Perguntas Frequentes sobre a Fé Cristã
Assunto 2: O Espírito Santo
2-4. သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အားနေ့ တိုင်းစကားပြောသည်ဟု ကျွန်တော်ယူဆသည်။ ကနဦးအသင်းတော်ခေတ် သခင် ယေရှု၏တပည့်တော်များသည်လည်း အံ့သြဖွယ်နိမိတ်လက္ခဏာများစွာ ပြုခဲ့ သည်။ ထိုအချိန်တွင်အလုပ်လုပ်သောသန့်ရှင်းသောဝိညာဉ်တော်သည် လည်း အနေ့အထိတိုင်အလုပ်လုပ်နေသည်ဟု ကျွန်တော်ယူဆမိသည်။ ထိုကြောင့် မြောက်များစွာသောဘုရားသခင်၏လူများသည် သခင်ယေရှု၏နာမတော်အား ဖြင့် အံ့သြဖွယ်နိမိတ်လက္ခဏာပြုခဲ့ကြသည်။ ဥပမာအားဖြင့်၊ နတ်ဆိုးများနှင် ထုတ်ခြင်း၊ အနာရောဂါငြိမ်းစေခြင်း၊ သခင်ယေရှုထံလူတွေပြန်လာ ရန်ရည်ရွယ် လျက်အခြားသောအမှုများပြုခြင်း စသည်တို့ဖြစ်သည်။ ဤလုပ်ဆောင်ချက်များ သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်သည်ကို ကျွန်တော်ယူဆမိသည်။ ဤအရာသည် မမှန်ကန်ခဲ့လျှင် ကနဦးအသင်းတော်တွင် ပြင်းထန်စွာအလုပ်လုပ် သောသန့်ရှင်းသောဝိညာဉ်တော်နှင့် ယနေ့အံ့ကြဖွယ်နိ မိတ်လက္ခဏာပြုသောသူ ၏ခြားနားမှုသည် အဘယ်အရာဖြစ်သနည်း။ ဘုရားသခင်သည်မနေ့၊ ယနေ့၊ နောင်ကာလပြောင်းလဲခြင်းမရှိသောဘုရားဖြစ်သည် မဟုတ်လော။
ကနဦးအသင်းတော်ခေတ်ကာလတွင်အလုပ်လုပ်သောသန့်ရှင်း သောဝိညာဉ်တော်နှင့် ယနေ့အလုပ်လုပ်သောသန့်ရှင်းသောဝိညာဉ်တော်တို့ကြား တွင် ခြားနားမှုတစ်ခုမျှမရှိပေ။ တခုတည်းသောခြားနားမှုမျာ အံ့သြဖွယ်နိမိတ် လက္ခဏာပြုသောသူသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည်မှုနှင့်ငြင်း ပယ်မှုပေါ်တွင်မူတည်သည်။ ဘုရားသခင်၏ဝိညာဉ်တော်သည် ယခုချိန်တွင်လည်း မပြောင်းလဲသော်လည်း ကွာဟမှုသည် လူတစ်ဦးသည် သန့်ရှင်းသောဝိညာဉ် တော်ရရှိစေသော နည်းလမ်းအမှန်တိတိကျကျသိခြင်း/မသိခြင်းသည် ဤအ ကြောင်းအရာ၏ဖော်ပြလို သောအချက်ဖြစ်သည်။
ယနေ့မြောက်များစွာသောလူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ရရှိ ခြင်းအကြောင်းနှင့်ပတ်သက်ပြီးသမ္မာကျမ်းစာပညာတိကျစွာမရှိဘဲ အံ့သြဖွယ်နိ မိတ်လက္ခ ဏာများပြုခဲ့ကြသည်။ တမန် ၂:၃၈၊ ၁ယော ၅:၂-၈၊ ၁ပေ ၃:၂၁ များတွင် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော် ရရှိစေသောတခုတည်းသောလမ်းဖြစ်သည်ဟု သမ္မာကျမ်းစာကဖော် ပြထားပါသည်။"ကျွန်ုပ်တို့ကိုယခုကယ်တင်ပေးသောပုံစံမှာ ဗတ္တိဇံခံယူခြင်းပင်ဖြစ် လေသည်။"
ကနဦးအသင်းတော်ခေတ်ကာလတွင် သန့်ရှင်းသောဝိညာဉ်တော်သည် တ မန်တော်များထဲတွင်ကိန်းဝပ်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် အနာ ရောဂါငြိမ်းစေခြင်းနှင့်နတ်ဆိုးများနှင်ထုတ်ခြင်းများပြုခဲ့သည်။ သို့သော် သူတို့သည် သူတို့ဝိညာဉ်ဆုကျေးဇူးကို ယနေ့တွင်ရှိသောအချို့သောလူများကဲ့ သို့အ သုံးပြုသောအခါ သူတို့က ငွေကြေးမတောင်းခဲ့ပေ။ တမန်တော်များက သူတို့လုပ် ဆောင်နိုင်သောအစွမ်းအစများသည် သတင်းကောင်းဟောပြောခြင်းအ တွက်သာအသုံးပြုသည်ကို သိသာထင်ရှားစေခဲ့သည်။ ထိုပြင် ကနဦးအသင်းတော် ခေတ်ကာ လတွင် အနာရောဂါငြိမ်းစေခြင်းနှင့်နတ်ဆိုးများနင်ထုတ်ခြင်းများသည် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ငန်းများလုံးမဟုတ်ပေ။ ၄င်းတို့သည် သေးမွှား သောအရာများသာဖြစ်သည်။
