Search

တဲတော်အကြောင်းလေ့လာခြင်း

  • တဲတော်
  • တဲတော်သည် သခင်ယေရှုခရစ်တော်ကို ပုံဆောင်ထားသည်။ ကိုယ်တော်သည် ဣသရေလလူမျိုးများ၏အပြစ် များနှင့်ကိုယ်တော့်ကိုယုံကြည်သောသူအားလုံး၏အပြစ်များကို ခွင့်လွှတ်တော်မူခဲ့သည်။ သခင်ယေရှုသည် တဲ တော်၏အရှင်သခင်ဖြစ်တော်မူသည်။ ကိုယ်တော်သည် လူသားအားလုံး၏အပြစ်များအားလုံးကို တစ်ကြိမ် တည်းဖြင့် ဖယ်ရှားပေးတော်မူသော ကယ်တင်ရှင်ဖြစ်တော်မူသည်။ ထိုနည်းတူ လူသားအားလုံးအတွက် ယဇ် ပူဇော်ခြင်းအမှုကိုလည်း ပြုပေးတော်မူခဲ့သည်။
  • ဣသရေလလူမျိုးများသည် နေ့တိုင်းအပြစ်ပြုကြသောအခါ ယဇ်ပူဇော်ခြင်းစနစ်အရ တဲတော်ပလ္လင်ပေါ်၌ အပြစ်ကင်းမဲ့သောယဇ်ကောင်၏ဦးခေါင်းပေါ်သို့လက်တင်ခြင်းအားဖြင့် မိမိအပြစ်များကို ထိုယဇ်ကောင်ပေါ်သို့ တင်နိုင်ကြသည်။ ဤသို့ပြုလုပ်ခြင်းသည် ယဇ်ပရောဟိတ်၏အမှုတော်မြတ်နှင့်ယဇ်ပူဇော်ခြင်းစနစ်နှင့်အညီ ယဇ်ပူဇော်ခြင်းကိုယုံကြည်သောသူများအားလုံးသည် အပြစ်လွတ်ခြင်း၊ အပြစ်များဆေးကြောခြင်းအခွင့်အား လုံးရရှိပြီး မိုးပွင့်ကဲ့သို့ဖြူစင်စေခဲ့သည်။ ထိုနည်းတူ၊ တဲတော်ကိုအစစ်အမှန်ပုံဆောင်ထားသော သခင်ယေရှု၏ နှစ်ခြင်းခံခြင်းနှင့်အသေခံတော်မူခြင်းကို ယုံကြည်ခြင်းအားဖြင့် ဣသရေလလူမျိုးများနှင့်တစ်ပါးအမျိုးသား များသည် အပြစ်များအားလုံးဖြေလွှတ်ခြင်းနှင့်ဘုရားသခင်နှင့်အတူထာဝရအသက်ရှင်ခြင်းကောင်းကြီးမင်္ဂလာ များကို ယူတင်ဝတ်ဆောင်နိုင်ကြခြင်း ဖြစ်သည်။
  • ဣသရေလလူမျိုးများသာမက ဟေလသအမျိုးသားများအားလုံးတို့သည် တဲတော်၏အရှင် သခင်ယေရှုကိုယုံ ကြည်ခြင်းအားဖြင့်သာလျှင် မိမိအပြစ်များအားလုံးမှ ဖြေလွှတ်ခြင်းအခွင့်ခံစားရရှိနိုင်ကြခြင်း ဖြစ်သည်။ တဲ တော်က လူသားအားလုံးအပေါ်ဘုရားပေးအပ်တော်မူသော အပြစ်ဖြေလွှတ်ခြင်းဆုကျေးဇူးသည် အဘယ်အရာ ဖြစ်သည်ကို ဖော်ပြထာသည်။ ထိုနည်းတူ၊ တဲတော်ကိုယ်တိုင်က သခင်ယေရှုခရဏ်တော်ကို ပုံဆောင်ထား ကြောင်းတွေ့ရသည်။
