနိုင်ငံတွင် ထူးဆန်းသောအ ရာမဟုတ်ပါ။ကျွန်ုပ်တို့မီးဖိုချောင် ကြမ်းပြင်အား သန့်စင်စေဖို့ နေ့စဉ်အသုံး ပြုသည့် တံမြက်စည်းအရိုးသည်ရုတ်တရက်နတ်ဘုရားအဖြစ်သို့ ပြောင်းလဲ သွားပါ သည်။ တစ်နည်းအားဖြင့် တံမြက်စည်းအရိုး (သစ်သား) အား မိမိအလိုရှိသောအရာများကို တောင်းခံလေ့ရှိကြသည်။ အခါအားလျော်စွာ ဤသို့သော ရယ်ရွှင်ဖွယ်ရာ ကိစ္စရပ်များကို တွေ့ရသည်သာမက ဒုက္ခ ရောက်သော မိသားစုများကိုလည်း နတ်ဝိဇ္ဇာအတတ်ဆရာထံသို့ ခေါ်သွား ကြပါသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကဘုရားအများရှိသည်ဟူသော ခံယူချက်ထား ကြသဖြင့်ထိုနတ်ဘုရားဖြစ် သွားသော တံမြက်စည်းဖြင့် လှည်းကျင်းသည့် နေရာမြေကြီးသည်လည်းဘုရားဖြစ်လာပြီး တောင်ထိပ် ပေါ်တွင် ဘိုးဘွားများ၏အမည်များကို ကျောက်ပြားပေါ်တွင် ရေးသားထား ပြီးစိုက်ထူခြင်း ဖြင့်သူတို့မျက်စိနှင့် မြင်နိုင်သောအရာတိုင်းသည် နတ်ဘု ရားများ ဖြစ်လာ ကြလေ၏။
ယခုအခါ လူများသည် ထိုသို့မသိနားမလည်ခြင်းများမှ ဖြည်းဖြည်း ချင်းလွတ်မြောက်လာကြသော်လည်း ထိုအချိန်က မြင်သမျှအရာအားလုံး နတ်ဘုရားများဖြစ်ကြပါသည်။ ထို့ကြောင့် အုတ်ခဲဖြင့်ပြုလုပ်ရသည့် ပန်း ရံလုပ်ငန်းများသည် အများအားဖြင့် စုတ်းကဝေအတတ်နှင့် သက်ဆိုင်မှုရှိခဲ့ ပါသည်။နတ်ဆရာများက မမှတ်မိနိုင်လောက်အောင် ရှည်လျားသောဂါ ထာများကို ရွတ်ဆိုခဲ့ကြပုံကို ယနေ့တိုင်မှတ်မိနိုင်ပါသည်။ နတ်ဆရာက “အဘရာကာ ဂီဘရာ (နေ့အလင်းရောင်ကျရောက်ပါစေ၊ နေ့အလင်းရောင် ကျရောက်လာပြီဆိုလျှင် အရာခပ်သိမ်းကို ငါပိုင်ပြီ)”ဟု ရွတ်ဆိုခဲ့ပါသည်။ ပူဇော်ခြင်းမပြုလျှင် ရွှေဖရုံသီးထည့်ထားသည့် စည်ပိုင်းကွဲသွားပါသည်။ အဘရာကာဂီဘရာ၊ အဘရာကာဂီဘရာဟု ဆိုကသော်လည်း အဓိပ္ပါယ် ဆိုလိုရင်းကို ကျွန်ုပ်လုံး၀ သဘောပေါက်နိုင်ခဲ့ပါသည်။
နတ်ဆရာကအိမ်တစ်အိမ်တွင်နတ်ပူဇော်သည့်ပွဲ လုပ်မည်ဆိုလျှင် ရွာလုံးကျွတ်လာ၍ ကြည့်ရှုကြပါသည်။ ထိုစိတ်ဝင်စား ဖွယ်အကောင်း ဆုံးအချိန်တွင် ဝက်အသေကောင်၏ ပါးစပ်တွင် အစာများထည့်၍ ဖိသိပ် ထားရပါသည်။ မည်၍မည်မျှထည့်ရမည်ကို နတ်ဆရာက အဆုံးအဖြတ် ပေးရလိမ့်ရှိပြီး မိုးမလင်းမချင်း နတ်ဆရာကစောင့်ရလိမ့်ရှိပါသည်။ သက် ကြီးရွယ်အိုများစွာအနက်မှ တစ်ယောက်အထဲတွင် အပျိုစင်နတ် ဝင်လေ့ရှိ သည်။ ထိုနတ်သည် အခြားနတ်များထက သာ၍ တန်ခိုးကြီးသဖြင့် အခြား နတ်များကို မောင်းထုတ်နိုင်သည်ဟု အယူအဆရှိကြသည်။
ကမ္ဘာတဝှမ်းပျံနှံနေသော၊ဘုရားသခင်၏တန်ခိုးကိုယုံကြည် သော နိုးကြားရေးလှုပ်ရှားမှုများသည် ၁၈၀၀ခုနှစ်တွင် အမေရိကန်ပြည်ထောင် စု၌စတင်ခဲ့သည်။ ဤလှုပ်ရှားမှုများသည် စက်မှုတော်လှန်ရေး နောက် ပိုင်း တွင်စတင်ဖြစ်ပေါ်လူများ၏ အကျင့်စရိုက်နှင့် ကိုယ်ကျင့်တရားများက်ို ပျက်ပြားစေခဲ့သည်။ယင်းလှုပ်ရှားမှုအထွက်အထိပ်ရောက်နေသော ကာလ တွင်းလူများ၏ စိတ်သည် အားငယ်၍ အထတ်တလန့် ဖြစ်စေသည်။ ထို အချိန်မှစ၍ ဘုရားသခင်၏ နှုတ်ကပါတ်တော်အပေါ်သက်ဝင်ယုံကြည်ခြင်း သည်၊ ယဉ်ယဉ်ကျေးကျေး ငြင်းဆိုလာကြကာ အသစ်သောဘာသာရေးအ ယူအဆများ စတင်ပေါ်ပေါက်လာခဲ့သည်။ 
ယင်းကဲ့သို့ ရုပ်ပိုင်းဆိုရာအရ မျက်စိအားဖြင့် ဝိညာဉ်တော် (ဘုရား သခင်) လုပ်ဆောင်ချက် များကို၎င်း၊ ဘုရားသခင်၏ နှုတ်ကပါတ်တော်၏ တန်ခိုးတော်ကို စိတ်ဝိညာဉ်၊ ခန္ဓာကိုယ်နှင့်အတူ မြင်ခြင်းကို ဘုရား သခင်၏သိဒ္ဓိဆိုင်ရာနိုးကြားရာလှုပ်ရှားမှု၏ အဓိကရည်ရွယ်ချက် ဖြစ်ပါ သည်။သို့သော် ဤလှုပ်ရှားမှု၏ဆိုးဝါးသော ချွင်းချက်မှာယုံကြည်သူများကို နှုတ်ကပါတ်တော်နှင့် အလှမ်းဝေး စေသည်သာမက ကောင်းကြီးမင်္ဂလာကို ရုပ်ပိုင်းဆိုင်ရာကြိုးပမ်းမှုဖြင့်ရနိုင်သည်ဟု ခံယူသောဘာသာရေးတစ်ခု တည်စေသည်။ အကျိုးအဆက်အဖြစ်၊ ဤအသစ် သောလှုပ်ရှားသုများ၏ နောက်လိုက်တပည့်များသည်၊ နတ်ဆရာများကို ထောက်ခံသူများ ဖြစ်လာ ကြသည်။ 
ယနေ့ပင်လျှင်၊ ဘုရားသခင်၏ သိဒ္ဓိတန်ခိုးဆိုင်ရာ နှိုးကြားရေး လှုပ်ရှားမှုကို အရသာတွေ့၍၊ အကယ်၍ တယောက်ယောက်က ယေရှုကို ယုံကြည်လျှင်၊ချမ်းသာလာသည်။ အနာရောဂါပျောက်ကင်းမည်။ ဥစ္စာစည်း စိမ်ကြွယ်၀လာသည်။ သန့်ရှင်းသောဝိညာဉ်တော်ကို ရရှိကာအခြား သော ဘာသာစကားပြောခြင်း၊ အခြားသောသူများကို အနာငြိမ်း စခြင်း တန်ခိုး များရရှိလိမ့်မည်ဟူ ယုံကြည်ကြသည်။ ဤလှုပ်ရှားမှုမျိုးသည်၊ ကမ္ဘာတ ဝှမ်းပျံနှံ့နေပြီဖြစ်သည်။ ဤလှုပ်ရှားမှုလည်း လူများ၏နှစ်လိုဖွယ်ကောင်း သောသတင်းကောင်းအပေါ်ယုံကြည်မှုကို အတားအဆီးဖြစ်သည့်အပြင် သန့်ရှင်းသောဝိညာဉ်တော်လက်ခံရရှိရန်သူတို့၏အစွမ်းကိုလည်း အဟန့်အ တားပြုခဲ့သည်။ခေတ်သစ်ခရစ်ယာန်ဘာသာခံယူချက်သည် လွန်ခဲ့သော ယုံကြည်ခြင်းကိုသန္ဓေတည်သည်။သို့သော်ကျမ်းစာလေ့လာချက်အရ၊ ခရစ် ယာန်များ၏ယုံကြည်ခြင်းဘောင်အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏ ကျိန်းဝပ်ခြင်းသည်၊ အခိုင်အမာအတည်ပြုခြင်းမရှိ၊ ယင်းပြဿနာကြောင့် အစပထမတွင် ခေတ်သစ်ခရစ်ယာန်အယူအဆမှ ခရစ်ယာန်အများစုသည်၊ တကယ်အူတိုင်ဖြစ်သော သူ၏ဗတ္တိဇံနှင့် ကားတိုင်တင်သတ်ခံရခြင်း မပါ ဘဲ၊ ယေရှုကိုယုံကြည်ကိုးကွယ်ကြသည်။ ယင်းထက်ဆန်းသည်မှာ လူများ သည်လွဲမှားသောခရစ်ယာန်ဘာသာ ခံယူချက်များကို အလေးစားစပြုလာ ကာ၊ ရုပ်ပိုင်းဆိုင်ရာ အတွေ့အကြုံတခုတည်းကိုသာ၊ အသားပေးလာကြ သည်။ 