ထိုကြောင့် ယနေ့ခရစ်ယာန်များကြားတွင် အနာရောဂါငြိမ်းစေခြင်း၊ နတ် ဆိုးများနှင်ထုတ်ခြင်းနှင့်အခြားသောဘာသာစကားပြောခြင်းသည် သန့်ရှင်း သောဝိညာဉ်တော်၏လုပ်ဆောင်ချက်များဖြစ်သည်ဟု ယူဆခြင်းသည် အလွန် ကြောက်စရာကောင်းသည်။ ယနေ့ခရစ်ယာန်ဘာသာတွင် ကျွန်ုပ်တို့မျက်စိဖြင့် မြင် တွေ့နိုင်သောအရာများသည် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက် များမဟုတ်သည်ကို ကျွန်ုပ်တို့ယုံကြည်သင့်သည်။ ထိုပြင် ကျွန်ုပ်တို့သည် သန့်ရှင်း သော ဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသောဘုရားသခင်၏အစေခံကျွန်များနှင့် နတ် ဆိုးဝိညာဉ် ဆိုးစွဲပြီးဘုရားသခင်၏အစေခံယောင်ဆောင်သောသူများ၏ခြားနား ခြင်းများကိုပိုင်းခြားသင့်ပေသည်။ လူတစ်ဦးသည် နတ်ဆိုးများနှင့်ထုတ်ခြင်း၊ အနာရောဂါငြိမ်းစေခြင်းနှင့် အခြားသောဘာသာစကားပြောခြင်းများကျင့်သုံးနိုင် သော်လည်း သူ၏နှလုံးသား၌အပြစ်ရှိလျှင် သူသည် စစ်မှန်သောသတင်း ကောင်းကိုမယုံကြည်သူဖြစ်ကာ နတ်ဆိုးစွဲသောသူပင်ဖြစ်သည်။
မဿဲ ၇:၂၀-၂၃ တွင် သခင်ယေရှုက "သို့ဖြစ်လျှင်၊ ထိုပရောဖက်တို့ကို ထောက်သောသူတို့၏သဘောကိုသိရကြလိမ့်မည်။ သခင်၊သခင် ဟုငါ့ကိုလျှောက် သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိ တော်မူသောငါ့ခမည်းတော်၏ အလိုကိုဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊သခင်၊ အကျွန်ုပ်တို့သည်ကိယ်တော်အခွင့်နှင့်ဆုံးမသြဝါဒပေး ပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးများကိုနှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့်များစွာသောတန်ခိုးတို့ကိုပြပါပြီမဟုတ်လောဟု အများသော သူတို့သည်လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကိုငါအ လျှင်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြဟုထိုသူတု့အားအတည့်အ လင်းငါ ပြောမည်" ဟုမိန့်တော်မူခဲ့သည်။
လူတစ်ဦးပြုသောနိမိတ်လက္ခဏာသည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ် ဆောင်ချက်အားဖြင့်ပြုသည်ဟု ကျွန်ုပ်တို့ပေါ့ပေါ့တန်တန်မယူဆသင့်ပေ။ သူသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုဟောပြောသလား၊(သို့) သူသည် အပြစ်လွတ် ခြင်းအားဖြင့်ဖြောင့်မတ်သောသူဖြစ်သလားဟူ၍ ကျွန်ုပ်တို့ကောင်း မွန်စွာ ဆန်းစစ်ရကြမည်ဖြစ်သည်။ သူ၏နှလုံးသာထဲတွင်အပြစ်ရှိသောသူများ၌ သန့်ရှင်းသောဝိညာဉ်တော်မကိန်းဝပ်နိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် အပြစ်တရားနှင့်အတူမရှိနိုင်ပေ။
ကနဦးအသင်းတော်ခေတ်ကာလတွင် အပြစ်လွှတ်ခြင်းအခွင့်သည် သန့် ရှင်းသောဝိညာဉ်တော်ဆင်းသက်ခြင်းသက်သေနှင့် အပြစ်များအားလုံးမှ လွတ် မြောက် ခြင်းခံရသောသူများအပေါ်ပေးထားသောဘုရားသခင်၏ဆုကျေးဇူးသက် သေ ဖြစ်သည်။