  • သခင်ယေရှုသည် အပြစ်သားအားလုံး၏ကယ်တင်ရှင်ဖြစ်လာတော်မူခဲ့သည်။ သခင်ယေရှု၏ဗတ္တိဇံ၊ ကားတိုင် ပေါ်ရှိအသွေးတော်၊နှင့် ဘုရားဖြစ်တော်မူသောသမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် အပြစ်သားမျးသည် အ ပြစ်ကင်းမဲ့သူများဖြစ်လာနိုင်သည်။ အပြာရောင်၊ ခရမ်းရောင်နှင့်အနီရောင်တို့ကိုယုံကြည်ခြင်းအားဖြင့်၊ တစ် နည်းအားဖြင့် သခင်ယေရှု၏ ဗတ္တိဇံ၊ အသွေးတော်နှင့်ဘုရားဖြစ်တော်မူခြင်းကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ သည် ဘုရားသခင်၏တရားစီရင်ခြင်းမှလွတ်မြောက်နိုင်ကြသည်။ သခင်ယေရှုသည် ကောင်းကင်နိုင်ငံသို့သွား ရာတံခါးဖြစ်တော်မူသည်။
  • တမန် ၄း၁၂တွင် “ထိုသခင်၏နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သောနာမတစုံတစ်ခုမျှကောင်းကင် အောက်လူတို့တွင် မပေါ်မရှိဟု ပေတရုသည်ထိုသူတို့အားမြွက်ဆို၏”ဟုဖော်ပြသည်။ သခင်ယေရှုတစ်ပါး တည်းသာလျှင်လူတို့ကို အပြစ်များမှကယ်တင်တော်မူခဲ့သည်။ သခင်ယေရှုတစ်ပါးတည်းသာလျှင် ကယ်တင် ရှင်ဖြစ်တော်မူသည်။ ယောဟန် ၁၀း၉ တွင် “ငါသည် တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည်ဘေးနှင့်ကင်းလွတ် လျက်ထွက်ဝင်၍ကျက်စားရာကိုတွေ့ရလိမ့်မည်”ဟုဖော်ပြထားသည်။ ၁တိ ၂း၅တွင် “ဘုရားသခင်တဆူတည်း ရှိတော်မူ၏။ ဘုရားသခင်နှင့်လူတို့၏စပ်ကြားမှာ၊ လူဖြစ်သောယေရှုခရစ်တည်းဟူသောအာမခံတဦးတည်းရှိ ၏”ဟုဖော်ပြထားသည်။ မဿဲ ၃း၁၅ တွင် “ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သင့် သည်ဖြစ်၍ ယခုအခွင့်ပေးပါဟုပြန်ပြောတော်မူ၏”ဟုဖော်ပြထားသည်။ ဤကျမ်းချက်များအားလုံးသည် ဤ သမ္မာတရားကို သက်သေခံကြသည်။
  • သခင်ယေရှုသည် လူဇာတိကိုခံယူတော်မူ၍ ဗတ္တိဇံ (အပြာရောင်ထည်) ခံယူခြင်းအားဖြင့်လည်းကောင်း၊အသွေး တော်သွန်းလောင်းခြင်း (အနီရောင်ချည်ထည်) အားဖြင့်လည်းကောင်း အပြစ်သားများကို ကယ်တင်တော်မူခဲ့ သည်။ ထိုသို့အားဖြင့်၊ သခင်ယေရှုသည် အပြစ်သားအားလုံးအတွက် ကယ်တင်ခြင်းတခါးဝဖြစ်လာတော်မူခဲ့ သည်။ တဲတော်တံခါးဝအား အပြာရောင်၊ ခရမ်းရောင်၊နှင့်အနီရောင်တို့ဖြင့်ပြုလုပ်ထားသည့်အတိုင်းသခင်ယေ ရှုသည် ဤလောကသို့ကြွလာတော်မူ၍ ဗတ္တိဇံထံမှဗတ္တိဇံကိုခံယူခြင်းအားဖြင့် လောကအပြစ်များအားလုံးကို ရှေးဦးစွာယူဆောင်တော်မူခဲ့သည်။ ထိုကြောင့် သူသည် ဘုရားသခင်၏သိုးသငယ်၊ အပြစ်ပူဇော်ရာယဇ်ကောင်ဖြစ်လာ တော်မူခဲ့သည် (ယောဟန် ၁း၂၉)။
