Fragen und Antworten zum christlichen Glauben
Thema 1: Die Wiedergeburt aus Wasser und Geist
1-27. တမန်တော်များက ယေရှု၏ဗတ္တိဇံအပေါ် အလေးအနက်ထားရှိ ကြောင်း သမ္မာကျမ်းစာတွင် မည်သည့်အထောက်အထားများ တွေ့ရပါသ နည်း။
အများအားဖြင့် ယေရှု၏ဗတ္တိဇံကို လေ့လာခြင်းဖြင့် ကျွန်တော်တို့ ခံယူထားသော ဗတ္တိဇံမင်္ဂလာ၏ အနက်အဓိပ္ပါယ်ကို ပို၍ နားလည်နိုင်ပါ သည်။ ရေ၌ဗတ္တိဇံမင်္ဂလာခံယူရုံမျှဖြင့် ဒုတိယမွေးဖွားခြင်းမရနိုင်ပါ။ ယေရှု ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ဒုတိယမွေးဖွားခြင်းကို ရနိုင်သည်။ ဝိညာဉ်ရေးနှင့်ဆိုင်သော ထိုဗတ္တိဇံမင်္ဂလာ (ဝါ) အရေဖြား လှီးခြင်းမင်္ဂလာတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းအတွက် မရှိမဖြစ်လို အပ်သော အခြေခံလိုအပ်ချက်ဖြစ်သည်။ ကျမ်းစာတွင် ယုံကြည်သူများ ရေအားဖြင့် ဗတ္တိဇံမင်္ဂလာခံယူခြင်း၏အနက်ကို ကယ်တင်ခြင်းအတွက် မလွဲမသွေလုပ်ဆောင်ရမည့်အရာအဖြစ်အဓိပ္ပါယ်ဖွင့်ခြင်းမရှိသည်ကို တွေ့ ရပါသည်။ ယေရှုသည် ဗတ္တိဇံဆရာယောဟန်ထံမှ ဗတ္တိဇံမင်္ဂလာခံယူသည့် အကြောင်းကိုသာ အသားပေး ဖော်ပြထားပါသည်။
အမှန်စင်စစ် ဤယေရှု၏ဗတ္တိဇံသည် ကယ်တင်ခြင်းအတွက် မရှိမဖြစ်လိုအပ်သော အခြေခံလိုအပ်ချက်ဖြစ်ကြောင်းကို မြောက်မြားစွာ သောကျမ်းပိုဒ်များမှ ထောက်ပြခဲ့သည်။ သူ၏ဗတ္တိဇံမင်္ဂလာသည် ခရစ်ဝင် ကျမ်း (၄)အုပ်စလုံးတွင် မပျက်ဆီးမယိုယွင်းနိုင်သောသူ၏ ဖြောင့်မတ်ခြင်း အဖြစ်နိဒါန်းပျိုး၍ ပထမဦးစွာ ဖော်ပြထားသည်ကို တွေ့ရပါသည်။ ဥပမာ အားဖြင့်ရှင်မာကုခရစ်ဝင်ကျမ်းအရ ယေရှု၏ဗတ္တိဇံမင်္ဂလာမှ ယေရှု၏ဧဝံ ဂေလိသတင်းကောင်း စတင်သည်ဟု အတိအကျ ဖော်ပြထားသည်။ ရှင် ယောဟန်ခရစ်ဝင်ကျမ်းတွင် ယေရှုဗတ္တိဇံမင်္ဂလာခံယူပြီး နောက်တနေ့ (ယော ၁း၂၉)၊ သုံးရက်မြောက်သောနေ့ (ယော ၂း၁) စသည်ဖြင့် နေ့ရက် အစီအစဉ်အတိုင်း ဖော်ပြထားသည်။
ယေရှုဗတ္တိဇံခံယူပြီး နောက်တနေ့တွင် ရှင်ယောဟန်က ဤလော က၏အပြစ်ကို ဆောင်ယူသွားသောဘုရားသခင်၏သိုးသူငယ်ကိုကြည့် လော့ (ယော ၁း၂၉)ဟု ဘုရားသခင်၏နှုတ်ကပတ်တော်ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည်။ ဤကျမ်းပိုဒ်သည် ဗတ္တိဇံယောဟန်က သူ့ကို ဗတ္တိဇံပေးသောအခါ ဤလောက၏အပြစ်အလုံးစုံကို ယေရှုထံလွှဲပြောင်း ခဲ့ပြီဖြစ်ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။ နောက်တဖန်၊ ကျွန်တော်တို့၏ အပြစ်များအတွက် အပြစ်ဖြေရာယဇ်ကောင်အဖြစ် ကားတိုင်ပေါ်တွင် အမှု ပြီးပြီဟုဆိုကာအသေခံပြီးနောက် သုံးရက်မြောက်သောနေ့တွင် သေခြင်းမှ ပြန်လည်ရှင်ပြန်ထမြောက်ခဲ့သည်။ (ယော ၁၉း၃၀)