ခရစ်ယာန်အားလုံးက၊ ယေရှုသည် ယောဟန်ထံသို့ ဗတ္တိဇံခံ ယူခြင်းဖြင့်၊ လောက၏အပြစ်အလုံးစုံကို ယူဆောင်သွားသည်ဟူသော အ ဆိုကို ကျွန်တော်တို့၏အပြစ် အတွက်ကြောင့် တရားစီရင်ခြင်းမှ လွတ် မြောက်စေဖို့အလို့ငှာ ကားတိုင်တော်တွင် ကားတင် သတ်ခံရသည်ဟူသော အဆိုက်ို၎င်း၊မလွဲမသွေကြည့်ရပါလိမ့်မည်။ ဤယုံကြည်ခြင်းသည်၊ သင့်ကို သန့်ရှင်းသော ဝိညာဉ်တော်ရရှိရန် ပို့ဆောင်ပါလိမ့်မည်။ခရစ်ယာန်ဘာသာ ယုံကြည်မှုတွင် ထိတ်လန့်အားငယ်စေရသည်။ အကြောင်းရင်းမှာ၊ လူတို့ကို ယေရှုခံယူထားသော ယောဟန်ထံမှ ဗတ္တိဇံသမ္မာတရားကို၎င်း၊ ကားတိုင် ပေါ်မှ အသွေးတော်ကို၎င်း၊ မသိကျိုးကျွံ ပြုစေရန်၊ ဦးတည်စေခဲ့သည်။ ယေရှုကသမ္မာတရာ (သို့) သစ္စာတရားကို သိနားလည်ရန် ဟောထားပါ သည်။ ယောဟန်ထံမှခံယူသော ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်က အ သွေးတော်ကိုယုံကြည်ခြင်းဆိုသည်မှာရေနှင့်ဝိညာဉ်တော်သိတင်း ကောင်း ကိုယုံကြည်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ 
အကယ်၍ သန်ရှင်းသော ဝိညာဉ်တော်ကိုရရှိရန် ဆန္ဒရှိနေလျှင် နောက်တဖန်ယောဟန်ကိုဗတ္တိဇံပေးသောအခါ သင်၏အပြစ်အလုံးစုံ ကမ်း ပေးသည့်အပြင်သူအသွေးတော်သည်သင်၏အပြစ်များအတွက် တရားစီရင် ခြင်းမှ လွတ်ကင်းစေမည်။ထို့နောက် သန့်ရှင်းသော ဝိညာဉ်တော်ကို ရရှိ ပါလိမ့်မည်။မြောက်များစွာသောခရစ်ယာန်များသည်၊ ရွေးနှုတ်ကယ်တင် ခြင်းသတင်းကောင်းအဖြစ်ယေရှု၏အသွေးတော်ကိုသာယုံကြည်ကြ သည်။ သို့သော်အသွေးတော်ကိုသာ ယုံကြည်ခြင်းဖြင့်အပြစ်မှ သင့်ကို ကင်းလွှတ် စေနိုင်ပါသလား။ 
အကယ်၍သင်၌ထိုအတွေး အခေါ်မျိုးရှိနေလျှင် ယေရှုဗတ္တိဇံ၏ စစ်မှန်သောအနက်အဓိပ္ပါယ်ကိုရေးရေးမျှမသိသောကြောင့် ဖြစ်ပါလိမ့် မည်။ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်ကိုသက်ဝင် ယုံကြည်ခြင်းတခု တည်း ကဲ့သို့အတူဆက်စပ်ပေးနိုင်မှသာလျှင် သင်သည် အပြစ်လွတ်ခြင်းရသည့် အပြင်၊သန့်ရှင်းသော ဝိညာဉ်တော်ကိုလည်း၊ လက်ခံရရှိမည်ဖြစ်ပါသည်။ သမ္မာကျမ်းစာက ယင်းသာလျှင်၊ တလောကလုံး ကို အောင်နိုင်ရန်၊ မစ ကူညီပါလိမ့်မည်။“မြေကြီးပေါ်၌လည်းဝိညာဉ်တော်တစ်ပါး၊ ရေတစ်ပါး၊ အ သွေးတော်တစ်ပါး၊ရှိ၍ထိုသုံးပါးတို့သည် တညီတညွှတ် တည်းဖြစ်၏။ထို့ ကြောင့် ကျွန်တော်တို့အပြစ်များမှ ကယ်နှုတ်ရန်။ သူ၏အလိုဆန္ဒပြည့်စုံ ရန်၊ ဘုရားသခင်သည် ယေရှုကို ယောဟန်ထံဗတ္တိဇံခံယူ စေပြီးနောက် ကားတိုင်ပေါ်တင်သတ်ခြင်းခံစေသည်ကို ကျွန်တော်တို့သဘောပေါက်နား လည်ရမည်။
ခရစ်ယာန်အများသည် ယေရှုကို ယုံကြည်လျက်နှင့် အဘယ် ကြောင့်အပြစ်လွတ် ခြင်းမရခဲ့ကြသည်။ အကြောင်းရင်းမှာ၊ယောဟန်အား ဖြင့် ယေရှုခံယူသောဗတ္တိဇံနှင့် ကားတိုင်ပေါ်မှ သူ၏အသွေးတော်အားဖြင့် အောင်မြင်ထမြောက်စေသောနှစ်လိုဖွယ်ကောင်းသောသတင်းကောင်းကို၊ မယုံကြည်ကြသောကြောင့် ဖြစ်သည်။ ထိုအရာနှစ်ခုကို ယုံကြည် သောသူများသည်အပြစ်လွတ်ခြင်းရသည့်အပြင်၊ သူတို့စိတ်နှလုံးထဲ၌ သန့် ရှင်းသော ဝိညာဉ်တော်ကျိန်းဝပ်နေပါလိ်မ့်မည်။သူတို့၏ အပြစ်များဆေး ကြောခဲ့ပြီဖြစ်ကြောင်း အသိတရားရလာသောအခါ၊ တည်ငြိမ်အေးမြသည့် ရေကဲ့သို့ သူတို့၏ စိတ်နှလုံးသား၌ ငြိမ်သက်ခြင်း၊ အလျှံအပယ်ရှိလာ မည်။ တခဏတာအတွင်း တစုံတယောက်သောသူ၏ စိတ်နှလုံးထဲသို့၎င်း၊ စိတ်နှ လုံးထဲမှ အပြစ်ဘက်သို့၎င်း၊ ငြိမ်သက်ခြင်းသည် မြစ်ရေကဲ့သို့ စီးဆင်းကာ သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသူ၏နှလုံးသားထဲ၌ ကျိန်းဝပ်လျက်နေ သည်။ ဤသမ္မာတရားကို (သို့)သစ္စာတရားကို ယုံကြည်ခြင်းဖြင့် ဘုရားသ ခင်နှင့် တွေ့ထိသန့်ရှင်းသော ဝိညာဉ်တော်ရရှိခြင်း သိတင်းကောင်းကို ဝေငှရာတွင် ဝိညာဉ်တော်နှင့်အတူ၊ လျှောက်လှမ်းရသည်။ 
ကျွန်တော်တို့၏စိတ်နှလုံးသည်လည်း ယခင်ကမရခဲ့ဘူးသော ငြိမ် သက်ခြင်းမျိုး ရရှိခဲ့သည်။ ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကို၊ စ တင်လက်ခံ ယုံကြည်လာသည့်အချိန်မှစ၍ ကျွန်တော်တို့၏ အသက်တာ သည် တည်ငြိမ်အေးချမ်း၍ စိတ်နှလုံးသည်လည်း ကြည်နူးပျော်ရွှင်မှုအ ပြည့်အဝရလာသည်။ ဤနှစ်လိုဖွယ်ကောင်းသော သတင်းကောင်း နှင့်မခွဲ နိုင်မခွာနိုင်ဖြစ်ရပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်တော်တို့၏ စိတ်နှလုံးထဲ၌ အစဉ်သဖြင့် တည်၍သူ၏နှုတ်ကပါတ်တော်ကို ဝေငှဖို့ရန်၊ နှိုးဆော်ပေးသည့်အပြင်ယင်းကို ယုံကြည်သောသူများလည်း သန့်ရှင်းသော ဝိညာဉ်တော်ကို လက်ခံရရှိရသော အခွင့်ရှိသည်။
ကျွန်တော်တို့သည် ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်ကို ယုံကြည် သောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ကောင်းကြီးပေးခဲ့သည်။ သန့် ရှင်းသောဝိညာဉ်တော်ရရှိရန်အလို့ငှာ၊ ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်တော်မှ အသွေးတော်ကိုယခုပင်သက်ဝက်ယုံကြည်ရမည်။ ကမ္ဘာတဝှမ်းရှိလူတိုင်း က ဤလောက ၏အပြစ်အလုံးစုံကို ယူဆောင်သွားရန် ယေရှုသည်ယော ဟန်ထံဗတ္တိဇံခံသည်ကို၎င်း၊ သူတို့က အပြစ်များ တွက် တရားစီရင်ခြင်းမှ ကင်းလွတ်စေရန်၊ ကားတိုင်တင်သတ် ခံရကြောင်းကို၄င်း၊ ယုံကြည်မှု လုပ် ငန်းစဉ်ကြီးကို အစပြုကြရန် အရေးကြီးသောအချက်ဖြစ်ပါသည်။ ထိုသို့ပြု လျှင် နောက်ဆုံးတွင်၊ သန့်ရှင်းသောဝိညာဉ်တော်ကိုရကြပါ လိမ့်မည်။အ ကယ်၍သန့်ရှင်းသောဝိညာဉ်တော်နှင့် မိတ်သဟာယဖွဲ့လိုလျှင် ပထမဦးစွာ ဘုရားသခင်၏ရှေ့မှောက်တွင်သေးငယ်သောအပြစ်တစ်ခုရှိရုံမျှဖြင့်မိတ် သ ဟာယပြုရန်မဖြစ်နိုင်ကြောင်းကိုသိနားလည်မည်ဘုရားသခင်ရှေ့မှောက် တွင် အနည်းငယ်သော အပြစ်ပင်လျှင် မရှိသောသူမည်သူ ရှိနိုင် မည်နည်း ဟု အဖြေတပ်ကောင်းတပ်နိုင်ပါသည်။ သို့သော်အကယ်၍ဘုရား သခင်နှင့် အမှန်တကယ်မိတ်သဟာယဖွဲ့လိုသော ဆန္ဒရှိခဲ့လျှင်သင်၏စိတ် နှလုံး ထဲတွင်မှောင်မိုက်ခြင်းရှိမည်မဟုတ်ပေ။ ထို့ကြောင့်ဘုရားသခင်နှင့် မိတ်သ ဟာယဖွဲ့ရန်အလို့ငှာ ရွေးနှုတ်ကယ်တင်ခြင်းသတင်းကောင်းကိုယုံ ကြည်၍ သင်ကိုယ်တိုင်အပြစ်လုံးစုံကိုဆေးကြောမည်ကိုသိထားရန်လိုအပ်ပါသည်။
