Search

ယုံကြည်မှုဖော်ပြ ချက်

  • ကျွန်ုပ်တို့ ယုံကြည်သည်။

    ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းတို့ပါဝင်သောသမ္မာကျမ်းစာအုပ်သာလျှင် သန့်ရှင်းသောဝိညာဥ်တော်မှုတ်သွင်း တော်မူ၍ မူရင်းစာပေး၌ အမှားကင်းမဲ့ကာ ဘုရားသခင်၏မမှားနိုင်သော၊ အခွင့်အာဏာရှိသောနှုတ်ကပတ် တော်ပင်ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။

  • ကျွန်ုပ်တို့ ယုံကြည်သည်။

    သုံးပါးတစ်ဆူတွင် ခမည်းတော်၊သားတော်နှင့်သန့်ရှင်းသောဝိညာဥ်တော်ဟူ၍ ပုဂ္ဂိုလ်သုံးပါးရှိသည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။

  • ကျွန်ုပ်တို့ ယုံကြည်သည်။

    ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီလူအာဒံကိုဖန်ဆင်း၍ ဤလောကကိုအစိုးရသောစာတန်ကသူ့ကိုဖြား ယောင်းသွေး‌ဆောင်ကာအပြစ်ထဲသို့ ကျဆင်းစေခဲ့သည်။ အာဒံ၏အပြစ်ကြောင်း လူသားအားလုံးသည်လည်း အပြစ်ကူးစက်၍ လုံးလုံးလျားလျား ပျက်စီးကြလျက် ကယ်တင်ခြင်းရရှိရန် သန့်ရှင်းသောဝိညာဥ်တော်အားဖြင့် အသစ်တစ်ဖန်ပြန်လည်မွေးဖွားရန်လိုအပ်သည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသည်။

  • ကျွန်ုပ်တို့ ယုံကြည်သည်။

    သခင်ယေရှုခရစ်တော်သည် ဘုရားဖြစ်တော်မူ၍အပျိုကညာမှဖွားမြင်တော်မူခဲ့သည်။ ယောဒန်မြစ်၌ ဗတ္တိဇံ ယောဟန်အားဖြင့် ဗတ္တိဇံခံယူတော်မူခဲ့သည်။ ဘုရားသခင်၏သိုးသငယ်အဖြစ် လက်ဝါးကပ်တိုင်ပေါ်တွင် အ သေခံတော်မူခဲ့၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှရှင်ပြန်ထမြောက်တော်မူခဲ့သည်။ ကောင်းကင်ဘုံသို့ တက်ကြွတော်မူ၍ ယခုတွင် ခမည်းတော်၏လက်ယာဘက်တွင် ချီးမြှောက်ခြင်းခံ၍ စိုးစံတော်မူသည်ဟု ကျွန်ုပ် တို့ယုံကြည်ကြသည်။

  • ကျွန်ုပ်တို့ ယုံကြည်သည်။

    ကယ်တင်ခြင်းတွင် အပြစ်ဖြေလွှတ်ခြင်း၊ ခရစ်တော်၏ဖြောင့်မတ်ခြင်းရရှိခြင်း၊ နှင့် ထာဝရအသက်ဆုကျေးဇူးပါ ဝင်ကြောင်း၊ နှင့် ကောင်းမှုကုသိုလ်အားဖြင့်မဟုတ်၊ ယုံကြည်ခြင်းတစ်ခုအားဖြင့်သာလျှင်လက်ခံရရှိနိုင်သည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသည်။

  • ကျွန်ုပ်တို့ ယုံကြည်သည်။

    သခင်ယေရှုခရစ်တော်တဖန်ပြန်လည်အမှန်အကန်၊လူ့ခန္ဓာကိုယ် ဖြင့်မျက်ဝါးထင်ထင်ကြွာလာတော်မူမည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသည်။

  • ကျွန်ုပ်တို့ ယုံကြည်သည်။

    ကယ်တင်ခြင်းရရှိသောသူများသည် ထာဝရအသက်ရရှိရန် ထမြောက်၍ ကောင်းကင်နိုင်ငံ‌တော်သို့ဝင်စားကြ လိမ့်မည်။ ကယ်တင်ခြင်းမရသောသူများသည် ထမြောက်၍ ငရဲမီးအိုင်ထဲသို့ ထာဝရပြစ်ဒဏ်ခံရကြလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။

  • ကျွန်ုပ်တို့ ယုံကြည်သည်။

    ခရစ်တော်၏ကိုယ်ခန္ဓာအသင်းတော်တွင်ဒုတိယမွေးခြင်းခံရသည့်အချိန်တွင် ခရစ်တော်၌သန့်ရှင်းသောဝိညာဥ် တော်အားဖြင့် ဗတ္တိဇံခံသူကယ်တင်ခြင်းခံရသောသူများသာလျှင်စုရုံးသောနေရာဖြစ်သည်။ သခင်ယေရှုသည် ကောင်းကင်နိုင်ငံတော်တွင် သူတို့အတွက်ကိုယ်စားပြုဆုတောင်းပေးတော်မူ၍ တဖန်ပြန်လည်ကြွလာတော်မူ လိမ့်မည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသည်။

  • ကျွန်ုပ်တို့ ယုံကြည်သည်။

    ခရစ်တော်သည် ယုံကြည်သူများအား ကမ္ဘာ့နေရာအနှံ့အပြားသို့သွားရောက်ကာ လူတိုင်းထံသတင်းကောင်း ဟောကြားရန်၊ ယုံကြည်သောသူတို့အား ဗတ္တိဇံပေးရန်နှင့်ဆုံးမသွန်သင်ရန် မိန့်မှာတော်မူခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။