တမန်တော်ရှင်ပေါလုကလည်း “ခရစ်တော်သည် ကျမ်းစာလာ သည့်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏ (၁ကော ၁၄း၃) ဟုဖော်ပြထားသည်။ ဤသမ္မာကျမ်းစာသည် ဓမ္မဟောင်းကို ရည်ညွန်းခြင်း ဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် အပြစ်သားတယောက်သည် အပြစ်မှ လွတ်မြောက်ဖို့ရန်မည်ကဲ့သို့ ဆက်ကပ်ပူဇော်ရပါမည်နည်း။ အပြစ်ဖြေရာ ယဇ် ကောင်ကို မသတ်မီ ထိုယဇ်ကောင်၏ခေါင်းပေါ်တွင် လက်နှစ်ဖက်ကို တင်ရမည်။ အကယ်၍ ထိုယဇ်ကောင် ပေါ်သို့ လက်နှစ်ဖက်တင်ခြင်း လုပ်နည်းအစီအစဉ်ကို မေ့လျော့ကာ လက်မတင်ဘဲနေခဲ့လျှင် ထို ယဇ်ပူ ဇော်ခြင်းသည် တရားမဝင်သဖြင့် အပြစ်မှလွတ်မြောက်ခြင်းမရှိပါ။
တမန်တော်ရှင်ပေါလုက “ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောရှိသမျှတို့ သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့မသိလော” (ရောမ ၆း၃)ဟုဆိုသည်။ သို့ဖြစ်လျှင် ယေရှုခရစ်၌ မည်သို့ ဗတ္တိဇံကို ခံနိုင် မည်နည်း။ ယေရှုခရစ်၌ ဗတ္တိဇံခြင်းသည် ယခုကျွန်တော်တို့ မြင်နေရသော သာမန်ရေထဲ၌ ဗတ္တိဇံခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲ ယောဒန်မြစ်တွင် ယေရှု ခရစ်ခံ ယူသောဗတ္တိဇံကို ယုံကြည်ဖို့ရန် ဆိုလိုခြင်းဖြစ်သည်။ အမှန်စင်စစ် ယေရှု၏ခေါင်းပေါ်တွင် လက်တင်ခြင်းဖြင့် ယောဟန်သည် ကျွန်တော်တို့ ၏အပြစ်အလုံးစုံကိုယေရှုထံသို့လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်းယုံကြည် လာသည်နှင့် သူ၌ဗတ္တိဇံခံနိုင်သည်။
“ခရစ်တော်၌ ဗတ္တိဇံကို ခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆင်သောသူများဖြစ်ကြ၏။” (ဂလာ ၃း၂၇) ဗတ္တိဇံယောဟန် အားဖြင့်သူတို့၏အပြစ်အလုံးစုံကို ယေရှုထံသို့ လွှဲပြောင်းပေးသောသူ ပေါင်းတို့သည် ယုံကြည်ခြင်းဖြင့် အပြစ်ကင်းစင်သောဘုရား သခင်၏သား သမီးများ ဖြစ်လာလိမ့်မည်။
“ခရစ်တော်၏အရေဖျားလှီးခြင်းအားဖြင့် ဇာတိပကတိ၏ကိုယ်ကို ပယ်ရှင်း၍လက်ဖြင့် မလုပ်သောအရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့ သည်ခံကြသည်။ (ကောလောသဲ ၂း၁၁) ဇာတိပကတိအပြစ်ကို ဖယ်ရှား ခြင်းဖြင့် အပြစ်မှကယ်နှုတ်ခြင်းနည်းလမ်းသည် လက်ဖြင့်လုပ်၍ မရသော ဝိညာဉ်ရေးနှင့်ဆိုင်သော အရေဖျားလှီးခြင်းဖြစ်သည်။ အရေဖျားလှီးခြင်း သည် စိတ်နှလုံးနှင့်စပ်ဆိုင်သည်။ (ရောမ ၂း၂၉) သို့ဖြစ်၍ ယေရှုဗတ္တိဇံကို ယုံကြည်ခြင်းသည် ကျွန်တော်၏စိတ်နှလုံးထဲ၌ရှိသောအပြစ်များကို ဖြတ် တောက်ခြင်းပင်ဖြစ်သည်ဟု ရှင်ပေါလုက ဆိုထားသည်။