အကယ်၍သန့်ရှင်းသောဝိညာဉ်တော်နှင့်အတူ မိတ်သဟာယဖွဲ့ ရန် တောင်တနေလျှင် ပထမဦးဆုံးရေနှင့် ဝိညာဉ်တော်၏သတင်းကောင်း ကို ယုံကြည်ခြင်းအားဖြင့် သင်၏အပြစ်များကို ဆေးကြောရန် အပ်သည်ကို သိရှိနားလည်ရမည်။ အကယ်၍ရေနှင့် ဝိညာဉ်တော်၏ သတင်းကောင်းကို နှလုံးမသွင်းခဲ့လျှင် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ဆိုရန် မလိုအပ်ဟု ယူ ဆသောကြောင့် ဖြစ်သည်။သန့်ရှင်းသောဝိညာဉ်တော်နှင့်မိတ်သဟာ ယဖွဲ့ ခြင်းသည် ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းအားဖြင့် သင်၏အပြစ်အ လုံးစုံကိုနှလုံးသားထဲမှသန့်စင် စေပြီးမှသာလျှင် ဖြစ်နိုင်သည်။အပြစ်မှန် သမျှရေနှင့်ဝိညာဉ်တော်တည်းဟူသောသမ္မာတရားဖြင့်တစ်စုံတစ် ယောက် သူ၏စိတ်နှလုံးထဲမှ သန့်စင်စေနိုင်ပါသည်။ ရေနှင့်သန့်ရှင်းသောဝိညာဉ် တော်၏ သတင်းကောင်းကိုယုံကြည်သာအခါ ဘုရားသခင်သည် သင့်ကို သန့်ရှင်းသောဝိညာဉ်တော်နှင့်အတူကောင်းကြီးပေးလိမ့်မည်။ ဘုရားသခင် နှင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ မိတ်သဟာယဖွဲ့လိုသောဆန္ဒ အမှန်တကယ်ရှိပါ လား။ သို့ဖြစ်လျှင်သင်ကိုယ်တိုင် ကျူးလွန်ခဲ့သောအပြစ် များသန့်စင်စေဖို့အလို့ငှာသင်၏အပြစ်ကို ဝန်ခံ၍လှပသော သတင်း ကောင်းကို ယုံကြည်ရမည်။ ထိုသို့ယုံကြည်ပြီးသည့်နောက် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းကို အမှန်တကယ်ရရှိပါ လိမ့်မည်။အကယ်၍ဘုရားသ ခင်နှင့်မိတ်သဟာယဖွဲ့ရန်ဆန္ဒရှိခဲ့ပါက ယော်ဒန်မြစ်တွင် ယောဟန်ထံမှခံ ယူခဲ့သာ ယေရှု၏ဗတ္တိဇံကို၎င်း၊ ကားတိုင်ပေါ်ကအသွေးတော်ကို၎င်း ယုံ ကြည်ရမည်။ 
အကယ်၍လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်မိတ်သဟာ ယ အမှန်တကယ်ဖွဲ့လိုလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် မည်သူဖြစ် သည်ကို သူတို့အနေဖြင့် သိနားလည်ရမည်။ သန့်ရှင်းသောဝိညာဉ်တော် သည်သန့်ရှင်းသောသူဖြစ်သည်။ ထို့ကြောင့် သူလည်းလှပသော သတင်း ကောင်းကိုယုံကြည်သူများ၌သာလျှင် ကိန်းဝပ်လေ့ရှိသည်။ယောဟန်ထံမှ ခံယူသော ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်ကိုယုံကြည်ခြင်းဖြင့် အပြစ်စင် ကြယ်ခဲ့သော သူများမှအပြစ်လုပ်သောသူနှင့်သန့်ရှင်းသောဝိညာဉ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်းရရှိသောသူများကို လော့လာ ကြပါစို့။ဤလောကတွင် ကွဲပြားခြားနားသောမြောက်များစွာသောလူများရှိသည့်နည်းတူ သူတို့၏အ ယူဆနှင့်သူတို့နည်းသူတို့ဟန်အားဖြင့် အသက်ရှင်သောသူများလည်း ရှိကြ သည်။ကျွန်တော်လည်းထိုသူများထဲမှ တစ်ယောက်အပါအဝင်ဖြစ်ပါသည်။ ကျွန်တော်သည်ငယ်စဉ်ကပင် သာမန်အသက်တာအားဖြင့် မိခင်ဖြစ်သူ ဘုရားကျောင်းသွားတိုင်း၊ သူမနောက်ကိုလိုက်၍ လွယ်လွယ်ကူကူ ဘုရား သခင်ကိုယုံကြည်ခြင်းကို မကြာခဏ ဝေဖန်ခဲ့သော်လည်း ကျန်မိသားစု အားလုံးဘုရားကျောင်းမှန်မှန်တက်ကြသည်။ဘုရားကျောင်းသွားခြင်းသည် ကျွန်ုပ်အသက်တာ၏ ကြီးမားသောကဏ္ဍတစ်ခုဖြစ်ခဲ့သည်။
သို့သော်လည်းဆယ်ကျော်သက်အရွယ်ရောက်သည့်အခါအိမ် တွင် ဘုန်းဘုန်းလဲနေသောဖခင်ကိုကြည့်ပြီးသေခြင်းနှင့်အသက်ရှင်ခြင်း၊ကောင်း ကင်နိုင်ငံနှင့်ငရဲပြည်စသည့် အရာများနှင့် ပတ်သက်၍ကျွန်တော်၌ အတွေး ပေါင်းမြောက်များစွာဝင်လာသည်။ လူအများ စုက အကယ်၍ဘုရားသခင် ကို ယုံကြည်ခဲ့လျှင် ကောင်းကင်နိုင်ငံတော်ဝင်ရသော အရှင့် ဘုရားသား ဖြစ်ရသော အခွင့်ရရှိနိုင်သည်ဟု ဆိုကြသော်လည်း ကျွန်ုပ်မှာထိုအရာများ အတွက်ဘယ်တုန်းကမှယုံကြည်စိတ်ချမှုမရှိ။ဘုရားသခင်၏သားဖြစ်ရမည် ဆိုရလောက်အောင် မည်သည့်အခါမှ စိတ်ချမှုမရှိ။ အကယ်၍ဤလောက၌ အသက်ရှင်နေစဉ် ကောင်းသောအမှုကိုပြုလျှင် ကောင်းကင်နိုင်ငံတော်ကို ဝင်စားနိုင်သည်ဟူ၍သာခံယူပါသဖြင့် ဆင်းရဲချို့တဲ့သူများအတွက် ကောင်း မှုကုသိုလ်လုပ်ဖို့ရန် ကြိုးစားခဲ့သည်။သို့သော်ကျွန်တော်၏ အတွင်းစိတ် တွင်မူအပြစ်ဖြစ်ကြောင်းသိနေသည်။ တခြားသောသူများအတွက် သူတော် ကောင်းဖြစ်ရပါသော်လည်း ကျွန်တော်၏အပြစ်အတွက် လိပ်ပြာမသန့်ဖြစ် နေရပါသည်။ ထိုအချိန်တွင် ဘုရားကျောင်းသွား၍ ကိုယ်တော်၏စစ်မှန် သောသားဖြစ်စေတော်မူပါ။ သမ္မာတရားကိုအမှန်အတိုင်း သိနားလည် ရ သောအခွင့်ပေး သနားတော်မူပါ ဟူ၍ဆုတောင်းရသော အကျင့်လုပ်ခဲ့ပါ သည်။ ထိုသို့သူတောင်းနေစဉ် ကျွန်တော်၏နှလုံးသားထဲတွင် အသစ်သော နှိုးဆော်မှုတစ်ခုဖြစ်ပေါ်လာသည်။ သူ၏နှုတ်ကပါတ်တော် ဟောပြောခြင်း ကို ကြားနာတိုင်း၊ ဂရုလည်းမစိုက်၊ နားလည်းမလည် နိုင်ဖြစ် ခဲ့ရပါသည်။ ကျွန်တော်၏ ပြစ်သေခြင်းစသဖြင့် အနှစ်သာရမဲ့သောအသက်တာ၌ ခြေ ကုန်လက်ပန်းကျသောသူ ဖြစ်ရပါသည်။
