Soggetto 1: Rinasce d'acqua e di Spirito
1-32. စာရေးသူ၏ အခိုင်အမာ ဖော်ပြချက်အရအကယ်၍ ယေရှုသည် အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်များတွင်ကျူးလွန်ခဲ့သော ကျွန်တော်တို့၏အပြစ် အလုံးစုံကို ဖယ်ရှားပေးပြီဆိုလျှင် လူတယောက်သည် သူ၏အပြစ်များကို ယေရှု၏ဗတ္တိဇံနှင့်ကားတိုင်တော်အားဖြင့်အမှန်တကယ် အပြစ်မှလွတ်ပြီ ဆိုသည် အတွေးအခေါ်ကြောင့် အနာဂတ်တွင် ဆက်လက်ကျူးလွန်မည့် အပြစ် များကို မည်သို့ ဖယ်နိုင်မည်နည်း။ ထိုသူသည် လူတစ်ယောက်ကို သတ်မိသည့်တိုင်ယေရှုကား တိုင်တော်အားဖြင့် သူကျူးလွန်ခဲ့သောအ ပြစ်များကို ဖြေလွှတ်ခဲ့ပြီဟူ၍သာ မှတ်ယူတော့မည်။ ထို့ကြောင့် တုန့်ဆိုင်း မှုမရှိဘဲ အနာဂတ်တွင် ဆက်လက်၍ အပြစ်ကျူးလွန်ရမည့် အလားအလာ သာရှိသည်။ ကျေးဇူးပြု၍ ရှင်းပြပေးပါ။
ပထမဦးစွာ ရေနှင့်ဝိညာဉ်တော် သတင်းကောင်းနှင့်ဆိုင်သော မေးခွန်း ကိုမေးသောကြောင့် ကျေးဇူးတင်ပါသည်။ အခုမိတ်ဆွေမေးသောမေး ခွန်းမျိုးကို ခရစ်ယာန်အမြောက်အမြားက ဒုတိယမွေးဖွားခြင်းမခံမီ မေးနေ ကျမေးခွန်းဖြစ်သည်။ ဧဝံဂေလိတရားအားဖြင့်ဒုတိယမွေးဖွား ခြင်းရရှိသူ များသည် ဆက်လက်အပြစ်ကျူးလွန်ဖို့ သက်သာရာရစေမည်ကို စိုးရိမ် ကြောင်းသိရသည်။ သို့သော်လည်း ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ယုံကြည်သောသူတို့သည် မိတ်ဆွေစိုးရိမ်သောအသက်တာမျိုးဆီသို့ တိမ်း ညွတ်စရာ အကြောင်းမရှိပါ။ ထိုသို့ ယိုင်လဲရမည့်အစား ဖြောင့်မတ်ခြင်း အသက်တာသို့ လမ်းပြပို့ဆောင်ခြင်းခံရလိမ့်မည်။
ပထမဆုံးစဉ်းစားသင့်သည်မှာ အကယ်၍ သန့်ရှင်းသော ဝိညာဉ် တော်သာလျှင် သင်၏အထဲ၌ အမှန်တကယ်ကိန်းဝပ်လျှင် သင်မျှော်လင့်မ ထားသောအသီးအပွင့်များ သီးလာလိမ့်မည်။ တနည်းအားဖြင့် အကယ်၍ သာ မိတ်ဆွေ၏အထဲ၌ သန့်ရှင်းသောဝိညာဉ်တော်မတည်ရှိခဲ့လျှင် ဝိညာဉ် အသီးအပွင့်များ သီးနိုင်လိမ့်မည်မဟုတ်ပါ။ သင်သည် ကြိုးစားသော်လည်း အရာ မရောက်ဖြစ်သွားပါလိမ့်မည်။ အကယ်၍ သူ၊သူမသည် တနည်းနည်း ဖြင့် ယေရှုကို ယုံကြည်သည့်တိုင်အောင် သူ့တွင် ဝိညာဉ်အသီးအပွင့်များ မသီးပွင့်နိုင်ခဲ့လျှင် လူတစ်ယောက်သည် ဝိညာဉ်အသီးအပွင့်များ မည်သို့ သီးပွင့်နိုင်မည်နည်း။ ဖြစ်နိုင်ပါသည်။ ကိုယ်တော်က မကောင်းသော အပင် သည် ကောင်းသောအသီးမသီးနိုင်ဟု မိန့်တော်မူ၏။ (မဿဲ ရး၁၇-၁၈)