ဗတ္တိဇံသည်ကိုယ်ကာယ၏အညစ်အကြေးဆေးကြောခြင်းကို မဆို လို။ကိုယ့်ကိုယ်ကိုသိသောစိတ်ကြည်လင်၍ ဘုရားသခင်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသည်။ ယေရှုခရစ်ထမြောက်တော်မူခြင်းအားဖြင့် ငါတို့ကို ကယ်တင် တော်မူ၏။ ဗတ္တိဇံသည် ကျွန်တော်တို့ကို ကယ်တင်ခဲ့ သည်။ ကျွန်တော်တို့ သိထားသည့်အတိုင်း နောဧခေတ်တွင် ရေလွှမ်းမည့်အရာကို မယုံကြည် သောကြောင့်လူအပေါင်းတို့သည် ပျက်စီးခြင်းသို့ရောက်ကြသည်။ ထိုနည်း တူယနေ့တွင်ယေရှု၏ဗတ္တိဇံတည်းဟူသော ရေကိုမယုံကြည်သောကြောင့် ယေရှုကို ယုံကြည်သော်လည်း ပျက်စီးခြင်းသို့ရောက်မည့်သူများ ရှိနေဆဲ ပင်ဖြစ်သည်။
တမန်တော်ရှင်ယောဟန်ပထမဆုံးရေးသားခဲ့သော သြဝါဒစာတွင် “ထိုသခင်အားရေအားဖြင့်၄င်း၊ အသွေးအားဖြင့်၄င်း၊ ကြွလာသူတည်းဟူ သော ယေရှုခရစ်တည်း။ ရေးအားဖြင့်သာမဟုတ်။ ရေအားဖြင့်၄င်၊ အသွေး အားဖြင့်၄င်း၊ ကြွလာတော်မူ၏” ဟူ၍သတင်းကောင်း၊ အနှစ်သာရကို ဖွင့်ပြခဲ့လေသည်။ (၁ယော ၅း၆) ကျွန်တော်တို့၏ အပြစ်အလုံးစုံမှကယ် တင်ရန် သူ၏ဗတ္တိဇံနှင့်လက်ဝါးကားတိုင်တော်အားဖြင့် ကြွလာခြင်းဖြစ် သည်။ နောက်တဖန် ယောဟန်က “မြေကြီးပေါ်၌လည်း ဝိညာဉ်တော်တ ပါး၊ အသွေးတပါး၊ရေတပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီ တညွတ်တည်းဖြစ်၏ (၁ယော ၅း၈) ဟုဆိုခဲ့သည်။ သို့ဖြစ်၍ ဤကျမ်းချက် အားဖြင့်ယေရှု၏ဗတ္တိဇံ၊ ကားတိုင်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော် သည် ပြီးပြည့်စုံသောကယ်တင်ခြင်းအတွက် တညီတညွတ်တည်း အားလုံး ပေါင်းစပ်ထားသည်ကို ဖော်ပြထားပါသည်။
ယေရှုကလည်း နိကောဒင်ကို“ရေနှင့်ဝိညာဉ်တော်ဖြင့် မမွေးသော သူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန် ဆို၏” (ယော ၃း၅)ဟုမိန့်တော်မူ၏။ ထို့ကြောင့် ကျွန်တော်တို့သည် ရေနှင့်ဝိညာဉ်တော်အားဖြင့်ဒုတိယမွေးဖွားခြင်းခံရသောသူများ ဖြစ်ရမည်။ သူ၏ဗတ္တိဇံမင်္ဂလာနှင့်ကားတိုင်တော်ကို ယုံကြည်ခြင်းသည် ရွေးနှုတ်ကယ် တင်ခြင်းနှင့်သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးရရှိဖို့အလို့ငှာ အားလုံး အတွက်လိုအပ်လျက်ရှိသည်။ ထိုအရာသည် ကျမ်းစာတော်၌ ဖော်ပြထား သော “ဒုတိယမွေးဖွားခြင်း” ဖြစ်သည်။
နောက်တဖန် တမန်တော်ရှင်ပေါလုကလည်း သင်တို့၏အပြစ်ကို လွှတ်စေခြင်းငှာနောင်တရ၍တယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမတော် ၌ဗတ္တိဇံခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသော ဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးကို ခံရကြလိမ့်မည် (တမန် ၂း၃၈) ဟုဆိုထားသည်။ အပြစ် လွှတ်ခြင်းနှင့် ဝိညာဉ်တော်ဆုကျေးဇူးရရှိဖို့ရန်အတွက် ယေရှု၏ဗတ္တိဇံကို စိတ်နှလုံးအကြွင်းမဲ့ခိုင်မာသောယုံကြည်ခြင်း ရှိရမည်။ ထပ်ပြီးပြောရမည့် စကားရှိနိုင်ဦးမည်လား။ကျွန်တော်တို့၏ကယ်တင်ခြင်းအတွက်သူ၏ဗတ္တိဇံ သည်မရှိမဖြစ်လိုအပ်သောဖြောင့်မတ်သောကျင့်စဉ်တခုအဖြစ် တချို့ကျမ်း ပိုဒ်များက ထောက်ခံထားသည်ဖြစ်၍ ထိုအမှန်တရားကိုမငြင်း ပယ်သင့် ပေ။ ခရစ်ယာန်ဘာသာ၏မူလအမြစ်ဖြစ်သော ရေနှင့်ဝိညာဉ်တော်သတင်း ကောင်း၌ ပြန်၍ရပ်တည်ဖို့လိုသည်။
ထို့ကြောင့်သေခြင်းနှင့်စပ်ဆိုင်သောအကျင့်ကို နောင်တရခြင်း၊ ဘု ရားသခင်ကို ယုံကြည်ခြင်း၊ဗတ္တိဇံတရားကို သွန်သင်ခြင်း၊ လက်ကိုတင် ခြင်း၊ သေလွန်သောသူတို့၏ထမြောက်ခြင်း၊ ထာဝရတရားစီရင်ဆုံးဖြတ် ခြင်းဖြစ်သော မူလအမြစ်ကို ငါတို့သည် ပြန်၍မတည်ဘဲ ခရစ်တော်၏ဘာ သာ၌ အစအဦးဖြစ်သောအကြောင်းအရာတို့ကို ထား၍ စုံလင်သောအဖြစ် သို့တက်ကြကုန်အံ့။ (ဟေဗြဲ ၆း၁-၂) ဤနေရာတွင် ကနဦးအသင်းတော်၏ မူရင်းသတင်းကောင်းကို ရှာဖွေရန် သဲလွန်စ တခုရနိုင်ပါသည်။ သူတို့သည် ခရစ်ယာန်ဖြစ်လာကြသောသူများထံ ဗတ္တိဇံခံယူချက်၊ လက်နှစ် ဖက်တင် ခြင်းအယူအဆ၊ သေခြင်းမှထမြောက်ခြင်းအကြောင်းနှင့် ဆိုင်သောအယူ အဆ၊ ထာဝရတရားစီရင်ခြင်းနှင့် စပ်ဆိုင်သောခံယူချက်များကို ဟော ပြောခဲ့သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းပညတ်တရားအရ ယေရှုသည် သူ၏ဗတ္တိဇံမင်္ဂလာအားဖြင့် ကျွန်တော်တို့၏ အပြစ်အလုံးစုံကို ယူဆောင် သွားသည်ကို၄င်း၊ ကျွန်တော်၏အပြစ်များအတွက် တရားစီရင်ခြင်းခံဖို့အ လို့ငှာ ကားတိုင်ပေါ်တွင် အသေခံခြင်းကို၄င်း၊ ကျွန်တော်တို့ ခေါင်းထဲတွင် မှတ်ထား၍ ယုံကြည်ရမည်။
- Vor
1-32. Wenn wir sagen, dass Jesus bereits alle unsere Sünden der Vergangenheit, der Gegenwart und der Zukunft gemäß Ihrer Behauptung beseitigt hat, wie würde sich dann die Zukunft einer Person gestalten, wenn sie ständig Sünden begeht, indem sie daran denkt, dass ihr ihre Sünden bereits durch den Glauben an die Taufe und das Kreuz Jesu vergeben wurden? Selbst wenn dieser Mensch einen anderen Menschen tötet, wird er denken, dass er selbst für diese Art von Sünde durch Jesus am Kreuz gesühnt worden ist. Daher wird er weiterhin ohne zu zögern sündigen, indem er einfach glaubt, dass Jesus bereits auch die Sünden beseitigt hat, die er in der Zukunft begehen wird. Bitte erklären Sie mir diese Dinge.