ဒုတိယမွေးဖွားခြင်းကို တောင့်တသည်။ အကယ်၍ဒုတိယမွေး ဖွားခြင်းရနိုင်လျှင်ဤကဲ့သို့သောအက်တာဖြင့် အသက်ရှင်မည်မဟုတ်ဟူ သောခံယူချက်များရှိခဲ့သည်။ သို့သော်ထိုစိတ်ကူးဖြစ်ရမည့်အစား မကြာခ ဏ ဘုရားကျောင်းတက်ရန် ပျက်ကွက်ခြင်းဖြင့် ဆယ်ကျော်သက်အ ရွယ်ကို ကုန်လွန်စေခဲ့ပါသည်။ ယခုအလုပ်ရှာရန် လိုအပ်ခဲ့သော်လည်း ကျွန်တော်ထင်သည်ထက်ပို၍ခက်ခဲလာသည်။ ကျွန်တော်စိတ်၏ ဖိစီးမှုကို ခံနေရသည့်အပြင် ကြိုးစားခဲ့သမျှသဲထဲရေသွန်သည် ဖြစ်ခဲ့ပါသဖြင့် ပြုံးပြုံး ရွှင်ရွှင်နေ၍မရပါ။ ဟာလာဟင်းလင်းဖြစ်နေသော ကျွန်တော်၏စိတ်ကို ကိုယ်တိုင်ကြည့်စမ်းသောအခါစိတ်ဓါတ်ကျဆင်းခဲ့သည်။ထိုအချိန်တွင် အစ် ကိုအားဖြင့် သတင်းကောင်းကို ကြားခဲ့ရပါသည်။ထို့ကြောင့် ထာ၀ရဘုရား ထံတော်မှ ချမ်းဧသောအချိန်ကာလသည် ရောက်လာ၍ သင်တို့အဘို့ လို့ငှာခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကိုစေလွှတ်တော်မူမည်အ ကြောင်း သင်တို့အပြစ်များကိုပြေစေခြင်းငှာ နောင်တရ၍ စိတ်ပြောင်းလဲ ခြင်းသို့ ရောက်ကြလော့။ ယင်းသည်ရေနှင့်ဝိညာဉ်တော်၏ သတင်း ကောင်းအတိအကျဖြစ်သည်။လွန်ခဲ့သောအချိန်တွင်ကျင်းပခဲ့သော အသင်း တော်သည် အစည်းအဝေးများမှ ကျွန်တော်တို့၏အပြစ်များအတွက် ယေ ရှု၏ကားတိုင်တော်တွင် အသေခံရကြောင်းကိုသာ အစုံသိရည်။ သို့သော် ယေရှုသည်ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူခြင်းဖြင့် ကျွန်တော်တို့၏အပြစ် များကိုယူဆောင်သွား၍ကျွန်တော်တို့၏အပြစ်များအတွက် ကားတိုင်ပေါ်၌ ပြစ်ဒဏ်စီရင်ခြင်းခံရ သည်ကို ဤသိတင်းကောင်းက ပြောပြခဲ့ပါသည်။
ဘုရားကျောင်းကိုမှန်မှန်သွား၍ဘုရားသခင်၏ သားဖြစ်ရာသို့ဦး တည်ခဲ့ပါသော်လည်း လွဲချော်ခဲ့သည်။ သူ၏နှုတ်ကပါတ်တော်အနက် အဓိပ္ပါယ်ကိုသဘောပေါက်နားလည်အောင် ကြိုးစားခဲ့ပါသော်လည်း အ ဓိပ္ပါယ်ကောက်မှားခဲ့သည်။သို့သော်လည်းရေနှင့်ဝိညာဉ်တော်၏လှပ သော သတင်းကောင်းကို ကြားသိ၍ယုံကြည်မိသည့်နောက်ပိုင်း ကျွန်တော်၌ရှိ သော အပြစ်နှင့်အခြားအရာများ၏ ညှဉ်းပန်းမှုဒဏ်မှန်သမျှ ပျောက်ကွယ် လျှက် စိတ်၏ငြိမ်သက်ခြင်းကို ရလာသည်။
အကယ်၍ဘုရားသခင်ကိုစိတ်ပါလက်ပါယုံကြည်၍ဘုရားကျောင်း မှန်မှန်မတက်ခဲ့လျှင် ကောင်းကင်နိုင်ငံတော်ကို ဝင်စားရလိမ့်မည် ဟုခံယူ ထားပါသည်။သို့သော်ဘုရားသခင်ကရေနှင့်ဝိညာဉ်တော်၏သတင်းကောင်း ကိုပို့ဆောင်ပေးလျှက် အပြစ်များမှလွှတ်စေခဲ့သည်။ သူကဝိညာဉ် ဆုကျေး ဇူးကိုလည်း ကျွန်ုပ်အားပေးသည်။ ဘုရားသခင်၏ရွှေးနှုတ်ကယ် တင်ခြင်းမ ရမှီတွင် သန့်ရှင်းသောဝိညာဉ်တော်အကြောင်းကို၎င်း၊ အခြား ဘာသာ စကားအမျိုးမျိုးပြောခြင်း၊အယူအဆကို၎င်းနားမလည်ခဲ့ပါ။ဘုရား ကျောင်း ကိုသာပုံမှန်သွားပြီး ဘုရားသခင်ကောင်းကြီးပေးမည်ဟူ၍ လက်ခံယုံကြည် ခဲ့သည်။သို့သော်ရေနှင့်ဝိညာဉ်တော်၏ လှပသောသတင်း ကောင်းအားဖြင့် အပြစ်လွတ်ခြင်းရသည့်အခါမှသာလျှင် သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင် သည်ကိုလက်ခံ ယုံကြည်လာခဲ့သည်။ လွန်ခဲ့သောအသက်တာတွင်ကျွန် တော်သည်ဘုရားသခင်ကိုယုံကြည်ပါသည် ဆိုသော်ငြားလည်း အပြစ်နွံထဲ ၌ ရပ်တည်နေဆဲဖြစ်ပါသည်။ 
ထို့အပြင်မပူမအေးဖြစ်ရသောအသက်တာ၊ သန့်ရှင်းသော ဝိညာဉ် တော် လက်ခံရရှိခြင်း၏အရေးပါပုံများကိုလည်း မသိနားမလည်သော အ သက်တာအားဖြင့် အသက်ရှင်ခဲ့သည်။ သို့သော်ကျမ်းစာအရ လှပသော သတင်းကောင်းဟောပြောသော သူ၏အစေခံအားဖြင့် ကျွန်တော်သည်ထို သတင်းကောင်းကိုယုံကြည်ရန် ကျွန်တော်၌လည်း သန့်ရှင်းသောဝိညာဉ် တော် ကိန်းဝပ်နေကြောင်း သိနားလည်လာသည်။ရွေးနှုတ်ကယ်တင်ခြင်း ရပြီးနောက်အစပထမတွင် ကျွန်တော်၌သန့်ရှင်းသော ဝိညာဉ်တော် ကျိန်း ဝပ်ခြင်း ရှိမရှိ၊ မသိနိုင်ပေ။ 
သို့သော်သူ၏နှုတ်ကပါတ်တော်ကို ဆက်လက် လေ့လာသောအခါ ကျွန်တော်၏စိတ်နှလုံးထဲ၌ အသစ်သောဘာသာဝင် ယုံကြည်ခြင်းသည် ပွင့်လန်းလျှက်သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိသည်ကို သိနား လည်စေသည်။ ယခုတွင်မူကျွန်တော်၏စိတ်နှလုံးထဲ၌ သန့်ရှင်းသောဝိ ညာဉ်တော်သည် အမှန်စင်စစ် ကိန်းဝပ်နေသည်ကို သိရှိခံစားခဲ့သည်။ သူ သည်ကျွန်တော်၏ အပြစ်များကို လွှတ်စေသောအခါ ထိုသို့အပြစ်လွတ် ခြင်းခံမှသာလျှင် ဘုရားသခင်၏သားသမီးများဖြစ်လာရသည့် အပြင် သန့် ရှင်းသောဝိညာဉ်တော်များကိုလည်း ရရှိနိုင်ကြောင်းသိနားလည် သဘော ပေါက်ခဲ့ပြီဖြစ်သည်။ 
ထိုမျှမကသေးဘဲ သူ၏အပြစ်၌ပြည့်စုံသော အသက်တာဖြစ် စေဖို့ရန်ကျွန်တော် ၏ကြိုးစားမှု၌ ပြည့်စုံသည်ဟု ယူဆသောအသက် တာ အားဖြင့်အသက်ရှင်နေခြင်းသည်သန့်ရှင်းသောဝိညာဉ်တော် လက်ခံရရှိ စေရန် မစွမ်းဆောင်နိုင်ကြောင်း သိနားလည်ခဲ့ရပါသည်။ ဘုရားသည် မိမိ အပြစ်သားဖြစ်ကြောင်း သိနားလည်သောသူများနှင့် ထိုအပြစ်သား ဘ၀မှ လွတ်မြောက်ဖို့ရန် မည်သို့ပြရသည်ကို မသိနားမလည်သူများဆီကို ကြွ လာခြင်း ဖြစ်သည်။သူ့ကိုစိတ်အားထက်သန်စွာ ရှာသောသူများနှင့် သူ့ကို လိုလိုလားလားသောသူများကို စောင့်ကြိုလျှက်နေသည်။သူကကောင်း သောအကျင့်နှင့်မဆင်မခြင်ဘဲဘုရားသခင်ကို ယုံကြည်ခြင်းသည်ကောင်း ကင်နိုင်ငံကို ဝင်စားမည်မဟုတ်ကြောင်းနှင့် ယေရှုသည် ရေနှင့်ဝိညာဉ် တော်၏ သတင်းကောင်းအားဖြင့် ကျွန်တော်အား ပြစ် များမှကယ်တင်ရန် ဤလောကသို့ ကြွလာတော်မူသကဲ့သို့ သိမြင်စေပါသည်။ကျွန်ုပ်တို ဘုရား သားဖြစ်ရသော အခွင့်ကိုရစေခြင်းကြောင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော် ကိန်းဝပ်ခြင်းကို လက်ခံရရှိစေပါသောကြောင့်၎င်း၊ ဘုရားသခင်၏ကျေးဇူး တော်ကို ချီးမွမ်းပါသည်။ အကယ်၍သာ ကျေးဇူးတော်ကို မခံစားခဲ့လျှင် ကျွန်တော်၏ စိတ်နှလုံးထဲ၌ အပြစ်မရှိဘဲဖြစ်နေမည့်အပြင် ငရဲတွင်း၌ထာ ၀ရပြစ်ဒဏ်ချမှတ်ခြင်း ခံရမည်ဖြစ်သည်။
