• 所有新生命宣教会 The New Life Mission 网站上的电子书和有声书均可免费下载
  • 探索以多种语言提供的全球性讲道
  • 查看我们已翻译成27种语言的网站
  • 第1卷新修订版已全新推出
Search

关于基督教信仰的常见问题解答

话题4:读者的经常提问及解答

4-4. ယေရှုသည်ယောဟန်ထံမှဗတ္တိဇံခံယူသောအခါ လောကအပြစ်များအား လုံးကို အမှန်အကန်ယူဆောင်သွားတော်မူခဲ့သည်ဟု သင်ပြောခဲ့သည်။ ထို နောက် ကိုယ်တော်သည် လူသားအဖြစ်အသက်ရှင်စဥ်တွင် အပြစ်သားတစ် ဦးဖြစ်တော်မူခဲ့သလော။

သခင်ယေရှုဗတ္တိဇံခံယူသောအခါ လောကအပြစ်များအားလုံးကို ကိုယ် တော့်အ‌ပေါ်သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်ကိုယ်တော်သည် အပြစ်ကျူးလွန်တော်မူသည်ဟု မဆိုလိုပေ။ အပြစ်များသည် ကိုယ်တော့်ဝိ ညာဥ်အပေါ်သို့လွှဲပြောင်းတော်မူခြင်းမရှိ၊ ကိုယ်‌တော့်ကိုယ်ခန္ဓာပေါ်သို့သာ လွှဲပြောင်းခြင်း ဖြစ်သည်။ သခင်ယေရှုသည် လူ့ဇာတိခံယူရန် လောကသို့ ကြွလာတော်မူခြင်း ဖြစ်သည်။ ကိုယ်တော်သည် ဘုရားဖြစ်တော်မူလျက် လူ သားအသွင်သဏ္ဌာန်ဆောင်တော်မူခြင်း ဖြစ်သည်။ ထိုကြောင့် ကိုယ်တော် သည် ဘုရားဖြစ်တော်မူလျက် လူ့ဇာတိခံယူနေစဥ်လောကအပြစ်များကို ယူဆောင်သွားတော်မူခြင်း ဖြစ်သည်။ 
ဟေရှာယ ၅၃း၆တွင် “ထာဝရဘုရားသည် ခပ်သိမ်း သောငါတို့၏အပြစ်များ ကိုသူ့အပေါ်၌ တင်တော်မူ၏”ဟုဖော်ပြထားသည်။ ထိုကြောင့် အပြစ်အား လုံးကို ဗတ္တိဇံခံယူခြင်းအားဖြင့် သခင်ယေရှုပေါ်သို့အမှန်အကန်လွှဲပြောင်း ပေးထားခြင်း ဖြစ်သည်။ ရောမ ၈း၃ တွင် “ဇာတိပကတိကြောင့်ပညတ်တ ရားသည်အားနည်း၍၏မတတ်နိုင်သောအမှုကိုဘုရားသခင်ပြုတော်မူခြင်း ငှါ၊ အပြစ်နှင့်ပြည့်စုံသောဇာတိပကတိ၏သဏ္ဌာန်ကိုဆောင်သောမိမိသား တော်ကိုစေလွှတ်တော်မူ၍ အပြစ်ဖြေဘို့ရာဇာတိပကတိ၌အပြစ်ကို ဒဏ် ပေးတော်မူ၏”ဟုဖော်ပြထားသည်။ 
သခင်ယေရှုသည် ဗတ္တိဇံခံခြင်းအားဖြင့် လောကအပြစ်များအားလုံးကိုယူ ဆောင်သွားတော်မူ၍ ကားတိုင်ပေါ်သို့သယ်ဆောင်သွားတော်မူခဲ့သည်။ ကိုယ်တော်သည် လောကမှအသက်ရှင်နေစဥ် ထိုအပြစ်များကိုထမ်းတော် မူ၍ ကားတိုင်ပေါ်သို့သယ်ဆောင်သွားတော်မူခဲ့သည်။ ထိုကြောင့် ကျမ်းစာ က “ထိုအခါ ယေရှုသည် သူတို့နှင့်အတူဂေသရှေမန်အရပ်သို့ရောက်တော်မူ လျှင်၊ ငါသည် ဟိုအရပ်သို့သွား၍ဆုတောင်းစဥ်တွင် ဤအရပ်၌ထိုင်နေကြ လော့ဟုတပည့်တော်တို့အားမိန့်တော်မူပြီးမှ ပေတရုနှင့်ဇေဗေဒဲ၏သားနှစ် ယောက်တို့ကိုခေါ်သွား၍ နှလုံးမသာစိတ်ပူပန်ခြင်းသို့ရောက်တော်မူ၏။ ထိုအခါယေရှုက၊ ငါသည် သေလောက်အောင်စိတ်နှလုံးအလွန်ညှိုးငယ်ခြင်း ရှိ၏။ ဤအရပ်၌ ငါနှင့်အတူ စောင့်၍နေကြလော့ဟုတပည့်တော်သုံး ယောက်တို့အားမိန့်တော်မူ၍၊ ထိုမှအနည်းငယ်လွန်ပြန်လျှင်ပြပ်ဝပ်၍အ ကျွန်ုပ်အဘ၊ ဤခွက်သည်အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေ သော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ် တော်အလိုရှိသည်အတိုင်းဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏”(မဿဲ ၂၆း၃၆-၃၉)။
ဖိလိပ္ပိ ၂း၆-၈တွင် “ထိုသခင်သည် ဘုရားသခင်၏သဏ္ဌာန်တော်နှင့် ပြည့် စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင်၊မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကို ယူ ဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။ ထိုသို့ လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊ လက် ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချ တော်မူ၏”ဟုဖော်ပြထားသည်။ 
ကားတိုင်တင်အသေခံခြင်းသည်အလွန်နာကျင်နေသော်လည်းခမည်းတော် ၏အလိုတော်ပြည့်စုံခြင်းဖြစ်သောကြောင့် သခင်ယေရှုသည် ကားတိုင်တင် အသေခံရမည်ဖြစ်သည်။ သခင်ယေရှုကားတိုင်ပေါ်တွင်အသေခံ‌တော်မူ ခြင်း၏အကြောင်းရင်းမှာ ဗတ္တိဇံဆရာယောဟန်အားဖြင့် ဗတ္တိဇံခံစဥ်တွင်  လောကအပြစ်များအားလုံးကို ယူဆောင်‌တော်မူပြီ ဖြစ်သောကြောင့် ဖြစ် သည်။ ထိုကြောင့် ကိုယ်တော်က ကားတိုင်ပေါ်တွင် အသေခံသည့်အချိန် တွင် “အမှုပြီးပြီ”(ယောဟန် ၁၉း၃၀)ဟုဖော်ပြထားသည်။ သခင်ယေရှု၏ နှစ်ခြင်းခံခြင်းနှင့်ကားတိုင်ပေါ်တွင်အသေခံတော်မူခြင်းများသည် တစ်ခုနှင့် တစ်ခုဆက်နွယ်မှုရှိသည်။ ဤအရာနှစ်ခုတို့သည် ပြည့်စုံသောကယ်တင် ခြင်းဖြစ်သည်။ 
ထိုကြောင့် သခင်ယေရှုဗတ္တိဇံခံယူတော်မူခြင်းသည် သင်္ဂေတသက်သက် မဟုတ်ဘဲ ကယ်တင်ခြင်းအတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။
The New Life Mission

参加我们的调查

您是如何了解到我们的?