မေးခွန်းများမေးလိုပါသည်။ သင်သည် ယေရှုကို ယုံကြည်ပါသည်။ သို့သော် သင်သည် လောကီရေးနှင့်ဆိုင်သောအပြစ်များကို အောင်မြင် ကျော်လွှားနိုင်ပါသလား။ ဘုရားသခင်၏ဖြောင့်မတ်သော အစေခံတစ် ယောက်အနေဖြင့်လောကီရေးနှင့်ဆိုင်သောအပြစ်များကို အောင်မြင်ကျော် လွှားနိုင်ပါသလား။ ပို၍ဆက်ကပ်လျက်တခြားသောသူများကို ရေနှင့်ဝိ ညာဉ်တော်ကယ်တင်ခြင်း သတင်းကောင်းအားဖြင့် သူတို့အပြစ်အလုံးစုံမှ ကယ်တင်ခဲ့ဖူးပါသလား။ ယေရှုကိုယုံကြည်ပြီးနောက် အပြစ်လုံးဝကင်းစင် သော ဖြောင့်မတ်သူ အမှန်တကယ် ဖြစ်ပါသလား။ ဓမ္မဟောင်းနှင့် ဓမ္မသစ် တွင်ကိုယ်တော်မွေးဖွားခြင်းနှင့်ဆိုင်သောသက်သေဖြစ်သည့်ရေနှင့် ဝိညာဉ် တော်သတင်းကောင်းကို သက်ဝင်ယုံကြည်ခြင်းသည်သာလျှင် ဤမေးခွန်း ၏ အဖြေဖြစ်သည်။
ကျွန်တော်တို့သည်ယေရှုကို ယုံကြည်ပြီးနောက်တွင်လည်း အပြစ် များဆက်လက် ကျူးလွန်ကြပါသည်။ သို့သော်လည်း ကိုယ်တော်သည် ယောဟန်ထံမှဗတ္တိဇံခံယူ၍ကျွန်တော်တို့ကိုဤလောက၏အပြစ် အလုံးစုံမှ ကယ်နှုတ်ဖို့ရန်အတွက် ကားတိုင်ပေါ်တွင် အသွေးတော် စီးကျစေခဲ့သည်။ ထို့ကြောင့် တရားမျှတသောလက်တွေ့လုပ်ဆောင်ချက်ကို ကျွန်တော်တို့ အတွက် လုပ်ဆောင်သွားခဲ့သည်။ ထိုဘုရားသခင်၏မျှတမှုရှိသော လုပ် ဆောင်ချက်အဖြစ် ကျွန်တော်တို့၏အပြစ်ကို ဖယ်ရှားပေးသည့် ကိုယ်တော် ၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်တော်တို့ကို အပြစ် အားလုံးမှ ကယ်တင်ခဲ့သည်။
နောက်ထပ်မေးခွန်းများမေးလိုပါသည်။ သင်သည် သြတ္တပ္ပစိတ်၏ ချည်နှောင်မှ လွတ်မြောက်ပြီလား။ ယေရှုကို ယုံကြည်လက်ခံပြီးနောက် ပိုင်း မယုံကြည်မီအနေအထားကဲ့သို့ အပြစ်ရှိနေပါသလား။ အကယ်၍ ရှိခဲ့သော်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုနားမလည်ခြင်း ကြောင့်ဖြစ် နိုင်သည်။ထို့ကြောင့်သင်၏စိတ်နှလုံးထဲတွင်ဝိညာဉ်တော်ကိုမပိုင်ဆိုင်သော ကြောင့်ပြဿနာဖြင့် အလွန်အမင်းစိတ်သောကရောက်လိမ့်မည်။ သစ္စာရှိ သော ယုံကြည်သည်ဖြစ်သည်(ဝါ)မဖြစ်ဟု ဆိုသည့်အချက်သည် အဓိက မဟုတ်ပါ။ လွတ်နေသောစိတ်နှလုံးထဲတွင် ရေနှင့် ဝိညာဉ်တော်သတင်း ကောင်းကိုထည့်သွင်းခြင်းအားဖြင့်သာလျှင်လူ့ဇာတိအတွေးအခေါ် ချည် နှောင်မှုထဲမှ လွတ်မြောက်နိုင်မည်။ ဇာတိနှင့်ဆိုင်သောအတွေးအခေါ် များကို စွန့်လွှတ်၍ အမှန်စင်စစ်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် သမ္မာတရားဖြစ်ကြောင်း နားလည်ရန် ဘုရားသခင်၏နှုတ်ကပတ်တော် များကို ပြန်ကောက်ပါ။
