Search

အခမဲ့စာအုပ်များ၊
အီးစာအုပ်များနှင့်အော်ဒီယိုစာအုပ်များ

တဲတော်

တဲတော်- ခရစ်တော်၏ပုံဆောင်ချက်တစ်ခု အတွဲ (II)
  • ISBN898314548X
  • စာမျက်နှာ373

မြန်မာဘာသာစကား 10

တဲတော်- ခရစ်တော်၏ပုံဆောင်ချက်တစ်ခု အတွဲ (II)

Rev. Paul C. Jong

မာတိကာ

နိဒါန်း 
1. ကျွန်ုပ်တို့သည်အပြစ်များကြောင့် သေပြီးနောက်ထာဝရငရဲ ခံရသည့်သူများမဟုတ်ကြပေ (ယော ၁၃း၁-၁၁) 
2. သန့်ရှင်းရာဌာန၏ အဖုံးနှင့်တိုင်များ (ထွက် ၂၆း၃၁-၃၇) 
3. အသန့်ရှင်းဆုံးဌာနသို့ ဝင်ခွင့်ရရှိသောသူများ (ထွက် ၂၆း၃၁-၃၃) 
4. စုတ်ကွဲသွားသောကုလားကာ (မဿဲ ၂၇း၅၀-၅၃) 
5. တဲတော်၏ပျဉ်ပြားတစ်ချပ်စီတိုင်း အတွက်ငွေခြေ စွပ်နှစ်ခုနှင့် စရွေးတံနှစ်ချောင်း (ထွက် ၂၆း၁၅-၃၇) 
6. ပဋိညာဥ်သေတ္တာထဲတွင် ဝိညာဉ်ရေးရာ လျှို့ဝှက်ချက် ဖုံးကွယ်ထားခြင်း (ထွက် ၂၅း၁၀-၂၂) 
7. ကျေးဇူးတော်ပလ္လင်တော်ပေါ်က အပြစ်ဖြေလွှတ်ခြင်း ယဇ်ပူဇော်ခြင်း (ထွက်၂၅း၁၀-၂၂) 
8. ရှေ့တော်မုန့်တင်ရာ စားပွဲခုံ (ထွက် ၃၇း၁၀-၁၆) 
9. ရွှေမီးခွက်တိုင် (ထွက် ၂၅း၃၁-၄၀) 
10. နံသာပေါင်း ယဇ်ပလ္လင် (ထွက် ၃ဝး၁-၁၀) 
11. အပြစ်ဖြေရာနေ့တွင် ယဇ်ပူဇော်သော ယဇ်ပုရောဟိတ်မင်းကြီး (ဝတ်ပြု ၁၆း၁-၃၄) 
12. တဲတော်ကိုဖုံးအုပ်ထားသည့် အကာအရံထဲတွင် ဝှက်ထားသည့် လျှို့ဝှက်ချက်လေးခု (ထွက် ၂၆း၁-၁၄) 
13. စာဖတ်သူများ၏ သုံးသပ်ချက် 
 
တဲတော်၌ဝှက်ထားသောသမ္မာတရားကို ကျွန်ုပ်တို့ မည်သို့တွေ့နိုင်ကြမည်နည်း။ ရေနှင့်ဝိညာဥ်တော်သတင်း ကောင်းကိုသိခြင်းအားဖြင့်သာလျှင် တဲတော်နှင့်စပ်ဆိုင် သောအရာများကို မှန်ကန်စွာသိရှိပြီးဤမေးခွန်း၏အဖြေ ကိုသိနိုင်မည် ဖြစ်သည်။
အမှန်မှာတော့ တဲတော်ပလ္လင်ဝင်ပေါက်တွင်ရှိသောအပြာရောင်၊ခရမ်းရောင်၊နှင့်နီမောင်းသောချည်နှင့်ပိတ်ချော တို့သည် ဓမ္မသစ်ခေတ်လူသားများကယ်တင်တော်မူ ရန်သခင်ယေရှုခရစ်တော်၏လုပ်ဆောင်ချက်များကိုထင် ရှားစေသည်။ဤနည်းလမ်းအားဖြင့်ချည်များယက်ခတ်သကဲ့သို့ဓမ္မဟောင်းစကားလုံးများနှင့်ဓမ္မသစ်စကားလုံးများ သည်တစ်ခုနှစ်တစ်ခုဆက်စပ်လျက်ရှိသည်။သို့သော် ခရစ်ယာန်ဘာသာ၌သမ္မာတရားကိုရှာဖွေသောသူအားလုံး က ဤသမ္မာတရားကိုမသိဘဲလျက် ဖွက်ထားလျက်ရှိသည်။
သခင်ယေရှုခရစ်တော်သည်ဤလောကသို့ကြွလာတော်မူ၌ယောဟန်ကဗတ္တိဇံပေးလျက်ကားတိုင်ပေါ်မှာအ သွေးတော်သွန်းလောင်းခဲ့သည်။ ရေနှင့်ဝိညာဥ်တော်သ တင်းကောင်းကိုနားလည်ယုံကြည်ခြင်းမရှိလျှင် တဲတော်၌ဖွင့်ပြထားသောသမ္မာတရားများသိရှိလိမ့်မည်မဟုတ်ပေ။ယခုတွင်တဲတော်၏သမ္မာတရားကိုလေ့လာ၍ ယုံကြည် ရ မည်ဖြစ်သည်။တဲတော်ပလ္လင်ဝင်ပေါက်တွင်ရှိသောအပြာရောင်၊ခရမ်းရောင်နှင့်နီမောင်းသောချည်နှင့် ပိတ်ချောတို့ ၌ထင်ရှားသောသမ္မာ တရားကိုအားလုံးသိရှိ၍ယုံ ကြည်ရမည် ဖြစ်သည်။
သင်တို့အားလုံးအပေါ် ယခုတဲတော်၌ထင်ရှားသော ရေနှင့်ဝိညာဥ်တော်သတင်းကောင်း၏ကောင်းကြီးမင်္ဂလာ များကိုရရှိခံစားနိုင်ကြပါစေဟု ကျွန်တော်မြော်လင့်လျက် ဆု‌မွန်ကောင်းတောင်းပေးသည်။
အီးစာအုပ်‌ဒေါင်းလုတ်
PDF EPUB

ဤခေါင်းစဉ်နှင့်သက်ဆိုင်သောစာအုပ်မျာ