Perguntas Frequentes sobre a Fé Cristã
Assunto 2: O Espírito Santo
2-8. သန့်ရှင်းသောဝိညာဉ်တော်၏ဗတ္တိဇံခံယူခြင်းသည် အ ဘယ်အရာကိုဆိုလိုသနည်း။
သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းကို ကျွန်ုပ်တို့သိသင့်သည်။ ရှင်ပေါလုက ဧဖက်မြို့သူ/မြို့သားများသည် "ယောဟန်၏ဗတ္တိဇံ"ထဲသို့ဗတ္တိဇံခံ ယူကြသည်ဟု သိရှိသောအခါ သူသည် သခင်ယေရှု၏ဗတ္တိဇံသတင်းကောင်းကို ဟောပြောခဲ့သည်။ သူတို့သည်ရှင်ပေါလုဟောပြောခဲ့သောသခင်ယေရှု၏ဗတ္တိဇံအ ကြောင်းကိုယုံကြည်ခြင်းအားဖြင့် သူတို့၏နှလုံးသားထဲတွင် သန့်ရှင်းသောဝိညာဉ် တော်ရရှိခဲ့ကြပြီး သခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့် ဗတ္တိဇံခံယူခဲ့ကြ သည်။ ယောဟန်ထံမှ သခင်ယေရှုရရှိသောဗတ္တိဇံနှင့် အပြစ်နောင်တရခြင်းနှင့် ပတ်သက်သောယောဟန်၏ ဗတ္တိဇံသဘောသဘာဝသည်မတူပေ။ သခင်ယေရှု၏ ဗတ္တိဇံခံယူခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်းကိုတိုက်ရိုက်ဖြစ်စေ သော အပြစ်များဆေးကြောခြင်းပေးသောဗတ္တိဇံဖြစ်သည်။
ထိုနောက် ယောဟန်၏ဗတ္တိဇံခံယူခြင်းသဘောသဘာဝသည်မည်သည့်အ ရာဖြစ်သနည်း။ သူက "နောင်တရကြလော့။သင်တို့ကိုးကွယ်သောတခြားတိုင်း ပြည် ဘုရားများကို စွန့်လွတ်ပြီးမှန်ကန်သောဘုရားထံသို့ပြန်လာကြလော့"ဟု ဟောကြားခဲ့သည်။ ယောဟန်၏ဗတ္တိဇံသည် လူတွေကိုဘုရားသခင်ထံတော်သို့ ပြန်လာစေသော နောင်တရခြင်းဗတ္တိဇံဖြစ်ပါသည်။ သို့သော် ယောဟန်ထံမှ သခင်ယေရှုရရှိခဲ့သောဗတ္တိဇံသည် လောကအပြစ်များကိုယူဆောင်သွားရန် အ တွက်ဖြစ်ပါသည်။ ဤအကြောင်းအရာသည် ယောဟန်၏ဗတ္တိဇံနှင့်ယောဟန်ထံမှ ရရှိသောသခင်ယေရှု၏ဗတ္တိဇံတို့၏ကွာဟမှုပင်ဖြစ်သည်။ သခင်ယေရှု၏ဗတ္တိဇံခံ ယူခြင်းသည် ဖြောင့်မတ်သောတရားအားလုံးပြည့်စုံစေရန်အတွက်ဖြစ်သည်။
ထိုနောက် ဖြောင့်မတ်ခြင်းတရားအားလုံးကိုပြည့်စုံစေသောဗတ္တိဇံသည် အဘယ်အရာဖြစ်သနည်း။ ၄င်းသည် အာဒံမှစ၍ လောကတွင်ရှိသောနောက်ဆုံး သောလူသားအားလုံး၏အပြစ်များအားလုံးကိုယူဆောင်သွားရန် သခင်ယေရှု၏ ဗတ္တိဇံပင်ဖြစ်သည်။ တနည်းအားဖြင့်၊ ယောဟန်အားဖြင့် သခင်ယေရှု၏ဗတ္တိဇံခံ ယူခြင်းသည် ဖြောင့်မတ်ခြင်းတရားအားလုံးကိုပြည့်စုံစေသည်။
ဖြောင့်မတ်ခြင်းအလုံးစုံပြည့်စုံခြင်းဟူသည် ဘုရားသခင်က သူ၏သား တော်အားယောဟန်အားဖြင့်ဗတ္တိဇံခံယူစေခြင်းအားဖြင့် သူ့အပေါ်သို့လောကသား များ၏အပြစ်များအားလုံးကိုယူဆောင်သွားသောကြောင့် သူသည် ကားတိုင်တော် ပေါ်တွင် အသေခံခြင်းအားဖြင့် ကျွန်ုပ်တို့အတွက်ပြစ်ဒဏ်ခံစေခြင်းတရားဖြစ် သည်။ ဘုရားသခင်သည် သခင်ယေရှုကိုသေခြင်းမှထမြောက်စေခဲ့ပြီး ယုံကြည်သူ အားလုံးကို သန့်ရှင်းစင်ကြယ်စေပါသည်။
ဤအရာများသည် လူသားအားလုံးအတွက်ပြုခဲ့ပြီးသောအမှု ဖြစ်သည်။ သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်းခဲ့သော အသွေးတော်သည် ကျွန်ုပ်တို့အားကယ်တင်ခြင်း၊ အပြစ်အားလုံးလွတ်ငြိမ်းခြင်း ပေးကာ ဘုရားသခင်နှင့်အတူထာဝရအသက်ရှင်ခွင့်ပေးခဲ့သည်။ ဤအရာသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရား၊ ချစ်ခြင်းမေတ္တာနှင့်လူသားများအတွက် ကယ်တင်ခြင်းဖြစ်ပါသည်။ ဤနေရာတွင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဗတ္တိဇံခံယူခြင်းသည် သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်း သောအသွေးတော်အားဖြင့်ပြည့်စုံသည် ကျွန်ုပ်တို့အသိအမှတ်ပြု နိုင်သည်။
သခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့်ဗတ္တိဇံခံယူနိုင်ရန်အတွက် သ ခင်ယေရှု၏ဗတ္တိဇံခံယူခြင်းအားဖြင့် ဤလောက၏အပြစ်များအားလုံးကို သူ့အ ပေါ်သို့ တင်ခြင်းဖြစ်သည်ဟုယုံကြည်ခြငး်သက်သေအထောက်အထားရရှိရန် ကျွန်ုပ်တို့လို အပ်လျက်ရှိသည်။ သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်တော် ပေါ်တွင်သူသွန်းလောင်းခဲ့သောအသွေးတော်ကိုယုံကြည်ခြင်းအားဖြင့် အပြစ် လွတ်ခြင်းရရှိသောသူများသည် သခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့် ဗတ္တိ ဇံခံသင့်သည်။
ထိုကြောင့် သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းကိုယုံကြည်ခြင်း သက်သေအ ထောက်အထားအဖြစ် ကျွန်ုပ်တို့ဗတ္တိဇံခံယူကြသည်။ ၄င်းသည် "သင်တို့သွား၍လူ မျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊သားတော်၊ သန့်ရှင်းသောဝိ ညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော"( မဿဲ ၂၈း၁၉) ဖြစ်သော သခင် ယေရှု၏အမိန့်တော်နှင့်ညီညွတ်သည်။ သခင်ယေရှုသည် လောကအပြစ်များ အားလုံးကိုယူဆောင်သွားရန် ယောဟန်အားဖြင့်ဗတ္တိဇံခံခဲ့သည်။ ဤသမ္မာတရား ကြောင့် လူတွေက သန့်ရှင်းသောဝိညာဉ်တော်ရရှိကြသည်။ ထိုကြောင့် ၄င်းကို သန့်ရှင်းသောဝိညာဉ်တော်၏ဗတ္တိဇံခံယူခြင်းဟုခေါ်ခြင်းဖြစ်သည်။
- Antes
2-10. Eu passei muitos dias tristes, após um médico ter diagnosticado meu caso de câncer estomacal. Um dia, um amigo cristão me visitou e me disse que alguém, frequentando um encontro de avivamento em sua Igreja, havia sido curado de um tipo de doença muito grave. Para mim, um ateu naquele tempo, a cura de uma doença pelo poder de Deus parecia boa demais para ser verdade. No último dia do encontro, todos foram até o Ministro para receberem a imposição de mãos. Enquanto colocava suas mãos em mim, ele me falou para repetir algumas palavras ininteligíveis e me perguntou se eu acreditava no poder de cura de Jesus Cristo. Apesar de eu realmente não acreditar, estava nervoso e falei que sim. E naquele mesmo instante eu senti algo quente, como eletricidade, correndo pelo meu corpo. Eu podia sentir o meu corpo todo tremer e senti que o meu câncer havia sido curado. Eu decidi crer no Senhor Jesus naquele lugar, e após aquilo, uma grande felicidade e paz vieram encher o meu coração e assim comecei uma nova vida. Eu também me dediquei a espalhar o evangelho. Eu acho que o Espírito Santo fez todas estas coisas, e creio que Ele habita em mim. Você não pensa da mesma forma?