Perguntas Frequentes sobre a Fé Cristã
Assunto 2: O Espírito Santo
2-1. ကျွန်တော်သခင်ယေရှုကို ယုံကြည်ခဲ့သည်။ အပြစ်မှဖြေလွှတ် ခြင်းရရှိလိမ့်မည်ဟု ကျွန်တော်ယူဆသည်။ ကျွန်ုပ်အထဲတွင်သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်သည်ဟုလည်း ကျွန်တော်ယုံကြည်သည်။ ကယ်တင်ခြင်း ရရှိသော သူများသည် ဘုရားသခင်၏ဗိမာန်တော်ဖြစ်သည်ဟု ကျွန်တော်သိရှိသည်။ ကျွန်တော်လမ်းမှားကာ အပြစ်ဒုစရိုက်ပြုမိသောအခါ သန့်ရှင်းသောဝိညာဉ်တော် သည် ကျွန်ုပ်အပြစ်ကိုဖော်ပြပြီး အပြစ်လွတ်ခြင်းအတွက် ဝန်ချတောင်းပန်စေ ခြင်းအားဖြင့် ဘုရားသခင်နှင့်အသစ်မိတ်သာဟာရပြန်ဖွဲ့စေသည်။ ကျွန်တော်ထို သို့အပြစ်ဝန်ချတောင်းပန်ခြင်းမရှိလျှင် ဘုရားသခင်က အပြစ်ဒဏ်ပေးမည်ဟု ကျွန်တော်သိရှိခဲ့သည်။ ခဏအတွင်း ကျွန်ုပ်တို့ အပြစ်များဝန်ချ တောင်းပန်ခြင်း မရှိ၊ အပြစ်လွှတ်ခြင်းမရှိလျှင် သန့်ရှင်းသောဝိညာဉ်တော်ကျွန်ုပ်တို့တွင် မကိန်းဝပ် ခြင်းသည် မှန်ကန်သလား။
ဤအရာသည် အကြောင်းမဟုတ်ပါ။ သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းသည် ကျွန်ုပ်တို့ပြုသောဖြောင့်မတ်ခြင်း၊မဖြောင့်မတ်ခြင်းပေါ် တွင် မမူတည်ပေ။ တနည်းအားဖြင့်၊ ကျွန်ုပ်တို့လိုအင်ဆန္ဒနှင့်တောင့်တမှုအပေါ်မ မူတည်ပေ။ ထိုနောက် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းကို မည်ကဲ့သို့ရရှိနိုင်ကြမည်နည်း။ လူတစ်ဦးသည် သူ/သူမ၏အပြစ်များဝန်ချတောင်း ပန်ခြင်းနှင့်အသနားခံခြင်းများအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည်ထိုသူအ ထဲတွင် မကိန်းဝပ်ခဲ့ပေ။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်သည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် အပြစ်လွတ်ခြင်းခံရသောသူ/သူမ အထဲတွင် ကိန်းဝပ်လျက်ရှိသည်။ အပြစ်အနည်းငယ်သာရှိသောလူတစ်ဦးအပေါ် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းမရှိနိုင်ပေ။
သို့သော်မြောက်များစွာသောလူများက လူတွေကသူတို့အပြစ်များကိုဝန် ချတောင်းပန်ပြီး အပြစ်လွတ်ခြင်းအတွက်တောင်းပန်လျှင် သန့်ရှင်းသောဝိညာဉ် တော်သည် သူတို့အထဲတွင် ကိန်းဝပ်ပြီး သူတို့သည် ထိုသို့မပြုလျှင် သန့်ရှင်း သောဝိညာဉ်တော်သည်ထိုသူတို့အထဲတွင်မကိန်းဝပ်နိုင်ဟုထင်ကြသည်။ ပင်တေ ဂုတ္တေနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သည် တမန်တော်များအပေါ်ဆင်းသက် ခဲ့သည်ဟု သမ္မာကျမ်းစာကဆိုထားပါသည်။ သူသည် ဆုတောင်းခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းမရရှိခဲ့သည်ကို စိတ်ထဲတွင်မှတ်သားစေ လိုပါသည်။ သို့သော်သူတို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည် ခြင်းအားဖြင့် အပြစ်လွတ်ခြင်းအခွင့်ရရှိခဲ့ကြသောကြောင့် သူတို့သည် သန့်ရှင်း သောဝိညာဉ်တော်ရရှိခြင်းပင်ဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ဝိညာဉ်တော်ပင်ဖြစ် သည်။ အပြစ်ခွင့်လွတ်ခြင်းရရှိခြင်းအားဖြင့် စင်ကြယ်ပြီးသောဖြောင့်မတ်သူများ အပေါ်မှာ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်လျက်ရှိသည်။ သမ္မာကျမ်းစာထဲ တွင် ဖော်ပြထားသော "သန့်ရှင်းခြင်း" စကားလုံးသည် "အပြစ်တရားနှင့်ကင်း လွတ်ခြင်း"ဖြစ်သည်။ မိတ်ဆွေအပြစ်ပြုမိသောအခါတိုင်းတွင် အပြစ်လွတ်ခြင်း အတွက်ဝန်ချတောင်းပန်ခြင်းနှင့်ဆုတောင်းခြင်းအားဖြင့်အပြစ်လွှတ်ခြင်းသည် ဘု ရားသခင်၏ရှေ့မှောက်တွင် ပြည့်စုံသောခွင့်လွှတ်ခြင်းမဟုတ်ပါ။ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းမပါဘဲ လူတစ်ဦးသည် သူ၏အပြစ်များအားလုံးဝန်ချတောင်းပန်နိုင် သည်ဟု မည်သူက ပြောဝံ့ကြမည်နည်း။
ကယ်တင်ခြင်းရရှိရန်အတွက် ဘုရားသခင်၏အကြံအစည်တော်အတိုင်း သ ခင်ယေရှုသည်ယောဟန်အားဖြင့်ဗတ္တိဇံခံယူခဲ့ပြီး ကားတိုင်တော်ပေါ်တွင် သူ၏အ သွေးတော်သွန်းလောင်းခဲ့သည်ဟု ယုံကြည်သောသူများသာလျှင် အပြစ်လွှတ်ခြင်းနှင့်အတူသန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းကို ဘုရားသခင် ထံမှဆုကျေးဇူးအဖြစ်ရရှိပါလိမ့်မည်။ မြောက်များစွာသောလူတို့သည် သူတို့၏ ကြိုးပမ်းအားထုတ်မှု အားဖြင့်သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် ကြိုးစားခြင်း အကြောင်းမှာ သူတို့၏နှလုံးသားများထဲတွင် အပြစ်လွှတ်ခြင်းကိုပြည့်စုံစွာမရရှိ သေးကြသောကြောင့်ဖြစ်သည်။
စစ်မှန်သောသန့်ရှင်းသောဝိညာဉ်တော်သည် အပြစ်ဝန်ချတောင်းပန်ခြင်း အားဖြင့်လူတွေအပေါ်မဆင်းသက်ခဲ့ပေ။ လူတစ်ဦးသည်ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးလွတ်ခြင်းအခွင့်ရရှိ သောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသူတို့အပေါ်မှာ တိုက်ရိုက်ဆင်း သက်လျက်ရှိသည်။ ဤအရာသည် ဘုရားသခင်၏ရှေ့မှောက်တွင် သန့်ရှင်းသော ဝိညာဉ်တော်ရရှိစေရန်အတွက် မရှိမဖြစ်လိုအပ်သောယုံကြည်ခြင်းတစ်ခုပင်ဖြစ် သည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ ကြိုးပမ်းအားထုတ်ခြင်း၊ လုပ် ဆောင်မှုများအားဖြင့်မလာပေ။ လူတစ်ဦးသည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကိုယုံကြည်ခြင်းအားဖြင့် အပြစ်လွှတ်ခြင်းရရှိသောအခါ ထိုသူအပေါ်မှာ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်ခဲ့သည်။ သခင်ယေရှုသည် လွန်ခဲ့သောနှစ် ပေါင်း ၂၀ဝ၀ ခန့်တွင် ယေဒန်မြစ်၌ ယောဟန်၏ဗတ္တိဇံပေးခြင်းအားဖြင့် လောက အပြစ်များအားလုံးသူယူဆောင်သွားခဲ့သည်ဟုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ သည် အပြစ်များအားလုံးမှလွတ်မြောက်ခြင်းရရှိခဲ့ကြသည်။ ဤကဲ့သို့သော ယုံ ကြည်ခြင်းမျိုးကို ကျင့်သုံးသောသူတို့အထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်နိုင်သည်။
သန့်ရှင်းသောဝိညာဉ်တော်သည် အပြစ်ရှိသောလူတစ်ဦး၏အထဲတွင် မ ကိန်းဝပ်နိုင်ပေ။ လူတစ်ဦးသည် စစ်မှန်သောသတင်းကောင်းကိုယုံကြည်မည့်အ စားအချိန်တိုင်းသူပြုမိသောအပြစ်များကို ဝန်ချတောင်းပန်ခြင်းအားဖြင့် သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိရန် ဆုတောင်းနေလျှင် သူသည် သန့်ရှင်းသော ဝိညာဉ်တော်ကိုဘယ်တော့မှရရှိနိုင်မည် မဟုတ်ပေ။ သူသည်သခင်ယေရှုကိုယုံ ကြည်သော်လည်း သူ၏နှလုံးသားထဲတွင်အပြစ်ရှိသေးသည်ကို ဤအရာကဖော်ပြ ထားသည်။
