Вопрсы о Христианской Вере
Тема 1: Рождение свыше от воды и Духа
1-6. အပြစ်ဝန်ချတောင်းပန်ခြင်းဖြင့် ကျွန်ုပ်တို့အပြစ်များကို ဆေးကြောနိုင်ပါသလား
နောင်တရလျက် ဆုတောင်းခြင်းသည် ကျွန်ုပ်တို့၏အပြစ်များကို ဆေးကြောနိုင်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ကိုယ် ကျင့်တရားအားဖြင့် ဘယ်သောအခါမျှ ကယ်တင်ခြင်းရနီုင်မည်မဟုတ် သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့ အပြစ်များလုံးဝ ဆေးကြောနိုင်ရန် ခရစ် တော်၏ဗတ္တိဇံနှင့်အသွေးတော်ကိုလည်း၄င်း ထိုခရစ်တော်သာလျှင် ဘုရား ဖြစ်ကြောင်းကို၄င်း၊ ယုံကြည်ရမည်။ ခရစ်တော်ကို ယုံကြည်သောသူအား လုံးသည် စစ်မှန်သောရွေးနှုတ်ခြင်းကိုရရှိကြသည်။ယေရှုသည် သူ၏ဗတ္တိဇံ ခံခြင်းနှင့်ကားတိုင်ပေါ် အသွေးတော်သွန်းလောင်းခြင်းတို့ဖြင့် ကျွန်တော် တို့၏အပြစ်မျာကို ဆေးကြောပေးခဲ့သည်။
သို့ဖြစ်လျှင် နောင်တရလျက် ဆုတောင်ခြင်းသည် ကျွန်ုပ်တို့နေ့စဉ် ကျုးလွန်နေသောအပြစ်များကို ဆေးကြောနိုင်ပါသလား။ မဆေးကြော နိုင်ပါ။ ကျွန်ုပ်တို့အသက်တာရှိ အပြစ်အားလုံးကို လွန်ခဲ့သောနှစ်ပေါင်း ၂၀ဝ၀ ကျော်က ယေရှုခရစ်သည် သူ၏ဗတ္တိဇံအားဖြင့် ဆေးကြော ခဲ့ပြီးဖြစ် သည်။ ယေရှုခရစ်၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်သွန်းလောင်းခဲ့သော အသွေး တော်တို့သည် ကျွန်ုပ်တို့ကို အပြစ်မှအစဉ်အမြဲသန့်ရှင်းစေပါသည်။ သူ သည်ယုံကြည်သူများအတွက်ပူဇော်ခံရာသိုးသူငယ်အဖြစ်ကြွလာပြီး ကျွန်ုပ် တို့အပြစ်များအတွက်သူ၏ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ပေးဆပ်ခဲ့ သည်။
ယေရှုခရစ်ကို ယုံကြည်ပြီးနောက်ပိုင်းမှ ကျုးလွန်မိသော အပြစ် များကိုပင်လျှင်ကယ်တင်ခြင်းဗတ္တိဇံမှဆေးကြောပြီးသန့်ရှင်းစေကာ ကျွန်ုပ် တို့၏ကယ်တင်ရှင်ဖြစ်ရုံသာမက ကျွန်ုပ်တို့သေသည့်တိုင် ကျုးလွန်မည့်အ ပြစ်များကိုပါ ယူဆောင်သွားခဲ့သည်။ ယေရှုခရစ်သည် ဤလောကသို့ကြွ လာပြီးဗတ္တိဇံခံကာ (မ ၃း၁၅) ကျွန်ုပ်တို့အပြစ်အားလုံးကို သယ်ဆောင်ခြင်း ဖြင့်ဖြောင့်မတ်ခြင်းကို ပြည့်စုံစေသည်။
ယေရှု၏ဗတ္တိဇံသည် “ဆေးကြောရန်”ဟူ၍ အဓိပ္ပါယ်ရသည်။ ဤ ကြောင်းမှာ ယေရှုခရစ်ဗတ္တိဇံသည့်ချိန်တွင် အပြစ်များသည် သူ့အပေါ်သို့ လွှဲပြောင်ရောက်ရှိသွားပြီး ကျွန်ုပ်တို့သည် ထိုအပြစ်မှ ရွေးနှုတ်ခြင်းခံရကာ လွတ်မြောက်ခြင်းသို့ ရောက်ရှိခဲ့သည်။
