Search

Estudos sobre o Tabernáculo

အသန့်ရှင်းဆုံးဌာန

အသန့်ရှင်းဆုံးဌာန
အသန့်ရှင်းဆုံးနေရာသည် ဘုရားသခင်ကိန်းဝပ်သောနေရာြဖစ်သည်။ အသန့်ရှင်းဆုံးနေရာတွင် ခေရုဗိမ်နှစ်ပါး တို့သည် အတောင်ပံဖြန့်လျက် ပဋိညာဥ်သေတ္တာပေါ်မှ ဖုံးအုပ်ထားသည်။ ခေရုဗိမ်နှစ်ပါးအကွာအဝေးကို ကျေး ဇူးတော်ပလ္လင်ဟုခေါ်သည်။ ကျေးဇူးတော်ပလ္လင်တော်သည် ဘုရားသခင်ပေးအပ်တော်မူသောကျေးဇူးတော်စီး ဆင်းသောနေရာပင် ဖြစ်သည်။ ပဋိညာဥ်သေတ္တာအဖုံးမှာ အသွေးဖြင့်လွှမ်းမိုးထားသည်။ ယဇ်ပရောဟိတ်ကြီး သည် ကျေးဇူးတော်ပလ္လင်တော်ပေါ်တွင် ဣသရေလလူမျိုးများအတွက် ယဇ်ကောင်၏အသွေးခုနစ်ကြိမ်ပက် ဖြန့်ခဲ့သည်။
ယဇ်ပရောဟိတ်ကြီးသည် အပြစ်ဖြေရာယဇ်နေ့တွင် တစ်နှစ်တစ်ကြိမ် အသန့်ရှင်းဆုံးဌာနသို့ဝင်ရောက်နိုင်ခဲ့ သည်။ ဣသရေလလူမျိုးများ၏အပြစ်များဖြေလွှတ်ရန်အတွက် ယဇ်ကောင်ဆိပ်အသွေးကိုယူဆောင်သွားခဲ့ သည်။ ထိုသို့ပြုရခြင်းအကြောင်းမှာ တဲတော်၏အသန့်ရှင်းဆုံးနေရာ၊ ဘုရားသခင်၏အိမ်တော်သည် အလွန် သန့်ရှင်းသောကြောင့် အပြစ်သားများ၏အပြစ်များဖြေလွှတ်နိုင်ရန် လက်တင်ခြင်းအားဖြင့်ပြုလုပ်သော ယဇ်ကောင်၏အသွေးမပါဘဲထိုနေရာသို့ ဝင်ရောက်ခွင့်မရှိပေ။ 
ထိုကြောင့် ဘုရားသခင်သည်ကျေးဇူးတော်ပလ္လင်ပေါ်သို့ဆင်းကြွတော်မူ၍ ဣသရေလလူမျိုးများအပေါ်မိမိ ကျေးဇူးကိုပေးအပ်တော်မူခဲ့သည်။ဤအကြောင်းကိုယုံကြည်သူများအပေါ်ဘုရားသခင်ကောင်းကြီးမင်္ဂလာများ၊ ကာကွယ်မှုများ၊ လမ်းပြမှုများရရှိသည်။ ထိုနောက် သူတို့သည် ဘုရားသခင်၏လူစစ်များဖြစ်လာ၍ သန့်ရှင်း သောနေရာသို့တရားဝင် ဝင်ရောက်နိုင်ကြသည်။ 
The New Life Mission

Participe da nossa pesquisa

Como você ficou sabendo sobre nós?