ထို့အတူတချိန်က ကားတိုင်တော်က အသွေးတော်ကိုယုံကြည် ပါသဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို တောင့်တခဲ့သော်လည်း မရနိုင်ပေ။ ယင်းအချိန်တွင် ယေရှုကိုယုံကြည်ခဲ့ပါသော်လည်း ကျွန်တော်၏ စိတ် နှလုံးထဲ၌ အပြစ်ရှိနေပါသဖြင့် ထိုအပြစ်သည်ကျွန်တော့်အတွက် သန့်ရှင်း သောဝိညာဉ်တော်ရရှိရန် အတားအဆီးဖြစ်ခဲ့ရသည်။ အပြစ်သားတစ် ယောက်သည်သူ၏စိတ်နှလုံးသားထဲ၌သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ် ခြင်းမရနိုင်ပါ။ 
သို့သော်ယခုတိုင် မြောက်များစွာသောအပြစ်သားများသည် သူတို့ ၏စိတ်နှလုံးထဲ၌ အပြစ်ဖြင့် ပြည့်၍နေလျှက်နှင့်ပင် သန့်ရှင်းသောဝိညာဉ် တော်ကို လက်ခံရရှိရန်ကြိုးစားနေကြသည်။ အကယ်၍သန့်ရှင်းသော ဝိညာဉ်တော်ကိုရရှိရန်အမှန်တကယ်ဆန္ဒရှိခဲ့ပါလျှင်သူနှင့် မိတ်သဟာယဖွဲ့ ပါ။ ရေနှင့်ဝိညာဉ်တော်၏လှပသောသတင်းကောင်းကို ယုံကြည်ရန် နှင့် ရွေးနှုတ်ကယ်တင်ခြင်းရရှိရန် လိုအပ်ပါသည်။ သင်သည်ယခုတိုင် အပြစ် သားတစ်ဦးဖြစ်နေဆဲဘဲလား။ သို့ဖြစ်လျှင် သန့်ရှင်းသောဝိညာဉ် တော်ရရှိ ပြီး သောသူထံမှသတင်းကောင်း အစစ်အမှန်ကို ကြားနာသင့်ပါသည်။ သန့် ရှင်းသောဝိညာဉ်တော်နှင့်မိတ်သဟာယဖွဲ့လိုစိတ်အမှန်တကယ်ရှိသူသည် နှလုံးသား၌ဆာလောင်မှုရှိရမည့်အပြင် ရေနှင့်ဝိညာဉ်တော်၏လှပသော သ တင်းကောင်းကိုစွဲကိုင်ထားရမည်။တရားလမ်းကျသော သန့်ရှင်းသောဝိ ညာဉ်တော်၏နှုတ်ကပါတ်တော်သည် အသင်းတော်၌လည်း ကြားနာနိုင်ပါ သည်။ ဖြောင့်မတ်သောသူများသည် လှပသောသတင်းကောင်းကို ကြားနာ ခြင်းဖြင့်ယုံကြည်လောက်သာသက်တာဖြင့် အသက်ရှင်နိုင်သော်လည်းအ ပြစ်သားများသည် သတင်းကောင်းများကြားနာမှုမရှိဘဲ ငရဲသွားမည့် ကံဇာ တာပါသော သူတို့၏ကျိန်ခြင်းခံရသောအသက်တာဖြင့် အသက်ရှင် နေကြ သည်။ထို့ကြောင့် မိတ်ဆွေသည်လည်း ရေနှင့်ဝိညာဉ်တော်၏သိတင်း ကောင်းအကြောင်းကို ဆည်းပူးရလိမ့်မည်။ အဘယ်ကြောင့်သင်၌သိတင်း ကောင်း၊ယုံကြည်ခြင်းလိုအပ်နေပါသနည်း။အကြောင်းမှာ သင်သည်ဘာ သာရေး ယုံကြည်မှုပညတ်တရားမှ လွတ်မြောက်ရန်အတွက်၎င်း၊ ဘုရားသ ခင်၏နှုတ်ကပါတ်တော်ကို အခြေခံ၍ လှပသောသတင်းကောင်းကို တည် ဆောက်ရန်အတွက်၎င်း၊ ထိုအချက်များရှိသောကြောင့် ဖြစ်သည်။ 
ယေရှု၏ တမန်တော်များသည် ဤလှပသော သတင်းကောင်း တို့အားလိုက်လျှောက်၍သန့်ရှင်းသောဝိညာဉ်တော် ရရှိသော သူများအဖြစ် ရပ်တည်နေကြသည်။ ရေနှင့်ဝိညာဉ်တော်၏လှပသောသတင်း ကောင်း သည် ကနဦးအသင်းတော်ရှိ တမန်တော်များလိုက်နာ စောင့်ရှောက်ခဲ့သော သတင်းကောင်းနှင့်အတူတူပင်ဖြစ်သည်။ခရစ်ယာန်အားလုံး သန့်ရှင်းသော ဝိညာဉ်တော် လက်ခံရရှိမည်။ သို့မှသာလျှင် ဘုရားသခင်၏ သားသမီးများ ဖြစ်လာနိုင်မည်ဖြစ်သည်။ယခုတိုင်ရေနှင့်ဝိညာဉ်တော်၏လှပသောသတင်း ကောင်းကို မယုံကြည်သောသူများသည် သူတို့၏ စိတ်နှလုံးထဲ၌အပြစ်ရှိ သောသူများဖြစ်ကြပါသည်။ သူတို့သည်သန့်ရှင်းသော ဝိညာဉ်တော်နှင့် မိတ်သဟာယပြု နိုင်ဘို့အလို့ငှာ ဘုရားသခင်ပေးသနားတော်မူ၍သန့်ရှင်း သောဝိညာဉ်တော် က်ခံရရှိမည့်အကြောင်းရေနှင့် ဝိညာဉ်တော်၏လှပ သော သတင်းကောင်းကိုယုံကြည်ခြင်းသည် သူတို့၌ပထမဆုံးသောလိုပ် ချက်ဖြစ်သည်။သန့်ရှင်းသောဝိညာဉ်တော်၏ကိန်းဝပ်ခြင်းသည် ယေရှုရှင် ပြန်ထမြောက်ပြီး နောက်မှစတင်ခဲ့သည်။ ယခုကာလသည် ကယ်တင်ခြင်း နှင့်အတိုင်းမသိ ကျေးဇူးတော်ကာလ ဖြစ်သည်။ သို့သော် အကယ်၍ ကျွန်တော်တို့သည် ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်း ကို၎င်း၊ သန့်ရှင်း သောဝိညာဉ်တော် မိတ်သဟာယဖွဲ့ခြင်းကို၎င်း၊ မရခဲ့လျှင် အမှန်စင်စစ် ကံမကောင်းအကြောင်းမလှသောသူများဖြစ်ကြပါသည်။သန့်ရှင်းသောဝိညာဉ်တော်နှင့်မိတ်သဟာယဖွဲ့နေပြီလား။ သင်၏အပြစ်ကြောင့် သန့်ရှင်း သောဝိညာဉ် တော်နှင့်မိတ်သဟာယဖွဲ့ရန် အတားအဆီးဖြစ်နေပြီလား။ 
 
 
ဘုရားသခင်ပေးသနားတော်မူသောသတင်းကောင်း
 
ရေနှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည်မည်ဆိုလျှင် သင်၏စိတ်နှလုံးထဲ၌ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်တော်မူ၍ သင်၏ ရဲဘော်ရဲဘက်ဖြစ်လာပါလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် စိတ်နှ လုံးထဲ၌ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကို ယုံကြည်ခြင်းထားရှိ သူ များ၌သာလျှင်ကိန်းဝပ်လေ့ရှိသည်။သန့်ရှင်းသောဝိညာဉ်တော်သည် သူ၏ အလိုတော်ကိုသန့်ရှင်းသောသူများ၏ နှလုံးသားထဲ၌ မကြာခင်းပြလေ့ရှိ သည်။ သန့်ရှင်းသောဝိညာဉ်တော်ပါရှိသော ပေါလု၏ သာသနာလုပ်ငန်း သည် လှပေသောသတင်းကာင်းကို ပျံ့နှံ့စေရန် ဖြစ်ပါသည်။သန့်ရှင်းသော ဝိညာဉ်တော်လက်ခံရရှိသော သူတစ်ယောက်ယောက်ကို မည်သို့ လက်ခံ အသိအမှတ်ပြုနိုင်ပါသနည်း။ သူ၏စံအမှတ်သည် အဘယ်သို့နည်း။ သူ၏စံ အမှတ်သည် ရေနှင့်ဝိညာဉ်တော်၏လှပေသော သတင်းကောင်းကိုယုံ ကြည်ခြင်းမရှိပင် ဖြစ်ပါသည်။ အကယ်၍ထိုသူသည် ရေနှင့်ဝိညာဉ်တော် တင်းကောင်းကို သဘောပေါက်နားလည်၍ ယုံကြည်မည်ဆိုလျှင် သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ကိန်းဝပ်ခြင်းလက်ခံ ရရှိသူတစ်ယောက်ဖြစ် ပါသည်။သန့်ရှင်းသောဝိညာဉ်တော်သည်၁၉း၃၀လှပသောသတင်း ကောင်း ကို လက်ခံယုံကြည်ခြင်းမရှိသောသူများ၌ ကိန်းဝပ်လေ့မရှိပေ။ ယော ဟန်ထံမှရယူထားသော ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်ကသူ၏သွေး တော်မှလာသောအပြစ်လွှတ်ခြင်းကို ယုံကြည်သောသူ၌ သာလျှင် သန့်ရှင်း သောဝိညာဉ်တော်သည်ကိန်းဝပ်လေ့ရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော် နှင့်အတူ မိတ်သဟာယဖွဲ့ခြင်းကို လိုလားပါသလား။