ဗတ္တိဇံဆိုသည်မှာ “နှစ်ခြင်း၊ မြှမ်နှံခြင်း” ဟူ၍ အဓိပ္ပါယ်ရသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အပြစ်အားလုံးသည် သူ့အပေါ်သို့ လွှဲ ပြောင်းရောက်ရှိသွားပြီး အပြစ်သားများဖြစ်သည့် ကျွန်ုပ်တို့ကိုယ်စား အ သေခံခဲ့သောကြောင့်ဖြစ်သည်။ယေရှုခရစ်၏ဗတ္တိဇံအားဖြင့် အပြစ်အားလုံး လွှဲအပ်ခဲ့ပြီဟု ယုံကြည်သောသူသည် အပြစ်မရှိသောသူ ဖြစ်သည်။
စစ်မှန်သော ယုံကြည်ခြင်းဆိုသည်မှာ ကျွန်ုပ်တို့အပြစ်များ၊ ယခု လက်ရှိကျုးလွန်နေဆဲ အပြစ်များသာမက နောက်လာမည့် အပြစ်များကို ပင်လျှင်လွန်ခဲ့သောနှစ်ပေါင်း၂၀ဝ၀တွင်ယောဟန်ထံမှ ဗတ္တိဇံခံစေကြောင်း ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ခြင်းဖြစ်သည်။
အကယ်၍ထိုကုန်လွန်ခဲ့သောနှစ်များ၌ယေရှုခရစ်သည်သူ၏ဗတ္တိဇံ ဖြင့် အပြစ်များကို မဆေးကြော်ခဲ့လျှင် ယနေ့ကျွန်ုပ်တို့အပြစ်များကို ဆေး ကြောရန်နည်းလမ်းရှိမည်မဟုတ်ပါ။
ယနေ့စစ်မှန်သော ယုံကြည်ခြင်းနှင့်ဝိညာဉ်ဆိုင်ရာ ကယ်တင်ခြင်း ဆိုသည်မှာ “အပြစ်အလုံးစုံကို ယေရှုရှေ့မှောက်သို့ ယူဆောင်လျက် ကိုယ် တော်သည် အပြစ်များကို ဆေးကြောခဲ့ ပြီးပြီမဟုတ်လား” ဟု မေးလျှင် ယခုပင် ဆေးကြောခဲ့ပြီဖြစ်ကြောင်း၊ သေချာသိရှိခြင်းကို ဆိုလိုပါသည်။ တ နည်းအားဖြင့် သူ့ကိုယုံကြည်ရန်နှင့် ကျေးဇူးတော်ချီးမွမ်းရန် ဖြစ်ပါသည်း။
ထိုအကြောင်းများကြောင့် သူသည် လောကသို့လကာ ဗတ္တိဇံခံ၍ ကားတိုင် ပေါ်အသေခံ ပြီးသုံးရက်မြောက်သောနေ့၌ ရှင်ပြန်ထမြောက်ခဲ့ပြီးနောက် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်လာသည်။
ကျွန်ုပ်တို့၏အပြစ်များအားလုံးကို ဆေးကြောခဲ့သောခရစ်တော် ၏ဗတ္တိဇံကို ယုံကြည်သောသူတို့သည် မင်္ဂလာရှိကြသည်။ ဤအချက်သည် နေ့စဉ်ပြုခဲ့သောအပြစ်များကို ဆေးကြောသန့်ရှင်းစေသော သမ္မာတရား ဖြစ်သည်။ စစ်မှန်သောယုံကြည်ခြင်းဆိုသည်မှာဗတ္တိဇံခံခြင်းအားဖြင့် လော ကအပြစ်အားလုံးယူဆောင်သွားသောခရစ်တော်ကိုယုံကြည်ခြင်းဖြစ်သည်။
- Перед
1-32. Если мы скажем, что Иисус уже устранил все наши грехи в прошлом, настоящем и будущем, согласно вашему утверждению, то как сложится будущее человека, который будет постоянно совершать грехи, думая о том, что он уже получил прощение за свои грехи, поверив в крещение Иисуса и Крест? Даже если этот человек убьет другого человека, он будет думать, что искупил даже такой грех через Иисуса. Поэтому он будет продолжать грешить без всяких колебаний, просто веря, что Иисус уже избавил его от грехов, которые он совершит в будущем. Пожалуйста, объясните мне эти вещи.