သို့သော်၊ အနာရောဂါငြိမ်းစေခြင်း၊ အခြားသောဘာသာစကားပြောဆို ခြင်းနှင့်သခင်ယေရှု၏နာမတော်အားဖြင့် နတ်ဆိုးများနင်ထုတ်ခြင်းသည် သန့်ရှင်း သောဝိညာဉ်တော်၏အခြေအနေပေါ်မမူတည်ဘဲ လုပ်ဆောင်ချက်ဖြစ်သည်ဟု များစွာသော လူများက ထင်ကြသည်။ ဤယုံကြည်ခြင်းသည် မှားယွင်းပြီး အန္တရာယ်ရှိသောယုံကြည်ခြင်းဖြစ်သည်။ သူတို့သည် စစ်မှန်သောအံ့သြဖွယ်နိမိတ် လက္ခဏာပြုသလား ဟုကျွန်ုပ်တို့သေချာစွာသိရှိရန်လိုအပ်သည်။ လူတစ်ဦးသည် သခင်ယေရှု၏နာမတော်အားဖြင့် အံ့သြဖွယ်နိမိတ်လက္ခဏာများပြုနိုင်ခဲ့သော် လည်း သူသည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကိုမယုံကြည်လျှင် ထိုသူသည် မှားယွင်းသောသွန်သင်ဆရာဖြစ်သည်။ ဤလူများသည် မြောက်များစွာသော ဝိညာဉ်များကိုဖျက်ဆီးကာ သူတို့၏ဇာတိအသွေးအသားနှင့် ပတ်သက်သောလော ဘကိုဖြေသိမ့်ရန် ငွေကြေးတောင်းဆိုပါလိမ့််မည်။
ထိုကြောင့် သူ၏နှလုံးသားတွင်အပြစ်ရှိသောလူတစ်ဦး၏လုပ်ဆောင်ချက် သည် စစ်မှန်သောသန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်မဟုတ်ဘဲ နတ် ဆိုး များ၏လုပ်ဆောင်ချက်သာဖြစ်သည်။ ကနဦးအသင်းတော်ခေတ်ကာလတွင် အလုပ်လုပ်ခဲ့သောသန့်ရှင်းသောဝိညာဉ်တော်နှင့် ယနေ့အလုပ်လုပ်သောသန့်ရှင်း သောဝိညာဉ်တော်သည်အတူတူပင်ဖြစ်သည်။ သို့သော် သန့်ရှင်းသောဝိညာဉ် တော်ရရှိ သောသူများအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်နှင့် မှားယွင်း သောပရောဖက်များအားဖြင့်နတ်ဆိုးများ၏လုပ်ဆောင်ချက်များသည် ကွာဟလျက်ရှိသည်။
- Antes
2-10. Eu passei muitos dias tristes, após um médico ter diagnosticado meu caso de câncer estomacal. Um dia, um amigo cristão me visitou e me disse que alguém, frequentando um encontro de avivamento em sua Igreja, havia sido curado de um tipo de doença muito grave. Para mim, um ateu naquele tempo, a cura de uma doença pelo poder de Deus parecia boa demais para ser verdade. No último dia do encontro, todos foram até o Ministro para receberem a imposição de mãos. Enquanto colocava suas mãos em mim, ele me falou para repetir algumas palavras ininteligíveis e me perguntou se eu acreditava no poder de cura de Jesus Cristo. Apesar de eu realmente não acreditar, estava nervoso e falei que sim. E naquele mesmo instante eu senti algo quente, como eletricidade, correndo pelo meu corpo. Eu podia sentir o meu corpo todo tremer e senti que o meu câncer havia sido curado. Eu decidi crer no Senhor Jesus naquele lugar, e após aquilo, uma grande felicidade e paz vieram encher o meu coração e assim comecei uma nova vida. Eu também me dediquei a espalhar o evangelho. Eu acho que o Espírito Santo fez todas estas coisas, e creio que Ele habita em mim. Você não pensa da mesma forma?