  • ဒုတိယအနေဖြင့်၊ သခင်ယေရှုသည် ဗတ္တိဇံခံယူခြင်းအားဖြင့် အပြစ်သားအားလုံး၏အပြစ်ဒုစရိုက်များအားလုံး ကိုယူဆောင်သွားတော်မူခဲ့ပြီးနောက် သူတို့၏ကိုယ်စားသူတို့နေရာတွင်အသေခံတော်မူ၍ ယုံကြည်သောသူ အားလုံးကို ဘဝသစ်ပေးအပ်တော်မူခဲ့သည်။ တတိယအနေဖြင့်၊ သခင်ယေရှုသည် ဘုရားဖြစ်တော်မူကြောင်း ထင်ရှားစေသည်။ ကမ္ဘာ ၁း၁တွင် “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏” ဟုဖော်ပြထားသည်။ ကမ္ဘာ ၁း၃ တွင် “ဘုရားသခင်ကလည်း၊ အလင်းဖြစ်စေဟုအမိန့်တော်ရှိ၍ အလင်းဖြစ်လေ ၏”ဟုဖော်ပြသည်။ သခင်ယေရှုသည် နှုတ်ကပတ်တော်၏အရှင်သခင်ဖြစ်တော်မူ၍နှုတ်ကပတ်တော်အားဖြင့် စကြာဝဠာတစ်ခုလုံးနှင့်၎င်းအထဲတွင်ရှိသောအရာခပ်သိမ်းကိုဖန်ဆင်းတော်မူသောအရှင်သခင်ဖြစ်တော်မူ သည်။
  • ဘုရားသခင်သည် မောရှေအား တဲတော်တံခါးဝအား အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်အဖြူရောင်ချည် ထည်တို့ဖြင့်ပြုလုပ်ရန် မိန့်မှာတော်မူခဲ့သည်။ ဘုရားဖြစ်တော်မူထသောသခင်ယေရှုသည် လူ့ဇာတိကိုခံယူ တော်မူရန်ဤလောကသို့ကြွလာတော်မူခြင်းအားဖြင့် အပြစ်များအား ဖြောင့်မတ်သူများဖြစ်စေသောလုပ်ငန်း များကိုလုပ်ဆောင်တော်မူ၍ ဗတ္တိဇံခံယူခြင်းနှင့်ကားတိုင်ပေါ်တွင်အသေခံတော်မူခြင်းအားဖြင့် မိမိလူများကို အ ပြစ်များအားလုံးမှကယ်တင်တော်မူခဲ့သည်။ ဤအမှုတော်မြတ်သုံးပါးတို့သည် အပြစ်သားများအားခရစ်တော် ကယ်တင်ခဲ့သောနည်းလမ်းဖြစ်၍ ဤသမ္မာတရား၏သက်သေများဖြစ်ကြသည်။
  • ဧဖက် ၄း၄-၆တွင် တမန်တော်ရှင်ပေါလုက “သင်တို့ကိုခေါ်တော်မူခြင်းနှင့်စပ်ဆိုင်သောမြော်လင့်ခြင်းတပါးထဲ သို့ခေါ်သွင်းတော်မူသည်နှင့်အညီ၊ကိုယ်တကိုယ်၊ ဝိညာဥ်တဝိညာဥ်တည်းရှိ၏။ သခင်တပါး၊ယုံကြည်ခြင်းတပါး၊ ဗတ္တိဇံတပါး၊ ခပ်သိမ်းသောငါတို့၏အဘဖြစ်သောဘုရားသခင်တဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်သည်ခပ် သိမ်းသောငါတို့ကိုနှံ့ပြားတော်မူ၏။ ခပ်သိမ်းသောငါတို့၏အထဲ၌လည်းရှိတော်မူ၏”ဟုဖော်ပြထားသည်။ ဤ နှုတ်ကပတ်တော်က အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်းနှင့်အဖြူရောင်ချည်ထည်ရက်လုပ်ထားသော အပြစ် မှာကယ်တင်ခြင်းကို ရည်ညွှန်းထားသည်။
  • တဲတော်ကို အသေးစိတ်လေ့လာခြင်းအားဖြင့် ကျွန်ုပ်တို့သည် သမ္မာတရားကိုမှန်ကန်စွာနားလည်၍ အပြစ်များ အားလုံးမှလွှတ်ငြိမ်းခြင်းကောင်းကြီးများခံစားရမည်ဖြစ်သည်။