Soggetto 1: Rinasce d'acqua e di Spirito
1-31. ဘုရားသခင်သည် မြင့်မြတ်သောဘုရား၊ မေတ္တာဂရုဏာဘုရား၊ ကြိီးမြတ်သောဘုရားဖြစ်သောကြောင့် ကျွန်တော်တို့တွင် အပြစ်ရှိသော် ငြားလည်း ယေရှုကို အမှန်တကယ် ယုံကြည် ခဲ့လျှင် ဖြောင့်မတ်ခြင်းအဖြစ် ယူဆနိုင်မည်လော။
ဘုရားသခင်းသည် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည်နည်း တူ တရားသောဘုရားလည်းဖြစ်၏။ ထို့ကြောင့် မည်သူ့အပေါ်တွင်မဆို သူသည် တည့်မတ်စွာတရားစီရင်လေ့ရှိသည်။ “အပြစ်၏အဖိုးအခသည် သေခြင်းဖြစ်၏” (ရောမ ၆း၂၃) ထိုကျမ်းပိုဒ်၏ဆိုလိုရင်းမှာ အပြစ်သား တဦးသည် အပြစ်စီရင်ခြင်းပြီးမှအောက်ငရဲကို သွားပါမည့်ကံဇာတာပါလာ သည်ဟုဆိုလို၏။ ဘုရားသခင်သည် မှောင်မိုက်နှင့်အလင်းကို ပိုင်းခြား ထားသကဲ့သို့ အပြစ်သားများထံမှဖြောင့်မတ်သောသူကို ခွဲထားတော်မူ၏။ ဘုရားသခင်သည် သူ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ် အသေခံခြင်းဖြင့် သူတို့၏ အပြစ်အလုံးစုံကို ယူဆောင်သွားကြောင်း ယုံကြည်သူတို့ကို ဖြောင့်မတ် သော သူဟူ၍ သတ်မှတ်သည်။
သို့သော်လည်း ယေရှု၏ဗတ္တိဇံကို မယုံကြည်ခြင်းကြောင့် အပြစ် ကျူးလွန်သောသူများသည် ဘုရားသခင်၏ရှေ့မှောက်တွင် အပြစ်သားများ ဖြစ်ကြသည်။ သူတို့သည် ရေကို မယုံကြည်သောသူများ၊ တနည်းအားဖြင့် နောဧခေတ်လူများကဲ့သို့ ယေရှု၏ဗတ္တိဇံကိုမယုံကြည်သောသူ များဖြစ်ကြ သည်။ အကယ်၍ဘုရားသခင်သည် အပြစ်သားများကို ဖြောင့်မတ်သောသူ၊ အပြစ်ကင်းသောသူများအဖြစ် ထည့်မည်ဆိုလျှင် လိမ်လည်သောဘုရား သောကြောင့်လူဖန်ဆင်းထားသောအရာများကိုတရားစီရင်ခြင်း(ဝါ) အုပ်စိုး ခြင်းပြုနိုင်မည်မဟုတ်ပါ။
ငါသည် မတရားသောသူကို အပြစ်မလွှတ် (ထွက် ၂၃း၇) ဟု ဘုရားသခင်မိန့်တော်မူ၏။ မတရားသောသူများဆိုသည်မှာ ဘုရားသ ခင်သည် ကျွန်တော်တို့အပြစ်များမှရွေးနှုတ်ကယ်တင်ရာတွင် တရားမျှတ မှုအရှိဆုံး နည်းလမ်းဖြစ်သော ရေနှင့်ဝိညာဉ်တော်၏သတင်း ကောင်းကို ဘေးဖယ်လျက် မိရိုးဖလာယုံကြည်မှုအပေါ် ရပ်တည်လိုက်လျှောက်သော သူများဖြစ်ကြသည်။ ယေရှုက “ငါ့ကို မယုံကြည်သောကြောင့် ဒုစရိုက် အပြစ်ကို ဖော်ပြမည်” ဟူ၍ မိန့်တော်မူခဲ့သည်။ (ယောဟန် ၁၆း၉) ယခု ဤလောကတွင် မေ့လျော့နေကြသည်။ဒုစရိုက်သည် အမှန်စင်စစ် ဗတ္တိဇံ နှင့်ကားတိုင်တော်အားဖြင့်ကျွန်တော်တို့၏အပြစ်အားလုံးကိုယူဆောင်ခြင်း ငှာကြွလာတော်မူသော ကယ်တင်ရှင်မှာယေရှုဖြစ်သည်ကို မယုံကြည်ခြင်း ဖြစ်သည်။ ထိုအပြစ်သည် အဘယ်ကာလ၌မျှ အပြစ်လွတ်စေခြင်းအခွင့် မရပါ။ သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ် တော်ကို ကဲ့ရဲ့သောသူတို့သည် သူတို့အပြစ်အလုံးစုံကိုယေရှု ဆေးကြောခဲ့ သည့်အကြောင်းကို မယုံကြည်သောကြောင့် ကယ်တင်ခြင်းရရှိဖို့ရန် လမ်း မရှိတော့ပါ။
တမန်တော်ရှင်ယောဟန်က “ဒုစရိုက်ကိုပြုသောသူ မည်သည် ကား ပညတ်တော်ကို လွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော်ကို လွန်ကျူးခြင်းဖြစ်သတည်း။ ကိုယ်တော်သည် ငါတို့၏အပြစ်များကို ဆောင် သွားခြင်းငှာ ထင်ရှားပေါ်ထွန်းတော်မူသည်ကို သင်တို့သိကြ၏။ကိုယ် တော်၌တည်သောသူမည်သည်ကား ဒုစရိုက်ကိုမပြုတတ်၊ ဒုစရိုက်ကို ပြုတတ်သောသူမည်သည်ကား ကိုယ်တော်ကို မသိမြင်ရသေး။ (၁ယော ၃း၄-၆)အကယ်စင်စစ်ယေရှု၏ဗတ္တိဇံနှင့်ကားတိုင်တော်အားဖြင့်ကျွန်တော် တို့၏အပြစ်များကို ယူဆောင်သွားပြီဟု မယုံကြည်ခြင်းသည် ပညတ်တ ရားကိုကျူးလွန်ခြင်းဖြစ်သည်။နောက်ဆုံးသောကာလတွင် ထိုသို့ပညတ်တ ရားကို ကျူးလွန်သောသူတို့သည် ငြင်းပယ်ခြင်းခံရလိမ့်မည်။