နှုတ်ဖြင့်ဝန်ခံသော်လည်း နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသူ များဤလောကတွင်မရေတွက်နိုင်လောက်အောင်ရှိနေပါသည်။ အကယ်၍ သင်သည် ထိုကဲ့သို့ဖြစ်သော် ဘုရားသခင်၏တရားစီရင်ခြင်းကို နောက်ဆုံး နေ့တွင် ခံရလိမ့်မည်။ သင်သည် ယေရှုကားတိုင်ပေါ်မှ အသွေးတော်အား ဖြင့်သာ ကယ်တင်ခြင်းရနိုင်သည်ဟု ယုံကြည်လျှင် ကျန်ရှိနေသေးသော သင့်အသက်တာအတွက် အပြစ်လွှတ်ခြင်းအကြောင်း လေ့လာရန်လိုပေ လိမ့်မည်။
ရောမ ၈း၇ အဘယ်ကြောင့်နည်းဟူမူကား ဇာတိပကတိစိတ်သ ဘောသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ ဘုရားသခင်၏တရား တော်အလိုသို့ မလိုက်တတ်။ ထိုမျှမက မလိုက်နိုင်။ အကယ်၍ ဘုရားသ ခင်၏နှုတ်ကပတ်တော်အတိုင်း ယုံကြည်မှုရှိလိုလျှင် ယေရှုသည် လူ့ဇာတိ ကိုခံယူပြီးအပျိုကညာမာရိမှဤလောကသို့ကြွဆင်းခြင်းကို၄င်း၊ ယော်ဒန် မြစ်၌ ဗတ္တိဇံဆရာယောဟန်အားဖြင့် ဗတ္တိဇံခံယူခြင်းဖြင့် လောကအပြစ်အ လုံးစုံ ယူဆောင်ခြင်းကို၄င်း၊ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပြီးပြည့်စုံ စေခြင်းကို၄င်း၊ ယုံကြည်ရမည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို အပြစ်သားအနေဖြင့် ပြည့်စုံ စေနိုင်မည်လော။ သို့မဟုတ် ဖြောင့်မတ်သူက ဖြောင့်မတ်စေနိုင်မည်လော။ အပြစ်သားသည် ဘုရားသခင်ရှေ့တွင် အပြစ်လွှတ်ခြင်းကို မခံယူသော ကြောင့် အပြစ်သားဖြစ်သည်။ ထို့ကြောင့် သူသည် သူ့အပြစ်အတွက် တရားစီရင်ခြင်းကို စောင့်နေသူသာဖြစ်သည်။ ဘုရားသခင်သည် ထိုကဲ့သို့ သော အပြစ်သားများကိုကောင်းကင်ဘုံဝင်စားစေမည်မဟုတ်ပါ။ ဆိုးသော သူကို လက်ခံတော်မမူ။ “အပြစ်သား၏ဆုတောင်းသံကိုငါ နားထောင် သည်မဟုတ်”ဟု ဘုရားသခင်မိန့်ဆို၏။ ဟေရှာယ ၅၉း၁-၂ ကို ကြည့်ပါ။ ထာဝရဘုရားသည် မကယ်မတင်နိုင်အောင် လက်တော်တိုသည်မဟုတ်။ မကြားနိုင်လောက်အောင် နားတော်ထိုင်းသည်မဟုတ်။ သင်တို့ ဒုစရိုက် သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ။ ကြားတော်မမူစေခြင်းငှာ သင် တို့အပြစ်သည် မျက်နှာတော်ကိုလွဲစေပြီ။ အပြစ်၏အခကား သေခြင်းပေ တည်းဆိုသည့်အတိုင်း အပြစ်သားအားလုံး ငရဲသို့သွားရလိမ့်မည်။