ထိုသန့်ရှင်းသောဝိညာဉ်တော် ရရှိရန်နှင့် မိတ်သဟာယဖွဲ့နိုင်ရန် မည်ကဲ့သို့သော သတင်းကာင်းမျိုးကို နားလည်ရန် သင်၌လိုနေသည်ကို သိရှိပါသလား။ လှပသောသတင်းကောင်းသည် ယောဟန်ထံ မှရရှိ သော ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်က အသွေးတော်ကို သက်ဝင်ယုံကြည်ခြင်း အထဲ၌ရှိသည်။ အကယ်၍ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကို မယုံ ကြည်လျှင်သင်၏အပြစ်များ လွှတ်ခြင်းရမည်မဟုတ်သောကြောင့် သန့်ရှင်း သောဝိညာဉ်တော်သည်လည်း သင်၏အထံတော် ၌ကိန်းဝပ်နိုင်မည်မ ဟုတ်ပေ။သန့်ရှင်းသောဝိညာဉ်တော်ကလူတို့အားသူ့ကိုရရှိရန် အတွက်ရေ နှင့်ဝိညာဉ်တော်၏သတင်းကောင်းကို ယုံကြည်ရမည်ဟု တောင်းဆိုပါသ ည်။သန့်ရှင်းသောဝိညာဉ်တော်သည် အပြစ်သားများ၏နှလုံးသား၌ မကိန်း ဝပ်နိုင်။ 
အကယ်၍သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် ဆန္ဒရှိခဲ့ပါက သင်၏ အပြစ်အလုံးစုံကိုကိုယ်တိုင်ဆေးကြော သန့်စင်စေရန်အတွက် လှပသောသ တင်းကောင်းကို ပထမဦးစွာ ယုံကြည်ရလိမ့်မည်။ ထို့နည်းတူစွာ အကယ်၍ န့်ရှင်းသာဝိညာဉ်တော်နှင့် မိတ်သဟာယဖွဲ့ရန် ဆန္ဒရှိပါက လှပသောသိ တင်းကောင်းဟောပြောရာတွင် သစ္စာရှိသောသူ ဖြစ်ရမည်။ သန့်ရှင်း သောဝိညာဉ်တော် လမ်းပြပို့ဆောင်မှုလိုချင်လျှင် မွန်မြတ်သောသတင်း ကောင်းကိုအစဉ်သဖြင့် စွဲလန်းရမည့်အပြင်သင်သွားလေရာ၌ ထိုသတင်း ကောင်းပျံ့နှံ့ စေဖို့ရန် ကြိုးစားနေရမည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်း ဟောပြောသောသူများ၌ အစဉ်သဖြင့် ကိန်းဝပ်လျှက်နေသည်။သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းသည် လှပ သောသတင်းကောင်းကို ယုံကြည်၍ ဖြောင့်မတ်ခြင်းသို့ရောက်သော သူ များကိုသာ ပေးတော်မူ၏။ 
လှပသောသတင်းကောင်းကိုယုံကြည်သည့်ဖြောင့်မတ်သောသူ များသာလျှင် သန့်ရှင်းသောဝိညာဉ်တော်နှင့် မိတ်သဟာယဖွဲ့ရသော အခွင့် ကိုရရှိနိုင်သည်။ လှပသောသတင်းကောင်းသည် သန့်ရှင်း သောဝိညာဉ် တော် အဖြစ်လက်ခံရခြင်းသည် ထိုသတင်းကာင်းသည် ယေရှု၏ ဗတ္တိဇံနှင့် အသွေးတော်အားဖြင့် ပြီးမြောက်ခဲ့သည်။ လှပသောသတင်းကောင်းကို ယုံကြည်သောပေတရုကလည်းယခုတွင်ဗတ္တိဇံသည် ယေရှုခရစ် ထမြောက် တော်မူသောအားဖြင့်ငါတို့ကိုကယ်တင်တတ်သော ဗတ္တိဇံဟုဆိုသော် ကိုယ် ကာယအညစ်အကြေးဆေးကြောခြင်းကို မဆိုလို။ကိုယ့်ကိုယ်ကိုသိသော စိတ်ကြည်လင်၍ ဘုရားသခင်ရှေ့၌ဝန်ခံခြင်းကိုဆိုလိုသတည်း။ ကျမ်း စာတွင် “ရေ” သည် ယောဟန် ထံမှ ယေရှုခရစ်ခံယူသော ဗတ္တိဇံအတွက် မကြာခဏရပ် တည်သည်ကို တွေ့ရှိရသည်။
လှပသောသတင်းကောင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို ရနိုင်သောသူများသည် ရွေးနှုတ် ကယ်တင်ခြင်းရရှိသည့်အပြင် အပြစ်အ လုံးစုံမှလွှတ်ခြင်းခံရသူများဖြစ်ကြသည်။ လှပသောသတင်းကောင်းကို ယုံ ကြည်သောသူများသည်နံဝိညာဉ်အားဖြင့်၎င်း၊ ဝိညာဉ်တော်ပို့ဆောင်ခြင်း ကြောင့်သစ္စာတရားအားဖြင့်၎င်းကိုးကွယ်နိုင်သည်။ သန့်ရှင်းသော ဝိညာဉ် တော်သည် ဖြောင့်မတ်သောသူများကို သူတို့၏အသက် တာတစ် လျှောက် သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်၀စေဖို့ရန် မစသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ် ခြင်းလက်ခံရရှိသော သူတို့သည်အစဉ်သဖြင့်ဘုရား သခင်၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်း၍အသက်ရှင်နိုင်သည်။သန့်ရှင်း သော ဝိညာဉ်တော်သည်ကျွန်တော်တို့ကိုဘုရား၏သားသမီးများဖြစ်ကြောင်း အာ မခံချက်ရစေသည်။ 
ကျွန်တော်တို့သည်ရေနှင့်ဝိညာဉ်တော်အထဲ၌၎င်းသန့်ရှင်းသောဝိညာဉ်တော်၌၎င်းအစဉ်သဖြင့် အသက်ရှင်ရပါလိမ့်မည်။ကိုယ့်အပြစ် မရှိ ဟူ၍ ငါတို့သည်ဆိုလျှင်ကိုယ့်ကိုယ်ကို လှည့်ဖြားကြ၏။ ငါတို့၌သစ္စာ တရားမရှိဟူ၍ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို့ကို သွန်သင် ခဲ့သည်။ ကိုယ့်ကိုယ်ကို လှည့်ဖြားသောသူများ၌ သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းမပြုနိုင်ပါ။ သန့်ရှင်းသောဝိညာဉ်တော်က “ယောဟန် ထံယေရှုခံယူခဲ့သော သူ၏ဗတ္တဇံနှင့်အသွေးတော်အားဖြင့် ပြီးမြောက်ခဲ့ သောလှပသည့်သတင်းကောင်းကို သင်တို့ အဘယ်ကြောင့်မယုံကြည် သနည်း”ဟူ၍အပြစ်သားများကိုဆုံးမခဲ့သည်။ယေရှု၏ဗတ္တိဇံနှင့် အသွေး တော်၏သတင်းကောင်းကို မယုံကြည်ဘဲသန့်ရှင်းသောဝိညာဉ်တော် ပထမ ဆုံးရရှိသည့် ဒုတိယမွေးခြင်းခံရသော ယုံကြည်သူတစ်ဦး၏အပြစ် ဝန်ခံ ချက်ကိုဆန်းစစ်ကြည့်ကြအောင်။ယခုတွင်ဤသူသည်ရေနှင့်အသွေးတော် ၏သတင်းကောင်းကို လက်ခံယုံကြည်သည့်အပြင်သန့်ရှင်းသောဝိညာဉ် တော်ကိုလည်းလက်ခံ ရရှိသည်။ 
