Поширені запитання щодо Християнської Віри
Запитання 1: Народження знову з води та Духа
1-8. အပြစ်ကို ဝန်ခံခြင်းဖြင့် ကျွန်ုပ်တို့အပြစ်များကို ပျောက်ကွယ်စေနိုင်မည်လား
မပျောက်ကွယ်စေနိုင်ပါ။အပြစ်ဝန်ခံခြင်းဖြင့်အပြစ်များ ပျောက် ကွယ်မသွားနိုင်ပါ။ သို့သော်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည် ခြင်းဖြင့် ပျောက်ကွယ်နိုင်ပါသည်။ ဤအရာသည် ကျွန်ုပ်တို့အပြစ်အား လုံးကို သန့်ရှင်းစေသောယေရှုခရစ်၏ဝိညာဉ်ရေးဆိုင်ရာ ကယ်တင်ခြင်း သတင်းကောင်းပင်ဖြစ်သည်။
အပြစ်ဝန်ခံခြင်းသည်တဦးတယောက်ကဘုရားသခင်၏ ပညတ်တ ရားကိုသိမှတ်သည့် သက်သေအထောက်အထား တစ်ခုသာဖြစ်ပြီး ရွေး နှုတ်ခြင်းသည် ခရစ်တော်၏ဗတ္တိဇံနှင့်ကားတိုင်တော်ကို ယုံကြည်သော အခါ၌သာ ကျွန်ုပ်တို့ကိုပေးရန် ဖြစ်သည်။
ရေ၌ဗတ္တိဇံခံခြင်းနှင့် ခရစ်တော်၏အသွေးတော်သည် လူသားအား လုံးကို အပြစ်မှကယ်တင်ခဲ့သော ကောင်းကင်နိုင်ငံ၏သမ္မာတရားဖြစ်ပြီး ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည်အပြစ်ဝန်ခံခြင်း၌မူတည်းခြင်းမရှိဘဲ ယေရှု ခရစ်၏ဗတ္တိဇံကို ယုံကြည်ခြင်းအားဖြင့်သာ ဖြစ်သည်။ ယေရှုခရစ်၏ ကားတိုင်ပေါ်အသေခံခြင်းသည် ကျွန်ုပ်တို့အပြစ်သားများထံမှ ယူဆောင် သွားသော အပြစ်အတွက် ကျိန်ခြင်းခံရန်ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့၏စစ်မှန်သောကယ်တင်ခြင်းသည် ယော်ဒန် မြစ်မှသူ၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်မှအသွေးတော်တွင်သာဖြစ်သည်။ကျွန်ုပ်တို့ အပြစ်များမှသန့်ရှင်းရခြင်း၏အကြောင်းအရင်းမှာ ကျွန်ုပ်တို့အပြစ်များ ကို ဆေးကြောသွားခဲ့သူ ခရစ်တော်ကို ယုံကြည်ခြင်းကြောင့်ဖြစ်သည်။
အပြစ်ဝန်ခံခြင်းဖြင့် ရွေးနှုတ်ခံရသည်ဟု ဟောပြောသောသူများရှိ ခဲ့လျှင် ထိုသူတို့သည် ဘုရားသခင်၏စစ်မှန်သောကယ်တင်ခြင်းကို အသိအ မှတ်အပြုခဲ့သောသူများ ဖြစ်သည်။
အပြစ်များသည် ကျွန်ုပ်တို့ကို ငရဲသို့ အသေအချာ ပို့ဆောင်မည်ကို မိတ်ဆွေအား သိဘားစေချင်ပါသည်။ သို့သော် ကျွန်ုပ်တို့ကို ရွေးနှုတ်ပြီး ဘုရားရှင်ရှေ့မှောက်တွင်ဖြောင့်မတ်စေသော ယေရှုခရစ်၏ဗတ္တိဇံနှင့်အ သွေးတော်ကို ယုံကြည်လျှင်ကျွန်ုပ်တို့အပြစ်များသည် ဆေးကြောပြီးဖြစ်ပါ သည်။ ယင်သည် ကျွန်ုပ်တို့ကို အပြစ်မှကယ်တင်မည့် တခုတည်းသော နည်းလမ်းဖြစ်သည်။ ယေရှုခရစ်၏အသွေးနှင့်ရေ၊ သူ၏ သမ္မယတရားလမ်း ကြောင်းဖြစ်သော နှုတ်ကပတ်တော်ကိုယုံကြည်ခြင်းဖြင့် ဆေးကြောပြီးဖြစ် ကြောင်းကို နားလည်းသဘောပေါက်ပါမည်။
အပြစ်ဆိုသည်မှာ ကျွန်ုပ်တို့ဝန်ချတောင်းပန်တိုင်း ပျောက်ကွယ် သွားမည့် အစွန်းအကွက်မဟုတ်ပါ။ သင်သည် အပြစ်ဝန်ချခြင်းအပေါ်၌ အလေးအနက် မှီခိုမိလျှင် သင့်အသက်တာသည် ငရဲ၌ပင် အဆုံးသတ်သွား လိမ့်မည်။ မှန်ကန်သောသတင်းကောင်းကို ယုံကြည်ကြပါစို့။ သို့မှသာ ကျွန်ုပ်တို့နှလုံးသားထဲမှ အပြစ်များသည် ဆေးကြောခြင်းခံရလိမ့် မည်။ နှလုံးသားဖြင့်ယုံကြည်ပါ။ သင်၏ဦးနှောက်နှင့် မယုံကြည်ပါနှင့်။ ထို့နောက် အပြစ်မှ ထာဝရ လွတ်မြောက်ကြောင်းကို ယုံကြည်ပါ။
- До
1-32.: Якщо, як ви кажете, Ісус вже взяв на себе всі гріхи, минулі, теперішні і майбутні, то що станеться з майбутнім людини, якщо вона продовжуватиме грішити, думаючи, що її гріхи були змиті хрещенням і вірою в Ісуса на хресті? Навіть якщо ця людина вб’є іншу людину, вона буде думати, що навіть цей гріх вона вже спокутувала через Ісуса. Тому він продовжуватиме грішити без будь-яких вагань, просто вірячи, що Ісус уже усунув навіть ті гріхи, які він зробить у майбутньому. Поясніть мені, будь ласка, про ці речі.