အပြစ်မရှိသောသူ တနည်းအားဖြင့် ပြောရလျှင် စိတ်နှလုံးဖြူစင် သောသူများကသာဖြောင့်မတ်သောအလုပ်ကိုလုပ်နိုင်လိမ့်မည်။ ယေရှု၏ ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်းဖြင့် အပြစ်မရှိသောသူ၏အထဲ၌ သန့်ရှင်းသောဝိညာဉ်တော်သည် ကိန်းဝပ်တော်မူ၏။ တ ၂း၃၈ တွင် ပေတ ရုကလည်း သင်တို့၏အပြစ်ကို လွှတ်စေခြင်းငှာနောင်တရ၍ တစ်ယောက် မျှမကြွင်း၊ယေရှုခရစ်၏နာမတော်၌ ဗတ္တိဇံကို ခံကြလော။ သို့ပြုလျှင် သန့် ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံကြရလိမ့် မည်ဟု ဖော်ပြထားသည်။
ဤကျမ်းပိုဒ်၏ဆိုလိုရင်းမှာစစ်မှန်သောကယ်တင်ခြင်းသည်ယေရှု ၏ဗတ္တိဇံနှင့်ကား တိုင်တော်ပေါ်မှ အသွေးတော်ကို ယုံကြည်ခြင်းဖြင့်သာ ဖြစ်ကြောင်းဆိုလိုပါသည်။ဤကဲ့သို့သောယုံကြည်ခြင်းကသာလူကိုယေရှု၌ ဗတ္တိဇံခံစေနိုင်သည်။ထို့ပြင်သူ၏ယုံကြည်မှုကြောင့်အပြစ် လွှတ်ခြင်းတည်း ဟူသော ကယ်တင်ခြင်းကိုလည်းရစေနိုင်သည်။ တပည့်တော်များ (သူ၏ ဗတ္တိဇံ နှင့်အသွေးတော်ကို ယုံကြည်သူ)ကလည်း ထိုသတင်းကောင်းကို ဟောပြောကြသည်။ ယေရှုသည် တပည့်တော်များအား ခမည်းတော်၊ သား တော်နှင့်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဗတ္တိဇံပေးရန် မိန့်မှာခဲ့သည်။ (မ ၂၈း၁၉)
ရောမ ၈း၉ တွင် “သို့သော်လည်း ဘုရားသခင်၏ဝိညာဉ်တော် သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် သင်တို့သည် ဇာတိပကတိဘက် ၌ရှိကြသည်မဟုတ်။ဝိညာဉ်ပကတိဘက်၌ရှိကြသည်။ခရစ်တော်၏ဝိညာဉ် ကို မရသောသူမည်သည်ကားခရစ်တော်နှင့်မဆိုင်။”ဟူ၍ တမန်တော်ရှင် ပေါလုပြောဆိုခဲ့သည်။ ဘုရားသခင်သည် သူ၏သားသမီးများအား သန့်ရှင်း သောဝိညာဉ်တော်တံဆိပ်ကို ခတ်တော်မူသည်။ သန့်ရှင်းသော ဝိညာဉ် တော်သည် အပြစ်ရှိသူ၏အထဲ၌ကျိန်းဝပ်တော်မမူ။ သန့်ရှင်းသောဝိညာဉ် တော်သည် သန့်ရှင်းခြင်းကို ဖော်ညွန်းသည်။ သန့်ရှင်းသောဝိညာဉ်တော် သည် ဖြောင့်မတ်သူများကို ဖြောင့်မတ်ရာလမ်းနှင့် ဘုရားသခင်၏အလို တော်အတိုင်းလိုက်လျှောက်ဖို့ရန်ဦးဆောင်သည်။သို့ဖြစ်လျှင် ဘုရားသခင် ၏အလိုတော်ကားအဘယ်နည်း။လူမျိုးတကာတို့ထံ ရေနှင့်ဝိညာဉ်တော် သတင်းကောင်းဝေငှခြင်းနှင့် ကျမ်းစာအတိုင်း ဗတ္တိဇံပေးခြင်းဖြစ် သည်။