ဤနေရာတွင်ကျွန်တော်တို့ကမည်သူ၌သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်သည်ကိုတိတိကျကျထောက်ရမည်။“ဤလောက၌ ကျွန်တော်ဖြစ် တည်လာရသည့် အကြောင်းရင်းကို သဘောပေါက် နားလည်လာ သာအခါ နှလုံးသားထဲ၌ဘုရားသခင်သည်စတင်အသက်ရှင်လာသည်။ ကိုယ့်ကိုယ် ကိုကြည့်စမ်းသောအခါ ဘုရားသခင်၏ဆန္ဒအတိုင်း အကြင်နာကင်းမဲ့သော ဤလောဘ၌ အသက်ရှင်နေထိုင်ရန် ကျွန်တော်၏အားနည်းချက်ကိုတွေ့ မြင်ခဲ့ရပါသည်။ကျွန်တော်သည်ဘုရားသခင်ကိုမရှာခဲ့သော်လည်း ပင်ကိုယ် အားဖြင့် စက္ခုအာရုံဖြင့်မမြင်နိုင်သောဘုရားသခင်ရှိကြောင်းကိုမူ လက်ခံခဲ့ ပါသည်။ မျက်စိဖြင့်မမြင်နိုင်သော်လည်းရှိသည်။ ကိုယ့်ကိုယ်ကို “တကယ် ဘဲရှိသလား” ဟုမေးခွန်းအကြိမ်ကြိမ်ထုတ်ခဲ့သော်လည်း အမှန်မှာ သူသည် အရာတိုင်းကိုဖန်ဆင်းသောဖန်ဆင်းရှင်ဖြစ်ကြောင်း အခိုင်အမာယုံကြည် သည်။ဘုရားသခင်ကို ငြင်းပယ်သောသူသည် စဉ်းစားဥာဏ်မရှိဟန်တူ သော်လည်း တချို့သောနည်းလမ်းဖြင့် ကျွန်ကြီးထက်သာ၍ တန်ခိုးရှိသော သူများဖြစ်ကြသည်။ အရာရာကို သူတို့ကိုယ်ပိုင်အားဖြင့် လိုက်လျှောက် နိုင်ဟန်တူ၍ တဘက်ကကြည့်လျှင် ပျော့ညံ့သောလူအနှင့်တူသည်။ 
သို့သော်သေပြီနောက်ပိုင်း အသက်တာအတွက် မျှော်လင့် ချက် ကြောင့်ဘုရားသခင်အပေါ်ပို၍အလေးထားဂရုပြုမှုရှိလာသည်။ ကောင်း ကင်နိုင်ငံတော်သည် ၈း၃၂ ကျွန်ုပ်တို့ကဲ့သို့သော ချို့တဲ့သူများအတွက် ဟုတ်မဟုတ်သိချင်လာသည်။ ဤမေးခွန်းကြောင့် ကောင်းကင်ဘုံနှင့် ဆိုင်သောနိဗ္ဗာန်ကို ပို၍တောင့်တလာသည်။ဖခင်ကလည်း ဘာသာရေး မက လူကိုပါအထင်သေးခဲ့သည့်အပြင် မွေးချင်းညီအစ်ကို နှစ်မများက လည်း ဘာသာရေးကိုင်းရှိုင်းမှုမရှိဘဲဘုရားကျောင်းကိုသွားကြသည်။ သူတို့ ကကျွန်ုပ်တို့၏ ဘာသာရေးလုပ်ဆောင်မှုမှာ များမကြာမီမှေးမှိန်ကွယ် ပျောက်သွားမည်ဟု ယူဆကြပါသဖြင့် အလယ်တန်းဆင့် ရောက်သည့်တိုင် ဘုရားကျောင်းသွားသည်ကို မတားမြစ်ကြပေ။ 
ဤသို့ဖြင့်အသင်းတော်တပါးပြီးတပါး၌ သွား၍နောက်ဆုံးတွင် ကျွန်ုပ်တို့အိမ်နီးရှိ အသင်းတော်ငယ်လေးတွင် တက္ကသိုလ်ရောက်သည့်တိုင် စတင်သွားခဲ့သည်။ဤအသင်းတော်တွင် တက်ရောက်ရန် ရွေးချယ်ရခြင်း ၏အဓိကအကြောင်းအရင်းမှာ ယင်းအသင်း‌တော်တွင် သတင်းကောင်းကို အ လေးအနက်ထား၍ဟောပြောသည်။ အသင်းတော်၏သင်းအုပ်ဆရာ သည် ကျမ်းစာတော်ရှိနှုတ်ကပါတ်တော်ကို ထိပါးခြင်း၊ မလေးမစားပြုခြင်း လုံး၀မရှိသော ဧဝံဂေလိဆိုင်ရာနိုးကြားရေးသမားတစ်ယောက်ဖြစ်သည်။ ကျွန်ုပ်တို့၏လေ့လာသင်ကြားမှုကြောင့် ဖိစီးမှု၊ ချုပ်ချယ်မှုရှိခဲ့သော်လည်း ဘာသာရေးကိုင်းရှိုင်းမှု အသက်တာကိုဦးဆောင်လမ်းပြရန်အတွက် ဆင် ခြင်နိုင်သောစွမ်းရခဲ့သည်။အကြောင်းရင်းမှာလူများကကျွန်တော်၏နောက် လိုက်အသင်းသားများကို မိစ္ဆာဒိဋ္ဌိများဟူ၍ခေါ်ကြသည့်အတွက် ကျွန်ုပ်တို့ ၏အသင်းတော်သည် မှန်သည့်အပြင် ကောင်းကင်နိုင်ငံတော်ကို မုချဝင် စားမည်ဟု ယုံကြည်ခဲ့သည်။ ထိုဧကန်အမှန်ဖြစ်သော အရာသည်သတင်း ကောင်းတွင်အခြေခံထားသည်။ သူတို့ကအပြစ်သားများအတွက် ကောင်း ကင်တံခါးသို့မဝင်နိုင်ဟုဆိုကြသော်လည်းအခြားသောအသင်းတော်များက လည်း သူတို့၏စိတ်နှလုံးထဲတွင် အပြစ်ရှိနေမည်ဟု ဆိုကြပါသည်။ ကျွန်ုပ် တို့သည်လည်း ကျွန်ုပ်တို့၏ အသင်းသူအသင်းသားများ ဘုရားကျောင်းမ တက်မီကတည်းက အပြစ်သားများဖြစ်ခဲ့ပြီဖြစ်ပါသဖြင့် ထိုအငြင်းပွားစ ရာများကို ထည့်မစဉ်းစားတော့ပေ။သို့သော်ထိုအမည်ခံ ဧဝံဂေလိဆိုင်ရာ နိုးကြားရေးသမားများသည်လွန်ခဲ့သောအချိန်၌ ကြုံတွေ့ခဲ့ဘူးသော ကျွန်ုပ် တို့၏အတွေ့အကြုံနှင့်များပြားစွာကွာခြားပါသည်။ သူတို့ကအကယ်၍ မှန် ကန်သေပုံစံဖြင့်ယေရှုကို ယုံကြည်လျှင် အပြစ်ကင်းသောသူများ ဖြစ်ကြ သည်ဟုဆိုကြသည်။ ထို့အပြင်အပြစ်မရှိသောသူများသာလျှင် ကောင်းကင် နိုင်ငံတော်ကိုဝင်စားရမည်။ နောက်တဖန် ယေရှုကကျွန်တော်တို့ကို တရား မျှတသောကားတိုင်ဆီသို့ဆိုက်ရောက်စေပြီးဖြစ်သောကြောင့်ကျွန်တော်တို့ သည် အပြစ်သားများမဟုတ်တော့ဘဲ ဖြောင့်မတ်သောသူများ ဖြစ်ကြပြီဟု ဆိုကြသည်။ 
အစပထမတွင်မယုံသော်လည်း ယင်းအကြောင်းကို ပြန်စဉ်းစား သောအခါနားလည်ခံယူတတ်လာသည်။ ဘုရားသခင်သည် အပြစ်ကိုစက် ဆုပ်ရွံရှာသည့်အတွက် အကယ်၍ကောင်းကင်နိုင်ငံတော်ကိုသွားလိုလျှင် ကျွန်တော်၌အပြစ်ကင်းစင်ရန် ဘုရားသခင်သာလျှင် တတ်နိုင်သည်ဟုခံ ယူခဲ့သည်။ဤအသင်းတော်၌ယုံကြည်ခြင်း၊ ကွဲပြားမှုရှိခဲ့ဘူးသည့်အပြင် ဝတ်ပြု ကိုးကွယ်မှုထုံတမ်းဓလေ့တွင်လည်းအလားတူပင် အနည်းငယ်ကွဲ ပြားမှုရှိခဲ့သည်။ သို့သော်ကောင်းကင်နိုင်ငံတော်သည် ရွေးကောက်သောသူ အချို့သာလျှင်ဝင်စားနိုင်သောနေရာဖြစ်ပါသဖြင့်ဤအသင်းတော်ရှိအသင်း သူအသင်းသားများသည်တိကျမှန်ကန်သောယုံကြည်ခြင်းကိုခံယူထားဟန်ရှိသည်။ အကြောင်းမှာ ယေရှု၏အသွေးနှင့်အသားကို အလေးအနက် ထားသောကြောင့်တနင်္ဂနွေအပတ်တိုင်း မန့်တစ်စနှင့် တငုံစာစပျစ်ရည်ကို သုံးဆောင်ရသည်။ အကြောင်းမူကား ဤအခမ်းအနားသည် ကျမ်းစာနှုတ် ကပါတ်တော်၌ အခြေခံထားသည်။ ထိုအခန်းအနားကို ကျွန်တော်လက်ခံ သည်။သို့သော်နောက်ပိုင်းတွင် လူတို့သည် ဘာသာဓလေ့၏ အနှစ်သာရကို နားမလည်သဘောမပေါက်ဘဲ သုံးဆောင်ကြသည်ကို တွေ့ရသည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူများ၏ နှလုံးသား ထဲ၌၎င်း၊ ဖြောင့်မတ်သောသူများ၏ နှလုံးသားထဲ၌၎င်း၊ ကိန်းဝပ်တော်မူ၍ သူတို့၏ဆုတောင်းချက်အားလုံးကို ဘုရားသခင်သည်နားညောင်း တော် မူကြောင်း ယုံကြည်ပါသည်။ ထို့နည်းတူ ကျွန်ုပ်တို့၏ မ ၃း၁၅ နှလုံးသား ထဲ၌ သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်တော်မူသောကြောင့် သိတင်း ကောင်းကိုလည်း သံသယမရှိ ယုံကြည်ခဲ့သည်။ အခက်အခဲအမျိုးမျိုး ကြုံရ သောအခါဘုရားသခင်သည်ကျွန်တော်၏ဘေးနားတွင် ရှိသည့်အလားပြော ပြခဲ့သည်။ သူ့ကိုပြောပြသောခါ၌လည်း နားညောင်းတော်မူကြောင်း ယုံ ကြည်ပါသည်။ထို့ကြောင့်သူ့အပေါ် ကျွန်တော်သည်စိတ်ချ ယုံကြည်သည့် အပြင် သူ့အပေါ်မှီခိုရသည်။
