Search

အခမဲ့စာအုပ်များ၊
အီးစာအုပ်များနှင့်အော်ဒီယိုစာအုပ်များ

ရေနှင့်ဝိညာဥ်တော်သတင်းကောင်း

သင်သည် ရေနှင့်ဝိညာဉ်တော် အားဖြင့် ဒုတိယမွေးဖွားခြင်း အမှန်အကန် ရရှိခဲ့ပြီလော
  • ISBN9788965328230
  • စာမျက်နှာ646

မြန်မာဘာသာစကား 1

သင်သည် ရေနှင့်ဝိညာဉ်တော် အားဖြင့် ဒုတိယမွေးဖွားခြင်း အမှန်အကန် ရရှိခဲ့ပြီလော

Rev. Paul C. Jong

မာတိကာ

နိဒါန်း
 
အပိုင်း (၁) တရားဟောချက်များ
၁။ ရွေးနှုတ်ကယ်တင်ဖို့ရန်ပထမဦးစွာ အပြစ်အကြောင်းကို သဘောပေါက် နားလည်ရမည် (ရှင်မာက ၇း၈-၉ ၇း ၂၀-၂၃) 
၂။ လူသားများသည် မွေးစကပင် အပြစ်ပါလျက်ရှိသည် (ရှင်မာက၇း၂၀-၂၃) 
၃။ ပညတ်တော်တရားအတိုင်းလိုက်လျှောက်လျှင်ကယ်တင်ခြင်း ရနိူင်ပါသလား (ရှင်လုကာ၁၀း၂၅-၃၀) 
၄။ ထာဝရရွေးနှုတ်ကယ်တင်ခြင်း (ယောဟန်၈း၁-၁၂) 
၅။ ယေရှု၏ဗတ္တိဇံနှင့် အပြစ်အတွက်ပေးဆပ်ခြင်း (ရှင်မဿဲ ၃း၁၃-၁၇) 
၆။ ယေရှုသည် ရေ၊ အသွေးတော်နှင့် ဝိညာဉ်တော်အားဖြင့် လာသည်။ (၁ယော၅း၁-၁၂) 
၇။ ဗတ္တိဇံသည် အပြစ်သားများအတွက် ကယ်တင်ခြင်းနမူနာနှင့် ဖီလာဆန့်ကျင်မှုရှိသည် (၁ပေ၃း၂၀-၂၂) 
၈။ စုံလင်သော ရွေးနှုတ်ကယ်တင်ခြင်းသတင်းကောင်း (ယော ၁၃း၁-၁၇) 

အပိုင်း (၂) နောက်ဆက်တွဲ
၁။ ကယ်တင်ခြင်းဆိုင်ရာသက်သေခံချက်များ 
၂။ ထပ်မံဖြည့်စွက်ရှင်းလင်းချက် 
၃။ မေးခွန်းနှင့်အဖြေများ 
 

အခေါင်း၏အဓိက အကြောင်းအရာမှာ “ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးဖွားခြင်း” ဖြစ်သည်။ ၎င်းတွင် ဘာသာရပ်ဆိုင်ရာမူရင်းရှိသည်။ တစ်နည်းအားဖြင့် ဤစာအုပ်တွင် ဒုတိယမွေးဖွားခြင်းမှာ အ ဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ သမ္မာကျမ်းစာနှင့်အညီ ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယ မွေးဖွားခြင်းမည်သို့ခံရမည်ကိုလည်းကောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ ရေသည် ယောဒန်မြစ်၌ သခင်ယေရှု၏ ဗတ္တိဇံ ကို ပုံဆောင်၍ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့သောအခါ ကိုယ်တော်အ ပေါ်သို့ ကျွန်ုပ်တို့အပြစ်များအားလုံးလွှဲပြောင်းခဲ့သည်ဟု သမ္မာကျမ်းစာက ဖော်ပြထားသည်။ ယော ဟန်သည် လူသားအားလုံး၏ကိုယ်စားပြုသူနှင့် ယဇ်ပရောဟိတ်အာရုန်၏အမျိုးအနွယ်ဖြစ်သည်။ အပြစ်ဖြေရာနေ့တွင် အာရုန်သည် လွှတ်သောသိုး၏ ခေါင်းပေါ်တွင် မိမိလက်များကို တင်၍ ဣသရေလလူမျိုးများ၏နှစ်စဉ်အပြစ်များအားလုံးကို လွှဲ ပြောင်းခဲ့သည်။ ၎င်းသည် လာမည်ကောင်းသော အရာများ၏အရိပ်ဖြစ်သည်။ သခင်ယေရှု၏ဗတ္တိဇံမှာ လက်များတင်ခြင်း၏အပုံဆောင်ခြင်းဖြစ်သည်။ သခင်ယေရှုသည် ယောဒန်မြစ်၌ လက်များတင် ခြင်းပုံစံဖြင့် ဗတ္တိဇံခံယူတော်မူခဲ့သည်။ ထိုကြောင့် ကိုယ်တော်သည် ဗတ္တိဇံအားဖြင့် လော ကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့၍ အပြစ်များအတွက် ပြစ်ကြွေးပေးဆပ်ရန် အသေ ခံ တော်မူခဲ့သည်။ သို့သော် ခရစ်ယာန်အများစုတို့သည် ယောဒန်မြစ်၌ သခင်ယေရှုသည် ဗတ္တိဇံ ယောဟန်ထံမှ ဘာကြောင့် ဗတ္တိဇံခံယူတော်မူခဲ့သည်ကို မသိကြပေ။ သခင်ယေရှု၏ဗတ္တိဇံမှာ ဤစာအုပ်၏အဓိကသော့ချက် ဖြစ်၍ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၏ ခွဲခြား၍ မရသောအစိတ်အပိုင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့်ကားတိုင်ကို ယုံကြည် ခြင်းအားဖြင့်သာလျှင် ဒုတိယမွေးဖွားခြင်းခံရနိုင်ကြသည်။

အီးစာအုပ်‌ဒေါင်းလုတ်
PDF EPUB
အော်ဒီယိုစာအုပ်
အော်ဒီယိုစာအုပ်

ဤခေါင်းစဉ်နှင့်သက်ဆိုင်သောစာအုပ်မျာ