ဇာတိအားဖြင့် ဖြောင့်မတ်သူနှင့်အပြစ်သားများသည် သူတို့သေ သည်အထိအပြစ်ကျူးလွန်ကြသည်။ထိုသူတို့သာမက လောကလူသားအား လုံးအတွက် ဘုရားသခင်သည် ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် အပြစ်ဖြေလွှတ်ခြင်းကို ပြင်ဆင်ခဲ့ပြီ။ ဤအရာသည် ယေရှုအနေဖြင့် ဘု ရားသခင်၏ ဖြောင့်မတ်ခြင်းပြီး ပြည့်စုံစေခြင်းဖြစ်သည်။ ယော ၁း၁၇ တွင် “အဘယ် သို့ဖြစ်သနည်းဟူမူကားဖြောင့်မတ်သောသူသည် ဖြောင့်မတ်ခြင်း အားဖြင့်အသက်ရှင်လိမ့်မည် ဟုကျမ်းစာလာသည်နှင့်အညီ ယုံကြည်ခြင်း၌ တည်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ယုံကြည်ခြင်းအလို့ ငှာ ဧဝံဂေလိတရားအားဖြင့် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်၏ဖြောင့် မတ်ခြင်းကိုယုံကြည်ခြင်းအားဖြင့်အပြစ်လွှတ်ခြင်းခံသူများသည် အပြစ်နှင့် သေခြင်းပညတ်တော်ကို အောင်နိုင်ပြီး ဘုရားသခင်၏ဖြောင့်မတ်ခြင်းအ တိုင်း လိုက်လျှောက်နိုင်သည်။ ဤအရာသည် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်း ယုံကြည်သူများအပေါ် သန့်ရှင်းသော ဝိညာဉ်တော်ကျိန်းဝပ် ခြင်းအားဖြင့်သာ ဖြစ်နိုင်သည်။
ဖြောင့်မတ်သူ၏အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အပြစ်အားလုံးတို့ သည်ယေရှုကဗတ္တိဇံဆရာယောဟန်အားဖြင့်ဗတ္တိဇံခံယူချိန်တွင် လွှဲပြောင်း ခဲ့ပြီးဖြစ်သည်။ ဇာတိအားဖြင့် ဖြောင့်မတ်သူများလည်း ယေရှုနှင့်အတူ သေခဲ့ပြီ။ဤအရာသည် လူတို့သည်ယုံကြည်ချိန်တွင် ယေရှုနှင့် ဆက်နွယ်မှု ရှိပြီး အပြစ်အတွက် တရားစီရင်ခြင်းခံရန်လည်း မလိုတော့ပါ။ (ရော ၆)
ထို့ကြောင့်သူတို့သည် ဇာတိအားဖြင့်ဆက်လက်၍ အပြစ်ကျူး လွန်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ကျိန်းဝပ်မှုကြောင့် ဝိညာဉ် တော်၏အလိုတော်ကို လိုက်လျှောက် နိုင်သည်။ ဖြောင့်မတ်သောသူသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်ဘုရားသခင်၏အမှုတော်ဆောင်နိုင်ခြင်းမှာ သူတို့စိတ်ထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်ကျိန်းဝပ်မှုကြောင့်ဖြစ်သည်။
တမန်တော်များခေတ်ကာလတွင်လည်း သန့်ရှင်းသော ဝိညာဉ်တော်လမ်း ပြပို့ဆောင်ခြင်းမရှိဘဲအသစ်တဖန် မွေးဖွားခြင်းခံသူများစွာ ရှိသည်။ အမှန် စင်စစ် သူတို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို တမန်တော်များ ဟောကြားသည့်အတိုင်း နားမလည်ဘဲ ဇာတိအားဖြင့် ပြောင်းလဲခြင်းသာ ဖြစ်သည်။ ထို့ကြောင့် တမန်တော်ရှင်ပေါလုက သူတို့ကိုဤသို့ ပြောခဲ့ သည်။ ရော ၆း၁-၂ “ထိုသို့မှန်လျှင် အဘယ်သို့ ပြောရမည်နည်း။ ကျေးဇူးတော်ပွားများ စေခြင်းငှာ အပြစ်တရားကို ကျင့်၍နေရမည်လော။ ထိုသို့ မနေရ။ အပြစ်တရားမှ စုတေ့သောသူများသည် ထိုတရား၌ အဘယ် သို့ ရှင်းရဦးမည်နည်း။ ရော ၇း၂၅ တွင် ငါတို့ သခင်ယေရှုခရစ်အားဖြင့် ကယ်လွတ်တော်မူသော ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပေ၏။ ထိုသို့ စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏တရားတော်အလိုသို့၄င်း၊ ဇာတိပကတိ အားဖြင့် အပြစ်တရားအလိုသို့ ၄င်း၊ ငါ လိုက်တတ်၏။
နောက်ဆုံးတွင်ဇာတိအားဖြင့်ဖြောင့်မတ်သူများသည် အပြစ်ကျူး လွန်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိဘဲ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်း နားထောင်ခြင်းဖြင့် သူတို့၏စိတ်နှလုံးသည် ဂရုဏာတော်အုပ်စိုးမှု အောက်၌ ခိုနားလာသည်။ ရော ၆း၁၅-၁၆ တွင် “ထိုသို့ဖြစ်လျှင် အဘယ် သို့နည်း။ ငါတို့သည် ပညတ်တရားလက်၌မရှိ။ ကျေးဇူးတော်လက်၌ ရှိ သောကြောင့် ဒုစရိုက်ကိုပြုရမည်လော။ ထိုသို့မပြုရ။ အကြင်သူ၏ အထံ၌ အစေခံကျွန်ဖြစ်ခြင်းငှာ သင်တို့ဝင်၍အစေခံ၏။ ထိုသူသည် သေခြင်းနှင့် ယှဉ်သော အပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာ သို့ရောက်ခြင်းနှင့်ယှဉ်သော နားထောင်ခြင်းတရားဖြစ်စေ၊သင်တို့၏သခင်ဖြစ်သည်ကိုမသိကြသလော။
သဘာဝပန်းနှင့် လူတို့လုပ်ထားသောပန်းတို့သည် ကွားခြားသ ကဲ့သို့ဖြစ်သည်။သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းခံသူတို့သည်ဘုရား သခင်၏အလိုတော်အတိုင်း သမ္မာတရားကို၄င်း၊ ဝိညာဉ်တော်ကို၄င်း၊ နားလည်ခြင်းဖြင့် အသက်ရှင်ကြ၏။ တနည်းအားဖြင့်ဆိုလျှင် အပြစ်သား များ အပြစ်ကျူးလွန်ခြင်းမှအပအခြားရွေးချယ်စရာမရှိ။ အကြောင်းမှာ သူတို့အထဲ၌ ဝိညာဉ်တော်ကျိန်းဝပ်မည့်အစား အပြစ်ကျူးလွန်သော ကြောင့် ဖြစ်သည်။
ဟန်ဆောင်သောခရစ်ယာန်များသည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို စိတ်နှလုံးအကြွင်းမဲ့ မယုံကြည်ဘဲဇာတိအားဖြင့် ကိုယ့်ကိုယ်ကို သန့်ရှင်းစေရန် ကြိုးစားကြသည်။ ယု ၁း၁၀- ထိုသူတို့မူကား မိမိတို့ နားမလည်သောအရာကိုကဲ့ရဲ့တတ်ကြ၏။ တိရစ္ဆာန်ကဲ့သို့ ပကတိအတိုင်း မိမိတို့နားလည်သောအရာများဖြင့် မိမိတို့ကိုပုပ်ပျက်စေတတ်ကြ၏။ ယခု ခေတ်လူများစွာတို့သည်လည်းစစ်မှန်သောသတင်းကောင်းဖြစ်သောရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်လျက်ပင် ဖြောင့်မတ်ခြင်းအ သက်တာကို နားမလည်နိုင်ကြပါ။
