Search

Estudos sobre o Tabernáculo

ကြေးဝါအင်တုံ

ကြေးဝါအင်တုံ
 
ပစ္စည်းပစ္စယ - ကြေးဝါဖြင့်ပြုလုပ်ထားသည်၊ ရေဖြင့်အမြဲတမ်းပြည့်စေသည်။
ဝိညာဥ်ရေးရာအဓိပ္ပါယ် - ကြေးဝါ၏အဓိပ္ပါယ်မှာ လူသား၏အပြစ်များအားလုံးအတွက် တရားစီရင်ခြင်းကိုဆိုလို သည်။ သခင်ယေရှုသည် လူသားအားလုံး၏အပြစ်များအားလုံးပြစ်ဒဏ်ခံနိုင်ရန်အတွက် ယောဟန်အားဖြင့်ဗတ္တိ ဇံခံယူခြင်းအားဖြင့် လောကအပြစ်များကိုယူဆောင်သွားတော်မူခဲ့သည်။ ထိုကဲ့သို့ အင်တံ၏အနက်အဓိပ္ပါယ်မှာ ယေရှု၏ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် အပြစ်များအားလုံးကိုယ်တော့်အပေါ်သို့တင်ခဲ့ပြီဖြစ်ကြောင်းယုံကြည် ခြင်းအားဖြင့် ကျွန်ုပ်အပြစ်အားလုံးဆေးကြောနိုင်ခြင်းကို ဆိုလိုသည်။ 
တဲတော်တွင်အစေခံသောယဇ်ပရောဟိတ်များသည် တဲတော်သို့မဝင်‌ရောက်မီ မိမိလက်များနှင့်ခြေထောက် များကိုဆေးကြောခဲ့ကြခြင်းအားဖြင့် သေခြင်းမှလွှတ်ငြိမ်းခွင့်ခံရကြသည်။ ကြေးဝါသည် အပြစ်အားလုံးအ တွက်တရားစီရင်ခြင်းကိုရည်ညွှန်းသည်။ အင်တုံ၏ရေသည် သခင်ယေရှုသည်လောကအပြစ်များယူဆောင် သွားရန်အတွက် ယောဟန်ထံမှခံယူသောဗတ္တိဇံကို ရည်ညွှန်းထားသည်။ တစ်နည်းအားဖြင့်၊ အင်တုံက သခင် ယေရှုသည် အပြစ်များအားလုံးကို လက်ခံတော်မူ၍ ဤအပြစ်များအတွက်တရားစီရင်တော်မူခြင်းကိုခံတော်မူ ခဲ့သည်။ အင်တုံတွင်ရှိသောရေသည် ဓမ္မဟောင်းကျမ်းရှိ တဲတော်၌ရှိသောအပြာရောင်ချည်ထည်မှာ ဓမ္မသစ် ကျမ်းတွင် ယောဟန်ထံမှသခင်ယေရှုခံယူတော်မူသောဗတ္တိဇံကို ရည်ညွှန်းသည်(မဿဲ ၃း၁၅၊ ၁ပေ ၃း၂၁)။
ထိုကြောင့်၊ အင်တုံသည် သခင်ယေရှု၏ဗတ္တိဇံကို ရည်ညွှန်းသည်။ ကျွန်ုပ်တို့နေ့စဥ်ကျူးလွန်သောအပြစ်များအ ပါအဝင် အပြစ်များအားလုံးကို သခင်ယေရှုယူဆောင်သွားတော်မူကြောင်းကိုလည်းကောင်း၊ လွန်ခဲ့သောနှစ် ပေါင်း ၂၀၀၀က ဗတ္တိဇံ‌‌ယောဟန်ထံမှရရှိသောဗတ္တိဇံအားဖြင့် အပြစ်များအားလုံးကို ချေဖြတ်ဆေးကြောတော် မူကြောင်းအတည်ပြုထားသောနေရာ ဖြစ်သည်။
The New Life Mission

Participe da nossa pesquisa

Como você ficou sabendo sobre nós?