ခရစ်တော်ယေရှု၌ဗတ္တိဇံကိုခံကာသူ၌တည်သောသူတို့သည်အပြစ် ကင်း၍ ယေရှုနှင့်တလည်းတဝတည်းဖြစ်သည်။ သူတို့သည် ဇာတိအား နည်းမှုကြောင့် အပြစ်လုပ်နေဆဲဖြစ်ကြသော်လည်း အသက်တာတခုလုံး နှင့် အပြစ်အလုံးစုံကို ယေရှုထံအပ်နှံ၍ သူ၏ဗတ္တဇံကိုယုံကြည် ခြင်းအား ဖြင့် အပြစ်မရှိသူများဖြစ်ကြသည်။
မိမိ၌ရှိသောအပြစ်အလုံးစုံကို ယေရှုထံအပ်နှံ၍ ဝိညာဉ်လောက၏ ပညတ်တရားဖြင့် သန့်ရှင်းစင်ကြယ်သောသူကို ဖြောင့်မတ်သောသူများ အဖြစ် ဘုရားသခင်သတ်မှတ်ထားသည်။သန့်ရှင်းသော ဝိညာဉ်တော်ကို လည်း ဆုကျေးဇူးအဖြစ် သူတို့အားပေးထားသည်။ စိတ်နှလုံးတွင် အပြစ်ရှိ သောသူများအပေါ် ဘယ်သောအခါမျှသန့်ရှင်းသော ဝိညာဉ်ဆင်းသက်လာ မည်မဟုတ်ပါ။ ဒါဝိတ်ဘုရင်ကလည်း “ကိုယ်တော်သည် မတရားသော အမှုကို နှစ်သက်သောဘုရားမဟုတ်။ ဆိုးသောသူကို လက်ခံတော်မမူ။ (ဆာလံ ၅း၄)ဟုရေးသားထားသည်။ ဘုရားသခင်၏သန့်ရှင်းသော ဝိညာဉ်တော်သည် အပြစ်ရှိသောသူများ၏ စိတ်နှလုံးထဲတွင် အဘယ်ကာ လမျှ ကျိန်းဝပ်တော်မူမည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်မရှိသော အပြစ်သားတစ်ယောက်ဖြစ်သည်။ သူ၊သူမ၏ ကိုယ်ပိုင်အတွေးအခေါ် ခံယူ ချက်အရ သူ၊သူမသည် အပြစ်မှကယ်တင်ခြင်းရရှိထားပြီးဖြစ်ကြောင်း ပြောဆိုတတ်သည်။ သို့သော်လည်း တစုံတယောက်သည် သူ၏စိတ်နှလုံး ထဲတွင် အပြစ်လုံးဝမရှိတော့ပါဟုပြော၍မရပါ။ ထိုသို့သော ယုံကြည်ခြင်း နှင့်အတူ ဖြောင့်မတ်ခြင်းသည် သူ၏အသိတရားအာရုံကို ထိခိုက်စေသည်။
ထို့ကြောင့် ထိုကဲ့သို့သောသူသည် အခြားသူများ၏အမြင်တွင် ကျွန်တော်၊ကျွန်မအပြစ်သားပါဟု ပြောနေသော်လည်း အမှန်စင်စစ် သူ့ကို ဘုရားသခင်၏အမြင်တွင်ဖြောင့်မတ်သူဖြစ်သည်ဟုထင်ကြသည်။ သို့သော် ဘုရားသခင်သည်အပြစ်သားတစ်ဦးကိုဖြောင့်မတ်သောသူအဖြစ်သတ်မှတ် ခြင်းမရှိပါ။ အပြစ်သားတစ်ဦးသည် သူ၏တရားစီရင်မှုအောက်၌ရှိသည်။ အပြစ်သားများသည်အပြစ်မှလွတ်မြောက်ရန် ရေနှင့်ဝိညာဉ်တော် သတင်း ကောင်းကို လက်ခံယုံကြည်ဖို့ လိုအပ်လိမ့်မည်။
- Prima
1-32. Poiché Dio è grazioso e compassionevole, non ci considererebbe giusti, anche se nel nostro cuore c’è peccato, se crediamo semplicemente in Gesù?
- Dopo
1-33. Se diciamo che Gesù ha già eliminato tutti i nostri peccati del passato, del presente e del futuro secondo la tua affermazione, come si svilupperebbe il futuro di una persona se continuasse a peccare, pensando al fatto che ha già ottenuto il perdono dei suoi peccati credendo nel battesimo di Gesù e nella Croce? Anche se questa persona uccidesse un’altra persona, penserebbe che anche questo tipo di peccato gli sia stato espiato attraverso Gesù. Pertanto, continuerà a peccare senza esitazione, credendo semplicemente che Gesù abbia già eliminato anche i peccati che commetterà in futuro. Per favore, spiegami queste cose.