Search

Preguntas Frecuentes sobre la Fe Cristiana

Tema 2 : El Espíritu Santo

2-7. သခင်ယေရှု၏နောက်လိုက်တပည့်တော်များသည် အပြစ် လွှတ်ခြင်းအားဖြင့် အပြစ်မှရွေးနှုတ်ခြင်းရရှိခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ် တော်ရရှိခဲ့ကြသလား။ (သို့) ၄င်းသည် အပြစ်လွှတ်ခြင်းမရဘဲ သီးသန့်အတွေ့ အကြုံဖြစ်ခဲ့သလား။

သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်းသည် ကယ်တင်ခြင်းနှင့်ခွဲ ခြား၍မရပါ။ သခင်ယေရှု၏တပည့်တော်များသည် သန့်ရှင်းသောဝိညာဉ်တော်ရရှိ ခြင်းမရှိသည့်အချိန်၌ပင် သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းအားဖြင့်သူသည် လောက အပြစ်များအားလုံးကို ယူဆောင်သွားခဲ့ကြောင့် သိရှိယုံကြည်ခဲ့ကြသည်။ (၁ ပေ ၃:၂၁ - ယခုတွင် ဥပမာအတိုင်းဗတ္တိဇံသည် ကျွန်ုပ်တို့ကိုကယ်တင်သည်။)
    အပြစ်လွှတ်ခြင်းဟူသည် အပြစ်မှကယ်တင်ခြင်းရရှိခြင်းပင်ဖြစ်သည်။ တ နည်းအားဖြင့် ကျွန်ုပ်တို့နှလုံးသားများထဲတွင်ရှိသောအပြစ်များအားလုံးဆေး ကြောခြင်းရရှိပြီးအဝေးသို့လွင့်သွားသည်ကိုဆိုလိုသည်။ ယနေ့ မြောက်များစွာ သောခရစ်ယာန်များက ကျွန်ုပ်တို့အပေါ်သခင်ယေရှုပေးအပ်ခဲ့သော အပြစ်လွှတ် ခြင်းအဓိပ္ပါယ်ကိုမသိဘဲ မကြခဏစိတ်ရှုပ်ထွေးကြသည်။ လူတွေက အပြစ် လွှတ်ခြင်းမည်သို့ရရှိ ကြမည်ကိုမသိရှိခဲ့ကြပေ။ သူတို့က သခင်ယေရှုကို သခင်အဖြစ်ယုံကြည်ကြသောကြောင့် အပြစ်လွှတ်ခြင်းရရှိကြသည်ဟု ထင်ကြ သည်။
    အပြစ်လွှတ်ခြင်းရရှိသောသူများသည် သူတို့၏နှလုံးသားများထဲတွင် သက်သေရှိသည်။ သို့သော် လူတစ်ဦးသည် သူ၏ရွေးနှုတ်ကယ်တင်ခြင်းအ ကြောင်းကိုသက်သေမခံလျှင် သူသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်အပြစ်လွှတ် ခြင်းမရရှိခြင်းပင်ဖြစ်သည်။ သူသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသည်ဟု ခံစားလျှင် ၄င်းသည် သူ၏စိတ်လှုပ်ရှားမှုအားဖြင့် မိမိကိုယ်ကို လှည့်စားခြင်း သက်သက်သာ ဖြစ်သည်။ စာတန်သည် မိမိကိုယ်ကို ကောင်းကင်တမန်ယောင် ဆောင်ပြီး (၂ ကော ၁၁:၁၄-၁၅၊ ဂလာတိ၁:၇-၉) သူ့ကိုသမ္မာတရားမှ လမ်းလွှဲရန် လှည့်စား နေခြင်းဖြစ်သည်(မဿဲ ၇:၂၁-၂၃)။
    အပြစ်လွှတ်ခြင်းရရှိသောသူများသည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကိုယုံကြည်ကြသောကြောင့် သူတို့နှလိုးသားထဲတွင် သက်သေအထောက် အထားရှိသည်။ ၁ယော ၅:၄-၁၂ တွင် ဘုရားသခင်သည်ရေနှင့်အသွေးတော် အားဖြင့်ကြွဆင်းလာသောသခင်ယေရှုခရစ်တော်အကြောင်းကိုသက်သေခံသည်။ ထိုပြင်၊ လူတစ်ဦးသည် မတူညီသောဝိညာဉ် (သို့) မတူညီသောသတင်းကောင်းကို ဝေငှလျှင်(၂ကော ၁၁:၄)ထိုသူသည် အပြစ်လွှတ်ခြင်း(သို့) သန့်ရှင်းသောဝိညာဉ် တော်မရရှိခဲ့ပေ။ လူတွေက ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့်ကြွလာ သော သခင်ယေရှုခရစ်တော်ကို ယုံကြည်သောအခါမှသာလျှင် အပြစ်လွှတ်ခြင်း အခွင့်ရရှိကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်ရရှိခြင်းသည် အပြစ်လွှတ်ခြင်း အတွက် အလွန်အရေးကြီးသည်။ အပြစ်ခွင့်လွှတ်ခြင်းသည် သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းအတွက်အလွန်အရေးကြီးသည်။
The New Life Mission

Participe en nuestra encuesta

¿Cómo se enteró de nosotros?