သန့်ရှင်းသူများ၊ ဒုတိယမွေးဖွားခြင်းခံသူများ၏ ဖြောင့်မတ်သော အလုပ်ကို သင် မည်သို့ ထင်ပါသနည်း။ ထိုသူတို့သည် ကမ္ဘာတခွင်တွင် သတင်းကောင်းပြန့်ပွားဖို့ရန် သူတို့ရှိသမျှအားလုံးကို ပေးလျူပြီး ကိုယ့် ကိုယ်ကို အပူဇော်ခံခြင်းများ ပြုလုပ်ခဲ့သည်။ ရေနှင့်ဝိညာဉ်တော်အားဖြင့် အသစ်တဖန်မွေးဖွားခြင်းခံသူများ၏အမှုတော်လုပ်ငန်းကိုသင်မည်သို့ခံစား သနည်း။
ဖြောင့်မတ်သူများသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် သမ္မာ တရား၏အလင်းတော်ကို ယုံကြည်ခြင်းဖြင့် လုပ်ဆောင်နိုင်၏။ ဘုရား သခင်၏ဖြောင့်မတ်ခြင်းလုပ်ဆောင်သူများသည်ဘုရားသခင်၌ မွေးမြူခြင်း ခံသူများဖြစ်ကြသည်။ အပြစ်သားအားလုံးသည် သတင်းကောင်း (ယေရှု သည် သူ၏ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် လောကအပြစ်အားလုံး ဆေး ကြောခဲ့သည်) သို့ ပြန်လှည့်လာလိမ့်မည်ဟု မျှော်လင့်ပါသည်။
လူသားအားလုံးသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်ခြင်းအားဖြင့်အပြစ်လွှတ်ခြင်းခံလျက်ချီဆောင်ခြင်းကာလကိုအပြစ်မရှိဘဲ စေင့်နေသူများဖြစ်ရန်ကျွန်ုပ်တို့တတွေဆုတောင်းနေပါသည်။
- Prima
1-32. Poiché Dio è grazioso e compassionevole, non ci considererebbe giusti, anche se nel nostro cuore c’è peccato, se crediamo semplicemente in Gesù?
- Dopo
1-33. Se diciamo che Gesù ha già eliminato tutti i nostri peccati del passato, del presente e del futuro secondo la tua affermazione, come si svilupperebbe il futuro di una persona se continuasse a peccare, pensando al fatto che ha già ottenuto il perdono dei suoi peccati credendo nel battesimo di Gesù e nella Croce? Anche se questa persona uccidesse un’altra persona, penserebbe che anche questo tipo di peccato gli sia stato espiato attraverso Gesù. Pertanto, continuerà a peccare senza esitazione, credendo semplicemente che Gesù abbia già eliminato anche i peccati che commetterà in futuro. Per favore, spiegami queste cose.