စာတန်သည် ကျွန်ုပ်တို့ကိုအပြစ်တင်သောသူဖြစ်သည်။ ရောမ ၈:၁ တွင် "ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍ ဇာတိပကတိ အတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောသူတို့သည်အပြစ်စီရင်ခြင်း နှင့်လွတ်ကြ၏" ဟု ဖော်ပြထားပါသည်။
လူတစ်ဦးသည် အပြစ်လွတ်ခြင်းရရှိပြီး သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်ခြင်းကိုတိတိကျကျရရှိခဲ့သည်ဟုဆိုသော်လည်း ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းယုံကြည်ခြင်းအားဖြင့်အပြစ်လွတ်ခြင်းမရရှိခဲ့လျှင် ထိုသူ၏နှလုံးသားထဲ တွင် အပြစ်ရှိသေးသည်။ ဤအကြောင်းကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်ခြင်းရရှိရန်အတွက် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို တိကျစွာသိရှိရန်လို အပ်ခြင်းဖြစ်သည်။ မိတ်ဆွေသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ပိုပြီးအ သေးစိတ်ဖတ်လိုပါက ပေါလ် စီ၊ ယောင်း ရေးထားခဲ့သော ပထမစာအုပ် "ရေနှင့်ဝိညာဉ်တော်အားဖြင့် မိတ်ဆွေ ဒုတိယမွေးခြင်းခံခဲ့ပြီးပြီလော" စာအုပ်ကို ဖတ်ရှုရန် မိတ်ဆွေအား ကျွန်ု်ပ်တို့ရင်းနှီးစွာထောက်ခံပါသည်။
- Antes
2-10. Eu passei muitos dias tristes, após um médico ter diagnosticado meu caso de câncer estomacal. Um dia, um amigo cristão me visitou e me disse que alguém, frequentando um encontro de avivamento em sua Igreja, havia sido curado de um tipo de doença muito grave. Para mim, um ateu naquele tempo, a cura de uma doença pelo poder de Deus parecia boa demais para ser verdade. No último dia do encontro, todos foram até o Ministro para receberem a imposição de mãos. Enquanto colocava suas mãos em mim, ele me falou para repetir algumas palavras ininteligíveis e me perguntou se eu acreditava no poder de cura de Jesus Cristo. Apesar de eu realmente não acreditar, estava nervoso e falei que sim. E naquele mesmo instante eu senti algo quente, como eletricidade, correndo pelo meu corpo. Eu podia sentir o meu corpo todo tremer e senti que o meu câncer havia sido curado. Eu decidi crer no Senhor Jesus naquele lugar, e após aquilo, uma grande felicidade e paz vieram encher o meu coração e assim comecei uma nova vida. Eu também me dediquei a espalhar o evangelho. Eu acho que o Espírito Santo fez todas estas coisas, e creio que Ele habita em mim. Você não pensa da mesma forma?