အခြားသောဘာသာစကားများပြောရန်နိုးကြားရေးဝတ်ပြုအစည်း အဝေးဆီသွားကြသောသူများကို ကျွန်ုပ်တို့နားမလည်နိုင်ဖြစ်သည်သာမက အစာရှောင်ဆုတောင်းရာသို့ သွားသောသူများကို ပြက်ရယ်ပြုခဲ့ပါသည်။ သူရွေးသည့် ဝန်ကဲ့သို့သော အဓိပ္ပါယ်မရှိကြိုးစားမှုအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ကိုရရှိရန်အဘယ်ကြောင့် လုယက်ကြရသနည်းဟူ၍ ထိုသို့ ကြိုးပမ်းလုပ်ဆောင်ချက်ကိုကြည့်ပြီး စဉ်းစားမရဖြစ်ခဲ့ရသည်။ သန့်ရှင်း သောဝိညာဉ်တော်သည် သူတို့၌အပြစ်ကင်းစင်သော အခါမှသာလျှင်လာ၍ အစဉ်သဖြင့်သူတို့နှင့်အတူရှိရသည်။ သူတို့သည်အပြစ်သားများ ဖြစ်ပါလိမ့် မည်။ သူတို့၏ကြိုးပမ်းမှုအားဖြင့် သူတို့အပေါ်ဆင်းလာမည်မဟုတ်။ သူတို့ ရူးသွပ်နေကြပြီဟု ထင်ခဲ့ပါသည်။ 
ထိုအတွေးနှင့်အတူသတင်းကောင်းအပေါ် ကျွန်ုပ်တို့ယုံကြည်ခြင်း သည်သာ အကောင်းဆုံးအမှန်ကန်ဆုံးဖြစ်ကာ အခြားသောသူများ၏ ယုံ ကြည်ခြင်းမှာအားလုံးလှည့်စားခြင်းသာ ဖြစ်သည်ဟု ယူဆသည်။ကျွန် တော်၏မာနကြီးသောစိတ်သည် အထွတ်အထိပ်ကို ရောက်သွားသည်။ ၁၀ နှစ်တိတိမိမိကိုယ်ပိုင် ဘာသာရေးကိုင်းရှိုင်းသော အသက်တာအားဖြင့် လျှောက်လှမ်းခဲ့သည်။ သို့သော်အချိန်ရလာသည်နှင့် ကျွန်တော် ၏အတွေး၊ စိတ်နှလုံးထဲတွင် မေးခွန်းများစ တင်ထွက်ပေါ်လာသည်။ ကားတိုင်ပေါ်က သွေးတော်၏သတင်းကောင်းကြောင့် ကျွန်တော်သည် အပြစ်ကင်းသောသူ ဖြစ်ခဲ့ပါသော်လည်း အခြားသောယုံကြည်သူ အားလုံးမှာ အပြစ်ကင်းကြပါ့ မလား။ကျွန်ုပ်တို့ယုံကြည်သကဲ့သို့ သူတို့သည်ဤသိတင်းကောင်းကို အမှန် တကယ်ယုံကြည် ကြပါသလား။ 
အဘယ်ကြောင့် ထိုမေးခွန်းမျိုး ထုတ်ခဲ့ရသည်ကို ကျွန်ုပ်တို့ကိုယ် တိုင် နားမလည်နိုင်ဖြစ်ခဲ့ရပါသည်။ ဤမေးခွန်းများ ကျွန်တော်၏အတွေး တွင် တိတိကျကျဝင်လာသော်လည်း မည်သူတစုံတယောက်ကိုမျှ မေးမြန်း ခြင်းမပြုပါ။. ယင်းသည်မိမိကိုယ်ကို ယုံကြည်ခြင်းသာဖြစ်၍ အခြားသော သူများကို ထိပါးလိမ့်မည်မဟုတ်ပေ။ အခြားတယောက်ယောက်ကို ဤမေး ခွန်းမေးခဲ့လျှင် ရိုင်းစိုင်းသောမေးခွန်းဖြစ်ပါ လိမ့်မည်။သို့သော်ဤမေးခွန်း များကို ကိုယ်ကိုတိုင်စတင်မေးရပါတော့သည်။ ကောလိပ်ကျောင်းတွင် နေနေစဉ်ကျွန်တော်သည်ဘာသာရေး ပညတ်ချက်ဖြင့် ကန့်သတ်လျှက် နေ၍ ဤအတိုင်းစတင်လုပ်ဆောင်ပါတော့သည်။ ကျွန်တော်၏နှလုံးသား သည် မှောင်မိုက်ခြင်းဖြင့်ဖုံးလွှမ်းလာကာ ကျွန်တော်၏ယုံကြည်ခြင်းသည် လည်း စတင်အားနည်းလာပါသည်။
ကျွန်ုပ်တို့၏ယုံကြည်ခြင်း စိတ်ချမှုသည်ကြာရှည်မခံတော့ချေ။ မိမိကိုယ်မိမိ ဖြောင့်မတ်သူတစ်ဦးအဖြစ် မသတ်မှတ်နိုင်တော့ပါ။ ယေရှု သည်ကျွန်ုပ်တို့၏အပြစ်များကို အမှန်တကယ်ဆေးကြောခဲ့ပါသလါး။ ဤ သို့သောမရေမရာဖြစ်ရသည့်ကြားထဲက ကားတိုင်တော်၏ သတင်းကောင်း တို့အား ယုံကြည်ခြင်းကို ထည့်သွင်းစဉ်းစားရန် မိမိကိုယ်မိမိအတင်း အဓမ္မလုပ်သည့်အပြင် ထိုသတင်းကောင်းအားဖြင့် မိမိကိုယ်မိမိရှိရင်းစွဲအ ယူအဆကိုစွန့်ပယ်ပြီး အယူအဆသစ်လက်ခံလာအောင် အတင်းအကျပ်ပြု လုပ်ခဲ့သည်။သို့သော်ကိုယ့်ကိုယ်ကို ဖိအားပေးလေလေ ပျောက်ခြင်း မလှ ပျောက်လေဖြေစ်လာကာ ဘုရားကျောင်းများလည်း နောက်ထပ်မတက် တော့ပေ။ ကျွန်ုပ်တို့အသင်း၏လှုပ်ရှားမှုကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးချခဲ့သည်။
ထိုရှုတ်ထွေးမှုနှင့် မရေရာမှုကြားကပင် နောက်ဆုံးတွင်သစ္စာတ ရားနှင့်ဆုံမိသည်။ ရေနှင့်ဝိညာဉ်တာ်၏ သိတင်းကောင်း အကြောင်းကြားရ သည်သာမကကျွန်ုပ်ထံလျင်မြန်စွာလျှပ်စီးလက်သကဲ့သို့ဖြစ်လာသည်အထိ ရောက်သည့်အကျိုးသက်ရောက်မှုမှာ အလွန်ကြီးမားသဖြင့် ချုံးပွဲချငိုရ လောက်အောင် ခံစားရသည်။ သို့သော် သတင်းကောင်းကို ကြားနာခြင်း ဖြင့်ယခင်ယုံကြည်ခဲ့သမျှလွဲမှား၍နေကြောင်း ဝန်ခံခဲ့သည်။ကျွန်တော်၏အ ပြစ်များကို ယေရှုထံကမ်းပေးခြင်း မလုပ်ခဲ့ဘူးပါ။ ကျွန်တော်၏ အပြစ်များ ကိုယူဆောင်သွားခြင်းကြောင့် အပြစ်ကင်းသောသူဖြစ်ရသည်ကို ရဲရဲတင်း တင်းယုံကြည်ခဲ့သော်လည်း ယင်းသည်ပြစ်မှုတစ်ခုမဟုတ်ပါ။ ယေရှုသည် အဘယ်ကြောင့် ဤလောကသို့ ဗတ္တိဇံကိုခံယူရန် ကြွလာရသနည်း။ အ ကြောင်းမှာသူသည်သိုးသငယ်ကဲ့သို့ အနွံအနာခံသောသူဖြစ်သည်ကို သက် သေပြရန် အလိုတော်ရှိသောကြောင့် ဖြစ်ပါသည်။ 
လူသားတဦးအနေဖြင့် ကြွလာခြင်းဖြင့် သက်သေပြဖို့လား။ ရှောင် လွဲမရသောသူ၏သေခြင်းဖြင့်ပရောဖက်ပြုရန်လား။ ဗတ္တိဇံနှင့် ပတ်သက်၍ မပြတ်သားသောအသိတရားနှင့်အလားတူ အရေးပါအရာရောက်သောအ သိတရားမျိုး စိတ်ကူးယဉ်အိမ်မက်ပင် မမက်ခဲ့ဘူးပေ။ သစ္စာတရားသည် လူသားအားလုံးကို ကိယ်စားပြုသောယောဟန်အားဖြင့် ယေရှုသည် ဗတ္တိဇံ ကိုခံယူကာထိုဗတ္တိဇံနှင့်အတူ ကျွန်ုပ်တို့အပြစ်အလုံးစုံကိုယူဆောင်သွား သည်။ယင်းမှာ ကျွန်ုပ်တို့၏အပြစ်အလုံးစုံကို သယ်ဆောင်သွားသော ဘုရားသခင်၏သိုးသငယ်ဖြစ်သော ယေရှုသည် အဘယ်ကြောင့်ကြွလာခဲ့ရ သည့် အကြောင်းရင်းခံဖြစ်သည်။ 
ယခုတွင်မူ အရာရာကိုသဘောပေါက် နားလည်လာပြီဖြစ်သည်။ ယေရှုသည်ကျွန်ုပ်တို့၏အပြစ်များအတွက် ကားတိုင်ပေါ်တွင် ပြစ် ၏ဒဏ် စီးဝင်ခြင်းခံခဲ့သည်။ ယင်းကြောင့် ကျွန်ုပ်တို့သည် ဝိညာဉ်နှလုံသားထဲ၌ အပြစ်မဲ့သောသူဖြစ်ခဲ့ရသည်။